ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

Av Azure5549

47.1K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... Mer

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

651 - 655

187 11 1
Av Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၆၅၁ ......

".... နောက်ပြီး သိုင်းလောကထဲကလူတိုင်းလိုလိုမှာ ဆရာတွေ တစ်ယောက်ထက်ပိုပြီး ရှိကြတယ် ..."

အဘိုးအို၏လေသံက ပိုမိုနူးညံသွားသည်။ အဘိုးအိုက ယန်ယီကို မေးလိုက်သည်

"... ယန်ယီ .... ငါသိသလောက်တော့ နင့်မှာလည်း ဆရာလေးယောက်ထက်မနည်း ရှိတယ်မလား...?"

ယန်ယီက ပြန်မဖြေပေ ။ သို့သော် ယန်ယီ၏ အမူအရာကို အကဲကြည့်ရုံဖြင့် လမင်းဆင်းသက်ခြင်း အဘိုးအို၏ စကား မှန်ကန်ကြောင်း သိနိုင်သည်။

အဘိုးအိုက ရှောင်လုံဘက်သို့ နောက်တစ်ကြိမ် ပြန်လှည့်လိုက်သည်

".... မင်းဆရာ ဖုယန်ဆိုတဲ့ကောင်လေးမှာလည်း ဆရာ သုံးယောက်တောင်ရှိတယ်ကွ ... အဲ့ဒါကြောင့် မင်း ငါ့ဆီမှာ တပည့်ခံလိုက်မယ်ရင်တောင် မင်းဆရာကို သစ္စာဖောက်ရာ မကျပါဘူးကွာ..."

အဘိုးအို၏ အဆက်မပြတ် မြူစွယ်မှုကြောင့် ရှောင်လုံစိတ်ဓတ်များက အနည်းငယ် ယိမ်းယိုင်လာသည်။ အဘိုးအိုပြောသည့်အတိုင်း သိုင်းလောကအတွင်းမှ သိုင်းပညာရှင်တိုင်းမှာ ဆရာတစ်ယောက်ထက် မနည်းရှိကြသည်။ ထိုကြောင့် လမင်းဆင်းသက်ခြင်း အဘိုးအိုထံတွင် ရှောင်လုံ တပည့်ခံလိုက်လျှင်လည်း ဖုယန်အပေါ် သစ္စာဖောက်ရာ မကျပေ။

သို့သော် ဤအဖြစ်အပျက်သည် အရမ်းကို မြန်ဆန်လွန်းတာကြောင့် ရှောင်လုံစိတ်ထဲမှာ ဆုံးဖြတ်ချက် မချနိုင်အောင် ဖြစ်နေသည်။

"..ဆရာကြီး ... အခု အဖြစ်အပျက်တွေက ကျွန်တော်အတွက် နည်းနည်း ရုတ်တရက် ဆန်နေတယ် ... ကျနော် ဆုံးဖြတ်ချက်မချခင် အနက်ရောင် သူရဲကောင်း တက္ကသိုလ်ကို ပြန်ပြီးဆရာနဲ့ အရင်ဆုံး တိုင်ပင်ချင်ပါတယ် ..."

ရှောင်လုံက အချိန်အနည်းငယ်ခန့် စဉ်းစားပြီးနောက် ပြောလိုက်သည်

"... ဒါပေမယ့် ပင်လယ် လမင်း ဆင်းသက်ခြင်း ဆေးနည်းကရော ....?"

ရှောင်လုံစကားမဆုံးခင်မှာ အဘိုးအိုက မကျေမနပ်ဖြင့် ပွက်ပွက်ညံအောင် ကန့်ကွက်လိုက်သည်

"... ဘာကွ...? မင်းဆရာနဲ့ ပြန်တွေ့မယ်ဟုတ်လား..? မင်းက ငါတပည့်တောင် ဖြစ်နေပြီလေ ... မင်းဆရာနဲ့ ဘာကိစ္စ ပြန်တွေ့အုံးမှာလဲ ...? ငါကရော မင်းဆရာ မဟုတ်လို့လား...?
မင်းဆရာ ဖုယန်ကရော ကန့်ကွက်စကား ဆိုရဲမယ်လို့ ထင်နေလား ...? ဘာကို ပင်လယ် လမင်းဆင်းသက်ခြင်းဆေးနည်းလဲ ....?
မင်းတော်တော် ကျေးဇူးမသိတတ်တဲ့ကောင်လေးပဲ..... ဆရာကို မလေးမစားလုပ်တယ် ...ဆရာကို မျက်လုံးထဲ ထည့်မထားဘူး ....အဲ့ဒါတောင် ပင်လယ်လမင်းဆင်းသက်ခြင်း ဆေးနည်းကို တောင်းရဲသေးတယ်ပေါ့လေ .....!"

လမင်းဆင်းသက်ခြင်း အဘိုးအို၏ ပါးစပ်ထဲမှ တံတွေးများ နေရာအနှံသို့ လွင့်စင်သွားသည်။ ရှောင်လုံတို့ သုံးယောက်လည်း ဘာပြောလို့ ပြောရမှန်းမသိဘဲ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ လမင်းဆင်းသက်ခြင်း အဘိုးအိုစိတ်သဘောထားသည် အင်မတန် နားလည်ရခက်လှသည် ။ အစောပိုင်းကပင် ပြုံးပြုံးရွှင်ရွှင်နှင့် ပြောနေသေးသည်။ သို့သော် မျက်စိတမှိတ်အတွင်း သူ့၏စိတ်အခြေအနေက လျင်မြန်စွာ ပြောင်းလဲသွားသည်။ သူ့ကို ဒေါသဖြင့် အားပါတရ ဝေဖန်နေသော အဘိုးအိုကြောင့် ရှောင်လုံတစ်ယောက် ငိုချင်နေသော်လည်း မျက်ရည်ကျမလာပေ ။

အမှန်အတိုင်းပြောရလျှင် ဤဖြစ်စဉ်မှာ ရှောင်လုံဘက်က အမှားအယွင်းတစ်စုံတရာ မရှိခဲ့ပေ ။ သို့သော် ရှောင်လုံသည် ထိုအဘိုကြီးနှင့် တကယ့်သိုင်းမှာရော လေသိုင်းမှာပါ မယှဉ်နိုင်ပေ။

"... ဆရာကြီး ... ဆရာကြီးဘက်က နည်းနည်းလောက်တော့ ကျိုးကြောင်းဆီလျော်သင့်ပါတယ်...!"

ရှောင်လုံလည်း ကူကယ်ကယ်ရာမဲ့နေသော အပြုံးဖြင့် ပြောလိုက်သည်

"....ကျနော်သာ အင်မော်တယ်အဆင့် ဆေးလုံးကို ဖော်စပ်နိုင်ခဲ့မယ်ဆိုရင် ပင်လယ်လမင်း ဆင်းသက်ခြင်း ဆေးလုံးဖော်စပ်နည်းကို ပေးမယ်လို့ ဆရာကြီးဘက်က သဘောတူခဲ့တယ်လေ.... "

".... ဘာပြောတယ် ... မင်းပြောချင်တာက ကျိုးကြောင်းမဆီလျော်တဲ့လူက ငါပေါ့ ဟုတ်လား ...?"

လမင်းဆင်းသက်ခြင်း အဘိုးအိုသည် အမြီးတက်နင်းခံလိုက်ရသော ကြွက်တစ်ကောင်ကဲ့သို့ လေထဲသို့ ခုန်ကာ ရှောင်လုံကို လက်ညိုးငေါက်ငေါက်က်ထိုးပြီး ဒေါသတကြီး ရန်တွေ့လိုက်သည်

".... မင်းတော်တော် အကျင့်မကောင်းတဲ့ တပည့်ပဲ..
မင်းက ဆရာ့ကို ပြန်ပြီး ဝေဖန်ရဲတယ်ပေါ့လေ ....
ိမင်းကို ဆေးဖော်စပ်နည်း မပေးဘူးလို့ ဘယ်သူကပြောလဲ ...? ငါပြောတာက မင်း ငါ့တပည့်ဖြစ်လာရင် ဆေးဖော်စပ်နည်းက မင်းအပိုင်ပဲလို့ ပြောတာ ...."

ရှောင်လုံတစ်ကိုယ်လုံးလည်း ချွေးများဖြင့် ရွှဲနစ်သွားသည်။ ထိုအပြင် အဘိုးအိုနှင့် ထပ်မငြင်းရဲတော့ဘဲ ပါးစပ်ပိတ်သွားသည်။ သို့သော် တံတွေးများ နေရာအနှံသို့ လွင့်စင်အောင် ဒေါသတကြီး ခုန်ပေါက်နေသော အဘိုးအိုကိုကြည့်ပြီး ရှောင်ဖေးက ရုတ်တရက် ရယ်လိုက်သည်။ သူမမျက်လုံးထဲတွင် အဘိုးအို၏ ပုံစံသည် ကလေးဆိုးကြီးတစ်ယောက်လို အင်မတန် ချစ်စရာ ကောင်းနေသည်။

ရုတ်တရက် ထွက်ပေါ်လာသော ရယ်သံကြောင့် အဘိုးအိုက နောက်လှည့်ကြည့်လိုက်သည်

".... အရုပ်မလေး ...နင်ကရော ဘာကိစ္စနဲ့ ရယ်နေတာလဲ ...?"

ရှောင်ဖေးက  တခစ်ခစ်မြည်အောင် ရယ်မောလိုက်သည်။ ထိုနောက် အဘိုးအို၏ မျက်နှာကို သေချာကြည့်ပြီးမှ ပြန်ဖြေလိုက်သည်

".... သမီး မျက်လုံးထဲမှာ ဆရာကြီးက အရမ်းချစ်စရာကောင်းနေလို့ပါ ...."

ထိုစကားကြောင့် ရှောင်ဖေးဘေးတွင်ရှိနေသည့် ရှောင်လုံတစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သူဘဝတွင် အဘိုးအိုကဲ့သို့ မျက်နှာပြောင်တိုက်တတ်သူနှင့် တစ်ခါမှ မကြုံဘူးသေးပေ။

အင်း....လူတွေက အသက်ကြီးလာတာနဲ့အမျှ ပိုပြီး မျက်နှာပြောင်တိုက်တတ်လာတယ်ဆိုတဲ့ စကားက တကယ်ပဲ မှန်နေပါလား ......!
ရှောင်လုံစိတ်ထဲမှာ တိတ်တဆိတ်ရေရွတ်လိုက်သည်။

ထိုအချိန်တွင် အားနည်သော ညီးတွားသံတစ်ခုကို ရှောင်လုံတို့လေးယောက်လုံး ကြားလိုက်သည်။ အသံလာရာနေရာသို့ ကြည့်လိုက်သည့်အခါ ယန်ယီလက်ဝါးရိုက်ချက်ဖြင့့် လွင့်စင်သွားသော အစေခံလေးသည် မီးတောင်တွင်းပေါက်အတွင်းမှ အပေါ်ဘက်သို့ ဖြည်းဖြည်းချင်တက်လာနေသည်ကို မြင်လိုက်ရသည်။ ထိုအစေခံလေး၏ ခန္ဓာကိုယ်သည် ကျပ်ခိုးများဖြင့် မည်းတူးနေသည်။
သူဝတ်စုံတ်ခုလုံးလည်း အပေါက်ကြီး အပေါက်ငယ်များဖြင့် ပြည့်နှက်နေပြီး သူ့၏
ညီငယ်လေးကိုပင် မြင်နေရသည်။

အစေခံလေးသည်  အဘိုးအို၏ ဘေးနားသို့ အလျင်အမြန် ပြေးလာသည်။ ထိုနောက် ယန်ယီ ၊ ရှောင်လုံ နှင့် ရှောင်ဖေးတို့ကို လက်ညိုးထိုးပြီး သနားစဖွယ်ပြောလိုက်သည်

"... ဆရာကြီး ..... ဆရာကြီး ကျွန်တော့အတွက် ကလဲ့စားချေ ပေးရမယ်နော် .... ဒီလူတွေက အရမ်းရိုင်းတယ် ... ရောက်လာတာနဲ့ ကျွန်တော်ကို တန်းပြီး ရိုက်တာ ....သူတို့က ဆရာကြီးကို လုံးဝ မျက်လုံးထဲ ထည့်တာမဟုတ်ဘူး ...."

သူ့တို့ကို စွပ်စွဲနေသောအစေခံလေးကို  ရှောင်လုံက မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။ သို့သော် လမင်းဆင်းသက်ခြင်း အဘိုးအို၏ လက်ဝါးက အစေခံလေး ပါးနှင့် ရုတ်တရက် မိတ်ဆက်သွားသည်။ အစေခံလေးလည်း မီးတောက်အပေါက်ဝအတွင်းသို့ နောက်တစ်ကြိမ် ပြုတ်ကျသွားသည်။

"... ဟေ့ကောင် ....ငါက ငါ့ရဲ့ တပည့်ပေါ်လာမယ့် အချိန် ခါးသီးစွာနဲ့ စောင့်နေရတာကွ ... မင်းလို အစေခံက ငါ့ရှေ့မှာ ငါ့တပည့်ကို  မကောင်းကြောင်းကို ပြောရဲတယ်ပေါ့ ဟုတ်လား ..."

အဘိုးအိုက ဒေါသတကြီး အော်ပြောလိုက်သည်။
ရှောင်လုံလည်း အူတူတူဖြင့် ခေါင်းကုတ် လိုက်သည်။
ငါ သူ့ တပည့်လုပ်ပါ့မယ်လို့ ဘယ်အချိန်က ပြောလိုက်လို့လဲ ...?

အဘိုးအိုက ရှောင်လုံဘက်သို့ လှည့်ပြီး နှစ်သိမ့်စကားဆိုလိုက်သည်

"... တပည့်လေး ... ဘာမှမကြောက်နဲ့ ...  နောက်ကို မင်းအတင်းပြောရဲတဲ့လူရှိရင် ဆရာကိုသာပြောလိုက် ...ဆရာ မင်းအတွက် တရားမျှတအောင် စီရင်ပေးမယ်ဟုတ်ပြီလား ..."

ရှောင်လုံ မျက်နှာပေါ်တွင် ခါးသီးမှု နှင့် ကူရာကယ်ရာမဲ့နေမှု ရောစပ်နေသော မချိပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

"... တပည့်က အနက်ရောင် သူရဲကောင်း တက္ကသိုလ်ကို ပြန်မယ်ဆိုတော့ ဆရာလည်း မင်ကို အဖော်ပြုပေးမယ်လေ ... ဘယ်လိုလဲ ...?"

အဘိုးအိုက ထပ်ပြောလိုက်သည်။

".... ဆရာကြီးက ကျွန်တော်နဲ့ အတူတူလိုက်မလို့လား ...?"

ရှောင်လုံလည်း ကြက်သေသေသွားသည်။

အဘိုးအိုက သူ့နှုတ်ခမ်းကို အပြုံးတစ်ခုဖြစ်လာအောင် ကွေးလိပ်လိုက်သည်

"...တွေ့လား  .... ဆရာ လိုက်မယ်ပြောလိုက်တော့ အရမ်းပျော်သွားပြီ မလား .... ဆရာက မင်းမို့လို ဒီလို လိုက်ရောတာနော် ...ကျန်းမိသားစုရဲ့ ဘိုးဘေးတောင် မင်းလုိ့ ဆက်ဆံခံရတာ မဟုတ်ဘူး ..."

အဘိုးအို၏ မျက်နှာပေါ်တွင် တစ်စုံတစ်ရာကို သတိရသွားသည့် အရိပ်အယောင်များ ပေါ်လာသည်

".... ငါလည်း သူငယ်ချင်းဟောင်းတွေနဲ့ မတွေ့ရတာကြာပြီ .... ဒီတစ်ကြိမ် အပြင်လေးထွက်တုံး ..သူတို့နဲ့ သွားတွေ့အုံးမှပဲ ...."

ရှောင်လုံလည်း အဘိုးအိုကိုကြည့်ပြီး ဘာပြောရမှန်း မသိ ဖြစ်သွားသည်။ လမင်းဆင်းသက်ခြင်း အဘိုးအိုကို သူနောက်သို့ မလိုက်ရန် တားဆီးနိုင်သော စွမ်းအားလည်း ရှောင်လုံမှာ မရှိပေ ။
သို့သော် အဘိုးအို၏ ထူးဆန်းသော စိတ်နေစိတ်ထားအရ တက္ကသိုလ်သို့ ရောက်သည့်အခါ ပြသနာပေါင်းစုံနှင့် ရင်ဆိုင်ရမှာကိုတွေးပြီး ရှောင်လုံတစ်ယောက် ခေါင်းကြီးသွားသည်။

ထားလိုက်တော့ ....ကြိုးတွေးပြီး စိတ်ပူနေလို့လည်း ဘာမှမထူးဘူး....ဖြစ်လာမှ ရင်ဆိုင်တာပဲ ကောင်းတယ်   ....!
ရှောင်လုံလည်း သူ့ဘာသာသူ နှစ်သိမ့်လိုက်သည်။

သို့သော် ရှောင်လုံသည် အကြာကြီးနေမှပြန်တွေ့ရသည့် ရှောင်ဖေးနှင့် တွေ့ဆုံခိုက်မှာ ရက်အနည်းငယ်ထပ်နေရန် ဆုံးဖြတ်လိုက်သည်။
ရှောင်လုံ၏ အစီအစဉ်ကိုနားထောင်ပြီးနောက် လမင်းဆင်းသက်ခြင်း အဘိုးအိုက တောက်ပစွာ ပြုံးလိုက်သည်

"... ကောင်လေး .... မင်းက ဦးနှောက်သိပ်မကောင်းပေမယ့် မျက်လုံးတော့ တော်တော်ကောင်းတယ်...
မင်းရွေးထားတဲ့ ငါ တပည့်မလေးက မင်းနဲ့တောင် မလိုက်ဘူး ...."

ထိုနောက် အဘိုးအိုက ရှီရှောင်ဖေးကို ပုလင်းတစ်လုံး ပေးလိုက်သည်

"... ဆရာဆီက မင်းကို ပေးဖို့ များများစားစား မရှိဘူး ... ဒီဟာက ငါအနှစ်နှစ် အလလ စုဆောင်းထားတဲ့ အအေးဒြပ်စင် ပစ္စည်း အမျိုးတစ်ထောင်ကျော်နဲ့ ဖော်စပ်ထားတဲ့ လမင်းကျောက်စိမ်း ဆေးပုလင်းပဲ ..... တပည့်ရဲ့ သိုင်းကျင့်စဉ်အတွက် အရမ်း အထောက်အကူ ပြုလိမ့်မယ် ..."

ရှောင်ဖေးလည်း ဆေးပုလင်းကို ကိုင်ပြီး မှင်တက်သွားသည်။ ထိုနောက် ယန်ယီနှင့် ရှောင်လုံကို မျက်လုံးစွေပြီး ကြည့်လိုက်သည်။ ရှောင်လုံတို့ဆီက ကန့်ကွက်လိုသည့် အရိပ်အယောင် မမြင်တာကြောင့် ရှောင်ဖေးလည်း ရှက်ရှက်နှင့် ဆေးလုံးများကို လက်ခံလိုက်သည်။

ထိုနောက် ရှောင်လုံတို့လူစုသည် လမင်းဆင်းသက်ခြင်း အဘိုးအိုနေထိုင်ရာဂူမှ လမင်းသစ်ကုန်းမြေသို့ ပြန်သွားကြသည်။ အဘိုးအိုကလည်း ရှောင်လုံတို့နှင့် တပူးပူးတတွဲတွဲ လိုက်ပါလာသည်။ အဘိုးအိုသည် ရှောင်လုံကို သူ့တပည့်အဖြစ် တရားဝင် သတ်မှတ်လိုက်သည်။
သူ့တပည့် ရှောင်လုံ မည်သည့်နေရာသို့သွားသွား သူလိုက်မယ်ဟုလည်း ကြွေးကြော်ထားသည်။
လမင်းဆင်းသက်ခြင်း အဘိုးအိုအား ရှောင်လုံ အပါအဝင် အကုန်လုံး လက်မြှောက်အရှုံးပေးထားရသည်။

