အခန်း ၇၃

1.1K 194 5
                                    

အပိုင်း ၇၃

တစ်ဖက်သူက ကုဝူကျိလက်ကိုကိုင်လိုက်သည့်အချိန်တွင် အရိုးစုတိုင်းက ချက်ချင်းဆိုသလို အာရုံပြန်ပြောင်းသွားပြီး ကုဝူကျိကိုစိုက်ကြည့်မနေကြတော့ဘဲ မျက်နှာသေဖြင့်သာ ရှေ့ဆက်သွားကြတော့သည်။

ကုဝူကျိက လူအုပ်နှင့်ဆက်လိုက်နေသည်။ မင်္ဂလာဝတ်စုံနှင့်သရဲမကလည်း သူ့အရှေ့တွင်ပါသည်။ ထို့ကြောင့် သူက သရဲမနောက်မှ လိုက်ရသလိုဖြစ်သွားသည်။ သူ၏စိတ်ထဲတွင် သံသယများက ပြည့်နှက်နေသည်။ အရှေ့ရှိလူက အမြဲတစေ သူ၏နှလုံးသားထဲမှ သံသယများအပြည့်ဖြင့် မြှုပ်နှံနေသည့်လူမျိုးဖြစ်နေခဲ့သည်။ သူကိုယ်တိုင်ကလည်း ဘယ်သောအခါမှ နှလုံးသားထဲတွင် သံသယများကို သယ်ဆောင်ထားသူ မဟုတ်သည့်အလျောက် ချက်ချင်းဆိုသလိုမေးလိုက်သည်။

"မင်းက ဘယ်သူလဲ"

သူက ခေါင်းခါပြသည်။ ကုဝူကျိက ဆက်ပြောသည်။

"ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

တစ်ဖက်သူက တိတ်ဆိတ်သွားသည်။ သို့သော် ခေါင်းမလှည့်လာသေးဘဲ ခပ်တိုးတိုးသာပြော၏။

"မင်း ဒီနေရာကထွက်သွားလိုက်ပါ"

"ဘာလို့လဲ"

"မင်း ဒီနေရာမှာနေတာက ကောင်းတဲ့ကိစ္စမဟုတ်ဘူး၊ ဒီအခမ်းအနားပွဲက မင်း ထင်ထားတာထက် ကြောက်စရာကောင်းတယ်၊ သာမန်လူတွေက ဒီနေရာမှာ ရပ်တန့်နေလို့မရဘူး၊ မင်းက ရှင်သန်ချင်ရင် အခမ်းအနားမပြီးခင် ဒီနေရာက ထွက်သွားနိုင်မှဖြစ်လိမ့်မယ်"

ထိုသရဲမက ဆက်ပြောသည်။

"မင်း ဒီနေရာကနေ တိတ်တဆိတ် ထွက်သွားနိုင်မယ့်နည်းလမ်းကို ငါ သိတယ်၊ မင်း မနက်ဖြန် အခြားသူတွေကို ခေါ်သွားလိုက်လို့ရတယ်"

ကုဝူကျိက ပြောသည်။

"ဒါပေမယ့် ငါ ဒီနေရာက ထွက်သွားဖို့နည်းလမ်း မရှိသေးဘူး၊ နောက်ပြီး ငါ ထွက်သွားဖို့လည်း မတွေးထားဘူး၊ ငါ ဒီနေရာကိုလာပြီးကတည်းက သေချာပေါက် အရာအားလုံးကို သိအောင်ကြိုးစားရမယ်၊ အမှန်တရားကို သိအောင်ကြိုးစားရမယ်၊ မင်း ငါ့ကို ကယ်တင်ပေးနိုင်မှန်း ငါ သိပါတယ်၊ ဒါကြောင့် ငါ ဒီကိစ္စကိုလုပ်နိုင်မယ်လို့ ပိုပြီးမျှော်လင့်ချက်ရှိလာတယ်"

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now