Time Travel

By Han_Hyun_Ae

26.1K 3.3K 181

Me and You together;in the past,now and in the future. အတိတ်မှာ ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို သိရဖို့ အတွက် အ... More

1.The Start
2.Unsolved Mysteries
3.Back In Time
4.He;Kim Kai
5.It Begins
6.Troubles
7.Sudden
8.Cosplaying starts now
9.Consequnces
10.Something New
11.Work
12.Clue
13.Feelings
14.Pain
15.What to do?
16.Undecided
17.Confession
18.Impossible
19.The Answer
NOTE
20.Departure
21.Farewell
22.Mind
23.A visit
25.Decision
26. Bittersweet
27. The solution
28.The Realisation

24.Invitation

468 85 15
By Han_Hyun_Ae

"မငိုပါနဲ့..
ငါ့ကြောင့်မင်းကို မငိုစေချင်ဘူး။"

Kai က တုန်ယင်နေတဲ့သူ့ကို ပိုမိုတင်းကျပ်စွာ ဖက်လိုက်ရင်း သူ့ပခုံးပေါ် မေးတင်လိုက်ကာ ခပ်ဖွဖွရေရွတ် သည်။

Kai ရဲ့ စကားတွေက သူ့ကို ပိုလို့ စိတ်ရှုပ်ထွေးစေ သည်။ စိတ်ခံစားချက်တွေ ရှိပါကြောင်း အခါခါ ဝန်ခံနေသလို တပြိုင်နက်တည်းမှာပဲ အခါခါငြင်းဆန်နေတဲ့ Kai ကို သူ နားလည်သလိုလို နဲ့ နားမလည်နိုင်တော့။
မဖြစ်နိုင်ဘူးလို့ သေသေချာချာတွေပြောပြီးမှ ဘာလို့ ဒီလိုတွေ ထပ်လုပ်နေတာလဲ သူ မသိတော့။
ဒါမှမဟုတ် သူကပဲ အမှတ်မရှိ ခံစားနေမိပြန်တာလား.?

"ဘာလို့လဲ..Kai ? ဘာဖြစ်လို့ဒီလိုတွေလုပ်နေတာလဲ ?"

သူမနေနိုင်တော့စွာ မေးမိတော့ သူ့ကိုဖက်ထားတဲ့ Kai ရဲ့လက်တွေက သိသိသာသာ ပြေလျော့သွားတာကို သူသတိထားလိုက်မိသည်။.. ထိုသတိထားလိုက်မိမှုနှင့် အတူ သူ့ရင်ထဲ ဒိန်းကခဲ.. သိသိသာသာကို လစ်ဟာသွားသလို ခံစားလိုက်ရသည်။
Kai..
Kai များ စိတ်ထင့်သွားပြီလား..?
သူ မမေးသင့်တဲ့ မေးခွန်းတစ်ခုကို မေးလိုက်မိပြီလား..?
ဘယ်တုန်းကမှ သူ့ကို မိမိရရ ဆွဲမထားခဲ့တဲ့.. တစ်ပိုင်းတစ်စသာ လှမ်း လှမ်း ဆွဲတတ်တဲ့.. Kai ဟာ အခု သူ့ကို အပြီးအပိုင်လက်လွှတ်လိုက်တော့မှာလား..?

သို့သော် ထိုအတွေးများသည် Kai သူ့လက်မောင်းတွေကို ကိုင်ကာ သူတို့နှစ်ယောက် မျက်နှာချင်းဆိုင် ဖြစ်သွားအောင် သူ့ကို Kai ဆွဲလှည့်လိုက်ချိန်မှာပဲ ပျောက်ဆုံးသွားခဲ့ရတော့သည်။

"ငါ.. ငါ မသိဘူး Soo."

သူမြင်နေရတဲ့ Kai ရဲ့ မျက်နှာမှာ မသေချာမရေရာ သော ဟန်အပြည့်။ ဝမ်းနည်းမှုအချို့ ရောယှက်နေသည်ကိုလည်း တွေ့ရသည်။
ဒါ..ဒါဆို သူ့မျက်နှာမှာရော ဘာ ခံစားချက်တွေ ထင်ဟပ်နေလေမလဲ..?
နားမလည်နိုင်မှု.. နာကျင်မှု.. ဝမ်းနည်းမှုတွေ ထင်ဟပ်နေလိမ့်မည်ထင်သည်။
သေချာတာတော့ သူမျက်ရည်တွေ ကျနေဆဲ..

