အတ္တစိတ် || ဘာသာပြန် ||『Compl...

By Rhmjrs_58

391K 57.9K 3.2K

" ငါ ခွေးကို ကြည့်နေခဲ့တာမဟုတ်ပါဘူး။ ငါကြည့်နေခဲ့တာက မင်း " This is Fan Translation. More

Description
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Manhua
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67
Chapter - 68
Chapter - 69
Chapter - 70
Chapter - 71
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75
Chapter - 76
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84
Present

Chapter - 49

3.8K 671 31
By Rhmjrs_58

『Unicode 』

အခန်း ( ၄၉ ) : မင်း ကောင်းကောင်းလုပ်ခဲ့တယ်။

※※※※※※※※※※※※※※※※※※※※

" ၁၀၀% ! "

ရေတွက်ချိန် ၅စက္ကန့်သို့ရောက်လာသောအခါ လှုပ်ဆောင်မှုဘားတန်းက ပြည့်သွား​၏။ သို့သော် ရန်ချင်းကျွမ်းသည်လုံခြုံရေးကိုပြန်တပ်ပြီး လျှို့ဝှက်လမ်းသို့ ပြန်ပြေးလာဖို့လိုသေးသည်။ နောက်ဆုံး ၅စက္ကန့်က ဘယ်လိုမှ မလောက်ပါချေ။

ချွေးစေးတွေက လက်ဖဝါးမှ လက်ဖျားသို့ စီးကျပြီး သီချင်းသံကလဲ တဖြည်းဖြည်းတိမ်ကောကာ နားစည်ထဲမှာ လေးလံသည့်အသက်ရှုသံနှင့်သာ ပြည့်လျှမ်းလျက်။ ၎င်းသည် ကျွန်တော့်ကိုယ်တိုင်​၏အသံလား ၊ ရန်ချင်းကျွမ်း​၏ အသံလား ၊Brood​၏ အသံလား မပြောနိုင်တော့။ စက္ကန့်တိုင်းက ရာစုနှစ်တစ်ခုစာမျှ ရှည်လျားနေခဲ့​၏။

" ငါ အုပ်ချုပ်ရေးစနစ်ကို ဟက်ခ့်ထားတယ်။လောလောဆယ်တော့ သူတို့ မင်းကို ရှာတွေ့မှာမဟုတ်ဘူး "

Brood က မြန်မြန်ဆိုသည်။ " မြန်မြန်ထွက်တော့ ၊ ငါကြာကြာခံမှာမဟုတ်ဘူး ! "

၅စက္ကန့်ကုန်သွားသော်ငြား အချိန်ဖြည့်ပေးထားသော Brood ​၏ကျေးဇူးကြောင့် လုံခြုံရေးစနစ်က ငြိမ်နေဆဲဖြစ်ကာပြန်လည်မစတင်သေးပေ။

ရန်ချင်းကျွမ်း​၏ ဖက်မှာတော့ တိတ်ဆိတ်လျက်။ အသံအရ သူ လုံခြုံရေးပြန်တပ်နေပုံပေါ်​၏။

ဆယ်စက္ကန့်အပြိီးတွင်တော့ Brood ​၏ တစ်ဖက်မှ ကီးဘုတ်သည် မီးပွင့်တော့မတတ် အမြန်နှုန်းနှင့်ရိုက်နေခဲ့သည် : " ငါ့ကိုရှာတွေ့ခံရတော့မယ်။ သုံးစက္ကန့်အတွင်း ချိတ်ဆက်မှုပြတ်တောက်မယ် ၊ ၃ , ၂ , ၁...... "

စကားဆုံးသည်နှင့် နားကြပ်က အလွန်တရာတိတ်ကျသွားကာ ၊ အသက်ရှုသံပင် ပျောက်ကွယ်သွားတော့သည်။

ကျွန်တော် နှုတ်ခမ်းတွေတုန်ယင်လျက် နားကြပ်ကိုဖိထားမိပြီး တစ်ဖက်မှ အသံသေးသေးလေးကိုပင် လွတ်ခွင့်မပေး။

ကျွန်တော့်ခေါင်းထက်မှာ ဓားကြီးရွယ်ထား​၏။ ကျွန်တော်မပုန်းမရှောင်နိုင် ၊ တုန်ယင်လျက်ဖြင့်သာ ဓားကျမှာကို စောင့်နေနိုင်သည်။

" ငါအဆင်ပြေတယ်..."

နောက်ဆုံးတွင်တော့ ရန်ချင်းကျွမ်း​၏ အသက်မရှုနိုင်သော အသံက တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည် :

" အခု ပြန်ကြစို့ "

အသက်ရှုကျပ်သည့် ခံစားချက်ကြီးက ရုတ်ခြည်း စိတ်ထဲရောက်လာသဖြင့် ကျွန်တော် အမြန်အသက်ရှုလိုက်သည်။ထိုအခါမှ သဘောပေါက်မိသည်မှာ ကျွန်တော်ဟာ အသက်ရှုဖို့မေ့လောက်အောင် စိုးရိမ်ပူပန်နေခဲ့ခြင်းပင်။ ကျွန်တော်ရင်ဘတ်ကိုဖိ၍ အားတစ်စက်မှမရှိတော့ပဲ အိပ်ရာပေါ်ကို လဲကျသွား​၏။

သိပ်ကောင်းတယ် ......

သိပ်ကောင်းတယ်

ပုခုံးတွေတုန်အောင် ကျွန်တော် တိတ်တိတ်လေး ရယ်မိသည်။ ဘာကြောင့်ရယ်မိသလဲ ကျွန်တော်မသိသော်လည်း ဒီအတိုင်း ရယ်ချင်နေ​၏။ လက်ရှိတွင် ၎င်းက ဝိညာဉ်​၏ အစိတ်အပိုင်းလေးတစ်ခုနှယ် ၊ အသက်​၏ အစုအဝေးလေးတစ်ခုနှယ်၊ ရန်ချင်းကျွမ်းနှင့်အတူ ကပ်ဘေးမှ အသက်ရှင်နိုင်သကဲ့သို့ပင်။

" Heron , အချက်အလက်တွေကို အကြိမ်ပေါင်းများစွာ ကုဒ်ဝှက်ထားတယ်။ ငါ အဲဒါကို ချက်ချင်း ဖော်ထုတ်မှာပေမယ့်ရန်သူကို အချက်ပေးမိမှာစိုးရတယ်။ဒါကြောင့် ကွန်မပိတ်ခင် မင်း ဆက်ပြီး ပုန်းလျှိုးကွယ်လျှိုးနေဖို့လိုတယ်။ " Brood​၏အသံသည် တစ်ဖန် ပြန်လည်တည်ငြိမ်သွားပြီး အေးဆေးသော စက်သံအဖြစ်ပြန်လည်ရောက်ရှိသွား​၏။

" ဘယ်လောက်ကြာမလဲ ? " ရန်ချင်းကျွမ်းက မေးသည်။

" သုံးရက် "

" ကြာလွန်းတယ် "

Brood က တိတ်သွားပြီးမှ : " ငါတို့လဲ တပ်တွေကို စည်းရုံးဖို့အချိန်လိုသေးတယ် "

ရန်ချင်းကျွမ်းက တစ်လျှောက်လုံးပြေးနေပြီးမှ :

" ကျင်ဖေးရှန်းက ဒီမှာမရှိဘူး။ ကေသရာဇာကျွန်းက သားရဲတွေ ခေါင်းဆောင်မဲ့နေတယ်။ သူတို့ကို တိုက်ခိုက်ဖို့အကောင်းဆုံးအချိန်ပဲ။ သူ ပြန်လာရင် အားလုံးက ပြောရခက်သွားလိမ့်မယ် "

Broodက မှတ်ချက်မပေးသော်လည်း ဆိုလာသည်က : " ငါ မင်းစကားတွေကို ဗိုလ်ချုပ်ကို ပါးပေးမယ် "

ရန်ချင်းကျွမ်းက သူမ​၏ မရေမရာအပြုအမူကြောင့် အနည်းငယ် မကျေမနပ်ဖြစ်သွားပုံရသော်လည်း သူမက မဆုံးဖြတ်နိုင်မှန်း သိနေ၍ဖြစ်မည်။ သူက ခေါင်းစဉ်ကို နှိုက်ချွတ်မနေတော့ပဲ နောက်ပိုင်းတွင် တိတ်လျက်သာရှိနေတော့သည်။

အချိန်အတော်ကြာသည့်တိုင် ၊ နားကြပ်ထဲတွင် Broodထံမှ Navigationအသံကဲ့သို့ လမ်းညွှန်နေသောအသံသာရှိခဲ့သည်။ယင်းသည် ရုတ်တရက် အိမ်အပြင်မှ တံခါးခေါက်သံထွက်လာသည်အထိပင်။

" ဘန်း ဘန်း ဘန်း ! "

ပြင်းထန်၍ အဆောတလျင်နိုင်လေရာ ရောက်လာသူမှာ သဘောထားကောင်းမည့်ဟန်မပေါ်ပေ။

မနက်ခင်း ၃နာရီကျော်ဖြစ်သည်။ တံခါးအပြင်ဘက်မှာ မည်သည့်အကြောင်းကြောင့် တံခါးလာခေါက်ပါစေ ၊ ဤအချိန်အပိုင်းအခြားမှာတော့ အလွန်ထူးဆန်းနေ​၏။

