လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အ...

由 BaeChocolate

80.1K 3.7K 318

ဆင်းရဲတဲ့ဘဝကနေ ရုန်းထွက်ချင်လို့ မော်ဒယ်လ် ဖြစ်ဖို့ ကြိုးစားနေတဲ့ "လာဗန်ဒါ " ခေါ် "အချစ်ပန်း" ဆိုတဲ့ ကောင်မ... 更多

လေပြေညှင်းလေး တိုးဝှေ့ခဲ့သော အချစ်ပန်း - ၂
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း-၃
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း-၄
လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်း - ၅
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း-၆
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၇
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၈
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၉
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း -၁၀
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၁
လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်း -၁၂
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၃
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၄
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၅
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၆
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၇
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၈
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၉
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၂၀
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၂၁
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၂၂
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း -၂၃
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း -၂၄
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၂၅
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၂၆
လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၂၇

လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်း - ၁

10K 145 4
由 BaeChocolate

လေပြေညှင်းလေး တိုးဝှေ့ခဲ့သော အချစ်ပန်း - ၁

     အေးစက်လွန်းတဲ့ဆောင်းရာသီရဲ့ ညတစ်ည ဝါကျင်ကျင်နဲ့ခပ်မှိန်မှိန်မီးရောင်အောက်ကလမ်းမကြီးပေါ်မှာ ဖိနပ်မပါခြေဗလာဖြင့် မိန်းကလေးတစ်ယောက် အားသွန်ခွန်စိုက်ပြေးနေလေသည်။

အအေးဓာတ်ကြောင့်ခြေထောက်တွေထုံကျင်နေပေမယ့်လည်း ပြေးနေတာကရပ်မသွားပေ။

ဒီအအေးဓာတ်က သူမရင်ထဲက စိုးရိမ်မှုတွေ အနိုင်မယူနိုင်ပါ။

" ဒုန်း  ဒုန်း   ဒုန်း"

ပိတ်ထားသော ဆိုင်ခန်းတံခါးကို သူမရှိသမျှအားနဲ့ထုပစ်လိုက်သည်။

" ဂျုန်း" ဆိုသောအသံနှင့်အတူ တံခါးပွင့်သွားပြီး အထဲက အိမ်မှုန်စုပ်ဖွားနဲ့ခပ်ဝိုင်းဝိုင်းမျက်နှာတခုပေါ်လာလေသည်။

" ကြီးမြင့်  ဆေးရောင်းပေးပါဦး
မမ အဖျားတက်ပြီးသတိလစ်နေလို့"

" ဟဲ့  အချစ်ပန်း၊ နင်ကလေ လုပ်လိုက်ရင်
ရေးကြီးသုပ်ပြာနဲ့ချည်းပဲ"

" ဟုတ်တယ် ခုလဲ အရေးကြီးနေလို့
အဖျားကျဆေးမြန်မြန်ပေး ပေးပါ"

" အဖျားတက်ပြီး သတိလစ်နေတာဆို အဖျားပျောက်ဆေးနဲ့ဘယ်ရမလဲ။ ဆေးရုံသွားမှပေါ့"

" ဆေးရုံသွားဖို့ ကားခတောင်မရှိတာ ကြီးမြင့်ရာ ၊ ဆေးသာပေးပေးပါ"

" ဟူး"

ကြီးမြင့်ဆိုသော အသက်လေးဆယ်ကျော်အဒေါ်ကြီးကသက်ပျင်းချလိုက်ပြီး ဆေးဘူးတွေကိုစစ်ကြည့်ရင်း အဖျားကျဆေးနဲ့ အားဆေးတချို့၊ဖြည့်စွက်စာ အချို့ကို အချိုးကျခွဲပြီး အိတ်လေးတွေထဲနေရင်း ပိန်လှီဖျော့တော့နေသော မိန်းကလေးကို တချက်ကြည့်လိုက်သည်။

" သတိလစ်နေတာဆို ဆေးနဲ့မရဘူး၊ မြန်မြန် ကားငှားပြီးဆေးရုံတင်၊ နင်ကျေနပ်အောင် ဆေးတော့ထည့်ပေးလိုက်မယ်။ ကားခနဲ့ဆေးရုံစားရိတ်ငါနည်းနည်းချေးပေးလိုက်မယ်။"

ပြောပြောဆိုဆို ငွေသေတ္တာလေးထဲမှ ပိုက်ဆံအချို့ကိုယူပြီး ဆေးထုတ်တွေနဲ့အတူပေးလိုက်သည်။

တုန်ရီနေသောလက်လေးတစုံဖြင့် လှမ်းယူပြီး အချစ်ပန်းက

" ကျေးဇူးအများကြီးတင်ပါတယ် ကြီးမြင့် ပန်း သေချာပေါက်ဒီပိုက်ဆံတွေပြန်ဆပ်ပါ့မယ်"

ခေါင်းငုံ့အရိုအသေပေးပြီး ခြေဖဝါးသေးသေးလေးတွေက လျှင်မြန်သောအရှိန်ဖြင့် လမ်းမပေါ်မှ တဖြည်းဖြည်းပျောက်ကွယ်သွားသည်။

အချစ်ပန်း  သူမတို့ငှားနေကြတဲ့ အိမ်ခန်းလေးထဲရောက်တော့ ကုတင်ပေါ်မှာမေ့နေတဲ့ သူမ မမကိုကျောပေါ်တင်ပြီး ပိုးလိုက်သည်။

အောက်မှာ လမ်းထဲမှ တက္ကစီ ဆွဲသော ဦးလေးကြီးကိုလည်း ဝင်နှိုးခဲ့လို့ စောင့်နေပြီဖြစ်သည်။

ဆေးရုံရောက်တော့ အဖျားကြီးနေတဲ့ မမမိုးသွန်းကို ရေပတ်တိုက်ပေးပြီးနောက် ဆရာဝန်က ဆေးသွင်းပေးလေ၏။

မမရဲ့ နဖူးလေးကို စမ်းလိုက်တော့ ကိုယ်ပူနေတာ သက်သာနေပြီ။

တလောကလုံးပြေးကြည့်မှ မမနှင့်သူမ ပြီးတော့ ခင်တွယ်စရာ မိဘမဲ့ဂေဟာမှ သီလရှင်တွေနဲ့ သူမတို့လိုစွန့်ပစ်ခံ ကလေးလေးတွေပဲရှိသည်။

ကလေးမလိုချင်ရင်လဲ တားကြပေါ့၊ ခုတော့ သူမတို့လို့ဘဝတွေက မေတ္တာငတ်ငတ်နဲ့ကြီးပျင်းလာခဲ့ရတာ တခါတလေ သာမာန်ကလေးတွေလိုမျိုးမဟုတ်တတ်ပေ။

ဂေဟာက အသက်၁၈ ပြည့်ရင် လက်မခံတော့ပဲ အလုပ်ရှာပေးပြီး ကိုယ်ပိုင်ဘဝကို တည်ဆောက်ခိုင်းတော့သည်။

ကံကောင်းသူများကတော့ ငယ်ငယ်လေးနှင့်မွေးစားမိဘများရတတ်ပြီး မိသားစုနှင့်နေရသည်။

မွေးစားမိဘမတွေ့သူများကတော့ အသက်၁၈ ပြည့်တာနှင့်ထွက်ရသည်။

မမမိုးသွန်းက သူမထက် လေးနှစ်ကြီးသည်။ မမနှင့်သူမက ဂေဟာမှာကတည်းက တခန်းထဲတူတူနေပြီး မမက သူမကိုစောင့်ရှောက်ရသည်။

ဂေဟာက ကလေးတွေတိုင်း အငယ်လေးကို အကြီးတွေက ထိန်း ဒီလိုဖြင့်လည်ပတ်ရသည်။မဟုတ်ရင် ကလေးတွေများသောကြောင့် သီလရှင်တွေက တစ်ယောက်ချင်းလိုက်မကြည့်နိုင်ပါ။

မမက အသက် ၁၈ပြည့်တော့ ဂေဟာကအရင်ထွက်ရသည်။ အချစ်ပန်းလည်း မွေးစားမိဘမျှော်ပေမယ့် ပိန်လှီဖျော့တော့၍ရောဂါသည်ပုံပေါက်နေသော သူမကို ရှောင်သွားတတ်ကြသည်။

