နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်...

By Swae_Nyoe

268K 35.2K 1.1K

ဘာသာပြန်သူ - Swae Nyoe Team, ဆုမြတ်လှိုင် More

Description
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁.၁
အခန်း ၂၁.၂
အခန်း ၂၂ .၁
အခန်း ၂၂.၂
အခန်း ၂၃.၁
တယ်လီဂရုကြေညာချက်..
အခန်း ၂၃.၂
အခန်း ၂၃.၃
အခန်း ၂၃.၄
အခန်း ၂၄.၁
အခန်း ၂၄.၂
အခန်း ၂၄.၃
အခန်း ၂၅.၁
အခန်း ၂၅.၂
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈.၁
အခန်း ၂၈.၂
အခန်း ၂၉.၁
အခန်း ၂၉.၂
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
Notice!!
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
အခန်း ၄၀
အခန်း ၄၁
အခန်း ၄၂
အခန်း ၄၃
အခန်း ၄၄
အခန်း ၄၅
အခန်း ၄၆
အခန်း ၄၇
အခန်း ၄၈
အခန်း ၄၉
အခန်း ၅၀
အခန်း ၅၁
အခန်း ၅၂
အခန်း ၅၃
အခန်း ၅၄
အခန်း ၅၅
အခန်း ၅၆
အခန်း ၅၇
အခန်း ၅၈
အခန်း ၅၉
အခန်း ၆၀
အခန်း ၆၁
အခန်း ၆၂
အခန်း ၆၃
အခန်း ၆၄
အခန်း ၆၅
အခန်း ၆၆
အခန်း ၆၇
အခန်း ၆၈
အခန်း ၆၉
အခန်း ၇၀
အခန်း ၇၁
အခန်း ၇၂
အခန်း ၇၃
အခန်း ၇၄
အခန်း ၇၅
အခန်း ၇၆
အခန်း ၇၇
အခန်း ၇၈
အခန်း ၇၉
အခန်း ၈၀
အခန်း (၈၁)
အခန်း ၈၂
အခန်း ၈၃
အခန်း ၈၄
အခန်း ၈၅
အခန်း ၈၆
အခန်း ၈၇
အခန်း ၈၈
အခန်း ၈၉
အခန်း ၉၀
အခန်း ၉၁
အခန်း ၉၂
အခန်း ၉၃
အခန်း ၉၄
အခန်း ၉၅
အခန်း ၉၆
အခန်း ၉၇
အခန်း ၉၈
အခန်း ၉၉
အခန်း ၁၀၀
အခန်း ၁၀၁
အခန်း ၁၀၂
အခန်း ၁၀၃
အခန်း ၁၀၄
အခန်း ၁၀၅
အခန်း ၁၀၆
အပိုင်း ၁၀၇
အခန်း ၁၀၈
အခန်း ၁၀၉
အခန်း ၁၁၀
အခန်း ၁၁၂
အခန်း ၁၁၃
Telegram ကို လာခဲ့နော်
အခန်း ၁၁၄
အခန်း ၁၁၅
Completed in Telegram
Part 116
Part 117

အခန်း ၁၁၁

931 103 2
By Swae_Nyoe

အပိုင်း ၁၁၁

ကုဝူကျိကမူ ထောင်မျိုးရိုး နာမည်ရသော သူကပြောသော စကားလုံးများကို နားမလည်နိုင်ချေ။ တစ်ဖက်သူကမူ သူ့အတွက် မကောင်းသောအကြောင်းအရာများ ကိုသာ ဖန်တီးချင်နေခြင်းဖြစ်နေသည်။ တစ်ဖက်သူ၏အကြံအစည်က အောင်မြင်သွားခဲ့လျှင် သူကဒုက္ခရောက်သွားနိုင်သည်။

ကုဝူကျိက မင်သက်သွား၏။ သူကိုယ်တိုင်ကလည်း ထိုကဲ့သို့သောကိစ္စတွင် ပါဝင်ပတ်သက်မိမည်ဟု မမျှော်လင့်ထားမိချေ။ သူကပင်စိတ်လှုပ်ရှားနေခဲ့ပြီး ပန်းတိုင်သို့ရောက်ရန် နီးကပ်သည်ဟုခံစားခဲ့ရသည်။ မည်သို့ပင်ဆိုစေ သူက ကျော်ကြားသော သရုပ်ဆောင်တစ်ယောက်ဖြစ်သည်။ ထိုသရုပ်ဆောင်တစ်ယောက် ဖြစ်သည်နှင့် သည်လိုကိစ္စမျိုးက ဖြစ်တတ်လေသည်။

ထောင်မျိုးရိုးနာမည်ရသောသူက အသတ်ခံရမည့်အရေးကို အလွန်အမင်း ကြောက်လန့်နေသည့်တိုင်အောင် သူ့နောက်ကွယ်မှလူနှင့်ပတ်သက်သည့် သတင်းအကြောင်းအရာများအားလုံးကို ပြောပြလိုက်သည်။ သူကိုယ်တိုင်က ထိုလူ၏နာမည်ကို အတော်လေးရင်းနှီးသည်ဟု ခံစားလိုက်ရသည်။ သူ ယခင်က အေးဂျင့်နှင့်အတူရှိခဲ့သောအချိန်က ပွဲတစ်ခုသို့ခေါ်သွားခဲ့ပြီး တစ်ယောက်ယောက်နှင့် မိတ်ဆက်ပေးခဲ့သည်။ ထိုလူက တော်တော်လေးကောင်းမွန်သည့် အပြုအမူရှိခဲ့သည်။ ပူးပေါင်းဆောင်ရွက်မှုက နောက်ပိုင်းတွင် မဖြစ်သွားခဲ့သည့်တိုင်အောင် တစ်ဖက်သူက အတော်လေးအဆင်ပြေခဲ့လေသည်။ မည်သည့်အတွက်ကြောင့် သူ့ကို ယခုလို ဒုက္ခပေးချင်နေကြောင်း သူက နားမလည်တော့ချေ။

သေချာပေါက်ကိုပဲ လောကမှာ လူကောင်းတွေများနေပေမယ့်လည်း အကြောင်းပြချက်မရှိ ဆိုးယုတ်တဲ့သူတွေက ရှိနေတုန်းပဲ။

ကုဝူကျိက တွေးသွားသည်။ ပြောရလျှင် အစစ်အမှန်အခြေအနေကမူ တစ်ဖက်သူက ကုဝူကျိကို ထုတ်ပြောရန်ခက်ခဲသည့် စည်းမျဉ်းများကို သုံးချင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ကုဝူကျိကမူ တစ်ဖက်သူ၏အချက်ပြမှုများကို သတိမထားမိခဲ့ချေ။ သူတို့က အင်အားကြီးကြောင်းပြချင်တဲ့အခါ မတော်တဆ ကုဝူကျိက သူ၏မင်သက်ဖွယ်ကောင်းသည့်စွမ်းအင်ကိုသုံးပြီး ထိုသူဌေးနှင့်သူငယ်ချင်းများကို ရိုက်နှက်ခဲ့မိသည်။ လက်အောက်ငယ်သားများကလည်း ကြောက်လန့်လွန်းသောကြောင့် မလှုပ်ရှားနိုင်ဖြစ်သွားခဲ့ရသည်။ ထို့ကြောင့် သူက ရည်ရွယ်ချက်ရှိရှိဖြင့် ခြိမ်းခြောက်ခဲ့သည်ဟု ထင်သွားလောက်သည်။

အတိုချုံးဆိုရသော် ကုဝူကျိက မသိခဲ့သော်လည်း တစ်ဖက်သူကမူ ထိုကိစ္စကြောင့် သူ့ကိုရန်ငြိုးထားခဲ့ခြင်းဖြစ်သည်။

"မင်း သွားနိုင်ပါပြီ၊ ဘာပဲဖြစ်ဖြစ် ဒီကိစ္စကတော့ ဒီအတိုင်းပဲ ထားလိုက်ပါတော့"

ကုဝူကျိက လက်ကိုဆန့်တန်းလိုက်ပြီး အရှေ့မှကျသွားသောပစ္စည်းများကိုပင် ပြန်ကောက်ပေးသေးသည်။ ထို့နောက် တည်ငြိမ်စွာပြောသည်။

"ဒါပေမယ့် ဒါကိုတော့ ငါ ဖျက်ဆီးလိုက်မယ်"

ထောင်မျိုးရိုးနာမည်ရသောသူက ထိုမြင်ကွင်းကိုမြင်သောအခါ ကြောက်လွန်းသောကြာင့် သတိလစ်လုနီးပါးဖြစ်သွားသည်။ တစ်ဖက်သူက ကုဝူကျိက လူမဟုတ်ကြောင်း သက်သေပြနိုင်သည့်ပစ္စည်းကိုလည်း တစ်ဖက်က ဖျက်ဆီးပစ်နေသည်ဟုပင် ထင်မိသွားသည်။