Broodက ရုတ်ခြည်းတိတ်သွားပြီး ၊ ရန်ချင်းကျွမ်းဘက်မှ အသက်ရှုသံနှင့်လေသံသည်လည်း မသိလိုက်မသိဘာသာဖြင့်ရပ်သွားသကဲသို့ ဘာသံမှ မကြားရတော့။

ကျွန်တော် ကြောင်စီစီနှင့် အိပ်ရာမှ ထထိုင်ပြီး ချက်ချင်း ကြက်သီးမွေးညင်းတို့က တစ်ကိုယ်လုံးပျံ့နှံ့လာသည်။ မျက်လုံးတို့က အဝတ်နှင့်ဖုံးပြီး အောက်မှာ လဲနေသော ကြမ်းခင်းမီးအိမ်ကို ကြည့်မိလျက်သား။

ခိုင်မာလှသော ထင်ကြေးတစ်ခုက ကျွန်တော့်ကို ပြောပြနေသည် ; စောင့်ကြပ်ရေးကင်မရာတစ်ဖက်မှ လူသည် သံသယဝင်နေပြီပင် ——— ပုံရိပ်ကိုဖုံး၍ ၊ အသံအချိန်အတော်ကြာ တိတ်နေခြင်းက တစ်ဖက်လူအား တစ်ခုခုမှားသလို ခံစားမိစေ၍ ဖြစ်ရပ်မှန်ကို အတည်ပြုရန် တစ်ချက်လာကြည့်ခြင်းပေ။

တံခါးကို လာခေါက်သည်က ပြန်ပေါ်လာကာ ဤတစ်ကြိမ်တွင်တော့ ပိုပြင်းပြီး လူထူးဆန်းတစ်ယောက်​၏ ခက်ထန်စွာအော်သံက ကပ်ပါလာသည် :

" လူရှိလား ? တံခါးဖွင့်စမ်း ! "

တံခါးခေါက်သံက တစ်ကြိမ်ထက်တစ်ကြိမ် ပိုကျယ်လာ​၏။ အဖြေမရှိ၍ တစ်စုံတစ်ယောက်က ချိုးဖျက်ဝင်ရောက်လာမှာကို စိုးရသဖြင့် ကျွန်​တော် အိပ်ရာမှ ထကာ အိပ်ခန်းတံခါးကို အဟ,လေးဖွင့်၍ ဘယ်သူလာတာလဲဟု ကျယ်ကျယ်မေးလိုက်သည်။

" ငါတို့က ညကင်းလှည့်အဖွဲ့ကပဲ။ လုပ်ရိုးလုပ်စဉ်အတိုင်း ကင်းလှည့် စစ်ဆေးရုံမို့ ငါတို့ကို တံခါးဖွင့်ပေးပြီး တစ်ချက်ကြည့်ခွင့်ပေး "

ကျွန်တော့်ကို ပြန်ဖြေသူက အစောကတစ်ယောက်မဟုတ်ပေ။တံခါးဝမှာ လူတစ်ယောက်ထက်ပိုနေပြီ။

" ကျိနင် ၊ တတ်နိုင်သမျှ အချိန်ဆွဲထားပေး ၊ ဒါပေမယ့် အလုပ်မဖြစ်တော့ရင်... "

ရန်ချင်းကျွမ်းက အံကြိတ်လျက်ဆိုသည် : " ပစ်သာပစ် "

တံခါးပွင့်နေသွားသဖြင့် အခန်းထဲမှာလေက ရုတ်ခြည်းလှည့်ပတ်သွားရာ ခန္ဓာကိုယ်ပေါ်ကို ပြင်းစွာတိုက်ခတ်၍ အေးစိမ့်မှုလှိုင်းလုံးကို ပေးအပ်လာ​၏။

တိမ်တိုက်များထဲတွင် ခပ်အုပ်အုပ်မိုးချုန်းသံတွေရှိနေခြင်းက မိုးအသည်းအထန်ရွာသွန်းတော့မည်ဖြစ်ကြောင်း အရိပ်ပြနေသည်။

" ကင်းလှည့်အဖွဲ့ကလား ? ဒါက ဘယ်သူ့နေရာလဲ မင်းတို့သိလား ? ခုံထန်က မင်းတို့ကို မပြောဘူးလား ? "

ကျွန်တော် တံခါးခြား၍ သူတို့နှင့်စကားဆက်ပြောနေပြီး လှည့်ပတ်ရှာရင်း ချိတ်ပေါ်က ရန်ချင်းကျွမ်း​၏ ကုတ်ကို ဆွဲယူကာ ကောက်ဝတ်လိုက်​၏။ ပြီးလျှင် တစ်ဖန်ငုံ့ကာ ခြေသလုံးမှာ ချည်ထားသော Perlite ကို ဆွဲထုတ်လိုက်သည်။

လက်နှစ်ဖက်လုံး တုန်ယင်လျက်။ ကျွန်တော် လက်ဖျားတွေကိုဆန့်၍ ပင့်သက်ရှိုက်နေလိုက်သော်လည်း အနည်းငယ်သာအကျိုးရှိပါသည်။

" သူတို့ဆီကနေ ကျွန်းပေါ်မှာ လူတိုင်းလိုက်နာရမဲ့ စည်းမျဉ်းတွေရှိပါတယ်။ မင်းဘာလို့ ယောင်ကောကို တံခါးသွားဖွင့်ပေးဖို့ မမေးတာလဲ ? " ပထမအသံကဆို​၏။

ဘယ်ကို သွားမေးရမှာလဲ ?

" မင်းခဏလေး.... ငါ...ငါတို့ အဝတ်ဝတ်နေတယ် "

ငွေမင်ရောင် သေနတ်ကိုယ်ထည်က ခပ်မှိုင်းမှိုင်းအလင်းရောင်ထဲမှာ အလွန့်အလွန် မျက်စိဖမ်းစားနိုင်​၏။ ကျွန်တော် ၎င်းကို ခါးနောက်ထိုးလိုက်ပြီး ပြတင်းအပြင်က ညအမှောင်ကို ပြန်လှည့်ကြည့်မိသည်။ ထူထပ်လှသော တိမ်တိုက်များထဲတွင်ပေါ်နေသော အပြာတောက်တောက် လျှပ်စီးတို့မှလွဲ၍ ရေနံ့ကို သယ်ဆောင်လာသော လေညှင်းတစ်ခုကသာ ဝေ့ဝဲလျက်ရှိသည်။

" မပြီးသေးဘူးလား ? " တစ်စုံတစ်ယောက်က အပြင်မှ အော်ကာ တံခါးကို ထပ်ထုပြန်သည်။

" မင်း ကင်းလှည့်ကို မြောက်ဘက်သွားပြီး ရှောင်လို့ရတယ်။ ဒါမယ့် နည်းနည်းကြာမယ်။ တည့်တည့်သွားတာက အမြန်ဆုံးပေမယ့် အဆောက်အအုံနီအနီးက ကင်းလှည့်တပ်သားတွေနဲ့လဲ ပက်ပင်းမိနိုင်တယ် "

နားထဲ၌ Broodက အသင့်လျော်ဆုံးလမ်းကြောင်းကို သစ္စာရှိစွာ အသိပေးနေ​၏။

" တည့်တည့်သွားမယ် ! "

ရန်ချင်းကျွမ်း​၏ ဟောဟဲလိုက်သံကလဲ လေတိုးသံနှင့်အတူ ရောထွေးနေ​၏။ ရုတ်တရက် သူ့နားကြပ်က သစ်ကိုင်းတစ်ခုတွင် ချိတ်သွားသည့်နှယ်။ အဆက်မပြတ်ဆူသံပြီးနောက် ၊ ထောက်ကနဲ့အသံတစ်ချက်ဖြင့် သိပ်သည်းလှသော ခြေသံတို့က တဖြည်းဖြည်းဝေးကွာသွား​၏။

Broodက နှစ်ခါခေါ်သော်လည်း ရန်ချင်းကျွမ်းကမတုံ့ပြန်လာပေ။ သုံးဖက်ဖလှယ်ခေါ်ဆိုမှုက နှစ်ဖက်ဖလှယ်ခေါ်ဆိုမှုဖြစ်လာ​၏။

တံခါးထုသံက အဆက်မပြတ်ဖြစ်လာကာ အလွန်အကျွံထက်ပင်ပိုလာ​သည်။

" လာပါပြီ ! "

ဆွံ့အနားမကြားလို ဟန်ဆောင်လို့ မရတော့မှန်း သိနှင့်ပြီဖြစ်၍ ကျွန်တော် တံခါးလက်ကိုင်ကို မြဲမြဲလှမ်းဆွဲကာ အိပ်ခန်းထဲမှ ထွက်လိုက်သည်။

" ငါ ဒီမှာ အမြဲတမ်းရှိနေတယ်။ " နားကြပ်ထဲရှိ အမျိုးသမီး​၏အသံက တည်ငြိမ်စွာထွက်ပေါ်လာ​၏။

ကျွန်တော် ကြောင်အသွားလျက်။ ဒါသည် ပထမဆုံးအကြိမ်အဖြစ် သူမက ကျွန်တော့်ကို တိုက်ရိုက်စကားပြောလာတာပင်။