အသက်၁၈ ပြည့်တော့ သူမလည်း ဂေဟာကို နှုတ်ဆက်ရတော့သည်။

တစ်ယောက်တည်းနေသော မမက သူမကို အတူနေရန် လာခေါ်ပေးလို့တာတော်တော့သည်။

ဒါ့ပြင် မမက အချစ်ပန်းကို တက္ကသိုလ်တက်ဖို့ပြင်ဆင်စေသည်။

သူမကိုယ်တိုင်လည်း အလုပ်တွေကုန်းရုန်းလုပ်တတ်သည်။ စားချိန် အိပ်ချိန်မမှန်တတ်ပေ။

ခုလည်း ဖျားနေတာ နှစ်ရက်ကြာပြီကို အလုပ်ကသွားသေးသည်။
အချစ်ပန်းကိုတော့ မြို့က စာကြည့်တိုက်မှာသွားပြီး တက္ကသိုလ်တက်ဖို့ လိုအပ်သည်များပြင်ဆင်စေသည်။ ကွန်ပျူတာ တစ်လုံးပင်မဝယ်နိုင်လို့ စာကြည့်တိုက်မှာ လှူထားတဲ့ ကွန်ပျူတာနဲ့ တက္ကသိုလ်ဝင်ခွင့်ဖြေလွှာများပြင်ဆင်ရသည်။
အချစ်ပန်း စာကြည့်တိုက်မှပြန်လာတော့ မိုးချုပ်နေပြီ၊  မမကိုအိပ်နေသည်ထင်လိုက်တာ တွဲလောင်းဖြစ်နေသော လက်ကို ကုတင်ပေါ်တင်ဖို့ကိုင်လိုက်မှ ပူခြစ်တောက်နေလေ၏။
ခေါ်ကြည့်တော့နှိုးမရ၊ သတိလစ်မှန်းသိပီး ခု ဆေးရုံတက်လာရသည်အထိ။

" ဟင် မမ နိုးပီလား"

ကုတင်ပေါ်ငုတ်တုတ်ထိုင်နေသော မမက ကုတင်ပေါ်ခေါင်းတင်ပီးအိပ်နေသော သူမကိုကြည့်နေလေ၏။

"ဟုတ်တယ်လေ၊ မမ နေကောင်းပြီ၊ ဆေးရုံဆင်းကြစို့"

" အရှင်းပျောက်မှဆင်းရအောင် မမရယ်"

"ပျောက်နေပြီပဲကို"

"တရက်လောက်ထပ်နေလိုက်ဦးနော်။ မမကျန်းမာမှ အလုပ်တွေပိုလုပ်နိုင်မှာ ခုတော့ အနားယူဦးနော်"

အချစ်ပန်း သိပါသည် မမကတော့ ဆေးရုံစားရိတ်ကုန်မှာ အလုပ်မလုပ်ရမှာပူနေတာမှန်း။

ဆေးရုံမှာ ၂ရက်နေပြီး ဆင်းလာသည်။ နောက်ရက်တော့ မမကလည်းပုံမှန်သူမအလုပ် ပြန်ဝင်သလို အချစ်ပန်းလည်း အလုပ်ရှာတော့သည်။
လုပ်ရသည့် အချိန်ပိုင်းအလုပ်တွေကလည်း နိုင်ငံရဲ့ပေါ်လစီအရ ကျောင်းသားတွေပိုခေါ်တတ်လို့ ရှာရခက်သည်။ ပြီးတော့ အချစ်ပန်း လက်ရှိလုပ်နေတဲ့ ပါဆယ်ပို့တာကလည်း လုပ်ခသိပ့်မရ။
မမ ဆန္ဒကြောင့်သာ ကျောင်းတက်ဖို့ပြင်နေရတာ အချစ်ပန်းလိုဆို အချိန်ပြည့်ရတဲ့အလုပ်တခုခုဝင်လုပ်လိုက်တော့မှာ။
ယခုလည်း အလုပ်ဆင်းသည်နှင့် စာကြည့်တိုက်သွားရာလမ်းတွင် ကြော်ငြာဘုတ်တွေမှာ -
အလှကုန်၊ ရုပ်ရှင်ထုတ်လုပ်ရေးနဲ့မော်ဒယ်လ်အေဂျင်စီလောကရဲ့ ဉသျှောင်ဖြစ်သော
The Universe လုပ်ငန်းစုမှ မော်ဒယ်လ်သစ်လေးတွေခေါ်ယူနေလေသည်။

Catway ပေါ်မှာ The Universeရဲ့ နာမည်ကြီးမော်ဒယ်လ်တွေလမ်းလျှောက်နေတဲ့ပုံတွေပြထားပြီး

" ကိုယ့်ကိုယ်ကို မော်ဒယ်လ်ဖြစ်ဖို့ ယုံကြည်ချက်ရှိရင် The Universe ကိုလာခဲ့တော့"

ကြွကြွရွရွလမ်းလျှောက်နေကြသော မော်ဒယ်လ်လေးများကိုကြည့်ပြီး အချစ်ပန်း အားကျနေသည်။

" သူတို့တွေကတော့ချောတာကိုး ငါ့မှာတော့အလုပ်မှာတောင် ရုပ်မချောလို့မျက်နှာငယ်ရ။ ဟူး ဘဝကြီးကမလွယ်လိုက်တာနော်"

စာကြည့်တိုက်ရောက်တော့ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာကိုအပြီးတင်လိုက်တော့သည်။

"ခုမှပဲ ဝန်ထုပ်ဝန်ပိုးကြီးလျော့သွားတော့တယ်။ Result က Februaryမှထွက်မှာဆိုတော့ ၂ လတောင်လိုသေးတယ်၊ အလုပ်တစ်ခုလောက်ထပ်ရှာကြည့်ဦးမှ"
..........................................................................................................................
ညစာထမင်းဝိုင်းလေးက ပဲပိစပ်သုပ်နှင့်ဟင်းချိုလေးသာရှိပေမယ့် အလုပ်ပန်းလာတာရော ဗိုက်ဆာတာကြောင့် ညီမနှစ်ယောက် အသားကုန်လွေးနေတော့သည်။
ပါးစပ်ထဲမှ ထမင်းကိုဝါးရင်း

" မမ ညီမလေးကမလှဘူးလားဟင်"

" ငါ့ညီမလေး ဒိလောက်ချော ဘယ်သူကမလှဘူးပြောလဲ"

" ဒီနေ့ အချိန်ပိုင်းအလုပ်တခုလျှောက်တာ ညီမလေးကအရင်ရောက်ပြီး မေးခွန်းတွေသေချာဖြေပေမယ့် နောက်ကျပီးရောက်လာတဲ့ ခပ်ချောချောကောင်မလေးတွေကိုရောက်တော့ တခါထဲအလုပ်ခန့်လိုက်တာ"

" အဲ့တာ မတရားတာပါ။ တကယ်တမ်းသေချာကြည့်ရင် ငါ့ညီမလေးကတော်တော်လေးချောတယ်။ တချက်ကြည့်ပြီးရင် မမေ့နိုင်တဲ့မျက်ဝန်းတွေရှိတယ်။ နှာခေါင်းချွန်ချွန်လေးနဲ့ မျက်လုံးမျက်ခုံးကလည်းကောင်းပါ့။ အရပ်ကလည်းရှည်တယ် မော်ဒယ်လ်တောင်လုပ်လို့ရတယ်"

မမရဲ့မော်ဒယ်လ်တောင်လုပ်လို့ရတယ်ဆိုတဲ့စကားကြောင့် ညနေက ကြော်ငြာဘုတ်တွေကို မျက်လုံးထဲမြင်ယောင်မိသွားသည်။ သူမသာ မော်ဒယ်လ်ဖြစ်ရင် လှလှပပလေးဝတ်စားလို့ရသည်။
ဝင်ငွေလည်းကောင်းမည်။ ယခုလို အိမ်ခန်းသေးသေးလေးနဲ့ နပ်မမှန်တဲ့ဟင်းခွက်အရေအတွက်ကို စွန့်ပစ်ထားပြီး ကောင်းကောင်းနေ၊ကောင်းကောင်းစားရမည်။ မမလည်း အလုပ်ပင်ပန်းတာတွေမလုပ်ပဲ ဇိမ်ရှိရှိနေနိုင်မည်။ အောင်မြင်သွားရင် branded အထည်တွေဝတ်ရမည်။
သူမစိတ်ကူးထဲ " တောက်ပြောင်ထည်ဝါ"နေသာ သူမကိုယ်သူမ မြင်ယောင်နေမိပြီး မျက်ဝန်းတွေဝင်းလက်သွားပြီး

" ဟုတ်လို့လား မော်ဒယ်လ်လုပ်လို့ရတာ"

မမဆီက "ဟုတ်တာပေါ့"ဆိုတာကြားချင်လို့ သူမသေချာရန် မေးခွန်းထပ်မေးလိုက်သည်။

"တကယ်ပါဆို၊ ညီမလေးသာ အသားအရည်နည်းနည်းလေးဂရုစိုက်မယ်၊ ဆံပင်ပုံစံလေးချိန်းမယ်၊ ခုလို t SHIRT အနွမ်းပွပွကြီးနဲ့ဘောင်းဘီပွပွတွေသာမဝတ်ရင် နတ်သမီးတမျှချောမောလှပနေမှာသိလား"