ထို့အပြင် အစစ်အမှန်သက်သေကိုလည်း သူ၏မျက်စိဖြင့်မြင်လိုက်ရလေသည်။ အကြောင်းမူကား မည်သည့်သာမန်လူကမျှ ကင်မရာကိုထိုသို့ချိုးပဲ့ကာ မဖျက်ဆီးနိုင်လောက်ချေ။

သူဌေးက သူ့ကို ကိုင်တွယ်ဖို့ရှာတာ မအံ့ဩတော့ပါဘူး၊ အတွင်းရေးမှူးတောင်မှ သူ့ကို သတိထားပေးလိုက်သေးတယ်။

အရင်ကတော့ ဒါက ဒီအတိုင်းလုံခြုံရေးတွေကို ကြောက်လို့လို့ ထင်ခဲ့တာ၊ အခုမှပဲ ဒီအကြောင်းအရာကိုတွေးမိတော့တယ်၊ ဒါက သူ့ကို သတိထားဖို့ သတိပေးခဲ့တာက ဒီအချက်ကြောင့်ဖြစ်နေတာပဲ။

ဒီသူဌေးက တော်တော်လေးကိုရက်စက်လွန်းတာပဲ၊ သူ့ကိုတောင် ဒီလိုလူမျိုးကို ကိုင်တွယ်ခိုင်းလိုက်သေးတယ်။

ထိုလူက ကုဝူကျိအိမ်မှထွက်လာသောအခါ ညင်သာသောလေပြေက တိုက်ခတ်သွားပြီး မနက်ခင်းနေရောင်ကကျလာရုံဖြင့်ပင် လောကတွင် ပြန်လည်ရှင်သန်လာသည်ဟု ခံစားလိုက်ရသည်။ သူက သေခြင်းတရားမှ လွတ်မြောက်လာခဲ့ပြီး သည်ထက်ပို၍ပင် အသက်ရှင်သန်ချင်စိတ် ပြင်းထန်သွားလေသည်။

သို့သော် ထိုလူက ကုဝူကျိကိုအထွန့်မတက်ရဲချေ။ သူ၏ကျေးဇူးရှင်ဆိုသည့် နောက်ကွယ်မှ သူဌေးကိုသာ ရန်ငြိုးအပြည့်ထားလိုက်ပြီး ထိုသူ၏ဂုဏ်သိက္ခာကို ကျဆင်းအောင်လုပ်ရန်ပင် ကြံစည်ထားပြီးပေပြီ။

......

ကုဝူကျိအိမ်ကိုစောင့်ကြည့်နေခဲ့သည့် နင်မိသားစုကမူ အနည်းငယ်အံ့ဩ သွားသည်။ ကုဝူကျိက အပြင်လူကို ထိုသို့အလွယ်တကူလွှတ်ပေးလိမ့်မည်ဟု မထင်ထားမိချေ။ သူက လူကောင်းတစ်ယောက်ဆိုသော ခံစားချက်မျိုးကို ရလိုက်သေးသည်။

သူတို့စောင့်ကြည့်နေသော ကာလအတောအတွင်း အခြားသူများကို ဂရုစိုက်ခြင်းနှင့်ပတ်သက်သော အကြောင်းအရာများတွင် မှားယွင်းသော အခြေအနေမျိုးကို မတွေ့ခဲ့ရချေ။ သူက ရိုးရှင်းသောဘဝတွင် ရှင်သန်နေခြင်းဖြစ်သည်။

"ဒီလိုလူမျိုးက ပိုင်မိသားစုနဲ့တော့ မပတ်သက်လောက်ပါဘူး"

"သူက ဒီမတော်တဆမှုမှာ အကြောင်းပြချက်မရှိ ပါဝင်ပတ်သက်မိသွားတာ များလား"

"ဘာပဲဖြစ်ဖြစ်ပါ မကြာခဏဆိုသလို ဒီလူနဲ့ပတ်သက်ပြီး ပုံမှန်မဟုတ်တဲ့ ကိစ္စတွေက ပေါ်လာနေပြီး ရှင်းပြဖို့ခက်နေတော့မယ်"

နင်မိသားစုဝင်များက ဆက်ပြောနေကြသည်။ သို့သော် သူတို့၏ကုဝူကျိအပေါ် အမြင်ကမူ ပြောင်းလဲနေပြီဖြစ်သည်။

ကုဝူကျိက ထိုသူကို တိုက်ရိုက်သတ်လိုက်လျှင်ပင် သူတို့က ကူညီလိမ့်မည် မဟုတ်ချေ။ နင်မိသားစုကလည်း အစပိုင်းကတည်းက ကြင်နာတတ်သောမိသားစု မဟုတ်ချေ။ သို့သော် သူတို့၏နှလုံးသားထဲတွင်မူ ကြောက်လန့်မှုအချို့ ရှိနေကြသေးသည်။

"တစ်ဖက်သူက ဒီလိုခက်ထန်ကြမ်းတမ်းတဲ့သူမျိုး မဟုတ်ဘူးဆိုကတည်းက ချန်းမိသားစုရဲ့သခင်လေးကို အရင်ဆုံး မတိုက်ခိုက်ဘဲနေကြရအောင် ငါတို့က သူ့ကို ခပ်ကြမ်းကြမ်းတွန်းမိသွားရင် ဒုက္ခရောက်သွားနိုင်တယ်"

လူတိုင်းကလည်း အခန်းထဲတွင်ရှိသောယင်ချီများက အတိုင်းအတာတစ်ခုအထိ ကြီးထွားလာပြီဖြစ်ကြောင်း မသိထားကြချေ။ ထိုအရာက မြူနက်အဖြစ်ပင် ပြောင်းလဲပြီး မှန်တွေပင် တဖျတ်ဖျတ်ပေါ်နေပြီဖြစ်သည်။ ထို့နောက် တံခါးက တွန်းဖွင့်ခံရပြီး နင်ယန်က ဝင်လာသည်။

သူက ဝင်လိုက်သည်နှင့်အခန်းက ပုံမှန်အတိုင်း ချက်ချင်းပြန်ပြောင်းသွားသည်။ မည်သည့်ပုံမှန်မဟုတ်သည်များ မရှိတော့ချေ။

"သခင်လေး နင်ယန် ပြန်ရောက်လာပြီ"

"မင်းတို့တစ်ခုခုရထားလား၊ ရှားမိသားစုရဲ့စုဝေးပွဲက လွယ်မှာမဟုတ်ဘူး၊ ပိုင်မိသားစုက လူတွေကတောင်မှ ရောက်လာနိုင်တယ်၊ ဒီတော့ အဲ့ဒီမှာ အရူးတွေများနေမှာ"

လူတိုင်းက သူတို့ငရဲဂိတ်ဝမှ ဖြတ်လျှောက်ခဲ့ပြီးကြောင်းကို သတိမထားမိကြချေ။ သူတို့အားလုံးက ဆက်လက်ပြီးစကားပြောနေကြသည်။

သိပ်မကြာခင်ကမှ နင်ယန်က ရှားမိသားစုနှင့်အဆက်အသွယ်ရခဲ့ပြီး ရှားမိသားစု၏ ဧည့်ခံပွဲကို တက်ဖြစ်သွားခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ သူက တစ်ချိန်လုံး အပြင်ဘက်တွင် ပျော်ပါးနေခြင်းဖြစ်သည်။ မိသားစုက မျှော်လင့်ထားသည့်အတိုင်း လုပ်ပြပေးရန်လည်း လိုအပ်လေသည်။ အကြောင်းမူကား နင်ယန်က ကိုယ်တိုင်ကိုယ်ကျ လုပ်ရန်မလိုအပ်ဘဲ မိသားစုက သူ့ကိုအားလုံး စီစဉ်ပေးထားသောကြောင့်ဖြစ်သည်။

ရှားမိသားစုက လူများက သည်အတိုင်း သာမန်လူများသာဖြစ်သော်လည်း သူတို့၏ အသိုင်းအဝိုင်းအတွက် အနည်းနှင့်အများ ကျော်ကြားသေးသည်။ ထိုအကြောင်းပြချက် ကြောင့်လည်း သူတို့၏ဘိုးဘွားပိုင်အိမ်တွင် လျှို့ဝှက်ချက်များရှိနေခြင်းဖြစ်သည်။

"ရှားမိသားစုရဲ့ကိစ္စနဲ့ပတ်သက်ပြီး တစ်ခုခုတော့ မှားနေလောက်တယ်"

နင်ယန်ကပြောသည်။

"ဒီကိစ္စကို သတိလက်လွတ်လုပ်လို့မရဘူး၊ မင်းတို့ စုံစမ်းစစ်ဆေးတာ အခြေအနေဘယ်လိုရှိလဲ"

အခြားသူများက တိတ်ဆိတ်သွားကြသည်။ အကြောင်းမူကား သူတို့ အချိန်အတန်ကြာသည်အထိ ဘာမှမစုံစမ်းနိုင်ခဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့်‌ပြောရမည့်အရေးကိုပင် ရှက်သွားသည်။

"ရပြီ"

နင်ယန်ကလည်း မပျော်မရွှင်မဖြစ်သွားခဲ့ချေ။ သူက ပြောသည်။

"ဒီရက်အတွင်း သူနဲ့သွားတွေ့တာပေါ့"

...

