အခန်း ၁၁

3.1K 498 3
                                    

Unicode

အပိုင်း ၁၁

သူတို့နောက်ဆုံးတွင် ထိုဧည့်ကြိုထံမှတစ်ဆင့် သည်ဟိုတယ်ပိုင်ရှင် အဖွားကြီးအကြောင်းကို သိလိုက်ရသည်။ သူမ၏သားက ဟိုတယ်မှစားဖိုမှူးဖြစ်ပြီး ချွေးမကမူ ကလေးသာထိန်းသည်။ တစ်ခါတစ်လေတွင် အကူအညီပေး၏။ မိသားစုလေးယောက်က တတိယထပ် ကိုယ်ပိုင်အခန်းများတွင် နေထိုင်ကြသည်။ ဒုတိယထပ်ကမူ ဧည့်သည်တော်များအတွက်ဖြစ်၏။ သည်နေရာတွင် အခန်းငါးခန်းသာရှိသည်။

"ဧည့်ခန်းတွေက လူနှစ်ယောက်စီဆန့်တယ်၊ ရေချိုးခန်းနဲ့အိမ်သာက ခန်းမရဲ့ လမ်းဆုံးမှာရှိတယ်၊ အဝေးဆုံးအခန်းကတော့ ပျက်စီးနေတယ်၊ သွားမဖွင့်ရင် အကောင်းဆုံးပဲ။"
ထိုဧည့်ကြိုက ပြောသည်။

လူတိုင်း၏စိတ်က ကြောက်လန့်မှုကြောင့် တုန်ယင်သွားခဲ့သည်။ ထိုသွားမဖွင့်နှင့်ဟုပြောသော ပျက်စီးနေသောအခန်းကပင် သာမန်မဟုတ်နိုင်တော့ပေ။

သေချာစွာပင် ထိုဧည့်ကြို၏ ကုဝူကျိအပေါ်အမြင်က အခြားသူများနှင့်ယှဉ်လျှင် ကောင်းသော်လည်း ကစားသမားများက အချက်အလက်များကို ကိုယ်တိုင်စုဆောင်းရမည်ဖြစ်ကာ ထို့ထက်ပို၍ ပြောပြလိမ့်မည်မဟုတ်ပေ။

"အခုတစ်လော ထူးခြားတဲ့အဖြစ်အပျက်တွေ၊ ပုံမှန်မဟုတ်တဲ့ အခြေအနေမျိုးတွေ ရှိသလားလို့ ငါ မေးကြည့်ချင်တယ်။"

ကုဝူကျိက သည်လိုနက်ရှိုင်းကာ ထုတ်မေးခြင်းက ပြန်ဖြေစရာရမည်မဟုတ်မှန်း သိနေသည့်တိုင်အောင် ကြိုးစားကြည့်သေး၏။

ထိုဧည့်ကြို၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သိပ်မကြာခင်မှာပင် မျက်မှောင်ကိုကြုတ်ကာ ပြောလာ၏။

"ဒီလိုကိစ္စမျိုးတွေမရှိဘူး၊ နင် အများကြီး လိုက်တွေးမနေနဲ့၊ ဒီအတိုင်းပဲ ပျော်ပျော်ရွှင်ရွှင်နေပါ၊ ထပ်ပြောရမယ်ဆိုရင် အဲ့ဒီအဝေးဆုံးအခန်းကို သွားသာ မဖွင့်မိစေနဲ့။"

ထိုသို့ထပ်ပြောပြီးနောက် သူမက အလျင်စလိုပင် လှေကားအောက်သို့ ဆင်းသွားခဲ့သည်။
လူတိုင်းက တစ်ချက်ကြည့်ရုံဖြင့်ပင် ထိုမလုပ်ရဆိုသောအရာက သည်နေရာတွင် တစ်စုံတစ်ရာဖြစ်ခဲ့ကြောင်း သိသာနေခဲ့၏။ သို့ရာတွင် ထိုဧည့်ကြို၏အမူအရာအရ သူမက ဒါကိုထုတ်ပြောလိမ့်မည် မဟုတ်ပေ။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now