Time Travel

By Han_Hyun_Ae

26.1K 3.3K 181

Me and You together;in the past,now and in the future. အတိတ်မှာ ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို သိရဖို့ အတွက် အ... More

1.The Start
2.Unsolved Mysteries
4.He;Kim Kai
5.It Begins
6.Troubles
7.Sudden
8.Cosplaying starts now
9.Consequnces
10.Something New
11.Work
12.Clue
13.Feelings
14.Pain
15.What to do?
16.Undecided
17.Confession
18.Impossible
19.The Answer
NOTE
20.Departure
21.Farewell
22.Mind
23.A visit
24.Invitation
25.Decision
26. Bittersweet
27. The solution
28.The Realisation

3.Back In Time

1.5K 192 6
By Han_Hyun_Ae

Kyung Soo မျက်လုံးတွေ ပွင့်လာလာချင်းမှာ အရင်ဆုံး မြင်လိုက်ရတာ ခပ်စိမ်းစိမ်း မျက်နှာကျက် တစ်ခု။..
သူ အခု ဘယ်ရောက်နေတာလဲ..?
လှဲနေရာက ထထိုင်လိုက်ရင်း ဦးနှောက်ကို အပြေးအလွှား အလုပ်ပေးမိတော့ ဝိုးတိုးဝါးတား မှတ်ဉာဏ်တစ်ခု ထွက်လာသည်။
သူ.. သတိလစ်သွားတာလား..? အာ.. ဟုတ်တယ်
ဟို စာအုပ်ကို ကြည့်နေရင်းနဲ့ သူ သတိလစ်သွားတာ..
ဒါပေမဲ့ ဘာကြောင့်လဲ ? သတိလစ်သွားစရာ အကြောင်းမှ ထွေထွေထူးထူးမရှိတာ..

ဘေးပတ်ဝန်းကျင်ကို မျက်လုံးကစားကြည့် လိုက်တော့ ဒီနေရာက သူနဲ့ တော်တော်လေး မရင်းနှီးတဲ့နေရာ.. သတိလစ်သွားတုန်းက အိမ်မှာပါ.. အခု သူ ဆေးရုံမှာလား..?
ဆက်ပြီး ကြည့်နေရင်း သူ့ရှေ့ ခပ်လှမ်းလှမ်းက စားပွဲတစ်ခုမှာ သူ့ကို ကျောပေးပြီး အလုပ်ရှုပ်နေပုံ ရတဲ့ ကောင်လေးတစ်ယောက် ကို တွေ့လိုက်ရသည်။
ဟမ်..? သူ က ဘယ်သူလဲ..?
အခြေအနေကို နားလည်နိုင်ဖို့ကြိုးစားရင်း သူ ထို မြင်နေရသော ကျောပြင်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေမိသည်။

"မင်း နိုးလာပြီ လား..?"

ထိုကောင်လေး ဆီမှ စကားသံ။
သူ ဘာမှ ပြန်မဖြေမိ။ သေချာတာကတော့ ထိုကောင်လေးရဲ့ အသံကိုလည်း သူ မရင်းနှီးပါ။

"အဲ့လောက်ကြီးလည်း စိုက်ကြည့်မနေပါနဲ့ကွာ..
ဘာလဲ ? ငါချောလို့လား..?"

ထိုလူက ရယ်ကျဲကျဲ အသံနှင့်ပြောသည်။..
အမ်.. သူ ချောလို့လားတဲ့။ မျက်နှာမှ မမြင်ရတဲ့ ဟာကြီးကို။
နေပါဦး.. သူ က နောက်လည်း လှည့်မကြည့်ဘဲ Kyung Soo နိုးလာတာရော သူ့ကို စိုက်ကြည့်နေတာရော ဘယ်လိုသိတာလဲ မသိ။
ထို့ပြင် အခုမှ တွေ့တဲ့ လူတစ်ယောက်ကို ဒီလိုမျိုး စနောက်ဖို့ဆိုတာ လွယ်တာမဟုတ်လို့ ပျော်ပျော် နေတတ်သူ တစ်ယောက်ဖြစ်မည်ဟု Kyung Soo မှတ်ချက်ချမိသည်။