ကုဝူကျိက ချန်းကျားကို ထောင်မျိုးရိုးနာမည်ရသောသူက ပြောသောသတင်းအကြောင်းကို ပြောပြလိုက်သည်။ ချန်းကျားက ဒေါသထွက်သွားသည်။ သူက ဆရာသခင်ကုအကြောင်း မကောင်းသတင်းလိုချင်သောသူများ ရှိနေမည်ဟု မမျှော်လင့်ထားမိချေ။ ထိုလူများက ရမ်းကားလွန်းအားကြီးသည်။ သူတို့က ချန်းမိသားစုကိုပင်ရှိသည်ဟု မထင်မှတ်နေခြင်းဖြစ်သည်။

သူက ချက်ချင်းဆိုသလို ဒေါသအပြည့်ဖြင့် ဆက်သွယ်လိုက်ပြီး ချန်းမိသားစုကလည်း သည်အသိုင်းအဝိုင်းအတွင်း အာဏာကြီးသည့်အလျောက် လူအများစု၏ မကောင်းသတင်းများစွာကို သိထားကြသည်။ ထိုသူဌေးကလည်း လူကောင်းမဟုတ်ချေ။ ထို့ကြောင့် သူနှင့်ပတ်သက်ပြီး မကောင်းသတင်းများစွာ ရထားသည်။ အထူးသဖြင့် သူက အခြားသောအနုပညာရှင်ပေါင်းများစွာကို ဖိအားပေးခဲ့သည့်ကိစ္စများ လုပ်ခဲ့သည်။ ထိုအခါ ထိုသတင်းများအာလုံးက ပေါ်ပေါက်လာခဲ့သည်။ အချိန်တစ်ခုကြာသည်အထိ ထိုကိစ္စက နာမည်ကြီးသွားခဲ့သည်။

ထိုသူဌေးက ဒေါသတကြီး ဖုန်းကိုလွှင့်ပစ်လိုက်သည်။ သူက ရုံးခန်းထဲတွင် ထိုင်နေ၏။

"သောက်ကျိုးနည်း ဒါက ဒီအတိုင်း စတားပေါက်စလေးတွေကို စကားနဲ့ထုတ်ပြောလို့မရတဲ့ စည်းမျဉ်းတွေနဲ့ ကိုင်တွယ်လိုက်တာပဲ မဟုတ်ဘူးလား၊ ဘာလို့ ဒီလောက်အထိ ခက်ခဲအောင်ပြဿနာရှာချင်ရတာလဲ၊ ချန်းမိသားစုက ဘယ်ကပေါ်လာမှန်းမသိတဲ့ လူတစ်ယောက်ကြောင့် ဒီလောက်အထိအရှက်မဲ့တဲ့ကိစ္စကို လုပ်လိုက်တာပဲ၊ ကိစ္စကြီးလို့ သတ်မှတ်နေကြတယ်"

အနားရှိလက်ထောက်ကမူ စကားတစ်လုံးမျှမပြောခဲ့ချေ။ အကြောင်းမူကား သူကိုယ်တိုင်ကလည်း ချန်းမိသားစုက လုပ်သောကိစ္စက မမှားယွင်းကြောင်း ခံစားမိနေ၍ဖြစ်သည်။

"လောင်ထောင်ကို ဆက်သွယ်ပြီးပြီလား၊ သူကိုယ်တိုင် ဒီတစ်ကြိမ် မထွက်လာဘူးဆိုရင် ကိစ္စတွေက ပိုဆိုးသွားလိမ့်မယ်"

ထိုသူဌေးက ဒေါသထွက်နေသည်။

"ငါ သူ့ကို ဒီအသိုင်းအဝိုင်းထဲ ဘယ်တော့မှမဝင်နိုင်အောင် လုပ်လို့ရတယ်"

လက်ထောက်က သတိထားကာပြောသည်။

"သူနဲ့ပတ်သက်ပြီး ဘာသတင်းမှ မထွက်လာသေးပါဘူး"

သူဌေးက ကုလားထိုင်တွင် ဒေါသတကြီးဝင်ထိုင်လိုက်သည်။ ထိုအခါ လူတစ်ယောက်စာပို့လာကြောင်း မြင်လိုက်ရသည်။ စာဖွင့်ကြည့်လိုက်ပြီးနောက် သူ၏မျက်နှာက ချက်ချင်းဆိုသလို ဖြူဖျော့သွား၏။

မည်သို့ပင်ဆိုစေ ထိုသူဌေးက စတားပေါင်းများစွာကို ဖိအားပေးခဲ့ဖူးသည်။ တစ်ကြိမ်ကဆိုလျှင် တစ်ဖက်သူက အရှက်ကြီးလွန်းပြီး ဟိုတယ်တွင် ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့သည်။ ဝရုန်းသုန်းကားဖြစ်သွားခဲ့သော ထိုကိစ္စကို သူဌေးက ပိုက်ဆံသုံးပြီး ဖုံးကွယ်ခဲ့သည်။ သို့သော် သည်တစ်ကြိမ်တွင်မူ မည်သူက ဖော်ထုတ်လိုက်မှန်းမသိ ထိုသတင်းက ထွက်လာသည်။ အကြောင်းမူကား ဟိုတယ်မှ စောင့်ကြည့်ကင်မရာက သက်သေအဖြစ်ရလာခြင်းဖြစ်သည်။

"သေလိုက်ပါတော့ သေလိုက်တော့ ဘယ်အကောင်လဲ၊ မြန်မြန် အခုချက်ချင်း ဒီသတင်းကို ဖိနှိမ့်ကြစမ်း ဘယ်လောက်ကုန်ကုန်လုပ်"

ထိုသူဌေးက အနားရှိလက်ထောက်ကို ပျက်ယွင်းနေသော မျက်နှာဖြင့် ကြည့်လိုက်ပြီး ရုတ်တရက် သူ၏ခန္ဓာကိုယ်ကအေးခဲသွားသည်။

အကြောင်းမူကား ထိုလက်ထောက်၏မျက်နှာက အတော်လေးဖြူဖျော့ နေသောကြောင့်ဖြစ်သည်။ သူ၏မျက်လုံးကလည်း သွေးများထွက်ကျမတတ်နီရဲနေပြီး မျက်နှာရှိအပြုံးကလည်း ကျောချမ်းစရာကောင်းလာသည်။

"နင့်မှာ ဒီလိုနေ့မျိုး ရှိလာမယ်လို့တွေးဖူးလား"

"မင်း မင်း မင်း မင်းပဲ"

ထိုသူဌေးက တစ်စုံတစ်ရာကို သတိထားမိသွားပြီး ချက်ချင်းဆိုသလို အလောတကြီး မတ်တပ်ထရပ်လိုက်ကာ ခြေလှမ်းအနည်းငယ်ဆုတ်သည်။

"ငါ မင်းကို သတ်ခဲ့တာမဟုတ်ဘူး၊ မင်းဘာသာ လုပ်ခဲ့တာပဲ၊ တွေးကြည့်စမ်းပါ၊ အဲ့ဒီအချိန်က မင်းဘာသာ ပိုက်ဆံကိုရိုးရိုးသားသား ယူပြီးလိမ်လိမ်မာမာနေခဲ့မယ်ဆိုရင် ဒါက ..."

