နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်...

By Swae_Nyoe

268K 35.2K 1.1K

ဘာသာပြန်သူ - Swae Nyoe Team, ဆုမြတ်လှိုင် More

Description
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁.၁
အခန်း ၂၁.၂
အခန်း ၂၂ .၁
အခန်း ၂၂.၂
အခန်း ၂၃.၁
တယ်လီဂရုကြေညာချက်..
အခန်း ၂၃.၂
အခန်း ၂၃.၃
အခန်း ၂၃.၄
အခန်း ၂၄.၁
အခန်း ၂၄.၂
အခန်း ၂၄.၃
အခန်း ၂၅.၁
အခန်း ၂၅.၂
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈.၁
အခန်း ၂၈.၂
အခန်း ၂၉.၁
အခန်း ၂၉.၂
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
Notice!!
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
အခန်း ၄၀
အခန်း ၄၁
အခန်း ၄၂
အခန်း ၄၃
အခန်း ၄၄
အခန်း ၄၅
အခန်း ၄၆
အခန်း ၄၇
အခန်း ၄၈
အခန်း ၄၉
အခန်း ၅၀
အခန်း ၅၁
အခန်း ၅၂
အခန်း ၅၃
အခန်း ၅၄
အခန်း ၅၅
အခန်း ၅၆
အခန်း ၅၇
အခန်း ၅၈
အခန်း ၅၉
အခန်း ၆၀
အခန်း ၆၁
အခန်း ၆၂
အခန်း ၆၃
အခန်း ၆၄
အခန်း ၆၅
အခန်း ၆၆
အခန်း ၆၇
အခန်း ၆၈
အခန်း ၆၉
အခန်း ၇၀
အခန်း ၇၁
အခန်း ၇၂
အခန်း ၇၃
အခန်း ၇၄
အခန်း ၇၅
အခန်း ၇၆
အခန်း ၇၇
အခန်း ၇၈
အခန်း ၇၉
အခန်း ၈၀
အခန်း (၈၁)
အခန်း ၈၂
အခန်း ၈၃
အခန်း ၈၄
အခန်း ၈၅
အခန်း ၈၆
အခန်း ၈၇
အခန်း ၈၈
အခန်း ၉၀
အခန်း ၉၁
အခန်း ၉၂
အခန်း ၉၃
အခန်း ၉၄
အခန်း ၉၅
အခန်း ၉၆
အခန်း ၉၇
အခန်း ၉၈
အခန်း ၉၉
အခန်း ၁၀၀
အခန်း ၁၀၁
အခန်း ၁၀၂
အခန်း ၁၀၃
အခန်း ၁၀၄
အခန်း ၁၀၅
အခန်း ၁၀၆
အပိုင်း ၁၀၇
အခန်း ၁၀၈
အခန်း ၁၀၉
အခန်း ၁၁၀
အခန်း ၁၁၁
အခန်း ၁၁၂
အခန်း ၁၁၃
Telegram ကို လာခဲ့နော်
အခန်း ၁၁၄
အခန်း ၁၁၅
Completed in Telegram
Part 116
Part 117

အခန်း ၈၉

1.1K 162 2
By Swae_Nyoe

အပိုင်း ၈၉

ကုဝူကျိက အသက်ကိုအငမ်းမရရှူနေရသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက အေးစိမ့်လာကြောင်းလည်းခံစားမိနေသည်။ အအေးဓါတ်က ကိုယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာပြီး တဆတ်ဆတ်တုန်နေစေသည်။

သူက ကြမ်းပြင်မှကုန်းထနိုင်ရန် ရုန်းကန်ရသည်။ သူ၏ခန္ဓာကိုယ်က ထိန်းချုပ်မှုမှ လွတ်ကင်းနေသလို လှုပ်ရှားရန်အလွန်ခက်ခဲသွားသည်။

ကုဝူကျိကိုယ်တိုင်လည်း သူ မည်သည့်နေရာသို့ရောက်နေကြောင်း မသိခဲ့ချေ။ သူ၏ပတ်ပတ်လည်တွင်ကြီးစိုးနေသည်မှာ အမှောင်ထုသာဖြစ်သည်။ အမှောင်ထုအတွင်းတွင် မရေမတွက်နိုင်သောသရဲပေါင်းများစွာက ပုန်းကွယ်ကာ ရှိနေသလို ခပ်ရေးရေးခံစားမိနေသည်။ သူတို့က သူ့က အမှောင်ထဲမှကြည့်နေသည်ဆိုသော ခံစားချက်မျိုးရနေ၏။

"အခုလေးတင် ..."

ကုဝူကျိကလည်း သူ့ကိုအနက်ရောင်မြူထုများက လွှမ်းခြုံသွားကြောင်း သိလိုက်သည်။ သူက ကြောင်တောင်တောင်နိုင်သည့် အခြားသော အာကာသပြင်တစ်ခုအတွင်းသို့ ဝင်ရောက်သွားနိုင်ခြင်းဖြစ်နိုင်သည်။ ထို့ကြောင့် သူအမြန်ဆုံးပြန်လာရန် မျှော်လင့်သည်။

သို့ရာတွင် သူ အရေးကြီးဆုံးအချိန်တွင် ထုတ်ခဲ့သည့်အရာက သရဲများက သူ့ကိုချစ်ကျွမ်းဝင်နိုင်သည့် အဆောင်လက်ဖွဲ့တစ်ခုဖြစ်ကြောင်း သတိရသွားသောအခါ ကုဝူကျိက တိတ်ဆိတ်သွားသည်။

နွယ်ပင်တွေက ဘယ်လိုများ ချစ်စိတ်ရှိမှာလဲ။

ကုဝူကျိကလည်း ခက်ခက်ခဲခဲဖြင့်ရှေ့သို့ဆက်လျှောက်သည်။ သူ ရှေ့သို့ဆက်လျှောက်လိုက်လျှင် မည်သည့်အရာကိုတွေ့ရနိုင်ကြောင်း ကြိုမသိရသေးချေ။ သို့သော် တစ်စုံတစ်ယောက်က သူ့ကိုခက်ခဲလွန်းနေသလို ခံစားနေရသည်။ သိပ်မကြာခင် ကုဝူကျိက သူ့အရှေ့ သိပ်မဝေးသောနေရာမှ ပိန်းပိတ်အောင်မဲမှောင်နေသော အခါင်းတစ်ခုကိုမြင်လိုက်ရသည်။ ထိုအခေါင်းကို မရေမတွက်နိုင်အောင် များပြားသည့် နက်မှောင်နေသော ဆူးချွန်များအပြည့်ပါသည့်နွယ်ပင်များက ဝိုင်းထားသည်။ ထိုနည်းအားဖြင့် ထိုနေရာက အလွန်အမင်းခြောက်ခြားဖွယ် တိတ်ဆိတ်ကြီးစိုးသောခံစားချက်မျိုးကို ပေးစွမ်းလာသည်။

သူက အရှေ့သို့တဖြည်းဖြည်းချင်းလျှောက်သည်။ ထိုအချိန်တွင် ထိုနေရာတွင်ရှိနေသည့် သရဲများကပင် အခေါင်းနားသို့မကပ်ရဲကြောင်း တွေ့လိုက်သည်။ ထိုသရဲများ၏မျက်နှာတွင်ပင် အလွန်အမင်းထိတ်လန့်သောမျက်နှာထားမျိုးကို ဖော်ထုတ်ပြသနေသည်။ သူတို့ကကြောက်နေကြသည်။

ကုဝူကျိကလည်း ထိုအခေါင်းက အလိုလိုလှုပ်နေကြောင်း သိလိုက်သည်။ အထဲမှ တစ်စုံတစ်ရာက ခုန်ထွက်လာတော့မလိုဖြစ်နေသည်။ ထိုသို့ဖြင့်သူ၏ခန္ဓာကိုယ်က တောင့်တင်းသွားသည်။သို့သော် ထို့နောက်တစ်ခဏတွင် ရုတ်တရက် အနောက်ဘက်မှ အားတစ်ခုပေါက်ထွက်လာပြီး သူ့ကိုအရှေ့သို့ပို့သည်။

သို့သော် သူက အရှေ့သို့မရောက်သွားခဲ့ပဲ ဒီအတိုင်းရပ်လျက်သား ရှုပ်ထွေးနေသည်။

လေထုကပင် ကြောင်တောင်နိုင်သွားသည်။

ကုဝူကျိက ခေါင်းလှည့်ကြည့်လိုက်သောအခါ မည်သည့်အရာကိုမျှ မမြင်ရချေ။ အစကတည်းက မည်သူ၏အသက်ရှူသံကိုမျှ မကြားရချေ။

"ဒီနေရာက ဘာတွေဖြစ်နေတာလဲ"

ကုဝူကျိက သံသယအပြည့်ဖြင့် ခေါင်းလှည့်ကြည့်လိုက်သောအခါ မြင်လိုက်ရသည့်ရှေ့မှမြင်ကွင်းကြောင့် ကြောင်သွားသည်။

...

