အခန်း ၁၁၂

544 79 0
                                    

အပိုင်း (၁၁၂)

သိပ်မကြာခင် ညစာစားပွဲ ကျင်းပမည့် ရက်သို့ ရောက်လာသည်။

ကုဝူကျိက လူရှင်းသော နေရာတစ်ခုကို ရှာလိုက်ပြီး ရုပ်ဖျက်သော အကူမှော်ပစ္စည်းကို အသုံးပြုလိုက်သည်။ ထိုနည်းအားဖြင့် ဒီည၏ တိုက်ပွဲအတွက် ပြင်ဆင်လိုက်သည်။ မည်သို့ပင်ဆိုစေ သူ၏ ရုပ်ဖျက်ထားသော အကူမှော်ပစ္စည်းက တစ်ခဏသာ ချန်မည် ဖြစ်သည်။ သူ၏ နောက်ခံကသာ နေရာတွင် ပေါ်သွားမည် ဆိုလျှင် ကောလဟာလတစ်ခု ဖြစ်လာနိုင်လေသည်။

ယခုတစ်လော နာမည်ကြီးနေသော အမျိုးသားစတား တစ်ယောက်က အမျိုးသမီးတစ်ယောက် အဖြစ် ရုပ်ဖျက်ကာ ကပွဲတစ်ခုသို့ ရောက်လာခဲ့သော သတင်းက ခေါင်းကြီးပိုင်းတွင်ပင် ပါလာနိုင်သေးသည်။

ကားထဲသို့ ရောက်သောအခါ ရှားယန်ရှို့က ယခုကျင်းပမည့် ကပွဲနှင့် ပတ်သက်ပြီး လေးနက်မှုကို ခံစားမိနေသောကြောင့် အလွန်ထိတ်လန့်နေသည်။ သူက ကုဝူကျိ၏ စွမ်းရည်နှင့် ပတ်သက်ပြီး ယုံကြည်မှု အပြည့်အဝရှိ နေပြီး သူ၏ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အရည်အသွေးက အလွန်အမင်း ကောင်းမွန်နေသည့် တိုင်အောင် ယခုလို သူ၏ ဘဝတစ်ခုလုံးအပေါ် ပြောင်းလဲသွားနိုင်လောက်အောင် သက်ရောက်မှု ပေးနိုင်သည့် ကိစ္စကြီးနှင့် ပတ်သက်ပြီး ရင်ဆိုင်ရမည် ဖြစ်သည့်အတွက် မသက်မသာ ဖြစ်သော ခံစားချက်မျိုးကို ခံစားနေရသေးသည်။

ကုဝူကျိကလည်း ရှားယန်ရှို့က သူ့ကို ပြောပြဖူးသည့် သတင်းများကို ပြန်လည် တွေးတောနေလိုက်သည်။ ရှားမိသားစုကို ဒီမြို့တွင် အတော်လေး ကျော်ကြားသည့် မိသားစုကြီးတစ်ခုအဖြစ် သက်မှတ်နိုင်သော်လည်း အချက်ကျကျ တွေးကြည့်မိဆိုလျှင် လွန်ခဲ့သော ဆယ်စုနှစ်များ အကြာက အတော်လေး ကျပ်တည်းသောကာလ ရှိခဲ့သေးသည်။ ထိုအချိန်က ရွေးချယ်ခံခဲ့ရသည့် ဆက်ခံသူက ယခု ဆက်ခံသူ ဆက်ရွေးမည့် လူအိုကြီး ဖြစ်သည်။ သူက မိသားစု၏ စီးပွားရေးရာ အခြေအနေကို ကယ်တင်နိုင်ရန် အလို့ငှာ စီးပွားရေးအရ လက်ထပ်ပွဲ ပြင်ဆင်ခဲ့ပြီး သမီးအား လက်ထပ်ပေးခဲ့သည်။

ထို့နောက် ကိစ္စများက ပို၍ပင် သွေးလွှမ်းလာသေး၏ ကုဝူကျိ ကိုယ်တိုင်ကလည်း ယခုလိုမျိုး အခြားသူများ၏ အတိတ်က အတင်းအဖျင်း သတင်းများကို ဖတ်ရှုနေခြင်းက အမှန်တကယ် အဆင်ပြေကြောင်း ခံစားချက်ကိုပင် ထိန်းညှိ ခဲ့ရသည်အထိ ဖြစ်ခဲ့သည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Dove le storie prendono vita. Scoprilo ora