လက်ထောက်က လှောင်ပြုံးနှင့်အတူ အနားသို့လျှောက်လာသည်။ သူမက မုန်းတီးမှုများကြောင့် သရဲအဖြစ်ပြောင်းသွားခဲ့ရသော်လည်း သူမက ဟိုတယ်တွင် ပိတ်မိနေခဲ့ပြီး ထွက်၍မရနိုင်ခဲ့ချေ။

သို့သော် လွန်ခဲ့သောရက်အနည်းငယ်ခန့်က မည်သို့ဖြစ်သွားသည်မသိ ရုတ်တရက် ဟိုတယ်မှ သူမအပေါ်သက်ရောက်နေခဲ့သည့် ကန့်သတ်ချက်များက ပျောက်ကွယ်သွားခဲ့သည်။ ထို့ကြောင့် သူမက သည်နေရာသို့ ချက်ချင်းဆိုသလို ရောက်လာနိုင်ခဲ့ခြင်းဖြစ်သည်။

ရဲများကရောက်သွားသောအခါ ကြမ်းပြင်တွင် သတိလစ်ကာလဲနေသော အတွင်းရေးမှူးကို တွေ့လိုက်ကြသည်။ ဘေးနားရှိသူဌေးကမူ ကိုယ့်လည်ပင်းကိုယ် ညှစ်နေပြီး သေလုနီးပါးဖြစ်နေသည်။

ထိုမျှကြောင်တောင်တောင်နိုင်သောမြင်ကွင်းကို မြင်သောအခါ ရဲများက အင်အားအပြည့်သုံးပြီး ထိန်းရန်ကြိုးစားသည့်တိုင်အောင် လုံလောက်အောင် မသန်မာကြသည့်အတွက် ခြောက်ခြားသွားကြရလေသည်။

ထို့နောက် စောင့်ကြည့်ကင်မရာကိုပြန်ကြည့်သောအခါ ဖန်သားပြင်တွင် ပေါ်သမျှက ထိုသူဌေးက အကြောင်းပြချက်မရှိရူးသွားပြီး ကိုယ့်လည်ပင်းကိုယ် ပြန်ကိုင်ကာ နာကျင်ကြောင်း အော်ဟစ်နေခြင်းသာလျှင်ဖြစ်သည်။

သူက စိတ်ပိုင်းဆိုင်ရာပြဿနာရှိပုံပေါ်သော်လည်း ဗွီဒီယိုက အတော်လေး ကို့ရို့ကားယားနိုင်နေသည်။

"အခုတလော ဒီလိုကိစ္စတွေ ဘယ်လောက်တောင်ဖြစ်နေတာလဲ"

"ဒါက မနေ့ကပေါ်ခဲ့တဲ့ကိစ္စနဲ့အတူတူပဲ၊ တောင်းပန်ပါတယ်လို့ ဆက်တိုက်အော်နေပြီး ဓါးယူပြီး ကိုယ့်ကိုယ်ကိုယ် ဆက်ချက်ထက်မနည်း ထိုးသတ်သွားတာလေ၊ ထိုးတဲ့နေရာကလည်းတိကျပြီး သေစေနိုင်တဲ့နေရာတွေကို မထိသွားခဲ့ဘူး၊ ဒါပေမယ့် သူက သွေးထွက်လွန်ပြီးသေသွားခဲ့တာ"

လူတိုင်း၏မျက်နှာက လေးနက်ကုန်သည်။ သူတို့ကလည်း ယခုတလော ဖြစ်လာနေသည့်ကိစ္စများက ထူးဆန်းသထက်ထူးဆန်းနေကြောင်း ခံစားနေရလေသည်။

ကုဝူကျိကမူ ထိုအကြောင်းအရာများကို မသိခဲ့ချေ။ သူက စနစ်၏နေရာလပ်ဒေသကိုသာ ကြည့်နေခဲ့သည်။ ရုန်ချင်မန်က ပုံတူလောကက ထွက်ပြီးကတည်းက လိုင်းမတက်လာခဲ့ချေ။ သို့သော် တစ်ဖက်သူက အသက်ရှင်နေသေးမည်မှာ သေချာသည်။

ကုဝူကျိကလည်း ထိုလူက အသက်ရှင်နေသေးကြောင်းမြင်သည့်အတွက် စိတ်အေးသွားသည်။ အခြားသောသူများအတွက်ကမူ ထိုအချိန်က ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို သိနေသဖြင့် သူတို့ကိုဆက်သွယ်ပြီး မေးမြန်းခဲ့သည်။ အမေးခံရသောသူများကမူ ကုဝူကျိက သူတို့ကို ဆက်သွယ်လာသည့်အတွက်လည်း အံ့အားသင့်သွားကြသည်။ သို့သော် ခေါင်းကိုသာခါပြကြသည်။ သူတို့ကိုယ်တိုင်ကလည်း သည်အတိုင်း ဖြတ်လျှောက်သာသာဖြစ်ခဲ့သဖြင့် အကြောင်းအရာများကို ဂဂဏဏ မသိခဲ့ချေ။ ဘာဖြစ်သွားမှန်းလည်းမသိခဲ့သလို မည်သည့်အခြေအနေက မည်သို့ဖြစ်လာခဲ့ကြောင်းကိုလည်း မသိခဲ့ချေ။ သူတို့က သည်အတိုင်း ထောင့်တစ်နေရာတွင်သာ ပုန်းအောင်းပြီး အံ့အားသင့်လျက်သားရှိနေခဲ့ရခြင်းဖြစ်သည်။ ကုဝူကျိက သေချာပေါက်သိနေမည်ဟုယုံကြည်သည်။ သို့သော် သည်အတိုင်း လာမေးသည်ဟုသာ ထင်ခဲ့လိုက်ကြသည်။

အခြားသောကစားသမားသုံးယောက်ကလည်း နောက်ပိုင်းဆက်ဖြစ်သည့် အကြောင်းအရာများကို မည်သူ့ကိုမျှမပြောပါဘူးဟု ထပ်ခါတလဲလဲ ကတိပေးနေကြသည်။ ပြောရလျှင် သူတို့ကိုယ်တိုင်လည်း ပုံတူလောကထဲမှ ထွက်လာပြီးနောက် ထိုဗွီဒီယိုကိုဆက်ကြည့်ခဲ့သည့်အခါ ကြည့်၍မရကြောင်း တွေ့ခဲ့ရသည်။ ထိုအခါ သူတို့နှလုံးသားထဲမှ ကြောက်လန့်မှုကပို၍ပင် ကြီးစိုးလာပြီး သူတို့ မလုပ်သင့်သောအရာကိုမလုပ်မိအောင် တစ်စုံတစ်ရာကစောင့်ကြည့်နေသလို ခံစားချက်မျိုးရလာခဲ့၏။ ထို့ကြောင့် သူတို့က အပြင်ဘက်တွင် ဘာမှလျှောက်မပြောရဲချေ။

ကုဝူကျိအတွက်ကမူ ကိစ္စမရှိချေ။ မည်သို့ပင်ဆိုစေ သူက သည်အတိုင်း ဆွန်းရှီဟန်ဆောင်ခဲ့ခြင်းဖြစ်သည်။

သူက သူ့ကိုအနီရောင်ဆံပင်နှင့် နောက်လိုက်ကပြောခဲ့သည့် နာမည်ကို စတင်စုံစမ်းခဲ့သည်။ စနစ်၏မောလ်ထဲတွင် အခြားသောလူများ၏ အသေးစိတ်သတင်းအချက်အလက်များကို ဝယ်ယူ၍မရနိုင်သော်လည်း စနစ်က ထိုမျှအထိ ဖြောင့်မတ်လွန်းခြင်းမရှိနေခဲ့ချေ။ ထို့ကြောင့် အမှတ်များကိုသာ လုံလောက်အောင်သုံးမည်ဆိုလျှင် ထိုနာမည်နှင့်လူက တင်သောပို့စ်က မည်သည့်ပို့စ် ဖြစ်ကြောင်း စစ်၍ရနိုင်သလို အချို့သော ဗွီဒီယိုများကိုလည်း ရှာကြည့်နိုင်မည်ဖြစ်သည်။ အတိုချုံးဆိုရသော် သတင်းအချက်အလက်တိုင်းကို ရှာတွေ့နိုင်မည်ဖြစ်သည်။

သူက စစ်ကြည့်ပြီးနောက် သူကိုယ်တိုင်ကလည်း ဒါက နာမည်အတုဖြစ်ကြောင်း တွေ့လိုက်ရသည်။ တစ်ခုတည်းသောသေချာသည့်အချက်ကမူ တစ်ဖက်သူက သက်လတ်ပိုင်းအရွယ်ဖြစ်ပြီး နောက်ဆုံးတစ်ကြိမ်က ဖိုရမ်တွင် ထိုသတင်းအချက်အလက်များကို ရောင်းချရန် လူငှားခံခဲ့ရသူဖြစ်သည်။

"ကြည့်ရတာ နောက်ကွယ်က စီနီယာကစားသမားက တော်တော်လေးကို သတိကြီးတာပဲ"

ကုဝူကျိက တွေးသည်။

"ငါ့အနေနဲ့ သတင်းပိုရှာချင်ရင် အခြားသူရောင်းတဲ့ အဲ့ဒီသတင်းတွေကို ဝယ်မှပဲဖြစ်လိမ့်မယ်"

