『Unicode 』
အခန်း ( ၆၈ ) : ဒါမင်းရဲ့ နောက်ဆုံး အခွင့်အရေးပဲ။
※※※※※※※※※※※※※※※※※※※※
ဒီလိုမျိုး ဖြစ်လာခဲ့သည်။ လက်စွပ်ဝတ်ပြီးနောက် ရန်ချင်းကျွမ်း နှင့် ကျွန်တော့်၏ ဆက်ဆံရေးက တစ်မျိုးတစ်ဖုံ ထူးဆန်းလာခဲ့၏။
ဒါက ကျွန်တော် သတ်မှတ်ထားခဲ့သော အစီအစဉ်မျိုး မဟုတ်ပါချေ။
အကြိမ်ပေါင်းမြောက်မြားစွာတိုင် ကျွန်တော် ရန်ချင်းကျွမ်းထံ ပြေးသွား၍ ၊ သူ့ကို လက်စွပ်ချွတ်ဖို့နှင့် ညကပြောခဲ့သမျှအားလုံးဟာ မရည်ရွယ်သောစကားများပါဟု ပြောလိုက်ချင်မိသည်။ ကျွန်တော် သူ့ကို သဘောကျတဲ့အကြောင်းနှင့်တခြားသူကို မကြိုက်ဖို့ ပြောခြင်းက အကုန်လုံး ပေါက်ကရတွေပါဟူ၍။ သို့သော် သူ ကျွန်တော့်ထံ ကပ်လာ၍ ကျွန်တော့်ပါးပြင်ကိုထိပြီး ၊ စကားပင်မဆိုပဲ ခေါင်းပွတ်ပေးလာသည်နှင့် ကျွန်တော် ဘာကိုမှ မမှတ်မိနိုင်တော့ပေ။
သူ့အထိအတွေ့ ၊ သူ့စကားနှင့် သူ့ဖြစ်တည်မှုအလုံးစုံကပင် မှော်ပညာတစ်ခုနှယ် ကျွန်တော့်၏ ပြိုလဲလုတဲတဲဆင်ခြင်တုံတရား အလုံးစုံကို တိုက်စားကာ သူ့ဆန္ဒနှင့်ဆန့်ကျင်သော အရာတွေကို ပြောမထွက်စေခဲ့။ သူကျွန်တော့်ကိုသေစေချင်လျှင်တောင် ကျွန်တော် ဘာမှ ပြောလိမ့်မည်မဟုတ်ဟု ခံစားရပါ၏။
မဟုတ်လျှင်လဲ.....၇ရက်လေးပဲ ၊ သူနှင့် နောက်ထပ် ၇ရက်လေးပဲနေပြီးရင် ကျွန်တော် ထွက်သွားမည်။
ကျွန်တော့်မှာ အစီအစဉ်မရှိပဲ ၊ ဘယ်ကိုသွားနိုင်မလဲ မသိသေးပေမယ့် မိမိကိုယ်ကို အလွန်ဆုံး ၇ရက်အတွင်း ထွက်သွားရမည်ဟု ပြောနေမိ၏။
ဒီ၇ရက်အတွင်းမှာ သူ ကျွန်တော့်ကို မုန်းဖို့ အတတ်နိုင်ဆုံးကြိုးစားရမည်။ ကျွန်တော့်ကို မုန်းလွန်းလို့ သေသည့််တိုင်ဘယ်တော့မှ မဆက်သွယ်တော့အောင် လုပ်ဖို့။ကျွန်တော် သေပြီးသည်အထိ ကျွန်တော်နှင့် အကြာကြီးမနေခဲ့တာကိုဝမ်းသာနေမည့် မေ့မရနိုင်သောအမုန်းမျိုးဖြင့် မုန်းတာက အကောင်းဆုံးပင်။
ကျွန်တော် သူ့ကို အိပ်မက်ထဲကလိုမျိုး မဖြစ်စေချင်သလို သူ ကျွန်တော့်ကို သဘောကျမှာကိုလည်း မလိုချင်ပါ။
ပထမနှင့် ဒုတိယရက်တွေမှာ အနည်းငယ် စိတ်ရှုပ်ထွေးခဲ့ရပေမယ့် တတိယမြောက်နေ့တွင်တော့ ကျွန်တော် စည်းကိုက်ဝါးကိုက်ဖြစ်လာတာကို တွေ့လိုက်ရသည်။
" အပြင်မှာ နည်းနည်း ပြောင်ရှင်းနေတယ်လို့ မင်းထင်လား ? "
ဘောလုံးပွဲ ကြည့်နေသော ရန်ချင်းကျွမ်းနှင့် အတူထိုင်နေရင်း သူက အချိန်တစ်ဝက်လောက်မှာ သန့်စင်ခန်းထသွား၏။ကျွန်တော်က ပြတင်းအပြင်မှ ခြံဝင်းလေးကို ကြည့်မိသည်။ လမ်းမီးရောင်တွေအောက်တွင် ၎င်းက ခေါင်လွန်းလှသည်။ပန်းခင်းထဲတွင် မေပယ်ပင် တစ်ပင်သာရှိသည်မို့ အလွန်အထီးကျန်ကာ အကျဉ်းတန်သဖြင့် သူ ပြန်လာသောအခါ ပြန်စိုက်ရန် ပန်းပင်နှင့် သစ်ပင်တချို့ကို ဝယ်ဖို့ အကြံပေးလိုက်မိသည်။
သူက ကျွန်တော့်ဘေးမှာ ရေဆေးပြီးသား ချယ်ရီသီးပန်းကန်လုံးနှင့် ပြန်ထိုင်လာ၏။ သူက ခေါင်းညိတ်၍ : " အနီးနားကမားကတ်မှာရှိလောက်တယ်။ ငါ မနက်ဖြန်ကျ ထောင်နျန်ကို ဝယ်ခဲ့ဖို့ ပြောလိုက်မယ် "
သူက ကျွန်တော့်ကို ပန်းကန်လုံး ကမ်းပေးလာ၍ ယူလိုက်ပြီး ချယ်ရီသီးနှစ်လုံးကို ယူကာ ကျွန်တော့်ပါးစပ်ထဲ ပစ်ထည့်လိုက်မိသည်။ ချိုချိုချဉ်ချဉ်အရသာက ချက်ချင်း ပါးစပ်ထဲမှာ ပျံ့နှံ့လာ၏။ တစ်ဝက်နီးနီး စားသောက်ပြီးကာမှ တချိန်လုံး စားနေတာက ကျွန်တော်ဖြစ်နေမှန်း သဘောပေါက်လိုက်မိသည်။ ရန်ချင်းကျွမ်းက လုံးဝ မလှုပ်ပေ။
" မင်း မစားဘူးလား ? " ကျွန်တော် ချယ်ရီသီးတစ်လုံးကို ဖိကိုင်၍ သူ့နှုတ်ခမ်းထံ တေ့ပေးလိုက်သည်။
သူက ကျွန်တော့်ကို တစ်ချက်ကြည့် ၊ ပြီးလျှင် ချယ်ရီသီးကို တစ်ချက်ကြည့်ကာ ပါးစပ်ဖွင့်၍ ကိုက်ယူလိုက်ကာ ကျွန်တော့်လက်ချောင်းကို သူ့လျှာဖျားနှင့် လှိမ့်လိုက်လေသည်။
ကျွန်တော် ချက်ချင်း လက်ကိုရုတ်လိုက်မိလျက်။ သူ့ကြောင့် အာရုံတော်တော်ထွေပြားသွားတာမို့ ဘောလုံးပွဲကြည့်ဖို့စိတ်လေးကိုပင် ဆုံးရှုံးလိုက်ရ၏။
သူက ချယ်ရီသီးကို စား၍ အညှာကို ထွေးထုတ်လိုက်ပြီး အရှေ့မှ စခရင်ကြီးအား အာရုံစူးစိုက်ကာ စိတ်ဝင်တစား ကြည့်ရှုနေခဲ့သည်။
ကျွန်တော် သူ့ကို တစ်လုံးထပ်ကျွေးလိုက်သော် ဤတစ်ကြိမ်၌ သူက ကြည့်တောင်မကြည့်တော့။ တစ်ချိန်လုံး အကြည့်မလွှဲပါပဲ သူက ချယ်ရီသီးအား သူ့ပါးစပ်ထဲ ထည့်ပေးစေပြီး အလိုလို နှစ်ကြိမ်မျှဝါးလိုက်၍ ၎င်းနောက် အညှာကို ထွေးထုတ်ခြင်းပေ။
နှစ်ဖက်အသင်း၏ ရလဒ်က သရေဖြစ်နေသောကြောင့် နှစ်ဦးနှစ်ဖက် တိုက်စစ်ကလဲ ပို၍ ပြင်းထန်လာသည်။
