လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အ...

By BaeChocolate

80.3K 3.7K 318

ဆင်းရဲတဲ့ဘဝကနေ ရုန်းထွက်ချင်လို့ မော်ဒယ်လ် ဖြစ်ဖို့ ကြိုးစားနေတဲ့ "လာဗန်ဒါ " ခေါ် "အချစ်ပန်း" ဆိုတဲ့ ကောင်မ... More

လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်း - ၁
လေပြေညှင်းလေး တိုးဝှေ့ခဲ့သော အချစ်ပန်း - ၂
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း-၃
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း-၄
လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်း - ၅
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း-၆
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၇
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၈
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း -၁၀
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၁
လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်း -၁၂
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၃
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၄
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၅
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၆
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၇
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၈
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၉
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၂၀
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၂၁
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၂၂
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း -၂၃
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း -၂၄
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၂၅
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၂၆
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၂၇

လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၉

2.7K 165 21
By BaeChocolate

လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၉
မိသားစုတစ်ခုတည်ဆောက်နေပြီလို့ပြောလိုက်သည့် လာဗန်ဒါစကားကြောင့် သူမကြောင့်ရှုပ်ထွေးနေတဲ့ခံစားချက် တွေကိုလဲ ထိန်းချုပ်နိုင်သွားတော့သည်။ နောင်ရိုးလာကြိုသောကားပေါ်ထိုင်နေပေမယ့် သူစိတ်တွေကတော့ ဟိုဒီပြေးလွှားနေတုန်းပင်။
ခါတိုင်းထက်ပိုပြီးတိတ်ဆိတ်နေတဲ့အပြင် အတွေးတွေအပြင်ရောက်နေတဲ့ဒုဥက္ကဌကိုကြည့်ရင်း အခြေအနေမကောင်းဘူးဆိုတာ နောင်ရိုးရိပ်မိနေလေသည်။ သူသူဌေးက ကျန်တဲ့အရာတွေထက်မြတ်ပေမယ့် အချစ်ရေးနဲ့ ပက်သက်ရင်တော့ တုံးအတုံးပင်။ မိန်းကလေးတစ်ယောက်ကိုတော့ ဘယ်လိုကိုင်တွယ်ရမှန်းမသိ။ သူလည်း သူဌေးနဲ့အတူတူပါပဲ ၊စတင်ပြီး လူပျိုဖြစ်ပါပြီဆိုကတည်းက ဒုဥက္ကဌနားမှာပဲ PAတစ်ယောက်အနေနဲ့ အလုပ်များနေတာ သူ့နှလုံးသားအတွက်ပင်အချိန်မရပေ။
"နောင်ရိုး"
"ဗျာ ဒုဥက္ကဌ"
"လာဗန်ဒါတို့မိသားစုအကြောင်း စုံစမ်းပေးပါ။"
"ဟုတ်ကဲ့ "
ထိုစဉ်ထူးထူးဆန်းဆန်းဖုန်းဝင်လာလို့
" ဟုတ်ကဲ့ ဒုဥက္ကဌလား ရှိပါတယ်ဗျ ကျနော်ဖုန်းပေးလိုက်မယ်ခင်ဗျ"
သူ သူ့ရဲ့ဖုန်းကို အနောက်ခန်းမှာထိုင်နေတဲ့ သူဌေးကိုလှမ်းပေးဖို့ ကားကိုအရှိန်လျော့လိုက်လေသည်။
" ဒုဥက္ကဌ ဥက္ကဌကြီးရဲ့ဖုန်းပါ အရေးကြီးတယ်ပြောပါတယ်"
နောင်ရိုးလှမ်းပေးတဲ့ဖုန်းကို ယူလိုက်ရင်း သူဖုန်းက ဖုန်းမြည်သံတိုးနေတော့ သူမသိလိုက်
" ပြောပါ ဒယ်ဒီ"
" ....................................."
" ဟုတ်ကဲ့အခုချက်ချင်းလာခဲ့ပါမယ်"
ချသွားသောဖုန်းကို နောင်ရိုးကိုလှမ်းပေးလိုက်ရင်း
"................." ဆေးရုံကိုမောင်း"
" ဘယ်သူ ဘာဖြစ်လို့လဲ"
" Royal ဥက္ကကြီး ဆေးရုံရောက်နေတာတဲ့"
နောင်ရိုးလဲအတွေးထဲ ခါတိုင်း ကျန်းကျန်းမာမာရှိနေတဲ့ သူဌေးကြီးဘာဖြစ်တာလဲတွေးနေမိသည်။
ဆေးရုံရောက်တော့ VIP အခန်းထဲက လူနာကုတင်မှာလှဲနေတဲ့ ဦးမိုးမြင့်နဲ့သူ့PA ပြီးတော့ ဒယ်ဒီကိုတွေ့သည်။ ဒယ်ဒီက ဦးမိုးမြင့်ဘေးမှာ သူလည်းဒယ်ဒီဘေးကိုသွားပြီး ဦးမိုးမြင့်ရဲ့အခြေအနေကို အကဲခတ်နေလိုက်သည်။ သူရောက်လာတာကို ဦးမိုးမြင့်သိပုံရသည် မျက်တောင်လေးတွေလှုပ်နေပြီး မျက်လုံးဖွင့်လိုက်ရင်းသူ့ကို ကြည့်နေသည်။
" သား အနန္တရောက်ပြီလား"
သူငယ်ငယ်ထဲက ဒယ်ဒီနဲ့အတူတူအလုပ်ကို လိုက်သွားနေကြဖြစ်ပြီး ဦးမိုးမြင့်တဲ့သမီး မိုးမြေသစ္စာက သူ့ရဲ့ပထမဦးသော ခင်မင်ရင်နှီးခွင့်ရသည့်သူတွေဖြစ်သည်။ ဦးမိုးမြင့်ကလည်း သားမရှိတော့ သူ့ကိုချစ်သလို သူ့မာမီကလည်း မိုးမြေကိုဆို သမီးလေးတစ်ယောက်လိုချစ်သည်။
ဦးမိုးမြင့်အမေးကိုသူလည်း
" ကျနော် ရောက်ပါပြီ အန်ကယ်"
" သားကို အဟွတ် ဦးသမီးနဲ့လုပ်ငန်းတွေအပ်ခဲ့ပါရစေ"
"အန်ကယ် ပြန်ကျန်းမာလာမှာပါ စိတ်မပူပါနဲ့"
" အန်အကယ်အခြေအနေသိပါတယ် သိပ့်ကြာကြာနေရတော့မှာမဟုတ်ဘူး။ ဦးရဲ့ အိမ်မကပ်တဲ့ မလိမ်မိုးမလိမ်မာသမီးလေးကိုစောင့်ရှောက်ပေးပါလို့ အဟွတ်"
သူ့ကိုပြောအပြီး ဒယ်ဒီကိုလည်းကြည့်ကာ
"ဟေ့ ငကျော် သားနဲ့သမီးရဲ့ မင်္ဂလာပွဲကို အမြန်ဆုံးစီစဉ်ပေးပါ။ သမီးကိုလည်း ချင်းပြည်ကနေ မြန်မြန်ပြန်လာပါလို့ပြောပေးပါကွာ"
" စိတ်ချ မိုးမြင့် ၊ သမီး မိုးမြေလေးကိုလည်း ပြန်ခေါ်ဖို့လူလွှတ်ထားပြီးသား ညနေပိုင်းလောက်ရောက်လိမ့်မယ်။ မင်္ဂလာပွဲကိုလည်း သေချာလုပ်ပေးမှာပါ မင်းသာ ကျန်းမာရေးဂရုစိုက်နေ"
ဒယ်ဒီကလည်း သူ့ဘက်ကိုလှည့်ကြည့်ရင်း
" ညနေပိုင်း သမီး မိုးမြေရောက်လိမ့်မယ် သမီးနဲ့တူတူ ဒီကိုလာခဲ့ဦး"
" ဟုတ်ကဲ့ ဒယ်ဒီ"
ဒယ်ဒီနဲ့သူ အခန်းရဲ့အပြင်ဘက်အတူတူထွက်လာပြီး ဒယ်ဒီမှ
" သား မင်းလည်းသိနေပြီပဲ မိုးမြင့်က အူမကြီးကင်ဆာနောက်ဆုံးအဆင့်တဲ့။ သူမျက်လုံးမမှိတ်ခင် သားနဲ့သမီးကို မင်္ဂလာဆောင်ပေးပြီး သူ့သမီးကိုစိတ်ချချင်နေတာ၊ မိုးမြေလေးက အိမ်လည်းမကပ်၊ စီးပွားရေးလည်း ဦးမဆောင်တတ်တော့ သားလက်ထဲပဲ အရာရာအပ်ခဲ့ချင်တာမို့။ သားတို့လူငယ်တွေရဲ့ ဆန္ဒနားလည်ပေးချင်ပါတယ်။ ဒါပေမယ့် အခုဖြစ်သင့်တာကို လုပ်ပေးရမယ် နားလည်တယ်မလားသား"
ဦးကမ္ဘာကျော် သူ့သားအနန္တရော မိုးမြေရောက လက်ထပ်ပွဲကိုမလုပ်ချင်မှန်းသိနေတာမို့ နားချရသည်။ လူငယ်ဆိုတာက သူတို့ခေတ်ကလို အိမ်ထောင်ကျ အတည်တကျနေ အဲ့လိုမလုပ်ချင်ကြတော့။ သူတို့ ဝါသနာပါရာလုပ်၊ လွတ်လွတ်လပ်လပ် နေချင်ကြတော့သည်။ အိမ်ထောင်မှုတာဝန်တွေ ထမ်းဆောင်ဖို့ အချိန်ယူကြမှန်း သူနားလည်ပေးချင်ပေမယ့် ယခုအခြေအနေက အေးအေးဆေးဆေးလုပ်ရမှာမဟုတ်တော့။ Royal အတွက်ရော၊ The Universeအတွက်ပါ အရေးကြီးတဲ့ အခြေအနေဖြစ်သလို နှစ်ခုလုံးရဲ့ ဥက္ကဌရာထူးအတွက်ပါ အပြောင်းအလဲဖြစ်ပီး ဒါက စီးပွားရေးဈေးကွက်မှာပါ သက်ရောက်မှုရှိမည်ဖြစ်သည်။
အခြေအနေတွေကို နားလည်သဘောက်တဲ့ အနန္တလည်း
" ကောင်းပါပြီ ဒယ်ဒီ"
" အင်း မင်္ဂလာပွဲအတွက်တော့ မင်းတို့လူငယ်နှစ်ယောက်တိုင်ပင်ပေါ့"
သူ ခေါင်းကိုငြိမ့်ပြပြီး ကုမ္ပဏီကိုထွက်လာလိုက်တော့သည်။
"နောင်ရိုး Shine Hotel ကို ဒီလအတွင်းဘာပွဲအတွက်မှ ငှားထားတာမျိုးမလုပ်နဲ့နော်"
သူတို့လက်ထပ်ပွဲက အချိန်မရွေးဖြစ်နိုင်သည့် အနေအထားမို့ သူတို့ရဲ့ ဟော်တယ်ထဲက အကောင်းဆုံးတခုကိုရွေးထားလိုက်သည်။
...............

