『Unicode』
အခန်း ( ၆၄ ) : ငါက ဘာလို့များ နုနယ်လာရတာလဲ....
※※※※※※※※※※※※※※※※※※※※
ကျွန်းပေါ်တုန်းက ၊ ကျွန်တော့်မှာမှတ်ဉာဏ်မရှိသောအချိန်ဖြစ်တာမို့ ဒါကိုမသိပဲ ရန်ချင်းကျွမ်းအား ချစ်ခဲ့မိသည်။ကျွန်တော်ဟာ အပြစ်ပြေရာပြေကြောင်းအသွင်ဆောင်သော အရာများစွာကို လုပ်ခဲ့သော်လည်း စင်စစ်တွင်တော့ချစ်ကျွမ်းဝင်နေ၍ဖြစ်ကာ ကျွန်တော့်နှလုံးသားထဲက ခံစားချက်များကို ဆိုင်းငံ့ခြင်းမရှိ ထုတ်ဖော်ပြသခဲ့သည်။
ပထမတုန်းက ရန်ချင်းကျွမ်းဟာ ကျွန်တော့်ကို ငြင်းဆန်ခဲ့ပြီး သူ့မစ်ရှင်ထဲ ကျွန်တော်မပါလာမချင်းအထိ သူ့ကြောင့်အထင်မှားမနေဖို့ အကြိမ်ကြိမ် သတိပေးခဲ့သေးသည်။
ထိုစဉ်က သူ ကျွန်တော့်ကြောင့် စိတ်လှုပ်ရှားခဲ့သည်ဖြစ်စေ ၊ ကြိုးတံတားသက်ရောက်မှုကြောင့် ပိုမို လွှမ်းမိုးခဲ့ရခဲ့သည်ဖြစ်စေ ၊ မဟုတ်လျှင်လဲ နှစ်ခုစလုံး ပေါင်းဆုံနေသည်ဖြစ်စေ ၊ ယခုမူ ဘယ်သူမှ မပြောနိုင်ပေ။ သူကိုယ်တိုင်ပင် မပြောနိုင်လောက်ဟု ကျွန်တော်ထင်မိ၏။
သို့သော် အနှီရုတ်တရက်ဆန်သော စိတ်အားထက်သန်မှုက ကြာကြာမခံ။ ဒီလိုနည်းနှင့် တွေးကြည့်ရပါက ဒီရက်တွေအတွင်း သူ၏ လျစ်လျူရှုမှုတွေဟာ ကျွန်တော် စပ်စပ်စုစုဖြစ်နေခြင်းကြောင့် အပြစ်တင်နေသည်မဟုတ်ပဲ ၊ သူ၏ နေရာလွဲမှားနေသော ခံစားချက်တွေ ပြန်လည်ပေါ်ပေါက်လာပြီး အချစ်နှင့်ဆင်သော တစ်စုံတစ်ရာ ပျောက်ကွယ်သွားသောကြောင့် ဖြစ်နိုင်သည်။ သူ တဖြည်းဖြည်းနှင့် အသိဝင်လာခဲ့ကာ ကျွန်တော်နှင့် သူ့ကိုယ်တိုင်ကို ထပ်ပြီး ကင်းအောင်နေတာပင်။
သို့သော် များပြားလှသည့် စိတ်ပိုင်းဆိုင်ရာရောဂါတွေကဲ့သို့ပင် နလံပြန်ထူနိုင်စွမ်းက အချိန်ပေးရကာ အခွင့်အလမ်းလဲနည်းသည်။ ယင်းကို နှိုးဆွလို့မရ၊ တစ်ကြိမ် နှိုးဆွလိုက်မိသည်နှင့် အလွယ်တကူတစ်ဖန်ပြန်ဖြစ်နိုင်၏။
နဂိုကတည်းက သူဟာ တံတားအပိုင်းအများစုကို ဖြတ်လျှောက်ခဲ့နှင့်ပြီးဖြစ်သည်။ မထင်မှတ်သော မတော်တဆဆိုတာမျိုးမရှိတော့လျှင် ဆယ်ရက်ခွဲလောက်မှာ အနှီခနော်ခနဲ့ တံတားပေါ်ကနေ သူ လုံးဝ ထွက်သွားနိုင်လိမ့်မည်ဟု ကျွန်တော်ခန့်မှန်းမိပါ၏။ရလဒ်ကတော့ ထိုအခိုက်အတန့်မှာပဲ ကျောက်ယောင်ကျင်း*က ထွက်ပေါ်လာကာ သူ့ကို တံတားထိပ်မှ ပိတ်လိုက်၍ တံတားအလယ်သို့ ပြန်လည်ကန်ထုတ်လိုက်ခြင်းပင်။
( ကျောက်ဖုန်းကိုပြောချင်တာပါ။ ရုတ်တရက်ပေါ်လာပြီး အစီအစဉ်တွေကို နှောင့်ယှက်လိုက်တယ်လို့ဆိုလိုပါတယ် )
အန္တရာယ်များသော တံတားက ထပ်မံပြဿနာလာတက်စေခဲ့၏။
ကျွန်တော်က သူ့ကိုကျော်ပြီး ဘာကြောင့်များ ကျောက်ဖုန်းကို ရွေးရမှာလဲ ? ကျွန်တော့်စိတ်ထဲမှာ ကျောက်ဖုန်းက သူ့ထက်အရေးကြီးလား ?
အနှီပြဿနာများသည် လွန်ခဲ့သောရှစ်နှစ်က ပူပန်စရာများမှ ပေါက်ဖွားလာခဲ့ပြီး လက်ကျန် ထင်ယောင်ထင်မှားတွေမှလဲဖြစ်ပေါ်လာတာပင်။
ကျောက်ဖုန်းနှင့် ရန်ချင်းကျွမ်းကြားမှာ ယှဉ်စရာရှိနေလို့လား ?
ကျွန်တော်က ကျောက်ဖုန်းနှင့်ပြဿနာမရှိသလို သူ့ကိုလည်း အရမ်းလေးစား၏။ သို့သော် ဒါက သူနှင့်ရန်ချင်းကျွမ်းကြားမှာ တကယ်ယှဉ်စရာမဟုတ်ပါချေ။
ဒါပေမယ့်လဲ ကျွန်တော် ဒီတိုင်း ဝန်ခံလိုက်လို့ဖြစ်ပါ့မလား ?
မဖြစ်ဘူး။ သေချာပေါက် မဖြစ်ပါချေ။
ထို့ကြောင့် တံခါးလက်ကိုင်ကို ကိုင်ထားရင်း ကျွန်တော် ရန်ချင်းကျွမ်းကို ကျောပေးလျက်ပြောလိုက်သည်။
" မင်းနဲ့ သူနှစ်ယောက်လုံးက ငါ့သူငယ်ချင်းတွေလေ။ ဘယ်သူကမှ ဘယ်သူ့ထက် ပိုအရေးမကြီးဘူး။ ငါ့စိတ်ထဲမှာ မင်းတို့က အတူတူပဲ "
တစ်ဖန် တိတ်ဆိတ်သွားလျက်။
" သူနဲ့ ငါက အတူတူပဲ......."
ရန်ချင်းကျွမ်းဟာ ရယ်စရာတွေ့သွားသလို ရေရွတ်ရင်း နှာမှုတ်လိုက်ပေမယ့် ကျွန်တော်က သူ့နှင့်ကျောက်ဖုန်းကို ယှဉ်လျက်ထားလိုက်ခြင်းအား လက်မခံနိုင်သည့် ပုံစံပေါက်၏။
ကျွန်တော် နောက်လှည့်ချင်စိတ်ကို အံတုရင်း အံကြိတ်ကာ ပြောမိသည်။
" အင်း ၊ အတူတူပဲ။ ငါ မင်းအတွက် လုပ်ပေးတာမှန်သမျှ ငါ သူ့အတွက်လုပ်ပေးမှာပဲ "
ထိုသို့ ပြော၍ ကျွန်တော် တံခါးဖွင့်ကာ အိမ်ထဲ အမြန်ဝင်လာပြီး အပေါ်ထပ်သို့ တရှိန်ထိုးပြေးတက်လာခဲ့တော့သည်။ ရန်ချင်းကျွမ်းက အဆုံးထိလိုက်ပြီး ဖြေရခက်တဲ့ မေးခွန်းတချို့ မေးမိမှာကို ကြောက်မိ၍ပင်။
_
ထို့နောက်မှ စ၍ ရန်ချင်းကျွမ်းနှင့် ကျွန်တော့်ကြားက ဆက်ဆံရေးမှာ ပို၍ပင် အေးစက်လာကာ စားသောက်ချိန်မှလွဲ၍အချင်းချင်း မဆုံဖြစ်တော့ပေ။
တစ်ခါတလေ ၊ ကျွန်တော်နှင့် စားပွဲတစ်ခုံတည်း မထိုင်ရရေးအတွက် သူဟာ အစာမစားမီ တမင်အပြင်ထွက်၍ ဆေးလိပ်သောက်၏။ကျွန်တော် စားပြီးမှ သူက အိမ်ထဲပြန်ဝင်လာတတ်သည်။
သူနှင့် ဆက်ဆံရေးပြတ်တောက်ခြင်းက ကျွန်တော် မှန်းထားသည်ထက် ပိုမိုနာကျင်ရ၏။
နှလုံးသားမှ ပေါက်ဖွားလာပြီး မူလက ရန်ချင်းကျွမ်းနှင့် ချိတ်ဆက်ထားသော ကြိုးသည် ယခုအခါ အသွေးအသားနှင့်ချိတ်ဆက်လာကာ သွေးတစ်စက်စက်ထွက်လာတော့၏။ထိုနေရာတွင် ပျောက်နေသော အစိတ်အပိုင်းတစ်ခုရှိနေပြီးနာကျင်မှုက ဆက်လက်ဖြစ်ကာ ဒဏ်ရာက တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာတော့သည်။
တစ်ချိန်လုံး ကျွန်တော်ဟာ သူ့ကို မမြင်ရန် ၊ သူ့ကို မထိရန် ၊ သူ့ကို ဂရုမစိုက်မိရန် ကျွန်တော့်ကိုယ်ကျွန်တော် ချုပ်တည်းထားရသည်။ အခိုက်အတန့် အနည်းစု၌ ကျွန်တော် အိပ်ရာမှာ လှဲရင်း အိပ်မပျော်တော့သည့်အခါ နောက်ဆုံးအခိုက်အတန့်ကိုပင် မျှော်လင့်လာခဲ့မိသည်။
ဒါက " သေသွားရင် ဒီလောက်ခက်ခဲတော့မှာမဟုတ်ဘူး " ဆိုတဲ့ အဓိပ္ပာယ်မျိူးမလား ?