ကုဝူကျိက နိုးလာသောအခါ သူကိုယ်တိုင်လည်း ထိုစာကြည့်တိုက်ထဲတွင်ရှိနေကြောင်း သိလိုက်ရသည်။ လုယွမ်ကျိုးက သူ့ကိုဘေးမှ စိုးရိမ်မှုအပြည့်ဖြင့်ကြည့်နေသည်။ သွေးစုပ်ဖုတ်ကောင်ကမူ အံ့အားသင့်စရာကောင်းလောက်အောင် အနားတွင် ရိုးရိုးသားသားမျက်နှာလေးဖြင့် ရပ်နေသည်။

"မင်း နောက်ဆုံးတော့နိုးလာပြီလား"

လုယွမ်ကျိုးက ထိုအခါမှသာ စိတ်အေးသွားပြီး ကုဝူကျိအခြေအနေကို စစ်ဆေးတော့မည့်အချိန်တွင် သွေးမျိုးနွယ်ဝင်ဘာရန်က ရုတ်တရက် အရှေ့သို့ခုန်ဝင်လာပြီး သူ့ကို တွန်းထုတ်ကာ ကုဝူကျိကို အလွန်အမင်း ဖားယားလွန်းသောမျက်နှာထားမျိုးဖြင့်ကြည့်သည်။

လုယွမ်ကျိုး "..."

သူတို့က သူ့အသက်ကိုကယ်ခဲ့တာဆိုပေမယ့်လည်း သည်သွေးမျိုးနွယ်ဝင်က လွတ်လာပြီးကတည်းက သူ့ရဲ့ပုံစံက ဗီလိန်ပုံစံပေါက်မနေဘဲ အရမ်းကို ရင်းနှီးကျွမ်းဝင်နေသည့် npc ပုံစံပေါက်နေတယ်၊ နောက်ပြီး ခြေထောက်ကို လျှက်တော့မယ့်ခွေးတစ်ကောင်လိုပုံစံက ဘာလဲ၊ လာစမ်းပါ။

လုယွမ်ကျိုးကလည်း သူ ထပ်ပြီးအံ့အားသင့်စရာကောင်းသော အရာများ မကြုံတွေ့နိုင်တော့ဟုပင် ခံစားနေရသည်။ သူက ကုဝူကျိနှင့်အသင်းဖွဲ့လိုက်သည်နှင့် သရဲပင်ဖြစ်စေ လူမဟုတ်သောသတ္တဝါများပင်ဖြစ်စေ ကောင်းမွန်သော ခံစားချက်များရှိနေကာ သူတို့အပေါ် အမြင်ကောင်းရှိလာသောကိစ္စက နေ့စဉ်ကြုံတွေ့ရမည့်ကိစ္စ ဖြစ်လာသည်။

သူကိုယ်တိုင်လည်း အနာဂါတ်တွင် လွတ်လပ်ပေါ့ပါးသော ယခုလိုဘဝမျိုးကို ကျင့်သားရသင့်သည်။

ဘာရန်က ကုဝူကျိကို ပူပြင်းတောက်လောင်နေသည့်မျက်ဝန်းမျိုးဖြင့် ကြည့်သည်။ သူ့အရှေ့မှလူက သာမန်လူသားတစ်ယောက်ဟု သူ မယုံတော့ချေ။ အံ့အားသင့်စရာကောင်းသောအင်အား၊ တည်ငြိမ်သော အပြုအမူအားလုံးက အင်အားကြီးမားသော အထက်တန်းလွှာလူသားတစ်ယောက်ဟုပင် ခံစားနေမိသည်။ သူက ယခင်ကသာ အလျင်စလိုပြေးသွားပြီး တစ်ဖက်သူကိုတိုက်ခိုက်ခဲ့မည်ဆိုလျှင် သူ ယခုဒုက္ခိတဖြစ်နေလောက်လေပြီ။ ထို့အပြင် သူကိုယ်တိုင်လည်း အလွန်ထူးခြားလွန်းသော သွေးရနံ့ကိုရခဲ့သော်လည်း ထိုသွေးက အလွန်အမင်း အရည်အသွေးမြင့်သည့် သွေးဖြစ်နေသည်။ ရနံ့ကပင် သူ၏ဘဝသက်တမ်းတစ်လျှောက် မခံစားဖူးသော ရနံ့မျိုးဖြစ်နေသည်။ လူသားတစ်ယောက်တွင် ထိုသို့သောသွေးမျိုးကို ပိုင်ဆိုင်ထားမည်မဟုတ်ချေ။

ထိုအကြောင်းပြချက်များကြောင့် ဘာရန်က ယခုအခြေအနေကို အရှင်ဖြစ်သူအား တင်ပြသင့်ကြောင်းခံစားမိနေသည်။သို့သော် ယခင်က အနက်ရောင်မြူထုထဲတွင် သေလုနီးပါးဖြစ်သွားခဲ့သည့် အခြေအနေအကြောင်းတွေးမိသော် ထို့အပြင် သူ့အား ကုဝူကျိက ကယ်ခဲ့သောအချက်ကို ထပ်ပေါင်းထည့်လိုက်ပြီး ဒီကိစ္စကို လျှို့ဝှက်ချက်အဖြစ် ထားပေးချင်သွားသည်။

အခမ်းအနားပွဲက ထင်သလောက်မရိုးရှင်းနိုင်ချေ။ မစခင်ကတည်းက ကိစ္စပေါင်းများစွာ ဖြစ်နေနှင့်လေပြီး သူတို့ကသာ သတိမထားမိလျှင် အနက်ရောင်မြူထုက သူတို့ကို ဝါးမြိုသွားလောက်လေပြီ။

လုယွမ်ကျိုးအတွက်ကမူ ဘာရန်၏အမြင်တွင် သူက သည်အတိုင်း သတိမဲ့သော ကောင်ငယ်လေးတစ်ယောက်သာဖြစ်သည်။ ထို့ကြောင့် သူ့ကိုလျစ်လျူရှုထား၍ရသည်။

ဘာရန်က ကုဝူကျိ၏ပေါင်လုံးကို ဖက်ချင်စိတ်ပြင်းထန်နေသည်။ ထို့ကြောင့် သူက ချက်ချင်းပြောလိုက်သည်။

"မင်း အဆင်ပြေရဲ့လား"

"ငါ အဆင်ပြေပါတယ်၊ အခု ဘာတွေဖြစ်သွားတာလဲ"

သူက လုယွမ်ကျိုးကိုကြည့်သည်။

"အခုလေးတင် ငါတို့ ..."