ညနေပိုင်း မိုးမြေကို ဆေးရုံကိုခေါ်လာတော့ သူငယ်ချင်းမက အငိုမပျက်တော့။ ဒါပထမဆုံး မိုးမြေသူ့ရှေ့ ငိုကြွေးနေခြင်းပါ။ ပုံမှန်ဆို အမြဲသန်မာနေသည့်သူက စိတ်ပူငိုကြွေးနေတာမြင်တော့ သူလည်းစိတ်မကောင်း၊ ဒါကြောင့် သူငယ်ချင်းမရဲ့ ပုခုံးလေးကို အသာကိုင်ထားလိုက်သည်။ ဦးမိုးမြေကတော့ သူ့သမီးကိုမငိုဖို့နဲ့ သူစိတ်ချချင်လို့ အနန္တဦးဆောင်ရာနောက်ကိုပဲ လိုက်ဖို့မှာနေသည်။ ခဏနေတော့ ဦးမိုးမြင့်လဲ ဆေးအရှိန်ကြောင့်အိပ်ပျော်သွားတော့သည်။
ယခုထက်ထိ မိုးမြေက သူမအဖေကို မျက်တောင်မခတ်ကြည့်နေရင်း
"တက္ကသိုလ်စတက်ကတည်းက ငါဝါသနာပါရာ အပင်တွေကိုလျှောက်လေ့လာနေခဲ့တာ ဖေဖေ့အနားတောင် သေချာမကပ်ခဲ့ဘူး၊ ခု ငါ ပထမဆုံး အိမ်မှာဖေဖေနဲ့အတူ အချိန်မဖြုန်းရလို့ နောင်တအရဆုံးပဲသိလား"
" ဒါ နင့်အပြစ်မဟုတ်ပါဘူး၊ ရောဂါဆိုတာ အချိန်မရွေးဖြစ်နိုင်တာပဲ၊ ငါလည်း အကောင်းဆုံးသမားတော်တွေရှာနေပါတယ်။ အနည်းဆုံးတော့ အန်ကယ်ကို အချိန်ပိုရဖို့ ဆွဲထားနိုင်မှာပါ"
" ဖေဖေက သူ့လုပ်ငန်းတွေကို သိပ့်ချစ်တာ၊ ငါ့ကိုတောင် သူလိုပဲ ကိုယ်ချစ်တဲ့အလုပ်ကို တစိုက်မတ်မတ်လုပ်လို့ဆိုပြီး အမြဲဂုဏ်ယူနေခဲ့တာ"
" အန်ကယ်က ခုထက်ထိ နင့်အတွက် ဂုဏ်ယူနေတုန်းပါ"
သူ့ရဲ့နှစ်သိမ့်စကားတွေက သူမအတွက်အရာမထင်မှန်းသူသိပါသည်။ မိုးမြေကတော့ ခုထိ တရှုံရှုံနဲ့ငိုနေတုန်း။
ညစာစားရင်း မင်္ဂလာပွဲအတွက် စီစဉ်နေကြပေမယ့် မိုးမြေက ငူငူငိုင်ငိုင်ရယ်၊ ကောင်းသလိုသာကြည့်စီစဉ်ဆိုပြီးပြောတော့သည်။
တရားဝင်ကြေငြာတာမဟုတ်တာတောင် သူတို့ရဲ့ မင်္ဂလာပွဲစီစဉ်မည့်အကြောင်းက စီးပွားရေးလောကထဲတော့ ပျံ့နေလေပြီ။ တချို့က ကျေနပ်တာမျိုးရှိသလို တချို့ကတော့ အင်အားကြီးလာမည့်သူတို့ လုပ်ငန်းစုကို မလိုတာမျိုးလည်းရှိကြသည်။
ဒီကြားထဲမှာ အပျော်ဆုံးကတော့ ဒယ်ဒီပင်၊ သူ့မင်္ဂလာပွဲကြောင့် မာမီက အိမ်ပြန်ရောက်လာသည်။ သူတို့သားအဖရှာနေတာက သူတို့နိုင်ငံအတွင်း၊ မာမီကတော့ ကမ္ဘာပတ်နေလေ၏။ ယခုတောင် ဘာလီရောက်နေတာကနေ သူမ ရဲ့သား မင်္ဂလာပွဲမို့ပြန်လာချင်းပင်၊ ပွဲပြီးတာနဲ့ အိမ်မှာမနေဟု ကြွေးကြော်ထားသည်။ ဒယ်ဒီကတော့ မာမီအိမ်ပြန်နေဖို့အရေး ဟိုသားအမိကိုလည်းပ,သထားနေရသည်။ ပြီးခဲ့တဲ့လကပဲ ပီတိချိုက ဂျပန်မှာနေချင်သည်ဆိုလို့ သားအမိနှစ်ယောက်ကိုပို့လိုက်ပြီ။ မာမီလည်းအိမ်ရောက်နေတာမို့ ထိုသားအမိပြန်မလာရေး သူမှာကြိုးစားနေရသေးသည်။
မာမီရှိနေတာက သူ့အတွက်ရော မိုးမြေအတွက်ပါအားရှိလေသည်။ သူ ကမိုးမြေအတွက် သတို့သမီးဝတ်စုံဘာညာတွေ စီစဉ်ရတာ အဆင်မပြေသလိုသူမအကြိုက်လဲမသိ၊ မိုးမြေကလည်း သူ့ဖေဖေအတွက်သောကရောက်နေလို့ ဘာမှမလုပ်ဘူး ကြည့်သာစီစဉ်လို့ပြောသည်။ ဒါကြောင့် မိုးမြေကိစ္စကိုမာမီလက်ထဲအပ်ပြီး သူကတော့ အပြီးသတ်ရမည့်လုပ်ငန်းကိစ္စများကို ဖြတ်နေရသည်။ မင်္ဂလာပွဲကိုတော့ အကြီးအကျယ်မလုပ်ဖို့ပြောထားရသည်။
ဂျပန်မှာနေနေသည့် သားအမိလည်း အနန္တနဲ့မိုးမြေရဲ့လက်ထပ်ပွဲသတင်းကြောင့်သွေးတက်နေကြပြီ။ ဟိုဘက်ကအင်အားကြီးလေလေ သူတို့လုပ်နိုင်တဲ့အကွက်ကနည်းလေလေမဟုတ်လား။ ပီတိချိုကတော့ သားချင်းချင်းတူတာတောင် သူတို့သားအမိက ပြည်နှင်ဒဏ်ပေးခံရသလို ဟိုပြည်ပြေးလိုက်ရ ဒီပြည်ပြေးလိုက်ရသလိုဖြစ်နေတဲ့ ဘဝကိုတော့မကျေနပ်ပေ။ သူလည်း ဘေးမှာလူတွေဝန်းရံပြီး အားလုံးကရိုသေလေးစားရသည့် ဥက္ကဌဖြစ်ချင်သည်။ ခုလို သူတို့ပေးတာပဲသုံးနေရတဲ့ဘဝကနေ ကိုယ်ပိုင်လုပ်ငန်းမှရတဲ့ ပိုက်ဆံကို ဘယ်သူ့မျက်နှာမှမကြည့်ပဲ သုံးပစ်ချင်သည်။ ကျောင်းသားဘဝတုန်းက လွယ်လွယ်ရခဲ့သည်ပိုက်ဆံတွေကို အလွယ်တကူသုံးခဲ့တော့ တတ်မြောက်ထားတဲ့အရည်အချင်းဆိုတာမရှိလို့ လုပ်ငန်းခွင်ဝင်ချင်တာတောင် မရ။ နောက်ပြီး သူများအလုပ်နဲ့သူများနောက်လိုက်ဖြစ်ရမည်ကို သူလည်းမနှစ်မြို့မလုပ်ချင်ပေ။ ဒုတိယသားအနေနဲ့ သူလည်းသိက္ခာရှိရှိ မျက်နှာပြပြီး ဖေဖေရဲ့လုပ်ငန်းခွဲတွေမှာ ဦးဆောင်ချင်သည်။ မိသားစုထောက်ပံ့မှုသာရှိရင်သူလည်း မပင်ပန်းပဲ အောင်မြင်မှုရမည်လို့ ခံယူထားသည်။