"မငိုပါနဲ့ Soo ရယ်.. ငါ.. ဘာမှမတတ်နိုင်လို့ပါ။"

သူဘာမှပြန်မပြောနိုင်ခင်မှာပဲ သူ့လက်မောင်း ကို ကိုင်ထားတဲ့ Kai လက်ဟာ သူ့ပါးပြင်ပေါ်သို့ ရောက်လာကာ သူ့မျက်ရည်များကိုသုတ်ပေးနေလေသည်။ သူ တုန့်ပြန်မှုမရှိဘဲ Kai ကိုသာ စိုက်ကြည့်နေမိသည်။

မတတ်နိုင်လို့ပါတဲ့လား..

ထိုစကားဟာ သူ့ကို ပိုလို့သာ ဝမ်းနည်းစေသည်။
အမှန်တော့ Kai ဟာ မတတ်နိုင်လို့မဟုတ်ဘဲ.. မချစ်နိုင်လို့မဟုတ်ဘဲ.. သူ့ကို မချစ်ရဲတာပါ..

"ငါ့အတွက် အကျိုးမရှိမဲ့ ကိစ္စတစ်ခုကို အကျိုးရှိမဲ့ ကိစ္စကို ပစ်ပြီး မလုပ်နိုင်ဘူး Soo. ငါ့ကို နားလည်ပါ။"

Kai က သူ့မျက်လုံးတွေထဲကို တည့်တည့်ကြည့်ရင်း ခပ်ဖွဖွထပ်ပြောလာသည်။
ထိုစကားက ဘာကို အတိအကျဆိုလိုချင်တာလဲ သူ မသိ။ တစ်ဝက်လောက်ကိုသာ နားလည်သည်။ အကျိုးမရှိတဲ့ ကိစ္စဆိုတာဟာ တစ်နည်းအားဖြင့် သူ့ကို ပြန်ချစ်ဖို့..

"မင်း ဘာတွေပြောနေတာလဲ Kai ? ဘာက အကျိုးရှိမှာလဲ..? ဘာ -"

"မင်းနားလည်လာမှာပါ Soo.. မကြာခင် မင်းနားလည် မှာပါ။"

သူ့မေးခွန်းမဆုံးခင်မှာပဲ Kai က အဖြေ မမည်သော အဖြေကို ပြန်ပေးလေသည်။ ထို့နောက် မင်းပြန်တော့လေဟု တိုတိုတုတ်တုတ် နှုတ်ဆက်ပြီး သူ့ကိုကျောခိုင်းကာ အရင် အိမ်ထဲဝင်သွားလေတော့သည်။ ခုနက သူကို ဖက်ထားခဲ့တဲ့ Kai မဟုတ်သလို..
ခုနက သူ့ကို မငိုဖို့တားနေတဲ့ Kai မဟုတ်သလိုပင်..

သူတစ်ယောက်သာ နားမလည်မှု များစွာ.. ဝမ်းနည်းမှု များစွာနဲ့ Kai သူ့မြင်ကွင်းကနေ ပျောက်သွားသည်အထိ ရပ်ကာကြည့်ရင်း ကျန်နေခဲ့ရလေတော့သည်။
~^~^~^~^~
"SUHO !! KIM SUHO !!"

အိမ်တံခါးမကြီးကို ခပ်ပြင်းပြင်းထုသံနှင့်အတူ သူ့နာမည်ကို အော်ခေါ်သံတွေကြောင့် Suho လန့်နိုးလာခဲ့ရသည်။ နာရီကိုကြည့်လိုက်တော့ မနက် ၇:၀၀ နာရီ။
မနက်စောစောစီးစီးကို ဘယ်သူတွေပါလိမ့်။

"KIM SUHO ရှိလား !?"

မနက်စောစောစီးစီးဖြစ်တဲ့အပြင် နည်းနည်း ထူးဆန်းနေပေမဲ့ အပြင်ကနေ နောက်တစ်ခါ အော်ခေါ်သံကြောင့် သူ ထိုင် မစဉ်းစားနေတော့ဘဲ တံခါးသွားဖွင့်ပေးရန်သာဆုံး ဖြတ်လိုက်တော့သည်။

"လာပြီ လာပြီ !!"