သို့သော် သူကိုယ်တိုင်ကလည်း ထိုခြေလှမ်းသို့လှမ်းရန် မလိုအပ်သေးချေ။ သူက အဆင့်မြင့်ကစားသမားများအကြောင်း သိထားသောသတင်းအချက်အလက်က နည်းနေသေးသည်။ ထို့ကြောင့် လုံလောက်သောအင်အားရှိလာမှသာ စုံစမ်းလျှင်လည်း နောက်မကျသေးပါချေ။ ထို့နောက် ကုဝူကျိက အများသုံးဖိုရမ်တွင် ပို့စ်တစ်ခုကို မြင်လိုက်ရသည်။

"ငါ ထင်ယောင်ထင်မှားဖြစ်တာလားတော့မသိဘူး၊ ဒါပေမယ့် အခုတလော အစစ်အမှန်လောကမှာဖြစ်လာတဲ့ သဘာဝလွန်အဖြစ်အပျက်တွေက ပို၍များသထက် များလာပြီလား"

"ငါလည်းခံစားရတယ်၊ ငါ့ရဲ့ပတ်ဝန်းကျင်မှာ ဒီလိုမြင်ကွင်းမျိုးကို ခဏခဏတွေ့နေရသလိုပဲ၊ ဒါက ငါနဲ့ပတ်သက်နေတာကြောင့်လို့ထင်နေတာ၊ ဒါပေမယ့် အခြေအနေက တော်တော်လေး ထူးဆန်းလာတယ်လို့တော့ ခံစားရတယ်"

အောက်ဘက်မှလူအများစုကလည်း သူတို့၏အနီးပတ်ဝန်းကျင်မှ အဖြစ်အပျက်များကို ပြောပြကြသည်။ ထိုနည်းအားဖြင့် ဖတ်လေလေ ကြောက်လန့်မှုကို ခံစားရလေလေဖြစ်လာသည်။

"ငါတို့ရဲ့လောကက ပုံတူလောကနဲ့ တူလာတော့မှာများလား"

လူတစ်ယောက်က သူ၏အကြီးမားဆုံးစိုးရိမ်မှုကို ထုတ်ပြလာသည်။

ကုဝူကျိ "..."

ဘာ အစစ်အမှန်လောကက အရင်ကတည်းက တစ္ဆေအခြောက်ခံရပြီးသား မဟုတ်ဘူးလား။

ကုဝူကျိအတွက် အစစ်အမှန်နှင့်ပုံတူလောကကြားမှ ခံစားချက်များက ကွာခြားခြင်းမရှိချေ။ သူ့အတွက်ပိုပြီး စိုးရိမ်စရာကောင်းသည့် ပြဿနာကြီးကမူ သူ့ကိုစိတ်ဝင်စားလောက်မည့် တစ္ဆေသရဲများနှင့်တွေ့နိုင်ပြီး စိုးရိမ်စိတ်ဝင်စေ နိုင်ခြင်းဖြစ်သည်။

သို့ရာတွင် သူ၏ခန္ဓာကိုယ်ကလည်း သာမန်လူများနှင့်ကွာခြားသေးလေသည်။ ထိုလူများမှပြောသောအခြေအနေများမှတစ်ဆင့် အစစ်အမှန်လောကကြီး၏ အခြေအနေက ယခုမှစတင်ပြီး ပြောင်းလဲကောင်းပြောင်းလဲသွားနိုင်သည်။

ကုဝူကျိကလည်း ထိုပြောင်းလဲမှုက အစပိုင်းကတည်းက ဖြစ်ခဲ့ခြင်းမဟုတ်လောက်ဟု ဝေဝေဝါးဝါးခံစားနေရသည်။ သို့သော် လွန်ခဲ့သော ဆယ်စုနှစ်ဝန်းကျင်လောက်က စတင်ပြီး ဖြစ်ပျက်လာခဲ့ခြင်းဖြစ်သည်။ ဒါက အဆင့်မြင့်အဆင့်ကစားသမားများနှင့် ဆက်စပ်နေနိုင်သေးသည်။

...

"အရင်ကဆိုရင် အလုပ်တွေများလွန်းလို့ အိမ်မှာအေးအေးဆေးဆေးနေပြီး ပန်းချီဆွဲလေ့ကျင့်ဖို့တောင် အချိန်မရှိဘူး၊ ဒါပေမယ့် ဒါက အသုံးမဝင်ဘူး ဆိုပေမယ့်လည်း အနည်းဆုံးတော့ လက်ရာကောင်းအောင် လေ့ကျင့်လို့ရတာပေါ့"

ပုံတူလောကက ပြီးသွားပြီးနောက် ကုဝူကျိက သူ၏သာမန်ဘဝပုံစံအတိုင်း ပြန်လည်လှည့်ပတ်နေထိုင်သည်။ ထိုသို့ဖြင့် ရိုးရှင်းသောကိစ္စများကိုသာ ကိုင်တွယ်ရတော့သည်။ မည်သို့ပင်ဆိုစေ သူကလည်း ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲတွင် ကျော်ကြားသူတစ်ယောက်ဖြစ်လာရန်အိပ်မက်ရှိသေးလေသည်။

ကုဝူကျိ၏လက်ထောက်ဖြစ်သည့်ချန်းကျားကလည်း လာသည့်အချိန်တိုင်း အလုပ်များသယ်လာလေ့ရှိသည်။ ဆရာသခင်ကုကို အခြားသူများက လှည့်စားမည့်အရေးကို ကြောက်လန့်သောကြောင့် သူကကိုယ်တိုင်လုပ်ဆောင်သည်။ ထို့အပြင် အခြားသောလူချမ်းသာ ဒုတိယမျိုးဆက်များ၏ ရက်စက်ကြမ်းတမ်းမှုနှင့် ကြုံတွေ့ရပြီး အရှက်ခွဲခံရမည့်အရေးကို စိုးရိမ်မိသေးသည်။ ထို့ကြောင့် သူကိုယ်တိုင်ကသာ အသွားအပြန်လုပ်သည်။

အတိတ်အချိန်က ဆရာသခင်ကုကို လှောင်ပြောင်ခဲ့သောသူတိုင်းကို ချန်းကျားက သူ့တို့ဘဝ၏ အမှောင်မိုက်ဆုံးသမိုင်းများကို ဖော်ထုတ်တတ်သည်။ သူက ထိုအကြောင်းအရာကို ပြန်တွေးမိသည့်အချိန်တိုင်းလိုလို ချက်ချင်းဆိုသလို တို့ဖူးတစ်တုံးရှာပြီး ပေါက်သတ်ရန်မစောင့်နိုင်တော့သည်အထိ ဖြစ်လာတတ်သည်။

ရုပ်ရှင်ရိုက်ကူးမည့်နေရာသို့ရောက်သွားသောအခါ သည်တစ်ကြိမ်တွင် ဝန်ထမ်းအပြင် သူ့ကိုစောင့်နေသောလူများကြားတွင် နင်ယန်လည်းရှိနေသေးကြောင်း မြင်လိုက်ရသည်။ ထို့ကြောင့် သူက ချက်ချင်းဆိုသလို သတိအပြည့်ကပ်လိုက်၏။

နင်ယန်ကိုယ်တိုင်လည်း ယခင်တစ်ခေါက်က သူတွေ့ခဲ့သောအမျိုးသမီးက သူက ရုပ်ဖျက်ထားသောသူဖြစ်ကြောင်းသိရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် သူ့အနေဖြင့် ယခင်တစ်ခေါက်ကကိစ္စနှင့် မပတ်သက်ကြောင်း သိလိုက်သည်။

သို့သော် သူက သည်နေရာတွင် မည်သည့်အတွက်ကြောင့် ပေါ်လာသည်ဆိုသောကိစ္စကမူ တိုက်ဆိုင်မှုမဟုတ်နိုင်ချေ။ ထို့ကြောင့် အခြေအနေကိုစုံစမ်းစစ်ဆေးရန် ဖြစ်လောက်သည်။ မည်သို့ပင်ဆိုစေ ယခင် ဆရာသခင်နင်နှင့်ပတ်သက်ပြီး ဖြစ်ပွားခဲ့သောကိစ္စကို ကုဝူကျိကလည်း သိထားလေသည်။ ထို့ကြောင့် သူက ဆရာသခင်နင်၏အကြံအစည်ကို ဖျက်ဆီးခဲ့သောသူဟုပင် ဆို၍ရနိုင်သေးလေသည်။