သားအမိနှစ်ယောက်တိတ်ဆိတ်နေကြပေမယ့် ကိုယ်စီအတွေးထဲတော့ The Universe ဆီကဘယ်လိုမျိုး စီးပွားရေးကို ခွာယူရမလဲဆိုတာ စဉ်းစားနေကြသည်။ ဒေါ်သဲသဲချိုအနေနဲ့လည်း သူမအသက်ငယ်ရွယ်ထဲက အမှီအခိုတခုရယ်လိုသတ် မှတ်ပြီး လေးစားခဲ့သည့် ကမ္ဘာကျော်ဆိုသည့်လူကို ဘယ်လိုမှအဆက်မဖြတ်နိုင်ပေ။ ဒါကြောင့် သားလေးရှိလာတော့ ရအောင်မွေးပြီး တိတ်တဆိတ်စောင့်လျှောက်လာခဲ့သည်။ နာမည်ကြီးနေတဲ့ဖခင်ရှိရက် သားလေးပီတိချိုမှာ အဖေခေါ်ခွင့် အဖေရဲ့စောင့်ရှောက်မှုမရခဲ့လို့ သနားကာ အလိုလိုက်အကြိုက်ဆောင်ပေးခဲ့သည်။ ကြီးလာတော့လဲ ရသင့်ရထိုက်သည့် အမွေတွေကိူခွဲဝေပေးစေချင်ပေမယ့် သားအဖေကတော့ လုပ်ငန်းရဲ့ရှယ်ယာအများစုကို သူ့မိန်းမနာမည်နဲ့လုပ်ထားလို့ မျှော်လင့်ချက်ကနည်းနေသည်။ သူ့နာမည်နဲ့တိုက်တလုံးနဲ့ပုံနှိပ်စက်လုပ်ငန်းတခုပဲရှိတာမို့ အခက်တွေ့နေကြတာ။ ဟိုနေသည်နေနဲ့ နာမည်မရှိနေနေရတာ သူမလည်းပင်ပန်းလာပြီ။ သားလေးအတွက်ရသင့်ရထိုက်တာ အားလုံး ရအောင်ယူပေးမည်လို့ ဆုံးဖြတ်ထားသည်။ သူတို့သားအကြီးကျ ငယ်ကတည်းက အကောင်းစားကျောင်း ကိုအကောင်းစားကားနဲ့လိုက်ပို့ကြိုလုပ်နေချိန် သူမနဲ့သားလေးက တခြားနိုင်ငံက လိုင်းကားကိုတိုးစီးရင်း သွားလာလှုပ်ရှားခဲ့ရသည်။ ပြီးတော့ သားလေးခမျာငယ်ငယ်ကနေ အထက်ကျောင်းတက်သည့်အထိ Fatherless child ဆိုပြီး အနိုင်ကျင့်ခံရသည်။ ဒါကြောင့် သူငယ်ချင်းမရှိ လူမှုရေးမသိ အနာဂတ်မရေမရာနဲ့ ပျက်စီးနေတဲ့ကလေးဖြစ်လာခဲ့သည်။ သူမ အနေနဲ့နောက်ဆုံး သား အနာဂတ်အတွက် လုပ်သင့်သည်လို့ယူဆရသမျှကို အစွမ်းကုန်လုပ်မည်လို့ စိတ်ပိုင်းဖြတ်ထားလိုက်သည်။
...............................................
လက်ထဲကိုင်ထားတဲ့ ပန်းကန်ပြားထဲက မက်မွန်သီးစိတ်တွေကို စားနေရင်း TV အစီအစဉ်တွေပြောင်းကြည်နေလိုက်သည်။ ပြည်တွင်းသတင်းဘက်ရောက်သွားတော့ မောင်အနန္တနဲ့မမိုးမြေသစ္စာတို့ရဲ့ မင်္ဂလာပွဲဆိုပြီး Live လွှင့်နေလေသည်။ ခန်းမက ရှင်းရှင်းလေးဆိုပေမယ့် သုံးထားသည့် ပန်းတွေအပြင်အဆင်တွေက ရိုးစင်းပြီးကြည့်ကောင်းသည့် အဖိုးတန်တွေကိုသုံးထားမှန်းသိသာသည်။ ထွက်လာတဲ့ သတို့သမီးကလည်း အဖြူရောင်ပြောင်ဂါဝန်လည်းက ဇာတွေအမျာကြီးမပါပဲ cuttingကောင်းပြီး ကျော့ရှင်းနေလေ၏။ မော်ဒယ်လ်လောထဲရောက်ဖူးတာမို့ အချစ်ပန်း ထိပ်တန်း နာမည်ကြီးဒီဇိုင်နာရဲ့လက်ရာမှန်းသိသည်။ Hope Diamond လို့ခေါ်သည့် အပြာရောင်စိတ်ပွင့်လေးတစ်ပွင့်ထဲပါသည့် လည်ဆွဲလေးကိုပဲစွဲထားသည်။ သတို့သမီးဆင်မြန်းတဲ့စိန်ဆိုတာ သတို့သားရဲ့ချစ်မြတ်နိုးတန်ဖိုးထားမှုကိုပြသည်မို့ မမိုးမြေသစ္စာက ထိုလူရဲ့ရှာပါးတန်ဖိုးထားရသည့်အမျိုးသမီးမှန်း ခန့်မှန်းမိလိုက်သည်။ အရှားပါးဆုံးနဲ့ တတိယဈေးအကြီးဆုံး စိန်ပြာမလား။ သတို့သမီးကိုပြပြီးသည်နှင့် သတို့သားရှိနေတဲ့စဉ်ိကိုပြသနေ၏။ အဖြူရောင် သတို့သားကုတ်ရှည်နဲ့ ထိုလူရဲ့ပုံစံက တော်ဝင်တန်သည့်နတ်ဘုရားတပါးလိုပါပဲ။ လိုက်ဖက်သည်ဟုဆိုတာထက်ပင် ပိုသောထိုလူနှစ်ယောက်ရဲ့ဆွဲဆောင်နိုင်မှုက အချစ်ပန်းပင် TVကနေ မျက်စိမခွာနိုင်တော့။
သူမဆီ သစ်သီးစိတ်ပြီးလာပေးနေတဲ့မမကလည်း မင်္ဂလာပွဲကိုငေးရင်း
" ဝါးတော်တော်မိုက်တာပဲ ဒါတောင် အကျဉ်းချုပ်နဲ့မြန်မြန်စီစဉ်လိုက်ရတဲ့ပွဲတဲ့နော်။ ဆင်ပိန်တာ ကျွဲဝသလောက်ရှိတာဆိုတာအမှန်ပဲ"
ဖာသာရဲ့ရှေ့မတ်တပ်ရဲ့နေတဲ့နှစ်ယောက်ကို အချစ်ပန်းမျက်တောင်မခတ်စိုက်ကြည့်ရင်း
"မမ အဲ့လူကတော်တော်ချောလား"
"ချောတာပေါ့ဟယ် ထမင်းမစားပဲတောင်ထိုင်ကြည့်နေရင်ဗိုက်ဆာဖို့သတိရမှာမဟုတ်ဘူး။ သတို့သမီးလည်း ကံကောင်းလိုက်တာ။ သတို့သားရောပါပဲ သတို့သမီးကလည်း တော်ဝင်မင်းသမီးလေးလိုပဲလှချက်"
" မမ "
"ဟင်"
"အဲ့လူက ပဲပင်ပေါက်လေးရဲ့အဖေ"
"ဘာ"
"ဘာ ပြောလိုက်တယ်"
" သတို့သားက ပဲပင်ပေါက်လေးအဖေလို့"
တခဏတာ မိုးသွန်းတစ်ယောက် အံ့အောလွန်းလို့ စကားပင်မပြောနိုင်ပဲ ပါးစပ်အဟောင်းသားဖြစ်နေတော့သည်။ ဒါဆို ဟိုဒါရိုက်တာက ကလေးအဖေမဟုတ်ဘူးပေါ့။ လောကကြီးကဘာတွေဖြစ်နေတာလဲ။ ဒီလူရဲ့ကလေးမို့လို့ သူမတို့ဟာ လုံလောက်သည်အထိ နေထိုင်နိုင်တာပေါ့။
သတို့သားနဲ့သတို့သမီးဖွဖွလေးနမ်းနေကြတာမြင်လိုက်တော့ အချစ်ပန်းရင်ထဲ အောင့်သက်နာကြင်သွားရသလို တခုခုဟာလုံးဝပျောက်ကွယ်သွားသလိုခံစားလိုက်ရသည်။ ဟုတ်သည် သူမအနေနဲ့တော့ ကလေးလေးမွေးပြီးရင် ဆိုပြီး ဇာတ်လမ်းတွေထဲကလို ထိုလူသူ့အနားပြန်ရှိလာမလား ပျော်ရွှင်စရာဇာတ်သိမ်းလေးဖြစ်လာမလားလို့ မျှော်လင့်မိခဲ့ပေသည်။ ထိုလူကိုဆုံးရှုံးရပြီလို့သူမသိကာမှ ထိုလူအတွက်သူမခံစားချက်တွေရှိနေမှန်းသိလိုက်ရသည်။ မရေရာတဲ့ခံစားချက်တွေက အချိန်လွန်မှသိတော့ နောင်တရသလိုရှိပေမယ့် သူမတစ်ဖက်ကပဲ ခံစားချက်ရှိနေရုံနဲ့ အရာရာဟာဖြစ်လာမယ်လို့ပြောမှမရပဲလေ။ သူမကိုယ်တိုင်မသိလိုက်ပဲ ကျလာတဲ့မျက်ရည်တွေက ရင်ဖတ်ပေါ်အေးစက်စက်ကျလာမှသတိထားမိတော့သည်။ နောက်ဆုံးတော့လဲ အချစ်ကြောင့်နာကြင်ခံစားဖူးခဲ့ပြီလေ။
"အ"
"ဘာဖြစ်တာလဲ ညီမလေး"
မျက်ရည်တွေကိုသုပ်လိုက်ရင်း
" ကလေးက တအားကန်နေလို့"