ယေဘုယျကျကျဆိုရလျှင် ဤမစ်ရှစ်အတွက် ရန်ချင်းကျွမ်းကသာ သူမနှင့်ဆက်သွယ်ရမည့်လူဖြစ်သည်။ ယခု ဆက်သွယ်ရေးနှောင့်ယှက်ခံလိုက်၍ သူမချက်ချင်း ခေါ်ဆိုမှုကို အဆုံးသတ်ကာ အကောင့်ပိတ်သွားလို့ရနိုင်သည်။သို့ပေမယ့်သူမ မလုပ်ခဲ့။ သူမက ဆက်ခေါ်ဆိုခဲ့ပြီး ကျွသူမအမြဲရှိနေကြောင်းပင် ပြောလိုက်သေးသည်။

တစ်ခါတုန်းက ကျွန်တော်ဟာ သူမသည် အစိုးရမှ ဖန်တီးထားသော ဉာဏ်ရည်မြင့်AIလားဟု အမှန်တကယ် သံသယဖြစ်ဖူးသည်။ သို့သော် ယခုမူ မဟုတ်ကြောင်း အတည်ပြုနိုင်လိုက်ပြီပင်။ စက်ရုပ်တွေက ဒီလောက် ကြင်နာတတ်မှာ မဟုတ်ပေ။

ကျွန်တော် သူ့ကို ကျေးဇူးတင်စကားပြောချင်ပေမယ့် ပတ်ဝန်းကျင်က ခွင့်မပြုခဲ့။ ခပ်တိုးတိုးနှင့် " အင်း " ဟုသာ ဆိုပြီးနားကြပ်ကို ဆွဲချွတ်ကာ ဘောင်းဘီအိတ်ထောင်ထဲထည့်၍ တံခါးဖွင့်ရန် လျှောက်သွားလိုက်​၏။

တံခါးပွင့်လျှင်ပွင့်ချင်း အပြင်မှလူနှစ်ယောက်က တိုးဝှေ့ဝင်လာခဲ့သည်။

ကျွန်တော် သူတို့ကို လမ်းပိတ်လိုက်ပြီး မျက်မှောင်ကုတ်လိုက်၍ : " မင်းတို့ ဘာလုပ်တာလဲ ? "

ခေါင်းဆောင်​၏ မျက်နှာတွင် အမာရွတ်တစ်ခုရှိပြီး ဘယ်ဘက်နှုတ်ခမ်းထောင့်အထိ ရောက်​၏ : " ယောင်ကောက ဘယ်မှာလဲ ? "

အသံအရ ၊ အရင်ဆုံး တံခါးထုသည့်တစ်ယောက်ဖြစ်ပေမည်။

" အထဲမှာ အိပ်နေတယ်။ မင်းတို့က သူ့ကို ထပြီး လာတွေ့စေချင်တာလား ? "

သူတို့ ကျွန်တော့်ကို တွန်းဖယ်၍ အိပ်ခန်းထဲ ထိုးဖောက်ဝင်ရောက်ပြီး လူမရှိသည့်အခန်းကိုသာ မြင်သွားမှာကို ရတက်မအေးသောကြောင့် ကျွန်တော့်ရင်မှာ ပြင်းစွာခုန်ပေါက်နေ​၏။

အကယ်၍ သူတို့ တကယ် တံခါးဖွင့်ချင်လျှင် ကျွန်တော်ကပြေးထွက်ဖို့ အခွင့်ကောင်းယူကာ ၊ လုံခြုံသည့်လမ်းတစ်လျှောက်ပြေး၍ ရန်ချင်းကျွမ်းအား ခေါ်ရန် ကားမောင်းသွားမည်။ပြီးပါက ကျွန်တော်တို့နှစ်ယောက် ကျောက်ထရံအောက်က အခေါင်းပေါက်ထဲမှာ ပုန်းနေနိုင်သည်။ အကယ်၍ နှစ်ရက်မျှတောင့်ခံပြီး အစာရေစာချွေတာပါက ကယ်တင်တဲ့အထိ အသက်ရှင်နိုင်မည်ဖြစ်​၏။

" ငါတို့လည်း သူ့ကိုဝင်သွားပြီးကြည့်လို့ရပါတယ် " အမာရွတ်​၏ နောက်မှ ပိုကြီး၊ပိုအရပ်ရှည်သောလူက ဧည့်ခန်းထဲလှည့်ပတ်ကြည့်ကာ ဆိုသည်။

" ညလယ်ဘက်ကြီးကျမှ ရုတ်တရက် စစ်ချင်တယ်လို့ပြောတယ်။ ငါ ကျွန်းပေါ်မှာ နေခဲ့သမျှရက်တွေထဲမှာ ဒီလိုစည်းမျဉ်းမျိုး တစ်ခါမှမကြားဖူးဘူး။ မင်းတို့က တခြားသူကို မစစ်ပဲ ၊ ဒီကိုလာစစ်တယ်။ ဘာလဲ ၊ မင်းတို့ ရှယ်ကောက တမင်ပြဿနာရှာပြန်ပြီလား ? သူ့ကို ဖုန်းခေါ်လိုက် ၊ သူဒီလိုလုပ်ဖို့ ခွင့်ပြုပေးထားလား ငါ သူ့ကို ကိုယ်တိုင်မေးကြည့်မယ် "

ကျွန်တော် အံကြိတ်လျက် ဘယ်လက်ကို အိတ်ထောင်ထဲလျှိုကာ ကားသော့ကို ဆွဲယူလိုက်​၏။ ပြီးလျှင် ညာလက်ကိုကျောနောက်ပို့ကာ သေနတ်ဆွဲထုတ်ရန် အသင့်လုပ်ထားလိုက်သည်။

အမာရွတ်နှင့် လူသန်ကြီးမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ ကျွန်တော့်စကားကြောင့် တွေဝေသွားလေဟန်။

ဇာတ်လမ်းလုပ်နေခြင်းပင်။

" မင်း သူ့ကို မခေါ်ချင်လဲ ငါ အိမ်တော်ထိန်းဖုန်းကိုခေါ်ပြီး သူ့ကိုအကြီးဆုံးသခင်လေးဖုန်းနံပါတ်ပေးဖို့တောင်းလိုက်မယ်။ ” ကျွန်တော် ဖုန်းယူရန် အိမ်ထဲဝင်တော့မယောင်ဆောင်လိုက်သည်။

အမာရွတ်က အမြန် ကျွန်တော့်ကို တားကာ ၊ လေသံက ပျော့သွား​၏ :

" ဒီအသေးအဖွဲ့ကိစ္စလေးနဲ့ အကြီးဆုံးသခင်လေးကို ဘာလို့ နှောင့်ယှက်နေမှာလဲ ? ငါတို့လဲ အမိန့်အတိုင်းလိက်နာရတာပါ။ အစ်ကိုကြီး ကျေးဇူးပြုလို့ ကောင်းကောင်းလုပ်ပြီး ငါတို့ကို အခက်တွေ့အောင်မလုပ်ပါနဲ့ "

" ငါမင်းတို့ကို အခက်တွေ့အောင်လုပ်တာမဟုတ်ဘူး။ မင်းတို့က သိပ်ကို လွန်လွန်းသွားလို့ပဲ။ ပြန်ပေးဆွဲတာကနေ ညလယ်ဘက်ကြီး roundလှည့်တာတွေအထိ ငါတို့တွေကို ဘယ်လိုတောင် အသည်းအသန်ဖြစ်နေတာလဲ ? ငါကမင်းတို့ကိုသနားလိုက်ရင် ငါ့ကိုကျ ဘယ်သူသနားမှာလဲ ? "

အမာရွတ်မှာ ကျွန်တော့်မေးခွန်းကြောင့် ချက်ချင်းကြောင်သွားကာ အတန်ကြာတိုင် စကားထွက်မလာတော့။

" မင်းငါတို့ကို ဝင်ခွင့်မပြုတာက အထဲမှာ ဘယ်သူမှ မရှိလို့လား ? "

တစ်ချိန်လုံးတိတ်နေသည့် လူသန်ကြီးက ယခုမှ အမာရွန်အား ဖယ်ကာ ကျွန်တော့်ကို စူးစူးဝါးဝါးစိုက်ကြည့်ပြီး တံခါးဖွင့်ဖို့ပြင်​၏။

ပြီးပြီ...

ကျွန်တော် တစ်ဝက်ပွင့်နေသော တံခါးကို ကြည့်၍ ထွက်ပြေးရန်အပြင် ၊ ကျွန်တော့် အနောက်မှ အိပ်ခန်းတံခါးက လူသန်ကြီးမတွန်းရသေးခင် ပွင့်လာခဲ့သည်။

လေညှင်းက ကျောနောက်မှသည် ဆံပင်တွေကို ဖြတ်တိုက်သွားလျက်။ လူသန်ကြီးက ကြောက်ရွံ့သွားပုံရကာ မသိလိုက်မသိဘာသာနှင့် တစ်လှမ်းဆုတ်သွားလေသည်။ အမာရွတ်ကလဲ ကသိကအောက်ဖြစ်သွားသော အမူအရာနှင့် နေရာမှာပင်တောင့်ခဲနေ​၏။

" မင်းတို့တွေက သိပ်ကိုကြီးကျယ်နေကြတာပဲ။ ညလယ်ကျမှ မင်းတို့ကို လူကိုယ်တိုင်တွေ့ဖို့ ငါ့ကို ထလာစေချင်ကြတယ် "

ရန်ချင်းကျွမ်း​၏ အသံက အေးတိအေးစက်နှင့် လေးတွဲ့နေ​၏ :

" ငါက ဒီမှာမရှိရင် ဘယ်မှာရှိရမှာလဲ ဟမ် ? "

ကျွန်တော် ရုတ်တရက် လှည့်ကြည့်လိုက်ရာ အိပ်ခန်းတံခါးနောက်တွင် သူ့ကို အပေါ်ကိုယ်ဗလာ ၊ အောက်ဖက်မှာ ဂျင်းဘောင်းဘီတစ်ထည် လျော့ရဲရဲဝတ်ထားလျက် တွေ့လိုက်ရသည်။ သူ​၏ မျက်ခုံးမျက်ဖန်များမှာ စိတ်မရှည်ခြင်းအပြည့်နှင့် မျက်နှာက အုံ့မှိုင်း၍ ရက်စက်သည့်အသွင်။ ယင်းသည် အမှန်တကယ်ပင် ကုတင်ပေါ်ကနေ ထလာရသည်နှယ်။

သူ ပြန်လာပြီ !

" ငါ......"

လူသန်ကြီးက အံကြိတ်လျက် စကားတစ်ခွန်းမဆိုတော့ပဲ သူ့မျက်နှာကို ဘယ်ပြန်ညာပြန်ရိုက်​၏ : " ငါ စကားမှားသွားပါတယ်။ယောင်ကော ၊ ဒေါသမထွက်ပါနဲ့။ ငါတို့ အခုပဲ ထွက်သွားပါ့မယ် "

သူသည် အား လုံးဝမထည့်သော်လည်း မျက်နှာက ချက်ချင်းယောင်လာကာ မြင်သာသည့် လက်ချောင်းရာများပေါ်လာသည်။

အမာရွတ်ကလဲ ချက်ချင်း သူ့အပေါင်းအဖော်​၏ ဥပမာအတိုင်းလိုက်၍ သူ့ကိုယ်သူ နှစ်ချက်ချလိုက်သည်။

ချပြီးသော် ၊ သူက ပြုံးလျက် ဆိုလာသည်: " အထင်လွဲတာပါ။ အကုန်အထင်လွဲတာပါ။ အခု ငါတို့ စစ်ပြီးပြီဆိုတော့ ငါတို့ပြန်သွားပြီး ဘဝစပါတော့မယ်။ မင်းတို့နှစ်ယောက်ကို မနှောင့်ယှက်တော့ပါဘူး "

ရန်ချင်းကျွမ်းက နှာမှုတ်လိုက်ပြီး သူ့နှုတ်ခမ်းပါးမှ တီးတိုးပြောလာသည်က: " လစ်တော့ "

သူတို့နှစ်ယောက်ဟာ နည်းနည်းလေးမှပင် ကြာကြာမနေရဲတော့ပေ။ သူတို့က အရှက်ရသည့်မျက်နှာများဖြင့် ကျွန်တော့်အား ဖြတ်ကျော်သွားကြ​၏။ သူတို့ထွက်သွားသောအခါ အလျင်လိုနေ၍ တံခါးပင် ပိတ်ဖို့မေ့ခဲ့လေသည်။

ဒါက ...ကျော်ဖြတ်နိုင်သွားတာလား ?

ကျွန်တော် လက်ဆန့်၍ တံခါးပိတ်လိုက်ပြီး လှည့်ကာ ရန်ချင်းကျွမ်းကို ထပ်ကြည့်မိ​၏။ဤအခိုက်အတန့်ဝယ်အနည်းငယ် တွေဝေနေဆဲ။

သူက ကျွန်တော့်ကို အဝေးမှ ကြည့်နေလျက်။သူ့မျက်လုံးအတွင်းမှ အေးစက်မှုတွေ တဖြည်းဖြည်း မှိန်ဖျော့သွားကာ နူးညံ့ချွေးသိပ်နိုင်သောအပြုံးတစ်ပွင့်အဖြစ်ပြောင်းလဲသွားသည်။

ကျွန်တော် တည်ငြိမ်စွာဖြင့် သူ့ထံလျှောက်သွားပြီး အခန်းထဲဝင်ကာ တံခါးကို လက်ပြန်ပိတ်လိုက်​၏။

လေညှင်းသည် တဝဲလည်လည် ချစ်သူပမာ ပိတ်သားလိုက်ကာကို တိုက်ခတ်ပြီး လေထဲမှာ ကခုန်ရစ်ဝဲနေစေ​၏။ သို့သော်တံခါးပိတ်လိုက်သည်နှင့် လေညှင်းက တစ်ဖန်ပြန်လည် ငြိမ်သက်သွားတာကြောင့် ပိတ်သားအဖြူတစ်ခုသာ ချန်ထားခဲ့ပြီးမူလနေရာအတိုင်းပြန်ကျကာ သာမန် အဝတ်ဖြူတစ်စအဖြစ်ပြောင်းလဲသွားသည်။

ရန်ချင်းကျွမ်း​၏ ပါးပြင်ကို ထိလိုက်မိသည်နှင့် နားလည်ရခက်စွာ မျက်ဝန်းထဲမှာ အနွေးဓာတ်တွေကိန်းအောင်းလာခဲ့သည်။

မူလတုန်းက ကျွန်တော် ထိန်းထားသည့်တိုင် အဆုံးသတ်မှာတော့ သူက ပြုံးပြလာခဲ့ပါ​၏။

ထိုအပြုံးက ကျွန်တော့်နှာခေါင်းကို စူးလာစေပြီး ၊ လည်ချောင်းမှာ တစ်ဆို့ကာ ၊ ပါးပေါ်က ကြွက်သားတွေလဲ စတင်တုန်ယင်လာခဲ့သည်။

သူ့အပြုံးက နည်းနည်းချင်းစီ ပျောက်ကွယ်သွားခဲ့၍ မျက်ဝန်းထဲတွင် " နာကျင်ခြင်း " နှင့် နီးစပ်သောခံစားချက်များအဖြစ် ပြောင်းလဲသွားခဲ့​၏။

ကျွန်တော် ပထမဆုံးအကြိမ်အဖြစ် ထိန်းမရသော ရှိုက်သံတစ်ချက်အား ထုတ်လိုက်မိသောအခါ သူက ကျွန်တော့်ကို အသဲအသန်ပွေ့ဖက်လာခဲ့ပြီး လည်ကုတ်ကို ဖိကပ်ထားခဲ့​၏။ ယင်းသည် ကျားကန်ပေးထားသော သံမဏိအရိုးများပါသည့်အားကောင်းသော အရိုးများနှယ် ကျွန်တော့်ကို လွန်စွာ အားပျော့သွားအောင် ထောက်ကူပေးနေခဲ့သည်။

" မင်း ကောင်းကောင်းလုပ်ခဲ့တယ်။ "

သီချင်းဖွင့်ထားဆဲကြားထဲမှ သူက ကျွန်တော့်နားထဲသို့ တီးတိုးပြောလာပါ​၏။

ကျွန်တော် သူ့ကျောပြင်ကို လက်နှစ်ဖက်နှင့်ဆုပ်ထားပြီး လည်ချောင်းဝမှ ဆို့နင့်နေသော ရှိုက်သံအားလုံးကို ဖိနှိပ်ထားမိသည်။

သည်းထန်သော မိုးက ရွာသွန်းလာပြီး ၊ အရာအားလုံးမတုပနိုင်သော တေးသွားကို တီးခတ်လာ​၏။

ယနေ့ည ဖြတ်ကျော်နိုင်သွားပေမယ့် ၊ အလုံးစုံတော့ မပြီးသေးပါလေ။

___________________________________________________________________________





『Zawgyi』

အခန္း ( ၄၉ ) : မင္း ေကာင္းေကာင္းလုပ္ခဲ့တယ္။

※※※※※※※※※※※※※※※※※※※※



" ၁၀၀% ! "

ေရတြက္ခ်ိန္ ၅စကၠန႔္သို႔ေရာက္လာေသာအခါ လွုပ္ေဆာင္မွုဘားတန္းက ျပည့္သြား​၏။ သို႔ေသာ္ ရန္ခ်င္းကၽြမ္းသည္ လုံျခဳံေရးကိုျပန္တပ္ၿပီး လၽွို႔ဝွက္လမ္းသို႔ ျပန္ေျပးလာဖို႔လိုေသးသည္။ ေနာက္ဆုံး ၅စကၠန႔္က ဘယ္လိုမွ မေလာက္ပါေခ်။

ေခၽြးေစးေတြက လက္ဖဝါးမွ လက္ဖ်ားသို႔ စီးက်ၿပီး သီခ်င္းသံကလဲ တျဖည္းျဖည္းတိမ္ေကာကာ နားစည္ထဲမွာ ေလးလံသည့္အသက္ရွုသံႏွင့္သာ ျပည့္လၽွမ္းလ်က္။ ၎သည္ ကၽြန္ေတာ့္ကိုယ္တိုင္​၏အသံလား ၊ ရန္ခ်င္းကၽြမ္း​၏ အသံလား ၊ Brood​၏ အသံလား မေျပာနိုင္ေတာ့။ စကၠန႔္တိုင္းက ရာစုႏွစ္တစ္ခုစာမၽွ ရွည္လ်ားေနခဲ့​၏။

" ငါ အုပ္ခ်ဳပ္ေရးစနစ္ကို ဟက္ခ့္ထားတယ္။ေလာေလာဆယ္ေတာ့ သူတို႔ မင္းကို ရွာေတြ႕မွာမဟုတ္ဘူး "

Brood က ျမန္ျမန္ဆိုသည္။ " ျမန္ျမန္ထြက္ေတာ့ ၊ ငါၾကာၾကာခံမွာမဟုတ္ဘူး ! "

