နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်...

By Swae_Nyoe

267K 35.2K 1.1K

ဘာသာပြန်သူ - Swae Nyoe Team, ဆုမြတ်လှိုင် More

Description
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁.၁
အခန်း ၂၁.၂
အခန်း ၂၂ .၁
အခန်း ၂၂.၂
အခန်း ၂၃.၁
တယ်လီဂရုကြေညာချက်..
အခန်း ၂၃.၂
အခန်း ၂၃.၃
အခန်း ၂၃.၄
အခန်း ၂၄.၁
အခန်း ၂၄.၂
အခန်း ၂၄.၃
အခန်း ၂၅.၁
အခန်း ၂၅.၂
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈.၁
အခန်း ၂၈.၂
အခန်း ၂၉.၁
အခန်း ၂၉.၂
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
Notice!!
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
အခန်း ၄၀
အခန်း ၄၁
အခန်း ၄၂
အခန်း ၄၃
အခန်း ၄၄
အခန်း ၄၅
အခန်း ၄၆
အခန်း ၄၇
အခန်း ၄၈
အခန်း ၄၉
အခန်း ၅၀
အခန်း ၅၁
အခန်း ၅၂
အခန်း ၅၃
အခန်း ၅၄
အခန်း ၅၅
အခန်း ၅၆
အခန်း ၅၇
အခန်း ၅၈
အခန်း ၅၉
အခန်း ၆၀
အခန်း ၆၁
အခန်း ၆၂
အခန်း ၆၃
အခန်း ၆၄
အခန်း ၆၅
အခန်း ၆၆
အခန်း ၆၇
အခန်း ၆၈
အခန်း ၆၉
အခန်း ၇၀
အခန်း ၇၁
အခန်း ၇၂
အခန်း ၇၃
အခန်း ၇၄
အခန်း ၇၅
အခန်း ၇၆
အခန်း ၇၇
အခန်း ၇၈
အခန်း ၇၉
အခန်း ၈၀
အခန်း (၈၁)
အခန်း ၈၂
အခန်း ၈၃
အခန်း ၈၄
အခန်း ၈၅
အခန်း ၈၆
အခန်း ၈၇
အခန်း ၈၈
အခန်း ၈၉
အခန်း ၉၀
အခန်း ၉၁
အခန်း ၉၂
အခန်း ၉၃
အခန်း ၉၄
အခန်း ၉၅
အခန်း ၉၆
အခန်း ၉၇
အခန်း ၉၈
အခန်း ၉၉
အခန်း ၁၀၀
အခန်း ၁၀၁
အခန်း ၁၀၂
အခန်း ၁၀၃
အခန်း ၁၀၄
အခန်း ၁၀၅
အခန်း ၁၀၆
အပိုင်း ၁၀၇
အခန်း ၁၀၈
အခန်း ၁၀၉
အခန်း ၁၁၀
အခန်း ၁၁၁
အခန်း ၁၁၃
Telegram ကို လာခဲ့နော်
အခန်း ၁၁၄
အခန်း ၁၁၅
Completed in Telegram
Part 116
Part 117

အခန်း ၁၁၂

725 91 0
By Swae_Nyoe

အပိုင်း (၁၁၂)

သိပ်မကြာခင် ညစာစားပွဲ ကျင်းပမည့် ရက်သို့ ရောက်လာသည်။

ကုဝူကျိက လူရှင်းသော နေရာတစ်ခုကို ရှာလိုက်ပြီး ရုပ်ဖျက်သော အကူမှော်ပစ္စည်းကို အသုံးပြုလိုက်သည်။ ထိုနည်းအားဖြင့် ဒီည၏ တိုက်ပွဲအတွက် ပြင်ဆင်လိုက်သည်။ မည်သို့ပင်ဆိုစေ သူ၏ ရုပ်ဖျက်ထားသော အကူမှော်ပစ္စည်းက တစ်ခဏသာ ချန်မည် ဖြစ်သည်။ သူ၏ နောက်ခံကသာ နေရာတွင် ပေါ်သွားမည် ဆိုလျှင် ကောလဟာလတစ်ခု ဖြစ်လာနိုင်လေသည်။

ယခုတစ်လော နာမည်ကြီးနေသော အမျိုးသားစတား တစ်ယောက်က အမျိုးသမီးတစ်ယောက် အဖြစ် ရုပ်ဖျက်ကာ ကပွဲတစ်ခုသို့ ရောက်လာခဲ့သော သတင်းက ခေါင်းကြီးပိုင်းတွင်ပင် ပါလာနိုင်သေးသည်။

ကားထဲသို့ ရောက်သောအခါ ရှားယန်ရှို့က ယခုကျင်းပမည့် ကပွဲနှင့် ပတ်သက်ပြီး လေးနက်မှုကို ခံစားမိနေသောကြောင့် အလွန်ထိတ်လန့်နေသည်။ သူက ကုဝူကျိ၏ စွမ်းရည်နှင့် ပတ်သက်ပြီး ယုံကြည်မှု အပြည့်အဝရှိ နေပြီး သူ၏ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အရည်အသွေးက အလွန်အမင်း ကောင်းမွန်နေသည့် တိုင်အောင် ယခုလို သူ၏ ဘဝတစ်ခုလုံးအပေါ် ပြောင်းလဲသွားနိုင်လောက်အောင် သက်ရောက်မှု ပေးနိုင်သည့် ကိစ္စကြီးနှင့် ပတ်သက်ပြီး ရင်ဆိုင်ရမည် ဖြစ်သည့်အတွက် မသက်မသာ ဖြစ်သော ခံစားချက်မျိုးကို ခံစားနေရသေးသည်။

ကုဝူကျိကလည်း ရှားယန်ရှို့က သူ့ကို ပြောပြဖူးသည့် သတင်းများကို ပြန်လည် တွေးတောနေလိုက်သည်။ ရှားမိသားစုကို ဒီမြို့တွင် အတော်လေး ကျော်ကြားသည့် မိသားစုကြီးတစ်ခုအဖြစ် သက်မှတ်နိုင်သော်လည်း အချက်ကျကျ တွေးကြည့်မိဆိုလျှင် လွန်ခဲ့သော ဆယ်စုနှစ်များ အကြာက အတော်လေး ကျပ်တည်းသောကာလ ရှိခဲ့သေးသည်။ ထိုအချိန်က ရွေးချယ်ခံခဲ့ရသည့် ဆက်ခံသူက ယခု ဆက်ခံသူ ဆက်ရွေးမည့် လူအိုကြီး ဖြစ်သည်။ သူက မိသားစု၏ စီးပွားရေးရာ အခြေအနေကို ကယ်တင်နိုင်ရန် အလို့ငှာ စီးပွားရေးအရ လက်ထပ်ပွဲ ပြင်ဆင်ခဲ့ပြီး သမီးအား လက်ထပ်ပေးခဲ့သည်။

ထို့နောက် ကိစ္စများက ပို၍ပင် သွေးလွှမ်းလာသေး၏ ကုဝူကျိ ကိုယ်တိုင်ကလည်း ယခုလိုမျိုး အခြားသူများ၏ အတိတ်က အတင်းအဖျင်း သတင်းများကို ဖတ်ရှုနေခြင်းက အမှန်တကယ် အဆင်ပြေကြောင်း ခံစားချက်ကိုပင် ထိန်းညှိ ခဲ့ရသည်အထိ ဖြစ်ခဲ့သည်။

အချက်ကျကျ ပြောရသော် ထိုဆက်ခံသူတွင်လည်း အမှန်တကယ် စိတ်ရင်းဖြင့် ချစ်မြတ်နိုးသော တစ်စုံတစ်ယောက် ရှိခဲ့သည်။ ထို့ကြောင့် လက်ထပ်ပြီးနောက် ဇနီးဖြစ်သူအပေါ် မထူးခြားနားစွာ ဆက်ဆံခဲ့သည်။ ယခင်အချစ်ဟောင်း အပေါ် ဖျော့တော့သည့် ကျွမ်းဝင်မှုက ကျန်ရစ်နေသေး၏။ ထိုသူ၏ နာမည်က အိုမီဖြစ်ပြီး သူမက ကိုယ်ဝန်ရှိနေချိန်တွင်ပင် အိုမီက လာရောက် ရန်စခဲ့သည်။ သို့သော်လည်း ထိုဇနီးဖြစ်သူက ခေါင်းမာလွန်းသူ ဖြစ်သည့် အလျောက် အဆုံးတွင် ဒေါသတကြီးနှင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့၏။ ပြောကြသည်မှာ သူမ၏ သေဆုံးမှုက အလွန်ဆိုးရွားခဲ့သည်ဟု ဆိုကြသည်။ ထိုသို့ဖြင့် အိမ်ဟောင်းတွင် နေထိုင်သော လူတိုင်းအပေါ် စိတ်ပိုင်းဆိုင်ရာ အရိပ်တစ်ခု စွဲထင်ကျန်ရစ် နေစေခဲ့သည်။