ဒီမေမေရဲ့ဝမ်းနည်းမှုကိုကလေးကလည်းသိသည်ထင်သည် ခါတိုင်းထက်ပိုတဲ့ကန်ချက်တွေနဲ့ကိုက်လိုက်တော့ နာကြင်မှုတွေတောင် မေ့ပျောက်သွားသည်။ သားလေးက သူမကိုနှစ်သိမ့်ချင်ဟန်တူပါသည်။ သူမ သဘောကျသည့်ထိုလူရဲ့ကလေး သူမအရမ်းချစ်ရမည့်ကလေးလေးရှိသေးတာမဟုတ်လား။ သူမကိုယ်သူမ သနားစရာကောင်းသည့်လူလိုမနေချင်ပါ။ ကြည့်နေသည့် အစီအစဉ်ကိုပြောင်းလိုက်ကာ ကာတွန်းကားကိုပြ အာရုံစိုက်ကြည့်လိုက်တော့သည်။
........................................
မင်္ဂလာဦးအခန်းထဲမှာတော့ အနန္တနဲ့ မိုးမြေ တစ်ယောက်တစ်ယောက်ကြည့်နေရင်း
"ငါတို့အခန်းခွဲအိပ်ရအောင်"
နှစ်ယောက်လုံးဆီကနေ တူညီတဲ့အသံထွက်လာလေသည်။ ခဏငြိမ်နေပြီးမှ မိုးမြေကပင်စတင်ပြီး
" ငါ နင့်ကို ငါ့အမျိုးသားလို့ မြင်လို့မရဘူး"
သူမဘက်ကစတင်ပြောလိုက်မှ သူတနေ့တာလုံးစိုးထိတ်နေသည့်ကိစ္စကြီး လျော့သွားသလိုခံစားလိုက်ရသည်။ အနန္တ အနေဖြင့်လဲ မိုးမြေကို မိန်းကလေးတစ်ယောက်လို့ခံစားလို့မရပါ။ သူ သွေးသားဆန္ဒရှိတာမျိုးမှန်ပေမယ့် ဒီသူငယ်ချင်းမအပေါ်တော့ ရိုးသားစိတ်ကလွဲလို့ဘာစိတ်မှမဖြစ်။ သူ့ဘက်ကစပြောရင် သူမမာနခထိလိုက်သွားမည်လဲ စိုးရိမ်နေသလို အန်ကယ်ကြောင့်စိတ်ဆင်းရဲနေသည့် သူမကို သူကြောင့်လဲ တခုခုခံစားသွားရတာမျိုးမဖြစ်စေချင်ပါ။
" ဟုတ်ပါပြီ"
" နောက်ပြီး ဖေဖေ ဆန္ဒကြောင့် ဒီပွဲလက်ခံလိုက်ပေမယ့် ဒီအတိုင်း for showလို့ပဲမြင်ပေး။"
" အေးပါ"
အေးတိအေးစက်ဖြေနေတဲ့ ရှေ့ကလူကို ကြည့်နေရင်း မိုးမြေလည်း ပြောရကောင်းနိုး မပြောရကောင်းနိုးစဉ်းစားနေလိုက်သည်။
" နင်ပြောစရာရှိပြော"
" ငါ စီးပွားရေးလုပ်ငန်းတွေ နားမလည်သလိုမလုပ်ချင်ဘူး၊ အဲ့တော့ လောလောဆယ်နင်ပဲ ဆက်ထိန်းသိန်းပေးပါ"
" ဒါကလွယ်တဲ့ကိစ္စပဲကို"
" နောက်ပြီး ငါ ငါ့မှာ ချစ်ရတဲ့သူရှိတယ်။ သူကငါလိုပဲ ရုက္ခဗေဒပညာရှင် ကိုရီးယားလူမျိုး"
"အဲ့တော့ နင်ကငါ့ကိုပစ်သွားမယ်ပေါ့" သူ သူငယ်ချင်းမကိုစချင်လို့ ရစ်နေလိုက်လေ။
"အေးလေ ငါတို့အခြေအနေကို သူ့ကိုရှင်းပြထားတယ် သူနားလည်တယ် ပြီးတော့ သူတို့အိမ်က ကိုရီးယားတိုင်းရင်းဆေးတွေလုပ်ကြတာ၊ အခု ဖေဖေအခြေအနေကို ပြောပြထားတော့ အဲ့ကိုလာကုကြည့်ပါပြောနေတာ။ ငါ ဖေဖေ့အတွက် နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ ကြိုးစားကြည့်ချင်တယ်။ ပြီးတော့ သူ့ကိုလည်းယုံတယ်"
"ဟား ဟား ဟား"
သူမကိုကြည့်ပြီးရယ်နေတဲ့ ငနဲကောင်ကို ဂျိုကြည့်ကြည့်နေလိုက်သည်။
" ဘာဖြစ်တာလဲ ရူးသွားတာလား"
" ဟားဟား မရူးပါဘူး၊ ငါအရင်ကနင့်ကိုထင်ခဲ့တာ ဂေးနေတာလားလို့၊ ဘယ်ယောကျာ်းကိုမှစိတ်ဝင်စားပုံမပြလို့၊ မိန်းမယူတော့မယ်တောင်ထင်နေတာ"
"ယူစရာလား အဲ့အချိန်တွေတုန်းက ဘယ်သူ့ကိုမှစိတ်မဝင်စားပဲနေတာပါ။ အပင်တွေပဲစိတ်ဝင်စားတာ ။ ဒါပေမယ့် အမေဇုန်မှာအပင်တွေလေ့လာတုန်းက ကိုရီးယားကပညာရှင်တွေပါတာ၊ သူနဲ့စတွေ့တာလေ၊ သူကလည်းအပင်တွေကိုချစ်ပြီး တကယ်ကိုစိတ်ဝင်တစားနဲ့ လေ့လာတ၊ ငါ့ဂျူနီယာလေ၊ ဒီလိုပဲ သဘာဝလဲတူ အကြိုက်လဲတူဆိုတော့ သဘောကျမိတာ၊ သူဖွင့်မပြောသေးလို့လေ၊ ငါပြန်လာခါနီးမှ ဖွင့်ပြောတာ၊ နင်နဲ့စေ့စပ်တာကိုလည်း စီးပွားရေးကြောင့်လို့ပြောပြထားသေးတာ သူက ငါ့ထက်ငယ်ပေမယ့် တော်တော်လေး ရင့်ကျက်တည်ငြိမ်တည်။ အကုန်နားလည်ပေးတယ်"
" နင့်ပွင့်၂လင်း၂ပြောတာ တော်တော်လေးကောင်းတယ်၊ ငါလည်းအနေခက်နေတာ၊ ငါ့မှာလဲ ငါသဘောကျနေပြီလို့ထင်တဲ့ကောင်မလေးရှိတာ၊ သူနဲ့ငါက မဖြစ်နိုင်တော့ပေမယ့် ငါ့စိတ်က သူမဆီကရုန်းထွက်လို့မရသေးဘူး"
"သရေပဲနော် အဲ့တာဆို နင့်ဘက်ကနစ်နာစရာမရှိတော့ Royalကို ဂရုစိုက်ပေးပါ။ ငါအမြန်ဆုံးဖေဖေ့ကို နားချပြီး ကိုရီးယားသွားဖို့ ပြင်ဆင်ရဦးမယ်"
" အဲ့တာအတွက် ဘာမှစိုးရိမ်မနေနဲ့၊ အကူအညီလိုရင်လဲပြော ငါ စီစဉ်ပေးမယ်"
" အေးပါ ကျေးဇူးတင်ပါတယ်"
" ငါရောပဲ ခုတော့ ပင်ပန်းလို့ နားတော့မယ်"
အနန္တ အခန်းထဲကထွက်လာပြီး သူ့ရဲ့ ကိုယ်ပိုင်အခန်းထဲ ဝင်လာလိုက်တော့သည်။ ရေချိုးလို့ လန်းသွားပေမယ့် သူ့စိတ်တွေက မလန်းသေး၊ ကော်ဖီတခွက်ကိုဖျော်လိုက်ရင်း အလုပ်ရဲ့ပရောဂျက်တွေကိုပဲ ပြန်စစ်ကြည့်ဖို့ ပြင်ဆင်နေလိုက်တော့သည်။
.....................................
တဆစ်ဆစ်နဲ့နာလာတဲ့ဗိုက်ကြောင့် မမမိုးသွန်းကိုဖုန်းခေါ်လိုက်တော့သည်။ မွေးခါနီးမို့ မမကသူမဆီလာအိပ်မယ်ပြောပေမယ့် ဗိုက်ကြီးနဲ့သက်သာသလို ခြေရင်းခေါင်းရင်း နာရီလက်တံလို လည်ပြီးတခါတလေအိပ်တာမို့ မမနဲ့အခန်းသက်သက်စီနေကြသည်။ ညသန်းခေါင်ရောက်မှ နာလာသည့်ဗိုက်ကြောင့် ကလေးမွေးတော့မည်လို့ထင်လိုက်သည်။ အပြေးရောက်လာတဲ့မမက
" ဆေးရုံသွားကြမလား"
"ဟုတ်မမ"
ကားပေါ်ရောက်တော့ ရေမွှာပင်ပေါက်နေပြီဖြစ်သည်။ မွေးခန်းထဲ တစ်နာရီအကြာမှာတော့ ပဲပင်ပေါက်လေးကို လူ့လောထဲ ခေါ်နိုင်ပြီဖြစ်သည်။ ကလေးရော သူမရော မောပန်းလို့အိပ်ပျော်သွားကြသည်။
..........................................................
Have a beautiful day!
ဒီအပုဒ်လေးက မကြိုက်တဲ့သူများတယ်ထင်တယ်။စာဖတ်တဲ့သူနည်းတယ်။
ဖတ်ပေးတဲ့တစ်ယောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်။
Updateမမှန်လို့လဲ တောင်းပန်ပါတယ်။သီးခံပြီးစောင့်ဖတ်ပေးကြပါလို့။ အားရင်အားသလိုရေးပြီးတင်ပေးပါ့မယ်။
Zaw gyi