" အဲ့တာဆိုရင်တော့ ပုံစံချိန်းပီး မော်ဒယ်လုပ်တော့မယ် ကောင်းကောင်းနေ ကောင်းကောင်းစားရအောင်"

"ဒီကောင်မလေးတော့ မော်ဒယ်လ်တိုင်းအဲ့လိုနေရတာမှမဟုတ်တာ အရမ်းပင်ပန်းတဲ့အလုပ်ပဲ"

" ချစ်ပန်းကတော့ ပင်ပန်းတယ် မထင်ပေါင်"

"ကဲ မယ်ချစ်ပန်း စားစရာရှိတာစား၊ တနေတခြားအရိုးပဲကျန်သလားထင်ရတယ်၊ ပဲပိစပ်များများစား အိပ်ပြီး အဆီတိုးအောင်။ ဒါနဲ့ ကြီးမြင့်ပေးတဲ့ အားဆေးတွေမသောက်ဘူးလား အိပ်ယာဘေးမှာတွေ့တယ်။ စေတနာနဲ့ပေးထားတာ ကုန်အောင်သောက်"

" ဆေးသောက်ရတာမှမကြိုက်တာကို"

တကယ်တမ်း အားဆေးတွေသောက်ပြီး အိပ်ချင် စားချင်စိတ်တွေပိုများလာသည်။ ထမင်းသုံးနပ်မှန်အောင် ခြွေတာစားနေရသော သူမတို့ဖို့ စားချင်စိတ်ဖြစ်တာက ပိုက်ဆံပိုကုန်တာကြောင့်လို့တော့ မမကိုမပြောတော့ပေ။
...................................................................................................................................................................................
လူရွေးပွဲအချိန်နိးကပ်နေတာမို့ မမနဲ့သေချာမတိုင်ပင်နိုင်ခဲ့ပေ။ ကြီးမြင့်ကို ပူဆာလွန်းတာကြောင့် စားရိတ်နဲ့အဝတ်ဝယ်ဖို့ပိုက်ဆံထုတ်ချေးပေးလေသည်။
မမ အတွက်စာလေးတစောင်ချန်ထားခဲ့ပြီး လူရွေးပွဲမှာဝင်ပြိုင်ဖို့ K မြို့တော်ကို တစ်ယောက်ထဲထွက်လာခဲ့တော့သည်။
ပြိုင်ပွဲရက်အတွင်း အလုပ်လဲမရှိတော့ အားချိန်တွေ youtubeမှ runway, catwalk နဲ့ Fashion showအကြောင်းတွေလေ့လာနေလိုက်သည်။ ခုလူရွေးပွဲမှာ တခုကောင်းတာက Brain & Beautyကိုပဲ စစ်သေးတာဖြစ်သည်။ အရွေးခံရသော လူ၃ယောက်ကပဲ The Universeရဲ့ တက်သစ်စမော်ဒယ်လ်အဖြစ်နဲ့စာချုပ်ချုပ်ဆိုရမည်။ The Universeပေးတဲ့ မော်ဒယ်လ်လမ်းလျှောက်နည်း သင်တန်းတွေကို သေချာလေ့ကျင့်တက်စေပြီးမှ ပွဲထုတ်မှာဖြစ်လေသည်။

အချစ်ပန်းအတွက် အားသာချက်က ဂေဟာမှာနေစဉ်က အားချိန်တိုင်းစာဖတ်ခဲ့တာတွေ၊ သီလရှင်တွေရဲ့ သင်ပေးမှုကြောင့် အဂ်လိပ်စာလည်းကောင်းမွန်သည်။
ဒါကြောင့် ပထမလူရွေးပွဲအဆင့်မှာ အောင်မြင်ခဲ့လေသည်။
ဒုတိယပွဲမှာလူ၂၀ထဲက သုံးယောက်ရွေးမည်ဟုသိထားလေသည်။ အရမ်းဝါသနာပါလို့လာပြိုင်တာမဟုတ်ပေမယ့် ဘာနေနေ အကောင်းဆုံးကြိုးစားမည်လို့ အချစ်ပန်းဆုံးဖြတ်ထားသည်။
ကံကောင်းလို့ Final မှာပါသွားရင် သူမဘဝလှပမည်လို့ယုံကြည်ထားလေသည်။
တနေကုန်ပွဲကြောင့် ဖုန်းပင်မကြည့်အား။
မမဆီဖုန်းခေါ်မယ်လို့ကြည့်လိုက်တော့ missed callတွေအများကြီးတွေ့လေ၏"

"မမတော့ ငါ့ကိုစားတော့မှာပဲ"

" တူ တူ တူ"

" အေး ညီမလေးအဆင်ပြေလား ၊ စာလေးတစောင်ပဲထားပီး ဖုန်းဆက်တော့လည်းမကိုင် ဗြုန်းစားကြီးဘာအရူးထတာလဲ။ မော်ဒယ်လ်ဖြစ်ချင်တယ်လို့ တခါမှမဟဖူးဘူးလေ"

" အဲံတာတွေထားပါ မမ ညီမလေး မော်ဒယ်လ်ဖြစ်နိုင်တယ်မလား။ "

"ဖြစ်နိုင်ပေမယ့်.............."

"ဖြစ်နိုင်ရင် ရပြီမမ၊ ညီမလေးခု ပထမအဆင့်မှာရွေးခံရပြီးပြီး။ ဒုတိယအဆင့်ရွေးခံရရင် တကယ်မော်ဒယ်လိုဖြစ်ရတော့မှာ မမရဲ့ ။ အဲ့ကျ ပိုက်ဆံတွေအများကြီးရလာရင် အိမ်ခန်းကြီးကြီးမှာနေမယ် မမစားချင်တာတွေဝယ်စားကြမယ်"

၁၈တောင်မပြည့်သေးသည့် ညီမလေးက သူမအတွက်ပင်စေတနာထားနေသည်မို့ အားပေးဖို့ကလွဲရင် ရွေးစရာမရှိတော့ပါ။

" ဟုတ်ပါပြီ ဆုတောင်းပေးမယ်၊ ညီမလေးကသေချာပေါက်ရွေးချယ်ခံရမှာ မမယုံတယ်သိလား"

" ဟုတ်မမ"

"မမလာခဲ့ရမလား ညီမလေးဆီ"

" အာရတယ် မမ ။ မမက ကားမူးတတ်တာကို တစ်ယောက်ထဲလာလို့မဖြစ်ဘူးလေ၊ ညီမလေးက ခုအကုန်အဆင်ပြေတယ်စိတ်ချ"

"ကဲ ဟုတ်ပါပြီ၊ မော်ဒယ်လ်လုပ်မယ့်သူက မျက်ကွင်းညိုနေလို့မဖြစ်ဘူး စောစောအိပ်"

" ဟုတ်မမ good night!"

"good night"ပါ။
....................................................................................................................................................
The Universe လုပ်ငန်းစုရဲ့ ဉက္ကထ ရုံးခန်းထဲတွင်

" ဒုဥက္ကဌ လူရွေးပွဲက ဒုတိယအဆင့်ရောက်ပါပြီ၊ သူဌေးကိုယ်တိုင်သွားဦးမလား"

" မသွားတော့ဘူး အဲ့ဒီအချိန်အစား ရေမွှေးအသစ်ထုတ်ဖို့ ပြင်သစ်ကရေမွှေးပညာရှင်နဲ့တွေ့ဖို့ အချိန်တခုစီစဉ်လိုက်"

" ဟုတ်ကဲ့ ဒုဥက္ကဌ"

" ဒုဥက္ကဌ အရင်စာချုပ်ဖောက်ဖြတ်တဲ့ မော်ဒယ်လ် စွဲ  ကိုတခြားလုပ်ငန်းတွေကလည်း လက်မခံဖို့ပြောထားပြီးပါပြီ"

"ကောင်းပြီ"

အတွင်းရေးမှူးက လက်ပတ်နာရီကိုကြည့်ပြီး

" Royal လုပ်ငန်းစုရဲ့ ဥက္ကဌကြီးနဲ့ နေ့လည်စာစားဖို့ချိန်းထားတာ သွားဖို့အချိန်ရောက်ပါပြီ"

အတွင်းရေးမှူးနောင်ရဲ့ စကားဆုံးသည်နှင့် သူထရပ်လိုက်ပီဲး နက်ခတိုင်သေချာပြုပြင်လိုက်သည်။
ပြီးနောက်ခြေလှမ်းကျဲကြီးတွေနဲ့ ရုံးခန်းထဲကထွက်လာလိုက်လေသည်။