မြန်မြန်လေး။ ငါ အရမ်းပင်ပန်းပြီး အရမ်းနာကျင်လွန်းနေပါပြီ။
နွေမိုး တစ်ပျောက်နှစ်ပျောက်အပြီး ၊ ချစ်ချစ်တောက်ပူနေသော ကမ္ဘာကြီးဟာလဲ အေးမြသွားကာ ကျွန်တော်လဲ အများကြီး သက်တောင့်သက်သာဖြစ်သလို ခံစားလာရသည်။
ညနေခင်းတွင် ယန်ရွှမ်းက မစိုမခြောက်ရေစက်တွေကြားမှ ဖြတ်၍ တရုန်ရွာသို့ ရောက်လာပြီး အဆောက်အအုံငယ်လေး၏ တံခါးဘဲလ်ကို လာတီးလေသည်။
သူမနှင့် ရန်ချင်းကျွမ်းတို့က ထမင်းစားစားပွဲမှာ ထိုင်၍ စကားပြောခဲ့ကြပြီး ကျွန်တော်က ရေနွေးကျိုရင်း သူတို့အတွက်အနောက်ကနေ လက်ဖက်ရည်ဖျော်နေလိုက်သည်။
ဒီတစ်ခေါက်မှာတော့ ယန်ရွှမ်းက ဟယ့်လျန်အဖွဲ့အစည်းအကြောင်း နောက်ဆုံးရသတင်းကို သယ်ဆောင်လာခဲ့၏။
ဆက်တိုက် ဖျောင်းဖျမှုတွေအပြီး ကျင်ကတော်ဟာ သူမသား၏ ငြိမ်းချမ်းသောဘဝအတွက် အလဲအလှယ်အဖြစ်တရားခွင်မှာ မျက်မြင်သက်သေအဖြစ် ထွက်ဆိုပေးရန် သဘောတူခဲ့သည်။
အော်ခယ့်လန်က နာမည်ဆိုးနှင့်ကျော်ကြားသော နိုင်ငံခြား မာဖီးယားမိသားစုတစ်စုကို သွားချိတ်မိပြီး သူမ အမေအတွက်ကလဲ့စားချေပေးနိုင်သည့် မည်သူ့ကိုမဆို ဒေါ်လာတစ်မီလီယံဆုချမည်ဟု ကတိပြုထား၏။
ကျင်ချန်ယွီကိုမူ ရှာဖွေနေဆဲ။ သဲလွန်စတွေအမြဲရှိနေပေမယ့် သူက အလွန်စဉ်းလဲသောကြောင့် တစ်နေရာမှာ သုံးရက်ထက် ပိုမနေချေ။မကြာခဏဆိုသလို ခြေကုပ်ရှာပြီး သူ့ကို ဝိုင်းဖို့ အပြေးသွားခဲ့ကြပေမယ့် သူကတော့ ပျောက်သွားတာကြာလေပြီ။ သူတစ်ပါးအပေါ် အကွက်ဆင်နေသကဲ့သို့ ဒီလိုကိစ္စမျိုးတွေက ထပ်ခါတလဲလဲဖြစ်လာကာ ရဲတွေကို မုန်းတီးလာစေခဲ့သည်။
" ဒါရိုက်တာက မင်းကို ဆုတစ်ဆုချီးမြှင့်လိမ့်မယ်။ အခမ်းအနားကို ပြည်သူလူထုကိုပိတ်ထားပြီးလူသိရှင်ကြားလဲ မလုပ်ဘူး။ ရုံးချိန်းစ ၊ မင်းသက်သေသက္ကာယတွေ ပေးပြီး အမှု အခြေကျပြေလည်သွားမှ ငါတို့မင်းကို အထောက်အထားအသစ်နဲ့ နာမည်အသစ်ပေးမှာပါ.... "
ကျွန်တော် ယန်ရွှမ်းနှင့် ရန်ချင်းကျွမ်းကို နှပ်လက်ဖက်ရည်တစ်ခွက်စီ ပေးလိုက်၏။ ဒါကိုကြားမိလျှင် စကားဖြတ်မပြောပဲမနေနိုင်တော့ : " သူက.... ပြန်သွားပြီး ရဲဆက်လုပ်လို့မရဘူးလား ? "
ယန်ရွှမ်းက ကျွန်တော့်ကို ကျေးဇူးတင်စကားဆို၍ စိတ်ရှည်လက်ရှည် ရှင်းပြလာသည် :
" ဒါက အရမ်းအန္တရာယ်များပြီး ပစ်မှတ်ကလဲ အရမ်းကြီးတယ်။ ငါတို့က အပြင်ဘက်ကမ္ဘာကို လောင်ယောင်သေပြီလို့ကြေငြာထားပေမယ့် တရားရုံးမှာ အမှုစီရင်တာ စတာနဲ့ သတင်းက ပေါက်ကြားမှာ။ အဖွဲ့အစည်းကို သစ္စာဖောက်တာနဲ့ညီအစ်ကိုတွေကို သစ္စာဖောက်တာက ပြစ်မှုပဲလေ။ အကြီးမားဆုံးရှောင်ကြဉ်ရမယ့်ဟာကို ချိုးဖောက်ခဲ့တော့ သူက ဟယ့်လျန်အဖွဲ့အစည်းက မဟုတ်တော့ရင်တောင် အပြစ်ပေးခံရနိုင်သေးတယ် "
ကျွန်တော် နားထောင်ရင်း မှင်သက်တိတ်ဆိတ်ကာ ရန်ချင်းကျွမ်း၏ မျက်နှာကို ကြည့်လိုက်မိသည်။ သူက မျက်လွှာချ၍လက်ဖက်ရည်ခွက်ထဲမှာ တန့်နေသော လက်ဖက်ရွက်များကို စိုက်ကြည့်နေလျက်။ သူ့မျက်နှာက တည်ကြည်ကာမထုံတက်သေးနှင့်ပင်။ ယင်းသည် ဤကဲ့သို့ ဆက်လက်ရှင်သန်ရမည်က ယခုတင်မက ၊ နောက်အကြာကြီးလည်းဖြစ်နိုင်ကြောင်းကို သူအစောကြီးကတည်းက သိထားပြီးမှန်း သိသာလှသည်။အထီးကျန်စွာနေထိုင်ပြီး တခြားသူများထံမှအကာအကွယ်ယူနေရခြင်း။
ယင်းသည် ကျင်မိသားစု၏ ကြီးမားလှသောသစ်ပင်ကို အမြစ်ဖြတ်ခြေမှုန်းရာမှာ ပေးဆပ်ရသော တန်ကြေးပေ။ ကြည့်ရတာ သူ လျှို့ဝှက်အေးဂျင့်တစ်ယောက် မဖြစ်ခင်ကတည်းက သေချာရှင်းလင်းအောင် တွေးထားပြီးသား ဖြစ်ပေမည်။
" ရန်ချင်းကျွမ်းတင် မကဘူး။ ငါတို့မင်းအတွက်လဲ အထောက်အထားအသစ်စီစဉ်ပေးထားပါတယ်။ တစ်ချိန်တည်းမှာပဲမင်းမိသားစုကို အမှောင်ထဲကနေ ကာကွယ်ဖို့ ငါတို့ လူတွေလွှတ်ပေးမယ် "
ကျွန်တော့်ကို နှစ်သိမ့်ချင်သည့်အလား ယန်ရွှမ်းက ဆိုသည်။
" မင်းက အတော်လေး ပိုကောင်းတာပေါ့။ မင်းက ဆာကာမိုတိုရှင်းယွမ်နဲ့ ရန်သူဖြစ်မလာသေးသရွေ့ ဒီလမ်းမှာ မင်းကဘာမှ မဖြစ်ဘူး။ လူတွေက မင်းကို အရင်လာရန်မစရဲပါဘူး "
တက်တူးက အသက်ကယ်အဆောင်ပင် ဖြစ်လာခဲ့သည်။ ဒါဆို ကျွန်တော် ရန်ချင်းကျွမ်းနှင့် အတူနေသောအခါ သူ့အတွက်ကပ်ဘေးတွေကိုရော ကာကွယ်ပေးနိုငမှာလား ?
သို့ပေမယ့် ကျွန်တော်က မကြာခင်သေတော့မှာမို့ ၊ ဒီအရေပြားက သေပြီးပါက အသုံးမကျတော့ပါချေ။
ကျွန်တော် လေးလံသောစိတ်ဖြင့် ထမင်းစားခန်းထဲမှ ထွက်လာခဲ့သည်။ ထိုစဉ် မီးဖိုချောင်ထဲမှ ဓားစင်ကို ဖြတ်ခနဲ့မြင်လိုက်ပြီး သွေးစွန်း၍ကြောက်စရာကောင်းသော အတွေးအချို့က စိတ်ထဲ ဝင်ရောက်လာ၏။
တက်တူးကိုချန်ခဲ့ပြီး......သေလို့ရလား ?
ရပ် ၊ ရပ် ၊ ရပ် ၊ မဖြစ်ဘူး။ ဒါက တော်တော်ကြီးကို မူမမှန်ဘူး။ ကျွန်တော် ခေါင်းခါယမ်း၍ စိတ်ထဲမှာ မထင်မှတ်ထားသော အတွေးတွေ ထွက်ပေါ်လာ၏။
ကျွန်တော် ဆန္ဒရှိရင်တောင် ရန်ချင်းကျွမ်းက ဆန္ဒရှိမည်မဟုတ်ပေ။ ကျွန်တော် ဘာတွေတွေးနေတာလဲ ?
