Elegant

By JE_Rain

213K 21.3K 2.3K

လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain) More

1 (Unicode)
1 (Zawgyi)
2 (Unicode)
2 (Zawgyi)
3 (Unicode)
3 (Zawgyi)
4 (Unicode)
4 (Zawgyi)
5 (Unicode)
5 (Zawgyi)
6 (Unicode)
6 (Zawgyi)
7 (Unicode)
7 (Zawgyi)
8 (Unicode)
8 (Zawgyi)
9 (Unicode)
9 (Zawgyi)
10 (Unicode)
10 (Zawgyi)
11 (Unicode)
11 (Zawgyi)
12 (Unicode)
13 (Unicode)
13 (Zawgyi)
14 (Unicode)
14 (Zawgyi)
15 (Unicode)
15 (Zawgyi)
16 (Unicode)
16 (Zawgyi)
17 (Unicode)
17 (Zawgyi)
18 (Unicode)
18 (Zawgyi)
19 (Unicode)
19 (Zawgyi)
20 (Unicode)
20 (Zawgyi)
21 (Unicode)
21 (Zawgyi)
22 (Unicode)
22 (Zawgyi)
23 (Unicode)
23 (Zawgyi)
24 (Unicode)
24 (Zawgyi)
25 (Unicode)
25 (Zawgyi)
26 (Unicode)
26 (Zawgyi)
27 (Unicode)
27 (Zawgyi)
28 (Unicode)
28 (Zawgyi)
29 (Unicode)
29 (Zawgyi)
30 (Unicode)
30 (Zawgyi)
31 (Unicode)
31 (Zawgyi)
32 (Unicode)
32 (Zawgyi)
Author Note
33 (Unicode)
33 (Zawgyi)
34 (Unicode)
34 (Zawgyi)
35 (Unicode)
35 (Zawgyi)
36 (Unicode)
36 (Zawgyi)
37 (Unicode)
37 (Zawgyi)
38 (Unicode)
38 (Zawgyi)
39 (Unicode)
39 (Zawgyi)
40 Final (Unicode)
40 Final (Zawgyi)

12 (Zawgyi)

915 28 0
By JE_Rain

ဒီနေ့ဟာ သက်လွှာနှစ်ဝက်စာမေးပွဲဖြေရတဲ့ နောက်ဆုံးရက်။ Bio ဖြေပြီး အိမ်ကိုပြန်ရောက်လာသည့်အချိန်၌ သိမ်မွေ့ထည်က ဧည့်ခန်းရှေ့က အဖြူရောင်စန္ဒယားကြီးရဲ့ နံဘေးတွင် ထိုင်၍ အပြုံးဖြင့် စောင့်ကြိုလို့နေသည်။

" ဖြေနိုင်တယ်မဟုတ်လား သက်လွှာ "

ခရမ်းရင့်ရောင် ပိုးသားပေါ်၌ ပိုးချည် ချိတ်လှိုင်းအဖြူလေးတွေနဲ့ လှပတောက်ပြောင်နေတဲ့ လုံချည်ကိုဝတ်ဆင်ထားပြီး၊ အဖြူရောင် ရင်စေ့ချိုင်းပြတ် ပိုးဖဲအင်္ကျီလေးကို သပ်ရပ်ကြော့ရှင်းစွာ ဝတ်ဆင်ထားတဲ့ ဒေါ်သိမ်မွေ့ထည်။ သက်လွှာ ဤတစ်ကြိမ်မှာလည်း သူ့ရဲ့တီလေးကို ငေးကြည့်မိပြန်သည်။ တစ်ခါမှ ပန်းမပန်ဖူးတဲ့ သူမက ယနေ့မှ ထူးထူးဆန်းဆန်း အဖြူရောင်နှင်းဆီပန်းလေးတစ်ပွင့်ကို ဆံထုံးထဲမှာ ထိုးစိုက်ထားသေးသည်။

" ဟုတ် ဖြေနိုင်ပါတယ်။ ဒီနေ့ ကုမ္ပဏီသွားရတယ် မဟုတ်ဘူးလား "

" အင်း သွားရတယ်လေ သက်လွှာ။ တီလေးလည်း စောစောကပဲ ပြန်ရောက်တာ "

" သြော် .. "

သြော် ဟုရေရွတ်ရင်း သူမရဲ့မျက်နှာကို သက်လွှာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်၍ ငေးကြည့်နေမိစဉ်၌

" ကဲ အပေါ်တက်ပြီး အဝတ်အစားလဲတော့နော် သက်လွှာ .. "

" ဟုတ်ကဲ့ "

ကျောပိုးအိတ်လေးကို လွယ်လျက် သက်လွှာ လှေကားကနေပဲ အပေါ်သို့ ခပ်သွက်သွက်လေးတက်ခဲ့သည်။ အပေါ်သို့ကွေ့တက်ရတဲ့ ထောင့်ဆစ်ချိုးနားသို့ရောက်တော့ အောက်မှာရှိနေတဲ့ သူမကို သက်လွှာ ပြန်ငုံ့ကြည့်ရင်း တစ်ချက်လေး ခိုးငေးမိ၏။ အခုနောက်ပိုင်းမှာ သက်လွှာ သူမကို ခိုးခိုးကြည့်တတ်နေပါပြီ။ တဖြည်းဖြည်းနဲ့ သူမရဲ့မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ရတာကို သက်လွှာ သဘောကျတတ်နေပြီလေ။

အခန်းထဲရောက်တော့ သက်လွှာ တအံ့တသြဖြစ်သွားခဲ့သည်။ ခုတင်ခြေရင်းရဲ့ အခန်းထောင့်တစ်နေရာမှာ Flat TV အကြီးကြီး တင်ထားတဲ့ စင်ကြီးတစ်ခု ရောက်ရှိနေသည်။ စင်ရဲ့ ဒုတိယထပ်မှာ EVD စက်တစ်လုံးနှင့် Sound Box လေး ၂ လုံးလည်းရှိ၏။ ဒါ့အပြင် Tv တင်ထားတဲ့ အပေါ်ဆုံးထပ်၌ ရှိနေသည့် အခွေတစ်ထပ်ကြီး။ သူအရမ်းကြိုက်နှစ်သက်ရတဲ့ Girls' Generation အဖွဲ့ရဲ့ Original CD Album များ။ ထိုကဲ့သို့သော Original Album များကို သက်လွှာ တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ဖူးတာကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

" ဝါး .. The Boy Album ပဲဟ။ ဒါက .. ဝိုး .. ဒါက ၂၀၁၁ က World Tour DVD ခွေကြီးပဲ။ ဝိုး မိုက်ချက် "

အခွေတစ်ထပ်ကြီးကို တစ်ခုချင်းစီကြည့်ရင်း သက်လွှာ အရမ်း ပျော်ရွှင်နေသည်။ ဘေးနားက စားပွဲပေါ်မှာလည်း ပိုစတာများနှင့် Photo book တွေလည်းရှိနေသေးသည်။ သူ့ရဲ့တီလေး တိုက်ခဲ့တဲ့ surprise ကသက်လွှာကို ရင်ခုန်ကြည်နူးဖွယ် ဖြစ်စေခဲ့သည်။