  "အနန္တ" – The Universe လုပ်ငန်းစု ဥက္ကဌကြီးရဲ့ တစ်ဦးထဲသောသား ၊ လက်ရှိ လုပ်ငန်းစုရဲ့ဒုဥက္ကဌ၊ အသက် ၂၅ နှစ်ဖြစ်ပြီး ငယ်ရွယ်ပေမယ့် လုပ်ငန်းကျွမ်းကျင်သည် အကွက်မြင်သည်၊ ပြတ်သားပြီး ရက်စက်တတ်သည်။လုပ်ငန်းမှာ အကျိုးအမြတ်ရရေးကိုသာရှေးရှူသည်မို့ နှစ်စဉ်နှစ်တိုင်း အမြတ်စွန်းတွေက မရေတွက်နိုင်အောင်များပြားသည်။ The Universeရဲ့ အရှိန်အဝါက စီးပွားရေးလောကနေရာတော်တော်များများမှာလွှမ်းမိုးထားလေသည်။

ယခု သွားတွေ့မည့် Royal လုပ်ငန်းစုနှင့် ဘိုးစဉ်ဘောင်ဆက် လုပ်ငန်းမိတ်ဖက်တွေဖြစ်ပြီး " ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ" နေသော လုပ်ငန်းစုနှစ်ခုဖြစ်လေသည်။ နောက်ပြီး Royal လုပ်ငန်းစု၏ ဆက်ခံသူဖြစ်လာမည့် " မိုးမြေသစ္စာ"နဲ့ "အနန္တ" ကလည်း ငယ်သူငယ်ချင်းတွေဖြစ်သည်မို့ ဆက်ဆံရေး ပိုမိုအားကောင်းကာ လုပ်ငန်းချဲ့ထွန်မှုတွေနဲ့ရေရှည်အကျိုးအမြတ်ရရှိစေရေးကို အကျိုးသက်ရောက်လေသည်။
..........
အနန္တ စားပွဲပေါ်က ပုံ၃ ပုံကိုကြည့်နေလေသည်။ ထိုအထဲမှ အရပ်အရှည်ဆုံးနဲ့ခန္ဓာကိုယ်သွယ်ပြီး မျက်လုံးတွေသူများနဲ့မတူ ထူးခြားတဲ့ ကောင်မလေးပုံကိုရွေးလိုက်သည်။ ပြီးနောက် ကိုယ်ရေးအကျဉ်းကိုဖတ်နေလိုက်သည်။
နာမည်က _ လာဗန်ဒါ
အသက်က  - ၁၈ နှစ်
မိသားစုနောက်ခံ - Saint Orphan (မိဘမဲ့ဂေဟာ) တဲ့ - ဒါဆို နောက်ကျောင်းလည်းရှင်းတာမို့ သူတချက်ပြုံးမိသွားသည်။
" နောင်ရိုး"
"ဗျာ ဒုဥက္ကဌ"
အနန္တ လက်ထဲက ဓာတ်ပုံကို သေချာစိုက်ကြည့်နေရင်း
" လာဗင်ဒါ ဆိုတဲ့ ကောင်မလေးကို စွဲ နေရာမှာအစားထိုးပေးပါ"
" ဟုတ်ကဲ့ ဒုဥက္ကဌ"
" ဒီလအတွင်းရအောင် စီစဉ်ပေးပါ၊ ကျန်းမာရေးဆေးစစ်ဖို့မမေ့ပါနဲ့ ။"
"အော် ပြီးတော့ စာချုပ် ချုပ်ရရင် စည်းမျဉ်းအသစ်တခုထည့်ချင်သေးတယ်"
" ဟုတ်ကဲ့ စီစဉ်ပြီးတာနဲ့ တင်ပြပါ့မယ်"
နောင်ရိုးကို မှာစရာရှိတာမှာပြီးတာနဲ့ ဆေးလိပ်သောက်ရန် သူရဲ့ အထူးခန်းထဲထွက်လာလိုက်လေသည်။
.........................................................................................................
" မမ‌ ရေ ၊ ချစ်ပန်းလေ မော်ဒယ်လ်ဖြစ်တော့မှာ အရွေးခံရတယ်သိလား, ကြီးမြင့်ကိုပြောပေးပါဦး ကျေးဇူးဆပ်မယ်လို့"
"ဟုတ်ပါပြီ မမတော့ ဝမ်းသာလိုက်တာ"
" ဆင်းရဲတွင်းကနေ လွတ်တော့မယ်မမ"
အချစ်ပန်း ဒီလိုဆိုတော့ မိုးသွန်း ဝမ်းနည်း ဝမ်းသာဖြစ်ရသည်။
ဝမ်းနည်းတာက ဒီလောက်ထဲဝင်ပြီဆို ကျောင်းတက်ဖို့အခွင့်နည်းပါးလိမ့်မည်။ မိုးသွန်းကတော့ အချစ်ပန်းကို ဘွဲ့ယူပြီး အချိန်ပြည့်ဝန်ထမ်းဖြစ်စေချင်သည် ဘဝကိုအေးအေးချမ်းချမ်းပဲ ဖြတ်သန်းစေချင်သည်။ ဝမ်းသာမှုဖြစ်တာတော့ သူမလေးပျော်ရွှင်နေပြီး အောင်မြင်သွားရင်ဘဝက ပိုလွယ်ကူလိမ့်မည်လေ။

" Training ကစာချုပ်ချုပ်ပြီးမှ ဆင်းရမှာ။ မမကိုလွမ်းနေတော့မှာပဲ ၊ ညီမလေးမရှိလို့ဆိုပြီး အလုပ်တွေချည်းလုပ်မနေနဲ့နော်။ ကြီးမြင့်ကိုမေးမှာ"
"ဟုတ်ပါပြီ နောက်ဆံမတင်းပါနဲ့ ညီမကြီးရယ်"
" ဟုတ်မမ ဒါဆိုဒါပဲနော် ခု Spa သွားရတော့မှာ ဟီးဟီး"
" ဟုတ်ပါပြီ ဂရုစိုက်နော် ပြီးတော့ ကြိုးစား ညီမလေး"
" ဟုတ်မမ"
"ဒါပဲနော်"
သူမဖုန်းပြောပြီးသည်နှင့် မန်နေဂျာရောက်လာပြီး
"Spaသွားဖို့ အဆင်သင့်ပြင်ကြမယ်။ မနက်ဖြန် ဒုဥက္ကဌနဲ့တွေ့ရဦးမှာ အားလုံးကတောက်ပနေမှဖြစ်မယ်၊ ပြီးရင် စာချုပ်ချုပ်ကြမှာနော်"
" ဟုတ်ကဲ့"
အနိုင်ရတဲ့ ၃ ယောက်ကတပြိုင်ထဲဆိုလိုက်လေ၏။
.......................................................................................
အချိန်လုရေးနေရလို့ မကောင်းရင် ဝေဖန်ပေးကြပါဦးနော်
တပတ် ၃ ပိုင်းတင်ပေးမယ်နော်။
Have a Beautiful Day!!

Note - ဖျော်ဖြေရေးဇာတ်လမ်းဖြစ်လို့
ဘာပညာမှရမှာမဟုတ်ပါဘူး။
စိတ်ကူးယဉ်ဇာတ်လမ်းသက်သက်သာဖြစ်ပါတယ်။

Zawgyi

ေလေျပညႇင္းေလး တိုးေဝွ႕ခဲ့ေသာ အခ်စ္ပန္း - ၁

    ေအးစက္လြန္းတဲ့ေဆာင္းရာသီရဲ့ ညတစ္ည ဝါက်င္က်င္နဲ႔ခပ္မွိန္မွိန္မီးေရာင္ေအာက္ကလမ္းမႀကီးေပၚမွာ ဖိနပ္မပါေျခဗလာျဖင့္ မိန္းကေလးတစ္ေယာက္ အားသြန္ခြန္စိုက္ေျပးေနေလသည္။

အေအးဓာတ္ေၾကာင့္ေျခေထာက္ေတြထုံက်င္ေနေပမယ့္လည္း ေျပးေနတာကရပ္မသြားေပ။

ဒီအေအးဓာတ္က သူမရင္ထဲက စိုးရိမ္မွုေတြ အနိုင္မယူနိုင္ပါ။

" ဒုန္း  ဒုန္း   ဒုန္း"

ပိတ္ထားေသာ ဆိုင္ခန္းတံခါးကို သူမရွိသမၽွအားနဲ႔ထုပစ္လိုက္သည္။

" ဂ်ဳန္း" ဆိုေသာအသံႏွင့္အတူ တံခါးပြင့္သြားၿပီး အထဲက အိမ္မွုန္စုပ္ဖြားနဲ႔ခပ္ဝိုင္းဝိုင္းမ်က္ႏွာတခုေပၚလာေလသည္။

" ႀကီးျမင့္ ေဆးေရာင္းေပးပါဦး
မမ အဖ်ားတက္ၿပီးသတိလစ္ေနလို႔"