ယန်ရွှမ်းက ညစာမတိုင်ခင် ပြန်သွားပြီး ရန်ချင်းကျွမ်းနှင့် ကျွန်တော်က တံခါးထိ လိုက်ပို့လိုက်ကြသည်
" ဒါနဲ့ တာဝန်ကျ တရားလိုရှေ့နေက ရက်အနည်းငယ်အတွင်းလာလိမ့်မယ်။ ငါ နောက်မှမင်းကို သူ့ရဲ့ ဆက်သွယ်ရေးအချက်အလက်တွေပေးမယ်။ သူဖုန်းခေါ်ရင် ဖြေဖို့သတိရဦး "
သူမက ရန်ချင်းကျွမ်းကို သတိပေးလိုက်၏။
" ဘယ်လိုခေါ်တာလဲ ? " ရန်ချင်းကျွမ်း မေးသည်။
သူမက တံခါးဖွင့်၍ ကားထဲဝင်ပြီးမှ ခဏစဉ်းစားလိုက်ကာ : " ဖုစစ်။ မင်း သူ့ကို အွန်လိုင်းမှာရှာကြည့်လို့ရတယ် "
ထိုနာမည်ကို ကျွန်တော်ကြားလျှင် " အာ " ကနဲ့ ထွက်သွားမိသဖြင့် ရန်ချင်းကျွမ်းက ကျွန်တော့်ကို ကြည့်လာ၏ : " မင်းကသူ့ကို သိတာလား ? "
ကျွန်တော် ကမန်းကတန်းလက်ခါပြလိုက်ပြီး : " မဟုတ်ဘူး။ ငါ သူ့ကို မသိပါဘူး။ ဒီတိုင်း ဆေးရုံမှာ နှစ်ခါလောက်ဆုံဖူးတာ "
တိုက်ဆိုင်လိုက်တာ..
ညဘက်၌ ကျွန်တော်တိတ်တခိုး စစ်ဆေးကြည့်ရာ ဖုစစ်၏ အချက်အလက်တချို့ကို ရှာတွေ့ခဲ့၏။
ရာဇဝတ်မှုဖြိုခွင်းသူ ၊ ဝမ်းနည်းဖွယ် ရှေ့နေ့ ၊ ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းပြီး စိတ်ဓာတ်အားမာန်ပြင်းထန် ၊ ပြာပုံထဲမှပြန်လည်မွေးဖွားခြင်း.... ဒါတွေအားလုံးဟာ သူ့ကို အင်တာနက်ပေါ်မှာ နာမတပ်ထားတာပင်။
ဖုစစ်သည် ကလေးဘဝကတည်းက နှလုံးရောဂါခံစားခဲ့ရပြီး ရုပ်ပိုင်းဆိုင်ရာ အားနည်းသည်။ သို့သော် အံ့မခန်းဇွဲလုံ့လတို့နှင့် သူဟာ ပညာရေးဆုံးခန်းတိုင်စေပြီး ထူးချွန်သော တရားလိုရှေ့နေ့တစ်ယောက်ဖြစ်လာခဲ့၏။
သူသည် ရာဇဝတ်သားများအပေါ်တွင် ဘယ်သောအခါမှ သက်ညှာပေးခဲ့ခြင်းမရှိပဲ အကူအညီလိုအပ်သူများကို အမြဲတမ်းကူညီခဲ့သည်။ သူ့ဘဝ၏ ပထမ ၂၇နှစ်တွင် အလှည့်အပြောင်းများခဲ့သော်လည်း သူ့သက်မွေးလုပ်ငန်းက ချောမွေ့ခဲ့သည်။အချစ်က ပြီးပြည့်စုံနေပြီး မနာလိုအားကျဖွယ် ဘဝကို ဖြတ်သန်းနိုင်ပေသည်။
သို့သော် သူ့အသက်၂၇နှစ်တွင် အရာအားလုံးက အဆိုးဆုံးအထိ ပြောင်းလဲသွားခဲ့တော့၏။ အကျဉ်းသား၏ တံစိုးကိုငြင်းခဲ့သောကြောင့် သူဟာ ကားထဲမှာ လှုပ်ရှားခံခဲ့ရသည်။သူ၏ ဇနီးလောင်းက သူ့ကားကိုမောင်းစဉ် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အသက်ကိုကယ်နိုင်ခဲ့သော်လည်း ဘယ်တော့မှ နိုးထမလာတော့ပေ။
ဆယ်နှစ်ကြာသော် ဇနိီးလောင်းက ကိုယ်တွင်းအင်္ဂါအမြောက်အမြား ချို့ယွင်းလာမှုကြောင့် ကွယ်လွန်ခဲ့၏။ သူမ သတိရှိစဉ်က လက်မှတ်ထိုးထားခဲ့သော ကိုယ်အင်္ဂါလှုဒါန်းရေးသဘောတူညီချက်အရ ဆရာဝန်တွေက သူမ၏ နှလုံးကို ဖုစစ်အား ပေးခဲ့လေသည်။
မီးထဲမှာ ဆယ်နှစ် ၊ တစ်နေ့မှာ ပြန်လည်မွေးဖွားလာခဲဲ့ခြင်း။ ဖုစစ်သည် လွန်ခဲ့သည်နှစ်များ၌ ဆေးရုံမှာ ပြန်လည်ထူထောင်ရေးလုပ်ရင်း ကုန်ဆုံးခဲ့သည်။ သူ့ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်လုနီးပါးဖြစ်ပြီး သူပြန်လာခဲ့သည်နှင့် အထက်လူကြီးများက ကျင်ဖေးရှန်း၏ အမှုအခင်းကို သူ့အား လွှဲပေးခဲ့လေသည်။ ယင်းက သူ့အပေါ်ထားသည့် သူတို့၏ မျှော်လင့်ချက်များကို ပြသနေတာပင်။
ရန်ချင်းကျွမ်းရော ဖုစစ်ကပါ အမာခံတွေဖြစ်ကြတာ အမှန်။ ကြည့်ရတာ..... သူတို့ ဘယ်လောက်ပဲ ကျရှုံးနေကြပါစေ ၊တရားမျှတမှုအတွက် တိုက်ခိုက်မည့် သူတို့၏ ဆုံးဖြတ်ချက်ကိုတော့ မယိမ်းယိုင်စေပုံပင်။
ဖုစစ်နှင့် သက်ဆိုင်သော သတင်းများကို ဖတ်ရှု့ပြီးနောက် ကျွန်တော် လွန်စွာ စိတ်ဓာတ်ကျကာ အိပ်မပျော်တော့။ထို့ကြောင့် ရေသောက်ရန် အောက်ထပ်ဆင်းလာခဲ့သည်။
ကျွန်တော် အောက်ထပ်ဆင်းလိုက်သည်နှင့် ရန်ချင်းကျွမ်းလဲ အိပ်မရပဲ ညလယ်ကြီးမှ ဧည့်ခန်းထဲတွင် အပေါ်ကိုယ်ဗလာဖြင့် အိပ်ထလုပ်နေမည်ဟုတော့ ထင်မထားမိပေ။ ဒီလိုလုပ်နေတာ မည်မျှကြာပြီလဲမသိ ၊ ကျောပြင်မှ ချွေးတွေက ဂျုံရောင်အသားအရေကို သိပ်သိပ်သည်းသည်း ဖုံးလွှမ်းထား၏။ထို့နောက် သူ၏ကြွက်သားလှိုင်းတွန့်တွေတစ်လျှောက် ချွေးစက်ကြီးများအဖြစ် စီးကာ မြေပြင်ပေါ်သို့ ကျဆင်းသွားခြင်းပေ။
ကျွန်တော့်လည်ချောင်းမှာ ပိုခြောက်လာတော့သည်။
ကျွန်တော် နှုတ်ခမ်းသပ်၍ မီးဖိုချောင်ထဲ ဝင်လိုက်၏။ပြီးလျှင် ရေခဲသေတ္တာထဲမှာ ကြိုပြီးရေခဲထားသော ရေအေးတွေကိုထုတ်ကာ အငုံကြီးတစ်ငုံသောက်လိုက်သည်။ ဖန်ခွက်တစ်ခုလုံးသောက်ပြီးနောက် ရင်ထဲမှာ ပြေးလွှားနေသော နတ်ဆိုးမီးကိုလဲ ဖိနှိပ်နိုင်လိုက်ဟန်တူသည်။
တံခါးဝတွင် ဆူသံတစ်ချက်ထွက်လာလျက်။ ကျွန်တော် ခွက်ကိုင်ရင်း လှမ်းကြည့်လိုက်ရာ ရန်ချင်းကျွမ်းတစ်ယောက်အိပ်ထလုပ်ပြီး ပြန်ဝင်လာတာပင်။
သူက ကျွန်တော့်ထံသို့ နားထင်မှာ ချွေးတပြိုက်ပြိုက်နှင့် အပူငွေ့တွေဖြင့် ရောက်လာကာ ကျွန်တော့်ထံ လက်ဆန့်ပေး၏။ကျွန်တော့်သည် ထိုနေရာတွင် တောင့်ခဲ၍ ရပ်နေမိကာ မလှုပ်ဝံ့ပေ။ ပြီးကာမှ လက်က ကျွန်တော့်ကိုဖြတ်၍ မီးဖိုချောင်စားပွဲပေါ်က ဖန်ကရားဆီရောက်သွားချေသည်။
" မင်း သောက်ဦးမှာလား ? " သူက ကျွန်တော့်ကို မေး၏။
