အခန်း ၂၂ .၁

1.8K 250 2
                                    

Unicode

အပိုင်း ၂၂.၁

ကုဝူကျိ ဖတ်ပြီးနောက်တွင် ထိုစာအုပ်မှ အကြောင်းအရာကို အခြားသူများကို ဝေမျှချင်သွားသည်။ သို့ရာတွင် သူ၏လက်မောင်းမှ နွယ်သင်္ကေတကို ပြောပြ၍ မဖြစ်သေးပေ။ မည်သို့ပင်ဆိုစေ ပြော၍သောကိစ္စများနှင့်ပြော၍မရသောကိစ္စများက ရှိနေသေးကာ ထိုအချက်များကို ကုဝူကျိ ရှင်းလင်းစွာနားလည်နေသေး၏။

အခြားသူများ အထူးသဖြင့် ကျန်းကောဘက်တွင်ရှိသော လူအချို့အကြောင်းကို တွေးမိသောအခါ မသက်မသာခံစားလိုက်ရသည်။ ထိုသူများက ကုဝူကျိနှင့် အဆက်အဆံမလုပ်ချင်ကြောင်း ပထမဦးစွာပြောလာခဲ့သူများဖြစ်ကြ၏။ သို့သော် လက်ရှိအချိန်တွင်မူ သူက သူ ရထားသော သတင်းအချက်အလက်များကို အခြားသူများကို ဝေမျှချင်နေသေးသည်။

ထိုသူများတွင် ငြင်းဆန်ရန် ခွန်အားပင် မရှိတော့ပေ။ မည်သို့ပင်ဆိုစေ သတင်းအချက်အလက် ပိုသိသည်ကလည်း လွတ်မြောက်ရန်အခွင့်အရေးပိုရှိနိုင်သေး၏။

“ဒီစာအုပ်က စာသင်္ဘောရဲ့စာကြည့်တိုက်ထဲက ထုတ်ယူထားတာ ဖြစ်လောက်တယ်၊ နောက်ပြီး ငါတို့ မတော်တဆရှာတွေ့ခဲ့တာ၊ ဒီပြဿနာကို အခုရှောင်ရှားလို့ ရနိုင်သေးတယ်ဆိုရင်တောင်မှ ငါတို့အနေနဲ့ စာကြည့်တိုက်ကို သွားကြည့်သင့်သေးတယ်လို့ ခံစားနေရတုန်းပဲ”

ချန်းလင်က ပြောသည်။ အခြားသူများကလည်း ခေါင်းငြိမ့်ကြသည်။ စာကြည့်တိုက်က သဲလွန်စများရှိနိုင်သော နေရာတစ်ခုဖြစ်၏။ ကုဝူကျိက ပြောသည်။

“ခေါင်းဆောင်က ဒီသင်္ဘောမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေအားလုံးကို သိထားတယ်ဆိုရင် ဘာလို့ သူ ဒီနေရာကိုထပ်လာသေးတာလဲ၊ သူ ဒီကို အသေလာခံတာတော့ မဟုတ်နိုင်ဘူးနော် ဟုတ်တယ်မလား၊ တကယ့်အချက်အလက်တွေအားလုံးက သူ့ရဲ့ဦးဆောင်မှုကြောင့် မဟုတ်ရင်တောင်မှ သူနဲ့အရေးကြီးတဲ့ ဆက်စပ်မှုတစ်ခု ရှိနေလိမ့်မယ်”

“ဒါပေမယ့်အဆုံးမှာ သူက တကယ်ပဲ ဘယ်လိုအရာမျိုးများ လုပ်နိုင်မှာလဲ၊ ဒီလိုလုပ်လိုက်တော့ရော သူက ဘာများအကျိုးအမြတ်ရမှာလဲ”

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now