လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အ...

By BaeChocolate

80.3K 3.7K 318

ဆင်းရဲတဲ့ဘဝကနေ ရုန်းထွက်ချင်လို့ မော်ဒယ်လ် ဖြစ်ဖို့ ကြိုးစားနေတဲ့ "လာဗန်ဒါ " ခေါ် "အချစ်ပန်း" ဆိုတဲ့ ကောင်မ... More

လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်း - ၁
လေပြေညှင်းလေး တိုးဝှေ့ခဲ့သော အချစ်ပန်း - ၂
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း-၃
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း-၄
လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်း - ၅
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း-၆
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၇
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၈
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၉
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း -၁၀
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၁
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၃
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၄
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၅
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၆
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၇
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၈
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၉
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၂၀
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၂၁
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၂၂
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း -၂၃
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း -၂၄
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၂၅
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၂၆
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၂၇

လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်း -၁၂

2.9K 153 17
By BaeChocolate

လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၂
"နောင်ရိုး"
"ဗျာ ဥက္ကဌ"
"ပင်လယ်စာလတ်လတ်ဆတ်ဆတ်ရတဲ့ဆိုင်ကိုရှာ၊ မဲပေါက်လို့ဆိုပြီး လာဗင်ဒါတို့အိမ်ကိုပို့ပေးလိုက်"
" ပင်လယ်စာကအမျိုးမျိုးရှိတာ ဘယ်လိုဟာကိုပို့ပေးရမလဲ အစုံလား'
နောင်ရိုးမေးမှ သူ့သားအကြိုက်တွေ လာဗင်ဒါအကြိုက်တွေကို သိအောင်လုပ်ရတော့မည်မှန်းသတိထားမိတော့ သည်။
"လူ (၃)ယောက်စာ အစုံထည့်ပြင်ဆင်ပေးလိုက်"
သူတို့ရုံးခန်းကိုပြန်ရောက်တော့ မာမီကစောင့်နေလေ၏။ အပြုံးအကြီးကြီးပန်ဆင်ပြီး ဆိုဖာမှာ အခန့်သားထိုင်နေသော မာမီကိုကြည့်ရင်း တခုခုထူးခြားနေမှန်းရိပ်မိလေပြီ။ မဟုတ်ရင် အပန်းဖြေထွက်နေသော မာမီက ဒီလောက်မြန်မြန်ကြီး ပြန်ရောက်နေမှာမဟုတ်တာသေချာလေသည်။
"ဘယ်လို မာမီ ကြည့်ရတာ ကမ်းခြေထက်ပိုပြီး ပျော်ရမယ့်ဟာတွေ့နေပြီထင်တယ်"
" ဟုတ်တာပေါ့ သားရဲ့ surpriseကို ရလိုက်လို့လေ"
"ဗျာ မာမီနဲ့ဒယ်ဒီအတွက် အပန်းဖြေခရီစီစဉ်ပေးတာအဲ့လောက် အံအားသင့်စရာကောင်းရင်တော့ မာမီတို့အတွက်များများ ပြင်ဆင်ပေးရတော့မှာပေါ့"
" ကမ်းခြေခရီးထက်ပိုလို့ ပိုလို့ကောင်းတဲ့ဟာလေ သားပြောပြတာစောင့်ရမှာလား"
"ဘာလဲ မာမီရ"
" မာမီတို့မြေးချီရတော့မှာဆိုတာလေ"
အနန္တ ခေတ္တခဏငေးမိသွားသည်၊ မာမီတို့ လာဗင်ဒါနဲ့ရတဲ့သားလေးအကြောင်းဘယ်လိုသိသွားလဲ။
သူကိုယ်တိုင်လဲ အံဩရပါသည်။ မာမီက အလွယ်ကတူလက်ခံမည်မဟုတ်ဘူးလို့ သူထင်မိထားတာ လွဲသွားပုံရသည်။ ဒီလိုဆိုရင်တော့ သူ့ရဲ့ ပူတူးတူးလေး ၂ယောက်ကိုအနားခေါ်ထားဖိုပိုလွယ်ကူလိမ့်မယ်မဟုတ်လား။
" မာမီတို့ကဘယ်လိုကနေ ဘယ်လိုသိသွားတာလဲ။ နောင်ရိုးပြောပြလိုက်တာလား"
" နောင်ရိုးပြောမှသိစရာလား။ မာမီတို့ကိုယ်တိုင် ကိုရီးယားကိုလိုက်သွားတာလေ။ ဟာဝိုင်အီကို ခဏပဲနေပြီး သမီးလေးမိုးမြေဆီ မရောက်တာကြာလို့သွားကြတာလေ. ဟိုမှာ မိုးမြေလေးတရှောင်ရှောင်ဖြစ်နေလို့ မသင်္ကာလို့ မာမီ့နည်းလမ်းအတိုင်းစစ်ကြည့်တာ ကိုယ်ဝန်ရနေတာ သေချာတယ်။ တို့သားလေးက စွမ်းမှစွမ်းပဲ"
သူထင်တာတကယ်ကိုမှားသွားပြန်ပြီ။ မိုးမြေက ကိုယ်ဝန်ရနေပြီ ဟုတ်ရောဟုတ်လို့လား။
အကယ်လို့ ကိုယ်ဝန်ဆိုရင်တော့ သူနဲ့ဘာမှမဆိုင်တာကြီးက အရှင်းကြီးပါ။
မိုးမြေနဲ့သူ သွေးသားနှီးနှောမှုကိစ္စဘာမှမပက်သက်တာ သူတို့ကိုယ်တိုင်မသိဆုံးမလား။
ပြီးတော့ လက်ထပ်ပြီးကတည်းက မိုးမြေရှိရာသူမသွားနိုင်ခဲ့သလို သူမလည်း သူ့ဆီမလာနိုင်ပါ.