ေလေျပညႇင္းေလးတိုးေဝွ႕ခဲ့ေသာအခ်စ္ပန္း - ၉
မိသားစုတစ္ခုတည္ေဆာက္ေနၿပီလို႔ေျပာလိုက္သည့္ လာဗန္ဒါစကားေၾကာင့္ သူမေၾကာင့္ရွုပ္ေထြးေနတဲ့ခံစားခ်က္ ေတြကိုလဲ ထိန္းခ်ဳပ္နိုင္သြားေတာ့သည္။ ေနာင္ရိုးလာႀကိဳေသာကားေပၚထိုင္ေနေပမယ့္ သူစိတ္ေတြကေတာ့ ဟိုဒီေျပးလႊားေနတုန္းပင္။ 
ခါတိုင္းထက္ပိုၿပီးတိတ္ဆိတ္ေနတဲ့အျပင္ အေတြးေတြအျပင္ေရာက္ေနတဲ့ဒုဥကၠဌကိုၾကည့္ရင္း အေျခအေနမေကာင္းဘူးဆိုတာ ေနာင္ရိုးရိပ္မိေနေလသည္။ သူသူေဌးက က်န္တဲ့အရာေတြထက္ျမတ္ေပမယ့္ အခ်စ္ေရးနဲ႔ ပက္သက္ရင္ေတာ့ တုံးအတုံးပင္။ မိန္းကေလးတစ္ေယာက္ကိုေတာ့ ဘယ္လိုကိုင္တြယ္ရမွန္းမသိ။ သူလည္း သူေဌးနဲ႔အတူတူပါပဲ ၊စတင္ၿပီး လူပ်ိဳျဖစ္ပါၿပီဆိုကတည္းက ဒုဥကၠဌနားမွာပဲ PAတစ္ေယာက္အေနနဲ႔ အလုပ္မ်ားေနတာ သူ႔ႏွလုံးသားအတြက္ပင္အခ်ိန္မရေပ။
"ေနာင္ရိုး"
"ဗ်ာ ဒုဥကၠဌ"
"လာဗန္ဒါတို႔မိသားစုအေၾကာင္း စုံစမ္းေပးပါ။"
"ဟုတ္ကဲ့ "
ထိုစဥ္ထူးထူးဆန္းဆန္းဖုန္းဝင္လာလို႔
" ဟုတ္ကဲ့ ဒုဥကၠဌလား ရွိပါတယ္ဗ် က်ေနာ္ဖုန္းေပးလိုက္မယ္ခင္ဗ်"
သူ သူ႔ရဲ့ဖုန္းကို အေနာက္ခန္းမွာထိုင္ေနတဲ့ သူေဌးကိုလွမ္းေပးဖို႔ ကားကိုအရွိန္ေလ်ာ့လိုက္ေလသည္။
" ဒုဥကၠဌ  ဥကၠဌႀကီးရဲ့ဖုန္းပါ အေရးႀကီးတယ္ေျပာပါတယ္"
ေနာင္ရိုးလွမ္းေပးတဲ့ဖုန္းကို ယူလိုက္ရင္း သူဖုန္းက ဖုန္းျမည္သံတိုးေနေတာ့ သူမသိလိုက္
" ေျပာပါ ဒယ္ဒီ"
" ....................................."
" ဟုတ္ကဲ့အခုခ်က္ခ်င္းလာခဲ့ပါမယ္"
ခ်သြားေသာဖုန္းကို ေနာင္ရိုးကိုလွမ္းေပးလိုက္ရင္း
"................." ေဆး႐ုံကိုေမာင္း"
" ဘယ္သူ ဘာျဖစ္လို႔လဲ"
" Royal ဥကၠႀကီး ေဆး႐ုံေရာက္ေနတာတဲ့"
ေနာင္ရိုးလဲအေတြးထဲ ခါတိုင္း က်န္းက်န္းမာမာရွိေနတဲ့ သူေဌးႀကီးဘာျဖစ္တာလဲေတြးေနမိသည္။
ေဆး႐ုံေရာက္ေတာ့ VIP အခန္းထဲက လူနာကုတင္မွာလွဲေနတဲ့ ဦးမိုးျမင့္နဲ႔သူ႔PA ၿပီးေတာ့ ဒယ္ဒီကိုေတြ႕သည္။ ဒယ္ဒီက ဦးမိုးျမင့္ေဘးမွာ သူလည္းဒယ္ဒီေဘးကိုသြားၿပီး ဦးမိုးျမင့္ရဲ့အေျခအေနကို အကဲခတ္ေနလိုက္သည္။ သူေရာက္လာတာကို ဦးမိုးျမင့္သိပုံရသည္ မ်က္ေတာင္ေလးေတြလွုပ္ေနၿပီး မ်က္လုံးဖြင့္လိုက္ရင္းသူ႔ကို ၾကည့္ေနသည္။
" သား အနႏၲေရာက္ၿပီလား"
သူငယ္ငယ္ထဲက ဒယ္ဒီနဲ႔အတူတူအလုပ္ကို လိုက္သြားေနၾကျဖစ္ၿပီး ဦးမိုးျမင့္တဲ့သမီး မိုးေျမသစၥာက သူ႔ရဲ့ပထမဦးေသာ ခင္မင္ရင္ႏွီးခြင့္ရသည့္သူေတြျဖစ္သည္။ ဦးမိုးျမင့္ကလည္း သားမရွိေတာ့ သူ႔ကိုခ်စ္သလို သူ႔မာမီကလည္း မိုးေျမကိုဆို သမီးေလးတစ္ေယာက္လိုခ်စ္သည္။
ဦးမိုးျမင့္အေမးကိုသူလည္း
" က်ေနာ္ ေရာက္ပါၿပီ အန္ကယ္"
" သားကို အဟြတ္ ဦးသမီးနဲ႔လုပ္ငန္းေတြအပ္ခဲ့ပါရေစ"
"အန္ကယ္ ျပန္က်န္းမာလာမွာပါ စိတ္မပူပါနဲ႔"
" အန္အကယ္အေျခအေနသိပါတယ္ သိပ့္ၾကာၾကာေနရေတာ့မွာမဟုတ္ဘူး။ ဦးရဲ့ အိမ္မကပ္တဲ့ မလိမ္မိုးမလိမ္မာသမီးေလးကိုေစာင့္ေရွာက္ေပးပါလို႔ အဟြတ္"
သူ႔ကိုေျပာအၿပီး ဒယ္ဒီကိုလည္းၾကည့္ကာ
"ေဟ့ ငေက်ာ္ သားနဲ႔သမီးရဲ့ မဂၤလာပြဲကို အျမန္ဆုံးစီစဥ္ေပးပါ။ သမီးကိုလည္း ခ်င္းျပည္ကေန ျမန္ျမန္ျပန္လာပါလို႔ေျပာေပးပါကြာ"
" စိတ္ခ် မိုးျမင့္ ၊ သမီး မိုးေျမေလးကိုလည္း ျပန္ေခၚဖို႔လူလႊတ္ထားၿပီးသား ညေနပိုင္းေလာက္ေရာက္လိမ့္မယ္။ မဂၤလာပြဲကိုလည္း ေသခ်ာလုပ္ေပးမွာပါ မင္းသာ က်န္းမာေရးဂ႐ုစိုက္ေန"
ဒယ္ဒီကလည္း သူ႔ဘက္ကိုလွည့္ၾကည့္ရင္း
" ညေနပိုင္း သမီး မိုးေျမေရာက္လိမ့္မယ္ သမီးနဲ႔တူတူ ဒီကိုလာခဲ့ဦး"
" ဟုတ္ကဲ့ ဒယ္ဒီ"
ဒယ္ဒီနဲ႔သူ အခန္းရဲ့အျပင္ဘက္အတူတူထြက္လာၿပီး ဒယ္ဒီမွ
" သား မင္းလည္းသိေနၿပီပဲ မိုးျမင့္က အူမႀကီးကင္ဆာေနာက္ဆုံးအဆင့္တဲ့။ သူမ်က္လုံးမမွိတ္ခင္ သားနဲ႔သမီးကို မဂၤလာေဆာင္ေပးၿပီး သူ႔သမီးကိုစိတ္ခ်ခ်င္ေနတာ၊ မိုးေျမေလးက အိမ္လည္းမကပ္၊ စီးပြားေရးလည္း ဦးမေဆာင္တတ္ေတာ့ သားလက္ထဲပဲ အရာရာအပ္ခဲ့ခ်င္တာမို႔။ သားတို႔လူငယ္ေတြရဲ့ ဆႏၵနားလည္ေပးခ်င္ပါတယ္။ ဒါေပမယ့္ အခုျဖစ္သင့္တာကို လုပ္ေပးရမယ္ နားလည္တယ္မလားသား"
ဦးကမၻာေက်ာ္ သူ႔သားအနႏၲေရာ မိုးေျမေရာက လက္ထပ္ပြဲကိုမလုပ္ခ်င္မွန္းသိေနတာမို႔ နားခ်ရသည္။ လူငယ္ဆိုတာက သူတို႔ေခတ္ကလို အိမ္ေထာင္က် အတည္တက်ေန အဲ့လိုမလုပ္ခ်င္ၾကေတာ့။ သူတို႔ ဝါသနာပါရာလုပ္၊ လြတ္လြတ္လပ္လပ္ ေနခ်င္ၾကေတာ့သည္။ အိမ္ေထာင္မွုတာဝန္ေတြ ထမ္းေဆာင္ဖို႔ အခ်ိန္ယူၾကမွန္း သူနားလည္ေပးခ်င္ေပမယ့္ ယခုအေျခအေနက ေအးေအးေဆးေဆးလုပ္ရမွာမဟုတ္ေတာ့။ Royal အတြက္ေရာ၊ The Universeအတြက္ပါ အေရးႀကီးတဲ့ အေျခအေနျဖစ္သလို ႏွစ္ခုလုံးရဲ့ ဥကၠဌရာထူးအတြက္ပါ အေျပာင္းအလဲျဖစ္ပီး ဒါက စီးပြားေရးေဈးကြက္မွာပါ သက္ေရာက္မွုရွိမည္ျဖစ္သည္။
အေျခအေနေတြကို နားလည္သေဘာက္တဲ့ အနႏၲလည္း
" ေကာင္းပါၿပီ ဒယ္ဒီ"
" အင္း မဂၤလာပြဲအတြက္ေတာ့ မင္းတို႔လူငယ္ႏွစ္ေယာက္တိုင္ပင္ေပါ့"
သူ ေခါင္းကိုၿငိမ့္ျပၿပီး ကုမၸဏီကိုထြက္လာလိုက္ေတာ့သည္။
"ေနာင္ရိုး Shine Hotel ကို ဒီလအတြင္းဘာပြဲအတြက္မွ ငွားထားတာမ်ိဳးမလုပ္နဲ႔ေနာ္"
သူတို႔လက္ထပ္ပြဲက အခ်ိန္မေရြးျဖစ္နိုင္သည့္ အေနအထားမို႔ သူတို႔ရဲ့ ေဟာ္တယ္ထဲက အေကာင္းဆုံးတခုကိုေရြးထားလိုက္သည္။
...............