သို့ရာတွင် ကုဝူကျိကလည်း ထိုကိစ္စက မှားယွင်းသည်ဟုမထင်ရချေ။ ထို့ကြောင့် တစ်ဖက်သူက စုံစမ်းစစ်ဆေးချင်သည်ဆိုလျှင်ပင် သူကိုယ်တိုင်လည်း ဘာမှမတတ်နိုင်ချေ။ နင်ယန်က ရှာတွေ့သွားမည်ဆိုလျှင် သည်လူ၏စွမ်းရည်ကို လေးစားရန်သာရှိတော့သည်။

ရုပ်ရှင်ရိုက်ကူးနေချိန်အတောအတွင်း အခြားသောသူများကမူ အံ့အားသင့်နေကြသည်။ သူ၏ပြင်းထန်သောကျွမ်းကျင်သည့် စွမ်းရည်ကြောင့် မင်သက်နေကြခြင်းဖြစ်သည်။ ဓါတ်ပုံရိုက်သူကပင် အလွန်အမင်းကောင်းမွန်းသော အခြေအနေမျိုးတွင်ရှိနေသည်ဟု ခံစားရသည်။ သူက အထူးတလည်တွေးတောရန် မလိုဘဲ သူ၏ခေါင်းထဲသို့ အတွေးသစ်အကြံသစ်များ ပြုံတိုးဝင်ရောက်လာတတ်သည်။ အစပိုင်းတွင် အခြားသောသူများကလည်း ကုဝူကျိက အနောက်တံခါးမှ နောက်ခံသုံးပြီး ဝင်လာသည်ဟုသိထားကြသည်။ မည်သို့ပင်ဆိုစေ သူက ရုပ်ရည်ကြည့်ကောင်း သော်လည်း မည်သို့သောစိတ်နေသဘောထားရှိကြောင်း မည်သူကမျှ မသိထားကြချေ။ ယခုမှသာ ထိုလူများက ယခင်အတွေးများအကြောင်း ပြန်တွေးမိပြီးရှက်သွားကြသည်။ ကုဝူကျိကဲ့သို့သောသူမျိုးက အနောက်တံခါးမှသာ ဝင်လာလျှင် မည်သူကမျှ အရှေ့တံခါးမှဖြစ်ဖြစ် မဝင်လာနိုင်လောက်တော့ချေ။

ရုပ်ရှင်ရိုက်ကူးနေချိန်အတောအတွင်း ကုဝူကျိက အနားယူရန်ထိုင်လိုက်သည်။ ထိုအချိန်တွင် ချန်းကျားက ချက်ချင်းဆိုသလို သူ့အတွက် ရေလာထည့်ပေးသဖြင့် အနားရှိလူများကမူ ဘေးတစောင်းလှည့်ကြည့်မိသွားစေသည်။ လူကြီးမင်းချန်းက ကုဝူကျိအရှေ့တွင် နောက်လိုက်ညီငယ်လေးတစ်ယောက်ကဲ့သို့ ပြုမူနေတတ်သည်။ သူက ယခင်ကနေထိုင်ခဲ့ဖူးသော ပလေးဘွိုင်းပုံစံနှင့်ပင် မတူသေးချေ။

ပြောရလျှင် သူ၏ခန္ဓာကိုယ်အခြေအနေကြောင့် ကုဝူကျိက အနားယူရန် မလိုအပ်ချေ။ သူက သည်အတိုင်း အခြားသောဝန်းထမ်းများကိုသာ နားချိန်ပေးလို၍သာ နားလိုက်ခြင်းဖြစ်သည်။

နင်ယန်က ဘေးဘက်မှစိုက်ကြည့်နေခြင်းဖြစ်သည်။ သူ၏အပြုအမူက သည်အတိုင်း အထူးတလည်အလေးမထားဟန်ဖြင့် သာမန်ကာလျှံကာ နေထိုင်နေခဲ့ခြင်းဖြစ်သည်။ သူကလည်း ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲမှ ထိုလူများကို အာရုံသိပ်စိုက်လေ့မရှိချေ။ ပြောရလျှင် သူကိုယ်တိုင်ကလည်း ဖျော်ဖြေရေး အသိုင်းအဝိုင်းထဲမှ ကုဝူကျိကဲ့သို့သော နာမည်ကြီးသောသူမျိုးအကြောင်းကိုလည်း မကြားဖူးသေးချေ။

အစစ်အမှန်အင်အားကြီးတဲ့လူတစ်ယောက်က ဖျော်ဖြေရေးလောကထဲကို ဘာလာလုပ်တာလဲ။

သာမန်အလုပ်ကိုမှီခိုရုံနဲ့ အံ့အားသင့်စရာကောင်းတဲ့ ဝင်ငွေရနိုင်လို့လား။

ကုဝူကျိနှင့်ပတ်သက်ပြီး ဖြစ်ပျက်ခဲ့သော အမျိုးမျိုးသောကိစ္စများအတွက်ကမူ နင်ယန်ကလည်း သူ၏နောက်ကွယ်တွင် ဆရာသခင်တစ်ယောက်ရှိနေလိမ့်မည်ဟု ယုံကြည်ထားသည်။ ကုဝူကျိက သည်အတိုင်း စင်ရှေ့မှ ရုပ်သေးရုပ်သာ ဖြစ်လောက်လေသည်။ ဒါကလည်းနင်မိသားစုမှ လူတိုင်းနီးပါး၏အတွေးဖြစ်သည်။

ယခုကုဝူကျိက တစ်ခဏခန့်ရုပ်ရှင်ရိုက်ပြီးနောက် အနားယူလိုက်ကြောင်း မြင်သည်နှင့် ထိုအတွေးက မှန်ကန်သည်ဟုခံစားလိုက်ရသည်။ ကုဝူကျိကဲ့သို့သောလူမျိုးက တစ်ဆက်တည်း ရုပ်ရှင်ရိုက်ကူးသွားနိုင်သင့်လေသည်။

တစ်ရက်ကြာစုံစမ်းခဲ့ပြီးနောက် အကြောင်းအရာကိုရှာတွေ့သွားခဲ့သည့် ချန်းကျားက ကုဝူကျိအပေါ် အလွန်တက်ကြွနေသည်။ ထို့ကြောင့် နင်ယန်က သဘာဝအလျောက်ပင် ထိုအခြေအနေကိုမြင်သောအခါ သူတို့နှစ်ယောက်ကို ပို၍ပင် အထင်သေးသွားလေသည်။

"ငါ ဒီနေရာကိုလာတာကိုက ဆုံးဖြတ်ချက်မှားတာဖြစ်လောက်တယ်"

နင်ယန်ကတွေးသည်။

"နောက်ကွယ်ကလူတွေက ထူးခြားတဲ့အဆက်အသွယ်တွေနဲ့ အဆက်အသွယ်ရှိတာ ဖြစ်လောက်တယ်"

သို့သော် သူရောက်လာပြီးကတည်းက နင်ယန်က နေကာမျက်မှန်ကို ချွတ်ထားလိုက်ပြီး စိတ်အားထက်သန်လွန်းသော်လည်း မရိုင်းလွန်းသည့်ပုံစံမျိုးဖြင့် ကုဝူကျိအနားသို့လျှောက်လာပြီး ပရိတ်သတ်ဟန်ဆောင်ကာ ကုဝူကျိကို လက်မှတ်တောင်းသည်။ ကုဝူကျိကလည်း သူ့အတိုင်းလိုက်လုပ်ကာ ရူးကြောင်ကြောင်ဟန်ဆောင်လိုက်ပြီး ချက်ချင်းဆိုသလို ခေါင်းငြိမ့်ပြလိုက်ပြီး တစ်ဖက်သူက ကမ်းပေးလိုက်သော မှတ်စုစာအုပ်ကိုယူသည်။ ထို့နောက် သည်အတိုင်း လက်မှတ်ထိုးပေးလိုက်သည်။

နင်ယန်က ကုဝူကျိလှုပ်ရှားမှုတိုင်းကို ဂရုတစိုက်လေ့လာနေခဲ့ခြင်းဖြစ်သည်။ ပုံမှန်မဟုတ်သော အနည်းငယ်သော်မျှမတွေ့ရချေ။ ထို့ကြောင့် သူ၏အတွေးများက ပို၍မှန်ကန်ကြောင်း သိသာလာသည်။ သို့သော် သူက ဆက်လက်ပြီး စမ်းသပ်ချင်သည့်အကြံကို လက်မလျှော့သေးချေ။

သို့ရာတွင် ကုဝူကျိက ဆက်လက်ပြီး ရူးချင်ယောင်ဆောင်နေသည်။ ဆရာသခင်နင်၏အကြောင်းကို သူက ထည့်ပြောသောအခါတွင်ပင် ထိုအကြောင်းအရာကို ဆက်လက်ပြီး အစမဖော်ချင်သလိုမျိုး ကြောက်လန့်နေသောမျက်ဝန်းမျိုးကိုပင် ထုတ်ပြလာသေး၏။

