အတ္တစိတ် || ဘာသာပြန် ||『Compl...

By Rhmjrs_58

392K 58K 3.2K

" ငါ ခွေးကို ကြည့်နေခဲ့တာမဟုတ်ပါဘူး။ ငါကြည့်နေခဲ့တာက မင်း " This is Fan Translation. More

Description
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Manhua
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 62
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67
Chapter - 68
Chapter - 69
Chapter - 70
Chapter - 71
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75
Chapter - 76
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84
Present

Chapter - 61

3.8K 681 23
By Rhmjrs_58

『Unicode』

အခန်း ( ၆၁ ) : ငါ မင်းကို ငါ့ကျောကို ပွတ်ပေးစေချင်ရုံပဲ။မထိနဲ့ ။

※※※※※※※※※※※※※※※※※※※※



Safe Houseသည် ချုန်းဟိုင်​၏ မြို့ပြင် ၊ အလွန့်အလွန် အစွန်အဖျားကျသောနေရာတွင် တည်ရှိကာ မြို့မှ နှစ်နာရီတင်းတင်း မောင်းနှင်ခဲ့ရ​၏။

မြင်နိုင်သမျှသည်ကား လမ်း​၏ ဘေးနှစ်ဖက်တွင် ရွှေရောင် ဆီစေ့ပန်းခင်းကြီးများရှိပြီး ယင်းတို့ကြားမှာ နှစ်ထပ်တိုက်အဖြူလေးတွေ ပြန့်ကျဲလျက်ရှိနေခြင်းပင်။

အမျိုးသမီးတစ်ယောက်က ခြံဝန်းထဲမှာ အဝတ်လှန်းနေ​၏။ သူမက ကျွန်တော်တို့ကားကိုမြင်လျှင် ကြုံသလိုသာ တစ်ချက်ကြည့်ကာ ပြန်လှည့်သွားပြီး ဇလုံထဲမှ အဝတ်တစ်ထည်ကိုယူ၍ အဝတ်တန်းမှာ ဆက်လှန်းနေလိုက်သည် ; ညစ်ပတ်နေသော ခွေးအဝါကြီးက မြစ်ကမ်းဘေးမှ အမှိုက်ပုံကို မွှေနှောက်နေသည် ; လူတွေက သစ်ပင်ရိပ်အေးမြမြအောက်တွင်လက်ထဲမှာ ပန်းကန်လုံးတွေကိုင်လျက်နှင့် စစ်တုရင်ကစားနေကြသည် ; ရေသနတ်ကိုင်ထားကြသော ကလေးများကအချင်းချင်းပြေးလိုက်ရင်း ဆော့ကစားနေကြ​၏။

ကြည့်ရသည်မှာ အတော်လေး လုံခြုံသည့်နေရာနှယ်။

" ဒါက တရုန်ရွာ " ကျွန်တော်တို့ အဆောက်အအုံလေးရှေ့တွင်ရပ်သွားပြီး အထူးရဲက ကားထဲမှဆင်းဖို့ ပြောလာ​၏ : " မင်းတို့ ဒီအဆောက်အအုံမှာနေရမယ်။ ငါတို့က မျက်နှာချင်းဆိုင်က အဆောက်အအုံမှာနေမယ်။ ကြားရက်တွေမှာဆိုပြတင်းပေါက်မှာ ကင်းစောင့်တစ်ယောက်ရှိလိမ့်မယ် ၊ ငါတို့တွေ အတွဲလိုက်အလှည့်ကျပဲ။ တစ်ရက် ၂၄နာရီလုံးရှိမယ့်သူလဲရှိတယ်။ မေးစရာရှိရင် ကျေးဇူးပြုပြီး ဖုန်းခေါ်ပေးပါ "

Safe Houseသည် ရွာရှိ တခြားအဆောက်အအုံများနည်းတူ နှစ်ထပ်တိုက်လေးဖြစ်သည်။ အပြင်နံရံက မီးခိုးရောင်ဖြစ်ပြီးတစ်ဝက်လောက်က တိုက်ကပ်နွယ်တွေ ဖုံးနေ​၏။ခြံဝင်းအတွင်း သံတံခါးကြီးတစ်ခုရှိပြီး အုတ်နှင့်ကျောက်တုံးများ ဝန်းရံထားသည်။ မေပယ်ပင်ကြီးတစ်ပင်မှလွဲလျှင် ပန်းနှင့်အပင်အားလုံးက သေနေကြပြီပင်။ကျောက်စားပွဲဖြူသည် သစ်ကိုင်းခြောက်၊ အရွက်ခြောက်များဖြင့် ဖုံးအုပ်လျက်ရှိပြီး နံရံတွေက ရေညှိတက်နေကာ မြေကြီးပေါ်မှာလဲ ပေါက်ပင်တွေပေါက်ရောက်နေသဖြင့် အတော်လေး စိတ်ဓာတ်ကျသွားစေ​၏။

ကားထဲမှ ထွက်သည်နှင့် ကျွန်တော် ကားနောက်ကို တန်းသွားလိုက်ပြီး အထူးရဲမယူခင် ကျွန်တော် ခရီးဆောင်အိတ်ကိုကားထဲမှ ထုတ်လိုက်​၏။

တံခါးက ဟနေ၍ ကျွန်တော် ပုခုံးနှင့်တွန်းဖွင့်လိုက်သည်။ကျွန်တော် အခန်းထဲရောက်လျှင်ရောက်ချင်း တစ်စုံတစ်ယောက်က ခါးထောက်လျက် ဧည့်ခန်းထဲမှာရပ်မေတာကို တွေ့လိုက်ရလေသည်။

ဆူသံကြားလျှင် တစ်ဖက်လူက လှည့်လာ​၏။သူ့၌ မျက်နှာဝိုင်းဝိုင်း ၊ မျက်လုံးဝိုင်းဝိုင်းများရှိသည်။ ပြုံးလိုက်ပါက ပါးပေါ်မှာလည်း ပါးချိုင့်နှစ်ဖက်နှင့်။ အသက်ပြောမပြသော ကလေးမျက်နှာလေးအား ပိုင်ဆိုင်ထားခြင်းပါပေ။

"... ထောင်နျန် ? " ကျွန်တော် တံခါးမှာရပ်ရင်း ကြောင်သွား​၏။

ထိုညက လုံးဝဂယက်ပင်။ အဆုံး၌ ကျွန်တော်ဟာ ရန်ချင်းကျွမ်း​၏ လူနာတင်ကားနှင့် ဆေးရုံသို့လိုက်သွားခဲ့သည်။အလျင်လိုနေခဲ့သဖြင့် သူ့ကို ကျေးဇူးတင်ချိန်ပင် မရလိုက်။ သူ့ကို ထပ်တွေ့နိုင်ခွင့်မရတော့ဘူးဟုထင်ခဲ့မိသော်လည်း မမျှော်လင့်ပါဘဲ ဒီမှာ ထပ်ဆုံတွေ့ရခဲ့သည်။

" အစ်ကိုတို့ရောက်ပြီပဲ " သူက နဖူးမှ ချွေးကို သုတ်လျက် ပြုံးရင်းဆိုသည်။ " ကျွန်တော် သန့်ရှင်းနေတာကြာပေါ့ "

အဖွဲ့နှစ်ဖွဲ့တွင် အထူးရဲအရာရှိလေးယောက်ရှိရာ ထောင်နျန်က အနှီလေးယောက်​၏ ခေါင်းဆောင်ဖြစ်​၏။

" မောက်ပင် ၊ ကျန်းချင် ၊ ဝေ့တကျီ " ထောင်နျန်က သူ့အဖွဲ့ဝင်တွေကို တစ်ယောက်ချင်းမိတ်ဆက်ပေး​၏။

မောက်ပင်က ရန်ချင်းကျွမ်းကို ကူ၍ ပထမထပ်ရှိ တစ်ခုတည်းသော အိပ်ခန်းအတွင်းသို့ ဝင်သွားကြသည်။ ကျန့်ချင်ကခရီးဆောင်အိတ်ကို ဝီးချဲလ်ပေါ်တင်၍ တွန်းသွား​၏။ ဝေ့တကျီသည် ယခု ဒရိုင်ဘာပင်။ သူက အိမ်ထဲရောက်ရောက်ချင်းထောင်နျန်အား ကားသော့ပေးလိုက်သည်။

ထောင်နျန်က ယူလိုက်ပြီး သူ့အိတ်ထောင်ထဲမှ ပိုသေးသော ကားသော့ကိုထုတ်ကာ ကျွန်တော့်ကို ပစ်ပေးလာ​၏ : " ကားဂိုဒေါင်ထဲက ကားက အစ်ကို့တို့အတွက်ပါ။ မြို့ထဲသွားမယ်ဆိုရင် အဲ့ဒါကို မောင်းသွားလို့ရတယ်။ ကေသရာဇာကျွန်းမှာရှိတဲ့ ကိုယ်ရေးကိုယ်တာပစ္စည်းတွေ အားလုံးဒီကိုရွှေ့ပြီးပြီ။ တစ်ခုခုပျောက်တာရှိသေးရင် ကျွန်တော် နောက်မှ တစ်ယောက်ကိုရှာပေးဖို့ လွှတ်ပေးမယ် "

ကော်ဖီစားပွဲပေါ်၌ တင်ထားသော ကတ်ထူပုံးကြီးတွေ များစွာရှိ​နေပြီး ပုံးထဲက တစ်ပုံး​၏အဖုံးကိုဖွင့်လိုက်သည်နှင့်တိုလီမိုလီတချို့ပေါ်လာ​၏။ကျွန်တော့် ဖုန်းက အထဲမှာရှိနေလျက်။ ဘက်ထရီကုန်နေသော်လည်း ပကတိအတိုင်းခြေရာလက်ရာမပျက်လေပင်။

ကျွန်တော့်ဘေးရှိ နေရာအလွတ်တွင် ကြီးမားပြန့်ပြူးသော ကတ်ထူသေတ္တာကြီးတစ်ပုံးရှိနေသည်။အဲ့ဒါက ဘာလဲဆိုတာကြိုတင်ခန့်မှန်းမိသည့်အလျောက် ကျွန်တော် ဖုန်းကိုချ၍ အပြေးရောက်သွား​၏။အလျင်စလို ဖောက်ထားခြင်းကြောင့်ရင်းနှီးနေသောခဲရောင် သတ္တုCelloအိတ်က မြင်ကွင်းထဲဝင်လာသည်။တုန်ယင်နေသော လက်များဖြင့် ကျွန်တော်Celloအိတ်ကို ဖွင့်မိ​၏။ မိတ်ဆွေကြီးက မည်သူ့ကိုမှ အတန်ကြာမတွေ့ခဲ့ရပဲ အထဲမှာ ငြိမ်သက်စွာ လဲလျောင်းခဲ့ရသဖြင့်သစ်သားနံ့က မွန်းကျပ်လောက်အောင်ရှုရှိုက်လိုက်ရသည်။

ကျွန်တော်ထွက်သွားခဲ့သောအချိန်က ဒါကို ဘယ်တော့မှ ထပ်မတွေ့နိုင်တော့ဘူး ထင်ခဲ့တာ..