ညေနပိုင္း မိုးေျမကို ေဆး႐ုံကိုေခၚလာေတာ့ သူငယ္ခ်င္းမက အငိုမပ်က္ေတာ့။ ဒါပထမဆုံး မိုးေျမသူ႔ေရွ႕ ငိုေႂကြးေနျခင္းပါ။ ပုံမွန္ဆို အျမဲသန္မာေနသည့္သူက စိတ္ပူငိုေႂကြးေနတာျမင္ေတာ့ သူလည္းစိတ္မေကာင္း၊ ဒါေၾကာင့္ သူငယ္ခ်င္းမရဲ့ ပုခုံးေလးကို အသာကိုင္ထားလိုက္သည္။ ဦးမိုးေျမကေတာ့ သူ႔သမီးကိုမငိုဖို႔နဲ႔ သူစိတ္ခ်ခ်င္လို႔ အနႏၲဦးေဆာင္ရာေနာက္ကိုပဲ လိုက္ဖို႔မွာေနသည္။ ခဏေနေတာ့ ဦးမိုးျမင့္လဲ ေဆးအရွိန္ေၾကာင့္အိပ္ေပ်ာ္သြားေတာ့သည္။
ယခုထက္ထိ မိုးေျမက သူမအေဖကို မ်က္ေတာင္မခတ္ၾကည့္ေနရင္း
"တကၠသိုလ္စတက္ကတည္းက ငါဝါသနာပါရာ အပင္ေတြကိုေလၽွာက္ေလ့လာေနခဲ့တာ ေဖေဖ့အနားေတာင္ ေသခ်ာမကပ္ခဲ့ဘူး၊ ခု ငါ ပထမဆုံး အိမ္မွာေဖေဖနဲ႔အတူ အခ်ိန္မျဖဳန္းရလို႔ ေနာင္တအရဆုံးပဲသိလား"
" ဒါ နင့္အျပစ္မဟုတ္ပါဘူး၊ ေရာဂါဆိုတာ အခ်ိန္မေရြးျဖစ္နိုင္တာပဲ၊ ငါလည္း အေကာင္းဆုံးသမားေတာ္ေတြရွာေနပါတယ္။ အနည္းဆုံးေတာ့ အန္ကယ္ကို အခ်ိန္ပိုရဖို႔ ဆြဲထားနိုင္မွာပါ"
" ေဖေဖက သူ႔လုပ္ငန္းေတြကို သိပ့္ခ်စ္တာ၊ ငါ့ကိုေတာင္ သူလိုပဲ ကိုယ္ခ်စ္တဲ့အလုပ္ကို တစိုက္မတ္မတ္လုပ္လို႔ဆိုၿပီး အျမဲဂုဏ္ယူေနခဲ့တာ"
" အန္ကယ္က ခုထက္ထိ နင့္အတြက္ ဂုဏ္ယူေနတုန္းပါ"
သူ႔ရဲ့ႏွစ္သိမ့္စကားေတြက သူမအတြက္အရာမထင္မွန္းသူသိပါသည္။ မိုးေျမကေတာ့ ခုထိ တရွုံရွုံနဲ႔ငိုေနတုန္း။
ညစာစားရင္း မဂၤလာပြဲအတြက္ စီစဥ္ေနၾကေပမယ့္ မိုးေျမက ငူငူငိုင္ငိုင္ရယ္၊ ေကာင္းသလိုသာၾကည့္စီစဥ္ဆိုၿပီးေျပာေတာ့သည္။
တရားဝင္ေၾကျငာတာမဟုတ္တာေတာင္ သူတို႔ရဲ့ မဂၤလာပြဲစီစဥ္မည့္အေၾကာင္းက စီးပြားေရးေလာကထဲေတာ့ ပ်ံ႕ေနေလၿပီ။ တခ်ိဳ႕က ေက်နပ္တာမ်ိဳးရွိသလို တခ်ိဳ႕ကေတာ့ အင္အားႀကီးလာမည့္သူတို႔ လုပ္ငန္းစုကို မလိုတာမ်ိဳးလည္းရွိၾကသည္။
ဒီၾကားထဲမွာ အေပ်ာ္ဆုံးကေတာ့ ဒယ္ဒီပင္၊ သူ႔မဂၤလာပြဲေၾကာင့္ မာမီက အိမ္ျပန္ေရာက္လာသည္။ သူတို႔သားအဖရွာေနတာက သူတို႔နိုင္ငံအတြင္း၊ မာမီကေတာ့ ကမၻာပတ္ေနေလ၏။ ယခုေတာင္ ဘာလီေရာက္ေနတာကေန သူမ ရဲ့သား မဂၤလာပြဲမို႔ျပန္လာခ်င္းပင္၊ ပြဲၿပီးတာနဲ႔ အိမ္မွာမေနဟု ေႂကြးေၾကာ္ထားသည္။ ဒယ္ဒီကေတာ့ မာမီအိမ္ျပန္ေနဖို႔အေရး ဟိုသားအမိကိုလည္းပ,သထားေနရသည္။ ၿပီးခဲ့တဲ့လကပဲ ပီတိခ်ိဳက ဂ်ပန္မွာေနခ်င္သည္ဆိုလို႔ သားအမိႏွစ္ေယာက္ကိုပို႔လိုက္ၿပီ။ မာမီလည္းအိမ္ေရာက္ေနတာမို႔ ထိုသားအမိျပန္မလာေရး သူမွာႀကိဳးစားေနရေသးသည္။
မာမီရွိေနတာက သူ႔အတြက္ေရာ မိုးေျမအတြက္ပါအားရွိေလသည္။ သူ ကမိုးေျမအတြက္ သတို႔သမီးဝတ္စုံဘာညာေတြ စီစဥ္ရတာ အဆင္မေျပသလိုသူမအႀကိဳက္လဲမသိ၊ မိုးေျမကလည္း သူ႔ေဖေဖအတြက္ေသာကေရာက္ေနလို႔ ဘာမွမလုပ္ဘူး ၾကည့္သာစီစဥ္လို႔ေျပာသည္။ ဒါေၾကာင့္ မိုးေျမကိစၥကိုမာမီလက္ထဲအပ္ၿပီး သူကေတာ့ အၿပီးသတ္ရမည့္လုပ္ငန္းကိစၥမ်ားကို ျဖတ္ေနရသည္။ မဂၤလာပြဲကိုေတာ့ အႀကီးအက်ယ္မလုပ္ဖို႔ေျပာထားရသည္။
ဂ်ပန္မွာေနေနသည့္ သားအမိလည္း အနႏၲနဲ႔မိုးေျမရဲ့လက္ထပ္ပြဲသတင္းေၾကာင့္ေသြးတက္ေနၾကၿပီ။ ဟိုဘက္ကအင္အားႀကီးေလေလ သူတို႔လုပ္နိုင္တဲ့အကြက္ကနည္းေလေလမဟုတ္လား။ ပီတိခ်ိဳကေတာ့ သားခ်င္းခ်င္းတူတာေတာင္ သူတို႔သားအမိက ျပည္ႏွင္ဒဏ္ေပးခံရသလို ဟိုျပည္ေျပးလိုက္ရ ဒီျပည္ေျပးလိုက္ရသလိုျဖစ္ေနတဲ့ ဘဝကိုေတာ့မေက်နပ္ေပ။ သူလည္း ေဘးမွာလူေတြဝန္းရံၿပီး အားလုံးကရိုေသေလးစားရသည့္ ဥကၠဌျဖစ္ခ်င္သည္။ ခုလို သူတို႔ေပးတာပဲသုံးေနရတဲ့ဘဝကေန ကိုယ္ပိုင္လုပ္ငန္းမွရတဲ့ ပိုက္ဆံကို ဘယ္သူ႔မ်က္ႏွာမွမၾကည့္ပဲ သုံးပစ္ခ်င္သည္။ ေက်ာင္းသားဘဝတုန္းက လြယ္လြယ္ရခဲ့သည္ပိုက္ဆံေတြကို အလြယ္တကူသုံးခဲ့ေတာ့ တတ္ေျမာက္ထားတဲ့အရည္အခ်င္းဆိုတာမရွိလို႔ လုပ္ငန္းခြင္ဝင္ခ်င္တာေတာင္ မရ။ ေနာက္ၿပီး သူမ်ားအလုပ္နဲ႔သူမ်ားေနာက္လိုက္ျဖစ္ရမည္ကို သူလည္းမႏွစ္ၿမိဳ႕မလုပ္ခ်င္ေပ။ ဒုတိယသားအေနနဲ႔ သူလည္းသိကၡာရွိရွိ မ်က္ႏွာျပၿပီး ေဖေဖရဲ့လုပ္ငန္းခြဲေတြမွာ ဦးေဆာင္ခ်င္သည္။ မိသားစုေထာက္ပံ့မွုသာရွိရင္သူလည္း မပင္ပန္းပဲ ေအာင္ျမင္မွုရမည္လို႔ ခံယူထားသည္။

