အခန်း ၂၂.၂

1.7K 239 1
                                    

Unicode
အပိုင်း ၂၂.၂ 

သူတို့ကို အသေခံဖို့ခေါ်လာတဲ့သူကို ကျေးဇူးတင်ဖို့လိုအပ်လို့လား။

သို့သော်ကံကောင်းစွာဖြင့်ပင် ခေါင်းဆောင်က အနည်းဆုံးသာမန်သက်ရှိ လူသားတစ်ယောက်ဖြစ်နေသေးသည်။ သို့မဟုတ် အနည်းငယ် သူက လက်ရှိအချိန်အထိ သာမန်သက်ရှိလူသားတစ်ယောက် ဖြစ်နေသေးသည်။

ခေါင်းဆောင်က ဝန်ထမ်းတစ်ယောက်၏ ဦးဆောင်မှုဖြင့် ကုဝူကျိရှိရာနေရာသို့ ရောက်လာပြီး သူ့ကိုမြင်သောအခါ စိတ်အားတက်ကြွစွာဖြင့် ပြောလာသည်။

“မင်းက တကယ်ပဲ သတ္တိရှိပြီး ကြင်နာတတ်တဲ့သူပဲ၊ မင်းကိုပဲ ကျေးဇူးတင်ရတော့မယ်၊ မဟုတ်ရင် ငါတို့တွေ မမျှော်လင့်ထားတဲ့ကိစ္စတွေ အရှုပ်အထွေး ရှိသွားနိုင်တယ်”

“ခေါင်းဆောင် ဒါက ထူးထူးခြားခြားမဟုတ်ပါဘူး၊ ဒီလိုကူညီခွင့်ရတာကလည်း ကျေးဇူးတင်ဖို့ကောင်းနေပါပြီ”

ကုဝူကျိက ခေါင်းဆောင်ကိုကြည့်လိုက်သည်။ သူက တစ်စုံတစ်ရာကို ရှာတွေ့သွားဟန်ဖြင့် တိုက်ရိုက်ပင် ပြောလာ၏။

“ကျွန်တော့်မှာ မေးခွန်းအနည်းငယ်ရှိတယ်၊ ခေါင်းဆောင် အချိန်များရှိပါသလား”

“ရတာပေါ့ ပြဿနာရှိပါဘူး”

ခေါင်းဆောင်က ဒဲ့ထိုးနည်းလမ်းဖြင့် ပြန်ပြောလိုက်သည်။ ထိုသူက အလွန်ယဉ်ကျေးနေလေရာ ကိစ္စမှန်နောက်ကွယ်မှ ကြောက်မက်ဖွယ်ကောင်းသော လူနှင့်ပင် သက်ဆိုင်ခြင်းမရှိပေ။

“ခင်ဗျား ဘာလို့ ဒီသင်္ဘောရဲ့ခေါင်းဆောင် ဖြစ်ချင်တာပါလဲ”

ကုဝူကျိက ထိုကဲ့သို့သောမေးခွန်းမျိုးကို မေးလျက် သူ၏လက်မောင်းထဲမှ စာအုပ်တစ်အုပ်ကို သာမန်ကာလျှံကာဖြင့်ပင် ထုတ်ယူလိုက်ပြီး သူ့ရှေ့တွင် ချထားလိုက်၏။ တစ်ဖက်သူက စာအုပ်အဖုံးနှင့်စာသားများကို ရှင်းလင်းစွာ မြင်လိုက်ရသည်။

ကျန်းကောနှင့်အခြားသူများအားလုံး မျက်နှာဖြူဖျော့သွားသည်အထိ ထိတ်လန့်သွားကြ၏။ ကုဝူကျိက အရမ်းရဲတင်းလွန်းတယ်ဟုတ်ပြီလား၊ ဒါက အန္တရာယ်များတယ်ကွ ကောင်းပြီ။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now