" ဟဲ့  အခ်စ္ပန္း၊ နင္ကေလ လုပ္လိုက္ရင္
ေရးႀကီးသုပ္ျပာနဲ႔ခ်ည္းပဲ"

" ဟုတ္တယ္ ခုလဲ အေရးႀကီးေနလို႔
အဖ်ားက်ေဆးျမန္ျမန္ေပး ေပးပါ"

" အဖ်ားတက္ၿပီး သတိလစ္ေနတာဆို အဖ်ားေပ်ာက္ေဆးနဲ႔ဘယ္ရမလဲ။ ေဆး႐ုံသြားမွေပါ့"

" ေဆး႐ုံသြားဖို႔ ကားခေတာင္မရွိတာ ႀကီးျမင့္ရာ ၊ ေဆးသာေပးေပးပါ"

" ဟူး"

ႀကီးျမင့္ဆိုေသာ အသက္ေလးဆယ္ေက်ာ္အေဒၚႀကီးကသက္ပ်င္းခ်လိုက္ၿပီး ေဆးဘူးေတြကိုစစ္ၾကည့္ရင္း အဖ်ားက်ေဆးနဲ႔ အားေဆးတခ်ိဳ႕၊ျဖည့္စြက္စာ အခ်ိဳ႕ကို အခ်ိဳးက်ခြဲၿပီး အိတ္ေလးေတြထဲေနရင္း ပိန္လွီေဖ်ာ့ေတာ့ေနေသာ မိန္းကေလးကို တခ်က္ၾကည့္လိုက္သည္။

" သတိလစ္ေနတာဆို ေဆးနဲ႔မရဘူး၊ ျမန္ျမန္ ကားငွားၿပီးေဆး႐ုံတင္၊ နင္ေက်နပ္ေအာင္ ေဆးေတာ့ထည့္ေပးလိုက္မယ္။ ကားခနဲ႔ေဆး႐ုံစားရိတ္ငါနည္းနည္းေခ်းေပးလိုက္မယ္။"

ေျပာေျပာဆိုဆို ေငြေသတၱာေလးထဲမွ ပိုက္ဆံအခ်ိဳ႕ကိုယူၿပီး ေဆးထုတ္ေတြနဲ႔အတူေပးလိုက္သည္။

တုန္ရီေနေသာလက္ေလးတစုံျဖင့္ လွမ္းယူၿပီး အခ်စ္ပန္းက

" ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ႀကီးျမင့္ ပန္း ေသခ်ာေပါက္ဒီပိုက္ဆံေတြျပန္ဆပ္ပါ့မယ္"

ေခါင္းငုံ႔အရိုအေသေပးၿပီး ေျခဖဝါးေသးေသးေလးေတြက လၽွင္ျမန္ေသာအရွိန္ျဖင့္ လမ္းမေပၚမွ တျဖည္းျဖည္းေပ်ာက္ကြယ္သြားသည္။

အခ်စ္ပန္း  သူမတို႔ငွားေနၾကတဲ့ အိမ္ခန္းေလးထဲေရာက္ေတာ့ ကုတင္ေပၚမွာေမ့ေနတဲ့ သူမ မမကိုေက်ာေပၚတင္ၿပီး ပိုးလိုက္သည္။

ေအာက္မွာ လမ္းထဲမွ တကၠစီ ဆြဲေသာ ဦးေလးႀကီးကိုလည္း ဝင္ႏွိုးခဲ့လို႔ ေစာင့္ေနၿပီျဖစ္သည္။

ေဆး႐ုံေရာက္ေတာ့ အဖ်ားႀကီးေနတဲ့ မမမိုးသြန္းကို ေရပတ္တိုက္ေပးၿပီးေနာက္ ဆရာဝန္က ေဆးသြင္းေပးေလ၏။

မမရဲ့ နဖူးေလးကို စမ္းလိုက္ေတာ့ ကိုယ္ပူေနတာ သက္သာေနၿပီ။

တေလာကလုံးေျပးၾကည့္မွ မမႏွင့္သူမ ၿပီးေတာ့ ခင္တြယ္စရာ မိဘမဲ့ေဂဟာမွ သီလရွင္ေတြနဲ႔ သူမတို႔လိုစြန႔္ပစ္ခံ ကေလးေလးေတြပဲရွိသည္။

ကေလးမလိုခ်င္ရင္လဲ တားၾကေပါ့၊ ခုေတာ့ သူမတို႔လို႔ဘဝေတြက ေမတၱာငတ္ငတ္နဲ႔ႀကီးပ်င္းလာခဲ့ရတာ တခါတေလ သာမာန္ကေလးေတြလိုမ်ိဳးမဟုတ္တတ္ေပ။

ေဂဟာက အသက္၁၈ ျပည့္ရင္ လက္မခံေတာ့ပဲ အလုပ္ရွာေပးၿပီး ကိုယ္ပိုင္ဘဝကို တည္ေဆာက္ခိုင္းေတာ့သည္။

ကံေကာင္းသူမ်ားကေတာ့ ငယ္ငယ္ေလးႏွင့္ေမြးစားမိဘမ်ားရတတ္ၿပီး မိသားစုႏွင့္ေနရသည္။

ေမြးစားမိဘမေတြ႕သူမ်ားကေတာ့ အသက္၁၈ ျပည့္တာႏွင့္ထြက္ရသည္။

မမမိုးသြန္းက သူမထက္ ေလးႏွစ္ႀကီးသည္။ မမႏွင့္သူမက ေဂဟာမွာကတည္းက တခန္းထဲတူတူေနၿပီး မမက သူမကိုေစာင့္ေရွာက္ရသည္။

ေဂဟာက ကေလးေတြတိုင္း အငယ္ေလးကို အႀကီးေတြက ထိန္း ဒီလိုျဖင့္လည္ပတ္ရသည္။မဟုတ္ရင္ ကေလးေတြမ်ားေသာေၾကာင့္ သီလရွင္ေတြက တစ္ေယာက္ခ်င္းလိုက္မၾကည့္နိုင္ပါ။

မမက အသက္ ၁၈ျပည့္ေတာ့ ေဂဟာကအရင္ထြက္ရသည္။ အခ်စ္ပန္းလည္း ေမြးစားမိဘေမၽွာ္ေပမယ့္ ပိန္လွီေဖ်ာ့ေတာ့၍ေရာဂါသည္ပုံေပါက္ေနေသာ သူမကို ေရွာင္သြားတတ္ၾကသည္။

အသက္၁၈ ျပည့္ေတာ့ သူမလည္း ေဂဟာကို ႏွုတ္ဆက္ရေတာ့သည္။

တစ္ေယာက္တည္းေနေသာ မမက သူမကို အတူေနရန္ လာေခၚေပးလို႔တာေတာ္ေတာ့သည္။

ဒါ့ျပင္ မမက အခ်စ္ပန္းကို တကၠသိုလ္တက္ဖို႔ျပင္ဆင္ေစသည္။

သူမကိုယ္တိုင္လည္း အလုပ္ေတြကုန္း႐ုန္းလုပ္တတ္သည္။ စားခ်ိန္ အိပ္ခ်ိန္မမွန္တတ္ေပ။

ခုလည္း ဖ်ားေနတာ ႏွစ္ရက္ၾကာၿပီကို အလုပ္ကသြားေသးသည္။
အခ်စ္ပန္းကိုေတာ့ ၿမိဳ႕က စာၾကည့္တိုက္မွာသြားၿပီး တကၠသိုလ္တက္ဖို႔ လိုအပ္သည္မ်ားျပင္ဆင္ေစသည္။ ကြန္ပ်ဴတာ တစ္လုံးပင္မဝယ္နိုင္လို႔ စာၾကည့္တိုက္မွာ လွူထားတဲ့ ကြန္ပ်ဴတာနဲ႔ တကၠသိုလ္ဝင္ခြင့္ေျဖလႊာမ်ားျပင္ဆင္ရသည္။
အခ်စ္ပန္း စာၾကည့္တိုက္မွျပန္လာေတာ့ မိုးခ်ဳပ္ေနၿပီ၊  မမကိုအိပ္ေနသည္ထင္လိုက္တာ တြဲေလာင္းျဖစ္ေနေသာ လက္ကို ကုတင္ေပၚတင္ဖို႔ကိုင္လိုက္မွ ပူျခစ္ေတာက္ေနေလ၏။
ေခၚၾကည့္ေတာ့ႏွိုးမရ၊ သတိလစ္မွန္းသိပီး ခု ေဆး႐ုံတက္လာရသည္အထိ။

" ဟင္ မမ နိုးပီလား"

ကုတင္ေပၚငုတ္တုတ္ထိုင္ေနေသာ မမက ကုတင္ေပၚေခါင္းတင္ပီးအိပ္ေနေသာ သူမကိုၾကည့္ေနေလ၏။

"ဟုတ္တယ္ေလ၊ မမ ေနေကာင္းၿပီ၊ ေဆး႐ုံဆင္းၾကစို႔"