ထိုအချိန်က သတင်းများကို ဖိနှိပ်ခဲ့သည်။ သို့သော် စုံစမ်းချင်သည်နှင့် သဲလွန်စများကို ရှာတွေ့ဦးမည် ဖြစ်သည်။ ထိုကြောင့် ရှားယန်ရှို့ ကိုယ်တိုင်ကလည်း မိသားစု အဖွဲ့အဝင် တစ်ယောက် ဖြစ်နေခဲ့လေသည်။

ထိုနောက် အိမ်ဟောင်းတွင် သရဲများ ပေါ်လာသည် ဆိုသော ကောလဟာလများ ပေါ်လာသည်။ ထိုလက်ဖက်စိမ်းမက လက်ထပ်ပြီး အိမ်သို့ ဝင်ရောက်လာသော ညတွင်ပင် အလွန်ထူးဆန်းစွာ သေဆုံးသွားခဲ့သည်။ ထိုအချိန်ကတည်းက အပြစ်မကင်းမှုကြောင့်လော၊ ကြောက်ရွံ့မှုကြောင့်လောမသိ ထိုလူအိုကြီးဟာ ဘယ်တော့အခါမှ ထပ်မှန်ပြီး လက်မထပ်တော့သလို မိသားစုကို အမွေဆက်ခံမည့် ဆက်ခံသူများကိုလည်း မပိုင်ဆိုင် ထားတော့ချေ။

ယခုကြည့်ရသည်မှာ သူက နောက်ဆုံးတွင် ထိုကိစ္စကို ဆက်လက်ပြီး သည်းမခံနိုင်တော့သောကြောင့် ဖြစ်လောက်သည်။ ထိုကြောင့် သူက ဒီပွဲကို ကျင်းပခဲ့၏။ သူကိုယ်တိုင်ကလည်း သူထွက်သွားသောအခါ အိမ်ဟောင်းကို ပြန်လည် ငြိမ်ချမ်းသွားစေ လိုလောက်သည်။

သူက ခေါင်းကို သတိလက်လွှတ် ခါရမ်းနေမိပြီး လေသံ တိုးတိုးဖြင့် ပြောလိုက်သည်။

"ဒါက တကယ်ကို ကောက်ကျစ်လွန်းသာပဲ အစပိုင်းကတည်းက အခြားသူကို အားကိုးမှီခိုပြီး မိသားစုရဲ့ စီးပွားတွေးကို အိုးမွတ်အောင် လုပ်ခဲ့တယ်။ တကယ်တော့ အလိမ်ခံခဲ့ရတာပဲ"

ထိုသို့ လှေနံနှစ်ဖက်နင်းသော သူများကို ကုဝူကျိက အမှန်းဆုံး ဖြစ်သည်။ သူကိုယ်တိုင်ကလည်း ရွှီဝါကွင်းထဲတွင် ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေသရဲ၂ယောက်ကို ရင်ဆိုင်ခဲ့ရသည့် တိုင်အောင် ကုဝူကျိ ကိုယ်တိုင်က မည်သူ့ကိုမှ စိတ်ဝင်စားခြင်း မရှိကြောင်း အသေအချာ ပြောနိုင်လေသည်။

ရှားယန်ရှို့ကလည်း အနည်းအငယ် ရှက်နေပုံရသည်။

မည်သို့ပင်ဆိုစေ သူက ထိုမိသားစုမှ လူဖြစ်နေလေသည်။

"အစပိုင်းမှာတော့ အဘိုးကြီးက သူ့ကို အထင်သေးခဲ့တာပဲလေ။ ဒီလိုနဲ့ အခုလိုမျိုး ဝမ်းနည်းစရာ ကောင်းတဲ့ကိစ္စ ဖြစ်လာတာ ဆရာသခင်ကု ဆရာသခင်ကုမှာ ဖြေရှင်းချက်ရှိလား"

"အမှန်တကယ် သွားပြီး ကြည့်မှပဲ လာဖြစ်လဲဆိုတာကို သိရမှာပဲ"

ကုဝူကျိက ပြောသည်။

ရှားမိသားစုက နှစ်ပေါင်းများစွာ ကြာပြီးသည့်တိုင်‌အောင် အခြားသူများကို မေးမြန်းကာ သရဲနှင်ထုတ်ရန် ကြိုးစားခဲ့ပြီးလောက်လေပြီ။ သို့သော် ထိုသရဲမက ထိုနေရာတွင် ဆက်နေနေသေး၏။ ထို့ကြောင့် ကိစ္စက ထင်သလောက် မရိုးရှင်းနိုင်တော့ချေ။

ဒါ့ပေါ့။ ကုဝူကျိကတော့ ဒီသနားစရာကောင်းတဲ့ အမျိုးသမီးကို တွေ့သွားပြီးသည့် အချိန်မှာတောင် ဒီသစ်ပင်ကို ဆက်လက်ပြီး မဖက်တွယ်ထားဖို့ ဖျောင်းဖျချင်တာပေါ့။ အဲဒီလိုနဲ့ ကိုယ်ပိုင်း ဘဝအသစ် တစ်ခုကို ရယူဖို့ ဖျောင်းဖျချင်တယ်။ ဒီလို ဆိုရင် သူ အချစ်သစ် ရှာတာပဲ ဖြစ်ဖြစ် အခြားစိတ်ဝင်စားစရာ တစ်ခုခု လုပ်တာပဲ ဖြစ်ဖြစ် လုပ်နိုင်နေတာပဲ။

ရှားယန်ရှို့ကမူ ကုဝူကျိ၏ အတွေးများကို မသိချေ။ သူက စိုးရိမ်တကြီး ပြောလိုက်သည်။

"အရင်တစ်ခေါက် ဘားမှာ ဒီလောက်ကြီးတဲ့ ကိစ္စကြီး ဖြစ်သွားခဲ့တယ်။ ဒါက ဒီကပွဲနဲ့ ဆိုင်မယ်လို့တောင် ငါ သံသယဝင်နေပြီ ဒါကြောင့် အခု ဘာတွေ ဖြစ်လာမလဲ ဆိုတာကို မသိနိုင်တော့ဘူး"

"တကယ်လို့ အဲဒါက ဖြစ်လာခဲ့ရင်လည်း ငါတို့ တတ်နိုင်တာ ဘာမှ မရှိဘူး။ ငါတို့ ကံဆိုးမယ် ဆိုရင်တောင်မှ လွှတ်မြှောက်နိုင်ဖို့ နည်းလမ်းတစ်ခုကိုတော့ ရှာဖို့ လိုမှာပေါ့"

ကုဝူကျိက ဒီကိစ္စများကို ကျွမ်းဝင်ပြီးသား ဖြစ်လေသည်။

"ဟုတ်သားပဲ ဆရာသခင်ကုက ဒီမှာ ရှိနေတော့ ငါ စိတ်အေးပါပြီ"

ရှားယန်ရှို့က ဆရာသခင်ကုက သူ့ကို ပေးထားသော အဆောင်ကိုသာ ကောင်းကောင်း အသုံးချရန် စိတ်ဆုံးဖြတ်လိုက်သည်။

စကားပြောနေရင်းမှ သူတို့၂ယောက်က ရှားမိသားစု၏ ဘိုးဘွားပိုင်အိမ်သို့ ရောက်သွားသည်။

ထိုအိမ်က တောင်ကုန်းလေးပေါ်တွင် တည်ဆောက်ထားသော ဇိမ်ခံစံအိမ်ကြီး ဖြစ်သည်။ ညအချိန် ဖြစ်နေသည့်တိုင်အောင် အလွန်အမင်း ခမ်းနား လင်းထိန်နေသေးသည်။ ဇိမ်ခံကားပေါင်း များစွာကိုလည်း စီတန်းကာ ရပ်ကာ ပါကင်ထိုးထား၏ ထိုနေရာတွင် အစေခံများက ဧည့်သည်များကို ကြိုဆိုနေသည်။

ရှားယန်ရှို့က ကားပေါ်မှ ဆင်းလိုက်သည်နှင့် အစေခံများက ချက်ချင်း ရှေ့ထွက်လာပြီး ကပွဲထဲသို့ ဦးဆောင်ခေါ်သွားကြသည်။

အခြေအနေကိုသာ မသိလျှင် ဒီကပွဲ၏ ရည်ရွယ်ချက် အစစ်အမှန်ကိုသာ ကြိုမသိထားလျှင် အရာအားလုံးက ပုံမှန်ဟုသာ ထင်မိလောက်လေသည်။ ထို့အပြင် နာမည်ကြီး အနုပညာရှင်များကိုလည်း ဖိတ်ကြားခံထားရသေးသည်။ အချို့သော စတားများကလည်း ညစာစားပွဲကို ခမ်းနားသွားစေရန် ရောက်လာကြီသေးလေသည်။

သတိလက်လွှတ် နေမိပါက သူ လာရသည့် ရည်ရွယ်ချက်ကိုပင် မေ့သွားလောက်အောင် အခြေအနေက နွေးထွေးလွန်းနေသည်။

အထဲသို့ ရောက်သွားသည်နှင့် လူတိုင်းက ရှားယန်ရှို့ကို အာရုံစိုက်မိသွားကြသည်။ သူ့ကို နှုတ်ဆက်နေရင်းမှ သူတို့ကလည်း မည်သည့်အတွက်ကြောင့် ကြည့်ကောင်းသော်လည်း အလွန်အမင်း သာမန်ဆန်နေသေးသော ရုပ်ရည်ကို ပိုင်ဆိုင်ထားသည့် အမျိုးသမီး တစ်ယောက်ကို အဖော်ပြုရန် ခေါ်လာကြောင်း နားမလည်ကြချေ။

ဒီရှားယန်ရှို့က ဒီလိုအကြိုက်မျိုး ရှိတာလား။ ဘာပဲဖြစ်ဖြစ်လေ အရင်က ကောလဟာလတွေ အများကြီး ထွက်ဖူးတယ်ဆိုပင်မဲ့လည်း သူက တစ်ခုကိုမှ အတည်ပြုခဲ့တာ မဟုတ်ဘူး။ အမျိုးသမီးတစ်ယောက်ကို ကပွဲကို အဖော်ပြုဖို့ ခေါ်လာတယ် ဆိုတော့ တော်တော်လေးကို ရှားပါးလွန်းနေပြီ။

လူတိုင်း၏ အတင်းအဖျင်း ပြောလိုစိတ်က မွှေနှောက်ခံရသလို ဖြစ်သွားသည်။

ရှားယန်ရှို့က ချက်ချင်းလိုလို ပါးစပ်ဖွင့်ကာ ရှင်းပြသည်။

လာနောက်နေတာလား။ သူက ဆရာသခင်ကုနဲ့ ဒိတ်ဖို့ အရည်အချင်း မမီပါဘူး။ ဆရာသခင်ကုက ဒီကိစ္စအတွက် မပျော်မရွှင် ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။

သို့သော် ထိုတစ်ခဏတွင် အတိတ်က သူနှင့် ဆက်ဆံရေး မကောင်းခဲ့သည့် ရှားမိသားစုမှ ဝမ်းကွဲများက ရောက်လာကြသည်။

ပတ်ဝန်းကျင်တွင် ကြည့်နေသူများကလည်း ရုတ်တရက် သူတို့နှင့် မည်သည့် အရာကမှ မပတ်သက်ကြောင်း ပြလိုသည့် အနေအထားသို့ ချက်ချင်း ဝင်ရောက်သွားသည်။ မည်သို့ပင်ဆိုစေ သူတို့ အားလုံးကလည်း အတိတ်တွင် သူတို့ ဆုံလိုက်သည်နှင့် ရန်များတတ်ကြောင်း သိထားပြီးသား ဖြစ်သည်။ သူတို့က အတူတကွ ရှိနေသည့် အချိန်တွင် ငြိမ်းချမ်းခဲလှလေသည်။ ထိုအတွက်ကြောင့်လည်း ရှားမိသားစုမှ သခင်လေးတိုင်းနှင့် ပေါ်တင် အဆက်အဆံ မလုပ်ရန် လိုအပ်လေသည်။ ပါဝင်ပတ်သက်မိပြီး တစ်စုံတစ်ယောက်ကို မကျေမနပ် ဖြစ်သွားစေခဲ့ပါက ထိုအခြေအနေကို ပြန်လည် ပြောင်းနိုင်တော့မည် မဟုတ်ချေ။

ထိုနောက် လူတိုင်းကလည်း ထိုဝမ်းကွဲများ၏ ကုဝူကျိကို ကြည့်သော အကြည့်ကို သတိထားလိုက်မိကြသည်။ သူတို့ကလည်း ထိုအမျိုးသမီးအတွက် စိတ်မကောင်း ဖြစ်သွားမိကြသည်။

သူမက ရှားမိသားစုက ဒီလို မာနကြီး မောက်မာလွန်းတဲ့ သခင်လေးတွေကို ကျေနပ်အောင် လုပ်နိုင်ပါ့မလား။

သို့သော် လေထုက ထိုသို့ အလွန်အမင်း တင်းကျပ်နေသည့် တစ်ခဏတွင် ရှားမိသားစုမှ မာနကြီးလွန်းသော သခင်လေးများက ကုဝူကျိကို မြင်လိုက်သည်နှင့် အလွန်အမင်း ရင်းနှီးကျွမ်းဝင်သွားကြသည်။ မဟုတ်သေးဘူး.. သူတို့ မြင်တဲ့ပုံစံက ရှိတာအကုန်ထုတ်ပြီး ဖားလျားတော့မယ့် အတိုင်းပဲ။

ဖရဲစေ့ ထိုင်စားချင်သူများက အံ့အားသင့်သွားကြသည်။

ဘာဆွဲဆောင်မှုမှ မရှိတဲ့ ဒီမိန်းမက ဘယ်သူလဲ။

သူမက ရှားယန်ရှို့ရဲ့အမျိုးသမီး ပွဲတက်ဖော် ဖြစ်လာရုံတင် မကဘူး။ ရှားမိသားစုက အခြားသခင်လေးတွေ ကတောင်မှ လေးလေးစားစားနဲ့ ဆက်ဆံနေကြတယ်။ ဒီမိန်းကလေးက အခြားနေရာက ကျော်ကြားတဲ့ မိသားစုက သမီးများလား။

...

အမှန်တရားကမူ အခြားသော လူများ၏ အတွေးများနှင့် ကွာခြားသည်။ ရှားမိသားစု အဖွဲ့ဝင်များနှင့် ကုဝူကျိ၏ အမှန်တကယ် တွေ့ဆုံ နှုတ်ဆက်စကား ပြောခန်းကမူ ...

"ဆရာသခင်ကု နောက်ဆုံးတော့ ဒီနေရာကို ရောက်လာပြီပဲ။ အရင်တစ်ခေါက်က ကိစ္စပြီးတဲ့ နောက်မှာ ငါတို့က မင်းကို ကိုယ်တိုင်ကိုယ်ကျ နည်းစနစ်ကျကျနဲ့ ကျေးဇူးတင်ချင်ခဲ့သာ ဒါပေမဲ့ ရှားယန်ရှို့က မင်းရဲ့ သတင်းတွေကို ဖုံးထားတယ်။ ဒါက မင်းရဲ့ အမိန့်လားဆိုတာကို ငါတို့က မသိလို့ အတင်းမပြုမူရဲခဲ့တာပါ"

"ငါ မင်းကို သေချာ ကျေးဇူးမတင်ရသေးဘူး။ ကျေးဇူးပြုပြီး ငါ ပိုက်ဆံပေးတာကို လက်ခံပေးပါ"

ထိုလူများက စကားပြောနေသော အခါ ကုဝူကျိနှင့် ရှားယန်ရှို့၏ ကြားမှ ဆက်ဆံရေးကို ပျက်ပြားအောင် ရန်စရန် မမေ့ကြချေ။ ဆရာသခင်ကုကသာ သူတို့ဘက်သို့ လှည့်လာလျှင် ပိုကောင်းလေသည်။ သူက ဒီလို ကိစ္စမျိုးက မဖြစ်နိုင်လောက်သော်လည်း ...

သူကလည်း ရှားယန်ရှို့က ထိုမျှ အင်အားကြီးသော ဆရာသခင်ကို ဖိတ်ခေါ်ထားနိုင်သည့် အတွက် မနာလို ဖြစ်နေကြလေသည်။

ယခင်တစ်ခေါက်က ဘားတွင် ကုဝူကျိကို ထပ်ခါတလဲလဲ အရှက်ခွဲဖူးသော ရှားဖန်းရွံကမူ မရောက်လာသေးချေ။ သူကိုယ်တိုင်ကလည်း လာလျှင်ပင် အခွင့်အရေး မရှိဟု ခံစားနေရသည်။ သူက ယခင်တစ်ခေါက်က ကုဝူကျိကို ဆိုးဆိုးဝါးဝါး ရန်စ ခဲ့သည်။ ထို့ကြောင့် ကြောက်လန့်လွန်းသဖြင့် ဖျားပင် ဖျားသွားခဲ့သေးသည်။

သူတို့ ပြောသော စကားများကို နားထောင်ပြီးနောက် ရှားယန်ရှို့၏ မျက်နှာက ပျက်ယွင်းလာသည်။ သူက ထိုလူများကို နံရံသို့ ခေါ်သွားပြီး ပါးပိုက်ရိုက်ချင်လာသည်။

သူ ရှားယန်ရှို့က အနိုင်ကျင့်တယ် ဟုတ်လား။

သူက ချက်ချင်းလိုလို လှောင်ရယ် ရယ်ကာ ဝင်ပြောလိုက်သည်။

"ဆရာသခင်ကုကို ပိုက်ဆံသုံးပြီး ပြောဆိုလို့ ရတယ်လို့ ထင်နေလား"

ကုဝူကျိက သူ့ကို လှည့်ကြည့်သည်။

"ဒါပေါ့ မင်းတကယ်လို့ ငါ့ကို ပိုက်ဆံ လွှဲပေးချင်တယ်ဆိုရင် ငါ့ကို အရင်လွှဲပေး လို့ရတယ်။ ငါ ဆရာသခင်ကုကို ပြန်လွှဲပေးလိုက်မယ်"

ရှားယန်ရှို့၏ လေသံက ချက်ချင်း ပြောင်းသွားသည်။

ယခင်တစ်ခေါက်က ထိုလူများ ခေါ်လာခဲ့သော ဆရာသခင်များကလည်း ရောက်လာကြသည်။ မည်သို့ပင်ဆိုစေ ယခင်တစ်ခေါက်က ဘားတွင် သူတို့က အားကိုး၍ မရသော်လည်း သူတို့၏ အတွေ့အကြုံနှင့် ကျွမ်းကျင်သော လုပ်ဆောင်နိုင်မှုများက အသုံးဝင်ကောင်း ဝင်လာနိုင်သေးလေသည်။

ဆရာသခင်များက ကုဝူကျိကို ကြည့်သော အကြည့်က စီနီယာ တစ်ယောက်ကို ကြည့်သလို ဖြစ်နေသည်။ သူတို့ စကားပြောနေသော အချိန်တွင်ပင် လေးစားသော အသုံးအနှုန်းများကို ထည့်သုံးတတ်၏ ကုဝူကျိက လေ့ကျင့်ပြီးနောက် ပြန်လည် ငယ်ရွယ်သွားသော ကျင့်ကြံသူဟုပင် ထင်နေသည်။ သူ၏ အစစ်အမှန်အသက်က အလွန်အိုမင်းနေနိုင်သည်။

ကုဝူကျိ "..."

သို့သော် သူတို့ ပြောသော စကားများမှ အကဲဖြတ်ကြည့်လျှင် ယခင်တစ်ခေါက် မတော်တဆမှု ပြီးနောက် ထိုဘားက စစ်ဆေးခံခဲ့ရသည်။ သို့သော် ဘာကိုမှ ရှာမတွေ့ခဲ့ချေ။ အဆုံးတွင် ထိုဘားက ပိတ်လိုက်ရသည်။ သူဌေးကလည်း အကြောင်းပြချက်မရှိ ရုံးခန်းထဲတွင် သေသွား၏။ သေဆုံးမှုဇစ်မြစ်ကိုလည်း မသိနိုင်သေးချေ။

နောက်ကွယ်မှ လူများက နက်နက်ရှိုင်းရှိုင်း ပုန်းကွယ်နေခဲ့ကြသည်။ သူတို့က မည်သည့်နည်းနဲ့မှ မရှာနိုင်ကြချေ။

ပြောရလျှင် အခြားသော သူများကလည်း ခန့်မှန်းမိပြီးလောက်လေပြီ။ သို့သော် သက်သေမရှိသည့်အတွက် အလောတကြီး မပြောနိုင်ကြချေ။

သိပ်မကြာခင် နင်ယန်နှင့် ရှားဝူက ဝင်ရောက်လာသည်။ ထိုနှစ်ယောက်ထဲတွင် နင်ယန်က ပို၍ပင် သခင်လေးနဲ့ တူသေးသည်။ ရှားဝူကမူ နောက်မှ လက်အောက်ငယ်သား တစ်ယောက်လို လိုက်လာ၏ သူက ဒီရက်များအတွင်း နင်ယန်အတွက် အရှုပ်အထွေးပေါင်း မည်မျှကို ဖြေရှင်းခဲ့ရပြီးကြောင်းကိုပင် မသိတော့ချေ။ သူ အလွန် ပင်ပန်းနေလေပြီ။

လွန်ခဲ့သော ရပ်အနည်းငယ်ခန့်က နင်ယန်က အကြောင်းပြချက်မရှိ စတားတစ်ယောက်၏ ရိုက်ကွင်းသို့ သွားကြည့်ခဲ့သည်။ သူက ကြောက်လန့်လွန်းသဖြင့် တစ်ဖက်သူက ထိုအမျိုးသားစတားကို စကားဖြင့် ထုတ်ပြောခြင်း မရှိသော်လည်း အမှန်တကယ် တည်ရှိနေသည့် စည်းမျဉ်းကို သုံးချင်မည့် အရေးကို စိုးရိမ်ခဲ့သည်။ သို့သော် ကြည့်ရသည်မှာ တစ်ဖက်သူက နှလုံးသားတစ်ခုတည်းသာ ရှိနေပြီး ဆရာသခင်ကုကိုသာ ချစ်မြတ်နိုးနေပုံ ရလေသည်။

နင်ယန်က ကုဝူကျိကို မြင်သောအခါ သူ၏မျက်ဝန်းက ချက်ချင်းဆိုသလို တောက်ပသွားသည်။ သူက အလျင်စလို ရှေ့တိုးလာ၏ သူက ဒီနေ့ ကောင်းကောင်း ဝတ်စားဆင်ယင်လာခဲ့ပြီး သတို့သား တစ်ယောက်ကဲ့သို့ပင် ထင်နေသေးသည်။ သူ၏ ပုံပန်းသွင်ပြင်က ပို၍ပင် ချောမော ကြည့်ကောင်းသွားပြီး ပတ်ဝန်းကျင်မှ လူများကို အလိုလို လမ်းဖယ်ပေးမိစေသည်။

ရှားဝူကမူ ဒီနေ့ပွဲ့အတွက် ဝတ်စားဆင်ယင်နိုင်ရန် သခင်လေးနင်က အချိန်မည်မျှ ကြာအောင် ယူထားကြောင်း တွေးမိသော သူကိုယ်တိုင်ကပင် ကြောက်လန့် နေသေးသည်။ ပြောရလျှင် ဆရာသခင်ကုက လူတစ်ယောင်နှင့်ပင် တူသည်ဟု မခံစားရချေ။

မဟုတ်ဘူး။ သူက အမျိုးသားတွေကိုတောင် စိတ်မဝင်စားလောက်ဘူး။

သို့သော် နင်ယန်ကမူ ထိုသို့ အတိုက်အခံလုပ်ကာ အဝတ်အစားများ ဆက်တိုက် အချိန်ဆွဲကာ ရွေးနေခဲ့သေးသည်။ သူကိုယ်တိုင်ပင် မတတ်နိုင်ခဲ့ချေ။

နင်ယန်နှင့် ကုဝူကျိတို့က စိတ်အားထက်သန်စွာ စကားပြောနေခဲ့ကြသည်။

ပြောရလျှင် ကိုးရိုးကားရားနိုင်သော စကားပြောခန်း ဖြစ်သည်။ အကြောင်းမူကား နင်ယန်က စကားဆက်ပြောနေပြီး ကုဝူကျိက ခေါင်းသာ ညိတ်နေသောကြောင့် ဖြစ်သည်။

ရှားယန်ရှို့ကလည်း ဆက်လက်ပြီး စာနာ သနားမိသွားပြန်သည်။

အကြောင်းအရာ တစ်ခုကို အချိန်အကြာပြီး ပြောနေပြီးနောက် နောက်ဆုံးတွင် လိုရင်းကို ရောက်သွားသည်။ နင်ယန်က ပြောသည်။

"ဆရာသခင်ကု အရင်တစ်ခေါက်က မင်း အလောတကြီး ထွက်သွားခဲ့တယ်။ အဲဒီအချိန်က သရဲနဲ့ ပတ်သက်ပြီး ငါ မေးစရာ ရှိနေသေးတယ်"

ကုဝူကျိ၏ အပြုအမူက ချက်ချင်းပြောင်းသွားသည်။

"နောက်ကွယ်က လူတွေနဲ့ ပတ်သက်ပြီး မင်းတွေးထားမိသာ ရှိလို့လား"

နင်ယန်က ကုဝူကျိက ကိုယ်တိုင်စတင်က စိတ်လိုလက်ရ သူ့ကို စကားအများကြီး ပြောလာသည့်အတွက် အလွန်ခံစားသွားရသည်။

"ကိုယ်က ဒီအတိုင်း ခန့်မှန်းကြည့်တာပါ။ အဲဒီအချိန်က သုံးထားတဲ့ နည်းလမ်းတွေနဲ့ စီမံခင်းကျင်းမှု အရဆိုရင်... ဒီလိုမျိုး လုပ်နိုင်တဲ့ သူတွေက သိပ်မများဘူး။ နောက်ပြီး ဒီလိုမျိုး ရက်စက်ကြမ်းတမ်းလွန်းတဲ့ လူတွေကလည်း များများစားစား ရှိတာမှ မဟုတ်သာ"

ကုဝူကျိကလည်း နင်မိသားစုက ဆရာသခင်နင်လိုမျိုး လူမျိုးကို မွေးထုတ် ပေးနိုင်ခဲ့သောကြောင့် အပြစ်ကင်းစင်မည်ဟုလည်း မယုံကြည်ချေ။ ထိုအချိန်က ဘားက ကိစ္စကို နင်မိသားစုကို နင်မိသားစုက လုပ်သည်ဟုပင် သူက သံသယဝင်ခဲ့သည်။ သို့သော် နင်ယန်၏ အပြုအမူက သူ့ကို အနည်းငယ် စိတ်ရှုပ်ထွေး သွားစေသည်။ ထိုတစ်ခဏတွင် တံခါးဝတွင် ရုတ်ရုတ်သဲသဲ ဖြစ်လာသည်။ ထိုသို့ဖြင့် အပြင်ဘက်မှ လူနှစ်ယောက် ဝင်လာ၏။ အရှေ့မှ လူကမူ မတော်လေး ပြောရဆိုရလွယ်မည့် လူတစ်ယောက် ဖြစ်သည်။ သို့သော် သူ၏ မျက်ခုံးက ခပ်ပြင်းပြင်း ကြုတ်နေသည်။ သူ၏ အနောက်က လူကမူ ထူးဆန်းသော မျက်နှာဖုံးကို စွပ်ထားသည်။ မြင်ရသော ပုံစံအရ သူက အရပ်ရှည်သည်။ သို့သော် အခြားဘာကိုမှ မမြင်ရချေ။

ထိုအချိန်တွင် သူတို့ ၂ယောက်နောက်မှ လိုက်လာသော အစေခံ၏ မျက်နှာတွင် ချွေးစေးများ ပြန်လာသည်။

"ဆရာသခင်ရှားရှီ ပွဲကို ဝင်လာတဲ့ လူတွေက မျက်နှာဖုံး တပ်ခွင့် မရှိပါဘူး။ ဒီဧည့်သည်က ဖိတ်ကြားခံရရင် ..."

ရှားရှီဟု ခေါ်သောသူက ရပ်တန့်လိုက်ပြီးနောက် ထိုအစေခံကို အပြုံးတစ်ဝက် မျက်နှာနှင့် ပြန်ကြည့်သည်။

"အိုး မင်းက ငါ့ကို ပြောနေသာပဲ"

အစေခံ၏ မျက်နှာက ပို၍ပင် ဖြူဖျော့သွားသည်။ သူက သတ္တိအပြည့်ဖြင့် ပြောသည်။

"ဒါက ဘိုးဘွားပိုင် အိမ်တော်ရဲ့ စည်းမျဉ်းပါ။ ကျေးဇူးပြုပြီး လိုက်နာပေးပါ"

"ဒါပေါ့ ငါက ဘိုးဘွားပိုင် အိမ်တော်ရဲ့ စည်းမျဉ်းတွေကို သိပါတယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါလုပ်နိုင်တာလည်း မရှိဘူးလေ"

ဆရာသခင်ရှားရှီက သက်ပြင်းချသည်။ ထို့နောက် အနောက်မှ လူကို ကြည့်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် ငါ့မိတ်ဆွေရဲ့ ရုပ်ရည်က တော်တော်လေးကို ကြောက်စရာ ကောင်းတယ်။ သူ့ကို မြင်တဲ့ လူတိုင်း ကြောက်သွားကြလိမ့်မယ်။ ဒါကြောင့် လူတိုင်းရဲ့ အကျိုးအတွက် သူက မျက်နှာဖုံး တပ်ထားရသာပါ"

အနားက လူများက မျက်နှာဖုံး တပ်ထားသော လူကို ကြည့်လိုက်ကြသည်။ သူတို့ ကြည့်လေလေ ခံစားချက်က ထူးဆန်းလာလေလေ ဖြစ်သည်။ ထို့ကြောင့် သံသယမဝင်ဘဲ ရှားရှီ၏စကားလုံး ယုံလိုက်ကြသည်။

"တကယ်လို့ မင်းက တကယ် စိုးရိမ်တယ်ဆိုရင် မင်းတစ်ယောက်ထဲကို သီးသန့်ပြဖို့ မျက်နှာဖုံးချွတ်ပြရန် ဘယ်လိုလဲ"

ရှားရှီ၏ လေသံက အလွန်ကြင်နာသည်။ သူက နောက်ဆုံးတွင် သင့်တော်သော အကြံတစ်ခုကို ထုတ်ပေးလိုက်သလိုမျိုးပင် ထင်ရပြီး အစေခံကို ပြုံးကြည့်နေသည်။

အစေခံက စိတ်သက်သာရသလို ချက်ချင်းလိုလို ခေါင်းညိတ်လိုက်သည်။ ထိုသို့ဖြင့် မျက်နှာဖုံးနှင့် ရှားရှီကိုပင် အခြားတစ်ဖက်သို့ ခေါ်သွားသည်။

လူတိုင်းက ထိုကိစ္စက ပြီးသွားပြီဟု ထင်နေသည့် အချိန်တွင် ရှားရှီက ရှားယန်ရှို့က သတိအပြည့်ဖြင့် ခေါင်းခါနေကြောင်း မြင်လိုက်ရသည်။

"ဒီအစေခံက တော်တော်လေးကို တုံးတယ်။ ရှားရှီက ကိုင်တွယ်ရ ဒီလောက် မလွယ်ဘူး"

ကုဝူကျိကလည်း ရှားယန်ရှို့က ပေးထားသော သတင်းထဲတွင်း ရှားရှီကို သိထားပြီးသား ဖြစ်သည်။ သို့သော် သတင်းကမူ အသေးစိတ် မဟုတ်ချေ။ ထို့ကြောင့် တစ်ဖက်သူက အတော်လေး တိုးတက်နေသည့် ရှားယန်ရှို့နည်းတူ အိမ်တော်ခွဲမှ ဖြစ်ကြောင်း သိထားသည်။ သူ့ကို ရှားမိသားစု၏ ဆက်ခံသူဟုပင် အကြမ်းဖျင်း အားဖြင့် သက်မှတ်နိုင်သေးသည်။

ကုဝူကျိက ခေါင်းလှည့်လိုက်သောအခါ ရှားယန်ရှို့က သူ့ကို ဘေးသို့ခေါ်ပြီး လေသံတိုးတိုးဖြင့် ပြောသည်။

"ဒီရှားရှီက တော်တော်လေး ကြောင်တောင်တောင် နိုင်တယ်။ သူနှင့် ပတ်သက်ပြီး တစ်ခုခု မှားနေတယ်လို့တောင် ငါ သံသယ ရှိသေးတယ်"

"ငါက ရှားရှီနဲ့တော့ မရင်းနှီးပေမဲ့လည်း သူ့ကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က ဆုံဖူးတယ်။ အဲဒီအချိန်က သူက ဒီအတိုင်း ဖျားနာပြီး ကျန်းမာရေး မကောင်းတဲ့ ကလေးတစ်ယောက်ပဲ သူ့ရဲ့ အကျင့်စရိုက်က တော်တော်လေးကို လူ ကြောက်တတ်တဲ့ ပုံစံမျိုးပဲ။ ဒါပေမဲ့ သိပ်မကြာခင်က ပြန်တွေ့တော့ သူက အခြားလူတစ်ယောက်လို ဖြစ်သွားတယ်။ သူရဲ့ စိတ်နေသဘောထားက အကြီးကြီး ပြောင်းလဲသွားတာ ဆိုရင် အဆင်ပြေတယ်။ ဒါပေမဲ့ အခြားဖက်ပိုင်းမှာတော့ သူက လုံးဝကို အခြားလူတစ်ယောကိုလို ဖြစ်သွားသာ"

ယခင်ကမူ ရှားယန်ရှို့အနေနှင့် တစ်ဖက်သူက လှုံ့ဆော်ခံရသောကြောင့် ဖြစ်လောက်သည်ဟု တွေးမိသေးသည်။ သို့သော် ကုဝူကျိနှင့် တွေ့ပြီးနောက် တစ်ဖက်သူနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ပိုပို၍ပင် သတိထားမိလာသည်။

"အခြားဘက်တွေအပြင် သူ့ရဲ့ စိတ်နေသဘောထားက တော်တော်လေးကို ထူးဆန်းတယ်။ သူက အရမ်းကို ပြောရဆိုရ လွယ်တဲ့ပုံပေါက်နေတယ်။ ဒါပေမဲ့ တကယ်တော့ အဲဒီလို မဟုတ်ဘူး"

ရှားယန်ရှို့က ခေါင်းခါသည်။

"သူနဲ့ ရင်းနှီးတဲ့ သူတွေတောင်မှ အခု သူနဲ့ နီးနီးကပ်ကပ် မနေရဲတော့ဘူး"

ကုဝူကျိက ခေါင်းညိတ်သည်။ ပြောရလျှင် သူကိုယ်တိုင်လည်း ရှားရှီနဲ့ ပတ်သက်ပြီး အနည်းငယ် ကြောင်တောင်တောင်နိုင်သည့် ခံစားချက်မျိုးကို ရနေသည်။ သို့သော် ဒီစံအိမ်ကြီးက တစ္ဆေခြောက်ခံနေရသည် ဆိုသော အချက်ကို စဉ်းစားဆင်ခြင်ကြည့်ပြီး သူက အများကြီး မတွေးတော့ချေ။

ဒါမှမဟုတ် တစ်ဖက်သူရဲ့ စိတ်နေသဘောထား ပြောင်းလဲသွားတာက လှုံ့ဆော်ခံရလို့လည်း ဖြစ်နိုင်တာပဲ။

အနားရှိ နင်ယန်က ရှားယန်ရှို့က ကုဝူကျိနဲ့ နီးကပ်လွန်းနေကြောင်း မြင်လိုက်ရသဖြင့် သဘောမကျတော့ချေ။ ထိုကြောင့် သူက ချက်ချင်းလိုလို ဝင်ပြောသည်။

"ဆရာသခင်ကု မျက်နှာဖုံး တပ်ထားတဲ့ တစ်ယောက်က ပိုင်မိသားစုကလူလေ။ ဒါပေါ့ မင်းကတော့ ဒီအကြောင်းကို သိထားပြီးပြီလို့ ကိုယ်ထင်တယ်"

ကုဝူကျိ "..."

သူ မသိဘူး။ သူဘယ်လို သိမှာလဲ။

အခြားသူများကမူ နားလည်သော ပုံစံမျိုး ဖြစ်သွားကြသည်။ သူတို့၏ မျက်လုံးထဲတွင် ကြောက်လန့်မှုနှင့် စိုးရိမ်မှုများကို မြင်နိုင်သည်။

"ပိုင်မိသားစုက ပုံမှန်အတိုင်း မလှုပ်ရှားတတ်ကြဖူး။ သူတို့သုံးတဲ့ နည်းလမ်းတွေက တအားရက်စက်တယ်။ ဒီနေ့ ဘယ်လိုတွေ ဖြစ်လာမလဲ မသိတော့ဘူး"

"ငါ ကြားထားဖူးတဲ့ အတိုင်းဆိုရင် ပိုင်မိသားစုက ဆက်ခံသူတွေကို ပျိုးထောင်ပေးနေတာ။ ဒီလိုနဲ့ ဆယ်စုနှစ်နဲ့ ချီအောင် တစ္ဆေသရဲတွေနဲ့အတူ နေထိုင် ခိုင်းထားကြတယ်။ သူတို့ရဲ့ ကိုယ်ထဲမှာတောင် သရဲတွေကို ပိတ်လှောင် ထားကြသေးတယ်တဲ့။ နောက်ဆုံးအချိန်မှာ ရှင်သန် ကျန်ရစ်တဲ့ သူတွေပဲ ဆက်ခံသူတွေ ဖြစ်လာမှာ သေသွားတဲ့ သူတွေကတော့ သရဲတွေ ဖြစ်လာပြီး ပိုင်မိသားစုက မောင်းထုတ်လိုက်ကြတယ်"

"ဒါက တကယ်ကို ကြောက်စရာပဲ။ ဒီလိုမျိုး မိသားစုတွေက ဒီခေတ်အထိ ရှိနေဦးမယ်လို့ မထင်ထားဘူး"

ပြောရလျှင် လူတိုင်းကလည်း ယခင်တစ်ခေါက်မှ ကိစ္စကို ပိုင်မိသားစုက လုပ်ခဲ့သည်ဟု ထင်ထားကြသည်။ သို့သော် ပိုင်မိသားစုက ကိုယ်တွယ်ရ မလွယ်ကူချေ။ သူတို့၏ ဂုဏ်သတင်းက မကောင်းသည့် တိုင်အောင် သူတို့က ထိုမျှအထိ လူအများကို ဒုက္ခပေးနိုင်သော လက်ပူးလက်ကျပ် မမိဖူးခဲ့ကြချေ၊ သို့သော် မည်သူကမှ ဘာမှ မပြောနိုင်ခြင်း ဖြစ်သည်။

ဥပမာအားဖြင့် နင်မိသားစုက ယခင်က လျှို့ဝှက်စွာဖြင့် သရဲကို နှိပ်စက်ခဲ့သည်။ ပြောရလျှင် မိသားစုထဲမှ လူအချို့သာ ထိုအကြောင်းကို သိထားကြသည်။ ထို့ကြောင့် လူအများစုက မသိကြသေးချေ။

သိပ်မကြာခင် ရှားရှီနှင့် မျက်နှာဖုံး ဝတ်ထားသော ပိုင်မိသားစုမှ အဖွဲ့အဝင်နှင့်အတူ အစေခံက ပြန်ထွက်လာသည်။ သူက ပိုင်မိသားစုဝင်ကို တောင်းပန်သော ပုံစံမျိုးဖြင့် စကားဆက်ပြောရင်း လမ်းလျှောက်လာသည်။

"မင်းကို ရန်စမိခဲ့တဲ့ အတွေက်တော့ တောင်းပန်ပါတယ်။ ငါမင်းကို သိပြီ..."

ပိုင်မိသားစုဝင်က ခေါင်းကိုသာ ခါသည်။ မျက်နှာဖုံးနှင့်လူ အနောက်က လူများကလည်း စကားပြောရန် အဆင်ပြေသလိုမျိုး ခေါင်းကိုသာ ခါပြနေကြသည်။

ရှားရှီက ပြုံးလိုက်သည်။

"ရပါတယ်... သူက ဒီလို ကိစ္စတွေကို ဂရုစိုက်မှာ မဟုတ်ဘူး"

အစေခံက ထိုသို့ဖြင့် ကျေးဇူးတင်စိတ်ဖြင့် ထွက်သွားသည်။

အခြားသော သူများကလည်း ထိုအစေခံက မတော်တဆမှုများ မကြုံတွေ့ခဲ့ဘဲ ဖြေရှင်းနိုင်သည့်အတွက် အံ့ဩသင့်သွားကြသည်။ သို့သော် ဒီနေရာက ရှားမိသားစု၏ ဘိုးဘွားပိုင်အိမ် ဖြစ်ကြောင်း ပြန်တွေးမိလိုက်ကြပြီး ရှားရှီက တစ်စုံတစ်ရာ မလုပ်ရဲသောကြောင့်ဟု တွေးလိုက်ကြသည်။ ထို့ကြောင့် သူတို့ အနည်းအငယ် စိတ်ပျက်သွားကြ၏။

ကုဝူကျိကသာ ထိုအစေခံနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာက ထူးဆန်းသွားသလို ခံစားလိုက်ရသည်။ သူက မနေနိုင်ဘဲ ဆက်ကြည့် နေမိသည်။ သို့သော် ဂရုတစိုက် ကြည့မိသောအခါ မည်သည့် အရာကိုမှ ရှာမတွေ့ပြန်ချေ။

