အခန်း ၈၉

1K 150 2
                                    

အပိုင်း ၈၉

ကုဝူကျိက အသက်ကိုအငမ်းမရရှူနေရသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက အေးစိမ့်လာကြောင်းလည်းခံစားမိနေသည်။ အအေးဓါတ်က ကိုယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာပြီး တဆတ်ဆတ်တုန်နေစေသည်။

သူက ကြမ်းပြင်မှကုန်းထနိုင်ရန် ရုန်းကန်ရသည်။ သူ၏ခန္ဓာကိုယ်က ထိန်းချုပ်မှုမှ လွတ်ကင်းနေသလို လှုပ်ရှားရန်အလွန်ခက်ခဲသွားသည်။

ကုဝူကျိကိုယ်တိုင်လည်း သူ မည်သည့်နေရာသို့ရောက်နေကြောင်း မသိခဲ့ချေ။ သူ၏ပတ်ပတ်လည်တွင်ကြီးစိုးနေသည်မှာ အမှောင်ထုသာဖြစ်သည်။ အမှောင်ထုအတွင်းတွင် မရေမတွက်နိုင်သောသရဲပေါင်းများစွာက ပုန်းကွယ်ကာ ရှိနေသလို ခပ်ရေးရေးခံစားမိနေသည်။ သူတို့က သူ့က အမှောင်ထဲမှကြည့်နေသည်ဆိုသော ခံစားချက်မျိုးရနေ၏။

"အခုလေးတင် ..."

ကုဝူကျိကလည်း သူ့ကိုအနက်ရောင်မြူထုများက လွှမ်းခြုံသွားကြောင်း သိလိုက်သည်။ သူက ကြောင်တောင်တောင်နိုင်သည့် အခြားသော အာကာသပြင်တစ်ခုအတွင်းသို့ ဝင်ရောက်သွားနိုင်ခြင်းဖြစ်နိုင်သည်။ ထို့ကြောင့် သူအမြန်ဆုံးပြန်လာရန် မျှော်လင့်သည်။

သို့ရာတွင် သူ အရေးကြီးဆုံးအချိန်တွင် ထုတ်ခဲ့သည့်အရာက သရဲများက သူ့ကိုချစ်ကျွမ်းဝင်နိုင်သည့် အဆောင်လက်ဖွဲ့တစ်ခုဖြစ်ကြောင်း သတိရသွားသောအခါ ကုဝူကျိက တိတ်ဆိတ်သွားသည်။

နွယ်ပင်တွေက ဘယ်လိုများ ချစ်စိတ်ရှိမှာလဲ။

ကုဝူကျိကလည်း ခက်ခက်ခဲခဲဖြင့်ရှေ့သို့ဆက်လျှောက်သည်။ သူ ရှေ့သို့ဆက်လျှောက်လိုက်လျှင် မည်သည့်အရာကိုတွေ့ရနိုင်ကြောင်း ကြိုမသိရသေးချေ။ သို့သော် တစ်စုံတစ်ယောက်က သူ့ကိုခက်ခဲလွန်းနေသလို ခံစားနေရသည်။ သိပ်မကြာခင် ကုဝူကျိက သူ့အရှေ့ သိပ်မဝေးသောနေရာမှ ပိန်းပိတ်အောင်မဲမှောင်နေသော အခါင်းတစ်ခုကိုမြင်လိုက်ရသည်။ ထိုအခေါင်းကို မရေမတွက်နိုင်အောင် များပြားသည့် နက်မှောင်နေသော ဆူးချွန်များအပြည့်ပါသည့်နွယ်ပင်များက ဝိုင်းထားသည်။ ထိုနည်းအားဖြင့် ထိုနေရာက အလွန်အမင်းခြောက်ခြားဖွယ် တိတ်ဆိတ်ကြီးစိုးသောခံစားချက်မျိုးကို ပေးစွမ်းလာသည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now