ထိုအခြေအနေကိုမြင်သောအခါ နင်ယန်ကလည်း ကုဝူကျိက သည်အတိုင်း ထိုကိစ္စတွင် ဖြတ်သွားဖြတ်လာလောက်သာ ဖြစ်နိုင်ကြောင်းသေချာသွားသည်။ မည်သို့ပင်ဆိုစေ ယခင်ကဖြစ်ပျက်ခဲ့သည့် ထူးဆန်းသည့်အကြောင်းအရာတိုင်းကို နောက်ကွယ်ကလူများကသာ လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်လောက်သည်။ သည်နည်းအားဖြင့် သူတို့ကို ကုဝူကျိထံစုံစမ်းနေစေခြင်းဖြင့် အချိန်ကုန်အောင် လုပ်ထားခြင်းပင် ဖြစ်နိုင်သည်။

မည်သို့ပင်ဆိုစေ နင်ယန်ကဲ့သို့သောလူမျိုးက အလွန်မာနကြီးကြသည်။ သူတို့ကိုယ်တိုင်ကလည်း သူတို့၏မြင်နိုင်စွမ်းအားက မှားယွင်းသည်ဟုမယုံကြည်ကြချေ။ ထို့ကြောင့် အစောပိုင်းကတည်းက အခြားသောအကြံများက သူတို့၏နှလုံးသားထဲမှ ထွက်သွားပြီးသားဖြစ်သည်။

အနားရှိချန်းကျားကမူ ဆက်လက်ပြီး သည်းမခံနိုင်တော့ချေ။ အလွန်ဖော်ရွေပြ နေသော ထိုလူက ဆရာသခင်ကုကို ဆွဲဆောင်ရန်ကြိုးစားနေသည်ဟုသာ ထင်သည်။

ဆရာသခင်ကုက ဘယ်လိုလူလဲ၊ ဒီလိုမျိုးသန့်စင်ကောင်းမွန်တဲ့ အပြင်လူတစ်ယောက်ပုံစံ ဟန်ဆောင်တတ်တာနဲ့ပဲ ရင်းနှီးလို့ရမယ်လို့ထင်နေတာပဲ။

ပို၍ဆိုးသည်မှာဆရာသခင်ကုက အင်အားကြီးမားလွန်းသေ ာလူတစ်ယောက်ဖြစ်သည်။ သူကိုယ်တိုင်က ထိုမျှအင်အားကြီးမားသည့်တိုင်အောင် လှည့်စားလွယ်နေခြင်းဖြစ်သည်။ သို့မဟုတ်လျှင် သူက အွန်လိုင်းတွင် တွေ့ထားသောသူနှင့် သွားဒိတ်လိမ့်မည်မဟုတ်ချေ။ ထိုအကြောင်းအရာကို တွေးမိသည်နှင့် ချန်းကျားက စိုးရိမ်သွားပြီး ဒေါသပင်ထွက်ချင်လာသည်။ ကုဝူကျိကိုအခြားသူများက လှည့်စားသွားမည့်အရေးကိုစိုးရိမ်လာပြန်၏။ ထိုသို့ခံစားချက်များနှင့်အတူ နင်ယန်ကလည်းရောက်ရှိကာ ပြုမူပြောဆိုနေပုံကိုကြည့်ပြီး တစ်ဖက်သူကို သဘောမကျစိတ်က များလာသည်။

ချန်းကျားက ချက်ချင်းဆိုသလို အေးစက်စွာဝင်ပြောလိုက်သည်။

"သူ အခုအနားယူဖို့လိုနေပြီ"

နင်ယန်က ဒေါသတကြီးရယ်လိုက်ချင်သည်။ သို့သော် ချန်းကျားက ထိုအတွက်ကြောင့်နှင့် သူနှင့်တိုက်ခိုက်မည်ဟု တွေးမိလိုက်ချိန်တိုင်း‌ဒေါသပင်ထွက်လာ၏။ သူ့တွင်လည်း အလွန်ပုံမှန်ဖြစ်လွန်းသည့် ရုပ်ပိုင်းဆိုင်ရာ တိမ်းညွတ်မှုရှိနေသည်။ ထို့အပြင် သူကလည်း သဘောကျသောလူတစ်ယောက်ကို တွေ့ထားပြီးသားဖြစ်သည်။ သူက တိုက်ပေါ်မှခုန်ချရမည်ဆိုလျှင်ပင် ကုဝူကျိကို အနည်းငယ်မျှ စိတ်ဝင်စားမှုဖြစ်လာလိမ့်မည် မဟုတ်ချေ။

"ဒါက တကယ်ကိုနှမြောစရာပါပဲ၊ ငါ ရုတ်တရက် အရမ်းကို စိတ်အားထက်သန်သွားလို့ပါ၊ ကောင်းပြီလေ၊ ငါ အရင်သွားတော့မယ်"

နင်ယန်က ချက်ချင်းဆိုသလို ယဉ်ကျေးစွာတောင်းပန်လိုက်သည်။

"မင်းလည်းဒီအကြောင်းအရာကို သိပြီဆိုကတည်းက ဒီနေရာမှာ မနေတော့တာ အကောင်းဆုံးပဲ"

ချန်းကျားက နှာခေါင်းရှုံ့လိုက်သည်။ သူကိုယ်တိုင်ကလည်း နင်ယန်ကို သဘောမကျချေ။

နင်ယန်က သူ၏အပြုအမူကြောင့် အလွန်အမင်းဒေါသထွက်နေသည်။ သို့သော် သူကလည်း သူ၏အစစ်အမှန်အကြောင်းအရာကို သည်နေရာတွင်မဖော်ချင်သေးချေ။ ထို့ကြောင့် စိတ်မကောင်းဖြစ်သွားသလိုဟန်ဆောင်လိုက်ပြီး ချက်ချင်းဆိုသလို လှည့်ထွက်သွားလိုက်သည်။

ထွက်သွားပြီးနောက် နင်ယန်က နောက်မှချန်းကျားက ကုဝူကျိကို အလျင်စလိုပြောလိုက်သည့်စကားကို ကြားလိုက်ရသေးသည်။

"ဒီလိုလူကြောင့် အရူးလုပ်မခံနဲ့ ဒီကောင်က ရုပ်ရည်က တစ်ချက်ကြည့်လိုက်ရုံနဲ့ ရိုးသားတဲ့ပုံစံပေါ်ပေမယ့်လည်း လူကောင်းမဖြစ်နိုင်ဘူး"

"အကြံအစည်ကြီးတဲ့သူတွေကို ဖောက်မမြင်နိုင်ဘူးလေ၊ ဒါက လူလိမ်ဖြစ်နေနိုင်တယ်"

နင်ယန်ကမူ သူ၏အပြုံးကို မထိန်းထားနိုင်တော့ချေ။ သူကလည်း ထိုလူနှစ်ယောက်နှင့် မရင်းနှီးချင်တော့ဟုပင်ခံစားလိုက်ရသည်။ နင်မိသားစုမှပါရမီကြီးသော မွေးရာပါပါရမီရှင်တစ်ယောက်အနေနှင့် မိသားစုဝင်များ ကပင် သူ့ကိုမထိန်းချုပ်ရဲခဲ့ကြချေ။ ယခုမူ အပြင်တွင် ယခုလိုဆက်ဆံခံနေရသည်။ အမှိုက်ကပင် သူ့ကို လူလိမ်တစ်ယောက်ဟု စွပ်စွဲနေသေးသည်။

ဘယ်လောက်တောင် ရယ်ရတဲ့ဟာသလဲ။

သူ့တွင် အခြားသောတာဝန်ရှိနေသောကြောင့်သာမဟုတ်လျှင် သူက ထိုချန်းကျားကို သင်ခန်းစာပေးမိလောက်လေသည်။

သို့သော် သူက ထွက်သွားတော့မည့်အချိန်တွင် ရုတ်တရက် ဆရာသခင်ကုဆိုသော ချန်းကျား၏ပါးစပ်မှထွက်လာသော အသံကိုသတိရသွားပြီး တစ်ခဏခန့် ရပ်တန့်သွားသည်။ မည်သို့ပင်ဆိုစေ ရှားယန်ရှို့ကလည်း သူမြင်မြင်ချင်း ချစ်ကျွမ်းဝင်သွားသည့်အမျိုးသမီးကို ထိုသို့ခေါ်လေသည်။