အကယ်၍ ကျွန်တော် နီးကပ်သွားပါက သူ၏ အသက်ရှုအတက်အကျအတိုင်းလိုက်၍ ပျောက်ခြည်ပေါ်ခြည်ဖြစ်နေသောလည်ပင်းမှ သွေးကြောရှည်များကိုပင် ကျွန်တော် မြင်နိုင်သည်။အကယ်၍ ကျွန်တော် နီးကပ်သွားပါက သူ့ခန္ဓာကိုယ်ပေါ်က ချွေးနံ့ဖျော့ဖျော့ကိုလဲ ရနိုင်လောက်မည်။
" မသောက်တော့ဘူး။ "
ကျွန်တော်ပြောပြီးသည်နှင့် ခွက်ကို သူက ယူသွား၏။ဘာစောင့်ထိန်းမှုမှမရှိပဲ သူသည် ကျွန်တော့်ခွက်ဖြင့် ရေခဲရေခွက်နှစ်ခွက်ကို သောက်ကာ ကရားထဲရှိရေတွေအားလုံး ကုန်အောင်သောက်လိုက်လေသည်။
" ငါ မနက်ဖြန် ဆေးရုံသွားရမယ် "
သောက်ပြီးသည်နှင့်သူက မေးစေ့ကိုလက်ခုံဖြင့် ပွတ်သုတ်၏။
ကျွန်တော် အနည်းငယ်မဲနေဆဲဖြစ်သည့် သူလည်ပင်းမှ တက်တူးအကြွင်းအကျန်အားကြည့်ရင်း ပြောလိုကသည် : " တက်တူးသွားဖျက်မလို့လား ? "
နံပါတ်တက်တူးသည် ဟယ့်လျန်အဖွဲ့အစည်း၏ ပြယုဂ်ပင်။ သူက လျှို့ဝှက်အေးဂျင့်တစ်ယောက်အဖြစ် အလုပ်မလုပ်တော့တာမို့ ထားလဲ အသုံးမဝင်တော့သည့်တိုင် မြင်နေရလျှင် စိတ်မကောင်းဖြစ်ရဆဲ။ထို့အပြင် ဒီတက်တူးက သူ၏ ဘယ်ဆီဘယ်ဝယ်မှာဟူသော လျှို့ဝှက်ချက်ကို အလွန်အန္တရာယ်ပေးနေသဖြင့် တတ်နိုင်သမျှ အမြန်ဆုံးဖယ်ရှားသင့်သည်ပင်။
" 0417 , ဒီနံပါတ်လေးခုက အထူးတလယ် အဓိပ္ပာယ်များရှိနေလား ? " ကျွန်တော် နည်းနည်းစပ်စုလိုက်သည်။
ရန်ချင်းကျွမ်းက ဘေစင်ကိုသွား၍ ရေပိုက်ခေါင်းကိုဖွင့်ကာ ရေခွက်ကို ဆေးသည် : " အဲ့ဒါ ငါသူတို့ဆီဝင်တဲ့ရက်ပဲ။ နေ့တိုင်း မှန်ကြည့်တဲ့အခါ ဒီနံပါတ်က ငါက သူတို့နဲ့ မဆိုင်ဘူး ၊ ငါ့မှာ ငါ့ကိုယ်ပိုင်လုပ်စရာတွေရှိတယ်လို့ သတိပေးတယ် "
ထိုနေ့မှစ၍ သူဟာ ကျင်မိသားစု၏ လက်ပါးစေတစ်ယောက်ဖြစ်လာကာ ကျင်မိသားစုပိုင် လည်ပတ်ကို ၀တ်ဆင်ခဲ့သည်။ပြီးလျှင် သည်ရက်စွဲက သူ့လည်ပင်းပေါ်မှာ သူထည့်ထားတဲ့ လျှပ်စစ်ဓာတ်ပင်။ နေ့တိုင်းကြည့်ပြီး နေ့တိုင်းသတိချပ်သည်။ ထိုနေ့မတိုင်ခင်က သူ ဘယ်သူလဲ ၊ ဘာကြောင့် ကေသရာဇာကျွန်းကို လာခဲ့သလဲ သေချာအောင်လုပ်ပြီး သူကိုယ်သူ အမြဲတမ်း သတိဝင်နေစေ၏။
" ငါ လင်းရှန့်ကို သွားရှာမယ် "
ရန်ချင်းကျွမ်းက ရေပိတ်၍ ခွက်ကို ဘေးမှာ အသာထားလိုက်သည်။
" ငါ သူ့ကို ညစာဝယ်ကျွေးပြီး၊ သူနဲ့ စကားပြောကြည့်မယ်။ ပြီးရင်.... သူနဲ့ဆက်ဆံရေးကို ပြန်ဆက်မယ် "
မီးဖိုချောင်က မီးမဖွင့်ထားပေ။ ဧည့်ခန်းမှ အလင်းရောင်ဖျဖျကသာ ဖြာကျနေပြီး ခပ်မှိန်မှိန်ဖြစ်နေ၏။
" မင်း ဘယ်လိုထင်လဲ ? "
ရုတ်တရက် ကျွန်တော့် မျက်လုံးတွေ ဝေဝါးသွားပြီး အနောက်တလှမ်းဆုတ်၍ ဟင်းချက်ကောင်တာကို မှီထားလိုက်ရ၏။ဝေဒနာက အချိန်မှားကာဖြစ်လာ၍ ကျွန်တော် ရုတ်ခြည်း ဘာကိုမှ မမြင်ရတော့။
" ကောင်းပါတယ်......."
ကျွန်တော်ဟာ အမှောင်ထဲမှာ ပိတ်မိလျက် နားတွေတဝီဝီမြည်ကာ အသံကလဲ ဝေးကွာသွားသလိုပင်။
နောက်ဆုံးတော့ သူဟာ ဘယ်သူက ခြင်သွေး*လဲ ၊ ဘယ်သူက မှဲနီလဲ*ဆိုတာ နားလည်သွားသည်ပုံပင်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တစ်ယောက်တည်းသာ တံတားပေါ်မှာ ကျန်နေခဲ့၏။
( ခြင်သွေး - အချိန်ကြာလာရင် ငြီးငွေ့လာမယ့်လူ ၊ မှဲ့နီ - ပိုင်ဆိုင်ရပေမယ့် မဖမ်းဆုပ်ထားနိုင်တဲ့အရာ )
ကောင်းတယ် ၊ သိပ်ကောင်းတယ်။သူ " သတိပြန်လည် " လို့ ကျွန်တော် သူ့အတွက် ပျော်ပါတယ်။
" မင်း တကယ် အဲ့လိုထင်တာလား ? "
ကျွန်တော့်လက်ချောင်းတွေက အနောက်မှ ကောင်တာအစွန်းကို တင်းတင်းဆုပ်ထားမိရင်း နှုတ်ခမ်းထောင့်တွေ ပင့်ကာသွက်လက်စွာ ခေါင်းညိတ်ပြလိုက်၏။
" အင်း "
အမှောင်ထဲ၌ တစ်ဖက်လူထံမှ ဘာသံမျှမကြားရတော့ပေ။ ခဏအကြာ ပြင်းထန်မြန်ဆန်သော ခြေသံတွေကတဖြည်းဖြည်းဝေးကွာ၍ မီးဖိုချောင်ထဲမှ ထွက်သွား၏။ မကြာမီ ၊ ရေချိုးခန်းဘက်မှ တံခါးပိတ်သံအကျယ်ကြီးကိုကြားလိုက်ရသည်။
ထိုအခိုက်ဝယ် ကျွန်တော် ငြိမ်သက်စွာရပ်လျက် မမြင်နိုင်သေး။ထို့ကြောင့် စမ်းတဝါးဝါးနှင့် မီးဖိုချောင်ထဲမှ ထွက်လာခဲ့တော့၏။ ကျွန်တော်အဖို့ အမှောင်ထုနှင့် အသားမကျ၍ လမ်းလျှောက်ဖို့ အရမ်းခက်ခဲသည်။ ကျွန်တော် တံခါးသို့ရောက်လျှင်မတော်တဆဆိုသလို ပိုမြင့်သော တံခါးကျောက်ခုံနှင့်တိုက်မိသွားရသည်။
အရမ်းနာတာပဲ......
ကျွန်တော် မြေပေါ်မှာ ထိုင်၍ ပွန်းသွားသောလက်ဖဝါးချိုင့်နေရာလေးကို အုပ်ရင်း ကျိုးသလား စစ်ကြည့်မိ၏။ ဝေဒနာကနာလွန်းလို့မျက်ရည်တွေ ထွက်တော့မလိုပင်။
ကံကောင်းစွာနှင့် မျက်လုံးရှေ့မှောက်မှာ အလင်းရောင်ပြန်ပေါ်လာဖို့ သိပ်မကြာလိုက်။ မကြာမီိမှာပဲ ကျွန်တော် ပြန်မြင်ရခဲ့သည်။
ကျွန်တော့်လက်ဖဝါးကိုကြည့်မိလျှင် အရေပြားပေါ်က ပွန်းရာလေးပဲဖြစ်ကာ သွေးပင်မထွက်ပေ။
ငါက ဘာလို့များ နုနယ်လာရတာလဲ....
နှာရှုံ့လိုက်၍ ကျွန်တော် ကြမ်းပြင်မှ ထလိုက်သည်။ ပြီးလျှသ် ရေသံထွက်နေသော ရေချိုးခန်းအား တစ်ချက်ကြည့်မိ၍တိတ်ဆိတ်စွာဖြင့် အပေါ်တက်လာခဲ့တော့၏။
___________________________________________________________________________
『Zawgyi 』
အခန္း ( ၆၄ ) : ငါက ဘာလို႔မ်ား ႏုနယ္လာရတာလဲ....
※※※※※※※※※※※※※※※※※※※※
ကၽြန္းေပၚတုန္းက ၊ ကၽြန္ေတာ့္မွာမွတ္ဉာဏ္မရွိေသာအခ်ိန္ျဖစ္တာမို႔ ဒါကိုမသိပဲ ရန္ခ်င္းကၽြမ္းအား ခ်စ္ခဲ့မိသည္။ ကၽြန္ေတာ္ဟာ အျပစ္ေျပရာေျပေၾကာင္းအသြင္ေဆာင္ေသာ အရာမ်ားစြာကို လုပ္ခဲ့ေသာ္လည္း စင္စစ္တြင္ေတာ့ ခ်စ္ကၽြမ္းဝင္ေန၍ျဖစ္ကာ ကၽြန္ေတာ့္ႏွလုံးသားထဲက ခံစားခ်က္မ်ားကို ဆိုင္းငံ့ျခင္းမရွိ ထုတ္ေဖာ္ျပသခဲ့သည္။
ပထမတုန္းက ရန္ခ်င္းကၽြမ္းဟာ ကၽြန္ေတာ့္ကို ျငင္းဆန္ခဲ့ၿပီး သူ႔မစ္ရွင္ထဲ ကၽြန္ေတာ္မပါလာမခ်င္းအထိ သူ႔ေၾကာင့္ အထင္မွားမေနဖို႔ အႀကိမ္ႀကိမ္ သတိေပးခဲ့ေသးသည္။
ထိုစဥ္က သူ ကၽြန္ေတာ့္ေၾကာင့္ စိတ္လွုပ္ရွားခဲ့သည္ျဖစ္ေစ ၊ ႀကိဳးတံတားသက္ေရာက္မွုေၾကာင့္ ပိုမို လႊမ္းမိုးခဲ့ရခဲ့သည္ျဖစ္ေစ ၊ မဟုတ္လၽွင္လဲ ႏွစ္ခုစလုံး ေပါင္းဆုံေနသည္ျဖစ္ေစ ၊ ယခုမူ ဘယ္သူမွ မေျပာနိုင္ေပ။သူကိုယ္တိုင္ပင္ မေျပာနိုင္ေလာက္ဟု ကၽြန္ေတာ္ထင္မိ၏။
သို႔ေသာ္ အႏွီ႐ုတ္တရက္ဆန္ေသာ စိတ္အားထက္သန္မွုက ၾကာၾကာမခံ။ ဒီလိုနည္းႏွင့္ ေတြးၾကည့္ရပါက ဒီရက္ေတြအတြင္း သူ၏ လ်စ္လ်ဴရွုမွုေတြဟာ ကၽြန္ေတာ္ စပ္စပ္စုစုျဖစ္ေနျခင္းေၾကာင့္ အျပစ္တင္ေနသည္မဟုတ္ပဲ ၊ သူ၏ ေနရာလြဲမွားေနေသာ ခံစားခ်က္ေတြ ျပန္လည္ေပၚေပါက္လာၿပီး အခ်စ္ႏွင့္ဆင္ေသာ တစ္စုံတစ္ရာ ေပ်ာက္ကြယ္သြားေသာေၾကာင့္ ျဖစ္နိုင္သည္။ သူ တျဖည္းျဖည္းႏွင့္ အသိဝင္လာခဲ့ကာ ကၽြန္ေတာ္ႏွင့္ သူ႔ကိုယ္တိုင္ကို ထပ္ၿပီး ကင္းေအာင္ေနတာပင္။
သို႔ေသာ္ မ်ားျပားလွသည့္ စိတ္ပိုင္းဆိုင္ရာေရာဂါေတြကဲ့သို႔ပင္ နလံျပန္ထူနိုင္စြမ္းက အခ်ိန္ေပးရကာ အခြင့္အလမ္းလဲနည္းသည္။ ယင္းကို ႏွိုးဆြလို႔မရ၊ တစ္ႀကိမ္ ႏွိုးဆြလိုက္မိသည္ႏွင့္ အလြယ္တကူတစ္ဖန္ျပန္ျဖစ္နိုင္၏။
နဂိုကတည္းက သူဟာ တံတားအပိုင္းအမ်ားစုကို ျဖတ္ေလၽွာက္ခဲ့ႏွင့္ၿပီးျဖစ္သည္။ မထင္မွတ္ေသာ မေတာ္တဆဆိုတာမ်ိဳးမရွိေတာ့လၽွင္ ဆယ္ရက္ခြဲေလာက္မွာ အႏွီခေနာ္ခနဲ႔ တံတားေပၚကေန သူ လုံးဝ ထြက္သြားနိုင္လိမ့္မည္ဟုကၽြန္ေတာ္ ခန႔္မွန္းမိပါ၏။ရလဒ္ကေတာ့ ထိုအခိုက္အတန႔္မွာပဲ ေက်ာက္ေယာင္က်င္း*က ထြက္ေပၚလာကာ သူ႔ကိုတံတားထိပ္မွ ပိတ္လိုက္၍ တံတားအလယ္သို႔ ျပန္လည္ကန္ထုတ္လိုက္ျခင္းပင္။
( ေက်ာက္ဖုန္းကိုေျပာခ်င္တာပါ။ ႐ုတ္တရက္ေပၚလာၿပီး အစီအစဥ္ေတြကို ေႏွာင့္ယွက္လိုက္တယ္လို႔ဆိုလိုပါတယ္ )
အႏၲရာယ္မ်ားေသာ တံတားက ထပ္မံျပႆနာလာတက္ေစခဲ့၏။
ကၽြန္ေတာ္က သူ႔ကိုေက်ာ္ၿပီး ဘာေၾကာင့္မ်ား ေက်ာက္ဖုန္းကို ေရြးရမွာလဲ ? ကၽြန္ေတာ့္စိတ္ထဲမွာ ေက်ာက္ဖုန္းက သူ႔ထက္ အေရးႀကီးလား ?
အႏွီျပႆနာမ်ားသည္ လြန္ခဲ့ေသာရွစ္ႏွစ္က ပူပန္စရာမ်ားမွ ေပါက္ဖြားလာခဲ့ၿပီး လက္က်န္ ထင္ေယာင္ထင္မွားေတြမွလဲ ျဖစ္ေပၚလာတာပင္။
ေက်ာက္ဖုန္းႏွင့္ ရန္ခ်င္းကၽြမ္းၾကားမွာ ယွဥ္စရာရွိေနလို႔လား ?
ကၽြန္ေတာ္က ေက်ာက္ဖုန္းႏွင့္ျပႆနာမရွိသလို သူ႔ကိုလည္း အရမ္းေလးစား၏။ သို႔ေသာ္ ဒါက သူႏွင့္ရန္ခ်င္းကၽြမ္းၾကားမွာ တကယ္ယွဥ္စရာမဟုတ္ပါေခ်။
ဒါေပမယ့္လဲ ကၽြန္ေတာ္ ဒီတိုင္း ဝန္ခံလိုက္လို႔ျဖစ္ပါ့မလား ?
မျဖစ္ဘူး။ ေသခ်ာေပါက္ မျဖစ္ပါေခ်။
ထို႔ေၾကာင့္ တံခါးလက္ကိုင္ကို ကိုင္ထားရင္း ကၽြန္ေတာ္ ရန္ခ်င္းကၽြမ္းကို ေက်ာေပးလ်က္ေျပာလိုက္သည္။
" မင္းနဲ႔ သူႏွစ္ေယာက္လုံးက ငါ့သူငယ္ခ်င္းေတြေလ။ ဘယ္သူကမွ ဘယ္သူ႔ထက္ ပိုအေရးမႀကီးဘူး။ ငါ့စိတ္ထဲမွာ မင္းတို႔က အတူတူပဲ "
တစ္ဖန္ တိတ္ဆိတ္သြားလ်က္။
" သူနဲ႔ ငါက အတူတူပဲ......."
ရန္ခ်င္းကၽြမ္းဟာ ရယ္စရာေတြ႕သြားသလို ေရရြတ္ရင္း ႏွာမွုတ္လိုက္ေပမယ့္ ကၽြန္ေတာ္က သူ႔ႏွင့္ေက်ာက္ဖုန္းကို ယွဥ္လ်က္ထားလိုက္ျခင္းအား လက္မခံနိုင္သည့္ ပုံစံေပါက္၏။
ကၽြန္ေတာ္ ေနာက္လွည့္ခ်င္စိတ္ကို အံတုရင္း အံႀကိတ္ကာ ေျပာမိသည္။
" အင္း ၊ အတူတူပဲ။ ငါ မင္းအတြက္ လုပ္ေပးတာမွန္သမၽွ ငါ သူ႔အတြက္လုပ္ေပးမွာပဲ "
ထိုသို႔ ေျပာ၍ ကၽြန္ေတာ္ တံခါးဖြင့္ကာ အိမ္ထဲ အျမန္ဝင္လာၿပီး အေပၚထပ္သို႔ တရွိန္ထိုးေျပးတက္လာခဲ့ေတာ့သည္။ ရန္ခ်င္းကၽြမ္းက အဆုံးထိလိုက္ၿပီး ေျဖရခက္တဲ့ ေမးခြန္းတခ်ိဳ႕ ေမးမိမွာကို ေၾကာက္မိ၍ပင္။
_
ထို႔ေနာက္မွ စ၍ ရန္ခ်င္းကၽြမ္းႏွင့္ ကၽြန္ေတာ့္ၾကားက ဆက္ဆံေရးမွာ ပို၍ပင္ ေအးစက္လာကာ စားေသာက္ခ်ိန္မွလြဲ၍ အခ်င္းခ်င္း မဆုံျဖစ္ေတာ့ေပ။
တစ္ခါတေလ ၊ ကၽြန္ေတာ္ႏွင့္ စားပြဲတစ္ခုံတည္း မထိုင္ရေရးအတြက္ သူဟာ အစာမစားမီ တမင္အျပင္ထြက္၍ ေဆးလိပ္ေသာက္၏။ကၽြန္ေတာ္ စားၿပီးမွ သူက အိမ္ထဲျပန္ဝင္လာတတ္သည္။
သူႏွင့္ ဆက္ဆံေရးျပတ္ေတာက္ျခင္းက ကၽြန္ေတာ္ မွန္းထားသည္ထက္ ပိုမိုနာက်င္ရ၏။
ႏွလုံးသားမွ ေပါက္ဖြားလာၿပီး မူလက ရန္ခ်င္းကၽြမ္းႏွင့္ ခ်ိတ္ဆက္ထားေသာ ႀကိဳးသည္ ယခုအခါ အေသြးအသားႏွင့္ခ်ိတ္ဆက္လာကာ ေသြးတစ္စက္စက္ထြက္လာေတာ့၏။ထိုေနရာတြင္ ေပ်ာက္ေနေသာ အစိတ္အပိုင္းတစ္ခုရွိေနၿပီးနာက်င္မွုက ဆက္လက္ျဖစ္ကာ ဒဏ္ရာက တစ္ေန႔ထက္တစ္ေန႔ ပိုဆိုးလာေတာ့သည္။
တစ္ခ်ိန္လုံး ကၽြန္ေတာ္ဟာ သူ႔ကို မျမင္ရန္ ၊ သူ႔ကို မထိရန္ ၊ သူ႔ကို ဂ႐ုမစိုက္မိရန္ ကၽြန္ေတာ့္ကိုယ္ကၽြန္ေတာ္ခ်ဳပ္တည္းထားရသည္။ အခိုက္အတန႔္ အနည္းစု၌ ကၽြန္ေတာ္ အိပ္ရာမွာ လွဲရင္း အိပ္မေပ်ာ္ေတာ့သည့္အခါ ေနာက္ဆုံးအခိုက္အတန႔္ကိုပင္ ေမၽွာ္လင့္လာခဲ့မိသည္။
ဒါက " ေသသြားရင္ ဒီေလာက္ခက္ခဲေတာ့မွာမဟုတ္ဘူး " ဆိုတဲ့ အဓိပၸာယ္မ်ိဴးမလား ?
ျမန္ျမန္ေလး။ ငါ အရမ္းပင္ပန္းၿပီး အရမ္းနာက်င္လြန္းေနပါၿပီ။
ေႏြမိုး တစ္ေပ်ာက္ႏွစ္ေပ်ာက္အၿပီး ၊ ခ်စ္ခ်စ္ေတာက္ပူေနေသာ ကမၻာႀကီးဟာလဲ ေအးျမသြားကာ ကၽြန္ေတာ္လဲ အမ်ားႀကီး သက္ေတာင့္သက္သာျဖစ္သလို ခံစားလာရသည္။
ညေနခင္းတြင္ ယန္ရႊမ္းက မစိုမေျခာက္ေရစက္ေတြၾကားမွ ျဖတ္၍ တ႐ုန္ရြာသို႔ ေရာက္လာၿပီး အေဆာက္အအုံငယ္ေလး၏ တံခါးဘဲလ္ကို လာတီးေလသည္။
သူမႏွင့္ ရန္ခ်င္းကၽြမ္းတို႔က ထမင္းစားစားပြဲမွာ ထိုင္၍ စကားေျပာခဲ့ၾကၿပီး ကၽြန္ေတာ္က ေရေႏြးက်ိဳရင္း သူတို႔အတြက္ အေနာက္ကေန လက္ဖက္ရည္ေဖ်ာ္ေနလိုက္သည္။
ဒီတစ္ေခါက္မွာေတာ့ ယန္ရႊမ္းက ဟယ့္လ်န္အဖြဲ႕အစည္းအေၾကာင္း ေနာက္ဆုံးရသတင္းကို သယ္ေဆာင္လာခဲ့၏။
ဆက္တိုက္ ေဖ်ာင္းဖ်မွုေတြအၿပီး က်င္ကေတာ္ဟာ သူမသား၏ ၿငိမ္းခ်မ္းေသာဘဝအတြက္ အလဲအလွယ္အျဖစ္တရားခြင္မွာ မ်က္ျမင္သက္ေသအျဖစ္ ထြက္ဆိုေပးရန္ သေဘာတူခဲ့သည္။
ေအာ္ခယ့္လန္က နာမည္ဆိုးႏွင့္ေက်ာ္ၾကားေသာ နိုင္ငံျခား မာဖီးယားမိသားစုတစ္စုကို သြားခ်ိတ္မိၿပီး သူမ အေမအတြက္ ကလဲ့စားေခ်ေပးနိုင္သည့္ မည္သူ႔ကိုမဆို ေဒၚလာတစ္မီလီယံဆုခ်မည္ဟု ကတိျပဳထား၏။
က်င္ခ်န္ယြီကိုမူ ရွာေဖြေနဆဲ။ သဲလြန္စေတြအျမဲရွိေနေပမယ့္ သူက အလြန္စဥ္းလဲေသာေၾကာင့္ တစ္ေနရာမွာ သုံးရက္ထက္ ပိုမေနေခ်။မၾကာခဏဆိုသလို ေျခကုပ္ရွာၿပီး သူ႔ကို ဝိုင္းဖို႔ အေျပးသြားခဲ့ၾကေပမယ့္ သူကေတာ့ ေပ်ာက္သြားတာၾကာေလၿပီ။ သူတစ္ပါးအေပၚ အကြက္ဆင္ေနသကဲ့သို႔ ဒီလိုကိစၥမ်ိဳးေတြက ထပ္ခါတလဲလဲျဖစ္လာကာ ရဲေတြကို မုန္းတီးလာေစခဲ့သည္။
" ဒါရိုက္တာက မင္းကို ဆုတစ္ဆုခ်ီးျမႇင့္လိမ့္မယ္။ အခမ္းအနားကို ျပည္သူလူထုကိုပိတ္ထားၿပီးလူသိရွင္ၾကားလဲ မလုပ္ဘူး။ ႐ုံးခ်ိန္းစ ၊ မင္းသက္ေသသကၠာယေတြ ေပးၿပီး အမွု အေျခက်ေျပလည္သြားမွ ငါတို႔မင္းကို အေထာက္အထားအသစ္နဲ႔ နာမည္အသစ္ေပးမွာပါ.... "
ကၽြန္ေတာ္ ယန္ရႊမ္းႏွင့္ ရန္ခ်င္းကၽြမ္းကို ႏွပ္လက္ဖက္ရည္တစ္ခြက္စီ ေပးလိုက္၏။ ဒါကိုၾကားမိလၽွင္ စကားျဖတ္မေျပာပဲ မေနနိုင္ေတာ့ : " သူက.... ျပန္သြားၿပီး ရဲဆက္လုပ္လို႔မရဘူးလား ? "
ယန္ရႊမ္းက ကၽြန္ေတာ့္ကို ေက်းဇူးတင္စကားဆို၍ စိတ္ရွည္လက္ရွည္ ရွင္းျပလာသည္ :
" ဒါက အရမ္းအႏၲရာယ္မ်ားၿပီး ပစ္မွတ္ကလဲ အရမ္းႀကီးတယ္။ ငါတို႔က အျပင္ဘက္ကမၻာကို ေလာင္ေယာင္ေသၿပီလို႔ ေၾကျငာထားေပမယ့္ တရား႐ုံးမွာ အမွုစီရင္တာ စတာနဲ႔ သတင္းက ေပါက္ၾကားမွာ။ အဖြဲ႕အစည္းကို သစၥာေဖာက္တာနဲ႔ ညီအစ္ကိုေတြကို သစၥာေဖာက္တာက ျပစ္မွုပဲေလ။ အႀကီးမားဆုံးေရွာင္ၾကဥ္ရမယ့္ဟာကို ခ်ိဳးေဖာက္ခဲ့ေတာ့ သူက ဟယ့္လ်န္အဖြဲ႕အစည္းက မဟုတ္ေတာ့ရင္ေတာင္ အျပစ္ေပးခံရနိုင္ေသးတယ္ "
ကၽြန္ေတာ္ နားေထာင္ရင္း မွင္သက္တိတ္ဆိတ္ကာ ရန္ခ်င္းကၽြမ္း၏ မ်က္ႏွာကို ၾကည့္လိုက္မိသည္။ သူက မ်က္လႊာခ်၍လက္ဖက္ရည္ခြက္ထဲမွာ တန႔္ေနေသာ လက္ဖက္ရြက္မ်ားကို စိုက္ၾကည့္ေနလ်က္။ သူ႔မ်က္ႏွာက တည္ၾကည္ကာ မထုံတက္ေသးႏွင့္ပင္။ ယင္းသည္ ဤကဲ့သို႔ ဆက္လက္ရွင္သန္ရမည္က ယခုတင္မက ၊ ေနာက္အၾကာႀကီးလည္းျဖစ္နိုင္ေၾကာင္းကို သူအေစာႀကီးကတည္းက သိထားၿပီးမွန္း သိသာလွသည္။အထီးက်န္စြာေနထိုင္ၿပီး တျခားသူမ်ားထံမွ အကာအကြယ္ယူေနရျခင္း။
ယင္းသည္ က်င္မိသားစု၏ ႀကီးမားလွေသာသစ္ပင္ကို အျမစ္ျဖတ္ေျခမွုန္းရာမွာ ေပးဆပ္ရေသာ တန္ေၾကးေပ။ၾကည့္ရတာ သူ လၽွို႔ဝွက္ေအးဂ်င့္တစ္ေယာက္ မျဖစ္ခင္ကတည္းက ေသခ်ာရွင္းလင္းေအာင္ ေတြးထားၿပီးသား ျဖစ္ေပမည္။
" ရန္ခ်င္းကၽြမ္းတင္ မကဘူး။ ငါတို႔မင္းအတြက္လဲ အေထာက္အထားအသစ္စီစဥ္ေပးထားပါတယ္။ တစ္ခ်ိန္တည္းမွာပဲ မင္းမိသားစုကို အေမွာင္ထဲကေန ကာကြယ္ဖို႔ ငါတို႔ လူေတြလႊတ္ေပးမယ္ "
ကၽြန္ေတာ့္ကို ႏွစ္သိမ့္ခ်င္သည့္အလား ယန္ရႊမ္းက ဆိုသည္။
" မင္းက အေတာ္ေလး ပိုေကာင္းတာေပါ့။ မင္းက ဆာကာမိုတိုရွင္းယြမ္နဲ႔ ရန္သူျဖစ္မလာေသးသေရြ႕ ဒီလမ္းမွာ မင္းက ဘာမွ မျဖစ္ဘူး။ လူေတြက မင္းကို အရင္လာရန္မစရဲပါဘူး "
တက္တူးက အသက္ကယ္အေဆာင္ပင္ ျဖစ္လာခဲ့သည္။ ဒါဆို ကၽြန္ေတာ္ ရန္ခ်င္းကၽြမ္းႏွင့္ အတူေနေသာအခါ သူ႔အတြက္ကပ္ေဘးေတြကိုေရာ ကာကြယ္ေပးနိုငမွာလား ?
သို႔ေပမယ့္ ကၽြန္ေတာ္က မၾကာခင္ေသေတာ့မွာမို႔ ၊ ဒီအေရျပားက ေသၿပီးပါက အသုံးမက်ေတာ့ပါေခ်။
ကၽြန္ေတာ္ ေလးလံေသာစိတ္ျဖင့္ ထမင္းစားခန္းထဲမွ ထြက္လာခဲ့သည္။ ထိုစဥ္ မီးဖိုေခ်ာင္ထဲမွ ဓားစင္ကို ျဖတ္ခနဲ႔ျမင္လိုက္ၿပီး ေသြးစြန္း၍ေၾကာက္စရာေကာင္းေသာ အေတြးအခ်ိဳ႕က စိတ္ထဲ ဝင္ေရာက္လာ၏။
တက္တူးကိုခ်န္ခဲ့ၿပီး......ေသလို႔ရလား ?
ရပ္ ၊ ရပ္ ၊ ရပ္ ၊ မျဖစ္ဘူး။ ဒါက ေတာ္ေတာ္ႀကီးကို မူမမွန္ဘူး။ ကၽြန္ေတာ္ ေခါင္းခါယမ္း၍ စိတ္ထဲမွာ မထင္မွတ္ထားေသာ အေတြးေတြ ထြက္ေပၚလာ၏။
ကၽြန္ေတာ္ ဆႏၵရွိရင္ေတာင္ ရန္ခ်င္းကၽြမ္းက ဆႏၵရွိမည္မဟုတ္ေပ။ ကၽြန္ေတာ္ ဘာေတြေတြးေနတာလဲ ?
ယန္ရႊမ္းက ညစာမတိုင္ခင္ ျပန္သြားၿပီး ရန္ခ်င္းကၽြမ္းႏွင့္ ကၽြန္ေတာ္က တံခါးထိ လိုက္ပို႔လိုက္ၾကသည္
" ဒါနဲ႔ တာဝန္က် တရားလိုေရွ႕ေနက ရက္အနည္းငယ္အတြင္းလာလိမ့္မယ္။ ငါ ေနာက္မွမင္းကို သူ႔ရဲ့ ဆက္သြယ္ေရးအခ်က္အလက္ေတြေပးမယ္။ သူဖုန္းေခၚရင္ ေျဖဖို႔သတိရဦး "
သူမက ရန္ခ်င္းကၽြမ္းကို သတိေပးလိုက္၏။
" ဘယ္လိုေခၚတာလဲ ? " ရန္ခ်င္းကၽြမ္း ေမးသည္။
သူမက တံခါးဖြင့္၍ ကားထဲဝင္ၿပီးမွ ခဏစဥ္းစားလိုက္ကာ : " ဖုစစ္။ မင္း သူ႔ကို အြန္လိုင္းမွာရွာၾကည့္လို႔ရတယ္"
ထိုနာမည္ကို ကၽြန္ေတာ္ၾကားလၽွင္ " အာ " ကနဲ႔ ထြက္သြားမိသျဖင့္ ရန္ခ်င္းကၽြမ္းက ကၽြန္ေတာ့္ကို ၾကည့္လာ၏ : " မင္းက သူ႔ကို သိတာလား ? "
ကၽြန္ေတာ္ ကမန္းကတန္းလက္ခါျပလိုက္ၿပီး : " မဟုတ္ဘူး။ ငါ သူ႔ကို မသိပါဘူး။ ဒီတိုင္း ေဆး႐ုံမွာ ႏွစ္ခါေလာက္ဆုံဖူးတာ "
တိုက္ဆိုင္လိုက္တာ..
ညဘက္၌ ကၽြန္ေတာ္တိတ္တခိုး စစ္ေဆးၾကည့္ရာ ဖုစစ္၏ အခ်က္အလက္တခ်ိဳ႕ကို ရွာေတြ႕ခဲ့၏။
ရာဇဝတ္မွုၿဖိဳခြင္းသူ ၊ ဝမ္းနည္းဖြယ္ ေရွ႕ေန႔ ၊ ႐ုပ္ပိုင္းဆိုင္ရာ မသန္စြမ္းၿပီး စိတ္ဓာတ္အားမာန္ျပင္းထန္ ၊ ျပာပုံထဲမွ ျပန္လည္ေမြးဖြားျခင္း.... ဒါေတြအားလုံးဟာ သူ႔ကို အင္တာနက္ေပၚမွာ နာမတပ္ထားတာပင္။
ဖုစစ္သည္ ကေလးဘဝကတည္းက ႏွလုံးေရာဂါခံစားခဲ့ရၿပီး ႐ုပ္ပိုင္းဆိုင္ရာ အားနည္းသည္။ သို႔ေသာ္ အံ့မခန္းဇြဲလုံ႔လတို႔ႏွင့္ သူဟာ ပညာေရးဆုံးခန္းတိုင္ေစၿပီး ထူးခၽြန္ေသာ တရားလိုေရွ႕ေန႔တစ္ေယာက္ျဖစ္လာခဲ့၏။
သူသည္ ရာဇဝတ္သားမ်ားအေပၚတြင္ ဘယ္ေသာအခါမွ သက္ညႇာေပးခဲ့ျခင္းမရွိပဲ အကူအညီလိုအပ္သူမ်ားကို အျမဲတမ္းကူညီခဲ့သည္။ သူ႔ဘဝ၏ ပထမ ၂၇ႏွစ္တြင္ အလွည့္အေျပာင္းမ်ားခဲ့ေသာ္လည္း သူ႔သက္ေမြးလုပ္ငန္းက ေခ်ာေမြ႕ခဲ့သည္။အခ်စ္က ၿပီးျပည့္စုံေနၿပီး မနာလိုအားက်ဖြယ္ ဘဝကို ျဖတ္သန္းနိုင္ေပသည္။
သို႔ေသာ္ သူ႔အသက္၂၇ႏွစ္တြင္ အရာအားလုံးက အဆိုးဆုံးအထိ ေျပာင္းလဲသြားခဲ့ေတာ့၏။ အက်ဥ္းသား၏တံစိုးကို ျငင္းခဲ့ေသာေၾကာင့္ သူဟာ ကားထဲမွာ လွုပ္ရွားခံခဲ့ရသည္။သူ၏ ဇနီးေလာင္းက သူ႔ကားကိုေမာင္းစဥ္ မေတာ္တဆမွုတစ္ခု ျဖစ္ပြားခဲ့ၿပီး အသက္ကိုကယ္နိုင္ခဲ့ေသာ္လည္း ဘယ္ေတာ့မွ နိုးထမလာေတာ့ေပ။
ဆယ္ႏွစ္ၾကာေသာ္ ဇနိီးေလာင္းက ကိုယ္တြင္းအဂၤါအေျမာက္အျမား ခ်ိဳ႕ယြင္းလာမွုေၾကာင့္ ကြယ္လြန္ခဲ့၏။သူမ သတိရွိစဥ္က လက္မွတ္ထိုးထားခဲ့ေသာ ကိုယ္အဂၤါလွုဒါန္းေရးသေဘာတူညီခ်က္အရ ဆရာဝန္ေတြက သူမ၏ ႏွလုံးကို ဖုစစ္အား ေပးခဲ့ေလသည္။
မီးထဲမွာ ဆယ္ႏွစ္ ၊ တစ္ေန႔မွာ ျပန္လည္ေမြးဖြားလာခဲဲ့ျခင္း။ ဖုစစ္သည္ လြန္ခဲ့သည္ႏွစ္မ်ား၌ ေဆး႐ုံမွာ ျပန္လည္ထူေထာင္ေရးလုပ္ရင္း ကုန္ဆုံးခဲ့သည္။ သူ႔ခႏၶာကိုယ္ ျပန္လည္ေကာင္းမြန္လုနီးပါးျဖစ္ၿပီး သူျပန္လာခဲ့သည္ႏွင့္ အထက္လူႀကီးမ်ားက က်င္ေဖးရွန္း၏ အမွုအခင္းကို သူ႔အား လႊဲေပးခဲ့ေလသည္။ ယင္းက သူ႔အေပၚထားသည့္ သူတို႔၏ ေမၽွာ္လင့္ခ်က္မ်ားကို ျပသေနတာပင္။
ရန္ခ်င္းကၽြမ္းေရာ ဖုစစ္ကပါ အမာခံေတြျဖစ္ၾကတာ အမွန္။ ၾကည့္ရတာ..... သူတို႔ ဘယ္ေလာက္ပဲ က်ရွုံးေနၾကပါေစ ၊ တရားမၽွတမွုအတြက္ တိုက္ခိုက္မည့္ သူတို႔၏ ဆုံးျဖတ္ခ်က္ကိုေတာ့ မယိမ္းယိုင္ေစပုံပင္။
ဖုစစ္ႏွင့္ သက္ဆိုင္ေသာ သတင္းမ်ားကို ဖတ္ရွု႔ၿပီးေနာက္ ကၽြန္ေတာ္ လြန္စြာ စိတ္ဓာတ္က်ကာ အိပ္မေပ်ာ္ေတာ့။ထို႔ေၾကာင့္ ေရေသာက္ရန္ ေအာက္ထပ္ဆင္းလာခဲ့သည္။
ကၽြန္ေတာ္ ေအာက္ထပ္ဆင္းလိုက္သည္ႏွင့္ ရန္ခ်င္းကၽြမ္းလဲ အိပ္မရပဲ ညလယ္ႀကီးမွ ဧည့္ခန္းထဲတြင္ အေပၚကိုယ္ဗလာျဖင့္ အိပ္ထလုပ္ေနမည္ဟုေတာ့ ထင္မထားမိေပ။ ဒီလိုလုပ္ေနတာ မည္မၽွၾကာၿပီလဲမသိ ၊ ေက်ာျပင္မွ ေခၽြးေတြက ဂ်ဳံေရာင္အသားအေရကို သိပ္သိပ္သည္းသည္း ဖုံးလႊမ္းထား၏။ထို႔ေနာက္ သူ၏ႂကြက္သားလွိုင္းတြန႔္ေတြတစ္ေလၽွာက္ ေခၽြးစက္ႀကီးမ်ားအျဖစ္ စီးကာ ေျမျပင္ေပၚသို႔ က်ဆင္းသြားျခင္းေပ။
ကၽြန္ေတာ့္လည္ေခ်ာင္းမွာ ပိုေျခာက္လာေတာ့သည္။
ကၽြန္ေတာ္ ႏွုတ္ခမ္းသပ္၍ မီးဖိုေခ်ာင္ထဲ ဝင္လိုက္၏။ၿပီးလၽွင္ ေရခဲေသတၱာထဲမွာ ႀကိဳၿပီးေရခဲထားေသာ ေရေအးေတြကို ထုတ္ကာ အငုံႀကီးတစ္ငုံေသာက္လိုက္သည္။ ဖန္ခြက္တစ္ခုလုံးေသာက္ၿပီးေနာက္ ရင္ထဲမွာ ေျပးလႊားေနေသာ နတ္ဆိုးမီးကိုလဲ ဖိႏွိပ္နိုင္လိုက္ဟန္တူသည္။
တံခါးဝတြင္ ဆူသံတစ္ခ်က္ထြက္လာလ်က္။ ကၽြန္ေတာ္ ခြက္ကိုင္ရင္း လွမ္းၾကည့္လိုက္ရာ ရန္ခ်င္းကၽြမ္းတစ္ေယာက္ အိပ္ထလုပ္ၿပီး ျပန္ဝင္လာတာပင္။
သူက ကၽြန္ေတာ့္ထံသို႔ နားထင္မွာ ေခၽြးတၿပိဳက္ၿပိဳက္ႏွင့္ အပူေငြ႕ေတြျဖင့္ ေရာက္လာကာ ကၽြန္ေတာ့္ထံ လက္ဆန႔္ေပး၏။ ကၽြန္ေတာ့္သည္ ထိုေနရာတြင္ ေတာင့္ခဲ၍ ရပ္ေနမိကာ မလွုပ္ဝံ့ေပ။ ၿပီးကာမွလက္က ကၽြန္ေတာ့္ကိုျဖတ္၍ မီးဖိုေခ်ာင္စားပြဲေပၚက ဖန္ကရားဆီေရာက္သြားေခ်သည္။
" မင္း ေသာက္ဦးမွာလား ? " သူက ကၽြန္ေတာ့္ကို ေမး၏။
အကယ္၍ ကၽြန္ေတာ္ နီးကပ္သြားပါက သူ၏ အသက္ရွုအတက္အက်အတိုင္းလိုက္၍ ေပ်ာက္ျခည္ေပၚျခည္ျဖစ္ေနေသာ လည္ပင္းမွ ေသြးေၾကာရွည္မ်ားကိုပင္ ကၽြန္ေတာ္ ျမင္နိုင္သည္။အကယ္၍ ကၽြန္ေတာ္ နီးကပ္သြားပါက သူ႔ခႏၶာကိုယ္ေပၚက ေခၽြးနံ႔ေဖ်ာ့ေဖ်ာ့ကိုလဲ ရနိုင္ေလာက္မည္။
" မေသာက္ေတာ့ဘူး။ "
ကၽြန္ေတာ္ေျပာၿပီးသည္ႏွင့္ ခြက္ကို သူက ယူသြား၏။ဘာေစာင့္ထိန္းမွုမွမရွိပဲ သူသည္ ကၽြန္ေတာ့္ခြက္ျဖင့္ ေရခဲေရခြက္ႏွစ္ခြက္ကို ေသာက္ကာ ကရားထဲရွိေရေတြအားလုံး ကုန္ေအာင္ေသာက္လိုက္ေလသည္။
" ငါ မနက္ျဖန္ ေဆး႐ုံသြားရမယ္ "
ေသာက္ၿပီးသည္ႏွင့္သူက ေမးေစ့ကိုလက္ခုံျဖင့္ ပြတ္သုတ္၏။
ကၽြန္ေတာ္ အနည္းငယ္မဲေနဆဲျဖစ္သည့္ သူလည္ပင္းမွ တက္တူးအႂကြင္းအက်န္အားၾကည့္ရင္း ေျပာလိုကသည္ : " တက္တူးသြားဖ်က္မလို႔လား ? "
နံပါတ္တက္တူးသည္ ဟယ့္လ်န္အဖြဲ႕အစည္း၏ ျပယုဂ္ပင္။ သူက လၽွို႔ဝွက္ေအးဂ်င့္တစ္ေယာက္အျဖစ္ အလုပ္မလုပ္ေတာ့တာမို႔ ထားလဲ အသုံးမဝင္ေတာ့သည့္တိုင္ ျမင္ေနရလၽွင္ စိတ္မေကာင္းျဖစ္ရဆဲ။ထို႔အျပင္ ဒီတက္တူးက သူ၏ ဘယ္ဆီဘယ္ဝယ္မွာဟူေသာ လၽွို႔ဝွက္ခ်က္ကို အလြန္အႏၲရာယ္ေပးေနသျဖင့္ တတ္နိုင္သမၽွ အျမန္ဆုံးဖယ္ရွားသင့္သည္ပင္။
" 0417 , ဒီနံပါတ္ေလးခုက အထူးတလယ္ အဓိပၸာယ္မ်ားရွိေနလား ? " ကၽြန္ေတာ္ နည္းနည္းစပ္စုလိုက္သည္။
ရန္ခ်င္းကၽြမ္းက ေဘစင္ကိုသြား၍ ေရပိုက္ေခါင္းကိုဖြင့္ကာ ေရခြက္ကို ေဆးသည္ : " အဲ့ဒါ ငါသူတို႔ဆီဝင္တဲ့ရက္ပဲ။ ေန႔တိုင္း မွန္ၾကည့္တဲ့အခါ ဒီနံပါတ္က ငါက သူတို႔နဲ႔ မဆိုင္ဘူး ၊ ငါ့မွာ ငါ့ကိုယ္ပိုင္လုပ္စရာေတြရွိတယ္လို႔ သတိေပးတယ္ "
ထိုေန႔မွစ၍ သူဟာ က်င္မိသားစု၏ လက္ပါးေစတစ္ေယာက္ျဖစ္လာကာ က်င္မိသားစုပိုင္ လည္ပတ္ကို ၀တ္ဆင္ခဲ့သည္။ ၿပီးလၽွင္ သည္ရက္စြဲက သူ႔လည္ပင္းေပၚမွာ သူထည့္ထားတဲ့ လၽွပ္စစ္ဓာတ္ပင္။ ေန႔တိုင္းၾကည့္ၿပီး ေန႔တိုင္းသတိခ်ပ္သည္။ ထိုေန႔မတိုင္ခင္က သူ ဘယ္သူလဲ ၊ ဘာေၾကာင့္ ေကသရာဇာကၽြန္းကို လာခဲ့သလဲ ေသခ်ာေအာင္လုပ္ၿပီး သူကိုယ္သူ အျမဲတမ္း သတိဝင္ေနေစ၏။
" ငါ လင္းရွန႔္ကို သြားရွာမယ္ "
ရန္ခ်င္းကၽြမ္းက ေရပိတ္၍ ခြက္ကို ေဘးမွာ အသာထားလိုက္သည္။
" ငါ သူ႔ကို ညစာဝယ္ေကၽြးၿပီး၊ သူနဲ႔ စကားေျပာၾကည့္မယ္။ ၿပီးရင္.... သူနဲ႔ဆက္ဆံေရးကို ျပန္ဆက္မယ္ "
မီးဖိုေခ်ာင္က မီးမဖြင့္ထားေပ။ ဧည့္ခန္းမွ အလင္းေရာင္ဖ်ဖ်ကသာ ျဖာက်ေနၿပီး ခပ္မွိန္မွိန္ျဖစ္ေန၏။
" မင္း ဘယ္လိုထင္လဲ ? "
႐ုတ္တရက္ ကၽြန္ေတာ့္ မ်က္လုံးေတြ ေဝဝါးသြားၿပီး အေနာက္တလွမ္းဆုတ္၍ ဟင္းခ်က္စားပြဲကိုမွီထားလိုက္ရ၏။ ေဝဒနာက အခ်ိန္မွားကာျဖစ္လာ၍ ကၽြန္ေတာ္ ႐ုတ္ျခည္း ဘာကိုမွ မျမင္ရေတာ့။
" ေကာင္းပါတယ္......."
ကၽြန္ေတာ္ဟာ အေမွာင္ထဲမွာ ပိတ္မိလ်က္ နားေတြတဝီဝီျမည္ကာ အသံကလဲ ေဝးကြာသြားသလိုပင္။
ေနာက္ဆုံးေတာ့ သူဟာ ဘယ္သူက ျခင္ေသြး*လဲ ၊ ဘယ္သူက မွဲနီလဲ*ဆိုတာ နားလည္သြားသည္ပုံပင္။ဘာပဲျဖစ္ျဖစ္ကၽြန္ေတာ္တစ္ေယာက္တည္းသာ တံတားေပၚမွာ က်န္ေနခဲ့၏။
( ျခင္ေသြး - အခ်ိန္ၾကာလာရင္ ၿငီးေငြ႕လာမယ့္လူ ၊ မွဲ႕နီ - ပိုင္ဆိုင္ရေပမယ့္ မဖမ္းဆုပ္ထားနိုင္တဲ့အရာ )
ေကာင္းတယ္ ၊ သိပ္ေကာင္းတယ္။သူ " သတိျပန္လည္ " လို႔ ကၽြန္ေတာ္ သူ႔အတြက္ ေပ်ာ္ပါတယ္။
" မင္း တကယ္ အဲ့လိုထင္တာလား ? "
ကၽြန္ေတာ့္လက္ေခ်ာင္းေတြက အေနာက္မွ ေကာင္တာထိပ္ကို တင္းတင္းဆုပ္ထားမိရင္း ႏွုတ္ခမ္းေထာင့္ေတြ ပင့္ကာ သြက္လက္စြာ ေခါင္းညိတ္ျပလိုက္၏။
" အင္း "
အေမွာင္ထဲ၌ တစ္ဖက္လူထံမွ ဘာသံမၽွမၾကားရေတာ့ေပ။ ခဏအၾကာ ျပင္းထန္ျမန္ဆန္ေသာ ေျခသံေတြကတျဖည္းျဖည္းေဝးကြာ၍ မီးဖိုေခ်ာင္ထဲမွ ထြက္သြား၏။ မၾကာမီ ၊ ေရခ်ိဳးခန္းဘက္မွ တံခါးပိတ္သံအက်ယ္ႀကီးကို ၾကားလိုက္ရသည္။
ထိုအခိုက္ဝယ္ ကၽြန္ေတာ္ ၿငိမ္သက္စြာရပ္၍ မျမင္နိုင္ေသး။ထို႔ေၾကာင့္ စမ္းတဝါးဝါးႏွင့္ မီးဖိုေခ်ာင္ထဲမွ ထြက္လာခဲ့ေတာ့၏။ ကၽြန္ေတာ္အဖို႔ အေမွာင္ထုႏွင့္ အသားမက်၍ လမ္းေလၽွာက္ဖို႔ အရမ္းခက္ခဲသည္။ ကၽြန္ေတာ္ တံခါးသို႔ေရာက္လၽွင္ မေတာ္တဆဆိုသလို ပိုျမင့္ေသာ တံခါးေက်ာက္ခုံႏွင့္တိုက္မိသြားရသည္။
အရမ္းနာတာပဲ......
ကၽြန္ေတာ္ ေျမေပၚမွာ ထိုင္၍ ပြန္းသြားေသာလက္ဖဝါးခ်ိဳင့္ေနရာေလးကို အုပ္ရင္း က်ိဳးသလား စစ္ၾကည့္မိ၏။ ေဝဒနာက နာလြန္းလို႔မ်က္ရည္ေတြ ထြက္ေတာ့မလိုပင္။
ကံေကာင္းစြာႏွင့္ မ်က္လုံးေရွ႕ေမွာက္မွာ အလင္းေရာင္ျပန္ေပၚလာဖို႔ သိပ္မၾကာလိုက္။ မၾကာမီိမွာပဲ ကၽြန္ေတာ္ ျပန္ျမင္ရခဲ့သည္။
ကၽြန္ေတာ့္လက္ဖဝါးကိုၾကည့္မိလၽွင္ အေရျပားေပၚက ပြန္းရာေလးပဲျဖစ္ကာ ေသြးပင္မထြက္ေပ။
ငါက ဘာလို႔မ်ား ႏုနယ္လာရတာလဲ....
ႏွာရွုံ႔လိုက္၍ ကၽြန္ေတာ္ ၾကမ္းျပင္မွ ထလိုက္သည္။ ၿပီးလၽွသ္ ေရသံထြက္ေနေသာ ေရခ်ိဳးခန္းအား တစ္ခ်က္ၾကည့္မိ၍ တိတ္ဆိတ္စြာျဖင့္ အေပၚတက္လာခဲ့ေတာ့၏။