လုယွမ်ကျိုးက ဖြေတော့မည့်အချိန်တွင် ဘာရန်က ချက်ချင်းဆိုသလို အမှတ်ဝင်ယူကာ အလျင်စလိုပြောသည်။

"ငါတို့ အနက်ရောင်မြူထုထဲကိုဝင်ရောက်သွားတဲ့အချိန်မှာ ... မင်းလုပ်လိုက်တဲ့ အဲ့ဒီကိစ္စကိုပဲ ကျေးဇူးတင်ရမယ်၊ ဆူးတွေအားလုံးက ချက်ချင်းပြန်ဆုတ်သွားတယ်၊ အနက်ရောင်မြူထုကလည်း သိပ်မကြာခင်မှာ ပျက်ပြယ်သွားတာပဲ"

ထိုကိစ္စက တိုက်ဆိုင်မှုမဟုတ်မှန်း လူတိုင်းသိနေသည်။ အကြောင်းမူကား ထိုဆူးချွန်ပါသောနွယ်ပင်တိုင်းက မြေကြီးထဲသို့ပြန်လည်ဝင်ရောက်သွားသလို နောက်ပြန်ဆုတ်သွားကြောင်း သူတို့အားလုံးမြင်ခဲ့ရသည်။ ထို့အပြင် ထိုဆူးချွန်ပါသောနွယ်ပင်များ၏အပြုအမူကပင် ကုဝူကျိအပေါ် ညင်သာနေသေးသည်။

ထို့ကြောင့် အရူးကပင် မည်သည့်အတွက်ကြောင့် ထိုဆူးချွန်နွယ်ပင်များ နောက်ဆုတ်သွားကြောင်း ခန့်မှန်းမိပေလိမ့်မည်။ ထို့ကြောင့် ဘာရန်က ကုဝူကျိ၏ပေါင်လုံးကိုဖက်ရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။ သူကဲ့သို့ သွေးအထက်တန်းလွှာမျိုးနွယ်ဝင်တစ်ယောက်က မရူးချေ။

ကုဝူကျိကခေါင်းငြိမ့်သည်။

"ငါသိပြီ"

ထိုအချက်ကတစ်ဆင့် လုယွမ်ကျိုးပင်ဖြစ်စေ၊ ဘာရန်ပင်ဖြစ်စေ ထိုအာကာသပြင်အတွင်းသို့ မဝင်ရောက်ခဲ့ကြောင်းသိသာသွားသည်။ သူတစ်ယောက်တည်းကသာ ဝင်နိုင်ခဲ့ခြင်းဖြစ်သည်။

သူက မတ်တပ်ထရပ်တော့မည့်အချိန်တွင် အနားတွင်ရှိသော ဘာရန်က ချက်ချင်းဆိုသလိုရှေ့ထွက်ပြီး သူ့ကို ကူညီပေးသည်။ ထိုအပြုအမူက လုယွမ်ကျိုးကို တိတ်ဆိတ်သွားစေသည်။

ကုဝူကျိက ဟိုဟိုဒီဒီကြည့်လိုက်သောအခါ စာကြည့်တိုက်က အပျက်အစီးပုံအဖြစ် ပြောင်းနေကြောင်းမြင်လိုက်ရသည်။ စာအုပ်များကလည်းပျက်စီးသွားသည်။ တစ်ခုတည်းသောကျန်ခဲ့သည့်စာအုပ်က သူ အင်္ကျီအိတ်ကပ်ထဲသို့ထည့်သိမ်းထားသည့် စာအုပ်လေးဖြစ်သည်။ ကံကောင်းစွာဖြင့် သူက ဦးစွာသိမ်းခဲ့မိသည်။ ထိုသရဲမအတွက်ကမူ သူ၏ကိုယ်တွင် ကပ်တွယ်လျက်သားရှိနေသေးသည်။ တစ်ဖက်သူက အလွန်အမင်းကြောက်လန့်နေသလို၊ ကိုမာဝင်သွားသလိုဖြစ်နေသည်။ ထို့နောက် သူ၏ကြောက်လန့်လွန်းသော ခံစားချက်ကိုလည်း ကုဝူကျိက ခံစားမိနေသေးသည်။

"ငါ သူမအတွက်တော့ နည်းနည်းစိတ်မကောင်းဖြစ်မိတယ်၊ နောက်တစ်ကြိမ်မှ သူမရဲ့မိတ်ဆွေကို ကူရှာပေးလိုက်တော့မယ်"

ကုဝူကျိက ချက်ချင်းဆိုသလို ထိုနေရာတွင် ထထိုင်လိုက်သည်။ သူ၏လက်ထဲတွင်လည်း မှတ်စုစာအုပ်က ပါလာသည်။ သူက မှတ်စုစာအုပ်ကို တဖျပ်ဖျပ်လှန်ကြည့်သည်။ ကပွဲက သိပ်မဝေးတော့ချေ။ ထို့ကြောင့်အပြင်သို့ထွက်ပြီးမှ ဖတ်နေလျှင် ဒုက္ခများနိုင်သေးသည်။ ထို့ကြောင့် ပို၍လုံခြုံသည်ဟုထင်ရသည့် သည်နေရာတွင် ဖတ်သွားခြင်းက ပို၍ကောင်းနိုင်သည်။

လုယွမ်ကျိုးက မျက်နှာအနည်းငယ်ပျက်ယွင်းသွားသည်။ သူပိုင်သည့်သရဲမက မပျောက်သွားခဲ့သော်လည်း အနက်ရောင်မြူထုကြောင့် သူမ၏အင်အားအများစုက ကုန်သွားသည်။ ထို့ကြောင့် သည်ပုံတူလောကထဲတွင် ဆင့်ခေါ်ရန်မဖြစ်နိုင်တော့ချေ။

ငါ မမျှော်လင့်ထားတာက ဒီပုံတူလောကက ဒီလောက်အထိ ကြောက်စရာကောင်းနေတာပဲ၊ ဒါပေမယ့် ကံကောင်းစွာနဲ့ ဒီအခြေအနေကြောင့် သတင်းအများကြီးရလိုက်တယ်၊ ဒါကြောင့် အဲ့ဒီအမည်မသိရတဲ့တည်ရှိမှုအပေါ် အနည်းနဲ့အများတော့နားလည်လိုက်ပြီ၊ သရဲမ မရှိရင်တောင်မှ သူတို့ သည်ပုံတူလောကထဲကနေ အရှင်လတ်လတ်ထွက်နိုင်လောက်မှာပါ။

ဒါပေါ့ ... လုယွမ်ကျိုး အသက်ရှင်နိုင်မယ်လို့ ယုံကြည်နေတာက ကုဝူကျိရှိနေလို့ပဲ။

"ဘာရန် ဒီအခမ်းအနားပွဲက ဘာကိုခေါ်တာလဲဆိုတာ မင်းသိလား"

ကုဝူကျိက ဘာရန်ကိုလှည့်ကြည့်ကာပြောလိုက်သည်။

ထိုမှတ်စုစာအုပ်ထဲ မှတ်တမ်းတင်ထားသည့်အရာများက အလွန်ရှုပ်ထွေးနေသည်။ သတင်းများကလည်း အမြောက်အမြားပျောက်ဆုံးနေသည်။ ထို့ကြောင့် ကိုယ်တိုင်သာဖတ်ရှုမည်ဆိုလျှင် အချိန်အများကြီးကုန်နိုင်သည်။ ထို့အပြင် မှတ်စုထဲပါ အချက်အလက်များကြောင့် ရဲတိုက်ထဲတွင် ရှာဖွေနေရအုံးမည်ဖြစ်သည်။

သာမန်ကစားသမားများက အနက်ရောင်မြူထုများမပျံ့ခင် စာကြည့်တိုက်ထဲသို့ဝင်ပြီး အခမ်းအနားဆိုင်ရာမှတ်စုများကို ရှာဖွေရအုံးမည်ဖြစ်လေရာ သူတို့အနေဖြင့် စာအုပ်ထဲမှ ကိစ္စအမြောက်အမြားကိုလည်း ဖြေရှင်းရအုံးမည်ဖြစ်သည်။ ထို့နောက် အရာအားလုံးရှာပြီးသောအခါ အချိန်ကအလွန်နောက်ကျနေပြီး ထိုထဲမှ တစ်ယောက် နှစ်ယောက်သာ ရှင်သန်နိုင်တော့မည်ဖြစ်သည်။

သို့ရာတွင် ယခုကဲ့သို့အခြေအနေမျိုးက ကုဝူကျိထံတွင်မတည်ရှိချေ။ မည်သို့ပင်ဆိုစေ သူက လျှို့ဝှက်အမြောက်အမြားကိုသိသည့် သက်ရှိ npc တစ်ယောက်ကို အနားတွင်ခေါ်ထားပြီးသားဖြစ်လေရာ တစ်ဖက်သူကလည်း သူ့ကို ခွေးသခင်တစ်ယောက်ကဲ့သို့ ဆက်ဆံနေလေရာ မေးမြန်းနိုင်လေပြီ။