" ဒေါ်သိမ်မွေ့ထည်ရယ် ရှင်ကတော့ တကယ်ပါပဲ "

အခွေတွေကို လက်ထဲ၌ပွေ့ပိုက်ထားရင်း နှုတ်ခမ်းမှဖွဖွလေးရေရွတ်ကာ သက်လွှာ ပြုံးရယ်နေမိတာ ပါးစပ်တောင် မပိတ်နိုင်ခဲ့ပေ။ သူတော်တော်လေးကို ဝမ်းသာပျော်ရွှင်နေသည်လေ။

X X X X X

" ရော့ ဒီမှာ ဖိတ်စာ "

" ဟဲ့ သူဇာစိုး .. နင်ငါ့ကို တကယ် အတည်ကြီး ပြောခဲ့တာပဲ ကြည့်စမ်း။ ငါက နင်ငါ့ကို စနောက်နေတယ်ပဲထင်တာ "

သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးဖြစ်သည့် သူဇာစိုးက မင်္ဂလာဆောင်ဖိတ်စာကြီးကို သူ့လက်ထဲလာထည့်ပေးတော့ သိမ်မွေ့ထည် အတော်ကြီးအံ့သြသင့်သွားသည်။

" ဟဲ့ ဒါစနောက်စရာမှ မဟုတ်တာ သိမ်မွေ့ထည်ရယ်။ နင်တစ်ယောက်နဲ့တော့ ခက်တော့တာပဲ "

" နင်ကဟိုးအရင်ကတည်းက တစ်ချိန်လုံး ယောကျာ်းယူတော့မယ်ချည်း တတွတ်တွတ်ပြောနေတော့ ငါကအရင်လိုပဲ စနေတယ်ထင်တာပေါ့ "

ရယ်ရယ်မောမောဖြင့်ပြောနေရင်း မင်္ဂလာဆောင်ဖိတ်စာကို ချက်ချင်းပင် ဖွင့်ဖတ်နေသည်။ ပြီးတော့ ဘေးကခုံမှာထိုင်နေတဲ့ သူဇာစိုးရဲ့ပခုံးကို အားဖြင့် ဖြောင်းခနဲ ရိုက်ချလိုက်လေသည်။

" ဖြောင်း .. "

" အ .. နာတယ်ဟ သိမ်မွေ့ထည်ရဲ့ "

" နင်ဟာ နင်တကယ်မကောင်းဘူးသိလား။ ငါ့ကို တစ်ချက်လေးတောင် ဘယ်သူဘယ်ဝါဆိုပြီး ကြိုမပြောပြခဲ့ဘူး "

" သြော် ငါကလည်း တကယ်သေချာပြီ ကျိန်းသေပြီဆိုတော့မှ နင့်ကို surprise တိုက်မလို့ပါ မိန်းမရယ်။ အခုနင် တအားအံ့သြသွားရတယ် မဟုတ်ဘူးလား ပြော "

" အရမ်းကိုပါပဲဟယ်။ နောက်ဆုံးတော့ ငါ့ရဲ့သူငယ်ချင်းကြီးက တစ်သက်လုံး crush ခဲ့ရတဲ့ မောင်မောင်လေးနဲ့ လက်ထပ်ခွင့်ရခဲ့ပြီပေါ့ .. ဟားဟား "

အပေါ်ထပ်လှေကားကနေ သက်လွှာ ပြုံးရွှင်စွာဖြင့် ပြေးဆင်းလာသည့်အချိန်၌ ဧည့်ခန်းဆောင်ဘက်ဆီမှ ထွက်ပေါ်လာတဲ့ သိမ်မွေ့ထည်ရဲ့ရယ်မောသံကိုကြားလိုက်ရသဖြင့် ခြေလှမ်းတို့ကို တုံ့ဆိုင်းလိုက်၏။ သူ့တီလေး ထိုကဲ့သို့ ဟက်ဟက်ပက်ပက်ရယ်မောနေတဲ့အသံကို သက်လွှာ အရင်ကတစ်ခါမှ မကြားဖူးပါ။ ထို့ကြောင့် ခြေကိုဖွဖွလေးနင်းကာ ဧည့်ခန်းနားသို့ မယောင်မလည်လေးသွား၍ စပ်စုမိ၏။ သိမ်မွေ့ထည်ကလည်း အားကစားဘောင်းဘီပွပွ ရှည်ရှည်ကြီးဖြင့် တီရှပ် အနီလေးကို ဝတ်ဆင်ထားတဲ့ သူ့ကလေးလေးရဲ့ အရိပ်ကို မြင်လိုက်သည်နှင့် လှမ်းခေါ်တော့သည်။

" သက်လွှာ .. လာပါဦး ဒီကို "
" ရှင် .. ဟုတ် "

ဧည့်သည်ရှိနေတာကြောင့် သိမ်မွေ့ထည်ရဲ့ ရှေ့မှ ဖြတ်လျှောက်သည့်အချိန်၌ သက်လွှာ ခေါင်းလေးငုံ့၊ ခါးလေးကိုင်းပြီးမှ ဖြတ်၏။ ထို့နောက် ဘေးနားလေးမှာ ပြူးကြောင်ကြောင်ရုပ်လေးနဲ့ သွားရပ်တော့

" ထိုင်ပါဦး .. ဒီမှာ သက်လွှာကို တီလေးရဲ့ သူငယ်ချင်းနဲ့ မိတ်ဆက်ပေးမလို့ "

" ဟုတ်ကဲ့ "

ဘေးက ဆိုဖာခုံပေါ်တွင် သက်လွှာ ကုပ်ကုပ်လေး ဝင်ထိုင်လိုက်သည့်အချိန်၌

" ဒါက အန်တီသူဇာစိုးတဲ့။ တီလေးနဲ့ အထက်တန်းထဲက ပေါင်းလာတဲ့ ငယ်သူချင်းပေါ့။ အခုတော့ ပညာရေးတက္ကသိုလ်က ကထိကဆရာမကြီးတစ်ယောက်ဖြစ်နေပြီလေ "

" သြော် .. ဟုတ် .. ဟုတ်ကဲ့ "

နီညိုရောင်ပါတိတ်ဝမ်းဆက်ကိုဝတ်ဆင်ထားပြီး ဂုတ်ဝဲကျော်ကျော်လောက်သာရှိသည့် ဆံပင်ကို ခေါင်းစည်းကြိုးဖြင့် အနောက်မှာစုချည်ထားသည့် ဥပတိရုပ်အလွန်ကောင်းလွန်တဲ့ ထိုအမျိုးသမီးကြီးကို သက်လွှာ မဝံ့မရဲကြည့်မိသည်။ သူဇာစိုး ဆိုတဲ့အန်တီက သူ့မျက်နှာကို စိုက်ကြည့်ပြီး ပြုံးပြသည်။ သူမရဲ့ အပြုံးက သူ့တီလေးရဲ့ အပြုံးကဲ့သို့ပင် နွေးထွေးဖော်ရွေ၏။