သူ ပြန်အော်လိုက်ပြီး အခန်းထဲကနေ တံခါးဆီသို့ ခပ်သွက်သွက်ပြေးသွားကာ တံခါးဖွင့်ကြည့်လိုက်တော့ အိမ်ရှေ့မှ ဦးလေး Jo နဲ့အတူ နောက်ထပ်လူနှစ်ယောက်ကို တွေ့လိုက်ရသည်။ ကြည့်ရတာ.. ပွဲတစ်ခုခု လာဖိတ်တယ်ထင်ပါရဲ့။ ဒီလိုပဲ Kim အိမ်က ပွဲလုပ်ရင် ဖိတ်စာလိုက်ဝေလေ့ရှိသည်။ ဒါပေမဲ့ ဒီတစ်ခေါက်က ဦးလေး Jo ပါ ပါလာတာဆိုတော့ ပွဲကနည်းနည်းကြီးပုံရသည်။

"ဪ ဦးလေး Jo.. ပွဲတစ်ခုခုရှိလို့ လာဖိတ်တာလား ?"

ဦးလေး Jo က သူ့ကို ခေါင်းငြိမ့်ပြကာ အဖြေပေးရင်း ဖိတ်စာ နှစ်စောင် ထုတ်ပေးလေသည်။

"တစ်စောင်က မင်းအတွက် နောက်တစ်စောင်က..
မင်း အိမ်မှာ Soo ရှိတယ်မလား ? သူ့အတွက်။"

ဦးလေး Jo က သူ့အဖြေကိုတောင် မစောင့်။
Soo ရှိနေကြောင်းကို တိတိကျကျသိထားပုံရသည်။
အင်းလေ.. ဒါလည်း ထူးဆန်းစရာတော့မဟုတ်ပါဘူး.. မြို့ထဲမှာ သူတို့လူတွေမှ မနည်းပဲကိုး.. Soo သူ့အိမ်ကို လာတာ မြင်ပြီး သတင်းပို့လိုက်လို့နေမှာပေါ့။

"မလာမဖြစ်နော် Suho."

"ဟုတ်ကဲ့ ကျွန်တော်တို့လာခဲ့ပါမယ်။"

သူ ဦးလေး Jo ကို ပြုံးပြရင်းဖြေလိုက်တော့ ဦးလေး Jo က ပြန်ပြုံးပြပြီး လှည့်ထွက်သွားတော့သည်။
သူလည်း တံခါးပြန်ပိတ်လိုက်ပြီး လက်ထဲက ဖိတ်စာနှစ်ခု ကို စူးစမ်းကြည့်မိသည်။ ဖိတ်စာအိတ်နှစ်အိတ်တွင် တစ်အိတ်ပေါ်မှာ Kim Suho ဟု ရေးထားပြီး နောက်တစ်အိတ်မှာ Soo ဟု တစ်လုံးထဲသာ ရေးထားသည်။ နာမည်နှစ်ခုကို ရေးထားသည့် လက်ရေးများမှာ မတူပေ။ နည်းနည်းတော့ ထူးခြားနေသလိုလို သူ ခံစားလိုက်ရသည်။ သို့သော်.. အရင်က သူက ဖိတ်စာ နှစ်ခုမှ မရဘူးပဲ.. ဖိတ်စာတွေမှာ နာမည်တပ်တာ တစ်ယောက်တည်း ဟုတ်မဟုတ် သူဘယ်သိနိုင်ပါ့မလဲ.. ထို့ကြောင့် ထွေထွေထူးထူး ထပ်စဉ်းစားမနေတော့ဘဲ သူ့နာမည်ပါတဲ့ စာအိတ်ကို ဖွင့်ကြည့်ဖို့သာ ပြင်လိုက်သည်။

"Suho?"

စာအိတ်ထဲမှ ဖိတ်စာကိုထုတ်နေတုန်း သူ့ ကို လှမ်းခေါ်သံကြားတာကြောင့် မော့ကြည့်လိုက်တော့ သူရှေ့နားမှာ Kyung Soo က အခန်းဝမှာရပ်ကာ ပြူတစ် ပြူတစ်လုပ်ရင်း သူ့ကိုလှမ်းကြည့်နေသည်။
Kyung Soo မျက်နှာကို သေချာ ကြည့်လိုက်တော့ တစ်ညလုံးနီးပါး ငိုထားလို့ ဖောင်းအစ်နေတဲ့ပုံ..