ကြိုးများကို ပွတ်သပ်ရင်း ကျွန်တော်ခေါင်းမော့ကာ နွေးထွေးသော မျက်ဝန်းများဖြင့် ထောင်နျန်ကို ကျေးဇူးတင်လိုက်မိသည်။

" အသေးအဖွဲ့လေးပါဗျာ။ " ထောင်နျန်က အမှုအမှတ်မဲ့စွာ လက်ခါပြလာ​၏။

" ဒါဆို ကျွန်တော်တို့အရင်သွားလိုက်ဦးမယ်။ ဖြည်းဖြည်းချင်း ခွဲထုတ်လိုက်ပါ။ရွာထိပ်က စားသောက်ဆိုင်လေးက ဝိတ်တာက နေ့တိုင်းဒီကို ထမင်းသုံးနပ်ယူလာပေးလိမ့်မယ်။ ဘာမှလုပ်စရာမရှိရင် အစ်ကိုတို့ ရွာထဲ လျှောက်သွားလို့လဲရတယ်။ ဒါပေမယ့် အဝေးကြီးတော့ မသွားပါနဲ့ "

ကျွန်တော် သူတို့ကို လိုက်ပို့လိုက်ပြီး သူတို့တစ်ဖက် ခြံဝင်းသို့ တည့်တည့်ဝင်သွားသည်အား ကြည့်ကာ ခြံတံခါးကို ပိတ်လိုက်တော့သည်။

ကျွန်တော် ကတ်ထူဘူးတွေကို မွှေနှောက်ပြီးမိမိကိုယ်ပိုင် ပစ္စည်းများကို ခွဲထုတ်ကာ ရန်ချင်းကျွမ်းနှင့် သီးခြားပုံး နှစ်ပုံးခွဲ၍ထည့်လိုက်သည်။ နာရီဝက်ကျော်မျှ ခွဲထုတ်ပြီးသည့်နောက် ကျွန်တော် ပြီးမြောက်ကာ မိမိပစ္စည်းတွေကို ဒုတိယထပ်သို့ ယူသွားလိုက်​၏။

ဒုတိယထပ်တွင် အိပ်ခန်းနှင့်စာကြည့်ခန်းဟူ၍အခန်းနှစ်ခန်းရှိသည်။ စာကြည့်ခန်းက သေးငယ်သော်လည်း အလင်းရောင်ကောင်း​၏။ ကျွန်တော်တို့ ပျင်းနေမှာ စိုး၍ထင်သည်။ စာအုပ်စင်များက စာအုပ်မျိုးစုံအပြည့်ရှိပြီး ကွန်ပျူတာတစ်လုံးလည်းရှိနေခဲ့သည်။

ထို့အပြင် အပေါ်ထပ်တွင် ပြင်သစ်ပြတင်းပေါက်အပြင် ၊ အဝတ်လှန်းရန်အတွက် စင်နှင့်အတူ ဝရန်တာကြီးလဲရှိသည်။

ကျွန်တော် ခရီးဆောင်အိတ်ကို အကြမ်းဖျင်းဖြည်လိုက်ပြီး နဖူးတွင် ချွေးပါးပါးတစ်လွှာက ထွက်လာခဲ့သည်။ကျွန်တော်အင်္ကျီလက်တွေကို မ,၍ အောက်ထပ်အမြန် ဆင်းကာ ရန်ချင်းကျွမ်းပစ္စည်းတွေအားလုံးကို အိမ်ထဲရွှေ့ပေးလိုက်မိသည်။

" ထားခဲ့လိုက်။ ငါပြီးမှ ရှင်းလိုက်မယ် " ရန်ချင်းကျွမ်းက ကုတင်ခေါင်းရင်းမှာထိုင်လျက် သူ့အသံက အနည်းငယ်တိုးလျကာ ပင်ပန်းနေပုံပင်။

နှစ်နာရီကြာသောခရီးရှည်ဟာ သူ လွန်ခဲ့သောနှစ်ရက်အတွင်းက စုဝေးထားခဲ့ရသော အသွင်ကို ပြိုကွဲသွားစေသည်။ သူ့မျက်ခုံးတွေက ကျုံ့လျက် ၊ နှုတ်ခမ်းတွေက ဖြူဖတ်ကာ အလွန့်အလွန်မသက်မသာပုံပေါ်​၏။

အကုန်လုံး ဒီလိုဖြစ်နေတာတောင် ဘယ်လိုသန့်ရှင်းမည်နည်း ?

ကျွန်တော်အဖို့ မကြားသယောင်သာပြုကာ သူ့ကို ကျောပေး၍ ပုံမှန်အတိုင်း ပုံးထဲမှ ပစ္စည်းတွေကို တစ်ခုချင်းထုတ်နေလိုက်သည်။

အဝတ်တွေကို ဗီရိုထဲမှာထည့်၍ ၊ စာချုပ်စာတမ်းတွေကို အံဆွဲထဲမှာထည့်ကာ ၊ ဖုန်းကိုအားသွင်းလိုက်ပြီး ၊ လင်းရှန့်ရဲ့လက်စွပ်....

လင်းရှန့်ရဲ့လက်စွပ်....

ကတ်ထူပုံးရှေ့မှာ ထိုင်ချနေရင်း ကျွန်တော်ငွေလက်စွပ်ဟောင်းလေးကိုကိုင်ကာ မျက်လုံးမှိတ်၍ ဖွဖွလေး အသက်ရှုလိုက်သည်။ ကျွန်တော် မျက်လုံးပြန်ဖွင့်လိုက်သော် ရှုပ်ထွေး၊မှိုင်းရီ၍မလိုအပ်သော စိတ်ခံစားချက်တွေအားလုံးကို ထောင့်တစ်နေရာသို့ တွန်းပို့လိုက်​၏။

" ဒီလက်စွပ်ကို ဘယ်မှာထားရမလဲ ? " ကျွန်တော် ထရပ်၍ ရန်ချင်းကျွမ်းထံလျှောက်သွားလိုက်​၏။ ပုံမှန်လိုပဲ တတ်နိုင်သမျှ စကားဆိုနေမိကာ မျက်နှာပေါ်မှာ အပြုံးလေးပင် ဆင်မြန်းထားသေးသည်။

သူက ကုတင်ခေါင်းရင်းကို မှီလျက် မှေးနေရာမှ မျက်လုံးဖွင့်လာကာ အကြည့်က ကျွန်တော့်မျက်နှာမှ လက်ချောင်းတွေသို့ရွှေ့သွား​၏။

သူက လက်စွပ်ကို အတန်ကြာစိုက်ကြည့်နေပြီးမှ လက်ဆန့်ကာ ကျွန်တော့်လက်ထဲမှ ယူလိုက်သည်။

ကျွန်တော်တို့နှစ်ယောက်လုံး ဂိတ်အပေါက်ဝမှာ ဖြတ်ခဲ့ကြတာကို ပြန်မပြောဖြစ်ပေ။ သူကလဲ အရင်ပြောဖို့ မစခဲ့၊ ၎င်းကကျွန်တော်နှင့် ဘာမှမဆိုင်ဟုလဲ သူတွေးနေတာ ဖြစ်ကောင်းဖြစ်မည်။ ကျွန်တော်ကလဲ အရင်စမပြောခဲ့ပေ။ သူ့ကိုလင်းရှန့်အကြောင်း ဘယ်လိုပြောပြရမလဲ မသိ၍ဖြစ်သည်။

ကျွန်တော်ကိုယ်တိုင် အားတင်းအကြည့်လွှဲလိုက်၍ အောက်မှ ကတ်ထူပုံးကို ကောက်ကာ တံခါးဆီသို့ လျှောက်သွားလိုက်တော့သည် :

" ပြီးခါနီးပြီပဲ။ငါ...ငါ သွားနားတော့မယ်။ မင်းလိုတာရှိရင် ခေါ်လိုက်နော်။ "

ထိုသို့ပြော၍ ကျွန်တော် တံခါးကို အမြန်ပိတ်လိုက်​၏။ ကျွန်တော့် မျက်လုံးထောင့်မှသည် သူ​၏ တယုတယဖြစ်နေသောအသွင်အပြင်ကို နည်းနည်းလေးလောက်ဖြစ်ဖြစ် မြင်ရနေမှာစိုး၍ပင်။

ကျွန်တော် ဖုန်းကို အားသွင်း၍ ဖွင့်လိုက်သောအခါ 99+ missed callsဇယားကြီးပေါ်လာ​၏။ ကျွန်တော် နှိပ်ကြည့်လိုက်ရာ အားလုံးဟာ နန်ရှန်ထံမှ ဖြစ်နေခဲ့သည်။

အွန်လိုင်းမှ သတင်းတင်ပြမှုအသစ်အချို့ကို ဖတ်ကြည့်ပြီးနောက် ကေသရာဇာကျွန်း​၏ ကျဆုံးခန်းအရိပ်အယောင်တွေမရှိတာကို တွေ့လိုက်ရသည့်တိုင် အားလုံးကတော့ မျှော်လင့်ထားပြီးသားထင်​၏။ ရက်သတ္တပတ်ကုန်လွန်သွားတာတောင်ဆိုရှယ်မီဒီယာပေါ်မှာ သွေးပူစွာ ဆွေးနွေးနေကြဆဲပင်။

[ ဒီလို အကြာကြီးစီစဉ်ထားရတဲ့ စစ်ဆင်ရေးကြီးမှာ တကယ်ကြီး ကျင်ချန်ယွီကို လွတ်ခွင့်ပေးလိုက်တယ်ပေါ့။ အဖွဲ့အစည်းထဲမှာ သစ္စာဖောက်များရှိနေတာလား ? ငါ ပြောစရာမဲ့ ]

[ အပေါ်ထပ်ရေ ပါးစပ်ဟပြီး ငါ့ကိုပဲအကုန်ပြောလိုက်ပါလား ? ဒီစစ်ဆင်ရေးမှာ လူဘယ်လောက်အသက်ပေးခဲ့ရလဲ နင်သိလား ? ကျင်မိသားစုက အင်အားအရမ်းကြီးတာ ကေသရာဇာကျွန်းကို ဖမ်းဆီးဖို့က လွယ်တာမဟုတ်ဘူး။နင်ကသိပ်မိုက်နေရင်လဲ ကေသရာဇာကျွန်းတည်နေရာပို့ပေးလိုက်မယ် ! ]