၅စကၠန႔္ကုန္သြားေသာ္ျငား အခ်ိန္ျဖည့္ေပးထားေသာ Brood ​၏ေက်းဇူးေၾကာင့္ လုံျခဳံေရးစနစ္က ၿငိမ္ေနဆဲျဖစ္ကာ ျပန္လည္မစတင္ေသးေပ။

ရန္ခ်င္းကၽြမ္း​၏ ဖက္မွာေတာ့ တိတ္ဆိတ္လ်က္။ အသံအရ သူ လုံျခဳံေရးျပန္တပ္ေနပုံေပၚ​၏။

ဆယ္စကၠန႔္အၿပိီးတြင္ေတာ့ Brood ​၏ တစ္ဖက္မွ ကီးဘုတ္သည္ မီးပြင့္ေတာ့မတတ္ အျမန္ႏွုန္းႏွင့္ရိုက္ေနခဲ့သည္ : " ငါ့ကိုရွာေတြ႕ခံရေတာ့မယ္။ သုံးစကၠန႔္အတြင္း ခ်ိတ္ဆက္မွုျပတ္ေတာက္မယ္ ၊ ၃ , ၂ , ၁...... "

စကားဆုံးသည္ႏွင့္ နားၾကပ္က အလြန္တရာတိတ္က်သြားကာ ၊ အသက္ရွုသံပင္ ေပ်ာက္ကြယ္သြားေတာ့သည္။

ကၽြန္ေတာ္ ႏွုတ္ခမ္းေတြတုန္ယင္လ်က္ နားၾကပ္ကိုဖိထားမိၿပီး တစ္ဖက္မွ အသံေသးေသးေလးကိုပင္ လြတ္ခြင့္မေပး။

ကၽြန္ေတာ့္ေခါင္းထက္မွာ ဓားႀကီးရြယ္ထား​၏။ ကၽြန္ေတာ္မပုန္းမေရွာင္နိုင္ ၊ တုန္ယင္လ်က္ျဖင့္သာ ဓားက်မွာကို ေစာင့္ေနနိုင္သည္။

" ငါအဆင္ေျပတယ္..."

ေနာက္ဆုံးတြင္ေတာ့ ရန္ခ်င္းကၽြမ္း​၏ အသက္မရွုနိုင္ေသာ အသံက တိတ္ဆိတ္မွုကို ခ်ိဳးဖ်က္လိုက္သည္ :

" အခု ျပန္ၾကစို႔ "

အသက္ရွုက်ပ္သည့္ ခံစားခ်က္ႀကီးက ႐ုတ္ျခည္း စိတ္ထဲေရာက္လာသျဖင့္ ကၽြန္ေတာ္ အျမန္အသက္ရွုလိုက္သည္။ ထိုအခါမွသေဘာေပါက္မိသည္မွာ ကၽြန္ေတာ္ဟာ အသက္ရွုဖို႔ေမ့ေလာက္ေအာင္ စိုးရိမ္ပူပန္ေနခဲ့ျခင္းပင္။ ကၽြန္ေတာ္ ရင္ဘတ္ကိုဖိ၍ အားတစ္စက္မွမရွိေတာ့ပဲ အိပ္ရာေပၚကို လဲက်သြား​၏။

သိပ္ေကာင္းတယ္ ......

သိပ္ေကာင္းတယ္

ပုခုံးေတြတုန္ေအာင္ ကၽြန္ေတာ္ တိတ္တိတ္ေလး ရယ္မိသည္။ ဘာေၾကာင့္ရယ္မိသလဲ ကၽြန္ေတာ္မသိေသာ္လည္း ဒီအတိုင္း ရယ္ခ်င္ေန​၏။ လက္ရွိတြင္ ၎က ဝိညာဥ္​၏ အစိတ္အပိုင္းေလးတစ္ခုႏွယ္ ၊ အသက္​၏ အစုအေဝးေလးတစ္ခုႏွယ္၊ ရန္ခ်င္းကၽြမ္းႏွင့္အတူ ကပ္ေဘးမွ အသက္ရွင္နိုင္သကဲ့သို႔ပင္။

" Heron , အခ်က္အလက္ေတြကို အႀကိမ္ေပါင္းမ်ားစြာ ကုဒ္ဝွက္ထားတယ္။ ငါ အဲဒါကို ခ်က္ခ်င္း ေဖာ္ထုတ္မွာေပမယ့္ ရန္သူကို အခ်က္ေပးမိမွာစိုးရတယ္။ဒါေၾကာင့္ ကြန္မပိတ္ခင္ မင္း ဆက္ၿပီး ပုန္းလၽွိုးကြယ္လၽွိုးေနဖို႔လိုတယ္။ " Brood​၏အသံသည္ တစ္ဖန္ ျပန္လည္တည္ၿငိမ္သြားၿပီး ေအးေဆးေသာ စက္သံအျဖစ္ျပန္လည္ေရာက္ရွိသြား​၏။

" ဘယ္ေလာက္ၾကာမလဲ ? " ရန္ခ်င္းကၽြမ္းက ေမးသည္။

" သုံးရက္ "

" ၾကာလြန္းတယ္ "

Brood က တိတ္သြားၿပီးမွ : " ငါတို႔လဲ တပ္ေတြကို စည္း႐ုံးဖို႔အခ်ိန္လိုေသးတယ္ "

ရန္ခ်င္းကၽြမ္းက တစ္ေလၽွာက္လုံးေျပးေနၿပီးမွ :

" က်င္ေဖးရွန္းက ဒီမွာမရွိဘူး။ ေကသရာဇာကၽြန္းက သားရဲေတြ ေခါင္းေဆာင္မဲ့ေနတယ္။ သူတို႔ကို တိုက္ခိုက္ဖို႔ အေကာင္းဆုံးအခ်ိန္ပဲ။ သူ ျပန္လာရင္ အားလုံးက ေျပာရခက္သြားလိမ့္မယ္ "

Broodက မွတ္ခ်က္မေပးေသာ္လည္း ဆိုလာသည္က : " ငါ မင္းစကားေတြကို ဗိုလ္ခ်ဳပ္ကို ပါးေပးမယ္ "

ရန္ခ်င္းကၽြမ္းက သူမ​၏ မေရမရာအျပဳအမူေၾကာင့္ အနည္းငယ္ မေက်မနပ္ျဖစ္သြားပုံရေသာ္လည္း သူမကမဆုံးျဖတ္နိုင္မွန္း သိေန၍ျဖစ္မည္။ သူက ေခါင္းစဥ္ကို ႏွိုက္ခၽြတ္မေနေတာ့ပဲ ေနာက္ပိုင္းတြင္ တိတ္လ်က္သာရွိေနေတာ့သည္။

အခ်ိန္အေတာ္ၾကာသည့္တိုင္ ၊ နားၾကပ္ထဲတြင္ Broodထံမွ Navigationအသံကဲ့သို႔ လမ္းညႊန္ေနေသာအသံသာရွိခဲ့သည္။ ယင္းသည္ ႐ုတ္တရက္ အိမ္အျပင္မွ တံခါးေခါက္သံထြက္လာသည္အထိပင္။

" ဘန္း ဘန္း ဘန္း ! "

ျပင္းထန္၍ အေဆာတလ်င္နိုင္ေလရာ ေရာက္လာသူမွာ သေဘာထားေကာင္းမည့္ဟန္မေပၚေပ။

မနက္ခင္း ၃နာရီေက်ာ္ျဖစ္သည္။ တံခါးအျပင္ဘက္မွာ မည္သည့္အေၾကာင္းေၾကာင့္ တံခါးလာေခါက္ပါေစ ၊ ဤအခ်ိန္အပိုင္းအျခားမွာေတာ့ အလြန္ထူးဆန္းေန​၏။

Broodက ႐ုတ္ျခည္းတိတ္သြားၿပီး ၊ ရန္ခ်င္းကၽြမ္းဘက္မွ အသက္ရွုသံႏွင့္ေလသံသည္လည္း မသိလိုက္မသိဘာသာျဖင့္ ရပ္သြားသကဲသို႔ ဘာသံမွ မၾကားရေတာ့။

ကၽြန္ေတာ္ ေၾကာင္စီစီႏွင့္ အိပ္ရာမွ ထထိုင္ၿပီး ခ်က္ခ်င္း ၾကက္သီးေမြးညင္းတို႔က တစ္ကိုယ္လုံးပ်ံ႕ႏွံ့လာသည္။ မ်က္လုံးတို႔က အဝတ္ႏွင့္ဖုံးၿပီး ေအာက္မွာ လဲေနေသာ ၾကမ္းခင္းမီးအိမ္ကို ၾကည့္မိလ်က္သား။

ခိုင္မာလွေသာ ထင္ေၾကးတစ္ခုက ကၽြန္ေတာ့္ကို ေျပာျပေနသည္ ; ေစာင့္ၾကပ္ေရးကင္မရာတစ္ဖက္မွ လူသည္ သံသယဝင္ေနၿပီပင္ ——— ပုံရိပ္ကိုဖုံး၍ ၊ အသံအခ်ိန္အေတာ္ၾကာ တိတ္ေနျခင္းက တစ္ဖက္လူအား တစ္ခုခုမွားသလို ခံစားမိေစ၍ ျဖစ္ရပ္မွန္ကို အတည္ျပဳရန္ တစ္ခ်က္လာၾကည့္ျခင္းေပ။