ထိုအခိုက် ပန်းကန်လုံးကို ကော်ဖီစားပွဲပေါ်တင်လိုက်၍ ကျွန်တော့် ပါးစပ်ဖြင့် ချယ်ရီသီးကိုယူကာ လှည့်လိုက်ပြီး ရန်ချင်းကျွမ်း၏ မျက်နှာကို ကိုင်လျက် သူ့နှုတ်ခမ်းတွေကို အုပ်မိုးပစ်လိုက်၏။
သူက ဆိုဖာနောက်ကို မှီလိုက်ပြီး ကျွန်တော့်ခါးပေါ်လက်တစ်ဖက်တင်ကာ ကျွန်တော့်နှုတ်ခမ်းတွေနှင့် သူ့နှုတ်ခမ်းကိုယှက်နွှယ်လာ၏။
".....ဒီဘောလုံးပွဲက ဟုတ်နေသားပဲ။ ကြည့်လို့ကောင်းတယ် "
သူဟာ ခဏမျှ အာရုံပြောင်းခံလိုက်ရ၏။ ကျွန်တော်က သူ့လျှာကို ကိုက်၍ ပျော့အိအိအသားကို ဖိကာ သူ့က်ိုပို၍ နင့်နင့်နဲနဲနမ်းရှိုက်လိုက်သည်။ အရည်တို့က ပါးစပ်တွင်ပြည့်လျှမ်း၍ ပါးစပ်ထောင့်မှ စီးကျလာလျက်။ ကျွန်တော်ဟာ သူ့ခန္ဓာကိုယ်တစ်ဖက်တစ်ချက်စီမှာ ဒူးထောက်ထားပြီး လက်ဖဝါးတွေကို သူ့ရင်ဘတ်မှာ နေရာချထား၏။
သူဟာ " ကျွေးခြင်း " ဟုခေါ်သည့်တိုင် စင်စစ် " လိင်အကြမ်းဖက်ခြင်း " ဖြစ်သော ကျွန်တော့်၏ အပြုအမူကိုအချိတ်အဆက်မိစေရန် မတုန်မလှုပ်နှင့် ခွင့်ပြုထားသည်။ ကျွန်တော့်ကို စိမ်ပြေနပြေဖြင့်သာ တုံ့ပြန်နေပြီး သူ့လက်ဖဝါးများဖြင့် ခါးကို ဆက်လက်ဆုပ်နယ်နေခဲ့သည်။
" ဂိုးပြီ ! ဂိုးပါပြီ ! "
ထိုအခိုက်အတန့်ဝယ် သူ ရပ်သွား၏။ ကျွန်တော့်ကို နမ်းနေဆဲပေမယ့် သူ့မျက်နှာက တစ်ဖက်သို့ ယိမ်းသွားကာ တီဗွီကိုလှမ်းကြည့်လေသည်။
ကျွန်တော် မျက်မှောင်ကြုတ်လျက် မတ်မတ်ထထိုင်လိုက်၏။ ပြီးလျှင် ခေါင်းကိုယိမ်းလျက် ချယ်ရီိသ်ီးအညှာကို ထွေးလိုက်ပြီး သူ့မျက်နှာကို ပြန်ဆွဲယူကာ တစ်ဖန် ကိုင်းချ၍ ပို၍ ပြင်းထန်စွာ အကြမ်းဖက်လိုက်သည်။
ကျွန်တော့်အနမ်းကြောင့် သူ၏ အသက်ရှုသံတွေ တဖြည်းဖြည်းပြင်းထန်လာကာ လက်ချောင်းအားများက တိုးလာပြီးကျွန်တော့်အင်္ကျီအစွန်းတွင်းသို့ ရောက်လာခဲ့သည်။
သူ့လက်မှ လွှတ်ပေးခံရတော့မှာကို သိလျှင် ကျွန်တော် လက်ဖဝါးကို သူ့ရင်ဘတ်မှာနေရာချကာ တွန်းလိုက်သည်။ မိမိနှုတ်ခမ်းတို့က သူ့မေးရိုးနှင့် လည်ပင်းဆုံရာနေရာမှာ ပွတ်သျှပ်သွားခဲ့လျက် : " ငါ လိုက်ကာမဆွဲရသေးဘူး "
တစ်ဖက်မှ ထောင်နျန်တို့ မြင်သွားနိုင်သည်။
" ဒါဆိုလဲ သူတို့ မမြင်နိုင်တဲ့နေရာကို သွားမယ် " ရန်ချင်းကျွမ်းက အက်ရှသောအသံဖြင့် ဆိုလာပြီး ချက်ချင်းပင် ကျွန်တော့်တင်ပါးကို ကိုင်ကာ မြဲမြဲမြံမြံ ပွေ့ချီလိုက်သည်။
ကျွန်တော် သူ့လည်ပင်းမှာ ချိတ်တွယ်ရင်း သိသိလျက်နှင့် မေးလိုက်၏ : " မင်း ပွဲ မကြည့်တော့ဘူးလား ? "
" မကြည့်တော့ဘူး။ " သူက ကျွန်တော့်လည်စလုပ်ကိုကိုက်ရင်း မပီမသဆိုလာသည် : " ဘယ်လိုလုပ် ဆက်ကြည့်နိုင်တော့မှာလဲ ? "
ကျွန်တော် ခေါင်းမော့လိုက်၍ သူ့ခေါင်းနောက်ကို ဖိရင်း တုန်ယင်စွာ အသက်ရှိုက်မိသည်။
ပထမတုန်းက ကျွန်တော်ဟာ သူပွဲမကြည့်နိုင်အောင် နှောက်ယှက်ချင်ရုံသာ ဖြစ်ပေမယ့် ၊ တစ်နည်းတစ်ဖုံနှင့် နှစ်ယောက်သားလှဲ၍ လုံးထွေးရင်း အိပ်ရာပေါ်မှာ အဆုံးသတ်သွားလေသည်။
နောက်တစ်နေ့ ကျွန်တော် နိုးလာသောအခါ နေ့လည်ခင်းပင် ရောက်လုချေပြီ။ ကျွန်တော် ထထိုင်လိုက်လျှင် နောက်ကျောမှ နာကျင်မှုကို ခံစားလိုက်ရ၏။
ကျွန်တော် ပခုံးကို ကိုင်လျက် အနောက်လှည့်ကြည့်မိကာမှ လက်ပြင်ရိုးပေါ်မှ အနီမှတ်တွေကို တွေ့လိုက်ရသည်။
ရန်ချင်းကျွမ်းသည် မနေ့တုန်းက ရူးသွားသလိုပင်။ ကျွန်တော့်ခန္ဓာကိုယ် အနောက်ပိုင်း နေရာအနှံ့နီးပါး ကိုက်ခဲ့သည်။အထူးသဖြင့် မြီးညှောင့်ရိုးဧရိယာတစ်ဝိုက်။ သူသည် တစ်တိတိကိုက်ဝါးလိုက် အဖန်ဖန် လျက်လိုက်လုပ်နေခဲ့ပြီး မလွှတ်နိုင်ဖြစ်ခဲ့သဖြင့် ကျွန်တော့်မှာ သူ့ထံမှ အစိတ်စိတ်အမွှာမွှာဖြစ်အောင် အလျက်ခံရတော့မည်ဟု ခံစားရသည်။
တံခါးဆီသို့ ဖြည်းဖြည်းချင်းလျှောက်သွားလျှင် ရန်ချင်းကျွမ်းက ဝင်းဝင်းတောက်နေသော နေပူထဲမှာ ပန်းပင်စိုက်နေခဲ့၏။ လည်ပင်းမှာ ချွေးတွေစိုရွှဲလျက် ၊ ညှပ်ရိုးမှ ပေါ်ထွက်နေသော သွားရာနီရဲရဲတစ်ခုကလဲရှိနေသေးသည် ; ကျွန်တော်ကိုက်ထားတာပင်။
မနေ့ည ကုန်ဆုံးပြီးနောက် ကျွန်တော်ဟာ အမျိုးသားများသည် သူတို့ပျော်ရွှင်ရသရွေ့ ဘာမဆို တကယ် ပြောထွက်နိုင်ကြောင်းကို ပို၍ သေချာလာခဲ့သည်။
မနေ့ညက သူ့အားပြောခဲ့သည့် ပေါက်ကရတွေကို ကျွန်တော် ရိုးရိုးတန်းတန်းပင် အမှတ်မဖော်ဝံ့။ ကြိုက်တယ် ချစ်တယ်က အံ့ဩစရာမဟုတ်တော့။ လက်ခံနိုင်စရာမရှိဆုံးမှာ ကျွန်တော် သူ့ကို " ငါ့ကလေးလေး " ဟူ၍ပင် ခေါ်မိတာဖြစ်သည်။
မှတ်ဉာဏ်တွေ နောက်တစ်ခါ ပျောက်သွားဖို့သာ တကယ်ဆုတောင်းမိတော့သည်။
" ဒီလိုလေး ပုတ်ပေး..."
