Flowers

Por Jinnie_Grace

268K 15.7K 1K

ပန်းတို့၏ အဓိပ္ပါယ်​များ...... နှစ်​သက်​မိ​သောပန်းလှလှ​လေးများ.... ပန်း​လေး​တွေ​နောက်​ကွယ်​ကလှပ​သောဒဏ္ဍာရီမျာ... Más

မိတ်ဆက်
ႏွင္​းဆီ
Sunflower (သို႔)​ေနၾကာ
လာဗန်ဒါ (Lavender)
ပျိုမမေ့ပန်း (Forget me not)
What is your bitrh flowers?[Edited version]
Aster
ဒေစီ (Daisy)
ကြယ်ပန်း(Baby's breath flower)
Tulips
ဒုဓလီ(Dandelion)
Ranunculus or Buttercup
Lily
beautiful flower with surprising meaning
မ​ေပးသင္​့​ေသာပန္​းမ်ား
Valentine's day special
flower collection
Lilac
Carnation
Iris
Cherry or Sakura
Jasmine
Chrysanthemum
Peony
Hyacinth
Cosmos
Amaryllis
Hydrenga
Marigold
능소화 (ႏြန္​းဆိုးဟြာ)
Lily of the Valley
Naupaka
Camellia
Snow Drop
Columbine
Plumeria
Flower Language
Periwinkle
Maple Leaves
Statice
Larkspur
ဆိတ်ဖလူးပန်း
Gladious
Agapanthus
flower dictionary
Ginkgo
Lotus
Lisianthus
Cactus
သဇင် & ခွာညို
cyclamen
Allium
ညမွှေးပန်း
Azalea
မက်မွန်
ကန်စွန်းနွယ် (Morning Glory)
စံကား ( Magnolia)
Meaning of flowers

ရေနတ်သမီးပန်း (Daffodil or Narcissus)

12.9K 937 57
Por Jinnie_Grace

အဝါ​ရောင်​Daffodil ပန်း​လေး​တွေကို​တော့မမြင်​ဖူးရင်​တောင်​နာမည်​တော့ကြားဖူး ရင်းနှီးဖူးမယ်​ထင်​ပါတယ်။ မြန်မာလိုဆိုရင်တော့ ရေနတ်သမီးပန်းလို့ ခေါ်ကြတယ်တဲ့။

Daffodil လို့​ပြောလိုက်​ရင်​State​ကျောင်းတုန်းက သင်​ခဲ့ဖူးတဲ့ William Wordsworth ရဲ့ I wondered lonely as a Cloud ကဗျာထဲက​လေယူရာယိမ်း​နေတဲ့​ရွှေအို​ရောင်​Daffodil ပန်းခင်းကြီးကို​ပြေးမြင်​ကြမယ့်​သူများမှာပါ။ ဒါ့အပြင် "Big Fish" ဇာတ်ကားထဲက Daffodilပန်းခင်းကြီးကလည်း တခမ်းတနားပဲကိုးရှင့်။

တကယ်​တော့ Daffodil ဟာ မတ်လရဲ့ပန်းပါ။​ဒီပန်းဟာ​နွေဦးကို​ရောက်​ရှိလာခြင်းရဲ့သ​င်္ကေတလည်းဖြစ်​ပါတယ်​။ 10နှစ်​မြောက်​မင်္ဂလာနှစ်​ပတ်​လည်​နေ့ရဲ့အမှတ်​အသား ပန်း လို့လည်းသတ်​မှတ်​ကြပါသေးသတဲ့။
Daffodilအပြင်​Narcissus , Jonquil , Paperwhite လို့လည်း​ခေါ်ဆိုကြပါ​သေးတယ်​။ ( daffodil family ထဲက မျိုးကွဲ​လေး​တွေပါ။ ပန်းပုံစံက​တော့ခပ်​ဆင်​ဆင်​လေး​တွေပါပဲ။)