" သိမ်မွေ့ ပြောပြောနေလို့ သမီးကို အန်တီ မြင်တွေ့ဖူးချင်နေတာကြာပြီ။ ငါ့သမီးက တကယ့်ကို အချောလေးပဲ။ ချစ်စရာလည်း အရမ်းကောင်းတာပဲ။ သိမ်မွေ့ထည်ရေ ငါတော့ မင်္ဂလာဆောင်ပြီးတာနဲ့ ဒီလိုချစ်စရာကောင်းတဲ့ သမီးချောချောလေးတစ်ယောက်လောက် ရအောင်မွေးဦးမယ်ဟယ် "

" ချောစေချင်ရင်တော့ နင့်အမျိုးသားနဲ့ တူအောင်မွေးမှဖြစ်မှာ။ နင်နဲ့တူလို့ မဖြစ်ဘူး။ ဒါတောင်မှ ငါ့ကလေးလေးလောက် ချစ်စရာကောင်းပြီး ချောမှာ မဟုတ်ဘူးနော် "

" ဟွန့်။ နင်ကတော့ ငါ့ကိုဆို ဖဲ့ဖို့ပဲချောင်းနေတာနော် မိန်းမ "

သူငယ်ချင်း အပျိုကြီးနှစ်ယောက်ပြောဆိုနေကြတဲ့ တစ်ယောက်တစ်ပေါက် စကားတွေကိုနားထောင်ပြီး သက်လွှာ ရယ်ချင်စိတ်ကို မနည်းထိန်းထားရလေသည်။ ဒေါ်သိမ်မွေ့ထည်က 'ငါ့ကလေးလေး'လို့ သုံးနှုန်းပြောဆိုလိုက်တာကိုလည်း သက်လွှာ အရမ်းသဘောကျနေခဲ့သည်။

" ရှေ့အပတ် အန်တီ့မင်္ဂလာဆောင်ကျရင် သမီးလည်း လိုက်ခဲ့နော်။ ဟဲ့ သိမ်မွေ့ သက်လွှာလေးကိုပါ ခေါ်ခဲ့ ကြားလား "

" အေးပါ သူငယ်ချင်းရယ် "

" ကဲ ငါပြန်ပြီ။ လိုက်ပို့မနေနဲ့ ဒီမှာပဲနေခဲ့တော့။ ကျန်းမာရေးလည်း ဂရုစိုက်ဦး ကြားလား သိမ်မွေ့ "

" ကြားပါတယ် အဘွားကြီးရယ်။ နင်ဟာလေ ပေါက်ပေါက်ကိုဖောက်နိုင်လွန်းတယ်။ နားတွေလည်းညည်းလှပြီ "

" ငါက နင့်အတွက်ပြောတာဟဲ့။ တွေ့လားသမီး။ သမီးရဲ့ အဒေါ်ကလေ ကောင်းကောင်းမွန်မွန်ပြောဆိုလို့ကို မရဘူး "

အန်တီသူဇာစိုးသည် ပြန်ခါနီးမှ တီလေးရဲ့ဘက်သို့ လှည့်၍ မျက်လုံးကြီးပြူးပြသည်။ ပြီးမှ သူ့ဘက်သို့ လှည့်ပြော၏။ အန်တီသူဇာစိုး ပြန်သွားတဲ့အချိန်ကျမှ သူမသည် မင်္ဂလာဆောင်ဖိတ်စာလေးကို တစ်ခေါက်ဖွင့်ဖတ်လို့နေပြန်သည်။

" သြော် ကိုယ့်နဲ့ရွယ်တူဖြစ်တဲ့ တစ်ဦးတည်းသော Best friend ကြီးတောင်မှ မင်္ဂလာဆောင်တော့မယ်တဲ့လား .. ။ အချိန်တွေကုန်တာ မြန်လွန်းလိုက်တာကွယ် "

ဖိတ်စာကို ပြုံးပြုံးလေးကြည့်နေသော်လည်း သူမရဲ့မျက်ဝန်းတွေဟာ ရွှန်းစိုအိစက်လို့နေ၏။ ကြည့်ရတာ သူ့သူငယ်ချင်းအတွက် ဝမ်သာလို့ပဲလား .. ဒါမှမဟုတ် တစ်ချိန်က သူမ,ချစ်ရတဲ့ အမျိုးသားတစ်ဦးကို လွမ်းဆွတ်တမ်းတနေလို့ပဲလား ဆိုတာကိုတော့ သက်လွှာ မခန့်မှန်းတတ်ခဲ့ပါ။

" တီလေးက အားကျလို့လားဟင် "

လွှတ်ခနဲသူမေးချလိုက်တော့ ဟိုက ရယ်နေသည်။

" မကျပါဘူးသက်လွှာရယ်။ တီလေးမှာ မင်းရှိနေပြီပဲဟာ .. ဟုတ်တယ် မဟုတ်လား "

ဖြောင့်တန်းသွယ်လျတဲ့ မျက်ခုံးလေးကို အပေါ်သို့ပင့်ပြနေတဲ့ သူမရဲ့စကားကြောင့် သက်လွှာ ရင်ထဲ ဒိတ်ခနဲဖြစ်ခါ နားထင်သို့ပင် သွေးဆောင့်တက်ရချေပြီ။ ဘာပြန်ဖြေရမယ်မှန်းမသိလို့ သက်လွှာ ပခုံးလေးကိုသာ အသာတွန့်ပြလိုက်မိ၏။ ရှက်သွေးဖြာသွားတာကြောင့် သူ့ရဲ့ပါးနှစ်ဖက်က အနည်းငယ်နီရဲလို့နေသည်။

" ဒါနဲ့ .. အခန်းထဲမှာ အကုန်တွေ့ပြီးပြီ။ ကျေး .. ကျေးဇူးတင်ပါတယ် တီလေး "

ရှက်နေသည့်သက်လွှာဟာ မျက်လွှာလေး အောက်သို့ချထားရင်း ပြောနေသည်။ သိမ်မွေ့ထည်ကလည်း သက်လွှာရဲ့မျက်နှာလေးကို ပြုံးပြုံးလေးနဲ့ မော့ကြည့်လို့နေသည်။ သက်လွှာ ထံမှာ ကျေးဇူးတင်ပါတယ် ဆိုတဲ့စကားလေးတစ်ခွန်းကို ကြားခွင့်ရလိုက်တာကြောင့် သိမ်မွေ့ထည် ရင်ထဲမှာ ကြည်နူးစိတ်တို့ တရိပ်ရိပ်ထိုးတက်လျက်ရှိသည်။ ရွှန်းလဲ့အိစက်နေတဲ့ မျက်ဝန်းတစ်စုံနဲ့ သက်လွှာကို ပြန်စိုက်ကြည့်ရင်း

" ကျေးဇူးတင်ဖို့ မလိုပါဘူး သက်လွှာရယ်။ ဟောဒီ့က ကလေးလေး သဘောကျတယ်ဆိုရင်ပဲ တီလေး ဝမ်းသာလှပါပြီကွယ်။ ကဲ လာ .. နေ့လည်စာ စားကြစို့ "

