『Unicode』
အခန်း ( ၅၉ ) : ငါ့နံဘေးကနေ ဖြစ်သလို ထွက်မသွားနဲ့။
※※※※※※※※※※※※※※※※※※※※
ကျွန်တော့်လည်ချောင်းမှာ ခြောက်ကပ်နေ၍ အသံကို မနည်း ထွက်အောင်လုပ်လိုက်ရသည် : " ရန်ချင်းကျွမ်းရဲ့အဖေက.... "
ကျန်းလုံကျွင်းက စကားဖြတ်ကာ : " ငါအမြဲတမ်း သူ့ကို ကျေးဇူးကြွေးတင်နေခဲ့တာပါ "
ဆံပင်ဖြူတွေနှင့် ရှိရင်းစွဲအသက်ထက်ပိုအိုပုံရသော ဒါရိုက်တာကျန်းဟာ သူ့စကားကို မဆက်ပဲ ၊ သည်မှာရပ်လိုက်ပြီးကျွန်တော့်ကို စိတ်ကူးကြည့်ရန်အတွက် အဆုံးမဲ့နေရာစာ ချန်ထားပေးခဲ့လေသည်။
ရန်ကျန်သည်လည်း လျှို့ဝှက်ရဲအရာရှိဖြစ်နေခဲ့လျှင် ရန်ချင်းကျွမ်းက သူနှင့်တူသည်ဟု အားလုံးက ပြောကြသည်မှ မဆန်းတော့။သူတို့ အကျင့်စရိုက်ကို ဘေးချိတ်၍ သူတို့၏ ရွေးချယ်ရာဘဝလမ်းကိုသာ ပြောလျှင်တောင် သူတို့နှစ်ယောက်ဟာ အံ့ဩရလောက်အောင် တူညီကြလေသည်။
ခင်ဗျားမပြီးတဲ့အရာကို ကျွန်တော် အပြီးသတ်မယ် ; ခင်ဗျား ကာကွယ်မပေးနိုင်ခဲ့တဲ့အရာတွေကို ကျွန်တော်က ကာကွယ်ပေးပါ့မယ်။ သေသွားမယ်ဆိုရင်တောင် နောင်တမရှိပဲ ဆက်လျှောက်မယ်။ ပြန်လည်ဝင်စားသကဲ့သို့ ကံကြမ္မာ၏သဘောတရားက စိတ်ကို ထုံကျင်လာစေခဲ့ခြင်း။
ရန်ချင်းကျွမ်းတစ်ယောက် ဤအလုပ်ကို အမွေဆက်ခံခဲ့စဉ်က မည်သို့ ခံစားရမည်နည်း ?
သူ့အတွက် သေသည်အထိတိုင် သူအမြဲမုန်းတီး၍ နားလည်မှုလွဲခဲ့သော အဖေဖြစ်သူအကြောင်း သိလိုက်ရတဲ့အခါ မည်သို့သော နောင်တနှင့်နာကျင်မှုတွေ ခံစားခဲ့ရမည်နည်း ? အရင်းနှီးဆုံး မိသားစုတွေထံမှ မုန်းတီးခံရပြီး ၊ သူ့လုပ်ရပ်တွေကိုလောကတခွင် လူသိရှင်ကြားထုတ်မပြနိုင်ခဲ့ပဲ အမဲစက်နှင့်သာ မြှုပ်နှံခံခဲ့ရတာကိုလေ....
ဒီနှစ်တွေမှာ သူတစ်ယောက်တည်း ဘယ်လိုရှင်သန်ခဲ့မည်နည်း ?
ကျွန်တော် နှုတ်ခမ်းစေ့လိုက်မိပြီး လျှာဖျားက သွားကြားကိုထိကာ ရုတ်တရက် ရင်ဘတ်ထဲမှာ ထိုးစိုက်သလို နာကျင်လာရ၏။ ပထမတုန်းက သတိမမူမိပဲ သည်းညည်းခံနိုင်သေးသည့်တိုင် အချိန်တွေကုန်လာသည်နှင့်အမျှ ဆက်တိုက်စပ်ဖျဉ်းဖျဉ်းဖြစ်လာခြင်းက အရိုး၏ အသားအား ဖြတ်သွားသည့် နာကျင်မှုအဖြစ်သို့ တဖြည်းဖြည်း ပေါင်းဆုံသွားသည်။
" ခင်ဗျားတို့ သူ့ကို တကယ်မရွေးခဲ့သင့်ပါဘူး " ကျွန်တော် အဝတ်ကိုဆုပ်ရင်း စိတ်လိုက်မာန်ပါပြောလိုက်မိ၏။
ကျွန်တော့်လေသံကို မထိန်းချုပ်နိုင်လိုက်။ ကျွန်တော့်မှာ အနေအထားမရှိမှန်း သိနေပါလျက်တောင် စောဒကမတက်ပဲတော့မနေနိုင်။ သူ့ကို ဒီလိုဘဝမျိုး တွေ့ကြုံခွင့်ပြုခဲ့၍ ၊ သူ့ကို ပြီးခဲ့သည့်ငါးနှစ်တာ၌ ဝံပုလွေတွေ ၊ မြေခွေးတွေပတ်ပတ်လည်ဝိုင်းနေသော ချောက်ကမ်းပါးထိပ်မှာ ရပ်ခွင့်ပြုခဲ့၍ သူတို့ကို အပြစ်တင်ခဲ့သည်။
ကျန်းလုံကျွင်းက တိတ်သွားကာ ပြန်လည်ချေပမလာခဲ့ပါ။
ကျွန်တော်တို့ စကားစရပ်လိုက်၍ စင်္ကြံမှု တိတ်ဆိတ်စွာထိုင်လျက် အော်ပရေးရှင်းခန်း နောက်တစ်ကြိမ်ပွင့်လာမှာကိုသာစောင့်နေခဲ့မိသည်။
ဆယ်မိနစ်ကျော်တိုင် အော်ပရေးရှင်းက မပြီးသေး။ ကျန်းလုံကျွင်းအား ကပျာကယာနှင့်ရောက်လာသော သူ့ဝန်ထမ်းကလာခေါ်သွား၏။
သူ့အဆင့် ၊ သူ့အနေအထားအရ ၊ သူဒီည အလွန်အလုပ်များဖို့ ကြမ္မာဖန်သည်။ ရန်ချင်းကျွမ်း၏ ခွဲခန်းအပြင်ဘက်မှာမိနစ်နှစ်ဆယ်မျှ စောင့်ပေးဖို့ အချိန်ပိုလျှင်ပင် အရေးကြီးသည်ဟု သတ်မှတ်လို့ရ၏။
" ကိစ္စတွေ အခြေကျတဲ့အခါ ငါပြန်လာမှာပါ။ မင်း သိပ်ပြီး စိတ်ပူမနေပါနဲ့။ဒီကလေးက ဘဝကြမ်းခဲ့တာမို့ သေမှာမဟုတ်ဘူး။ "
ထွက်မသွားခင်သူက ပိတ်ထားသောအော်ပရေးရှင်းခန်းကို တစ်ချက်ကြည့်၍ပြောသော်လည်း အမူအရာကတော့အေးဆေးမနေခဲ့ပေ
ရန်ချင်းကျွမ်း၏ အော်ပရေးရှင်းသည် ၅နာရီ၊၆နာရီမျှ ကြာမြင့်ခဲ့သည်။ ထွက်လာသောအခါ သူဟာ တစ်ယောက်ဆောင်သို့ ချက်ချင်း တွန်းပို့ခံရ၏။
တံခါးဝတွင် သေနတ်များဖြင့် စောင့်ကြပ်နေသော အထူးရဲများလည်းရှိနေသည်။ ဆေးရုံကုတင်ပေါ်၌ ရန်ချင်းကျွမ်း၏အဓိကလက္ခဏာတွေ တည်ငြိမ်သွားမှ ကျွန်တော့်၏ နေ့ရောညပါ တင်းနေခဲ့သော အာရုံကြောတွေ ပြေလျော့သွားခဲ့ရသည်။ ကုတင်ဘေးမှာ ထိုင်၍ ကျွန်တော် ရန်ချင်းကျွမ်း၏ လက်ကို ဆုပ်ကိုင်ရင်း ဖြူလျလျမျက်နှာကို စိုက်ကြည့်မိကာပိတ်မိနေသော အတွေးတို့ဖြင့် စိတ်ကို ဖြည်းဖြည်းချင်း လွှတ်ပေးလိုက်တော့၏။
ယင်းက " မှတ်ဉာဏ်ပျောက်သွား " ဟုပင် ဖော်ပြလို့ရ၏ ; ပြတင်းအပြင်မှ မနက်ခင်းအလင်းရောင် ဖြာကျလာပြီး ငှက်တို့၏ ကျီကျီကျာကျာအော်မြည်သံက နားစည်အတွင်း လွင့်ပျံ့လာမှ ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရာမှကျွန်တော် နိုးလာခဲ့သည်။ ကျွန်တော့်အဖို့ စက္ကန့်အနည်းငယ်လောက် သတိမေ့သွားသကဲ့သို့ ခံစားလိုက်ရ၏။
ကျွန်တော် တင်း၍နာကျင်နေသော နားထင်တွေကို ပွတ်ရင်း ရန်ချင်းကျွမ်းကို တစ်ချက် ကြည့်မိသည်။ သူမနိုးသေးသဖြင့် ကျွန်တော် ထ၍ ထွက်လာခဲ့၏။
