အတ္တစိတ် || ဘာသာပြန် ||『Compl...

Rhmjrs_58

392K 58K 3.2K

" ငါ ခွေးကို ကြည့်နေခဲ့တာမဟုတ်ပါဘူး။ ငါကြည့်နေခဲ့တာက မင်း " This is Fan Translation. Еще

Description
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Manhua
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67
Chapter - 68
Chapter - 69
Chapter - 70
Chapter - 71
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75
Chapter - 76
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84
Present

Chapter - 77

4.3K 750 34
Rhmjrs_58

『Unicode 』

အခန်း ( ၇၇ ) : ငါ့မှာ ဘာမှမရှိတော့အောင် မချန်ထားခဲ့ပါနဲ့။

※※※※※※※※※※※※※※※※※※※※



အမေက ခါးခါးသီးသီး ငိုကြွေးခဲ့ပြီး သူမ​၏ စိတ်အခြေအနေ အနည်ထိုင်သွားခဲ့သည်။

သူမဟာ မျက်ရည်များကိုသုတ်ရင်း ကျွန်တော့်​၏ အခြေအနေကို နားလည်နိုင်ရန် တာဝန်ရှိ ဆရာဝန်ကို တွေ့ဖို့ပြင်တော့သည်။

ကမ္ဘာကြီးက သူမအပေါ်မှာ ဘယ်တုန်းကမှ မကြင်နာခဲ့ပေမယ့် သူမကတော့ ဘယ်တော့မှ ရိုက်ချလို့မရဟန်တူပါ​၏။ သူမအရမ်းပိန်ပြီး ကူကယ်ရာမဲ့နေတာတောင် " အမေ " ဟူသော နာမကြောင့် ခံစားရသမျှအားလုံးကို သည်းခံထားခဲ့သည်။

ယခု အချိန်ထိ ကျွန်တော် တုံးအသလိုခံစားမိဆဲ။

ရန်ချင်းကျွမ်း မရှိလျှင်တောင် ကျွန်တော် ဒီကမ္ဘာကြီးကို စွန့်ခွာလိုစိတ် မရှိသေးပေ။ ယခင်က အတွေးတွေ မည်မျှကောင်းမွန်ပြီး အထိန်းအကွပ်မဲ့စေခဲ့ကာမူ မိသားစု​ဝင်​၏ မျက်ရည်တွေအောက်၌ ငြိမ်းငြိမ်းချမ်းချမ်းသေဆုံးခြင်း​၏တည်ငြိမ်မှုများက ပျောက်ကွယ်ကုန်ကာ ဤကမ္ဘာကြီးသို့ အဆုံးမဲ့သောနှောင်တွယ်စရာများ ဖြစ်၍သာ ကျန်ခဲ့တော့သည်။

ရန်ချင်းကျွမ်းနှင့် နန်ရှန်က အမေနှင့်အတူလိုက်ပါ၍ ဆရာဝန်ကိုသွားတွေ့နေစဉ် ညီမလေးက ကျွန်တော်နှင့် လူနာဆောင်မှာ ဆက်နေခဲ့သည်။

အမေနှင့်စာလျှင် ညီမလေးက အများကြီး ပိုနုနယ်​၏။ သူမ ငိုကြွေးနေတာမရပ်နိုင်ပဲ တသျှူးတွေ တစ်ခုပြီးတစ်ခု တောင်လို စုပုံလာခဲ့သည်။

" ဂိမ်းကစားချင်လား ? "

သူမအာရုံကို ပြောင်းပေးရန် အလို့ငှာ ကျွန်တော် ထောင့်မှာပုံနေသော ပဟေဠိဂိမ်းတွေကို ညွှန်ပြရင်း မေးလိုက်သည်။

သူမဟာ ရှိုက်လျက် ကြည့်ပင်မကြည့်ပဲ ခေါင်းခါပြ​၏။

မျက်ရည်တွေ နည်းနည်း တိတ်သွားသည်နှင့် သူမ မျက်လုံးတွေက ကျွန်တော့်ထံရောက်လာပြန်ကာ ပိုမိုသည်းထန်စွာငိုကြွေးပြန်သည်။

ကျွန်တော် ခေါင်းကိုက်လာ​၏ : " မငိုနဲ့တော့၊ ငါ အဆင်ပြေနေသေးတယ်မလား ? "

သူမဟာ နှာညှစ်လိုက်၍ နှာသံကြီးဖြင့် ဆိုသည် : " အကုန် ညီမလေးအမှားတွေ "

" နင်နဲ့ ဘာဆိုင်လို့လဲ ? " ကျွန်တော့်မှာ ရယ်ရခက်၊ ငိုရခက်ပင် : " ငါ့ကို နေမကောင်းဖြစ်အောင်လုပ်တာ နင်မှ မဟုတ်တာ"

" ညီမလေးအတွက်သာမဟုတ်ရင်....ကိုကိုနဲ့ အမေက... ကိုကိုနဲ့ အမေက သေချာပေါက် ပိုကောင်းတဲ့ဘဝမှာနေရမှာ။ကိုကိုနေမကောင်းတာက ပင်ပန်းတာကြောင့် ဖြစ်ရတာပဲ ! "

သူမဟာ စိတ်နှလုံးကြေကွဲသည်အထိ ငိုကြွေးခဲ့ကာ မျက်နှာ အစိတ်အပိုင်းတို့ပင် ပုံပျက်နေတော့သည်။ ကျွန်တော် နေမကောင်းသည်က သူမ၌ တာဝန်အရှိဆုံးဟု တကယ် ခံစားနေရပုံပင်။

လင်ကောနှင့် ကျွန်တော်က ငယ်စဉ်ကတည်းက အဖေမရှိခဲ့ကြပေ။ အမေကလဲ ကျွန်တော်တို့ကို ကြိုးကြိုးစားစားပျိုးထောင်ခဲ့ရတာ မလွယ်ကူလှ။ ကောလိပ်တက်ပြီးနောက် ကျွန်တော် ပိုက်ဆံရှာရန် အပြင်မှာ စတင်အလုပ်လုပ်ခဲ့သည်။လစဉ်လတိုင်း ကျွန်တော် မိသားစုကို ပိုက်ဆံပြန်ပို့ပေမယ့် အကုန်လုံးက ကျွန်တော့်လုပ်နိုင်စွမ်းအတွင်းမှာပဲဖြစ်​၏။

မိသားစုဝင်တစ်ယောက်ဖြစ်တဲ့ အလျောက် ဒါကို " နာကျင်စရာ " လို့ မထင်သလို ၊ မပြည့်စုံသောဘဝအတွက် သွေးရင်းတွေကိုလည်း အပြစ်တင်နေမှာမဟုတ်ပါချေ။

ကျွန်တော် သက်ပြင်းချ၍ ပြောလိုက်သည် :

" ဘာပဲဖြစ်ဖြစ် နင်က ကောလိပ်ကျောင်းသူတောင်ဖြစ်တော့မှာဆိုတော့ သိပ္ပံနည်းကျလေး နည်းနည်း ပြောကြည့်တာပေါ့။ငါ့နေမကောင်းတာက ငါပင်ပန်းတာ ၊ မပင်ပန်းတာနဲ့ ဘာမှ မဆိုင်သလို ငါတကယ်လဲ ပင်ပန်းမနေဘူး။ နင် ဒီလိုပြောချင်တယ်ဆိုရင်လဲ ငါမရှိရင် ၊ နင်နဲ့အမေက တူတူပဲ ဖြစ်နေမှာပဲလေ။ ပိုမလွယ်သွားဘူးလား ? "

" လျှောက်မပြောနဲ့ ! "

လင်ကောက ကျွန်တော့်ကို မျက်ဝန်းရဲရဲတွေဖြင့် အော်လိုက်ပြီး မျက်ရည်များက ပါးပြင်ရှိ စီးကြောင်းများမှ လိမ့်ဆင်းလာ​၏။

သူမ ငိုနေတာမရပ်နိုင်မှန်း မြင်မိလျှင် ကျွန်တော် တမင် အာရုံပြောင်းရကာ တသျှူးတစ်ရွက်ထုတ်ပေးရင်း ပြောလိုက်သည်။

" ကောင်းပြီ။မငိုနဲ့တော့။ ငါနင့်ကို တစ်ခုပြောပြဦးမယ်။ငါ ရည်းစားထားနေပြီ "

သူမကြားသွားလျှင် လှုပ်ရှားမှုတွေရပ်ကာ မျက်လုံးပြူးကြီးတွေဖြင့် ကြည့်လို့လာ​၏။ သေချာပေါက် သူမ အငိုတိတ်သွားသည်။

" ဘယ်...ဘယ်တုန်းက ဖြစ်သွားတာလဲ ? "

" ငါတို့တွေ အထက်တန်းကျောင်းမှာ တွေ့ခဲ့ပြီး ၊ နှစ်ဝက်လောက်မှာ ထပ်ဆုံဖြစ်ခဲ့တယ်။ ပြီးတော့ မကြာသေးခင်ကမှ ငါတို့ အတည်တွဲခဲ့တာ " ကျွန်တော် ပြောလိုက်သည်။

" အို့ " သူမက တသျှူးကိုင်ရင်း ခေါင်းညိတ်လိုက်သည် ခဏအကြာမှ " အွန်း " ဟူသော အသံဖြင့် အတွေးပြန်ရောက်လာ​၏ : " ဒါဆို သူ(မ)က နင်နေမကောင်းတာကို သိလား ? "

" သိတယ်။ " ကျွန်တော် ကွေ့ပတ်မနေတော့။ " သူ ခုဏကဒီနေရာမှာပဲလေ ၊ နင်တို့သူ့ကို မြင်ပြီးပြီ "

​ညီမလေး​၏ အမူအရာမှာ ခဏတာ မှင်သက်သွားကာ မျက်ရည်တွေလဲ အပြီးတိုင်ရပ်စဲသွားတော့​၏။

" ခုဏက......"