Narcissus ဆိုတဲ့နာမည်​ဟာဂရိဒဏ္ဍာရီတစ်​ခုက​နေဆင်းသက်​လာခဲ့တာဖြစ်​ပါတယ်​။
Narcissus ဟာမြစ်​နတ်​ဘုရားCephissusရဲ့သား​တော်​တစ်​ပါး​ေပါ့။ သူဟာသိပ်​ကိုမာနကြီးပြီး အရမ်းလည်း​ချော​မောပါတယ်​တဲ့။ ဘယ်​နတ်​ဘုရားမကိုမှစိတ်​မဝင်​စားတဲ့အပြင်သူ့ကိုလာကြိုက်​တဲ့သူ​တွေကိုလည်းအရမ်းအထင်​သေးတဲ့သူ​ပေါ့။ တစ်​နေ့​တော့ဒီအ​ကြောင်းကိုသိသွားတဲ့ Nemesis( goddess of divine retribution and revenge) ဟာ သူ့ကို​ပညာ​ပေးဖို့​ရေအိုင်​တစ်​အိုင်​ကို​ခေါ်​ဆောင်​သွားခဲ့တယ်​တဲ့။ အဲ့ဒီမှာပဲသိပ်ကိုချောမောတဲ့ Narcissus
ဟာ​ရေအိုင်​မှာထင်​နေတဲ့သူ့အရိပ်​ကို သူမှန်းမသိပဲသူ့အရိပ်​ကိုသူပြန်​ချစ်​မိသွားတော့သတဲ့။
သူဟာသူ့အရိပ်​ကိုမခွဲနိုင်​မခွာရက်​နဲ့ တသသစွဲလမ်းသွားတဲ့Narcissusတစ်ယောက် ရေကန်​က​နေ တစ်​ဖဝါးမှမခွာနိုင်​ရှာပဲ​ မစားနိုင် မသောက်နိုင် မအိပ်နိုင်တွေဖြစ်ပြီး သေဆုံးသွားပါတော့တယ်။သူ​သေဆုံးသွားတာနဲ့တစ်​ပြိုင်​နက် သူ့အရိပ်​ကိုသူပြန်​ကြည့်​ခဲ့တဲ့​နေရာမှာပန်း​တွေပွင့်လာကြတယ်တဲ့။
အဲဒီပန်း​တွေကိုNarcissusလို့​ခေါ်တယ်​။
ဒါ​ကြောင့်​Daffodil ကို မာနကြီးတဲ့ပန်း​လို့လည်း​ဆိုကြတာပေါ့။ ရနံ့သင်းသင်းလေးမွှေးသတဲ့။ အေးတဲ့ဒေသတွေမှာပေါက်ရောက်သတဲ့။

Daffodil မှာ အဓိပ္ပါယ်​တွေအများကြီးရှိပါတယ်​။အားလုံးခြုံပြီး​ပြောမယ်​ဆိုရင်​တော့ ပြန်​လည်​မွေးဖွားခြင်း ၊ ခွင့်​လွှတ်​ခြင်း ၊ အသစ်​တစ်​ဖန်​စတင်​ခြင်း ၊​မျှော်​လင့်​ချက်​လို့အဓိပ္ပါယ်​
ဖွင့်​ဆိုကြပါတယ်​။ ဒါ့အပြင်​တစ်​ဖက်​သတ်​အချစ်​လို့လည်း​ပြောလို့ရပါတယ်​။

ဒါ​ပေမယ့်​ဒီလိုအဝါ​ရောင်​ပန်းလှလှ​လေးမှာ ကြည်​နူးစရာအဓိပ္ပါယ်​လေး​တွေလည်းရှိပါ​သေးတယ်​နော်​။

Daffodilရဲ့ ပန်းစကားက
"မင်းနဲ့သာအတူရှိရင်​နေ​ရောင်​ခြည်​တွေက
အမြဲတမ်း​တောက်​ပ​နေတယ်​"တဲ့။​နောက်​တစ်​မျိုးက​တော့
"မင်းက ကိုယ့်​ရဲ့တစ်​ဦးတည်း​သော" တဲ့။

Daffodilပန်း​တွေမှာအဆိပ်​အိတ်​တွေပါရှိတာမို့
ပန်းအိုးတစ်​ခုထဲမှာ တခြားပန်း​တွေနဲ့​ရောပြီးမထိုးသင့်​ပါဘူး။အတူတူထားချင်​တယ်ဆိုရင်​တော့ Daffodil ကို၂၄နာရီ ကြာ​အောင်​ရေစိမ်​ပြီးမှ​ရောထားသင့်​ပါတယ်​။

Daffodil ဟာ Wale နိုင်​ငံရဲ့ National flower
ဖြစ်​ပါတယ်​။ Marchလ1ရက်​(Seint David's day)မှာDaffodilပန်း​တွေကိုပန်​ဆင်​တဲ့အ​လေ့အထတစ်​ခုWaleမှာရှိပါတယ်​။

Daffodilပန်း​ကို​ပေးမယ်​ဆိုရင်​အစည်းလိုက်​ပေးရပါမယ်​တစ်​ပွင့်​တည်းသီးသန့်​ပေးရင်​ကံဆိုးတတ်​ပါတယ်​တဲ့။

Daffodilပန်းကိုလက်​ဆောင်​ပေးရင်​အ​ပေးခံရတဲ့သူကို
"​သေချာ​ပေါက်​ပျော်​ရွှင်​ပါလို့"​ပြောတဲ့အဓိပ္ပါယ်​သက်​ရောက်​ပါတယ်​တဲ့ရှင်​။

Jonquilဆိုတာလည်း Narcissus(Daffodil)မျိုးစိတ်ထဲက ပန်းဖြစ်ပါတယ်။ Daffodilလိုပါပဲ။ သိပ်မကွာပါဘူး
သူ့ရဲ့ အဓိပ္ပါယ်ကတော့ "ငါ့ကိုပြန်ချစ်ပါ" တဲ့။

paper whiteလို့ခေါ်တဲ့ Narcissus အဖြူရောင်ရဲ့အဓိပ္ပါယ်ကတော့ မင်းကချစ်ဖို့ကောင်းတယ် တဲ့။ မျှော်လင့်ချက်လို့လည်း အဓိပ္ပါယ်ရပါတယ်။

Cultureအရ သူ့ရဲ့အဓိပ္ပါယ်တွေကိုလည်း ပြောပြပါဉီးမယ်။
တရုတ်မှာဆိုရင် Daffodilတွေက ကံကောင်းခြင်းကို ကိုယ်စားပြုပါတယ်တဲ့။

ဂျပန်လူမျိုးတွေကတော့ Daffodilတွေကို ပျော်ရွှင်မှုလို့ ယူဆကြပါတယ်။

ပြင်သစ်မှာတော့ Daffodilတွေက မျှော်လင့်ခြင်းရဲ့ သင်္ကေတတဲ့။

Walesမှာတော့ ဒဏ္ဍာရီတစ်ခုအရ ပထမဆုံးပွင့်တဲ့ Daffodilတစ်ပွင့်ကိုရှာတွေ့မယ်ဆိုရင် တစ်နှစ်လုံး ငွေတွေအများကြီး၀င်ပါလိမ့်မယ်တဲ့ရှင်။

အလယ်ခေတ် ဥရောပသားတွေကတော့ Daffodilကိုကြည့်လိုက်လို့ ပန်းပွင့်ကကွေးပြီးစိုက်ကျနေတာကိုတွေ့ရတယ်ဆိုရင် အဲ့ဒီလူက
မကြာခင်သေတော့မယ်ဆိုတဲ့ နမိတ်လို့ ယူဆခဲ့ကြပါတယ်တဲ့။ (Daffodilကိုကြည့်မိရင် သေတတ်တယ်လို့အယူရှိတာပါတဲ့)
(ငိုက်ကျနေတဲ့Daffodilက မကောင်းတဲ့ကံ လို့လည်း အဓိပ္ပါယ်ရပါတယ်တဲ့)

Daffodilပန်းကပေးတဲ့Massageကတော့

"မကောင်းတဲ့အရာတွေဟာထာဝရတည်ရှိမနေပါဘူး။ ဘာလို့လဲဆိုတော့နွေဦးဟာအချိန်တန်ရင်ပြန်လည်ရောက်ရှိလာမှာမို့လို့ပါ။အရာရာကိုအကောင်းမြင်စိတ်ထားပြီး
ပြန်လည်ပြင်ဆင်စတင်လိုက်ပါ ကောင်းတဲ့အရာတွေဟာမင်းဆီကိုမလွဲမသွေရောက်ရှိလာမှာပါ" တဲ့