သက်လွှာရဲ့အနားသို့ သိမ်မွေ့ထည် ဝှီးချဲဘီးလေးကိုလှိမ့်ပြီး တိုးကပ်လိုက်သည်။ ထို့နောက် သက်လွှာရဲ့ လက်လေးတစ်ဖက်ကို ဖမ်းဆုပ်ကိုင်လိုက်ရင်း ပြုံးပြုံးလေးပြောလိုက်သည့်အချိန်၌ သက်လွှာကလည်း ပြန်ပြီးပြုံးပြလေသည်။
သိမ်မွေ့ထည်ထိုင်နေတဲ့ ဝှီးချဲလေးကို သက်လွှာ အနောက်ကနေ အသာလေးတွန်းပေးရင်း ထမင်းစားဆောင်ထဲသို့ နှစ်ယောက်အတူ ဝင်ခဲ့ကြ၏။
သိမ်မွေ့ထည်ရဲ့ အပြုံးမျက်နှာလေးဟာ မျက်ရည်ကြည်လေးတွေ ဝဲလို့နေသည်။ သက်လွှာရဲ့ အပြုံးကတော့ စစ်မှန်စွာဖြင့် ကြည်လင်တောက်ပလို့နေ၏။

X X X X X

သီတင်းကျွတ်လပြည့်ည မတိုင်ခင် အဖိတ်နေ့ည၌ သိမ်မွေ့ထည်၏အိမ်သို့ ဆုဇာချည်ခြယ်တို့ ညီအစ်မနှစ်ယောက်လုံး ရောက်ရှိလို့လာကြသည်။ သိမ်မွေ့ထည်ကို ကန်တော့ဖို့အတွက် သစ်သီးခြင်းလေးနဲ့အတူ ခရီးသွား Luggage နှစ်လုံးလည်း ပါလာကြသေးသည်။

" အစ်မဆု .. "

အိမ်ပေါက်ဝနားမှာ ချိုမာနှင့်အတူ ဆီမီးထွန်းဖို့ပြင်ဆင်နေသည့် သက်လွှာဟာ ဆုဇာချည်ခြယ်ကို မြင်လိုက်ရသဖြင့် မျက်နှာလေးက ပြုံးရွှင်လို့သွားသည်။

" အစ်မ ဘယ်သွားမလို့လဲဟင် "

သစ်သီးခြင်းတောင်နှင့်အတူ Luggage တစ်လုံးကိုဆွဲလာပြီး အိမ်အဝင်ဝနားက ခုံပေါ်၌ သစ်သီးခြင်းလေးကို တင်လိုက်သည်။ Luggage ကိုတော့ ခုံရဲ့ဘေးနားလေးမှာပဲ ထောင်လိုက်ရင်း

" သွားကြစို့ သက်လွှာ "

" အဆုံးမရှိ အစမရှိ ဘယ်ကိုလဲ အစ်မဆုရဲ့ "

" ပင်လယ်ကိုလေ ... နွေးနွေးလည်းပါမှာ "

အနောက်၌ luggage တစ်လုံးကို ကိုင်ဆွဲထားတဲ့ သူ့ရဲ့ညီမ နွေးပန်းချီခြယ်ကို မေးလေးငေါ့ပြရင်း ဆု ပြောနေတော့ သက်လွှာ ပြူးကြောင်ကြောင်လေးဖြစ်နေသည်။ ဂျင်းဘောင်းဘီအနက်ရောင်နှင့် တီရှပ်အဖြူလေးကို ရိုးရှင်းစွာဝတ်ဆင်ထားတဲ့ နွေး ကိုမြင်တော့ သက်လွှာ ရဲ့မျက်လုံးလေးတွေက အံ့သြခြင်းဘက်သို့ ကူးပြောင်းသွား၏။

" ဟင် .. ဒါ .. "

သက်လွှာ စကားဆက်မပြောသေးပဲ ပြူးပြူးလေးရပ်ကြည့်နေသည့်အချိန်တွင် ဆုရဲ့ အနောက်မှာရပ်နေတဲ့ နွေးက မျက်ခုံးလေးပင့်ကာ ခပ်ပြုံးပြုံးလေး ပြန်ကြည့်နေသည်။

" အစ်မ UFL က Queen မဟုတ်လားဟင် "

" သက်လွှာက နွေးနွေးကို သိတယ်လား "

" သိတာပေါ့ အစ်မဆုရဲ့။ facebook မှာ အစ်မနွေးပန်းချီရဲ့ ပုံလေးတွေကို မြင်ဖူးနေကျလေ။ Cele ပဲဟာကို မသိရင် သက်လွှာ ခေတ်နောက်ကျသွားမှာပေါ့ "

သွက်သွက်လက်လက်ဖြင့် ပြန်ပြောနေတဲ့ သက်လွှာကို ဆု ကြည့်နေရင်း သဘောကျစွာ ရယ်နေလေသည်။

" ဝိုး ကိုယ့်ကိုယ်ကိုတောင် လေထဲမြောက်သွားသလို ခံစားနေရပြီ "

ဆံပင်ရှည်တွေကို အပြောင်သိမ်းပြီး အနောက်မှာ တစ်လွှာလေး စုစည်းထားတဲ့ နွေးက လှလှပပလေး ရယ်မောရင်း ပြောနေသည်။ Cele တစ်ယောက်ဆိုသည့်အတိုင်း ဆုရဲ့ညီမ နွေးပန်းချီခြယ်သည် အတော်လေးကို လှပချောမောသည့် မိန်းကလေးတစ်ယောက်ဖြစ်ပေသည်။ ဘာမိတ်ကပ်မှ မလိမ်းခြယ်ထားသည့် ပြောင်ပြောင်ရှင်းရှင်း မျက်နှာလေးကိုကပဲ အတော်လေး စွဲမက်စရာကောင်းလွန်းလှ၏။ ထူထဲပြီး ဖြောင့်တန်းနေသည့်မျက်ခုံး၊ ကြည်လင်နေသည့် မျက်ဝန်းနှင့် မျက်တောင်ကော့ကော့လေးတွေ။ နှာတံကလည်း စင်းစင်းလေးနှင့် နှုတ်ခမ်းဖူးဖူးလေး။ လုံးဝ ပြစ်ချက်မရှိသည့် အလှပိုင်ရှင်မို့ UFL က Queen တစ်ယောက်ဖြစ်နေတာကိုးလို့ သက်လွှာ စိတ်ထဲမှ ရေရွတ်နေမိသည်။

" ဒါနဲ့ မမသိမ်မွေ့ကော သက်လွှာ။ ရောက်ရောက်ချင်း ကန်တော့လိုက်ချင်လို့ "

" တီလေးက အပေါ်ထပ်က သူ့အခန်းထဲမှာ။ သက်လွှာ တက်ခေါ်ပေးရမလား "

သက်လွှာ ပြန်ပြောနေတဲ့အချိန်မှာပဲ ခပ်လှမ်းလှမ်းမှာရှိနေတဲ့ ဓာတ်လှေကားတံခါးက ပွင့်ဟလို့လာသည်။ အထဲမှ ထွက်လာသည့်သူကတော့ ထည်ဝါတဲ့ အလှပိုင်ရှင်အမျိုးသမီး .. သိမ်မွေ့ထည်ပင်။

