"Kyung Soo ရေ..
Kyung Soo.."
သူ့နာမည်ကို တကြော်ကြော်အော်ဟစ်ခေါ်နေတဲ့ Suho ကြောင့် Kyung Soo အိပ်နေရာက နိုးလာသည်။ အမှန်တော့ အိပ်နေတာလဲ မဟုတ်ပါဖူးလေ.. မျက်လုံးမှိတ်ပြီး စဉ်းစားခန်းဖွင့်နေတယ် လို့ပဲပြောရမှာပေါ့။
"အော်.. မင်းကဒီမှာကို။"
Suho အသံနှင့်အတူ အခန်းတံခါးပွင့်လာသည်။
Suho ကကုတင်ပေါ်မှာ တင်ပါးလွှဲ ဝင်ထိုင်ရင်း သူ့ပုခုံးလာဖက်သည်။
Kyung Soo Suho လက်ထဲက ရုန်းထွက်ရင်း မတ်တပ် ထရပ်လိုက်သည်။
"ကျွန်တော် အဲ့လို ဖက်လဲတကင်း နေရာတာမကြိုက်ဖူး။"
သူ့ပြောလိုက်တော့ Suho က မျက်နှာ မသိမသာ ပျက်သွားသည်။ ပြီးမှ မတ်တပ် လိုက်ရပ် ကာ သူ့ကို မဲ့ပြုံးပြုံးပြသည်။
"အော် အော်။ အေးပါ ကိုကြီးကျယ်ရယ်.."
ထို့နောက် Suho က သူ့ကို ကျောပေးကာ အခန်းထဲက စားပွဲပေါ်ကို ဟိုပွတ်ဒီပွတ် လုပ်နေသည်။ ကြည့်ရတာ Suho စိတ်မကောင်းဖြစ်သွားသည့်ပုံပင်..
သူလည်းပြောလိုက်ပြီးမှ အားနာမိသွားသည်။ ဘာရယ်မဟုတ် ပြောလိုက်ပေမဲ့ သူ တော်တော် ရင့်သီး သွားသည်ထင်သည်။
"ဟို တောင်းပန်ပါတယ်။.. ဒီတိုင်း နည်းနည်းတမျိုးဖြစ်နေလို့ ပြောလိုက်တာ။"
ထိုအခါမှ ကျောပေးထားတဲ့ Suho က ပြုံးကာ သူ့ဘက် ပြန်လှည့်လာသည်။
"ဟဲဟဲ.. ရပါတယ်ကွာ.. ဒီလိုပါပဲ။
ဒါနဲ့မင်းကို ညနေကျရင် မင်းကိုခေါ်သွားစရာနေရာရှိတယ်။
ပြင်ဆင်ထားလိုက်။"
Kyung Soo ခေါင်းငြိမ့်ပြလိုက်သည်။
အခန်းတံခါးကို ဖွင့်ရင်း ပြန်ထွက်မလို့လုပ်နေတဲ့ Suho ကို Kyung Soo ခဏနေဖို့ လှမ်းတားလိုက်တော့ Suho က မေးဆတ်ပြသည်။ ဘာလဲ ဆိုတဲ့ အဓိပ္ပာယ်ပေါ့။
"ဟို.. ခုကဘယ်နှခုနှစ်လဲ ? ဘယ်နှနာရီရှိပြီလဲ ?"
"အမ်.. ခုနှစ်ကတော့ နေဦး။"
Suho ကသူ့လက်ကနာရီကို ငုံ့ကြည့်သည်။ ထို့နောက် သူ့စကားကြောင့် Kyung Soo မျက်လုံးပြူးသည်ထက်ပင် ပိုပြူးသွားရတော့သည်။
"ခုနှစ်က ၁၈၉၅၊အချိန်က ၂:၃၀။ ပြီးပြီမလား ?
ငါသွားပြီ။"
နားထဲကြားလိုက်ရတဲ့ တံခါးပိတ်သံနှင့်အတူ Kyung Soo ကုတင်ပေါ်ကို ထိုင်ချလိုက်မိသည်။ သူ့ခေါင်းထဲမှာ ဂဏန်းအရေအတွက်တွေ ပြေးလွှားနေသည်။
"နှစ်ပေါင်း ၁၂၀.."
Kyung Soo ကရေရွတ်လိုက်မိသည်။ ထို့နောက် သက်ပြင်းသာ တွင်တွင် ချမိလေတော့သည်။
~^~^~^~^~
"Kyung Soo ah,ပြင်ဆင်ပြီးပြီလား ?"
ထုံးစံအတိုင်း Suho ကအိမ်ထဲဝင်လာတာနှင့် Kyung Soo ကိုအော်ကာမေးသည်။
"အင်း.."
