လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အ...

By BaeChocolate

81.6K 3.7K 319

ဆင်းရဲတဲ့ဘဝကနေ ရုန်းထွက်ချင်လို့ မော်ဒယ်လ် ဖြစ်ဖို့ ကြိုးစားနေတဲ့ "လာဗန်ဒါ " ခေါ် "အချစ်ပန်း" ဆိုတဲ့ ကောင်မ... More

လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်း - ၁
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း-၃
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း-၄
လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်း - ၅
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း-၆
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၇
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၈
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၉
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း -၁၀
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၁
လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်း -၁၂
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၃
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၄
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၅
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၆
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၇
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၈
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၉
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၂၀
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၂၁
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၂၂
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း -၂၃
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း -၂၄
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၂၅
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၂၆
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၂၇

လေပြေညှင်းလေး တိုးဝှေ့ခဲ့သော အချစ်ပန်း - ၂

2.9K 84 2
By BaeChocolate

လေပြေညှင်းလေး တိုးဝှေ့ခဲ့သော အချစ်ပန်း - ၂

"ဒုဥက္ကဌလာပါပြီ"
မီတင်ခန်းရဲ့တံခါးဝမှ အစောင့်တစ်ယောက်အသံကြောင့် အခန်းထဲမှာရှိတဲ့ မန်နေရာဂျာအပါဝင် မော်ဒယ်လ်၃ယောက် လှုပ်လှုပ်ရှားရှားဖြစ်သွားလေသည်။
လျင်မြန်နဲ့နှုန်းနဲ့ ထည်ဝါခန့်ငြားတဲ့ပုံရိပ်တခုက မီတင်ခန်းရဲ့ရှေ့ဆုံးထိုင်ခုမှာနေရာယူပြီးဖြစ်သည်။
အချစ်ပန်း တွေးမိတာက
" ဒီလူက နတ်ဘုရားတွေထုဆစ်ထားသလိုပဲ ချောမောလိုက်တာ။ ငေးရတာ မျက်တောင်တောင် မခတ်ချင်တော့ဘူး"
သူမလိုပဲ ဘေးမှာထိုင်နေတဲ့ နှစ်ယောက်လည်း ငေးနေမှာ အသေအချာပါပဲ။
ပြီးတော့ ဒီလူ့ရဲ့အသံက ဩဇာပါသည် မကျယ်လွန်းတဲ့အသံက ဘေးကလူတွေနားထောင်ချင်လောက်အောင် စွဲဆောင်မှုရှိလေ၏။
" အားလုံးကို ထရိန်နင်ကာလမှာ အသေချာကြိုးစားဖို့တိုက်တွန်းချင်ပါတယ်။ ပင်ပန်းရတယ်ဆိုပေမယ့် ပင်ပန်းတာနဲ့ထိုက်တဲ့အောင်မြင်မှုမျိုးရအောင် The Universeကပံ့ပိုးပေးမှာပါ"
သူမတို့နဲ့မိတ်ဆက်ပြောဆိုပြီးတာနဲ့ ဒုဥက္ကဌ အနန္တနဲ့ သူရဲ့အတွင်းရေးမှူးတို့ကထွက်သွားပြန်သည်။
ထရိန်နင်ကာလအတွင်း Body buildingလုပ်ရတာ အခက်ဆုံးဖြစ်သည်။ အစားအသောက်မက်သော အချစ်ပန်းမှာ ရှောင်ရတာတွေများလွန်းလို့စိတ်ညစ်ချင်နေရသည်။ ကြိုးစားရသည်နှင့်တန်စွာ သုံးလအတွင်းမှာတော့ ခန္ဓာကိုယ်ပုံစံတော်တော်လေးလှလာပါသည်။ ကျန်သည့်အချိန်တွေတော့ လမ်းလျှောက်တာနဲ့ ဖက်ရှင်တွေအကြောင်းလေ့လာကြရသည်။ အချစ်ပန်း၊ အော်ဒိုရာနဲ့ ဝိုင်း တို့သုံးယောက်လည်း ညီမတွေသူငယ်ချင်းတွေလို ခင်မင်သွားကြသည်။ အော်ဒိုရာနဲ့ဝိုင်းတို့ရဲ့မိသားစုက အသင့်အတင့်ချမ်းသာသော မိသားစုတွေဖြစ်တာကြောင့် အားချိန်တွေ သူတို့အိမ်ကလာခေါ်သွားတတ်ပါ၏။ အချစ်ပန်းတော့ မမဆီပြန်ချင်ပေမယ့် လမ်းခရီးစားရိတ်များတာရော၊ ဟိုမှာ မမဆီမှာကပ်မစားချင်တော့တာရောကြောင့် မပြန်ဖြစ်ပေ။ မမဆီကိုတော့ အားချိန်တွေ ဗွီဒီယိုကောခေါ်ပြီး အလွမ်းဖြေလေ့ရှိသည်။ ဒီနေ့လဲ အားချိန်ဖြစ်တာကြောင့် အိပ်ယာထဲမှာပဲ ဖက်ရှင်အကြောင်းနဲ့ Catwalkလမ်းလျှောက်နေတဲ့ ဗွီဒီယိုတွေကြည့်နေရင်း အချိန်ဖြုန်းလိုက်လေ၏။ မခေါ်စဖူး ဖုန်းခေါ်လာသော ကြီးမြင့်ကြောင့် အချစ်ပန်း အနည်းငယ်တော့ အံဩရပါသည်။ ဖုန်းကို ကိုင်းလိုက်ရင်း
"ဟလို ကြီးမြင့်"
" အချစ်ပန်းလား ကြီးမြင့်ပါ"
"ကြီးမြင့်ဖုန်းကိုမှတ်ထားပါတယ် မမဆီ ခေါ်လို့မရရင် ကြီးမြင့်ကိုခေါ်လို့ရအောင်လို့လေ"
" ဟုတ်လား ကြီးမြင့်ပြောစရာရှိလို့ အချစ်ပန်း"
" ဟုတ်ကဲ့ ကြီးမြင့်ပြောပါ"
" မိုးသွန်းလေ........................."
ဆက်မပြောပဲ တိတ်ဆိတ်သွားသော ကြီးမြင့်ကြောင့် အချစ်ပန်းစိုးရိမ်သွားသည်။
" မမ ဘာြဖစ်လို့လဲ ကြီးမြင့်"
ရင်တထိတ်ထိတ်နဲ့ ကြီးမြင့်ရဲ့အဖြေကိုစောင့်နေလိုက်၏။ မမ မိုးသွန်းက မွေးရာပါနှလုံးရောဂါကြောင့် ခဏခဏဖျားတတ်သည်မှာ ပုံမှန်လိုဖြစ်နေလေပြီ။ ဂေဟာမှာတုန်းကအလှူရှင်တွေရှိတာကြောင့် ဆေးခန်း ဆေးရုံကိုပုံမှန်ပြ နိုင်ပေမယ့် ဂေဟာမှထွက်အပြီးမှာတော့ ပြဖြစ်မယ်မထင်ပါ။ နှလုံးရောဂါဆေးတွေက ဈေးကြီးလွန်းသလို ပိုးမွှေးသလိုလူကိုသေချာဂရုစိုက်နိုင်မှ သက်သာသည်။ အချစ်ပန်း ပိုက်ဆံရှာချင်တာလည်း မမကို နှလုံးအစားထိုးကုသပေးချင်တာလဲ အပါအဝင်ပါ။ မမသိရင် စိတ်မကောင်းဖြစ်မှာကြောင့် မပြောပေမယ့် အချစ်ပန်းရဲ့ ရင်ထဲမှာတော့ တစ်ဦးတည်းသောမိသားစုလိုဖြစ်နေတာမို့ သက်သောင့်သက်သာဘဝမှာနေစေချင်ပြီး ရောဂါလည်းသက်သာပျောက်ကင်းစေချင်သည်။ မမ မိုးသွန်းက အချစ်ပန်းအတွက်အရမ်းစဉ်းစားပေးလွန်းသည် နေစရာပေးတဲ့အပြင် သူမကျောင်းတက်ဖို့ပါ ရောဂါကိုမမှုပဲအလုပ်တွေအသားကုန်လုပ်ပြီး ကျောင်းစားရိတ်စုပေးနေမှန်း အချစ်ပန်းသိပေမယ့် မသိချင်ယောင်ဆောင်ပေးခဲ့သည်။ အခုလဲ ရောဂါပြန်ထနေပြီထင်သည်။ စက္ကန့်၃၀လောက်အကြာမှာတော့ ကြီးမြင့်ရဲ့စကားသံကိုကြားလိုက်ရသည်။
"မိုးသွန်း နှလုံးဖောက်ပြီးဆေးရုံရောက်နေတာခုထိပြန်သတိမရလာသေးဘူး"
" ဟင် ဟုတ်လား ကြီးမြင့် ဘယ်အချိန်ဖြစ်သွားတာလဲ"
'၃ရက်လောက်ရှိပြီ ဆေးရုံပေါ်မှာ"
"ချစ်ပန်းကိုဘာလို့ အစထဲကမပြောတာလဲ"
' စိတ်မပူစေချင်လို့ပါ အချစ်ပန်းထွက်သွားပြီးထဲက မိုးသွန်းက သူ့ကိုနောက်ဆံမတင်းမှာစိုးရိမ်နေတာလေ၊ ကြီးမြင့်တို့လဲ သတိပြန်ရလာနိုးနိုးစောင့်နေတာ၊ ခုထိသတိမရလာသေးတဲ့အပြင် ဒေါက်တာတွေကလည်း စိုးရိမ်ရတဲ့လို့ပြောနေလို့လေ"
'အဲ့တာဆို ချစ်ပန်း ခုပြန်လာခဲ့မယ်"
" အချစ်ပန်းရဲ့ အလုပ်က ....."
' ဟင့်အင်း ဒီအလုပ်မလုပ်ရလဲ ဘာမှမဖြစ်ဘူး ထွက်လိုက်မယ်"
" ချစ်ပန်း အခု ကားလက်မှတ်ဖြတ်ပြီးလာခဲ့မယ်"
"အေးအေး ဂရုစိုက်နော်"
ဖုန်းချပြီးသည်နှင့် အချစ်ပန်း မန်နေဂျာမမကိုလိုက်ရှာလိုက်သည်။ ရုံးခန်းထဲမှာကွန်ပျူတာကြည့်နေသော မန်နေဂျာဆီကိုသွားပြီး အရှေ့မှာမတ်တပ်ရပ်လိုက်သည်။
" မန်နေဂျာ"
"အွန်း" သူမကိုမကြည့်ပဲ ကွန်ပျူတာကိုကြည့်ရင်း ထူးလိုက်သည့် မန်နေဂျာမမကိုကြည့်ရင်း

