နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်...

By Swae_Nyoe

251K 33.6K 1K

ဘာသာပြန်သူ - Swae Nyoe Team, ဆုမြတ်လှိုင် More

Description
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁.၁
အခန်း ၂၁.၂
အခန်း ၂၂ .၁
အခန်း ၂၂.၂
အခန်း ၂၃.၁
တယ်လီဂရုကြေညာချက်..
အခန်း ၂၃.၂
အခန်း ၂၃.၃
အခန်း ၂၃.၄
အခန်း ၂၄.၁
အခန်း ၂၄.၂
အခန်း ၂၄.၃
အခန်း ၂၅.၁
အခန်း ၂၅.၂
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈.၁
အခန်း ၂၈.၂
အခန်း ၂၉.၁
အခန်း ၂၉.၂
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
Notice!!
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
အခန်း ၄၀
အခန်း ၄၁
အခန်း ၄၂
အခန်း ၄၃
အခန်း ၄၄
အခန်း ၄၅
အခန်း ၄၆
အခန်း ၄၇
အခန်း ၄၈
အခန်း ၄၉
အခန်း ၅၀
အခန်း ၅၁
အခန်း ၅၂
အခန်း ၅၃
အခန်း ၅၄
အခန်း ၅၅
အခန်း ၅၆
အခန်း ၅၇
အခန်း ၅၈
အခန်း ၅၉
အခန်း ၆၀
အခန်း ၆၁
အခန်း ၆၂
အခန်း ၆၃
အခန်း ၆၄
အခန်း ၆၅
အခန်း ၆၆
အခန်း ၆၇
အခန်း ၆၈
အခန်း ၆၉
အခန်း ၇၀
အခန်း ၇၁
အခန်း ၇၂
အခန်း ၇၄
အခန်း ၇၅
အခန်း ၇၆
အခန်း ၇၇
အခန်း ၇၈
အခန်း ၇၉
အခန်း ၈၀
အခန်း (၈၁)
အခန်း ၈၂
အခန်း ၈၃
အခန်း ၈၄
အခန်း ၈၅
အခန်း ၈၆
အခန်း ၈၇
အခန်း ၈၈
အခန်း ၈၉
အခန်း ၉၀
အခန်း ၉၁
အခန်း ၉၂
အခန်း ၉၃
အခန်း ၉၄
အခန်း ၉၅
အခန်း ၉၆
အခန်း ၉၇
အခန်း ၉၈
အခန်း ၉၉
အခန်း ၁၀၀
အခန်း ၁၀၁
အခန်း ၁၀၂
အခန်း ၁၀၃
အခန်း ၁၀၄
အခန်း ၁၀၅
အခန်း ၁၀၆
အပိုင်း ၁၀၇
အခန်း ၁၀၈
အခန်း ၁၀၉
အခန်း ၁၁၀
အခန်း ၁၁၁
အခန်း ၁၁၂
အခန်း ၁၁၃
Telegram ကို လာခဲ့နော်
အခန်း ၁၁၄
အခန်း ၁၁၅
🥳ဈေးနှုန်းပြောင်းလဲ သတ်မှတ်လိုက်ပါကြောင်း🥳

အခန်း ၇၃

1.2K 211 5
By Swae_Nyoe

အပိုင်း ၇၃

တစ်ဖက်သူက ကုဝူကျိလက်ကိုကိုင်လိုက်သည့်အချိန်တွင် အရိုးစုတိုင်းက ချက်ချင်းဆိုသလို အာရုံပြန်ပြောင်းသွားပြီး ကုဝူကျိကိုစိုက်ကြည့်မနေကြတော့ဘဲ မျက်နှာသေဖြင့်သာ ရှေ့ဆက်သွားကြတော့သည်။

ကုဝူကျိက လူအုပ်နှင့်ဆက်လိုက်နေသည်။ မင်္ဂလာဝတ်စုံနှင့်သရဲမကလည်း သူ့အရှေ့တွင်ပါသည်။ ထို့ကြောင့် သူက သရဲမနောက်မှ လိုက်ရသလိုဖြစ်သွားသည်။ သူ၏စိတ်ထဲတွင် သံသယများက ပြည့်နှက်နေသည်။ အရှေ့ရှိလူက အမြဲတစေ သူ၏နှလုံးသားထဲမှ သံသယများအပြည့်ဖြင့် မြှုပ်နှံနေသည့်လူမျိုးဖြစ်နေခဲ့သည်။ သူကိုယ်တိုင်ကလည်း ဘယ်သောအခါမှ နှလုံးသားထဲတွင် သံသယများကို သယ်ဆောင်ထားသူ မဟုတ်သည့်အလျောက် ချက်ချင်းဆိုသလိုမေးလိုက်သည်။

"မင်းက ဘယ်သူလဲ"

သူက ခေါင်းခါပြသည်။ ကုဝူကျိက ဆက်ပြောသည်။

"ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

တစ်ဖက်သူက တိတ်ဆိတ်သွားသည်။ သို့သော် ခေါင်းမလှည့်လာသေးဘဲ ခပ်တိုးတိုးသာပြော၏။

"မင်း ဒီနေရာကထွက်သွားလိုက်ပါ"

"ဘာလို့လဲ"

"မင်း ဒီနေရာမှာနေတာက ကောင်းတဲ့ကိစ္စမဟုတ်ဘူး၊ ဒီအခမ်းအနားပွဲက မင်း ထင်ထားတာထက် ကြောက်စရာကောင်းတယ်၊ သာမန်လူတွေက ဒီနေရာမှာ ရပ်တန့်နေလို့မရဘူး၊ မင်းက ရှင်သန်ချင်ရင် အခမ်းအနားမပြီးခင် ဒီနေရာက ထွက်သွားနိုင်မှဖြစ်လိမ့်မယ်"

ထိုသရဲမက ဆက်ပြောသည်။

"မင်း ဒီနေရာကနေ တိတ်တဆိတ် ထွက်သွားနိုင်မယ့်နည်းလမ်းကို ငါ သိတယ်၊ မင်း မနက်ဖြန် အခြားသူတွေကို ခေါ်သွားလိုက်လို့ရတယ်"

ကုဝူကျိက ပြောသည်။

"ဒါပေမယ့် ငါ ဒီနေရာက ထွက်သွားဖို့နည်းလမ်း မရှိသေးဘူး၊ နောက်ပြီး ငါ ထွက်သွားဖို့လည်း မတွေးထားဘူး၊ ငါ ဒီနေရာကိုလာပြီးကတည်းက သေချာပေါက် အရာအားလုံးကို သိအောင်ကြိုးစားရမယ်၊ အမှန်တရားကို သိအောင်ကြိုးစားရမယ်၊ မင်း ငါ့ကို ကယ်တင်ပေးနိုင်မှန်း ငါ သိပါတယ်၊ ဒါကြောင့် ငါ ဒီကိစ္စကိုလုပ်နိုင်မယ်လို့ ပိုပြီးမျှော်လင့်ချက်ရှိလာတယ်"

တစ်ဖက်သူ၏ခန္ဓာကိုယ်က အေးခဲသွားသည်မှာ ကုဝူကျိက ထိုသို့စကားကို ပြောလာမည်အား မထင်ထားသည့်အလားထင်ရသည်။ သူက ကူကယ်ရာမဲ့စွာ သက်ပြင်းချသည်။ နောက်ဆုံးတွင် နောက်ပြန်လှည့်လိုက်သည်။

"မင်းက အဲ့ဒီလိုထင်ရင်လည်း ကိစ္စက အတူတူလောက်ပါ၊ ဖြစ်နိုင်တာက ... ငါ မင်း လုပ်နိုင်မယ့်အရာကို ပိုပြီးတော့တောင် မျှော်လင့်စောင့်စားတာဖြစ်လောက်တယ်"

ထိုသရဲမက ကုဝူကျိအရှေ့တွင်ပေါ်လာသည့်တိုင်အောင် မြူထုများက သူမ၏မျက်နှာကို လွှမ်းနေသေးသည်။ ထို့ကြောင့် သူက ဘာကိုမျှ ရှင်းရှင်းလင်းလင်း မမြင်ရချေ။ သို့တိုင်အောင် တစ်ဖက်သူ၏အမူအရာကို ခပ်ရေးရေးမြင်နိုင်သည်။

"မင်းက တကယ်ကို ဒီလိုလူမျိုးပဲလေ၊ ဘာပဲဖြစ်ဖြစ် မင်းလိုလူမျိုးက ဒီလိုအရာကို တကယ်ပြောင်းလဲနိုင်မှာ နှမြောစရာကောင်းတာက နောက်ကျသွားပြီ"

ထိုသရဲမက ဖျော့တော့စွာပြောသည်။

"ငါ မင်းကိုပြောနိုင်တဲ့တစ်ခုတည်းသောအရာက ဒီအခမ်းအနားပွဲ ဘယ်အချိန်မှာ တကယ်စမယ်ဆိုတာပဲ"

ကုဝူကျိက တစ်ဖက်သူကို အံ့အားသင့်မှုအချို့နှင့်ကြည့်လိုက်သည်။ တစ်ဖက်သူက တစ်စုံတစ်ရာကို ပြောလိုက်သော်လည်း သူက နောက်ဆုံးစကားကို မကြားရတော့ချေ။

ဒါက ပထမဦးဆုံးအကြိမ် အိပ်မက်ထဲတွင် တွေ့ဆုံခဲ့သည့်အတိုင်းဖြစ်သည်။

"မင်း တကယ်ပဲ ဘယ်သူ ..."

သူက ထပ်မေးလိုသော်လည်း သူ၏ခန္ဓာကိုယ်က လေးလံသွားလေပြီ။ သူ၏အသိစိတ်က ပို၍ပင်ဝေဝါးသွားသည်။ အရှေ့မှသရဲမအတွက်ကမူ ပို၍ပင် ဝေဝါးသထက်ဝေဝါးသွားသည်။ ကုဝူကျိက ထိုသို့ဖြင့်လန့်နိုးလာသည်။

အပြင်လောကကမူ တောက်ပနေလေပြီ။ ချီယွန်ရှို့က သူ့ဘေးနားတွင် ထိုင်နေကော သူ့ကို အနီးကပ်စိုက်ကြည့်နေသည်။ ဘေးနားမှ သရဲများကလည်း ကုဝူကျိက နိုးလာမှသာ စိတ်အေးသွားသလိုဖြစ်သွားသည်။

ကုဝူကျိက မနေနိုင်ဘဲမေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

"မင်းက ရုတ်တရက် အိပ်ပျော်သွားပြီး ဘယ်လောက်အော်အော် မနိုးနိုင်ဘူး"

ချီယွန်ရှို့က စိတ်အေးသွားသလိုပြောသည်။

"မင်း တစ်ခုခုဖြစ်ပြီလို့ ငါ ထင်လိုက်တာ၊ ဒီသရဲတွေတောင်မှ မင်းကို စိုးရိမ်နေကြတာ"

ပြောရလျှင် ချီယွန်ရှို့ကလည်း ထိုသို့သရဲများက တစ်စုံတစ်ရာလုပ်သည်ဟု ထင်ထားမိနေခြင်းဖြစ်သည်။ ကုဝူကျိကသာ မနိုးလာခဲ့လျှင် ထိုလူများအားလုံးက ကုဝူကျိနှင့်အတူ သင်္ဂြိုလ်ရတော့မည်ဖြစ်သည်။

ထို့ကြောင့်သရဲများက မတရားခံရသလိုခံစားနေရသည်။

သူတို့က ဘယ်လိုများ ဒီနတ်ဆိုးမိစ္ဆာနှစ်ကောင်ကို တိုက်ခိုက်ရဲမှာလဲ၊ ဒါက သူတို့ သေလမ်းရှာသလိုဖြစ်သွားမှာပေါ့။

အချိန်အတန်ကြာ တစ်ညလုံးနီးပါး ကြောက်လန့်နေရပြီးနောက် ကုဝူကျိက နိုးထလာခဲ့သည့်အခါမှသာ ထိုသရဲများက ရှင်သန်ရန်မျှော်လင့်ချက်ကို ရှာတွေ့သွားသလို ဖြစ်သွားပြီး သူတို့၏ဘဝကို ပို၍ပင် ချစ်မြတ်နိုးသွားကြသည်။

ကုဝူကျိကမူ ထိုအခြေအနေကို နားမလည်ချေ။ ထို့ကြောင့် သရဲများကိုသာ အလွန်ခံစားရသော မျက်နှာထားမျိုးဖြင့် ကြည့်လိုက်သည်။

"ငါတို့က တစ်ညတည်းတွေ့ထားတာဆိုပေမယ့် မင်းတို့က ငါ့ကိုဒီလောက်အထိ စိုးရိမ်မယ်လို့မထင်ထားမိဘူး၊ နှမြောစရာကောင်းတာက အနာဂါတ်မှာ ငါတို့ ထပ်တွေ့နိုင်မှာမဟုတ်တာပဲ"

ထိုသရဲများက ကုဝူကျိစကားကြောင့် အပျော်လွန်သွားကြသည်။

သူတို့လည်း ထပ်မတွေ့ချင်ပါဘူး ဟုတ်ပြီလား။

သို့သော် သူတို့က ပြုံးရန်အချိန်မရှိခင်မှာပင် ချီယွန်ရှို့၏ အေးစက်သောမျက်ဝန်းကို ခံစားမိလိုက်လေပြီး သူတို့၏စကားကို ချက်ချင်းပြောင်းလိုက်ကာ ပြောလိုက်သည်။

"ဒါပေါ့ ငါတို့လည်း အရမ်းကိုစိတ်မကောင်းဖြစ်ရပါတယ်၊ ဒီတစ်ကြိမ်က တော်တော်လေးကို အလောတကြီးနိုင်သွားတာကိုး"

"မင်း နောက်တစ်ကြိမ်ပြန်လာမယ်ဆိုရင် ငါတို့က ကောင်းကောင်းဆက်ဆံမှာပါ"

သရဲတစ်ကောင်ဆိုလျှင် မျက်ရည်ပင်ကျချင်သောပုံစံမျိုးဖြင့် အလောတကြီး ပြောသည်။

"ဟုတ်တယ် ဟုတ်တယ် ငါတို့လည်း မင်းနဲ့ မခွဲချင်ပါဘူး၊ ဒီညက ငါ သေပြီးကတည်းက အပျော်ရွှင်ရဆုံးနေ့ပါပဲ"

ဒီတစ္ဆေခြောက်သောအိမ်ရှိသရဲတိုင်းက အလွန်အမင်းရင်းနှီးဟန်ပြနေသည်။ သို့သော် သူတို့နှစ်ယောက် ထွက်သွားပြီးသည်နှင့် အိမ်၏တံခါးက ချက်ချင်းပိတ်သွားသည်။ အထဲမှသရဲများက အပြင်ဘက်ရှိ သက်ရှိလူသားနှစ်ယောက်ကို ဘယ်သောအခါမှ ရန်မစချင်ကြတော့ချေ။ သူတို့က မည်သည့်သက်ရှိနှင့်မျှလည်း မတွေ့ချင်ကြတော့ချေ။

အချိန်က မိုးသောက်ရောင်ခြည်လင်းစဖြစ်သည်။ ကုဝူကျိက ရွာသူကြီး၏အိမ်သို့ သွားသင့်မသွားသင့် တွေးတောနေပြီးနောက် အဒေါ်ကြီးကို သွား၍နှုတ်ဆက်ရန် ဆုံးဖြတ်လိုက်သည်။

"ရှောင်ဆွန်း ဘာလို့ ဒီမှာရှိနေသေးတာလဲ၊ ရွာသူကြီးက ကိစ္စရှိလို့ မင်းကို သွားရှာတယ်၊ စကားပြောလို့ပြီးသွားပြီလား"

"ဘာ"

ကုဝူကျိက တစ်ဖက်သူကို ချက်ချင်းကြည့်လိုက်သည်။

"ရွာသူကြီးက ကျွန်တော်တို့ရဲ့နေရာကို သွားရှာတာလား၊ ဘာလုပ်ဖို့လဲ"

တစ်ဖက်သူကလည်း အနည်းငယ်အံ့အားသင့်သွားသည်။

"မင်း မသိဘူးလား ဘာပဲဖြစ်ဖြစ် အခမ်းအနားပွဲက သိပ်မကြာခင် ကျင်းပတော့မှာလေ၊ ရွာသူကြီးကိုယ်တိုင်ကလည်း အပြင်လူတွေလာခဲတယ်ဆိုပြီး မင်းတို့အားလုံးကို ဝင်ပါခိုင်းချင်နေတာ၊ ဒါကြောင့် ဆွေးနွေးဖို့စီစဉ်ထားကြတာပဲ"

"အာ ကောင်းပါပြီ၊ ကျွန်တော်တို့ ဒီမနက်ခင်း လမ်းခဏထွက်လျှောက်တာ ဆိုတော့ လွဲသွားတာဖြစ်ရမယ်"

ကုဝူကျိက အကြောင်းအရာကိုအဆုံးသတ်ရန် နည်းလမ်းတစ်ခုကို ခပ်မြန်မြန်တွေးလိုက်ပြီးနောက် ဘေးဘက်မှချီယွန်ရှို့ကိုကြည့်ကာ လေသံတိုးတိုးဖြင့် ပြောသည်။

"ကြည့်ရတာ ရွာသူကြီးက တကယ်လှုပ်ရှားတော့မယ်ထင်တယ်၊ ဘာပဲဖြစ်ဖြစ် ရှောင်မန်က ရွေးချယ်ထားတဲ့သတိုးသမီးပဲလေ၊ ဒီတော့ သူမက ဒီနေ့ဖြစ်ဖို့များတယ်"

ချီယွန်ရှို့ကလည်း သတိထားမိလိုက်သည်။ ထို့ကြောင့်မျက်မှောင်ကြုတ်ကာ ပြောသည်။

"ဒါဆိုရင် ငါတို့ မြန်မြန်ပြန်ကြမလား"

အခြားသူများ၏အသက်က အရေးမကြီးချေ။ မည်သို့ပင်ဆို‌စေ အားလုံးက သည်ကော်ပီတွင် ကစားသမားများဖြစ်နေလေရာ အနှေးနှင့်အမြန်သေရအုံးမည် ဖြစ်သည်။ ထို့ကြောင့် ဂရိုစိုက်စရာအကြောင်းမရှိချေ။ သို့သော် အဓိကဇာတ်ကြောင်းနှင့် ကုဝူကျိလုံခြုံရေးအတွက် သူက တွေးတောရမည်ဖြစ်သည်။

"မဟုတ်ဘူး ငါတို့ အရင်ဆုံးပြန်ရမယ်"

ကုဝူကျိက ပြောသည်။

"ရွာသူကြီးရဲ့အိမ်ကို သွားကြည့်ဖို့လိုအပ်နေသေးတယ်၊ ရွာသူကြီးက အချိန်အတိုင်းအတာတစ်ခုအတွင်း ဘာမှလုပ်နိုင်အုံးမှာမဟုတ်ဘူး၊ မင်း ငါ့ကိုကူညီပြီး အပြင်မှာစောင့်ကြည့်ပေးထား၊ ငါ တစ်စုံတစ်ရာကို စုံစမ်းဖို့လိုအပ်တယ်"

ချီယွန်ရှို့က သဘောမတူချင်သော်လည်း ကုဝူကျိက ခိုင်မာစွာပြောနေသဖြင့် ရွာသူကြီးကလည်း ပြန်လာအုံးမည်မဟုတ်ကြောင်း သေချာနေလေရာ ကုဝူကျိ တစ်ယောက်တည်းဆိုလျှင် အန္တရာယ်များသွားနိုင်သည်။ ထို့ကြောင့် ချီယွန်ရှို့က အိမ်သို့ အလျင်အမြန်ပြန်ပြီး ရွာသူကြီးကိုစောင့်ကြည့်နေရန်သာ ဆုံးဖြတ်လိုက်သည်။

ကုဝူကျိက ရွာသူကြီးအိမ်သို့ရောက်လာပြီးနောက် တံခါးကိုတွန်းဖွင့်လိုက်သော အခါ ချက်ချင်းဆိုသလို ရွာသူကြီး၏ဇနီးနှင့်တိုးပြန်သည်။ တစ်ဖက်သူက သန့်ရှင်းရေးလုပ်နေခြင်းဖြစ်သည်။ သူမက ကုဝူကျိကိုမြင်သောအခါ အံ့အားသင့်ဟန် မပြဘဲ သည်လိုဖြစ်လာမည်ဟု မျှော်လင့်ထားသည့်အလားဖြစ်နေသည်။

"မင်း နောက်ဆုံးတော့ ရောက်လာပြီလား"

"ကျွန်တော် လာမယ်ဆိုတာကို သိနေတာလား"

ကုဝူကျိက ပဟေဠိဖြစ်သွားသည်။

"ဘာပဲဖြစ်ဖြစ် အခမ်းအနားပွဲက ကျင်းပတော့မယ်လေ၊ စုံစမ်းချင်တဲ့လူတွေက သေချာပေါက် ဒီအခွင့်အရေးကို အလွဲအချော်ခံလို့ ဘယ်ဖြစ်ပါ့မလဲ၊ မင်းကလည်း တောင်နတ်ဘုရားနဲ့ အဲ့ဒီသတိုးသမီးတွေရဲ့အကြောင်းကို သိချင်မှာပေါ့"

ရွာသူကြီး၏ဇနီးက ပြောသည်။

"မင်း ငါ့ကိုယုံမယ်ဆိုရင် ငါ့နောက်ကိုလိုက်လာခဲ့လို့ရတယ်"

ထိုသို့ပြောပြီးနောက် သူမက တံမြက်စည်းကိုဘေးချထားကာ အထဲသို့ အလျင်အမြန်ဝင်သွားသည်။

ကုဝူကျိက နောက်မှလိုက်သည်။ သူမ၏လက်မောင်းမှ ဒဏ်ရာကို သတိထားမိသောအခါ မေးလိုက်သည်။

"လက်မောင်းက ..."

"ဒါက အဲ့ဒီညက ငါပါ"

ရွာသူကြီး၏ဇနီးဖြစ်သူမျက်နှာက စိတ်ရှုပ်ထွေးသွားပြီးနောက် ကုဝူကျိကို ကြည့်သည်။ သူမ၏မျက်ဝန်းထဲတွင် ကြောက်လန့်မှုက ရှိနေသေးသည်။

"ဘာလို့ အဲ့ဒီလိုလုပ်ရတာလဲ"

ကုဝူကျိကမေးသည်။

"ဒါတွေအားလုံးကို သူခိုင်းတာပဲ"

ရွာသူကြီး၏ဇနီးဖြစ်သူက မုန်းတီးမှုအပြည့်ဖြင့်ပြောသည်။

"သူ့ကြောင့်သာမဟုတ်ရင် ငါက ဒီရွာကိုဘယ်တော့မှ လာဖြစ်မှာမဟုတ်ဘူး၊ နင်သိလား၊ ဒီအဖိုးကြီးက အရူး၊ သူ့ရဲ့အရင်ဇနီးက သေသွားတာကြာလှပြီ၊ ငါက နောက်မှလက်ထပ်ခဲ့တာ"

"အမှန်တရားကိုသိပြီးတဲ့နောက်မှာ ငါဒီရွာက ထွက်သွားချင်ခဲ့တယ်၊ ဒါပေမယ့် အဲ့ဒီတောင်နတ်ဘုရားဆိုတဲ့ဟာနဲ့ တွေ့ရတယ်လေ၊ အဲ့ဒီနောက်မှာတော့ ငါက လူသားလည်းမဟုတ် သရဲလည်းမဟုတ်တဲ့ဟာကြီး ဖြစ်သွားပါလေရော၊ ငါက သူ့ရဲ့အမိန့်ကိုမနာခံရင် ငါ့ရဲ့ဘဝက သေတာထက်ဆိုးသွားလိမ့်မယ်"

တောင်နတ်ဘုရားအကြောင်းကိုပြောသောအခါ ရွာသူကြီးခေါင်းဆောင်၏ ဇနီးဖြစ်သူက အလွန်မုန်းတီးနေဟန်ရသည်။

"ကျွန်တော် နားလည်ပြီ"

ကုဝူကျိကလည်းခေါင်းငြိမ့်သည်။

"ဒါပေမယ့် နင့်ကြောင့် ဒဏ်ရာရသွားပြီးတဲ့နောက်မှာ ငါ ရုတ်တရက် သူ့ကို သတ်ဖို့အခွင့်အရေးကောင်းတစ်ခုဆိုတာကို သိလိုက်ရတယ်၊ ငါ သေရမယ် ဆိုရင်တောင်မှ ငါ ဒီလိုဘဝမျိုးကြီးနဲ့ ဆက်မနေချင်တော့ဘူး"

ရွာသူကြီး၏ဇနီးဖြစ်သူက ခါးသီးစွာပြောသည်။

"ဒါပေမယ့် ငါ အခြားသူတွေကိုလည်း ယုံကြည်လို့မရဘူး၊ ဒီအချိန်မှာ အခြားတစ်ယောက်သာ လာမယ်ဆိုရင် သူ့ကို ဒီလိုအထဲကို ခေါ်လာမှာမဟုတ်ဘူး"

ကုဝူကျိက သူ အချိန်မှန်လာခဲ့သည်ဟုပင်ခံစားလိုက်ရသည်။

သူတို့က စကားပြောနေပြီးနောက် ခြံအနောက်ဘက်ပိုင်းသို့ ရောက်သွားပြီးနောက် လူသူရှင်းသောအခန်းတစ်ခုထံသို့ ရောက်သွားသည်။ ထိုအခန်းတံခါးကို မပိတ်ထားချေ။ သို့သော် ပတ်ဝန်းကျင်တွင် အဆောင်လက်ဖွဲ့ပေါင်းများစွာရှိနေခြင်းဖြင့် တစ်စုံတစ်ရာကို တားထားသည့်အလားထင်ရသည်။

ထိုမြင်ကွင်းက ကုဝူကျိကို သူ ဂူထဲတွင်မြင်ခဲ့ရသောအရာကို သတိရသွားစေသည်။ အထဲတွင်လည်း အဆောင်လက်ဖွဲ့ပေါင်းများစွာရှိသည်။ အစပိုင်းတွင်မူ ဒါက မိစ္ဆာဝိဉာဉ်များကို နှင်ထုတ်သည်ဟုထင်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် တောင်နတ်ဘုရားကိုယ်တိုင်က မိစ္ဆာဖြစ်နေကြောင်း သိလိုက်ရသည်။

"ဒီအဆောင်လက်ဖွဲ့တွေက ဘာတွေလဲ"

မည်သို့ပင်ဆိုစေ ရွာသူကြီးကိုယ်တိုင်က သည်ရွာတွင် ကောင်းကင်ကို လက်တစ်ဖက်တည်းဖြင့် အုပ်ကာနိုင်စွမ်းရှိသောလူဖြစ်သည်။ သူက တံခါးကိုပင် သော့မပိတ်ထားခဲ့ချေ။ ထို့ကြောင့် သူက မည်သူမျှဝင်မလာရဲကြောင်း သေချာနေလောက်သည်။ သူက ဇနီးဖြစ်သူကိုလည်း အပြည့်အဝထိန်းချုပ်နိုင်စွမ်း ရှိသည်ဟု ယုံကြည်ထားလောက်သည်။ ထို့ကြောင့် သူမကို ရိုက်နှက်ဆုံးမနိုင်ခြင်း ဖြစ်သည်။

သို့သော် ယခုလိုအခြေအနေမျိုးတွင်ပင် သူက တစ်စုံတစ်ရာကို ကြောက်နေသည်။ ထိုအရာက မည်သည့်အရာမှန်းမသိနိုင်ချေ။

ကုဝူကျိစိတ်ထဲတွင် သူအိပ်မက်ထဲတွင်မြင်ခဲ့ရသည့် သရဲမကိုသတိရသွားသည်။

"ငါလည်းမသိဘူး"

ရွာသူကြီး၏ဇနီးဖြစ်သူက ခေါင်းကိုခါသည်။

"ဒါပေမယ့် သူက ဒီအဆောင်လက်ဖွဲ့တွေကို တော်တော်လေးကို အလေးထားတဲ့ပုံပဲ၊ ငါ ထိမိတာနဲ့ ပြင်းပြင်းထန်ထန်အပြစ်ပေးခံရတယ်"

"နောက်ပြီး ဒီနေရာမှာစကားအကျယ်ကြီးပြောလို့မရဘူး၊ မဟုတ်ရင် တောင်နတ်ဘုရားကို နှောင့်ယှက်မိသွားလိမ့်မယ်၊ ဒီအတိုင်း ပစ္စည်းတွေကိုပဲရှာဖွေပါ"

ကုဝူကျိကခေါင်းငြိမ့်သည်။

"နောက်ပြီး အထဲကပစ္စည်းတွေကို အပြင်ကိုယူထုတ်လို့မရဘူး၊ မဟုတ်ရင် တောင်နတ်ဘုရားက တိုက်ရိုက်ပေါ်လာလိမ့်မယ်"

ရွာသူကြီး၏ဇနီးဖြစ်သူကလည်း ညွှန်ကြားပြန်သည်။

"ကောင်းပါပြီ"

"နင် မြန်မြန်ထွက်လာရမယ်နော်၊ မဟုတ်ရင် သူ ပြန်လာရင် ဘာဖြစ်မလဲငါ မသိနိုင်ဘူး"

ရွာသူကြီး၏ဇနီးဖြစ်သူက ခေါင်းငြိမ့်ပြီးနောက် တံခါးကိုတွန်းဖွင့်ကာ ပြန်လှည့်ထွက်သွားသည်။ သူမက အပြင်ဘက်တွင်သာ တံမြက်စည်းလှဲနေသည်။ သူမက တစ်စုံတစ်ရာကိုဖုံးကွယ်ရန် ကြိုးစားနေသည့်အလားထင်ရသည်။

ကုဝူကျိက အထဲသို့ တစ်ယောက်တည်းဝင်သွားလိုက်သည်။

အတွင်းပိုင်းက အလွန်ထူးဆန်းသည်။ အထဲတွင် မည်သည့်ပြူတင်းပေါက်မျှ မရှိချေ။ အလင်းအရင်းအမြစ်ကမူ ထွန်းထားတဲ့ဖယောင်းတိုင်အလင်းဖြစ်သည်။ အခန်းအတွင်းပိုင်းက ထိုဂူကိုပြန်မြင်မိသွားစေသည်။ မရေမတွက်နိုင်သော အဆောင်သင်္ကေတပေါင်းများစွာကလည်း ရှိနေသေးသည်။

အခန်း၏အလယ်နေရာတွင် နတ်စင်လိုမျိုး ပူဇော်ပသသည့်စင်တစ်ခုရှိနေသည်။ အပေါ်တွင် ကျောက်တုံးတစ်တုံးရှိနေသည်။

စားပွဲအတွက်ကမူ ပစ္စည်းအချို့နှင့် ကုဝူကျိတွေးနေသောမှတ်စုစာအုပ်အချို့ကို မြင်ရသည်။ ထို့ကြောင့် သူက ချက်ချင်းဆိုသလိုဖွင့်ကြည့်လိုက်သည်။ အထဲတွင်ပါဝင်သော အချက်အလက်အများစုက ရွာသူရွာသားများပြောပြသော သတင်းအချက်အလက်များနှင့်တူနေသည်။ တောင်နတ်ဘုရားကို သစ္စာရှိကြောင်း ပြသထားသောလူများကိုပင် ကျောချမ်းစေသည့်စကားလုံးများကို မြင်ရသည်။

ကုဝူကျိကမူ သူတို့ပြောကြသည့်သစ္စာရှိသည်ဆိုသော စကားလုံးများက အမှန်အားဖြင့် တောင်နတ်ဘုရား၏စိတ်ဆန္ဒကို ယုံကြည်စေရန် ရွာသူရွာသားများက ဦးနှောက်အဆေးခံထားရသော အခြေအနေဖြစ်လောက်သည်ဟု တွေးမိလိုက်သည်။ သရဲမနှင့်ပတ်သက်နေသောသူများကသာ ထိုသို့ဦးနှောက်အဆေးခံရသောကိစ္စမှ ရှောင်လွှဲနိုင်လောက်သည်။ သည်အခြေအနေအထိ ရောက်လာပြီးနောက် ရွာရှိလူတိုင်းက ထိုတောင်နတ်ဘုရားဆိုသူ၏ ကျွန်သဖွယ်ဖြစ်နေလောက်လေပြီ။

သည်လိုအခြေအနေမျိုးတွင် သည်ရွာက သက်ရောက်ခံရရုံသာမကလေဘဲ တောင်နတ်ဘုရားကြောင့် ပတ်သက်သောကိစ္စများအားလုံးကလည်း အနှံ့ပျံ့နှံ့နေပြီ ဖြစ်သည်။ ထိုတောင်နတ်ဘုရားခေါ်သောသူက ယခုလိုများပြားသည့် ယုံကြည်သက်ဝင်မှုများကြောင့် အင်အားတိုးပွားလာခြင်းလည်းဖြစ်လောက်သည်။ အကြံအစည်အတွက်ကမူ ကုဝူကျိက ခပ်မြန်မြန်တစ်ချက်ကြည့်လိုက်သည်။ သူက သည်အချိန်ကာလအတောအတွင်း ရွာထဲသို့ လျှောက်ကြည့်ခဲ့ဖူးပြီး ရွာ၏နေရာအကြမ်းဖျင်းကို သိထားပြီးသားဖြစ်ပြီး အချို့အခြေအနေပေါင်း များစွာကိုလည်း နားလည်ထားသည်။ ထို့ကြောင့် သည်မှတ်စုစာအုပ်တွင် ရေးသားထားသည့်ရွာ၏ပုံစံက သူနားလည်ထားသည့်အပိုင်းနှင့် ကွာခြားနေကြောင်း သိလိုက်ရသည်။

ထိုစာရွက်ထဲတွင်မူ လွန်ခဲ့သောနှစ်ပေါင်းများစွာအကြာက အခြေအနေနှင့် ယခုအခြေအနေက ကွာခြားပြောင်းလဲမှုများကို ဖော်ပြထားသလိုဖြစ်နေသည်။ အထူးသဖြင့် သူတို့၏နေထိုင်ရာအိမ်ကြီးဖြစ်သည်။ ထိုအိမ်ကြီးက တောင်နတ်ဘုရားကို လှူဒါန်းထားသည်နှင့်တူသည်။ သို့သော် အခြေအနေများအားလုံးက ပြောင်းလဲသွားခဲ့ သည်။

ကုဝူကျိက မျက်မှောင်ကြုတ်လိုက်သည်။ ရွာသူကြီးက တောင်နတ်ဘုရားနှင့် ယခုလိုဆက်ဆံရေးကောင်း တည်ရှိနေသည့်တိုင်အောင် မည်သည့်အတွက်ကြောင့် အဆောက်အဦက ယခုကဲ့သို့ဖြစ်သွားရကြောင်း သူက နားမလည်ချေ။ သို့မဟုတ်လျှင် လက်ရှိတောင်နတ်ဘုရားနှင့် အတိတ်ကတောင်နတ်ဘုရား၏ကွာခြားချက်က ကြီးမားနေသောကြောင့်ဖြစ်လာက်သည်။ ထို့ကြောင့် အဆောက်အဦကပင် အခြားသူများကို သက်ရောက်သွားခဲ့ခြင်းလည်းဖြစ်နိုင်သည်။

ထို့နောက်ကုဝူကျိက မှတ်စုစာအုပ်ကို တစ်ဖန်ဖွင့်လိုက်ပြန်သည်။ အထဲတွင် အမျိုးသမီးများ၏ဝေဝါးသောဓါတ်ပုံများကိုမြင်ရသည်။ ဓါတ်ပုံများက ဝါးနေသော်လည်း သူတို့က အလွန်ကြည့်ကောင်းပြီး သူတို့နှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်း ဘေးနားတွင် ရေးမှတ်ထားသေးသည်။

အများအားဖြင့် သတိုးသမီးများ၏အကြောင်းအရာများဖြစ်သည်။ ကုဝူကျိက အချိန်တိုင်းလိုလိုနာမည်များကို ဖတ်နေရင်းမှ ရွာသူကြီး၏သားဖြစ်သူအတွက် ဖန်တီးပေးခဲ့သော ထိုတစ္ဆေလက်ထပ်ပွဲအချိန်ကို ကြည့်လိုက်သည်။

ဒါက ကုဝူကျိတွေ့ခဲ့ဖူးသော သတိုးသမီးနှင့်မတူချေ။ ထို့ကြောင့် အနည်းငယ်စိတ်ပျက်သွားသည်။ မည်သို့ပင်ဆိုစေ ထိုအမျိုးသမီးကမူ ဖြစ်နိုင်ခြေအများဆုံး လူတစ်ယောက်ဖြစ်နေလေသည်။

ကုဝူကျိက အလျင်စလိုနောက်ပြန်လှန်ကြည့်လိုက်သောအခါ ရင်းနှီးကျွမ်းဝင်သော မျက်နှာများကိုမြင်ရသည်။ မည်သို့ပင်ဆိုစေ သရဲမပေါင်းများစွာကိုမြင်ခဲ့ဖူးလေပြီ။ သို့သော် ရုတ်တရက် ကုဝူကျိက အဆုံးသို့လှန်ပြီးသည်အထိ သူရှာနေသောသူကို မတွေ့ရချေ။ ပို၍အံ့အားသင့်စေသည့်အချက်က ထိုအချက်အလက်များကို သိပ်မကြာခင်ကမှ အသေးစိတ်အချက်အလက်များထုတ်ကာ စုထားသလိုမျိုး ဖြစ်နေလေပြီး အလွန်အမင်းအသေးစိတ်ကျသည်။ သို့သော် တစ်စုံတစ်ရာကို ဖယ်ထုတ်ထားသည်နှင့်လည်း တူနေသေးပြန်သည်။

ဖြစ်နိုင်တာက ရွာသူကြီးနဲ့အခြားသူတွေကလည်း အဲ့ဒီလူကို ရှာနေကြတာများလား။

ကုဝူကျိက စာအုပ်ကိုပြန်ပိတ်လိုက်ပြီးနောက် လှည့်ကာထွက်သွားတော့မည့် အချိန်တွင် အပြင်ဘက်မှအသံများကို ကြားလိုက်ရသည်။ ရွာသူကြီး ပြန်လာနေလေပြီ။

"အာ"

ကုဝူကျိက နောက်လှည့်ပြီးနောက် ပြူတင်းပေါက်များနှင့်တံခါးများကို မမြင်ရသည့်အတွက် ထွက်ပြေးရန်လမ်းကြောင်းမရှိကြောင်း သိလိုက်သည်။ အဆုံးတွင် ကုဝူကျိက ရွေးချယ်စရာမရှိတော့ဘဲ ထောင့်တစ်နေရာနားတွင်ရှိသည့် ဘီရိုထဲသို့ ဝင်ပုန်းလိုက်ရသည်။

ယခုအခါ သည်လိုအခြေအနေမျိုး ရွေးချယ်စရာမရှိတော့သည့်အတွက် အဆိုးဆုံးအခြေအနေကသာ ဖြစ်လာမည်ဆိုလျှင်လည်း သူက ထိုရွာသူကြီးနှင့် ထိုတောင်နတ်ဘုရားကို တစ်ဖန်ပြန်လည်ရင်ဆိုင်ရုံသာရှိတော့လေသည်။ သို့သော် ဒီလိုအခြေအနေမျိုးတွင် တောင်နတ်ဘုရားက သူကိုယ်တိုင်၏တစ်စိတ်တစ်ပိုင်းသာ ပေါ်ထွက်လာနိုင်မည်ဖြစ်လေရာ သူ့အနေဖြင့် ကိုင်တွယ်နိုင်မည်ဆိုလျှင်လည်း ချွင်းချက်မျိုးကရှိနေသေးသည်။

နောက်ထပ် အမျိုးသားနှင့်အမျိုးသမီး၏ရန်ဖြစ်သံများက ထွက်ပေါ်လာသည်။ ရွာသူကြီး၏ဇနီးဖြစ်သူက ရည်ရွယ်ချက်ရှိရှိပင် အသံကျယ်ကျယ်အော်ဟစ်ကာ ပြောဆိုနေပြီး ကုဝူကျိကို သတိပေးနေသည်။

ထို့နောက် တစ်စုံတစ်ရာကွဲအက်သံလို ရိုက်ချသံလိုအသံမျိုးက ထွက်ပေါ်လာပြီး မိန်းမတစ်ယောက်၏ငိုသံက ထွက်ပေါ်လာသည်။ အမျိုးသားတစ်ယောက်က တံခါးကို ချက်ချင်းဖွင့်လိုက်သည်။

ကုဝူကျိကမူ ထိုဘီရို၏အဟကြားမှတစ်ဆင့် ဝင်လာသောသူက ရွာသူကြီးမဟုတ်ဘဲ မနေ့က မြင်ခဲ့ရသည့် တကျူးဆိုသည့် လူငယ်တစ်ယောက်ဖြစ်ကြောင်း မြင်လိုက်ရသည်။

"ဒါက ဒီအတိုင်း အစုတ်အပြတ်နေရာပါပဲ၊ ကောင်းတာတွေရှိမယ်လို့ ငါက ထင်နေတာ"

ဝင်လာသောတကျူးက အခန်းရှိပုံပန်းသွင်ပြင်ကိုမြင်ပြီးနောက်တွင် ကြိမ်ဖန်အနည်းငယ် နှာခေါင်းရှုံ့ကာပြောသည်။

"တကယ်ကို ဟန်ဆောင်ချဲ့ကားထားတာပဲ၊ တောင်နတ်ဘုရားကိုစတေးခံအဖြစ် ပူဇော်ပသချင်တယ်ဆိုရင်တောင်မှ ကောင်းတာလေးတွေ မလုပ်ပေးနိုင်ဘူးလား"

ကုဝူကျိကမူ တကျူး၏သမီးက သည်ရွာမှကြိုတင်ပြင်ဆင်ထားသည့် စတေးခံအသစ်ဖြစ်ကြောင်း တွေးလိုက်မိသည်။ သို့သော် သူ၏ဦးနှောက်ဆေးခံထားရ သည့်အဆင့်က သိပ်မမြင့်နိုင်လောက်ချေ။ ထို့ကြောင့် သူက တောင်နတ်ဘုရားကို ထင်သလောက် ရိုသေကိုးစားခြင်းမရှိချေ။ မနေ့ရှုံးနိမ့်မှုပြီးသွားပြီးနောက် သူက သည်နေ့ပြဿနာလာရှာခြင်းအားဖြင့် ထိုရွာသူကြီးကို အဝေးသို့ ထွက်သွားစေခြင်း ဖြစ်သည်။

တကျူးက ပတ်ပတ်လည်ကို လိုက်ကြည့်သော်လည်း ကောင်းသောပစ္စည်းများကို မရှာတွေ့ခဲ့ချေ။ ထို့ကြောင့် သူက ကုဝူကျိရှိနေသောဘီရိုကို ဖွင့်ရန်ကြံစည်လိုသော်လည်း ရုတ်တရက် သူ၏မျက်လုံးကို သိပ်မဝေးသောစင်ပေါ်က ကျောက်တုံးက ဆွဲဆောင်သွားသည်။

"ကျေက်တုံးကို ဒီနေရာမှာထားထားပုံကြည့်ရတာ ဈေးပေါတဲ့ပစ္စည်းတော့ မဟုတ်လောက်ဘူး"

ထိုသို့ပြောပြီးနောက် သူကလက်ဆန့်တန်းကာ ကျောက်တုံးကို ကောက်ကိုင်လိုက်သည်။ ထို့နောက် အိတ်ကပ်ထဲသို့ထည့်လိုက်ပြီးနောက် နောက်လှည့်ကာ ထွက်ခွာသွားရန်ပြင်ဆင်လိုက်သည်။ သို့သော် ထိုတစ်ခဏတွင် ရုတ်တရက် ကျောက်တုံးထဲမှ ကြီးမားသည့်ရောင်ကိုင်းဖောင်းကားနေသည့် အနက်ရောင်လက်ကြီးတစ်ဖက်က ထွက်ပေါ်လာသည်။

တကျူးက အလွန်အမင်းကြောက်လန့်သွားပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။ သူက မအော်နိုင်ခင် ထိုလက်က သူ၏ခေါင်းကို ဆွဲကိုင်သွားပြီဖြစ်သည်။

...

ရွာသူကြီးက အိမ်ထဲသို့ အလျင်စလိုပြေးဝင်လာသည်။

ချီယွန်ရှို့နှင့်အခြားသူများက အလျင်စလိုလိုက်လာကြသည်။ သူတို့က စကားပြောရင်း အချိန်ဆွဲနေသည်။ သို့သော် ရွာသူကြီး၏မျက်နှာက ရုတ်တရက်ပြောင်းလဲသွားလေပြီး ခပ်မြန်မြန်ပြေးလာသဖြင့် သူတို့က အမီမလိုက်နိုင်တော့ချေ။

"သေစမ်း"

ချီယွန်ရှို့၏မျက်နှာကအေးစက်သွားသည်။ ကုဝူကျိက အထဲတွင် ရှိနေသေးပေသည်။ သည်အခြေအနေတွင် တစ်ဖက်သူကသာ ဝင်သွားခဲ့မည်ဆိုလျှင် အခြေအနေက ပိုဆိုးရုံသာရှိတော့သည်။ သူတို့၏အကြံအစည်က ပျက်ယွင်းသွားပေ လိမ့်မည်။

ရွာသူကြီးက အလျင်စလိုနိုင်နေသည်။ သူက ချီယွန်ရှို့တို့၏အခြေအနေကို ဂရုမစိုက်တော့ချေ။ သူက အလွန်စိုးရိမ်တကြီးဖြစ်ပြီး ဒေါသလည်းထွက်နေသည်။ သူက ဆွန်းရှီကိုမတွေ့ခဲ့သဖြင့် တစ်ဖက်သူက ထိုနေရာသို့သွားနေခဲ့ခြင်းဖြစ်လောက်လေသည်။

သေစမ်း သူကသာ အဲ့ဒါကိုတကယ်ရှာတွေ့သွားခဲ့ရင် ဒုက္ခပဲ ဒါပေမယ့် သူ မတွေ့လောက်ပါဘူး၊ ဒါပေမယ့် သတိတော့ထားမိလောက်တယ်။

ထိုသို့သာဖြစ်လိမ့်မည်ဆိုလျှင် သည်အခမ်းအနားပွဲအပေါ် သက်ရောက်မှု ရှိသွားမည်ဖြစ်သည်။ ထို့အပြင် သူ၏မြေးဖြစ်သူကလည်း တိုက်ရိုက်ပင်အသတ်ခံရလောက်သည်။

သူက ခြံဝန်းထဲသို့ရုတ်တရက်ပြေးဝင်လာသည်။ သူ၏ဇနီးဖြစ်သူက မြေပြင်ပေါ်တွင် ငိုလျက်ထိုင်နေကြောင်းမြင်လိုက်ရပြီး အိမ်တံခါးကလည်း တစ်ဝက်ခန့် ပွင့်နေသည်။

ထိုအချိန်တွင် ချီယွန်ရှို့၏အနောက်မှ လူများက ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ သူတို့က ယခင်က အဖြစ်အပျက်ကိုမသိသော်လည်း သူတို့၏စိတ်ထဲမှ ခန့်မှန်းချက်အရ ကုဝူကျိက သည်နေရာတွင် တစ်စုံတစ်ရာကို စုံစမ်းခြင်းဖြစ်လောက်သည်။

ရွာသူကြီးကမူ အိမ်တံခါးကို တွန်းဖွင့်လိုက်သောအခါ သူတို့အရှေ့တွင်ပေါ်လာသည်မှာ ခေါင်းပြတ်နေသည့်အလောင်းကြီးဖြစ်သည်။

ထိုအလောင်းကိုမြင်သည်နှင့် လူတိုင်းက ကုဝူကျိသေသွားခြင်းဟု တွေးလိုက်မိကြသည်။

အနောက်ဘက်မှ အမျိုးသမီးကစားသမားများကမူ အသားကုန် အော်ဟစ်ကြသည်။ ချီယွန်ရှို့၏မျက်နှာကလည်း အေးစက်သွားသည်။ ထို့နောက် သူက လက်ဆန့်လိုက်ပြီး မျက်နှာမှ မျက်လုံးကာကိုပင်ဆွဲဖြဲလိုက်ကာ ပြင်းထန်သည့် နာကျင်မှုက သူ့ကိုအသိစိတ်လွတ်မတတ်ဖြစ်စေသည်။ သူက လူသတ်ချင်စိတ် ပေါက်လာသည်။

ကုဝူကျိက ဘယ်လိုသေနိုင်မှာလဲ၊ သူက အဲ့ဒီလို လုံးဝမဖြစ်နိုင်တဲ့ လူတစ်ယောက်ပဲ၊ သူက သေသွားမယ်ဆိုရင်တောင်မှ ဒီလူတွေအားလုံး အသက်ရှင်နေစရာ လိုတော့လို့လား။

ထိုအချိန်တွင် ကုဝူကျိအသံက ရုတ်တရက် အနောက်မှထွက်လာသည်။

"ဘာတွေဖြစ်နေကြတာလဲ၊ ဘာဖြစ်ကြတာလဲ"

ချီယွန်ရှို့၏ခန္ဓာကိုယ်က အေးခဲသွားသည်။ သူက နောက်လှည့်ကြည့်လိုက်သော အခါ ကုဝူကျိကိုမြင်လိုက်ရသည်။ ထိုသို့ဖြင့် သူ၏ပတ်ဝန်းကျင်မှ ရန်လိုသော သတ်ဖြတ်လိုစိတ်က ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။

"မင်း အဆင်ပြေတာလား"

အခြားသူများကလည်းထိုအခါမှသာ စိတ်အေးသွားသည်။ သူတို့ကလည်း ကုဝူကျိအလောင်းကို မမြင်ချင်ကြချေ။

ရွာသူကြီးနှင့်ဇနီးဖြစ်သူတို့ကလည်း အနည်းငယ်ကြောင်သွားသည်။

"ဒါပေါ့ ငါ အဆင်ပြေတာပေါ့"

လူတိုင်း၏ကြောင်တောင်တောင်ဖြစ်နေသော အကြည့်များကို ရင်ဆိုင်ရသည့်အခါ ကုဝူကျိက အနောက်မှ အဖွားကြီးတစ်ယောက်ကို ရှေ့တိုးပြသည်။

"ငါ ဒီအဖွားကို အလုပ်ကူညီပေးနေတာလေ၊ ဒါပေမယ့် ဒီနေရာမှာ လူစုလူဝေးဖြစ်နေတာနဲ့ လာကြည့်လိုက်တာ၊ ဘာဖြစ်တာလဲ"

"ဘာရယ်မဟုတ်ပါဘူး၊ ဒီမှာ တစ်ယောက်ယောက်သေသွားလို့"

ချီယွန်ရှို့က ထိုသို့လေသံဖြင့်ပြောသည်။

အခြားလူများ "..."

ဂရုမစိုက်သည်မှာ ကောင်းသော်လည်း ထိုသို့သောခပ်အေးအေးလေသံမျိုးဖြင့် မပြောတတ်ချေ။ သေသွားသောလူမှာ ပုရွတ်ဆိတ်အလားသာ ထင်ရသည်။

ရွာသူကြီးက ဇနီးဖြစ်သူကို လှမ်းကိုင်ပြီးနောက် ခပ်ကြမ်းကြမ်းမေးသည်။

"ဘာဖြစ်သွားတာလဲ"

ရွာသူကြီး၏ဇနီးဖြစ်သူက တုန်ယင်စွာပြောသည်။

"အဲ့ဒီမကောင်းတဲ့အကောင်က ရုတ်တရက် အတင်းတိုးဝင်လာပြီး ငါ့ကို ပါးရိုက်တယ်လေ၊ ပြီးတော့ အထဲကိုတိုးဝင်သွားပါလေရော ဘာဖြစ်သွားလဲတော့ ငါ မသိပါဘူး သူ ဘယ်လိုသေသွားမှန်းလည်း ငါမသိဘူး"

"သူ ဖြစ်နေတာပဲ"

ရွာသူကြီးက ထိုအကောင်ကို ဂရုတစိုက်မစောင့်ကြည့်ခိုင်းထားမိသည့်အတွက် နောင်တရသွားသည်။ သူက ခေါင်းပြန်လှည့်ကာ အခန်းထဲသို့ပြန်ကြည့်လိုက်ပြီးနောက် အရာအားလုံးက ပုံမှန်အတိုင်းဖြစ်နေသည်။ သို့သော် ထိုတကျူးဆိုသောလူက ကျောက်တုံးကိုမြင်သွားခဲ့ပြီး တန်ဖိုးရှိသော အရာဟုထင်ကာ ယူသွားခဲ့ခြင်း ဖြစ်လောက်သည်။ သို့သော် ထိုသို့အဆုံးသတ်သွားရသည်။

သို့ရာတွင် ရွာသူကြီးက ကုဝူကျိကို သံသယအပြည့်ဖြင့်ကြည့်သည်။

"ရှောင်ဆွန်း မင်း အပြင်မှာအကြာကြီးနေတာ ဘာလို့ပြန်မလာခဲ့တာလဲ၊ မင်းရဲ့အဖွဲ့ဝင်တွေအကြောင်း မသိချင်ဘူးလား"

ချီယွန်ရှို့က ယခုလို ကုဝူကျိကို အားတွန်းအားပေးနေခြင်းကို သဘောမကျချေ။ သူက အကြောင်းအရာပေါ်ပေါ်မပေါ်ပေါ် ဂရုမစိုက်ဘဲအေးစက်စွာဝင်ပြောသည်။

"ခင်ဗျားက ဘာကိုသံသယဝင်နေတာလဲ၊ ငါ ဒီမှာရှိနေတာ ငါတို့ရဲ့ဆက်ဆံရေးနဲ့ ဆွန်းရှီက ဘာကိုစိုးရိမ်စရာရှိမှာလဲ"

အခြားသူများကမူ တိတ်ဆိတ်သွားကြသည်။

ဘာကိုဆက်ဆံရေးလဲ။

ဘာကိုဆက်ဆံရေးလဲ၊ ဘာကိုဆက်ဆံရေးလဲ။

ကုဝူကျိက တည်ငြိမ်စွာပြောသည်။

"ဟုတ်တယ် ငါတို့ကြားက ဆက်ဆံရေးက ဘာလဲဆိုတော့ ... ဒါပေါ့ ငါက သူ့ကိုယုံကြည်တယ်လေ၊ ငါက ခပ်မြန်မြန်ပြန်လာချင်ခဲ့ပါတယ်၊ ဒါပေမယ့်လည်း လမ်းမှာဒုက္ခရောက်တဲ့ လူအိုကြီးတစ်ယောက်နဲ့ တွေ့သေးတော့ မကူညီလို့ ဘယ်ရပါ့မလဲ"

ကုဝူကျိကမူ သူနှင့်ချီယွန်ရှို့က ရင်းနှီးသောမိတ်ဆွေများဟု ခံစားရသည်။

တကျူးက ရုတ်တရက်သေသွားပြီးနောက် ကျောက်တုံးက ပုံမှန်ပြန်ဖြစ်သွား သည်။ ကုဝူကျိက ကျည်ဆံကိုကိုက်ပြီး အပြင်သို့ထွက်လာခဲ့ခြင်းဖြစ်သည်။ ထို့နောက် နံရံကိုခပ်မြန်မြန်ကျော်တက်ခဲ့ပြီး အပြင်သို့ရောက်သွားခဲ့ခြင်းဖြစ်သည်။ ကျေးဇူးတင်စရာ ကောင်းသည်မှာ သူက ရွာသူကြီးအိမ်သို့မလာခင်ကတည်းက လူပေါင်းများစွာကို ကူညီခဲ့ဖူးသည်။ ထို့ကြောင့် ထိုအသက်ကြီးပိုင်းများက သူက ထွက်သွားခဲ့ခြင်းရှိမရှိကိုလည်း သတိမထားမိထားကြချေ။ ထို့ကြောင့် ကုဝူကျိအကြောင်း အာမခံပေးနိုင်ကြသည်။

ကုဝူကျိဘေးမှလူအိုကြီးက ကုဝူကျိကို လေးစားသောမျက်ဝန်းများဖြင့် ကြည့်ပြီးနောက် ရွာသူကြီးကိုပြောသည်။

"ဒီကလေးက တော်တော်တော်တာပါ၊ သူက ငါ့ကို အများကြီးကူညီပေးတယ်၊ သူက ရွာထဲက လူငယ်တွေထက်တောင် ယုံကြည်အားကိုးထိုက်သေးတယ်၊ သူကသာ ရွာသူကြီး ဖြစ်သင့်တယ်လို့ ငါခံစားမိတယ်"

ကုဝူကျိက နေ့တိုင်းလိုလို ကောင်းသောကိစ္စများကို လုပ်နေသောလူဖြစ်ကတည်း က ရွာသူကြီးကလည်း သူ၏ သံသယအများစုကို ဖယ်ရှားပေးလိုက်ပြီးနောက် လျင်မြန်စွာပြန်ပြောသည်။

"ငါ တကယ်တောင်းပန်ပါတယ်၊ ငါက ဒီလိုမြင်ကွင်းမျိုးကို မြင်လိုက်တော့ အံ့အားသင့်သွားလွန်းလို့ပြောလိုက်မိတာပါ၊ ဟုတ်သားပဲ ဒါက ငါတို့ရွာရဲ့အမှားပါပဲ၊ မင်းတို့ပြန်ပြီ အနားယူလိုက်ကြပါတော့၊ မနက်ဖြန်ကျရင် မင်းတို့အားလုံးကို‌ လျော်ကြေးပေးပါ့မယ်"

သေသောလူက သေသွားပြီးလေပြီ။ သို့သော် ရွာသူကြီးလေသံက လူတိုင်းအပေါ် အရူးလုပ်ရန်ပြောထားသလိုမျိုးထင်ရသည်။ သူက မည်သည့်အတွက်ကြောင့် သေသွားကြောင်းကိုပင် မည်သူ့ကိုမျှမပြောချင်ခဲ့ချေ။

မည်သို့ပင်ဆိုစေအခမ်းအနားပွဲက သိပ်မဝေးတော့ချေ။ ထို့ကြောင့် သည်လူများကို အကြောင်းပြချက်ပေးရန် လိုအပ်မည်ဟုလည်းမထင်ချေ။ သိပ်မကြာခင် သူတို့က သေဆုံးရတော့မည်ဖြစ်သည်။

ကုဝူကျိတို့ကလည်း ခေါင်းငြိမ့်လိုက်ပြီးနောက် ထွက်ခွာရန်ပြင်ဆင်လိုက်သည်။

ထိုအခါ ရွာသူကြီးက ရုတ်တရက် ပြောသည်။

"မင်းတို့တွေ မနက်ဖြန်ကျင်းပမယ့်အခမ်းအနားပွဲကို လာရောက်ပြီး ဆင်နွှဲဖို့ကြိုဆိုပါတယ်၊ မင်းတို့ သေချာပေါက်လာရမယ်"

စိတ်အေးသွားသည့်လူတိုင်းက ထွက်ခွာသွားကြသည်။ ချီယွန်ရှို့က ကုဝူကျိကို လေးနက်စွာကြည့်သည်။ သူက အကြည့်ပင်မလွှဲရဲချေ။ သူက အကြည့်လွှဲလိုက်လျှင် တစ်စုံတစ်ရာဖြစ်သွားမည်ကို စိုးရိမ်နေသည်။

အခြားသူများကမူ ကျင့်သားရနေလေပြီ။ ချီယွန်ရှို့က အလွန်ဂေးလွန်းသည်ဟု သူတို့က ခံစားနေရသည်။သူတို့အနေဖြင့် ရွေးချယ်စရာမရှိတော့ဘဲ ထိုင်ကြည့်နေရသည်။

လက်ရှိအချိန်တွင် ချီယွန်ရှို့က ရက်စက်ကြမ်းတမ်းသော ချီယွန်ရှို့ဖြစ်ပြီး ဒဏ္ဍာရီလာအဖွဲ့ဖျက်ဆီးသူတစ်ယောက်ဖြစ်သည်။ သို့သော် ယခုကဲ့သို့ ဘက်ခြမ်း ရှိနေသေးသည်။ ထိုအခြေအအနေက သူတို့အားလုံးကို အံ့အားသင့်စေလေသည်။

ထိုအဖွားအိုကြီးက သူတို့ကိုကြည့်နေပြီးနောက် ရုတ်တရက် ကုဝူကျိ၏အင်္ကျီလက်ကို ဖမ်းဆွဲလာကာ လေးနက်သောမျက်နှာထားဖြင့်ပြောသည်။

"သတိထား"

"အဖွား ဘာဖြစ်လို့လဲ"

ကုဝူကျိက သံသယအပြည့်ဖြင့်ပြောသည်။

"အမျိုးသား အမျိုးသားချင်းကိစ္စက ကောင်းကင်ရဲ့စည်းမျဉ်းကို ဖောက်ဖျက်နေတယ်၊ မင်းနဲ့အဲ့ဒီလူ မင်းတို့နှစ်ယောက်က ထိတွေ့ဆက်ဆံမှုမရှိသင့်ဘူး"

အဖွားကြီးကပြောသည်။

အခြားသောလူများကမူ သည်ရွာက ခေတ်နောက်ပြန်ဆွဲလွန်းသောရွာဟု သိထားကြသည်။ ထို့အပြင် ထိုအဖွားကြီးက အလွန်အိုနေလေပြီ။ ထို့ကြောင့် သည်လိုဆက်ဆံရေးကို နားမလည်သည်မှာ ပုံမှန်သာလျှင်ဖြစ်သည်။ ထို့ကြောင့် သူတို့က အများကြီးမတွေးချေ။ ပြောရလျှင် သည်ကော်ပီထဲမှ ကစားသမားအများစုကမူ သူတို့၏လိင်စိတ်တင်းကြပ်မှုကို သည်အတိုင်း အပြောင်အပျက်ပြောနေကြခြင်းသာ ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူတို့၏အသက်က အချိန်မရွေးဆုံးရှုံးနိုင်လေရာ သည်လိုအခြေအနေက အရေးမကြီးတော့ချေ။ ထို့ကြောင့် သူတို့က မိန်းမချင်း ကြိုက်ကြိုက် ယောက်ျားချင်းကြိုက်ကြိုက် ကိစ္စမရှိတော့ချေ။

ချီယွန်ရှို့ကမူ ထိုစကားကြောင့် အလွန်ဒေါသထွက်သွားပြီးနောက် အေးစက်စွာစိုက်ကြည့်လိုက်သည်။ ရုတ်တရက် တစ်ဖက်သူက အဖွားကြီးဖြစ်နေလေရာ သူက ပြန်ငြင်း၍လည်းမရချေ။ ကုဝူကျိကခေါင်းငြိမ့်သည်။

"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် သူနဲ့ကျွန်တော်နဲ့က မိတ်ဆွေတွေပါ၊ ကျွန်တော်တို့ကြားမှာ ဘာထူးထူးခြားခြားဆက်ဆံရေးမှ မရှိပါဘူး"

ဂရုတစိုက်သာ စဉ်းစားကြည့်မည်ဆိုလျှင် ဒါက ချီယွန်ရှို့အတွက် ပြင်းထန်သည့် ထိုးနှက်ချက်ကြီးဖြစ်သည်။

အဖွားကြီးကမူ ကုဝူကျိ၏စကားကိုမယုံကြည်ချေ။ မည်သို့ပင်ဆိုစေ ချီယွန်ရှို့၏အမူအရာကို သူမက ထူးထူးခြားခြားမြင်နိုင်သေးလေသည်။ သို့သော် ကုဝူကျိကမူ သူ့ဘက်သို့မလှည့်ကြည့်သဖြင့် ထိုအမူအရာကို ထင်ရှားစွာမြင်နိုင်ခြင်း မရှိချေ။

ထိုအဖွားကြီး ဆက်ပြောသောစကားကပို၍ပင် ကြောက်စရာကောင်းနေသည်။ လူတိုင်းက အံ့အားသင့်သွားရသည်။

"နင်က အလေးအနက်မထားဘူးဖြစ်နေတာ၊ ရွာသူကြီးရဲ့သားကလည်း အဲ့ဒီလိုဖြစ်ခဲ့တာပဲ၊ သူက ယောက်ျားကို ကြိုက်နေတာကြောင့်သာမဟုတ်ရင် အဲ့ဒီလိုကိစ္စက ဖြစ်ခဲ့မလား၊ ဒါက တောင်နတ်ဘုရားက အပြစ်ပေးတာပဲ၊ ဒီတော့ လူငယ်တွေက သင်ခန်းစာယူရမယ်"

ကုဝူကျိက ရုတ်တရက် ရွာသူကြီး၏သားကို သူက အစကတည်းက အာရုံမစိုက်မိခဲ့ကြောင်း သတိရသွားသည်။ အကြောင်းမူကား သူက တောက်လျှောက်တွေ့လာခဲ့သည်မှာ သရဲမများဖြစ်နေသောကြောင့်ဖြစ်သည်။

ထိုသို့ဆိုလျှင် ရွာသူကြီး၏သားဖြစ်သူက ပထမဦးဆုံး တစ္ဆေလက်ထပ်ပွဲ ကတည်းက အရေးကြီးသော ကဏ္ဍမှ ပါဝင်ပတ်သက်ခဲ့သူဖြစ်သည်။ ထို့ကြောင့် သူနှင့်သာအစရှာလျှင် အရေးကြီးသောအကြောင်းအရာများကို သိရလောက်သည်။

Telegram မှာ အပိုင်း ၁၇၁အထိ ရောက်ပါပြီနော်။

Continue Reading

You'll Also Like

223K 46.7K 84
කැලෙ ඇතුලෙම පරවෙනවා බන් හුගක් මල් ජාති.....!
29.2K 3.9K 45
ဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမ...
262K 47.8K 103
I rely on kisses to clear survival games. 90 Chapters + 9 Extras This is not my own. Totally Credited to original Author.