အခန်း ၆၇

1.2K 220 10
                                    

67 01

အပိုင်း ၆၇

ချီယွန်ရှို့က ကုဝူကျိကို ချက်ချင်းဆိုသလိုဖမ်းဆွဲလိုက်ပြီးနောက် အချိန်အတန်ကြာ အောင် ဘယ်ကြည့်ညာကြည့်လုပ်နေပြီးမှသာ ဘေးနားရှိ အဆောက်အဦ၏တံခါးကို ဖွင့်လိုက်ပြီး နှစ်ယောက်သားက ခပ်မြန်မြန်ဝင်လိုက်သည်။

ထိုအိမ်က ပိန်းပိတ်အောင်မဲမှောင်နေပြီး အတွင်းရှိပရိဘောဂများက ခေတ်နောက်ကျနေသည်။ ဖုန်များကလည်း အထပ်လိုက်တက်နေသေးသည်။ မည်သူမှလည်းမရှိသည်မှာ ကြာပြီဖြစ်ကြောင်းသိသာသည်။

သည်အိမ်က တစ္ဆေအခြောက်ခံရသော အိမ်များထဲက တစ်အိမ်ဖြစ်နိုင်နေသည့် တိုင်အောင် အပြင်ဘက်က ပို၍အန္တရာယ်များနေသည့်အတွက် သူတို့တွင် ရွေးချယ်စရာမရှိတော့ချေ။

သူတို့နှစ်ယောက်က ပြူတင်းပေါက်အဟကြားမှတစ်ဆင့် အပြင်ဘက်အခြေအနေကို ဂရုတစိုက်စောင့်ကြည့်လိုက်သည်။ သီချင်းသံစဉ်က နီးကပ်သထက်နီးကပ်လာပြီးနောက် လူအချို့က သယ်ထားသည့် ဝေါယာဉ်က သူတို့အရှေ့တွင် ပေါ်ထွက်လာသည်။

ထိုသတိုးသမီးဝေါယာဉ်က အလွန်အမင်းခမ်းနားပြီး အသစ်စက်စက် လုပ်ထားသည်ဟုထင်ရကာ သည်ရွာနှင့်မအပ်စပ်သောခံစားချက်မျိုးကို ပေးစွမ်းသည်။ ထို့အပြင် လေထုကလည်း ထူးဆန်းကာ ခြောက်ခြားဖွယ်ကောင်းနေသေးလေသည်။

ပတ်ပတ်လည်တွင်ရပ်နေကြသည့်လူတိုင်းက အသက်မဲ့စွာဖြင့် ခေါင်းကိုငုံ့ထား ကြသည်။ သူတို့၏လှုပ်ရှားမှုတိုင်းက အလွန်တောင့်တင်းလွန်းနေသည်မှာ လူသားများနှင့်ပင်မတူတော့ဘဲ ရုပ်သေးရုပ်များအလားထင်ရသည်။

သူတို့နှစ်ယောက်က ထိုသတိုးသမီးရှိသည့်ဝေါယာဉ်အတွင်းသို့ လှမ်းကြည့်လိုက် သည့်တိုင်အောင် ဝေဝါးသည့်အရိပ်ကလွဲပြီး အခြားဘာကိုမျှမမြင်ရချေ။ သို့သော် အနီရောင်ဝတ်စုံနှင့်အမျိုးသမီးတစ်ယောက်ဖြစ်ကြောင်း မြင်နိုင်သေးသည်။

ထို့နောက် ပတ်ပတ်လည်ရှိလူများက တစ်စုံတစ်ရာကို သတိထားမိသလို ချက်ချင်းခေါင်းကို ရုတ်တရက်လှည့်လာပြီးနောက် မဲမှောင်နေသောမျက်ဝန်းများဖြင့် ပုန်းနေသည့် ကုဝူကျိတို့ရှိရာဘက်သို့ကြည့်လာသည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now