" ဟို ချစ်ပန်းလေး အိမ်ပြန်ချင်လို့" အိမ်ပြန်ချင်လို့ဆိုမှ သူမကိုသေချာစူးစိုက်ကြည့်ရင်း
" မင်း အိမ်က အဝေးကြီးမလား။ နားချိန်လေး မတောက်တခေါက်နဲ့ ပြန်လို့မရဘူးလေ"
" ဟို အချစ်ပန်း မိသားစုဝင်က အသဲအသန်နေမကောင်းဖြစ်ပြီးဆေးရုံရောက်နေလို့ ချစ်ပန်း သွားရမှဖြစ်မှာမို့ပါ"
" Training ကာလမှာ ညအိပ်ခရီးတွေထွက်လို့မရဘူးလေ "
" မဖြစ်မနေပြန်ရမှာမို့ပါ "
" မရဘူးလို့ ပြောပြိးပြီးလေ"
" အဲ့တာဆို ဒီနေထွက်လိုက်ပါမယ်"
"ဘန်း" စကားကိုအားကုန်ရိုက်လိုက်သံကြောင့် အချစ်ပန်း လန့်သွားသည်။
" ထွက်ချင်တိုင်းထွက် ဝင်ချင်တိုင်းဝင်ရအောင် ဇရပ်လား။ စာချုပ်ထဲမှာရှင်းရှင်းလင်းလင်းပြောထားတယ်။ ထွက်မယ်ဆို ကုမ္ပဏီရဲ့ကုန်ကျစားရိတ် ၁၀ဆလျှော်ပြိးမှထွက်လို့ရမှာ။ ဘယ်လိုလဲထွက်မှာလား"
အချစ်ပန်းပြောစရာစကားတို့မရှိတော့ပေ။ မပြန်လို့လဲမဖြစ်။ အချစ်ပန်းဝမ်းနည်းမှူတို့လှိုက်တက်လာပြီး မျက်ရည်တွေက မျက်ဝန်းအတွင်း ပြည့်လျှံလာသည်။
" ကျေးဇူးပြုပြီး မန်နေဂျာရယ် အခြေအနေလေးသိပြီးရင် တောက်လျှောက်ပြန်လာမှာပါ၊ မကြာစေရပါဘူး မနက်ဖြန်ညပိုင်းပြန်လာပါ့မယ်၊ ချစ်ပန်းမှာ မိသားစုဆိုလို့ မမတစ်ယောက်ပဲရှိလို့ပါ"
အချစ်ပန်းတောင်းပန်သံနဲ့ပြောတော့မှ
" ဒီကိစ္စက ငါကိုယ်တိုင်ဆုံးဖြတ်လို့ရတာမဟုတ်ဘူး၊ Boss ရဲ့ခွင့်ပြုချက်ရရင်တော့သွားလို့ရမယ်ထင်တယ်"
" အဲ့တာဆို မန်နေဂျာရယ် ကျေးဇူးမမေ့ပါဘူး ပြောပေးပါဦး"
" ဟင်း နင်တို့အရမ်းရှုပ်တာပဲ ငါဖုန်းဆက်ကြည့်လိုက်မယ်"
ဖုန်းကို ကောက်ကိုင်ရင်း နံပါတ်နှိပ်နေသော မန်နေဂျာကိုကြည့်ရင်း ပြန်လို့ရပါစေလို့ ဆုတောင်းနေမိသည်။
" ဟဲလို အတွင်းရေးမှူးနောင်ရိုးလား"
"................"
" ဒီက ထရိန်နင် သင်တန်းသားတစ်ယောက်က မိသားစု ကျန်းမာရေးကြောင့် အိမ်ခဏပြန်ချင်လို့တဲ့ အချိန်၂ရက်လောက်ပဲတဲ့"
".................................."
" ဟုတ် အမည်က လာဗင်ဒါပါ"
" ........................."
"ဟုတ်ပါပြီ စောင့်နေလိုက်ပါမယ်"
ဖုန်းချသွားတော့ အချစ်ပန်း မန်နေဂျာကို မျှော်လင့်ချက် မျက်ဝန်းတွေနေကြည့်နေလိုက်လေ၏။
" ခဏနေပြန်ဆက်မယ်တဲ့ ဒုဥက္ကဌကိုတင်ပြရဦးမှာမို့တဲ့"
" ဟုတ်ကဲ့"
စောင့်ရတဲ့ ၃ မိနစ်လောက်က ၃နှစ်လောက်ကြာတယ်ထင်ရလေသည်။ အချစ်ပန်း မန်နေဂျာရဲ့ကိုဖုန်းကိုပဲ မျက်တောင်မခတ်တမ်းစိုက်ကြည့်နေ နေလိုက်သည်။ ထိုစဉ် ဝင်လာသော ဖုန်းနံပါတ်ကိုကြည့်ရင်း စိတ်လှုပ်ရှားရတာက အချစ်ပန်းပါ " ပြန်လို့ရပါစေ ပြန်လို့ရပါစေ" စိတ်ထဲ အထပ်ထပ်အခါခါဒီဆုကိုပဲတောင်နေလိုက်သည်။
" .............................."
" ဟုတ်ပါပြီ ကျေးဇူးပါ ပြောလိုက်ပါ့မယ်"
ဖုန်းကိုချလိုက်ပြီး မန်နေဂျာက သူမကိုကြည့်လိုက်ရင်း
" ဒီနေ့နဲ့မနက်ဖြန်ပဲ အချိန်ရမယ်၊ သဘက်ခါသေချာပေါက်ပြန်လာရမယ် မလာရင်တော့ စာချုပ်ပျက်ပျယ်ပြီး ငွေဆယ်ဆလျော်ရမယ်၊ သဘက်ခါမပြန်လာနိုင်ရင် တရားရုံးကဆင့်ခေါ်စာကိုပဲစောင့်နေလိုက်ပါတဲ့"
" ဟုတ် ကျေးဇူးပါ မန်နေဂျာ ချစ်ပန်းသေချာပေါက်ပြန်လာပါမယ်"
မန်နေဂျာကိုပြောပြီးသည်နှင့် သူမအခန်းရှိရာပြေးလာလိုက်သည်။ အဝတ်၂စုံကိုပဲကျောပိုးအိတ်ထဲထည့် ပိုက်ဆံအိတ်သေချာစစ်ပြီးတာနဲ့ ကားဂိတ်သို့ထွက်ခဲ့လေတော့သည်။
ည ၁၁ မှ အချစ်ပန်းတို့မြို့ငယ်လေးက ဆေးရုံကိုရောက်တော့သည်။ ဆေးရုံပေါက်ဝမှာ ကြီးမြင့်တို့ကစောင့်နေပြီး အချစ်ပန်းကို မမရှိရာအခန်းဆီသို့ပို့ပေးလေတော့သည်။ ဆေးရုံကုတင်ပေါ်မှာ အောက်ဆီဂျင်ပိုက်တွေထပ်ထားသော မမက သိသိသာသာပိန်သွားပြီးဖြူဖျော့နေလေ၏။ ဒီမြင်ကွင်းက အချစ်ပန်းရဲ့ နှလုံးသားကို ဆွဲညှစ်နေသလိုနာကျင်ရပါသည်။ ခဏနေတော့ ဒေါက်တာရောက်လာပြီး အခြေအနေကိုရှင်းပြလေသည်။ မမနှလုံးကတော်တော်လေးမကောင်းဖြစ်နေပြီး အလုပ်လဲကောင်းကောင်းမလုပ်နိုင်တော့တာကြောင့် အစားထိုးကုသမှ အသက်ရှင်နိုင်မည်ဖြစ်သည်တဲ့။ အစားထိုးဖို့ နှလုံးကလဲ အဆင့်သင့်ရှိမနေသေးဘူးဆိုရင် ဆေးရုံမှာစက်ကိရီယာအကူအညီနဲ့မှ အသက်ဆက်နိုင်မည်။ ပြီးတော့ အဲ့ဒီစက်က ဒီကဆေးရုံမှာ တလုံးပဲရှိတာကြောင့် Kမြို့တော်ကဆေးရုံကြီးကိုရွေ့ရမည်တဲ့လေ။ အချစ်ပန်းမှာစဉ်းစားဖို့အချိန်အလုံအလောက်မရှိပေ။ သူမတို့အိမ်ခန်းလေးဆီပြန်ပြီး မမရဲ့စုငွေလေးတွေ ATMမှထုတ်လိုက်လေသည်။ ပြီးတော့ ကြီးမြင့်တို့ကို နှုတ်ဆက်ပြီး K မြို့တော်ကဆေးရုံဆီ ညတွင်းချင်းပြောင်းခဲ့ရသည်။
မမကိုကြည့်ဖို့ သူနာပြုတစ်ယောက်လိုတာမို့ သူမရဲ့စုငွေထဲကနေ တလစာငှားထားလိုက်သည်။ ဆေးရုံစားရိတ်ကို လဝက်စာချေအပြီးမှာတော့ သူမဆီ မူးလို့ရှူဖို့တောင်ပိုက်ဆံမရှိတော့။ တခုစိတ်အေးရတာက Kမြို့တော်က ဆေးရုံမှာဆိုတော့ သူမအားချိန်တွေဆို မမဆီလာကြည့်ပေးလို့ရလေ၏။ သူနာပြုကို သူမဖုန်းနံပါတ်ပေးပြီး ကုမ္ပဏီကိုပြန်လာလိုက်လေသည်။ အိပ်ခန်းထဲရောက်သည်နှင့်ကုတင်ပေါ်လှဲလိုက်ပြီး ဆေးကုစားရိတ်ကိုဘယ်လိုရှာရမလဲစဉ်းစားနေလိုက်သည်။ အကြံမရတာအတူတူ ပင်ပန်းတာမို့အိပ်ပစ်လိုက်သည်။
"လာဗင်ဒါ လာဗင်ဒါ ထထ ညနေကြီး အရမ်းအိပ်လို့ခေါင်းကိုက်နေလိမ့်မယ်"
" ဟင် ဝိုင်း လေ့ကျင့်တာပီးသွားပီလား"
' ပြီးပြီး နင်ခွင့်ယူထားတယ်ပြောလို့ အံဩနေတာ ခါတိုင်း ဂေါ်နဲ့ကော်ထုတ်တောင်မပြန်တဲ့သူက ခွင့်ယူလိုက်လို့လေ"

" အင်း ငါ့မမ ကျန်းမာရေးမကောင်းလို့လေ"
" ခုရော အခြေအနေဘယ်လိုလဲ"
" ဆေးရုံမှာ သတိမရသေးဘူး"
" ဟယ် ဟုတ်လား စိတ်မကောင်းပါဘူး မြန်မြန်နေပြန်ကောင်းလာဖို့ ဆုတောင်းပေးတယ်နော်"
" ကျေးဇူးပါ"
ဝိုင်းနဲ့အော်ဒိုရာ ရေချိုးထွက်သွားတော့ သူမဖုန်းကိုဖွင့်ကြည့်လိုက်ရင်း အလုပ်များရှာဖွေရာ၊ ချေးငွေလုပ်ငန်းတွေလိုက်ရှာကြည့်နေလိုက်သည်။
.............................................................................................................................................................
" ဒါ ဒုဥက္ကဌ လိုချင်တဲ့ ကျန်းမာရေးစစ်ဆေးချက်ပါ"
ရောက်လာသော ကျန်းမာရေးမှတ်တမ်းကိုသေချာပြန်ဖတ်ကြည့်နေလိုက်သည်။ ဘီပိုး၊စီပိုး၊အေအိုင်ဒီအက်စ်နဲ့အခြားကူးစက်ရောဂါတွေ နက်ဂေးတစ်တဲ့ ။ ပြီးတော့ ကျန်းမာရေးကောင်းသူဖြစ်ကြောင်း မှတ်ချက်မှာပါလေသည်။ ရလဒ်ကို သူကျေနပ်သွားပြီး
" ငါပြောတဲ့အချက်တွေ သေချာစာချုပ်ထဲမှာထည့်ရေးပါ၊ ပြီးတာနဲ့ သူမဆီသွားပြီးညှိနှိုင်းလိုက်၊ အခုချိန်က "နိုး"လို့ပြောနိုင်မယ့်အချိန်မဟုတ်ဘူး။ သူမအတွက် ကူညီရာရောက်ပါတယ်"
" ဟုတ်ကဲ့ ကျနော်သေချာလုပ်ပေးပါ့မယ်"
" အဲ့ဒါဆိုသွားလို့ရပြီ"
" ဟုတ်ကဲ့"
နောင်ရိုးထွက်သွားသည်နှင့် သူ အသစ်ထွက်မည့်ရေမွှေးပရောဂျက်ကိုအသေးစိတ်ပြန်စစ်ကြည့်နေလိုက်သည်။ အထူးနည်းပညာနဲ့စိုက်ပျိုးထားတဲ့ လာဗင်နာပန်းတွေကိုအသုံးပြုပြီး ယောကျာ်းလေးသုံး၊ မိန်းကလေးသုံးရေမွှေးထုတ်မည်ဖြစ်သည်။ ရေမွှေးနာမည်က trap in Lavender လို့အမည်ပေးထားတာဖြစ်သည်။ ပြီးတော့ ကမ္ဘာ့ဈေးအကြီးဆုံးရေမွှေးအဖြစ်မှတ်တမ်းဝင်ဖို့လဲခန်းမှန်းထားသည်။ လာဗင်ဒါပန်းတွေက အထူးစိုက်ပျိုးရပြီးဈေးလည်းကြီးသည် လိုသလောက်လည်းမရတာမို့ ယခုရေမွှေးက Limited Perfurmလည်းဖြစ်မည်ဖြစ်သည်။ ၁၀၀ရာခိုင်နှုန်းပန်းစစ်ကနေထုတ်လုပ်မှာဖြစ်လေသည်။ ကြော်ငြာဖို့ မော်ဒယ်လ်ကိုမျက်နှာအသစ်ထဲကပဲ သုံးချင်သည်။ ခုထိ အနန္တ ရဲ့မျက်လုံးထဲက မထွက်သည့်ကောင်မလေးက လာဗင်ဒါ ပင်ဖြစ်သည်။ ဒီရေမွှေးအသစ် မော်ဒယ်လ်အသစ်ကို နှစ်သစ်ကူးအစပိုင်းမှာချပြဖို့ စဉ်းစားထားလိုက်သည်။
ပရောဂျက်ကိုသေချာစစ်ပြီးသည်နှင့် ဆေးလိပ်သောက်ရင်း ညရှူခင်းကိုကြည့်နေလိုက်သည်။
.........................................................................
တနေ့တာ ထရိန်နင်ပြီးသွားတာမို့ ရေချိုးပြီးတာနဲ့ ကုမ္ပဏီရဲ့ခေါင်းမိုးထပ်ကိုတက်လာလိုက်သည်။ အထပ် ၃၈ ရှိတာထဲ သူမတို့ မော်ဒယ်လုပ်ငန်းအထပ်က ၁၇ ထပ်မှာရှိတာဖြစ်သည်။ ခေါင်းမိုးထပ်က ဗုဒ္ဓဟူးနေ့ကလွဲရင် ကျန်တဲ့နေ့တွေမှာ ဘားဖွင့်ထားသည်။ ဒီနေ့ဘားပိတ်ရက်လည်းဖြစ်သည့်အပြင် သူမအနေနဲ့တွေးတောစရာများတာမို့ သွားဖို့ပြင်လိုက်သည်။
ဓာတ်လှေကားတက်မည်လုပ်တော့ လူတယောက်သူမဆီကို ခပ်သုပ်သုပ်လျှောက်လာတာမြင်တော့ ကြည့်လိုက်သည်။ အတွင်းရေးမှူးနောင်ရိုး ဆိုသူပဲ။ ဒုဥက္ကဌ သူ့အလုပ်ရုံးခန်းကိုသွားရင် နောက်ကျမြင်နေကျမို့ မျက်မှန်းတမ်းမိပါသည်။
" ညီမလာဗင်ဒါ"
သူမကိုခေါ်လိုက်သည်မို့ ဓာတ်လှေကားနားမှာရပ်စောင့်နေလိုက်သည်။
" ဟုတ်ကဲ့ အတွင်းရေးမှူး ဘာကိစ္စရှိလို့လဲ"
" ကျနော့်ကို ကိုနောင်ရိုးလို့ပဲခေါ်ပါဗျာ"
" ဟုတ် ကိုနောင်ရိုး"
" ညီမလေးနဲ့ ဆွေးနွေးစရာလေးရှိလို့ ၁၈ ထပ်က စားသောက်ဆိုင်မှာBookingလုပ်ထားတယ် ။အချိန်ပေးနိုင်မလား"
ဘာကိစ္စလည်းမသိပေမယ့် သူမလည်းအားနေတာမို့
" ဟုတ်ကဲ့ တွေ့လို့ရပါတယ်"
" ကျနော်တို့ ၁၈ ထပ်ကိုသွားကြရအောင်၊"
၁၈ ထပ်ကိုရောက်တော့ သပ်ရပ်သားနားတဲ့ စားသောက်ဆိုင်တခုထဲဝင်လာခဲ့ကြသည်။ အချစ်ပန်းပင် ဒီမှာ ဒီလိုစားသောက်ဆိုင်မျိုးရှိတယ်ပင် မသိခဲ့မိပါ။
ကိုနောင်ရိုးက VIPအခန်းထဲဝင်လိုက်တာမို့ သူမပါဝင်လိုက်လေသည်။
" ညစာစားပီးပီလား ကြိုက်တာမှာပါ ညီမ"
" ကျေးဇူးပါ ချစ်ပန်းတို့ ဒိုင်းယက်လုပ်နေတာမို့ ညစာမစားပါဘူး"
" ဟုတ်လား အဲ့တာဆို သောက်စရာတခုခုမှာလိုက်မယ်"
" နေပါစေ ချစ်ပန်းဘာမှမသောက်ချင်ပါဘူး ဆွေးနွေးစရာကဘာလဲဟင်"
" ဒီစာချုပ်လေးတချက်ကြည့်ပေးပါ"
သူမဆီကမ်းလှမ်းလာသောစာချုပ်ကိုသေချာဖတ်ကြည့်လိုက်တော့ Mistress Contract ဖြစ်နေလေသည်။
စာချုပ်ထဲပါတာက သူမက ဒုဥက္ကဌနှင့်တစ်နှစ် တွဲရမည်။ တစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကိုဝင်ရောက်နှောင့်ယှက်ခွင့်မရှိပဲ လျှို့ဝှက်စွာတွဲရမည်ဖြစ်သည်။ ပြီးတော့ ဒုဥက္ကဌလိုအပ်သည့်အချိန် သူမကအတူနေပေးရမည်ဖြစ်သည်တဲ့။ ဒါကိုဖတ်ပြီးတော့ သူမမျက်နှာပူထူသွားသည် အောက်တန်းစားသူဌေးလို့ စိတ်ထဲကနေကြိမ်းဝါးလိုက်သည်။
" လက်မခံနိုင်ပါဘူး"
ရဲတွတ်နေတဲ့မျက်နှာကို နောင်ရိုးတချက်ကြည့်ရင်း
" စာချုပ်ကို အပြီးထိဖတ်ပါ၊ အကျိုးခံစားခွင့်တွေ အများကြီးရှိနေတာကို ပြီးတော့ ညီမ တကယ်လိုအပ်နေတဲ့အရာတွေမဟုတ်လား"

သူမလိုအပ်နေတဲ့အရာလို့ပြောလိုက်တော့ ဆေးရုံက ပိုက်တန်းလန်းနဲ့ဖြူဖျော့ဖျော့ မမကိုမြင်ယောင်မိသလို ဆေးရုံကထွက်လာမည့်ဘေလ်စာရွက်ကိုပါတဆက်တည်းမြင်မိလေတော့ ဒေါသကိုလျော့ကာ အကျိုးခံစားခွင့်ဆိုတာတွေကို ထပ်ဖက်လိုက်သည်။ သူမအနေနဲ့ The Universe ရဲ့အသစ်ထွက်မည့်ရေမွှေးကိုကြော်ငြာခွင့်ရမည်။ Runway နဲ့ Fashion showတွေမှာပါဝင်ခွင့်ရမည့်အပြင် စိတ်ဝင်စားပါက ရုပ်ရှင်တခုမှာလဲ ကြိုက်ရာဇာတ်ရုပ်ကိုရွေးချယ်ခွင့်ပြုမည်တဲ့။ အခွင့်အရေးတွေက အောင်မြင်မှုပန်းတိုင်ကို တိုက်ရိုက်ရောက်နိုင်ပေမယ့် သူမဘက်ကပေးဆပ်ရမည်ကလည်း ကြီးလွန်းတယ်လို့ခံစားရသည်။ ကျန်နေတဲ့အချက်တွေကို ဖတ်ကြည့်လိုက်တော့ ဇိမ်ခံကွန်ဒိုတခန်းမှာနေရမည့်အပြင် လစာကသီးသန့်ပေးဦးမည်တဲ့။ သူမ မက်မောတဲ့အရာတွေဖြစ်ပေမယ့်လဲ ဒါကိုလက်ခံဖို့ကို မလွယ်ကူးသေးပါ။ ရိုင်းရိုင်းပြောရရင် သူမက ဒုဥက္ကဌရဲ့ တိတ်တိတ်ပုန်းအပျော်မယ်လိုမျိုးမဟုတ်လား။
တွေဝေနေသော သူမကိုကြည့်ကာ နောင်ရိုးက
" ညီမအနေနဲ့ စဉ်းစားချင်သေးရင် ဒီညအချိန်ယူပါ။ ဒါအဖြေရရင် ကျနော့်ကိုခေါ်ဖို့ဖုန်းနံပါတ်ပါ"
ကမ်းပေးလိုက်သောဖုန်းနံပါတ်ကိုမယူဖြစ်သေးပေ။
"ဘာလို့ ကျမလည်း"
"ဗျာ"
" ဘာလို့ ကျမကိုရွေးတာလဲ"
"ဒုဥက္ကကရွေးတာမို့ အဲ့ဒီအတွက်တိကျနဲ့အဖြေကျနော့်မှာမရှိပါဘူး။ ညီမ အခွင့်အရေးကတခါပဲလာမှာမို့ ဆုံးဖြတ်ပြီးရင် ဆက်သွယ်လိုက်ပါ၊ ကျနော့်ကိုခွင့်ပြုပါဦး"
အချစ်ပန်းတယောက်ထဲ တိတ်ဆိတ်စွာကျန်ခဲ့လေသည်။ ဒါကိုလက်ခံလိုက်လို့ မမအတွက်အဆင်ပြေသွားရင်တောင် မမပြန်ကောင်းလာရင်ခွင့်လွှတ်ပါ့မလား သူမကရောမပေါ်အောင်ဖုံးနိုင်ပါ့မလား။ ဒေါက်တာပြောတာတော့ နှလုံးအလှူရှင်ရှိရင် ကုသစားရိတ်ကို အလှူခံလို့ရနိုင်တယ်လို့ပြောတာပါ။ သူမတို့ကံကအဲ့လောက်ထိမကောင်းပဲတော့မနေပါဘူး။ အားတင်းရင်း သူမစားပွဲဝိုင်းကနေထွက်လာလိုက်သည်။
ခြေတလှမ်း၊ နှစ်လှမ်း၊.........ဆယ်လှမ်းလောက်အရောက်မှာတော့ ချာကနဲ့လှည့်ကာ စားပွဲပေါ်ကျန်ခဲ့တဲ့ ကဒ်ကိုယူလိုက်လေသည်။ အလှူရှင်မတွေ့သေး၍ ဆေးရုံစားရိတ်ကတော့ ဘယ်သူမှပေးမည်မဟုတ်ဘူးမလား။
.........................................................................................................................
"မာမီ့ကိုပြန်တွေ့ပြီလား"
"မတွေ့သေးဘူး မင်းမာမီက ခေါင်းအရမ်းမာတယ်။ ဒယ်ဒီလည်းနောင်တရနေပါပီ"
မျက်ကွင်းညိုတွေနဲ့ထွက်ခွာသွားသော ဒယ်ဒီ့ကိုကြည့်ရင်း အနန္တ သက်ပြင်းချလိုက်မိသည်။ ဒယ်ဒီနဲ့မာမီကငယ်ချစ်တွေ သူငယ်ချင်းကနေ ချစ်သူတွေဖြစ်လာကြတာမို့ သံယောဇဉ်ကခိုင်မြဲလေသည်။ သူ့ကိုမွေးပြီး မာမီက ကလေးထပ်မရနိုင်တော့တာမို့ မိဘနှစ်ပါးလုံးကသူ့ကိုသိပ့်ချစ်ကြပြီး မိသားစုကပျော်ရွှင်စရာကောင်းခဲ့သည်။ သူအထက်တန်းမပြီးခင်အထိပေါ့။ အထက်တန်းစီနီယာနောက်ဆုံးနှစ်မှာဖေဖေ့ရဲ့တိတ်တိတ်ပုန်းအမျိုးသမီးဆိုသူက သူ့ထက် ၃နှစ်ငယ်သော သားတစ်ယောက်လက်ဆွဲကာပေါ်လာခဲ့သည်။ ထိုအချိန်မှစပြီး မေမေက သူ့အပေါ်ဖောက်ပြန်တယ် လိမ်ညာတယ်ဆိုပြီး အပြစ်တင်ရင်း အိမ်ထောင်ရေးအက်ကွဲကြောင်းကြီးကပေါ်လာတော့သည်။ ပိုဆိုးတာက ထိုချိုချိုသဲဆိုသော အမျိုးသမီးက သူ့သားကို ဦးကမ္ဘာကျော်၊ဒေါ်တုနှိုင်းရတီတို့ရဲ့ဒုတိယသားအဖြစ် မိသားစုအိမ်ထောင်စုစာရင်းထဲ တရားဝင်ပါဖို့တောင်းဆိုလေသည်။ ဒါကိုမာမီကလုံးဝလက်မခံတာသိတော့ ဒယ်ဒီကို သူမတို့သားအမိပါတဲ့အိမ်ထောင်စုသစ်လုပ်ခိုင်းသည် ဆိုလိုတာက မာမီကို သွယ်ဝိုက်သောနည်းဖြင့် ကွာရှင်းခိုင်းခြင်းပင်။
ဒယ်ဒီက မာမီကိုလည်းမကွာနိုင်သလို ဟိုသားအမိကိုလည်း သွေးသားရင်းမို့တာဝန်ယူချင်နေတော့ မာမီနဲ့ကတောက်ကဆခဏခဏဖြစ်လေသည်။ ဒယ်ဒီကထိုသားအမိနေချင်သော နိုင်ငံကိုရွေးချယ်စေပီး လိုအပ်တာမှန်သမျှအကုန်ထောက်ပံ့ပေးဖို့သဘောတူညီမှုရခဲ့ကာ ပြဿနာပြေငြိမ်းခဲ့သည်။ ဒါပေမယ့် ပြီးခဲ့တဲ့ အပတ်က ထိုသားအမိ Kနိုင်ငံဆီပြန်လာတော့မည်၊ ဒေါ်ချိုချိုသဲက နာမကျန်းဖြစ်နေပြီးသူခေါင်းမချခင် သူမသားကို တရားဝင်သားဖြစ်ဖို့တောင်းဆိုသည့်အပြင် တအိမ်ထဲနေဖို့ပါပြောခဲ့သည်။ ဒယ်ဒီ့မှာမှာမငြင်းနိုင်ပဲ မာမီ့ကိုသာ နားချလေတော့သည်။ ခေါင်းမာတဲ့ မာမီက ဟိုသားအမိလာရင် သူမဒီမှာမနေဘူးဆိုကာ အိမ်ပေါ်ကဆင်းသွားတာနှစ်ရက်ကြာပြီဖြစ်သည်။ လိုက်ရှာပေမယ့်မတွေ့၊ မိန်းမနှစ်ယောက်ကြားဗျာများသော ဒယ်ဒီ့ကိုကြည့်ရင်း သူလည်းစိတ်မကောင်းဖြစ်မိသည်။

ဒါကြောင့် သူလည်း သူ့မျိုးဆက်ကို သူတကယ်နှစ်သက်မြတ်နိုးသည့် မိန်းကလေးနှင့်မှရစေမည်လို့ ဆုံးဖြတ်ထားသည်။ ဘာမဟုတ်တာတွေနဲ့ဒယ်ဒီလိုဘဝတလျှောက်လုံးဖြေရှင်းရင်းအချိန်မကုန်ချင်ပါ။ သူကိုယ်တိုင်လည်းအရင်က ပျော်ရွှင်ခဲ့ရသည့်သူ့မိသားစုလေးကိုပဲ ပြန်လိုချင်သည်။ ယောကျာ်းသဘာဝမလွန်ဆန်နိုင်သောဆန္ဒကြောင့်သူလည်း မိန်းကလေးတွေရှိခဲ့ဖူးသည်။ အကုန်လုံးကိုသူ့စိတ်တိုင်းကျရွေးချယ်သေချာစိစစ်ပြီးမှနေခဲ့သည်။ သူနောက်ဆုံးတွဲခဲ့သည်က စွဲ ဆိုသော ရုပ်ရှင်သရုပ်ဆောင်ဖြစ်သည်။ သုံးလလောက်အတူနေခဲ့ပြီးမှ သူ့မဇာတ်ကားရိုက်နေတဲ့ဒါရိုက်တာနဲ့ တွဲနေတယ်ဆိုတဲ့သတင်းကြားတာမို့ စာချုပ်ဖျက်ပြီး အဆက်သွယ်ဖြက်လိုက်တော့သည်။ ယခုတော့ လာဗင်ဒါ ဆိုသောနောက်ကြောင်းရှင်းတဲ့ကောင်မလေးကိုရွေးထားပေမယ့် ဘယ်လိုလာမည်တော့မသိသေးပေ။ သူနဲ့တွဲသမျှမိန်းကလေးတွေကို အတင်းအကြပ်တောင်းဆိုတာမျိုးမလုပ်ပါ။ သူလိုချင်တာ သူမတို့ကပေးသလို သူမတို့လိုအပ်တဲ့အခွင့်အလမ်းအကျိုးအမြတ်တွေကို သူကလည်းဖန်တီးပေးခဲ့ပါသည်။ နှစ်ဦးနှစ်ဖက်နစ်နာမှုမရှိ ၊ကြားထဲက သူမတို့ကြိုးစားမှုကြောင့် ကုမ္ပဏီကအမြတ်ငွေတွေများများရခဲ့တာတော့ သူဝန်ခံရပါမည်။
အနန္တရဲ့စံနှုန်းတွေပြည့်စုံသောမိန်းကလေးက သူသူ့ငယ်ချင်း မိုးမြေသစ္စာပင်ဖြစ်သည်။ ချောသည်ကျက်သရေရှိပြီး မိသားစုမျိုးရိုးနောက်ခံကောင်းသည်။ စိတ်သဘောထားပြည့်ဝပြီး ဝါသနာပါရာတစိုက်မတ်မတ်လုပ်ဆောင်နိုင်သည်။ သူမကရုက္ခဗေဒပညာရှင်တစ်ယောက်ဖြစ်ပြီး အပင်မျိုးစိတ်သစ်တွေလေ့လာရှာဖွေဖို့ ဘရာဇီးဘက်က အမေဇုန်မိုးသစ်တောထဲရောက်နေလေ၏။ ခက်တာက သူသတ်မှတ်ထားတဲ့စံနှုန်းတွေရှိပေမယ့် ဖရန့်ဇုန်ကိုကျော်ပြီး မြင်ကြည့်လို့မရ သတ္တိရှိရဲရင့်တဲ့သူမကို မိန်းကလေးလို့မမြင်မိပါပေ။ မိုးမြေလည်းဒီလိုပါပဲ သူ့ကိုသူငယ်ချင်းအဖြစ်သာသဘောထားတာပါ။
လာဗန်ဒါဆိုသော ကောင်မလေးကတော့ လတ်ဆက်တဲ့ ပန်းလေးလို အသီးလေးလို စားလို့ကောင်းမည့်ပုံ။ ငယ်ပြီးသွက်လက်သည်။ မျက်ဝန်းတွေကလှပပြီး ဆွဲဆောင်မှုရှိ၏၊ သူ့အတွက်အကောင်းဆုံးကတော့ နောက်ခံအသိုင်းအဝိုင်းမရှိတာပင်။ ဒီလိုမျိုးလူတွေက အပေးအယူလုပ်ဖို့အကောင်းဆုံးမလား။ ပြီးတော့ သူမရဲ့ထူးခြားတဲ့လှပမှုနဲ့ဆို ရေမွှေးကနာမည်ကြီးဦးမှာအသေအချာပင်။ သူရဲ့စာချုပ်ကို သူမလက်မခံဘူးဆိုရင်တောင် ရေမွှေးကြော်ငြာကိုတော့ သူမနဲ့ရိုက်မည်လို့ သူဆုံးဖြတ်ထားလေ၏။ သူမ နာမည်အရင်းကလည်း လာဗင်ဒါ၊ ရေမွှေးနာမည်ကလည်း လာဗင်ဒါထောင်ချောက်ဆိုတော့ တကယ့်ကိုပြည့်စုံလွန်းတယ်မဟုတ်လား ။ တချိန်ထဲ မျက်လုံးထဲမြင်မိသည်က အထက်ကိုတက်နေသော အကျိုးအမြတ်ပြဇယား။ ခုတောင်ချမ်းသာနေတာကို ဘာလို့ပိုက်ဆံတွေမက်မောလည်း မမေးပါနဲ့ ပိုက်ဆံတွေဒလဟောဝင်အောင်လုပ်ရတာကိုက သူ့ဝါသနာဖြစ်နေတာ။
.....................................................................................................
စာရေးချင်တာလက်ကိုယားနေတာပဲ
အချိန်မရလို့ မရေးနိုင်တာ၊ ဒီဇင်လာပိတ်ရက်အလုပ်အကြွေးတွေမရှိတော့ ပုံမှန်updateတင်ပေးနိုင်မယ်ထင်ပါတယ်
ခုလောလောဆယ် မီးလိုပဲ ပြတ်တောင်းပြတ်တောင်းလေးပဲလာနိုင်သေးတယ်
ခုတောင် ၂ နာရီကျော်မှ updateနိုင်တယ်။
သီးခံပြီးဖတ်ပေးကြပါဦး ၊ ဇာတ်လမ်းကို ပြောင်းလဲဖို့စိတ်ကူးမရှိပေမယ့်လဲ
ဖတ်ရတာ ကောင်း၏မကောင်း၏ဝေဖန်ပေးကြပါလို့
"Have a beautiful day!"

Zawgyi

ေလေျပညႇင္းေလး တိုးေဝွ႕ခဲ့ေသာ အခ်စ္ပန္း - ၂
ေလေျပညႇင္းေလး တိုးေဝွ႕ခဲ့ေသာ အခ်စ္ပန္း - ၂

"ဒုဥကၠဌလာပါၿပီ"
မီတင္ခန္းရဲ့တံခါးဝမွ အေစာင့္တစ္ေယာက္အသံေၾကာင့္ အခန္းထဲမွာရွိတဲ့ မန္ေနရာဂ်ာအပါဝင္ ေမာ္ဒယ္လ္၃ေယာက္ လွုပ္လွုပ္ရွားရွားျဖစ္သြားေလသည္။
လ်င္ျမန္နဲ႔ႏွုန္းနဲ႔ ထည္ဝါခန႔္ျငားတဲ့ပုံရိပ္တခုက မီတင္ခန္းရဲ့ေရွ႕ဆုံးထိုင္ခုမွာေနရာယူၿပီးျဖစ္သည္။
အခ်စ္ပန္း ေတြးမိတာက
" ဒီလူက နတ္ဘုရားေတြထုဆစ္ထားသလိုပဲ ေခ်ာေမာလိုက္တာ။ ေငးရတာ မ်က္ေတာင္ေတာင္ မခတ္ခ်င္ေတာ့ဘူး"
သူမလိုပဲ ေဘးမွာထိုင္ေနတဲ့ ႏွစ္ေယာက္လည္း ေငးေနမွာ အေသအခ်ာပါပဲ။
ၿပီးေတာ့ ဒီလူ႔ရဲ့အသံက ဩဇာပါသည္ မက်ယ္လြန္းတဲ့အသံက ေဘးကလူေတြနားေထာင္ခ်င္ေလာက္ေအာင္ စြဲေဆာင္မွုရွိေလ၏။
" အားလုံးကို ထရိန္နင္ကာလမွာ အေသခ်ာႀကိဳးစားဖို႔တိုက္တြန္းခ်င္ပါတယ္။ ပင္ပန္းရတယ္ဆိုေပမယ့္ ပင္ပန္းတာနဲ႔ထိုက္တဲ့ေအာင္ျမင္မွုမ်ိဳးရေအာင္ The Universeကပံ့ပိုးေပးမွာပါ"
သူမတို႔နဲ႔မိတ္ဆက္ေျပာဆိုၿပီးတာနဲ႔ ဒုဥကၠဌ အနႏၲနဲ႔ သူရဲ့အတြင္းေရးမွူးတို႔ကထြက္သြားျပန္သည္။
ထရိန္နင္ကာလအတြင္း Body buildingလုပ္ရတာ အခက္ဆုံးျဖစ္သည္။ အစားအေသာက္မက္ေသာ အခ်စ္ပန္းမွာ ေရွာင္ရတာေတြမ်ားလြန္းလို႔စိတ္ညစ္ခ်င္ေနရသည္။ ႀကိဳးစားရသည္ႏွင့္တန္စြာ သုံးလအတြင္းမွာေတာ့ ခႏၶာကိုယ္ပုံစံေတာ္ေတာ္ေလးလွလာပါသည္။ က်န္သည့္အခ်ိန္ေတြေတာ့ လမ္းေလၽွာက္တာနဲ႔ ဖက္ရွင္ေတြအေၾကာင္းေလ့လာၾကရသည္။ အခ်စ္ပန္း၊ ေအာ္ဒိုရာနဲ႔ ဝိုင္း တို႔သုံးေယာက္လည္း ညီမေတြသူငယ္ခ်င္းေတြလို ခင္မင္သြားၾကသည္။ ေအာ္ဒိုရာနဲ႔ဝိုင္းတို႔ရဲ့မိသားစုက အသင့္အတင့္ခ်မ္းသာေသာ မိသားစုေတြျဖစ္တာေၾကာင့္ အားခ်ိန္ေတြ သူတို႔အိမ္ကလာေခၚသြားတတ္ပါ၏။ အခ်စ္ပန္းေတာ့ မမဆီျပန္ခ်င္ေပမယ့္ လမ္းခရီးစားရိတ္မ်ားတာေရာ၊ ဟိုမွာ မမဆီမွာကပ္မစားခ်င္ေတာ့တာေရာေၾကာင့္ မျပန္ျဖစ္ေပ။ မမဆီကိုေတာ့ အားခ်ိန္ေတြ ဗြီဒီယိုေကာေခၚၿပီး အလြမ္းေျဖေလ့ရွိသည္။ ဒီေန႔လဲ အားခ်ိန္ျဖစ္တာေၾကာင့္ အိပ္ယာထဲမွာပဲ ဖက္ရွင္အေၾကာင္းနဲ႔ Catwalkလမ္းေလၽွာက္ေနတဲ့ ဗြီဒီယိုေတြၾကည့္ေနရင္း အခ်ိန္ျဖဳန္းလိုက္ေလ၏။ မေခၚစဖူး ဖုန္းေခၚလာေသာ ႀကီးျမင့္ေၾကာင့္ အခ်စ္ပန္း အနည္းငယ္ေတာ့ အံဩရပါသည္။ ဖုန္းကို ကိုင္းလိုက္ရင္း
"ဟလို ႀကီးျမင့္"
" အခ်စ္ပန္းလား ႀကီးျမင့္ပါ"
"ႀကီးျမင့္ဖုန္းကိုမွတ္ထားပါတယ္ မမဆီ ေခၚလို႔မရရင္ ႀကီးျမင့္ကိုေခၚလို႔ရေအာင္လို႔ေလ"
" ဟုတ္လား ႀကီးျမင့္ေျပာစရာရွိလို႔ အခ်စ္ပန္း"
" ဟုတ္ကဲ့ ႀကီးျမင့္ေျပာပါ"
" မိုးသြန္းေလ........................."
ဆက္မေျပာပဲ တိတ္ဆိတ္သြားေသာ ႀကီးျမင့္ေၾကာင့္ အခ်စ္ပန္းစိုးရိမ္သြားသည္။
" မမ ဘာျဖစ္လို႔လဲ ႀကီးျမင့္"
ရင္တထိတ္ထိတ္နဲ႔ ႀကီးျမင့္ရဲ့အေျဖကိုေစာင့္ေနလိုက္၏။ မမ မိုးသြန္းက ေမြးရာပါႏွလုံးေရာဂါေၾကာင့္ ခဏခဏဖ်ားတတ္သည္မွာ ပုံမွန္လိုျဖစ္ေနေလၿပီ။ ေဂဟာမွာတုန္းကအလွူရွင္ေတြရွိတာေၾကာင့္ ေဆးခန္း ေဆး႐ုံကိုပုံမွန္ၿပ နိုင္ေပမယ့္ ေဂဟာမွထြက္အၿပီးမွာေတာ့ ျပျဖစ္မယ္မထင္ပါ။ ႏွလုံးေရာဂါေဆးေတြက ေဈးႀကီးလြန္းသလို ပိုးေမႊးသလိုလူကိုေသခ်ာဂ႐ုစိုက္နိုင္မွ သက္သာသည္။ အခ်စ္ပန္း ပိုက္ဆံရွာခ်င္တာလည္း မမကို ႏွလုံးအစားထိုးကုသေပးခ်င္တာလဲ အပါအဝင္ပါ။ မမသိရင္ စိတ္မေကာင္းျဖစ္မွာေၾကာင့္ မေျပာေပမယ့္ အခ်စ္ပန္းရဲ့ ရင္ထဲမွာေတာ့ တစ္ဦးတည္းေသာမိသားစုလိုျဖစ္ေနတာမို႔ သက္ေသာင့္သက္သာဘဝမွာေနေစခ်င္ၿပီး ေရာဂါလည္းသက္သာေပ်ာက္ကင္းေစခ်င္သည္။ မမ မိုးသြန္းက အခ်စ္ပန္းအတြက္အရမ္းစဥ္းစားေပးလြန္းသည္ ေနစရာေပးတဲ့အျပင္ သူမေက်ာင္းတက္ဖို႔ပါ ေရာဂါကိုမမွုပဲအလုပ္ေတြအသားကုန္လုပ္ၿပီး ေက်ာင္းစားရိတ္စုေပးေနမွန္း အခ်စ္ပန္းသိေပမယ့္ မသိခ်င္ေယာင္ေဆာင္ေပးခဲ့သည္။ အခုလဲ ေရာဂါျပန္ထေနၿပီထင္သည္။ စကၠန႔္၃၀ေလာက္အၾကာမွာေတာ့ ႀကီးျမင့္ရဲ့စကားသံကိုၾကားလိုက္ရသည္။
"မိုးသြန္း ႏွလုံးေဖာက္ၿပီးေဆး႐ုံေရာက္ေနတာခုထိျပန္သတိမရလာေသးဘူး"
" ဟင္ ဟုတ္လား ႀကီးျမင့္ ဘယ္အခ်ိန္ျဖစ္သြားတာလဲ"
'၃ရက္ေလာက္ရွိၿပီ ေဆး႐ုံေပၚမွာ"
"ခ်စ္ပန္းကိုဘာလို႔ အစထဲကမေျပာတာလဲ"
' စိတ္မပူေစခ်င္လို႔ပါ အခ်စ္ပန္းထြက္သြားၿပီးထဲက မိုးသြန္းက သူ႔ကိုေနာက္ဆံမတင္းမွာစိုးရိမ္ေနတာေလ၊ ႀကီးျမင့္တို႔လဲ သတိျပန္ရလာနိုးနိုးေစာင့္ေနတာ၊ ခုထိသတိမရလာေသးတဲ့အျပင္ ေဒါက္တာေတြကလည္း စိုးရိမ္ရတဲ့လို႔ေျပာေနလို႔ေလ"
'အဲ့တာဆို ခ်စ္ပန္း ခုျပန္လာခဲ့မယ္"
" အခ်စ္ပန္းရဲ့ အလုပ္က ....."
' ဟင့္အင္း ဒီအလုပ္မလုပ္ရလဲ ဘာမွမျဖစ္ဘူး ထြက္လိုက္မယ္"
" ခ်စ္ပန္း အခု ကားလက္မွတ္ျဖတ္ၿပီးလာခဲ့မယ္"
"ေအးေအး ဂ႐ုစိုက္ေနာ္"
ဖုန္းခ်ၿပီးသည္ႏွင့္ အခ်စ္ပန္း မန္ေနဂ်ာမမကိုလိုက္ရွာလိုက္သည္။ ႐ုံးခန္းထဲမွာကြန္ပ်ဴတာၾကည့္ေနေသာ မန္ေနဂ်ာဆီကိုသြားၿပီး အေရွ႕မွာမတ္တပ္ရပ္လိုက္သည္။
" မန္ေနဂ်ာ"
"အြန္း" သူမကိုမၾကည့္ပဲ ကြန္ပ်ဴတာကိုၾကည့္ရင္း ထူးလိုက္သည့္ မန္ေနဂ်ာမမကိုၾကည့္ရင္း

" ဟို ခ်စ္ပန္းေလး အိမ္ျပန္ခ်င္လို႔" အိမ္ျပန္ခ်င္လို႔ဆိုမွ သူမကိုေသခ်ာစူးစိုက္ၾကည့္ရင္း
" မင္း အိမ္က အေဝးႀကီးမလား။ နားခ်ိန္ေလး မေတာက္တေခါက္နဲ႔ ျပန္လို႔မရဘူးေလ"
" ဟို အခ်စ္ပန္း မိသားစုဝင္က အသဲအသန္ေနမေကာင္းျဖစ္ၿပီးေဆး႐ုံေရာက္ေနလို႔ ခ်စ္ပန္း သြားရမွျဖစ္မွာမို႔ပါ"
" Training ကာလမွာ ညအိပ္ခရီးေတြထြက္လို႔မရဘူးေလ "
" မျဖစ္မေနျပန္ရမွာမို႔ပါ "
" မရဘူးလို႔ ေျပာၿပိးၿပီးေလ"
" အဲ့တာဆို ဒီေနထြက္လိုက္ပါမယ္"
"ဘန္း" စကားကိုအားကုန္ရိုက္လိုက္သံေၾကာင့္ အခ်စ္ပန္း လန႔္သြားသည္။
" ထြက္ခ်င္တိုင္းထြက္ ဝင္ခ်င္တိုင္းဝင္ရေအာင္ ဇရပ္လား။ စာခ်ဳပ္ထဲမွာရွင္းရွင္းလင္းလင္းေျပာထားတယ္။ ထြက္မယ္ဆို ကုမၸဏီရဲ့ကုန္က်စားရိတ္ ၁၀ဆေလၽွာ္ၿပိးမွထြက္လို႔ရမွာ။ ဘယ္လိုလဲထြက္မွာလား"
အခ်စ္ပန္းေျပာစရာစကားတို႔မရွိေတာ့ေပ။ မျပန္လို႔လဲမျဖစ္။ အခ်စ္ပန္းဝမ္းနည္းမွူတို႔လွိုက္တက္လာၿပီး မ်က္ရည္ေတြက မ်က္ဝန္းအတြင္း ျပည့္လၽွံလာသည္။
" ေက်းဇူးျပဳၿပီး မန္ေနဂ်ာရယ္ အေျခအေနေလးသိၿပီးရင္ ေတာက္ေလၽွာက္ျပန္လာမွာပါ၊ မၾကာေစရပါဘူး မနက္ျဖန္ညပိုင္းျပန္လာပါ့မယ္၊ ခ်စ္ပန္းမွာ မိသားစုဆိုလို႔ မမတစ္ေယာက္ပဲရွိလို႔ပါ"
အခ်စ္ပန္းေတာင္းပန္သံနဲ႔ေျပာေတာ့မွ
" ဒီကိစၥက ငါကိုယ္တိုင္ဆုံးျဖတ္လို႔ရတာမဟုတ္ဘူး၊ Boss ရဲ့ခြင့္ျပဳခ်က္ရရင္ေတာ့သြားလို႔ရမယ္ထင္တယ္"
" အဲ့တာဆို မန္ေနဂ်ာရယ္ ေက်းဇူးမေမ့ပါဘူး ေျပာေပးပါဦး"
" ဟင္း နင္တို႔အရမ္းရွုပ္တာပဲ ငါဖုန္းဆက္ၾကည့္လိုက္မယ္"
ဖုန္းကို ေကာက္ကိုင္ရင္း နံပါတ္ႏွိပ္ေနေသာ မန္ေနဂ်ာကိုၾကည့္ရင္း ျပန္လို႔ရပါေစလို႔ ဆုေတာင္းေနမိသည္။
" ဟဲလို အတြင္းေရးမွူးေနာင္ရိုးလား"
"................"
" ဒီက ထရိန္နင္ သင္တန္းသားတစ္ေယာက္က မိသားစု က်န္းမာေရးေၾကာင့္ အိမ္ခဏျပန္ခ်င္လို႔တဲ့ အခ်ိန္၂ရက္ေလာက္ပဲတဲ့"
".................................."
" ဟုတ္ အမည္က လာဗင္ဒါပါ"
" ........................."
"ဟုတ္ပါၿပီ ေစာင့္ေနလိုက္ပါမယ္"
ဖုန္းခ်သြားေတာ့ အခ်စ္ပန္း မန္ေနဂ်ာကို ေမၽွာ္လင့္ခ်က္ မ်က္ဝန္းေတြေနၾကည့္ေနလိုက္ေလ၏။
" ခဏေနျပန္ဆက္မယ္တဲ့ ဒုဥကၠဌကိုတင္ျပရဦးမွာမို႔တဲ့"
" ဟုတ္ကဲ့"
ေစာင့္ရတဲ့ ၃ မိနစ္ေလာက္က ၃ႏွစ္ေလာက္ၾကာတယ္ထင္ရေလသည္။ အခ်စ္ပန္း မန္ေနဂ်ာရဲ့ကိုဖုန္းကိုပဲ မ်က္ေတာင္မခတ္တမ္းစိုက္ၾကည့္ေန ေနလိုက္သည္။ ထိုစဥ္ ဝင္လာေသာ ဖုန္းနံပါတ္ကိုၾကည့္ရင္း စိတ္လွုပ္ရွားရတာက အခ်စ္ပန္းပါ " ျပန္လို႔ရပါေစ ျပန္လို႔ရပါေစ" စိတ္ထဲ အထပ္ထပ္အခါခါဒီဆုကိုပဲေတာင္ေနလိုက္သည္။
" .............................."
" ဟုတ္ပါၿပီ ေက်းဇူးပါ ေျပာလိုက္ပါ့မယ္"
ဖုန္းကိုခ်လိုက္ၿပီး မန္ေနဂ်ာက သူမကိုၾကည့္လိုက္ရင္း
" ဒီေန႔နဲ႔မနက္ျဖန္ပဲ အခ်ိန္ရမယ္၊ သဘက္ခါေသခ်ာေပါက္ျပန္လာရမယ္ မလာရင္ေတာ့ စာခ်ဳပ္ပ်က္ပ်ယ္ၿပီး ေငြဆယ္ဆေလ်ာ္ရမယ္၊ သဘက္ခါမျပန္လာနိုင္ရင္ တရား႐ုံးကဆင့္ေခၚစာကိုပဲေစာင့္ေနလိုက္ပါတဲ့"
" ဟုတ္ ေက်းဇူးပါ မန္ေနဂ်ာ ခ်စ္ပန္းေသခ်ာေပါက္ျပန္လာပါမယ္"
မန္ေနဂ်ာကိုေျပာၿပီးသည္ႏွင့္ သူမအခန္းရွိရာေျပးလာလိုက္သည္။ အဝတ္၂စုံကိုပဲေက်ာပိုးအိတ္ထဲထည့္ ပိုက္ဆံအိတ္ေသခ်ာစစ္ၿပီးတာနဲ႔ ကားဂိတ္သို႔ထြက္ခဲ့ေလေတာ့သည္။
ည ၁၁ မွ အခ်စ္ပန္းတို႔ၿမိဳ႕ငယ္ေလးက ေဆး႐ုံကိုေရာက္ေတာ့သည္။ ေဆး႐ုံေပါက္ဝမွာ ႀကီးျမင့္တို႔ကေစာင့္ေနၿပီး အခ်စ္ပန္းကို မမရွိရာအခန္းဆီသို႔ပို႔ေပးေလေတာ့သည္။ ေဆး႐ုံကုတင္ေပၚမွာ ေအာက္ဆီဂ်င္ပိုက္ေတြထပ္ထားေသာ မမက သိသိသာသာပိန္သြားၿပီးျဖဴေဖ်ာ့ေနေလ၏။ ဒီျမင္ကြင္းက အခ်စ္ပန္းရဲ့ ႏွလုံးသားကို ဆြဲညႇစ္ေနသလိုနာက်င္ရပါသည္။ ခဏေနေတာ့ ေဒါက္တာေရာက္လာၿပီး အေျခအေနကိုရွင္းျပေလသည္။ မမႏွလုံးကေတာ္ေတာ္ေလးမေကာင္းျဖစ္ေနၿပီး အလုပ္လဲေကာင္းေကာင္းမလုပ္နိုင္ေတာ့တာေၾကာင့္ အစားထိုးကုသမွ အသက္ရွင္နိုင္မည္ျဖစ္သည္တဲ့။ အစားထိုးဖို႔ ႏွလုံးကလဲ အဆင့္သင့္ရွိမေနေသးဘူးဆိုရင္ ေဆး႐ုံမွာစက္ကိရီယာအကူအညီနဲ႔မွ အသက္ဆက္နိုင္မည္။ ၿပီးေတာ့ အဲ့ဒီစက္က ဒီကေဆး႐ုံမွာ တလုံးပဲရွိတာေၾကာင့္ Kၿမိဳ႕ေတာ္ကေဆး႐ုံႀကီးကိုေရြ႕ရမည္တဲ့ေလ။ အခ်စ္ပန္းမွာစဥ္းစားဖို႔အခ်ိန္အလုံအေလာက္မရွိေပ။ သူမတို႔အိမ္ခန္းေလးဆီျပန္ၿပီး မမရဲ့စုေငြေလးေတြ ATMမွထုတ္လိုက္ေလသည္။ ၿပီးေတာ့ ႀကီးျမင့္တို႔ကို ႏွုတ္ဆက္ၿပီး K ၿမိဳ႕ေတာ္ကေဆး႐ုံဆီ ညတြင္းခ်င္းေျပာင္းခဲ့ရသည္။
မမကိုၾကည့္ဖို႔ သူနာျပဳတစ္ေယာက္လိုတာမို႔ သူမရဲ့စုေငြထဲကေန တလစာငွားထားလိုက္သည္။ ေဆး႐ုံစားရိတ္ကို လဝက္စာေခ်အၿပီးမွာေတာ့ သူမဆီ မူးလို႔ရွူဖို႔ေတာင္ပိုက္ဆံမရွိေတာ့။ တခုစိတ္ေအးရတာက Kၿမိဳ႕ေတာ္က ေဆး႐ုံမွာဆိုေတာ့ သူမအားခ်ိန္ေတြဆို မမဆီလာၾကည့္ေပးလို႔ရေလ၏။ သူနာျပဳကို သူမဖုန္းနံပါတ္ေပးၿပီး ကုမၸဏီကိုျပန္လာလိုက္ေလသည္။ အိပ္ခန္းထဲေရာက္သည္ႏွင့္ကုတင္ေပၚလွဲလိုက္ၿပီး ေဆးကုစားရိတ္ကိုဘယ္လိုရွာရမလဲစဥ္းစားေနလိုက္သည္။ အႀကံမရတာအတူတူ ပင္ပန္းတာမို႔အိပ္ပစ္လိုက္သည္။
"လာဗင္ဒါ လာဗင္ဒါ ထထ ညေနႀကီး အရမ္းအိပ္လို႔ေခါင္းကိုက္ေနလိမ့္မယ္"
" ဟင္ ဝိုင္း ေလ့က်င့္တာပီးသြားပီလား"
' ၿပီးၿပီး နင္ခြင့္ယူထားတယ္ေျပာလို႔ အံဩေနတာ ခါတိုင္း ေဂၚနဲ႔ေကာ္ထုတ္ေတာင္မျပန္တဲ့သူက ခြင့္ယူလိုက္လို႔ေလ"

" အင္း ငါ့မမ က်န္းမာေရးမေကာင္းလို႔ေလ"
" ခုေရာ အေျခအေနဘယ္လိုလဲ"
" ေဆး႐ုံမွာ သတိမရေသးဘူး"
" ဟယ္ ဟုတ္လား စိတ္မေကာင္းပါဘူး ျမန္ျမန္ေနျပန္ေကာင္းလာဖို႔ ဆုေတာင္းေပးတယ္ေနာ္"
" ေက်းဇူးပါ"
ဝိုင္းနဲ႔ေအာ္ဒိုရာ ေရခ်ိဳးထြက္သြားေတာ့ သူမဖုန္းကိုဖြင့္ၾကည့္လိုက္ရင္း အလုပ္မ်ားရွာေဖြရာ၊ ေခ်းေငြလုပ္ငန္းေတြလိုက္ရွာၾကည့္ေနလိုက္သည္။
.............................................................................................................................................................
" ဒါ ဒုဥကၠဌ လိုခ်င္တဲ့ က်န္းမာေရးစစ္ေဆးခ်က္ပါ"
ေရာက္လာေသာ က်န္းမာေရးမွတ္တမ္းကိုေသခ်ာျပန္ဖတ္ၾကည့္ေနလိုက္သည္။ ဘီပိုး၊စီပိုး၊ေအအိုင္ဒီအက္စ္နဲ႔အျခားကူးစက္ေရာဂါေတြ နက္ေဂးတစ္တဲ့ ။ ၿပီးေတာ့ က်န္းမာေရးေကာင္းသူျဖစ္ေၾကာင္း မွတ္ခ်က္မွာပါေလသည္။ ရလဒ္ကို သူေက်နပ္သြားၿပီး
" ငါေျပာတဲ့အခ်က္ေတြ ေသခ်ာစာခ်ဳပ္ထဲမွာထည့္ေရးပါ၊ ၿပီးတာနဲ႔ သူမဆီသြားၿပီးညႇိႏွိုင္းလိုက္၊ အခုခ်ိန္က "နိုး"လို႔ေျပာနိုင္မယ့္အခ်ိန္မဟုတ္ဘူး။ သူမအတြက္ ကူညီရာေရာက္ပါတယ္"
" ဟုတ္ကဲ့ က်ေနာ္ေသခ်ာလုပ္ေပးပါ့မယ္"
" အဲ့ဒါဆိုသြားလို႔ရၿပီ"
" ဟုတ္ကဲ့"
ေနာင္ရိုးထြက္သြားသည္ႏွင့္ သူ အသစ္ထြက္မည့္ေရေမႊးပေရာဂ်က္ကိုအေသးစိတ္ျပန္စစ္ၾကည့္ေနလိုက္သည္။ အထူးနည္းပညာနဲ႔စိုက္ပ်ိဳးထားတဲ့ လာဗင္နာပန္းေတြကိုအသုံးျပဳၿပီး ေယာက်ာ္းေလးသုံး၊ မိန္းကေလးသုံးေရေမႊးထုတ္မည္ျဖစ္သည္။ ေရေမႊးနာမည္က trap in Lavender လို႔အမည္ေပးထားတာျဖစ္သည္။ ၿပီးေတာ့ ကမၻာ့ေဈးအႀကီးဆုံးေရေမႊးအျဖစ္မွတ္တမ္းဝင္ဖို႔လဲခန္းမွန္းထားသည္။ လာဗင္ဒါပန္းေတြက အထူးစိုက္ပ်ိဳးရၿပီးေဈးလည္းႀကီးသည္ လိုသေလာက္လည္းမရတာမို႔ ယခုေရေမႊးက Limited Perfurmလည္းျဖစ္မည္ျဖစ္သည္။ ၁၀၀ရာခိုင္ႏွုန္းပန္းစစ္ကေနထုတ္လုပ္မွာျဖစ္ေလသည္။ ေၾကာ္ျငာဖို႔ ေမာ္ဒယ္လ္ကိုမ်က္ႏွာအသစ္ထဲကပဲ သုံးခ်င္သည္။ ခုထိ အနႏၲ ရဲ့မ်က္လုံးထဲက မထြက္သည့္ေကာင္မေလးက လာဗင္ဒါ ပင္ျဖစ္သည္။ ဒီေရေမႊးအသစ္ ေမာ္ဒယ္လ္အသစ္ကို ႏွစ္သစ္ကူးအစပိုင္းမွာခ်ျပဖို႔ စဥ္းစားထားလိုက္သည္။
ပေရာဂ်က္ကိုေသခ်ာစစ္ၿပီးသည္ႏွင့္ ေဆးလိပ္ေသာက္ရင္း ညရွူခင္းကိုၾကည့္ေနလိုက္သည္။
.........................................................................
တေန႔တာ ထရိန္နင္ၿပီးသြားတာမို႔ ေရခ်ိဳးၿပီးတာနဲ႔ ကုမၸဏီရဲ့ေခါင္းမိုးထပ္ကိုတက္လာလိုက္သည္။ အထပ္ ၃၈ ရွိတာထဲ သူမတို႔ ေမာ္ဒယ္လုပ္ငန္းအထပ္က ၁၇ ထပ္မွာရွိတာျဖစ္သည္။ ေခါင္းမိုးထပ္က ဗုဒၶဟူးေန႔ကလြဲရင္ က်န္တဲ့ေန႔ေတြမွာ ဘားဖြင့္ထားသည္။ ဒီေန႔ဘားပိတ္ရက္လည္းျဖစ္သည့္အျပင္ သူမအေနနဲ႔ေတြးေတာစရာမ်ားတာမို႔ သြားဖို႔ျပင္လိုက္သည္။
ဓာတ္ေလွကားတက္မည္လုပ္ေတာ့ လူတေယာက္သူမဆီကို ခပ္သုပ္သုပ္ေလၽွာက္လာတာျမင္ေတာ့ ၾကည့္လိုက္သည္။ အတြင္းေရးမွူးေနာင္ရိုး ဆိုသူပဲ။ ဒုဥကၠဌ သူ႔အလုပ္႐ုံးခန္းကိုသြားရင္ ေနာက္က်ျမင္ေနက်မို႔ မ်က္မွန္းတမ္းမိပါသည္။
" ညီမလာဗင္ဒါ"
သူမကိုေခၚလိုက္သည္မို႔ ဓာတ္ေလွကားနားမွာရပ္ေစာင့္ေနလိုက္သည္။
" ဟုတ္ကဲ့ အတြင္းေရးမွူး ဘာကိစၥရွိလို႔လဲ"
" က်ေနာ့္ကို ကိုေနာင္ရိုးလို႔ပဲေခၚပါဗ်ာ"
" ဟုတ္ ကိုေနာင္ရိုး"
" ညီမေလးနဲ႔ ေဆြးေႏြးစရာေလးရွိလို႔ ၁၈ ထပ္က စားေသာက္ဆိုင္မွာBookingလုပ္ထားတယ္ ။အခ်ိန္ေပးနိုင္မလား"
ဘာကိစၥလည္းမသိေပမယ့္ သူမလည္းအားေနတာမို႔
" ဟုတ္ကဲ့ ေတြ႕လို႔ရပါတယ္"
" က်ေနာ္တို႔ ၁၈ ထပ္ကိုသြားၾကရေအာင္၊"
၁၈ ထပ္ကိုေရာက္ေတာ့ သပ္ရပ္သားနားတဲ့ စားေသာက္ဆိုင္တခုထဲဝင္လာခဲ့ၾကသည္။ အခ်စ္ပန္းပင္ ဒီမွာ ဒီလိုစားေသာက္ဆိုင္မ်ိဳးရွိတယ္ပင္ မသိခဲ့မိပါ။
ကိုေနာင္ရိုးက VIPအခန္းထဲဝင္လိုက္တာမို႔ သူမပါဝင္လိုက္ေလသည္။
" ညစာစားပီးပီလား ႀကိဳက္တာမွာပါ ညီမ"
" ေက်းဇူးပါ ခ်စ္ပန္းတို႔ ဒိုင္းယက္လုပ္ေနတာမို႔ ညစာမစားပါဘူး"
" ဟုတ္လား အဲ့တာဆို ေသာက္စရာတခုခုမွာလိုက္မယ္"
" ေနပါေစ ခ်စ္ပန္းဘာမွမေသာက္ခ်င္ပါဘူး ေဆြးေႏြးစရာကဘာလဲဟင္"
" ဒီစာခ်ဳပ္ေလးတခ်က္ၾကည့္ေပးပါ"
သူမဆီကမ္းလွမ္းလာေသာစာခ်ဳပ္ကိုေသခ်ာဖတ္ၾကည့္လိုက္ေတာ့ Mistress Contract ျဖစ္ေနေလသည္။
စာခ်ဳပ္ထဲပါတာက သူမက ဒုဥကၠဌႏွင့္တစ္ႏွစ္ တြဲရမည္။ တစ္ေယာက္ရဲ့ ကိုယ္ေရးကိုယ္တာကိစၥေတြကိုဝင္ေရာက္ေႏွာင့္ယွက္ခြင့္မရွိပဲ လၽွို႔ဝွက္စြာတြဲရမည္ျဖစ္သည္။ ၿပီးေတာ့ ဒုဥကၠဌလိုအပ္သည့္အခ်ိန္ သူမကအတူေနေပးရမည္ျဖစ္သည္တဲ့။ ဒါကိုဖတ္ၿပီးေတာ့ သူမမ်က္ႏွာပူထူသြားသည္ ေအာက္တန္းစားသူေဌးလို႔ စိတ္ထဲကေနႀကိမ္းဝါးလိုက္သည္။
" လက္မခံနိုင္ပါဘူး"
ရဲတြတ္ေနတဲ့မ်က္ႏွာကို ေနာင္ရိုးတခ်က္ၾကည့္ရင္း
" စာခ်ဳပ္ကို အၿပီးထိဖတ္ပါ၊ အက်ိဳးခံစားခြင့္ေတြ အမ်ားႀကီးရွိေနတာကို ၿပီးေတာ့ ညီမ တကယ္လိုအပ္ေနတဲ့အရာေတြမဟုတ္လား"

သူမလိုအပ္ေနတဲ့အရာလို႔ေျပာလိုက္ေတာ့ ေဆး႐ုံက ပိုက္တန္းလန္းနဲ႔ျဖဴေဖ်ာ့ေဖ်ာ့ မမကိုျမင္ေယာင္မိသလို ေဆး႐ုံကထြက္လာမည့္ေဘလ္စာရြက္ကိုပါတဆက္တည္းျမင္မိေလေတာ့ ေဒါသကိုေလ်ာ့ကာ အက်ိဳးခံစားခြင့္ဆိုတာေတြကို ထပ္ဖက္လိုက္သည္။ သူမအေနနဲ႔ The Universe ရဲ့အသစ္ထြက္မည့္ေရေမႊးကိုေၾကာ္ျငာခြင့္ရမည္။ Runway နဲ႔ Fashion showေတြမွာပါဝင္ခြင့္ရမည့္အျပင္ စိတ္ဝင္စားပါက ႐ုပ္ရွင္တခုမွာလဲ ႀကိဳက္ရာဇာတ္႐ုပ္ကိုေရြးခ်ယ္ခြင့္ျပဳမည္တဲ့။ အခြင့္အေရးေတြက ေအာင္ျမင္မွုပန္းတိုင္ကို တိုက္ရိုက္ေရာက္နိုင္ေပမယ့္ သူမဘက္ကေပးဆပ္ရမည္ကလည္း ႀကီးလြန္းတယ္လို႔ခံစားရသည္။ က်န္ေနတဲ့အခ်က္ေတြကို ဖတ္ၾကည့္လိုက္ေတာ့ ဇိမ္ခံကြန္ဒိုတခန္းမွာေနရမည့္အျပင္ လစာကသီးသန႔္ေပးဦးမည္တဲ့။ သူမ မက္ေမာတဲ့အရာေတြျဖစ္ေပမယ့္လဲ ဒါကိုလက္ခံဖို႔ကို မလြယ္ကူးေသးပါ။ ရိုင္းရိုင္းေျပာရရင္ သူမက ဒုဥကၠဌရဲ့ တိတ္တိတ္ပုန္းအေပ်ာ္မယ္လိုမ်ိဳးမဟုတ္လား။
ေတြေဝေနေသာ သူမကိုၾကည့္ကာ ေနာင္ရိုးက
" ညီမအေနနဲ႔ စဥ္းစားခ်င္ေသးရင္ ဒီညအခ်ိန္ယူပါ။ ဒါအေျဖရရင္ က်ေနာ့္ကိုေခၚဖို႔ဖုန္းနံပါတ္ပါ"
ကမ္းေပးလိုက္ေသာဖုန္းနံပါတ္ကိုမယူျဖစ္ေသးေပ။
"ဘာလို႔ က်မလည္း"
"ဗ်ာ"
" ဘာလို႔ က်မကိုေရြးတာလဲ"
"ဒုဥကၠကေရြးတာမို႔ အဲ့ဒီအတြက္တိက်နဲ႔အေျဖက်ေနာ့္မွာမရွိပါဘူး။ ညီမ အခြင့္အေရးကတခါပဲလာမွာမို႔ ဆုံးျဖတ္ၿပီးရင္ ဆက္သြယ္လိုက္ပါ၊ က်ေနာ့္ကိုခြင့္ျပဳပါဦး"
အခ်စ္ပန္းတေယာက္ထဲ တိတ္ဆိတ္စြာက်န္ခဲ့ေလသည္။ ဒါကိုလက္ခံလိုက္လို႔ မမအတြက္အဆင္ေျပသြားရင္ေတာင္ မမျပန္ေကာင္းလာရင္ခြင့္လႊတ္ပါ့မလား သူမကေရာမေပၚေအာင္ဖုံးနိုင္ပါ့မလား။ ေဒါက္တာေျပာတာေတာ့ ႏွလုံးအလွူရွင္ရွိရင္ ကုသစားရိတ္ကို အလွူခံလို႔ရနိုင္တယ္လို႔ေျပာတာပါ။ သူမတို႔ကံကအဲ့ေလာက္ထိမေကာင္းပဲေတာ့မေနပါဘူး။ အားတင္းရင္း သူမစားပြဲဝိုင္းကေနထြက္လာလိုက္သည္။
ေျခတလွမ္း၊ ႏွစ္လွမ္း၊.........ဆယ္လွမ္းေလာက္အေရာက္မွာေတာ့ ခ်ာကနဲ႔လွည့္ကာ စားပြဲေပၚက်န္ခဲ့တဲ့ ကဒ္ကိုယူလိုက္ေလသည္။ အလွူရွင္မေတြ႕ေသး၍ ေဆး႐ုံစားရိတ္ကေတာ့ ဘယ္သူမွေပးမည္မဟုတ္ဘူးမလား။
.........................................................................................................................
"မာမီ့ကိုျပန္ေတြ႕ၿပီလား"
"မေတြ႕ေသးဘူး မင္းမာမီက ေခါင္းအရမ္းမာတယ္။ ဒယ္ဒီလည္းေနာင္တရေနပါပီ"
မ်က္ကြင္းညိဳေတြနဲ႔ထြက္ခြာသြားေသာ ဒယ္ဒီ့ကိုၾကည့္ရင္း အနႏၲ သက္ျပင္းခ်လိုက္မိသည္။ ဒယ္ဒီနဲ႔မာမီကငယ္ခ်စ္ေတြ သူငယ္ခ်င္းကေန ခ်စ္သူေတြျဖစ္လာၾကတာမို႔ သံေယာဇဥ္ကခိုင္ျမဲေလသည္။ သူ႔ကိုေမြးၿပီး မာမီက ကေလးထပ္မရနိုင္ေတာ့တာမို႔ မိဘႏွစ္ပါးလုံးကသူ႔ကိုသိပ့္ခ်စ္ၾကၿပီး မိသားစုကေပ်ာ္ရႊင္စရာေကာင္းခဲ့သည္။ သူအထက္တန္းမၿပီးခင္အထိေပါ့။ အထက္တန္းစီနီယာေနာက္ဆုံးႏွစ္မွာေဖေဖ့ရဲ့တိတ္တိတ္ပုန္းအမ်ိဳးသမီးဆိုသူက သူ႔ထက္ ၃ႏွစ္ငယ္ေသာ သားတစ္ေယာက္လက္ဆြဲကာေပၚလာခဲ့သည္။ ထိုအခ်ိန္မွစၿပီး ေမေမက သူ႔အေပၚေဖာက္ျပန္တယ္ လိမ္ညာတယ္ဆိုၿပီး အျပစ္တင္ရင္း အိမ္ေထာင္ေရးအက္ကြဲေၾကာင္းႀကီးကေပၚလာေတာ့သည္။ ပိုဆိုးတာက ထိုခ်ိဳခ်ိဳသဲဆိုေသာ အမ်ိဳးသမီးက သူ႔သားကို ဦးကမၻာေက်ာ္၊ေဒၚတုႏွိုင္းရတီတို႔ရဲ့ဒုတိယသားအျဖစ္ မိသားစုအိမ္ေထာင္စုစာရင္းထဲ တရားဝင္ပါဖို႔ေတာင္းဆိုေလသည္။ ဒါကိုမာမီကလုံးဝလက္မခံတာသိေတာ့ ဒယ္ဒီကို သူမတို႔သားအမိပါတဲ့အိမ္ေထာင္စုသစ္လုပ္ခိုင္းသည္ ဆိုလိုတာက မာမီကို သြယ္ဝိုက္ေသာနည္းျဖင့္ ကြာရွင္းခိုင္းျခင္းပင္။
ဒယ္ဒီက မာမီကိုလည္းမကြာနိုင္သလို ဟိုသားအမိကိုလည္း ေသြးသားရင္းမို႔တာဝန္ယူခ်င္ေနေတာ့ မာမီနဲ႔ကေတာက္ကဆခဏခဏျဖစ္ေလသည္။ ဒယ္ဒီကထိုသားအမိေနခ်င္ေသာ နိုင္ငံကိုေရြးခ်ယ္ေစပီး လိုအပ္တာမွန္သမၽွအကုန္ေထာက္ပံ့ေပးဖို႔သေဘာတူညီမွုရခဲ့ကာ ျပႆနာေျပၿငိမ္းခဲ့သည္။ ဒါေပမယ့္ ၿပီးခဲ့တဲ့ အပတ္က ထိုသားအမိ Kနိုင္ငံဆီျပန္လာေတာ့မည္၊ ေဒၚခ်ိဳခ်ိဳသဲက နာမက်န္းျဖစ္ေနၿပီးသူေခါင္းမခ်ခင္ သူမသားကို တရားဝင္သားျဖစ္ဖို႔ေတာင္းဆိုသည့္အျပင္ တအိမ္ထဲေနဖို႔ပါေျပာခဲ့သည္။ ဒယ္ဒီ့မွာမွာမျငင္းနိုင္ပဲ မာမီ့ကိုသာ နားခ်ေလေတာ့သည္။ ေခါင္းမာတဲ့ မာမီက ဟိုသားအမိလာရင္ သူမဒီမွာမေနဘူးဆိုကာ အိမ္ေပၚကဆင္းသြားတာႏွစ္ရက္ၾကာၿပီျဖစ္သည္။ လိုက္ရွာေပမယ့္မေတြ႕၊ မိန္းမႏွစ္ေယာက္ၾကားဗ်ာမ်ားေသာ ဒယ္ဒီ့ကိုၾကည့္ရင္း သူလည္းစိတ္မေကာင္းျဖစ္မိသည္။

ဒါေၾကာင့္ သူလည္း သူ႔မ်ိဳးဆက္ကို သူတကယ္ႏွစ္သက္ျမတ္နိုးသည့္ မိန္းကေလးႏွင့္မွရေစမည္လို႔ ဆုံးျဖတ္ထားသည္။ ဘာမဟုတ္တာေတြနဲ႔ဒယ္ဒီလိုဘဝတေလၽွာက္လုံးေျဖရွင္းရင္းအခ်ိန္မကုန္ခ်င္ပါ။ သူကိုယ္တိုင္လည္းအရင္က ေပ်ာ္ရႊင္ခဲ့ရသည့္သူ႔မိသားစုေလးကိုပဲ ျပန္လိုခ်င္သည္။ ေယာက်ာ္းသဘာဝမလြန္ဆန္နိုင္ေသာဆႏၵေၾကာင့္သူလည္း မိန္းကေလးေတြရွိခဲ့ဖူးသည္။ အကုန္လုံးကိုသူ႔စိတ္တိုင္းက်ေရြးခ်ယ္ေသခ်ာစိစစ္ၿပီးမွေနခဲ့သည္။ သူေနာက္ဆုံးတြဲခဲ့သည္က စြဲ ဆိုေသာ ႐ုပ္ရွင္သ႐ုပ္ေဆာင္ျဖစ္သည္။ သုံးလေလာက္အတူေနခဲ့ၿပီးမွ သူ႔မဇာတ္ကားရိုက္ေနတဲ့ဒါရိုက္တာနဲ႔ တြဲေနတယ္ဆိုတဲ့သတင္းၾကားတာမို႔ စာခ်ဳပ္ဖ်က္ၿပီး အဆက္သြယ္ျဖက္လိုက္ေတာ့သည္။ ယခုေတာ့ လာဗင္ဒါ ဆိုေသာေနာက္ေၾကာင္းရွင္းတဲ့ေကာင္မေလးကိုေရြးထားေပမယ့္ ဘယ္လိုလာမည္ေတာ့မသိေသးေပ။ သူနဲ႔တြဲသမၽွမိန္းကေလးေတြကို အတင္းအၾကပ္ေတာင္းဆိုတာမ်ိဳးမလုပ္ပါ။ သူလိုခ်င္တာ သူမတို႔ကေပးသလို သူမတို႔လိုအပ္တဲ့အခြင့္အလမ္းအက်ိဳးအျမတ္ေတြကို သူကလည္းဖန္တီးေပးခဲ့ပါသည္။ ႏွစ္ဦးႏွစ္ဖက္နစ္နာမွုမရွိ ၊ၾကားထဲက သူမတို႔ႀကိဳးစားမွုေၾကာင့္ ကုမၸဏီကအျမတ္ေငြေတြမ်ားမ်ားရခဲ့တာေတာ့ သူဝန္ခံရပါမည္။
အနႏၲရဲ့စံႏွုန္းေတြျပည့္စုံေသာမိန္းကေလးက သူသူ႔ငယ္ခ်င္း မိုးေျမသစၥာပင္ျဖစ္သည္။ ေခ်ာသည္က်က္သေရရွိၿပီး မိသားစုမ်ိဳးရိုးေနာက္ခံေကာင္းသည္။ စိတ္သေဘာထားျပည့္ဝၿပီး ဝါသနာပါရာတစိုက္မတ္မတ္လုပ္ေဆာင္နိုင္သည္။ သူမက႐ုကၡေဗဒပညာရွင္တစ္ေယာက္ျဖစ္ၿပီး အပင္မ်ိဳးစိတ္သစ္ေတြေလ့လာရွာေဖြဖို႔ ဘရာဇီးဘက္က အေမဇုန္မိုးသစ္ေတာထဲေရာက္ေနေလ၏။ ခက္တာက သူသတ္မွတ္ထားတဲ့စံႏွုန္းေတြရွိေပမယ့္ ဖရန႔္ဇုန္ကိုေက်ာ္ၿပီး ျမင္ၾကည့္လို႔မရ သတၱိရွိရဲရင့္တဲ့သူမကို မိန္းကေလးလို႔မျမင္မိပါေပ။ မိုးေျမလည္းဒီလိုပါပဲ သူ႔ကိုသူငယ္ခ်င္းအျဖစ္သာသေဘာထားတာပါ။
လာဗန္ဒါဆိုေသာ ေကာင္မေလးကေတာ့ လတ္ဆက္တဲ့ ပန္းေလးလို အသီးေလးလို စားလို႔ေကာင္းမည့္ပုံ။ ငယ္ၿပီးသြက္လက္သည္။ မ်က္ဝန္းေတြကလွပၿပီး ဆြဲေဆာင္မွုရွိ၏၊ သူ႔အတြက္အေကာင္းဆုံးကေတာ့ ေနာက္ခံအသိုင္းအဝိုင္းမရွိတာပင္။ ဒီလိုမ်ိဳးလူေတြက အေပးအယူလုပ္ဖို႔အေကာင္းဆုံးမလား။ ၿပီးေတာ့ သူမရဲ့ထူးျခားတဲ့လွပမွုနဲ႔ဆို ေရေမႊးကနာမည္ႀကီးဦးမွာအေသအခ်ာပင္။ သူရဲ့စာခ်ဳပ္ကို သူမလက္မခံဘူးဆိုရင္ေတာင္ ေရေမႊးေၾကာ္ျငာကိုေတာ့ သူမနဲ႔ရိုက္မည္လို႔ သူဆုံးျဖတ္ထားေလ၏။ သူမ နာမည္အရင္းကလည္း လာဗင္ဒါ၊ ေရေမႊးနာမည္ကလည္း လာဗင္ဒါေထာင္ေခ်ာက္ဆိုေတာ့ တကယ့္ကိုျပည့္စုံလြန္းတယ္မဟုတ္လား ။ တခ်ိန္ထဲ မ်က္လုံးထဲျမင္မိသည္က အထက္ကိုတက္ေနေသာ အက်ိဳးအျမတ္ျပဇယား။ ခုေတာင္ခ်မ္းသာေနတာကို ဘာလို႔ပိုက္ဆံေတြမက္ေမာလည္း မေမးပါနဲ႔ ပိုက္ဆံေတြဒလေဟာဝင္ေအာင္လုပ္ရတာကိုက သူ႔ဝါသနာျဖစ္ေနတာ။
.....................................................................................................
စာေရးခ်င္တာလက္ကိုယားေနတာပဲ
အခ်ိန္မရလို႔ မေရးနိုင္တာ၊ ဒီဇင္လာပိတ္ရက္အလုပ္အေႂကြးေတြမရွိေတာ့ ပုံမွန္updateတင္ေပးနိုင္မယ္ထင္ပါတယ္
ခုေလာေလာဆယ္ မီးလိုပဲ ျပတ္ေတာင္းျပတ္ေတာင္းေလးပဲလာနိုင္ေသးတယ္
ခုေတာင္ ၂ နာရီေက်ာ္မွ updateနိုင္တယ္။
သီးခံၿပီးဖတ္ေပးၾကပါဦး ၊ ဇာတ္လမ္းကို ေျပာင္းလဲဖို႔စိတ္ကူးမရွိေပမယ့္လဲ
ဖတ္ရတာ ေကာင္း၏မေကာင္း၏ေဝဖန္ေပးၾကပါလို႔
"Have a beautiful day!"

Continue Reading

You'll Also Like

1.7K 81 8
⚠️SLOW UPDATES⚠️ ***This story has strong sexual and adult-related content. YOU HAVE BEEN WARNED. "Fuck" I moaned. "OMG I DON'T THINK I CAN CUM ANYMO...
633K 23K 97
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
329K 7.2K 41
(Disclaimer Villianous nor charecters are not mine nor videos.)Dr. Flug is in need for an apprentice this is advertised on one of Black Hat commercia...
11.3K 337 16
In which Felix moves from Sydney to Seoul and doesn't expect to find the guy he just dreamt of... The story contains angst and fluff and might some s...