သူနည်းနည်းတော့ စိတ်ပူသွားမိသည်။.. ညတုန်းက Kyung Soo က လမ်းလျှောက်ချင်လို့ဆိုပြီး အပြင်ထွက်သွားပြီး ပြန်လာကတည်းက Kyung Soo နဲ့ သူနဲ့ စကားလည်းမပြောရသေး။ မျက်နှာချင်းဆိုင်လည်း မတွေ့ရသေး။ သူကလည်း Kyung Soo ပင်ပန်းလာလို့ ဖြစ်မှာပါဆိုပြီး ညက ဘာမှသွားစကားမပြောမိ။ အခုတော့ တညလုံး ငိုထားတဲ့ မျက်နှာနဲ့ဆိုတော့ သူ့ကိုယ်သူ အပြစ်ရှိသလို ခံစားလိုက်ရသည်မှာ အမှန်ပင်။

"ငါထပြီး သွားဖွင့်ခါနီး မင်းက လာပြီလို့အော်လိုက်လို့ ငါမထတော့တာ.. ဘယ်သူတွေလဲ Suho ? မင်းလက်ထဲက ဖိတ်စာတွေကရော ဘာတွေလဲ ?"

သူ ဘာမှ ပြန်မပြောရသေးခင် Kyung Soo က ဆက်ပြောသည်။

"အေး ရပါတယ်ကွာ။ ငါတောင် သူတို့အော်သံတွေ ကြားမှ နိုးတာ။ Kim အိမ်က ပွဲတစ်ခုခု လုပ်လို့ဖြစ်မယ် ဖိတ်စာ လာဝေသွားတာရယ်.. ရော့ မင်းအတွက်ပါ တစ်ခုပေးသွားတယ်"

သူလှမ်းပေးရင်း ပြောလိုက်တော့ Kyung Soo က ရုတ်တရက်အံ့သြသွားပုံရသည်။ ပြီးမှ ဖိတ်စာကို လှမ်းယူလေသည်။

"နေပါဦး.. မင်း ငိုထားတာလား Kyung Soo ရယ်.. ဘယ်လိုဖြစ်တာလဲကွာ ? မနေ့ညက မင်း ပင်ပန်းနေလို့ အိပ်သွားပြီ ထင်ပြီး ငါက စကားလာမပြောတာ.. မနေ့ညက တစ်ခုခုဖြစ်တာလား ?"

သူ ချက်ချင်းဆိုသလို ဆက်ပြောလိုက်တော့ Kyung Soo က မျက်နှာလွှဲသွားသည်။ ထို့နောက် ဘာအဖြေမှ ပြန်မပေး..

"ခက်ပါတယ် Kyung Soo ရယ်.. မင်းငါ့ကို ပြောပြလို့ ရပါတယ်ကွ။ ငါက မင်းကို စိတ်ပူလို့မေးတာပါ။"

"မ..မဟုတ်ဘူး Suho ငါ နားလည်ပါတယ်။ ငါအခု မ ပြောချင်သေးလို့ပါ.. ငါ ပြီးရင် ပြောပြပါမယ်.."

"အေးပါကွာ.. မင်းအဆင်ပြေသလိုလုပ်ပါ။ မင်းမျက်နှာ မသာမယာဆိုတော့ ငါက စိတ်ပူလို့။"

Kyung Soo ကိုကြည့်ရတာ တွန့်တွန့်ဆုတ်ဆုတ်နဲ့ တကယ်မပြောချင်ဖြစ်နေတဲ့ပုံမို့ သူအတင်းထပ် မမေးတော့ဘဲ Kyung Soo နားလျှောက်သွားကာ Kyung Soo ပုခုံးကို အားပေးဟန်ဖြင့် ပုတ်လိုက်တော့ Kyung Soo က သူ့အား ခပ်ဖျော့ဖျော့ ပြုံးပြသည်။

"ဘာပွဲလုပ်တာလဲ တစ်ခါတည်းပြောသွားလား ?"

