အခန်း ၁၁၀

656 101 0
                                    

110 01

အပိုင်း ၁၁၀

ကုဝူကျိက နိုးလာသောအခါ သူ၏တစ်ကိုယ်လုံး ချွေးစေးများရွှဲနေကြောင်း မြင်လိုက်ရသည်။ သူ၏အဝတ်များကပင် ချွေးကြောင့်စိုရွှဲနေသေးသည်။

သူ၏လက်ခုံပေါ်တွင် မိစ္ဆာနတ်ဆိုး၏သင်္ကေတရှိရာနေရာတွင် ရှင်းရှင်းလင်းလင်း ပေါ်ထွက်နေသော အစင်းကြောင်းများကိုမြင်လိုက်ရသည်။ ခေါ်သံ၏အဓိပ္ပါယ်က အလွန်ပြင်းထန်မှုကိုလည်း ခံစားမိ၏။

"ဒီတစ်ကြိမ် တကယ်ပဲ ဘယ်လိုများဖြစ်သွားတာလဲ"

သူ့ကို အလင်းများလွှမ်းခြုံသွားသောကိစ္စက မိစ္ဆာနတ်ဆိုးနှင့်ပတ်သက်နိုင်ကြောင်း ခံစားမိသည်။ သို့သော် ပန်းချီပုံတူလောကတွင် မည်သည့်အတွက်ကြောင့် တစ်ဖက်သူ၏စွမ်းအားများ ရုတ်တရက် ပေါ်လာကြောင်းမသိချေ။ ထိုအချိန်က သူမြင်ခဲ့ရသောပုံစံက ဩစတင်ကို ရေကန်တွင်မြင်ခဲ့ရသည့်အချိန်နှင့် တစ်ထပ်တည်း တူညီနေခဲ့သည်။

ကုဝူကျိကိုယ်တိုင်ကလည်း သည်ပုံတူလောကက သူ့ကို စောင့်နေလောက်သည့် မိစ္ဆာနတ်ဆိုးနှင့် ပတ်သက်နေလောက်သည်ဆိုသော ခံစားချက်မျိုးကိုပင် ရနေခဲ့၏။

"သေချာပေါက်ပဲ၊ ကိစ္စတွေကို တကယ်ကို ဖောက်မြင်ဖို့က မဖြစ်နိုင်တာပဲ၊ ငါကသာ နောက်တစ်ကြိမ် သင့်တော်တဲ့ စကေးတစ်ခုကို ရှာတွေ့ထားရင် ပိုကောင်းလိမ့်မယ်"

ကုဝူကျိ၏စကားလုံးများကို အခြားသူများကသာကြားလိုက်လျှင် သူ အဆိပ်မိနေသည်ဟု ထင်မိလောက်သည်။

စကေးတွေကို ဘယ်တုန်းက အလွယ်တကူရနိုင်လို့လဲ။

သို့သော် သူတို့ကလည်း ကုဝူကျိတွင်သာ စကေးအချို့ပိုင်ဆိုင်ထားကြောင်း သိသွားကြမည်ဆိုလျှင်မူ တိတ်ဆိတ်သွားကြလောက်ပြန်သည်။

သူက အိပ်ယာမှ ထရပ်လိုက်ပြီးနောက် အားနည်းနေပြီး နွမ်းနယ်နေသလို ခံစားလိုက်ရသည်။ သူ၏ဝိဉာဉ်နှင့်ခန္ဓာကိုယ်အပေါ် ပြင်းထန်လွန်းသည့်အားတစ်ရပ်က သက်ရောက်ခဲ့သဖြင့် သူ၏စွမ်းအားတိုင်းကို စုပ်ယူသွားခဲ့သလို ခံစားချက်မျိုးကိုပင် ရလိုက်၏။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now