ရန်ချင်းကျွမ်းက ခြောက်လပန်းပင်တစ်ပင်ကို စိုက်နေပြီး လှည့်ကာ တစ်ယောက်ယောက်အား သရုပ်ပြသည့်နှယ် ဂေါ်ပြားဖြင့် အောက်ခြေရှိ မြေဆွေးတွေကို ပုတ်လိုက်သည်။
ကျွန်တော် အရှေ့နှစ်လှမ်းတက်ကြည့်လိုက်မှ သူ့၏ တစ်ဖက်တွင် ကောင်ငယ်လေးတစ်ယောက် ငုတ်တုတ်ထိုင်နေမှန်းသေချာမြင်လိုက်ရသည်။ ၎င်းသည် အရင်က ကျွန်တော့်ခြေထောက်ထံ ဘောလုံးလှိမ့်ပေးခဲ့သည့် ကောင်လေးပင်။
ကောင်ငယ်လေးက လက်ထဲမှာ ဂေါ်ပြားအသေးလေးကို ကိုင်၍ ရန်ချင်းကျွမ်းအတိုင်း တုပကာ မြေကြီးထဲမှာ Mando Grassကို စိုက်လိုက်၏။
" ဒီလိုလား ? " သူက မသေချာသလိုမေး၏။
" အင်း မင်းကောင်းကောင်းလုပ်ခဲ့တယ် " ရန်ချင်းကျွမ်းက သူ့ကို မတွန့်မဆုတ်ပဲ ချီးကျူးလေသည်။
မျက်နှာမှာ ဂွမ်းဆီထိသွားသော အပြုံးလေးဖြင့် ကောင်ငယ်လေးက ခေါင်းပြန်ငုံ့ကာ အပင်ကို ကြိုးကြိုးစားစားစိုက်တော့၏။
ထိုမြင်ကွင်းကို မြင်ရလျှင် ကျွန်တော့်နှလုံးသားမှာ မြည်ဟည်းသွားသလို ခံစားလိုက်ရကာ မသိလိုက်ပါပဲ ပြုံးမိသွားသည်။
တစ်ခါတုန်းက ကျွန်တော် ရန်ချင်းကျွမ်းနှင့်အတူ ထွက်ပြေးချင်ဖူးသည် ; ကျွန်တော်တို့ကို ဘယ်သူမှ မသိမည့်နေရာသို့သွားပြီး နေ့တိုင်းနေ့တိုင်း စျေးကိုသွားကာ ပေါက်ပေါက်ချိုတွေကို ဝယ်ယူ၍ သူဌေးကိုလဲ စျေးဆစ်ဦးမည်။ ထိုစဉ်ကကျွန်တော်ဟာ ကျင်မိသားစုထံမှ ထွက်ပြေးဖို့ တစ်ခုကိုသာ တွေးခဲ့မိပြီး ကျွန်တော် မည်မျှ အသက်ရှင်နိုင်မလဲဆိုတာကိုဂရုမစိုက်ခဲ့ပေ။ ယခုမူ ကျွန်တော့်ဆန္ဒ၏ တစ်ဝက်လောက် ပြီးမြောက်သွားပေမယ့် လျစ်လျူရှု့လို့မရသည့် အရာတွေ ရှိလာခဲ့၏။
ရွှံ့တွေထဲမှာ ကစားနေသော ကောင်ငယ်လေးကို ကြည့်ရင်း ကျွန်တော် သက်ပြင်းဖွဖွချမိ၏။ အိုင်း ကလေးဖြစ်ရတာက ပိုကောင်းတယ်။
ကျွန်တော် ငယ်ရွယ်စဉ်က လူကြီးများ၏ လွတ်လပ်မှုကို မနာလိုခဲ့သည်။ သို့ပေမဲ့ ကြီးလာသောအခါ ကလေးများ၏အပူအပင်ကင်းမဲ့မှုကို မနာလိုပြန်သည်။
ခဏမျှ ကြည့်နေပြီးနောက် ကျွန်တော် တိတ်တိတ်လေး ပြန်လှည့်ကာ အိမ်ထဲဝင်လာလိုက်တော့၏။
ဆေးကြောပြီးသောအခါ ကျွန်တော်စားပွဲပေါ်မှ အသားပေါက်စီကို ဆွဲယူကာ ခြံဝင်းအား ပြန်လည်ပြုပြင်နေသော အဖွဲ့ထဲသို့ ပါဝင်လိုက်သည်။.
ကောင်ငယ်လေးက နံဘေးအိမ်မှာ နေထိုင်တာပင်။ သူ၏ ချစ်စနိုးနာမည်က ဟောက်ဟောက်။ သူ့မိဘတွေက တခြားနေရာမှာ အလုပ်လုပ်တာဖြစ်၏။ မိသားစုထဲမှာ သူနှင့် သူ့အဖွားနှစ်ယောက်သာရှိတာပင်။ သူက ဒီနှစ် ၆နှစ်ရှိပြီ။
သူ၏ ရွယ်တူဆော့ဖော်ဆော့ဖက်တွေ အများကြီးမရှိ၍ပေလား။ သူက ရှက်တတ်သောအကျင့်စရိုက်လေးရှ်ိပြီးစကားပြောလျှင်လဲ ကြောင်ကလေး အော်မြည်နေသကဲ့သို့ တိုးလျသောအသံဖြင့်ပင်။ ကျွန်တော်တို့နှင့် ခဏမျှ ကစားပြီးနောက် ရာသီဥတုကအရမ်းပူလာ၍ သူ တစ်ရေးတစ်မောအိပ်ရတော့မည်မို့ သူ့အဖွားထံမှ အခေါ်ခံရတော့၏။
ရန်ချင်းကျွမ်းနှင့် ကျွန်တော်က ပန်းပင်စိုက်ရန် တွင်းဆက်တူးနေလိုက်ကြသည်။ သူက တွင်းတူးရာမှာ တာဝန်ယူပြီးကျွန်တော်က ပန်းမျိုးစေ့တွေကို သူ့အား လက်ကမ်းပေးရာမှာ တာဝန်ယူခဲ့သည်။
သူက ကျွန်တော့်ကို ဂေါ်ပြားသော်၎င်း ဆူးပါသော ပန်းပင်သော်၎င်း ထိခွင့်မပေးခဲ့ပေ။ ထိလိုက်တာနှင့် ကျွန်တော့်လက်ကျိူးသွားတော့မည့် အတိုင်း ထင်ရ၏။
" နောက်နှစ်ကျရင် ဒီခြံဝင်းလေးက ဘယ်လိုပုံစံဖြစ်မလဲ မသိဘူးနော် "
ကျွန်တော် မမြင်နိုင်တော့ဖို့က ဖြစ်နိူင်ချေမြင့်နေ၏။ ရန်ချင်းကျွမ်းကလဲ ဒီမှာ တစ်သက်လုံးနေမှာမဟုတ်လောက်ပေ။ယနေ့လုပ်အား၏ အသီးအပွင့်များက နောက်နှစ်မှာ စျေးပေါသွားတော့မှာပင်။
" မင်း နှစ်တိုင်းပြန်လာပြီး ကြည့်လို့ရတာပဲ "
ရန်ချင်းကျွမ်းက နောက်ဆုံး နှင်းဆီကို နံရံနှင့်ကပ်၍ စိုက်လိုက်ပြီး မြေဆွေးကို ခြေထောက်နှင့် တက်နင်းလိုက်၏။
သူက ကိုယ်ပေါ်မှ ရွှံ့တွေကို ဖုန်ဖတ်ခါပြီး ရောက်လာ၍ တံစက်မြိတ်အောက်တွင် ကျွန်တော်နှင့် ဘေးချင်းကပ်ရပ်သည်။ပြီးလျှင် ပြန်လည်သစ်လွင်လာသော ခြံဝင်းကိုကြည့်၍ ခံစားချက်များဖြင့် ဆို၏ :
" တစ်နေ့မှာ ငါ စိတ်အေးလက်အေးနဲ့ ပန်းပင်တွေ ၊ အပင်တွေ စိုက်နေရလိမ့်မယ်လို့ ထင်တောင်မထားမိဘူး "
ကျွန်တော် သူ့၏ ရွှံံ့ပေနေသော လက်အား ကိုင်လိုက်ရင်း အဖွဲ့ဝင်အသစ်တွေပြည့်နေသော ဥယျာဉ်ကို ကြည့်မိရာ အထူးပင် နှစ်လိုဖွယ်ဖြစ်သကဲ့သို့ ခံစားရသည် :
" နေဝင်သွားရင် ညအမှောင်ကို မကြောက်ပါနဲ့ ၊ မိုးသောက်တဲ့အခါ နေ့သစ်အတွက် ကျေးဇူးတင်ပါ။ နေထွက်တာနဲ့လကွယ်တာက ပြောင်းလဲလို့မရနိုင်သလို ပူပန်ကြောင့်ကြမှုတွေကလဲ အထောက်အကူမဖြစ်ဘူး။အနာဂတ်မှာ ဒီလိုနေ့လေးတွေ အများကြီးရှိလာမှာမို့လို့ မင်းက စိတ်အေးလက်အေးဖြစ်တတ်ဖို့ သင်ယူရမယ်။ "
သူက အတန်ကြာစကားမဆိုတော့ပေ။ သို့ပေမယ့် သူ ကျွန်တော့်ကို ကြည့်နေတာကို ခံစားနေရသည်။
" ဘာဖြစ်လို့လဲ ? " ကျွန်တော် လှည့်မေးလိုက်၏။
" နေဝင်သွားရင် ညအမှောင်ကို မကြောက်နဲ့.... " ကျွန်တော်ပြောတာကို သူက ထပ်ရေရွတ်လိုက်သည်။
သူက အရမ်းဆီလျော်သည်ဟု တွေးနေသလိုမျိူး ထင်မိတာကြောင့် ကျွန်တော်ပြုံးလျက်ပြောလိုက်၏ : " မိုးသောက်တဲ့အခါ နေ့သစ်ကို ကျေးဇူးတင်ပါ။ အဲ့စကားက ငါပြောတာမဟုတ်...... "
ကျွန်တော် တွေးကြည့်မိပေမယ့် ဘယ်သူကပြောတာလဲ မမှတ်မိတော့ပေ။ ဒါက နှစ်တွေကြာပြီလို့သာ မှတ်မိတော့တာပင်။ကျွန်တော် ထိုစာကြောင်းကို တစ်နေရာရာမှာ မြင်ဖူးပြီး ကောင်းမွန်သည်ဟု ထင်ခဲ့တာကြောင့် ယနေ့ထက်ထိ မှတ်မိနေခြင်းပေ။ " ငါလဲ ဖတ်ဖူးခဲ့တာ "
သူက ခဏမျှ တွေးပြီး ခေါင်းညိတ်ကာ ဘာမှ မပြောတော့ပေ။ သူ့ပစ္စည်းကိရိယာတွေကို ထုတ်ပိုးပြီး ရေချိူးရန် အထဲဝင်ခဲ့တော့သည်။
ညနေခင်း၌ စားသောက်ဆိုင်လေးမှ အစားအသောက်Deliveryအပြင် ရန်ချင်းကျွမ်းက ကိုယ်တိုင် ရိုးရိုးခေါက်ဆွဲ တစ်ပန်းကန်ပြုလုပ်ကာ စားပွဲထံသို့ယူလာခဲ့၏။
" ဒီနေ့က ငါ့ မွေးနေ့ " သူကရှင်းပြသည်။
" မွေးနေ့ ? " ကျွန်တော် အံ့ဩသွားပြီး ပြောစရာပျောက်သွား၏ " ဘာလို့ ငါကို စောစောမပြောတာလဲ ? ငါ လက်ဆောင်တောင် မပြင်ခဲ့ရ... "
သူ့မွေးနေ့ကို မှတ်မထားမိတဲ့အတွက် မိမိကိုယ်ကိုအပြစ်တင်မိသည်။ ကျွန်တော် ကြိုပြီး ကိတ်အော်ဒါမှာခဲ့သင့်တာ။ ဒါကကျွန်တော်သူနှင့် အတူကုန်ဆုံးရသော မွေးနေ့ဖြစ်ပါလျက် ရိုးရိုးရှင်းရှင်းကြီး ကုန်ဆုံးလိုက်ရသတဲ့.....
