အတ္တစိတ် || ဘာသာပြန် ||『Compl...
By Rhmjrs_58
392K 58K 3.2K
" ငါ ခွေးကို ကြည့်နေခဲ့တာမဟုတ်ပါဘူး။ ငါကြည့်နေခဲ့တာက မင်း " This is Fan Translation. More
Description
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Manhua
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67
Chapter - 68
Chapter - 69
Chapter - 70
Chapter - 71
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75
Chapter - 76
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84
Present
Chapter - 47
3.6K 627 45
By Rhmjrs_58
『Unicode』
အခန်း ( ၄၇ ) : ဒါဆိုလဲ သင်ရုံပေါ့။
※※※※※※※※※※※※※※※※※※※※
Warning / Slightly NSFW
ကျွန်တော် ကျောင်းတက်စဉ်အချိန်က စာလေ့လာခြင်းများနှင့် အလုပ်များခဲ့သည်။ ကျောင်းကထွက်ပြီးနောက် ပထမဆုံးနှစ်နှစ်မှာလဲ အသက်မွေးဝမ်းကျောင်းအတွက် အလုပ်များရပြန်​၏။ ထို့နောက်မှာတော့ ကျွန်တော် အလုပ်များတာလျော့ပါးလာခဲ့သည်။ တချို့လူများက ကျွန်တော့်အား လူတချို့နှင့် မိတ်ဆက်ပေးဖူးခဲ့သည့်တိုင် ထိုလူများအားလုံးဟာတိုတောင်းလှသည့်ဆက်ဆံရေးအပြီး မည်သည့်ပြဿနာမှမရှိပဲ အဆုံးသတ်သွားသည်ချည်းသာ။
ခြွင်းချက်မရှိ။ သူတို့ဟာ ကျွန်တော့်သည် အလွန်ကောင်းမွန်သောပုဂ္ဂိုလ်၊ ကောင်းမွန်သောအကျင့်စရိုက်ရှိသည်ဟု တွေးကြသည့်တိုင် ကျွန်တော့်ကို နားလည်ကြဖို့တော့ ခက်ခဲလေသည်။
ကျွန်တော်အဖို့ လူကောင်းကဒ်များစွာအား တစ်ယောက်ပြီးတစ်ယောက် ပို့ပေးခံခဲ့ရသည့်တိုင် တဖြည်းဖြည်းနှင့် ကျွန်တော့်ကို မိတ်ဆက်ပေးလာကြတာ နည်းသထက်နည်းလာတော့သည်။ ထို့အပြင် ကျွန်တော်ကလဲ တစ်ယောက်တည်းဖြစ်ရခြင်းက မှားယွင်းနေသည်ဟု မထင်ခဲ့။ ဒီနှစ်တွေအတွင်း ကျွန်တော် တစ်ကိုယ်တည်းဖြစ်ခဲ့​၏။ ယခု ပြန်တွေးကြည့်ပါမှ ဒီအကြောင်းကြောင့် နန်ရှန်ကလဲ ကျွန်တော့်​၏ လိင်စိတ်တိမ်းညွတ်မှုမှာ တစ်ခုခုမှားယွင်းနေသည်ဟု တွေးမိခဲ့ပုံရသည် ?
" မင်း လုပ်ဖူးလား ? " ရန်ချင်းကျွမ်းက မြေပေါ်ဆင်းလာပြီး အပြောင်အပြက်မပါဘဲ ထပ်မေးခဲ့သည်။
သူသည် အလွန်လေးနက်နေသောကြောင် ကျွန်တော်ပဲ အရမ်းညစ်ပတ်ပြီး " လုပ် " ​၏ အဓိပ္ပာယ်ကို အထင်လွဲမိလေးသလားဟုပင် သိချင်လာရသည်။
" မင်း ဘာကို ဆိုလိုတာလဲ ? "
ကျွန်တော်အမှားမလုပ်မိစေရန် ရှင်းရှင်းမေးမှရမည်။
သူ့မျက်လုံးတွေက စုံခြည်ဆန်ခြည်ရွှေ့သွားပြီးမှ ကျွန်တော့် ခွကြား​၏ အဓိကနေရာကို ရောက်ကာ ပြုံးလိုက်သည် : " မင်းက တခြားဘာထင်လို့လဲ ? "
ယင်းသည် ဒြပ်မရှိ ၊ အလေးချိန်မရှိသော အကြည့်တစ်ချက်မျှသာ ဖြစ်သော်လည်း ကျွန်တော်မှာ တစ်စုံတစ်ရာနှင့် ဆွဲဆောင်ခံလိုက်ရသလို အထင်မှားလာကာ ရှက်ကိုးရှက်ကန်းဖြင့် လက်သုံး၍ အုပ်မိခါနီးဖြစ်လာရသည်။
" လုပ်ရင်ဘာဖြစ်လဲ ? မလုပ်တော့ရော ဘာဖြစ်လို့လဲ ? " အဲ့ဒါက မနက်ဖြန် လှုပ်ရှားဖို့နဲ့ ဘာဆိုင်နေလို့လဲ ?
ရန်ချင်းကျွမ်းက ရေချိုးခန်းထဲရှိ တစ်ခုတည်းသော ပြတင်းပေါက်ကို လက်မနှင့်ထိုးပြ၍ :
" ဒီပြတင်းပေါက်က ၃၀ဒီဂရီပဲ တွန်းလို့ရတာ။ငါခြေထောက်တစ်ဖက် လှုပ်ဖို့တောင်မလုံလောက်ဘူး။ ပြီးတော့ အောက်ဆင်းတဲ့အခါ ခြေကုပ်ယူဖို့လဲ မသင့်တော်ဘူး "
သူ့အိပ်ခန်းအပြင်ဘက်တွင်တော့ သူအသုံးပြုလို့ရသော မိုးရေပိုက်တစ်ခုရှိသည်။ သို့သော် ဒါက ၁၆လွှာဖြစ်သည့်အပြင်ရေချိူးခန်းမှလွဲလျှင် တစ်အိမ်လုံးက သိပ်သိပ်သည်သည်း စောင့်ကြပ်ခံနေရသေးသည်။ သူ ထွက်နိုင်သည်ဆိုဦးတော့ ၊တစ်ဖက်က စောင့်ကြပ်ရေးကင်မရာမှာ လူတစ်ယောက်စာကို မည်သို့ ပုန်းရှောင်နိုင်မည်နည်း ?
ကျွန်တော့်ရင်ထဲမှ သံသယတွေကိုရှင်းပေးလိုက်သည့်နှယ် ရန်ချင်းကျွမ်းက စကားဆက်သည် :
" ဒါကြောင့် ငါက မင်းနဲ့.... ဇာတ်ကွက်တစ်ခု သရုပ်ဆောင်ဖို့လိုတယ် "
ကျွန်တော် အာရုံစုစည်းလိုက်ပြီး နည်းနည်းမှ မလျှော့ချရဲ : " ဘယ်လို သရုပ်ဆောင်မှာလဲ ? "
" အဲ့ဒီအချိန်မှာ ငါက ဘယ်ကိုမှ မသွားခဲ့ပါဘူးလို့ အားလုံးခံစားမိအောင် မင်းကလုပ်ပေးရမယ်။ ငါကမင်းနဲ့ အိပ်ရာထဲမှာ၊ နေ...... "
သူက ကျွန်တော့်ကို တည့်တည့်စိုက်ကြည့်၍ ခဏမျှ ရပ်သွားပြီးမှ ရိုင်းပျသော စကားနှစ်လုံးကို တီးတိုးဆိုလာသည်။
ကျွန်တော့် မျက်တောင်တွေသိမ့်ခနဲ့တုန်သွားပြီး သူ့အကြည့်ကို ကမန်းကတန်းရှောင်လိုက်မိ​၏။
ဒီလိုအချိန်မျိုးဆိုလျှင် ၊ ကျွန်တော် လူသားတွေ​၏ အလွန်အကျွံ ထူးကဲပြောင်မြောက်လှသော စိတ်ကူးနိုင်စွမ်းကို မုန်းမိတာ အမှန်။ ရန်ချင်းကျွမ်းက နေရာနှင့်လူကို ထည့်ပြောလိုက်ပြီး စက္ကန့်ပိုင်းအတွင်းမှာပင် ကျွန်တော့်စိတ်က အလိုလို ပုံရိပ်တွေပေါ်လာခဲ့ပြီပင်။ သူက " တစ်ခုခုလုပ် " ဟု ပြောချိန်မှာ ပုံရိပ်တွေကလဲတစ်ခုခုလုပ်နေပြီဖြစ်​၏။
ကျွန်တော် အော်ဟစ်လိုက်ပြီး ဘရိတ်အုပ်ဖို့ကြိုးစားမိပေမယ့် အလွန်နောက်ကျသွားခဲ့ပြီပင်။အနှီပုံရိပ်များက ကျွန်တော့်စိတ်​၏ အနက်ရှိုင်းဆုံးအပိုင်းမှာ ပုံဖော်နေပြီး ထိုသည်မှာ ထောင်မတ်နေသော အင်္ဂါက ကျွန်တော့်​၏ ထူးကဲသော ပုံရိပ်ကိုသရုပ်ပြနေတော့သည်။ မထင်မှတ်စွာ ဘာမှမဖြစ်ခဲ့ပါလျှင် ကျွန်တော် ထိုသို့သေသွားလိမ့်မည်ဖြစ်သည်။
" ငါ မင်း ဆိုလိုတာကို အကြမ်းဖျင်းတော့ နားလည်ပြီ"
ကျွန်တော့်လက်ချောင်းတွေက အနောက်ဘက် ကြွေပြား​၏ အဟ,ရာကို မမြင်မစမ်းနှင့် တူးနေမိပြီး ကျွန်တော့်တာဝန်ကိုအကျဉ်းရုံးရင်း ရိုးရိုးရှင်းရှင်းသာဆိုမိ​၏ :
" ငါက မင်းအတွက် အလီဘိုင်ဖန်တီးပေးရမှာ " ကျွန်တော်တို့တွေ တစ်ချိန်လုံး လုပ်နေတယ်လို့ တခြားသူတွေ ထင်သွားကြအောင်လုပ်ပြီး။
" မင်းလုပ်နိုင်လား ? " ရန်ချင်းကျွမ်းက မေးသည်။
လက်ရှိ၌ ကျွန်တော့်အဖို့ ဂိမ်းနယ်ပယ်မှာ လက်သစ်လေးတစ်ယောက်အား eSports ဂုရုကြီးမှ အတင်းအကျပ် ဗိုလ်လုပွဲပြိုင်ခိုင်းနေသလို ခံစားချက်မျိုးရှိလာသည်။ဆရာကြီးက ကျွန်တော့်အား မင်းလုပ်နိုင်လားဟု မေးသည်။ ကျွန်တော်ကလုပ်ချင်ပါသော်လည်း ၎င်းသည် အရှေ့အနောက်ရွှေ့တတ်ရုံ၊သဘောတရားအသိလောက်ရှိရုံဖြင့် ဖြစ်နိုင်သည့်အရာမို့လို့လား ?
" ငါမသိဘူး ၊ ငါယောကျ်ားတစ်ယောက်နဲ့ ဘယ်တုန်းကမှ မလုပ်ဖူးဘူး "
တွေးကြည့်ပြီးကာမှ သူ့အား ကျွန်တော့်​၏ ပင်ကိုအနေအထားကို သိခွင့်ပေးရန် ထပ်ဖြည့်ဖို့လိုသေးသလို ခံစားမိလိုက်သည်။ ထို့ကြောင့် ကျွန်တော် ခေါင်းမော့ပြီး ပြောလိုက်​၏ : " မိန်းမတစ်ယောက်နဲ့လဲ မလုပ်ဖူးဘူး "
ရန်ချင်းကျွမ်းက အနည်းငယ် အံ့ဩသွားသည့်နှယ် မျက်ခုံးတစ်ဖက်ပင့်သွား​၏။
" ငါ... က အလုပ်တော်တော်လေးရှုပ်လို့ "
ရှင်းမပြခဲ့လျှင် အဆင်ပြေသေးသည်။ သို့သော် ကျွန်တော် ရှင်းပြလိုက်မိသည်နှင့် ပို၍ပင် ကို့ရို့ကားယားဖြစ်သွား​၏။ကျွန်တော့်ဘာကြောင့်ရှက်နေမိသလဲ မသိသည့်တိုင် ကျွန်တော့်မျက်နှာမှာတော့ အမှန်တကယ် ပူလောင်နေပေပြီ။
ကံကောင်းစွာနှင့် ရန်ချင်းကျွမ်းက ဒီ့အတွက်ကြောင့် ကျွန်တော့်ကို မရယ်ခဲ့ပါချေ။ သူက ကျွန်တော့်ရှေ့မှာ ငြိမ်သက်စွာရပ်လျက် အချိန်အတော်ကြာတိတ်နေ​၏။ ကျွန်တော့်ကို ကြည့်နေသော်လည်း မကြည့်နေပါဘဲ အတွေးနက်နေသည့်နှယ်။
" ဘယ်လို..."
ကျွန်တော် စကားမဆုံးခင်မှာပင် လက်မောင်းတွေမှ ဆွဲကာ အဝတ်လျှော်စက်ပေါ်သို့ တွန်းတင်ခံလိုက်ရ​၏။
ကုန်းလျက်နှင့် ကျွန်တော် ကြောင်တောင်တောင်ဖြစ်ကာ လှည့်ကြည့်မိသည်။ ရန်ချင်းကျွမ်းသည် ကျွန်တော့်နောက်မှာအမူအရာမဲ့စွာရပ်နေပြီး ကျွန်တော့်ရှပ်အင်္ကျီအစွန်းကို ပင့်တင်လိုက်​၏။ ကျွန်တော့်ခြေထောက်ကြားကို ခွာ၍ သေနတ်ပစ်သင်စဉ်ကလို တင်းကြပ်သောပုံစံနှင့် တောင်းဆိုလာခဲ့သည်က :
" ဒါဆိုလဲ သင်ရုံပေါ့ "
သေနတ်ဘယ်လိုပစ်ရမလဲတော့ သင်နိုင်ပေမယ့် ၊ ဒီလိုကိစ္စမျိူးကိုတော့ ဘယ်လိုလုပ် သင်နိုင်မှာလဲ ?
ကျွန်တော် သံသယတွေဖြင့် မမေးနိုင်ခင် ရန်ချင်းကျွန်းက ကျွန်တော့်လည်ပင်းနောက်ကိုဆွဲကာ အားနှင့် ပြန်တွန်းလွှတ်​၏။
ပါးပြင်တွေက အဝတ်လျှော်စက်​၏ ကိုယ်ထည်အေးအေးပေါ် ဖိမိသည့်နှင့် တစ်ချိန်တည်းမှာပင် ကျောပြင်ကလဲ ပူသောလက်ဖဝါးနှင့် အောက်မှ အထက်သို့ ပွတ်သပ်ခံလိုက်ရလျှင် ကျွန်တော် မသိလိုက်မသိဘာသာနှင့် တဆတ်ဆတ်တုန်သွားတော့သည်။
" ခဏ.... "
ဘာလဲ ? သူက သူကိုယ်တိုင် စစ်ပွဲထဲဆင်းပြီး ကျွန်တော့်ကို " သင် " ခိုင်းမှာလား ? ဒါကြီးက မရယ်ရဘူးလား ?
ကျွန်တော် အကြောက်အကန် ရုန်းနေပေမယ့် ပုရွက်ဆိတ်က သစ်ပင်ကို လှုပ်နေကဲ့သို့ ရန်ချင်းကျွမ်းအား နည်းနည်းမှ မယိမ်းယိုင်သွားစေပေ။
သူသည် ကျွန်တော့်ကို မြဲမြဲမြံမြံ ချုပ်ထားပြီး ရှက်ဖွယ်လိလိအနေအထားကြီးနှင့် ဆက်နေစေသည်။ အဝတ်ပါးမှ ဖြတ်၍ကျွန်တော့်အနောက်မှ တစ်စုံတစ်ရာက ဖိလာသလို ခံစားနိုင်နေ​၏။ စိတ်ကူးများက တစ်ဖန် ပြန်ဝင်လာခဲ့လျက် ၊ဒါသည်ကျွန်တော်သွားရှုပ်နိုင်သော အကောင်ကြီးမဟုတ်။
ကျွန်တော် စတင်တုန်ယင်လာသည် : " မလုပ်နဲ့... ရန်ချင်းကျွမ်း ခဏရပ်ပါဦး..."
သူက ငုံ့ကိုင်းလျက် အလုပ်နှင့် တိုက်ရိုက်ပြန်ဖြေပါသည် ; ကျွန်တော့်နားကို ကိုက်လိုက်ခြင်းပင်။
စိုစွတ်၍ နာနေသော ခြောက်နေသည့်နှုတ်ခမ်းများကို အထက်အောက်သပ်လိုက်သည့်အခါ ယားကျိကျိနှင့်။
သူသည် ကျွန်တော့်ဘယ်ဘက်နားကို ကျွန်တော် စဉ်းပင်မစဉ်းစားနိုင်သော အကွက်ပေါင်းစုံအား အသုံးပြု၍ ကစားခဲ့​၏။ကျွန်တော့်အဖို့ ကူကယ်ရာမဲ့စွာနှင့် လက်ဖဝါးအောက်မှ အဝတ်လျှော်စက်​၏ ချောမွေ့သောကိုယ်ထည်​ကိုသာ ဖမ်းဆုပ်လိုက်မိလျက်။ ကျွန်တော် ကိုင်၍ မှီခိုနိုင်သည့်နေရာကို ရှာသော်လည်း ရှာမတွေ့ပါချေ။
ကျွန်တော် အနောက်ကို လက်လှမ်း၍ သူ့ကို တွန်းပစ်ဖို့ကြိုးစားသော်လည်း သူ​၏ ခါးမှ တောင်-လိုမာကျောသောကြွက်သားများကို ထိတွေ့လိုက်ရချိန်၌ နားသံသီးသည် သူ့ပါးစပ်ထဲမှာ အစုပ်ခံရတော့​၏။
ကျွန်တော့်လက်ဖျားများမှာ တဆတ်ဆတ်တုန်၍ ခါးကလဲ ဖြောင့်နေလျက်။ အခိုက်အတန့်တစ်ခု၌ ကျွန်တော်သည်အင်အားဆုံးရှုံးသွားပြီး လက်ချောင်းတွေက သူ့အင်္ကျီအား လှမ်းဖမ်းလိုက်ကာ လက်ဖဝါးထဲမှာ ကိုင်ထားမိတော့သည်။
လေးလံသော ကိုယ်ထည်က အစွမ်းကုန် ဖိညှစ်လာလျက် ဇစ် ပွင့်သွားပြီး အတွင်းခံကို တစ်ဖက်ဘေးသို့ တွန်းလိုက်​၏။ရန်ချင်းကျွမ်းသည် မာနှင့်ပြီးဖြစ်သော အရာကို ထုတ်ကာ ကျွန်တော့်အား တုံ့ပြန်ချိန်ပင်မပေးပဲ ကျွမ်းကျင်စွာ အလုပ်စဖို့ပြင်တော့သည်။
" ရန်ချင်းကျွမ်း..."
ကျွန်တော် သူ့နာမည်ကို ခက်ခက်ခဲခဲထုတ်ခေါ်ရင်း လက်တစ်ဖက်က အဝတ်လျှော်စက်အစွန်းကို တင်းတင်းကိုင်ထားမိသည်။ ကျန်တစ်ဖက်ကမူ သူ့ခါးမှ ခွာကာ ဆက်တိုက်လှုပ်နေသော သူ့လက်မောင်းကို လှမ်းဆွဲလိုက်သည်။
" မလှုပ်နဲ့... ကျေးဇူးပြုပြီး မလှုပ်နဲ့တော့..."
ကျွန်တော် အသနားခံတောင်းပန်ရင်း အာရုံကြောများသည် အန္တရာယ်အဆင့်ကိုရောက်ကာ ပြိုလဲလုတဲတဲဖြစ်တော့မလိုခံစားလာရ​၏။
" ခေါ်လိုက်ဦး "
သူက သက်ညှာစွာဖြင့် ပူလောင်ရဲတွတ်နေပြီဖြစ်သော နားရွက်ကို လွှတ်ပေးလိုက်သည်။ သို့သော် သူ့အပြုအမူတွေကတော့ မပြောင်းလဲပါဘဲ လက်မခံနိုင်ဖြစ်လာသည်အထိပင် ကြမ်းကြုတ်လာ​၏။
ကျွန်တော့်မျက်လုံးထောင့်မှ မျက်ရည်တွေစီးကျလာကာ တုန်တုန်ယင်ယင်နှင့် ငြင်းပယ်မိနေသည်: " မလုပ်နဲ့..... "
" မလုပ်နဲ့ ? "
သူက ကျွန်တော့်ဆီက သူ့လက်ကို လွှတ်ပေး၍ မတ်မတ်ရပ်ကာ အနည်းငယ် အံ့ဩသလိုဆိုလာသည် : " မင်းအတော်လေး တောင့်ခံနိုင်သားပဲ "
သူ​၏ " သင်ကြားခြင်း " ပြီးမြောက်ပြီအထင်နှင့် ကျွန်တော် ထရပ်ဖို့ပြင်လိုက်သည်။ ကျွန်တော့်ခန္ဓာကိုယ်က လွန်လွန်ကဲကဲ တုန်ယင်နေဆဲ။ သူ့ကို ထွက်သွားစေချင်သည်။ ကျွန်တော် မျက်နှာတစ်ဝက်လောက်လှည့်၍ စကားစတော့မည်အပြု ၊သူက တစ်ဖန် ဖိကပ်လာကာ ကျွန်တော့်ရှပ်အင်္ကျီကို မ,တင်ပြီး ပုခုံးနားရှိ ကျောရိုးမှစ၍ ခါးတစ်လျှောက်လုံး အနမ်းခြွေလိုက်​၏။ ပြီးလျှင် ကျွန်တော့် ဘောင်းဘီကို ထပ်ဆွဲချ၍ အနမ်းတစ်ချက်က ..... မြွေအမြီိးရှိရာနေရာသို့ ကျလာဟန်တူသည်။သို့သော် သူ နမ်းတဲ့အချိန် ကမဲလီယာတွေနဲ့ အုပ်နေမှာပင်။
" ဟာ့အား..." ကျွန်တော် သည်းမခံနိုင်စွာ ညည်းသံတစ်ချက် ဖွင့်ထုတ်မိလျက်။ ကျွန်တော်သည် တံတောင်ဆစ်ထောက်၍အဝတ်လျှော်စက်ကို မှီထားရပြီး ပါးစပ်ကို ယှက်ထားသောလက်များနှင့် ကာထားမိ​၏။ သို့တိုင် ယင်းကပင် အသံကိုပို၍မရေမရာဖြစ်စေသည်။
" မင်းကြည့် ၊ ကောင်းကောင်းလုပ်နေတယ် မဟုတ်ဘူးလား ? "
ကျောင်းသား​၏အမှားကို အမှန်ပြင်နေသည့် စိတ်ရှည်သောဆရာတစ်ယောက်နှယ် ရန်ချင်းကျွမ်းက တိုးလျစွာပြောပြီးကျွန်တော့်ခါးကိုပုတ်၍ လှည့်ပေးဖို့ ပြောလာ​၏။
​ခေါင်းထဲမှာ ပရမ်းပတာဖြစ်နေတာကြောင့် ကျွန်တော် သိပ်မတွေးပဲ လှည့်လိုက်မိသည်။ ကျွန်တော် လှည့်လိုက်မှသဘောပေါက်လိုက်တာက...... မိမိ​၏အရှေ့ အနေအထားသည် အလွန်မသင့်တော်ဖြစ်နေခြင်းပင်။
အပေါ်ပိုင်းကိုယ်က သပ်သပ်ရပ်ရပ်ဖြစ်နေဆဲပေမယ့် အဝတ်က တွန့်ကြေနေသည်။အောက်ပိုင်းမှ ဘောင်းဘီသည် ပေါင်အထိလျှောကျနေပြီး အတွင်းခံထဲမှ အရာက တစ်ဖြောင့်တည်း ပြူထွက်နေကာ ထိပ်မှာ မသင်္ကာဖွယ်ရာ အရည်တွေယိုစိမ့်နေသည်။
ကျွန်တော် တုန်ယင်သွားပြီး ဘောင်းဘီပြန်ဝတ်ဖို့ပြင်မိသည်။ အနည်းဆုံးတော့ လော်လည်နေသောအရာကို ပြန်ထည့်ရမည်။ သို့သော် ရန်ချင်းကျွမ်းက ကျွန်တော့်လက်တွေကို ပုတ်ထုတ်လိုက်ပြီး သူ့လက်တွေကို ကျွန်တော့်အနောက်ကအဝတ်လျှော်စက်ပေါ်မှာ ဖိကပ်ကာ ကျွန်တော့်ကို ရုန်းမရအောင်ပိတ်လိုက်​၏။
" ကျိနင် ၊ ဒီခံစားချက်ကို မှတ်ထား ၊ မင်းဆီကိုယူလာတဲ့....သာယာမှုကို မှတ်ထား "
သို့နှင့် သူက ကျွန်တော့်ရှေ့မှာ ဒူးထောက်လိုက်ပြီး အောက်မှ အထက်သို့ မော့ကြည့်​၏။ ကျွန်တော့်ကိုယ်အောက်ပိုင်း၌ သူ​၏ ဝင်လေထွက်လေအလုံးစုံက ကျရောက်လျက်။ နောက်ဆုံးစကားပြောပြီးသည်နှင့် သူက ပါးစပ်ဟကာ ကျွန်တော့်အင်္ဂါကို ပါးစပ်ထဲထည့်လိုက်သည်။
ကျွန်တော့် မျက်လုံးတွေ ပြူးကျယ်သွား​၏။ မယုံနိုင်လောက်အောင်ပင် ကောင်းကင်သို့ တန်းတန်းမတ်မတ်ရောက်သွားသော သက်သာရာခြင်းမျိူး ခံစားရမိပြီး ဦးရေပြားတွေ ပေါက်ကွဲတော့မတတ်ဖြစ်လာသည်​။
" မလုပ်နဲ့..."
ကျွန်တော် လက်ခုံနှင့် နှုတ်ခမ်းကို ဖိထားမိသည်။ အသက်မရှုနိုင်တော့ပေ : " ရန်ချင်းကျွမ်း.... လုံလောက်နေပြီ...ထပ်မလုပ်....အင့် "
ခန္ဓာကိုယ်က အထိန်းအကွပ်မဲ့လာ၍ ဦးနှောက်သည် တဖြည်းဖြည်း အလိုဆန္ဒများဖြင့် ယို့ယွင်းလာကာ ယာယီတွေးတောနိုင်စွမ်းကို လက်လျှော့လိုက်ရသည်။ လက်ခုံက အသားကိုကိုက်နေခြင်းက မိမိကိုယ်ကို နိူးကြားအောင် လုပ်နေတာမဟုတ်၊ ခန္ဓာကိုယ်ထဲရှိ စိတ်ခံစားချက်တွေက ပြည့်လျှမ်းလွန်းတာကြောင့် ကျွန်တော့်မှာ ဒီလိုနည်းနဲ့သာ ဖွင့်ထုတ်နိုင်ပါသည်။
ကျွန်တော့်လက်ချောင်းတွေက အမှတ်တမဲ့ ဆိုသလို သူ့မျက်လုံးစွန်း၊ သူ​၏ နားထင်ကိုပွတ်သပ်မိပြီး သူ့ဆံပင်တွေထဲ လျှိုသွင်းလိုက်ပေမယ့် သူ့ကို တွန်းမထုတ်နိုင်ခဲ့ပေ။
လူသားများသည် တစ်ခါတစ်လေတွင် အံ့သြစရာကောင်းလှသော စိတ်ဆန္ဒတွေရှိကြပြီး တစ်ခါတစ်ရံမှာတော့ သနားစရာကောင်းလောက်အောင် အားလျော့သည့် စိတ်ဆန္ဒတွေရှိကြသည်။
ကျွန်တော်ပင် သံသယဖြစ်လာ​၏ ; ကျွန်တော်ဟာ အမှန်တကယ် လောင်ကျိမိသားစုကမို့ အထူးတလယ် လိင်ကိစ္စ စွဲလမ်းဖို့က လွယ်တာမျိုးလား ?
ဘယ်လိုလုပ်ပြီး ဒီလိုကိစ္စကြီးကို စိတ်အေးလက်အေးနှင့် လက်ခံနိုင်ရသနည်း.....
ကျွန်တော်အကြာကြီး မခံလိုက်ပါ။ ရန်ချင်းကျွမ်းအလုပ်ကောင်းတာကြောင့် မဟုတ်ပဲ ၊ ရိုးရိုးတန်းတန်း သူ့မျက်နှာကိုကြည့်လိုက်မိရာ ရုတ်တရက်ကြီး တောင့်မခံနိုင်တော့တာပင်။
ထွက်သွားသည့်အချိန်၌ သူရော ကျွန်တော်ပါ ပြိုင်တူကြောင်သွားကြ​၏။
ထိုအချိန်မှာ သူဘာတွေတွေးနေမလဲ ကျွန်တော်မသိ။ သို့သော် ကျွန်တော်ဟာ နတ်ဆိုးနောက်လိုက်၍ စိတ်ထဲဝင်လာသည့်တစ်ခုတည်းသောအရာက —— ကျွန်တော် သူ့ပါးစပ်ထဲ သုက်လွှတ်လိုက်တာ။
သူက ပျော့သွားသောအရာကို ထွေးထုတ်လိုက်​၏။ သူ့ပါးစပ်ထောင့်မှာ စီးကျနေသော အရည်တချို့ကို လက်ဖျားများနှင့် တို့၍ ပွတ်ကြည့်လိုက်ရာ လှပသော ငွေမင်ရောင် အမျှင်တန်းတစ်ခု ထွက်ပေါ်လာသည်။
" ဖာခ့်..."
ဘာလုပ်လိုက်မိလဲ သဘောပေါက်သွားသလိုမျိူး သူက ရုတ်တရက်ကြီး ခပ်တိုးတိုး ဆဲလိုက်​၏။
ကျွန်တော်ခါးရော ၊ ခြေထောက်ပါအားမရှိတော့။ ထို့ကြောင့် သူ့ရှေ့မှာပဲ အံကြိတ်လျက် ဘောင်းဘီကို ဖြည်းဖြည်းချင်းဆွဲတင်မိသည်။ ဇစ်တပ်၊ ဘောင်းဘီထဲ အင်္ကျီစလျှိုသွင်းသည်အထိ တစ်ချိန်လုံး သူ့ကို မကြည့်မိပေ။
သူက ထရပ်၍ ပါးစပ်ထဲက အရာတွေကို ဘေစင်ထဲထွေးထုတ်ပြီး သွားတိုက်ခွက်ဖြင့် ပလုတ်ကျင်းလိုက်​၏။
ကျွန်တော် တဘက်ကို ဖြုတ်၍ သူ့ကို ကမ်းပေးမိသည်။ သူက ကြည့်၍ယူပြီး ပါးစပ်သုတ်ကာ ဘေးမှာတင်လိုက်သည်။
" သင်ပြီးပြီလား ? " သူကမေးသည်။
ကျွန်တော် အသဲအသန် ခေါင်းညိတ်ပြမိ​၏ : " သင်ပြီးပြီ "
" ဒါဆို မင်း ထွက်တော့ "
ကျွန်တော် ကြောင်သွားပြီး နံရံရှိ လဲထားသော အဝတ်များကို ကြည့်လိုက်မိသည်။ သူ ဝင်မလာခင်က ကျွန်တော်ဆေးကြောဖို့ပြင်နေတာ သိသိသာသာ မလား ?
ရန်ချင်းကျွမ်းက သိပ်ဂရုမစိုက်ပဲ သူ့အဝတ်တွေကို စချွတ်နေပြီပင်။
" ဘာလဲ ၊ မင်း သင်ထားတာကို လက်တွေ့အသုံးချချင်လို့လား ? "
သူက တီရှပ်ကိုချွတ်၍ သန်မာပြည့်ဖြိုးသော ကြွက်သားစိုင်များကို ချက်ချင်းချပြလာသည်။
သူ ဘောင်းဘီချွတ်ဖို့ပြင်တာကို တွေ့လိုက်ရလျှင် ကျွန်တော် တံခါးအမြန်ဖွင့်ကာ ပြေးထွက်လာခဲ့တော့သည်။ အိပ်ခန်းထဲမှာ ပုန်းနေမိချိန်ထိ ကျွန်တော်ဟာ အိပ်မက်လိုလိုအဆင့်မှာ ရှိနေဆဲ။
ကျွန်တော့်ဘက်မှ စောင့်ကြပ်ကင်မရာကြောင့် ကျွန်တော် အရမ်းကြီး မူမမှန်သလို မလုပ်ရဲ။ ထို့ကြောင့် ကျွန်တော်အကြောဆန့်၍ ခါးလှည့်လိုက်ပြီး လှဲကာ ဒိုက်ထိုးလိုက်တော့သည်။
ပင်ပန်းသွားသောအချိန်မှသာ ကျွန်တော် မြေပေါ်မှာလှဲလိုက်မိသည်။ တခြားကိစ္စတွေတွေးဖို့လဲ အင်အားမရှိတော့။ ထိုစဉ်အပြင်ဘက်မှရေချိုးခန်းတံခါးကလဲ ပွင့်လာ၍ ရန်ချင်းကျွမ်းလဲ ရေချိုးပြီး ထွက်လာပါတော့သည်။
___________________________________________________________________________
『Zawgyi 』
※※※※※※※※※※※※※※※※※※※※
Warning / Slightly NSFW
" မင်း ဘာကို ဆိုလိုတာလဲ ? "
" ငါမသိဘူး ၊ ငါယောက်ျားတစ်ယောက်နဲ့ ဘယ်တုန်းကမှ မလုပ်ဖူးဘူး "
" ဘယ်လို..."
" ဒါဆိုလဲ သင်ရုံပေါ့ "
သေနတ်ဘယ်လိုပစ်ရမလဲတော့ သင်နိုင်ပေမယ့် ၊ ဒီလိုကိစ္စမျိုးကိုတော့ ဘယ်လိုလုပ် သင်နိုင်မှာလဲ ?
" ခဏ.... "
" ရန်ချင်းကျွမ်း..."
" ခေါ်လိုက်ဦး "
" မလုပ်နဲ့ ? "
" မလုပ်နဲ့..."
" ဖာခ့်..."
ဘာလုပ်လိုက်မိလဲ သဘောပေါက်သွားသလိုမျိုး သူက ရုတ်တရက်ကြီး ခပ်တိုးတိုး ဆဲလိုက်​၏။
" ဒါဆို မင်း ထွက်တော့ "
Continue Reading
You'll Also Like
319K 11.5K 46
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.8M 276K 171
The Legendary Master's Wife (Myanmar Translation) MM translate from English Translate Chapter (64- 201) (227-231) (381-399) Crd to original novel
422K 35.8K 30
စွန့်စားရဲသော ငှက်ငယ်သည် ကောင်းကင်မြင့်မြင့်ကိုသာ နှစ်ခြိုက်၏။ ဝေးဝေးပြေးသော မြှားသည် ကျွမ်းကျင်သော သခင်လက်မှာသာ တည်တံ့၏။ လှပသော ဇလပ်ပန်းသည် တောင်စွန...
782K 111K 95
Eng Title : Love, Expired Author: In A Thousand Years / Qian Zai Zhi Xia (千载之下) Status: Completed with 88 chapters and 5 extras Source: http://www.j...