တံခါးကို လာေခါက္သည္က ျပန္ေပၚလာကာ ဤတစ္ႀကိမ္တြင္ေတာ့ ပိုျပင္းၿပီး လူထူးဆန္းတစ္ေယာက္​၏ ခက္ထန္စြာေအာ္သံက ကပ္ပါလာသည္ :

" လူရွိလား ? တံခါးဖြင့္စမ္း ! "

တံခါးေခါက္သံက တစ္ႀကိမ္ထက္တစ္ႀကိမ္ ပိုက်ယ္လာ​၏။ အေျဖမရွိ၍ တစ္စုံတစ္ေယာက္က ခ်ိဳးဖ်က္ဝင္ေရာက္လာမွာကို စိုးရသျဖင့္ ကၽြန္​ေတာ္ အိပ္ရာမွ ထကာ အိပ္ခန္းတံခါးကို အဟ,ေလးဖြင့္၍ ဘယ္သူလာတာလဲဟု က်ယ္က်ယ္ေမးလိုက္သည္။

" ငါတို႔က ညကင္းလွည့္အဖြဲ႕ကပဲ။ လုပ္ရိုးလုပ္စဥ္အတိုင္း ကင္းလွည့္ စစ္ေဆး႐ုံမို႔ ငါတို႔ကို တံခါးဖြင့္ေပးၿပီး တစ္ခ်က္ၾကည့္ခြင့္ေပး "

ကၽြန္ေတာ့္ကို ျပန္ေျဖသူက အေစာကတစ္ေယာက္မဟုတ္ေပ။တံခါးဝမွာ လူတစ္ေယာက္ထက္ပိုေနၿပီ။

" က်ိနင္ ၊ တတ္နိုင္သမၽွ အခ်ိန္ဆြဲထားေပး ၊ ဒါေပမယ့္ အလုပ္မျဖစ္ေတာ့ရင္... "

ရန္ခ်င္းကၽြမ္းက အံႀကိတ္လ်က္ဆိုသည္ : " ပစ္သာပစ္ "

တံခါးပြင့္ေနသြားသျဖင့္ အခန္းထဲမွာေလက ႐ုတ္ျခည္းလွည့္ပတ္သြားရာ ခႏၶာကိုယ္ေပၚကို ျပင္းစြာတိုက္ခတ္၍ ေအးစိမ့္မွုလွိုင္းလုံးကို ေပးအပ္လာ​၏။

တိမ္တိုက္မ်ားထဲတြင္ ခပ္အုပ္အုပ္မိုးခ်ဳန္းသံေတြရွိေနျခင္းက မိုးအသည္းအထန္ရြာသြန္းေတာ့မည္ျဖစ္ေၾကာင္းအရိပ္ျပေနသည္။

" ကင္းလွည့္အဖြဲ႕ကလား ? ဒါက ဘယ္သူ႔ေနရာလဲ မင္းတို႔သိလား ? ခုံထန္က မင္းတို႔ကို မေျပာဘူးလား ? "

ကၽြန္ေတာ္ တံခါးျခား၍ သူတို႔ႏွင့္စကားဆက္ေျပာေနၿပီး လွည့္ပတ္ရွာရင္း ခ်ိတ္ေပၚက ရန္ခ်င္းကၽြမ္း​၏ ကုတ္ကို ဆြဲယူကာ ေကာက္ဝတ္လိုက္​၏။ ၿပီးလၽွင္ တစ္ဖန္ငုံ႔ကာ ေျခသလုံးမွာ ခ်ည္ထားေသာ Perlite ကို ဆြဲထုတ္လိုက္သည္။

လက္ႏွစ္ဖက္လုံး တုန္ယင္လ်က္။ ကၽြန္ေတာ္ လက္ဖ်ားေတြကိုဆန႔္၍ ပင့္သက္ရွိုက္ေနလိုက္ေသာ္လည္း အနည္းငယ္သာ အက်ိဳးရွိပါသည္။

" သူတို႔ဆီကေန ကၽြန္းေပၚမွာ လူတိုင္းလိုက္နာရမဲ့ စည္းမ်ဥ္းေတြရွိပါတယ္။ မင္းဘာလို႔ ေယာင္ေကာကိုတံခါးသြားဖြင့္ေပးဖို႔ မေမးတာလဲ ? " ပထမအသံကဆို​၏။

ဘယ္ကို သြားေမးရမွာလဲ ?

" မင္းခဏေလး.... ငါ...ငါတို႔ အဝတ္ဝတ္ေနတယ္ "

ေငြမင္ေရာင္ ေသနတ္ကိုယ္ထည္က ခပ္မွိုင္းမွိုင္းအလင္းေရာင္ထဲမွာ အလြန႔္အလြန္ မ်က္စိဖမ္းစားနိုင္​၏။ ကၽြန္ေတာ္၎ကို ခါးေနာက္ထိုးလိုက္ၿပီး ျပတင္းအျပင္က ညအေမွာင္ကို ျပန္လွည့္ၾကည့္မိသည္။ ထူထပ္လွေသာ တိမ္တိုက္မ်ားထဲတြင္ ေပၚေနေသာ အျပာေတာက္ေတာက္ လၽွပ္စီးတို႔မွလြဲ၍ ေရနံ႔ကို သယ္ေဆာင္လာေသာ ေလညႇင္းတစ္ခုကသာ ေဝ့ဝဲလ်က္ရွိသည္။

" မၿပီးေသးဘူးလား ? " တစ္စုံတစ္ေယာက္က အျပင္မွ ေအာ္ကာ တံခါးကို ထပ္ထုျပန္သည္။

" မင္း ကင္းလွည့္ကို ေျမာက္ဘက္သြားၿပီး ေရွာင္လို႔ရတယ္။ ဒါမယ့္ နည္းနည္းၾကာမယ္။ တည့္တည့္သြားတာက အျမန္ဆုံးေပမယ့္ အေဆာက္အအုံနီအနီးက ကင္းလွည့္တပ္သားေတြနဲ႔လဲ ပက္ပင္းမိနိုင္တယ္ "

နားထဲ၌ Broodက အသင့္ေလ်ာ္ဆုံးလမ္းေၾကာင္းကို သစၥာရွိစြာ အသိေပးေန​၏။

" တည့္တည့္သြားမယ္ ! "

ရန္ခ်င္းကၽြမ္း​၏ ေဟာဟဲလိုက္သံကလဲ ေလတိုးသံႏွင့္အတူ ေရာေထြးေန​၏။ ႐ုတ္တရက္ သူ႔နားၾကပ္က သစ္ကိုင္းတစ္ခုတြင္ ခ်ိတ္သြားသည့္ႏွယ္။ အဆက္မျပတ္ဆူသံၿပီးေနာက္ ၊ ေထာက္ကနဲ႔အသံတစ္ခ်က္ျဖင့္ သိပ္သည္းလွေသာ ေျခသံတို႔က တျဖည္းျဖည္းေဝးကြာသြား​၏။

Broodက ႏွစ္ခါေခၚေသာ္လည္း ရန္ခ်င္းကၽြမ္းကမတုံ႔ျပန္လာေပ။ သုံးဖက္ဖလွယ္ေခၚဆိုမွုက ႏွစ္ဖက္ဖလွယ္ေခၚဆိုမွု ျဖစ္လာ​၏။

တံခါးထုသံက အဆက္မျပတ္ျဖစ္လာကာ အလြန္အကၽြံထက္ပင္ပိုလာ​သည္။

" လာပါၿပီ ! "

ဆြံ႕အနားမၾကားလို ဟန္ေဆာင္လို႔ မရေတာ့မွန္း သိႏွင့္ၿပီျဖစ္၍ ကၽြန္ေတာ္ တံခါးလက္ကိုင္ကို ျမဲျမဲလွမ္းဆြဲကာ အိပ္ခန္းထဲမွ ထြက္လိုက္သည္။

" ငါ ဒီမွာ အျမဲတမ္းရွိေနတယ္။ " နားၾကပ္ထဲရွိ အမ်ိဳးသမီး​၏အသံက တည္ၿငိမ္စြာထြက္ေပၚလာ​၏။

ကၽြန္ေတာ္ ေၾကာင္အသြားလ်က္။ ဒါသည္ ပထမဆုံးအႀကိမ္အျဖစ္ သူမက ကၽြန္ေတာ့္ကို တိုက္ရိုက္စကားေျပာလာတာပင္။

ေယဘုယ်က်က်ဆိုရလၽွင္ ဤမစ္ရွစ္အတြက္ ရန္ခ်င္းကၽြမ္းကသာ သူမႏွင့္ဆက္သြယ္ရမည့္လူျဖစ္သည္။ ယခု ဆက္သြယ္ေရးေႏွာင့္ယွက္ခံလိုက္၍ သူမခ်က္ခ်င္း ေခၚဆိုမွုကို အဆုံးသတ္ကာ အေကာင့္ပိတ္သြားလို႔ရနိုင္သည္။သို႔ေပမယ့္သူမ မလုပ္ခဲ့။ သူမက ဆက္ေခၚဆိုခဲ့ၿပီး ကၽြသူမအျမဲရွိေနေၾကာင္းပင္ ေျပာလိုက္ေသးသည္။

တစ္ခါတုန္းက ကၽြန္ေတာ္ဟာ သူမသည္ အစိုးရမွ ဖန္တီးထားေသာ ဉာဏ္ရည္ျမင့္AIလားဟု အမွန္တကယ္ သံသယျဖစ္ဖူးသည္။ သို႔ေသာ္ ယခုမူ မဟုတ္ေၾကာင္း အတည္ျပဳနိုင္လိုက္ၿပီပင္။ စက္႐ုပ္ေတြက ဒီေလာက္ ၾကင္နာတတ္မွာ မဟုတ္ေပ။

ကၽြန္ေတာ္ သူ႔ကို ေက်းဇူးတင္စကားေျပာခ်င္ေပမယ့္ ပတ္ဝန္းက်င္က ခြင့္မျပဳခဲ့။ ခပ္တိုးတိုးႏွင့္ " အင္း " ဟုသာ ဆိုၿပီး နားၾကပ္ကို ဆြဲခၽြတ္ကာ ေဘာင္းဘီအိတ္ေထာင္ထဲထည့္၍ တံခါးဖြင့္ရန္ ေလၽွာက္သြားလိုက္​၏။

တံခါးပြင့္လၽွင္ပြင့္ခ်င္း အျပင္မွလူႏွစ္ေယာက္က တိုးေဝွ႕ဝင္လာခဲ့သည္။

ကၽြန္ေတာ္ သူတို႔ကို လမ္းပိတ္လိုက္ၿပီး မ်က္ေမွာင္ကုတ္လိုက္၍ : " မင္းတို႔ ဘာလုပ္တာလဲ ? "

ေခါင္းေဆာင္​၏ မ်က္ႏွာတြင္ အမာရြတ္တစ္ခုရွိၿပီး ဘယ္ဘက္ႏွုတ္ခမ္းေထာင့္အထိ ေရာက္​၏ : " ေယာင္ေကာက ဘယ္မွာလဲ ? "

အသံအရ ၊ အရင္ဆုံး တံခါးထုသည့္တစ္ေယာက္ျဖစ္ေပမည္။

" အထဲမွာ အိပ္ေနတယ္။ မင္းတို႔က သူ႔ကို ထၿပီး လာေတြ႕ေစခ်င္တာလား ? "

သူတို႔ ကၽြန္ေတာ့္ကို တြန္းဖယ္၍ အိပ္ခန္းထဲ ထိုးေဖာက္ဝင္ေရာက္ၿပီး လူမရွိသည့္အခန္းကိုသာ ျမင္သြားမွာကို ရတက္မေအးေသာေၾကာင့္ ကၽြန္ေတာ့္ရင္မွာ ျပင္းစြာခုန္ေပါက္ေန​၏။

အကယ္၍ သူတို႔ တကယ္ တံခါးဖြင့္ခ်င္လၽွင္ ကၽြန္ေတာ္ကေျပးထြက္ဖို႔ အခြင့္ေကာင္းယူကာ ၊ လုံျခဳံသည့္လမ္းတစ္ေလၽွာက္ေျပး၍ ရန္ခ်င္းကၽြမ္းအား ေခၚရန္ ကားေမာင္းသြားမည္။ၿပီးပါက ကၽြန္ေတာ္တို႔ႏွစ္ေယာက္ ေက်ာက္ထရံေအာက္က အေခါင္းေပါက္ထဲမွာ ပုန္းေနနိုင္သည္။ အကယ္၍ ႏွစ္ရက္မၽွေတာင့္ခံၿပီး အစာေရစာေခၽြတာပါက ကယ္တင္တဲ့အထိ အသက္ရွင္နိုင္မည္ျဖစ္​၏။

" ငါတို႔လည္း သူ႔ကိုဝင္သြားၿပီးၾကည့္လို႔ရပါတယ္ " အမာရြတ္​၏ ေနာက္မွ ပိုႀကီး၊ပိုအရပ္ရွည္ေသာလူက ဧည့္ခန္းထဲ လွည့္ပတ္ၾကည့္ကာ ဆိုသည္။

" ညလယ္ဘက္ႀကီးက်မွ ႐ုတ္တရက္ စစ္ခ်င္တယ္လို႔ေျပာတယ္။ ငါ ကၽြန္းေပၚမွာ ေနခဲ့သမၽွရက္ေတြထဲမွာ ဒီလိုစည္းမ်ဥ္းမ်ိဳး တစ္ခါမွမၾကားဖူးဘူး။ မင္းတို႔က တျခားသူကို မစစ္ပဲ ၊ ဒီကိုလာစစ္တယ္။ ဘာလဲ ၊ မင္းတို႔ ရွယ္ေကာက တမင္ ျပႆနာရွာျပန္ၿပီလား ? သူ႔ကို ဖုန္းေခၚလိုက္ ၊ သူဒီလိုလုပ္ဖို႔ ခြင့္ျပဳေပးထားလား ငါ သူ႔ကို ကိုယ္တိုင္ေမးၾကည့္မယ္ "

ကၽြန္ေတာ္ အံႀကိတ္လ်က္ ဘယ္လက္ကို အိတ္ေထာင္ထဲလၽွိုကာ ကားေသာ့ကို ဆြဲယူလိုက္​၏။ ၿပီးလၽွင္ ညာလက္ကို ေက်ာေနာက္ပို႔ကာ ေသနတ္ဆြဲထုတ္ရန္ အသင့္လုပ္ထားလိုက္သည္။

အမာရြတ္ႏွင့္ လူသန္ႀကီးမွာ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္၍ ကၽြန္ေတာ့္စကားေၾကာင့္ ေတြေဝသြားေလဟန္။

ဇာတ္လမ္းလုပ္ေနျခင္းပင္။

" မင္း သူ႔ကို မေခၚခ်င္လဲ ငါ အိမ္ေတာ္ထိန္းဖုန္းကိုေခၚၿပီး သူ႔ကိုအႀကီးဆုံးသခင္ေလးဖုန္းနံပါတ္ေပးဖို႔ေတာင္းလိုက္မယ္။ " ကၽြန္ေတာ္ ဖုန္းယူရန္ အိမ္ထဲဝင္ေတာ့မေယာင္ေဆာင္လိုက္သည္။

အမာရြတ္က အျမန္ကၽြန္ေတာ့္ကို တားကာ ၊ ေလသံက ေပ်ာ့သြား​၏ :

" ဒီအေသးအဖြဲ႕ကိစၥေလးနဲ႔ အႀကီးဆုံးသခင္ေလးကို ဘာလို႔ ေႏွာင့္ယွက္ေနမွာလဲ ? ငါတို႔လဲ အမိန႔္အတိုင္းလိက္နာရတာပါ။ အစ္ကိုႀကီး ေက်းဇူးျပဳလို႔ ေကာင္းေကာင္းလုပ္ၿပီး ငါတို႔ကို အခက္ေတြ႕ေအာင္မလုပ္ပါနဲ႔"

" ငါမင္းတို႔ကို အခက္ေတြ႕ေအာင္လုပ္တာမဟုတ္ဘူး။ မင္းတို႔က သိပ္ကို လြန္လြန္းသြားလို႔ပဲ။ ျပန္ေပးဆြဲတာကေနညလယ္ဘက္ႀကီး roundလွည့္တာေတြအထိ ငါတို႔ေတြကို ဘယ္လိုေတာင္ အသည္းအသန္ျဖစ္ေနတာလဲ ? ငါကမင္းတို႔ကို သနားလိုက္ရင္ ငါ့ကိုက် ဘယ္သူသနားမွာလဲ ? "

အမာရြတ္မွာ ကၽြန္ေတာ့္ေမးခြန္းေၾကာင့္ ခ်က္ခ်င္းေၾကာင္သြားကာ အတန္ၾကာတိုင္ စကားထြက္မလာေတာ့။

" မင္းငါတို႔ကို ဝင္ခြင့္မျပဳတာက အထဲမွာ ဘယ္သူမွ မရွိလို႔လား ? "

တစ္ခ်ိန္လုံးတိတ္ေနသည့္ လူသန္ႀကီးက ယခုမွ အမာရြန္အား ဖယ္ကာ ကၽြန္ေတာ့္ကို စူးစူးဝါးဝါးစိုက္ၾကည့္ၿပီး တံခါးဖြင့္ဖို႔ျပင္​၏။

ၿပီးၿပီ...

ကၽြန္ေတာ္ တစ္ဝက္ပြင့္ေနေသာ တံခါးကို ၾကည့္၍ ထြက္ေျပးရန္အျပင္ ၊ ကၽြန္ေတာ့္ အေနာက္မွ အိပ္ခန္းတံခါးက လူသန္ႀကီးမတြန္းရေသးခင္ ပြင့္လာခဲ့သည္။

ေလညႇင္းက ေက်ာေနာက္မွသည္ ဆံပင္ေတြကို ျဖတ္တိုက္သြားလ်က္။ လူသန္ႀကီးက ေၾကာက္ရြံ႕သြားပုံရကာ မသိလိုက္မသိဘာသာႏွင့္ တစ္လွမ္းဆုတ္သြားေလသည္။ အမာရြတ္ကလဲ ကသိကေအာက္ျဖစ္သြားေသာ အမူအရာႏွင့္ ေနရာမွာပင္ ေတာင့္ခဲေန​၏။

" မင္းတို႔ေတြက သိပ္ကိုႀကီးက်ယ္ေနၾကတာပဲ။ ညလယ္က်မွ မင္းတို႔ကို လူကိုယ္တိုင္ေတြ႕ဖို႔ ငါ့ကို ထလာေစခ်င္ၾကတယ္ "

ရန္ခ်င္းကၽြမ္း​၏ အသံက ေအးတိေအးစက္ႏွင့္ ေလးတြဲ႕ေန​၏ :

" ငါက ဒီမွာမရွိရင္ ဘယ္မွာရွိရမွာလဲ ဟမ္ ? "

ကၽြန္ေတာ္ ႐ုတ္တရက္ လွည့္ၾကည့္လိုက္ရာ အိပ္ခန္းတံခါးေနာက္တြင္ သူ႔ကို အေပၚကိုယ္ဗလာ ၊ ေအာက္ဖက္မွာ ဂ်င္းေဘာင္းဘီတစ္ထည္ ေလ်ာ့ရဲရဲဝတ္ထားလ်က္ ေတြ႕လိုက္ရသည္။ သူ​၏ မ်က္ခုံးမ်က္ဖန္မ်ားမွာ စိတ္မရွည္ျခင္းအျပည့္ႏွင့္ မ်က္ႏွာက အုံ႔မွိုင္း၍ ရက္စက္သည့္အသြင္။ ယင္းသည္ အမွန္တကယ္ပင္ ကုတင္ေပၚကေန ထလာရသည္ႏွယ္။

သူ ျပန္လာၿပီ !

" ငါ......"

လူသန္ႀကီးက အံႀကိတ္လ်က္ စကားတစ္ခြန္းမဆိုေတာ့ပဲ သူ႔မ်က္ႏွာကို ဘယ္ျပန္ညာျပန္ရိုက္​၏ : " ငါ စကားမွားသြားပါတယ္။ေယာင္ေကာ ၊ ေဒါသမထြက္ပါနဲ႔။ ငါတို႔ အခုပဲ ထြက္သြားပါ့မယ္ "

သူသည္ အား လုံးဝမထည့္ေသာ္လည္း မ်က္ႏွာက ခ်က္ခ်င္းေယာင္လာကာ ျမင္သာသည့္ လက္ေခ်ာင္းရာမ်ားေပၚလာသည္။

အမာရြတ္ကလဲ ခ်က္ခ်င္း သူ႔အေပါင္းအေဖာ္​၏ ဥပမာအတိုင္းလိုက္၍ သူ႔ကိုယ္သူ ႏွစ္ခ်က္ခ်လိုက္သည္။

ခ်ၿပီးေသာ္ ၊ သူက ျပဳံးလ်က္ ဆိုလာသည္: " အထင္လြဲတာပါ။ အကုန္အထင္လြဲတာပါ။ အခု ငါတို႔ စစ္ၿပီးၿပီဆိုေတာ့ ငါတို႔ျပန္သြားၿပီး ဘဝစပါေတာ့မယ္။ မင္းတို႔ႏွစ္ေယာက္ကို မေႏွာင့္ယွက္ေတာ့ပါဘူး "

ရန္ခ်င္းကၽြမ္းက ႏွာမွုတ္လိုက္ၿပီး သူ႔ႏွုတ္ခမ္းပါးမွ တီးတိုးေျပာလာသည္က: " လစ္ေတာ့ "

သူတို႔ႏွစ္ေယာက္ဟာ နည္းနည္းေလးမွပင္ ၾကာၾကာမေနရဲေတာ့ေပ။ သူတို႔က အရွက္ရသည့္မ်က္ႏွာမ်ားျဖင့္ ကၽြန္ေတာ့္အား ျဖတ္ေက်ာ္သြားၾက​၏။ သူတို႔ထြက္သြားေသာအခါ အလ်င္လိုေန၍ တံခါးပင္ ပိတ္ဖို႔ေမ့ခဲ့ေလသည္။

ဒါက ...ေက်ာ္ျဖတ္နိုင္သြားတာလား ?

ကၽြန္ေတာ္ လကဆန႔္၍ တံခါးပိတ္လိုက္ၿပီး လွည့္ကာ ရန္ခ်င္းကၽြမ္းကို ထပ္ၾကည့္မိ​၏။ဤအခိုက္အတန႔္ဝယ္အနည္းငယ္ ေတြေဝေနဆဲ။

သူက ကၽြန္ေတာ့္ကို အေဝးမွ ၾကည့္ေနလ်က္။သူ႔မ်က္လုံးအတြင္းမွ ေအးစက္မွုေတြ တျဖည္းျဖည္း မွိန္ေဖ်ာ့သြားကာ ႏူးညံ့ေခၽြးသိပ္နိုင္ေသာအျပဳံးတစ္ပြင့္အျဖစ္ေျပာင္းလဲသြားသည္။

ကၽြန္ေတာ္ တည္ၿငိမ္စြာျဖင့္ သူ႔ထံေလၽွာက္သြားၿပီး အခန္းထဲဝင္ကာ တံခါးကို လက္ျပန္ပိတ္လိုက္​၏။

ေလညႇင္းသည္ တဝဲလည္လည္ ခ်စ္သူပမာ ပိတ္သားလိုက္ကာကို တိုက္ခတ္ၿပီး ေလထဲမွာ ကခုန္ရစ္ဝဲေနေစ​၏။ သို႔ေသာ္တံခါးပိတ္လိုက္သည္ႏွင့္ ေလညႇင္းက တစ္ဖန္ျပန္လည္ ၿငိမ္သက္သြားတာေၾကာင့္ ပိတ္သားအျဖဴတစ္ခုသာ ခ်န္ထားခဲ့ၿပီး မူလေနရာအတိုင္းျပန္က်ကာ သာမန္ အဝတ္ျဖဴတစ္စအျဖစ္ေျပာင္းလဲသြားသည္။

ရန္ခ်င္းကၽြမ္း​၏ ပါးျပင္ကို ထိလိုက္မိသည္ႏွင့္ နားလည္ရခက္စြာ မ်က္ဝန္းထဲမွာ အေႏြးဓာတ္ေတြကိန္းေအာင္းလာခဲ့သည္။

မူလတုန္းက ကၽြန္ေတာ္ ထိန္းထားသည့္တိုင္ အဆုံးသတ္မွာေတာ့ သူက ျပဳံးျပလာခဲ့ပါ​၏။

ထိုအျပဳံးက ကၽြန္ေတာ့္ႏွာေခါင္းကို စူးလာေစၿပီး ၊ လည္ေခ်ာင္းမွာ တစ္ဆို႔ကာ ၊ ပါးေပၚက ႂကြက္သားေတြလဲ စတင္တုန္ယင္လာခဲ့သည္။

သူ႔အျပဳံးက နည္းနည္းခ်င္းစီ ေပ်ာက္ကြယ္သြားခဲ့၍ မ်က္ဝန္းထဲတြင္ " နာက်င္ျခင္း " ႏွင့္ နီးစပ္ေသာခံစားခ်က္မ်ားအျဖစ္ ေျပာင္းလဲသြားခဲ့​၏။

ကၽြန္ေတာ္ ပထမဆုံးအႀကိမ္အျဖစ္ ထိန္းမရေသာ ရွိုက္သံတစ္ခ်က္အား ထုတ္လိုက္မိေသာအခါ သူက ကၽြန္ေတာ့္ကိုအသဲအသန္ေပြ႕ဖက္လာခဲ့ၿပီး လည္ကုတ္ကို ဖိကပ္ထားခဲ့​၏။ ယင္းသည္ က်ားကန္ေပးထားေသာ သံမဏိအရိုးမ်ားပါသည့္ အားေကာင္းေသာ အရိုးမ်ားႏွယ္ ကၽြန္ေတာ့္ကို လြန္စြာ အားေပ်ာ့သြားေအာင္ ေထာက္ကူေပးေနခဲ့သည္။

" မင္း ေကာင္းေကာင္းလုပ္ခဲ့တယ္။ "

သီခ်င္းဖြင့္ထားဆဲၾကားထဲမွ သူက ကၽြန္ေတာ့္နားထဲသို႔ တီးတိုးေျပာလာပါ​၏။

ကၽြန္ေတာ္ သူ႔ေက်ာျပင္ကို လက္ႏွစ္ဖက္ႏွင့္ဆုပ္ထားၿပီး လည္ေခ်ာင္းဝမွ ဆို႔နင့္ေနေသာ ရွိုက္သံအားလုံးကိုဖိႏွိပ္ထားမိသည္။

သည္းထန္ေသာ မိုးက ရြာသြန္းလာၿပီး ၊ အရာအားလုံးမတုပနိုင္ေသာ ေတးသြားကို တီးခတ္လာ​၏။

ယေန႔ည ျဖတ္ေက်ာ္နိုင္သြားေပမယ့္ ၊ အလုံးစုံေတာ့ မၿပီးေသးပါေလ။

Continue Reading

You'll Also Like

28.6K 4K 10
Associated Name : Four forty-eight (凌晨四點四十八) Original Authors : Qin Mobei, 秦墨北 Total Chapters : 8 chapters (Completed) {I respectfully give credit to...
303K 53.3K 67
Start Date - 18.05.2021 End Date - တစ်နေ့တွင် ကျန်းချန်ဖေးသည် ကားမတော်တဆမှုကြုံခဲ့ရသည်။ ကံကောင်း၍ ဒဏ်ရာကြီးကြီးမားမားတော့မရှိခဲ့ပေ။ သို့သော်ငြား ကားတ...
309K 11.2K 44
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
422K 35.8K 30
စွန့်စားရဲသော ငှက်ငယ်သည် ကောင်းကင်မြင့်မြင့်ကိုသာ နှစ်ခြိုက်၏။ ဝေးဝေးပြေးသော မြှားသည် ကျွမ်းကျင်သော သခင်လက်မှာသာ တည်တံ့၏။ လှပသော ဇလပ်ပန်းသည် တောင်စွန...