"Su..Ho. ရောက်လာပြီလား ?"
ထိုင်ခုံခြောက်လုံးမှာ ထိုင်နေသူများအနက်မှ လူကြီးတယောက်က Suho နာမည်ကို ခပ်နှေးနှေးရွတ်လိုက်ရင်း မေးသည်။ Suho ကမျက်နှာပေါ်တွင် ခပ်ရွဲ့ရွဲ့အပြုံးတခုကို ချိတ်ဆွဲရင်း ထိုလူကြီးကို စေ့စေ့ကြည့်ကာ ပြန်ပြောသည်။
"Jae Samcheon,မတွေ့တာ ကြာပြီနော်။ ကျနော်တောင် လွမ်းနေတာ။"
"မင်း ! အပိုတွေ မပြောနဲ့။"
ထိုလူကြီးက အနည်းငယ် စိတ်တိုသွားဟန်နှင့် Suho ကိုလှမ်းအော်တော့ Suho ကပွစိပွစိနှင့် မျက်နှာ လွှဲသွားသည်။
"Suho,သူကဘယ်သူလဲ ?"
ထိုလူကြီး ငါးယောက်အနက် တယောက်က Kyung Soo ကို လက်ညှိုးထိုးကာ မေးသည်။ Kyung Soo လည်း လန့်ကာ ခေါင်းငုံ့ထားရာမှ မော့ကြည့်မိသည်။
"သူလား ? သူ့နာမည်က Kyung Soo တဲ့။ ဟိုတလောက မီးလောင်သွားတယ် ဆိုတဲ့ရွာက Vampire တကောင်ပါ,Min Samcheon."
"Lay !"
Suho ရဲ့တုန့်ပြန်စကားကြောင့် ထို Min ဆိုတဲ့ လူက စကားလုံးတခုကို အမြန်ရွတ်ကာ အော်လိုက်သည်။ Kyung Soo ကြားတာ မမှားရင် ထိုစကားလုံးက Lay ပင်ဖြစ်မည်။ သူထင်ထားတာ မမှားပါ။ ထိုလူကြီး အော်လိုက်ပြီးပြီးချင်းမှာပဲ Lay ကခန်းမရဲ့ အနောက်တနေရာက ထွက်လာသည်။
Lay ပုံစံက ခုနက သူတွေ့ခဲ့တဲ့ Lay နှင့်မတူ ကွဲပြားနေသည်။ Lay ကမျက်မှောင်ကျုံ့ကာ ခက်ထန်ပြတ်သားနေသော မျက်လုံးများဖြင့် သူ့ဆီကို တည့်တည့်လာနေသည်။ သူနှင့် အင်မတန်နီးကပ်လာတော့ Lay က သူ့ကိုလှည့်ပတ်ကြည့်ပြီး အနံ့ခံသလိုပုံလုပ်နေသည်။ Kyung Soo လည်းဘာလုပ်ရမှန်း မသိတာမို့ ခေါင်းကိုသာ ငုံ့ထားမိသည်။ ထို့နောက် Lay က Min ဆိုသော လူကြီးကို ကြည့်ကာ..
"ဟုတ်ကဲ့။ Vampire သေချာပါတယ်။"
"မင်းသွားတော့။"
Lay က ထိုလူကြီးများကို ခါးညွတ်ပြရင်း ထွက်သွားသည်။ ထိုအခါ Min ဆိုသူက Suho ကို လှောင်သလိုပြုံး လိုက်သည်။
"Okay လေ.. ဒီတခါတော့ ငါတို့မှားသွားပြီပေါ့။ ဒါနဲ့ အဲ့ကောင်လေးနာမည်က တအားရှည်တယ်။ ငါတို့ အလွယ်တကူ ခေါ်ဖို့ နာမည်အတို မှည့်မှ ဖြစ်မယ်။"
"Soo.. Soo လို့ခေါ်မယ်။"
Min ဆိုတဲ့ လူကြီးရဲ့ စကားအဆုံးမှာ တချိန်လုံး တိတ်ဆိတ်နေခဲ့တဲ့ Kai ကစကားထပြောသည်မို့ သူ အံ့သြကာ မော့ကြည့်မိသည်။ Kai ဘေးနားက Young ဆိုတဲ့ မိန်းမကတော့ Kai ကို အံ့သြလွန်းတဲ့ ပုံနှင့် စူးရဲစွာ ကြည့်နေသည်။
ချိုမြိန်တဲ့ အသံမျိုးလည်း မဟုတ်၊ခပ်သြသြ အသံမျိုးလည်းမဟုတ်ဘဲ Kai အသံက ထိုအသံနှစ်ခုရောထားသော အသံမျိုးပင်။ သူက Kai ကိုစိုက်ကြည့်နေမိသလို Kai ကလည်း သူ့ကို စိုက်ကြည့်နေခဲ့သည်။
ထိုအချိန်တိုလေးအတွင်းမှာ သူ့ဘယ်ဘက်ရင်အုံထဲက အရာတခုက နိမ့်ချည်မြင့်ချည်နှင့် မရပ်မနားခုန်နေခဲ့သလို သူအသက်ရှူသံတွေပင် မှားနေခဲ့သည်။
သူ ဘာတွေဖြစ်နေတာလဲ..?