_____

ZAWGYI

-

-

အဝါ​ေရာင္​Daffodil ပန္း​ေလး​ေတြကို​ေတာ့မျမင္​ဖူးရင္​ေတာင္​နာမည္​ေတာ့ၾကားဖူး ရင္းႏွီးဖူးမယ္​ထင္​ပါတယ္။ ျမန္မာလိုဆိုရင္ေတာ့ ေရနတ္သမီးပန္းလို႔ ေခၚၾကတယ္တဲ့။

Daffodil လို႔​ေျပာလိုက္​ရင္​State​ေက်ာင္းတုန္းက သင္​ခဲ့ဖူးတဲ့ William Wordsworth ရဲ႕ I wondered lonely as a Cloud ကဗ်ာထဲက​ေလယူရာယိမ္း​ေနတဲ့​ေ႐ႊအို​ေရာင္​Daffodil ပန္းခင္းႀကီးကို​ေျပးျမင္​ၾကမယ့္​သူမ်ားမွာပါ။ ဒါ့အျပင္ "Big Fish" ဇာတ္ကားထဲက Daffodilပန္းခင္းႀကီးကလည္း တခမ္းတနားပဲကိုးရွင့္။

တကယ္​ေတာ့ Daffodil ဟာ မတ္လရဲ႕ပန္းပါ။​ဒီပန္းဟာ​ေႏြဦးကို​ေရာက္​ရွိလာျခင္းရဲ႕သ​ေကၤတလည္းျဖစ္​ပါတယ္​။ 10ႏွစ္​ေျမာက္​မဂၤလာႏွစ္​ပတ္​လည္​ေန႔ရဲ႕အမွတ္​အသား ပန္း လို႔လည္းသတ္​မွတ္​ၾကပါေသးသတဲ့။
Daffodilအျပင္​Narcissus , Jonquil , Paperwhite လို႔လည္း​ေခၚဆိုၾကပါ​ေသးတယ္​။ ( daffodil family ထဲက မ်ိဳးကြဲ​ေလး​ေတြပါ။ ပန္းပုံစံက​ေတာ့ခပ္​ဆင္​ဆင္​ေလး​ေတြပါပဲ။)

Narcissus ဆိုတဲ့နာမည္​ဟာဂရိဒ႑ာရီတစ္​ခုက​ေနဆင္းသက္​လာခဲ့တာျဖစ္​ပါတယ္​။
Narcissus ဟာျမစ္​နတ္​ဘုရားCephissusရဲ႕သား​ေတာ္​တစ္​ပါး​ေပါ့။ သူဟာသိပ္​ကိုမာနႀကီးၿပီး အရမ္းလည္း​ေခ်ာ​ေမာပါတယ္​တဲ့။ ဘယ္​နတ္​ဘုရားမကိုမွစိတ္​မဝင္​စားတဲ့အျပင္သူ႔ကိုလာႀကိဳက္​တဲ့သူ​ေတြကိုလည္းအရမ္းအထင္​ေသးတဲ့သူ​ေပါ့။ တစ္​ေန႔​ေတာ့ဒီအ​ေၾကာင္းကိုသိသြားတဲ့ Nemesis( goddess of divine retribution and revenge) ဟာ သူ႔ကို​ပညာ​ေပးဖို႔​ေရအိုင္​တစ္​အိုင္​ကို​ေခၚ​ေဆာင္​သြားခဲ့တယ္​တဲ့။ အဲ့ဒီမွာပဲသိပ္ကိုေခ်ာေမာတဲ့ Narcissus
ဟာ​ေရအိုင္​မွာထင္​ေနတဲ့သူ႔အရိပ္​ကို သူမွန္းမသိပဲသူ႔အရိပ္​ကိုသူျပန္​ခ်စ္​မိသြားေတာ့သတဲ့။
သူဟာသူ႔အရိပ္​ကိုမခြဲႏိုင္​မခြာရက္​နဲ႔ တသသစြဲလမ္းသြားတဲ့Narcissusတစ္ေယာက္ ေရကန္​က​ေန တစ္​ဖဝါးမွမခြာႏိုင္​ရွာပဲ​ မစားႏိုင္ မေသာက္ႏိုင္ မအိပ္ႏိုင္ေတြျဖစ္ၿပီး ေသဆုံးသြားပါေတာ့တယ္။သူ​ေသဆုံးသြားတာနဲ႔တစ္​ၿပိဳင္​နက္ သူ႔အရိပ္​ကိုသူျပန္​ၾကည့္​ခဲ့တဲ့​ေနရာမွာပန္း​ေတြပြင့္လာၾကတယ္တဲ့။
အဲဒီပန္း​ေတြကိုNarcissusလို႔​ေခၚတယ္​။
ဒါ​ေၾကာင့္​Daffodil ကို မာနႀကီးတဲ့ပန္း​လို႔လည္း​ဆိုၾကတာေပါ့။ ရနံ႔သင္းသင္းေလးေမႊးသတဲ့။ ေအးတဲ့ေဒသေတြမွာေပါက္ေရာက္သတဲ့။

Daffodil မွာ အဓိပၸါယ္​ေတြအမ်ားႀကီးရွိပါတယ္​။အားလုံးၿခဳံၿပီး​ေျပာမယ္​ဆိုရင္​ေတာ့ ျပန္​လည္​ေမြးဖြားျခင္း ၊ ခြင့္​လႊတ္​ျခင္း ၊ အသစ္​တစ္​ဖန္​စတင္​ျခင္း ၊​ေမွ်ာ္​လင့္​ခ်က္​လို႔အဓိပၸါယ္​
ဖြင့္​ဆိုၾကပါတယ္​။ ဒါ့အျပင္​တစ္​ဖက္​သတ္​အခ်စ္​လို႔လည္း​ေျပာလို႔ရပါတယ္​။

ဒါ​ေပမယ့္​ဒီလိုအဝါ​ေရာင္​ပန္းလွလွ​ေလးမွာ ၾကည္​ႏူးစရာအဓိပၸါယ္​ေလး​ေတြလည္းရွိပါ​ေသးတယ္​ေနာ္​။

Daffodilရဲ႕ ပန္းစကားက
"မင္းနဲ႔သာအတူရွိရင္​ေန​ေရာင္​ျခည္​ေတြက
အၿမဲတမ္း​ေတာက္​ပ​ေနတယ္​"တဲ့။​ေနာက္​တစ္​မ်ိဳးက​ေတာ့
"မင္းက ကိုယ့္​ရဲ႕တစ္​ဦးတည္း​ေသာ" တဲ့။

Daffodilပန္း​ေတြမွာအဆိပ္​အိတ္​ေတြပါရွိတာမို႔
ပန္းအိုးတစ္​ခုထဲမွာ တျခားပန္း​ေတြနဲ႔​ေရာၿပီးမထိုးသင့္​ပါဘူး။အတူတူထားခ်င္​တယ္ဆိုရင္​ေတာ့ Daffodil ကို၂၄နာရီ ၾကာ​ေအာင္​ေရစိမ္​ၿပီးမွ​ေရာထားသင့္​ပါတယ္​။

Daffodil ဟာ Wale ႏိုင္​ငံရဲ႕ National flower
ျဖစ္​ပါတယ္​။ Marchလ1ရက္​(Seint David's day)မွာDaffodilပန္း​ေတြကိုပန္​ဆင္​တဲ့အ​ေလ့အထတစ္​ခုWaleမွာရွိပါတယ္​။

Daffodilပန္း​ကို​ေပးမယ္​ဆိုရင္​အစည္းလိုက္​ေပးရပါမယ္​တစ္​ပြင့္​တည္းသီးသန႔္​ေပးရင္​ကံဆိုးတတ္​ပါတယ္​တဲ့။

Daffodilပန္းကိုလက္​ေဆာင္​ေပးရင္​အ​ေပးခံရတဲ့သူကို
"​ေသခ်ာ​ေပါက္​ေပ်ာ္​႐ႊင္​ပါလို႔"​ေျပာတဲ့အဓိပၸါယ္​သက္​ေရာက္​ပါတယ္​တဲ့ရွင္​။

Jonquilဆိုတာလည္း Narcissus(Daffodil)မ်ိဳးစိတ္ထဲက ပန္းျဖစ္ပါတယ္။ Daffodilလိုပါပဲ။ သိပ္မကြာပါဘူး
သူ႔ရဲ႕ အဓိပၸါယ္ကေတာ့ "ငါ့ကိုျပန္ခ်စ္ပါ" တဲ့။

paper whiteလို႔ေခၚတဲ့ Narcissus အျဖဴေရာင္ရဲ႕အဓိပၸါယ္ကေတာ့ မင္းကခ်စ္ဖို႔ေကာင္းတယ္ တဲ့။ ေမွ်ာ္လင့္ခ်က္လို႔လည္း အဓိပၸါယ္ရပါတယ္။