မျက်နှာဖုံးနှင့် ပိုင်မိသားစုဝင်ကလည်း တစ်စုတစ်ရာကို တစ်စုံတစ်ရာကို သတိထားမိသလိုမျိုး ခေါင်းလှည့်ကာ ကုဝူကျိကို တစ်ချက် ကြည့်လိုက်သည်။ သို့သော် ကြည့်ပြီးသည်နှင့် ချက်ချင်းလိုလို ပြန့်လှည့်သွားလေရာ မည်သူကမျှ သတိမထား မိခဲ့ကြချေ။ ထိုအချိန်တွင် လူတိုင်းက ရောက်လာနေကြပြီ ဖြစ်သည်။ ထိုကြောင့် ခန်းမက အလွန်စည်ကားနေ၏၊ လူတိုင်းကလည်း အချင်းချင်း နှုတ်ဆက်စကားများ ပြောနေလိုက်ကြသည်။

ဒုတိယထပ်ရှိ အမှောင်ထဲတွင် ရပ်နေသော လူ၂ယောက် ရှိသည်။ ထို၂ယောက်က အောက်ထပ်ရှိလူများကို စေးစက်စွာ ကြည့်နေကြပြီး သူတို့၏ မျက်နှာတွင် လှောင်လိုသော မျက်နှာထားမျိုး ဖြစ်နေကြသည်။

"ငါတို့ တကယ်ပဲ ဒီလို လုပ်မှာလား။ ဒါက အရမ်းကို ရင်းနှီးလွန်းရာ မကျဘူးလား"

နှစ်ယောက်ထဲမှ တစ်ယောက်က ထိတ်လန့်သော ပုံစံမျိုးဖြင့် ပြောလိုက်သည်။

"ဒါပေါ့ ရှားမိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို ဒီမျိုးမစစ်လေးတွေဆီကို အပ်လိုက်လို့ ဖြစ်နိုင်ပါ့မလား။ ငါတို့က မိသားစုအတွက် ဒီလောက် နှစ်တွေ အကြာကြီး ခက်ခက်ခဲခဲ ကြိုးစားထားတာ ဒီပိုင်ဆိုင်မှုတွေက ငါတို့ အပိုင်ပဲ ဖြစ်သင့်တယ်"

"တကယ်လို့ ဘိုးဘွားပိုင် အိမ်မှာ တကယ်ပဲ သရဲရှိနေခဲ့မယ်ဆို ငါတို့ ဒီလိုလုပ်လို့ မဖြစ်ဘူး"

"ဘယ်လို ဖြစ်နိုင်မှာလဲ အဘိုးကြီးက ဒီအတိုင်း အပြစ်မကင်းစိတ် ဖြစ်နေတာ သူက အိုလာတော့ သတိလက်လွှတ် ဖြစ်ပြီး ထင်ယောင်ခြောက်ခြား ဖြစ်နေတာ ဖြစ်မှာပေါ့ အဲဒီမိန်းမ သေသွားသာ နှစ်ချီနေပြီ အလောင်းကတောင် ပြာဖြစ်နေလောက်ပြီ ငါက ဘာလုပ်နိုင်မှာလဲ ဒီအတိုင်း မင်းတို့က အဓိပ္ပာယ်မရှိတာတွေကို တွေးပြီး ကြောက်နေသာပဲ"

"အဲဒါ ဟုတ်တယ်။ ဒီလောကမှာ သရဲက ဘယ်နေရာက ရှိမှာလဲ ဟမ့်.. ငါကိုယ်ကိုယ် ခြောက်နေမိတာ ဖြစ်မယ်"

"အတိုဆုံး ပြောရရင် အကြံအစည်အတိုင်းပဲ အရာအားလုံးက ဖြစ်လာလိမ့်မယ် မြန်မြန် လုပ်လိုက်သင့်တယ်။ ဒီလိုဆိုရင် ဘယ်သူကမှ သတိထားမိမှာ မဟုတ်ဘူး။ သူတို့က အဲဒီသရဲမကိုပဲ အာရုံစိုက်နေကြမှာ"

"ဟုတ်တယ်"

...

လူတိုင်းက ဆွေးနွေးနေကြချိန်တွင် ကုဝူကျိက လျှို့ဝှက်စွာဖြင့် အဆောက်အဦး၏ တည်ဆောက်ပုံကို လေ့လာနေသည်။

မည်သို့ပင်ဆိုစေ ဒီအဆောက်အဦးက သက်တမ်းရင့်နေလေပြီ။ ချန်းမိသားစု အိမ်နည်းတူ ရိုးရှင်းပြီး လေးလံသော လေထုကို ထုတ်လွှတ်နေသည်။ ပတ်ဝန်းကျင် ပရိဘောဂများ၊ ပြင်ဆင်ပုံများကလည်း အလွန်စတိုင်ကျသည်။ မိသားစုက အမွေအနှစ် အများကြီး ရှိပုံရလေသည်။

ခန်းမ၏ အလယ်နံရံပေါ်တွင် ကြီးမားသည့် ဆီဆေးရေး ပန်းချီကားကြီး ရှိသည်။ ထိုပန်းချီကားတွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ရှိနေ၏။ အမျိုးသားက ရှားယန်ရှို့နှင့် ဆင်တူပြီး မင်းသမီးကမူ လှပသည်။

ရှားယန်ရှို့ သတင်းများအရ ထိုပန်းချီကားထဲမှ အမျိုးသမီးက သေသွားခဲ့သည်ဆိုသော ထိုလူအိုကြီး၏ မူလဇနီး ဖြစ်သည်။ သူမက သေသွားပြီးနောက် ဘိုးဘွားပိုင်အိမ်ကို တစ္ဆေခြောက်သည်ဟု ပြောလာကြ၏။ ကျွမ်းကျင်ပညာရှင် တစ်ယောက်ကို မေးမြန်းခဲ့ပြီးနောက် တစ်စုံတစ်ယောက်က ဒီဆေးရေးပန်းချီကားကို ရှာဖွေ ဒိဆေးရေး ပန်းချီကားကို ရှာဖွေ တွေ့ရှိခဲ့ပြီး ဒီနေရာတွင် ချိတ်ဆွဲထားခြင်း ဖြစ်သည်။ ဒီနေရာတွင် ချိတ်ဆွဲထားခြင်း ဖြစ်သည်။ ဒီနည်းအားဖြင့် သူမကို စိတ်ငြိမ်အောင် လုပ်နိုင်ခဲ့သည်။

ကုဝူကျိ "..."

ဒီကျွမ်းကျင်ပညာရှင်က တကယ်ကို သာမန်ပညာရှင်လား။ ဒါမှမဟုတ် ပြဿနာ တစ်ခုခု ရှိနေသာလား။

ငါ ဘာလို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်ခုခု လွှတ်နေတယ်လို့ ခံစားနေရတာပါလဲ။

ဘာပဲဖြစ်ဖြစ် ချန်းမိသားစု ကိစ္စမှာလဲ သူတို့ ငှားခဲ့တဲ့ ကျွမ်းကျင်ပညာရှင်က ကိစ္စကြီး လုပ်သွားခဲ့တာပဲလေ။

ပိုဆိုးတာက ရှားမိသားစုရဲ့ ကိစ္စက ပန်းချီကားနဲ့ ပတ်သက်နေတယ်။

ကုဝူကျိ ကိုယ်တိုင်ကလည်း ပန်းချီလောကနှစ်ခုကို ကြုံတွေ့ခဲ့ဖူးသူ ဖြစ်သည့် အလျောက် ပန်းချီကားများအပေါ် စတင်ကာ ကြောက်လန့် နေတတ်လေပြီ။

ဆက်တိုက် ကြည့်နေပြီးနောက် ပန်းချီကားထဲမှ အမျိုးသမီးက လှောင်သလို ပြောင်းလဲ သွားကြောင်း မြင်လိုက်ရသည်။ သို့သော် ဂရုတစိုက် ပြန်ကြည့်လိုက်သောအခါ ညင်သာသော အကြည့်အဖြစ် ပြောင်းသွားပြန်သည်။

ကုဝူကျိက တွေးသည်။

တကယ်ပဲ အဲဒီလိုလား...။

သူက စိတ်ဆုံးဖြတ်လိုက်သည်။ သူကသာ ဒီလို အချိန်မျိုးတွင် ဖြေရှင်းရမည် ဆိုလျှင် သူက ထိုသရဲမကို ဆင့်ခေါ်လိုက်ပြီး တစ်ဖက်သူ၏ လွှမ်းမိုးမှုအောက်တွင် သူ့ကို ဘဝအသစ်တစ်ခု စတင်အောင် ဖျောင်းဖျပေးရပေလိမ့်မည်။ သို့သော် ဖျောင်းဖျခြင်းက ထင်သလောက် မလွယ်နိုင်ချေ။