သာမန်လူများက ယခုကဲ့သို့ npc များနှင့်တွေ့နိုင်ခြေရှိသည့်တိုင်အောင် အများကြီးမေးမိလျှင် ဖြစ်နိုင်မည့်အရာများကိုလည်း ကြောက်နေလောက်သည်။ သို့သော် ကုဝူကျိကမူ ဘာရန်ကို သူ့လူအဖြစ်သတ်မှတ်လိုက်ပြီဖြစ်သည်။ ထို့ကြောင့် မေးချင်တာမှန်သမျှမေးနိုင်သည်။

ဘာရန်က အနည်းငယ်ကြောင်တောင်တောင်ဖြစ်သွားသည်။

ဒီလောက်အင်အားကြီးတဲ့ပုဂ္ဂိုလ်က ဒီအခမ်းအနားပွဲအကြောင်းမသိဘူးလား။

သို့သော် တစ်ဖက်သူက တမင်ဟန်ဆောင်သည်ဟုထင်လိုက်ပြီး သူက အပြည့်အဝပူးပေါင်းပေးနိုင်ရန်အလို့ငှာ ယခုမှသာ သိသွားသည်ဟု ယူဆလိုက်ပြီး ပြောပြရန်ဆုံးဖြတ်လိုက်သည်။

"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာအကြာကပေါ့၊ ငါလည်းသေချာတော့မသိဘူး၊ ဒါပေမယ့် ငါ သတိထားမိတဲ့အချိန်ကစပြီး ဒီနေရာက တားမြစ်နယ်မြေကြီးဖြစ်နေတာပဲ၊ အခမ်းအနားပွဲကျင်းပတဲ့အခါမှာ အခြားလူတွေဝင်လို့ရတယ်"

ဘာရန်က ပြောသည်။ သူ၏မျက်နှာတွင်အပြုံးကရှိနေသည်။

ကုဝူကျိက ခေါင်းငြိမ့်သည်။ ထိုအချက်ကပင် သည်ရဲတိုက်ထဲတွင်ရှိနေသည့် သွေးစုပ်ဖုတ်ကောင်တိုင်းနှင့် အခြားသောဖယ်ရှားခံလိုက်ရသည့် ဧည့်သည်တိုင်းက ထိုအကြောင်းအရာကိုသိထားပြီးကြောင်း သိလိုက်သည်။ မြို့အပြင်ဘက်ရှိရွာထဲမှ သာမန်သက်ရှိလူများကသာ ဘာမှမသိထားခြင်းဖြစ်သည်။

ဒါပေမယ့် သာမန်သက်ရှိလူတွေက တကယ်သာမန်ဟုတ်ရဲ့လား။

"နောက်ပြီး ရဲတိုက်ထဲမှာ ချိတ်ပိတ်ထားတယ်ဆိုတဲ့ အဲ့ဒီအရာက အရမ်းကိုကြောက်စရာကောင်းတဲ့တည်ရှိမှုကြီးပဲ၊ အဲ့ဒါသာ လွတ်သွားရင် ဒီနေရာတင်မကဘူး၊ ဒီတစ်တိုင်းပြည်လုံး သက်ရောက်ခံရမှာ၊ ဒါကြောင့် အချိန်ကျတာနဲ့ အခမ်းအနားကျင်းပပြီး ဒီကြောက်စရာကောင်းတဲ့တည်ရှိမှုကို ဖိနှိမ့်ဖို့လိုအပ်နေတာပေါ့"

ထိုသို့ပြောလိုက်သည့်ဘာရန်၏မျက်လုံးထဲတွင် ကြောက်လန့်မှုများက ထင်းနေသည်။

"ငါ အစကတော့ အလေးအနက်မထားခဲ့ဘူး၊ ဒီအတိုင်း ချဲ့ကားတယ်ပဲ ထင်နေတာ၊ အခုမှ ဒီကိစ္စက ဒီလောက်အရေးကြီးတာကို သိလိုက်ရတယ်၊ နောက်ပြီး အရင်က ဘာကြောင့်မှန်းမသိဘဲ သေသွားခဲ့ရတဲ့အရှင်ရဲ့သတင်းကိုလည်း ကြားဖူးတယ်"

ကုဝူကျိကပြောသည်။

"အပြင်ကရွာက မကြာခဏဆိုသလို တားမြစ်နယ်မြေထဲကို အခေါ်ခံရတယ် မဟုတ်လား၊ ဒီလိုခေါ်တဲ့ရည်ရွယ်ချက်က ဘာလဲ"

မည်သို့ပင်ဆိုစေ သွေးမျိုးနွယ်ဝင်များက လူသားများနှင့် ငြိမ်းချမ်းစွာ နေနိုင်ကတည်းက ထူးဆန်းနေလေပြီ။

ဘာရန်၏မျက်နှာတွင် အထင်သေးသောမျက်နှာထားမျိုးကပေါ်လာသည်။ သူက ကုဝူကျိကိုမူ လူသားတစ်ယောက်ဟုမသတ်မှတ်ချေ။ ထို့ကြောင့် လုယွမ်ကျိုးကိုလည်း မကြောက်လန့်လေရာ သူက အဆိပ်နှင်သောသတ္တဝါများအကြောင်း တွေးတောသလို တွေးတောပြီးနောက်ဖြေသည်။

"ဒါပေါ့ ဒီလူတွေက ဒီချိပ်စည်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာမှာပေါ့၊ ငါကိုယ်တိုင်လည်း ဘာကြောင့်မှန်းမသိပေမယ့် သက်ရှိလူသားတွေရဲ့တည်ရှိမှုက ချိပ်စည်းကို တည်ငြိမ်အောင်လုပ်ပေးနိုင်တယ်၊ ဒါကြောင့် ရွာရဲ့အနီးအနားက ရွာတိုင်းက လူသားဆယ်ယောက်ကျော်လောက်ကို လိုအပ်တယ်လေ၊ ဒီအတွက်ကြောင့်ပဲ ဒီရွာက လူတွေကို ဆိုးဆိုးရွားရွားဆက်ဆံလို့မရတာပေါ့"

ဘာရန်ကပြောသည်။

"ဒီချိတ်စည်းလျော့သွားတာနဲ့ အဲ့ဒီတည်ရှိမှုရဲ့စွမ်းအားတွေက ယိုဖိတ်ထွက်လာလိမ့်မယ်၊ အတိုချုံးပြောရရင် ဒီပတ်ဝန်းကျင်တစ်ခုလုံးက ပြောင်းလဲသွားလိမ့်မယ်၊ အချို့လူသားတွေတောင်မှ သက်ရောက်ခံရပြီး မကောင်းဆိုးဝါးတွေ ဖြစ်သွားနိုင်တယ်၊ ဒီလိုနဲ့ သူတို့ပင်ကိုယ်အသိစိတ် ပျောက်ဆုံးသွားကြတာပေါ့"

ထိုစကားကိုကြားရသောအခါ ကုဝူကျိကလည်း မည်သည့်အတွက်ကြောင့် ဆယ်စုနှစ်နီးပါးကြာပြီးသည့်တိုင်အောင် အပြင်ဘက်ရှိရွာမှ အခြေအနေများက ထူးဆန်းစွာ ဖြစ်ပျက်မှုများရှိနေကြောင်း နားလည်လိုက်သည်။ ကြည့်ရသည်မှာ အရာအားလုံးက ရဲတိုက်ထဲမှ စည်းတံဆိပ်ကြောင့်ဖြစ်နိုင်လောက်သည်။

ဝံပုလွေမိန်းကလေးက ယခင်က လူသားတစ်ယောက်ဖြစ်နိုင်သည်။ သို့သော် သူမက ထိုစွမ်းအား၏ သက်ရောက်မှုခံရပြီး ပြောင်းလဲသွားခြင်းဖြစ်နိုင်သည်။ ရွာထဲတွင်လည်း သာမန်လူအများကြီး မကျန်ရှိလောက်တော့ချေ။ သူတို့က မကြာခဏဆိုသလို ကြောင်တောင်တောင်နိုင်သည့်ကိစ္စမျိုးများကဖြစ်ပျက်နေခဲ့ပြီး ဆိုးရွားသောအခြေအနေများကို ဆက်တိုက်ကြုံတွေ့နေရခြင်းဖြစ်သည်။