ကောင်းကောင်းအိပ်ပြီးနောက် ပြီးခဲ့သော ရက်အနည်းငယ်လောက်က ခန္ဓာကိုယ်၏ ကန့်သတ်ချက်ကို အဆက်မပြတ်စိန်ခေါ်နေသော အကျိူးဆက်များသည် အပြည့်အဝ ပေါ်လွင်လာခဲ့သည်။ ခန္ဓာကိုယ်အတွင်းရှိ အရိုးတိုင်း နာကျင်နေပြီးကျိုထားသော ဆာလ်ဖြူရစ်အက်စစ်ထဲနှစ်ထားသကဲ့သို့ ခံစားရ၏။
တံခါးဝမှ အထူးရဲတွေကို နှုတ်ဆက်ပြီးနောက် ကျွန်တော် ဆေးရုံ ပထမထပ်ကို ဆင်းကာ တက်တက်ကြွကြွဖြစ်စေရန်ကုန်စုံဆိုင်မှ ကော်ဖီတစ်ခွက်ဝယ်လိုက်သည်။
ပြတင်းပေါက်ဘေးမှ ထိုင်လျက် လမ်းပေါ်ရှိလူအများကို မျက်နှာမူရင်း ကျွန်တော် ပေါက်စီနှစ်လုံးကို ဖြစ်သလို ထိုးထည့်စားမိသည်။ ပြီးလျှင် ခေါင်းမော့၍ လက်ကျန်ကော်ဖီလေးကို သောက်တော့မည်အပြု ၊ လမ်းဘေးရှိ တက္ကစီမှ သောကဝေနေသောပုံရိပ်တစ်ခု ပြေးထွက်လာသည်အား မြင်လိုက်ရလျှင် ပါးစပ်ထဲမှ ကော်ဖီတွေပင် ထွေးထုတ်လုမတတ်ဖြစ်သွားရ၏။
အမျိုးသားက ကျွန်တော့်ကို မမြင်။ ဖြတ်သွားဖြတ်လာလူအုပ်ကြီးကိုရှောင်၍ ဆေးရုံထဲသို့ အလျင်စလို လျှောက်သွားခဲ့သည်။
ကျွန်တော် ခွက်ကိုအမြန်ချ၍ သူ့နောက်မှ လိုက်သွားရသည်။ နောက်ဆုံး သူ အပြင်လူနာဆောင်အတွင်း ဝင်တော့မည့်အခိုက်မှ ကျွန်တော်တားမြစ်လိုက်ရ၏။
" နန်ရှန် ! "
နန်ရှန်က တုံ့ကနဲ့ ရပ်ကာ ကျွန်တော့်ကို အံ့ဩတကြီးလှည့်ကြည့်၏။
သူက ခပ်ကျဲကျဲလျှောက်လာ၍ ကျွန်တော့်ကို မယုံနိုင်သလို စုံခြည်ဆန်ခြည်ကြည့်သည် : " သိပ်ကောင်းတယ် သိပ်ကောင်းတယ်.... "
သူက ထိုစကားသုံးခွန်းကိုသာ ထပ်တလဲလဲရေရွတ်နေရင်း မျက်နှာပေါ်က ထက်သန်နေသည့်အမူအရာလဲ ပျောက်ကွယ်ကာ တစ်ဘဝစာ ပျော်ရွှင်သွားသလိုပြောင်းလဲသွား၏။
သို့သော် ပျော်ရွှင်ပြီ သိပ်မကြာ ၊ သူ့မျက်လုံးတွေက တစ်ဖန်ရဲစွေးလာကာ အပြစ်တင်တော့သည် : " ငါ မင်း အီးမေးလ်ကိုရခဲ့တယ်။ငါမင်းကို ဘယ်လောက်စိတ်ပူနေလဲ မသိပါဘူး။မင်းက တကယ်...တကယ်ကို ငရှုပ်ပဲ ! "
အီးမေးလ်ကို ၇ရက်အတွင်း အလိုအလျောက် ပို့ရန် ယခင်ကတည်းက ကျွန်တော် သတ်မှတ်ထားခဲ့၏။မမျှော်လင့်သောတစ်စုံတစ်ရာဖြစ်လာပါလျှင် နန်ရှန်က ကျွန်တော့် သေတမ်းစာကို ရရှိလိမ့်မည်ဖြစ်သည်။ ပြီးခဲ့သောရက်များတွင် ကျင်ချန်ယွီက ကျွန်တော့််ကို ဖမ်းထားခဲ့တာကြောင့် ကျွန်တော့်ဖုန်းကလဲ အသိမ်းခံလိုက်ရသဖြင့် အီးမေးလ်လိပ်စာကို ပြန်ချိန်ဖို့ မဖြစ်နိုင်ခဲ့ပေ။ အချိန်ကို တွက်ကြည့်ရပါက နန်ရှန်တစ်ယောက် မနေ့ညက အီးမေးလ်ရခဲ့တာဖြစ်ပေမည်။
" အီးမေးလ်ရပြီးတာနဲ့ ငါမင်းကို အကြိမ်ပေါင်းများစွာဖုန်းခေါ်ပေမယ့် ခေါ်လို့မရခဲ့ဘူး.... " နန်ရှန်သည် ထိုနေ့ညက သူ့ခရီးစဉ်အကြောင်းကို ကျွန်တော့်အား မကျေမချမ်းစွာ ပြောပြလာ၏။
သူအိပ်ရာဝင်ခါနီးမှာ ရုတ်တရက် ကျွန်တော် သေတမ်းစာကို ရခဲ့သည်။ သူ ခုန်ထွက်လိုက်ပြီး ကျွန်တော့်ကိုကြိမ်ဖန်များစွာဖုန်းခေါ်၏။ သူ ဖုန်းခေါ်မရသောအခါ ကျွန်တော့်ကို လူကိုယ်တိုင် ကျွန်းမှာ လာရှာဖို့ပြင်လေသည်။ မည်သို့ဖြစ်စေ သူဆိပ်ခံကိုရောက်သည်နှင့် ကြိုးဝိုင်းအပြင်ဘက်မှာ ရပ်တန့်သွားခဲ့ရသည်။
သူတစ်ညလုံး လျှောက်လှည့်သွားကြည့်ခဲ့၏။ ယူနီဖောင်းဝတ်လူများကို တွေ့သောအခါ သူက ကျွန်တော့်အကြောင်းအချက်အလက်တွေကို မေးကြည့်ခဲ့သည်။သို့သော် နေရာက အလွန်ဖရိုဖရဲဖြစ်နေကာ သူ့လိုမျိုး လူရှာနေသည့်လူတွေလဲ များပြားလှသည်။ အားလုံးက အတူစုဝေးနေကြသဖြင့် ရသည့်အချက်အလက်တွေကလဲ အလွန်အကန့်အသတ်နှင့်ပင်။
" နောက်ပိုင်း၊ ဒဏ်ရာရလူနာတွေကို အနီးနားက ဆေးရုံသုံးရုံကိုပို့လိုက်တယ်လို့ကြားမိလို့ ၊ငါ တစ်နေရာချင်းလိုက်ရှာနေခဲ့တာ..အခုတော့..... "
အနီးကပ်ကြည့်လိုက်မှ သူ့မျက်လုံးတွေက မဲနက်နေပြီး နှုတ်ခမ်းတွေက အက်ကွဲနေခဲ့၏။ သူ့ကြည့်ရတာ ကောင်းကောင်းမနားရသေးသည့်ပုံစံ။
" ကြိုးစားပေးတဲ့အတွက် ကျေးဇူးပါကွာ " ကျွန်တော် သူ့ပုခုံးကို ပုတ်ပေးကာ မလုံမလဲနှင့်ဆိုမိသည် : " ငါဒီမှာ လုပ်စရာလေးရှိနေသေးတယ်။ နောက်မှ မင်းကို အသေးစိတ်ရှင်းပြပါမယ်။အခု မင်းအရင် ပြန်နားလို့ရတယ် "
နန်ရှန်က ကျွန်တော့်ကို နားမလည်သလိုကြည့်ကာ ကျွန်တော်လက်မောင်းကိုဆွဲ၍ ဆေးရုံအပေါက်ဝသို့ ဆွဲထုတ်ဖို့ပြင်လေသည် :
" မင်း ဒီလိုဖြစ်နေတာတောင် တခြားဘာလုပ်စရာက ရှိသေးတာလဲ ? ငါနဲ့ပြန်လိုက်ခဲ့ပြီး ကောင်းကောင်းအနားယူတော့။ငါမင်းကို မနက်ဖြန် ပေါ်ချန်ပြန်ခေါ်သွားပြီး အဲ့ဒီက ဒေါက်တာကို အနီးကပ် ကြည့်ရှု့ပေးဖို့ ပြောရမယ် "
ချုန်းဟိုင်ရှိ ဆရာဝန်များသည်လည်း နိုင်ငံအတွင်းမှာ အကောင်းဆုံးဖြစ်၏။ နောက်တစ်နေရာပြောင်းခြင်းက ပို၍စိတ်ပျက်ရသည့်ရလဒ်မျိူးသာ ထွက်လာနိုင်မည်။
" နန်ရှန်..." ကျွန်တော် သူ့ကို ကူကယ်ရာမဲ့စွာ တားရင် : " ဒါက ငါ့ကိုယ်ပိုင်ရွေးချယ်မှုပါ။ "