"ဘာမှလည်း ပြန်မပြောဘူးရော်.. မဟုတ်မှလွဲရော.. မင်း.. စကားတော့ ပြောတတ်ပါတယ်နော်။"

အင့်.. သေစမ်း။.. နေရင်းထိုင်ရင်း စကားမပြောတတ်ဘူး အထင်ခံလိုက်ရပြီ။

"ဟာ.. ပြောတတ်ပါတယ်။"

ဒီတစ်ခါတော့ Kyung Soo ချက်ချင်းကို ပြန်ဖြေလိုက်သည်။ ထိုသူက အဲ့တော့မှ ခပ်ဟဟ ရယ်ပြီး Kyung Soo နှင့် မျက်နှာချင်းဆိုင် ဘက်ကို လှည့်လာသည်။ မျက်နှာကို မြင်သည့်တိုင် ထိုလူက ဘယ်သူလဲ Kyung Soo မသိ။ တကယ်ကို.. Kyung Soo ဘယ်ရောက်နေတာလဲ ?

"တော်ပါသေးရဲ့.. လန့်သွားတာပဲ။"

ပြောရင်းနဲ့ သူက Kyung Soo ဆီသို့ လာကာ Kyung Soo ထိုင်နေရာ ဆိုဖာရှေ့က ခုံတွင် ဝင်ထိုင်သည်။
အခုမှပဲ သေချာကြည့်ဖြစ်တော့တယ်.. Kyung Soo ထိုင်နေတဲ့ ခပ်ရှည်ရှည် ဆိုဖာတစ်ခုမှာဖြစ်ပြီး ဒါက သူ့ ဧည့်ခန်းဖြစ်ပုံရသည်။

"ငါ့ နာမည်က Suho ပါ။ Kim Suho."

Kyung Soo ရှေ့ကသူက ခပ်ချိုချိုအပြုံး တစ်ခု နှင့် သူ့ကိုယ်သူ မိတ်ဆက်သည်။

"Kyung Soo ပါ Do Kyung Soo."

သူ့နာမည်ကို မိတ်ဆက်လိုက်တော့ Suho ရဲ့ မျက်လုံးများက ပျော်ရွှင်သွားပုံဖြင့် အရောင်လက်သွားသည်။

"အော် မင်းကိုးး။ ဟားး ငါ သိခဲ့တယ် ငါ မြင်လိုက်တာ မှန်မှန်း ငါသိခဲ့တယ်။"

ထို့နောက် တစ်ကိုယ်တည်း ရေရွတ်တာလား Kyung Soo ကိုပဲ ပြောတာလား မသဲကွဲတဲ့ ခပ်ရှုပ်ရှုပ် စကားတစ်ခုကို Suho ကပြောသည်။

"ကျွန်တော့်ကို သိလို့လား..?"
"ဟင့်အင်း ဒါပေမဲ့ မင်းရောက်လာမယ် ဆိုတာတော့သိတယ်။"
"အမ်.. ဘယ်လို ?"

"မင်း ထူးဆန်းနေမှာပေါ့ .. အင်း ပြောရမယ်ဆို ငါက အကြားအမြင် စွမ်းအားရှိတဲ့ သူတစ်ယောက်ပါ.. မွေးရာပါ စွမ်းအားပေါ့.. ဒါကြောင့်မလို့လဲ မင်းလာမယ် ဆိုတာ ငါကြိုသိတာပေါ့.. အဲ.. ဒါပေမဲ့ မင်းလာမယ်ဆိုတာ ငါသိလိုက်တုန်းက မင်းနာမည်ပဲ သိလိုက်တယ်။ မင်း ရုပ်ကို မမြင်လိုက်ဘူး။ ဒါကြောင့် မင်းနာမည်ပြောလိုက်မှ ငါ မင်းကို သိသွားတာ.."

"နေ နေပါဦး။ ဘာက ဘယ်လို ? ခဏလေး.. အဲ့ဒါတွေ မပြောခင် ကျွန်တော့ ကို ဘယ်နားမှာ ဘယ်လိုတွေ့တာလဲ ? ပြီးတော့ အခု ကျွန်တော် ဘယ်ရောက်နေတာလဲ ?"

"မင်းကို တွေ့တာလား..? ငါ့အိမ်ရှေ့မှာ တွေ့တာ.. ငါတွေ့တုန်းက မင်း မေ့နေတုန်းပဲ။
ပြီးတော့.. မင်း အခုရောက်နေတာ Aurora ဆိုတဲ့ မှော်ဆန်တဲ့မြို့လေး.. ဒီမြို့ကလူတွေ အကုန်လုံးမှာ မွေးရာပါ Supernatural power တွေ ရှိကြတယ်။
ဒီမြို့မှာ ရိုးရိုး လူသားတွေ နေထိုင်ခြင်းကို တားမြစ်ထားတယ်.. တနည်းအားဖြင့် မင်း တို့လို လူတွေ မနေရဘူးပေါ့ကွာ.. ဘာကြောင့်လဲ ဆိုတာတော့ သေချာမသိဘူး။ ဒါပေမဲ့ ဒီမြို့ကို တည်ထောင်တုန်းတော့ ရိုးရိုးလူတွေက တော်တော်အရေးပါတဲ့ နေရာက ပါခဲ့ကြတယ်လို့ တော့ ပြောကြတယ်။"

Suho အဆက်မပြတ် စကားပြောပြီးသွားတဲ့ အချိန်မှာတော့ မောသွားဟန်ဖြင့် သက်ပြင်းချသည်။
Kyung Soo ကတော့ Suho ပြောနေသည်များကို တစ်ခုမှ မယုံပါ။ ယုံချင်စရာ အကြောင်းလည်း တစ်ချက်မှ မရှိဘူးလေ။

"အဲ ခုနကငါပြောတဲ့ထဲက နောက်ဆုံးအချက်ကို ဘယ်သူမှ ပြန်မပြောနဲ့နော်။ ဒါတွေက top secretကြီး။ဘယ်သူမှ ပြောပြလို့ရတာ မဟုတ်ဘူး။ မင်းက ချစ်စရာကောင်းလို့ ပြောပြတာ.."

အောင်မလေး.. ကြက်သီးတောင်ထသွားတယ်။
Suho ကတော့ သူစကားနှင့် သူ သဘောကျကာ ရယ် နေသည်။ ဘယ်လို လူလဲမသိဘူး။
ဘာတွေ ပြောနေမှန်းလဲ မသိဘူး။ ကြောင်တောင်တောင်နဲ့..

"ဟုတ်ပါပြီ။ ခင်ဗျားရဲ့ စိတ်ကူးယဉ် ကမ္ဘာမှာ ခင်ဗျားပဲ နေခဲ့တော့။ ကျွန်တော် သွားပြီ။"

ပြောရင်းဆိုရင်း Kyung Soo ထိုင်နေရာမှ ထကာ ခါးကို အနည်းညွတ်ပြီး ဂါရဝပြုလိုက်သည်။

"ကျွန်တော့် ကို ဒီလို ခေါ်ပြီး စောင့်ရှောက်ပေးထားလို့ ကျေးဇူးပါ။"
"ဟာ မဟုတ်ဘူးလေ။ တကယ်သွားတော့မှာလား ?"

Suho က မျက်ကလူးဆန်ပြာ ဖြစ်ပြီး သူ့ကိုမေးသည်။

"အေးလေ"
"မင်းက ငါပြောတာကို မယုံဘူးလား ?"

Kyung Soo အဖြေ ပြန်မပေးဘဲ အသံထွက်၍သာ ရယ်မောလိုက်သည်။ ထို့နောက် သွားလိုက်ပါဦးမယ် ဟူသော သဘောဖြင့် ခေါင်းငုံ့ပြခဲ့ပြီး တံခါးပေါက် ရှိမည်ဟု ထင်သည့်ဘက်ကို မပြေးရုံတမယ် ခပ်မြန်မြန် လျှောက်သွားလိုက်သည်။
Suho ကတော့ နောက်မှာ ကပြာကယာနှင့် မသွားဖို့ လှမ်းအော်ကာ သူ့နောက်ကနေ လိုက်လာသည်။

"ကျစ် ဘယ်လို လူလဲမသိဘူး။ မဖြစ်နိုင်တာ တွေပြောနေတယ်။"