[ ကေသရာဇာကျွန်းက တစ်ထီးတည်းပေမဲ့ ကျင်ဖေးရှန်းကိုဖမ်းမိတာကတော့ အချည်းနှီးမဟုတ်ပါဘူး။သူအမြန်စီရင်ချက်ချခံရပြီး သေတဲ့အထိ ထောင်နန်းစံရပါစေလို့ ငါဆုတောင်းတယ် ]

[ ငါ့ဝမ်းကွဲက အဲ့ညမှာ ကေသရာဇာကျွန်းရောက်နေတာလေ။ဒါမယ့်သူက ကျွန်းကမဟုတ်ဘူး။ သူက လောင်းကစားလုပ်ဖို့ သွားတဲ့ ဧည့်သည်ပဲ။ သူပြောပုံအရ အဲ့ညမှာ JC(ကေသရာဇာကျွန်း) တပူတပြင်းဖြစ်တော့ သူ့မှာ ကြောက်သွားရတာသေးတောင်ထွက်ကျတော့မလို့တဲ့။ သူတစ်ညလုံး ခေါင်းပေါ်လက်တင်ပြီး နံရံဘေးမှာ ဆောင့်ကြောင့်လေးထိုင်ခဲ့ရတာတဲ့။နောက်နေ့ကျ ခြေထောက်တွေတောင် ပြန်မဆန့်နိုင်တော့မလို့တဲ့။ မဟုတ်ဘူး ငါပြောမယ်။နင်တို့တွေ အရပ်သားတွေရဲ့လုံခြုံရေးကို ထည့်တွေးပေးပါလား ? စစ်ဆင်ရေးမစခင် ဧည့်သည်တွေကို အရင် ဘေးကင်းရာပြောင်းပေးလို့မရဘူးလား? ပစ်ခံရမိရင် ဘယ်လိုလုပ်မလဲ ? ]

[ ကေသရာဇာကျွန်းစစ်ဆင်ရေးမှာ အသက်ပေးခဲ့ကြတဲ့ ၊ထိခိုက်ခဲ့ကြတဲ့ ရဲအရာရှိအားလုံးကို ကျေးဇူးတင်ပါတယ်။အားထုတ်မှုတွေအတွက် ကျေးဇူးပါ။ သူတို့မရှိရင် ငြိမ်းချမ်းတည်တံ့တဲ့ လူ့အဖွဲ့အစည်းလဲ ရှိလာနိုင်မှာမဟုတ်ဘူး [ ဆုတောင်းပေး ] ]

ကောလာဟလမျိုးစုံက စခရင်နှင့်အပြည့်။ ကျွန်တော် ဖတ်လေလေ ဒေါသထွက်လာလေလေပင်။ ကျွန်တော် ဖုန်းကို ချ၍ထကာ စာကြည့်ခန်းထဲသို့ သွားပြီး ဖတ်ဖို့ စာအုပ်ရှာလိုက်​၏။

ကျွန်တော် ဖြစ်သလို စာစီစာကုံးပေါင်းချုပ်တစ်အုပ်ကောက်၍ နူးညံ့သောခုံမှာနစ်ကာ ခဏမျှ ဖတ်နေလိုက်သည်။ထို့နောက် အိပ်ချင်လာရ​၏။ကျွန်တော် စာအုပ်ကို ရင်ဘတ်မှာ ပြောင်းပြန်တင်လျက် တဖြည်းဖြည်းအိပ်မောကျသွားရသည်။

ကျွန်တော် ပြန်နိုးလာသောအခါ ပြတင်းအပြင်ဘက်တွင် နေစောင်းနေပြီပင်။ အချိန်ကိုကြည့်လိုက်မိလျှင် မွန်းလွဲ ၅နာရီ။

ခြေထောက်နှင့်ကန်၍ မတ်မတ်ထထိုင်လျှင် စာအုပ်က အောက်ကို ပြုတ်ကျ​၏။ ကျွန်တော် ကြောင်တောင်တောင်နှင့် စိုက်ကြည့်နေပြီးကာမှ အောက်ထပ် ပြေးဆင်းခဲ့မိသည်။

ရန်ချင်းကျွမ်းသည် ရေကွက်တစ်ခုရှေ့တွင် ရပ်လျက် ၊ ညာဘက်တံတောင်တွင် လမ်းလျှောက်စင်ကို ကိုင်ကာ ရေနွေးကရားမှ ရေထည့်နေတာပင်။ စားပွဲပေါ်၌ ပလတ်စတစ်ဘူးနှင့်အစားအသောက်တွေရှိနေပြီး မထိရသေး၊ အငွေ့တွေလည်းထွက်နေ​၏။ ဖြစ်တန်သည်မှာ တစ်ယောက်ယောက်က အစားအသောက်လာပို့ခဲ့ပုံရပြီး တံခါးဖွင်ခဲ့သူက ရန်ချင်းကျွမ်းပင်....

" ဘာ... ဘာလို့ ငါ့ကို မခေါ်လိုက်တာလဲ " ကျွန်တော် အရှေ့တက်၍ သူ့ရှေ့မှ ကရားကိုယူလိုက်ကာ ရေဖြည့်ပေးပြီး ပြန်နွှေးရန် အောက်ခြေပေါ်မှာ ပြန်တင်လိုက်သည်။

" ငါရေသောက်ပြီးရင် မင်းကို ခေါ်တော့မလို့ပဲ " သူကလမ်းလျှောက်စင်ကိုအားပြု၍ စားပွဲမှာ ထိုင်ချသည်။

" ငါဆိုလိုတာ အဲ့ဒါမဟုတ်ဘူး။ ငါဆိုလိုတာက... မင်းလိုအပ်တာရှိရင် ငါကို ခေါ်ဖို့လိုတယ်လို့။ မင်းဒီလိုလှုပ်နေမယ်ဆိုရင်မင်းအနာတွေက ကျက်ဖို့မလွယ်ဘူး "

ကျွန်တော် သူ့နောက်မှစားပွဲသို့လိုက်သွားပြီး တစ်ခါသုံးတူကို ခွဲပေးလိုက်ကာ သူ့ကို ကမ်းပေးလိုက်​၏။

သူက သူများကို ဒုက္ခပေးရတာနှင့် အသားမကျတာကို ကျွန်တော် သိသည်။ သို့သော် ကျွန်တော့်ကြောင့် သူ့လက်နှင့်ခြေထောက်က ဓားချက်ရထားတာဖြစ်​၏။ကျွန်တော် သူ့ကို စောင့်ရှောက်ပေးဖို့က အကျိုးအကြောင်းသင့်ပါသည်။

သူက ဘာမှမပြောတော့ပဲ တူကိုယူကာ ခေါင်းငုံ့၍ငြိမ်သက်စွာ စားသောက်တော့သည်။

အိပ်ပြီးသည်နှင့် ဆုတ်ခွာသွားသော စိတ်ဓာတ်အားမာန်တို့က သူ့ထံပြန်ရောက်လာပုံပင်။ တစ်ယောက်ကို ထမင်းတစ်ဘူးနှင့် ကျွန်တော်က ဘူးတစ်ဝက်သာစားနိုင်သော်လည်း သူကတော့ တစ်ဘူးလုံးစားသောက်ခဲ့​၏။ ထမင်းစားပြီးသော် သူက၇၀%လောက်ပဲ ဗိုက်ပြည့်သေးဟန်တူသည်။ သူဟာ စားပွဲပေါ်မှ အလွန်အရသားရှိသည့် လက်ကျန်ဟင်းလျာတွေကို ဆက်ရှင်းနေဆဲ။

" မစားချင်တော့ဘူးလား ? " သူက ကျွန်တော့်​၏ နေ့လယ်စာဘူးတစ်ဝက်ကိုကြည့်၍ လက်ဆန့်ကာတောင်းသည် " ငါ့ကိုပေး "

ကျွန်တော်က ဟင်းရွက်ရည်တွေလူးထားသော ထမင်းကို စိုက်ကြည့်ရင်း : " ငါစားပြီးသား.... "

သူက အစားအစာယူရာမှာ အာရုံစိုက်ထားပြီး ခေါင်းမမော့ပါဘဲ သူ့လက်ချောင်းတွေက " လာ " ဟူ၍ အချက်ပြသည့်နှယ်ဆန့်ထွက်လာတာကြောင့် ကျွန်တော့်မှာ ရွေးစရာမရှိပဲ တစ်ဝက်စားပြီးသားနေ့လည်စာဘူးကို သူ့အားကမ်းပေးရတော့သည်။

ပိုစားပြိး ပိုအိပ်ခြင်းက သူ့ကို ပိုမြန်မြန်ကောင်းလာစေမည်ဟု ယုံကြည်ထားသည့်နှယ်။ သူစားလို့ရကတည်းက သူ​၏ စားချင်စိတ်က ကြီးသည်ထက်ကြီးလာကာ အရင်ကထက် အများကြီးပိုလာခဲ့သည်။

သူက နောက်ဆုံးဟင်းရည်အနည်းငယ်ကို အမြန်သောက်ပြီးနောက် စားပွဲပေါ်က အမှိုက်တွေကို သေသေချာချာရှင်းလင်းလေသည်။

ကျွန်တော် အမြန်သူ့ကိုထိုင်ဖို့ပြောရသည် : " ငါပြောပါတယ် ငါ လုပ်မယ်လို့....."

ကျွန်တော် နေ့လယ်စာဘူးတွေကို အမှိုက်အိတ်ထဲထည့်ပြီး အပြင်ဘက်က အမှိုက်ပုံးမှာ ပစ်လိုက်သည်။ ပြန်ရောက်လာသောအခါ ရန်ချင်းကျွမ်းတစ်ယောက် အဝတ်တွေကို သယ်၍ ရေချိုးခန်းဆီ ဦးတည်နေတာကို မြင်လိုက်ရ​၏။

ကျွန်တော် ချက်ချင်းခေါင်းကိုက်သွားကာ သူထံပြေးသွားမိသည်။

" မင်း ဘာလုပ်မလို့လဲ ? "

သူက ကျွန်တော့်ကို ပြန်လှည့်ကြည့်​၏။ သူ့မျက်လုံးမှာ " မင်း ဘယ်လိုပေါက်တတ်ကရတွေမေးနေတာလဲ ? " ဟူသည်အပြည့်။

" ရေချိုး " သူက နှစ်ခွန်းသာပြော၍ ရေချိုးခန်းထဲ ဆက်လျှောက်သွားခဲ့​၏။

" မင်း...မင်း ဒဏ်ရာတွေကို ရေထိလို့မရဘူး " ကျွန်တော် သူ့ကိုဆွဲလိုက်ရသည်။

သူက လှည့်လာ၍ ကျွန်တော်ဆွဲထားသောလက်မောင်းကိုကြည့်ပြီး ၊ နောက် ကျွန်တော့်ကို ပြန်ကြည့်ကာ ရုတ်တရက်ပြုံး​၏ : " ဒါဆို ငါတို့ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ ? "