"ဒါပေမယ့် ဒီမကောင်းဆိုးဝါးတွေက ကိုင်တွယ်ဖို့ခက်ခဲတယ်ဆိုပေမယ့်လည်း ငါတို့နဲ့တော့မဆိုင်ဘူး၊ သူတို့က ဒီအတိုင်း အရှင်အတွက်တည်ရှိနေတဲ့အရာတွေပဲ"

ဘာရန်က သူကိုယ်တိုင်နှင့် သည်ကိစ္စက မသက်ဆိုင်သလိုမျိုးဖြင့်ပြောသည်။

"ဒါဆိုရင် ဒီညပွဲက ဒီလူတွေကိုစတေးဖို့ပေါ့၊ ဒါဆို ဘာလို့ဒီလူတွေကို လိုက်မဖမ်းလိုက်တာလဲ"

ကုဝူကျိက အံ့အားသင့်သွားသည်။

"ငါတို့ကို ရဲတိုက်ထဲမှာလျှောက်သွားစေတာက ကောင်းတဲ့အခြေအနေမှ မဟုတ်တာ"

"ဒီအခမ်းအနားပွဲက လူသားတွေအတွက် သီးသန့်မဟုတ်ဘူး"

ဘာရန်ကပြောသည်။

"အဲ့ဒီအချိန်ကျရင် အဲ့ဒီနေရာမှာသရဲတွေရှိနေရင် သရဲတွေကလည်း အခမ်းအနားပွဲကို ရောက်လာမှာပဲ၊ စတေးခံတ ွေသေသွားရမယ်ဆိုရင်တောင်မှ သူတို့ရဲ့ဝိဉာဉ်က ရဲတိုက်ထဲက လွတ်မြောက်နိုင်မှာမဟုတ်ဘူး"

"ဒါပေါ့ ..."

ဘာရန်က ကုဝူကျိကို ချီးကျူးရန်လည်းမမေ့ချေ။

"မင်းလိုမျိုးလူရိုးက ဘယ်လိုများစတေးခံရမှာလဲ"

"ကျေးဇူးတင်ပါတယ်"

ဆိုတော့ဒီလိုကိုး။

ကုဝူကျိကလည်း နောက်ထပ်ကိစ္စတစ်ခုကိုတွေးမိသွားသည်။ သူနှင့်အတူရှိနေသည့် သရဲမ၏အပေါင်းအဖော်ကို တွေးမိသွားခြင်းဖြစ်သည်။

သူမက သည်ရဲတိုက်ထဲတွင် ထိုအပေါင်းအဖော်သူငယ်ချင်းမိတ်ဆွေကို လိုက်ရှာရမည်ဖြစ်သည်။ ထို့ကြောင့် ကောက်ရိုးပုံထဲအပ်ပျောက်ရှာရသလိုဖြစ်နေသည်။ ယခုလောက်ကြီးသောရဲတိုက်ကြီးထဲတွင် သရဲမတစ်ယောက်ကို လိုက်ရှာရသောကိစ္စက အလွန်အမင်းခက်ခဲသည်။သို့သော် ထိုပွဲကသာ သရဲမကိုဆွဲဆောင်နိုင်မည်ဆိုလျှင် သည်တာဝန်မှ ပြီးမြောက်နိုင်လိမ့်မည်။

ထိုတစ်ယောက်ကိုတွေးမိသော် ကုဝူကျိက စိတ်အေးသွားသလိုသက်ပြင်းချသည်။ ထို့နောက် ဘာရန်ကိုပြောသည်။

"ငါ မင်းကိုမေးစရာရှိသေးတယ်၊ မင်းဒုက္ခများတယ်လို့မထင်ရင်ပေါ့"

"ဒါပေါ့ ရပါတယ်"

ဘာရန်က အလွန်စိတ်လှုပ်ရှားသွားပြီး သူ့ကိုချီးကျူးသလိုခံစားရသည်။ သူ၏စကားကိုသာ ထိုသကောက ယုံကြည်သွားလိုက်မည်ဆိုလျှင် သူက စကားအများကြီးပြောရလျှင်လည်း ပြဿနာမရှိချေ။

......

သိပ်မကြာခင် ကုဝူကျိနှင့်လုယွမ်ကျိုးတို့က အစေခံဝတ်စုံများကို ဝတ်ဆင်လျက် ဘာရန်၏အနောက်မှလိုက်ကာ ဒုတိယထပ်သို့ ရိုရိုသေသေလျှောက်သွားလိုက်သည်။

သူတို့၏ဝတ်စုံများကို သိုလှောင်ခန်းထဲက ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ မမျှော်လင့်ထားစွာပင် ယခုလိုအသုံးဝင်သွားသည်။

သူက ပထမဦးဆုံးအောက်ထပ်သို့ ဆင်းလိုက်သည့်အခါ ရှောင်းလုကလည်း လူအပိုတစ်ယောက်ပါလာသည့်အတွက် ကြောင်အသွားသည်။ မန်မန်ကျဲကျဲနှင့် အစ်ကိုကြီးလုတို့က မည်သည့်အတွက်ကြောင့် ရှာဖွေလေ့လာရင်းလူတစ်ယောက် ပြန်ခေါ်လာကြောင်း မသိတော့ချေ။ ထို့အပြင် သာမန်လူနှင့်လည်းမတူချေ။

သို့သော် ဘာရန်က ကုဝူကျိကိုအလွန်ဖားယားပြီး မျက်နှာသာရအောင် ကြိုးစားနေတတ်လေရာ ရှောင်းလုကလည်း တူညီသည့်ခံစားချက်မျိုးကို ခံစားလိုက်ရသည်။ ထို့ကြောင့် ဂရုမစိုက်တော့ချေ။

ရှောင်းလုနှင့်တွယ်ကပ်နေသည့် သရဲနှစ်ယောက်ကမူ ကြောက်လန့်နေသောခွေးများကဲ့သို့ ဖြစ်နေသည်။ သူတို့က ထိုမန်မန်ဆိုသောအမျိုးသမီး၏ ခြောက်ခြားဖွယ်ကောင်းသောကိစ္စများကို ပို၍နားလည်လာကြပြီး သူတို့က ရှောင်းလုကို ဘာမှမလုပ်မိသည်မှာ ကံကောင်းသည်ဟုပင် တွေးမိနေကြသည်။

ရှောင်းလုကလည်း လီလီက သူ့ကိုတိုက်ခိုက်ခဲ့သည့်အကြောင်းကို ပြန်ပြောပြလိုက်သည်။

ကုဝူကျိကလည်း လီလီတို့ကို သရဲဝင်ပူးထားနိုင်ကြောင်း ခန့်မှန်းမိလိုက်သည်။ ထိုကဲ့သို့သောအခြေအနေမျိုးက သာမန်သာလျှင်ဖြစ်သည်။ သို့သော် တစ်ဖက်သူ သည်မနက်ပိုင်းတွင် ထွက်သွားခဲ့သည့်ဖြစ်စဉ်ကိုပြန်တွေးမိပြီး သူ၏အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။ သူ ဘာတွေးနေကြောင်း မည်သူမျှမသိနိုင်ချေ။

သူတို့က တစ်ယောက်ကိုတစ်ယောက် လိုက်ရှာနေရန်အချိန်မရှိချေ။ ထို့ကြောင့် ကုဝူကျိက ရှောင်းလုကို အခြားသောကစားသမားများကိုသာ သွားခေါ်ခိုင်းထား လိုက်သည်။ သရဲနှစ်ကောင်အတွက်ကမူ သူတို့က သူ့ကိုလေးစားမှုအပြည့်ဖြင့် ကြည့်နေကြောင်း မြင်လိုက်ရသဖြင့် ရှောင်းလုနှင့်သာအတူနေရန် ထပ်ပြောလိုက်သည်။ ထိုသရဲနှစ်ကောင်ကလည်း အပျော်လွန်သွားပြီး ချက်ချင်းဆိုသလို တာဝန်ကိုအောင်မြင်အောင် ထမ်းဆောင်ပါမည်ဆိုသည့်အကြောင်းကို ကတိပြုသွားသည်။