Kyung Soo ပြောရင်း ရှေ့မှာရှိတဲ့ တံခါးကိုဆွဲဖွင့်ကာ အပြင်ထွက်လိုက်သည်။ သို့သော် အပြင်ရောက်ရောက်ချင်း Kyung Soo မြင်လိုက်ရတဲ့ မြင်ကွင်းက သူ့ကို အတော် အံ့သြသွားစေသည်။

သူ့ရှေ့မှာမြင်နေရတာက ရှေးခေတ်အဝတ်အစားနဲ့ လမ်းလျှောက်နေတဲ့ လူတွေ.. တစ်ယောက်မှ အခုခေတ်ပုံစံ မဝတ်ဆင်ထား.. ဘာတွေလဲ။
Kyung Soo ဆက်မသွားနိုင်ဘဲ တွေဝေနေသည်။ ဘယ်ကို သွားရမလဲလည်း မသိသလို ဘာတွေဖြစ် နေမှန်းလည်း တကယ်မသိ။ Cosplay event များလား လို့ တွေးမိပေမဲ့လည်း တကယ်တမ်း မဖြစ်နိုင်မှန်း သူ သိသည်။

"အော် ပြောဖို့မေ့သွားလို့။ မင်းတို့အချိန်နဲ့ ငါတို့အချိန် မတူဘူး.. မင်းနားလည်အောင် ပြောရရင် မင်းက အချိန်နောက်ပြန် ရောက်လာတာပဲ။"

Suho ကပြောရင်းနဲ့ သူ့ပုခုံးကိုလာဖက်သည်။ Kyung Soo သူ့ကို ကြည့်လိုက်တော့ ကဲ ငါမပြောဘူးလား ဆိုတဲ့ အကြည့်နှင့် Kyung Soo ကို ပြန်ကြည့်နေသည်။

နားမလည်ဘူး.. နားမလည်ဘူး။
ဘာကိုမှကို Kyung Soo နားမလည်ပါ။ ကြုံတွေ့နေရတဲ့ ကိစ္စတွေက ရုတ်တရက်ဆန်လွန်းလို့ ရူးချင်ချင်တောင် ဖြစ်လာသည်။

"ကဲ လာ အထဲပြန်လိုက်ခဲ့တော့။"
"အင်း.."

Kyung Soo သက်ပြင်းသာချ မိပါတော့သည်။
~^~^~^~^~
ဘယ်မှ သွားစရာမရှိတဲ့ Kyung Soo အတွက်တော့ ပြန်မသွားရခင် အထိတော့ Suho အိမ်မှာပဲ ကပ်နေရဦးမည်။ Suho ကတော့ Kyung Soo ကို ပျော်ရွှင်စွာပဲ သူ့အိမ်မှာ နေဖို့ ခွင့်ပြုပါသည်။..
တစ်ကယ်တမ်း စိတ်ညစ်နေတာက သူ..
Suho အိမ်မှာ နေရလို့တော့ မဟုတ်ပါ။
ဒီကိုရောက်လာခြင်းကြောင့် ဖြစ်သည်။
ဘယ်လိုပဲ စဉ်းစားစဉ်းစားကို သူ နားမလည်နိုင်..

Suho နေဖို့ပေးထားတဲ့ သူ့အခန်းပေါ်က အိပ်ရာပေါ်မှာ လှဲရင်း Kyung Soo မျက်လုံးတွေကို မှိတ်ပစ်လိုက် သည်။ ဒီနေ့အတွက်တော့ စဉ်းစားတာတော်လောက် ပါပြီလေ..
ထို့နောက်တော့ တဖြည်းဖြည်းချင်း Kyung Soo အိပ်ပျော် သွားတော့သည်။
~^~^~^~^~

Continue Reading

You'll Also Like

677K 45.3K 89
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
673K 30.9K 21
Story Name - Signs Of The Fate (ကံကြမ္မာချည်တဲ့ကြိုး) Own Creation Written by choyee6 Fic cover by - Wang Qiu I own the photo , please do not use Sta...
713K 85.7K 78
Eternal love ..... . . . . . . . Start - 2022 December 28 End - 2023 April 27 School Lovers.. Siblings ..... 🔞 18 + ⚠️️ Mature Conteint