အဖြူခံပေါ် အနီရောင်နှင်းဆီပွင့် ပန်းခတ်ပုံစံလေးတွေပါသည့် မြန်မာဝတ်စုံဝမ်းဆက်လေးကို ရိုးယဉ်စွာ ဝတ်စားထားပြီး ဆံပင်ကို ခပ်မြင့်မြင့်လေး မြှောက်၍စည်းထား၏။ ဘာဆိုဘာမှ မလိမ်းခြယ်ထားပဲ သဘာဝအလှတရားဖြင့်ပင် ကျက်သရေမင်္ဂလာရှိနေပြန်သည်။

" အပေါ်ကနေ ကားဝင်လာတာကို လှမ်းမြင်လိုက်လို့ ဆင်းလာတာ "

လူက အနားမရောက်သေး၊ သူမဆီမှ ကိုယ်သင်းရနံ့ကဲ့သို့ ဖြစ်နေသော ရေမွှေးရနံ့သင်းသင်းလေးက ရှေးဦးစွာ လွင့်ပျံလို့လာသည်။ အဖြူရောင်နှင်းဆီပန်းမှရသည့် ရနံ့ကဲ့သို့သော အနံ့သင်းသင်း၊ ကြည်ကြည် အေးအေးလေး .. ။

" ဆုတို့အခုပဲ အပေါ်တက်လာကြတော့မလိုပဲ။ ရောက်ရောက်ချင်း မမကို ကန်တော့လိုက်ချင်လို့လေ "

သစ်သီးခြင်းတောင်းလေးကို ဆု မြှောက်ပြရင်းပြောတော့ သိမ်မွေ့ထည် ခပ်ပြုံးပြုံးလေးနဲ့ ခေါင်းညိတ်ပြနေသည်။

" ဟုတ်ပါပြီကွယ်။ ကဲ လာကြ လာကြ ဧည့်ခန်းထဲမှာပဲ ကန်တော့ကြပေါ့ ဟုတ်ပလား "

ပြောပြီး ဧည့်ခန်းဘက်သို့ ဝှီးချဲကိုတွန်းပြီး ရှေ့မှအရင်ထွက်ခွာသွားသည်။

" ဟုတ်ကဲ့ မမ။ နွေးနွေး မမသိမ်မွေ့ နောက်ကို အရင်လိုက်သွားနှင့်ရေ "

ဧည့်ခန်းထဲသို့မဝင်ခင် Luggage ရဲ့အပေါ်အိတ်ထဲမှ အထုပ်လေးတစ်ခုကို ဆု ထုတ်ယူနေ၏။ သက်လွှာ ကတော့ ဆုဘေးမှာ ကြောင်တောင်တောင်ပုံစံလေး ရပ်လို့နေသည်။

" သက်လွှာရော မမသိမ်မွေ့ကို မကန်တော့ရသေးဘူးဆိုရင် အစ်မတို့နဲ့ အတူတူ လိုက်ကန်တော့ပါလား "

" အာ .. သက်လွှာမှာ ကန်တော့ဖို့ ဘာမှ ဝယ်ထားတာမရှိ "

စကားမဆုံးခင်၌ ဆုက သက်လွှာရဲ့ပခုံးလေးကို လက်ဖြင့်သိုင်းဖက်လိုက်ပြီး

" ပစ္စည်းမလိုပါဘူးကွာ။ အဓိက စိတ်ပဲ။ လာ .. "

ပခုံးကိုဖက်ပြီး ဆုခေါ်လာသည့်နောက်သို့ သက်လွှာ မျက်လုံးလေးပေကလပ် ပေကလပ်ဖြင့်ပါလာလေသည်။ သူတို့ ဧည့်ခန်းထဲကိုဝင်လိုက်သည့်အချိန်၌ သိမ်မွေ့ထည်က နွေးနဲ့ ပြုံးရွှင်စွာ စကားတွေပြောနေပါသည်။

" ဒီမှာ သက်လွှာကလည်း ဆုတို့ညီအစ်မနဲ့အတူ မမကိုကန်တော့မလို့တဲ့ "

" အမ် .. "

'အမ်'ဟု ရေရွတ်ရင်း သက်လွှာ သူ့ပခုံးကိုဖက်ထားတဲ့ ဆုကိုဘေးတိုက်မော့ကြည့်တော့ ဆုက မျက်စိတစ်ဖက် မှိတ်ပြသည်။ သိမ်မွေ့ထည် ထိုင်နေတဲ့ဘက်သို့ ဖျတ်ခနဲကြည့်မိပြန်တော့ ဟိုက တအံ့တသြနှင့် ဝမ်းသာပြီး ပီတိတွေဝေဖြာနေတဲ့ မျက်ဝန်းညိုညိုတစ်စုံနဲ့ သူ့ကို စိုက်ကြည့်နေသည်လေ။
'မဟုတ်ပါဘူး၊ အစ်မဆုခေါ်လို့ ပါလာတာလေ'လို့ နှုတ်ခမ်းကိုထော်ပြီး ပြန်ပြောချင်မိပေမဲ့ သူ့တီလေးရဲ့ အပျော်တွေကို သက်လွှာမဖျက်စီးလိုတော့ပြီ။ ဒါ့ကြောင့် ဆုတို့ ညီအစ်မနဲ့အတူတူ ဧည့်ခန်းစားပွဲကြီးရဲ့နံဘေး၌ ကျုံ့ကျုံ့လေးထိုင်ချလိုက်ရသည်။

စိတ်ထဲမှာ 'ငါ့မိဘတွေကို သေစေခဲ့တဲ့အမျိုးသမီးကို ငါကဘာလို့လက်အုပ်ချီပြီး ကန်တော့ရမှာလဲ' ဆိုတဲ့ အတွေးလေးက ရိပ်ခနဲပေါ်လာသေးသည်။ သို့သော်လည်း သိမ်မွေ့ထည်ရဲ့မျက်နှာပေါ်က ဖြူစင်ပြီးအေးမြတဲ့ အပြုံးလေးတစ်စုံက သက်လွှာရဲ့ အတွေးစတွေကို လွင့်ပျယ်သွားအောင် ဖန်ဆင်းနိုင်ခဲ့သည်။ အတိတ်က နာကြည်းမုန်းတီးခဲ့မိတဲ့ စိတ်တို့က သိမ်မွေ့ထည်ရဲ့ အပြုံးချိုချို အောက်မှာပဲ အလံဖြူထောင်လိုက်ရသည့် သက်လွှာ၏ အဖြစ်။

ထိုအချိန်မှာ သက်လွှာသိလိုက်ရတာက ထိုအမျိုးသမီးကို သူဆက်ပြီး မုန်းတီးလို့ မရတော့ဘူးဆိုတာကိုပင်။ မုန်းတီးခြင်းအစား နှစ်သက်ခြင်းက အစားထိုးဝင်ရောက်နေပြီဆိုတာကို သက်လွှာ သိခွင့်ရလိုက်သည်။ သို့သော်လည်း နှစ်သက်ခြင်းရဲ့အစက မြတ်နိုးခြင်းနဲ့ ချစ်ခြင်းမေတ္တာတရားကို ဦးတည်ပေါက်ဖွားလာစေတယ်ဆိုတာကိုတော့ သက်လွှာ မသိသေးပေ။