ရှောင်းလု၏ကိစ္စကိုဖြေရှင်းပြီးနောက် ကုဝူကျိနှင့်လုယွမ်ကျိုးတို့က အစေခံဝတ်စုံများကို သေချာလဲလှယ်လိုက်ကြပြီး ဘာရန်၏အနောက်မှလိုက်ကာ ဒုတိယထပ်သို့ တက်လိုက်နိုင်ပြီဖြစ်သည်။

သူတို့အတွက် ဒုတိယထပ်မှအခြေအနေများကို အခမ်းအနားပွဲမစခင် စုံစမ်းစစ်ဆေးရမည်ဖြစ်သည်။ မူလက ထွက်ပြေးနိုင်သည့် လမ်းကျဉ်းဖြစ်နေခဲ့ရာမှ ဘာရန်ကို အသင်းဖော်အဖြစ်ရလာခဲ့သောကိစ္စက အများကြီးပို၍လွယ်ကူသွားသည်။

ပထမထပ်နှင့်ယှဉ်သော် ဒုတိယထပ်က ပို၍ခမ်းနားသည်။ သရဲများ၏သဲလွန်စကိုပင် မခံစားရပေ။ ထိုနေရာတွင် သရဲများအပြည့်ရှိသော ပထမထပ်နှင့်ပင်မတူညီခဲ့ချေ။

ကုဝူကျိကမူ ရဲတိုက်အရှင်က မည်သည့်အတွက်ကြောင့် ပထမထပ်တွင် သရဲများရှိနေသောကိစ္စကို ဂရုမစိုက်ကြောင်းမသိခဲ့သော်လည်း ယခုမူ အရာအားလုံးက ပွဲအတွက် စတေးခံဖြစ်ကြောင်း နားလည်လိုက်သည်။

"အခမ်းအနားပွဲအတွင်းလာကြတဲ့ အထက်တန်းလွှာတွေအားလုံးက အဲ့ဒီတည်ရှိမှုကြီး ထိန်းချုပ်မှုလွတ်ကင်းသွားတဲ့အခါ သူ့ကို ဝိုင်းပြီးဖိနှိမ့်ဖို့ လုံလောက်တဲ့အင်အားတွေ ပေးဖို့အတွက်ပဲ"

ဘာရန်ကပြောသည်။

"ဒါပေမယ့် နောက်ပိုင်းမှာတော့ အထက်တန်းလွှာတွေကြားထဲမှာ အရမ်းကို ချဲ့ကားပြောတဲ့ကိစ္စကြီးတစ်ခုဖြစ်သွားခဲ့တယ်၊ ဒီပွဲက လက်ရွေးစင်တွေ လာကြတဲ့နေရာတစ်ခုအဖြစ် ပြောင်းသွားတယ်"

ဒါပေမယ့် ယခုလိုဝမ်းနည်းစရာအဖြစ်အပျက်ဖြစ်သွားမယ်လို့ ဘယ်သူက သိထားမှာလဲ။

ဒုတိယထပ်တွင် ဘာရန်က တစ်ယောက်တည်းလျှောက်မသွားချေ။ သူက ဧည့်သည်တစ်ယောက်ဖြစ်သည့်အတွက် အခြားသူများက သူ့ကိုဦးဆောင်ကာ ခေါ်သွားမည့်အချိန်ကို စောင့်ရသည်။ သူ၏နိမ့်ကျသောအဆင့်ဖြင့် နေရာတိုင်းက ိုတစ်ယောက်တည်း လျှောက်မသွားနိုင်ချေ။

ကုဝူကျိကလည်း ဒုတိယထပ်၏အပြင်အဆင်က ပထမထပ်နှင့် အလွန်ကွာခြားကြောင်း သိလိုက်သည်။ အခမ်းအနားပွဲက ကျင်းပမည့်ခန်းမအတွက်ကမူ ... သူက တစ်နေရာသို့ကြည့်လိုက်မိသည်။

သူကိုယ်တိုင်ကလည်း သည်နေရာသို့တစ်ကြိမ်သော်မျှ မရောက်ခဲ့ဖူးသည့် တိုင်အောင် ဒုတိယထပ်၏တစ်နေရာရာတွင် ထိုအခေါင်းရှိနေသည်ဆိုသော ခံစားချက်မျိုးကိုရနေသည်။ သို့သော် ထိုနေရာကို သူ အလောတကြီးမသွားသင့်ချေ။

ငါ အခု တွေးရမယ့်ကိစ္စက ပွဲကနေ ရှင်သန်အောင်လုပ်ပြီး ဒုတိယထပ်ကနေ အမြန်ဆုံးထွက်ပြေးနိုင်ဖို့ပဲ။

ထိုအချိန်တွင် သူတို့သုံးယောက်က အခြားသောသွေးမျိုးနွယ်အဖွဲ့သားများနှင့် ဝင်တိုးမိသည်။ သူတို့က ဘာရန်ကို လှောင်ပြောင်လိုသောမျက်ဝန်းမျိုးဖြင့် ကြည့်နေကြပြီးပြောကြသည်။

"ဒါက သခင်ဘာရန်မဟုတ်လား၊ ဒီတစ်ကြိမ် လက်အောက်ငယ်သားတွေ ပိုလာတာလဲ၊ ပုံမှန်အားဖြင့် မင်းက မင်းရဲ့တစ်မိသားစုကို အတူခေါ်သွားနေကြပါ"

"မင်းတို့ကိစ္စလား"

ဘာရန်၏လက်အောက်ငယ်သားများကို အနက်ရောင်မြူထုက ရှင်းလင်းပစ်ပြီးသားဖြစ်သည်။ ထို့ကြောင့် သူက စိတ်အခြေအနေဆိုးကာ အေးစက်စွာသာကြည့်လိုက်သည်။

ထိုလူများကလည်း သည်အခမ်းအနားမှ အန္တရာယ်ကို မသိသေးဟုထင်ပြီး ပြောလိုက်သည်။

"မင်းတို့ကောင်တွေ ငါ့ကိုသာဂရုမစိုက်ခင် ကိုယ့်အကြောင်းကိုယ်တွေးသင့်တယ်"

ဘာရန်က ပုံမှန်အားဖြင့် မောက်မာနေကြဖြစ်သည်။ ထို့ကြောင့် အခြားသူများကိုလည်း ရန်စခဲ့မည်ဖြစ်သည်။ ယခုလိုမျိုး သူက အခြွေအရံ အနည်းငယ်သာရှိနေကြောင်း မြင်သောအခါ အားလုံးက အခွင့်အရေးကိုယူပြီး သူ့ကိုဖိနှိမ့်ချင်ကြသည်။

သွေးမျိုးနွယ်ဝင်သားတစ်ယောက်က ဘာရန်၏အနောက်မှကုဝူကျိကိုကြည့်သည်။ သူက အလွန်အမင်းအရေးကြီးသောကိစ္စတစ်ခုကို ရှာဖွေတွေ့ရှိသွားသလိုဖြစ်သွားသည်။ သူက ချက်ချင်းဆိုသလိုရယ်ကာ ကုဝူကျိကို မကျေနပ်သောမျက်ဝန်းမျိုးဖြင့်ကြည့်သည်။

ငါ ဘာမြင်လိုက်ရတာလဲ၊ ဒါက လူသားမဟုတ်လား၊ သခင်ဘာရန် ဘယ်နေရာကနေ ဒီလူသားကိုခေါ်လာတာလဲ၊ တကယ်ကို အံ့အားသင့်စရာကောင်းတဲ့ကိစ္စပဲ၊ ဒါက စည်းမျဉ်းကို ဖောက်ဖျက်တာဖြစ်နေပြီ။

"လူသားတွေက ဒီနေရာကိုခြေမချသင့်ဘူး"

သွေးမျိုးနွယ်ဝင်က ကုဝူကျိကိုစူးရှသည့်ပုံစံမျိုးဖြင့်ကြည့်သည်။

ဒီလူသားမိန်းကလေးက ကြည့်ကောင်းတယ်၊ ဖြစ်နိုင်တာက ဘာရန်က ဒီလူသားမိန်းကလေးအပေါ် ခံစားချက်ရှိနေတာလဲ။