ကိုယ်ဝန်က သူမချစ်သူနဲ့ရတာဖြစ်လိမ့်မည်၊
သူ့မှာလည်း သားတစ်ယောက်နဲ့ သူချစ်နေတဲ့မိန်းကလေးလည်းရှိတော့ ကိုယ်ချင်းစာတတ်ပါသည်.
သူတို့ လူငယ်ချင်းတွေကနားလည်ပေးလို့ရနိုင်ပေမယ့် လူကြီးတွေကိုဘယ်လိုရှင်းပြရမည်လဲ။
ရိုင်းပြပြီးလုပ်ချင်သလိုလုပ် နေချင်သလိုနေတယ်၊လူကြီးတွေကို အရိုအသေမရှိဘူးလို့ ပြစ်တင်ကြိမ်းမောင်းကြမည်။ ဆိုတော့ နှစ်ဖက်မိဘတွေ နားလည်ဖို့သာကြိုးစားရတော့မည်ဖြစ်သည်။
" မာမီ့စမ်းသပ်နည်းက မှားနေတာနေမှာပေါ့'
'မှားစရာအကြောင်းကိုမရှိဘူး, သွေးခုန်နှုန်းလဲ စမ်းကြည့်ခဲ့တယ်။ မနက်ဆိုလဲ morning sicknessတွေဖြစ်နေတယ်။ ခန္ဓာကိုယ်ပြောင်းလဲနေတာတွေသတိမထားပဲနေမလား သားရဲ့"
" မသေချာသေးတာကြိုမတွေးပါနဲ့ဦးမာမီ သား မိုးမြေကိုသေချာမေးလိုက်ပါဦးမယ်"
ဒီကိစ္စကဖုံးဖိရတာမဟုတ်လို့ သူလည်းသေချာမပြောနိုင်သေး။ လောလောဆယ် မိုးမြေက လူသိရှင်ကြားသူ့ အမျိုးသမီးဖြစ်နေတာမို့ သူမသိက္ခာကိုလည်း ငဲ့ညှာပေးရဦးမည်လေ။
" မာမီကတော့သတင်းကောင်းစောင့်နေမယ်။ မြေးလေးရှိရင်တော့ ဘယ်လိုနေနေ မိုးမြေကို အနားခေါ်ထားရမယ်။ ကလေးတစ်ယောက်လွယ်ထားရတာ လွယ်တာမဟုတ်ဘူး ရပ်ဝေးမှာနေရတော့ပိုဆိုးတယ်။ ကိုသစ္စာကိုလည်းသေချာပြောပြီး မိုးမြေကိုခေါ်ထားမယ် သေချာစောင့်ရှောက်ရမယ်။ "
မာမီက သူ့အစီအစဉ်အတိုင်းပြောနေပေမယ့် အနန္တာအတွက်တော့ ဖြေရှင်;စရာကိစ္စတွေတော့များတော့မှာ အသေချာ။
" မာမီ အသေအချာကြီးမမှတ်ပါနဲ့ဦး သားကိုယ်တိုင် မိုးမြေကိုမေးကြည့်လိုက်ပါဦးမယ်၊ ပြီးရင်သေချာစစ်ခိုင်းပြီးမှ မာမီကိုပြန်ပြောပြမယ်"
" မာမီ့ကိုယ်သာ ယုံလိုက်ပါ၊ ဒါပေမယ့် သားတို့ကိုယ်တိုင်အတည်ပြုပြီးမှ ကိုသစ္စာကိုရောပြောပြပေါ့။ မာမီ မြေးလေးအတွက်တွေးပြီး အစီအစဉ်တွေအကုန်ချပြီးပြီ၊ ဒီလောက်ပြီးပြည့်စုံတဲ့ မိဘတွေကဆီရောက်လာတဲ့ ကလေးကတော့ တွေးကြည့်ရုံတင်ကို ကျေနပ်ပီတိဖြစ်နေပြီ"
" ဥက္ကဌ အစည်းအဝေး မကြာခင်စပါတော့မယ်"
နောင်ရိုးသတိပေးသံကြားမှ
" ကဲ ဒါဆို မာမီ သတင်းကောင်းမျှော်နေမယ်နော်"
အနှိုင်းမဲ့လေးအကြောင်းသိရင်ကော မာမီဘယ်လိုနေမလဲ။ ဘယ်လိုနေနေသူ့သားလေးဆိုပြီး ချစ်ပေးနိုင်မည်လား။ သေချာတပ်အပ်မပြောနိုင်ပေမယ့် လောလောဆယ် အချစ်ပန်းတို့သားအမိအကြောင်းကိုတော့ လုံးဝမပြောပြချင်တာတော့ သေချာသည်။ မဟုတ်ရင် မြေးရူးရူးနေတဲ့ မာမီက သူ့သားနဲ့ အမျိုးသမီးကို နာကျင်အောင်လုပ်မည်လဲ စိုးရိမ်နေမိသည်။
.............................................