ဆု၊ နွေးတို့နဲ့အတူ သူ့ကို ရိုရိုသေသေဖြင့် ဦးသုံးကြိမ်ချနေတဲ့ သက်လွှာကို သိမ်မွေ့ထည် မျက်ရည်စများဖြင့် ပြုံးပြုံးလေးငုံ့ကြည့်နေရှာသည်။ ရင်ထဲမှာလည်း ဝမ်းသာပီတိ ဂွမ်းဆီထိသကဲ့သို့ပင်။ တစ်ချိန်က သူ့ကို အမုန်းဖြင့်သာ တုံ့ပြန်ခဲ့တဲ့ ထိုကလေးလေးက ယခုတော့ သူ့ကို တရိုတသေဖြင့် ထိုင်ကန်တော့နေသည့် မြင်ကွင်းက သိမ်မွေ့ထည်ရဲ့ရင်ဘတ်တစ်ခုလုံးကို ကြည်နူးပြီး အေးမြသွားစေသည်။ ပါးပေါ်သို့ လျှောဆင်းတော့မည့် မျက်ရည်စက်ကို လက်ချောင်းလေးနဲ့ မသိမသာ ခပ်မြန်မြန်လေး ဖယ်ရှားလိုက်ရင်း

" သွားလေရာ လာလေရာမှာ ခလုပ်မထိ ဆူးမငြိကြပါစေနဲ့။ ရာသက်ပန် ဘေးကင်းပြီး၊ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကြပါစေကွယ် "

ဆုနဲ့ နွေးတို့ကို ကြည့်ပြီး ဆုတွေတန်းစီပေးနေရင်းမှ သိမ်မွေ့ထည် သူ့ကလေးလေးဘက်သို့ အကြည့်ကို ရွှေ့လိုက်လေသည်။ သူ့ကို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ မော့ကြည့်နေတဲ့ သက်လွှာရဲ့မျက်နှာကို သေချာကြည့်လိုက်ပြီးတော့မှ

" အေးချမ်းသော၊ စစ်မှန်သော ပျော်ရွှင်ခြင်းမျိုးကို ခံစားရရှိပါစေ။ ရည်မှန်းချက်တွေ အားလုံး အောင်မြင်ပြီး၊ လိုအင်ဆန္ဒတွေလည်း တစ်လုံးတစ်ဝ ပြည့်စုံပါစေကွယ် "

မကျအောင် တင်းခံထားတဲ့ကြားမှ မျက်ရည်တစ်စက်က သိမ်မွေ့ထည်ရဲ့ပါးပြင်ပေါ်သို့ ထပ်မံစီးကျလာပြန်သည်။
ဤမျက်ရည်ဟာ သူထိုင်ကန်တော့လို့ ဝမ်းသာကြည်နူးပြီးကျလာတဲ့ မျက်ရည်တစ်စက် ဖြစ်တယ်ဆိုတာကို သက်လွှာ ခန့်မှန်နိုင်ခဲ့သည်။ ထို့ကြောင့် ရင်ထဲမှာ အားတုံ့အားနာဖြစ်သွားရသည်။ တစ်ချိန်က ထိုအမျိုးသမီးအပေါ်မှာ ဆိုးသွမ်းခဲ့မိသမျှ အမှားအားလုံးအတွက် စိတ်ထဲကနေ ဝန်ချတောင်းပန်နေမိသည်။ အနာဂတ်မှာ သူမအပေါ် ထပ်ပြီး မဆိုးတော့ပါဘူးလို့လည်း သက်လွှာ သူ့ကိုယ်သူ ကတိပေးနေမိသည်။
ကိုယ့်အပေါ်မှာ တကယ့်စိတ်ရင်းနဲ့ ကောင်းမွန်ပေးတဲ့လူတစ်ယောက်အပေါ်၌ သက်လွှာ အမုန်းတွေ အာကာတတွေ မထားရစ်လိုတော့ပြီ။ သူမ,ပေးခဲ့သည့် ဆုအတိုင်း ရှေ့ဆက်ရမဲ့ဘဝမှာ လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးနဲ့ စစ်မှန်သောပျော်ရွှင်ခြင်းမျိုးကို ပိုင်ဆိုင်ရရှိချင်ပါသေးသည် .. ။

" မမ ဒီသစ်သီးတွေကလေ အကုန်အော်ဂဲနစ်တွေချည်းပဲ။ ဆုရဲ့သူငယ်ချင်းတစ်ယောက်က မှော်ဘီဘက်မှာ ခြံစိုက်ထားတယ်လေ။ အဲ့ကနေ သွားဝယ်လာတာ။ နောက်ပြီးတော့ ဒီပဝါလေးက ချင်းတောင်ဘက်က မှာပေးထားတာ "

ဆုက ပြောတော့ သက်လွှာ စိတ်ထဲမှာ အနည်းငယ် ဝမ်းနည်းသွားသည်။ တကယ်ဆို သူလည်း ကြိုတင်ပြင်ဆင်ထားသင့်၏။ အခုလို လက်ဗလာနဲ့ ထိုင်ကန်တော့ရတာကို စိတ်ထဲအားမလို အားမရဖြစ်နေလေသည်။

" ကျေးဇူးတင်ပါတယ် ဆုလေးရယ်။ ဒီလို တကူးတကတွေ ဝယ်ပေးဖို့မလိုအပ်ပါဘူးကွယ်။ ရိုသေလေးစားပေးကြတဲ့ စိတ်ရင်းအမှန်ကို အခုလိုမျိုး ခံယူခွင့် ရရှိတာကိုပဲ မမက ပျော်ရွှင်လွန်းလှပါပြီ။ သက်လွှာကိုလည်း ကျေးဇူးတင်တယ်နော် "

သိမ်မွေ့ထည်ရဲ့ အဆုံးသတ်စကားလေးက အတွေးများဖြင့် ဗျာများနေတဲ့ သက်လွှာရဲ့စိတ်ကို နွေးထွေးသွားစေခဲ့သည်။ အနည်းငယ်မှိုင်တွေတွေဖြစ်နေတဲ့ သက်လွှာရဲ့မျက်နှာလေးသည် ချက်ချင်းပင် ပြန်လည် ကြည်လင်လို့လာသည်။

" ကန်တော့ခံပြီးပြီဆိုတော့ အခု တို့ဘက်က မုန့်ဖိုးပေးရမဲ့အလှည့်ပေါ့နော် .. ကဲ ရော့ "

အရွှန်းဖောက်တဲ့ လေသံမြူးမြူးလေးနဲ့ သိမ်မွေ့ထည် ပြောလိုက်တော့ ဆုက လက်ကာပြနေသည်။

" ဟာ မမကလည်း မလိုပါဘူး။ မုန့်ဖိုးယူရမဲ့ အရွယ်တွေမှ မဟုတ်တော့တဲ့ဟာကို "

ဝှီးချဲဘေးမှာ ညှပ်ထားတဲ့ အဖြူရောင်စာအိတ်လေး ၂ လုံးကို ဆု နဲ့ နွေး ရဲ့လက်ထဲသို့ သိမ်မွေ့ထည် အတင်းထိုးထည့်ပေးလိုက်ရင်း

