အခန်း ၇၂

1.1K 193 5
                                    

အပိုင်း ၇၂

သူတို့နှစ်ယောက် ထိုအိမ်ထဲသို့ဝင်လိုက်သည့်အချိန်တွင် အဖြစ်အပျက်က စတင်ခြင်းဖြစ်သည်။ သူတို့ စတင်ဝင်ရောက်ကာစအချိန်တွင် အတွင်းက ပိန်းပိတ်အောင် မဲမှောင်နေပြီး တစ်နေရာမှ ဖြာထွက်နေသည့်မီးအိမ်မှ အဖြူရောင် ဖျော့တော့သည့် အလင်းကြောင့်သာ ဝေဝေဝါးဝါးမြင်နေရခြင်းဖြစ်သည်။

လေထဲတွင်လည်း သံချေးတက်နေသောအနံ့လိုမျိုးရနံ့က ထွက်နေလေပြီး ဟိုဟိုဒီဒီပြန့်ကြဲနေသောပစ္စည်းများနှင့် စင်ထားသည့်သွေးစက်များကို ခပ်ရေးရေး မြင်နေရသည့် မြင်ကွင်းက ခြောက်ခြားဖွယ်ကောင်းနေသည်။

ကုဝူကျိ အတင်းဆွဲခေါ်လာခဲ့သည့်သရဲဆိုလျှင် ကြောက်လွန်းနေပြီး တဆတ်ဆတ်တုန်နေလေသည်။ သူ၏မသိစိတ်အရ သည်နေရာတွင်ရှိနေသာ သရဲများက ကိုင်တွယ်ရခက်ခဲလောက်အောင် အလွန်အမင်းစွမ်းအားကြီးနေကြောင်း ပြောပြနေသည်။ ထို့အပြင် ယခုမြင်လိုက်ရသည့်မြင်ကွင်းက သူကဲ့သို့သရဲကိုပင် ကြောက်စေသည်။ ထို့ကြောင့် သူက ချက်ချင်းနောက်လှည့်ကာ ပြေးလိုက်ချင်သည်။

သို့ရာတွင် ကုဝူကျိနှင့်ချီယွန်ရှို့တို့က တစ္ဆေခြောက်သောအိမ်ထဲသို့ ဝင်လာသည်နှင့် မတူလောက်အောင် တည်ငြိမ်နေသဖြင့် ထိုသရဲကိုပင် ဘဝကို သံသယဝင်သွားစေသည်။

ကုဝူကျိက တစ်စုံတစ်ရာကိုသတိထားမိသဖြင့် ရုတ်တရက် ဘေးဘက်သို့ လှည့်လိုက်သည့်အခါ တံခါးတွင်ရှိသည့် သွေးလက်ရာများစွာကို မြင်လိုက်ရသည်။ သို့သော် ထိုနေရာတွင်ကပ်နေသည်မှာ အချိန်အတန်ကြာခဲ့သောကြောင့် ဖြစ်လောက်သည်။ အနည်းငယ်ပင် ခဲသယောင်ယောင်ဖြစ်နေသေးသည်။

သို့သော် ထိုအချိန်က ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်ကို မျှော်မှန်းကြည့်၍ ရလောက်သည်။ သည်အိမ်ထဲသို့ လူအနည်းငယ်က အပြေးဝင်လာကြလောက်သည်။ သို့သော် သူတို့က တစ်စုံတစ်ရာကို ရှောင်ရှားနေခြင်းလည်းဖြစ်လောက်သည်။ သို့သော် သူတို့က သည်အိမ်ထဲသို့ရောက်သွားပြီးသည့်အခါ တစ်စုံတစ်ရာကိုတွေးမိပြီး နောက်ဆုံးတွင် ထွက်သွားရန်ကြိုးစားရင်းမှ တံခါး၏သည်လိုအခြေအနေဖြစ်လာခြင်း ဖြစ်လောက်သည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now