နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်...

By Swae_Nyoe

249K 33.5K 1K

ဘာသာပြန်သူ - Swae Nyoe Team, ဆုမြတ်လှိုင် More

Description
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁.၁
အခန်း ၂၁.၂
အခန်း ၂၂ .၁
အခန်း ၂၂.၂
အခန်း ၂၃.၁
တယ်လီဂရုကြေညာချက်..
အခန်း ၂၃.၂
အခန်း ၂၃.၃
အခန်း ၂၃.၄
အခန်း ၂၄.၁
အခန်း ၂၄.၂
အခန်း ၂၄.၃
အခန်း ၂၅.၁
အခန်း ၂၅.၂
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈.၁
အခန်း ၂၈.၂
အခန်း ၂၉.၁
အခန်း ၂၉.၂
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
Notice!!
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
အခန်း ၄၀
အခန်း ၄၁
အခန်း ၄၂
အခန်း ၄၃
အခန်း ၄၄
အခန်း ၄၅
အခန်း ၄၆
အခန်း ၄၇
အခန်း ၄၈
အခန်း ၄၉
အခန်း ၅၀
အခန်း ၅၁
အခန်း ၅၂
အခန်း ၅၃
အခန်း ၅၄
အခန်း ၅၅
အခန်း ၅၆
အခန်း ၅၇
အခန်း ၅၈
အခန်း ၅၉
အခန်း ၆၀
အခန်း ၆၁
အခန်း ၆၂
အခန်း ၆၃
အခန်း ၆၄
အခန်း ၆၅
အခန်း ၆၆
အခန်း ၆၇
အခန်း ၆၈
အခန်း ၆၉
အခန်း ၇၀
အခန်း ၇၁
အခန်း ၇၃
အခန်း ၇၄
အခန်း ၇၅
အခန်း ၇၆
အခန်း ၇၇
အခန်း ၇၈
အခန်း ၇၉
အခန်း ၈၀
အခန်း (၈၁)
အခန်း ၈၂
အခန်း ၈၃
အခန်း ၈၄
အခန်း ၈၅
အခန်း ၈၆
အခန်း ၈၇
အခန်း ၈၈
အခန်း ၈၉
အခန်း ၉၀
အခန်း ၉၁
အခန်း ၉၂
အခန်း ၉၃
အခန်း ၉၄
အခန်း ၉၅
အခန်း ၉၆
အခန်း ၉၇
အခန်း ၉၈
အခန်း ၉၉
အခန်း ၁၀၀
အခန်း ၁၀၁
အခန်း ၁၀၂
အခန်း ၁၀၃
အခန်း ၁၀၄
အခန်း ၁၀၅
အခန်း ၁၀၆
အပိုင်း ၁၀၇
အခန်း ၁၀၈
အခန်း ၁၀၉
အခန်း ၁၁၀
အခန်း ၁၁၁
အခန်း ၁၁၂
အခန်း ၁၁၃
Telegram ကို လာခဲ့နော်
အခန်း ၁၁၄
အခန်း ၁၁၅
🥳ဈေးနှုန်းပြောင်းလဲ သတ်မှတ်လိုက်ပါကြောင်း🥳

အခန်း ၇၂

1.2K 211 5
By Swae_Nyoe

အပိုင်း ၇၂

သူတို့နှစ်ယောက် ထိုအိမ်ထဲသို့ဝင်လိုက်သည့်အချိန်တွင် အဖြစ်အပျက်က စတင်ခြင်းဖြစ်သည်။ သူတို့ စတင်ဝင်ရောက်ကာစအချိန်တွင် အတွင်းက ပိန်းပိတ်အောင် မဲမှောင်နေပြီး တစ်နေရာမှ ဖြာထွက်နေသည့်မီးအိမ်မှ အဖြူရောင် ဖျော့တော့သည့် အလင်းကြောင့်သာ ဝေဝေဝါးဝါးမြင်နေရခြင်းဖြစ်သည်။

လေထဲတွင်လည်း သံချေးတက်နေသောအနံ့လိုမျိုးရနံ့က ထွက်နေလေပြီး ဟိုဟိုဒီဒီပြန့်ကြဲနေသောပစ္စည်းများနှင့် စင်ထားသည့်သွေးစက်များကို ခပ်ရေးရေး မြင်နေရသည့် မြင်ကွင်းက ခြောက်ခြားဖွယ်ကောင်းနေသည်။

ကုဝူကျိ အတင်းဆွဲခေါ်လာခဲ့သည့်သရဲဆိုလျှင် ကြောက်လွန်းနေပြီး တဆတ်ဆတ်တုန်နေလေသည်။ သူ၏မသိစိတ်အရ သည်နေရာတွင်ရှိနေသာ သရဲများက ကိုင်တွယ်ရခက်ခဲလောက်အောင် အလွန်အမင်းစွမ်းအားကြီးနေကြောင်း ပြောပြနေသည်။ ထို့အပြင် ယခုမြင်လိုက်ရသည့်မြင်ကွင်းက သူကဲ့သို့သရဲကိုပင် ကြောက်စေသည်။ ထို့ကြောင့် သူက ချက်ချင်းနောက်လှည့်ကာ ပြေးလိုက်ချင်သည်။

သို့ရာတွင် ကုဝူကျိနှင့်ချီယွန်ရှို့တို့က တစ္ဆေခြောက်သောအိမ်ထဲသို့ ဝင်လာသည်နှင့် မတူလောက်အောင် တည်ငြိမ်နေသဖြင့် ထိုသရဲကိုပင် ဘဝကို သံသယဝင်သွားစေသည်။

ကုဝူကျိက တစ်စုံတစ်ရာကိုသတိထားမိသဖြင့် ရုတ်တရက် ဘေးဘက်သို့ လှည့်လိုက်သည့်အခါ တံခါးတွင်ရှိသည့် သွေးလက်ရာများစွာကို မြင်လိုက်ရသည်။ သို့သော် ထိုနေရာတွင်ကပ်နေသည်မှာ အချိန်အတန်ကြာခဲ့သောကြောင့် ဖြစ်လောက်သည်။ အနည်းငယ်ပင် ခဲသယောင်ယောင်ဖြစ်နေသေးသည်။

သို့သော် ထိုအချိန်က ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်ကို မျှော်မှန်းကြည့်၍ ရလောက်သည်။ သည်အိမ်ထဲသို့ လူအနည်းငယ်က အပြေးဝင်လာကြလောက်သည်။ သို့သော် သူတို့က တစ်စုံတစ်ရာကို ရှောင်ရှားနေခြင်းလည်းဖြစ်လောက်သည်။ သို့သော် သူတို့က သည်အိမ်ထဲသို့ရောက်သွားပြီးသည့်အခါ တစ်စုံတစ်ရာကိုတွေးမိပြီး နောက်ဆုံးတွင် ထွက်သွားရန်ကြိုးစားရင်းမှ တံခါး၏သည်လိုအခြေအနေဖြစ်လာခြင်း ဖြစ်လောက်သည်။

"ဆိုတော့ ဒီလိုကိုး"

ကုဝူကျိက တွေးတောပြီးနောက်ပြောသည်။

"သာမန်လူတွေ ဒီနေရာကိုလာရင် သေချာပေါက် ကြောက်လွန်းလို့ သေချင်သွားလောက်မှာပဲ၊ အဲ့ဒီတော့ ဒီလိုသနားစရာကောင်းတဲ့အခြေအနေက ဖြစ်လာခဲ့တာပေါ့"

ချီယွန်ရှို့ကလည်း မြေပြင်ရှိ အုတ်ကျိုးအုတ်ပဲ့များကြားတွင် စတင်ကာ ရှာဖွေပြီးနောက် အိုဟောင်းနေသည့်အဖြူအမဲဓါတ်ပုံတစ်ပုံကို မြေပြင်မှ ကောက်ရလိုက်သည်။ ဒါက မိသားစုငါးယောက်၏ဓါတ်ပုံဖြစ်ပြီး လူအိုကြီးတစ်ယောက်၊ သက်လတ်ပိုင်းအရွယ်စုံတွဲတစ်တွဲနှင့် သားတစ်ယောက်၊ သမီးတစ်ယောက်တို့ပါသည်။