" သီတင်းကျွတ်မှာ လာကန်တော့ကြတဲ့ အငယ်တွေကို ကန်တော့ခံရတဲ့ လူကြီးတွေက မုန့်ဖိုးပြန်ပေးကြတာဟာ ဟိုးရှေးရှေးကတည်းက မြန်မာတို့ရဲ့ ထုံးတမ်းအစဉ်အလာ ယဉ်ကျေးမှုတစ်ခုပဲ။ မငြင်းဆန်ရဘူး။ ငြင်းရင် လာဘ်ပိတ် ဘူပိတ်ဖြစ်တတ်တယ် "

" ဟာ ဟုတ်လို့လား မမကလည်း .. ဆုတော့ မကြားဖူးပေါင် "

" ဟုတ်တယ် ဆုလေးရဲ့။ မင်းရဲ့မမပြောရင် တကယ်ဖြစ်တတ်တယ်ဆိုတာကို သိတယ် မဟုတ်လား .. You must have to take it နော် "

" နွေးကတော့ လာဘ်လည်း မပိတ်ချင်ဘူး ဘူလည်း မပိတ်ချင်လို့ ယူလိုက်ပြီနော် "

" ဆုလည်း ယူပြီ "

၃ ယောက်သား တဟားဟားနဲ့ ရယ်မောနေကြတာကို သက်လွှာက ဘေးမှ အသာလေးငေးကြည့်နေလေသည်။ ဒါကို သိမ်မွေ့ထည် မြင်တော့ သူ့ကလေးလေးဘက်သို့ ချက်ချင်းလှည့်ပြော၏။

" သက်လွှာအတွက်ကိုလည်း တီလေးပြီးမှ သီးသန့်ပေးမယ်နော်။ ငြင်းလို့ လုံးဝမရဘူး ကလေးလေး "

ဒေါ်သိမ်မွေ့ထည်တို့ကတော့ သက်လွှာ ဘာမှပြန်ပြောလို့မရအောင်ကို မျက်စောင်းထိုးပြီး တစ်ချက်လွှတ်အမိန့်ပေးလိုက်ပြီလေ။ အောက်မှာထိုင်နေတဲ့ သက်လွှာကလည်း သူ့တီလေးရဲ့အမိန့်ကို ငြင်းဆန်မဲ့ကလေး မဟုတ်တော့။ တီလေးအမိန့်ဆို တစ်သွေမတိမ်းနာခံတော့မည့် ကလေးအလိမ္မာလေးဖြစ်နေချေပြီ။

X X X X X

" ဒေါက် ဒေါက် "

" ဟုတ် ဝင်ခဲ့လေ တီလေး "

ညစာစားလို့အပြီး ဆု တို့နဲ့အတူ ငွေဆောင်ကမ်းခြေကို ခရီးသွားဖို့အတွက် သက်လွှာ အဝတ်အစားတွေ ရွေးနေမိသည်။ ရွေးစရာ အဝတ်ကလည်း များများစားစားမရှိ။ JJ ကာတွန်းရုပ် ဒူးဖုံးဘောင်းဘီတွေနဲ့ တီရှပ်လေးတွေသာ ရှိ၏။ ထိုအချိန်မှာ အခန်းထဲသို့ ဝင်လာတဲ့ သိမ်မွေ့ထည်သည် အနီရောင် Luggage အသစ်စက်စက်လေးတစ်လုံးကို လက်ဖြင့်အရင် တွန်းရွေ့တွန်းရွေ့ လုပ်နေသည်။ အမြင်မတော်သဖြင့် သက်လွှာ ထို luggage ကိုအမြန်သွားဆွဲယူပေးလိုက်တဲ့ အချိန်၌

" အဲ့ဒါ သက်လွှာအတွက် တီလေးဝယ်ပေးထားတာ။ ခရီးသွားရင် အဝတ်အစားထည့်ရအောင်လို့လေ။ နောက်ပြီးတော့ ဒီမှာ .. "

သိမ်မွေ့ထည်က သူ့ပေါင်ပေါ်မှာ တင်ထားတဲ့ စက္ကူလက်ဆွဲအိတ်နှစ်လုံးကို သက်လွှာထံသို့ ထိုးပေးနေသည်။ သက်လွှာ လှမ်းယူပြီး ဖွင့်ကြည့်လိုက်တော့ အဝတ်အစားတွေဖြစ်နေ၏။ ဈေးဘယ်လောက်ကြီးလဲဆိုတာကို သက်လွှာ မခန့်မှန်းနိုင်ပေမဲ့လို့ အကုန်လုံးက Branded တွေဆိုတာကိုတော့ မြင်ရုံနဲ့တန်းသိပါသည်။

" သက်လွှာက တီရှပ်လေးတွေပဲ အဝတ်များတဲ့သူမို့ တီရှပ်နဲ့ ဘောင်းဘီလေးတွေပဲ ဝယ်လာခဲ့လိုက်တယ်။ အပေါ်ကထပ်ဝတ်ဖို့ ရှပ်အင်္ကျီပါးပါးလေးတစ်ထည်လည်းပါတယ်။ နေ့လည် နေပူထဲထွက်တဲ့အချိန် ဝတ်ပေါ့။ ဦးထုပ်လေးတစ်လုံးလည်း ထည့်ဝယ်ခဲ့ပေးတယ် .. ပြီးတော့ ဒါက စောစောက တီလေးကို ကန်တော့လို့ ပြန်ပေးတဲ့ မုန့်ဖိုး "

သိမ်မွေ့ထည်ပေးသမျှကို သက်လွှာ မငြင်းဆန်ခဲ့။ အားတုံ့အားနာဖြင့် ကြည်ဖြူစွာ လက်ခံပေးခဲ့သည်။

" ဒါနဲ့ .. တီလေးကော မလိုက်ဘူးလားဟင် "

မျက်နှာငယ်လေးနဲ့ သက်လွှာ မေးလိုက်တော့ ဟိုကပြုံးပြုံးလေး ပြန်ဖြေသည်။

" မလိုက်တော့ပါဘူးကွယ်။ လူငယ်အချင်းချင်းပဲ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးသွားကြပါ။ တည်းရမဲ့အခန်းကို တီလေးသေချာပြင်ဆင်ခိုင်းထားတယ်။ အဲ့အခန်းက ဧည့်သည်တွေကို ဌားတဲ့အခန်း မဟုတ်ဘူးလေ။ ဟိုတည်စဖွင့်ကတည်းက ငွေဆောင်သွားဖြစ်ရင် နေဖို့ဆိုပြီး ကိုယ့်ကိုယ်ကိုအတွက် သီးသန့် VIP အခန်းတစ်ခန်း ယူထားခဲ့တာ။ အခုအဲဒီအခန်းကို သက်လွှာနဲ့ ဆုလေးတို့ တည်းဖို့အတွက် သေသေချာချာလေး ပြင်ဆင်ခိုင်းပေးထားတယ်။ စားဖို့သောက်ဖို့အတွက်ကိုလည်း Chef ကိုသေချာ ညွှန်ကြားထားပြီးသား။ ဒါနဲ့ သက်လွှာ ပင်လယ်စာတွေနဲ့ကော တည့်ရဲ့လားဟင် "