ပါးလျသော စွပ်ကျယ်က အသားပေါ်တွင်ကပ်နေ၍ ရင်ဘတ်ကြွက်သားကောက်ကြောင်းတွေကို ခပ်ရေးရေးမြင်နေရသည်။ လက်မောင်းတွေပေါ်၌ သွေးရောင်အနာဖေးတချို့နှင့်ပွန်းပဲ့ရာတချို့ရှိနေကာ မျက်လုံးတစ်ဖက်က သွေးရောင်ဖြစ်နေဆဲဖြစ်ပြီး မပျောက်သေး။မကြာသေးမီရက်များ၌ ဒဏ်ရာတို့ကြောင့် သူ့စွမ်းဆောင်ရည်တွေက အနည်းငယ် လျော့ကျသွားသော်လည်း ဘာကမှ သူ့ကို " ချို့ယွင်းချက် " နှင့် ဆက်စပ်စေမည် မဟုတ်ပေ။ဆန့်ကျင်ဘက်အနေနှင့် အနှီ ဒဏ်ရာများကြောင့် သူဟာပို၍ အန္တရာယ်ရှိသည့်ပုံပေါက်​၏။

ကျွန်တော် တံတွေးမျိုချလိုက်၍ ခဏမျှတုံ့ဆိုင်းနေပြီးမှ ဖိအားအောက်ကနေ ပြောလိုက်မိသည် : " မင်း ကုတင်ပေါ်မှာလှဲလိုက်။ငါ မင်းကို ရေဖတ်တိုက်ပေးမယ်လေ ? "

သူက ကျွန်တော့်ကို ငုံ့ကြည့်၍ မျက်ခုံးအသာပင့်ကာ ကျွန်တော့်လက်ထဲမှ ရုန်းထွက်လိုက်ပြီး လှည့်သွား​၏။

သူ ကျွန်တော်ပြောတာနားမထောင်တော့ပဲ သူ့အဝတ်တွေကို ဆွဲယူဖို့ပြင်နေပြီဟု ထင်လိုက်မိပေမယ့် သူ ပြောလိုက်သည်မှာ : " ထိုင်ခုံတစ်လုံးသွားယူ။ ရေချိုးလို့မရပေမယ့် ငါ ခေါင်းတော့လျှော်မှရမယ် "

ရုတ်ခြည်း ကျွန်တော်လက်ကို လွှတ်ပေးလိုက်ပြီး နေရာမှာ စက္ကန့်အနည်းငယ်မျှ တောင့်ခဲနေခဲ့​၏။ ထို့နောက်မှ ကျွန်တော်မီးဖိုချောင်ဆီသို့ပြေးကာ ပလတ်စတစ်ခုံဝိုင်းလေးကို ယူလိုက်သည်။

ဤအဆောက်အအုံလေး၌ အပေါ်အောက် ရေချိူးခန်း နှစ်ခန်းပါရှိသည်။ အပေါ်တစ်ခန်းက သေးပြီး အောက်အခန်းက ပိုကြီးတာပင်။ ရေပန်းတင်မကပဲ ရေချိုးကန်အကြီးကြီးလည်းပါ​၏။

ရန်ချင်းကျွမ်း​၏ ပုခုံးပေါ်ကို တဘက်တင်ပြီး သူ့ကို ရေချိုးကန်ပေါ်သို့ ကိုင်းစေလိုက်သည်။ ကျွန်တော့်လက်ထဲကို ရှန်ပူအနည်းငယ် ညှစ်ထည့်၍ သူ့ဆံပင်အရင်းသို့ ညင်ညင်သာသာသုတ်လိမ်းလိုက်သည်။

သူ့ဆံပင်က ထူပြီး ကြမ်းလေရာ ရေစွတ်သောအခါ အနည်းငယ် စူးသည်။ဆံပင်ထူသောလူများသည် ဒေါသဖြစ်တတ်ကြောင်း ကျွန်တော် ကြားဖူး​၏။

" နာလား ? " ကျွန်တော် သူ့ကို မေးလိုက်သည်။

" မင်းပိုပြင်းပြင်းလျှော်ပေးလို့ရတယ် "

" ငါက မင်းဒဏ်ရာကို မေးနေတာ။ ဒီလိုအနေအထားနဲ့ နာလား ? "

သူက ရပ်သွားပြီးမှ : " မနာပါဘူး။ "

သူကမနာဘူးပြောသော်လည်း ကျွန်တော် တွေးကြည့်မိပြီးမှ သူသည် သူကိုယ်တိုင်ကိုပင် အမူအရာမပျက်ပဲ ဓားနှင့်ထိုးနိုင်ခဲ့သူဖြစ်တာမို့ နာနေလျှင်တောင် ဝန်ခံလိမ့်မည်မဟုတ်တာကို သဘောပေါက်မိ​၏။

ယင်းက ဒဏ်ရာကို ဖိမိပေလိမ့်မည်။သူ နာသည်ဖြစ်စေ ၊ မနာသည်ဖြစ်စေ ကျွန်တော်လက်လှုပ်ရှားမှုတွေကိုအရှိန်တင်ကာသူ့ဆံပင်ကို အမြန်လျှော်ပေးလိုက်တော့သည်။

ဆံပင်စိုတွေကို သုတ်ပေးရင်း ကျွန်တော် သူ့ကို လေမှုတ်ပေးရန်ပြင်သော်လည်း သူက ပုံမှန်အတိုင်းသာ ခြောက်ပါစေဟုဆိုလာသည်။ သည်ရက်တွေမှာ အပူချိန်ကလဲ အတော်လေးမြင့်​၏။ သူ့ဆံပင်တိုတိုက မြန်မြန်ဆန်ဆန်ခြောက်သွားလောက်မည်ဖြစ်၍ ကျွန်တော် အတင်းမလုပ်ဖြစ်တော့။

" မင်းကို ရေဖတ်တိုက်ပေးစေချင်သေးလား ? "

ကျွန်တော်က ပြောရင်း သူ့အဝတ်စွန်းကို စဆွဲယူလိုက်​၏။

သူက နာခံစွာပင် စွပ်ကျယ်ချွတ်ပေးဖို့ပြောလာပြီး ကျွန်တော့်ကို ကျောပေးကာ ၊ သူ လက်လှမ်းမမှီနိုင်သည့်ကျောနေရာတွေကိုသာ သုတ်ပေးရန် ပြောလာခဲ့သည်။

ကြွက်သားတွေဖြင့် လွှမ်းခြုံနေသော နောက်ကျောသည် အမာရွတ်အဟောင်း၊အသစ်များဖြင့် ဖုံးလွှမ်းကာ ဒဏ်ရာများဖြင့် ဖုံးအုပ်ထားပြန်​၏။ကျွန်တော် သေသေချာချာသုတ်ပေးနေမိပြီး အသိဝင်လာသောအခါ ကျွန်တော့်လက်ဖျားတွေကလက်ပြင်ရိုးအောင်အစွန်ဆုံးနေရာကို ကတုန်ကယင်နှင့်ထိမိလျက်သား။ ထိုနေရာတွင် ကြီးမား၍အာရုံဖမ်းစားနိုင်သောဒဏ်ရာကြီးရှိ​၏။

လူလိမ် ၊ ဒါက ဘယ်လိုလုပ်မနာပဲ နေမှာလဲ ?

ကျွန်တော်ကျောမှာ တက်တူးထိုးရတုန်းကဆို အဲ့လောက် အပ်ပါးလေးတောင် အရမ်းနာခဲ့ရတာ...

ကျွန်တော် ထိမိလိုက်သော ကြွက်သားတိုင်းက တင်းသွားပြီး ပြတ်သားသော ကောက်ကြောင်းများပေါ်လာ​၏။

" ကျိနင်..."

ရန်ချင်းကျွမ်းက နှောင့်ယှက်တာကို သည်းမခံနိုင်ပေ။ သူက မျက်မှောင်ကြုတ်လျက်လှည့်လာပြီး ကျွန်တော့်လက်ကောက်ဝတ်ကို လှမ်းဆွဲ၍ ဩရှသည့်အသံဖြင့် ဆိုလာ​၏ :

" ငါ မင်းကို ငါ့ကျောကို ပွတ်ပေးစေချင်ရုံပဲ။မထိနဲ့ "

___________________________________________________________________________

『Zawgyi』

အခန္း ( ၆၁ ) : ငါမင္းကို ေက်ာကိုပြတ္ေစခ်င္႐ုံပဲ ၊ ေလၽွာက္မထိနဲ႔။

※※※※※※※※※※※※※※※※※※※※

Safe Houseသည္ ခ်ဳန္းဟိုင္​၏ ၿမိဳ႕ျပင္ ၊ အလြန႔္အလြန္ အစြန္အဖ်ားက်ေသာေနရာတြင္ တည္ရွိကာ ၿမိဳ႕မွ ႏွစ္နာရီတင္းတင္း ေမာင္းႏွင္ခဲ့ရ​၏။

ျမင္နိုင္သမၽွသည္ကား လမ္း​၏ ေဘးႏွစ္ဖက္တြင္ ေရႊေရာင္ ဆီေစ့ပန္းခင္းႀကီးမ်ားရွိၿပီး ယင္းတို႔ၾကားမွာ ႏွစ္ထပ္တိုက္အျဖဴေလးေတြ ျပန႔္က်ဲလ်က္ရွိေနျခင္းပင္။

အမ်ိဳးသမီးတစ္ေယာက္က ၿခံဝန္းထဲမွာ အဝတ္လွန္းေန​၏။ သူမက ကၽြန္ေတာ္တို႔ကားကိုျမင္လၽွင္ ၾကဳံသလိုသာ တစ္ခ်က္ၾကည့္ကာ ျပန္လွည့္သြားၿပီး ဇလုံထဲမွ အဝတ္တစ္ထည္ကိုယူ၍ အဝတ္တန္းမွာ ဆက္လွန္းေနလိုက္သည္ ; ညစ္ပတ္ေနေသာ ေခြးအဝါႀကီးက ျမစ္ကမ္းေဘးမွ အမွိုက္ပုံကို ေမႊေႏွာက္ေနသည္ ; လူေတြက သစ္ပင္ရိပ္ေအးျမျမေအာက္တြင္ လက္ထဲမွာ ပန္းကန္လုံးေတြကိုင္လ်က္ႏွင့္ စစ္တုရင္ကစားေနၾကသည္ ; ေရသနတ္ကိုင္ထားၾကေသာ ကေလးမ်ားက အခ်င္းခ်င္းေျပးလိုက္ရင္း ေဆာ့ကစားေနၾက​၏။