သမီးကမူ အခြားသူများနှင့်မရင်းနှီးသလိုမျိုးထင်ရပြီး သူမ၏ဝတ်စုံက အလွန်စုတ်ပြဲနေကာ အမူအရာကလည်း ကြောက်လန့်မှုအပြည့်ရှိနေသည်။ အနှစ်ချုပ်ဆိုရသော် အခြားလေးယောက်ကမှသာ မိသားစုနှင့်တူသည်။ သို့သော် သူတို့၏မျက်နှာတွင် စင်နေသောသွေးများက သူတို့၏အပြုံးများကို ပို၍ကျောချမ်းဖွယ် ကောင်းစေသည်။

ကူဝူကျိက အနားသို့လာပြီး တစ်ချက်ကြည့်သည်။ ထို့နောက် ဝမ်းနည်းဖွယ်ကောင်းသောပုံပြင်ကို အကြမ်းဖျင်းမြင်ရသလိုပင် ဖြစ်သွားသေးသည်။

ရုတ်တရက် ရေတစက်စက်ကျနေသောအသံမျိုးက ထွက်လာသည်။ ကျနေသောအရှိန်နှုန်းက မြန်သထက်မြန်လာပြီး အလောတလျင်လာသောခြေသံများ၊ အော်ဟစ်သံများက ထွက်ပေါ်လာသည်။ သူတို့နှစ်ယောက်လုံးက ထိုကိစ္စများဖြစ်ပျက်ခဲ့သည့် အချိန်ကာလတစ်ညသို့ ပြန်ရောက်သွားသလိုမျိုး ဖြစ်သွားသည်။

ထို့နောက် တစ်ခဏတွင် ကုဝူကျိခေါ်လာသည့် သရဲ၏ထိတ်လန့်တကြား အော်ဟစ်သံနှင့်အတူ ရုတ်တရက် တံခါးနားတွင် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်၏ ခန္ဓာကိုယ်ကြီးက ပေါ်လာသည်။ သူ၏လက်က တံခါးကို ခပ်တင်းတင်းကိုင်ထား သေးသည်။

အခြားတစ်ဖက်တွင် ကြမ်းပြင်တွင်လဲနေသည့် အမျိုးသမီးတစ်ယောက်ကို မြင်လိုက်သည်။ သူမ၏နဖူးမှ သွေးများက တစက်စက်ကျနေသည်။ သူမ၏ဘေးတွင်မူ နှလုံးကို မီးဖိုချောင်သုံးဓါးဖြင့် အထိုးခံထားရသည့်သားဖြစ်သူရှိနေသည်။ သူကလည်း အံ့အားသင့်လွန်ပြီးသေနေပြန်သည်။ သူ့ကို အမြဲတမ်းချစ်မြတ်နိုးခဲ့သည့်မိခင်ဖြစ်သူက သူ့ကို ထိုသို့လုပ်လိမ့်မည်ဟု မမျှော်လင့်ထားလောက်ချေ။

တံခါးနားမှ ဘေးအခန်းတွင်လည်း ကြိုးဆွဲချသေနေသည့် လူအိုကြီးတစ်ယောက် ရှိသေးသည်။ သူ၏လက်မှဒဏ်ရာကသွေးများက တဆတ်ဆတ် ဆက်တိုက်စီးကျ နေသည်။ သို့သော် ထိုဒဏ်ရာများက သူကိုယ်တိုင် ကိုယ့်ကိုယ်ကို ကုတ်ခြစ်ထားသည်နှင့် ပိုတူနေသည်။ တွေးကြည့်ရုံဖြင့်ပင် သည်နောက်ဆုံးဘဝအချိန်အတောအတွင်း ခံစားရသည့်နာကျင်မှုက မည်မျှပြင်းထန်လွန်းကြောင်း သိနိုင်သည်။

ချီယွန်ရှို့နှင့်ကုဝူကျိတို့ကမူ မျက်နှာသေဖြင့် ဖြစ်နေကြသေးသည်။ သို့သော် အတူပါလာသည့်သရဲကမူ အသိစိတ်အနည်းငယ်ဝင်လာသလိုမျိုး ဖြစ်လာသည်။ ရုတ်တရက် သူက အေးစက်သည့်တစ်စုံတစ်ရာကို ထိတွေ့မိသွားသည်။ သူက ခေါင်းလှည့်ကြည့်လိုက်သောအခါ မျက်နှာသေဖြင့်ရှိနေသည့် လူအိုကြီးတစ်ယောက်၏ ခေါင်းကို မြင်လိုက်ရပြီး အလန့်တကြားထအော်တော့သည်။

ကုဝူကျိ "..."

သူ မှန်းတာသာ မှန်မယ်ဆိုရင် ဒီသရဲကလည်းကြိုးဆွဲချသရဲပါပဲ၊ ဘာလို့ အပေါင်းအဖော်ချင်းတွေ့တာကို ဒီလောက်အထိကြောက်နေတာလဲ။

ချီယွန်ရှို့ကမူ တွေးသည်။

"ကြည့်ရတာ သရဲဆိုတဲ့ပုံစံက ပြောင်းသွားပေမယ့် ကြောက်တဲ့စိတ်ကတော့ အတူတူပဲဖြစ်လောက်တယ်"

ထိုအော်သံနှင့်အတူ အခန်းထဲမှ သရဲများက နိုးထသွားသလိုဖြစ်သွားသည်။

ကုဝူကျိ၊ ချီယွန်ရှို့နှင့်ထိုသရဲတို့၏အကြည့်အောက်တွင်ပင် အလောင်းများက ဖြေးညှင်းစွာဖြင့် ရွေ့လျားလာသည်။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းလွန်းသော မျက်နှာကြီးများဖြင့် သူတို့ကို အေးစက်စွာစိုက်ကြည့်လာသည်မှာ လူသေသုံးယောက်ကို ကြည့်နေသည့်အလား ထင်ရသည်။

သို့သော် ထိုထဲမှတစ်ယောက်က လူသေဖြစ်ပြီးသားဖြစ်လေသည်။

"ဒါ ဒါ ဒါက ဆိုးလိုက်တာ၊ ငါက အပြစ်ကင်းပါတယ်"

သရဲကမူ အထိတ်တလန့် အနောက်သို့ဆုတ်နေလေသည်။ သူ၏မျက်နှာက အလွန်ဖြူဖျော့နေသည်မှာ သာမန်လူတစ်ယောက်က သရဲကိုတွေ့သည့်အလား ထင်ရသည်။

ကုဝူကျိကမူ ရုတ်တရက် သတိထားမိသွားသည်။

"ငါ ပစ္စည်းတွေ ထုတ်လို့မရဘူး"

"ငါလည်းပဲ ထုတ်လို့မရဘူး"

ချီယွန်ရှို့က မျက်မှောင်ကြုတ်သည်။ ကုဝူကျိက တွေးနေသေးသည်။

"ကြည့်ရတာ ဒီသရဲအိမ်က တော်တော်လေးကို ခက်ခဲမယ့်ပုံပဲ၊ ကစားသမားတွေရဲ့စွမ်းရည်နဲ့ မှော်ပစ္စည်းတွေကို အသုံးပြုလို့မရတဲ့ အချိန်ကာလတစ်ခုကို ဖန်တီးထားတာ၊ သာမန်လူတစ်ယောက်သာဆိုရင် ထွက်ပြေးချင်ရင်တောင် ပြေးလို့မရဘူး"

ထိုအိမ်ထဲမှသရဲများက လှောင်ရယ်ရယ်သည်။

"မတွေးစမ်းပါနဲ့၊ နင်တို့ဝင်လာပြီးပြီဆိုမှတော့ သေချာပေါက် ထွက်သွားဖို့ တွေးကိုမတွေးနဲ့တော့"

ထိုစကားပြောပြီးနောက် သရဲမက ဦးဆောင်ကာ တိုက်ရိုက်ပင် ကုဝူကျိထံ ခုန်ဝင်လာသည်။ သူမက လက်ကိုဆန့်တန်းပြီး ကုဝူကျိကို ဖမ်းဆုပ်ရန်ကြံစည်သည်။ သို့သော် ချီယွန်ရှို့က ချက်ချင်းဆိုသလို တားမြစ်ရန်အတွက် ကုဝူကျိရှေ့ ဝင်ရပ်လိုက်ပြီးနောက် မျက်လုံးတစ်ဖက်ကိုအုပ်ထားသည့် မျက်လုံးကာကို ဆွဲဖယ်လိုက်သည်။ ထိုသရဲမ၏ခန္ဓာကိုယ်က ချက်ချင်းဆိုသလိုတောင့်ခဲသွားသည်။ သူမ၏မျက်လုံးများကပင် မူးဝေသွားသလို မလှုပ်ရှားရဲဖြစ်သွားသည်။

"လုပ်လိုက်တော့"

ချီယွန်ရှို့က တိုက်ရိုက်ပင် ဘေးနားတွင်ရပ်နေသည့် သက်လတ်ပိုင်းသရဲကို လက်ညှိုးညွှန်လိုက်သည်။

သရဲမက ချက်ချင်းဆိုသလို သွားကိုဖြဲကာ လက်သည်းကိုဆန့်တန်းပြီးနောက် သူမ၏ခင်ပွန်းဖြစ်သူကို လှမ်းဆွဲသည်။

သက်လတ်ပိုင်းသရဲကလည်း မင်သက်ကာမလှုပ်ရှားနိုင်သော အခြေအနေမျိုးတွင် ရှိနေခြင်းဖြစ်သည်။ ထိုလူကလည်း မလှုပ်ရှားနိုင်ခဲ့ချေ။ ပုံမှန်အားဖြင့် သူကလည်း ပုံမှန်အသိစိတ်မျိုးရှိနေလျှင်ပင် သူ၏ဇနီးဖြစ်သူသရဲမနောက်မှလိုက်ကာ အယောင်ပြ ခြောက်ခြင်းဖြစ်သည်။ သူက လူအများကို ခြောက်ရုံလောက်သာ တာဝန်ယူခြင်းဖြစ် သည်။ အမှန်တကယ်မလှုပ်ရှားနိုင်ချေ။ သို့မဟုတ်လျှင် သူ၏ဇနီးက သူ့ကို ရိုက်နှက်ပေလိမ့်မည်။

ထိုသို့ဖြင့် ထိုသရဲမက ထိုသက်လတ်ပိုင်းသရဲကို ကိုက်ဆွဲကာ ကုတ်ဆွဲနှိပ်စက်တော့သည်။

ထိုသို့ဖြင့် ခင်ပွန်းဖြစ်သူနှင့်ဇနီးဖြစ်သူကြားမှ ရန်ပွဲအဖြစ်ပြောင်းလဲသွားသည်။ ကြိုးဆွဲချလူအိုကြီးသရဲနှင့် သားဖြစ်သူသရဲတို့ကမူ ကုဝူကျိဘေးနားသို့ရောက်လာသည်။ သူတို့က ချီယွန်ရှို့ကို အနည်းငယ်ကြောက်သွားသည်နှင့်တူသည်။ ထို့ကြောင့် အားနည်းသည်ဟုထင်ရသည့် ကုဝူကျိကို ဦးစွာသတ်လိုက်ရန်ဆုံးဖြတ်ထားသည်။

ထိုသို့ဖြင့် ကုဝူကျိက ဆွဲခေါ်လာခဲ့သည့်သရဲအတွက် ဘဝတွင် ကြောက်စရာ အကောင်းဆုံးမြင်ကွင်းမျိုးကို မြင်လိုက်ရခြင်းဖြစ်သည်။

ကုဝူကျိက ကလေးသရဲထံသို့ တိုက်ရိုက်လျှောက်သွားလိုက်ပြီးနောက် အလွန်အမင်းခံစားနေရသော မျက်နှာထားမျိုးဖြင့် ငုံ့ကြည့်ကာပြောလိုက်သည်။

"ကျေးဇူးအများကြီးတင်ပါတယ်"

တစ်ဖက်သူက မတုန့်ပြန်နိုင်ခင် ကုဝူကျိက တစ်ဖက်သူ၏ရင်ဘတ်တွင် စိုက်နေသည့်ဓါးမြှောင်ကို ဆွဲထုတ်လိုက်ကာ အလွန်အမင်းကျွမ်းဝင်သည့် လှုပ်ရှားမှုမျိုးဖြင့် ထုတ်ကြည့်ပြီးနောက်ပြောသည်။

"ငါ့ကို ဒီလိုလက်နက်တစ်ခုလာပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်၊ ငါလည်း မှော်ပစ္စည်းတစ်ခုခု ထုတ်မသုံးနိုင်ရင် ဘယ်လိုလုပ်မလဲလို့တွေးနေခဲ့တာ"

ကလေးသရဲ "???"

လူအိုကြီးသရဲအတွက်ကမူ ကုဝူကျိ၏အင်အားအပြည့်ဖြင့် လည်ပင်းမှကြိုးများကို ဆွဲဖြုတ်ခံလိုက်ရသည်။ သူက ထိုသို့ဆွဲဖြုတ်ရာတွင် အလွန်ကျွမ်းကျင်သလိုမျိုး ဖြစ်နေသဖြင့် သူနှင့်အတူပါလာသည့် ဘေးနားမှသရဲကပင် ရင်းနှီးလွန်းသလို ခံစားလိုက်ရပြီး သူ၏ဘဝတွင်ဖြစ်ပျက်ခဲ့ဖူးသလိုမျိုး ခပ်ရေးရေးမှတ်မိလိုက်သေးသည်။

ထိုသရဲနှစ်ကောင်က ရုန်းကန်ချင်နေသေးသည်။ သို့သော် ကုဝူကျိကမူ ယခုမှရထားသည့်ကြိုးဖြင့် ပြန်ချည်လိုက်သည်။ ကံကောင်းစွာဖြင့် ထိုကြိုးက နှစ်ယောက်လုံးကို ချည်ရန်လုံလောက်နေခဲ့သည်။ တစ်ဖက်မှာ ရန်သတ်နေသည့်စုံတွဲကမူ နှစ်ယောက်လုံး၏ကိုယ်တွင် ဒဏ်ရာဒဏ်ချက်များပြည့်နေသည့်အထိ အချင်းချင်း သတ်ဖြတ်နေကြသေးသည်။ ထို့နောက်မှသာ သူတို့၏ခွန်အားများက ကုန်ခမ်းသွားပြီး မြေပြင်ပေါ်သို့လဲကျသွားကြသည်။

ထိုသရဲများက ကုဝူကျိနှင့်ချီယွန်ရှို့တို့ကို ထိတ်လန့်မှုအပြည့်ဖြင့်ကြည့်ကြသည်။

ဒီသက်ရှိနှစ်ယောက်က ဘာတွေဖြစ်နေတာလဲ၊ လူသားတွေရောဟုတ်ရဲ့လား။

ကုဝူကျိက တိုက်ရိုက်ပြောသည်။

"ငါတို့ ခင်ဗျားတို့ကို သတ်ဖို့ဆန္ဒမရှိပါဘူး၊ ခင်ဗျားတို့ကသာ အရင်က ဖမ်းထားတဲ့လူသားတွေကို လွှတ်ပေးမယ်ဆိုရင် ငါတို့ အတူထွက်သွားလို့ရတယ်"

မူလကလည်း ချီယွန်ရှို့က ထိုသရဲများကို တိုက်ရိုက်သတ်လိုက်ချင်သည်။ သို့သော် သူ၏မျက်လုံးများက သရဲများကိုဝါးမြိုခြင်းဖြင့် ခွန်အားမြင့်အောင် လုပ်နိုင်စွမ်းအား ရှိသည်။ သို့သော် တစ်ကြိမ်ဝါးမြိုပြီးချိန်တိုင်း သူ၏မျက်လုံးက ခန္ဓာကိုယ်အပေါ် လွှမ်းမိုးမှုပိုကြီးလာသလို ခံစားရသည်။ မည်သို့ပင်ဆိုစေ သူက သည်လိုကော်ပီမျိုးထဲတွင် မည်မျှကြာအောင် အသက်ရှင်နိုင်မည်ဖြစ်ကြောင်း မည်သူမျှမသိနိုင်ချေ။

သို့သော် ကုဝူကျိက သတ်ရန်ဆန္ဒမရှိဟုပြောကတည်းက သူက သည်အတိုင်း ဘေးမှသာရပ်ပြီး စိုက်ကြည့်လိုက်သည်။ ထိုသရဲများကို စိတ်ပိုင်းဆိုင်ရာဖိအား တစ်ဖန်ပို့လွှတ်လိုက်သည်။

"ဘယ် ဘယ်သူ ငါတို့က ဘယ်သူ့ကိုဖမ်းမိလို့လဲ"

သက်လတ်ပိုင်းသရဲကမူ အလျင်စလိုပြောသည်။

"ငါတို့ အပြင်က ဘယ်သူ့ကိုမှမဖမ်းခဲ့ပါဘူး"

ချီယွန်ရှို့၏မျက်ဝန်းအတွင်း အေးစက်သည့်အလင်းက ထွက်ပေါ်လာပြီးနောက် ပို၍ပင်ဆိုးရွားလာသည်။ တစ်ဖက်သရဲများက ကြောက်လန့်လွန်းသဖြင့် တဆတ်ဆတ်တုန်ယင်သွားကြသည်။ ချီယွန်ရှို့က ချက်ချင်းဆိုသလိုခုန်ထွက်လာကာ သူတို့ကို အဆိပ်ရည်ဖြင့်ပက်ဖျန်းကာ အားလုံးကို တစ်စစီလုပ်ပစ်တော့မည်အလား ထင်ရသည်။

ကလေးသရဲကမူ အရိုးထဲထိ ကြောက်လန့်သောခံစားချက်မျိုးကို ခံစားလိုက်ရပြီးနောက် ချက်ချင်းပြောလိုက်သည်။

"ဒါပေမယ့် အမျိုးသမီးတစ်ယောက်ရဲ့ အရှိန်အဝါကိုတော့ခံစားမိတယ်၊ အဲ့ အဲ့ဒါ အစ်မပဲ၊ အစ်မ အစ်မက ဒုတိယအထပ်မှာရှိတယ်၊ ဒါဆိုရင် အဲ့ဒီသက်ရှိလူသားက ..."

"နေ နေပါအုံး၊ အဲ့ဒီလူကို ငါ မှတ်မိပြီ"

ကုဝူကျိခေါ်လာသည့်သရဲက တစ်စုံတစ်ရာကို သတိရသွားသလိုမျိုးဖြစ်သွားသည်။

"သူက အရင်က ဒီနေရာပတ်ဝန်းကျင်ကို တောက်လျှောက်လှည့်ပတ်နေခဲ့တာလေ၊ သူက ဒီနေရာမှာ တစ်ခုခုကိုစီစဉ်နေသလိုမျိုးပဲ၊ ငါ မင်းကိုပြောပြီးပြီထင်နေတာ"

"မင်း ဘာပြောလိုက်တယ်"

ချီယွန်ရှို့၏အမူအရာက ချက်ချင်းအေးစက်သွားသည်။

ဒုတိယထပ်တွင် ချီယွန်ရှို့နှင့်ကုဝူကျိက သေပြီဟုသေချာထင်မှတ်နေသည့် ရှောင်းချန်းကမူ စိတ်ကူးယဉ်ကာ အပျော်လွန်နေသည်။ သို့သော် တစ်စုံတစ်ရာက မှားယွင်းသည်ဟု ခံစားလိုက်ရသည်။

"ဘာလို့ ဒီနေရာက တအားအေးလာတာလဲ"

သည်ရွာက ညဘက်တွင် အေးသည်ဆိုသော်လည်း ကစားသမားများ၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ခွန်အားက အနည်းနှင့်အများ အဆင့်မြှင့်တင်ပေးထားသကဲ့သို့ ဖြစ်နေသဖြင့် သာမန်ယင်ချီလောက်က ခန္ဓာကိုယ်ထဲသို့ မဝင်ရောက်နိုင်ချေ။ ပုံမှန်အားဖြင့် သာမန်အခြေအနေမျိုးတွင် မဝင်ရောက်နိုင်ခြင်းဖြစ်သည်။ သို့သော် ယခုကမူ ... သရဲနဲ့မတွေ့မချင်း ဒီလိုဖြစ်စရာအကြောင်းမရှိဘူး။

ရှောင်းချန်က ချက်ချင်းဆိုသလို ခေါင်းကိုငုံ့လိုက်သောအခါ သူ၏ခြေထောက်ကို မဲနက်နေသောဆံပင်များက ရစ်ပတ်ထားကြောင်း မြင်လိုက်ရသဖြင့် သူ၏နဖူးမှ ချွေးစေးများကျလာသည်။ သူက ချက်ချင်းဆိုသလို မှော်ပစ္စည်းများကိုထုတ်လိုက်သည်။ သို့သော် ယခုတစ္ဆေခြောက်သောအိမ်ထဲသို့ ရောက်နေသဖြင့် မည်သည့်မှော်ပစ္စည်းကိုမျှ ထုတ်၍မရကြောင်း သိလိုက်သည်။

"သေစမ်း ဘယ်လိုဖြစ်နိုင်မှာလဲ ..."

ရှောင်းချန်း၏မျက်နှာက အလွန်အမင်းဖြူဖျော့သွားသည်။ သူက ချက်ချင်း ခေါင်းကိုလှည့်လိုက်ကာ အနောက်ဘက်သို့ကြည့်လိုက်အချိန်တွင် မင်္ဂလာဆောင်ဝတ်စုံ ဝတ်ထားပြီး ဒူးထောက်သလိုခြေထောက်က ယိုင်နေသလိုမျိုးပုံစံမျိုးနှင့် သရဲမကို တွေ့လိုက်ရသည်။ သူမ၏ခြေထောက်က ကြမ်းပြင်သို့ ထိလုနီးပါးဖြစ်နေသည်။

ဒါ ဒါ ဒါက သရဲမပဲ။

သရဲမက တစ်ချိန်လုံး အိမ်ထဲမှာ နေနေမယ်လို့မထင်ထားဘူး။

ဒုတိယထပ်မှာ အခြားသရဲတွေမရှိတာ မအံ့ဩတော့ပါဘူး၊ သူက သတိလက်လွတ်ဖြစ်သွားတာပဲ။

သူ ရထားတဲ့သတင်းအတိုင်းဆိုရင် ဒီသတိုးသမီးတွေအားလုံးက မသေခင်ကတည်းက ပြင်းထန်တဲ့အငြှိုးတရားတွေကို ပိုင်ဆိုင်ထားကြတာ၊ ဒါပေမယ့် ဒီကော်ပီထဲမှာ ဗီလိန်ခေါင်းဆောင်အဖြစ် သူတို့တွေက ကြောက်စရာအကောင်းဆုံး သရဲတွေပဲ။

ဒါ ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်လာရတာလဲ။

သူက ကုဝူကျိနှင့်ချီယွန်ရှို့တို့၏ မှော်စွမ်းရည်များနှင့်မှော်ပစ္စည်းများကို ထုတ်မသုံးနိုင်သည့်ကိစ္စကို အလွန်ဂုဏ်ယူကာ ပျော်ရွှင်နေခြင်းဖြစ်သည်။ သည်နည်းအားဖြင့် ထိုနှစ်ယောက်က သာမန်လူများဖြစ်သွားလောက်လေပြီ။ သို့သော် ယခု သည်လိုအခြေအနေကို ကြုံတွေ့ရသောသူက သူဖြစ်နေသည်။

ပိန်းပိတ်အောင်မဲမှောင်နေသောဆံပင်က သူ၏ခန္ဓာကိုယ်တစ်ဝိုက် တင်းကြပ်စွာ ရစ်ပတ်လာပြီး သရဲမက ရှောင်းချန်းကို သူမ၏အေးခဲနေလောက်အောင် ကြောက်မက်ဖွယ်ကောင်းသည့် အေးစိမ့်သောမျက်ဝန်းတစ်စုံဖြင့် ကြည့်နေသည်မှာ အလောင်းတစ်ကောင်ကိုကြည့်နေသည့်အလား ထင်ရသည်။