မဲပေါက်သည်ဆိုပြီးရောက်လာတဲ့ ပင်လယ်စာပုံးကြီးကို ကြည့်ပြီး အချစ်ပန်းရော မမရော စူစူလေးရောအံ့အောနေကြသည်။ ထမင်းစား စားပွဲပေါ်က ပင်လယ်စာဗန်းကိုကြည့်ပီး ဘယ်လိုကဘယ်လို မဲပေါက်မှန်းမသိပဲ အိမ်မှားပို့တာထင်ကာ ဆိုင်ကိုသေချာဖုန်းဆက်မေးကြည့်လိုက်တော့ ဒီအိမ် ဒီနာမည် ဒီ ဖုန်းနံပါတ်နှင့်မို့ မှားစရာအကြောင်းမရှိဖြစ်နေလေသည်။ သားလေး စူစူ ကတော့ အပျော်ဆုံးဖြစ်နေတာ။ သူမတို့က ဆိုင်ကိုဖုန်းဆက်ပြီး comfirmလုပ်ပြီးတာနဲ့ စူစူ ကစားဖို့အသင့်ဖြစ်နေပီ။
" ညီမလေး ပင်လယ်စာတွေကများတာ။ တယောက်ကို မျှကြမလား။"
"အင်း သိမ့်သိမ့်ကိုလား"
' စူစူ့ကျောင်းက ဆရာတွေဆိုရင်ကော"
" စူစူ့ကျောင်းက ?"
" အင်း ဒီနေ့ စူစူ့ဆရာနဲ့ စူစူ့အကြောင်းဆွေးနွေးဖြစ်တယ်"
ကျောင်းဆရာဆိုတော့ ယောကျာ်းလေးပဲဖြစ်မည်။ ပုံမှန်ဆိုမမဟာ ယောကျာ်းလေးတစ်ယောက်ကိုသိလဲသိဖို့မကြိုးစားတာမို့ စကားထဲထည့်ပြောဖို့ဆိုဝေးလာဝေး။
ခုလို ကျောင်းဆရာအတွက် အကြောင်းပြချက်သေးသေးလေးဖြင့် စားစရာတွေပို့ချင်သည်ဆိုတော့
အချစ်ပန်းတခုခုကို ရိပ်မိပေမယ့်လဲ မမရှက်ပြီးရှေ့ဆက်မတိုးတော့မှာကြောင့် မသိချင်ယောင်ဆောင်လိုက်တော့သည်။ မဟုတ်ရင် မမဟာ ဒိတ်မည့်အရေးတွေ တွေးနေမှာမဟုတ်ပါ။
မမရဲ့ပထမဆုံး စိတ်ဝင်စားတဲ့ အမျိုးသားကဘယ်လိုပါလိမ့် သူမလည်း အနည်းငယ်တော့ သိချင်မိသွားသည်။
" ဘာအကြောင်းတွေဆွေးနွေးတာလဲ သိချင်ရင်တော့ စူစူပန်းချီကို ကြည့်ကြည့်လိုက်"
မမက သူ့မအနားကပ်ကာ ရေဘဝဲအတုံးလေးတွေစားနေတဲ့ စူစူ့ကိုကြည့်ကာ တိုးတိုးလေးပြောပြနေသည်။
" ဟုတ်လား ညီမလေး မေးကြည့်လိုက်မယ်။ စူစူရဲ့ဆရာတွေဖုန်းနံပါတ်စာအုပ်ထဲမှာရှိတယ်မလား မမ ဖုန်းဆက်ချေလေ။ ညီမလေး အထုပ်ပြင်လိုက်မယ်"
" ဟုတ်ပါပြီ"
သားလေးအခန်းထဲဝင်သွားသော မမကိုကြည့်ရင်း သက်ပြင်းလေးအသာချမိသည်။
သားလေးရဲ့ ပန်းချီကဘာစိတ်ပူစရာရှိလို့လဲတွေးကြည့်နေမိလိုက်သည်။
" ညီမလေး ပင်လယ်စာတွေထုပ်ပြီးပြီလား"
" ပြီးပြီမမ"
"အဲ့တာဆို မမ သွားပို့လိုက်တော့မယ်နော် ၃ယောက်စာ ၃ ထုပ်နော်"
" ၃ယောက်စာထုပ်ထားပါတယ်'
စားပွဲပေါ်က ဗူးလေး၃ ဗူးကိုယူပြီး မမကိုလှမ်းပေးလိုက်ရင်း
"ဂရုစိုက်နော်"
" ဟုတ်ပါပြီ"
ထွက်သွားတဲ့ မမကိုကြည့်ရင်း မမကိုလဲ သူမချစ်တဲ့သူနဲ့ တစ်အိုးတစ်အိမ်ထူထောင်စေချင်သည်.
သူမတို့လို မိဘမဲ့ဂေဟာမှာကြီးပြင်းလာတဲ့သူတွေအဖို့  ကိုယ်ပိုင်မိသားစုလေးထူထိုင်ချင်တာ အများစုရဲ့ဆန္ဒပါ။
မိသားစုရဲ့နွေးထွေးမှု၊ အချင်းချင်းကြင်ကြင်နာနာစောင့်ရှောက်မှု၊ ပြဿနာလေးတွေရှိပြီး စကားများရတာမျိုးလေးတွေရှိတယ်ဆိုရင်တောင် ဒါဟာမိသားစုရဲ့ငွေ့အသက်လေးတွေပါလားဆိုပြီး ခံစားရနိုင်သည်မဟုတ်ပါလား။ သားလေးစူစူကိုကြည့်ရင်း မိဘအပြည့်အစုံနဲ့ကြီးပြင်းခဲ့ရတာမဟုတ်တာမို့ သနားမိသည်။
" သားလေး ပန်းချီတန်းမှာ ပုံလှလှလေးဆွဲခဲ့တယ်ဆို မားကိုပြပါဦး"
အစားစားပြီး ပလုပ်ကျင်းနေသော သားလေးကို သူမ ပန်းကန်တွေသိမ်းရင်း မေးလိုက်တော့
" မား ကြည့်ချင်ရင် သားသားပြမှာပေါ့"
အာလုံးပြီးသွားတော့ သားလေးအခန်းထဲ သားလေးနဲ့သူမအတူတူဝင်လာကြသည်။
လွယ်အိတ်ထဲက စာရွက်တစ်ရွက်ကိုယူပြီး သူမရှေ့ပြလိုက်တာမို့ကြည့်လိုက်တော့ My familyဆိုပြီး ခေါင်းစဉ်နဲ့ လူလေးယောက်ပုံဆွဲထားပြီး အမျိုးသားပုံယူဆရဟန်တူသူက အမဲရောင်တွေချည်း အရိပ်လိုဖြစ်နေတာမို့
" ဘယ်သူ့တွေပုံဆွဲထားတာလဲ ပြောပြပါဦး"
" ဒါက မား၊ ဒါက တီတီ မိုး၊ ဒီသေးသေးလေးက စူစူ၊ ဒီမဲမဲက .........."
သားလေးက တစ်ချက်စဉ်းစားဟန်ပြုပြီး
" စူစူ့ ပါပါး"
" စူစူ့ ပါပါး?"
သူမ သားလေးအတိုင်းသံယောင်လိုက်လိုက်တော့
" အွန်း စူစူ့ သူငယ်ချင်းတွေမှာ မာမားပါပါးရှိတယ်လေ။ ပါပါးမရှိပဲ ကလေးဖြစ်မလာဘူးတဲ့။ ဒါမို့ ပါပါးမမြင်ဖူးလို့ ဒီအတိုင်းဆွဲလိုက်တာ"
တော်သေးသည်လို့ပြောရမည် သားလေးက ပုံမှန်လိုပဲရှင်းပြနေတာမို့ နည်းနည်းတော့ စိတ်သက်သာသွားသည်။
ကလေးက ပါပါးဘယ်မှာလဲမေးရင် သူမဘယ်လိုဖြေမည်လို့ တခါမှမစဉ်းစားခဲ့ဖူးလေ။
သားလေးမမေးလာသမျှတော့ သူ့ပါပါးအကြောင်းဘယ်တော့မှ ပြောပြမည်မဟုတ်လို့ သံဓိဌာန်ချထားသည်။
.................................................