"ဟင် ? ဘာမှ မပြောင်းလဲ သလိုပဲ။"
"ကျွန်တော့် မှာ လဲဝတ်စရာ အင်္ကျီမှမရှိတာ.."
Kyung Soo စိတ်ပျက်လက်ပျက်ပြောတော့ Suho က အားနာဟန်ပြသည်။
"ဆောရီး ဆောရီး ငါမေ့သွားလို့။"
Kyung Soo ဘာမှ ပြန်မပြောမိ။..
"ပြီးတော့ ကျွန်တော် ကျွန်တော်လို့ မပြောစမ်းပါနဲ့ကွာ။ ငါတို့က အသက်တူတူပဲ။"
"အော် အေး.. အေးပါ။"
"အခု လိုက်ခဲ့။ လာ။"
ပြောရင်း Suho က သူ့လက်ကိုဆွဲကာ အခန်းတစ်ခုထဲကို ဝင်သွားသည်။ သူကတော့ Suho ဆွဲခေါ်ရာ နောက်သို့ တိတ်တဆိတ်ပဲ လိုက်သွားမိသည်။
~^~^~^~^~
"အားး။ အဲ့အင်္ကျီပဲ ! မင်းအဲ့ဒါဝတ်ရမယ်.."
တော်တော်ကြာအောင် အင်္ကျီတွေ မွှေနှောက်ရှာဖွေပြီးမှ Suho ဆီက အသံတသံထွက်လာသည်။ ဝတ်ထားရတဲ့ ကလေးဆန်ဆန် အင်္ကျီအဝါရောင်နှင့် ပန်းရောင် ဘောင်းဘီကြောင့် Kyung Soo ပုံစံက သိပ်ကို အရောင်တောက်ပလွန်းနေသည်။ ဒီဝတ်စုံကို Kyung Soo သဘောမကျ။
"မင်းမှာ အမည်းရောင် အင်္ကျီတို့ ဘောင်းဘီတို့မရှိဖူးလား ?"
"အင်း.. တစုံတော့ရှိတယ်။"
"အဲ့ဒါလေးငါ့ကို ငှားပါလား ?"
"အင်း.."
Suho ကဘီရိုတံခါးကို ဆယ်ခေါက်မြောက်ပြန်ဖွင့်ပြီး ဟိုးဘက် အစွန်ဆုံးမှာ ရှိတဲ့ အမည်းရောင် ဝမ်းဆက် လေးကို သူ့ကိုထုတ်ပေးသည်။ Kyung Soo အမြန်လဲဝတ်လိုက်ပြီး ရေချိုးခန်းထဲက မှန်ရှေ့မှာ ကိုယ့်ကိုယ်ကို ကြည့်ရင်း..
"အင်း ဒါမှငါပဲ။"
"Kyung Soo ရေ ထွက်ခဲ့တော့။ နောက်ကျနေပြီ။"
"အင်း အင်း လာပြီ။"
Kyung Soo အမြန်ပြေးထွက်သွားတော့ အပြင်မှာ အဖြူရောင်ဝမ်းဆက်နှင့် Suho ကိုတွေ့လိုက်ရသည်။ ဟုတ်တော့ဟုတ်နေပြီ။
"လာ သွားမယ်။"
Kyung Soo တိတ်တဆိတ်ပဲ Suho ခေါ်ဆောင်ရာဆီသို့။
~^~^~^~^~
နူးညံ့ညံ့သံစဉ်တခုက ခန်းမကြီးထဲမှာ လွင့်ပျံနေသည်။ ခင်းထားတဲ့ အနီရောင် ကော်ဇောကြီးပေါ်ကို နင်းလာသူတွေက အချိန်နှင့်အမျှ များပြားလာသည်။
Kyung Soo ဒါ ဘယ်နေရာလဲ မသိပါ။ ဘာကြောင့် Suho သူ့ကို ဒီခေါ်လာတာလဲ လည်း သူမသိ။ Kyung Soo အထင် ဒီမြို့ရဲ့ အကြီးအကဲတယောက်၏ ပွဲတခုပင်ဖြစ်မည်။
"Suho ah,ဒါဘာပွဲလဲ ?"
Kyung Soo ဘေးနားက Suho ကိုနားနားကပ်ကာ မေးလိုက်တော့ Suho ကခပ်တိုးတိုးပြန်ဖြေသည်။
"ဒီမြို့ရဲ့ အကြီးအကဲတယောက်ဖြစ်တဲ့ Kim မျိုးနွယ် Vampire ရဲ့ပွဲပေါ့။"
"အော်.. ဒါနဲ့ မင်းက သူတို့.. သူတို့တွေလို မဝတ်ဘူးနော်။"
Kyung Soo ရှေ့က လူတွေကို လက်ညှိုးထိုးပြရင်း မေးတော့ Suho က ရယ်သည်။
"ဘာလို့ မဝတ်တာလဲ ?"
သူက ပဲ ဆက်မေးတော့ Suho က ပုခုံးတွန့်လိုက်ရင်း ပြန်ဖြေသည်။
"ဒီအတိုင်းပါပဲ.. ငါကသိပ်အစွဲမကြီးဖူးလေ.."
"အာ.."
ထို့နောက် မတ်တပ်ရပ်ရတာ ညောင်းလာလို့ Kyung Soo Suho ကိုပြောကာ သူ့ ဘေးက ထွက်လာလိုက် ပြီး Bar မှာထိုင်နေလိုက်သည်။
ဘာမှလုပ်စရာ မရှိတာမို့ မျက်စိကစားရင်း Kyung Soo မျက်မှန်းတန်းမိသွားတဲ့ လူတယောက်။..
အသားခပ်ညိုညို၊အရပ်မြင့်မြင့်နှင့် ထိုလူက သူဝတ်ထားသော ရှေးခေတ် အနောက်တိုင်းဝတ်စုံနှင့် လိုက်ဖက်လွန်းသည်။
ထို့ပြင် အနည်းငယ်ဖွထားသော သူ့ရဲ့ ဆံပင်နီညိုရောင်များကလည်း ပြေပြစ်လှပသော သူ့မျက်နှာကို ပိုမိုတောက်ပစေသည်။
ယောက်ျားလေးချင်းပင် ငေးကြည့်မိနေလောက်အောင် သိပ်လှလွန်းသော ထိုလူ့ဆီမှ Kyung Soo အကြည့်တွေကိုလွှဲမရ။
သို့သော် တိုက်ရိုက်လည်းမကြည့်ရဲ။
ထို့ကြောင့် ခိုးကာကြည့်နေမိသည်။
ထိုလူက သူ့ဘေးကလူတယောက်နှင့် စကားပြောနေသည်။
ထိုလူတခါတခါပြုံးလိုက်တိုင်း Kyung Soo ရင်တွေ အဆမတန်ခုန်လို့..။
တချိန်တည်းမှာတင် စွဲဆောင်မှုကောင်းသလောက် ချစ်ဖို့ကောင်းသူတယောက်ပင်။
ထိုသူ့ကို ကြည့်နေရင်းနဲ့ သူ့ရင်ထဲ ခံစားချက်တစ်မျိုး ခံစားရသည်။ ဘာခံစားချက်မှန်း သူ သေချာမသိ.. နွေးထွေးသလို.. လုံခြုံသလို.. ကြည့်ပြီးရင်းသာ ဆက် ကြည့်ချင်နေသည်။
"ညီလေး.. ဟိုလူ့နာမည်ဘယ်လိုခေါ်လဲ ?"
Kyung Soo အကြိမ်ကြိမ်စဉ်းစားပြီးမှ အားတင်းကာ ဘေးနားက ဖြတ်သွားတဲ့ waiter လေးကို လှမ်းခေါ်ကာ မေးလိုက်သည်။ သူ့ အပြုအမူက တစ်မျိုးဖြစ် နေနိုင်ပေမဲ့ သူ တကယ်ကို မနေနိုင်တော့လို့ပါ..
"အော် သူလား။ သူက ဒီပွဲကို ကျင်းပတဲ့သူလေ.. နာမည်က Kai တဲ့။ Kim Kai ပေါ့။"
Kai တဲ့လား..။
"ကျေးဇူးပဲနော်။"
Waiter လေးထွက်သွားတော့ Kyung Soo ဘေးနား Suho ရောက်လာပြီး ပြန်ကြဖို့ ပြောသည်။
သူအသာခေါင်းငြိမ့်လိုက်ပြီး အပြင်ကို Suho နှင့်အတူ လိုက်ထွက်ခဲ့လိုက်သည်။ အပြင်ရောက်တော့ ခဏရပ်ကာ နောက်ပြန်လှည့်ကြည့်နေမိသည်။ အခွင့်ရှိရင် Kai ကိုသူ ထပ်တွေ့ချင်ပါသေးသည်။
"Kyung Soo ဘာလုပ်နေတာလဲ ? လာလေ.."
ရပ်နေတဲ့ သူ့ကို Suho ကလှမ်းအော်သည်။
"လာပြီ။"
Kyung Soo Suho ကိုပြန်အော်လိုက်ရင်း ရှေ့တော်တော်ရောက်နေတဲ့ Suho ဆီပြေးသွားလိုက်သည်။ သေချာတာတခုကတော့ သူ Kai ကိုတွေ့ပြီးကတည်းက ပြုံးနေမိတယ် ဆိုတာပါပဲ။
~^~^~^~^~
A/N : Sorry for my bad writing skill.
Hope you like this part.
Gamsamida..
90 degree bow ~