ခဏလေး ၊ ကျွန်တော် အသိပြန်ဝင်လာ၏။
ကျိနင် ၊ မင်း ရန်ချင်းကျွမ်းရဲ့မှော်ပညာကို ခဏချင်းရှင်း ထုတ်နိုင်မလား ? မင်း သူ့ကို မင်းအတွက် မရပ်တည်အောင် ၊မုန်းအောင် လုပ်မယ်လို့ သဘောတူခဲ့တာ မလား ? သဘောတူထားတဲ့အချိန်ကဖြင့် ရက်အနည်းငယ်အတွင်းရောက်တောမှာ ၊ မင်းက နောင်တရနေမှာတော့မဟုတ်ဘူးမလား ?
" ဘာလက်ဆောင်မှ မလိုဘူး " ရန်ချင်းကျွမ်းက ခေါက်ဆွဲပွဲသေးတစ်ပွဲ ကမ်းပေးလာပြီး : " မင်းဒီမှာ ရှိနေရုံနဲ့ လုံလောက်ပြီ "
နိူးထတော့ ! မင်းရဲ့ အမြင်အာရုံက ထပ်ပြီး ချော်ထွက်နေပြီ ! အာရုံစိုက်တာတွေ ဘယ်မှာလဲ ? မင်းအိပ်မက်ဆိုးကို မေ့သွားပြီလား ? သူ့ကို ကျန်တဲ့တစ်ဘဝလုံး မင်းကို ဘယ်တော့မှ မမေ့ပဲ နာနာကျင်ကျင်နဲ့ခံစားပြီး နေသွားစေချင်တာလား ?
ဒီတစ်ချက်ပဲလေ ! ကျေးဇူးပြုပြီး မယိမ်းယိုင်နဲ့တော့ ! မယိမ်းယိုင်ပါနဲ့တော့ !
ကျွန်တော့်စိတ်ဟာ မြင့်မြတ်သောဆင်ခြင်တုံတရားနှင့် စရိုက်ဆိုးကြားမှာ ခေါက်တုံ့ခေါက်ပြန်ကူးလူးနေ၏။ အနိုင်ရသူကိုမဆုံးဖြတ်ရသေးခင် အခြေအနေက ရန်ချင်းကျွမ်း၏ ခေါက်ဆွဲနှင့် ယာယီ စုစည်းခံလိုက်ရသည် —— မွေးနေ့ရောက်နေတဲ့ပုဂ္ဂိုလ်က အရေးအကြီးဆုံးဖြစ်လို့ ကျွန်တော် ဒီခေါက်ဆွဲပန်းကန်ကို စားပေးဖို့လိုအပ်သေးသည်။
ရန်ချင်းကျွမ်း၏ လက်ရာက သိပ်မဆိုးပေ။ အရသာက နည်းနည်း ပေါ့ပြီး ခေါက်ဆွဲက ကြမ်းပေမယ့် ဒီမွေးနေ့ခေါက်ဆွဲက ကျွန်တော်မြည်းစမ်းဖူးသမျှထဲမှာ အကောင်းဆုံးနှင့် အရသာအရှိဆုံးဖြစ်ပါ၏။
" ငါ လက်ဆောင်မလိုချင်ဘူး။ ငါတို့တွေ အမေးအဖြေဂိမ်းကစားကြမလား ? "
ယခင်က ရန်ချင်းကျွမ်းဟာ အစားစားသောက်ရာမှာ အလွန်အာရုံထားပြီး အံ့ဩရလောက်သော ပမာဏအထိ စားသောက်တတ်၏။ သို့သော် ယနေ့တွင်တော့ အကြောင်းအရင်းတချို့ကြောင့် သူ၏ မွေးနေ့တွင် နည်းနည်းမျှ စားသောက်ပြီးသော်တူတွေက မလှုပ်တော့ပေ။
ကျွန်တော် ခေါက်ဆွဲကိုစားရင်း ခေါင်းညိတ်လိုက်၏။ " မင်း မေးပါ။ "
သူက အရွက်စိမ်းတစ်ကိုက် ကိုက်လိုက်ပြီး ကျွန်တော့်ကို မေးလာသည် : " နာမည် ? "
ဒါက ဘယ်လို ပြဿနာကြီးတုန်း ?
" ကျိနင် "
သူ ဘာလုပ်မလို့လဲဆိုတာ မသိနိုင်ပေမယ့် ကျွန်တော် ပူးပေါင်းကာ နာမည်ဖြေပေးလိုက်ပါ၏။
" အသက် ? "
" ၂၅ "
" အကြိုက်ဆုံး အသီး ? "
" သစ်တော်သီး "
" အကြိုက်ဆုံးအရောင် ? "
" အဖြူ "
" နေဝင်လာရင် ၊ ညအမှောင်ကို မကြောက်နဲ့...... "
" မိုးသောက်တဲ့အခါ ၊ နေ့သစ်အတွက် ကျေးဇူးတင်ပါ "
" အပြစ်ကြွေးဆပ်ဖို့ စောင့်နေရနိုင်တယ် ၊ ဒါပေမယ့် မင်းက ဘယ်လိုလုပ်သိမလဲ.... "
" မင်းက တခြားတစ်ယောက်ရဲ့အပြစ်ကြွေးမဟုတ်မှန်း "
ပြောပြီးကာမှ ကျွန်တော် ကြောင်အမ်းသွား၏။
ကျွန်တော် နောက်ဆုံး စာကြောင်းကို ဘယ်မှာ မြင်ခဲ့လဲ မမှတ်မိတော့ပေမယ့် ဒါက တော်တော်လေးကို စွဲစွဲထင်ထင်ဖြစ်နေခဲ့၏ ——— ဒါသည် ဗေဒင်ကွတ်ကီးက ဆောင်ပုဒ်ပင်။ ဒါကို ကျွန်တော်ရလိုက်သည့်နေ့က ကျွန်တော့်အတွက် အိပ်မက်ဆိုး။ ကျွန်တော် စာသင်ခန်းထဲရှိ ရန်ချင်းကျွမ်းနှင့်လင်းရှန့်ကြားက တိတ်တိတ်ပုန်းအချစ်ကို မျက်မြင်တွေ့ရှိခဲ့ပြီး မနာလိုစိတ်ကြောင့် မှားယွင်းဆုံးဖြတ်မိကာ သူတို့ကို တိုင်ခဲ့မိသည်။
ရန်ချင်းကျွမ်းက တူကိုချလိုက်၏။ ယင်းက လှုပ်ရှားမှုမမည်တာ သိသာပါလျက် တူက စားပွဲနှင့်ထိပြီး ချပ်ကနဲ့ အသံမြည်သွားသောအခါ ကျွန်တော် ထိန်းမရစွာ တုန်ယင်သွားခဲ့ပါသေးသည်။
" ကျိနင် ဒါမင်းရဲ့ နောက်ဆုံး အခွင့်အရေးပဲ..."