မယုတ်မလွန်ကုသမှုကိုရွေးချယ်သည် ၊ အေးအေးချမ်းချမ်းနှင့် သေဖို့ကို စောင့်နေရန် ရွေးချယ်သည်။
ထိုအခိုက်ဝယ် နန်ရှန်က အရှေ့လျှောက်သွားပြီးမှ ကျွန်တော့်ကို စူးစူးရဲရဲပြန်လှည့်ကြည့်ကာ ဒေါသတကြီး ဆဲရေးလိုက်၏: " မင်းကိုယ်ပိုင်ရွေးချယ်မှုက သောက်ရေးမပါတာ ! "
သူ့အတွက် ဤသို့ မယဉ်ကျေးခြင်းက ရှားပါးပါ၏။ ကျွန်တော်က သူ့ကန့်သတ်ချက်အထိ ရောက်သွားအောင် အမှန်တကယ် တွန်းပို့ပေးခဲ့တာဖြစ်လောက်မည်။
ကျွန်တော် သက်ပြင်းခိုးချမိရင်း လက်ကိုရုတ်ကာ သူနှင့်ဆွေးနွေးလိုက်၏ : " ရန်ချင်းကျွမ်းက ခုထိမနိုးလာသေးဘူး။ ငါမသွားနိူင်ခင် သူနိူးလာသည်အထိ စောင့်မှရမယ် "
ယခု ပေါ့ပေါတန်တန်ပြောနေခြင်းကြောင့် နန်ရှန်ဟာ အနည်းငယ် စိတ်လှုပ်ရှားသွားတာ သိသာပေသည်။ သူ့မျက်ခုံးတွေက ကျုံ့ထားဆဲပေမယ့် လေသံက ပျော့သွား၏။
" သူရော ဘယ်လိုလဲ ? "
" ဒဏ်ရာတွေက နည်းနည်းတော့ ပြင်းထန်တယ်... "
ဆေးရုံအဆောက်အအုံထဲသို့ လျှောက်လာရင်း ကျွန်တော် သူ့ကို ပြီးခဲ့သောရက်တွေအတွင်းက အတွေ့အကြုံတွေကို ပြောပြမိသည်။သူ စိတ်ပူနေမည်စိုး၍ ကျွန်တော်ဟာ ခရေစေ့တွင်းကျတော့ မသွားဖြစ်သော်လည်း ၊ အကြမ်းဖျင်းအတွေးအခေါ်တစ်ခုကို ကြားရရုံဖြင့် သူ့ကို မကြာမကြာ အသက်ရှုပေါက်ရစေဖို့ လုံလောက်ပါ၏။
ကျွန်တော်တို့ ရန်ချင်းကျွမ်း၏ အဆောင်သို့ ရောက်သောအခါ ဝတ်စုံပြည့်နှင့်လူနှစ်ယောက်ကျော်က ကျွန်တော့်တို့ကိုတားမြစ်ခဲ့သည်။ အကြီးအကဲက အထဲမှာရောက်နေသဖြင့် ကျွန်တော်တို့ကို စောင့်ပေးပြီးမှ ဝင်ရန် ပြောကြားလာသည်။
ကျန်းလုံကျွင်းရောက်နေသည်ဟု ကျွန်တော် ခန့်မှန်းမိလိုက်သဖြင့် နန်ရှန်ကို ပြောလိုက်မိ၏ : " သူတို့က ဘယ်အချိန်မှထွက်လာမယ်မှန်းမသိဘူး။ မင်း အရင်ပြန်သင့်တယ်နော် ၊ ငါ တကယ် အဆင်ပြေပါတယ် "
နန်ရှန်က ဘယ်လိုလုပ်ပြီး ကျွန်တော့်ကို အလွယ်လေး လွှတ်ပေးချင်စိတ်ရှိမည်နည်း ? သူက ကျွန်တော်နှင့် သွားဖို့အတွက်ဇွတ်လုပ်နေခဲ့သေးသည်။ရလဒ်ကတော့ သူ စကားပြောရင်း စိတ်အလှုပ်ရှားလွန်ပြီး နှာခေါင်းသွေးပင်လျှံလာခဲ့သည်မို့ သူရောကျွန်တော်ပါ လန့်ဖြတ်သွားခဲ့ရ၏။ ကံကောင်းစွာဖြင့် တာဝန်ကျသူနာပြုက သူဘေးမှာ ရှိနေခဲ့သဖြင့် ကျွန်တော့်မှာဂွမ်းကိုယူ၍ သူ့ကို ပေးလိုက်ရသည်။
" ပြန်တော့။ မင်းကမှ အနားယူဖို့လိုနေတဲ့သူနဲ့ ပိုတူနေတာ " ကျွန်တော် သူ့ကို သွေးတိတ်စေရန် နောက်ထပ်အကြံပြုမိသည်။
နန်ရှန်ခမျာ ဒေါသထွက်ထွက်နှင့် သူ့နှာခေါင်းကို ထိကြည့်ပြီး စကားသံပြန်ထွက်လာသောအခါ မရမနေမဖြစ်တော့ပေ : " ဒါဆိုလဲ ငါပြန်ပြီး တစ်ရေးအိပ်လိုက်ဦူးမယ်။ ညနေခင်းကျ ငါမင်းကို လာခေါ်လှည့်မယ် "
ကျွန်တော် သဘောတူစွာ ခေါင်းညိတ်ပြလိုက်၏။
ကျွန်တော်က မျက်မှောင်ကြုတ်နေသော သူ့ကို ဓာတ်လှေကားအဝင်ဝအထိ အရောက်ပို့ပေးရသည်။ သူ ဓာတ်လှေကားထဲဝင်သွားချိန်မျ ကျွန်တော်ဟာ အရေးကြီးသည့်တစ်စုံတစ်ရာကို သတိရမိပြီး သူ့ကိုအော်ပြောလိုက်သည်။
" လောလောဆယ်တော့ အမေတို့ကို ငါ့အကြောင်း မပြောနဲ့ဦး " ခဏတွေးကြည့်ပြီးမှ ကျွန်တော် ထပ်ပြောလိုက်၏။
" ငါ ငါ့ဘာသာပြောပြမှာပါ "
နန်ရှန်က ကျွန်တော့်ကို ကြည့်နေလျက် ကူကယ်ရာမဲ့စွာ ခေါင်းညိတ်ပြီး တံခါးပိတ်ကာ ထွက်သွားတော့၏။
ကျွန်တော် လူနာဆောင်တံခါးဝသို့ ပြန်လာခဲ့ပြီး အပြင်မှာ ခဏထိုင်နေလိုက်သည်။ ၅မိနစ်၊ ၆မိနစ်ကြာသော် ကျန်းလုံကျွင်းနှင့် အရပ်ရှည်ရှည် အမျိုးသမီးငယ်တစ်ယောက်က အခန်းထဲမှ ရှေ့ဆင့်နောက်ဆင့်ထွက်လာကြသည်။
ကျွန်တော် မတ်တပ်ရပ်လိုက်၍ အနောက်မှ လျှောက်လာသော အမျိုးသမီးငယ်ကို ကြည့်လိုက်မိသည်။ ကျွန်တော် သူ့ကိုတစ်ခါသာဆုံဖူးပေမယ့် သူမ၏ ထူးကဲသော ပင်ကိုစရိုက်နှင့် ဝတ်စားဆင်ယင်မှုကြောင့် ချက်ချင်း မှတ်မိပါသည်။ သူမဟာ ထိုနေ့က သင်္ချိုင်းမှာ ကျွန်တော့်ကို နေကာမျက်မှန်တပ်လျက် ထူးဆန်းစွာကြည့်ခဲ့သော အမျိုးသမီးပေ။
ကျွန်တော့်အကြည့်က အတန်ကြာ ရစ်ဝဲနေသည်အား ခံစားမိ၍ ဆံပင်ရိတ်ထားသော အမျိုးသမီးဟာ ကျွန်တော့်ကိုခေါင်းညိတ်ပြကာ သူမကိုယ်သူမ မိတ်ဆက်သည် : " ယန်ရွှမ်း "
သူမအသံကို ကြားလျှင် ကြားချင်း သူမဟာ Broodမှန်း ကျွန်တော် သိလိုက်၏။
" မင်္ဂလာပါ "
ကျွန်တော် လက်ဆန့်ပေး၍ သူမနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။
" မင်း ဝင်သွားလေ, ချင်ကျွမ်းက နိုးနေပါပြီ။ " ကျန်းလုံကျွင်းက ဆို၏ :
" အခုကစပြီး မင်းတို့ စားဝတ်နေရေးနဲ့ သွားလာရေးတွေကို တာဝန်ယူပေးမဲ့လူရှိလာလိမ့်မယ်။ ငါတို့တွေ ယာယီ safe house ရှာထားပြီးပြီ။ ပြီးခဲ့တဲ့နှစ်ရက်မှာ စိတ်ပျက်ခဲ့ရတာတွေ အရင်လုပ်ရမှာပေါ့။ ချင်ကျွမ်း အဆင်သင့်ဖြစ်တဲ့အချိန်ကိုစောင့်ပေးပြီးရင် အတူပြောင်းကြမယ်လေ ? "