ဘာလို့ ဒီလောက်တောင် ရင်ထဲမှာ ဗြောင်းဆန်နေရတာလဲ..?
သူ့ခံစားချက်တွေကို သူ့ကိုယ်သူ ဆန်းစစ်ကြည့်ဖို့လိုပြီထင်ပါရဲ့။
"ကောင်းပြီ မင်းကို Soo လို့ခေါ်မယ်။"
"ဟုတ် ဟုတ်ကဲ့။"
Kyung Soo Kai ကိုကြည့်နေရာက မျက်နှာလွှဲလိုက်ပြီး ပထမဦးဆုံးအကြိမ်အဖြစ် စကားပြန်ပြောမိသည်။
"အစည်းအဝေးပြီးပြီ။ Young ! လိုက်ခဲ့။"
Jae ဆိုတဲ့ လူကြီးက ဦးစွာ ထသွားပြီး Young ရဲ့လက်ကိုဆွဲကာ ထွက်သွားသည်။ Young ကတော့ နောက်ကနေ စူပုတ်ကာ မလိုက်ချင်လိုက်ချင်နှင့် လိုက်သွားသည်။ ထိုအခါ ကြောင်ကြည့်နေတဲ့သူ့ကို Suho က သူ့ကိုလှမ်းဆွဲလိုက်သည်။
"ဒါဆို ကျနော်တို့ပြန်လိုက်ပါဦးမယ်။"
ထို့နောက် သူတို့ ထိုခန်းမကြီးထဲက ထွက်လာခဲ့ကြသည်။ သူရော Suho ရော စကားတခွန်းမှမပြောဖြစ်ကြ။ တိတ်တဆိတ်သာ အိမ်ကိုပြန်ခဲ့ကြသည်။
~^~^~^~^~
"Suho မင်းနဲ့ Lay နဲ့က..."
"အင်း.. ချစ်သူတွေ။"
အိမ်ကို ပြန်ရောက်ရောက်ချင်းပဲ ဆိုဖာမှာ စိတ်လွတ်လပ်လွတ် ဝင်ကာထိုင်လိုက်တဲ့ Suho ကို Kyung Soo လည်း ဆိုဖာတခုမှာ ဝင်ထိုင်ရင်း သေသေချာချာ သိချင်လို့ မေးလိုက်သည်။
Suho ကလည်း မေးမည့်မေးခွန်းကို သိနေသလို အဖြေကို ချက်ချင်းပြန်ပေးသည်။
"Lay က အကြီးအကဲတွေရဲ့ လက်အောက်က ဝန်ထမ်းတယောက်ပေါ့။ ဒါပေမဲ့ သူက တခြားဝန်ထမ်းတွေ ထက်ပိုတယ်။ သူ့စွမ်းအားက လူတယောက်ဟာ သူပြောတဲ့ ဥပမာ-အဲ့လူက သူ့ကိုယ်သူ Vampire လို့ပြောတဲ့အခါ Lay ကဟုတ်မဟုတ်သိနိုင်တယ်။ အဲ့ဒါထက် Lay ကမြင်တာနဲ့ အဲ့လူကဘယ်လို၊ဘယ်သူ ဆိုတာကို မမှားဘဲပြောနိုင်တယ်။ တခါမှ မမှားဘူးဖူး။"
Suho ကပဲ ဆက်ကာ Lay အကြောင်းပြောပြနေသည်။
"သူ့နာမည်အရင်းက Yi Xing. သူနဲ့ငါနဲ့တွဲနေတာကို မင်းကလွဲ ဘယ်သူမှမသိဖူး။ သိလို့လဲ မရဖူး။ မင်းနှူတ်လုံပါစေနော်။"
"အင်းပါ.. ဒါနဲ့ မင်း Lay ကိုချစ်လား ?"