သူဟာ အသံထွက်ကို အသားပေး၍ တစ်လုံးချင်း ပြောလိုက်သည်။
" မင်း ငါ့ကို တစ်ခုခု ဖုံးထားတာ ရှိနေသေးလား ? "
________________________________________________________________________
『Zawgyi 』
အခန္း ( ၆၈ ) : ဒါမင္းရဲ့ ေနာက္ဆုံး အခြင့္အေရးပဲ။
※※※※※※※※※※※※※※※※※※※※
ဒီလိုမ်ိဳး ျဖစ္လာခဲ့သည္။ လက္စြပ္ဝတ္ၿပီးေနာက္ ရန္ခ်င္းကၽြမ္း ႏွင့္ ကၽြန္ေတာ့္၏ ဆက္ဆံေရးက တစ္မ်ိဳးတစ္ဖုံ ထူးဆန္းလာခဲ့၏။
ဒါက ကၽြန္ေတာ္ သတ္မွတ္ထားခဲ့ေသာ အစီအစဥ္မ်ိဳး မဟုတ္ပါေခ်။
အႀကိမ္ေပါင္းေျမာက္ျမားစြာတိုင္ ကၽြန္ေတာ္ ရန္ခ်င္းကၽြမ္းထံ ေျပးသြား၍ ၊ သူ႔ကို လက္စြပ္ခၽြတ္ဖို႔ႏွင့္ ညကေျပာခဲ့သမၽွအားလုံးဟာ မရည္ရြယ္ေသာစကားမ်ားပါဟု ေျပာလိုက္ခ်င္မိသည္။ ကၽြန္ေတာ္ သူ႔ကိုသေဘာက်တဲ့အေၾကာင္းႏွင့္ တျခားသူကို မႀကိဳက္ဖို႔ ေျပာျခင္းက အကုန္လုံး ေပါက္ကရေတြပါဟူ၍။ သို႔ေသာ္ သူ ကၽြန္ေတာ့္ထံ ကပ္လာ၍ ကၽြန္ေတာ့္ပါးျပင္ကိုထိၿပီး ၊ စကားပင္မဆိုပဲ ေခါင္းပြတ္ေပးလာသည္ႏွင့္ ကၽြန္ေတာ္ ဘာကိုမွ မမွတ္မိနိုင္ေတာ့ေပ။
သူ႔အထိအေတြ႕ ၊ သူ႔စကားႏွင့္ သူ႔ျဖစ္တည္မွုအလုံးစုံကပင္ ေမွာ္ပညာတစ္ခုႏွယ္ ကၽြန္ေတာ့္၏ ၿပိဳလဲလုတဲတဲ ဆင္ျခင္တုံတရား အလုံးစုံကို တိုက္စားကာ သူ႔ဆႏၵႏွင့္ဆန႔္က်င္ေသာ အရာေတြကို ေျပာမထြက္ေစခဲ့။ သူကၽြန္ေတာ့္ကို ေသေစခ်င္လၽွင္ေတာင္ ကၽြန္ေတာ္ ဘာမွ ေျပာလိမ့္မည္မဟုတ္ဟု ခံစားရပါ၏။
မဟုတ္လၽွင္လဲ.....၇ရက္ေလးပဲ ၊ သူႏွင့္ ေနာက္ထပ္ ၇ရက္ေလးပဲေနၿပီးရင္ ကၽြန္ေတာ္ ထြက္သြားမည္။
ကၽြန္ေတာ့္မွာ အစီအစဥ္မရွိပဲ ၊ ဘယ္ကိုသြားနိုင္မလဲ မသိေသးေပမယ့္ မိမိကိုယ္ကို အလြန္ဆုံး ၇ရက္အတြင္း ထြက္သြားရမည္ဟု ေျပာေနမိ၏။
ဒီ၇ရက္အတြင္းမွာ သူ ကၽြန္ေတာ့္ကို မုန္းဖို႔ အတတ္နိုင္ဆုံးႀကိဳးစားရမည္။ ကၽြန္ေတာ့္ကို မုန္းလြန္းလို႔ ေသသည့္္တိုင္ ဘယ္ေတာ့မွ မဆက္သြယ္ေတာ့ေအာင္ လုပ္ဖို႔။ကၽြန္ေတာ္ ေသၿပီးသည္အထိ ကၽြန္ေတာ္ႏွင့္ အၾကာႀကီးမေနခဲ့တာကို ဝမ္းသာေနမည့္ ေမ့မရနိုင္ေသာအမုန္းမ်ိဳးျဖင့္ မုန္းတာက အေကာင္းဆုံးပင္။
ကၽြန္ေတာ္ သူ႔ကို အိပ္မက္ထဲကလိုမ်ိဳး မျဖစ္ေစခ်င္သလို သူ ကၽြန္ေတာ့္ကို သေဘာက်မွာကိုလည္း မလိုခ်င္ပါ။
ပထမႏွင့္ ဒုတိယရက္ေတြမွာ အနည္းငယ္ စိတ္ရွုပ္ေထြးခဲ့ရေပမယ့္ တတိယေျမာက္ေန႔တြင္ေတာ့ ကၽြန္ေတာ္ စည္းကိုက္ဝါးကိုက္ျဖစ္လာတာကို ေတြ႕လိုက္ရသည္။
" အျပင္မွာ နည္းနည္း ေျပာင္ရွင္းေနတယ္လို႔ မင္းထင္လား ? "
ေဘာလုံးပြဲ ၾကည့္ေနေသာ ရန္ခ်င္းကၽြမ္းႏွင့္ အတူထိုင္ေနရင္း သူက အခ်ိန္တစ္ဝက္ေလာက္မွာ သန႔္စင္ခန္းထသြား၏။ ကၽြန္ေတာ္က ျပတင္းအျပင္မွ ၿခံဝင္းေလးကို ၾကည့္မိသည္။ လမ္းမီးေရာင္ေတြေအာက္တြင္၎က ေခါင္လြန္းလွသည္။ ပန္းခင္းထဲတြင္ ေမပယ္ပင္ တစ္ပင္သာရွိသည္မို႔ အလြန္အထီးက်န္ကာ အက်ဥ္းတန္သျဖင့္ သူ ျပန္လာေသာအခါ ျပန္စိုက္ရန္ ပန္းပင္ႏွင့္ သစ္ပင္တခ်ိဳ႕ကို ဝယ္ဖို႔ အႀကံေပးလိုက္မိသည္။
သူက ကၽြန္ေတာ့္ေဘးမွာ ေရေဆးၿပီးသား ခ်ယ္ရီသီးပန္းကန္လုံးႏွင့္ ျပန္ထိုင္လာ၏။ သူက ေခါင္းညိတ္၍ : " အနီးနားက မားကတ္မွာရွိေလာက္တယ္။ ငါ မနက္ျဖန္က် ေထာင္န်န္ကို ဝယ္ခဲ့ဖို႔ ေျပာလိုက္မယ္ "
သူက ကၽြန္ေတာ့္ကို ပန္းကန္လုံး ကမ္းေပးလာ၍ ယူလိုက္ၿပီး ခ်ယ္ရီသီးႏွစ္လုံးကို ယူကာ ကၽြန္ေတာ့္ပါးစပ္ထဲ ပစ္ထည့္လိုက္မိသည္။ ခ်ိဳခ်ိဳခ်ဥ္ခ်ဥ္အရသာက ခ်က္ခ်င္း ပါးစပ္ထဲမွာ ပ်ံ႕ႏွံ့လာ၏။ တစ္ဝက္နီးနီး စားေသာက္ၿပီးကာမွ တခ်ိန္လုံး စားေနတာက ကၽြန္ေတာ္ျဖစ္ေနမွန္း သေဘာေပါက္လိုက္မိသည္။ ရန္ခ်င္းကၽြမ္းက လုံးဝ မလွုပ္ေပ။
" မင္း မစားဘူးလား ? " ကၽြန္ေတာ္ ခ်ယ္ရီသီးတစ္လုံးကို ဖိကိုင္၍ သူ႔ႏွုတ္ခမ္းထံ ေတ့ေပးလိုက္သည္။
သူက ကၽြန္ေတာ့္ကို တစ္ခ်က္ၾကည့္ ၊ ၿပီးလၽွင္ ခ်ယ္ရီသီးကို တစ္ခ်က္ၾကည့္ကာ ပါးစပ္ဖြင့္၍ ကိုက္ယူလိုက္ကာ ကၽြန္ေတာ့္လက္ေခ်ာင္းကို သူ႔လၽွာဖ်ားႏွင့္ လွိမ့္လိုက္ေလသည္။
ကၽြန္ေတာ္ ခ်က္ခ်င္း လက္ကို႐ုတ္လိုက္မိလ်က္။ သူ႔ေၾကာင့္ အာ႐ုံေတာ္ေတာ္ေထြျပားသြားတာမို႔ ေဘာလုံးပြဲၾကည့္ဖို႔ စိတ္ေလးကိုပင္ ဆုံးရွုံးလိုက္ရ၏။
သူက ခ်ယ္ရီသီးကို စား၍ အညႇာကို ေထြးထုတ္လိုက္ၿပီး အေရွ႕မွ စခရင္ႀကီးအား အာ႐ုံစူးစိုက္ကာ စိတ္ဝင္တစား ၾကည့္ရွုေနခဲ့သည္။
ကၽြန္ေတာ္ သူ႔ကို တစ္လုံးထပ္ေကၽြးလိုက္ေသာ္ ဤတစ္ႀကိမ္၌ သူက ၾကည့္ေတာင္မၾကည့္ေတာ့။ တစ္ခ်ိန္လုံး အၾကည့္မလႊဲပါပဲ သူက ခ်ယ္ရီသီးအား သူ႔ပါးစပ္ထဲ ထည့္ေပးေစၿပီး အလိုလို ႏွစ္ႀကိမ္မၽွဝါးလိုက္၍ ၎ေနာက္ အညႇာကို ေထြးထုတ္ျခင္းေပ။