သားအမိႏွစ္ေယာက္တိတ္ဆိတ္ေနၾကေပမယ့္ ကိုယ္စီအေတြးထဲေတာ့ The Universe ဆီကဘယ္လိုမ်ိဳး စီးပြားေရးကို ခြာယူရမလဲဆိုတာ စဥ္းစားေနၾကသည္။ ေဒၚသဲသဲခ်ိဳအေနနဲ႔လည္း သူမအသက္ငယ္ရြယ္ထဲက အမွီအခိုတခုရယ္လိုသတ္ မွတ္ၿပီး ေလးစားခဲ့သည့္ ကမၻာေက်ာ္ဆိုသည့္လူကို ဘယ္လိုမွအဆက္မျဖတ္နိုင္ေပ။ ဒါေၾကာင့္ သားေလးရွိလာေတာ့ ရေအာင္ေမြးၿပီး တိတ္တဆိတ္ေစာင့္ေလၽွာက္လာခဲ့သည္။ နာမည္ႀကီးေနတဲ့ဖခင္ရွိရက္ သားေလးပီတိခ်ိဳမွာ အေဖေခၚခြင့္ အေဖရဲ့ေစာင့္ေရွာက္မွုမရခဲ့လို႔ သနားကာ အလိုလိုက္အႀကိဳက္ေဆာင္ေပးခဲ့သည္။ ႀကီးလာေတာ့လဲ ရသင့္ရထိုက္သည့္ အေမြေတြကိူခြဲေဝေပးေစခ်င္ေပမယ့္ သားအေဖကေတာ့ လုပ္ငန္းရဲ့ရွယ္ယာအမ်ားစုကို သူ႔မိန္းမနာမည္နဲ႔လုပ္ထားလို႔ ေမၽွာ္လင့္ခ်က္ကနည္းေနသည္။ သူ႔နာမည္နဲ႔တိုက္တလုံးနဲ႔ပုံႏွိပ္စက္လုပ္ငန္းတခုပဲရွိတာမို႔ အခက္ေတြ႕ေနၾကတာ။ ဟိုေနသည္ေနနဲ႔ နာမည္မရွိေနေနရတာ သူမလည္းပင္ပန္းလာၿပီ။ သားေလးအတြက္ရသင့္ရထိုက္တာ အားလုံး ရေအာင္ယူေပးမည္လို႔ ဆုံးျဖတ္ထားသည္။ သူတို႔သားအႀကီးက် ငယ္ကတည္းက အေကာင္းစားေက်ာင္း ကိုအေကာင္းစားကားနဲ႔လိုက္ပို႔ႀကိဳလုပ္ေနခ်ိန္ သူမနဲ႔သားေလးက တျခားနိုင္ငံက လိုင္းကားကိုတိုးစီးရင္း သြားလာလွုပ္ရွားခဲ့ရသည္။ ၿပီးေတာ့ သားေလးခမ်ာငယ္ငယ္ကေန အထက္ေက်ာင္းတက္သည့္အထိ Fatherless child ဆိုၿပီး အနိုင္က်င့္ခံရသည္။ ဒါေၾကာင့္ သူငယ္ခ်င္းမရွိ လူမွုေရးမသိ အနာဂတ္မေရမရာနဲ႔ ပ်က္စီးေနတဲ့ကေလးျဖစ္လာခဲ့သည္။ သူမ အေနနဲ႔ေနာက္ဆုံး သား အနာဂတ္အတြက္ လုပ္သင့္သည္လို႔ယူဆရသမၽွကို အစြမ္းကုန္လုပ္မည္လို႔ စိတ္ပိုင္းျဖတ္ထားလိုက္သည္။
...............................................
လက္ထဲကိုင္ထားတဲ့ ပန္းကန္ျပားထဲက မက္မြန္သီးစိတ္ေတြကို စားေနရင္း TV အစီအစဥ္ေတြေျပာင္းၾကည္ေနလိုက္သည္။ ျပည္တြင္းသတင္းဘက္ေရာက္သြားေတာ့ ေမာင္အနႏၲနဲ႔မမိုးေျမသစၥာတို႔ရဲ့ မဂၤလာပြဲဆိုၿပီး Live လႊင့္ေနေလသည္။ ခန္းမက ရွင္းရွင္းေလးဆိုေပမယ့္ သုံးထားသည့္ ပန္းေတြအျပင္အဆင္ေတြက ရိုးစင္းၿပီးၾကည့္ေကာင္းသည့္ အဖိုးတန္ေတြကိုသုံးထားမွန္းသိသာသည္။ ထြက္လာတဲ့ သတို႔သမီးကလည္း အျဖဴေရာင္ေျပာင္ဂါဝန္လည္းက ဇာေတြအမ်ာႀကီးမပါပဲ cuttingေကာင္းၿပီး ေက်ာ့ရွင္းေနေလ၏။ ေမာ္ဒယ္လ္ေလာထဲေရာက္ဖူးတာမို႔ အခ်စ္ပန္း ထိပ္တန္း နာမည္ႀကီးဒီဇိုင္နာရဲ့လက္ရာမွန္းသိသည္။ Hope Diamond လို႔ေခၚသည့္ အျပာေရာင္စိတ္ပြင့္ေလးတစ္ပြင့္ထဲပါသည့္ လည္ဆြဲေလးကိုပဲစြဲထားသည္။ သတို႔သမီးဆင္ျမန္းတဲ့စိန္ဆိုတာ သတို႔သားရဲ့ခ်စ္ျမတ္နိုးတန္ဖိုးထားမွုကိုျပသည္မို႔ မမိုးေျမသစၥာက ထိုလူရဲ့ရွာပါးတန္ဖိုးထားရသည့္အမ်ိဳးသမီးမွန္း ခန႔္မွန္းမိလိုက္သည္။ အရွားပါးဆုံးနဲ႔ တတိယေဈးအႀကီးဆုံး စိန္ျပာမလား။ သတို႔သမီးကိုျပၿပီးသည္ႏွင့္ သတို႔သားရွိေနတဲ့စဥ္ိကိုျပသေန၏။ အျဖဴေရာင္ သတို႔သားကုတ္ရွည္နဲ႔ ထိုလူရဲ့ပုံစံက ေတာ္ဝင္တန္သည့္နတ္ဘုရားတပါးလိုပါပဲ။ လိုက္ဖက္သည္ဟုဆိုတာထက္ပင္ ပိုေသာထိုလူႏွစ္ေယာက္ရဲ့ဆြဲေဆာင္နိုင္မွုက အခ်စ္ပန္းပင္ TVကေန မ်က္စိမခြာနိုင္ေတာ့။
သူမဆီ သစ္သီးစိတ္ၿပီးလာေပးေနတဲ့မမကလည္း မဂၤလာပြဲကိုေငးရင္း
" ဝါးေတာ္ေတာ္မိုက္တာပဲ ဒါေတာင္ အက်ဥ္းခ်ဳပ္နဲ႔ျမန္ျမန္စီစဥ္လိုက္ရတဲ့ပြဲတဲ့ေနာ္။ ဆင္ပိန္တာ ကၽြဲဝသေလာက္ရွိတာဆိုတာအမွန္ပဲ"
ဖာသာရဲ့ေရွ႕မတ္တပ္ရဲ့ေနတဲ့ႏွစ္ေယာက္ကို အခ်စ္ပန္းမ်က္ေတာင္မခတ္စိုက္ၾကည့္ရင္း
"မမ အဲ့လူကေတာ္ေတာ္ေခ်ာလား"
"ေခ်ာတာေပါ့ဟယ္ ထမင္းမစားပဲေတာင္ထိုင္ၾကည့္ေနရင္ဗိုက္ဆာဖို႔သတိရမွာမဟုတ္ဘူး။ သတို႔သမီးလည္း ကံေကာင္းလိုက္တာ။ သတို႔သားေရာပါပဲ သတို႔သမီးကလည္း ေတာ္ဝင္မင္းသမီးေလးလိုပဲလွခ်က္"
" မမ "
"ဟင္"
"အဲ့လူက ပဲပင္ေပါက္ေလးရဲ့အေဖ"
"ဘာ"
"ဘာ ေျပာလိုက္တယ္"
" သတို႔သားက ပဲပင္ေပါက္ေလးအေဖလို႔"
တခဏတာ မိုးသြန္းတစ္ေယာက္ အံ့ေအာလြန္းလို႔ စကားပင္မေျပာနိုင္ပဲ ပါးစပ္အေဟာင္းသားျဖစ္ေနေတာ့သည္။ ဒါဆို ဟိုဒါရိုက္တာက ကေလးအေဖမဟုတ္ဘူးေပါ့။ ေလာကႀကီးကဘာေတြျဖစ္ေနတာလဲ။ ဒီလူရဲ့ကေလးမို႔လို႔ သူမတို႔ဟာ လုံေလာက္သည္အထိ ေနထိုင္နိုင္တာေပါ့။
သတို႔သားနဲ႔သတို႔သမီးဖြဖြေလးနမ္းေနၾကတာျမင္လိုက္ေတာ့ အခ်စ္ပန္းရင္ထဲ ေအာင့္သက္နာၾကင္သြားရသလို တခုခုဟာလုံးဝေပ်ာက္ကြယ္သြားသလိုခံစားလိုက္ရသည္။ ဟုတ္သည္ သူမအေနနဲ႔ေတာ့ ကေလးေလးေမြးၿပီးရင္ ဆိုၿပီး ဇာတ္လမ္းေတြထဲကလို ထိုလူသူ႔အနားျပန္ရွိလာမလား ေပ်ာ္ရႊင္စရာဇာတ္သိမ္းေလးျဖစ္လာမလားလို႔ ေမၽွာ္လင့္မိခဲ့ေပသည္။ ထိုလူကိုဆုံးရွုံးရၿပီလို႔သူမသိကာမွ ထိုလူအတြက္သူမခံစားခ်က္ေတြရွိေနမွန္းသိလိုက္ရသည္။ မေရရာတဲ့ခံစားခ်က္ေတြက အခ်ိန္လြန္မွသိေတာ့ ေနာင္တရသလိုရွိေပမယ့္ သူမတစ္ဖက္ကပဲ ခံစားခ်က္ရွိေန႐ုံနဲ႔ အရာရာဟာျဖစ္လာမယ္လို႔ေျပာမွမရပဲေလ။ သူမကိုယ္တိုင္မသိလိုက္ပဲ က်လာတဲ့မ်က္ရည္ေတြက ရင္ဖတ္ေပၚေအးစက္စက္က်လာမွသတိထားမိေတာ့သည္။ ေနာက္ဆုံးေတာ့လဲ အခ်စ္ေၾကာင့္နာၾကင္ခံစားဖူးခဲ့ၿပီေလ။
"အ"
"ဘာျဖစ္တာလဲ ညီမေလး"
မ်က္ရည္ေတြကိုသုပ္လိုက္ရင္း
" ကေလးက တအားကန္ေနလို႔"