သူမက စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်တွေကို တစ်ချက်ကြည့်ရင်း မျက်နှာက မယုံကြည်နိုင်ဟန် အပြည့်။

" အဲ့... အဲ့ဒီ အမျိုးသား ? "

ကျွန်တော် လှစ်ခနဲ့ပြုံးလိုက်ပြီး : " မကောင်းဘူးလား ? "

ကျွန်တော် နောက်နေသလားဆိုတာကို အကဲဖြတ်ရန် ကြိုးစားသည့်နှယ် သူမက ကျွန်တော့်ကို ကြည့်လာခဲ့​၏။

" နင်... နင် ဘယ်တုန်းကမှ... ဒီလိုကိစ္စမျိုးကို...ပြောမပြခဲ့ဖူးဘူးလေ.."

သူမ စကားထစ်နေရသည့် အကြမ်းဖျင်းဆိုလိုရင်းကို ကျွန်တော် သဘောပေါက်မိသဖြင့် တဲ့တိုးပဲဆိုလိုက်မိသည် : " ငါ သူနဲ့မဆုံခင်တုန်းက ၊ ငါ ယောက်ျားတွေကို ကြိုက်မှန်း မသိခဲ့ဘူး "

သူမက ကော်ဖီစားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကို အတန်ကြာစိုက်ကြည့်နေခဲ့သည်။ပြီးမှ ကျွန်တော့်ကို မေးလာသည် : " သူက နင့်အပေါ်ကောင်းလား ? "

" အွန်း "

သူမက ခဏမျှ သူမဘာသာ စဉ်းစားနေပြီးမှ ဆို​၏။

" ဒါဆိုလဲ သူနင့်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံသရွေ့ အဆင်ပြေမှာပါ "

ကျွန်တော် ပြုံးလိုက်ပြီး သူမခေါင်းကိုထိကာ ဆံပင်ရှည်လေးတွေကို ပွတ်ပေးလိုက်​၏။ ပုံမှန်ဆိုလျှင် သူမ အော်နေလောက်ပေမယ့် ယနေ့တွင်တော့ သူမဟာ အလွန်လိမ္မာရေးခြားရှိနေကာ လုံးဝခက်ခဲအောင်မလုပ်ခဲ့ပေ။

ဒေါက်တာရှဲ့ထံမှပြန်လာသောအခါ အမေက စိတ်အခြေအနေကောင်းသွားပုံရပေမယ့် သူမ မျက်ဝန်းအိမ်တွေကတော့အနည်းငယ်နီနေခဲ့​၏။

" ဒေါက်တာရှဲ့က ခွဲစိတ်မှုကို သဘက်ခါစီစဉ်နိူင်တယ်လို့ပြောတယ်။ မင်းရော ဘယ်လိုထင်လဲ ? "

ကျွန်တော့်​၏ သတင်းဆိုးကို ကြားပြီးတာတောင် သူမဟာ မျက်စိတမှိတ်အတွင်းမှာ ဒေါက်တာရှဲ့နှင့် ခွဲစိတ်ဖိုအကြောင်းကို ဆွေးနွေးနိုင်ခဲ့​၏။

" အရမ်းနောက်ကျအောင် နှောင့်နှေးနေမိရင် တစ်ခုခုပြောင်းလဲသွားမှာ စိုးမိတယ် "

သဘက်ခါ.....

ကျွန်တော် ခွဲစိတ်မှုမှာ အသက်မရှင်နိုင်တော့လျှင် ကျွန်တော့်အတွက် နောက်ဆုံးနှစ်ရက်သာရှိတော့သည်။ သို့သော်အကျိတ်ကဲ့သို့ အရာမျိုးကအချိန်အကြာကြီး ကုသဖို့ နှောင့်နှေးမနေသင့်တာလဲ အမှန်တကယ်ပင်။ ယခု ဆုံးဖြတ်ချက်ချပြီးပြီဆိုတော့ တုံ့ဆိုင်းနေလို့ မကောင်းတော့။

ဘေးမှာ အသံတိတ်လျက် ရပ်နေသော ရန်ချင်းကျွမ်းကို ကြည့်လိုက်ပြီး ကျွန်တော် ခေါင်းညိတ်ကာ ဆိုလိုက်သည်။ " ကောင်းပြီ။သဘက်ခါ "

အမေနှင့် ညီမလေးက လေယာဉ်ဆိုက်လျှင်ဆိုက်ချင်း အပြေးရောက်လာသည်ဖြစ်၍ စားလဲမစားရသေးသလို ၊ ခရီးဆောင်အိတ်တွေကိုလဲ နေရာမချရသေးပေ။ သူတို့ ဗိုက်ဆာနေမည်ကိုစိုး၍ တစ်ခုခုစားဖို့ခေါ်သွားပေးရန် ကျွန်တော် နန်ရှန်အား အဆိုပြုလိုက်သည်။

" ဒါဆို အမေတို့ ပစ္စည်းတွေကို အရင်ဟိုတယ်ပြန်ထားလိုက်ဦးမယ်။ ပြီးမှ ညနေကျရင် မင်းကို လာတွေ့မယ် "

အမေက ကျွန်တော့်မျက်နှာကို ထိကာ ဆိုသည် : " နေ့လယ်ပိုင်းမှာ ကောင်းကောင်းအနားယူနော်။ အရမ်းအပင်ပန်းမခံနဲ့ "

ကျွန်တော် သူတို့ကို ဓာတ်လှေကားအဝင်ဝသို့လိုက်ပို့ပြီး ဓာတ်လှေကားထဲ ဝင်သွားတာကို စောင့်ပြီးမှ ရန်ချင်းကျွမ်းနှင့်ပြန်လာခဲ့လိုက်သည်။

" ငါ ညီမလေးကို ငါတို့ကိစ္စပြောပြလိုက်တယ် "

ရန်ချင်းကျွမ်းက တုံ့ခနဲ့ဖြစ်သွားကာ မြန်မြန် ပြောလာ​၏ : " မင်းအမေက မမေးခဲ့ဘူး "

" သူမမှာ အခု မေးနိုင်တဲ့စိတ်မရှိလောက်ဘူး "

ကျွန်တော် အကြောဆန့်လိုက်​၏။ မျက်စိတမှိတ်အတွင်း ကျွန်တော့်မျက်လုံးတွေက ဝေဝါးသွားကာ စက္ကန့်အနည်းငယ်အကြာ ဘာကိုမှ မမြင်ရတော့ပေ။

ကျွန်တော် အငိုက်မိသွား၍ ခြေခလုတ်တိုက်ကာ တစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရ အရှေ့လဲကျတော့​၏။

" ကျိနင် ! "

ကံကောင်းစွာနှင့် ရန်ချင်းကျွမ်းက မျက်စိလျင်၊လက်လျင်ရှိတာကြောင့် ကျွန်တော့်ကို ထိန်းကိုင်ထားနိုင်ခဲ့သည်။

ကျွန်တော် သူ့အဝတ်ကို တင်းတင်းဆုပ်ရင်း မျက်လုံးကို ဇွတ်မှိတ်လိုက်​၏။ အရှေ့၌ မည်းမှောင်နေဆဲဖြစ်ကာ ဘာကို မှ မမြင်ရပါချေ။

" မင်းမျက်လုံးတွေ.... " ရန်ချင်းကျွမ်းလဲ သတိပြုမိသွားပုံပင်။ သူက တစ်ခွန်းမဆိုပဲ ကျွန်တော့်ကို ကောက်ပွေ့ကာ လူနာဆောင်သို့ အမြန်လျှောက်သွားတော့​၏။

ယခင် မမြင်ရချိန်က အများဆုံးနှစ်မိနစ်၊ သုံးမိနစ်အတွင်း ပြန်ကောင်းခဲ့သော်လည်း ဒီတစ်ခါမှာတော့ အချိန်ကြာကာ ၊ ညအထိ အလားတူ အခြေအနေအတိုင်းဖြစ်ခဲ့လေသည်။

ဒေါက်တာရှဲ့က ဒါသည် အန္တရာယ်ရှိလက္ခဏာဟု ထင်မိကာ ကျွန်တော်တို့ကို မနက်ဖြန်မှာ ခွဲစိတ်ဖို့ စဉ်းစားစေလိုကြောင်းပြောလာ​၏။

အမေတို့က ဟိုတယ်မှ အပြေးရောက်လာ​သည်။ သူတို့ ကျွန်တော့်ကို ဒီလိုမမြင်ရက်ပေ။

လူနာဆောင်ထဲမှ ခဏနေပြီးနောက် ဒေါက်တာနှင့် ဆွေးနွေးပေးသူတို့ အတူထွက်သွားကြ​၏။

လူသုံးယောက် အပြင်ဘက်မှာ ဘာတွေပြောနေကြလဲ မသိ။ကျွန်တော် ရန်ချင်းကျွမ်း လက်ကို မလွတ်တမ်းကိုင်ထားပြီးသူ့ကိုယ်အပူချိန်နှင့် သွေးခုန်နှုန်းကို သုံးကာ ပူပန်နေသော မိမိ​၏ စိတ်နှလုံးကို တည်ငြိမ်အောင်လုပ်နေရသည်။

" မကြောက်နဲ့ ၊ ငါအမြဲတမ်း မင်းဘေးမှာ ရှိနေမယ် "

သူက ကျွန်တော့်လက်ကို ယူ၍ လက်ခုံကို နမ်းလိုက်​၏။

" ကျိ......"