ႏွစ္ဖက္အသင္း၏ ရလဒ္က သေရျဖစ္ေနေသာေၾကာင့္ ႏွစ္ဦးႏွစ္ဖက္ တိုက္စစ္ကလဲ ပို၍ ျပင္းထန္လာသည္။
ထိုအခိုက္ ပန္းကန္လုံးကို ေကာ္ဖီစားပြဲေပၚတင္လိုက္၍ ကၽြန္ေတာ့္ ပါးစပ္ျဖင့္ ခ်ယ္ရီသီးကိုယူကာ လွည့္လိုက္ၿပီး ရန္ခ်င္းကၽြမ္း၏ မ်က္ႏွာကို ကိုင္လ်က္ သူ႔ႏွုတ္ခမ္းေတြကို အုပ္မိုးပစ္လိုက္၏။
သူက ဆိုဖာေနာက္ကို မွီလိုက္ၿပီး ကၽြန္ေတာ့္ခါးေပၚလက္တစ္ဖက္တင္ကာ ကၽြန္ေတာ့္ႏွုတ္ခမ္းေတြႏွင့္ သူ႔ႏွုတ္ခမ္းကို ယွက္ႏႊယ္လာ၏။
".....ဒီေဘာလုံးပြဲက ဟုတ္ေနသားပဲ။ ၾကည့္လို႔ေကာင္းတယ္ "
သူဟာ ခဏမၽွ အာ႐ုံေျပာင္းခံလိုက္ရ၏။ ကၽြန္ေတာ္က သူ႔လၽွာကို ကိုက္၍ ေပ်ာ့အိအိအသားကို ဖိကာသူ႔က္ိုပို၍ နင့္နင့္နဲနဲနမ္းရွိုက္လိုက္သည္။ အရည္တို႔က ပါးစပ္တြင္ျပည့္လၽွမ္း၍ ပါးစပ္ေထာင့္မွ စီးက်လာလ်က္။ကၽြန္ေတာ္ဟာ သူ႔ခႏၶာကိုယ္တစ္ဖက္တစ္ခ်က္စီမွာ ဒူးေထာက္ထားၿပီး လက္ဖဝါးေတြကို သူ႔ရင္ဘတ္မွာ ေနရာခ်ထား၏။
သူဟာ " ေကၽြးျခင္း " ဟုေခၚသည့္တိုင္ စင္စစ္ " လိင္အၾကမ္းဖက္ျခင္း " ျဖစ္ေသာ ကၽြန္ေတာ့္၏အျပဳအမူကို အခ်ိတ္အဆက္မိေစရန္ မတုန္မလွုပ္ႏွင့္ ခြင့္ျပဳထားသည္။ ကၽြန္ေတာ့္ကို စိမ္ေျပနေျပျဖင့္သာတုံ႔ျပန္ေနၿပီး သူ႔လက္ဖဝါးမ်ားျဖင့္ ခါးကို ဆက္လက္ဆုပ္နယ္ေနခဲ့သည္။
" ဂိုးၿပီ ! ဂိုးပါၿပီ ! "
ထိုအခိုက္အတန႔္ဝယ္ သူ ရပ္သြား၏။ ကၽြန္ေတာ့္ကို နမ္းေနဆဲေပမယ့္ သူ႔မ်က္ႏွာက တစ္ဖက္သို႔ ယိမ္းသြားကာ တီဗြီကို လွမ္းၾကည့္ေလသည္။
ကၽြန္ေတာ္ မ်က္ေမွာင္ၾကဳတ္လ်က္ မတ္မတ္ထထိုင္လိုက္၏။ ၿပီးလၽွင္ ေခါင္းကိုယိမ္းလ်က္ ခ်ယ္ရီိသ္ီးအညႇာကို ေထြးလိုက္ၿပီး သူ႔မ်က္ႏွာကို ျပန္ဆြဲယူကာ တစ္ဖန္ ကိုင္းခ်၍ ပို၍ ျပင္းထန္စြာ အၾကမ္းဖက္လိုက္သည္။
ကၽြန္ေတာ့္အနမ္းေၾကာင့္ သူ၏ အသက္ရွုသံေတြ တျဖည္းျဖည္းျပင္းထန္လာကာ လက္ေခ်ာင္းအားမ်ားက တိုးလာၿပီး ကၽြန္ေတာ့္အကၤ်ီအစြန္းတြင္းသို႔ ေရာက္လာခဲ့သည္။
သူ႔လက္မွ လႊတ္ေပးခံရေတာ့မွာကို သိလၽွင္ ကၽြန္ေတာ္ လက္ဖဝါးကို သူ႔ရင္ဘတ္မွာေနရာခ်ကာ တြန္းလိုက္သည္။မိမိႏွုတ္ခမ္းတို႔က သူ႔ေမးရိုးႏွင့္ လည္ပင္းဆုံရာေနရာမွာ ပြတ္သၽွပ္သြားခဲ့လ်က္ : " ငါ လိုက္ကာမဆြဲရေသးဘူး "
တစ္ဖက္မွ ေထာင္န်န္တို႔ ျမင္သြားနိုင္သည္။
" ဒါဆိုလဲ သူတို႔ မျမင္နိုင္တဲ့ေနရာကို သြားမယ္ " ရန္ခ်င္းကၽြမ္းက အက္ရွေသာအသံျဖင့္ ဆိုလာၿပီး ခ်က္ခ်င္းပင္ကၽြန္ေတာ့္တင္ပါးကို ကိုင္ကာ ျမဲျမဲၿမံၿမံ ေပြ႕ခ်ီလိုက္သည္။
ကၽြန္ေတာ္ သူ႔လည္ပင္းမွာ ခ်ိတ္တြယ္ရင္း သိသိလ်က္ႏွင့္ ေမးလိုက္၏ : " မင္း ပြဲ မၾကည့္ေတာ့ဘူးလား ? "
" မၾကည့္ေတာ့ဘူး။ " သူက ကၽြန္ေတာ့္လည္စလုပ္ကိုကိုက္ရင္း မပီမသဆိုလာသည္ : " ဘယ္လိုလုပ္ ဆက္ၾကည့္နိုင္ေတာ့မွာလဲ ? "
ကၽြန္ေတာ္ ေခါင္းေမာ့လိုက္၍ သူ႔ေခါင္းေနာက္ကို ဖိရင္း တုန္ယင္စြာ အသက္ရွိုက္မိသည္။
ပထမတုန္းက ကၽြန္ေတာ္ဟာ သူပြဲမၾကည့္နိုင္ေအာင္ ေႏွာက္ယွက္ခ်င္႐ုံသာ ျဖစ္ေပမယ့္ ၊ တစ္နည္းတစ္ဖုံႏွင့္ ႏွစ္ေယာက္သားလွဲ၍ လုံးေထြးရင္း အိပ္ရာေပၚမွာ အဆုံးသတ္သြားေလသည္။
ေနာက္တစ္ေန႔ ကၽြန္ေတာ္ နိုးလာေသာအခါ ေန႔လည္ခင္းပင္ ေရာက္လုေခ်ၿပီ။ ကၽြန္ေတာ္ ထထိုင္လိုက္လၽွင္ ေနာက္ေက်ာမွ နာက်င္မွုကို ခံစားလိုက္ရ၏။
ကၽြန္ေတာ္ ပခုံးကို ကိုင္လ်က္ အေနာက္လွည့္ၾကည့္မိကာမွ လက္ျပင္ရိုးေပၚမွ အနီမွတ္ေတြကို ေတြ႕လိုက္ရသည္။
ရန္ခ်င္းကၽြမ္းသည္ မေန႔တုန္းက ႐ူးသြားသလိုပင္။ ကၽြန္ေတာ့္ခႏၶာကိုယ္ အေနာက္ပိုင္း ေနရာအႏွံ့နီးပါးကိုက္ခဲ့သည္။အထူးသျဖင့္ ၿမီးေညႇာင့္ရိုးဧရိယာတစ္ဝိုက္။ သူသည္ တစ္တိတိကိုက္ဝါးလိုက္ အဖန္ဖန္ လ်က္လိုက္လုပ္ေနခဲ့ၿပီး မလႊတ္နိုင္ျဖစ္ခဲ့သျဖင့္ ကၽြန္ေတာ့္မွာ သူ႔ထံမွ အစိတ္စိတ္အမႊာမႊာျဖစ္ေအာင္ အလ်က္ခံရေတာ့မည္ဟု ခံစားရသည္။
တံခါးဆီသို႔ ျဖည္းျဖည္းခ်င္းေလၽွာက္သြားလၽွင္ ရန္ခ်င္းကၽြမ္းက ဝင္းဝင္းေတာက္ေနေသာ ေနပူထဲမွာ ပန္းပင္းစိုက္ေနခဲ့၏။ လည္ပင္းမွာ ေခၽြးေတြစိုရႊဲလ်က္ ၊ ညႇပ္ရိုးမွ ေပၚထြက္ေနေသာ သြားရာနီရဲရဲတစ္ခုကလဲရွိေနေသးသည္ ; ကၽြန္ေတာ္ ကိုက္ထားတာပင္။
မေန႔ည ကုန္ဆုံးၿပီးေနာက္ ကၽြန္ေတာ္ဟာ အမ်ိဳးသားမ်ားသည္ သူတို႔ေပ်ာ္ရႊင္ရသေရြ႕ ဘာမဆို တကယ္ ေျပာထြက္နိုင္ေၾကာင္းကို ပို၍ ေသခ်ာလာခဲ့သည္။
မေန႔ညက သူ႔အားေျပာခဲ့သည့္ ေပါက္ကရေတြကို ကၽြန္ေတာ္ ရိုးရိုးတန္းတန္းပင္ အမွတ္မေဖာ္ဝံ့။ ႀကိဳက္တယ္ ခ်စ္တယ္က အံ့ဩစရာမဟုတ္ေတာ့။ လက္ခံနိုင္စရာမရွိဆုံးမွာ ကၽြန္ေတာ္ သူ႔ကို " ငါ့ကေလးေလး " ဟူ၍ပင္ ေခၚမိတာျဖစ္သည္။
မွတ္ဉာဏ္ေတြ ေနာက္တစ္ခါ ေပ်ာက္သြားဖို႔သာ တကယ္ဆုေတာင္းမိေတာ့သည္။
" ဒီလိုေလး ပုတ္ေပး..."