" ပင်လယ်စာက မစားဖူးဘူး။ ပုစွန်ထုပ်လောက်ပဲ စားဖူးတာ "

" ဒါဆို ဂဏာန်းတို့ ကျောက်ပုစွန်တို့နဲ့ တည့်မတည့် သေချာမသိဘူးပေါ့ .. "

ရေရွတ်ဟန်ဖြင့် သိမ်မွေ့ထည် စကားတစ်ခွန်းပြောနေရင်း သက်ပြင်းတစ်ချက်ချလေသည်။ သက်လွှာ အတွက်သူ့မှာ အစစအရာရာစိတ်ပူနေရသည်လေ။

" မဖြစ်ဘူး .. အဲ့နားဝန်းကျင်က ဆရာဝန်တစ်ယောက်လောက်ကိုတော့ ဟိုတယ်ကို ၃ ရက်လောက် ခေါ်ထားရမယ် "

သိမ်မွေ့ထည် ရေရွတ်နေတဲ့စကားကြောင့် သက်လွှာ ပြုံးလိုက်မိသည်။

" အဲ့လောက်စိတ်ပူတတ်နေရင်လည်း တီလေးကိုယ်တိုင်လိုက်ခဲ့ပါတော့လား။ တကယ်တော့ တီလေးပါလာရင် ပိုကောင်းမှာ "

မချိုမချဉ်ပုံစံလေးနဲ့ သက်လွှာပြောတော့ သိမ်မွေ့ထည် ပြုံးလေသည်။ မျက်ခုံးလေးပင့်ခါဖြင့်

" ဘာလဲ သက်လွှာက တီလေးကို လိုက်စေချင်တယ်ပေါ့လေ "

သူ့တီလေးက တည့်တိုးမေးတော့ သက်လွှာ ရှက်ကိုးရှက်ကန်းဖြစ်ရပြန်သည်။

" အဲ့လိုဆိုတာထက် .. ဟို .. အစ်မဆုတို့နဲ့က အရမ်းကြီးရင်းနှီးတာမဟုတ်တော့ တစ်ခန်းထဲအတူနေရမှာ တစ်မျိုးပဲလေ "

ရှက်ရှက်နှင့် ပြောချင်ရာပြောလိုက်မိတဲ့ သက်လွှာရဲ့စကားက သိမ်မွေ့ထည်ကို ဝမ်းပမ်းတသာ ဖြစ်သွားစေသည်။ သူမရဲ့မျက်နှာလေးက ချက်ချင်းကို ဝင်းပပြုံးရွှင်လို့သွား၏။

" ဒါဆို သက်လွှာရဲ့စိတ်ထဲမှာ ဆုလေးထက် တီလေးကို ပိုပြီး တရင်းတနှီးရှိနေတယ်ပေါ့လေ။ မသိပါဘူး .. အစက တီလေးထင်ထားတာက သက်လွှာက ဆုလေးကိုပိုပြီး ခင်တွယ်သလားလို့ .. တီလေးထက်ကိုပေါ့ "

သူ့ကို ပြုံးပြုံးလေးနဲ့စိုက်ကြည့်ပြီး ပြောနေတဲ့ သိမ်မွေ့ထည်ရဲ့စကားကို သက်လွှာ မည်သို့တုံ့ပြန်ရမယ်မှန်း မသိတော့တာကြောင့် ခေါင်းကိုသာ ကုပ်နေမိတော့သည်။

" တီလေးက စနေတာပါကွယ်။ ဒီလိုဆိုလည်း တီလေးလိုက်ခဲ့ပေးပါ့မယ်။ တီလေး အစကတွေးမိတာက သက်လွှာက တီလေးပါနေရင် နေရခက်ပြီး စိတ်မအီမသာနဲ့ မပျော်မရွှင်များ ဖြစ်နေမလားလို့လေ "

" ဟာ ... မဖြစ်ပါဘူး အဲ့လိုမျိုး "

ချက်ချင်းပင် လက်ကာပြပြီး ခေါင်းကိုခါယမ်းပြနေတဲ့ သက်လွှာကြောင့် သိမ်မွေ့ထည် သဘောကျစွာဖြင့် ရယ်နေလို့နေသည်။

" ဟုတ်ပြီ ဟုတ်ပြီ။ လိုက်ခဲ့မယ် ဟုတ်ပလား။ ဟိုတယ်ကို ဖုန်းဆက်ပြီး အခန်းတစ်ခန်း ထပ်ပြင်ခိုင်းလိုက်မယ်။ နောက်ပြီးတော့ တီလေးလိုက်မယ်ဆိုရင် ချိုမာ့ကိုတော့ ခေါ်မှရမယ်။ လူကများတော့မယ်ဆိုတော့ ကားကိုလည်း ပြောင်းပြီးစီစဉ်ခိုင်းရမယ် .. သက်လွှာလည်း အဝတ်အစားနဲ့ လိုအပ်တဲ့အသုံးအဆောင်တွေ ထည့်တော့နော်။ တီလေးလည်း ချိုမာနဲ့အတူ ပြင်ဆင်စရာရှိတာကို အချိန်မီ ပြင်ဆင်လိုက်ဦးမယ်။ မနက် ၄ နာရီ စထွက်ကြမှာဆိုတော့ အခုထဲက ပြင်ဆင်မှဖြစ်မှာ "

တက်ကြွနေသူမှာ သက်လွှာ မဟုတ်တော့။ သိမ်မွေ့ထည် ဖြစ်နေချေပြီ။ သူ့ကလေးလေးနဲ့ အတူတူသွားရမဲ့ ပထမဦးဆုံးခရီးစဉ်လေးဖြစ်တာမို့ ပျော်ရွှင်တက်ကြွနေသည်လေ။

သက်လွှာ ကတော့ သူသဘောကျပြီး အမြဲတမ်းလိုလို ငေးကြည့်နေခဲ့ရတဲ့ အမျိုးသမီးနဲ့ ခရီးအတူတူသွားခွင့်ရမယ် ဆိုတော့ စိတ်လှုပ်ရှားပြီး ရင်တွေ တလှပ်လှပ် ခုန်နေပါတော့သည်။

X X X X X

Continue Reading

You'll Also Like

41K 2.3K 19
ငယ်စဥ်အချိန်ကတည်းက တွယ်ငြိခဲ့တဲ့ သံယောဇဥ်နွယ်ကြိုးလေးတစ်ချောင်းက အချိန်ကြာမြင့်သွားသည့်တိုင်အောင် ခိုင်မြဲစွာ တည်ရှိနေဆဲပင်။ #Moe #JE_Rain
87K 6.7K 25
GL Myanmar Fiction Own creation ( Zawgyi + Unicode ) #IngyinMay
336K 35.1K 173
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
13.2K 687 5
မိန်းက​လေးနှစ်​​ယောက်​ကြားက အချစ်​အ​ကြောင်း ပုံ​ဖော်​ထားတာပါGirl×Girl ရုပ်​ရှင်​သရုပ်​​ဆောင်​ အဆို​တော်​"ပိုးကု​ဋေမမ" ဘဝမှာ မကြုံဖူးတဲ့အချစ်​ဆိုတာဟ...