သူ့ရဲ့ ရုတ်တရက် မေးခွန်းကြောင့် Suho က သူ့ကို ခဏတာ ကြောင်ကြည့်နေသည်။ ပြီးမှ ရှက်သွားသည့်ပုံနှင့် ဂုတ်ကိုပွတ်ရင်းရယ်ကာ ဖြေသည်။
"ချစ်တာပေါ့ကွ။ မင်းကလဲ.."
"သူ့ကို စစတွေ့တုန်းက ဘယ်လို ခံစားရလဲ ?"
"မသိဘူး.. ရင်တွေ တအားခုန်ပြီး အသက်ရှူတာတွေတောင် မှားသလိုပဲ။ အစကတည်းက လုံခြုံတဲ့ ခံစားချက်ရော.. နွေးထွေးတဲ့ ခံစားချက်ပါ ခံစားရတယ်..
ဒါနဲ့ မင်းကဘာလုပ်ဖို့ ?"
Suho ပြန်မေးလိုက်တော့ Kyung Soo ဘာပြန်ဖြေ ရမှန်းမသိဘဲ ကြောင်အမ်းအမ်းဖြစ်သွားသည်။..
"ဟမ်.. Ar-arni.. ဘာမှမဟုတ်ပါဖူး။ ငါသွားနားတော့မယ်.."
သူ ထွေထွေထူးထူး ဘာမှပြန်မဖြေတော့ဘဲ ဝေ့လည် ကြောင်ပတ်လုပ်ပြီး ခပ်မြန်မြန်ပဲ ထကာ သူ့အိပ်ခန်းထဲကို ဝင်ခဲ့လိုက်သည်။ Suho ကတော့ ပုံမှန်အတိုင်းပဲ သူလုပ်စရာရှိတာကို လုပ်ရင်း ကျန်ခဲ့သည်။..
တခုခု ထင်သွားတဲ့ပုံတော့ မပေါက်ပါ..
"ဟူး.."
Kyung Soo သက်ပြင်း ခပ်သဲ့သဲ့ ချလိုက်မိသည်။
ကုတင်ပေါ်ကို လှဲကာ မျက်လုံးမှိတ်လိုက်တော့ သူ့ကိုစိုက်ကြည့်နေခဲ့တဲ့ Kai ပုံရိပ်က ပေါ်လာပြန်သည်။
အာ.. ဟင့်အင်း။ မဟုတ်ဖူး။
ဒီအတိုင်းပဲ Kai ကချောလွန်းလို့ ယောက်ျားလေးအချင်းချင်း သဘောကျမိတာပဲ ဖြစ်မှာ။ ရင်ခုန်တာကလဲ လိမ်စဉ်တွေ ပေါ်သွားမှာစိုးလို့။
ဟုတ်တယ်.. ဟုတ်တယ်။ အဲ့လိုပဲ ဖြစ်မှာ။
ထိုကဲ့သို့ပဲ ရင်ထဲမှာဖြစ်ပေါ်နေခဲ့တဲ့ ခံစားချက်တွေကို Kyung Soo လျစ်လျူရှူပီး ကိုယ့်ကိုယ်ကို လိမ်ကာ နေခဲ့မိသည်။
ညနေအချိန်လောက်ပဲ ရှိသေးပေမဲ့လဲ ကုတင်ပေါ်မှာ ဟိုလှိမ့်ဒီလှိမ့်နှင့် ခဏတာတော့ Kyung Soo အိပ်ပျော်သွားခဲ့သည်။
~^~^~^~^~