ဒီေမေမရဲ့ဝမ္းနည္းမွုကိုကေလးကလည္းသိသည္ထင္သည္ ခါတိုင္းထက္ပိုတဲ့ကန္ခ်က္ေတြနဲ႔ကိုက္လိုက္ေတာ့ နာၾကင္မွုေတြေတာင္ ေမ့ေပ်ာက္သြားသည္။ သားေလးက သူမကိုႏွစ္သိမ့္ခ်င္ဟန္တူပါသည္။ သူမ သေဘာက်သည့္ထိုလူရဲ့ကေလး သူမအရမ္းခ်စ္ရမည့္ကေလးေလးရွိေသးတာမဟုတ္လား။ သူမကိုယ္သူမ သနားစရာေကာင္းသည့္လူလိုမေနခ်င္ပါ။ ၾကည့္ေနသည့္ အစီအစဥ္ကိုေျပာင္းလိုက္ကာ ကာတြန္းကားကိုၿပ အာ႐ုံစိုက္ၾကည့္လိုက္ေတာ့သည္။
........................................
မဂၤလာဦးအခန္းထဲမွာေတာ့ အနႏၲနဲ႔ မိုးေၿမ တစ္ေယာက္တစ္ေယာက္ၾကည့္ေနရင္း
"ငါတို႔အခန္းခြဲအိပ္ရေအာင္"
ႏွစ္ေယာက္လုံးဆီကေန တူညီတဲ့အသံထြက္လာေလသည္။ ခဏၿငိမ္ေနၿပီးမွ မိုးေျမကပင္စတင္ၿပီး
" ငါ နင့္ကို ငါ့အမ်ိဳးသားလို႔ ျမင္လို႔မရဘူး"
သူမဘက္ကစတင္ေျပာလိုက္မွ သူတေန႔တာလုံးစိုးထိတ္ေနသည့္ကိစၥႀကီး ေလ်ာ့သြားသလိုခံစားလိုက္ရသည္။ အနႏၲ အေနျဖင့္လဲ မိုးေျမကို မိန္းကေလးတစ္ေယာက္လို႔ခံစားလို႔မရပါ။ သူ ေသြးသားဆႏၵရွိတာမ်ိဳးမွန္ေပမယ့္ ဒီသူငယ္ခ်င္းမအေပၚေတာ့ ရိုးသားစိတ္ကလြဲလို႔ဘာစိတ္မွမျဖစ္။ သူ႔ဘက္ကစေျပာရင္ သူမမာနခထိလိုက္သြားမည္လဲ စိုးရိမ္ေနသလို အန္ကယ္ေၾကာင့္စိတ္ဆင္းရဲေနသည့္ သူမကို သူေၾကာင့္လဲ တခုခုခံစားသြားရတာမ်ိဳးမျဖစ္ေစခ်င္ပါ။
" ဟုတ္ပါၿပီ"
" ေနာက္ၿပီး ေဖေဖ ဆႏၵေၾကာင့္ ဒီပြဲလက္ခံလိုက္ေပမယ့္ ဒီအတိုင္း for showလို႔ပဲျမင္ေပး။"
" ေအးပါ"
ေအးတိေအးစက္ေျဖေနတဲ့ ေရွ႕ကလူကို ၾကည့္ေနရင္း မိုးေျမလည္း ေျပာရေကာင္းနိုး မေျပာရေကာင္းနိုးစဥ္းစားေနလိုက္သည္။
" နင္ေျပာစရာရွိေျပာ"
" ငါ စီးပြားေရးလုပ္ငန္းေတြ နားမလည္သလိုမလုပ္ခ်င္ဘူး၊ အဲ့ေတာ့ ေလာေလာဆယ္နင္ပဲ ဆက္ထိန္းသိန္းေပးပါ"
" ဒါကလြယ္တဲ့ကိစၥပဲကို"
" ေနာက္ၿပီး ငါ ငါ့မွာ ခ်စ္ရတဲ့သူရွိတယ္။ သူကငါလိုပဲ ႐ုကၡေဗဒပညာရွင္ ကိုရီးယားလူမ်ိဳး"
"အဲ့ေတာ့ နင္ကငါ့ကိုပစ္သြားမယ္ေပါ့" သူ သူငယ္ခ်င္းမကိုစခ်င္လို႔ ရစ္ေနလိုက္ေလ။
"ေအးေလ ငါတို႔အေျခအေနကို သူ႔ကိုရွင္းျပထားတယ္ သူနားလည္တယ္ ၿပီးေတာ့ သူတို႔အိမ္က ကိုရီးယားတိုင္းရင္းေဆးေတြလုပ္ၾကတာ၊ အခု ေဖေဖအေျခအေနကို ေျပာျပထားေတာ့ အဲ့ကိုလာကုၾကည့္ပါေျပာေနတာ။ ငါ ေဖေဖ့အတြက္ ေနာက္ဆုံးေမၽွာ္လင့္ခ်က္အေနနဲ႔ ႀကိဳးစားၾကည့္ခ်င္တယ္။ ၿပီးေတာ့ သူ႔ကိုလည္းယုံတယ္"
"ဟား ဟား ဟား"
သူမကိုၾကည့္ၿပီးရယ္ေနတဲ့ ငနဲေကာင္ကို ဂ်ိဳၾကည့္ၾကည့္ေနလိုက္သည္။
" ဘာျဖစ္တာလဲ ႐ူးသြားတာလား"
" ဟားဟား မ႐ူးပါဘူး၊ ငါအရင္ကနင့္ကိုထင္ခဲ့တာ ေဂးေနတာလားလို႔၊ ဘယ္ေယာက်ာ္းကိုမွစိတ္ဝင္စားပုံမျပလို႔၊ မိန္းမယူေတာ့မယ္ေတာင္ထင္ေနတာ"
"ယူစရာလား အဲ့အခ်ိန္ေတြတုန္းက ဘယ္သူ႔ကိုမွစိတ္မဝင္စားပဲေနတာပါ။ အပင္ေတြပဲစိတ္ဝင္စားတာ ။ ဒါေပမယ့္ အေမဇုန္မွာအပင္ေတြေလ့လာတုန္းက ကိုရီးယားကပညာရွင္ေတြပါတာ၊ သူနဲ႔စေတြ႕တာေလ၊ သူကလည္းအပင္ေတြကိုခ်စ္ၿပီး တကယ္ကိုစိတ္ဝင္တစားနဲ႔ ေလ့လာတ၊ ငါ့ဂ်ဴနီယာေလ၊ ဒီလိုပဲ သဘာဝလဲတူ အႀကိဳက္လဲတူဆိုေတာ့ သေဘာက်မိတာ၊ သူဖြင့္မေျပာေသးလို႔ေလ၊ ငါျပန္လာခါနီးမွ ဖြင့္ေျပာတာ၊ နင္နဲ႔ေစ့စပ္တာကိုလည္း စီးပြားေရးေၾကာင့္လို႔ေျပာျပထားေသးတာ သူက ငါ့ထက္ငယ္ေပမယ့္ ေတာ္ေတာ္ေလး ရင့္က်က္တည္ၿငိမ္တည္။ အကုန္နားလည္ေပးတယ္"
" နင့္ပြင့္၂လင္း၂ေျပာတာ ေတာ္ေတာ္ေလးေကာင္းတယ္၊ ငါလည္းအေနခက္ေနတာ၊ ငါ့မွာလဲ ငါသေဘာက်ေနၿပီလို႔ထင္တဲ့ေကာင္မေလးရွိတာ၊ သူနဲ႔ငါက မျဖစ္နိုင္ေတာ့ေပမယ့္ ငါ့စိတ္က သူမဆီက႐ုန္းထြက္လို႔မရေသးဘူး"
"သေရပဲေနာ္ အဲ့တာဆို နင့္ဘက္ကနစ္နာစရာမရွိေတာ့ Royalကို ဂ႐ုစိုက္ေပးပါ။ ငါအျမန္ဆုံးေဖေဖ့ကို နားခ်ၿပီး ကိုရီးယားသြားဖို႔ ျပင္ဆင္ရဦးမယ္"
" အဲ့တာအတြက္ ဘာမွစိုးရိမ္မေနနဲ႔၊ အကူအညီလိုရင္လဲေျပာ ငါ စီစဥ္ေပးမယ္"
" ေအးပါ ေက်းဇူးတင္ပါတယ္"
" ငါေရာပဲ ခုေတာ့ ပင္ပန္းလို႔ နားေတာ့မယ္"
အနႏၲ အခန္းထဲကထြက္လာၿပီး သူ႔ရဲ့ ကိုယ္ပိုင္အခန္းထဲ ဝင္လာလိုက္ေတာ့သည္။ ေရခ်ိဳးလို႔ လန္းသြားေပမယ့္ သူ႔စိတ္ေတြက မလန္းေသး၊ ေကာ္ဖီတခြက္ကိုေဖ်ာ္လိုက္ရင္း အလုပ္ရဲ့ပေရာဂ်က္ေတြကိုပဲ ျပန္စစ္ၾကည့္ဖို႔ ျပင္ဆင္ေနလိုက္ေတာ့သည္။
.....................................
တဆစ္ဆစ္နဲ႔နာလာတဲ့ဗိုက္ေၾကာင့္ မမမိုးသြန္းကိုဖုန္းေခၚလိုက္ေတာ့သည္။ ေမြးခါနီးမို႔ မမကသူမဆီလာအိပ္မယ္ေျပာေပမယ့္ ဗိုက္ႀကီးနဲ႔သက္သာသလို ေျခရင္းေခါင္းရင္း နာရီလက္တံလို လည္ၿပီးတခါတေလအိပ္တာမို႔ မမနဲ႔အခန္းသက္သက္စီေနၾကသည္။ ညသန္းေခါင္ေရာက္မွ နာလာသည့္ဗိုက္ေၾကာင့္ ကေလးေမြးေတာ့မည္လို႔ထင္လိုက္သည္။ အေျပးေရာက္လာတဲ့မမက
" ေဆး႐ုံသြားၾကမလား"
"ဟုတ္မမ"
ကားေပၚေရာက္ေတာ့ ေရမႊာပင္ေပါက္ေနၿပီျဖစ္သည္။ ေမြးခန္းထဲ တစ္နာရီအၾကာမွာေတာ့ ပဲပင္ေပါက္ေလးကို လူ႔ေလာထဲ ေခၚနိုင္ၿပီျဖစ္သည္။ ကေလးေရာ သူမေရာ ေမာပန္းလို႔အိပ္ေပ်ာ္သြားၾကသည္။
..........................................................
Have a beautiful day!
ဒီအပုဒ္ေလးက မႀကိဳက္တဲ့သူမ်ားတယ္ထင္တယ္။စာဖတ္တဲ့သူနည္းတယ္။
ဖတ္ေပးတဲ့တစ္ေယာက္ခ်င္းစီကိုလည္းေက်းဇူးတင္ပါတယ္။
Updateမမွန္လို႔လဲ ေတာင္းပန္ပါတယ္။သီးခံၿပီးေစာင့္ဖတ္ေပးၾကပါလို႔။ အားရင္အားသလိုေရးၿပီးတင္ေပးပါ့မယ္။

Continue Reading

You'll Also Like

3.6K 282 7
Just another high school love story
66.8K 1K 44
Y\N Golbach, Sam's younger sister, was kept a secert from everyone but Sam and Colby. You left home when you were 15 years old. You left because of...
156K 3.9K 19
❝𝐍𝐄𝐕𝐄𝐑 𝐓𝐑𝐔𝐒𝐓 𝐀𝐍𝐘𝐎𝐍𝐄 𝐓𝐎𝐎 𝐌𝐔𝐂𝐇, 𝐑𝐄𝐌𝐄𝐌𝐁𝐄𝐑 𝐓𝐇𝐄 𝐃𝐄𝐕𝐈𝐋 𝐖𝐀𝐒 𝐎𝐍𝐂𝐄 𝐀𝐍 𝐀𝐍𝐆𝐄𝐋❞ He was known as The One-Eye...
539K 13.6K 37
At the start of fourth year, Harry, Ron, and Hermione are ready to begin the new year filled with magic. When Harry suddenly gets chosen for the Twiz...