လူနာဆောင်တံခါးမှ အမေအသံ ပေါ်လာခဲ့လျက်။ သူမဟာ ခဏမျှ သိသိသာသာရပ်သွားခဲ့ပြီးမှ ဆက်ပြောလာခဲ့သည် : " ကျိနင် ၊ အမေ ဒေါက်တာနဲ့ ဆွေးနွေးပြီး အော်ပရေးရှင်းကို မနက်ဖြန်ပြောင်းတာပိုကောင်းတယ်လို့ တွေးမိတယ်တဲ့။ သားရော ဘယ်လိုထင်လဲ ? "

ဘာပဲဖြစ်ဖြစ် ဒေါက်တာက ဒီလိုကိစ္စတွေမှာ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တာကြောင့် ကျွန်တော် သူမ​၏ သဘောကိုခြွင်းချက်မရှိနားထောင်ရမည်ပင်။

" ကောင်းပါပြီ။ မနက်ဖြန်ပေါ့ "

ခွဲစိတ်ဖို့ နိဂုံးချုပ်ပြီးနောက် ကျွန်တော် အမေနှင့်ညီမလေးကို ကုတင်ဘေးလာခိုင်းပြီး လုပ်ဖိုလိုအပ်သည်များကို စတင်ရှင်းပြလိုက်​၏။ နန်ရှန်က အိမ်ပြန်သွားပြီး မနက်ဖြန်အထိ ပြန်လာမှာမဟုတ်ပေ။ ကျွန်တော် သူ့ကို မစောင့်နိုင်မှာ ကြောက်မိသည့်အတွက် အမေ့ကို ပြောပြရသည် ; အကယ်၍ ကျွန်တော့်မှာ တစ်စုံတစ်ရာဖြစ်လာပါက ကျွန်တော့်Celloကို နန်ရှန်အား ပေး,ပေးဖို့ပင်။

ညီမလေး​၏ ကြိတ်ငိုသံက နားထဲဝင်လာ​၏။ အမေ့​၏ အကြည့်စူးစူးကြောင်းပေလား ၊ အလျင်အမြန်ပင် ထပ်မံပျောက်ကွယ်သွားပါသည်။

" ဒါကို မတွေးသေးပါနဲ့ဦး။ ဒေါက်တာရှဲ့က ရောဂါဗေဒအစီရင်ခံချက်မထွက်လာမချင်း ဘာမှ သေချာမပြောနိုင်သေးဘူးလို့ ပြောတယ် "

အမေက တုန်ယင်နေသော အသံဖြင့် ဆို​၏။

​နောက်ဆုံးညကို ငိုကြွေးပြီးကုန်ဆုံးရန်မှာ အတွေးကောင်းမဟုတ်ပေ။ ကျွန်တော့်​၏ နောက်ဆုံးစကားတွေကိုပြောပြီးနောက် ၊ ကျွန်တော်ကပဲ ဦးဆောင်၍ ပိုမို စိတ်ပြေလက်ပျောက်ဖြစ်စေသည့် ခေါင်းစဉ်တွေကို ပြောင်းပြောလိုက်သည်။

ကျွန်တော်တို့ဟာ အတိတ်အိမ်နီးချင်းဟောင်းတွေအကြောင်း ၊ ညီမလေး​၏ အတန်းဖော်ဟောင်းတွေအကြောင်းနှင့်ကေသရာဇာကျွန်းပျက်စီးခြင်းအကြောင်းကိုပုံပြင်တစ်ပုဒ်လိုပြောခဲ့ကြသည်......ရန်ချင်းကျွမ်းက ကျွန်တော် စကားပြောနေသည်ကို ဝင်မပြောသလို ၊ စကားလဲမဆိုပဲ တိတ်လျက်သာ အစဉ်သဖြင့်နားထောင်နေခဲ့​၏။ ကျွန်တော်သာ သူ့လက်ကိုကိုင်ထားတာမဟုတ်လျှင် လူနာဆောင်ထဲမှာ သူမရှိတော့ဘူးဟု ထင်သွားမိမည်ပင်။

" မင်းတို့နှစ်ယောက်က ဘယ်လို..... ဆုံကြတာလဲ ? " ရုတ်တရက်ကြီး အမေက ထမေး​၏။

ကျွန်တော့်အဖို့ တဒင်္ဂမျှ ကြောင်သွားရပြီး သူမအသံထဲမှ ပါးနပ်မှုတွေကို ကြားမိရ​၏။ သို့သော် တွေးကြည့်မိမှ ကျွန်တော့်အတွက်တောင် သိပ်သိသာလွန်းနေပါက အမေ သိထားလျှင်တောင် သူမက သူမကိုယ်သူမ လှည့်စားနေလောက်မည်ဟူ၍။

ကျွန်တော် ဖြေရန် ပြင်လိုက်သည့်အခိုက်မှာပဲ ရန်ချင်းကျွမ်းက ရုတ်တရက် ဖြေဆိုလာ​၏ :

" ကျိနင်နဲ့ ကျွန်တော်က အထက်တန်းကျောင်းနေဖက်တွေပါ။ ကျွန်တော်တို့တွေ နှစ်နည်းနည်း ကွဲသွားခဲ့ပြီး ကေသရာဇာကျွန်းမှာ ပြန်ဆုံဖြစ်ကြတာ... "

သူက ကျွန်တော်တို့​၏ ပြန်လည်တွေ့ဆုံမှုကို အကျဉ်းရုံး ပြောပြလိုက်သည်။ပြီးလျှင် ယခု ကျွန်တော်တို့တွေ တင်းကျပ်သောအကာအကွယ်အောက်မှာ ဘာကြောင့်ရှိနေရသလဲဟူသော အကြောင်းရင်းကိုလည်း စိတ်ခြောက်ခြားဖွယ်ကွင်းဆက်တွေကို ဖယ်၍ အတိုချုံ့ပြောပြလိုက်​၏။ "......အခြေအနေကတော့ အဲ့လိုမျိုးပါပဲ "

" အထက်တန်းကျောင်းနေဖက် ? " အမေက ရေရွတ်ရင်း ချက်ချင်း မှတ်ဉာဏ်ဟောင်းတွေကို ဖွင့်ချလိုက်​လေသည်။

" ကျိနင် ၊ သူက မင်း ဆေးရုံမှာ တစ်ညလုံး ဂရုစိုက်ပေးခဲ့တဲ့ အတန်းဖော်လား ? "

အခန်းထဲတွင် တိတ်ဆိတ်သွားသည်မှာ ပင်အပ်ကျသံပင် ကြားနိုင်လောက်မည်။

ကျွန်တော့်စိတ်မှာ ဟင်းလင်းဖြစ်သွားကာ တံတွေးမျိုချမိ​၏။ဘယ်လို အရူးလုပ်ရမလဲ မဆုံးဖြတ်နိုင်ခင်မှာပဲ ရန်ချင်းကျွမ်း​၏ မေးသံကို ကြားလိုက်ရပါသည်။

" ဆေးရုံ ? ဘယ်အချိန်တုန်းက ဖြစ်တာလဲဗျ ? "

အမေက ခဏတွေးကြည့်ပြီးမှ ဆိုသည် :

" အဲ့ဒါက အထက်တန်းတတိယနှစ်အတွင်း ဇန်နဝါရီလလောက်ဖြစ်မယ်ထင်တယ်။ ငါ သေချာမှတ်မိနေတာ၊ အဲ့ဒါပြီးတော့ သိပ်မကြာဘူး ၊ ငါ ချော်လဲပြီး ခါးကျိုးသွားခဲ့တာကိုး။ အဲ့နေ့က ကျိနင် အိမ်ကို နောက်ကျတဲ့အထိ ပြန်မလာဘူးလေ။ သူတစ်ခုခုဖြစ်နေပြီထင်လိုက်တာ၊ ဒါပေမယ့် ပြီးမှ ဖုန်းခေါ်လာခဲ့တယ်၊ သူ့အတန်းဖော် ထိခိုက်သွားပြီး ဘယ်သူမှဂရုစိုက်မယ့်သူ မရှိလို့ သူက ဆေးရုံမှာဂရုစိုက်ပေးမှရမယ်ဆိုပြီး။ သူ အရင်က သူငယ်ချင်းလဲ အများကြီးမရှိခဲ့တော့ ငါသူပြောတာကို တစ်ခါပဲ ကြားဖူးခဲ့တာ။ အဲ့ဒါ မင်းမလား ? "

ကျွန်တော့်ရဲ့ မွေးမေမေ~အာ , ဒါက ကျွန်တော့်ရဲ့ နောက်ကြောင်းအကုန်လုံးကို ခဏချင်းဖွင့်ထုတ်လိုက်တာပဲ။ရှင်းရှင်းလင်းလင်း တိတိကျကျချပြပေးလိုက်တာ ၊ ကျွန်တော့်အတွက် နှစ်ပေါက်တစ်ပေါက်ရိုက်ဖို့ နေရာစာလေးတောင်မချန်ဘူး။

" အာ~ ငါလဲ မှတ်မိပြီ။ ကိုကိုက အဲ့ညက ပြန်မလာခဲ့ဘူး၊ မေမေကလဲ ဆိုင်ဖွင့်ဖို့ ထပ်ထွက်သွားရတယ်။ငါ အရမ်းကြောက်လို့ တစ်ယောက်တည်းမအိပ်ရဲခဲ့ဘူး "

ညီမလေးကလဲ နောက်ထပ်တစ်ချက် ထပ်ထည့်​၏။

ယခု ဘာမှ မမြင်ရခြင်းက အနည်းငယ်ကံကောင်းတာပင်။ မဟုတ်လျှင် ရန်ချင်းကျွမ်း​၏ မယုံကြည်နိုင်သော အကြည့်ကိုမည်သို့ ရင်ဆိုင်ရမလဲမသိ။

ကျွန်တော့်မျက်နှာထက်မှ စူးရဲသည့်အကြည့်ကိုပင် ခံစားမိနေလျက်။ ယင်းက ကျွန်တော့်စိတ်ထဲမှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာ မြင်နိုင်ရန် ဦိးခွံကိုဖြတ်၍ လောင်ကျွမ်းစေချင်သည့်ပမာ ထင်ရပါ​၏။

".....ကျွန်တော်ပါ "

ခဏကြာမှ ရန်ချင်းကျွမ်းက အက်ကွဲစွာဆိုလာခဲ့သည်။

အမေနှင့် ညီမလေးက ညနေ၉နာရီအထိတိုင်နေခဲ့ပြီး တွေ့ဆုံချိန်ပြီးသော် လူနာဆောင်မှ ပြန်လည်ထွက်ခွာသွားကြသည်။

ရန်ချင်းကျွမ်းက သူတို့နှင့် တံခါးကိုလျှောက်သွားပြီး ကျွန်တော့်လက်ကို လွှတ်သွား​၏။

ကျွန်တော် တစ်ယောက်ထဲ အမှောင်ထဲမှာရှိနေလျက် စိတ်ထဲမှာ ပူပန်နေမိသည်။

အပြင်မှ တံခါးပိတ်သံကို ကြားရသောအခါ ကျွန်တော် ရန်ချင်းကျွမ်း ပြန်လာတာကို ခံစားမိသဖြင့် ချက်ချင်း လက်တွေကို အရှေ့ဖမ်းဆုပ်၍ သူ့အား ထိရန်ပြင်လိုက်သည်။

" ငါရှင်းပြတာကို နားထောင်ပါဦး..."

သူ့ခြေသံတွေက ကျွန်တော်နှင့် မလှမ်းမကမ်းမှာရပ်သွား​၏။

" မင်းပြောလေ " သူက နှစ်ခွန်းတည်းအေးစက်စွာဆိုသည်။

ကျွန်တော့်အဖို့ ပို၍ပင် လန့်ပျာလာ​၏။

" ငါ မင်းနဲ့ ဆုံချိန်က ၊ တကယ်တမ်းမှာ ကိစ္စတော်တော်များများကို မေ့နေခဲ့တယ် "

သူ ယုံယုံ ၊ မယုံယုံ ထိုနှစ်က ကျွန်တော် အပြင်းအထန်နေမကောင်းဖြစ်ခဲ့၍ ပြန်ကောင်းလာချိန်မှာ သူ့အကြောင်းကို သိပ်သတိမရတော့ကြောင်း ပြောပြလိုက်သည်။

"......နောက်ပိုင်း ငါရေထဲကျသွားမှ ၊ မင်းအကြောင်းကို အကုန်မှတ်မိသွားခဲ့တာ ၊ မင်း ငါ့ကို ယုံပါ "

" တရုန်ရွာတုန်းက၊ ငါမင်းကို ထပ်ခါတလဲလဲမေးခဲ့တယ်။ မင်းက သတိရနေတာတောင် ငါ့ကို ဘာလို့ မပြောပြခဲ့တာလဲ ? "

သူကြည့်ရတာ အမှန်တကယ် ဒေါသထွက်နေဟန်တူပြီး ကျွန်တော်နှင့် တစ်လှမ်းကပ်လာ​၏။

" ဘာလဲ ၊ ငါမင်းကို ပိုချစ်သွားမှာ ကြောက်နေတာလား ? "

ကျွန်တော် လက်ထဲက စောင်ပါးလေးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိပြီး သူ့မေးခွန်းအတွက် ဖြေစရာမရှိဖြစ်နေ​၏။အမှန်တကယ်ပင် ထိုသို့ပြောလို့ရပါသည်။

ဤကမ္ဘာကြီး၌ ချစ်ရသူများ​၏ မှတ်ဉာဏ်ကို ဆန္ဒရှိသလို ဖျက်ပစ်နိုင်သည့် မှော်အတတ်ဆိုတာရှိလျှင် ၊ ကျွန်တော်သည်အဆိုပါမှော်အတတ်အား မသေခင် မိမိ​၏ဖြစ်တည်မှုကို အားလုံး မေ့သွားအောင်လုပ်ရန် မတုံ့ဆိုင်းပဲ ကျိန်းသေသုံးမည်ဖြစ်သည်။

ကျွန်တော့်ကို သတိရခြင်းသည် သူတို့အား နာကျင်စေမည်ဆိုလျှင် ကျွန်တော် ဘယ်သောအခါမှ မတည်ရှိခဲ့တာက ပိုကောင်းမည်။

ကျွန်တော် နှုတ်ခမ်းကိုက်လိုက်ရင်း : " ကောင်းပြီ၊ကောင်းပြီ။ မှားမှန်း ငါသိပါတယ် "

ကျွန်တော်ဟာ ရိုးရိုးတန်းတန်းပင် အမှားဝန်ခံလိုက်ပြီး ခါးသီးသည့်လှည့်ကွက်ကို ထုတ်သုံးလိုက်​၏။

" ငါ မနက်ဖြန် ခွဲစိတ်ရတော့မှာကို ၊ မင်းက ဘယ်လောက်ကြာအောင်အထိ ငါ့ကို စိတ်ဆိုးပြီးနေဦးမှာလဲ ? ငါ ကတိပေးတယ်။ အဲ့ဒါက ငါမင်းကို ဖုံးထားခဲ့တဲ့ နောက်ဆုံးတစ်ခုပါ။ "

ကျွန်တော် တစ်ဖန်စမ်းတဝါးဝါးနှင့် သူရှိရာဖက်ကို လက်ဆန့်လိုက်​၏။

မှောင်မည်းနေသောကမ္ဘာမှာ သူင အချိန်အတော်ကြာ တုံ့ပြန်လာခြင်းမရှိပေ။ ကျွန်တော့် နှလုံးသားမှာ တဖြည်းဖြည်း ပုံလျက်သားကျကာ လက်တွေကလဲ စိတ်ပျက်လက်ပျက်နှင့် ပြုတ်ကျသွားတော့​၏။

ခါးသက်သက်လှည့်ကွက်ကတောင် အသုံးမကျတော့ဘူး...

ကျွန်တော့်လက်မောင်း လုံးဝပြုတ်ကျသွားမှ " ကျစ် " ဟူ၍ ခပ်ဩဩအသံက အရှေ့မှ ထွက်ပေါ်လာကာ ခဏချင်းပင်ကျယ်ပြန့်သော လက်ဖဝါးတစ်ခုက ကျွန်တော်လက်ကို ဆုပ်ကိုင်လိုက်​​၏။

အဆုံးမှာတော့ ရန်ချင်းကျွမ်းဟာ သူ့မရက်စက်နိုင်တော့ပဲ ကျွန်တော့်ကို တုံ့ပြန်လာခဲ့သည်။

" ငါမင်းကိုပြောခဲ့တယ်၊ သူတို့ငါ့ကို ရွေးခဲ့တာက ဒီလောကကြီးထဲမှာ ငါ့အတွက် လွမ်းဆွတ်နေစရာမရှိလို့ , လို့။ "

သူက ကျွန်တော့်လက်ကို တင်းနေအောင်ဖိဆုပ်ကိုင်လာသည်။ တင်းလွန်းလို့ နာပင်နာလာ​၏။

" ငါ လင်းရှန့်ရဲ့လက်စွပ်ကို သိမ်းထားခဲ့တာက ငါ့ကိုယ်ငါ မဆုံးရှုံးမခံပဲ ဒီကမ္ဘာကြီးထဲမှာ လှပတဲ့အရာတွေရှိနေတုန်းပဲလို့သတိရစေဖို့အတွက်ပဲ။ လက်စွပ်ကိုကြည့်ရင် တစ်ချိန်က ငါ့ကို အဆုံးမဲ့အားအင်တွေပေးခဲ့တဲ့ အဲ့ဒီဆောင်ပုဒ်လေးတွေကိုအမြဲတွေးမိတယ်။ အမှောင်ညတွေကို မကြောက်အောင်လုပ်ပေးခဲ့တာက လင်းရှန့်လို့ ငါထင်ခဲ့တယ် ၊ ကျေးဇူးတင်ဖို့လိုခဲ့တဲ့လူက သူလို့။ ဒါပေမယ့် တကယ်တမ်းမှာ မင်းတဲ့လား ၊ အမြဲတမ်း မင်းတဲ့လား..... "

" ကျိနင် ၊ မင်းနဲ့ ပြန်မဆုံခင်က ငါတကယ် ဒီလောကကြီးထဲမှာ လွမ်းဆွတ်စရာ မရှိခဲ့ဘူး "

သူက ကျွန်တော့်လည်ကုတ်ကို ပွတ်ပေးရင်း နဖူးပြင်ကို ထိကာ အက်ကွဲစွာ ပြောပြလာခဲ့သည်။

" ဒါကြောင့်မင်းကိုတောင်းဆိုပါတယ်။ နောက်ထပ်,ထပ်ပြီး ငါ့မှာ ဘာမှမရှိတော့အောင် မချန်ထားခဲ့ပါနဲ့ "

___________________________________________________________________________

BXXDမှာ နာမည်ကြီးတာက Italic fontနဲ့ စာစုလေးပါ။



Zawgyi

အခန္း ( ၇၇ ) : ငါ့မွာ ဘာမွမရွိေတာ့ေအာင္ မခ်န္ထားခဲ့ပါနဲ႔။

※※※※※※※※※※※※※※※※※※※※

အေမက ခါးခါးသီးသီး ငိုေႂကြးခဲ့ၿပီး သူမ​၏ စိတ္အေျခအေန အနည္ထိုင္သြားခဲ့သည္။

သူမဟာ မ်က္ရည္မ်ားကိုသုတ္ရင္း ကၽြန္ေတာ့္​၏ အေျခအေနကို နားလည္နိုင္ရန္ တာဝန္ရွိ ဆရာဝန္ကို ေတြ႕ဖို႔ျပင္ေတာ့သည္။

ကမၻာႀကီးက သူမအေပၚမွာ ဘယ္တုန္းကမွ မၾကင္နာခဲ့ေပမယ့္ သူမကေတာ့ ဘယ္ေတာ့မွ ရိုက္ခ်လို႔မရဟန္တူပါ​၏။ သူမ အရမ္းပိန္ၿပီး ကူကယ္ရာမဲ့ေနတာေတာင္ " အေမ " ဟူေသာ နာမေၾကာင့္ ခံစားရသမၽွအားလုံးကို သည္းခံထားခဲ့သည္။

ယခု အခ်ိန္ထိ ကၽြန္ေတာ္ တုံးအသလိုခံစားမိဆဲ။

ရန္ခ်င္းကၽြမ္း မရွိလၽွင္ေတာင္ ကၽြန္ေတာ္ ဒီကမၻာႀကီးကို စြန႔္ခြာလိုစိတ္ မရွိေသးေပ။ ယခင္က အေတြးေတြ မည္မၽွ ေကာင္းမြန္ၿပီး အထိန္းအကြပ္မဲ့ေစခဲ့ကာမူ မိသားစု​ဝင္​၏ မ်က္ရည္ေတြေအာက္၌ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေသဆုံးျခင္း​၏ တည္ၿငိမ္မွုမ်ားက ေပ်ာက္ကြယ္ကုန္ကာ ဤကမၻာႀကီးသို႔ အဆုံးမဲ့ေသာေႏွာင္တြယ္စရာမ်ား ျဖစ္၍သာ က်န္ခဲ့ေတာ့သည္။

ရန္ခ်င္းကၽြမ္းႏွင့္ နန္ရွန္က အေမႏွင့္အတူလိုက္ပါ၍ ဆရာဝန္ကိုသြားေတြ႕ေနစဥ္ ညီမေလးက ကၽြန္ေတာ္ႏွင့္လူနာေဆာင္မွာ ဆက္ေနခဲ့သည္။

အေမႏွင့္စာလၽွင္ ညီမေလးက အမ်ားႀကီး ပိုႏုနယ္​၏။ သူမ ငိုေႂကြးေနတာမရပ္နိုင္ပဲ တသၽွဴးေတြ တစ္ခုၿပီးတစ္ခု ေတာင္လို စုပုံလာခဲ့သည္။

" ဂိမ္းကစားခ်င္လား ? "

သူမအာ႐ုံကို ေျပာင္းေပးရန္ အလို႔ငွာ ကၽြန္ေတာ္ ေထာင့္မွာပုံေနေသာ ပေဟဠိဂိမ္းေတြကို ညႊန္ျပရင္း ေမးလိုက္သည္။

သူမဟာ ရွိုက္လ်က္ ၾကည့္ပင္မၾကည့္ပဲ ေခါင္းခါျပ​၏။

မ်က္ရည္ေတြ နည္းနည္း တိတ္သြားသည္ႏွင့္ သူမ မ်က္လုံးေတြက ကၽြန္ေတာ့္ထံေရာက္လာျပန္ကာ ပိုမိုသည္းထန္စြာ ငိုေႂကြးျပန္သည္။

ကၽြန္ေတာ္ ေခါင္းကိုက္လာ​၏ : " မငိုနဲ႔ေတာ့၊ ငါ အဆင္ေျပေနေသးတယ္မလား ? "

သူမဟာ ႏွာညႇစ္လိုက္၍ ႏွာသံႀကီးျဖင့္ ဆိုသည္ : " အကုန္ ညီမေလးအမွားေတြ "

" နင္နဲ႔ ဘာဆိုင္လို႔လဲ ? " ကၽြန္ေတာ့္မွာ ရယ္ရခက္၊ ငိုရခက္ပင္ : " ငါ့ကို ေနမေကာင္းျဖစ္ေအာင္လုပ္တာ နင္မွ မဟုတ္တာ"

" ညီမေလးအတြက္သာမဟုတ္ရင္....ကိုကိုနဲ႔ အေမက... ကိုကိုနဲ႔ အေမက ေသခ်ာေပါက္ ပိုေကာင္းတဲ့ဘဝမွာေနရမွာ။ ကိုကိုေနမေကာင္းတာက ပင္ပန္းတာေၾကာင့္ ျဖစ္ရတာပဲ ! "

သူမဟာ စိတ္ႏွလုံးေၾကကြဲသည္အထိ ငိုေႂကြးခဲ့ကာ မ်က္ႏွာ အစိတ္အပိုင္းတို႔ပင္ ပုံပ်က္ေနေတာ့သည္။ ကၽြန္ေတာ္ ေနမေကာင္းသည္က သူမ၌ တာဝန္အရွိဆုံးဟု တကယ္ ခံစားေနရပုံပင္။

လင္ေကာႏွင့္ ကၽြန္ေတာ္က ငယ္စဥ္ကတည္းက အေဖမရွိခဲ့ၾကေပ။ အေမကလဲ ကၽြန္ေတာ္တို႔ကို ႀကိဳးႀကိဳးစားစားပ်ိဳးေထာင္ခဲ့ရတာ မလြယ္ကူလွ။ ေကာလိပ္တက္ၿပီးေနာက္ ကၽြန္ေတာ္ ပိုက္ဆံရွာရန္ အျပင္မွာ စတင္အလုပ္လုပ္ခဲ့သည္။ လစဥ္လတိုင္း ကၽြန္ေတာ္ မိသားစုကို ပိုက္ဆံျပန္ပို႔ေပမယ့္ အကုန္လုံးက ကၽြန္ေတာ့္လုပ္နိုင္စြမ္းအတြင္းမွာပဲျဖစ္​၏။

မိသားစုဝင္တစ္ေယာက္ျဖစ္တဲ့ အေလ်ာက္ ဒါကို " နာက်င္စရာ " လို႔ မထင္သလို ၊ မျပည့္စုံေသာဘဝအတြက္ ေသြးရင္းေတြကိုလည္း အျပစ္တင္ေနမွာမဟုတ္ပါေခ်။

ကၽြန္ေတာ္ သက္ျပင္းခ်၍ ေျပာလိုက္သည္ :

" ဘာပဲျဖစ္ျဖစ္ နင္က ေကာလိပ္ေက်ာင္းသူေတာင္ျဖစ္ေတာ့မွာဆိုေတာ့ သိပၸံနည္းက်ေလး နည္းနည္း ေျပာၾကည့္တာေပါ့။ ငါ့ေနမေကာင္းတာက ငါပင္ပန္းတာ ၊ မပင္ပန္းတာနဲ႔ ဘာမွ မဆိုင္သလို ငါတကယ္လဲ ပင္ပန္းမေနဘူး။ နင္ ဒီလိုေျပာခ်င္တယ္ဆိုရင္လဲ ငါမရွိရင္ ၊ နင္နဲ႔အေမက တူတူပဲ ျဖစ္ေနမွာပဲေလ။ ပိုမလြယ္သြားဘူးလား ? "

" ေလၽွာက္မေျပာနဲ႔ ! "

လင္ေကာက ကၽြန္ေတာ့္ကို မ်က္ဝန္းရဲရဲေတြျဖင့္ ေအာ္လိုက္ၿပီး မ်က္ရည္မ်ားက ပါးျပင္ရွိ စီးေၾကာင္းမ်ားမွ လိမ့္ဆင္းလာ​၏။

သူမ ငိုေနတာမရပ္နိုင္မွန္း ျမင္မိလၽွင္ ကၽြန္ေတာ္ တမင္ အာ႐ုံေျပာင္းရကာ တသၽွဴးတစ္ရြက္ထုတ္ေပးရင္း ေျပာလိုက္သည္။

" ေကာင္းၿပီ။မငိုနဲ႔ေတာ့။ ငါနင့္ကို တစ္ခုေျပာျပဦးမယ္။ငါ ရည္းစားထားေနၿပီ "

သူမၾကားသြားလၽွင္ လွုပ္ရွားမွုေတြရပ္ကာ မ်က္လုံးျပဴးႀကီးေတြျဖင့္ ၾကည့္လို႔လာ​၏။ ေသခ်ာေပါက္သူမ အငိုတိတ္သြားသည္။

" ဘယ္...ဘယ္တုန္းက ျဖစ္သြားတာလဲ ? "

" ငါတို႔ေတြ အထက္တန္းေက်ာင္းမွာ ေတြ႕ခဲ့ၿပီး ၊ ႏွစ္ဝက္ေလာက္မွာ ထပ္ဆုံျဖစ္ခဲ့တယ္။ ၿပီးေတာ့ မၾကာေသးခင္ကမွ ငါတို႔ အတည္တြဲခဲ့တာ " ကၽြန္ေတာ္ ေျပာလိုက္သည္။

" အို႔ " သူမက တသၽွဴးကိုင္ရင္း ေခါင္းညိတ္လိုက္သည္ ခဏအၾကာမွ " အြန္း " ဟူေသာ အသံျဖင့္ အေတြးျပန္ေရာက္လာ​၏ : " ဒါဆို သူ(မ)က နင္ေနမေကာင္းတာကို သိလား ? "

" သိတယ္။ " ကၽြန္ေတာ္ ေကြ႕ပတ္မေနေတာ့။ " သူ ခုဏကဒီေနရာမွာပဲေလ ၊ နင္တို႔သူ႔ကို ျမင္ၿပီးၿပီ "

​ညီမေလး​၏ အမူအရာမွာ ခဏတာ မွင္သက္သြားကာ မ်က္ရည္ေတြလဲ အၿပီးတိုင္ရပ္စဲသြားေတာ့​၏။

" ခုဏက......"

သူမက စားပြဲေပၚရွိ လက္ဖက္ရည္ခြက္ေတြကို တစ္ခ်က္ၾကည့္ရင္း မ်က္ႏွာက မယုံၾကည္နိုင္ဟန္ အျပည့္။

" အဲ့... အဲ့ဒီ အမ်ိဳးသား ? "

ကၽြန္ေတာ္ လွစ္ခနဲ႔ျပဳံးလိုက္ၿပီး : " မေကာင္းဘူးလား ? "

ကၽြန္ေတာ္ ေနာက္ေနသလားဆိုတာကို အကဲျဖတ္ရန္ ႀကိဳးစားသည့္ႏွယ္ သူမက ကၽြန္ေတာ့္ကို ၾကည့္လာခဲ့​၏။

" နင္... နင္ ဘယ္တုန္းကမွ... ဒီလိုကိစၥမ်ိဳးကို...ေျပာမျပခဲ့ဖူးဘူးေလ.."

သူမ စကားထစ္ေနရသည့္ အၾကမ္းဖ်င္းဆိုလိုရင္းကို ကၽြန္ေတာ္ သေဘာေပါက္မိသျဖင့္ တဲ့တိုးပဲဆိုလိုက္မိသည္ : " ငါ သူနဲ႔မဆုံခင္တုန္းက ၊ ငါ ေယာက္်ားေတြကို ႀကိဳက္မွန္း မသိခဲ့ဘူး "

သူမက ေကာ္ဖီစားပြဲေပၚရွိ လက္ဖက္ရည္ခြက္ကို အတန္ၾကာစိုက္ၾကည့္ေနခဲ့သည္။ၿပီးမွ ကၽြန္ေတာ့္ကို ေမးလာသည္ : " သူက နင့္အေပၚေကာင္းလား ? "

" အြန္း "

သူမက ခဏမၽွ သူမဘာသာ စဥ္းစားေနၿပီးမွ ဆို​၏။

" ဒါဆိုလဲ သူနင့္ကို ေကာင္းေကာင္းမြန္မြန္ဆက္ဆံသေရြ႕ အဆင္ေျပမွာပါ "

ကၽြန္ေတာ္ ျပဳံးလိုက္ၿပီး သူမေခါင္းကိုထိကာ ဆံပင္ရွည္ေလးေတြကို ပြတ္ေပးလိုက္​၏။ ပုံမွန္ဆိုလၽွင္ သူမ ေအာ္ေနေလာက္ေပမယ့္ ယေန႔တြင္ေတာ့ သူမဟာ အလြန္လိမၼာေရးျခားရွိေနကာ လုံးဝခက္ခဲေအာင္မလုပ္ခဲ့ေပ။

ေဒါက္တာရွဲ႕ထံမွျပန္လာေသာအခါ အေမက စိတ္အေျခအေနေကာင္းသြားပုံရေပမယ့္ သူမ မ်က္ဝန္းအိမ္ေတြကေတာ့ အနည္းငယ္နီေနခဲ့​၏။

" ေဒါက္တာရွဲ႕က ခြဲစိတ္မွုကို သဘက္ခါစီစဥ္နိူင္တယ္လို႔ေျပာတယ္။ မင္းေရာ ဘယ္လိုထင္လဲ ? "

ကၽြန္ေတာ့္​၏ သတင္းဆိုးကို ၾကားၿပီးတာေတာင္ သူမဟာ မ်က္စိတမွိတ္အတြင္းမွာ ေဒါက္တာရွဲ႕ႏွင့္ ခြဲစိတ္ဖိုအေၾကာင္းကို ေဆြးေႏြးနိုင္ခဲ့​၏။

" အရမ္းေနာက္က်ေအာင္ ေႏွာင့္ေႏွးေနမိရင္ တစ္ခုခုေျပာင္းလဲသြားမွာ စိုးမိတယ္ "

သဘက္ခါ.....

ကၽြန္ေတာ္ ခြဲစိတ္မွုမွာ အသက္မရွင္နိုင္ေတာ့လၽွင္ ကၽြန္ေတာ့္အတြက္ ေနာက္ဆုံးႏွစ္ရက္သာရွိေတာ့သည္။ သို႔ေသာ္ အက်ိတ္ကဲ့သို႔ အရာမ်ိဳးကအခ်ိန္အၾကာႀကီး ကုသဖို႔ ေႏွာင့္ေႏွးမေနသင့္တာလဲ အမွန္တကယ္ပင္။ ယခု ဆုံးျဖတ္ခ်က္ခ်ၿပီးၿပီဆိုေတာ့ တုံ႔ဆိုင္းေနလို႔ မေကာင္းေတာ့။

ေဘးမွာ အသံတိတ္လ်က္ ရပ္ေနေသာ ရန္ခ်င္းကၽြမ္းကို ၾကည့္လိုက္ၿပီး ကၽြန္ေတာ္ ေခါင္းညိတ္ကာ ဆိုလိုက္သည္။ " ေကာင္းၿပီ။သဘက္ခါ "

အေမႏွင့္ ညီမေလးက ေလယာဥ္ဆိုက္လၽွင္ဆိုက္ခ်င္း အေျပးေရာက္လာသည္ျဖစ္၍ စားလဲမစားရေသးသလို ၊ ခရီးေဆာင္အိတ္ေတြကိုလဲ ေနရာမခ်ရေသးေပ။ သူတို႔ ဗိုက္ဆာေနမည္ကိုစိုး၍ တစ္ခုခုစားဖို႔ေခၚသြားေပးရန္ ကၽြန္ေတာ္ နန္ရွန္အား အဆိုျပဳလိုက္သည္။

" ဒါဆို အေမတို႔ ပစၥည္းေတြကို အရင္ဟိုတယ္ျပန္ထားလိုက္ဦးမယ္။ ၿပီးမွ ညေနက်ရင္ မင္းကို လာေတြ႕မယ္ "

အေမက ကၽြန္ေတာ့္မ်က္ႏွာကို ထိကာ ဆိုသည္ : " ေန႔လယ္ပိုင္းမွာ ေကာင္းေကာင္းအနားယူေနာ္။ အရမ္းအပင္ပန္းမခံနဲ႔ "

ကၽြန္ေတာ္ သူတို႔ကို ဓာတ္ေလွကားအဝင္ဝသို႔လိုက္ပို႔ၿပီး ဓာတ္ေလွကားထဲ ဝင္သြားတာကို ေစာင့္ၿပီးမွ ရန္ခ်င္းကၽြမ္းႏွင့္ ျပန္လာခဲ့လိုက္သည္။

" ငါ ညီမေလးကို ငါတို႔ကိစၥေျပာျပလိုက္တယ္ "

ရန္ခ်င္းကၽြမ္းက တုံ႔ခနဲ႔ျဖစ္သြားကာ ျမန္ျမန္ ေျပာလာ​၏ : " မင္းအေမက မေမးခဲ့ဘူး "

" သူမမွာ အခု ေမးနိုင္တဲ့စိတ္မရွိေလာက္ဘူး "

ကၽြန္ေတာ္ အေၾကာဆန႔္လိုက္​၏။ မ်က္စိတမွိတ္အတြင္း ကၽြန္ေတာ့္မ်က္လုံးေတြက ေဝဝါးသြားကာ စကၠန႔္အနည္းငယ္အၾကာ ဘာကိုမွ မျမင္ရေတာ့ေပ။

ကၽြန္ေတာ္ အငိုက္မိသြား၍ ေျခခလုတ္တိုက္ကာ တစ္ကိုယ္လုံး ထိန္းမနိုင္သိမ္းမရ အေရွ႕လဲက်ေတာ့​၏။

" က်ိနင္ ! "

ကံေကာင္းစြာႏွင့္ ရန္ခ်င္းကၽြမ္းက မ်က္စိလ်င္၊လက္လ်င္ရွိတာေၾကာင့္ ကၽြန္ေတာ့္ကို ထိန္းကိုင္ထားနိုင္ခဲ့သည္။

ကၽြန္ေတာ္ သူ႔အဝတ္ကို တင္းတင္းဆုပ္ရင္း မ်က္လုံးကို ဇြတ္မွိတ္လိုက္​၏။ အေရွ႕၌ မည္းေမွာင္ေနဆဲျဖစ္ကာ ဘာကို မွ မျမင္ရပါေခ်။

" မင္းမ်က္လုံးေတြ.... " ရန္ခ်င္းကၽြမ္းလဲ သတိျပဳမိသြားပုံပင္။ သူက တစ္ခြန္းမဆိုပဲ ကၽြန္ေတာ့္ကို ေကာက္ေပြ႕ကာ လူနာေဆာင္သို႔ အျမန္ေလၽွာက္သြားေတာ့​၏။

ယခင္ မျမင္ရခ်ိန္က အမ်ားဆုံးႏွစ္မိနစ္၊ သုံးမိနစ္အတြင္း ျပန္ေကာင္းခဲ့ေသာ္လည္း ဒီတစ္ခါမွာေတာ့ အခ်ိန္ၾကာကာ ၊ ညအထိ အလားတူ အေျခအေနအတိုင္းျဖစ္ခဲ့ေလသည္။

ေဒါက္တာရွဲ႕က ဒါသည္ အႏၲရာယ္ရွိလကၡဏာဟု ထင္မိကာ ကၽြန္ေတာ္တို႔ကို မနက္ျဖန္မွာ ခြဲစိတ္ဖို႔ စဥ္းစားေစလိုေၾကာင္း ေျပာလာ​၏။

အေမတို႔က ဟိုတယ္မွ အေျပးေရာက္လာ​သည္။ သူတို႔ ကၽြန္ေတာ့္ကို ဒီလိုမျမင္ရက္ေပ။

လူနာေဆာင္ထဲမွ ခဏေနၿပီးေနာက္ ေဒါက္တာႏွင့္ ေဆြးေႏြးေပးသူတို႔ အတူထြက္သြားၾက​၏။

လူသုံးေယာက္ အျပင္ဘက္မွာ ဘာေတြေျပာေနၾကလဲ မသိ။ကၽြန္ေတာ္ ရန္ခ်င္းကၽြမ္း လက္ကို မလြတ္တမ္းကိုင္ထားၿပီး သူ႔ကိုယ္အပူခ်ိန္ႏွင့္ ေသြးခုန္ႏွုန္းကို သုံးကာ ပူပန္ေနေသာ မိမိ​၏ စိတ္ႏွလုံးကို တည္ၿငိမ္ေအာင္လုပ္ေနရသည္။

" မေၾကာက္နဲ႔ ၊ ငါအျမဲတမ္း မင္းေဘးမွာ ရွိေနမယ္ "

သူက ကၽြန္ေတာ့္လက္ကို ယူ၍ လက္ခုံကို နမ္းလိုက္​၏။

" က်ိ......"

လူနာေဆာင္တံခါးမွ အေမအသံ ေပၚလာခဲ့လ်က္။ သူမဟာ ခဏမၽွ သိသိသာသာရပ္သြားခဲ့ၿပီးမွ ဆက္ေျပာလာခဲ့သည္ : " က်ိနင္ ၊ အေမ ေဒါက္တာနဲ႔ ေဆြးေႏြးၿပီး ေအာ္ပေရးရွင္းကို မနက္ျဖန္ေျပာင္းတာပိုေကာင္းတယ္လို႔ ေတြးမိတယ္တဲ့။ သားေရာ ဘယ္လိုထင္လဲ ? "

ဘာပဲျဖစ္ျဖစ္ ေဒါက္တာက ဒီလိုကိစၥေတြမွာ တစ္ဖက္ကမ္းခပ္ကၽြမ္းက်င္တာေၾကာင့္ ကၽြန္ေတာ္ သူမ​၏ သေဘာကို ႁခြင္းခ်က္မရွိနားေထာင္ရမည္ပင္။

" ေကာင္းပါၿပီ။ မနက္ျဖန္ေပါ့ "

ခြဲစိတ္ဖို႔ နိဂုံးခ်ဳပ္ၿပီးေနာက္ ကၽြန္ေတာ္ အေမႏွင့္ညီမေလးကို ကုတင္ေဘးလာခိုင္းၿပီး လုပ္ဖိုလိုအပ္သည္မ်ားကို စတင္ရွင္းျပလိုက္​၏။ နန္ရွန္က အိမ္ျပန္သြားၿပီး မနက္ျဖန္အထိ ျပန္လာမွာမဟုတ္ေပ။ ကၽြန္ေတာ္ သူ႔ကို မေစာင့္နိုင္မွာ ေၾကာက္မိသည့္အတြက္ အေမ့ကို ေျပာျပရသည္ ; အကယ္၍ ကၽြန္ေတာ့္မွာ တစ္စုံတစ္ရာျဖစ္လာပါက ကၽြန္ေတာ့္Celloကို နန္ရွန္အား ေပး,ေပးဖို႔ပင္။

ညီမေလး​၏ ႀကိတ္ငိုသံက နားထဲဝင္လာ​၏။ အေမ့​၏ အၾကည့္စူးစူးေၾကာင္းေပလား ၊ အလ်င္အျမန္ပင္ ထပ္မံေပ်ာက္ကြယ္သြားပါသည္။

" ဒါကို မေတြးေသးပါနဲ႔ဦး။ ေဒါက္တာရွဲ႕က ေရာဂါေဗဒအစီရင္ခံခ်က္မထြက္လာမခ်င္း ဘာမွ ေသခ်ာမေျပာနိုင္ေသးဘူးလို႔ ေျပာတယ္ "

အေမက တုန္ယင္ေနေသာ အသံျဖင့္ ဆို​၏။

​ေနာက္ဆုံးညကို ငိုေႂကြးၿပီးကုန္ဆုံးရန္မွာ အေတြးေကာင္းမဟုတ္ေပ။ ကၽြန္ေတာ့္​၏ ေနာက္ဆုံးစကားေတြကိုေျပာၿပီးေနာက္ ၊ ကၽြန္ေတာ္ကပဲ ဦးေဆာင္၍ ပိုမို စိတ္ေျပလက္ေပ်ာက္ျဖစ္ေစသည့္ ေခါင္းစဥ္ေတြကို ေျပာင္းေျပာလိုက္သည္။

ကၽြန္ေတာ္တို႔ဟာ အတိတ္အိမ္နီးခ်င္းေဟာင္းေတြအေၾကာင္း ၊ ညီမေလး​၏ အတန္းေဖာ္ေဟာင္းေတြအေၾကာင္းႏွင့္ ေကသရာဇာကၽြန္းပ်က္စီးျခင္းအေၾကာင္းကိုပုံျပင္တစ္ပုဒ္လိုေျပာခဲ့ၾကသည္......ရန္ခ်င္းကၽြမ္းက ကၽြန္ေတာ္ စကားေျပာေနသည္ကို ဝင္မေျပာသလို ၊ စကားလဲမဆိုပဲ တိတ္လ်က္သာ အစဥ္သျဖင့္နားေထာင္ေနခဲ့​၏။ ကၽြန္ေတာ္သာ သူ႔လက္ကို ကိုင္ထားတာမဟုတ္လၽွင္ လူနာေဆာင္ထဲမွာ သူမရွိေတာ့ဘူးဟု ထင္သြားမိမည္ပင္။

" မင္းတို႔ႏွစ္ေယာက္က ဘယ္လို..... ဆုံၾကတာလဲ ? " ႐ုတ္တရက္ႀကီး အေမက ထေမး​၏။

ကၽြန္ေတာ့္အဖို႔ တဒဂၤမၽွ ေၾကာင္သြားရၿပီး သူမအသံထဲမွ ပါးနပ္မွုေတြကို ၾကားမိရ​၏။ သို႔ေသာ္ ေတြးၾကည့္မိမွ ကၽြန္ေတာ့္အတြက္ေတာင္ သိပ္သိသာလြန္းေနပါက အေမ သိထားလၽွင္ေတာင္ သူမက သူမကိုယ္သူမ လွည့္စားေနေလာက္မည္ဟူ၍။

ကၽြန္ေတာ္ ေျဖရန္ ျပင္လိုက္သည့္အခိုက္မွာပဲ ရန္ခ်င္းကၽြမ္းက ႐ုတ္တရက္ ေျဖဆိုလာ​၏ :

" က်ိနင္နဲ႔ ကၽြန္ေတာ္က အထက္တန္းေက်ာင္းေနဖက္ေတြပါ။ ကၽြန္ေတာ္တို႔ေတြ ႏွစ္နည္းနည္း ကြဲသြားခဲ့ၿပီး ေကသရာဇာကၽြန္းမွာ ျပန္ဆုံျဖစ္ၾကတာ... "

သူက ကၽြန္ေတာ္တို႔​၏ ျပန္လည္ေတြ႕ဆုံမွုကို အက်ဥ္း႐ုံး ေျပာျပလိုက္သည္။ၿပီးလၽွင္ ယခု ကၽြန္ေတာ္တို႔ေတြ တင္းက်ပ္ေသာအကာအကြယ္ေအာက္မွာ ဘာေၾကာင့္ရွိေနရသလဲဟူေသာ အေၾကာင္းရင္းကိုလည္း စိတ္ေျခာက္ျခားဖြယ္ကြင္းဆက္ေတြကို ဖယ္၍ အတိုခ်ဳံ႕ေျပာျပလိုက္​၏။ "......အေျခအေနကေတာ့အဲ့လိုမ်ိဳးပါပဲ "

" အထက္တန္းေက်ာင္းေနဖက္ ? " အေမက ေရရြတ္ရင္း ခ်က္ခ်င္း မွတ္ဉာဏ္ေဟာင္းေတြကို ဖြင့္ခ်လိုက္​ေလသည္။

" က်ိနင္ ၊ သူက မင္း ေဆး႐ုံမွာ တစ္ညလုံး ဂ႐ုစိုက္ေပးခဲ့တဲ့ အတန္းေဖာ္လား ? "

အခန္းထဲတြင္ တိတ္ဆိတ္သြားသည္မွာ ပင္အပ္က်သံပင္ ၾကားနိုင္ေလာက္မည္။

ကၽြန္ေတာ့္စိတ္မွာ ဟင္းလင္းျဖစ္သြားကာ တံေတြးမ်ိဳခ်မိ​၏။ဘယ္လို အ႐ူးလုပ္ရမလဲ မဆုံးျဖတ္နိုင္ခင္မွာပဲ ရန္ခ်င္းကၽြမ္း​၏ ေမးသံကို ၾကားလိုက္ရပါသည္။

" ေဆး႐ုံ ? ဘယ္အခ်ိန္တုန္းက ျဖစ္တာလဲဗ် ? "

အေမက ခဏေတြးၾကည့္ၿပီးမွ ဆိုသည္ :

" အဲ့ဒါက အထက္တန္းတတိယႏွစ္အတြင္း ဇန္နဝါရီလေလာက္ျဖစ္မယ္ထင္တယ္။ ငါ ေသခ်ာမွတ္မိေနတာ၊ အဲ့ဒါၿပီးေတာ့ သိပ္မၾကာဘူး ၊ ငါ ေခ်ာ္လဲၿပီး ခါးက်ိဳးသြားခဲ့တာကိုး။ အဲ့ေန႔က က်ိနင္ အိမ္ကို ေနာက္က်တဲ့အထိ ျပန္မလာဘူးေလ။ သူတစ္ခုခုျဖစ္ေနၿပီထင္လိုက္တာ၊ ဒါေပမယ့္ ၿပီးမွ ဖုန္းေခၚလာခဲ့တယ္၊ သူ႔အတန္းေဖာ္ ထိခိုက္သြားၿပီး ဘယ္သူမွဂ႐ုစိုက္မယ့္သူ မရွိလို႔ သူက ေဆး႐ုံမွာဂ႐ုစိုက္ေပးမွရမယ္ဆိုၿပီး။ သူ အရင္က သူငယ္ခ်င္းလဲ အမ်ားႀကီးမရွိခဲ့ေတာ့ငါ သူေျပာတာကို တစ္ခါပဲ ၾကားဖူးခဲ့တာ။ အဲ့ဒါ မင္းမလား ? "

ကၽြန္ေတာ့္ရဲ့ ေမြးေမေမ~အာ , ဒါက ကၽြန္ေတာ့္ရဲ့ ေနာက္ေၾကာင္းအကုန္လုံးကို ခဏခ်င္းဖြင့္ထုတ္လိုက္တာပဲ။ ရွင္းရွင္းလင္းလင္း တိတိက်က်ခ်ျပေပးလိုက္တာ ၊ ကၽြန္ေတာ့္အတြက္ ႏွစ္ေပါက္တစ္ေပါက္ရိုက္ဖို႔ ေနရာစာေလးေတာင္ မခ်န္ဘူး။

" အာ~ ငါလဲ မွတ္မိၿပီ။ ကိုကိုက အဲ့ညက ျပန္မလာခဲ့ဘူး၊ ေမေမကလဲ ဆိုင္ဖြင့္ဖို႔ ထပ္ထြက္သြားရတယ္။ငါ အရမ္းေၾကာက္လို႔ တစ္ေယာက္တည္းမအိပ္ရဲခဲ့ဘူး "

ညီမေလးကလဲ ေနာက္ထပ္တစ္ခ်က္ ထပ္ထည့္​၏။

ယခု ဘာမွ မျမင္ရျခင္းက အနည္းငယ္ကံေကာင္းတာပင္။ မဟုတ္လၽွင္ ရန္ခ်င္းကၽြမ္း​၏ မယုံၾကည္နိုင္ေသာ အၾကည့္ကို မည္သို႔ ရင္ဆိုင္ရမလဲမသိ။

ကၽြန္ေတာ့္မ်က္ႏွာထက္မွ စူးရဲသည့္အၾကည့္ကိုပင္ ခံစားမိေနလ်က္။ ယင္းက ကၽြန္ေတာ့္စိတ္ထဲမွာ ဘာေတြျဖစ္ပ်က္ေနသလဲဆိုတာ ျမင္နိုင္ရန္ ဦိးခြံကိုျဖတ္၍ ေလာင္ကၽြမ္းေစခ်င္သည့္ပမာ ထင္ရပါ​၏။

".....ကၽြန္ေတာ္ပါ "

ခဏၾကာမွ ရန္ခ်င္းကၽြမ္းက အက္ကြဲစြာဆိုလာခဲ့သည္။

အေမႏွင့္ ညီမေလးက ညေန၉နာရီအထိတိုင္ေနခဲ့ၿပီး ေတြ႕ဆုံခ်ိန္ၿပီးေသာ္ လူနာေဆာင္မွ ျပန္လည္ထြက္ခြာသြားၾကသည္။

ရန္ခ်င္းကၽြမ္းက သူတို႔ႏွင့္ တံခါးကိုေလၽွာက္သြားၿပီး ကၽြန္ေတာ့္လက္ကို လႊတ္သြား​၏။

ကၽြန္ေတာ္ တစ္ေယာက္ထဲ အေမွာင္ထဲမွာရွိေနလ်က္ စိတ္ထဲမွာ ပူပန္ေနမိသည္။

အျပင္မွ တံခါးပိတ္သံကို ၾကားရေသာအခါ ကၽြန္ေတာ္ ရန္ခ်င္းကၽြမ္း ျပန္လာတာကို ခံစားမိသျဖင့္ ခ်က္ခ်င္း လက္ေတြကို အေရွ႕ဖမ္းဆုပ္၍ သူ႔အား ထိရန္ျပင္လိုက္သည္။

" ငါရွင္းျပတာကို နားေထာင္ပါဦး..."