ၾကည့္ရသည္မွာ အေတာ္ေလး လုံျခဳံသည့္ေနရာႏွယ္။

" ဒါက တ႐ုန္ရြာ " ကၽြန္ေတာ္တို႔ အေဆာက္အအုံေလးေရွ႕တြင္ရပ္သြားၿပီး အထူးရဲက ကားထဲမွဆင္းဖို႔ ေျပာလာ​၏ : " မင္းတို႔ ဒီအေဆာက္အအုံမွာေနရမယ္။ ငါတို႔က မ်က္ႏွာခ်င္းဆိုင္က အေဆာက္အအုံမွာေနမယ္။ ၾကားရက္ေတြမွာဆို ျပတင္းေပါက္မွာ ကင္းေစာင့္တစ္ေယာက္ရွိလိမ့္မယ္ ၊ ငါတို႔ေတြ အတြဲလိုက္အလွည့္က်ပဲ။ တစ္ရက္ ၂၄နာရီလုံးရွိမယ့္သူလဲရွိတယ္။ ေမးစရာရွိရင္ ေက်းဇူးျပဳၿပီး ဖုန္းေခၚေပးပါ "

Safe Houseသည္ ရြာရွိ တျခားအေဆာက္အအုံမ်ားနည္းတူ ႏွစ္ထပ္တိုက္ေလးျဖစ္သည္။ အျပင္နံရံက မီးခိုးေရာင္ျဖစ္ၿပီးတစ္ဝက္ေလာက္က တိုက္ကပ္ႏြယ္ေတြ ဖုံးေန​၏။ၿခံဝင္းအတြင္း သံတံခါးႀကီးတစ္ခုရွိၿပီး အုတ္ႏွင့္ေက်ာက္တုံးမ်ား ဝန္းရံထားသည္။ ေမပယ္ပင္ႀကီးတစ္ပင္မွလြဲလၽွင္ ပန္းႏွင့္အပင္အားလုံးက ေသေနၾကၿပီပင္။ေက်ာက္စားပြဲျဖဴသည္ သစ္ကိုင္းေျခာက္၊ အရြက္ေျခာက္မ်ားျဖင့္ ဖုံးအုပ္လ်က္ရွိၿပီး နံရံေတြက ေရညႇိတက္ေနကာ ေျမႀကီးေပၚမွာလဲ ေပါက္ပင္ေတြ ေပါက္ေရာက္ေနသျဖင့္ အေတာ္ေလး စိတ္ဓာတ္က်သြားေစ​၏။

ကားထဲမွ ထြက္သည္ႏွင့္ ကၽြန္ေတာ္ ကားေနာက္ကို တန္းသြားလိုက္ၿပီး အထူးရဲမယူခင္ ကၽြန္ေတာ္ ခရီးေဆာင္အိတ္ကို ကားထဲမွ ထုတ္လိုက္​၏။

တံခါးက ဟေန၍ ကၽြန္ေတာ္ ပုခုံးႏွင့္တြန္းဖြင့္လိုက္သည္။ကၽြန္ေတာ္ အခန္းထဲေရာက္လၽွင္ေရာက္ခ်င္းတစ္စုံတစ္ေယာက္က ခါးေထာက္လ်က္ ဧည့္ခန္းထဲမွာရပ္ေမတာကို ေတြ႕လိုက္ရေလသည္။

ဆူသံၾကားလၽွင္ တစ္ဖက္လူက လွည့္လာ​၏။သူ႔၌ မ်က္ႏွာဝိုင္းဝိုင္း ၊ မ်က္လုံးဝိုင္းဝိုင္းမ်ားရွိသည္။ ျပဳံးလိုက္ပါကပါးေပၚမွာလည္း ပါးခ်ိဳင့္ႏွစ္ဖက္ႏွင့္။ အသက္ေျပာမျပေသာ ကေလးမ်က္ႏွာေလးအား ပိုင္ဆိုင္ထားျခင္းပါေပ။

"... ေထာင္န်န္ ? " ကၽြန္ေတာ္ တံခါးမွာရပ္ရင္း ေၾကာင္သြား​၏။

ထိုညက လုံးဝဂယက္ပင္။ အဆုံး၌ ကၽြန္ေတာ္ဟာ ရန္ခ်င္းကၽြမ္း​၏ လူနာတင္ကားႏွင့္ ေဆး႐ုံသို႔လိုက္သြားခဲ့သည္။ အလ်င္လိုေနခဲ့သျဖင့္ သူ႔ကို ေက်းဇူးတင္ခ်ိန္ပင္ မရလိုက္။ သူ႔ကို ထပ္ေတြ႕နိုင္ခြင့္မရေတာ့ဘူးဟုထင္ခဲ့မိေသာ္လည္း မေမၽွာ္လင့္ပါဘဲ ဒီမွာ ထပ္ဆုံေတြ႕ရခဲ့သည္။

" အစ္ကိုတို႔ေရာက္ၿပီပဲ " သူက နဖူးမွ ေခၽြးကို သုတ္လ်က္ ျပဳံးရင္းဆိုသည္။ " ကၽြန္ေတာ္ သန႔္ရွင္းေနတာၾကာေပါ့ "

အဖြဲ႕ႏွစ္ဖြဲ႕တြင္ အထူးရဲအရာရွိေလးေယာက္ရွိရာ ေထာင္န်န္က အႏွီေလးေယာက္​၏ ေခါင္းေဆာင္ျဖစ္​၏။

" ေမာက္ပင္ ၊ က်န္းခ်င္ ၊ ေဝ့တက်ီ " ေထာင္န်န္က သူ႔အဖြဲ႕ဝင္ေတြကို တစ္ေယာက္ခ်င္းမိတ္ဆက္ေပး​၏။

ေမာက္ပင္က ရန္ခ်င္းကၽြမ္းကို ကူ၍ ပထမထပ္ရွိ တစ္ခုတည္းေသာ အိပ္ခန္းအတြင္းသို႔ ဝင္သြားၾကသည္။ က်န႔္ခ်င္က ခရီးေဆာင္အိတ္ကို ဝီးခ်ဲလ္ေပၚတင္၍ တြန္းသြား​၏။ ေဝ့တက်ီသည္ ယခု ဒရိုင္ဘာပင္။ သူက အိမ္ထဲေရာက္ေရာက္ခ်င္း ေထာင္န်န္အား ကားေသာ့ေပးလိုက္သည္။

ေထာင္န်န္က ယူလိုက္ၿပီး သူ႔အိတ္ေထာင္ထဲမွ ပိုေသးေသာ ကားေသာ့ကိုထုတ္ကာ ကၽြန္ေတာ့္ကို ပစ္ေပးလာ​၏ : " ကားဂိုေဒါင္ထဲက ကားက အစ္ကို႔တို႔အတြက္ပါ။ ၿမိဳ႕ထဲသြားမယ္ဆိုရင္ အဲ့ဒါကို ေမာင္းသြားလို႔ရတယ္။ ေကသရာဇာကၽြန္းမွာရွိတဲ့ ကိုယ္ေရးကိုယ္တာပစၥည္းေတြ အားလုံးဒီကိုေရႊ႕ၿပီးၿပီ။ တစ္ခုခုေပ်ာက္တာရွိေသးရင္ ကၽြန္ေတာ္ ေနာက္မွ တစ္ေယာက္ကိုရွာေပးဖို႔ လႊတ္ေပးမယ္ "

ေကာ္ဖီစားပြဲေပၚ၌ တင္ထားေသာ ကတ္ထူပုံးႀကီးေတြ မ်ားစြာရွိ​ေနၿပီး ပုံးထဲက တစ္ပုံး​၏အဖုံးကိုဖြင့္လိုက္သည္ႏွင့္ တိုလီမိုလီတခ်ိဳ႕ေပၚလာ​၏။ကၽြန္ေတာ့္ ဖုန္းက အထဲမွာရွိေနလ်က္။ ဘက္ထရီကုန္ေနေသာ္လည္းပကတိအတိုင္း ေျခရာလက္ရာမပ်က္ေလပင္။

ကၽြန္ေတာ့္ေဘးရွိ ေနရာအလြတ္တြင္ ႀကီးမားျပန႔္ျပဴးေသာ ကတ္ထူေသတၱာႀကီးတစ္ပုံးရွိေနသည္။အဲ့ဒါက ဘာလဲဆိုတာ ႀကိဳတင္ခန႔္မွန္းမိသည့္အေလ်ာက္ ကၽြန္ေတာ္ ဖုန္းကိုခ်၍ အေျပးေရာက္သြား​၏။အလ်င္စလို ေဖာက္ထားျခင္းေၾကာင့္ ရင္းႏွီးေနေသာခဲေရာင္ သတၱဳCelloအိတ္က ျမင္ကြင္းထဲဝင္လာသည္။တုန္ယင္ေနေသာ လက္မ်ားျဖင့္ ကၽြန္ေတာ္ Celloအိတ္ကို ဖြင့္မိ​၏။ မိတ္ေဆြႀကီးက မည္သူ႔ကိုမွ အတန္ၾကာမေတြ႕ခဲ့ရပဲ အထဲမွာ ၿငိမ္သက္စြာ လဲေလ်ာင္းခဲ့ရသျဖင့္ သစ္သားနံ႔က မြန္းက်ပ္ေလာက္ေအာင္ရွုရွိုက္လိုက္ရသည္။

ကၽြန္ေတာ္ထြက္သြားခဲ့ေသာအခ်ိန္က ဒါကို ဘယ္ေတာ့မွ ထပ္မေတြ႕နိုင္ေတာ့ဘူး ထင္ခဲ့တာ..