" အရွင္းေပ်ာက္မွဆင္းရေအာင္ မမရယ္"

"ေပ်ာက္ေနၿပီပဲကို"

"တရက္ေလာက္ထပ္ေနလိုက္ဦးေနာ္။ မမက်န္းမာမွ အလုပ္ေတြပိုလုပ္နိုင္မွာ ခုေတာ့ အနားယူဦးေနာ္"

အခ်စ္ပန္း သိပါသည္ မမကေတာ့ ေဆး႐ုံစားရိတ္ကုန္မွာ အလုပ္မလုပ္ရမွာပူေနတာမွန္း။

ေဆး႐ုံမွာ ၂ရက္ေနၿပီး ဆင္းလာသည္။ ေနာက္ရက္ေတာ့ မမကလည္းပုံမွန္သူမအလုပ္ ျပန္ဝင္သလို အခ်စ္ပန္းလည္း အလုပ္ရွာေတာ့သည္။
လုပ္ရသည့္ အခ်ိန္ပိုင္းအလုပ္ေတြကလည္း နိုင္ငံရဲ့ေပၚလစီအရ ေက်ာင္းသားေတြပိုေခၚတတ္လို႔ ရွာရခက္သည္။ ၿပီးေတာ့ အခ်စ္ပန္း လက္ရွိလုပ္ေနတဲ့ ပါဆယ္ပို႔တာကလည္း လုပ္ခသိပ့္မရ။
မမ ဆႏၵေၾကာင့္သာ ေက်ာင္းတက္ဖို႔ျပင္ေနရတာ အခ်စ္ပန္းလိုဆို အခ်ိန္ျပည့္ရတဲ့အလုပ္တခုခုဝင္လုပ္လိုက္ေတာ့မွာ။
ယခုလည္း အလုပ္ဆင္းသည္ႏွင့္ စာၾကည့္တိုက္သြားရာလမ္းတြင္ ေၾကာ္ျငာဘုတ္ေတြမွာ -
အလွကုန္၊ ႐ုပ္ရွင္ထုတ္လုပ္ေရးနဲ႔ေမာ္ဒယ္လ္ေအဂ်င္စီေလာကရဲ့ ဉေသၽွာင္ျဖစ္ေသာ
The Universe လုပ္ငန္းစုမွ ေမာ္ဒယ္လ္သစ္ေလးေတြေခၚယူေနေလသည္။

Catway ေပၚမွာ The Universeရဲ့ နာမည္ႀကီးေမာ္ဒယ္လ္ေတြလမ္းေလၽွာက္ေနတဲ့ပုံေတြျပထားၿပီး

" ကိုယ့္ကိုယ္ကို ေမာ္ဒယ္လ္ျဖစ္ဖို႔ ယုံၾကည္ခ်က္ရွိရင္ The Universe ကိုလာခဲ့ေတာ့"

ႂကြႂကြရြရြလမ္းေလၽွာက္ေနၾကေသာ ေမာ္ဒယ္လ္ေလးမ်ားကိုၾကည့္ၿပီး အခ်စ္ပန္း အားက်ေနသည္။

" သူတို႔ေတြကေတာ့ေခ်ာတာကိုး ငါ့မွာေတာ့အလုပ္မွာေတာင္ ႐ုပ္မေခ်ာလို႔မ်က္ႏွာငယ္ရ။ ဟူး ဘဝႀကီးကမလြယ္လိုက္တာေနာ္"

စာၾကည့္တိုက္ေရာက္ေတာ့ တကၠသိုလ္ဝင္ခြင့္ေလၽွာက္လႊာကိုအၿပီးတင္လိုက္ေတာ့သည္။

"ခုမွပဲ ဝန္ထုပ္ဝန္ပိုးႀကီးေလ်ာ့သြားေတာ့တယ္။ Result က Februaryမွထြက္မွာဆိုေတာ့ ၂ လေတာင္လိုေသးတယ္၊ အလုပ္တစ္ခုေလာက္ထပ္ရွာၾကည့္ဦးမွ"
..........................................................................................................................
ညစာထမင္းဝိုင္းေလးက ပဲပိစပ္သုပ္ႏွင့္ဟင္းခ်ိဳေလးသာရွိေပမယ့္ အလုပ္ပန္းလာတာေရာ ဗိုက္ဆာတာေၾကာင့္ ညီမႏွစ္ေယာက္ အသားကုန္ေလြးေနေတာ့သည္။
ပါးစပ္ထဲမွ ထမင္းကိုဝါးရင္း

" မမ ညီမေလးကမလွဘူးလားဟင္"

" ငါ့ညီမေလး ဒိေလာက္ေခ်ာ ဘယ္သူကမလွဘူးေျပာလဲ"

" ဒီေန႔ အခ်ိန္ပိုင္းအလုပ္တခုေလၽွာက္တာ ညီမေလးကအရင္ေရာက္ၿပီး ေမးခြန္းေတြေသခ်ာေျဖေပမယ့္ ေနာက္က်ပီးေရာက္လာတဲ့ ခပ္ေခ်ာေခ်ာေကာင္မေလးေတြကိုေရာက္ေတာ့ တခါထဲအလုပ္ခန႔္လိုက္တာ"

" အဲ့တာ မတရားတာပါ။ တကယ္တမ္းေသခ်ာၾကည့္ရင္ ငါ့ညီမေလးကေတာ္ေတာ္ေလးေခ်ာတယ္။ တခ်က္ၾကည့္ၿပီးရင္ မေမ့နိုင္တဲ့မ်က္ဝန္းေတြရွိတယ္။ ႏွာေခါင္းခၽြန္ခၽြန္ေလးနဲ႔ မ်က္လုံးမ်က္ခုံးကလည္းေကာင္းပါ့။ အရပ္ကလည္းရွည္တယ္ ေမာ္ဒယ္လ္ေတာင္လုပ္လို႔ရတယ္"

မမရဲ့ေမာ္ဒယ္လ္ေတာင္လုပ္လို႔ရတယ္ဆိုတဲ့စကားေၾကာင့္ ညေနက ေၾကာ္ျငာဘုတ္ေတြကို မ်က္လုံးထဲျမင္ေယာင္မိသြားသည္။ သူမသာ ေမာ္ဒယ္လ္ျဖစ္ရင္ လွလွပပေလးဝတ္စားလို႔ရသည္။
ဝင္ေငြလည္းေကာင္းမည္။ ယခုလို အိမ္ခန္းေသးေသးေလးနဲ႔ နပ္မမွန္တဲ့ဟင္းခြက္အေရအတြက္ကို စြန႔္ပစ္ထားၿပီး ေကာင္းေကာင္းေန၊ေကာင္းေကာင္းစားရမည္။ မမလည္း အလုပ္ပင္ပန္းတာေတြမလုပ္ပဲ ဇိမ္ရွိရွိေနနိုင္မည္။ ေအာင္ျမင္သြားရင္ branded အထည္ေတြဝတ္ရမည္။
သူမစိတ္ကူးထဲ " ေတာက္ေျပာင္ထည္ဝါ"ေနသာ သူမကိုယ္သူမ ျမင္ေယာင္ေနမိၿပီး မ်က္ဝန္းေတြဝင္းလက္သြားၿပီး

" ဟုတ္လို႔လား ေမာ္ဒယ္လ္လုပ္လို႔ရတာ"

မမဆီက "ဟုတ္တာေပါ့"ဆိုတာၾကားခ်င္လို႔ သူမေသခ်ာရန္ ေမးခြန္းထပ္ေမးလိုက္သည္။

"တကယ္ပါဆို၊ ညီမေလးသာ အသားအရည္နည္းနည္းေလးဂ႐ုစိုက္မယ္၊ ဆံပင္ပုံစံေလးခ်ိန္းမယ္၊ ခုလို t SHIRT အႏြမ္းပြပြႀကီးနဲ႔ေဘာင္းဘီပြပြေတြသာမဝတ္ရင္ နတ္သမီးတမၽွေခ်ာေမာလွပေနမွာသိလား"

" အဲ့တာဆိုရင္ေတာ့ ပုံစံခ်ိန္းပီး ေမာ္ဒယ္လုပ္ေတာ့မယ္ ေကာင္းေကာင္းေန ေကာင္းေကာင္းစားရေအာင္"

"ဒီေကာင္မေလးေတာ့ ေမာ္ဒယ္လ္တိုင္းအဲ့လိုေနရတာမွမဟုတ္တာ အရမ္းပင္ပန္းတဲ့အလုပ္ပဲ"

" ခ်စ္ပန္းကေတာ့ ပင္ပန္းတယ္ မထင္ေပါင္"

