အခန်း ၂၆

1.7K 299 44
                                    

Unicode
အပိုင်း ၂၆

မည်သို့ပင်ဆိုစေ ထိုခေါင်းဆောင်က ဆင့်ခေါ်ချင်နေပါသော မိစ္ဆာနတ်ဆိုးက ကုဝူကျိ၏ ခေါင်းပေါ်တွင် ရှိနေသည်။

ဒါပေါ့။ အဲဒီခေါင်းဆောင်ကိုယ်တိုင်ကတောင် ဒီအချက်ကို မသိနိုင်ဘူးပေါ့။ ရိုးရိုးရှင်းရှင်း ပြောရရင် တစ်စုံတစ်ယောက် ဒီလိုလုပ်ရဲမယ်လို့တောင် သူက မမျှော်လင့်မိရဲလောက်ဘူး။

ကိစ္စအားလုံးရဲ့ နောက်ကွယ်က လူဖြစ်တဲ့ သူထက် ပိုမြန်တဲ့ အချိန်နှုန်းနဲ့ ဘယ်လို မတရားခံရတဲ့ လူကများ မိစ္ဆာနတ်ဆိုး ခေါင်းဆောင်ကို ဆင့်ခေါ်ရဲမှာလဲ။

ချန်းလင်နှင့် အခြားလူများ၏ အမူအရာကို သတိထားမိပြီးနောက် ခေါင်းဆောင်၏ မျက်နှာရှိ အေးစက်မှုက ပို၍ပြည့်နှက်လာသည်။ သူ၏အရှေ့ရှိ သာမန်လူနည်းစုဟာ ဒီအတိုင်း ရူးမိုက်ပြီး စဉ်းစား ဆင်ခြင်ဉာဏ်မဲ့သည့်အပြင် သူက ယုံကြည်သက်ဝင်သော မိစ္ဆာနတ်ဆိုး၏ တည်ရှိမှုကို မယုံကြည် ကြသည့်အတွက် အတိတ်တွင် တွေ့ခဲ့ရသော စဉ်းစားဆင်ခြင်ဉာဏ်မဲ့သည့် ထိုလူတစ်စု ကဲ့သို့သာ ဖြစ်သွားလောက်သည်။ 

“မင်းတို့ အရင်က ဘယ်လိုပဲ တွေးထားတွေးထား မင်းတို့အခု အားလုံးကို မြင်လိုက်ပြီးပြီး ဆိုမှတော့ အရာအားလုံးက မင်းတို့ မျှော်လင့်ထားတာနဲ့ ဆန့်ကျင်ဘက်ဆိုတဲ့ အကြောင်းကို သိသွားကြလောက်ပြီ”

ခေါင်းဆောင်၏အသံ ထွက်လာပြီးနောက် သူ၏ လက်က မြေပြင်ရှိ မှော်အခင်းအကျင်းထံ ဖိချလိုက်ကာ သေးငယ်သော တစ်ပိုင်းတစ်စသာ လိုတော့သည့် ကွက်လပ်ကို ပြည့်သွားစေလျက် အလွန်အမင်း မျှော်လင့် စောင့်စားနေသော မျက်ဝန်းအပြည့်ဖြင့် သူတို့အား ကြည့်လိုက်သည်။

ထိုဗီလိန် ခေါင်းဆောင်က ယခုကဲ့သို့ ဗီလိန်ခေါင်းဆောင်ကို ဆင့်ခေါ်သော မြင်ကွင်းမျိုးကို ယခင်က သူတို့က တွေ့ကြုံခဲ့ရသော ပုံတူလောကများတွင်သာ မြင်ခဲ့မည်ဆိုလျှင် ချန်းလင်တို့ အားလုံးက တုန်လှုပ်ခြောက်ခြား ကြောက်ရွံ့ သွားလောက်ကြပြီး ထိုခေါင်းဆောင်ကို ထိုသို့ မလုပ်အောင် တားမြစ်ရန် အရာအားလုံးကိုပင် လုပ်မိလောက်သည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now