"နေ နေ နေပါအုံး"

ရှောင်းချန်းက လက်ဆန့်လိုက်ကာ သူ၏လည်ပင်းတွင် ရစ်နေသည့်ဆံပင်ကို ခပ်မြန်မြန်ဆွဲဖယ်ရန်ကြံစည်သော်လည်း သူက မည်သည့်ခွန်အားကိုမျှ မသုံးနိုင်ကြောင်း သိလိုက်ရသည်။ သူ၏ခွန်အားအများစုက စုပ်ယူခံလိုက်ရသလိုမျိုး အလွန်အမင်း အားနည်းကာ အသက်ရှူရပင်ခက်လာသည်။

ထိုသို့သောအရေးကြီးသောအချိန်တွင် ဒုတိယထပ်ရှိတံခါးက ရုတ်တရက် တွန်းဖွင့်ခံလိုက်ရပြီး လူနှစ်ယောက်ကဝင်လာသည်။ ကုဝူကျိက ရုတ်တရက် အပြေးလာပြီး အလျင်စလိုပြောသည်။

"နေပါအုံး ရပ်အုံး"

ရှောင်းချန်းအနေဖြင့် ပထမဆုံးအကြိမ် ကုဝူကျိက အလွန်ကြည့်ကောင်းသည်ဟု ခံစားလိုက်ရပြီး မျက်ရည်ပင်ကျချင်သွားသည်။

သရဲမက မင်သေသေဖြင့် တစ်ချက်ကြည့်ပြီး ဩရှသောလေသံဖြင့်ပြောသည်။

"နင်က ဒီလူကို ကယ်ချင်တာလား၊ သူက နင့်ကိုသတ်ချင်နေတာ"

"မဟုတ်ဘူး ငါတို့ ဒီအကြောင်းကိုသိပြီးပါပြီ"

ကုဝူကျိကပြောသည်။

"ငါ ဒီအတိုင်း သူ့ကိုမေးချင်တာရှိလို့ပဲ၊ ဒီတော့ သူ သေလို့မရသေးဘူး"

"တွေးကိုမတွေးနဲ့"

သရဲမက အေးစက်စွာပြောသည်။

"ငါက အခြားသူတွေကို ကူညီချင်တဲ့လူကောင်းလို့ နင်က ထင်လို့လား၊ ငါ တစ်မိသားစုလုံးကို သတ်ခဲ့ပြီးသား၊ ဒါပေမယ့် သူတို့ကို သူတို့ဘာသာသူတို့ သတ်သေတယ်လို့ သိအောင်လုပ်ထားခဲ့တာ၊ ဒီလိုနဲ့ သူတို့ရဲ့နောက်ဆုံးမျှော်လင့်ချက်ကို ငါ သုတ်သင်ခဲ့တာပဲ"

သူမက ပြောရင်းမှ ရှောင်းချန်း၏လည်ပင်းတွင်ရှိသော ဆံပင်က ကြပ်သထက်ကြပ်လာသည်။ ရှောင်းချန်းက မေ့ခါနီးအခြေအနေရောက်သွားသည်။

"မဟုတ်ဘူး မင်းက ဒီလိုအခြေအနေမျိုးကို လုပ်မယ့်လူမဟုတ်ဘူးဆိုတာကို ငါ သိတယ်"

ကုဝူကျိက သက်ပြင်းချပြီးနောက် ခပ်မြန်မြန်ဝင်ပြောသည်။

"မင်းက အမြဲတမ်းမိသားစုရဲ့ချစ်မြတ်နိုးမှု၊ နွေးထွေးမှုကို လိုချင်တောင်းတခဲ့တာပဲ၊ ဒါပေမယ့် မင်းက ဒီမိသားစုနဲ့မဝင်ဆံ့ခဲ့ဘူး၊ ဒါ့အပြင် အကျိုးအမြတ်အတွက် လဲလှယ်တဲ့အနေနဲ့ စတေးခံအဖြစ်တောင် အသုံးချခံခဲ့ရသေးတယ်၊ ဒါပေမယ့် ဒီမိသားစုကလည်း မင်းအတွက်ကြောင့်နဲ့ ပိုကောင်းတဲ့ဘဝမှာ နေထိုင်သွားရတယ်၊ ဒီလူတွေကအရင်က မင်းအပေါ် ဘာခံစားချက်မှမပြခဲ့ကြဘဲ မြင်းတစ်ကောင်လိုမျိုး ခိုင်းစေပြီးရိုက်နှက်ခဲ့သေးတယ်"

အကြောင်းမူကား အောက်ထပ်တွင်ရှိသည့် မိသားစုဝင်များက အလွန်ထိတ်လန့်ပြီးနောက် အတိတ်ကအဖြစ်အပျက်များကို ခပ်မြန်မြန်ပြောပြခဲ့ သောကြောင့်ဖြစ်သည်။

"နင်က ဘာတွေလာပြောနေတာလဲ"

သရဲမက ဒေါသထွက်လာသည်။

"နင်ကဒီကောင့်လိုမျိုးသေချင်လို့လား"

"ဒါတွေအားလုံးက သူတို့အမှားပဲ၊ ဒါပေမယ့် မင်း မမှားဘူး၊ ဒီအတိုင်း မင်းကသာမန် လူတစ်ယောက်ရဲ့ဘဝမှာပဲ နေချင်တာမဟုတ်လား"

ကုဝူကျိက ရိုးသားစွာပြောသည်။

"မိသားစုရေးရာကိစ္စကတော့ မင်းရဲ့ကိစ္စပါ၊ ဒါပေမယ့် ရှောင်းချန်းကတော့ မင်းရဲ့မိသားစုနဲ့ မသက်ဆိုင်ဘူးလေ၊ မင်းအနေနဲ့ မင်းနဲ့ဘာရန်ငြှိုးမှမရှိတဲ့ လူတစ်ယောက်ကို သတ်တာက တကယ်ကိုမကောင်းတဲ့လုပ်ရပ်တစ်ခုပဲ၊ ဒီလိုထပ်လုပ်လိုက်ရင် မင်းအနေနဲ့ ရန်ငြှိုးတွေပိုများသွားပြီး ဒုက္ခပိုရောက်သွားလိမ့်မယ်၊ ဒါကြောင့် ဒီကိစ္စကို ငါကိုယ်တိုင်ပဲကိုင်တွယ်ပါရစေ"

ကုဝူကျိစကားကိုကြားသောအခါသရဲမ၏အမူအရာက အနည်းငယ်လှုပ်ရှားသွား သည်။ သို့သော် သူမက လက်မလျှော့ချင်သေးချေ။

"နင်က စကားပြောကောင်းမယ်လို့ ငါ မထင်ထားဘူး"

ထိုအချိန်တွင် ပြူတင်းပေါက်အပြင်ဘက်မှ အနီရောင်အလင်းကို ဖျတ်ခနဲမြင်လိုက်ရသည်။ သူမ၏မျက်နှာအမူအရာက ချက်ချင်းဆိုသလို ပြောင်းလဲသွားပြီးနောက် သူမ၏မျက်ဝန်းထဲတွင် ကြောက်လန့်မှုအနည်းငယ် ထင်ဟပ်လာသည်။

"သူပဲ၊ သူက ဘာလို့ ဒီလူအတွက် လုပ်ပေးရတာလဲ"

သရဲမက လျှို့ဝှက်စွာဖြင့်တွေးတောလိုက်သည်။ သို့သော် ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိပြီးနောက် ကုဝူကျိကိုကြည့်သောအကြည့်က ပြောင်းလဲသွားသည်။

နဂိုက ရှောင်းချန်း၏လည်ပင်းတွင် ရစ်ပတ်ထားသည့် ဆံပင်က ပြေလျော့သွားသည်။ သရဲမက သူတို့ကိုကြည့်လိုက်သည်။

"နင်က ဒီလိုပြောမှတော့ ဒါက ဖြစ်သင့်တယ်လို့ ငါလည်းခံစားမိပါတယ်၊ ဒီလိုဆိုရင်လည်း ငါ ဒီအကောင်ကို အသက်ရှင်ခွင့်ပေးလိုက်မယ်၊ ဒါပေမယ့် နင် သူ့ကို ဒီနေ့ကယ်လိုက်လို့ နောင်တမရဖို့တော့ မျှော်လင့်တယ်"

ထိုစကားကိုပြောပြီးနောက် သရဲမ၏ပုံရိပ်က တဖြည်းဖြည်းချင်း ဖောက်ထွင်းမြင်ရမတတ် ကြည်လင်လာကာ ပျောက်ကွယ်သွားသည်။ ရှောင်းချန်းက မြေပြင်သို့ အားနည်းစွာဒူးထောက်ကျသွားပြီး လည်ပင်းကိုလက်ဖြင့်အုပ်ကာ ချောင်းဆက်တိုက်ဆိုးသည်။ သူ၏အသက်အန္တရာယ်က ယခုလေးတင် ခြိမ်းခြောက်ခံထားရသောကြောင့် ကုဝူကျိနှင့်သရဲမတို့၏စကားကို အာရုံစိုက်နိုင်စွမ်း မရှိခဲ့ချေ။ ထို့ကြောင့် သူ၏အကြောင်းက ပေါ်သွားပြီဖြစ်ကြောင်း မသိသေးဘဲ ချက်ချင်းဆိုသလို အလွန်အမင်းခံစားသွားရဟန်ဆောင်ကာ ပြောသည်။

"ကျေးဇူးအများကြီးတင်ပါတယ်"

အစပိုင်းတွင် ထိုဆွန်းရှီဆိုသောလူက အကြံအစည်ကြီးသောလူဟု ရှောင်းချန်းက ထင်ခဲ့သည်။ သို့သော် ယခုလိုအခြေအနေကိုကြုံရပြီးမှသာ သူ၏စိတ်က ပြောင်းလဲသွားပြီး ထိုလူက သည်အတိုင်း ကံကောင်းသောအရူးကောင်ဟုသာ ထင်လိုက်သည်။ သို့သော် တစ်ဖက်သူက လူကောင်းဖြစ်ကတည်းက သူ့အနေဖြင့် အသုံးမချရန်ခက်ခဲသွားသည်။

"ရပါတယ်"

ကုဝူကျိက သက်ပြင်းရှည်ကြီးကိုချသည်။ ထို့နောက် ရှောင်းချန်းကို အပြုံးနှင့်ကြည့်သည်။ အနောက်မှချီယွန်ရှို့ကမူ ကြိုးတစ်ချောင်းကိုကိုင်လျက် ရှေ့တက်လာသည်။

"မင်း မင်း မင်းဘာလုပ်မလို့လဲ"

ရှောင်းချန်းက ချက်ချင်းဆိုသလို ကြောင်အသွားပြီးနောက် ကုဝူကျိကို အသနားခံသောမျက်ဝန်းမျိုးဖြင့် ကြည့်လိုက်သည်။ သူတို့နှစ်ယောက်ကြားမှ ဆက်ဆံရေးကို ရန်စရန်လည်းမမေ့ချေ။

"မြန်မြန် ချီယွန်ရှို့ကိုတားလိုက်ပါအုံး၊ သူက ဘာလုပ်ချင်နေတာလဲ၊ သူ့ကို သရဲဝင်ပူးနေတာများလား"

"မဟုတ်ဘူး ငါ လုပ်ခိုင်းလိုက်တာ"

ကုဝူကျိက မျက်နှာသေဖြင့်ပြောသည်။ သူတို့က အရူးမဟုတ်ချေ။ သရဲ၏စကားအရ ရှောင်းချန်းက သူတို့ကို အကွက်ချကြံစည်ခဲ့ခြင်းဖြစ်ကြောင်း မသိရန်ခက်ခဲသည်။ သရဲမကိုယ်တိုင်ကလည်း ပြောသွားပြီးသားဖြစ်သည်။

ကော်ပီပေါင်းများစွာကို အတွေ့အကြုံရှိပြီးနောက် ကုဝူကျိကိုယ်တိုင်ကလည်း သည်လိုလူမျိုးနှင့်ရင်ဆိုင်ရသည့်အခါ သူက စိတ်ပျော့နေ၍မရကြောင်း သိလိုက်ရသည်။

"ဘာ"

ရှောင်းချန်းက ကုဝူကျိက ထိုသို့ သူ့ကိုဆက်ဆံမည်ဟု မယုံကြည်နိုင်တော့ချေ။

"မဟုတ်ဘူး မဟုတ်ဘူး တစ်ခုခုမှားနေတာဖြစ်မယ်၊ မင်း မင်း ဘာလုပ်မလို့လဲ၊ မင်းက ဒီလိုလူမျိုးလို့ မထင်ထားမိဘူး"

"ပါးစပ်ပိတ်စမ်း ဟန်ဆောင်မနေနဲ့၊ မင်းရဲ့သရုပ်ဆောင်စွမ်းရည်က အရမ်းတော်နေတယ်လို့ထင်လား၊ ငါတို့အားလုံးသိပြီးပြီ"

ချီယွန်ရှို့က အေးစက်စွာနှာခေါင်းရှုံ့သည်။

ရှောင်းချန်းက ထိုစကားကိုကြားသောအခါ ပါးစပ်ပိတ်လိုက်သည်။ သူ၏ကားက ဇောက်ထိုးလန်ကျသွားပြီဖြစ်ကြောင်း သိလိုက်သည်။ ချီယွန်ရှို့က ချက်ချင်းဆိုသလို လှုပ်ရှားပြီးနောက် ရှောင်းချန်းကို ခပ်တင်းတင်းကြိုးချည်လိုက်ပြီးနောက် အေးစက်စွာပြောသည်။

"အခု မင်း သိထားသမျှအရာအားလုံးကို ပြောပြ"

"ငါ မပြောရင် ဘာဖြစ်မလဲ"

ရှောင်းချန်းက အံ့အားသင့်နေသည့်တိုင်အောင် ထိုနှစ်ယောက်က သူတို့ဘာသာသူတို့ ဘာမှလုပ်နိုင်မည်မဟုတ်ကြောင်း နားလည်နေသည်။ သည်နည်းအားဖြင့် သူ့ကိုမှီခိုရမည်ဖြစ်လေရာ သူကရဲရင့်စွာပြောနိုင်သည်။

"ငါတို့ဘာလုပ်သင့်လဲ"

ချီယွန်ရှို့က ကုဝူကျိကိုသာကြည့်ပြီး ထင်မြင်ချက်ကိုမေးသည်။

"ဒါဆိုလည်း အရင်သွားရအောင်"

ကုဝူကျိက သဘောကျသွားသည်။

"ဘာပဲဖြစ်ဖြစ် ရှောင်းချန်းက သူ့ဘာသာ လာနိုင်တယ်ဆိုကတည်းက သူ ဒီအိမ်ကို တော်တော်သဘောကျတဲ့ပုံပဲ ဒီတော့ သူ့ကို ဒီမှာခဏနေခိုင်းလိုက်တာပေါ့"

ရှောင်းချန်းက ကုဝူကျိကို အလွန်အံ့ဩသွားသောပုံစံမျိုးဖြင့် ကြည့်လိုက်သည်။ ကုဝူကျိက အမှန်တရားကိုပြောနေကြောင်းလည်း နားလည်သည်။ ကုဝူကျိက ဘယ်သောအခါမှ မလိမ်ဖူးချေ။ သူက ပြောသည့်အတိုင်းလုပ်သည်။ ဒါက သူ့ကိုခြိမ်းခြောက်ရန် ပြောနေခြင်းလည်းမဟုတ်ဘဲ သည်အတိုင်းလုပ်ရန် ဆုံးဖြတ်ထားခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် ချီယွန်ရှို့က ထွက်လာကာတားသင့်သည်။ မည်သို့ပင်ဆိုစေ သူ့ဆီမှ သတင်းများ လိုအပ်နေသေးသည်။ သို့သော် ချီယွန်ရှို့က ကုဝူကျိကို လက်ခံသောပုံစံမျိုးဖြင့် ကြည့်လိုက်သည်။ သူက မည်သည့်ထင်မြင်ချက်မှမပေးချေ။ ကုဝူကျိပြောသည့်အတိုင်း လုပ်ရန်ဆုံးဖြတ်ထားသည်။ ကုဝူကျိ၏စကားက အလွန်သင့်တော်သလိုမျိုးသာ ခံစားနေရသည်။

ထိုနှစ်ယောက်က လှည့်ထွက်ရန်ပြင်ဆင်နေကြောင်း မြင်သောအခါ သည်အခန်းထဲတွင်ရှိသည့် သရဲမအကြောင်းကို တွေးမိပြီး ရှောင်းချန်း၏ဘဝတွင် အလွန်အမင်း ကြောက်လန့်သည့်ခံစားချက်မျိုးကို ရလိုက်သည်။

"နေပါအုံး နေပါအုံး ငါ ပြောမယ်"

ရှောင်းချန်းက သူသိထားသည့်ကိစ္စအများစုကို အော်ပြောလိုက်သည်။ များမပြောလျှင် သူ့အတွက် ပိုလုံခြုံသလိုဖြစ်ပေလိမ့်မည်။ အထူးသဖြင့် သူက စီနီယာကစားသမားများထံမှ ရထားသောသတင်းအချက်အလက်များကို တိုက်ရိုက်ပင် ထုတ်ပြောလိုက်သည်။ သည်နည်းအားဖြင့် ထိုလူများက သူ့အား မယုံကြည်မည့်အရေးကို ကြောက်လန့်စရာမရှိတော့ချေ။ သို့သော် ကုဝူကျိနှင့်ချီယွန်ရှို့ကမူ ရှောင်းချန်း သိထားသည့်ကိစ္စအများစုကို စုံစမ်းထားပြီးသားဖြစ်သည်။ ထွက်ပြေးမည့်နည်းလမ်းကို ကြားသောအခါ ကုဝူကျိက မျက်မှောင်ကြုတ်သည်။

"ကြည့်ရတာ မင်း အလိမ်ခံရတာပဲ"

ကုဝူကျိက ပြောသည်။

"ဘာ"

ရှောင်းချန်းက သူ့ကိုအံ့အားတကြီးကြည့်သည်။

"ဟုတ်တယ်"

ကုဝူကျိက ဆက်ပြောပြသည်။

"ငါ အရင်ကလည်း မင်းလိုကစားသမားမျိုးတွေ့ဖူးတယ်၊ သူက အခြားလူတွေဆီက သတင်းတွေရထားတာနဲ့ တကယ်လို့ထင်နေတာလေ၊ နောက်တော့ သေခါနီးအခြေအနေ ရောက်သွားတာပဲ"

အခြားသူများပေးသောသတင်းက မှန်ကန်သည်။ သို့သော် ယခုလိုမျိုး လွတ်မြောက်ရမည့်နည်းလမ်းကမူ မှားနေခြင်းဖြစ်သည်။ မည်သူကမျှ အလကား အသက်ရှင်ခွင့်ပေးလိမ့်မည် မဟုတ်ချေ။

ကုဝူကျိကမူ တစ်ဖက်သူက မည်သည့်အတွက်ကြောင့် သတင်းအမှားကို ထိုသို့ထုတ်ပေးနေကြောင်း နားမလည်ချေ။ အဆင့်မြင့်ကစားသမားက အစစ်အမှန်လောကတွင် ထိုသို့ မကြာခဏလုပ်တတ်လေ့ရှိသည်။ သူတို့က သာမန်ကစားသမားများကို တစ်စုံတစ်ရာလုပ်ရန် အသုံးချခြင်းလည်းဖြစ်နိုင်သည်။ ထိုလူများက အခွင့်ကောင်းယူချင်နေခြင်းဖြစ်လောက်သည်။

ရှောင်းချန်းသိထားသည့် ကော်ပီအမှန်တရားကမူ မှားနေသည်ဟုပင် ခံစားနေရသေးသည်။

မည်သို့ပင်ဆိုစေ ရှောင်းချန်းပြောသည့်အတိုင်းဆိုလျှင် သည်အရာက ယခုလိုဖြစ်လာခဲ့သည်မှာ အသတ်ခံရသည့် သတိုးသမီးများ၏အငြှိုးတရားကြောင့်ဟု ဆိုကြသည်။ သို့သော် ကုဝူကျိကမူ သူ အစပိုင်းတွင်တွေ့ခဲ့သောမိန်းကလေးက ပထမဦးဆုံးသတိုးသမီးဟု ခံစားနေရသည်။ သူ့ကို ကူညီခဲ့သောမင်္ဂလာဝတ်စုံနှင့် ထိုသရဲက လူဆိုးဟု သူက မယုံကြည်နိုင်ချေ။

ရှောင်းချန်းက လက်ရှိအခြေအနေအကြောင်း မပြောနိုင်ခဲ့သော်လည်း သူ၏အတွေးများကို အမူအရာကဖော်ပြထားပြီးသားဖြစ်သည်။ သူက ကုဝူကျိစကားကို မယုံချေ။ မည်သို့ပင်ဆိုစေ ရှောင်းချန်းက သူ ရထားသောသတင်းများကို အသုံးပြုကာ ရက်ပေါင်းများစွာရှင်သန်နိုင်ခဲ့သည်။ သူက မတော်တဆ ယခုလိုအခြေအနေ ရောက်သွားခဲ့သောကြောင့်သာမဟုတ်လျှင် သူက‌ပျော်ပျော်ရွှင်ရွှင် သည်နေရာမှ ထွက်ခွာသွားနိုင်ပေလိမ့်မည်။

ကုဝူကျိက သူ့ကို သည်အတိုင်းသတိပေးရုံသာဖြစ်သည်။ ထိုအချိန်တွင်ပင် သူက တံခါးကို သွားတွန်းဖွင့်လိုက်ပြီး ရှောင်းချန်းကို လွှတ်ပေးလိုက်သည်။ ရှောင်းချန်းက ပြန်လွတ်သွားသည်နှင့် ချက်ချင်းဆိုသလို မီးအိမ်ကိုကိုင်ကာပြေးတော့သည်။ ကုဝူကျိနှင့်ချီယွန်ရှို့က နောင်တရသွားမည်ကို သူက စိုးရိမ်နေသည်။

"သူ ဘာဆက်လုပ်မယ်ဆိုတာကို မင်း မကြောက်ဘူးလား"

ချီယွန်ရှို့က ကုဝူကျိစကားကို သံသယအပြည့်ဖြင့်ပြောသည်။

"သူက သူ့ရဲ့သတင်းကို အရမ်းယုံနေတယ်ဆိုမှတော့ ဒီအတိုင်းပဲနေပါစေ"

"ပြောရရင် သူ့မှာ အဲ့ဒီလိုအခွင့်အရေးမရှိဘူး"

ကုဝူကျိက ပြောသည်။ ချီယွန်ရှို့က အံ့အားတကြီး ခေါင်းမော့ကြည့်လိုက်သည်။ ထိုအခါမှသာ ပတ်ဝန်းကျင်ရှိမြူထုအခြေအနေက ယခင်နှင့်မတူတော့ကြောင်း သိလိုက်ရသည်။

"ရှောင်းချန်း ပြောတဲ့အတိုင်းဆိုရင် ဒီထူးဆန်းတဲ့မြူထုထဲကိုဝင်သွားရင် ပုံရိပ်ယောင်လောကထဲကို အဆွဲသွင်းခံရလိမ့်မယ်၊ သူ အဲ့ဒီနေ့က ငါတို့လိုပဲ ဖြစ်သွားလောက်တယ်"

ကုဝူကျိက တံခါးကိုဖွင့်လိုက်ချိန်မှသာ ယခုအခြေအနေကို သတိထားမိခြင်း ဖြစ်သည်။ သူက သည်အတိုင်း သတိပေးရုံသာဖြစ်သော်လည်း ရှောင်းချန်းက ထွက်ပြေးသွားမည်ဟု မထင်ထားမိချေ။

ထိုပုံရိပ်ယောင်အခြေအနေ၏ခက်ခဲမှုအရဆိုလျှင် ရှောင်းချန်းက သေချာပေါက် ဒုက္ခရောက်ပေလိမ့်မည်။

ထိုအကြောင်းတွေးမိသော် ရှောင်းချန်းက သူတို့ သည်အိမ်ထဲသို့ဝင်အောင် လှည့်စားခဲ့သည့်အကြောင်းအရာကို ပြန်တွေးမိပြီး သူတို့ကို ကူညီခဲ့သောဖြစ်ရပ်က တိုက်ဆိုင်လွန်းသည်ဟု ခံစားလိုက်ရသည်။ မည်သို့ပင်ဆိုစေ ရွာသူကြီးအိမ်သို့ သွားရာလမ်းတွင် လူတိုင်းက ပုံရိပ်ယောင်နယ်မြေထဲသို့သာ ဆွဲသွင်းခံရမည်ဆိုလျှင် ပြန်ထွက်နိုင်ခြင်းရှိမရှိ မသေချာတော့ချေ။

ချီယွန်ရှို့က ချက်ချင်းဆိုသလို တံခါးကိုပိတ်လိုက်သည်။

"ငါတို့ တတ်နိုင်တာတော့ ဘာမှမရှိတော့ဘူး၊ အာရုဏ်တက်တဲ့အထိပဲ စောင့်ရတော့မယ်"

အခန်းထဲမှသရဲများက စိတ်အေးသွားရာမှ ရုတ်တရက် တိတ်ဆိတ်သွားရပြန်သည်။ သူတို့က တောက်လျှောက်လျစ်လျူရှုခံနေရသည်။ အတင်းခေါ်လာခံရသည့်သရဲကပင် အိမ်ထဲရှိသရဲများကို သနားသွားသည်။ ထို့နောက်

"ညီလေး ဒီမှာထိုင်ပါ၊ ဒီခုံကိုမသုံးတာကြာပြီဆိုတော့ နည်းနည်းတော့ ညစ်ပတ်နေတယ်၊ ငါ တံမြက်စည်းသွားယူပေးမယ်"

"ငါ မင်းရဲ့ကျောကိုနှိပ်ပေးမယ်လေ"

ထိုသို့ဖြင့် ထိုသရဲများက အလွန်အမင်းရိုကျိုးသွားကြပြီး ချက်ချင်းဆိုသလို အိမ်ကိုသန့်ရှင်းရေးလုပ်ကြသည်။ ထိုလူသတ်သမားသက်ရှိလူနှစ်ယောက် မသက်မသာဖြစ်မည့်အရေးကို အလွန်အမင်းစိုးရိမ်နေကြသည်။

ထိုတစ္ဆေခြောက်သောအိမ်က ရုတ်တရက် စိတ်လှုပ်ရှားတက်ကြွသောအသံများ၊ ရယ်သံများဖြင့် ပြည့်နှက်သွားသည်မှာ ပတ်ဝန်းကျင်အဆောက်အဦများနှင့် ကွာခြားသော ခံစားချက်ကိုရစေသည်။ ထိုသို့ဖြင့် ကုဝူကျိက အိပ်ပျော်သွားသည်။

သူက ထိုသို့အိပ်ပျော်သွားသည့်အချိန်တွင် ရုတ်တရက် မြူများပြည့်နှက်နေသော လမ်းထဲသို့ရောက်သွားကြောင်း သတိထားမိလိုက်ပြန်သည်။

ယခင်အိပ်မက်အတိုင်း သူက လူအပြည့်ရှိနေသောအိပ်မက်ထဲသို့ ရောက်သွားသည်။ သို့သော် သည်မြူက ထူလွန်းသည်။ ကုဝူကျိအနေဖြင့် လူအများ၏မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်ရချေ။

အခြေအနေကမမှန်ကြောင်းလည်း သူကသိသည်။ သို့သော် သူ့အနေဖြင့် တွေးတောရန်ပင်ခက်ခဲနေသည်။ သူ၏စိတ်ကထွေနေပြီး အဖွဲ့နောက်သို့ သတိလက်လွတ် လိုက်မိသွားသည်။

သူတို့ ဘယ်ကိုသွားနေတာလဲ။

ဒါက တောင်နတ်ဘုရားနေတဲ့နေရာကိုလား။

တောင်နတ်ဘုရားအကြောင်းတွေးမိသောအခါ ကုဝူကျိက ရုတ်တရက် အသိပြန်ဝင်သွားသည်။ ထို့နောက် ဘေးပတ်လည်သို့ကြည့်သောအခါ မည်သူမျှ မရှိတော့ချေ။ အသိစိတ်လွတ်သောပုံစံမျိုးဖြင့် ဆက်လျှောက်နေသော အရိုးစုများကိုသာမြင်ရသည်။

သူက သေချာအာရုံမစိုက်နိုင်သော အခြေအနေမျိုးတွင်ပင် သူ၏နဖူးတွင် ချွေးစေးများပြည့်သွားသည်။ ဒါက သဘာဝလွန်ကော်ပီကြီးတစ်ခုဖြစ်ပြီး သည်လိုအိပ်မက်ကပင် အစစ်အမှန်လောကအပေါ် သက်ရောက်နိုင်စွမ်းအားရှိသည်။

သူကသာ ရှေ့ဆက်သွားမိမည်ဆိုလျှင် သူ မသိလိုက်ခင် သေသွားလောက်သည်။ ယခင်ကလို ခြောက်ကပ်အောင် အစုပ်ခံရသောကစားသမားများအတိုင်း ဖြစ်သွားပေလိမ့်မည်။

ကုဝူကျိက နောက်ပြန်ဆုတ်သည်။ ပတ်ဝန်းကျင်ရှိအရိုးစုများက တစ်စုံတစ်ရာကို သတိထားမိသလိုမျိုး သူ့ကို တစ်ယောက်ပြီးတစ်ယောက် ကြည့်လာကြသည်။

သူတို့၏မျက်ဝန်းများထဲမှ ထုံထိုင်းစေသောခံစားချက်မျိုးကို ရလိုက်သည်။ ထိုအရိုးစုများက ဘာမှမလုပ်နိုင်လောက်သော်လည်း အရေအတွက်က အလွန်များသည်။ ထို့ကြောင့် ကစားသမားတစ်ယောက်က ကိုင်တွယ်နိုင်သောအဆင့်မဟုတ်ချေ။

ထိုအချိန်တွင် ကုဝူကျိကိုလက်တစ်ဖက်က လှမ်းဆွဲလာသည်။

"ငါ့နောက်ကလိုက်ခဲ့ပါ"

သူက ခေါင်းလှည့်ကြည့်လိုက်သောအခါ အနီရောင်ကျောပြင်တစ်ခုကို မြင်လိုက်ရသည်။

ဒါက သူ့ကို မကြာခဏကယ်နေတဲ့ အနီရောင်သတိုးသမီးဝတ်စုံနဲ့သရဲမပဲ။

Telegram မှာ အပိုင်း ၁၇၁အထိ ရောက်ပါပြီနော်။

Continue Reading

You'll Also Like

97.2K 13.5K 106
ဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို ရှုစားရမည့် ဝတ္ထုဖြစ်သည်။
26.1K 3.2K 39
"ကိုယ်ရပ်တန့်ပစ်ဖို့​ ရွေးချယ်လိုက်တယ်၊ မင်းကိုချစ်​နေတဲ့ အချိန်​တွေမှာပဲ ရပ်တန့်ပစ်လိုက်ဖို့" Shut Down-《停摆》(mm trans) Native Title - 停摆 Total Chapt...
222K 46.7K 84
කැලෙ ඇතුලෙම පරවෙනවා බන් හුගක් මල් ජාති.....!
902K 134K 130
Author >> Ju Mao Ge Ge Original title >> Da Lao Dai Qiu Pao ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းပြီး သွေးနားထင်ရောက်ကာ အေးစက်စက်နေတတ်ရုံသာမက အချစ်ကို မယုံက...