သုခအိမ်တစ်ယောက် မိုးသွန်းပန်းဆီမှဖုန်းခေါ်ရပြီးသည်နှင့် သေချာဖီးလိမ်းပြင်ဆင်ကာ သူမချိန်းထားသောနေရာဆီထွက်မလာခင် နောက်ဆုံးတခေါက် ကြည့်ကောင်းနေတာ သေချာဖို့ မှန်ထဲကို တချက်ကြည့်လိုက်တော့သည်။  အပြင်ထွက်ခါနီးမှ ရေမွှေးဆွတ်ရန်သတိရမီပြီး သူ့အခန်းဆီပြေးကာ ရေမွှေးကိုသေချာဆွတ်လိုက်လေသည်။
ချိန်းထားရာနေရာနေရာအရောက်မှာတော့ မိုးပန်းကစောင့်နေလေ၏.
သူမက လှမ်းကြည့်နေတာမို့ တချက်ပြုံးပြရင်း
" စောင့်နေတာကြာသွားပြီလား အားနာစရာကြီး"
" အားနာဖို့မလိုပါဘူးဆရာ ၊ ကျမက စောရောက်နေတာ တခြားဆရာမနှစ်ယောက်အိမ်ကိုရောသွားရမှာဆိုတော့ စောထွက်လာလိုက်လို့ပါ"
ခါတိုင်းပိုပြီး ကြည့်ကောင်းနေတဲ့ မူကြိုဆရာလေးကို သူမသေချာစူးစိုက်ကြည့်မိလိုက်သည်။ သူမအနားကိုရောက်လာတော့ ရေမွှေးနံ့သင်းသင်းကိုခိုးရှူမိလိုက်သေးသည်။
မွန်မွန်ရည်ရည်ပုံစံနဲ့ဆရာဟာ သူမကို မျက်ဝန်းလဲ့လဲ့တွေနဲ့ ကြည့်နေတာမို့ အနည်းငယ်ရှက်သွေးဖြာသွားသည်။
" ဒီမှာ ဆရာ့အတွက် ပင်လယ်စာပါ ဆရာကြိုက်မလားတော့မသိဘူး"
" ကျနော်က အကုန်ကြိုက်ပါတယ်"
လူကိုရောဆိုတာတော့ သုခအိမ်စိတ်ထဲမှာပဲပြောလိုက်တော့သည်။

'ဟုတ်ကဲ့ အဲ့တာဆို တခြားဆရာမအိမ်တွေဆီသွားလိုက်ဦးမယ်နော်"
" ညနေစောင်းနေပြီပဲ ကျနော်လည်း တစ်ယောက်ထဲပျင်းနေတာမို့ အတူတူလိုက်ခဲ့ပေးမယ်လေ"
" တခြားဆရာမတွေအထင်လွဲကုန်လိမ့်မယ် ကျမတစ်ယောက်ထဲပဲသွားလိုက်မယ်"
" လွဲလွဲပေါ့ အမှန်တိုင်းဖြစ်သွားရင်ပိုတောင်ကောင်းသေးမဟုတ်လား"
" မကောင်းပါဘူး" မိုးသွန်း ငြင်းဆိုလိုက်တော့
"ကျနော့်အတွက်တော့ ကောင်းပါတယ်ဗျ။ ပြီးတော့ အဲ့လိုလဲထင်စေချင်တယ်လေ"
"ဘာကိစ္စထင်စေချင်တာလဲ"
" တကယ်အမှန်သိချင်တာလား"
သူမကိုစေ့စေ့ကြည့်ကာမေးလိုက်တော့
" ဘယ်သူက မမှန်တာကိုနားထောင်ချင်မှာလဲ"
" အဲ့တော့ အမှန်ပြောရင်တော့ ထွက်မပြေးနဲ့နော်"
သူကဒီလိုပြောလာတော့ မိုးသွန်း ဘာရယ်မသိရှက်နေပေမယ့် ပြောမဲ့စကားကိုလဲနားထောင်ချင်နေမိသည်။
သူမတိတ်ဆိတ်နေလိုက်တော့
" ဒီလိုပြောရတာ မြန်နေပေမယ့်လဲ တကယ်ကြီး ကျနော် မမိုးသွန်းကိုသဘောကျနေမိတာ၊ မြင်မြင်ချင်းပဲ အေးချမ်းပြီး ရိုးရှင်းတဲ့မျက်နှာလေးကိုမြင်ကတည်းကပဲ"
ပြောလာမယ်ဆိုတာကြိုသိလိုက်ပေမယ့်လည်း ပြန်ပြောဖို့ စကားလုံးတွေကပျောက်ရှကုန်တော့သည်။
ဒီလို အရပ်အရှည်ကြီးနဲ့ ချောမောရည်မွန်တဲ့ ရုပ်ရည်မျိုးပိုင်ဆိုင်ထားတဲ့သူတစ်ယောင်က သဘောကျတယ်လို့ ပြောခံရတာ ရင်မခုန်ပဲရှိမလားနော်။ ရည်းစားထားဖို့ စိတ်ကူးမရှိခဲ့ပေမယ့်လည်း ဘာမှသေချာရေရာမသိသေးတဲ့ ဒီလူကိုတော့ သူမလည်းရင်ခုန်မိတာတော့အမှန်ပါ။
" ကျမလည်း သဘောကျပေမယ့် ဒီခံစားချက်တွေက စစ်မှန်ရဲ့လားဆိုတာ အချိန်တစ်ခုယူပြီး ကိုယ့်ကိုယ်ကိုမေးကြည့်ချင်သေးတယ်"
" ဟုတ်တာပေါ့ ရုတ်တရပ်ဆန်လွန်းတော့ အချိန်ယူပါ။ ကျနော်စောင့်ပါ့မယ်။ တခုတော့ သိထားစေချင်တယ် ကျနော်ဖွင့်ပြောတယ်ဆိုတာ တစ်ဘဝလုံးစာအတွက်ရည်ရွယ်ပြီးတော့ပါ။ မမိုးပန်းရဲ့ အတိတ်၊ မိသားစု အသိုင်းအဝိုင်းတွေ ကျနော်ဘာမှစိတ်မပူဘူး၊ မမိုးပန်းဖြစ်နေလို့ကို သဘောကျနေတာ၊ ဆိုတော့ အချိန်ယူပါ၊၊ ကြာတော့ မကြာစေနဲ့ပေါ့ဗျာ, ကျနော် အမြန်ဆုံး မမိုးပန်းရဲ့ကောင်လေးဖြစ်ချင်လို့ပါဗျ"
ဒီမူကြိုဆရာလေးက မခေပါလား။ စကားကိုကျအောင်ပြောတတ်သည်။ ဘယ်လိုပြနေနေ ဟန်ဆောင်လိမ်ညာတာမဟုတ်တာကိုပဲကျေနပ်နေမိသည်။
" ဟုတ်ပါပြီ၊ ကျမ အမြန်ဆုံးအဖြေပေးပါ့မယ်၊ ခုတော့ ကျန်တဲ့ဆရာမနှစ်ယောက်ဆီသွားလိုက်ဦးမယ်"
လှည့်ထွက်သွားတဲ့ မိုးသွန်းပန်းကို သုခအိမ် လှမ်းကြည့်နေရင်း
" ကျနော်ရော လိုက်လို့ရမလား"
ခေါင်းငြိမ့်ပြလိုက်သော မိုးသွန်းကိုမြင်လိုက်သည်နှင့် သူ အကြီးကြီးပြုံးလိုက်ကာ သူမနောက် ခြေလှမ်းကျဲ ကြီးတွေနဲ့ အပြေးလိုက်တော့သည်။
...........................................
အနန္တ တစ်ယောက် မိုးမြေကို emailနဲ့ ဖုန်းခေါ်လို့ရမယ့်အချိန်ကို ချိန်းလိုက်သည်။
သူမဆီက ပြန်စာရသည်နှင့် ချိန်းဆိုထားတဲ့အချိန်မှာပြဖုန်းခေါ်လိုက်သည်။
" မိုးမြေ နင်ငါ့ကိုတခုခုမပြောချင်ဘူးလား'
" ဖုန်းမဆက်သဖူး ဆက်ကတည်းက နင်တခုခုသိထားပြီမှန်း ငါသိသားပဲ"
" နင် ကိုယ်ဝန်ရနေပြီလား"
" ဟုတ်တယ်" တည်တည်ငြိမ်ငြိမ်နဲ့ သူငယ်ချင်းမပြောတာကို ကြားတော့ သူခပ်ချဉ်ချဉ်တော့ ဖြစ်သွားသည်။
အရှုပ်ထုတ်မကတော့
"ဘယ်လိုလုပ်မလဲ ငါ့မာမီက နင့်ဆီတခေါက်ပြန်လာပြီး စစ်ကြည့်ဦးမယ်ထင်တယ်'
" ငါလည်း အဲ့တာခေါင်းစားနေတာပဲ"
" ဘာကိုလဲ"
" အခု ငါ့ချစ်သူက ကိုရီးယားမှာမရှိဘူး၊ တရုတ်ပြည်ဘက်သွားတာ နှစ်လလောက်ကြာမယ်ထင်တာပဲ"
" နင့်ကိုယ်ဝန်ကိစ္စသူမသိဘူးလား"
" မသိဘူးလေ သူထွက်သွားပြီးမှ ငါလည်းစစ်ကြည့်မိတာ ခု၂ လရှိနေပြီ"
" အဲ့တော့ ဘယ်လိုလုပ်မယ်စိတ်ကူးလဲ"
" ငါသူပြန်လာမှ အတူတူ ဖေဖေ့ကိုပြောပြတော့မယ်၊ ငါတစ်ယောက်ထဲပြောပြဖို့လဲ အင်အားမရှိဘူး၊ ဖေဖေကတော့ ငါ့ကိုအသေဒေါသထွက်မှာသေချာတယ်'
" ဒါဆို နင့်ချစ်သူမလာသေးခင် နင်တနေရာရာရှောင်နေပါ့လား"
" ငါကဘာလို့ရှောင်ရမှာလား ဖေဖေ့ကိုလည်းတစ်ယောက်ထဲ ပစ်မထားနိုင်ဘူး အစားတောင်သေချာစားနိုင်သေးတာမဟုတ်ဘူး"
" အဲ့တော့ ဘယ်လိုလုပ်မလဲ နင့်ဗိုက်ကကြီးလာဦးမှာမလား"
" ငါလည်း နည်းလမ်းရှာနေပါတယ်"
" နင့်ချစ်သူကိုပြောပြီး ပြန်လာခိုင်းပါလား"
"တောတောင်ထဲရောက်နေတာ ဘယ်လိုမှအဆက်သွယ်မရဘူးလေ နင်လည်းအသိပဲကို"
" ခက်တာပဲဟာ"
"လောလောဆယ်တော့ ဘယ်သူ့ဆီမှ နင့်ကိုယ်ဝန်ကို အမိမခံနဲ့နော်"
"သိပါတယ် ငါ့မှာဘယ်လောက်စိုးရိမ်နေလဲ နင်မှမသိတာ၊ တောထဲရောက်နေတဲ့ သူ့ကိုစိတ်ပူရတာက တစ်မျိုး,ဒီမှာဖေဖေတို့မိသွားမှာ သူ့မိဘတေွ သိသွားမှာစိုးရိမ်နေတာက တစ်မျိုး၊ စိတ်သောကရောက်နေတာ နင်ကပါဖိအားမပေးစမ်းနဲ့"
တကယ်ပဲ စိတ်ရှုပ်ပြီး အားငယ်ဟန်ပေါက်နေသော သူငယ်ချင်းမအသံကြောင့် သူဘာမှထပ်ပြီး မမှာချင်တော့။
သူတို့ဖြေရှင်းနိုင်မယ်လို့ပဲ ယုံကြည်ထားလိုက်တော့သည်။
........................................

" စီးပွားရေးလောကရဲ့ ဥသျှောင် အနန္တရဲ့ ဂျူနီယာလေးက မိန်းကလေးဖြစ်မလား ယောကျာ်းလေးဖြစ်မလား"
" ကံအကောင်းဆုံးလူသားသေးသေးလေး"
စတဲ့စတဲ့ခေါင်းစဉ်တွေနဲ့ သတင်းစာနဲ့ ပြည်တွင်း televisionတွေရဲ့ breaking newsတွေမှာ အနန္တနဲ့မိုးမြေသစ္စာတို့ရဲ့ ရင်သွေးလေးအကြောင်းဆိုပြီး ဟိုးလေးတကျော်ကျော်ဖြစ်နေလေပြီ။
" နောင်ရိုး သတင်းတွေကိူ ဆက်ပြီး မကြေငြာတော့ဖို့ လုပ်ထားလိုက်တော့"
" တစ်နိုင်ငံလုံးသိနေသလို စီးပွားရေးလောကမှာလည်း အဲ့တာကိုပဲ အနံ့ခံနေကြတော့ ရပ်လို့တော့ရမှာမဟုတ်ဘူး ဥက္ကဌ"
သတင်းစာကိုလက်ထဲ ကျစ်ကျစ်ဆုပ်ကိုင်ရင်း သူမြင်ယောင်မိသည်က လာဗင်ဒါဆိုသော ကောင်မလေးနဲ့ သူ့သားလေး၊ ခုလောက်ဆို သူမလေးရောသိပြီးပြီထင်သည်။ သူ့ကလေးမဟုတ်ဘူးလို့ ပြောချင်ပေမယ့် ပြောပိုင်ခွင့်မရှိ၊ မိုက်ရူးရဲဆန်စွာလုပ်လိုက်မယ်ဆိုရင်လည်း အားလုံးရဲ့ စံပြဖြစ်တဲ့ သူရော သူ့ရဲ့တရားဝင်မဟုတ်သေးတဲ့ မိန်းမနဲ့ ကလေးပါ မြောင်းထဲထိုးကျမည့်ဖြစ်ရပ်၊ လာဗင်ဒါဘယ်လို backgroundကနေနေ သူလက်ခံနိုင်ပေမယ့် သတင်းသမားတွေရဲ့ ပါးစပ်နဲ့ကလောင်က တခါတလေ လူသတ်လက်နက်လိုပဲဖြစ်သည်။ သူ့ရဲ့တိတ်တိတ်ပုန်း စပွန်ဆာလေးဆိုပြီး မိဘမဲ့ဂေဟာမှာကြီးပြင်းလာသူဆိုပြီး ထိုးနှက်ချက်တွေများစွာနဲ့ရေးကြတော့မည်။ ပြီးတော့သားလေး မီဒီယာတွေက ကလေးကျောင်းတွေအထိပါ လိုက်မေးလိုက်ဗျူးကြရင် သားလေးလဲ အသက်ငယ်ငယ်နဲ့ရှော့ရသွားနိုင်သည်မဟုတ်လား။ သူ့ကို အားပေးထောက်ခံသူရှိလို ဆွဲချချင်သည့်လုပ်ငန်းရှင်တွေကလည်း နည်းတာမှမဟုတ်ပဲလေ။ ဖြစ်နိုင်သမျှတော့ သူမတို့သားအမိကို ကာကွယ်ပေးဖို့ သူဝေးဝေးကနေ နေမှရမည်။ နီးစပ်ဖို့ ကြိုးစားကာမှဝေးသည့်အဖြစ်ဖြစ်နေလေ၏။
.............................
အေးအေးချမ်းချမ်းနဲ့ ပုံဆွဲနေသော သားလေးကိုကြည့်ရင်း နေ့ခင်းကတွေ့ခဲ့သော သတင်းမှ အနန္တရဲ့ အမျိုးသမီးမှာ ကိုယ်ဝန်ရှိနေပြီ ဆိုတာကိုသတိရမိသွား၏။ မင်္ဂလာဆောင်သတင်းကြားတုန်းက မေ့ပျောက်သွားပြီထင်ခဲ့တဲ့ ရင်ဘတ်ထဲက နာကျင်မှုထက်ပိုပြင်းတဲ့ အောင့်သက်အေးစက်ပြီး ကြေကွဲမှုကိုထပ်မံခံစားလိုက်ရသည်။
ကျချင်လာသည့်မျက်ရည်တွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီးထိန်းထားလိုက်သည်၊
သားလေးကို မိသားစုအပြည့်အစုံနဲ့မထားလိူက်နိုင်လို့ စိတ်မကောင်းဖြစ်မိပါသည်.
ရွေးချယ်စရာတွေအများကြီးမရှိသည့်ဘဝမို့လား။ အချစ်ဆိုတာလည်းသေချာမသိခဲ့၊ ဒိတ်တင်း လုပ်တာလည်း တခြားလူငယ်တွေလိုအတွေံအကြုံမရှိ။ အသက် ၁၈ နှစ်မပြည့်ခင်မှာပဲ စပွန်ဆာယူပြီး ဘဝကိုတည်ဆောက်ခဲ့ရသည်။ ၁၉ မှာ ကိုယ်ဝန်ဆောင်ပြီး ၂၀ မပြည့်ခင်မှာ single momအဖြစ်နဲ့သားလေးကို ပြုစုပျိုးထောင်ပေးခဲ့သည်။ ဒါတွေကို သားလေးကြီးလာရင် သူမကို နားလည်ပေးလိမ့်မည်လို့ ယုံကြည်မိသည်။
သားလေးက ဥာဏ်ကောင်းတဲ့ကလေးလေး လိမ္မာရေးခြားရှိတာမို့ ကောင်းမွန်တဲ့ဘဝလေးရမည်လို့လည်း မျှော်လင့်မိပါသည်။
ဟိုလူလည်း မိသားစုနဲ့ ပျော်ရွှင်ပါစေလို့ပဲ စိတ်ရင်းနဲ့‌ေဆန္ဒပြု လိုက်လေ၏. သူမအတွက် အချစ်ဆိုတာ ခဏတဖြုတ်တိုက်ခတ်သွားတဲ့ လေပြေလေညှင်းလေးလိုပါပဲ။ တိတ်တဆိတ်ဝင်ရောက်လာပြီး တိတ်တစိတ်ပဲပျောက်ကွယ်သွားပြီ မဟုတ်လား။
....................................
ဇာတ်လမ်းကိုမေ့နေကြပြီထင်ပါတယ်။
အကြာကြီးစောင့်ခိုင်းရတာ အားနာပါတယ်။
စာကရေးပြီးပေမယ့် အင်တာနက်မရတဲ့ဆီရောက်နေတာမို့ မတင်ဖြစ်တာပါ။
ခုဘယ်လိုတင်လဲ မမေးပါနဲ့ ၂ ရက်လောက်ကြိုတင်ပြီး ကြိုးစားတင်လိုက်ပါတယ်နော်။
Have a beautiful day!

Continue Reading

You'll Also Like

539K 13.6K 37
At the start of fourth year, Harry, Ron, and Hermione are ready to begin the new year filled with magic. When Harry suddenly gets chosen for the Twiz...
376K 19.9K 96
All the cameras in the world can't capture how breathtaking she is and I'm selfish enough to keep that image locked up in my mind where no one else o...
1.6M 13.8K 9
Delancy lives with her father and works in his store. When the store falls into debt she agrees to marry the son of her father's wealthy​ friend. Mar...
6.4K 285 26
Draco Malfoy had changed a great deal since his Hogwarts days and so had Hermione Granger. The War changed everybody. Who thought that the Ferret wou...