ႀကိဳးမ်ားကို ပြတ္သပ္ရင္း ကၽြန္ေတာ္ေခါင္းေမာ့ကာ ေႏြးေထြးေသာ မ်က္ဝန္းမ်ားျဖင့္ ေထာင္န်န္ကို ေက်းဇူးတင္လိုက္မိသည္။

" အေသးအဖြဲ႕ေလးပါဗ်ာ။ " ေထာင္န်န္က အမွုအမွတ္မဲ့စြာ လက္ခါျပလာ​၏။

" ဒါဆို ကၽြန္ေတာ္တို႔အရင္သြားလိုက္ဦးမယ္။ ျဖည္းျဖည္းခ်င္း ခြဲထုတ္လိုက္ပါ။ရြာထိပ္က စားေသာက္ဆိုင္ေလးက ဝိတ္တာက ေန႔တိုင္းဒီကို ထမင္းသုံးနပ္ယူလာေပးလိမ့္မယ္။ ဘာမွလုပ္စရာမရွိရင္ အစ္ကိုတို႔ ရြာထဲ ေလၽွာက္သြားလို႔လဲရတယ္။ ဒါေပမယ့္ အေဝးႀကီးေတာ့ မသြားပါနဲ႔ "

ကၽြန္ေတာ္ သူတို႔ကို လိုက္ပို႔လိုက္ၿပီး သူတို႔တစ္ဖက္ ၿခံဝင္းသို႔ တည့္တည့္ဝင္သြားသည္အား ၾကည့္ကာ ၿခံတံခါးကို ပိတ္လိုက္ေတာ့သည္။

ကၽြန္ေတာ္ ကတ္ထူဘူးေတြကို ေမႊေႏွာက္ၿပီးမိမိကိုယ္ပိုင္ ပစၥည္းမ်ားကို ခြဲထုတ္ကာ ရန္ခ်င္းကၽြမ္းႏွင့္သီးျခားပုံး ႏွစ္ပုံးခြဲ၍ထည့္လိုက္သည္။ နာရီဝက္ေက်ာ္မၽွ ခြဲထုတ္ၿပီးသည့္ေနာက္ ကၽြန္ေတာ္ ၿပီးေျမာက္ကာ မိမိပစၥည္းေတြကို ဒုတိယထပ္သို႔ ယူသြားလိုက္​၏။

ဒုတိယထပ္တြင္ အိပ္ခန္းႏွင့္စာၾကည့္ခန္းဟူ၍အခန္းႏွစ္ခန္းရွိသည္။ စာၾကည့္ခန္းက ေသးငယ္ေသာ္လည္း အလင္းေရာင္ေကာင္း​၏။ ကၽြန္ေတာ္တို႔ ပ်င္းေနမွာ စိုး၍ထင္သည္။ စာအုပ္စင္မ်ားက စာအုပ္မ်ိဳးစုံအျပည့္ရွိၿပီး ကြန္ပ်ဴတာတစ္လုံးလည္းရွိေနခဲ့သည္။

ထို႔အျပင္ အေပၚထပ္တြင္ ျပင္သစ္ျပတင္းေပါက္အျပင္ ၊ အဝတ္လွန္းရန္အတြက္ စင္ႏွင့္အတူ ဝရန္တာႀကီးလဲရွိသည္။

ကၽြန္ေတာ္ ခရီးေဆာင္အိတ္ကို အၾကမ္းဖ်င္းျဖည္လိုက္ၿပီး နဖူးတြင္ ေခၽြးပါးပါးတစ္လႊာက ထြက္လာခဲ့သည္။ကၽြန္ေတာ္ အကၤ်ီလက္ေတြကို မ,၍ ေအာက္ထပ္အျမန္ ဆင္းကာ ရန္ခ်င္းကၽြမ္းပစၥည္းေတြအားလုံးကို အိမ္ထဲေရႊ႕ေပးလိုက္မိသည္။

" ထားခဲ့လိုက္။ ငါၿပီးမွ ရွင္းလိုက္မယ္ " ရန္ခ်င္းကၽြမ္းက ကုတင္ေခါင္းရင္းမွာထိုင္လ်က္ သူ႔အသံက အနည္းငယ္တိုးလ်ကာ ပင္ပန္းေနပုံပင္။

ႏွစ္နာရီၾကာေသာခရီးရွည္ဟာ သူ လြန္ခဲ့ေသာႏွစ္ရက္အတြင္းက စုေဝးထားခဲ့ရေသာ အသြင္ကို ၿပိဳကြဲသြားေစသည္။သူ႔မ်က္ခုံးေတြက က်ဳံ႕လ်က္ ၊ ႏွုတ္ခမ္းေတြက ျဖဴဖတ္ကာ အလြန႔္အလြန္မသက္မသာပုံေပၚ​၏။

အကုန္လုံး ဒီလိုျဖစ္ေနတာေတာင္ ဘယ္လိုသန႔္ရွင္းမည္နည္း ?

ကၽြန္ေတာ္အဖို႔ မၾကားသေယာင္သာျပဳကာ သူ႔ကို ေက်ာေပး၍ ပုံမွန္အတိုင္း ပုံးထဲမွ ပစၥည္းေတြကို တစ္ခုခ်င္းထုတ္ေနလိုက္သည္။

အဝတ္ေတြကို ဗီရိုထဲမွာထည့္၍ ၊ စာခ်ဳပ္စာတမ္းေတြကို အံဆြဲထဲမွာထည့္ကာ ၊ ဖုန္းကိုအားသြင္းလိုက္ၿပီး ၊ လင္းရွန႔္ရဲ့လက္စြပ္....

လင္းရွန႔္ရဲ့လက္စြပ္....

ကတ္ထူပုံးေရွ႕မွာ ထိုင္ခ်ေနရင္း ကၽြန္ေတာ္ေငြလက္စြပ္ေဟာင္းေလးကိုကိုင္ကာ မ်က္လုံးမွိတ္၍ ဖြဖြေလး အသက္ရွုလိုက္သည္။ ကၽြန္ေတာ္ မ်က္လုံးျပန္ဖြင့္လိုက္ေသာ္ ရွုပ္ေထြး၊မွိုင္းရီ၍မလိုအပ္ေသာ စိတ္ခံစားခ်က္ေတြအားလုံးကို ေထာင့္တစ္ေနရာသို႔ တြန္းပို႔လိုက္​၏။

" ဒီလက္စြပ္ကို ဘယ္မွာထားရမလဲ ? " ကၽြန္ေတာ္ ထရပ္၍ ရန္ခ်င္းကၽြမ္းထံေလၽွာက္သြားလိုက္​၏။ ပုံမွန္လိုပဲ တတ္နိုင္သမၽွ စကားဆိုေနမိကာ မ်က္ႏွာေပၚမွာ အျပဳံးေလးပင္ ဆင္ျမန္းထားေသးသည္။

သူက ကုတင္ေခါင္းရင္းကို မွီလ်က္ ေမွးေနရာမွ မ်က္လုံးဖြင့္လာကာ အၾကည့္က ကၽြန္ေတာ့္မ်က္ႏွာမွ လက္ေခ်ာင္းေတြသို႔ ေရႊ႕သြား​၏။

သူက လက္စြပ္ကို အတန္ၾကာစိုက္ၾကည့္ေနၿပီးမွ လက္ဆန႔္ကာ ကၽြန္ေတာ့္လက္ထဲမွ ယူလိုက္သည္။

ကၽြန္ေတာ္တို႔ႏွစ္ေယာက္လုံး ဂိတ္အေပါက္ဝမွာ ျဖတ္ခဲ့ၾကတာကို ျပန္မေျပာျဖစ္ေပ။ သူကလဲ အရင္ေျပာဖို႔ မစခဲ့၊ ၎က ကၽြန္ေတာ္ႏွင့္ ဘာမွမဆိုင္ဟုလဲ သူေတြးေနတာ ျဖစ္ေကာင္းျဖစ္မည္။ ကၽြန္ေတာ္ကလဲ အရင္စမေျပာခဲ့ေပ။ သူ႔ကိုလင္းရွန႔္အေၾကာင္း ဘယ္လိုေျပာျပရမလဲ မသိ၍ျဖစ္သည္။

ကၽြန္ေတာ္ကိုယ္တိုင္ အားတင္းအၾကည့္လႊဲလိုက္၍ ေအာက္မွ ကတ္ထူပုံးကို ေကာက္ကာ တံခါးဆီသို႔ ေလၽွာက္သြားလိုက္ေတာ့သည္ :

" ၿပီးခါနီးၿပီပဲ။ငါ...ငါ သြားနားေတာ့မယ္။ မင္းလိုတာရွိရင္ ေခၚလိုက္ေနာ္။ "

ထိုသို႔ေျပာ၍ ကၽြန္ေတာ္ တံခါးကို အျမန္ပိတ္လိုက္​၏။ ကၽြန္ေတာ့္ မ်က္လုံးေထာင့္မွသည္ သူ​၏ တယုတယျဖစ္ေနေသာ အသြင္အျပင္ကို နည္းနည္းေလးေလာက္ျဖစ္ျဖစ္ ျမင္ရေနမွာစိုး၍ပင္။

ကၽြန္ေတာ္ ဖုန္းကို အားသြင္း၍ ဖြင့္လိုက္ေသာအခါ99+ missed callsဇယားႀကီးေပၚလာ​၏။ ကၽြန္ေတာ္ ႏွိပ္ၾကည့္လိုက္ရာ အားလုံးဟာ နန္ရွန္ထံမွ ျဖစ္ေနခဲ့သည္။

အြန္လိုင္းမွ သတင္းတင္ျပမွုအသစ္အခ်ိဳ႕ကို ဖတ္ၾကည့္ၿပီးေနာက္ ေကသရာဇာကၽြန္း​၏ က်ဆုံးခန္းအရိပ္အေယာင္ေတြမရွိတာကို ေတြ႕လိုက္ရသည့္တိုင္ အားလုံးကေတာ့ ေမၽွာ္လင့္ထားၿပီးသားထင္​၏။ ရက္သတၱပတ္ကုန္လြန္သြားတာေတာင္ ဆိုရွယ္မီဒီယာေပၚမွာ ေသြးပူစြာ ေဆြးေႏြးေနၾကဆဲပင္။

[ ဒီလို အၾကာႀကီးစီစဥ္ထားရတဲ့ စစ္ဆင္ေရးႀကီးမွာ တကယ္ႀကီး က်င္ခ်န္ယြီကို လြတ္ခြင့္ေပးလိုက္တယ္ေပါ့။ အဖြဲ႕အစည္းထဲမွာ သစၥာေဖာက္မ်ားရွိေနတာလား ? ငါ ေျပာစရာမဲ့ ]

[ အေပၚထပ္ေရ ပါးစပ္ဟၿပီး ငါ့ကိုပဲအကုန္ေျပာလိုက္ပါလား ? ဒီစစ္ဆင္ေရးမွာ လူဘယ္ေလာက္အသက္ေပးခဲ့ရလဲ နင္သိလား ? က်င္မိသားစုက အင္အားအရမ္းႀကီးတာ ေကသရာဇာကၽြန္းကို ဖမ္းဆီးဖို႔က လြယ္တာမဟုတ္ဘူး။နင္ကသိပ္မိုက္ေနရင္လဲ ေကသရာဇာကၽြန္းတည္ေနရာပို႔ေပးလိုက္မယ္ ! ]

[ ေကသရာဇာကၽြန္းက တစ္ထီးတည္းေပမဲ့ က်င္ေဖးရွန္းကိုဖမ္းမိတာကေတာ့ အခ်ည္းႏွီးမဟုတ္ပါဘူး။သူအျမန္စီရင္ခ်က္ခ်ခံရၿပီး ေသတဲ့အထိ ေထာင္နန္းစံရပါေစလို႔ ငါဆုေတာင္းတယ္ ]

[ ငါ့ဝမ္းကြဲက အဲ့ညမွာ ေကသရာဇာကၽြန္းေရာက္ေနတာေလ။ဒါမယ့္သူက ကၽြန္းကမဟုတ္ဘူး။ သူက ေလာင္းကစားလုပ္ဖို႔ သြားတဲ့ ဧည့္သည္ပဲ။ သူေျပာပုံအရ အဲ့ညမွာ JC(ေကသရာဇာကၽြန္း) တပူတျပင္းျဖစ္ေတာ့ သူ႔မွာ ေၾကာက္သြားရတာ ေသးေတာင္ထြက္က်ေတာ့မလို႔တဲ့။ သူတစ္ညလုံး ေခါင္းေပၚလက္တင္ၿပီး နံရံေဘးမွာ ေဆာင့္ေၾကာင့္ေလးထိုင္ခဲ့ရတာတဲ့။ ေနာက္ေန႔က် ေျခေထာက္ေတြေတာင္ ျပန္မဆန႔္နိုင္ေတာ့မလို႔တဲ့။ မဟုတ္ဘူး ငါေျပာမယ္။နင္တို႔ေတြ အရပ္သားေတြရဲ့လုံျခဳံေရးကို ထည့္ေတြးေပးပါလား ? စစ္ဆင္ေရးမစခင္ ဧည့္သည္ေတြကို အရင္ ေဘးကင္းရာေျပာင္းေပးလို႔မရဘူးလား ? ပစ္ခံရမိရင္ ဘယ္လိုလုပ္မလဲ ? ]

[ ေကသရာဇာကၽြန္းစစ္ဆင္ေရးမွာ အသက္ေပးခဲ့ၾကတဲ့ ၊ထိခိုက္ခဲ့ၾကတဲ့ ရဲအရာရွိအားလုံးကို ေက်းဇူးတင္ပါတယ္။ အားထုတ္မွုေတြအတြက္ ေက်းဇူးပါ။ သူတို႔မရွိရင္ ၿငိမ္းခ်မ္းတည္တံ့တဲ့ လူ႔အဖြဲ႕အစည္းလဲ ရွိလာနိုင္မွာမဟုတ္ဘူး [ ဆုေတာင္းေပး ] ]

ေကာလာဟလမ်ိဳးစုံက စခရင္ႏွင့္အျပည့္။ ကၽြန္ေတာ္ ဖတ္ေလေလ ေဒါသထြက္လာေလေလပင္။ ကၽြန္ေတာ္ ဖုန္းကို ခ်၍ ထကာ စာၾကည့္ခန္းထဲသို႔ သြားၿပီး ဖတ္ဖို႔ စာအုပ္ရွာလိုက္​၏။

ကၽြန္ေတာ္ ျဖစ္သလို စာစီစာကုံးေပါင္းခ်ဳပ္တစ္အုပ္ေကာက္၍ ႏူးညံ့ေသာခုံမွာနစ္ကာ ခဏမၽွ ဖတ္ေနလိုက္သည္။ထို႔ေနာက္ အိပ္ခ်င္လာရ​၏။ကၽြန္ေတာ္ စာအုပ္ကို ရင္ဘတ္မွာ ေျပာင္းျပန္တင္လ်က္ တျဖည္းျဖည္းအိပ္ေမာက်သြားရသည္။

ကၽြန္ေတာ္ ျပန္နိုးလာေသာအခါ ျပတင္းအျပင္ဘက္တြင္ ေနေစာင္းေနၿပီပင္။ အခ်ိန္ကိုၾကည့္လိုက္မိလၽွင္ မြန္းလြဲ ၅နာရီ။

ေျခေထာက္ႏွင့္ကန္၍ မတ္မတ္ထထိုင္လၽွင္ စာအုပ္က ေအာက္ကို ျပဳတ္က်​၏။ ကၽြန္ေတာ္ ေၾကာင္ေတာင္ေတာင္ႏွင့္ စိုက္ၾကည့္ေနၿပီးကာမွ ေအာက္ထပ္ ေျပးဆင္းခဲ့မိသည္။

ရန္ခ်င္းကၽြမ္းသည္ ေရကြက္တစ္ခုေရွ႕တြင္ ရပ္လ်က္ ၊ ညာဘက္တံေတာင္တြင္ လမ္းေလၽွာက္စင္ကို ကိုင္ကာ ေရေႏြးကရားမွ ေရထည့္ေနတာပင္။ စားပြဲေပၚ၌ ပလတ္စတစ္ဘူးႏွင့္အစားအေသာက္ေတြရွိေနၿပီး မထိရေသး၊ အေငြ႕ေတြလည္းထြက္ေန​၏။ ျဖစ္တန္သည္မွာ တစ္ေယာက္ေယာက္က အစားအေသာက္လာပို႔ခဲ့ပုံရၿပီး တံခါးဖြင္ခဲ့သူက ရန္ခ်င္းကၽြမ္းပင္....

" ဘာ... ဘာလို႔ ငါ့ကို မေခၚလိုက္တာလဲ " ကၽြန္ေတာ္ အေရွ႕တက္၍ သူ႔ေရွ႕မွ ကရားကိုယူလိုက္ကာ ေရျဖည့္ေပးၿပီး ျပန္ေႏႊးရန္ ေအာက္ေျခေပၚမွာ ျပန္တင္လိုက္သည္။

" ငါေရေသာက္ၿပီးရင္ မင္းကို ေခၚေတာ့မလို႔ပဲ " သူကလမ္းေလၽွာက္စင္ကိုအားျပဳ၍ စားပြဲမွာ ထိုင္ခ်သည္။

" ငါဆိုလိုတာ အဲ့ဒါမဟုတ္ဘူး။ ငါဆိုလိုတာက... မင္းလိုအပ္တာရွိရင္ ငါကို ေခၚဖို႔လိုတယ္လို႔။ မင္းဒီလိုလွုပ္ေနမယ္ဆိုရင္ မင္းအနာေတြက က်က္ဖို႔မလြယ္ဘူး "

ကၽြန္ေတာ္ သူ႔ေနာက္မွစားပြဲသို႔လိုက္သြားၿပီး တစ္ခါသုံးတူကို ခြဲေပးလိုက္ကာ သူ႔ကို ကမ္းေပးလိုက္​၏။

သူက သူမ်ားကို ဒုကၡေပးရတာႏွင့္ အသားမက်တာကို ကၽြန္ေတာ္ သိသည္။ သို႔ေသာ္ ကၽြန္ေတာ့္ေၾကာင့္ သူ႔လက္ႏွင့္ေျခေထာက္က ဓားခ်က္ရထားတာျဖစ္​၏။ကၽြန္ေတာ္ သူ႔ကို ေစာင့္ေရွာက္ေပးဖို႔ကအက်ိဳးအေၾကာင္းသင့္ပါသည္။

သူက ဘာမွမေျပာေတာ့ပဲ တူကိုယူကာ ေခါင္းငုံ႔၍ၿငိမ္သက္စြာ စားေသာက္ေတာ့သည္။

အိပ္ၿပီးသည္ႏွင့္ ဆုတ္ခြာသြားေသာ စိတ္ဓာတ္အားမာန္တို႔က သူ႔ထံျပန္ေရာက္လာပုံပင္။ တစ္ေယာက္ကို ထမင္းတစ္ဘူးႏွင့္ ကၽြန္ေတာ္က ဘူးတစ္ဝက္သာစားနိုင္ေသာ္လည္း သူကေတာ့ တစ္ဘူးလုံးစားေသာက္ခဲ့​၏။ ထမင္းစားၿပီးေသာ္ သူက ၇၀%ေလာက္ပဲ ဗိုက္ျပည့္ေသးဟန္တူသည္။ သူဟာ စားပြဲေပၚမွ အလြန္အရသားရွိသည့္ လက္က်န္ဟင္းလ်ာေတြကို ဆက္ရွင္းေနဆဲ။

" မစားခ်င္ေတာ့ဘူးလား ? " သူက ကၽြန္ေတာ့္​၏ ေန႔လယ္စာဘူးတစ္ဝက္ကိုၾကည့္၍ လက္ဆန႔္ကာေတာင္းသည္" ငါ့ကိုေပး "

ကၽြန္ေတာ္က ဟင္းရြက္ရည္ေတြလူးထားေသာ ထမင္းကို စိုက္ၾကည့္ရင္း : " ငါစားၿပီးသား.... "

သူက အစားအစာယူရာမွာ အာ႐ုံစိုက္ထားၿပီး ေခါင္းမေမာ့ပါဘဲ သူ႔လက္ေခ်ာင္းေတြက " လာ " ဟူ၍ အခ်က္ျပသည့္ႏွယ္ ဆန႔္ထြက္လာတာေၾကာင့္ ကၽြန္ေတာ့္မွာ ေရြးစရာမရွိပဲ တစ္ဝက္စားၿပီးသားေန႔လည္စာဘူးကိုသူ႔အားကမ္းေပးရေတာ့သည္။

ပိုစားၿပိး ပိုအိပ္ျခင္းက သူ႔ကို ပိုျမန္ျမန္ေကာင္းလာေစမည္ဟု ယုံၾကည္ထားသည့္ႏွယ္။ သူစားလို႔ရကတည္းက သူ​၏ စားခ်င္စိတ္က ႀကီးသည္ထက္ႀကီးလာကာ အရင္ကထက္ အမ်ားႀကီးပိုလာခဲ့သည္။

သူက ေနာက္ဆုံးဟင္းရည္အနည္းငယ္ကို အျမန္ေသာက္ၿပီးေနာက္ စားပြဲေပၚက အမွိုက္ေတြကို ေသေသခ်ာခ်ာရွင္းလင္းေလသည္။

ကၽြန္ေတာ္ အျမန္သူ႔ကိုထိုင္ဖို႔ေျပာရသည္ : " ငါေျပာပါတယ္ ငါ လုပ္မယ္လို႔....."

ကၽြန္ေတာ္ ေန႔လယ္စာဘူးေတြကို အမွိုက္အိတ္ထဲထည့္ၿပီး အျပင္ဘက္က အမွိုက္ပုံးမွာ ပစ္လိုက္သည္။ ျပန္ေရာက္လာေသာအခါ ရန္ခ်င္းကၽြမ္းတစ္ေယာက္ အဝတ္ေတြကို သယ္၍ ေရခ်ိဳးခန္းဆီ ဦးတည္ေနတာကို ျမင္လိုက္ရ​၏။

ကၽြန္ေတာ္ ခ်က္ခ်င္းေခါင္းကိုက္သြားကာ သူထံေျပးသြားမိသည္။

" မင္း ဘာလုပ္မလို႔လဲ ? "

သူက ကၽြန္ေတာ့္ကို ျပန္လွည့္ၾကည့္​၏။ သူ႔မ်က္လုံးမွာ " မင္း ဘယ္လိုေပါက္တတ္ကရေတြေမးေနတာလဲ ? " ဟူသည္ အျပည့္။

" ေရခ်ိဳး " သူက ႏွစ္ခြန္းသာေျပာ၍ ေရခ်ိဳးခန္းထဲ ဆက္ေလၽွာက္သြားခဲ့​၏။

" မင္း...မင္း ဒဏ္ရာေတြကို ေရထိလို႔မရဘူး " ကၽြန္ေတာ္ သူ႔ကိုဆြဲလိုက္ရသည္။

သူက လွည့္လာ၍ ကၽြန္ေတာ္ဆြဲထားေသာလက္ေမာင္းကိုၾကည့္ၿပီး ၊ ေနာက္ ကၽြန္ေတာ့္ကို ျပန္ၾကည့္ကာ ႐ုတ္တရက္ျပဳံး​၏ : " ဒါဆို ငါတို႔ဘာလုပ္သင့္တယ္လို႔ မင္းထင္လဲ ? "

ပါးလ်ေသာ စြပ္က်ယ္က အသားေပၚတြင္ကပ္ေန၍ ရင္ဘတ္ႂကြက္သားေကာက္ေၾကာင္းေတြကို ခပ္ေရးေရးျမင္ေနရသည္။ လက္ေမာင္းေတြေပၚ၌ ေသြးေရာင္အနာေဖးတခ်ိဳ႕ႏွင့္ပြန္းပဲ့ရာတခ်ိဳ႕ရွိေနကာ မ်က္လုံးတစ္ဖက္က ေသြးေရာင္ျဖစ္ေနဆဲျဖစ္ၿပီး မေပ်ာက္ေသး။မၾကာေသးမီရက္မ်ား၌ ဒဏ္ရာတို႔ေၾကာင့္ သူ႔စြမ္းေဆာင္ရည္ေတြက အနည္းငယ္ ေလ်ာ့က်သြားေသာ္လည္း ဘာကမွ သူ႔ကို " ခ်ိဳ႕ယြင္းခ်က္ " ႏွင့္ ဆက္စပ္ေစမည္ မဟုတ္ေပ။ဆန႔္က်င္ဘက္အေနႏွင့္ အႏွီ ဒဏ္ရာမ်ားေၾကာင့္ သူဟာပို၍ အႏၲရာယ္ရွိသည့္ပုံေပါက္​၏။

ကၽြန္ေတာ္ တံေတြးမ်ိဳခ်လိုက္၍ ခဏမၽွတုံ႔ဆိုင္းေနၿပီးမွ ဖိအားေအာက္ကေန ေျပာလိုက္မိသည္ : " မင္းကုတင္ေပၚမွာလွဲလိုက္။ငါ မင္းကို ေရဖတ္တိုက္ေပးမယ္ေလ ? "

သူက ကၽြန္ေတာ့္ကို ငုံ႔ၾကည့္၍ မ်က္ခုံးအသာပင့္ကာ ကၽြန္ေတာ့္လက္ထဲမွ ႐ုန္းထြက္လိုက္ၿပီး လွည့္သြား​၏။

သူ ကၽြန္ေတာ္ေျပာတာနားမေထာင္ေတာ့ပဲ သူ႔အဝတ္ေတြကို ဆြဲယူဖို႔ျပင္ေနၿပီဟု ထင္လိုက္မိေပမယ့္ သူ ေျပာလိုက္သည္မွာ : " ထိုင္ခုံတစ္လုံးသြားယူ။ ေရခ်ိဳးလို႔မရေပမယ့္ ငါ ေခါင္းေတာ့ေလၽွာ္မွရမယ္ "

႐ုတ္ျခည္း ကၽြန္ေတာ္လက္ကို လႊတ္ေပးလိုက္ၿပီး ေနရာမွာ စကၠန႔္အနည္းငယ္မၽွ ေတာင့္ခဲေနခဲ့​၏။ ထို႔ေနာက္မွ ကၽြန္ေတာ္ မီးဖိုေခ်ာင္ဆီသို႔ေျပးကာ ပလတ္စတစ္ခုံဝိုင္းေလးကို ယူလိုက္သည္။

ဤအေဆာက္အအုံေလး၌ အေပၚေအာက္ ေရခ်ိဴးခန္း ႏွစ္ခန္းပါရွိသည္။ အေပၚတစ္ခန္းက ေသးၿပီး ေအာက္အခန္းက ပိုႀကီးတာပင္။ ေရပန္းတင္မကပဲ ေရခ်ိဳးကန္အႀကီးႀကီးလည္းပါ​၏။

ရန္ခ်င္းကၽြမ္း​၏ ပုခုံးေပၚကို တဘက္တင္ၿပီး သူ႔ကို ေရခ်ိဳးကန္ေပၚသို႔ ကိုင္းေစလိုက္သည္။ ကၽြန္ေတာ့္လက္ထဲကို ရွန္ပူအနည္းငယ္ ညႇစ္ထည့္၍ သူ႔ဆံပင္အရင္းသို႔ ညင္ညင္သာသာသုတ္လိမ္းလိုက္သည္။

သူ႔ဆံပင္က ထူၿပီး ၾကမ္းေလရာ ေရစြတ္ေသာအခါ အနည္းငယ္ စူးသည္။ဆံပင္ထူေသာလူမ်ားသည္ ေဒါသျဖစ္တတ္ေၾကာင္း ကၽြန္ေတာ္ ၾကားဖူး​၏။

" နာလား ? " ကၽြန္ေတာ္ သူ႔ကို ေမးလိုက္သည္။

" မင္းပိုျပင္းျပင္းေလၽွာ္ေပးလို႔ရတယ္ "

" ငါက မင္းဒဏ္ရာကို ေမးေနတာ။ ဒီလိုအေနအထားနဲ႔ နာလား ? "

သူက ရပ္သြားၿပီးမွ : " မနာပါဘူး။ "

သူကမနာဘူးေျပာေသာ္လည္း ကၽြန္ေတာ္ ေတြးၾကည့္မိၿပီးမွ သူသည္ သူကိုယ္တိုင္ကိုပင္ အမူအရာမပ်က္ပဲဓားႏွင့္ထိုးနိုင္ခဲ့သူျဖစ္တာမို႔ နာေနလၽွင္ေတာင္ ဝန္ခံလိမ့္မည္မဟုတ္တာကို သေဘာေပါက္မိ​၏။

ယင္းက ဒဏ္ရာကို ဖိမိေပလိမ့္မည္။သူ နာသည္ျဖစ္ေစ ၊ မနာသည္ျဖစ္ေစ ကၽြန္ေတာ္လက္လွုပ္ရွားမွုေတြကိုအရွိန္တင္ကာ သူ႔ဆံပင္ကို အျမန္ေလၽွာ္ေပးလိုက္ေတာ့သည္။

ဆံပင္စိုေတြကို သုတ္ေပးရင္း ကၽြန္ေတာ္ သူ႔ကို ေလမွုတ္ေပးရန္ျပင္ေသာ္လည္း သူက ပုံမွန္အတိုင္းသာ ေျခာက္ပါေစဟု ဆိုလာသည္။ သည္ရက္ေတြမွာ အပူခ်ိန္ကလဲ အေတာ္ေလးျမင့္​၏။ သူ႔ဆံပင္တိုတိုက ျမန္ျမန္ဆန္ဆန္ေျခာက္သြားေလာက္မည္ျဖစ္၍ ကၽြန္ေတာ္ အတင္းမလုပ္ျဖစ္ေတာ့။

" မင္းကို ေရဖတ္တိုက္ေပးေစခ်င္ေသးလား ? "

ကၽြန္ေတာ္က ေျပာရင္း သူ႔အဝတ္စြန္းကို စဆြဲယူလိုက္​၏။

သူက နာခံစြာပင္ စြပ္က်ယ္ခၽြတ္ေပးဖို႔ေျပာလာၿပီးကၽြန္ေတာ့္ကို ေက်ာေပးကာ ၊ သူ လက္လွမ္းမမွီနိုင္သည့္ေက်ာေနရာေတြကိုသာ သုတ္ေပးရန္ ေျပာလာခဲ့သည္။

ႂကြက္သားေတြျဖင့္ လႊမ္းျခဳံေနေသာ ေနာက္ေက်ာသည္ အမာရြတ္အေဟာင္း၊အသစ္မ်ားျဖင့္ ဖုံးလႊမ္းကာ ဒဏ္ရာမ်ားျဖင့္ ဖုံးအုပ္ထားျပန္​၏။ကၽြန္ေတာ္ ေသေသခ်ာခ်ာသုတ္ေပးေနမိၿပီး အသိဝင္လာေသာအခါ ကၽြန္ေတာ့္လက္ဖ်ားေတြက လက္ျပင္ရိုးေအာင္အစြန္ဆုံးေနရာကို ကတုန္ကယင္ႏွင့္ထိမိလ်က္သား။ ထိုေနရာတြင္ ႀကီးမား၍အာ႐ုံဖမ္းစားနိုင္ေသာ ဒဏ္ရာႀကီးရွိ​၏။

လူလိမ္ ၊ ဒါက ဘယ္လိုလုပ္မနာပဲ ေနမွာလဲ ?

ကၽြန္ေတာ္ေက်ာမွာ တက္တူးထိုးရတုန္းကဆို အဲ့ေလာက္ အပ္ပါးေလးေတာင္ အရမ္းနာခဲ့ရတာ...

ကၽြန္ေတာ္ ထိမိလိုက္ေသာ ႂကြက္သားတိုင္းက တင္းသြားၿပီး ျပတ္သားေသာ ေကာက္ေၾကာင္းမ်ားေပၚလာ​၏။

" က်ိနင္..."

ရန္ခ်င္းကၽြမ္းက ေႏွာင့္ယွက္တာကို သည္းမခံနိုင္ေပ။ သူက မ်က္ေမွာင္ၾကဳတ္လ်က္လွည့္လာၿပီး ကၽြန္ေတာ့္လက္ေကာက္ဝတ္ကို လွမ္းဆြဲ၍ ဩရွသည့္အသံျဖင့္ ဆိုလာ​၏ :

" ငါ မင္းကို ငါ့ေက်ာကို ပြတ္ေပးေစခ်င္႐ုံပဲ။မထိနဲ႔ "

Continue Reading

You'll Also Like

260K 13.7K 82
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
303K 53.3K 67
Start Date - 18.05.2021 End Date - တစ်နေ့တွင် ကျန်းချန်ဖေးသည် ကားမတော်တဆမှုကြုံခဲ့ရသည်။ ကံကောင်း၍ ဒဏ်ရာကြီးကြီးမားမားတော့မရှိခဲ့ပေ။ သို့သော်ငြား ကားတ...
422K 35.8K 30
စွန့်စားရဲသော ငှက်ငယ်သည် ကောင်းကင်မြင့်မြင့်ကိုသာ နှစ်ခြိုက်၏။ ဝေးဝေးပြေးသော မြှားသည် ကျွမ်းကျင်သော သခင်လက်မှာသာ တည်တံ့၏။ လှပသော ဇလပ်ပန်းသည် တောင်စွန...
245K 26.8K 105
Language Korean Author(s) 벼르치 Associated Names 메인수가 집착광공이 되면 Status in COO 103 chapters (Complete) Licensed No Original Publisher BLYNUE 블리뉴 Descript...