အခန်း ၁၁၁

739 90 2
                                    

အပိုင်း ၁၁၁

ကုဝူကျိကမူ ထောင်မျိုးရိုး နာမည်ရသော သူကပြောသော စကားလုံးများကို နားမလည်နိုင်ချေ။ တစ်ဖက်သူကမူ သူ့အတွက် မကောင်းသောအကြောင်းအရာများ ကိုသာ ဖန်တီးချင်နေခြင်းဖြစ်နေသည်။ တစ်ဖက်သူ၏အကြံအစည်က အောင်မြင်သွားခဲ့လျှင် သူကဒုက္ခရောက်သွားနိုင်သည်။

ကုဝူကျိက မင်သက်သွား၏။ သူကိုယ်တိုင်ကလည်း ထိုကဲ့သို့သောကိစ္စတွင် ပါဝင်ပတ်သက်မိမည်ဟု မမျှော်လင့်ထားမိချေ။ သူကပင်စိတ်လှုပ်ရှားနေခဲ့ပြီး ပန်းတိုင်သို့ရောက်ရန် နီးကပ်သည်ဟုခံစားခဲ့ရသည်။ မည်သို့ပင်ဆိုစေ သူက ကျော်ကြားသော သရုပ်ဆောင်တစ်ယောက်ဖြစ်သည်။ ထိုသရုပ်ဆောင်တစ်ယောက် ဖြစ်သည်နှင့် သည်လိုကိစ္စမျိုးက ဖြစ်တတ်လေသည်။

ထောင်မျိုးရိုးနာမည်ရသောသူက အသတ်ခံရမည့်အရေးကို အလွန်အမင်း ကြောက်လန့်နေသည့်တိုင်အောင် သူ့နောက်ကွယ်မှလူနှင့်ပတ်သက်သည့် သတင်းအကြောင်းအရာများအားလုံးကို ပြောပြလိုက်သည်။ သူကိုယ်တိုင်က ထိုလူ၏နာမည်ကို အတော်လေးရင်းနှီးသည်ဟု ခံစားလိုက်ရသည်။ သူ ယခင်က အေးဂျင့်နှင့်အတူရှိခဲ့သောအချိန်က ပွဲတစ်ခုသို့ခေါ်သွားခဲ့ပြီး တစ်ယောက်ယောက်နှင့် မိတ်ဆက်ပေးခဲ့သည်။ ထိုလူက တော်တော်လေးကောင်းမွန်သည့် အပြုအမူရှိခဲ့သည်။ ပူးပေါင်းဆောင်ရွက်မှုက နောက်ပိုင်းတွင် မဖြစ်သွားခဲ့သည့်တိုင်အောင် တစ်ဖက်သူက အတော်လေးအဆင်ပြေခဲ့လေသည်။ မည်သည့်အတွက်ကြောင့် သူ့ကို ယခုလို ဒုက္ခပေးချင်နေကြောင်း သူက နားမလည်တော့ချေ။

သေချာပေါက်ကိုပဲ လောကမှာ လူကောင်းတွေများနေပေမယ့်လည်း အကြောင်းပြချက်မရှိ ဆိုးယုတ်တဲ့သူတွေက ရှိနေတုန်းပဲ။

ကုဝူကျိက တွေးသွားသည်။ ပြောရလျှင် အစစ်အမှန်အခြေအနေကမူ တစ်ဖက်သူက ကုဝူကျိကို ထုတ်ပြောရန်ခက်ခဲသည့် စည်းမျဉ်းများကို သုံးချင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ကုဝူကျိကမူ တစ်ဖက်သူ၏အချက်ပြမှုများကို သတိမထားမိခဲ့ချေ။ သူတို့က အင်အားကြီးကြောင်းပြချင်တဲ့အခါ မတော်တဆ ကုဝူကျိက သူ၏မင်သက်ဖွယ်ကောင်းသည့်စွမ်းအင်ကိုသုံးပြီး ထိုသူဌေးနှင့်သူငယ်ချင်းများကို ရိုက်နှက်ခဲ့မိသည်။ လက်အောက်ငယ်သားများကလည်း ကြောက်လန့်လွန်းသောကြောင့် မလှုပ်ရှားနိုင်ဖြစ်သွားခဲ့ရသည်။ ထို့ကြောင့် သူက ရည်ရွယ်ချက်ရှိရှိဖြင့် ခြိမ်းခြောက်ခဲ့သည်ဟု ထင်သွားလောက်သည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now