ဘာရန်၏မျက်နှာ ချွေးစေးများကျလာသည်။

"မင်းတို့ ဘာတွေလျှောက်ပြောနေတာလဲ"

သူ အရင်က အဲ့ဒီလိုတွေးခဲ့မိတာပေါ့၊ ဒါပေမယ့် အခုအဲ့လိုမတွေးတော့ပါဘူး၊ ဒီတစ်ယောက်က ဒီအကြောင်းအရာတွေကြားပြီး စိတ်မကျေမနပ်ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။

ထိုဖြစ်စဉ်အတောအတွင်း ကုဝူကျိအမူအရာက အလွန်အမင်းတည်ငြိမ်နေသည်။ သူ့အကြောင်း ဆွေးနွေးနေသည်အား မကြားသလိုသာဖြစ်နေသည်။ သို့သော် ရုတ်တရက် သွေးမျိုးနွယ်ဝင်သားတစ်ယောက်က တိုက်ခိုက်ရန် သူ၏လက်ကိုလှမ်းကိုင်လိုက်သည်။

မည်သို့ပင်ဆိုစေ သူတို့က ဘာရန်ကို တစ်စုံတစ်ရာထိခိုက်အောင် မလုပ်နိုင်သော်လည်း လူသားတစ်ယောက်ကိုမူ မလုပ်ရဲစရာအကြောင်းမရှိချေ။

ပို၍ဆိုးသည်မှာ ဒါက စည်းမျဉ်းကိုဖောက်ဖျက်သည်မျိုး ဖြစ်နေသည့်အတွက် ဘာရန်က ဝင်ပြောခွင့်မရှိချေ။

"မင်း ..."

ဘာရန်ကကြောင်သွားသည်။

ထို့နောက် ကုဝူကျိကို တိုက်ရိုက်ကိုင်လိုက်သည့် သွေးစုပ်ဖုတ်ကောင်၏လက်ကို ကုဝူကျိက ပြန်ကိုင်လိုက်ကြောင်းမြင်လိုက်ရသည်။

သွေးမျိုးနွယ်ဝင် ... "???"

နေပါအုံး၊ သူက လက်ဆွဲနှုတ်ဆက်မလို့မဟုတ်ဘူးလေ၊ ဒီအကောင်ကို တိုက်ခိုက်မလို့လေ။

အနောက်မှငယ်ရွယ်သောသွေးမျိုးနွယ်ဝင်က သူ၏အပေါင်းအဖော်ကိုကြည့်ပြီး ကြောင်တောင်တောင်ဖြစ်သွားသည်။ ရုတ်တရက် လက်ဆွဲနှုတ်ဆက်သည့်အကြောင်းကို သူသည်လည်း နားမလည်နိုင်ချေ။

သူ၏ဂုဏ်သိက္ခာကို ထိပါးခံရသလို ခံစားလိုက်ရသဖြင့် လက်ဆွဲနှုတ်ဆက်ခံ နေရသူက ကုဝူကျိကို အလွန်အမင်းခက်ထန်သောအကြည့်မျိုးဖြင့် ကြည့်လိုက်သည်။ မျက်လုံးထဲမှ မီးထွက်လာတော့မလို ခံစားလိုက်ရသည်။

သို့သော် ထိုအချိန်တွင် သူ၏လက်ကိုတစ်ဖက်သူထံမှ ပြန်ယူ၍မရတော့ကြောင်း သိလိုက်သည်။

သွေးမျိုးနွယ် .."..."

နေပါအုံး ဒီအင်အားက ဒါက ဘယ်လိုမကောင်းဆိုးဝါးအင်အားလဲ။

ကုဝူကျိက သူ၏အရှေ့မှလူကို အံ့အားတကြီးကြည့်သည်။ တစ်ဖက်သူက မည်သည့်အတွက်ကြောင့် ထိုမျှစိတ်အားထက်သန်နေကြောင်း သူသည်လည်းမသိချေ။ ထို့ကြောင့် တစ်ဖက်သူနှင့် ဆက်တိုက်လက်ဆွဲနှုတ်ဆက်ပြီးနောက် ဆက်ပြောလိုက်သည်။

"ဘယ်လိုခံစားရလဲ မင်း ငါ့နဲ့ဆက်ပြီး လက်ဆွဲနှုတ်ဆက်ချင်နေသေးတာလား"

လူတိုင်းကလည်း သန်သန်မာမာသွေးစုပ်ဖုတ်ကောင်ကြီးက အားနည်းသော မိန်းကလေးတစ်ယောက်ကို လက်ဆွဲနှုတ်ဆက်ရင်း သေသည်အထိ ညှစ်သတ်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း တွေ့လိုက်မိကြသည်။ ထိုအချိန်တွင် ထိုသွေးစုပ်ဖုတ်ကောင်ကိုသာ ထိုအားနည်းသောလူသားမလေးက အင်အားအပြည့်ဖြင့် ဖိညှစ်ကာ ထိန်းထားခြင်းဖြစ်ကြောင်း မည်သူမျှမသိနိုင်ချေ။ သူက ခန္ဓာကိုယ်တစ်ခုလုံးကိုပင် ဆွဲဆောင့်ခံနေရသလိုရမ်းခါနေသည်။

ဒါ လူသားဟုတ်ရဲ့လား၊ ဘယ်နည်းနဲ့မှ လူသားမဟုတ်ဘူး။

ထို့နောက် သူတို့က ကုဝူကျိကို ကြောက်လန့်မှုအပြည့်ဖြင့်ကြည့်ကြသည်။ ကုဝူကျိက အကိုင်ခံထားရသည့်သွေးစုပ်ဖုတ်ကောင်ကမူ ချွေးများရွှဲနေပြီဖြစ်ပြီး နောက်ဆုံးတွင် အခွင့်အရေးအပြည့်ယူကာ အသားကုန်ရုန်း၍ နောက်သို့ခြေလှမ်းများစွာ ဆုတ်လိုက်သည်။

ကုဝူကျိက ရင်းနှီးခင်မင်တတ်လွန်းသောကြောင့် သူ၏လက်ကိုကိုင်ထားသည်ဟု မထင်တော့ချေ။ ဒါက တမင်အရှက်ခွဲနေခြင်းဖြစ်ရပေမည်။ ဘာရန်က သူမကိုသုံးပြီး သူ့ကို အရှက်ခွဲခိုင်းထားခြင်းဟုသာ ထင်လိုက်သည်။ သွေးမျိုးနွယ်ဝင်က ဘာရန်ကို ခက်ခက်ခဲခဲပြုံးလျက်ကြည့်လိုက်သည်။

"မင်း ဘယ်နေရာကနေ ဒီလိုအစောင့်ကိုရှာလာတာလဲ သခင်ဘာရန် ဒီလိုအင်အားမျိုးကိုတောင် ပိုင်ဆိုင်ထားသေးတယ်"

လုယွမ်ကျိုး "..."

ဘာရန် "???"

ဘာရန်ကိုယ်တိုင်ကလည်း ကုဝူကျိခွန်အားကို တိတိကျကျမသိသော်လည်း ထိုလူများက ထိုသို့ဒုက္ခရောက်သွားကြောင်း သိသည့်အခါပျော်သွားသည်။

"မဆိုးပါဘူး ငါ့ရဲ့အစောင့်က အရမ်းကိုအင်အားကြီးတယ်၊ အထူးသဖြင့် မင်းတို့လိုမောက်မာတဲ့အထက်တန်းလွှာတွေကို ရင်ဆိုင်တဲ့အခြေအနေမျိုးမှာပေါ့၊ ဒါကြောင့် ပြန်ပြီးလေ့ကျင့်ဖို့ ငါ ပြောချင်တယ်"

ထိုစကားကိုကြားသောအခါ ကျန်သောသွေးကလန်သားများက သူတို့ သတိလက်လွတ်ပေါ်ထွက်မိပြီး လှည့်စားခံရကြောင်း ခံစားလိုက်ရသည်။ မမျှော်လင့်ထားစွာပင် အမြဲတစေ ထောင်လွှားမောက်မာတတ်သည့်ဘာရန်ကို သည်လိုနည်းလမ်းကိုသုံးလာသည်။ သူတို့ကို တမင်ကစားနေခြင်းဖြစ်ရပေမည်။