"ကဲ မယ္ခ်စ္ပန္း စားစရာရွိတာစား၊ တေနတျခားအရိုးပဲက်န္သလားထင္ရတယ္၊ ပဲပိစပ္မ်ားမ်ားစား အိပ္ၿပီး အဆီတိုးေအာင္။ ဒါနဲ႔ ႀကီးျမင့္ေပးတဲ့ အားေဆးေတြမေသာက္ဘူးလား အိပ္ယာေဘးမွာေတြ႕တယ္။ ေစတနာနဲ႔ေပးထားတာ ကုန္ေအာင္ေသာက္"

" ေဆးေသာက္ရတာမွမႀကိဳက္တာကို"

တကယ္တမ္း အားေဆးေတြေသာက္ၿပီး အိပ္ခ်င္ စားခ်င္စိတ္ေတြပိုမ်ားလာသည္။ ထမင္းသုံးနပ္မွန္ေအာင္ ေႁခြတာစားေနရေသာ သူမတို႔ဖို႔ စားခ်င္စိတ္ျဖစ္တာက ပိုက္ဆံပိုကုန္တာေၾကာင့္လို႔ေတာ့ မမကိုမေျပာေတာ့ေပ။
...................................................................................................................................................................................
လူေရြးပြဲအခ်ိန္နိးကပ္ေနတာမို႔ မမနဲ႔ေသခ်ာမတိုင္ပင္နိုင္ခဲ့ေပ။ ႀကီးျမင့္ကို ပူဆာလြန္းတာေၾကာင့္ စားရိတ္နဲ႔အဝတ္ဝယ္ဖို႔ပိုက္ဆံထုတ္ေခ်းေပးေလသည္။
မမ အတြက္စာေလးတေစာင္ခ်န္ထားခဲ့ၿပီး လူေရြးပြဲမွာဝင္ၿပိဳင္ဖို႔ K ၿမိဳ႕ေတာ္ကို တစ္ေယာက္ထဲထြက္လာခဲ့ေတာ့သည္။
ၿပိဳင္ပြဲရက္အတြင္း အလုပ္လဲမရွိေတာ့ အားခ်ိန္ေတြ youtubeမွ runway, catwalk နဲ႔ Fashion showအေၾကာင္းေတြေလ့လာေနလိုက္သည္။ ခုလူေရြးပြဲမွာ တခုေကာင္းတာက Brain & Beautyကိုပဲ စစ္ေသးတာျဖစ္သည္။ အေရြးခံရေသာ လူ၃ေယာက္ကပဲ The Universeရဲ့ တက္သစ္စေမာ္ဒယ္လ္အျဖစ္နဲ႔စာခ်ဳပ္ခ်ဳပ္ဆိုရမည္။ The Universeေပးတဲ့ ေမာ္ဒယ္လ္လမ္းေလၽွာက္နည္း သင္တန္းေတြကို ေသခ်ာေလ့က်င့္တက္ေစၿပီးမွ ပြဲထုတ္မွာျဖစ္ေလသည္။

အခ်စ္ပန္းအတြက္ အားသာခ်က္က ေဂဟာမွာေနစဥ္က အားခ်ိန္တိုင္းစာဖတ္ခဲ့တာေတြ၊ သီလရွင္ေတြရဲ့ သင္ေပးမွုေၾကာင့္ အဂ္လိပ္စာလည္းေကာင္းမြန္သည္။
ဒါေၾကာင့္ ပထမလူေရြးပြဲအဆင့္မွာ ေအာင္ျမင္ခဲ့ေလသည္။
ဒုတိယပြဲမွာလူ၂၀ထဲက သုံးေယာက္ေရြးမည္ဟုသိထားေလသည္။ အရမ္းဝါသနာပါလို႔လာၿပိဳင္တာမဟုတ္ေပမယ့္ ဘာေနေန အေကာင္းဆုံးႀကိဳးစားမည္လို႔ အခ်စ္ပန္းဆုံးျဖတ္ထားသည္။
ကံေကာင္းလို႔ Final မွာပါသြားရင္ သူမဘဝလွပမည္လို႔ယုံၾကည္ထားေလသည္။
တေနကုန္ပြဲေၾကာင့္ ဖုန္းပင္မၾကည့္အား။
မမဆီဖုန္းေခၚမယ္လို႔ၾကည့္လိုက္ေတာ့ missed callေတြအမ်ားႀကီးေတြ႕ေလ၏"

"မမေတာ့ ငါ့ကိုစားေတာ့မွာပဲ"

" တူ တူ တူ"

" ေအး ညီမေလးအဆင္ေျပလား ၊ စာေလးတေစာင္ပဲထားပီး ဖုန္းဆက္ေတာ့လည္းမကိုင္ ျဗဳန္းစားႀကီးဘာအ႐ူးထတာလဲ။ ေမာ္ဒယ္လ္ျဖစ္ခ်င္တယ္လို႔ တခါမွမဟဖူးဘူးေလ"

" အဲံတာေတြထားပါ မမ ညီမေလး ေမာ္ဒယ္လ္ျဖစ္နိုင္တယ္မလား။ "

"ျဖစ္နိုင္ေပမယ့္.............."

"ျဖစ္နိုင္ရင္ ရၿပီမမ၊ ညီမေလးခု ပထမအဆင့္မွာေရြးခံရၿပီးၿပီး။ ဒုတိယအဆင့္ေရြးခံရရင္ တကယ္ေမာ္ဒယ္လိုျဖစ္ရေတာ့မွာ မမရဲ့ ။ အဲ့က် ပိုက္ဆံေတြအမ်ားႀကီးရလာရင္ အိမ္ခန္းႀကီးႀကီးမွာေနမယ္ မမစားခ်င္တာေတြဝယ္စားၾကမယ္"

၁၈ေတာင္မျပည့္ေသးသည့္ ညီမေလးက သူမအတြက္ပင္ေစတနာထားေနသည္မို႔ အားေပးဖို႔ကလြဲရင္ ေရြးစရာမရွိေတာ့ပါ။

" ဟုတ္ပါၿပီ ဆုေတာင္းေပးမယ္၊ ညီမေလးကေသခ်ာေပါက္ေရြးခ်ယ္ခံရမွာ မမယုံတယ္သိလား"

" ဟုတ္မမ"

"မမလာခဲ့ရမလား ညီမေလးဆီ"

" အာရတယ္ မမ ။ မမက ကားမူးတတ္တာကို တစ္ေယာက္ထဲလာလို႔မျဖစ္ဘူးေလ၊ ညီမေလးက ခုအကုန္အဆင္ေျပတယ္စိတ္ခ်"

"ကဲ ဟုတ္ပါၿပီ၊ ေမာ္ဒယ္လ္လုပ္မယ့္သူက မ်က္ကြင္းညိဳေနလို႔မျဖစ္ဘူး ေစာေစာအိပ္"

" ဟုတ္မမ good night!"

"good night"ပါ။
....................................................................................................................................................
The Universe လုပ္ငန္းစုရဲ့ ဉကၠထ ႐ုံးခန္းထဲတြင္

" ဒုဥကၠဌ လူေရြးပြဲက ဒုတိယအဆင့္ေရာက္ပါၿပီ၊ သူေဌးကိုယ္တိုင္သြားဦးမလား"

" မသြားေတာ့ဘူး အဲ့ဒီအခ်ိန္အစား ေရေမႊးအသစ္ထုတ္ဖို႔ ျပင္သစ္ကေရေမႊးပညာရွင္နဲ႔ေတြ႕ဖို႔ အခ်ိန္တခုစီစဥ္လိုက္"

" ဟုတ္ကဲ့ ဒုဥကၠဌ"

" ဒုဥကၠဌ အရင္စာခ်ဳပ္ေဖာက္ျဖတ္တဲ့ ေမာ္ဒယ္လ္ စြဲ  ကိုတျခားလုပ္ငန္းေတြကလည္း လက္မခံဖို႔ေျပာထားၿပီးပါၿပီ"

"ေကာင္းၿပီ"

အတြင္းေရးမွူးက လက္ပတ္နာရီကိုၾကည့္ၿပီး

" Royal လုပ္ငန္းစုရဲ့ ဥကၠဌႀကီးနဲ႔ ေန႔လည္စာစားဖို႔ခ်ိန္းထားတာ သြားဖို႔အခ်ိန္ေရာက္ပါၿပီ"

အတြင္းေရးမွူးေနာင္ရဲ့ စကားဆုံးသည္ႏွင့္ သူထရပ္လိုက္ပီဲး နက္ခတိုင္ေသခ်ာျပဳျပင္လိုက္သည္။
ၿပီးေနာက္ေျခလွမ္းက်ဲႀကီးေတြနဲ႔ ႐ုံးခန္းထဲကထြက္လာလိုက္ေလသည္။

  "အနႏၲ" – The Universe လုပ္ငန္းစု ဥကၠဌႀကီးရဲ့ တစ္ဦးထဲေသာသား ၊ လက္ရွိ လုပ္ငန္းစုရဲ့ဒုဥကၠဌ၊ အသက္ ၂၅ ႏွစ္ျဖစ္ၿပီး ငယ္ရြယ္ေပမယ့္ လုပ္ငန္းကၽြမ္းက်င္သည္ အကြက္ျမင္သည္၊ ျပတ္သားၿပီး ရက္စက္တတ္သည္။လုပ္ငန္းမွာ အက်ိဳးအျမတ္ရေရးကိုသာေရွးရွူသည္မို႔ ႏွစ္စဥ္ႏွစ္တိုင္း အျမတ္စြန္းေတြက မေရတြက္နိုင္ေအာင္မ်ားျပားသည္။ The Universeရဲ့ အရွိန္အဝါက စီးပြားေရးေလာကေနရာေတာ္ေတာ္မ်ားမ်ားမွာလႊမ္းမိုးထားေလသည္။

ယခု သြားေတြ႕မည့္ Royal လုပ္ငန္းစုႏွင့္ ဘိုးစဥ္ေဘာင္ဆက္ လုပ္ငန္းမိတ္ဖက္ေတြျဖစ္ၿပီး " ကိုင္းကၽြန္းမွီ၊ ကၽြန္းကိုင္းမွီ" ေနေသာ လုပ္ငန္းစုႏွစ္ခုျဖစ္ေလသည္။ ေနာက္ၿပီး Royal လုပ္ငန္းစု၏ ဆက္ခံသူျဖစ္လာမည့္ " မိုးေျမသစၥာ"နဲ႔ "အနႏၲ" ကလည္း ငယ္သူငယ္ခ်င္းေတြျဖစ္သည္မို႔ ဆက္ဆံေရး ပိုမိုအားေကာင္းကာ လုပ္ငန္းခ်ဲ႕ထြန္မွုေတြနဲ႔ေရရွည္အက်ိဳးအျမတ္ရရွိေစေရးကို အက်ိဳးသက္ေရာက္ေလသည္။
..........
အနႏၲ စားပြဲေပၚက ပုံ၃ ပုံကိုၾကည့္ေနေလသည္။ ထိုအထဲမွ အရပ္အရွည္ဆုံးနဲ႔ခႏၶာကိုယ္သြယ္ၿပီး မ်က္လုံးေတြသူမ်ားနဲ႔မတူ ထူးျခားတဲ့ ေကာင္မေလးပုံကိုေရြးလိုက္သည္။ ၿပီးေနာက္ ကိုယ္ေရးအက်ဥ္းကိုဖတ္ေနလိုက္သည္။
နာမည္က _ လာဗန္ဒါ
အသက္က  - ၁၈ ႏွစ္
မိသားစုေနာက္ခံ - Saint Orphan (မိဘမဲ့ေဂဟာ) တဲ့ - ဒါဆို ေနာက္ေက်ာင္းလည္းရွင္းတာမို႔ သူတခ်က္ျပဳံးမိသြားသည္။
" ေနာင္ရိုး"
"ဗ်ာ ဒုဥကၠဌ"
အနႏၲ လက္ထဲက ဓာတ္ပုံကို ေသခ်ာစိုက္ၾကည့္ေနရင္း
" လာဗင္ဒါ ဆိုတဲ့ ေကာင္မေလးကို စြဲ ေနရာမွာအစားထိုးေပးပါ"
" ဟုတ္ကဲ့ ဒုဥကၠဌ"
" ဒီလအတြင္းရေအာင္ စီစဥ္ေပးပါ၊ က်န္းမာေရးေဆးစစ္ဖို႔မေမ့ပါနဲ႔ ။"
"ေအာ္ ၿပီးေတာ့ စာခ်ဳပ္ ခ်ဳပ္ရရင္ စည္းမ်ဥ္းအသစ္တခုထည့္ခ်င္ေသးတယ္"
" ဟုတ္ကဲ့ စီစဥ္ၿပီးတာနဲ႔ တင္ျပပါ့မယ္"
ေနာင္ရိုးကို မွာစရာရွိတာမွာၿပီးတာနဲ႔ ေဆးလိပ္ေသာက္ရန္ သူရဲ့ အထူးခန္းထဲထြက္လာလိုက္ေလသည္။
.........................................................................................................
" မမ‌ ေရ ၊ ခ်စ္ပန္းေလ ေမာ္ဒယ္လ္ျဖစ္ေတာ့မွာ အေရြးခံရတယ္သိလား, ႀကီးျမင့္ကိုေျပာေပးပါဦး ေက်းဇူးဆပ္မယ္လို႔"
"ဟုတ္ပါၿပီ မမေတာ့ ဝမ္းသာလိုက္တာ"
" ဆင္းရဲတြင္းကေန လြတ္ေတာ့မယ္မမ"
အခ်စ္ပန္း ဒီလိုဆိုေတာ့ မိုးသြန္း ဝမ္းနည္း ဝမ္းသာျဖစ္ရသည္။
ဝမ္းနည္းတာက ဒီေလာက္ထဲဝင္ၿပီဆို ေက်ာင္းတက္ဖို႔အခြင့္နည္းပါးလိမ့္မည္။ မိုးသြန္းကေတာ့ အခ်စ္ပန္းကို ဘြဲ႕ယူၿပီး အခ်ိန္ျပည့္ဝန္ထမ္းျဖစ္ေစခ်င္သည္ ဘဝကိုေအးေအးခ်မ္းခ်မ္းပဲ ျဖတ္သန္းေစခ်င္သည္။ ဝမ္းသာမွုျဖစ္တာေတာ့ သူမေလးေပ်ာ္ရႊင္ေနၿပီး ေအာင္ျမင္သြားရင္ဘဝက ပိုလြယ္ကူလိမ့္မည္ေလ။

" Training ကစာခ်ဳပ္ခ်ဳပ္ၿပီးမွ ဆင္းရမွာ။ မမကိုလြမ္းေနေတာ့မွာပဲ ၊ ညီမေလးမရွိလို႔ဆိုၿပီး အလုပ္ေတြခ်ည္းလုပ္မေနနဲ႔ေနာ္။ ႀကီးျမင့္ကိုေမးမွာ"
"ဟုတ္ပါၿပီ ေနာက္ဆံမတင္းပါနဲ႔ ညီမႀကီးရယ္"
" ဟုတ္မမ ဒါဆိုဒါပဲေနာ္ ခု Spa သြားရေတာ့မွာ ဟီးဟီး"
" ဟုတ္ပါၿပီ ဂ႐ုစိုက္ေနာ္ ၿပီးေတာ့ ႀကိဳးစား ညီမေလး"
" ဟုတ္မမ"
"ဒါပဲေနာ္"
သူမဖုန္းေျပာၿပီးသည္ႏွင့္ မန္ေနဂ်ာေရာက္လာၿပီး
"Spaသြားဖို႔ အဆင္သင့္ျပင္ၾကမယ္။ မနက္ျဖန္ ဒုဥကၠဌနဲ႔ေတြ႕ရဦးမွာ အားလုံးကေတာက္ပေနမွျဖစ္မယ္၊ ၿပီးရင္ စာခ်ဳပ္ခ်ဳပ္ၾကမွာေနာ္"
" ဟုတ္ကဲ့"
အနိုင္ရတဲ့ ၃ ေယာက္ကတၿပိဳင္ထဲဆိုလိုက္ေလ၏။
.......................................................................................
အခ်ိန္လုေရးေနရလို႔ မေကာင္းရင္ ေဝဖန္ေပးၾကပါဦးေနာ္
တပတ္ ၃ ပိုင္းတင္ေပးမယ္ေနာ္။
Have a Beautiful Day!!

Note - ေဖ်ာ္ေျဖေရးဇာတ္လမ္းျဖစ္လို႔
ဘာပညာမွရမွာမဟုတ္ပါဘူး။
စိတ္ကူးယဥ္ဇာတ္လမ္းသက္သက္သာျဖစ္ပါတယ္။

繼續閱讀

You'll Also Like

376K 19.9K 96
All the cameras in the world can't capture how breathtaking she is and I'm selfish enough to keep that image locked up in my mind where no one else o...
1.6M 13.8K 9
Delancy lives with her father and works in his store. When the store falls into debt she agrees to marry the son of her father's wealthy​ friend. Mar...
3.6K 282 7
Just another high school love story
14K 540 10
"ငါ့ကို အဲ့လိုအကြည့်နဲ့မကြည့်နဲ့ ဖန်နှင်းဆီ.... ငါ မင်းမာယာတွေအောက် နောက်တစ်ခါ ကျရှုံးမယ်ထင်နေသလား...." သက္ကမှိုင်း ...