ရန္ခ်င္းကၽြမ္းက ေျခာက္လပန္းပင္တစ္ပင္ကို စိုက္ေနၿပီး လွည့္ကာ တစ္ေယာက္ေယာက္အား သ႐ုပ္ျပသည့္ႏွယ္ ေဂၚျပားျဖင့္ ေအာက္ေျခရွိ ေျမေဆြးေတြကို ပုတ္လိုက္သည္။
ကၽြန္ေတာ္ အေရွ႕ႏွစ္လွမ္းတက္ၾကည့္လိုက္မွ သူ႔၏ တစ္ဖက္တြင္ ေကာင္ငယ္ေလးတစ္ေယာက္ ငုတ္တုတ္ထိုင္ေနမွန္း ေသခ်ာျမင္လိုက္ရသည္။ ၎သည္ အရင္က ကၽြန္ေတာ့္ေျခေထာက္ထံ ေဘာလုံးလွိမ့္ေပးခဲ့သည့္ ေကာင္ေလးပင္။
ေကာင္ငယ္ေလးက လက္ထဲမွာ ေဂၚျပားအေသးေလးကို ကိုင္၍ ရန္ခ်င္းကၽြမ္းအတိုင္း တုပကာ ေျမႀကီးထဲမွာ Mando Grassကို စိုက္လိုက္၏။
" ဒီလိုလား ? " သူက မေသခ်ာသလိုေမး၏။
" အင္း မင္းေကာင္းေကာင္းလုပ္ခဲ့တယ္ " ရန္ခ်င္းကၽြမ္းက သူ႔ကို မတြန႔္မဆုတ္ပဲ ခ်ီးက်ဴးေလသည္။
မ်က္ႏွာမွာ ဂြမ္းဆီထိသြားေသာ အျပဳံးေလးျဖင့္ ေကာင္ငယ္ေလးက ေခါင္းျပန္ငုံ႔ကာ အပင္ကို ႀကိဳးႀကိဳးစားစားစိုက္ေတာ့၏။
ထိုျမင္ကြင္းကို ျမင္ရလၽွင္ ကၽြန္ေတာ့္ႏွလုံးသားမွာ ျမည္ဟည္းသြားသလို ခံစားလိုက္ရကာ မသိလိုက္ပါပဲ ျပဳံးမိသြားသည္။
တစ္ခါတုန္းက ကၽြန္ေတာ္ ရန္ခ်င္းကၽြမ္းႏွင့္အတူ ထြက္ေျပးခ်င္ဖူးသည္ ; ကၽြန္ေတာ္တို႔ကို ဘယ္သူမွမသိမည့္ေနရာသို႔သြားၿပီး ေန႔တိုင္းေန႔တိုင္း ေစ်းကိုသြားကာ ေပါက္ေပါက္ခ်ိဳေတြကို ဝယ္ယူ၍ သူေဌးကိုလဲ ေစ်းဆစ္ဦးမည္။ ထိုစဥ္က ကၽြန္ေတာ္ဟာ က်င္မိသားစုထံမွ ထြက္ေျပးဖို႔ တစ္ခုကိုသာ ေတြးခဲ့မိၿပီး ကၽြန္ေတာ္ မည္မၽွ အသက္ရွင္နိုင္မလဲဆိုတာကို ဂ႐ုမစိုက္ခဲ့ေပ။ ယခုမူ ကၽြန္ေတာ့္ဆႏၵ၏ တစ္ဝက္ေလာက္ ၿပီးေျမာက္သြားေပမယ့္ လ်စ္လ်ဴရွု႔လို႔မရသည့္ အရာေတြ ရွိလာခဲ့၏။
ရႊံ့ေတြထဲမွာ ကစားေနေသာ ေကာင္ငယ္ေလးကို ၾကည့္ရင္း ကၽြန္ေတာ္ သက္ျပင္းဖြဖြခ်မိ၏။ အိုင္းကေလးျဖစ္ရတာက ပိုေကာင္းတယ္။
ကၽြန္ေတာ္ ငယ္ရြယ္စဥ္က လူႀကီးမ်ား၏ လြတ္လပ္မွုကို မနာလိုခဲ့သည္။ သို႔ေပမဲ့ ႀကီးလာေသာအခါ ကေလးမ်ား၏အပူအပင္ကင္းမဲ့မွုကို မနာလိုျပန္သည္။
ခဏမၽွ ၾကည့္ေနၿပီးေနာက္ ကၽြန္ေတာ္ တိတ္တိတ္ေလး ျပန္လွည့္ကာ အိမ္ထဲဝင္လာလိုက္ေတာ့၏။
ေဆးေၾကာၿပီးေသာအခါ ကၽြန္ေတာ္စားပြဲေပၚမွ အသားေပါက္စီကို ဆြဲယူကာ ၿခံဝင္းအား ျပန္လည္ျပဳျပင္ေနေသာ အဖြဲ႕ထဲသို႔ ပါဝင္လိုက္သည္။.
ေကာင္ငယ္ေလးက နံေဘးအိမ္မွာ ေနထိုင္တာပင္။ သူ၏ ခ်စ္စနိုးနာမည္က ေဟာက္ေဟာက္။ သူ႔မိဘေတြက တျခားေနရာမွာ အလုပ္လုပ္တာျဖစ္၏။ မိသားစုထဲမွာ သူႏွင့္ သူ႔အဖြားႏွစ္ေယာက္သာရွိတာပင္။ သူက ဒီႏွစ္ ၆ႏွစ္ရွိၿပီ။
သူ၏ ရြယ္တူေဆာ့ေဖာ္ေဆာ့ဖက္ေတြ အမ်ားႀကီးမရွိ၍ေပလား။ သူက ရွက္တတ္ေသာအက်င့္စရိုက္ေလးရွ္ိၿပီး စကားေျပာလၽွင္လဲ ေၾကာင္ကေလး ေအာ္ျမည္ေနသကဲ့သို႔ တိုးလ်ေသာအသံျဖင့္ပင္။ ကၽြန္ေတာ္တို႔ႏွင့္ ခဏမၽွ ကစားၿပီးေနာက္ ရာသီဥတုကအရမ္းပူလာ၍ သူ တစ္ေရးတစ္ေမာအိပ္ရေတာ့မည္မို႔သူ႔အဖြားထံမွ အေခၚခံရေတာ့၏။
ရန္ခ်င္းကၽြမ္းႏွင့္ ကၽြန္ေတာ္က ပန္းပင္စိုက္ရန္ တြင္းဆက္တူးေနလိုက္ၾကသည္။ သူက တြင္းတူးရာမွာ တာဝန္ယူၿပီး ကၽြန္ေတာ္က ပန္းမ်ိဳးေစ့ေတြကို သူ႔အား လက္ကမ္းေပးရာမွာ တာဝန္ယူခဲ့သည္။
သူက ကၽြန္ေတာ့္ကို ေဂၚျပားေသာ္၎ ဆူးပါေသာ ပန္းပင္ေသာ္၎ ထိခြင့္မေပးခဲ့ေပ။ ထိလိုက္တာႏွင့္ကၽြန္ေတာ့္လက္က်ိဴးသြားေတာ့မည့္ အတိုင္း ထင္ရ၏။
" ေနာက္ႏွစ္က်ရင္ ဒီၿခံဝင္းေလးက ဘယ္လိုပုံစံျဖစ္မလဲ မသိဘူးေနာ္ "
ကၽြန္ေတာ္ မျမင္နိုင္ေတာ့ဖို႔က ျဖစ္နိူင္ေခ်ျမင့္ေန၏။ ရန္ခ်င္းကၽြမ္းကလဲ ဒီမွာ တစ္သက္လုံးေနမွာမဟုတ္ေလာက္ေပ။ ယေန႔လုပ္အား၏ အသီးအပြင့္မ်ားက ေနာက္ႏွစ္မွာ ေစ်းေပါသြားေတာ့မွာပင္။
" မင္း ႏွစ္တိုင္းျပန္လာၿပီး ၾကည့္လို႔ရတာပဲ "
ရန္ခ်င္းကၽြမ္းက ေနာက္ဆုံး ႏွင္းဆီကို နံရံႏွင့္ကပ္၍ စိုက္လိုက္ၿပီး ေျမေဆြးကို ေျခေထာက္ႏွင့္ တက္နင္းလိုက္၏။
သူက ကိုယ္ေပၚမွ ရႊံ့ေတြကို ဖုန္ဖတ္ခါၿပီး ေရာက္လာ၍ တံစက္ၿမိတ္ေအာက္တြင္ ကၽြန္ေတာ္ႏွင့္ ေဘးခ်င္းကပ္ရပ္သည္။ ၿပီးလၽွင္ ျပန္လည္သစ္လြင္လာေသာ ၿခံဝင္းကိုၾကည့္၍ ခံစားခ်က္မ်ားျဖင့္ ဆို၏ :
" တစ္ေန႔မွာ ငါ စိတ္ေအးလက္ေအးနဲ႔ ပန္းပင္ေတြ ၊ အပင္ေတြ စိုက္ေနရလိမ့္မယ္လို႔ ထင္ေတာင္မထားမိဘူး "
ကၽြန္ေတာ္ သူ႔၏ ရႊံံ့ေပေနေသာ လက္အား ကိုင္လိုက္ရင္း အဖြဲ႕ဝင္အသစ္ေတြျပည့္ေနေသာ ဥယ်ာဥ္ကို ၾကည့္မိရာ အထူးပင္ ႏွစ္လိုဖြယ္ျဖစ္သကဲ့သို႔ ခံစားရသည္ :
" ေနဝင္သြားရင္ ညအေမွာင္ကို မေၾကာက္ပါနဲ႔ ၊ မိုးေသာက္တဲ့အခါ ေန႔သစ္အတြက္ ေက်းဇူးတင္ပါ။ ေနထြက္တာနဲ႔ လကြယ္တာက ေျပာင္းလဲလို႔မရနိုင္သလို ပူပန္ေၾကာင့္ၾကမွုေတြကလဲ အေထာက္အကူမျဖစ္ဘူး။အနာဂတ္မွာ ဒီလိုေန႔ေလးေတြ အမ်ားႀကီးရွိလာမွာမို႔လို႔ မင္းက စိတ္ေအးလက္ေအးျဖစ္တတ္ဖို႔ သင္ယူရမယ္။ "
သူက အတန္ၾကာစကားမဆိုေတာ့ေပ။ သို႔ေပမယ့္ သူ ကၽြန္ေတာ့္ကို ၾကည့္ေနတာကို ခံစားေနရသည္။
" ဘာျဖစ္လို႔လဲ ? " ကၽြန္ေတာ္ လွည့္ေမးလိုက္၏။
" ေနဝင္သြားရင္ ညအေမွာင္ကို မေၾကာက္နဲ႔.... " ကၽြန္ေတာ္ေျပာတာကို သူက ထပ္ေရရြတ္လိုက္သည္။
သူက အရမ္းဆီေလ်ာ္သည္ဟု ေတြးေနသလိုမ်ိဴး ထင္မိတာေၾကာင့္ ကၽြန္ေတာ္ျပဳံးလ်က္ေျပာလိုက္၏ : " မိုးေသာက္တဲ့အခါ ေန႔သစ္ကို ေက်းဇူးတင္ပါ။ အဲ့စကားက ငါေျပာတာမဟုတ္...... "
ကၽြန္ေတာ္ ေတြးၾကည့္မိေပမယ့္ ဘယ္သူကေျပာတာလဲ မမွတ္မိေတာ့ေပ။ ဒါက ႏွစ္ေတြၾကာၿပီလို႔သာ မွတ္မိေတာ့တာပင္။ ကၽြန္ေတာ္ ထိုစာေၾကာင္းကို တစ္ေနရာရာမွာ ျမင္ဖူးၿပီး ေကာင္းမြန္သည္ဟု ထင္ခဲ့တာေၾကာင့္ ယေန႔ထက္ထိ မွတ္မိေနျခင္းေပ။ " ငါလဲ ဖတ္ဖူးခဲ့တာ "
သူက ခဏမၽွ ေတြးၿပီး ေခါင္းညိတ္ကာ ဘာမွ မေျပာေတာ့ေပ။ သူ႔ပစၥည္းကိရိယာေတြကို ထုတ္ပိုးၿပီး ေရခ်ိဴးရန္ အထဲဝင္ခဲ့ေတာ့သည္။
ညေနခင္း၌ စားေသာက္ဆိုင္ေလးမွ အစားအေသာက္Deliveryအျပင္ ရန္ခ်င္းကၽြမ္းက ကိုယ္တိုင္ ရိုးရိုးေခါက္ဆြဲ တစ္ပန္းကန္ျပဳလုပ္ကာ စားပြဲထံသို႔ယူလာခဲ့၏။
" ဒီေန႔က ငါ့ ေမြးေန႔ " သူကရွင္းျပသည္။
" ေမြးေန႔ ? " ကၽြန္ေတာ္ အံ့ဩသြားၿပီး ေျပာစရာေပ်ာက္သြား၏ " ဘာလို႔ ငါကို ေစာေစာမေျပာတာလဲ? ငါ လက္ေဆာင္ေတာင္ မျပင္ခဲ့ရ... "
သူ႔ေမြးေန႔ကို မွတ္မထားမိတဲ့အတြက္ မိမိကိုယ္ကိုအျပစ္တင္မိသည္။ ကၽြန္ေတာ္ ႀကိဳၿပီး ကိတ္ေအာ္ဒါမွာခဲ့သင့္တာ။ ဒါက ကၽြန္ေတာ္သူႏွင့္ အတူကုန္ဆုံးရေသာ ေမြးေန႔ျဖစ္ပါလ်က္ ရိုးရိုးရွင္းရွင္းႀကီး ကုန္ဆုံးလိုက္ရသတဲ့.....
ခဏေလး ၊ ကၽြန္ေတာ္ အသိျပန္ဝင္လာ၏။
က်ိနင္ ၊ မင္း ရန္ခ်င္းကၽြမ္းရဲ့ေမွာ္ပညာကို ခဏခ်င္းရွင္း ထုတ္နိုင္မလား ? မင္း သူ႔ကို မင္းအတြက္ မရပ္တည္ေအာင္ ၊ မုန္းေအာင္ လုပ္မယ္လို႔ သေဘာတူခဲ့တာ မလား ? သေဘာတူထားတဲ့အခ်ိန္ကျဖင့္ ရက္အနည္းငယ္အတြင္းေရာက္ေတာမွာ ၊ မင္းက ေနာင္တရေနမွာေတာ့မဟုတ္ဘူးမလား ?
" ဘာလက္ေဆာင္မွ မလိုဘူး " ရန္ခ်င္းကၽြမ္းက ေခါက္ဆြဲပြဲေသးတစ္ပြဲ ကမ္းေပးလာၿပီး : " မင္းဒီမွာ ရွိေန႐ုံနဲ႔လုံေလာက္ၿပီ "
နိူးထေတာ့ ! မင္းရဲ့ အျမင္အာ႐ုံက ထပ္ၿပီး ေခ်ာ္ထြက္ေနၿပီ ! အာ႐ုံစိုက္တာေတြ ဘယ္မွာလဲ ? မင္းအိပ္မက္ဆိုးကို ေမ့သြားၿပီလား ? သူ႔ကို က်န္တဲ့တစ္ဘဝလုံး မင္းကို ဘယ္ေတာ့မွ မေမ့ပဲ နာနာက်င္က်င္နဲ႔ခံစားၿပီး ေနသြားေစခ်င္တာလား ?
ဒီတစ္ခ်က္ပဲေလ ! ေက်းဇူးျပဳၿပီး မယိမ္းယိုင္နဲ႔ေတာ့ ! မယိမ္းယိုင္ပါနဲ႔ေတာ့ !
ကၽြန္ေတာ့္စိတ္ဟာ ျမင့္ျမတ္ေသာဆင္ျခင္တုံတရားႏွင့္ စရိုက္ဆိုးၾကားမွာ ေခါက္တုံ႔ေခါက္ျပန္ကူးလူးေန၏။အနိုင္ရသူကို မဆုံးျဖတ္ရေသးခင္ အေျခအေနက ရန္ခ်င္းကၽြမ္း၏ ေခါက္ဆြဲႏွင့္ ယာယီ စုစည္းခံလိုက္ရသည္ ——ေမြးေန႔ေရာက္ေနတဲ့ပုဂၢိဳလ္က အေရးအႀကီးဆုံးျဖစ္လို႔ ကၽြန္ေတာ္ ဒီေခါက္ဆြဲပန္းကန္ကို စားေပးဖို႔လိုအပ္ေသးသည္။
ရန္ခ်င္းကၽြမ္း၏ လက္ရာက သိပ္မဆိုးေပ။ အရသာက နည္းနည္း ေပါ့ၿပီး ေခါက္ဆြဲက ၾကမ္းေပမယ့္ ဒီေမြးေန႔ေခါက္ဆြဲက ကၽြန္ေတာ္ျမည္းစမ္းဖူးသမၽွထဲမွာ အေကာင္းဆုံးႏွင့္ အရသာအရွိဆုံးျဖစ္ပါ၏။
" ငါ လက္ေဆာင္မလိုခ်င္ဘူး။ ငါတို႔ေတြ အေမးအေျဖဂိမ္းကစားၾကမလား ? "
ယခင္က ရန္ခ်င္းကၽြမ္းဟာ အစားစားေသာက္ရာမွာ အလြန္အာ႐ုံထားၿပီး အံ့ဩရေလာက္ေသာ ပမာဏအထိ စားေသာက္တတ္၏။ သို႔ေသာ္ ယေန႔တြင္ေတာ့ အေၾကာင္းအရင္းတခ်ိဳ႕ေၾကာင့္ သူ၏ ေမြးေန႔တြင္ နည္းနည္းမၽွ စားေသာက္ၿပီးေသာ္ တူေတြက မလွုပ္ေတာ့ေပ။
ကၽြန္ေတာ္ ေခါက္ဆြဲကိုစားရင္း ေခါင္းညိတ္လိုက္၏။ " မင္း ေမးပါ။ "
သူက အရြက္စိမ္းတစ္ကိုက္ ကိုက္လိုက္ၿပီး ကၽြန္ေတာ့္ကို ေမးလာသည္ : " နာမည္ ? "
ဒါက ဘယ္လို ျပႆနာႀကီးတုန္း ?
" က်ိနင္ "
သူ ဘာလုပ္မလို႔လဲဆိုတာ မသိနိုင္ေပမယ့္ ကၽြန္ေတာ္ ပူးေပါင္းကာ နာမည္ေျဖေပးလိုက္ပါ၏။
" အသက္ ? "
" ၂၅ "
" အႀကိဳက္ဆုံး အသီး ? "
" သစ္ေတာ္သီး "
" အႀကိဳက္ဆုံးအေရာင္ ? "
" အျဖဴ "
" ေနဝင္လာရင္ ၊ ညအေမွာင္ကို မေၾကာက္နဲ႔...... "
" မိုးေသာက္တဲ့အခါ ၊ ေန႔သစ္အတြက္ ေက်းဇူးတင္ပါ "
" အျပစ္ေႂကြးဆပ္ဖို႔ ေစာင့္ေနရနိုင္တယ္ ၊ ဒါေပမယ့္ မင္းက ဘယ္လိုလုပ္သိမလဲ.... "
" မင္းက တျခားတစ္ေယာက္ရဲ့အျပစ္ေႂကြးမဟုတ္မွန္း "
ေျပာၿပီးကာမွ ကၽြန္ေတာ္ ေၾကာင္အမ္းသြား၏။
ကၽြန္ေတာ္ ေနာက္ဆုံး စာေၾကာင္းကို ဘယ္မွာ ျမင္ခဲ့လဲ မမွတ္မိေတာ့ေပမယ့္ ဒါက ေတာ္ေတာ္ေလးကိုစြဲစြဲထင္ထင္ျဖစ္ေနခဲ့၏ ——— ဒါသည္ ေဗဒင္ကြတ္ကီးက ေဆာင္ပုဒ္ပင္။ ဒါကို ကၽြန္ေတာ္ရလိုက္သည့္ေန႔က ကၽြန္ေတာ့္အတြက္ အိပ္မက္ဆိုး။ ကၽြန္ေတာ္ စာသင္ခန္းထဲရွိ ရန္ခ်င္းကၽြမ္းႏွင့္လင္းရွန႔္ၾကားက တိတ္တိတ္ပုန္းအခ်စ္ကို မ်က္ျမင္ေတြ႕ရွိခဲ့ၿပီး မနာလိုစိတ္ေၾကာင့္ မွားယြင္းဆုံးျဖတ္မိကာ သူတို႔ကို တိုင္ခဲ့မိသည္။
ရန္ခ်င္းကၽြမ္းက တူကိုခ်လိုက္၏။ ယင္းက လွုပ္ရွားမွုမမည္တာ သိသာပါလ်က္ တူက စားပြဲႏွင့္ထိၿပီး ခ်ပ္ကနဲ႔ အသံျမည္သြားေသာအခါ ကၽြန္ေတာ္ ထိန္းမရစြာ တုန္ယင္သြားခဲ့ပါေသးသည္။
" က်ိနင္ ဒါမင္းရဲ့ ေနာက္ဆုံး အခြင့္အေရးပဲ..."
သူဟာ အသံထြက္ကို အသားေပး၍ တစ္လုံးခ်င္း ေျပာလိုက္သည္။
" မင္း ငါ့ကို တစ္ခုခု ဖုံးထားတာ ရွိေနေသးလား ? "