ကျွန်တော် နားဝေတိမ်တောင်ဖြစ်သွားကာ : " Safe house ? "
သူက လှည့်၍ ယန်ရွှမ်းကို ကြည့်လိုက်၏။ ယန်ရွှမ်းက အမိန့်ရသွားသည်နှင့် ကျွန်တော့်ကို ကိုယ်စားရှင်းပြပေးလာသည် : " ဟယ့်လျန်အဖွဲ့အစည်း ဖျက်စီးခံရပြီး ကျင်ဖေးရှန်းလဲကိစ္စထဲပါလာပေမယ့်......ကျင်ချန်ယွီက လွတ်နေပြီး လက်ရှိမှာဘယ်နေရာမှာရှိနေလဲ မသိနိုင်သေးဘူး။အော်ဟွားက စစ်ဆင်ရေးအတွင်းမှာ ပစ်သတ်ခံလိုက်ရတယ်။ သူ့သမီးကနိုင်ငံခြားမှာမို့ မင်းကိုလက်တုံ့ပြန်ဖို့ မထောက်ခံပဲနေမှာမဟုတ်ဘူး "
ယနေ့ညကုန်လွန်သွားသည်နှင့် အရာအားလုံး ပြီးသွားပြီး ရန်ချင်းကျွမ်းလဲ လွတ်လပ်မှုပြန်ရရှိမည်ဟု ကျွန်တော်ထင်ခဲ့မိ၏။ သို့သော် ယခုမူ ထိုသို့ကြားလိုက်ရသော် အန္တရာယ်များစွာ ရှိနေသေးပုံပင်။
အရာအားလုံးက မပြီးဆုံးသေး.....ဘယ်တော့မှ ပြီးဆုံးမှာ မဟုတ်တာလဲ ဖြစ်နိုင်သည်။
ကျန်းလုံကျွင်းနှင့် ယန်ရွှမ်းကို နှုတ်ဆက်ပြီး ကျွန်တော်တံခါးအသာဖွင့်ကာ ဝင်လာခဲ့၏။
အခန်းက ဆေးဝါးနှင့် ပိုးသတ်ဆေးရနံ့ပေါင်းစုံ ရောထွေးနေလျက်။ ကုတင်ဘေးမှာ ထိုင်နေသော ရန်ချင်းကျွမ်းက လက်မှာ အကြောဆေးသွင်းလျက်နှင့် ကုတင်ဘေးမှာထိုင်နေကာ ပြတင်းပေါက် အပြင်ဘက်ရှိ အညစ်အထေး ကင်းစင်လှသောကောင်းကင်ပြာကြီးကို စူးစူးစိုက်စိုက်ကြည့်နေခဲ့သည်။
အသံကြား၍ သူလှည့်ကြည့်လာရာ ကျွန်တော်မှန်း မြင်သွား၏။ သူက အနည်းငယ် လန့်သွားပြီးမှ မကျေနပ်သလိုမျက်မှောင်ကုတ်သွားလေသည်။
" ဘယ်သွားနေတာလဲ ? "
" အောက်ထပ်....မနက်စာစား "
ကျွန်တော် တံခါးပိတ်လိုက်၍ ထိုနေရာမှာ ပူပန်စွာရပ်နေမိကာ ရှေ့ဆက်မလှမ်းဝံ့ပေ။
ရန်ချင်းကျွမ်းက ပို၍ မကျေမနပ်ဖြစ်သွားပုံပေါ်၏။
သူ့ဘယ်လက်က ထိခိုက်ထား၍ မမြှောက်နိုင်ပေ။ သူဟာ ဆေးချိတ်ထားသော ညာလက်ကိုသာမြှောက်၍ ကျွန်တော့်ထံဆန့်ပေးလာ၏ : " ဒီကိုလာခဲ့ "
သူ၏ လှုပ်ရှားမှုကြောင့် ဆေးပြွန်က အလျင်အမြန်ပင် သွေးရောင်ပြောင်းလာသည်။ ကျွန်တော် အမြန်လျှောက်သွားလိုက်၍ သူ့လက်ကို အောက်ဖိချလိုက်ရ၏။ သူက ကျွန်တော့်ကို လက်ပြန်နှင့် လှမ်းဖမ်း၍ သူ့လက်ဖဝါးထဲမှာ မြဲမြဲမြံမြံဆုပ်ကိုင်ထားခဲ့သည်။
" ငါ့နံဘေးကနေ ဖြစ်သလို ထွက်မသွားနဲ့ "
ကျွန်တော် တုန်ကနဲ့ဖြစ်သွားပြီး သူထိထားသည့်အရေပြားဟာလည်း လောင်လာသကဲ့သို့ ခံစားရ၏။ နာကျင်မှုကသွေးကြောထဲမှ တလိပ်လိပ်တက်လာကာ နှလုံးသားထဲကို ရောက်သည်။ ကျွန်တော့်လက်ကို ချက်ချင်း ပြန်မရုတ်လိုက်မိစေရန် အတော်လေး အားထုတ်လိုက်ရပါ၏။
အကယ်၍ ကျွန်တော်သာ ကျန်းမာပြီး နာမကျန်းဖြစ်ခြင်းနှင့် ဝေဒနာမှ လွတ်မြောက်နိုင်ပါလျှင် ရန်ချင်းကျွမ်းက ကျွန်တော့်အပေါ် ကြိုးတံတားသက်ရောက်မှု ရှိနေပါစေ ၊ မဟုတ်လျှင်လဲ ကျွန်တော်က အားနည်းပြနေ၍ မည်မျှ ကရုဏာထားသည်ဖြစ်ပါစေ ကျွန်တော် သူ့လက်ကို ကိုင်ထားနိုင်သရွေ့ ဘယ်တော့မှ လွှတ်ပေးမှာမဟုတ်ပေ။
သို့ပေမယ့် ယခုမူ.... ကျွန်တော် မကြာခင် သေတော့မှာပင်။ ကျွန်တော့်မှာ သူ့အပေါ် ခံစားချက်တွေ ပိုပြီး သွန်မချရုံမှ လွဲ၍ရွေးစရာမရှိတော့။
ဒါက မှားနေတာလေ ၊ သိပ်ကို မသိတတ်လွန်းရာကျတယ်။
ဒီလိုတွေးမိနေသည့်တိုင် ရန်ချင်းကျွမ်း၏ ကျယ်ပြန့်သော လက်ချောင်းများနှင့် တင်းတင်းယှက်ထားသော လက်ချောင်းများဟာ ဦးနှောက်၏ ဆန္ဒကို ဆန့်ကျင်နေခဲ့ပါသည်။
___________________________________________________________________________
『Zawgyi』
အခန္း ( ၅၉ ) : ငါ့နံေဘးကေန ျဖစ္သလို ထြက္မသြားနဲ႔။
※※※※※※※※※※※※※※※※※※※※
ကၽြန္ေတာ့္လည္ေခ်ာင္းမွာ ေျခာက္ကပ္ေန၍ အသံကို မနည္း ထြက္ေအာင္လုပ္လိုက္ရသည္ : " ရန္ခ်င္းကၽြမ္းရဲ့အေဖက.... "
က်န္းလုံကၽြင္းက စကားျဖတ္ကာ : " ငါအျမဲတမ္း သူ႔ကို ေက်းဇူးေႂကြးတင္ေနခဲ့တာပါ "
ဆံပင္ျဖဴေတြႏွင့္ ရွိရင္းစြဲအသက္ထက္ပိုအိုပုံရေသာ ဒါရိုက္တာက်န္းဟာ သူ႔စကားကို မဆက္ပဲ ၊ သည္မွာရပ္လိုက္ၿပီးကၽြန္ေတာ့္ကို စိတ္ကူးၾကည့္ရန္အတြက္ အဆုံးမဲ့ေနရာစာ ခ်န္ထားေပးခဲ့ေလသည္။
ရန္က်န္သည္လည္း လၽွို႔ဝွက္ရဲအရာရွိျဖစ္ေနခဲ့လၽွင္ ရန္ခ်င္းကၽြမ္းက သူႏွင့္တူသည္ဟု အားလုံးက ေျပာၾကသည္မွ မဆန္းေတာ့။သူတို႔ အက်င့္စရိုက္ကို ေဘးခ်ိတ္၍ သူတို႔၏ ေရြးခ်ယ္ရာဘဝလမ္းကိုသာ ေျပာလၽွင္ေတာင္ သူတို႔ႏွစ္ေယာက္ဟာ အံ့ဩရေလာက္ေအာင္ တူညီၾကေလသည္။
ခင္ဗ်ားမၿပီးတဲ့အရာကို ကၽြန္ေတာ္ အၿပီးသတ္မယ္ ; ခင္ဗ်ား ကာကြယ္မေပးနိုင္ခဲ့တဲ့အရာေတြကို ကၽြန္ေတာ္ကကာကြယ္ေပးပါ့မယ္။ ေသသြားမယ္ဆိုရင္ေတာင္ ေနာင္တမရွိပဲ ဆက္ေလၽွာက္မယ္။ ျပန္လည္ဝင္စားသကဲ့သို႔ ကံၾကမၼာ၏သေဘာတရားက စိတ္ကို ထုံက်င္လာေစခဲ့ျခင္း။
ရန္ခ်င္းကၽြမ္းတစ္ေယာက္ ဤအလုပ္ကို အေမြဆက္ခံခဲ့စဥ္က မည္သို႔ ခံစားရမည္နည္း ?
သူ႔အတြက္ ေသသည္အထိတိုင္ သူအျမဲမုန္းတီး၍ နားလည္မွုလြဲခဲ့ေသာ အေဖျဖစ္သူအေၾကာင္း သိလိုက္ရတဲ့အခါ မည္သို႔ေသာ ေနာင္တႏွင့္နာက်င္မွုေတြ ခံစားခဲ့ရမည္နည္း ? အရင္းႏွီးဆုံး မိသားစုေတြထံမွ မုန္းတီးခံရၿပီး ၊ သူ႔လုပ္ရပ္ေတြကို ေလာကတခြင္ လူသိရွင္ၾကားထုတ္မျပနိုင္ခဲ့ပဲ အမဲစက္ႏွင့္သာ ျမႇုပ္ႏွံခံခဲ့ရတာကိုေလ....
ဒီႏွစ္ေတြမွာ သူတစ္ေယာက္တည္း ဘယ္လိုရွင္သန္ခဲ့မည္နည္း ?
ကၽြန္ေတာ္ ႏွုတ္ခမ္းေစ့လိုက္မိၿပီး လၽွာဖ်ားက သြားၾကားကိုထိကာ ႐ုတ္တရက္ ရင္ဘတ္ထဲမွာ ထိုးစိုက္သလို နာက်င္လာရ၏။ ပထမတုန္းက သတိမမူမိပဲ သည္းညည္းခံနိုင္ေသးသည့္တိုင္ အခ်ိန္ေတြကုန္လာသည္ႏွင့္အမၽွ ဆက္တိုက္စပ္ဖ်ဥ္းဖ်ဥ္းျဖစ္လာျခင္းက အရိုး၏ အသားအား ျဖတ္သြားသည့္ နာက်င္မွုအျဖစ္သို႔ တျဖည္းျဖည္း ေပါင္းဆုံသြားသည္။
" ခင္ဗ်ားတို႔ သူ႔ကို တကယ္မေရြးခဲ့သင့္ပါဘူး " ကၽြန္ေတာ္ အဝတ္ကိုဆုပ္ရင္း စိတ္လိုက္မာန္ပါေျပာလိုက္မိ၏။
ကၽြန္ေတာ့္ေလသံကို မထိန္းခ်ဳပ္နိုင္လိုက္။ ကၽြန္ေတာ့္မွာ အေနအထားမရွိမွန္း သိေနပါလ်က္ေတာင္ ေစာဒကမတက္ပဲေတာ့မေနနိုင္။ သူ႔ကို ဒီလိုဘဝမ်ိဳး ေတြ႕ၾကဳံခြင့္ျပဳခဲ့၍ ၊ သူ႔ကို ၿပီးခဲ့သည့္ငါးႏွစ္တာ၌ ဝံပုေလြေတြ ၊ ေျမေခြးေတြ ပတ္ပတ္လည္ဝိုင္းေနေသာ ေခ်ာက္ကမ္းပါးထိပ္မွာ ရပ္ခြင့္ျပဳခဲ့၍ သူတို႔ကို အျပစ္တင္ခဲ့သည္။
က်န္းလုံကၽြင္းက တိတ္သြားကာ ျပန္လည္ေခ်ပမလာခဲ့ပါ။
ကၽြန္ေတာ္တို႔ စကားစရပ္လိုက္၍ စႀကႍမွု တိတ္ဆိတ္စြာထိုင္လ်က္ ေအာ္ပေရးရွင္းခန္း ေနာက္တစ္ႀကိမ္ပြင့္လာမွာကိုသာ ေစာင့္ေနခဲ့မိသည္။
ဆယ္မိနစ္ေက်ာ္တိုင္ ေအာ္ပေရးရွင္းက မၿပီးေသး။ က်န္းလုံကၽြင္းအား ကပ်ာကယာႏွင့္ေရာက္လာေသာသူ႔ဝန္ထမ္းက လာေခၚသြား၏။
သူ႔အဆင့္ ၊ သူ႔အေနအထားအရ ၊ သူဒီည အလြန္အလုပ္မ်ားဖို႔ ၾကမၼာဖန္သည္။ ရန္ခ်င္းကၽြမ္း၏ ခြဲခန္းအျပင္ဘက္မွာ မိနစ္ႏွစ္ဆယ္မၽွ ေစာင့္ေပးဖို႔ အခ်ိန္ပိုလၽွင္ပင္ အေရးႀကီးသည္ဟု သတ္မွတ္လို႔ရ၏။
" ကိစၥေတြ အေျခက်တဲ့အခါ ငါျပန္လာမွာပါ။ မင္း သိပ္ၿပီး စိတ္ပူမေနပါနဲ႔။ဒီကေလးက ဘဝၾကမ္းခဲ့တာမို႔ ေသမွာမဟုတ္ဘူး။ "
ထြက္မသြားခင္သူက ပိတ္ထားေသာေအာ္ပေရးရွင္းခန္းကို တစ္ခ်က္ၾကည့္၍ေျပာေသာ္လည္း အမူအရာကေတာ့ ေအးေဆးမေနခဲ့ေပ
ရန္ခ်င္းကၽြမ္း၏ ေအာ္ပေရးရွင္းသည္ ၅နာရီ၊၆နာရီမၽွ ၾကာျမင့္ခဲ့သည္။ ထြက္လာေသာအခါ သူဟာ တစ္ေယာက္ေဆာင္သို႔ ခ်က္ခ်င္း တြန္းပို႔ခံရ၏။
တံခါးဝတြင္ ေသနတ္မ်ားျဖင့္ ေစာင့္ၾကပ္ေနေသာ အထူးရဲမ်ားလည္းရွိေနသည္။ ေဆး႐ုံကုတင္ေပၚ၌ ရန္ခ်င္းကၽြမ္း၏ အဓိကလကၡဏာေတြ တည္ၿငိမ္သြားမွ ကၽြန္ေတာ့္၏ ေန႔ေရာညပါ တင္းေနခဲ့ေသာအာ႐ုံေၾကာေတြ ေျပေလ်ာ့သြားခဲ့ရသည္။ ကုတင္ေဘးမွာ ထိုင္၍ ကၽြန္ေတာ္ ရန္ခ်င္းကၽြမ္း၏ လက္ကိုဆုပ္ကိုင္ရင္း ျဖဴလ်လ်မ်က္ႏွာကို စိုက္ၾကည့္မိကာ ပိတ္မိေနေသာ အေတြးတို႔ျဖင့္ စိတ္ကို ျဖည္းျဖည္းခ်င္း လႊတ္ေပးလိုက္ေတာ့၏။
ယင္းက " မွတ္ဉာဏ္ေပ်ာက္သြား " ဟုပင္ ေဖာ္ျပလို႔ရ၏ ; ျပတင္းအျပင္မွ မနက္ခင္းအလင္းေရာင္ ျဖာက်လာၿပီး ငွက္တို႔၏ က်ီက်ီက်ာက်ာေအာ္ျမည္သံက နားစည္အတြင္း လြင့္ပ်ံ႕လာမွ ကၽြန္ေတာ္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနရာမွ ကၽြန္ေတာ္ နိုးလာခဲ့သည္။ ကၽြန္ေတာ့္အဖို႔ စကၠန႔္အနည္းငယ္ေလာက္ သတိေမ့သြားသကဲ့သို႔ ခံစားလိုက္ရ၏။
ကၽြန္ေတာ္ တင္း၍နာက်င္ေနေသာ နားထင္ေတြကို ပြတ္ရင္း ရန္ခ်င္းကၽြမ္းကို တစ္ခ်က္ ၾကည့္မိသည္။ သူမနိုးေသးသျဖင့္ ကၽြန္ေတာ္ ထ၍ ထြက္လာခဲ့၏။
ေကာင္းေကာင္းအိပ္ၿပီးေနာက္ ၿပီးခဲ့ေသာ ရက္အနည္းငယ္ေလာက္က ခႏၶာကိုယ္၏ ကန႔္သတ္ခ်က္ကို အဆက္မျပတ္စိန္ေခၚေနေသာ အက်ိဴးဆက္မ်ားသည္ အျပည့္အဝ ေပၚလြင္လာခဲ့သည္။ ခႏၶာကိုယ္အတြင္းရွိ အရိုးတိုင္း နာက်င္ေနၿပီးက်ိဳထားေသာ ဆာလ္ျဖဴရစ္အက္စစ္ထဲႏွစ္ထားသကဲ့သို႔ ခံစားရ၏။
တံခါးဝမွ အထူးရဲေတြကို ႏွုတ္ဆက္ၿပီးေနာက္ ကၽြန္ေတာ္ ေဆး႐ုံ ပထမထပ္ကို ဆင္းကာ တက္တက္ႂကြႂကြျဖစ္ေစရန္ ကုန္စုံဆိုင္မွ ေကာ္ဖီတစ္ခြက္ဝယ္လိုက္သည္။
ျပတင္းေပါက္ေဘးမွ ထိုင္လ်က္ လမ္းေပၚရွိလူအမ်ားကို မ်က္ႏွာမူရင္း ကၽြန္ေတာ္ ေပါက္စီႏွစ္လုံးကို ျဖစ္သလို ထိုးထည့္စားမိသည္။ ၿပီးလၽွင္ ေခါင္းေမာ့၍ လက္က်န္ေကာ္ဖီေလးကို ေသာက္ေတာ့မည္အျပဳ ၊ လမ္းေဘးရွိ တကၠစီမွ ေသာကေဝေနေသာပုံရိပ္တစ္ခု ေျပးထြက္လာသည္အား ျမင္လိုက္ရလၽွင္ ပါးစပ္ထဲမွ ေကာ္ဖီေတြပင္ ေထြးထုတ္လုမတတ္ျဖစ္သြားရ၏။
အမ်ိဳးသားက ကၽြန္ေတာ့္ကို မျမင္။ ျဖတ္သြားျဖတ္လာလူအုပ္ႀကီးကိုေရွာင္၍ ေဆး႐ုံထဲသို႔ အလ်င္စလို ေလၽွာက္သြားခဲ့သည္။
ကၽြန္ေတာ္ ခြက္ကိုအျမန္ခ်၍ သူ႔ေနာက္မွ လိုက္သြားရသည္။ ေနာက္ဆုံး သူ အျပင္လူနာေဆာင္အတြင္း ဝင္ေတာ့မည့္အခိုက္မွ ကၽြန္ေတာ္တားျမစ္လိုက္ရ၏။
" နန္ရွန္ ! "
နန္ရွန္က တုံ႔ကနဲ႔ ရပ္ကာ ကၽြန္ေတာ့္ကို အံ့ဩတႀကီးလွည့္ၾကည့္၏။
သူက ခပ္က်ဲက်ဲေလၽွာက္လာ၍ ကၽြန္ေတာ့္ကို မယုံနိုင္သလို စုံျခည္ဆန္ျခည္ၾကည့္သည္ : " သိပ္ေကာင္းတယ္ သိပ္ေကာင္းတယ္.... "
သူက ထိုစကားသုံးခြန္းကိုသာ ထပ္တလဲလဲေရရြတ္ေနရင္း မ်က္ႏွာေပၚက ထက္သန္ေနသည့္အမူအရာလဲ ေပ်ာက္ကြယ္ကာ တစ္ဘဝစာ ေပ်ာ္ရႊင္သြားသလိုေျပာင္းလဲသြား၏။
သို႔ေသာ္ ေပ်ာ္ရႊင္ၿပီ သိပ္မၾကာ ၊ သူ႔မ်က္လုံးေတြက တစ္ဖန္ရဲေစြးလာကာ အျပစ္တင္ေတာ့သည္ : " ငါ မင္း အီးေမးလ္ကို ရခဲ့တယ္။ငါမင္းကို ဘယ္ေလာက္စိတ္ပူေနလဲ မသိပါဘူး။မင္းက တကယ္...တကယ္ကို ငရွုပ္ပဲ ! "
အီးေမးလ္ကို ၇ရက္အတြင္း အလိုအေလ်ာက္ ပို႔ရန္ ယခင္ကတည္းက ကၽြန္ေတာ္ သတ္မွတ္ထားခဲ့၏။မေမၽွာ္လင့္ေသာ တစ္စုံတစ္ရာျဖစ္လာပါလၽွင္ နန္ရွန္က ကၽြန္ေတာ့္ ေသတမ္းစာကို ရရွိလိမ့္မည္ျဖစ္သည္။ ၿပီးခဲ့ေသာရက္မ်ားတြင္က်င္ခ်န္ယြီက ကၽြန္ေတာ့္္ကို ဖမ္းထားခဲ့တာေၾကာင့္ ကၽြန္ေတာ့္ဖုန္းကလဲ အသိမ္းခံလိုက္ရသျဖင့္ အီးေမးလ္လိပ္စာကို ျပန္ခ်ိန္ဖို႔ မျဖစ္နိုင္ခဲ့ေပ။ အခ်ိန္ကို တြက္ၾကည့္ရပါက နန္ရွန္တစ္ေယာက္ မေန႔ညက အီးေမးလ္ရခဲ့တာျဖစ္ေပမည္။
" အီးေမးလ္ရၿပီးတာနဲ႔ ငါမင္းကို အႀကိမ္ေပါင္းမ်ားစြာဖုန္းေခၚေပမယ့္ ေခၚလို႔မရခဲ့ဘူး.... " နန္ရွန္သည္ထိုေန႔ညက သူ႔ခရီးစဥ္အေၾကာင္းကို ကၽြန္ေတာ့္အား မေက်မခ်မ္းစြာ ေျပာျပလာ၏။
သူအိပ္ရာဝင္ခါနီးမွာ ႐ုတ္တရက္ ကၽြန္ေတာ္ ေသတမ္းစာကို ရခဲ့သည္။ သူ ခုန္ထြက္လိုက္ၿပီး ကၽြန္ေတာ့္ကိုႀကိမ္ဖန္မ်ားစြာ ဖုန္းေခၚ၏။ သူ ဖုန္းေခၚမရေသာအခါ ကၽြန္ေတာ့္ကို လူကိုယ္တိုင္ ကၽြန္းမွာ လာရွာဖို႔ျပင္ေလသည္။မည္သို႔ျဖစ္ေစ သူ ဆိပ္ခံကိုေရာက္သည္ႏွင့္ ႀကိဳးဝိုင္းအျပင္ဘက္မွာ ရပ္တန႔္သြားခဲ့ရသည္။
သူတစ္ညလုံး ေလၽွာက္လွည့္သြားၾကည့္ခဲ့၏။ ယူနီေဖာင္းဝတ္လူမ်ားကို ေတြ႕ေသာအခါ သူက ကၽြန္ေတာ့္အေၾကာင္းအခ်က္အလက္ေတြကို ေမးၾကည့္ခဲ့သည္။သို႔ေသာ္ ေနရာက အလြန္ဖရိုဖရဲျဖစ္ေနကာ သူ႔လိုမ်ိဳးလူရွာေနသည့္လူေတြလဲ မ်ားျပားလွသည္။ အားလုံးက အတူစုေဝးေနၾကသျဖင့္ ရသည့္အခ်က္အလက္ေတြကလဲ အလြန္အကန႔္အသတ္ႏွင့္ပင္။
" ေနာက္ပိုင္း၊ ဒဏ္ရာရလူနာေတြကို အနီးနားက ေဆး႐ုံသုံး႐ုံကိုပို႔လိုက္တယ္လို႔ၾကားမိလို႔ ၊ငါ တစ္ေနရာခ်င္းလိုက္ရွာေနခဲ့တာ..အခုေတာ့..... "
အနီးကပ္ၾကည့္လိုက္မွ သူ႔မ်က္လုံးေတြက မဲနက္ေနၿပီး ႏွုတ္ခမ္းေတြက အက္ကြဲေနခဲ့၏။ သူ႔ၾကည့္ရတာ ေကာင္းေကာင္း မနားရေသးသည့္ပုံစံ။
" ႀကိဳးစားေပးတဲ့အတြက္ ေက်းဇူးပါကြာ " ကၽြန္ေတာ္ သူ႔ပုခုံးကို ပုတ္ေပးကာ မလုံမလဲႏွင့္ဆိုမိသည္ : " ငါဒီမွာ လုပ္စရာေလးရွိေနေသးတယ္။ ေနာက္မွ မင္းကို အေသးစိတ္ရွင္းျပပါမယ္။အခု မင္းအရင္ ျပန္နားလို႔ရတယ္ "
နန္ရွန္က ကၽြန္ေတာ့္ကို နားမလည္သလိုၾကည့္ကာ ကၽြန္ေတာ္လက္ေမာင္းကိုဆြဲ၍ ေဆး႐ုံအေပါက္ဝသို႔ ဆြဲထုတ္ဖို႔ျပင္ေလသည္ :
" မင္း ဒီလိုျဖစ္ေနတာေတာင္ တျခားဘာလုပ္စရာက ရွိေသးတာလဲ ? ငါနဲ႔ျပန္လိုက္ခဲ့ၿပီး ေကာင္းေကာင္းအနားယူေတာ့။ ငါမင္းကို မနက္ျဖန္ ေပၚခ်န္ျပန္ေခၚသြားၿပီး အဲ့ဒီက ေဒါက္တာကို အနီးကပ္ ၾကည့္ရွု႔ေပးဖို႔ ေျပာရမယ္ "
ခ်ဳန္းဟိုင္ရွိ ဆရာဝန္မ်ားသည္လည္း နိုင္ငံအတြင္းမွာ အေကာင္းဆုံးျဖစ္၏။ ေနာက္တစ္ေနရာေျပာင္းျခင္းက ပို၍ စိတ္ပ်က္ရသည့္ရလဒ္မ်ိဴးသာ ထြက္လာနိုင္မည္။
" နန္ရွန္..." ကၽြန္ေတာ္ သူ႔ကို ကူကယ္ရာမဲ့စြာ တားရင္ : " ဒါက ငါ့ကိုယ္ပိုင္ေရြးခ်ယ္မွုပါ။ "
မယုတ္မလြန္ကုသမွုကိုေရြးခ်ယ္သည္ ၊ ေအးေအးခ်မ္းခ်မ္းႏွင့္ ေသဖို႔ကို ေစာင့္ေနရန္ ေရြးခ်ယ္သည္။
ထိုအခိုက္ဝယ္ နန္ရွန္က အေရွ႕ေလၽွာက္သြားၿပီးမွ ကၽြန္ေတာ့္ကို စူးစူးရဲရဲျပန္လွည့္ၾကည့္ကာ ေဒါသတႀကီးဆဲေရးလိုက္၏ : " မင္းကိုယ္ပိုင္ေရြးခ်ယ္မွုက ေသာက္ေရးမပါတာ ! "
သူ႔အတြက္ ဤသို႔ မယဥ္ေက်းျခင္းက ရွားပါးပါ၏။ ကၽြန္ေတာ္က သူ႔ကန႔္သတ္ခ်က္အထိ ေရာက္သြားေအာင္အမွန္တကယ္ တြန္းပို႔ေပးခဲ့တာျဖစ္ေလာက္မည္။
ကၽြန္ေတာ္ သက္ျပင္းခိုးခ်မိရင္း လက္ကို႐ုတ္ကာ သူႏွင့္ေဆြးေႏြးလိုက္၏ : " ရန္ခ်င္းကၽြမ္းက ခုထိမနိုးလာေသးဘူး။ ငါမသြားနိူင္ခင္ သူနိူးလာသည္အထိ ေစာင့္မွရမယ္ "
ယခု ေပါ့ေပါတန္တန္ေျပာေနျခင္းေၾကာင့္ နန္ရွန္ဟာ အနည္းငယ္ စိတ္လွုပ္ရွားသြားတာ သိသာေပသည္။ သူ႔မ်က္ခုံးေတြက က်ဳံ႕ထားဆဲေပမယ့္ ေလသံက ေပ်ာ့သြား၏။
" သူေရာ ဘယ္လိုလဲ ? "
" ဒဏ္ရာေတြက နည္းနည္းေတာ့ ျပင္းထန္တယ္... "
ေဆး႐ုံအေဆာက္အအုံထဲသို႔ ေလၽွာက္လာရင္း ကၽြန္ေတာ္ သူ႔ကို ၿပီးခဲ့ေသာရက္ေတြအတြင္းက အေတြ႕အၾကဳံေတြကို ေျပာျပမိသည္။သူ စိတ္ပူေနမည္စိုး၍ ကၽြန္ေတာ္ဟာ ခေရေစ့တြင္းက်ေတာ့ မသြားျဖစ္ေသာ္လည္း ၊ အၾကမ္းဖ်င္း အေတြးအေခၚတစ္ခုကို ၾကားရ႐ုံျဖင့္ သူ႔ကို မၾကာမၾကာ အသက္ရွုေပါက္ရေစဖို႔ လုံေလာက္ပါ၏။
ကၽြန္ေတာ္တို႔ ရန္ခ်င္းကၽြမ္း၏ အေဆာင္သို႔ ေရာက္ေသာအခါ ဝတ္စုံျပည့္ႏွင့္လူႏွစ္ေယာက္ေက်ာ္က ကၽြန္ေတာ့္တို႔ကို တားျမစ္ခဲ့သည္။ အႀကီးအကဲက အထဲမွာေရာက္ေနသျဖင့္ ကၽြန္ေတာ္တို႔ကို ေစာင့္ေပးၿပီးမွ ဝင္ရန္ ေျပာၾကားလာသည္။
က်န္းလုံကၽြင္းေရာက္ေနသည္ဟု ကၽြန္ေတာ္ ခန႔္မွန္းမိလိုက္သျဖင့္ နန္ရွန္ကို ေျပာလိုက္မိ၏ : " သူတို႔က ဘယ္အခ်ိန္မွ ထြက္လာမယ္မွန္းမသိဘူး။ မင္း အရင္ျပန္သင့္တယ္ေနာ္ ၊ ငါ တကယ္ အဆင္ေျပပါတယ္ "
နန္ရွန္က ဘယ္လိုလုပ္ၿပီး ကၽြန္ေတာ့္ကို အလြယ္ေလး လႊတ္ေပးခ်င္စိတ္ရွိမည္နည္း ? သူက ကၽြန္ေတာ္ႏွင့္ သြားဖို႔အတြက္ ဇြတ္လုပ္ေနခဲ့ေသးသည္။ရလဒ္ကေတာ့ သူ စကားေျပာရင္း စိတ္အလွုပ္ရွားလြန္ၿပီး ႏွာေခါင္းေသြးပင္လၽွံလာခဲ့သည္မို႔ သူေရာကၽြန္ေတာ္ပါ လန႔္ျဖတ္သြားခဲ့ရ၏။ ကံေကာင္းစြာျဖင့္ တာဝန္က်သူနာျပဳက သူေဘးမွာ ရွိေနခဲ့သျဖင့္ ကၽြန္ေတာ့္မွာ ဂြမ္းကိုယူ၍ သူ႔ကို ေပးလိုက္ရသည္။
" ျပန္ေတာ့။ မင္းကမွ အနားယူဖို႔လိုေနတဲ့သူနဲ႔ ပိုတူေနတာ " ကၽြန္ေတာ္ သူ႔ကို ေသြးတိတ္ေစရန္ ေနာက္ထပ္အႀကံျပဳမိသည္။
နန္ရွန္ခမ်ာ ေဒါသထြက္ထြက္ႏွင့္ သူ႔ႏွာေခါင္းကို ထိၾကည့္ၿပီး စကားသံျပန္ထြက္လာေသာအခါ မရမေနမျဖစ္ေတာ့ေပ : " ဒါဆိုလဲ ငါျပန္ၿပီး တစ္ေရးအိပ္လိုက္ဦူးမယ္။ ညေနခင္းက် ငါမင္းကို လာေခၚလွည့္မယ္ "
ကၽြန္ေတာ္ သေဘာတူစြာ ေခါင္းညိတ္ျပလိုက္၏။
ကၽြန္ေတာ္က မ်က္ေမွာင္ၾကဳတ္ေနေသာ သူ႔ကို ဓာတ္ေလွကားအဝင္ဝအထိ အေရာက္ပို႔ေပးရသည္။ သူ ဓာတ္ေလွကားထဲ ဝင္သြားခ်ိန္မ် ကၽြန္ေတာ္ဟာ အေရးႀကီးသည့္တစ္စုံတစ္ရာကို သတိရမိၿပီး သူ႔ကိုေအာ္ေျပာလိုက္သည္။
" ေလာေလာဆယ္ေတာ့ အေမတို႔ကို ငါ့အေၾကာင္း မေျပာနဲ႔ဦး " ခဏေတြးၾကည့္ၿပီးမွ ကၽြန္ေတာ္ထပ္ေျပာလိုက္၏။
" ငါ ငါ့ဘာသာေျပာျပမွာပါ "
နန္ရွန္က ကၽြန္ေတာ့္ကို ၾကည့္ေနလ်က္ ကူကယ္ရာမဲ့စြာ ေခါင္းညိတ္ၿပီး တံခါးပိတ္ကာ ထြက္သြားေတာ့၏။
ကၽြန္ေတာ္ လူနာေဆာင္တံခါးဝသို႔ ျပန္လာခဲ့ၿပီး အျပင္မွာ ခဏထိုင္ေနလိုက္သည္။ ၅မိနစ္၊ ၆မိနစ္ၾကာေသာ္ က်န္းလုံကၽြင္းႏွင့္ အရပ္ရွည္ရွည္ အမ်ိဳးသမီးငယ္တစ္ေယာက္က အခန္းထဲမွ ေရွ႕ဆင့္ေနာက္ဆင့္ထြက္လာၾကသည္။
ကၽြန္ေတာ္ မတ္တပ္ရပ္လိုက္၍ အေနာက္မွ ေလၽွာက္လာေသာ အမ်ိဳးသမီးငယ္ကို ၾကည့္လိုက္မိသည္။ ကၽြန္ေတာ္သူ႔ကို တစ္ခါသာဆုံဖူးေပမယ့္ သူမ၏ ထူးကဲေသာ ပင္ကိုစရိုက္ႏွင့္ ဝတ္စားဆင္ယင္မွုေၾကာင့္ ခ်က္ခ်င္း မွတ္မိပါသည္။ သူမဟာ ထိုေန႔က သခၤ်ိဳင္းမွာ ကၽြန္ေတာ့္ကို ေနကာမ်က္မွန္တပ္လ်က္ ထူးဆန္းစြာၾကည့္ခဲ့ေသာ အမ်ိဳးသမီးေပ။
ကၽြန္ေတာ့္အၾကည့္က အတန္ၾကာ ရစ္ဝဲေနသည္အား ခံစားမိ၍ ဆံပင္ရိတ္ထားေသာ အမ်ိဳးသမီးဟာ ကၽြန္ေတာ့္ကို ေခါင္းညိတ္ျပကာ သူမကိုယ္သူမ မိတ္ဆက္သည္ : " ယန္ရႊမ္း "
သူမအသံကို ၾကားလၽွင္ ၾကားခ်င္း သူမဟာ Broodမွန္း ကၽြန္ေတာ္ သိလိုက္၏။
" မဂၤလာပါ "
ကၽြန္ေတာ္ လက္ဆန႔္ေပး၍ သူမႏွင့္ လက္ဆြဲႏွုတ္ဆက္လိုက္သည္။
" မင္း ဝင္သြားေလ, ခ်င္ကၽြမ္းက နိုးေနပါၿပီ။ " က်န္းလုံကၽြင္းက ဆို၏ :
" အခုကစၿပီး မင္းတို႔ စားဝတ္ေနေရးနဲ႔ သြားလာေရးေတြကို တာဝန္ယူေပးမဲ့လူရွိလာလိမ့္မယ္။ ငါတို႔ေတြယာယီ safe house ရွာထားၿပီးၿပီ။ ၿပီးခဲ့တဲ့ႏွစ္ရက္မွာ စိတ္ပ်က္ခဲ့ရတာေတြ အရင္လုပ္ရမွာေပါ့။ ခ်င္ကၽြမ္း အဆင္သင့္ျဖစ္တဲ့အခ်ိန္ကို ေစာင့္ေပးၿပီးရင္ အတူေျပာင္းၾကမယ္ေလ ? "
ကၽြန္ေတာ္ နားေဝတိမ္ေတာင္ျဖစ္သြားကာ : " Safe house ? "
သူက လွည့္၍ ယန္ရႊမ္းကို ၾကည့္လိုက္၏။ ယန္ရႊမ္းက အမိန႔္ရသြားသည္ႏွင့္ ကၽြန္ေတာ့္ကို ကိုယ္စားရွင္းျပေပးလာသည္ : " ဟယ့္လ်န္အဖြဲ႕အစည္း ဖ်က္စီးခံရၿပီး က်င္ေဖးရွန္းလဲကိစၥထဲပါလာေပမယ့္......က်င္ခ်န္ယြီက လြတ္ေနၿပီး လက္ရွိမွာ ဘယ္ေနရာမွာရွိေနလဲ မသိနိုင္ေသးဘူး။ေအာ္ဟြားက စစ္ဆင္ေရးအတြင္းမွာ ပစ္သတ္ခံလိုက္ရတယ္။ သူ႔သမီးက နိုင္ငံျခားမွာမို႔ မင္းကိုလက္တုံ႔ျပန္ဖို႔ မေထာက္ခံပဲေနမွာမဟုတ္ဘူး "
ယေန႔ညကုန္လြန္သြားသည္ႏွင့္ အရာအားလုံး ၿပီးသြားၿပီး ရန္ခ်င္းကၽြမ္းလဲ လြတ္လပ္မွုျပန္ရရွိမည္ဟု ကၽြန္ေတာ္ထင္ခဲ့မိ၏။ သို႔ေသာ္ ယခုမူ ထိုသို႔ၾကားလိုက္ရေသာ္ အႏၲရာယ္မ်ားစြာ ရွိေနေသးပုံပင္။
အရာအားလုံးက မၿပီးဆုံးေသး.....ဘယ္ေတာ့မွ ၿပီးဆုံးမွာ မဟုတ္တာလဲ ျဖစ္နိုင္သည္။
က်န္းလုံကၽြင္းႏွင့္ ယန္ရႊမ္းကို ႏွုတ္ဆက္ၿပီး ကၽြန္ေတာ္တံခါးအသာဖြင့္ကာ ဝင္လာခဲ့၏။
အခန္းက ေဆးဝါးႏွင့္ ပိုးသတ္ေဆးရနံ႔ေပါင္းစုံ ေရာေထြးေနလ်က္။ ကုတင္ေဘးမွာ ထိုင္ေနေသာ ရန္ခ်င္းကၽြမ္းက လက္မွာ အေၾကာေဆးသြင္းလ်က္ႏွင့္ ကုတင္ေဘးမွာထိုင္ေနကာ ျပတင္းေပါက္ အျပင္ဘက္ရွိ အညစ္အေထး ကင္းစင္လွေသာ ေကာင္းကင္ျပာႀကီးကို စူးစူးစိုက္စိုက္ၾကည့္ေနခဲ့သည္။
အသံၾကား၍ သူလွည့္ၾကည့္လာရာ ကၽြန္ေတာ္မွန္း ျမင္သြား၏။ သူက အနည္းငယ္ လန႔္သြားၿပီးမွ မေက်နပ္သလို မ်က္ေမွာင္ကုတ္သြားေလသည္။
" ဘယ္သြားေနတာလဲ ? "
" ေအာက္ထပ္....မနက္စာစား "
ကၽြန္ေတာ္ တံခါးပိတ္လိုက္၍ ထိုေနရာမွာ ပူပန္စြာရပ္ေနမိကာ ေရွ႕ဆက္မလွမ္းဝံ့ေပ။
ရန္ခ်င္းကၽြမ္းက ပို၍ မေက်မနပ္ျဖစ္သြားပုံေပၚ၏။
သူ႔ဘယ္လက္က ထိခိုက္ထား၍ မေျမႇာက္နိုင္ေပ။ သူဟာ ေဆးခ်ိတ္ထားေသာ ညာလက္ကိုသာေျမႇာက္၍ ကၽြန္ေတာ့္ထံ ဆန႔္ေပးလာ၏ : " ဒီကိုလာခဲ့ "
သူ၏ လွုပ္ရွားမွုေၾကာင့္ ေဆးႁပြန္က အလ်င္အျမန္ပင္ ေသြးေရာင္ေျပာင္းလာသည္။ ကၽြန္ေတာ္ အျမန္ေလၽွာက္သြားလိုက္၍ သူ႔လက္ကို ေအာက္ဖိခ်လိုက္ရ၏။ သူက ကၽြန္ေတာ့္ကို လက္ျပန္ႏွင့္ လွမ္းဖမ္း၍ သူ႔လက္ဖဝါးထဲမွာ ျမဲျမဲၿမံၿမံ ဆုပ္ကိုင္ထားခဲ့သည္။
" ငါ့နံေဘးကေန ျဖစ္သလို ထြက္မသြားနဲ႔ "
ကၽြန္ေတာ္ တုန္ကနဲ႔ျဖစ္သြားၿပီး သူထိထားသည့္အေရျပားဟာလည္း ေလာင္လာသကဲ့သို႔ ခံစားရ၏။ နာက်င္မွုက ေသြးေၾကာထဲမွ တလိပ္လိပ္တက္လာကာ ႏွလုံးသားထဲကို ေရာက္သည္။ ကၽြန္ေတာ့္လက္ကို ခ်က္ခ်င္း ျပန္မ႐ုတ္လိုက္မိေစရန္ အေတာ္ေလး အားထုတ္လိုက္ရပါ၏။
အကယ္၍ ကၽြန္ေတာ္သာ က်န္းမာၿပီး နာမက်န္းျဖစ္ျခင္းႏွင့္ ေဝဒနာမွ လြတ္ေျမာက္နိုင္ပါလၽွင္ ရန္ခ်င္းကၽြမ္းက ကၽြန္ေတာ့္အေပၚ ႀကိဳးတံတားသက္ေရာက္မွု ရွိေနပါေစ ၊ မဟုတ္လၽွင္လဲ ကၽြန္ေတာ္ကအားနည္းျပေန၍ မည္မၽွ က႐ုဏာထားသည္ျဖစ္ပါေစ ကၽြန္ေတာ္ သူ႔လက္ကို ကိုင္ထားနိုင္သေရြ႕ ဘယ္ေတာ့မွလႊတ္ေပးမွာမဟုတ္ေပ။
သို႔ေပမယ့္ ယခုမူ.... ကၽြန္ေတာ္ မၾကာခင္ ေသေတာ့မွာပင္။ ကၽြန္ေတာ့္မွာ သူ႔အေပၚ ခံစားခ်က္ေတြပိုၿပီး သြန္မခ်႐ုံမွ လြဲ၍ ေရြးစရာမရွိေတာ့။
ဒါက မွားေနတာေလ ၊ သိပ္ကို မသိတတ္လြန္းရာက်တယ္။
ဒီလိုေတြးမိေနသည့္တိုင္ ရန္ခ်င္းကၽြမ္း၏ က်ယ္ျပန႔္ေသာ လက္ေခ်ာင္းမ်ားႏွင့္ တင္းတင္းယွက္ထားေသာ လက္ေခ်ာင္းမ်ားဟာ ဦးေႏွာက္၏ ဆႏၵကို ဆန႔္က်င္ေနခဲ့ပါသည္။
___________________________________________________________________________