Kyung Soo က လက်ထဲမှာကိုင်ထားတဲ့ ဖိတ်စာကို ကြည့်ရင်း သူ့ကိုမေးလာသည်။

"ဟင့်အင်း ဖိတ်စာ ဖွင့်ကြည့်မှ သိမယ် ထင်တယ်။ ဘာမှမပြောသွားဘူး။ ဪ.. မလာမဖြစ်လို့တော့ ပြောသွားတယ်။"

"ဟမ်..? ဟုတ်လား..? ဘာပွဲပါလိမ့် ?"

"ငါလည်း သိချင်နေတာ"

သူပြောရင်း စာအိတ်ထဲကနေ ဖိတ်စာကို ထုတ်ကာ ဖွင့်ဖတ်ဖို့ လုပ်လိုက်တော့ Kyung Soo က ပါ သူနဲ့အတူ ဖတ်ဖို့ ဖိတ်စာကိုလှမ်းကြည့်လေသည်။

"မင်းဟာမင်း ဖတ်လေကွာ။"

သူ ဖိတ်စာကို ဖွက်လိုက်သလို လုပ်ရင်း စတော့ Kyung Soo က စိတ်မရှည်သလို မျက်မှောင်ကျုတ်သည်။

"အာ.. တူတူပဲကို။ ဖတ်စမ်းပါ။"

သူရယ်ရင်း ဖိတ်စာကို ပြန်ဖွင့်ကာ ကြည့်လိုက်တော့ ဖိတ်စာပေါ်မှာ ရေးထားတဲ့ စာတွေကြောင့် သူ့ရင်ထဲ ဒိန်းကနဲ ဖြစ်သွားကာ သူနဲ့အတူ ဖိတ်စာကို ဖတ်နေတဲ့ Kyung Soo ကို ချက်ချင်း ကြည့်လိုက်မိသည်။

သူ့ကို ပြန်ကြည့်လာတဲ့ Kyung Soo ရဲ့ မျက်လုံးတွေမှာ အသိစိတ်မရှိတော့သလို ..
မျက်ရည်တွေကတော့ တရိပ်ရိပ် ဝေ့ဝဲကာတက်လာနေသည်။

"Kyung Soo.."

သူ အလန့်တကြားရေရွတ်မိတော့..Kyung Soo က ခံစားချက်မပါတဲ့ အပြုံးတစ်ခုကိုပြုံးသည်။

"ငါအဆင်ပြေပါတယ်။ ငါ ပြန်အိပ်ချင်တယ် Suho.."

"အေး..အေးပါကွာ.. အိပ်လိုက်။ ငါကုတင်နားထိလိုက်ပို့ပေးမယ်။"

သူ Kyung Soo လက်မောင်းနားကို တွဲရင်း ပြောလိုက်တော့ Kyung Soo က သူ့လက်ကို ခပ်ဖွဖွ ဖယ်ချလိုက်သည်။

"ငါ့ဟာငါ သွားနိုင်ပါတယ်။ မင်းသွားတော့လေ"

ထို့နောက် Kyung Soo သူ့ကို ကျောပေးလိုက်ပြီး ယိုင်နဲ့နဲ့ ဖြင့် ကုတင်ဆီသို့လျှောက်သွားလေသည်။ သူကတော့ အခန်းဝမှာပဲရပ်ကာ Kyung Soo တစ်ခုခု ဖြစ်သွားမှာစိုး၍ ရပ်ကြည့်နေမိသည်။

"Suho ငါ.."

သို့သော် Kyung Soo က ကုတင်နားရောက်မှ ကုတင်ပေါ်မလှဲသေးဘဲ မျက်နှာမှာ မျက်ရည်အပြည့် ဖြင့် သူ့ကို လှည့်ကြည့်လေကာပြောသည်။

"ငါ အဆင်မပြေဘူး.."

ထို့နောက် ချက်ချင်းဆိုသလိုပင် သူ့မျက်စိရှေ့မှာတင် Kyung Soo ဟာ ကုတင်ဘေးမှာ ခွေခွေလေး လဲကျသွားလေတော့ သည်။
~^~^~^~^~^~
A/N: I have no words to explain. I AM SO SORRY THAT I HAVEN'T UPDATED IN SO LONG. I'M TRULY SORRY. please forgive me..

Continue Reading

You'll Also Like

578K 75.3K 80
Ya Amar = My Moon or My most beautiful (Alpha & Omega)
46.7K 6.7K 41
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
158K 10.8K 22
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။
22.1K 2.2K 25
တစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါ...