အခန်း ၂၁.၂

1.9K 259 3
                                    

Unicode
အပိုင်း ၂၁.၂

ကုဝူကျိက ထိုသရဲ၏လက်များကို ဖြန့်လိုက်သည်။ ကောင်မလေး၏ခန္ဓာကိုယ်က ချက်ချင်းပင် ပေါ့ပါးသွား၏။ ထို့နောက် တိုက်ရိုက်ပင် အသက်ကယ်အစောင့်ထံသို့ သူမကို ပေးလိုက်သည်။

ထိုအရိပ်သရဲက အလွန်ဒေါသထွက်သွားသည်။ သူက ချက်ချင်းပင် သည်လူကို အောက်သို့ ဆွဲချချင်သွား၏။ ထို့ကြောင့် ကုဝူကျိကို ရန်စရန် ကြိုးစားလာခဲ့သည်။ သို့သော် ကုဝူကျိကမူ ထိုလက်ကိုရိုက်ချလိုက်သည်။ သူ၏ခွန်အားအောက်တွင် ထိုအရိပ်သရဲက သတိလက်လွတ်ဖြစ်သွားခဲ့ကာ ချက်ချင်းပင် ရမ်းခါသွားရ၏။  ထိုသို့ဖြင့် ကုဝူကျိ ထွက်သွားခြင်းကို ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေလိုက်ရသည်။

ကုဝူကျိ ရေကန်ထဲသို့ထွက်ပြီးနောက်တွင်  ရုတ်တရက် ပတ်ဝန်းကျင်ရှိလူများက သူ့ကို အလွန်လေးစားသော မျက်ဝန်းများဖြင့် ကြည့်နေကြောင်း မြင်လိုက်ရသည်။ အသက်ကယ်အစောင့်ကလည်း ကုဝူကျိ၏ ပုခုံးကို လာပုတ်၏။

“မင်းကို တကယ်ကျေးဇူးတင်ရမယ်၊ မဟုတ်ရင် ဒီကောင်မလေးတော့ အန္တရာယ်များနေပြီ”

ဝန်ဆောင်မှုပေးသော သည်အဖွဲ့တစ်ခုလုံးက လူတိုင်း၏အမူအရာများကလည်း တည်တင်းနေကြသည်။ သည်မတော်တဆမှုက ယခင်က ဖြစ်ခဲ့ဖူးကြောင်း သူတို့ သိထားကြသည့်အတွက် သည်အခြေအနေများကို ကြုံတွေ့ရသောအခါ အားလုံးက သူတို့ အမဲလိုက်ခံရပြီဖြစ်ကြောင်း သိလိုက်ကြတော့၏။

“ကျွန်တော်က ကျွန်တော် လုပ်ပေးနိုင်စွမ်းရှိတာကိုပဲ လုပ်ပေးခဲ့တာပါ”

ကုဝူကျိက သူ့ကို ကမ်းပေးလာသော သဘက်ကိုယူပြီးနောက် မျက်နှာကို သုတ်လိုက်သည်။ ထို့နောက် သတိလက်လွတ်ဖြင့် ရေကန်ထဲမှ ကယ်ထုတ်ခံလိုက်ရပြီး အရေးပေါ် ကုသမှုခံယူနေသော ကောင်မလေးကို ကြည့်လိုက်သည်။ ရုတ်တရက် သူ သတိထားမိသွားသည်မှာ သူမက ရေကူးဝတ်စုံကို ဝတ်ထားခြင်း မဟုတ်ဘဲ အဖြူရောင်ဝတ်စုံကို ဝတ်ထားသည်။ ဝတ်စုံက ရင်းနှီးနေ၏။ ဒါက သူ သိပ်မကြာခင်က လျှောက်လမ်းကို ဖြတ်လျှောက်လာခဲ့ချိန်တွင် တွေ့ခဲ့ရသော တစ်ကိုယ်လုံးမှ ရေများစီးကျနေသည့် သရဲမ၏ဝတ်စုံ ဖြစ်နေသည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now