အခြားသော သူများကလည်း ဆရာသခင်ကု၏ လေးနက်သော မျက်နှာကို မြင်လိုက်ပြီး အံ့အားသင့်သွားကြသည်။

အရင်တစ်ခေါက်က ဘားမှာ အရမ်းကို ကြောက်စရာကောင်းခဲ့တယ်။ အဲဒီအချိန်က ဆရာသခင်ကုက အမြဲတည်ငြိမ်နေခဲ့တာ။ ဒါပေမဲ့ အခု သူ့ရဲ့အမူအရာက အရမ်း လေးနက်နေတယ်ဆိုတော့ ဒီနေရာက သရဲက အရမ်း အင်အားကြီးနေလို့လား။

လူတိုင်းကမူ စတင်ကာ ထိတ်လန့်လာကြသည်။ ရှားယန်ရှို့ ကိုယ်တိုင်ကလည်း ကုဝူကျိက သူ့ကို ပေးထားသော အဆောင်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထား၏။ သူကပင် သံသယဝင်လာပြီး အခြားသော မတော်တဆမှုတစ်ခု ဖြစ်လာမည့် အခြေအနေကို ထိတ်လန့်နေသည်။

ထိုအခိုက် ထိုပွဲမှ အရေးကြီးဆုံးလူက နောက်ဆုံးတွင် ပေါ်လာသည်။

သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်က ဝှီးချဲကို တွန်းလာသည်။ ထိုင်နေသော လူအိုကြီးက အလွန်အိုနေသော်လည်း တက်တက်ကြွကြွ ရှိနေသေးသည်။ သူက ထိုဝှီးချဲပေါ်တွင် ထိုင်နေသည်။ လူပေါင်းများစွာကလည်း အနောက်မှ လိုက်ပါလာကြသည်။ အားလုံးက မတော်တဆမှု တစ်ခုဖြစ်သည်နှင့် ထိုလူအိုကြီးကို ကယ်တင်ရန် အချိန်မှီ အသင့်ရှိနေကြသည်။

ထိုသို့ဖြင့် ခန်းမက ရုတ်တရက် တိတ်ဆိတ်သွားသည်။ ထိုသို့ဖြင့် အခြားသော မသက်ဆိုင်သည့် လူများက နောက်သို့ ဆုတ်သထက်ဆုတ်သွားပြီး ရှေ့ဆုံးတွင် ကျန်နေရစ်ခဲ့သည်မှာ ရှားမိသားစု၏ အိမ်တော်ခွဲ အသီးသီးမှ အလားအလာ ရှိသော ဆက်ခံသူများသာ ဖြစ်သည်။

"လူတိုင်းကလည်း ဒီနေရာကို လာရတဲ့ ရည်ရွယ်ချက်ကို နားလည်ပြီးလောက်ပြီလို့ ငါ ထင်တယ်"

လူကြီးမင်းချန်းက ပြောသည်။

"ငါ့ရဲ့ တောင်းဆိုမှုကို ဖြည့်ဆည်းပေးနိုင်တဲ့ သူက ရှားမိသားစုတစ်ခုလုံးရဲ့ ဆက်ခံသူ ဖြစ်လာလိမ့်မယ်။ ဒီနေရာက လူတွေအားလုံးက မျက်မြင်သက်သေအဖြစ် ရှိလိမ့်မယ်"

အခြားသော ဖြတ်သွားဖြတ်လာ တစ်ယောက်ကသာ ထိုစကားကို ပြောလျှင် အပြင်လူများ မသိအောင် သေချာပေါက် ဖုံးကွယ်ထားပေလိမ့်မည်။ မည်သို့ပင်ဆိုစေ ရှားမိသားစု၏ အခြေအနေ အကြောင်းအရာကို သူတို့က မသိသေးချေ။ ထို့ကြောင့် သူတို့အားလုံးက သိချင်စိတ် ပြင်းပြနေကြသည်။

လူတိုင်းက စိတ်လှုပ်ရှား လာကြသည်။ သူတို့က ကြွယ်ဝမှု အများအပြား ပိုင်ဆိုင်ထားပြီးသည့်တိုင်အောင် ရှားမိသားစု အိမ်တော်ကြီး တစ်ခုလုံးနှင့် မယှဉ်နိုင်သေးချေ။ ထို့ကြောင့် သူတို့က ကောင်းကင်သို့ ခြေတစ်လှမ်းထဲနှင့် ရောက်နိုင်မည့် အခွင့်အရေး ဖြစ်နေသေးသည်။

"ဒါပေမဲ့ ငါက မင်းတို့ကို သူမကို ရှာစေချင်တာ သူမကို ဒုက္ခပေးစေချင်တာ မဟုတ်ဘူး"

လူကြီးမင်းချန်းက သာယာသော လေသံဖြင့် ဆက်ပြောသည်။

"ငါက ဒီအတိုင်း သူမကို မြင်ချင်ရုံပါ.."

လူတိုင်းက သံသယ ဝင်သွားကြသည်။

သူတို့အားလုံးလည်း အတိတ်က အကြောင်းအရာများကို သိထားပြီးသား ဖြစ်သည်။ ယခုအခါ လူကြီးမင်းချန်းကိုယ်တိုင် ပြောလိုက်သော စကားကို ကြားပြီးနောက် ကြွယ်ဝချမ်းသာသော မိသားစုအတွင်းမှ သွေးသံရဲရဲ ဖြစ်ခဲ့သည့် စိတ်ကူးယဉ်ဆန်သော အချစ်ဇာတ်လမ်း ပုံပြင်များကိုပင် ဖန်တီးနိုင်သွားကြသည်။ ထိုကိစ္စက သူတို့ ထင်ထားသည်ထက် ပို၍ ရှုပ်ထွေးနိုင်လောက်သည်။

ထိုသွေးသံရဲရဲထက် ပို၍ အရေးအကြီးဆုံးသော ကိစ္စကမူ...

အစပိုင်းကမူ သူတို့က ဒီနေရာသို့ လာပြီး သရဲကို နှင်ပေးရမည် သို့မဟုတ် ထိုသရဲကို မောင်းထုတ်ပေးရမည်ဟု ထင်ခဲ့ကြသည်။ သို့သော် လူကြီးမင်းချန်း၏ တောင်းဆိုမှုကမူ ထိုသရဲကို တွေ့ချင်သောကိစ္စ ဖြစ်နေသည်။

ခက်ခဲမှုအဆင့်ကမူ ထိုးတက်သွားသည်။ သာမန် သရဲနှင်သော ဆရာသခင်များက အတွေ့အကြုံ အလွန်ရှိကြလျှင်ပင် တကယ့်ဒဏ်ရာ မရှိဘဲ သရဲကို ထိန်းထားရန် ခက်ခဲနေကြအုံးမည် ဖြစ်သည်။ သို့မဟုတ် သူကိုယ်တိုင်ပင် သေကောင်း သေသွားနိုင်သည်။ ထို့ကြောင့် သူတို့ အနေဖြင့် သရဲကို ချုပ်တည်းထား၍ မဖြစ်နိုင်ချေ။

ကုဝူကျိ ကိုယ်တိုင်ကလည်း အံ့ဩသွားသည်။

ကိစ္စက ဒီလောက် ရိုးရှင်းတာလား။

++++++

Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။

Continue Reading

You'll Also Like

304K 42.3K 114
🔅 𝐁𝐨𝐨𝐤 𝐈 - ( 𝙲𝚑𝚊𝚙𝚝𝚎𝚛𝚜 𝟷 ~ 𝟷𝟶𝟶 + 𝚊𝚍𝚍𝚒𝚝𝚒𝚘𝚗 𝟷𝟶 𝚌𝚑𝚊𝚙𝚝𝚎𝚛𝚜) 𝗦𝘁𝗮𝘁𝘂𝘀📍 - 𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 𝗩𝗼𝗹𝘂𝗺𝗲 𝟭 ✅🟢 [သ...
16.1K 2K 33
Original Author - Gye-ja 계자 Original Publishers - Radibooks Chapter - 108 Chapters and 22 extras Genre - Yaoi Action Ma...
161K 12.4K 50
အမှောင် အောက်က ‌ကျားရဲ တစ်ကောင်ရဲ့မျက်ဝန်းလို သွေးဆာ နေတဲ့ မျက်လုံး စိမ်းစိမ်း တောက်တောက်တွေ သွေးညှီနံ့ ဟောင်ထွက်နေတဲ့ အခန်းတွေ ထဲ က အလောင်းတွေ သတင်း...
104K 14.4K 105
ဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို ရှုစားရမည့် ဝတ္ထုဖြစ်သည်။