ဆရာသခင်ကု သူမနဲ့ပတ်သက်ပြီး ဒီနာမည်ကလွဲပြီး အခြားဘာမှမသိထားဘူး

သို့သော် ထိုစကားလုံးသုံးလုံးက သူ၏နှလုံးသားထဲတွင်မူ ထွင်းထုထားသလို နက်ရှိုင်းစွာရှိနေခဲ့သည်။

သူကိုယ်တိုင်ကလည်း သည်အသိုင်းအဝိုင်းထဲတွင် ထိုကဲ့သို့သောနာမည်မျိုးကို ကြားဖူးသေးချေ။ နောက်လာမည့်ရှားမိသားစု၏ပွဲတွင် သူမကို ထပ်မြင်နိုင်မည်လားပင် မသေချာသေးချေ။ နင်ယန်ကိုယ်တိုင်ကလည်း အလွန်အမင်းစိုးရိမ်နေလေသည်။ သို့သော် ချန်းကျား၏ပါးစပ်မှထိုနာမည်ကို ကြားလိုက်သောအခါ ချန်းကျားက သိလိုက်နိုင်သည်ဟု ခံစားလိုက်ရသည်။

နင်ယန်က ချက်ချင်းခေါင်းလှည့်လိုက်သောအခါ ချန်းကျားက ကုဝူကျိကို စကားပြောနေပြီး ဆရာသခင်ကုဟု ဒလစပ်ခေါ်နေကြောင်းတွေ့လိုက်သည်။

နင်ယန်၏ခြေလှမ်းများက ရပ်တန့်သွားကြောင်းမြင်သောအခါ ကုဝူကျိနှလုံးသား ဖျတ်ခနဲခုန်သွားသည်။ သူကလည်းတစ်ဖက်သူက ချန်းကျား၏ခေါ်ဆိုမှုမှတစ်ဆင့် တစ်စုံတစ်ရာကို ရှာဖွေတော့မည့်အရေးကို စိုးရိမ်သွားမိသည်။ သူက ချန်းကျားကို သတိပေးရန်မေ့သွားခဲ့ခြင်းဖြစ်သည်။ သို့သော် သူက ချက်ချင်းစိတ်ငြိမ်သွားသည်။ သူကလည်း မကောင်းသောကိစ္စများလုပ်ခဲ့ခြင်းမရှိချေ။ ထို့ကြောင့် ကြောက်လန့်စရာ မရှိဟု ယူဆသည်။ ထို့ကြောင့် နင်ယန်ကဲ့သို့လူမျိုးကလည်း အကူပစ္စည်းများသုံးကာ ရုပ်ဖျက်ထားခြင်းကို ဖောက်မြင်နိုင်မည်မဟုတ်ချေ။

သို့သော် နင်ယန်နှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ မှားယွင်းနေသလို ခံစားနေရလေသည်။

အထူးသဖြင့် သူက ရုပ်ဖျက်ထားသောအချိန်က တစ်ဖက်သူ၏အပြုအမူဖြစ်သည်။ ထိုကိစ္စက အလွန်ဒုက္ခများသေး၏။ သူကသာ သူ၏နောက်ခံကို ရှာတွေ့သွားခဲ့မည်ဆိုလျှင် ကလဲ့စားချေသောကိစ္စမျိုးပင် ဖြစ်လာနိုင်သေးသည်။ လူ့အသိုင်းအဝိုင်း၏ တွေးတောထင်မြင်ပုံအရ အကြောင်းအရာပေါ်သွားသည့်အချိန်တွင် ဖြစ်လာနိုင်သည့်အကျိုးဆက်များကို ကုဝူကျိက မမြင်ချင်သေးချေ။

"ဒါက တကယ်ကိုဒုက္ခများတာပဲ"

ကုဝူကျိက သက်ပြင်းချသည်။

သူကိုယ်တိုင်လည်း နင်ယန်၏အရှေ့တွင် သူ၏နောက်ခံမပေါ်သွားရန် မျှော်လင့်မိသည်။

...

နင်ယန်က ထိုအခြေအနေကိုမြင်သောအခါ ရုတ်တရက် ကုဝူကျိ၏မျိုးရိုးနာမည်ကလည်း ကုဖြစ်ကြောင်း သတိရသွားသည်။

ချန်းကျားက အဲ့ဒီလိုခေါ်တာမအံ့ဩတော့ပါဘူး၊ ဒါပေမယ့် ဘာလို့ ကုဝူကျိကို ဒီလိုခေါ်တာလဲ၊ သူ့ကိုယ်သူ အဲ့ဒီဆရာသခင်ကုလိုမျိုး အင်အားကြီးတယ်လို့ ထင်နေတာလား။

ဒါမှမဟုတ် သူတို့နှစ်ယောက်ကြားမှာ အဆက်အသွယ်ရှိနေတာလား။

နင်ယန်က ရုတ်တရက် ရှားယန်ရှို့နှင့်ကုဝူကျိတို့ကလည်း သိကျွမ်းကြောင်း သတိရလိုက်သည်။ ရှားယန်ရှို့၏ကုဝူကျိအပေါ်အပြုအမူက ရုတ်တရက် အလွန်အမင်း ရင်းနှီးကျွမ်းဝင်လာခဲ့သည်မှာ ...

ဖြစ်နိုင်တာက ...

နင်ယန်က ရုတ်တရက် သူ၏အတွေးက အမှန်တရားနှင့် နီးစပ်သထက်နီးစပ်လာကြောင်း ခံစားလိုက်ရသည်။

"ဆရာသခင်ကုက ဒီကုဝူကျိကို သေချာပေါက်တွေ့ဖူးလောက်တယ်၊ ဒါကြောင့် သူ့နာမည်ကိုပြောတဲ့အခါ ဒီမျိုးရိုးနာမည်ကို ထုတ်ပြောခဲ့တာပဲဖြစ်လိမ့်မယ်"

နင်ယန်က ထိုသို့တွေးမိသွားသည်။

"သူမရဲ့နာမည်အရင်းက ကုနဲ့မပတ်သက်လောက်ဘူး၊ ဒါပေမယ့် သတိလက်လွတ် ဒီနာမည်ကိုထုတ်ပြောဖို့ ရွေးချယ်လိုက်တာပဲဖြစ်လိမ့်မယ်၊ ဒီတော့ ကုဝူကျိရဲ့မျိုးရိုးနာမည်ကို ထည့်ပြောတာက ဒီဘားကိုမလာခင် ကုဝူကျိနဲ့ဆုံခဲ့ဖူးလို့ပဲ၊ သူတို့နှစ်ယောက်မှာ ဆက်ဆံရေးကောင်းရှိနေတာမျိုးတောင်ဖြစ်နိုင်တယ်"

သူကလည်း ဆရာသခင်ကု၏နောက်ခံအစစ်အမှန်ကို ပို၍ပင် သိချင်စိတ်ပြင်းပြ လာသေးသည်။

ထိုလူနှစ်ယောက်က တစ်ယောက်ထဲဆိုသည့်အချက်ကိုမူ နင်ယန်က တွေးပင်မတွေးမိချေ။ မည်သို့ပင်ဆိုစေ

မိန်းမတစ်ယောက်နဲ့ယောက်ျားတစ်ယောက်က ဘာလို့ တစ်ယောက်တည်း ဖြစ်နိုင်မှာလဲ၊ သူက အဲ့ဒီလောက်အထိမတုံးပါဘူး။

Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။

Continue Reading

You'll Also Like

1.1M 234K 168
MinervaLance အရင် acc က ဝင်မရလို့ အခု Acc အသစ်မှာ အဆက်ကို ဆက်တင်ပေးနေတာပါ။ ပထမအုပ်ကို My Works Reading List ထဲမှာ ရှာလို့ရပါတယ်။ ဟုတ်ကဲ့... အရင်က Mi...
304K 42.3K 114
🔅 𝐁𝐨𝐨𝐤 𝐈 - ( 𝙲𝚑𝚊𝚙𝚝𝚎𝚛𝚜 𝟷 ~ 𝟷𝟶𝟶 + 𝚊𝚍𝚍𝚒𝚝𝚒𝚘𝚗 𝟷𝟶 𝚌𝚑𝚊𝚙𝚝𝚎𝚛𝚜) 𝗦𝘁𝗮𝘁𝘂𝘀📍 - 𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 𝗩𝗼𝗹𝘂𝗺𝗲 𝟭 ✅🟢 [သ...
104K 14.5K 105
ဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို ရှုစားရမည့် ဝတ္ထုဖြစ်သည်။
37.1K 1.8K 199
(တကယ်ဖြစ်ရပ်မယ်များ) ပရလောက/အိမ်**) ဂရုကနေတွေ့လိုcopyလာတာပါရှင့် ပိုင်ရှင်များပြန်ဖျတ်ခိုင်းရင်ဖျတ်ပေးပါမယ်ရှင့်