Cultureအရ သူ႔ရဲ႕အဓိပၸါယ္ေတြကိုလည္း ေျပာျပပါဉီးမယ္။
တ႐ုတ္မွာဆိုရင္ Daffodilေတြက ကံေကာင္းျခင္းကို ကိုယ္စားျပဳပါတယ္တဲ့။

ဂ်ပန္လူမ်ိဳးေတြကေတာ့ Daffodilေတြကို ေပ်ာ္႐ႊင္မႈလို႔ ယူဆၾကပါတယ္။

ျပင္သစ္မွာေတာ့ Daffodilေတြက ေမွ်ာ္လင့္ျခင္းရဲ႕ သေကၤတတဲ့။

Walesမွာေတာ့ ဒ႑ာရီတစ္ခုအရ ပထမဆုံးပြင့္တဲ့ Daffodilတစ္ပြင့္ကိုရွာေတြ႕မယ္ဆိုရင္ တစ္ႏွစ္လုံး ေငြေတြအမ်ားႀကီး၀င္ပါလိမ့္မယ္တဲ့ရွင္။

အလယ္ေခတ္ ဥေရာပသားေတြကေတာ့ Daffodilကိုၾကည့္လိုက္လို႔ ပန္းပြင့္ကေကြးၿပီးစိုက္က်ေနတာကိုေတြ႕ရတယ္ဆိုရင္ အဲ့ဒီလူက
မၾကာခင္ေသေတာ့မယ္ဆိုတဲ့ နမိတ္လို႔ ယူဆခဲ့ၾကပါတယ္တဲ့။ (Daffodilကိုၾကည့္မိရင္ ေသတတ္တယ္လို႔အယူရွိတာပါတဲ့)
(ငိုက္က်ေနတဲ့Daffodilက မေကာင္းတဲ့ကံ လို႔လည္း အဓိပၸါယ္ရပါတယ္တဲ့)

Daffodilပန္းကေပးတဲ့Massageကေတာ့

"မေကာင္းတဲ့အရာေတြဟာထာဝရတည္ရွိမေနပါဘူး။ ဘာလို႔လဲဆိုေတာ့ေႏြဦးဟာအခ်ိန္တန္ရင္ျပန္လည္ေရာက္ရွိလာမွာမို႔လို႔ပါ။အရာရာကိုအေကာင္းျမင္စိတ္ထားၿပီး
ျပန္လည္ျပင္ဆင္စတင္လိုက္ပါ ေကာင္းတဲ့အရာေတြဟာမင္းဆီကိုမလြဲမေသြေရာက္ရွိလာမွာပါ" တဲ့

Seguir leyendo

También te gustarán

3.1K 210 7
💗နှလုံးသားနဲ့ရင်း၍💗 "ငါကနင့်ရဲ့ဘာလဲ သိမ့် ဘယ်လိုနေရာမှာနင့်အတွက်ငါဆိုတဲ့ကောင်ကအသုံး၀င်လဲ!" "ငါသ၀န်တိုတယ် သူရိန် နင်နဲ့မြတ်လေးက ဘာတွေလဲ!" "အင်း သူကင...
324K 10.1K 66
"ငါယဥ့်ကိုဘယ်တော့မှချစ်လာမှာမဟုတ်ဘူး" "ငါလည်း ညီ့ကိုချစ်တယ်လို့မပြောမိပါဘူး " "နင်စိတ်ချပါ နန်းစုယဥ်ဆိုတဲ့ငါက ကိုယ့်လည်ပင်းကိုကိုယ်ကြိုးကွင်းပြန်မစွပ...
35.5K 4.6K 46
නුඹෙන් මං... විඳිමි හැඟුමන්... මා හද නිවාලනා ! ❤️
76.3K 1.9K 66
នាងធ្វើគ្រប់យ៉ាងព្រោះ តែពាក្យថាសងគុណ។ នាងត្រូវរៀបការជាមួយមនុស្សដែល មិនឲ្យតម្លៃនាង មិនស្រលាញ់នាង។