သူတို့က အရှင့်ကိုသာ သွားတွေ့ပြီး ဘာရန်၏အနားတွင် လူသားတစ်ယောက်ရှိနေကြောင်း အလျင်စလိုသွားပြောခဲ့မိပါက အရှင်က လာကြည့်ပြီး ထိုသို့မဟုတ်ကြောင်းသိသွားခဲ့လျှင် သူတို့က အကျိုးဆက်ကို တောင့်ခံနိုင်တော့မည် မဟုတ်ချေ။ မည်သို့ပင်ဆိုစေ လူတိုင်းက အရှင်၏အမျက်ဒေါသကို မခံနိုင်ကြချေ။

သူတို့အားလုံး စိတ်အခြေအနေမကောင်းကြသော်လည်း လူငယ်သွေးမျိုးနွယ် ဝင်များကလည်း ကိုယ့်ကိုယ်ကိုအရှက်ခွဲရန် ဆန္ဒမရှိကြသဖြင့် အားလုံးအတူ ထွက်ခွာသွားကြသည်။

ဘာရန်ကမူ ပျော်နေသည်။ သူက ကုဝူကျိကို ပို၍ပင်လေးစားမိသွားသည်။ သွေးမျိုးနွယ်ဝင်တစ်ယောက်အနေနှင့် ကုဝူကျိနှင့်ပတ်သက်ပြီး သူက ယုံကြည်မှုရှိသွားသည်။

...

ခန်းမထဲသို့ဝင်ပြီးနောက် မကျေမနပ်ဖြစ်နေကြသော သွေးစုပ်ဖုတ်ကောင်များ အားလုံးက ရုတ်တရက် သိပ်မဝေးသောနေရာမှ လမ်းလျှောက်လာနေသည့် ငွေဖြူရောင်ဆံပင်နှင့် ငယ်ရွယ်ချောမောသည့်လူငယ်တစ်ယောက်ကို လှမ်းမြင်လိုက်ရပြီး အမူအရာများက ချက်ချင်းဆိုသလိုရိုကျိုးသွားကြသည်။

"အရှင် ရဲ့ထယ်"

ရဲ့ထယ်ဆိုသူက လူငယ်အထက်တန်းလွှာများကြားတွင် ဒဏ္ဍာရီလာပုဂ္ဂိုလ်ကြီး ဖြစ်ပြီး မည်သူကမျှ သူ၏အစစ်အမှန်နောက်ခံကို မသိကြချေ။ သူတို့ သိသည်မှာ သူက ပေါ်ထွက်လာကတည်းက အလွန်မင်သက်ဖွယ်ကောင်းသည့် အင်အားကို ပိုင်ဆိုင်ထားသည်ဆိုသော အချက်ကိုသာလျှင်ဖြစ်သည်။ ထို့နောက် သူ့ကို အလွန်အရေးကြီးသော တာဝန်တစ်ခုကိုပေးခဲ့ပြီး သည်နေရာသို့စေလွှတ်ကာ ချိတ်စည်းကို အားဖြည့်ခိုင်းသည့်ကိစ္စကို လုပ်ခိုင်းခဲ့သည်။ သည်နည်းအားဖြင့် အထက်မှလူများက သူ့ကို မည်မျှယုံကြည်ကြောင်းသိနိုင်သည်။

လူတိုင်း၏နိမ့်ကျသောဦးနှောက်နှင့်လူအများကပင် သည်တာဝန်ပြီးသွားသည်နှင့် သခင်ရဲ့ထယ်က သည်နေရာကနေ ရွှေ့ပြောင်းခံရမည်မှန်းသိထားကြသည်။ သူ၏အနာဂါတ်က အကန့်အသတ်မဲ့နေနိုင်သည်။

ရဲ့ထယ်က သည်အတိုင်း မျက်နှာသေဖြင့် ခေါင်းငြိမ့်လိုက်သည်။ သူက အလွန်အရေးကြီးသောကိစ္စတစ်ခုကိုလုပ်ရန် ကိစ္စရှိနေသလိုမျိုးဖြစ်နေသည်။ ထို့ကြောင့် သွေးမျိုးဆက်များကို အလျင်အမြန်ကျော်ဖြတ်သွားသည်။ အနောက်မှ လက်အောက်ငယ်သားများက ထိတ်လန့်တကြားကြောက်လန့်မှုအပြည့်ဖြင့် ကြည့်နေကြသည်။ သူတို့ ယခင်ကကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်များကြောင့် စိတ်အရိပ်ဆိုးကြီးမျိုးကို ခံစားနေရသေးသည်။

သူတို့က တံခါးသို့လျှောက်သွားလိုက်ရုံရှိသေးသည်။ ရဲ့ထယ်က ရုတ်တရက် အနံ့တစ်ခုကို ခံစားလိုက်ရသည်။ ထိုအနံ့က ဖျော့တော့သည်။ လေထဲတွင် ပျက်ပြယ်လုနီးပါးဖြစ်နေလေပြီ။ သို့သော် အလွန်အမင်းမွှေးသောသွေးရနံ့လည်း ပါနေသည်။

ထိုအနံ့က အလွန်အားနည်းနေပြီး သာမန်သွေးစုပ်ဖုတ်ကောင်များဆိုလျှင် အာရုံမခံနိုင်မိလောက်ချေ။ လေက သည်အတိုင်း ချိုနေသည်ဟုသာ ထင်လောက်သည်။ သို့သော် ရဲ့ထယ်ထံမှ မဖုံးကွယ်ထားနိုင်လောက်ချေ။ ရဲ့ထည်က တစ်ပတ်လှည့်လိုက်ပြီး သိပ်မဝေးသောနေရာမှ သွေးမျိုးနွယ်များကိုကြည့်ကာ ချက်ချင်းဆိုသလို အမိန့်ပေးလိုက်သည်။

"သူတို့ကို ငါ့ဆီခေါ်လာခဲ့"

ထိုလူငယ်သွေးမျိုးနွယ်ဝင်များက ကြောက်လန့်မှုအပြည့်ဖြင့် အခေါ်ခံလိုက်ရသည်။ သူတို့၏မျက်နှာတွင်အံ့အားသင့်မှုက အပြည့်ရှိနေသည်။ သူတို့က ရဲ့ထယ်အရှေ့ရောက်လာသောအခါ ဘာအမှားလုပ်မိမှန်းမသိသော်လည်း ချက်ချင်းဆိုသလို သနားခံချင်သွားကြသည်။

"သခင်ရဲ့ထယ် ကျွန်တော်တို့ ဘာမှမလုပ်ထားပါဘူး"

"ဟုတ်တယ် ဟုတ်တယ် အများဆုံးမှ ကျွန်တော်တို့ ဒီနေရာကို လျှောက်ပတ်ကြည့်နေတာပဲရှိတာပါ"

"မင်းတို့ ပေါက်ကရမပြောနဲ့"

ရဲ့ထယ်က သူတို့ကို အေးစက်စွာကြည့်သည်။

"မင်းတို့ ငါနဲ့မတွေ့ခင် ဘယ်သူနဲ့တွေ့ခဲ့သေးလဲ"

Telegram မှာ အပိုင်း ၂၁၅အထိ ရောက်ပါပြီနော်။

Continue Reading

You'll Also Like

19K 2.3K 29
Genre - Action , Fantasy , Romance , Xuanhuan , Yaoi , Mpreg Alternative names: 重生之极品皇子妃 Author : 叶忆落, Ye Yiluo Status in COO (Country of origin ) - ...
52K 3.9K 6
"But, I hate you." is the most painful word while "I hate you, but..." is the most beautiful one.
162K 12.5K 50
အမှောင် အောက်က ‌ကျားရဲ တစ်ကောင်ရဲ့မျက်ဝန်းလို သွေးဆာ နေတဲ့ မျက်လုံး စိမ်းစိမ်း တောက်တောက်တွေ သွေးညှီနံ့ ဟောင်ထွက်နေတဲ့ အခန်းတွေ ထဲ က အလောင်းတွေ သတင်း...
34.7K 4.6K 45
ဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမ...