『Unicode 』
အခန်း ( ၇၁ ) : ဂီတပညာရှင်ရဲ့ အကြားစွမ်းရည်။
※※※※※※※※※※※※※※※※※※※※
ရန်ချင်းကျွမ်းက သူ့နောက်အိတ်ထောင်ထဲမှ လက်ထိတ်သော့ကို ထုတ်ယူရန် လက်ချောင်းဖျားများဖြင့် လိုက်စမ်းလိုက်၏။ ပြီးသော် အလျင်အမြန် ဖြုတ်လိုက်၍ ကင်မရာဆီသို့ လျှောက်သွားပြီး ပါဝါကို ဆွဲဖြုတ်လိုက်ကာ ကျွန်တော့်ဘက်လှည့်လာခဲ့သည်။
" တိုက်ရိုက်ထုတ်လွှင့်မှုက ကြားဖြတ်ခံလိုက်ရတာ ဝမ်းနည်းစရာပါလား "
ကျင်ချန်ယွီက မျှော်လင့်ထားသလို စိတ်အေးလက်အေးအသံနှင့်သာ ဆိုသည်။
" နောက်လာမယ့် တစ်မိနစ်နဲ့တစ်ဝက်အတွင်း ဆုလေးနဲ့ အလောင်းအစားဂိမ်းတစ်ခုလောက် ငါတို့ ဆော့ကြမလား ? ဗုံးပေါက်မလား မပေါက်ဘူးလားဆိုတာလေ ? "
ရန်ချင်းကျွမ်းက ကျွန်တော့်ရှေ့မှာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး အရှေ့ရှိ ဖောက်ခွဲကိရိယာကို လေ့လာနေသည်။
တိုင်မာတွင် အချိန်သိပ်မကျန်တော့မှန်း သိသွားလျှင် သူ၏ ပုံမှန် တည်ငြိမ်သောအမူအရာက အနည်းငယ် စိတ်စောလာခဲ့၏။
" EOD *သမားရော ? " သူ၏ ညာဘက်နားတွင် ဖောက်ထွင်းမြင်ရသော နားကြပ်တစ်ခု တပ်ထား၏။ ခပ်သွယ်သွယ်ပိုက်တစ်ခုက သူ၏လည်ပင်းနောက်ဘက်မှ အဝတ်အတွင်းထိ ရှည်လျားနေလျက်။ ယင်းက အပြင်ဘက်ရှိ လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်သွယ်ရန် အသုံးပြုသော အင်တာကွန်ဖြစ်ပေမည်။
( explosive ordnance disposal ; ပေါက်ကွဲစေတတ်သော ပစ္စည်းများ ရှင်းလင်းရေး။ )
" ဝူးဝူး ! " ကျွန်တော် ရန်ချင်းကျွမ်းကို ပါးစပ်မှ တိပ်အား ဖြည်ပေးရန် အရိပ်ပြလိုက်သည်။
" ဒီဗုံးက အရမ်းငြိမ်တယ်။ မကြောက်နဲ့ ဘာမှမဖြစ်ပါဘူး... " သူက လက်မြှောက်၍ တိပ်ကို ဖြည်ပေး၏။
စင်စစ်တွင် ဤသို့သော အတိမ်းအစောင်းမခံသည့်ကာလ၌ အဒရီနလင်တို့၏ မြင့်တက်မှုကြောင့် လူတွေဟာ ဘာထိတ်လန့်မှုမှ မခံစားရတော့ပေ။ ထို့ကြောင့် ကျွန်တော့်ကို တစ်ယောက်တည်းထားခဲ့ရန် သူ့ကို ဖျောင်းဖျဖို့ အင်အားတွေသာ ကျန်နေသေးခဲ့၏။
" အရမ်းနောက်ကျသွားပြီ။ ဝိုင်ယာနှစ်ကြိုးဖြတ်လဲ ဗုံးက ရပ်မှာမဟုတ်တော့ဘူး။ မင်း လောင်းလဲ မနိုင်နိုင်ဘူး ၊ထွက်ပြေးတော့ ! "
ရန်ချင်းကျွမ်းက ကျွန်တော့်ကို မဖြေပေ။ သူက ခေါင်းငုံ့၍ တိုင်မာနှင့်ချိတ်ဆက်ထားသော ဝိုင်ယာကြိုးများကို လေ့လာရာတွင်သာ အာရုံစိုက်ထားလေသည်။ နားကြပ်ထဲတွင် ဘာတွေပြောနေသလဲ မသိ။သူက အကျဉ်းတန်သည့်အမူအရာနှင့်ဆွဲဖြုတ်ကာ နားမထောင်တော့ပေ။
" သူတို့က မင်းကို မြန်မြန်ထွက်လာစေချင်နေကြတာမလား ? "
အချိန်က အလွန်တိုတောင်းတာကြောင့် EOD သမားတွေလဲ မစွမ်းသာတော့ပေ။
ရန်ချင်းကျွမ်း ဒီမှာရှိနေခြင်းက အလကားသက်သက် သေဖို့သာ ရှိတော့၏။
" ငါထွက်သွားမှာ မဟုတ်ဘူး။ "
သူက ဝိုင်ယာကြိုးများကို သေချာ စီစဉ်နေပြီး ဆုံးဖြတ်ချက်အား ခိုင်ခိုင်မာမာ ထုတ်ပြလာသည်။
သည်အခိုက်အတန့်ရောက်မှ ကျွန်တော်ဟာ ကျင်ချန်ယွီ၏ ရက်စက်ယုတ်မာသော ရည်ရွယ်ချက်တွေကို သဘောပေါက်လိုက်ရသည် ; သူဟာ ယနေ့ အရာအားလုံးကို ပြတ်ပြတ်သားသား ကြံစည်ခဲ့ခြင်းဟာ နောက်ဆုံး နှစ်မိနစ်စာအတွက်ပဲဖြစ်သည်။
သူ့အတွက် ကျွန်တော်တို့ကို သတ်ဖို့က ပိုလွယ်မည်မှန်း မှန်သည်။ သို့သော် ဤသို့ညှဉ်းပန်းနှိပ်စက်ရတာထက်တော့ဘယ်လိုလုပ် ပိုကျေနပ်နိုင်စွမ်းမည်နည်း ?
ကျွန်တော်တို့တွေ အချင်းချင်း သေတာကို ကြည့်နေရပြီး ၊ တနင့်နင့်ခံစား၍ အသည်းတွေကွဲရင်း ဘာမှမလုပ်နိုင် ၊ ဘယ်သူ့ကိုမှလဲ မရှု့နိုင်မကယ်နိုင်ဖြစ်တာကို အလိုရှိခြင်းပေ။
ချွေးသီးချွေးပေါက်တွေက နားထင်မှ စီးကျလာ၏။ တစ်မိနစ်သာကျန်တော့၍ အဒရီနလင်တွေလဲ အလုပ်မလုပ်တော့ချေပြီ။ကျွန်တော် စတင်စိတ်ပူလာရသည် :
" ငါပြောတာကို မင်းနားထောင် ၊ ငါပြောတာကို မင်းနားထောင်ပေး... ငါ့မှာ ဦးနှောက်အကျိတ်ရှိနေတယ်။ရောဂါက ကျွမ်းနေပြီ။ ကုလို့မရတော့လို့ ငါက မကြာခင် သေရတော့မှာ "
ကျွန်တော်သည် မိမိခန္ဓာကိုယ်၏ ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်ကာ ဘာမှ မကွယ်ဝှက်တော့ပေ။
" မင်း ငါ့ကို ကယ်စရာမလိုဘူး။ ဘာပဲဖြစ်ဖြစ် ငါက သေရတော့မှာ။ ကျေးဇူးပြုပြီး ထွက်သွားတော့ ! "
ကျင်ချန်ယွီက ကျွန်တော့်၏ ကျလောက်သောအပြောကြောင့် လက်ခုပ်ထတီးသည်။ ကျွန်တော်က ရန်ချင်းကျွမ်းကိုလှည့်စားရန် ပြောလိုက်သည်ဟု တွေးနေပုံပင်။ ထုတ်ပြောရန် တွေးခေါ်ရဲလွန်းတဲ့အတွက် သူက ကျွန်တော့်ကိုလဲ ချီးကျူးလိုက်ပြီး ဒီတိုက်ရိုက်ထုတ်လွှင့်မှုကို အရမ်းငြီးငွေ့စရာမရှိအောင် အောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့သည်ဟူ၍။
ကျွန်တော့်ဘက်တွင်တော့ ဒါဟာ သေရေးရှင်ရေးဖြစ်ပြီး သူ့ဘက်မှာတော့ ဒါက မဲတစ်ခုမျှသာပင်။ ကျွန်တော်အဖို့ ယနေ့သေသည်ဖြစ်စေ ၊ မသေသည်ဖြစ်စေ ၊ ကျွန်တော် သေပြီး သူ မသေသေးသရွေ့ ၊ သရဲတစ်ကောင်ဖြစ်လာလျှင်တောင် သူ့ကို အလွတ်ပေးလိမ့်မည်မဟုတ်။
ရန်ချင်းကျွမ်းက ထိုသို့ကြားလျှင် အံ့ဩသလိုဖြင့် ကျွန်တော့်ကို မော့ကြည့်လာ၏။သူက ကျွန်တော့်မျက်လုံးထဲမှ ဘာကိုမြင်သွားလဲ မသိပေမယ့် ရုတ်တရက်ကြီး ပြုံးပြလာခဲ့သည်။
ဒီအခိုက်အတန့် ၊ အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရသည့်အခိုက်အတန့်တွင် သူက ဘာကြောင့် ပြုံးနေမှန်း ကျွန်တော်နားမလည်နိုင်ပေ။ သို့ပေမယ့် သူကတော့ ပြုံး၍သာနေကာ အပြုံးကလဲ အလွန်လှပနေ၏။ရက်ပေါင်းများစွာတိုင် ရှိနေသော သူ၏သံသယအား ဖြေရှင်းနိုင်လိုက်သည့်အတိုင်း သူဟာ စိတ်အေးသွားသလို မျက်ခုံးတန်းတွေ ပြေလျော့ကာအမူအရာကလဲ တင်းမာမနေတော့ပေ။
" အဲ့ဒါက မင်းငါ့ကို ဖုံးထားတဲ့ဟာလား ? "
ကျွန်တော် လိမ်ပြောနေသည်ဟု သူက သံသယမဖြစ်ပေ။ သူ့စိတ်ထဲမှာ ဒီလိုအခိုက်အတန့်၌ ကျွန်တော် သူ့ကို လိမ်ပြောနိုင်စွမ်းမရှိဟု တွေးထား၍ပေလား ၊ ကျွန်တော်၏ အမှန်တရားနှင့် အလိမ်အညာတွေကို လွယ်လွယ်လေး ခွဲခြားနိုင်၍ပေလားမသိပါ။
သူက လက်ဖဝါးကို ကျွန်တော့်မျက်နှာနှင့် ကပ်လာပြီးအရေပြားအား လက်မဖြင့် ပွတ်သပ်ပေးလာ၏။ တစ်ယောက်နဲ့တစ်ယောက်၏ ခန္ဓာကိုယ်အပူချိန်တွေ ကူးစက်သွားသောအခါ အဒရီနလင်က စွမ်းရည်လုံးဝ ဆုံးရှုံးသွားပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ ကာကွယ်ခုခံမှုများလဲ အလျင်အမြန် ပြိုလဲသွားရတော့သည်။ကျွန်တော်ဟာ မတည်ငြိမ်တော့ပဲ တုန်တုန်ယင်ယင်ဖြင့် သူ့ကို တောင်းပန်မိတော့၏။
" ကျေးဇူးပြုပြီး..." ကျွန်တော်ဟာ ပူဆွေးတစ်လှည့် အံကြိတ်တစ်ဖုံဖြင့် သူ့ကို ရောက်တတ်ရာရာတွေ ပြောဆိုလိုက်တော့သည်။
" ကျေးဇူးပြုပြီး သွားပါတော့ ! ငါမင်းကို လုံးဝမှ မကြိုက်ဘူး ! ငါက အပြစ်ရှိစိတ်နဲ့ မင်းကို စာနာခဲ့မိရုံပဲ ! မင်း စိတ်ကူးတွေ သိပ်ယဉ်မနေနဲ့ .....သွား.... ထွက်သွား ! ထွက်သွား ! ငါမင်းနဲ့ မသေချင်ဘူးလို့ သွားတော့လေ ! ! "
ကျွန်တော် စကားလုံးများနှင့် ရန်ချင်းကျွမ်းအား နှင်လွှတ်ပါသော်လည်း အကျိုးကတော့ သိပ်မကောင်းပေ။
" ငါပြောပြီးသား ၊ ငါမင်းကို ထပ်ပြီး ထားခဲ့မှာမဟုတ်ဘူး "
သူက တသွင်သွင်စီးကျနေသော မျက်ရည်များကို သုတ်ပေး၍ ညင်သာစွာဆို၏။
ယနေ့၌ သူဟာ ဆုတံဆိပ်ဆွတ်ခူးခဲ့ပြီး သူနှင့်ထိုက်တန်သော ဂုဏ်ကိုရရှိခဲ့သည်။ ယခုကစပြီး သူ့ဘဝဟာ ချောချောမွေ့မွေ့ ရွက်လွှင့်နိုင်တော့မည်ဖြစ်ကာ ဒီထက်ပိုပြီး မုန်တိုင်းထန်တော့မည်မဟုတ်။
ယနေ့မှ ဆုရခဲ့တာကို ၊ ဤ လူသူကင်းမဲ့သည့် အဆောက်အအုံထဲမှာ ကျွန်တော်နှင့်အတူ သေရတော့မည်တဲ့။အစောကတည်းက ကြာကြာရှင်နိုင်မှာ မဟုတ်တော့တဲ့လူ... ကျွန်တော်နှင့်တဲ့။
ခြံဝင်းထဲက ခြောက်လပန်းနှင့်နှင်းဆီများလည်း နောက်နှစ်မှာ ပွင့်နိုင်တော့မှာမဟုတ်ပေ။ သိခဲ့မည်ဆိုပါက ၎င်းတို့ကိုကြိုးစားပမ်းစားစိုက်ပြီး အားအင်တွေ ဖြုန်းမိခဲ့မှာမဟုတ်။
အကယ်၍ ကျွန်တော်သာသိခဲ့ရင်....သိခဲ့မယ်ဆိုရင်... မနေ့တုန်းက သူ့ကို ပိုပြီး နမ်းရှိုက်ခဲ့မိမှာ။ ဒါမှ သူ စိတ်မဆိုးတော့ပဲ ၊ကျွန်တော်တို့ မပြေလည်သေးခင် သေကိန်းဆိုက်တော့မှာကို စောင့်မနေရတော့မှာပင်။
သူထွက်သွားတုန်းကလဲ ကျွန်တော် သူ့ကို ဖက်ခဲ့သင့်တာ။ သူ့ကို ဂုဏ်ပြုပါတယ်လို့ ပြောချိန်လေးပင် မရှိခဲ့။နဂိုတုန်းက သူ့ဆုတံဆိပ်လေးကို ထိကြည့်ချင်ပေမယ့် လက်ရှိမှာတော့ အဲ့ဒါလေးက တန်ဖိုးကြီးပစ္စည်းတစ်ခုသာဖြစ်လာခဲ့ပြီပင်။
ရေတွက်သည်က ၁၀စက္ကန့်သာကျန်တော့သည်မို့ ကျင်ချန်ယွီကတော့ ပါတီပေးနေချေပြီ။
" ရင်ထဲထိရလောက်တဲ့အချစ်ဒရာမာလေး ပြီးဆုံးပါတော့မယ်။ အပိတ်သီချင်းလေးကို တိတ်တိတ်လေး ခံစားလိုက်ကြရအောင် "
တစ်ဆယ်မှ စတင်ရေတွက်၍ သူဟာ စိတ်လှုပ်ရှားစွာဖြင့် ဂဏန်းများကို တစ်လုံးပြီးတစ်လုံး ရွတ်ဆိုလာသည်။
" လောင်းကြေးချမယ်။ "
ရန်ချင်းကျွမ်းက တိုင်မာနှင့် ချိတ်ထားသော ဝိုင်ယာကြိုး အဝါကို ရွေးလိုက်ပြီး သူ့လက်ချောင်းဖျားများနှင့် လိမ်ယူ၍ကျွန်တော့်ကိုမော့ကြည့်လာသည်။
နောက်ဆုံး စက္ကန့်ပိုင်းအတွင်း၌ ကျွန်တော်တို့ဟာ နောင်ဘဝတွင် ဘယ်တော့မှ မမေ့ဖို့ရန် အချင်းချင်း၏ ပုံပန်းသွင်ပြင်ကိုစိတ်ထဲမှာ လေ့ကျက်ထွင်းထုနေသကဲ့သို့ ဘာစကားမှ မဆိုပဲ တစ်ယောက်ကိုတစ်ယောက် စူးစူးစိုက်စိုက် ကြည့်နေမိကြ၏။
အားနှင့်ဆောင့်ဆွဲပြီး ရန်ချင်းကျွမ်းက ဝိုင်ယာကြိုးကို ဖြုတ်ပစ်လိုက်သည်။
ကျွန်တော့်မျက်လုံးစွန်းတွေ သိမ့်ခနဲ့ဖြစ်သွားပြီး နှုတ်ခမ်းသားများလည်း ပြန့်ရန့်သွားလျက်။
ရေတွက်ခြင်းက ဇီးရိုးပြန်ဖြစ်သွားခဲ့သည်။
မျှော်လင့်ထားသော ပေါက်ကွဲမှုလဲ ဖြစ်မလာပေ။ တိုင်မာက ဘိထ့်ကနဲ့မြည်၍ နှစ်ချက်လင်းသွားပြီး " 0 " လေးခုဖြင့်အခြေကျသွား၏။
" အိုး ? မင်းတို့တွေ တကယ်ပဲ မှန်မှန်ကန်ကန်ရွေးချယ်နိုင်ခဲ့တယ် "
ကျင်ချန်ယွီ၏ အသံမှာ ကြားဝင်နှောင့်ယှက်ခံလိုက်ရရ၍ မကြည်မလင်ဖြစ်သွားသည့် ခံစားချက်တို့ဖြင့် အန္တရာယ်များလာ၏။
သေဖို့ရာ အပြည့်အဝ ပြင်ဆင်ထားသောကြောင့် မျှော်လင့်ချက်တွေကို အောက်ဆုံးမှာပဲ သိမ်းထားမိ၍ ဖြစ်ကောင်းဖြစ်နိုင်သည်။ သုံးမျိူးထဲမှ မှန်ကန်သော ရွေးချယ်မှုဖြစ်ကြောင်း သိလိုက်ရသည်နှင့် ကျွန်တော် ဝမ်းသာအယ်လဲမဖြစ်မိ။ မယုံကြည်နိုင်ရုံသာရှိခဲ့သည်။
ရွေးချယ်မှု မှန်ခဲ့တယ် ? သေစရာ.....မလိုတော့တာလား ?
သို့တိုင် ကျွန်တော် မပျော်နိုင်သေးခင် ကျင်ချန်ယွီက ရေခဲတစ်ပုံးလောင်းချလိုက်လေသည် :
" တိုင်မာရပ်လိုက်ရုံနဲ့ အလွယ်လေးရသွားပြီ မထင်လိုက်နဲ့။မင်းတို့ နောက်ထပ် ဖောက်ခွဲရေးကြိုးကို ရွေးဖို့ လိုသေးတယ်။ဒီတစ်ခါတော့ အချိန် ပိုနည်းသွားလိမ့်မယ် "
သူပြောပြီးသည်နှင့် ပြထားသောစခရင်ပေါ်ရှိ နံပါတ်များက ပြောင်းလဲသွားကာ ရေတွက်ခြင်းသည်လည်း တစ်ဆယ်မှစတင်လာ၏။
အကျပ်အတည်းတစ်ခု ဖြေရှင်းပြီးသည်နှင့် နောက်အကျပ်အတည်းတစ်ခုက ပေါ်လာပြန်၏။ အချိန်နည်းတာမဟုတ်၊တွေးဖို့အချိန် မရှိတာပင်။ ဝမ်းသာအယ်လဲဖြစ်ရာမှ ဝမ်းနည်းပက်လက်ဖြစ်သွားရသည်မှာ အာရုံကြောများကို အဖန်ဖန်နှိုးဆွပေး၍ စိတ်ခံစားချက်များကို လှုံ့ဆော်ပေးသောကြောင့် လုံးဝပြိုလဲသွားပြီး အသက်ရှင်လိုစိတ်ကို ဘယ်တော့မှ ပြန်မရရှိအောင် ဖြစ်စေတတ်သည်။ဒါဟာ ကျင်ချန်ယွီ၏ နည်းလမ်းသည်ပေ။
သို့သော် သူသည် ရန်ချင်းကျွမ်းနှင့် ကျွန်တော့်၏ တိုက်ခိုက်မှု ခံနိုင်ရည်တွေကို မှားခန့်မှန်းလိုက်တာပင်။သူက နှစ်ပေါင်းများစွာ လျှို့ဝှက်နေခဲ့ပြီး သေရေးရှင်ရေးကို ဘေးချိတ်ထားခဲ့တာကြာချေပြီ။ကျွန်တော်ကလဲ ရောဂါကျွမ်းနေပြီဖြစ်၍အချိန်မရွေး၊ နေရာမရွေး သေသွားနိုင်သည့် ကံကြမ္မာကို အပြည့်အဝ လက်ခံပြီးသားဖြစ်၏။
ထို့ကြောင့် ပြန်လည်ရေတွက်လာသည့်တိုင် ရန်ချင်းကျွမ်းရော ကျွန်တော်ပါ အရှုံးမပေးခဲ့ကြပါချေ။
" မင်း ဘာရောင်ကြိုက်လဲ ? " ရန်ချင်းကျွမ်းက နောက်ထပ်ဝိုင်ယာကြိုး သုံးရောင်တွဲကို စိုက်ကြည့်လျက် ဒီတစ်ကြိမ်မှာတော့ ကျွန်တော့်ကို ရွေးစေ၏။
ကျင်ချန်ယွီပေးသော အရိပ်အမြွက်က ကျွန်တော့်စိတ်ထဲ ဖြတ်ခနဲ့ဝင်လာလျက်။ သူက အတွဲနှစ်တွဲ၏ စနက်ဝိုင်ယာကြိုးများသည် အရောင်မတူဟု ပြောခဲ့ပေငြား သူက ကျွန်တော့်ကို အရိပ်အမြွက်ပေးနေရလောက်အောင်အထိ အမှန်တကယ်ကြင်နာနိုင်မည်တဲ့လား ? သူဟာ သူ့မိသားစု၏ သေရေးရှင်ရေးကိုပင် ဂရုစိုက်ခဲ့သူမဟုတ်ပေ။ လက်စားချေသောအခါ သူ့လမ်းကနေထွက်ပြီး သူ့မိသားစုတွေကို ကယ်တဲ့အတွက် ကျွန်တော့်ကို ပြန်လည် ကျေးဇူးဆပ်မည်တဲ့လား ?
ဖြတ်ခနဲ့ ဉာဏ်ပွင့်သွားပြီး ကျွန်တော် မိမိဘာသာ ဆုံးဖြတ်လိုက်သည်။
" အဝါ ! "
သူပြောခဲ့တာနှင့် ဆန့်ကျင်ဘက်ကို ကျွန်တော် လောင်းကြေးထပ်လိုက်သည်။
ရန်ချင်းကျွမ်းက တုံ့ဆိုင်းမနေ။ " အဝါ " ဟု အော်သံကို ကြားလိုက်သည်နှင့် သက်ဆိုင်ရာဝိုင်ယာကြိုးကို ဖြတ်တောက်လိုက်၏။ တစ်ချိန်တည်းမှာပဲ နားကြပ်ထဲမှာ တစ်စုံတစ်ရာအား မှောက်ပစ်လိုက်သည့် အသံထွက်လာကာ ရူးရူးမူးမူး ဖျက်စီးသံတွေ လိုက်ပါလာသည်။
" ပြီးသွားပြီလို့ မထင်လိုက်နဲ့ ! "
ကျင်ချန်ယွီက တရှုးရှုးနှင့်ဖြစ်နေပြီး ခက်ထန်သောစကားများအား ထွက်ဆိုလာသည်။ " မင်းတစ်သက်လုံး လွယ်လွယ်လေး နေသွားနိုင်ဖို့ မစဉ်းစားနဲ့ ! ငါ အသက်ရှင်နေသရွေ့ မင်းကို ဘယ်တော့မှ ခွင့်မပြုဘူး ! "
ထို့နောက် ခေါ်ဆိုမှု အဆုံးသတ်သွားသည်။
သူ့ဒေါသတွေ အလုံးစုံပြသလာသည်မို့ ကျွန်တော်တို့ အလောင်းအစားကို ထပ်မံနိုင်လိုက်ခြင်းပေ။
ပေါ်နေသော စခရင်က လုံးဝ ပြတ်တောက်သွားလျက်။ရန်ချင်းကျွမ်းက ပေါက်ကွဲမှာမဟုတ်တော့ကြောင်း အတည်ပြုလိုက်၍ ပိုက်နားကြပ်ကို တပ်ကာ အတွင်းပိုင်းအခြေအနေကို သတင်းပို့လိုက်၏။
" EOD သမားကို ဝင်ခိုင်းလိုက် "
နှစ်မိနစ်ခန့်အကြာတွင် ကြီးမားသောပစ္စည်းကိရိယာများ ဝတ်ဆင်ထားသည့် EODသမားက တံခါးကို တွန်းဖွင့်ပြီးဖြည်းဖြည်းချင်း ဝင်လာခဲ့သည်။
တစ်ဖက်လူက ရန်ချင်းကျွမ်းကို အရင်ထွက်ခိုင်း၏။ သူ ဗုံးကို မဖယ်ခင် နောက်ဆက်တွဲ ပေါက်ကွဲနိုင်သော အန္တရာယ် ရှိမရှိ ကြည့်ဖို့လိုအပ်သေးကြောင်း ပြောပြသည်။
ရန်ချင်းကျွမ်းက ခေါင်းယမ်း၍ တစ်စစီဖြုတ်ဖို့သာပြောလေသည်။
EODသမားမှာ ရွေးစရာမရှိတော့သောကြောင့် ဘာမှ မဆိုတော့ပဲ စတင်လုပ်ရတော့သည်။
ကျွန်တော့်ကိုယ်ပေါ်က ဗုံးကိရိယာကို စစ်ဆေးပြီး ၊ ဝိုင်ယာကြိုးတွေ ပြုတ်သွားမှန်း အတည်ပြု၏။ ပြီးလျှင် သူက ပစ္စည်းကိရိယာတွေကိုထုတ်ကာ နည်းနည်းချင်း ကြိုးတွေကို ဖြတ်တောက်လေသည်။ ဗုံးအား လုံးလုံးလျားလျား " ခွာယူ " ပြီးမှသူဟာ အဝတ်တစ်စနှယ် သတိထားပြီး ကောက်ယူလိုက်လျက်။
ရန်ချင်းကျွမ်းက လက်ထဲမှာ ဖောက်ခွဲ-ခံပုံးကို ကိုင်ထားပြီး ဘေးနားတွင် စောင့်နေပြီဖြစ်သည်။EODက ဗုံးကို ၎င်းထဲထည့်လိုက်ပြီး အဖုံးကို ဝက်အူတင်းနေအောင်ကျပ်လိုက်၏။
" ဘေးကင်းပြီ "
EODသမားက ထိုစကားနှစ်လုံးကိုပြောလိုက်ချိန် ထိုင်ခုံမှာ ထိုင်နေသောကျွန်တော့်ကိုယ်ဟာ ပို၍ပင် ပျော့ကျသွားကာထိန်းမရတော့ပဲ လျှောကျခါနီးဖြစ်သွား၏။
ရန်ချင်းကျွမ်းသည် ကျွန်တော့်လက်မောင်းတစ်ဖက်ကို ဆုပ်ကိုင်၍ အိမ်ထဲကနေအလျင်အမြန် ဆွဲထုတ်လာခဲ့၏။
ဝင်းဝင်းတောက်နေသော နေက ကျွန်တော်တစ်ကိုယ်လုံး လွှမ်းခြုံသွားလျက်။ ကျွန်တော် မျက်လုံးတွေ မှေးစင်းလိုက်ရင်းအလွန့်အလွန်နွေးမြလာသလို ခံစားရသည်။
" မင်း ဒီမှာ ခဏနေခဲ့ဦး " ရန်ချင်းကျွမ်းက ကျွန်တော့်ကို လူနာတင်ကားထဲပို့ပေး၍ ကျွန်တော့်ခေါင်းနောက်ကို ကိုင်ကာနဖူးမှာ အနမ်းတစ်ပွင့် အမြန်ဖိကပ်လိုက်၏။ ထို့နောက်လှည့်ကာ အလျင်စလို ထွက်ခွာသွားလေသည်။
ကျွန်တော်ဟာ အများစုမှ ခြစ်မိရုံသာ၊ မစိုးရိမ်ရပေ။လူနာတင်ယာဉ်ထဲမှာ ရိုးရိုးတန်းတန်းပိုးသတ်ပတ်တီးစိးပေးပြီးသည့်နောက် ကျွန်တော် ရေ အနည်းငယ်ထည့်လိုက်၏။ လူအုပ်ကိုဖြတ်၍ အဝေးမှသည် ရန်ချင်းကျွမ်းတစ်ယောက် တံခါးဖွင့်ထားသော အနက်ရောင်သံချပ်ကာအဖွင့်ယာဉ်ရှေ့မှာ ရပ်နေတာကို တွေ့လိုက်ရာ ကျွန်တော် ထ၍ သူ့ကို သွားရှာလိုက်သည်။
"...... နောက်ကျ ငါ ဝဘ်ဆိုဒ်အဝင်ကို ပိတ်လိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းထဲ နောက်ထပ်လူတွေကို ဝင်ခွင့်မပေးတော့ဘူး။ တစ်ယောက်ယောက်က ဗွီဒီယိုကို ဒေါင်းလုဒ်လုပ်မယ်ဆိုရင် ဗိုင်းရပ်စ်တွေကိုပဲ ဒေါင်းလုဒ်လုပ်မိလိမ့်မယ် "
ယန်ရွှမ်းက ကားထဲမှာ ထိုင်လျက် ကီးဘုတ်ကို လက်ချောင်းတွေ ပျံသန်းတော့မတတ် ဆက်တိုက်နှိပ်နေ၏။
" သူ ဘယ်မှာလဲ မင်းရှာနိုင်လား ? " ရန်ချင်းကျွမ်းက မေး၏။
" သူက Dark Webမှာ တိုက်ရိုက်ထုတ်လွှင့်ဖို့ရွေးခဲ့တော့ လွယ်လွယ်မရှာနိုင်ဘူး။ ကုဒ်ဝှက်နည်းပညာပေါင်းမြောက်မြားစွာနဲ့တောင် သူ ချုန်းဟိုင်က ထွက်မသွားရသေးဘူးဆိုတာပဲ ငါအတည်ပြုနိုင်တယ် "
လက်ထဲမှာ ရေသန့်ဘူးလေးကိုင်ရင်း ကျွန်တော် သူတို့နှစ်ယောက်ထံ ချဉ်းကပ်သွားလိုက်၏။
" ကျင်ချန်ယွီ....ငါ ၊ ငါ သူဘယ်မှာလဲ သိလောက်တယ် "
ထိုအခိုက် ရန်ချင်းကျွမ်းနှင့် ယန်ရွှမ်းက ပြိုင်တူ လှည့်ကြည့်လာခဲ့သည်။
" မင်း သိတယ် ? " ရန်ချင်းကျွမ်းက မမျှော်လင့်သလို ဆိုလာသည်။
ကျွန်တော် ခေါင်းညိတ်ပြလိုက်၍ :
" ချုန်းဟိုင် ကုန်စည်ပို့ဆောင်ရေးဂိတ်နားမှာ။ ငါ ကုန်စည်ပို့ဆောင်ရေး ဆိပ်ခံတံတားနဲ့ မျက်နှာချင်းဆိုင်က ခေါင်းလောင်းကြီးရဲ့အသံကို ကြားလိုက်ရတယ် "
အဆိုပါ သံစုံနာရီကြီး၌ နှစ်ပေါင်းတစ်ရာကျော် သမိုင်းရှိပြီး ချုန်းဟိုင်၏ ကထင်ကရ မှတ်တိုင်တစ်ခုဖြစ်၏။ ၎င်းသည်နယ်လှည့်ခရီးသွားများအတွက် စံပြဝင်ရောက်ရာ နေရာဖြစ်ကာ အားလပ်ရက်များအတွင်းဆိုလျှင် မီးတွေကလဲ အလျင်းသင့်သလို ပြောင်းလဲနေတတ်သည်။
ကျွန်တော်တို့ ကောလိပ်တက်စဉ်က နန်ရှန်သည် ခရစ္စမတ်ရောက်တိုင်း နာရီအောက်မှာ အချိန်ရေတွက်ဖို့ အမြဲတစေ ဆွဲခေါ်တတ်၏။ဘွဲ့ရပြီး သူနှင့် ဖန်းလော့စူးတို့ အတူနေကြချိန်မှ ကျွန်တော့်ကို မခေါ်တော့တာပင်။ မည်သို့ဖြစ်စေ ကျွန်တော်ကတော့ ဒီအကျင့်ကို ခဏမျှ မပြောင်းနိုင်ဖြစ်ခဲ့ပြီး နှစ်တိုင်းနှစ် ထိုနေရာသို့ သွားဖြစ်တုန်းဖြစ်တာကြောင့် ၎င်း၏ခေါင်းလောင်းသံများနှင့်ရင်းနှီးနေတာဖြစ်၏။
" ခေါင်းလောင်းသံကြားရုံနဲ့ သူက အဲ့ဒီမှာရှိနေမယ်လို့ မင်း သေချာတယ်လား ? "
ယန်ရွှမ်းက ခဏရှာကာ စခရင်ကို လှည့်ပြလာသည်။
" ချုန်းဟိုင်ရဲ့ သံစုံခေါင်းလောင်းနာရီတွေက သိပ်မများပေမယ့် ၂၃ခုရှိတာလေ။ "
ကျွန်တော်ကနားကို ပုတ်ပြရင်း သူမကိုရှင်းပြလိုက်သည် :
" ခေါင်းလောင်းသံတစ်ခုစီတိုင်းက မတူဘူး။ Celloတစ်လုံးစီတိုင်းမှာ သူတို့ ပင်ကိုဝိသေသတွေရှိကြသလိုမျိူးပဲ "
တခြားအရာတွေကို အာမမခံနိုင်သော်လည်း ကျွန်တော် အသံနှင့်ပတ်သတ်လျှင်တော့ ယုံကြည်ချက်အပြည့်ရှိနေဆဲပင်။
ယန်ရွှမ်းက သဘောပေါက်သွား၏ : " ဂီတပညာရှင်ရဲ့အကြားစွမ်းရည်ပေါ့ "
_________________________________________________________________________
Zawgyi
အခန္း ( ၇၁ ) : ဂီတပညာရွင္ရဲ့ အၾကားစြမ္းရည္။
※※※※※※※※※※※※※※※※※※※
ရန္ခ်င္းကၽြမ္းက သူ႔ေနာက္အိတ္ေထာင္ထဲမွ လက္ထိတ္ေသာ့ကို ထုတ္ယူရန္ လက္ေခ်ာင္းဖ်ားမ်ားျဖင့္ လိုက္စမ္းလိုက္၏။ ၿပီးေသာ္ အလ်င္အျမန္ ျဖဳတ္လိုက္၍ ကင္မရာဆီသို႔ ေလၽွာက္သြားၿပီး ပါဝါကို ဆြဲျဖဳတ္လိုက္ကာ ကၽြန္ေတာ့္ဘက္ လွည့္လာခဲ့သည္။
" တိုက္ရိုက္ထုတ္လႊင့္မွုက ၾကားျဖတ္ခံလိုက္ရတာ ဝမ္းနည္းစရာပါလား "
က်င္ခ်န္ယြီက ေမၽွာ္လင့္ထားသလို စိတ္ေအးလက္ေအးအသံႏွင့္သာ ဆိုသည္။
" ေနာက္လာမယ့္ တစ္မိနစ္နဲ႔တစ္ဝက္အတြင္း ဆုေလးနဲ႔ အေလာင္းအစားဂိမ္းတစ္ခုေလာက္ ငါတို႔ ေဆာ့ၾကမလား ? ဗုံးေပါက္မလား မေပါက္ဘူးလားဆိုတာေလ ? "
ရန္ခ်င္းကၽြမ္းက ကၽြန္ေတာ့္ေရွ႕မွာ ေဆာင့္ေၾကာင့္ထိုင္လိုက္ၿပီး အေရွ႕ရွိ ေဖာက္ခြဲကိရိယာကို ေလ့လာေနသည္။
တိုင္မာတြင္ အခ်ိန္သိပ္မက်န္ေတာ့မွန္း သိသြားလၽွင္ သူ၏ ပုံမွန္ တည္ၿငိမ္ေသာအမူအရာက အနည္းငယ္ စိတ္ေစာလာခဲ့၏။
" EOD *သမားေရာ ? " သူ၏ ညာဘက္နားတြင္ ေဖာက္ထြင္းျမင္ရေသာ နားၾကပ္တစ္ခု တပ္ထား၏။ ခပ္သြယ္သြယ္ပိုက္တစ္ခုက သူ၏လည္ပင္းေနာက္ဘက္မွ အဝတ္အတြင္းထိ ရွည္လ်ားေနလ်က္။ ယင္းက အျပင္ဘက္ရွိ လုပ္ေဖာ္ကိုင္ဖက္မ်ားႏွင့္ ဆက္သြယ္ရန္ အသုံးျပဳေသာ အင္တာကြန္ျဖစ္ေပမည္။
( explosive ordnance disposal ; ေပါက္ကြဲေစတတ္ေသာ ပစၥည္းမ်ား ရွင္းလင္းေရး။ )
" ဝူးဝူး ! " ကၽြန္ေတာ္ ရန္ခ်င္းကၽြမ္းကို ပါးစပ္မွ တိပ္အား ျဖည္ေပးရန္ အရိပ္ျပလိုက္သည္။
" ဒီဗုံးက အရမ္းၿငိမ္တယ္။ မေၾကာက္နဲ႔ ဘာမွမျဖစ္ပါဘူး... " သူက လက္ေျမႇာက္၍ တိပ္ကို ျဖည္ေပး၏။
စင္စစ္တြင္ ဤသို႔ေသာ အတိမ္းအေစာင္းမခံသည့္ကာလ၌ အဒရီနလင္တို႔၏ ျမင့္တက္မွုေၾကာင့္ လူေတြဟာဘာထိတ္လန႔္မွုမွ မခံစားရေတာ့ေပ။ ထို႔ေၾကာင့္ ကၽြန္ေတာ့္ကို တစ္ေယာက္တည္းထားခဲ့ရန္ သူ႔ကို ေဖ်ာင္းဖ်ဖို႔ အင္အားေတြသာ က်န္ေနေသးခဲ့၏။
" အရမ္းေနာက္က်သြားၿပီ။ ဝိုင္ယာႏွစ္ႀကိဳးျဖတ္လဲ ဗုံးက ရပ္မွာမဟုတ္ေတာ့ဘူး။ မင္း ေလာင္းလဲ မနိုင္နိုင္ဘူး ၊ ထြက္ေျပးေတာ့ ! "
ရန္ခ်င္းကၽြမ္းက ကၽြန္ေတာ့္ကို မေျဖေပ။ သူက ေခါင္းငုံ႔၍ တိုင္မာႏွင့္ခ်ိတ္ဆက္ထားေသာ ဝိုင္ယာႀကိဳးမ်ားကို ေလ့လာရာတြင္သာ အာ႐ုံစိုက္ထားေလသည္။ နားၾကပ္ထဲတြင္ ဘာေတြေျပာေနသလဲ မသိ။သူက အက်ဥ္းတန္သည့္အမူအရာႏွင့္ ဆြဲျဖဳတ္ကာ နားမေထာင္ေတာ့ေပ။
" သူတို႔က မင္းကို ျမန္ျမန္ထြက္လာေစခ်င္ေနၾကတာမလား ? "
အခ်ိန္က အလြန္တိုေတာင္းတာေၾကာင့္ EOD သမားေတြလဲ မစြမ္းသာေတာ့ေပ။
ရန္ခ်င္းကၽြမ္း ဒီမွာရွိေနျခင္းက အလကားသက္သက္ ေသဖို႔သာ ရွိေတာ့၏။
" ငါထြက္သြားမွာ မဟုတ္ဘူး။ "
သူက ဝိုင္ယာႀကိဳးမ်ားကို ေသခ်ာ စီစဥ္ေနၿပီး ဆုံးျဖတ္ခ်က္အား ခိုင္ခိုင္မာမာ ထုတ္ျပလာသည္။
သည္အခိုက္အတန႔္ေရာက္မွ ကၽြန္ေတာ္ဟာ က်င္ခ်န္ယြီ၏ ရက္စက္ယုတ္မာေသာ ရည္ရြယ္ခ်က္ေတြကို သေဘာေပါက္လိုက္ရသည္; သူဟာ ယေန႔ အရာအားလုံးကို ျပတ္ျပတ္သားသား ႀကံစည္ခဲ့ျခင္းဟာ ေနာက္ဆုံး ႏွစ္မိနစ္စာအတြက္ပဲျဖစ္သည္။
သူ႔အတြက္ ကၽြန္ေတာ္တို႔ကို သတ္ဖို႔က ပိုလြယ္မည္မွန္း မွန္သည္။ သို႔ေသာ္ ဤသို႔ညႇဥ္းပန္းႏွိပ္စက္ရတာထက္ေတာ့ ဘယ္လိုလုပ္ ပိုေက်နပ္နိုင္စြမ္းမည္နည္း ?
ကၽြန္ေတာ္တို႔ေတြ အခ်င္းခ်င္း ေသတာကို ၾကည့္ေနရၿပီး ၊ တနင့္နင့္ခံစား၍ အသည္းေတြကြဲရင္း ဘာမွမလုပ္နိုင္ ၊ ဘယ္သူ႔ကိုမွလဲ မရွု႔နိုင္မကယ္နိုင္ျဖစ္တာကို အလိုရွိျခင္းေပ။
ေခၽြးသီးေခၽြးေပါက္ေတြက နားထင္မွ စီးက်လာ၏။ တစ္မိနစ္သာက်န္ေတာ့၍ အဒရီနလင္ေတြလဲ အလုပ္မလုပ္ေတာ့ေခ်ၿပီ။ကၽြန္ေတာ္ စတင္စိတ္ပူလာရသည္ :
" ငါေျပာတာကို မင္းနားေထာင္ ၊ ငါေျပာတာကို မင္းနားေထာင္ေပး... ငါ့မွာ ဦးေႏွာက္အက်ိတ္ရွိေနတယ္။ေရာဂါက ကၽြမ္းေနၿပီ။ ကုလို႔မရေတာ့လို႔ ငါက မၾကာခင္ ေသရေတာ့မွာ "
ကၽြန္ေတာ္သည္ မိမိခႏၶာကိုယ္၏ ျဖစ္ေၾကာင္းကုန္စင္ကို ေျပာျပလိုက္ကာ ဘာမွ မကြယ္ဝွက္ေတာ့ေပ။
" မင္း ငါ့ကို ကယ္စရာမလိုဘူး။ ဘာပဲျဖစ္ျဖစ္ ငါက ေသရေတာ့မွာ။ ေက်းဇူးျပဳၿပီး ထြက္သြားေတာ့ ! "
က်င္ခ်န္ယြီက ကၽြန္ေတာ့္၏ က်ေလာက္ေသာအေျပာေၾကာင့္ လက္ခုပ္ထတီးသည္။ ကၽြန္ေတာ္က ရန္ခ်င္းကၽြမ္းကို လွည့္စားရန္ ေျပာလိုက္သည္ဟု ေတြးေနပုံပင္။ ထုတ္ေျပာရန္ ေတြးေခၚရဲလြန္းတဲ့အတြက္ သူကကၽြန္ေတာ့္ကိုလဲ ခ်ီးက်ဴးလိုက္ၿပီး ဒီတိုက္ရိုက္ထုတ္လႊင့္မွုကို အရမ္းၿငီးေငြ႕စရာမရွိေအာင္ ေအာင္ေအာင္ျမင္ျမင္ ျပဳလုပ္နိုင္ခဲ့သည္ဟူ၍။
ကၽြန္ေတာ့္ဘက္တြင္ေတာ့ ဒါဟာ ေသေရးရွင္ေရးျဖစ္ၿပီး သူ႔ဘက္မွာေတာ့ ဒါက မဲတစ္ခုမၽွသာပင္။ ကၽြန္ေတာ္အဖို႔ ယေန႔ ေသသည္ျဖစ္ေစ ၊ မေသသည္ျဖစ္ေစ ၊ ကၽြန္ေတာ္ ေသၿပီး သူ မေသေသးသေရြ႕ ၊သရဲတစ္ေကာင္ျဖစ္လာလၽွင္ေတာင္ သူ႔ကို အလြတ္ေပးလိမ့္မည္မဟုတ္။
ရန္ခ်င္းကၽြမ္းက ထိုသို႔ၾကားလၽွင္ အံ့ဩသလိုျဖင့္ ကၽြန္ေတာ့္ကို ေမာ့ၾကည့္လာ၏။သူက ကၽြန္ေတာ့္မ်က္လုံးထဲမွ ဘာကို ျမင္သြားလဲ မသိေပမယ့္ ႐ုတ္တရက္ႀကီး ျပဳံးျပလာခဲ့သည္။
ဒီအခိုက္အတန႔္ ၊ အသက္အႏၲရာယ္ၿခိမ္းေျခာက္ခံေနရသည့္အခိုက္အတန႔္တြင္ သူက ဘာေၾကာင့္ ျပဳံးေနမွန္းကၽြန္ေတာ္နားမလည္နိုင္ေပ။ သို႔ေပမယ့္ သူကေတာ့ ျပဳံး၍သာေနကာ အျပဳံးကလဲ အလြန္လွပေန၏။ရက္ေပါင္းမ်ားစြာတိုင္ ရွိေနေသာ သူ၏သံသယအား ေျဖရွင္းနိုင္လိုက္သည့္အတိုင္း သူဟာ စိတ္ေအးသြားသလို မ်က္ခုံးတန္းေတြ ေျပေလ်ာ့ကာ အမူအရာကလဲ တင္းမာမေနေတာ့ေပ။
" အဲ့ဒါက မင္းငါ့ကို ဖုံးထားတဲ့ဟာလား ? "
ကၽြန္ေတာ္ လိမ္ေျပာေနသည္ဟု သူက သံသယမျဖစ္ေပ။ သူ႔စိတ္ထဲမွာ ဒီလိုအခိုက္အတန႔္၌ ကၽြန္ေတာ္သူ႔ကို လိမ္ေျပာနိုင္စြမ္းမရွိဟု ေတြးထား၍ေပလား ၊ ကၽြန္ေတာ္၏ အမွန္တရားႏွင့္ အလိမ္အညာေတြကို လြယ္လြယ္ေလး ခြဲျခားနိုင္၍ေပလားမသိပါ။
သူက လက္ဖဝါးကို ကၽြန္ေတာ့္မ်က္ႏွာႏွင့္ ကပ္လာၿပီးအေရျပားအား လက္မျဖင့္ ပြတ္သပ္ေပးလာ၏။ တစ္ေယာက္နဲ႔တစ္ေယာက္၏ ခႏၶာကိုယ္အပူခ်ိန္ေတြ ကူးစက္သြားေသာအခါ အဒရီနလင္က စြမ္းရည္လုံးဝ ဆုံးရွုံးသြားၿပီး စိတ္ဓာတ္ပိုင္းဆိုင္ရာ ကာကြယ္ခုခံမွုမ်ားလဲ အလ်င္အျမန္ ၿပိဳလဲသြားရေတာ့သည္။ကၽြန္ေတာ္ဟာ မတည္ၿငိမ္ေတာ့ပဲ တုန္တုန္ယင္ယင္ျဖင့္ သူ႔ကို ေတာင္းပန္မိေတာ့၏။
" ေက်းဇူးျပဳၿပီး..." ကၽြန္ေတာ္ဟာ ပူေဆြးတစ္လွည့္ အံႀကိတ္တစ္ဖုံျဖင့္ သူ႔ကို ေရာက္တတ္ရာရာေတြ ေျပာဆိုလိုက္ေတာ့သည္။
" ေက်းဇူးျပဳၿပီး သြားပါေတာ့ ! ငါမင္းကို လုံးဝမွ မႀကိဳက္ဘူး ! ငါက အျပစ္ရွိစိတ္နဲ႔ မင္းကို စာနာခဲ့မိ႐ုံပဲ ! မင္း စိတ္ကူးေတြ သိပ္ယဥ္မေနနဲ႔ .....သြား.... ထြက္သြား ! ထြက္သြား ! ငါမင္းနဲ႔ မေသခ်င္ဘူးလို႔ သြားေတာ့ေလ ! ! "
ကၽြန္ေတာ္ စကားလုံးမ်ားႏွင့္ ရန္ခ်င္းကၽြမ္းအား ႏွင္လႊတ္ပါေသာ္လည္း အက်ိဳးကေတာ့ သိပ္မေကာင္းေပ။
" ငါေျပာၿပီးသား ၊ ငါမင္းကို ထပ္ၿပီး ထားခဲ့မွာမဟုတ္ဘူး "
သူက တသြင္သြင္စီးက်ေနေသာ မ်က္ရည္မ်ားကို သုတ္ေပး၍ ညင္သာစြာဆို၏။
ယေန႔၌ သူဟာ ဆုတံဆိပ္ဆြတ္ခူးခဲ့ၿပီး သူႏွင့္ထိုက္တန္ေသာ ဂုဏ္ကိုရရွိခဲ့သည္။ ယခုကစၿပီး သူ႔ဘဝဟာ ေခ်ာေခ်ာေမြ႕ေမြ႕ ရြက္လႊင့္နိုင္ေတာ့မည္ျဖစ္ကာ ဒီထက္ပိုၿပီး မုန္တိုင္းထန္ေတာ့မည္မဟုတ္။
ယေန႔မွ ဆုရခဲ့တာကို ၊ ဤ လူသူကင္းမဲ့သည့္ အေဆာက္အအုံထဲမွာ ကၽြန္ေတာ္ႏွင့္အတူ ေသရေတာ့မည္တဲ့။အေစာကတည္းက ၾကာၾကာရွင္နိုင္မွာ မဟုတ္ေတာ့တဲ့လူ... ကၽြန္ေတာ္ႏွင့္တဲ့။
ၿခံဝင္းထဲက ေျခာက္လပန္းႏွင့္ႏွင္းဆီမ်ားလည္း ေနာက္ႏွစ္မွာ ပြင့္နိုင္ေတာ့မွာမဟုတ္ေပ။ သိခဲ့မည္ဆိုပါက ၎တို႔ကို ႀကိဳးစားပမ္းစားစိုက္ၿပီး အားအင္ေတြ ျဖဳန္းမိခဲ့မွာမဟုတ္။
အကယ္၍ ကၽြန္ေတာ္သာသိခဲ့ရင္....သိခဲ့မယ္ဆိုရင္... မေန႔တုန္းက သူ႔ကို ပိုၿပီး နမ္းရွိုက္ခဲ့မိမွာ။ ဒါမွ သူ စိတ္မဆိုးေတာ့ပဲ ၊ ကၽြန္ေတာ္တို႔ မေျပလည္ေသးခင္ ေသကိန္းဆိုက္ေတာ့မွာကို ေစာင့္မေနရေတာ့မွာပင္။
သူထြက္သြားတုန္းကလဲ ကၽြန္ေတာ္ သူ႔ကို ဖက္ခဲ့သင့္တာ။ သူ႔ကို ဂုဏ္ျပဳပါတယ္လို႔ ေျပာခ်ိန္ေလးပင္ မရွိခဲ့။နဂိုတုန္းက သူ႔ဆုတံဆိပ္ေလးကို ထိၾကည့္ခ်င္ေပမယ့္ လက္ရွိမွာေတာ့ အဲ့ဒါေလးက တန္ဖိုးႀကီးပစၥည္းတစ္ခုသာျဖစ္လာခဲ့ၿပီပင္။
ေရတြက္သည္က ၁၀စကၠန႔္သာက်န္ေတာ့သည္မို႔ က်င္ခ်န္ယြီကေတာ့ ပါတီေပးေနေခ်ၿပီ။
" ရင္ထဲထိရေလာက္တဲ့အခ်စ္ဒရာမာေလး ၿပီးဆုံးပါေတာ့မယ္။ အပိတ္သီခ်င္းေလးကို တိတ္တိတ္ေလး ခံစားလိုက္ၾကရေအာင္ "
တစ္ဆယ္မွ စတင္ေရတြက္၍ သူဟာ စိတ္လွုပ္ရွားစြာျဖင့္ ဂဏန္းမ်ားကို တစ္လုံးၿပီးတစ္လုံး ရြတ္ဆိုလာသည္။
" ေလာင္းေၾကးခ်မယ္။ "
ရန္ခ်င္းကၽြမ္းက တိုင္မာႏွင့္ ခ်ိတ္ထားေသာ ဝိုင္ယာႀကိဳး အဝါကို ေရြးလိုက္ၿပီး သူ႔လက္ေခ်ာင္းဖ်ားမ်ားႏွင့္ လိမ္ယူ၍ ကၽြန္ေတာ့္ကိုေမာ့ၾကည့္လာသည္။
ေနာက္ဆုံး စကၠန႔္ပိုင္းအတြင္း၌ ကၽြန္ေတာ္တို႔ဟာ ေနာင္ဘဝတြင္ ဘယ္ေတာ့မွ မေမ့ဖို႔ရန္ အခ်င္းခ်င္း၏ ပုံပန္းသြင္ျပင္ကို စိတ္ထဲမွာ ေလ့က်က္ထြင္းထုေနသကဲ့သို႔ ဘာစကားမွ မဆိုပဲ တစ္ေယာက္ကိုတစ္ေယာက္ စူးစူးစိုက္စိုက္ ၾကည့္ေနမိၾက၏။
အားႏွင့္ေဆာင့္ဆြဲၿပီး ရန္ခ်င္းကၽြမ္းက ဝိုင္ယာႀကိဳးကို ျဖဳတ္ပစ္လိုက္သည္။
ကၽြန္ေတာ့္မ်က္လုံးစြန္းေတြ သိမ့္ခနဲ႔ျဖစ္သြားၿပီး ႏွုတ္ခမ္းသားမ်ားလည္း ျပန႔္ရန႔္သြားလ်က္။
ေရတြက္ျခင္းက ဇီးရိုးျပန္ျဖစ္သြားခဲ့သည္။
ေမၽွာ္လင့္ထားေသာ ေပါက္ကြဲမွုလဲ ျဖစ္မလာေပ။ တိုင္မာက ဘိထ့္ကနဲ႔ျမည္၍ ႏွစ္ခ်က္လင္းသြားၿပီး " 0 " ေလးခုျဖင့္ အေျခက်သြား၏။
" အိုး ? မင္းတို႔ေတြ တကယ္ပဲ မွန္မွန္ကန္ကန္ေရြးခ်ယ္နိုင္ခဲ့တယ္ "
က်င္ခ်န္ယြီ၏ အသံမွာ ၾကားဝင္ေႏွာင့္ယွက္ခံလိုက္ရရ၍ မၾကည္မလင္ျဖစ္သြားသည့္ ခံစားခ်က္တို႔ျဖင့္ အႏၲရာယ္မ်ားလာ၏။
ေသဖို႔ရာ အျပည့္အဝ ျပင္ဆင္ထားေသာေၾကာင့္ ေမၽွာ္လင့္ခ်က္ေတြကို ေအာက္ဆုံးမွာပဲ သိမ္းထားမိ၍ ျဖစ္ေကာင္းျဖစ္နိုင္သည္။ သုံးမ်ိဴးထဲမွ မွန္ကန္ေသာ ေရြးခ်ယ္မွုျဖစ္ေၾကာင္း သိလိုက္ရသည္ႏွင့္ ကၽြန္ေတာ္ဝမ္းသာအယ္လဲမျဖစ္မိ။ မယုံၾကည္နိုင္႐ုံသာရွိခဲ့သည္။
ေရြးခ်ယ္မွု မွန္ခဲ့တယ္ ? ေသစရာ.....မလိုေတာ့တာလား ?
သို႔တိုင္ ကၽြန္ေတာ္ မေပ်ာ္နိုင္ေသးခင္ က်င္ခ်န္ယြီက ေရခဲတစ္ပုံးေလာင္းခ်လိုက္ေလသည္ :
" တိုင္မာရပ္လိုက္႐ုံနဲ႔ အလြယ္ေလးရသြားၿပီ မထင္လိုက္နဲ႔။မင္းတို႔ ေနာက္ထပ္ ေဖာက္ခြဲေရးႀကိဳးကို ေရြးဖို႔လိုေသးတယ္။ ဒီတစ္ခါေတာ့ အခ်ိန္ ပိုနည္းသြားလိမ့္မယ္ "
သူေျပာၿပီးသည္ႏွင့္ ျပထားေသာစခရင္ေပၚရွိ နံပါတ္မ်ားက ေျပာင္းလဲသြားကာ ေရတြက္ျခင္းသည္လည္း တစ္ဆယ္မွ စတင္လာ၏။
အက်ပ္အတည္းတစ္ခု ေျဖရွင္းၿပီးသည္ႏွင့္ ေနာက္အက်ပ္အတည္းတစ္ခုက ေပၚလာျပန္၏။ အခ်ိန္နည္းတာမဟုတ္၊ ေတြးဖို႔အခ်ိန္ မရွိတာပင္။ ဝမ္းသာအယ္လဲျဖစ္ရာမွ ဝမ္းနည္းပက္လက္ျဖစ္သြားရသည္မွာ အာ႐ုံေၾကာမ်ားကို အဖန္ဖန္ ႏွိုးဆြေပး၍ စိတ္ခံစားခ်က္မ်ားကို လွုံ႔ေဆာ္ေပးေသာေၾကာင့္ လုံးဝၿပိဳလဲသြားၿပီး အသက္ရွင္လိုစိတ္ကို ဘယ္ေတာ့မွ ျပန္မရရွိေအာင္ ျဖစ္ေစတတ္သည္။ဒါဟာ က်င္ခ်န္ယြီ၏ နည္းလမ္းသည္ေပ။
သို႔ေသာ္ သူသည္ ရန္ခ်င္းကၽြမ္းႏွင့္ ကၽြန္ေတာ့္၏ တိုက္ခိုက္မွု ခံနိုင္ရည္ေတြကို မွားခန႔္မွန္းလိုက္တာပင္။သူက ႏွစ္ေပါင္းမ်ားစြာ လၽွို႔ဝွက္ေနခဲ့ၿပီး ေသေရးရွင္ေရးကို ေဘးခ်ိတ္ထားခဲ့တာၾကာေခ်ၿပီ။ကၽြန္ေတာ္ကလဲ ေရာဂါကၽြမ္းေနၿပီျဖစ္၍ အခ်ိန္မေရြး၊ ေနရာမေရြး ေသသြားနိုင္သည့္ ကံၾကမၼာကို အျပည့္အဝ လက္ခံၿပီးသားျဖစ္၏။
ထို႔ေၾကာင့္ ျပန္လည္ေရတြက္လာသည့္တိုင္ ရန္ခ်င္းကၽြမ္းေရာ ကၽြန္ေတာ္ပါ အရွုံးမေပးခဲ့ၾကပါေခ်။
" မင္း ဘာေရာင္ႀကိဳက္လဲ ? " ရန္ခ်င္းကၽြမ္းက ေနာက္ထပ္ဝိုင္ယာႀကိဳး သုံးေရာင္တြဲကို စိုက္ၾကည့္လ်က္ ဒီတစ္ႀကိမ္မွာေတာ့ ကၽြန္ေတာ့္ကို ေရြးေစ၏။
က်င္ခ်န္ယြီေပးေသာ အရိပ္အႁမြက္က ကၽြန္ေတာ့္စိတ္ထဲ ျဖတ္ခနဲ႔ဝင္လာလ်က္။ သူက အတြဲႏွစ္တြဲ၏ စနက္ဝိုင္ယာႀကိဳးမ်ားသည္ အေရာင္မတူဟု ေျပာခဲ့ေပျငား သူက ကၽြန္ေတာ့္ကို အရိပ္အႁမြက္ေပးေနရေလာက္ေအာင္အထိ အမွန္တကယ္ၾကင္နာနိုင္မည္တဲ့လား ? သူဟာ သူ႔မိသားစု၏ ေသေရးရွင္ေရးကိုပင္ ဂ႐ုစိုက္ခဲ့သူမဟုတ္ေပ။ လက္စားေခ်ေသာအခါသူ႔လမ္းကေနထြက္ၿပီး သူ႔မိသားစုေတြကို ကယ္တဲ့အတြက္ ကၽြန္ေတာ့္ကို ျပန္လည္ ေက်းဇူးဆပ္မည္တဲ့လား ?
ျဖတ္ခနဲ႔ ဉာဏ္ပြင့္သြားၿပီး ကၽြန္ေတာ္ မိမိဘာသာ ဆုံးျဖတ္လိုက္သည္။
" အဝါ ! "
သူေျပာခဲ့တာႏွင့္ ဆန႔္က်င္ဘက္ကို ကၽြန္ေတာ္ ေလာင္းေၾကးထပ္လိုက္သည္။
ရန္ခ်င္းကၽြမ္းက တုံ႔ဆိုင္းမေန။ " အဝါ " ဟု ေအာ္သံကို ၾကားလိုက္သည္ႏွင့္ သက္ဆိုင္ရာဝိုင္ယာႀကိဳးကို ျဖတ္ေတာက္လိုက္၏။ တစ္ခ်ိန္တည္းမွာပဲ နားၾကပ္ထဲမွာ တစ္စုံတစ္ရာအား ေမွာက္ပစ္လိုက္သည့္ အသံထြက္လာကာ ႐ူး႐ူးမူးမူး ဖ်က္စီးသံေတြ လိုက္ပါလာသည္။
" ၿပီးသြားၿပီလို႔ မထင္လိုက္နဲ႔ ! "
က်င္ခ်န္ယြီက တရွုးရွုးႏွင့္ျဖစ္ေနၿပီး ခက္ထန္ေသာစကားမ်ားအား ထြက္ဆိုလာသည္။ " မင္းတစ္သက္လုံး လြယ္လြယ္ေလး ေနသြားနိုင္ဖို႔ မစဥ္းစားနဲ႔ ! ငါ အသက္ရွင္ေနသေရြ႕ မင္းကို ဘယ္ေတာ့မွ ခြင့္မျပဳဘူး ! "
ထို႔ေနာက္ ေခၚဆိုမွု အဆုံးသတ္သြားသည္။
သူ႔ေဒါသေတြ အလုံးစုံျပသလာသည္မို႔ ကၽြန္ေတာ္တို႔ အေလာင္းအစားကို ထပ္မံနိုင္လိုက္ျခင္းေပ။
ေပၚေနေသာ စခရင္က လုံးဝ ျပတ္ေတာက္သြားလ်က္။ရန္ခ်င္းကၽြမ္းက ေပါက္ကြဲမွာမဟုတ္ေတာ့ေၾကာင္း အတည္ျပဳလိုက္၍ ပိုက္နားၾကပ္ကို တပ္ကာ အတြင္းပိုင္းအေျခအေနကို သတင္းပို႔လိုက္၏။
" EOD သမားကို ဝင္ခိုင္းလိုက္ "
ႏွစ္မိနစ္ခန႔္အၾကာတြင္ ႀကီးမားေသာပစၥည္းကိရိယာမ်ား ဝတ္ဆင္ထားသည့္ EODသမားက တံခါးကို တြန္းဖြင့္ၿပီး ျဖည္းျဖည္းခ်င္း ဝင္လာခဲ့သည္။
တစ္ဖက္လူက ရန္ခ်င္းကၽြမ္းကို အရင္ထြက္ခိုင္း၏။ သူ ဗုံးကို မဖယ္ခင္ ေနာက္ဆက္တြဲ ေပါက္ကြဲနိုင္ေသာ အႏၲရာယ္ ရွိမရွိ ၾကည့္ဖို႔လိုအပ္ေသးေၾကာင္း ေျပာျပသည္။
ရန္ခ်င္းကၽြမ္းက ေခါင္းယမ္း၍ တစ္စစီျဖဳတ္ဖို႔သာေျပာေလသည္။
EODသမားမွာ ေရြးစရာမရွိေတာ့ေသာေၾကာင့္ ဘာမွ မဆိုေတာ့ပဲ စတင္လုပ္ရေတာ့သည္။
ကၽြန္ေတာ့္ကိုယ္ေပၚက ဗုံးကိရိယာကို စစ္ေဆးၿပီး ၊ ဝိုင္ယာႀကိဳးေတြ ျပဳတ္သြားမွန္း အတည္ျပဳ၏။ ၿပီးလၽွင္ သူက ပစၥည္းကိရိယာေတြကိုထုတ္ကာ နည္းနည္းခ်င္း ႀကိဳးေတြကို ျဖတ္ေတာက္ေလသည္။ ဗုံးအား လုံးလုံးလ်ားလ်ား " ခြာယူ " ၿပီးမွ သူဟာ အဝတ္တစ္စႏွယ္ သတိထားၿပီး ေကာက္ယူလိုက္လ်က္။
ရန္ခ်င္းကၽြမ္းက လက္ထဲမွာ ေဖာက္ခြဲ-ခံပုံးကို ကိုင္ထားၿပီး ေဘးနားတြင္ ေစာင့္ေနၿပီျဖစ္သည္။EODက ဗုံးကို ၎ထဲထည့္လိုက္ၿပီး အဖုံးကို ဝက္အူတင္းေနေအာင္က်ပ္လိုက္၏။
" ေဘးကင္းၿပီ "
EODသမားက ထိုစကားႏွစ္လုံးကိုေျပာလိုက္ခ်ိန္ ထိုင္ခုံမွာ ထိုင္ေနေသာကၽြန္ေတာ့္ကိုယ္ဟာ ပို၍ပင္ ေပ်ာ့က်သြားကာထိန္းမရေတာ့ပဲ ေလၽွာက်ခါနီးျဖစ္သြား၏။
ရန္ခ်င္းကၽြမ္းသည္ ကၽြန္ေတာ့္လက္ေမာင္းတစ္ဖက္ကို ဆုပ္ကိုင္၍ အိမ္ထဲကေနအလ်င္အျမန္ ဆြဲထုတ္လာခဲ့၏။
ဝင္းဝင္းေတာက္ေနေသာ ေနက ကၽြန္ေတာ္တစ္ကိုယ္လုံး လႊမ္းျခဳံသြားလ်က္။ ကၽြန္ေတာ္ မ်က္လုံးေတြ ေမွးစင္းလိုက္ရင္း အလြန႔္အလြန္ေႏြးျမလာသလို ခံစားရသည္။
" မင္း ဒီမွာ ခဏေနခဲ့ဦး " ရန္ခ်င္းကၽြမ္းက ကၽြန္ေတာ့္ကို လူနာတင္ကားထဲပို႔ေပး၍ ကၽြန္ေတာ့္ေခါင္းေနာက္ကို ကိုင္ကာ နဖူးမွာ အနမ္းတစ္ပြင့္ အျမန္ဖိကပ္လိုက္၏။ ထို႔ေနာက္လွည့္ကာ အလ်င္စလို ထြက္ခြာသြားေလသည္။
ကၽြန္ေတာ္ဟာ အမ်ားစုမွ ျခစ္မိ႐ုံသာ၊ မစိုးရိမ္ရေပ။လူနာတင္ယာဥ္ထဲမွာ ရိုးရိုးတန္းတန္းပိုးသတ္ပတ္တီးစိးေပးၿပီးသည့္ေနာက္ ကၽြန္ေတာ္ ေရ အနည္းငယ္ထည့္လိုက္၏။ လူအုပ္ကိုျဖတ္၍ အေဝးမွသည္ ရန္ခ်င္းကၽြမ္းတစ္ေယာက္ တံခါးဖြင့္ထားေသာ အနက္ေရာင္သံခ်ပ္ကာအဖြင့္ယာဥ္ေရွ႕မွာ ရပ္ေနတာကို ေတြ႕လိုက္ရာ ကၽြန္ေတာ္ထ၍ သူ႔ကို သြားရွာလိုက္သည္။
"...... ေနာက္က် ငါ ဝဘ္ဆိုဒ္အဝင္ကို ပိတ္လိုက္ၿပီး တိုက္ရိုက္ထုတ္လႊင့္တဲ့ အခန္းထဲ ေနာက္ထပ္လူေတြကို ဝင္ခြင့္မေပးေတာ့ဘူး။ တစ္ေယာက္ေယာက္က ဗြီဒီယိုကို ေဒါင္းလုဒ္လုပ္မယ္ဆိုရင္ ဗိုင္းရပ္စ္ေတြကိုပဲ ေဒါင္းလုဒ္လုပ္မိလိမ့္မယ္ "
ယန္ရႊမ္းက ကားထဲမွာ ထိုင္လ်က္ ကီးဘုတ္ကို လက္ေခ်ာင္းေတြ ပ်ံသန္းေတာ့မတတ္ ဆက္တိုက္ႏွိပ္ေန၏။
" သူ ဘယ္မွာလဲ မင္းရွာနိုင္လား ? " ရန္ခ်င္းကၽြမ္းက ေမး၏။
" သူက Dark Webမွာ တိုက္ရိုက္ထုတ္လႊင့္ဖို႔ေရြးခဲ့ေတာ့ လြယ္လြယ္မရွာနိုင္ဘူး။ ကုဒ္ဝွက္နည္းပညာေပါင္းေျမာက္ျမားစြာနဲ႔ေတာင္ သူ ခ်ဳန္းဟိုင္က ထြက္မသြားရေသးဘူးဆိုတာပဲ ငါအတည္ျပဳနိုင္တယ္ "
လက္ထဲမွာ ေရသန႔္ဘူးေလးကိုင္ရင္း ကၽြန္ေတာ္ သူတို႔ႏွစ္ေယာက္ထံ ခ်ဥ္းကပ္သြားလိုက္၏။
" က်င္ခ်န္ယြီ....ငါ ၊ ငါ သူဘယ္မွာလဲ သိေလာက္တယ္ "
ထိုအခိုက္ ရန္ခ်င္းကၽြမ္းႏွင့္ ယန္ရႊမ္းက ၿပိဳင္တူ လွည့္ၾကည့္လာခဲ့သည္။
" မင္း သိတယ္ ? " ရန္ခ်င္းကၽြမ္းက မေမၽွာ္လင့္သလို ဆိုလာသည္။
ကၽြန္ေတာ္ ေခါင္းညိတ္ျပလိုက္၍ :
" ခ်ဳန္းဟိုင္ ကုန္စည္ပို႔ေဆာင္ေရးဂိတ္နားမွာ။ ငါ ကုန္စည္ပို႔ေဆာင္ေရး ဆိပ္ခံတံတားနဲ႔ မ်က္ႏွာခ်င္းဆိုင္က ေခါင္းေလာင္းႀကီးရဲ့အသံကို ၾကားလိုက္ရတယ္ "
အဆိုပါ သံစုံနာရီႀကီး၌ ႏွစ္ေပါင္းတစ္ရာေက်ာ္ သမိုင္းရွိၿပီး ခ်ဳန္းဟိုင္၏ ကထင္ကရ မွတ္တိုင္တစ္ခုျဖစ္၏။ ၎သည္နယ္လွည့္ခရီးသြားမ်ားအတြက္ စံျပဝင္ေရာက္ရာ ေနရာျဖစ္ကာ အားလပ္ရက္မ်ားအတြင္းဆိုလၽွင္ မီးေတြကလဲ အလ်င္းသင့္သလို ေျပာင္းလဲေနတတ္သည္။
ကၽြန္ေတာ္တို႔ ေကာလိပ္တက္စဥ္က နန္ရွန္သည္ ခရစၥမတ္ေရာက္တိုင္း နာရီေအာက္မွာ အခ်ိန္ေရတြက္ဖို႔ အျမဲတေစဆြဲေခၚတတ္၏။ဘြဲ႕ရၿပီး သူႏွင့္ ဖန္းေလာ့စူးတို႔ အတူေနၾကခ်ိန္မွ ကၽြန္ေတာ့္ကို မေခၚေတာ့တာပင္။ မည္သို႔ျဖစ္ေစ ကၽြန္ေတာ္ကေတာ့ ဒီအက်င့္ကို ခဏမၽွ မေျပာင္းနိုင္ျဖစ္ခဲ့ၿပီး ႏွစ္တိုင္းႏွစ္ ထိုေနရာသို႔သြားျဖစ္တုန္းျဖစ္တာေၾကာင့္ ၎၏ ေခါင္းေလာင္းသံမ်ားႏွင့္ရင္းႏွီးေနတာျဖစ္၏။
" ေခါင္းေလာင္းသံၾကား႐ုံနဲ႔ သူက အဲ့ဒီမွာရွိေနမယ္လို႔ မင္း ေသခ်ာတယ္လား ? "
ယန္ရႊမ္းက ခဏရွာကာ စခရင္ကို လွည့္ျပလာသည္။
" ခ်ဳန္းဟိုင္ရဲ့ သံစုံေခါင္းေလာင္းနာရီေတြက သိပ္မမ်ားေပမယ့္ ၂၃ခုရွိတာေလ။ "
ကၽြန္ေတာ္ကနားကို ပုတ္ျပရင္း သူမကိုရွင္းျပလိုက္သည္ :
" ေခါင္းေလာင္းသံတစ္ခုစီတိုင္းက မတူဘူး။ Celloတစ္လုံးစီတိုင္းမွာ သူတို႔ ပင္ကိုဝိေသသေတြရွိၾကသလိုမ်ိဴးပဲ "
တျခားအရာေတြကို အာမမခံနိုင္ေသာ္လည္း ကၽြန္ေတာ္ အသံႏွင့္ပတ္သတ္လၽွင္ေတာ့ ယုံၾကည္ခ်က္အျပည့္ရွိေနဆဲပင္။
ယန္ရႊမ္းက သေဘာေပါက္သြား၏ : " ဂီတပညာရွင္ရဲ့အၾကားစြမ္းရည္ေပါ့ "