သူ႔ေျခသံေတြက ကၽြန္ေတာ္ႏွင့္ မလွမ္းမကမ္းမွာရပ္သြား​၏။

" မင္းေျပာေလ " သူက ႏွစ္ခြန္းတည္းေအးစက္စြာဆိုသည္။

ကၽြန္ေတာ့္အဖို႔ ပို၍ပင္ လန႔္ပ်ာလာ​၏။

" ငါ မင္းနဲ႔ ဆုံခ်ိန္က ၊ တကယ္တမ္းမွာ ကိစၥေတာ္ေတာ္မ်ားမ်ားကို ေမ့ေနခဲ့တယ္ "

သူ ယုံယုံ ၊ မယုံယုံ ထိုႏွစ္က ကၽြန္ေတာ္ အျပင္းအထန္ေနမေကာင္းျဖစ္ခဲ့၍ ျပန္ေကာင္းလာခ်ိန္မွာ သူ႔အေၾကာင္းကို သိပ္ သတိမရေတာ့ေၾကာင္း ေျပာျပလိုက္သည္။

"......ေနာက္ပိုင္း ငါေရထဲက်သြားမွ ၊ မင္းအေၾကာင္းကို အကုန္မွတ္မိသြားခဲ့တာ ၊ မင္း ငါ့ကို ယုံပါ "

" တ႐ုန္ရြာတုန္းက၊ ငါမင္းကို ထပ္ခါတလဲလဲေမးခဲ့တယ္။ မင္းက သတိရေနတာေတာင္ ငါ့ကို ဘာလို႔ မေျပာျပခဲ့တာလဲ ? "

သူၾကည့္ရတာ အမွန္တကယ္ ေဒါသထြက္ေနဟန္တူၿပီး ကၽြန္ေတာ္ႏွင့္ တစ္လွမ္းကပ္လာ​၏။

" ဘာလဲ ၊ ငါမင္းကို ပိုခ်စ္သြားမွာ ေၾကာက္ေနတာလား ? "

ကၽြန္ေတာ္ လက္ထဲက ေစာင္ပါးေလးကို က်စ္က်စ္ပါေအာင္ ဆုပ္လိုက္မိၿပီး သူ႔ေမးခြန္းအတြက္ ေျဖစရာမရွိျဖစ္ေန​၏။ အမွန္တကယ္ပင္ ထိုသို႔ေျပာလို႔ရပါသည္။

ဤကမၻာႀကီး၌ ခ်စ္ရသူမ်ား​၏ မွတ္ဉာဏ္ကို ဆႏၵရွိသလို ဖ်က္ပစ္နိုင္သည့္ ေမွာ္အတတ္ဆိုတာရွိလၽွင္ ၊ ကၽြန္ေတာ္သည္ အဆိုပါေမွာ္အတတ္အား မေသခင္ မိမိ​၏ျဖစ္တည္မွုကို အားလုံး ေမ့သြားေအာင္လုပ္ရန္ မတုံ႔ဆိုင္းပဲ က်ိန္းေသသုံးမည္ျဖစ္သည္။

ကၽြန္ေတာ့္ကို သတိရျခင္းသည္ သူတို႔အား နာက်င္ေစမည္ဆိုလၽွင္ ကၽြန္ေတာ္ ဘယ္ေသာအခါမွ မတည္ရွိခဲ့တာက ပိုေကာင္းမည္။

ကၽြန္ေတာ္ ႏွုတ္ခမ္းကိုက္လိုက္ရင္း : " ေကာင္းၿပီ၊ေကာင္းၿပီ။ မွားမွန္း ငါသိပါတယ္ "

ကၽြန္ေတာ္ဟာ ရိုးရိုးတန္းတန္းပင္ အမွားဝန္ခံလိုက္ၿပီး ခါးသီးသည့္လွည့္ကြက္ကို ထုတ္သုံးလိုက္​၏။

" ငါ မနက္ျဖန္ ခြဲစိတ္ရေတာ့မွာကို ၊ မင္းက ဘယ္ေလာက္ၾကာေအာင္အထိ ငါ့ကို စိတ္ဆိုးၿပီးေနဦးမွာလဲ ? ငါ ကတိေပးတယ္။ အဲ့ဒါက ငါမင္းကို ဖုံးထားခဲ့တဲ့ ေနာက္ဆုံးတစ္ခုပါ။ "

ကၽြန္ေတာ္ တစ္ဖန္စမ္းတဝါးဝါးႏွင့္ သူရွိရာဖက္ကို လက္ဆန႔္လိုက္​၏။

ေမွာင္မည္းေနေသာကမၻာမွာ သူင အခ်ိန္အေတာ္ၾကာ တုံ႔ျပန္လာျခင္းမရွိေပ။ ကၽြန္ေတာ့္ ႏွလုံးသားမွာတျဖည္းျဖည္း ပုံလ်က္သားက်ကာ လက္ေတြကလဲ စိတ္ပ်က္လက္ပ်က္ႏွင့္ ျပဳတ္က်သြားေတာ့​၏။

ခါးသက္သက္လွည့္ကြက္ကေတာင္ အသုံးမက်ေတာ့ဘူး...

ကၽြန္ေတာ့္လက္ေမာင္း လုံးဝျပဳတ္က်သြားမွ " က်စ္ " ဟူ၍ ခပ္ဩဩအသံက အေရွ႕မွ ထြက္ေပၚလာကာ ခဏခ်င္းပင္ က်ယ္ျပန႔္ေသာ လက္ဖဝါးတစ္ခုက ကၽြန္ေတာ္လက္ကို ဆုပ္ကိုင္လိုက္​​၏။

အဆုံးမွာေတာ့ ရန္ခ်င္းကၽြမ္းဟာ သူ႔မရက္စက္နိုင္ေတာ့ပဲ ကၽြန္ေတာ့္ကို တုံ႔ျပန္လာခဲ့သည္။

" ငါမင္းကိုေျပာခဲ့တယ္၊ သူတို႔ငါ့ကို ေရြးခဲ့တာက ဒီေလာကႀကီးထဲမွာ ငါ့အတြက္ လြမ္းဆြတ္ေနစရာမရွိလို႔ , လို႔။ "

သူက ကၽြန္ေတာ့္လက္ကို တင္းေနေအာင္ဖိဆုပ္ကိုင္လာသည္။ တင္းလြန္းလို႔ နာပင္နာလာ​၏။

" ငါ လင္းရွန႔္ရဲ့လက္စြပ္ကို သိမ္းထားခဲ့တာက ငါ့ကိုယ္ငါ မဆုံးရွုံးမခံပဲ ဒီကမၻာႀကီးထဲမွာ လွပတဲ့အရာေတြရွိေနတုန္းပဲလို႔ သတိရေစဖို႔အတြက္ပဲ။ လက္စြပ္ကိုၾကည့္ရင္ တစ္ခ်ိန္က ငါ့ကို အဆုံးမဲ့အားအင္ေတြေပးခဲ့တဲ့ အဲ့ဒီေဆာင္ပုဒ္ေလးေတြကို အျမဲေတြးမိတယ္။ အေမွာင္ညေတြကို မေၾကာက္ေအာင္လုပ္ေပးခဲ့တာက လင္းရွန႔္လို႔ ငါထင္ခဲ့တယ္ ၊ ေက်းဇူးတင္ဖို႔လိုခဲ့တဲ့လူက သူလို႔။ ဒါေပမယ့္ တကယ္တမ္းမွာ မင္းတဲ့လား ၊ အျမဲတမ္း မင္းတဲ့လား..... "

" က်ိနင္ ၊ မင္းနဲ႔ ျပန္မဆုံခင္က ငါတကယ္ ဒီေလာကႀကီးထဲမွာ လြမ္းဆြတ္စရာ မရွိခဲ့ဘူး "

သူက ကၽြန္ေတာ့္လည္ကုတ္ကို ပြတ္ေပးရင္း နဖူးျပင္ကို ထိကာ အက္ကြဲစြာ ေျပာျပလာခဲ့သည္။

" ဒါေၾကာင့္မင္းကိုေတာင္းဆိုပါတယ္။ ေနာက္ထပ္,ထပ္ၿပီး ငါ့မွာ ဘာမွမရွိေတာ့ေအာင္ မခ်န္ထားခဲ့ပါနဲ႔ "

___________________________________________________________________________

BXXDမွာ နာမည္ႀကီးတာက Italic fontနဲ႔ စာစုေလးပါ။ 

Продолжить чтение

Вам также понравится

245K 26.8K 105
Language Korean Author(s) 벼르치 Associated Names 메인수가 집착광공이 되면 Status in COO 103 chapters (Complete) Licensed No Original Publisher BLYNUE 블리뉴 Descript...
Paper Airplane「 纸飞机 」 Noonie⛅

Художественная проза

7.7K 511 11
Associated Name- 纸飞机, Paper Plane Author- 潭石 Total Chapter- 119chapters + 2extras
The Challenge of Love (OC) Eaint Shin Sitt

Любовные романы

403K 15.3K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
422K 35.8K 30
စွန့်စားရဲသော ငှက်ငယ်သည် ကောင်းကင်မြင့်မြင့်ကိုသာ နှစ်ခြိုက်၏။ ဝေးဝေးပြေးသော မြှားသည် ကျွမ်းကျင်သော သခင်လက်မှာသာ တည်တံ့၏။ လှပသော ဇလပ်ပန်းသည် တောင်စွန...