ယန်ယီ၏အိမ်တော်သို့ ပြန်ရောက်သည့်အခါ ရှောင်ဖေးက သူတို့အနီးအနားမှ မြို့များကို သွားလည်သင့်သည်ဟု ရှောင်လုံကို အကြံပြုလိုက်သည်။ ရှောင်ဖေးကိုယ်တိုင်လည်း အနီးနားမှ မြို့များတွင် တစ်ကြိမ်တစ်ခါမှ မလည်ဘူးပေ။

ရှောင်လုံကလည်း ရှောင်ဖေးစကားဆိုလျှင် နှစ်ကြိမ်ပြောစရာပင် မလိုပေ ။ ချက်ချင်းကို သဘောတူလိုက်သည်။ သို့သော် လမင်း ဆင်းသက်ခြင်း အဘိုးအိုကလည်း ရှောင်လုံတို့နှစ်ယောက်နှင့် အတူတူလိုက်မယ်ဟု တောင်းဆိုနေတာကြောင့် ရှောင်လုံလည်း ဗြဟ္မာဦးခေါင်းကြီး ပြဿနာရှာမည့်အရေးကိုတွေးကာ ကြိုပြီး ခေါင်းကိုက်သွားသည်။ ရှောင်လုံသည် သူတို့နှစ်ယောက် ကြည်ကြည်နူးနူးသွားရမည့်ခရီးစဉ်တွင်
ဗြဟ္မာဦးကြီးအား မခေါ်လိုသော်လည်း သူ့ဆီမှာ ငြင်းဆန်နိုင်သည့် ခွန်အားမရှိပေ ။

တစ်နာရီခန့်ကြာပြီးနောက် ရှောင်လုံ ၊ ရှောင်ဖေးနှင့် လမင်းဆင်းသက်ခြင်း အဘိုးအိုတို့သည် လမင်းသစ်ကုန်းမြေ၏ အနီးဆုံးမြို့ဖြစ်သော ရေခဲလမင်းမြို့သို့ ရောက်ရှိလာကြသည်။

ထိုအချိန် ရေခဲလမင်းမြို့၏ တောင်ဘက်တွင်ရှိသော ကြီးကျယ်ခမ်းနားသည့် အိမ်တော်တစ်ခုထဲတွင် ကျန်းဟန်သည် သူ့လက်အောက်ငယ်သားတစ်ယောက်၏ ရှောင်လုံနှင့် ရှောင်ဖေးတို့ ရေခဲလမင်းမြို့တွင် ပေါ်လာသည့်အကြောင်း သတင်းပို့ချက်ကို နားထောင်နေသည်။
သတင်းပို့ချက်ကိုနားထောင်ပြီးနောက် ကျန်းဟန်ဆီက ကြောက်မက်ဖွယ်ရာကောင်းသော ရယ်မောသံကြီးထွက်ပေါ်လာသည်

"....ခွေးသူတောင်စားလေး .... မင်းကို ငါ့ရှေ့မှာ ဒူးထောက်ပြီး တောဝက်ရိုင်းဖင်ကို ပြောင်နေအောင် ယက်ခိုင်းမယ် ... အဲ့ဒီမြင်ကွင်းကို ရှီရှောင်ဖေးဆိုတဲ့ဟာမလည်း မြင်စေရမယ် ...."

....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၆၅၂ ...... ခင်ဗျားက ဘယ်သူလဲ

ကျန်းဟန် ဆိုးယုတ်သော အကြံအစည်ကိုကြားထောင်ပြီးနောက် သူ့လက်အောက်ငယ်သားအားလုံး တုန်လှုပ်သွားကြသည်။
၎င်းမြင်ကွင်းကိုမြင်ယောင်ကြည့်ရင်း စိတ်လှုပ်ရှား တုန်လှုပ်စွာဖြင့် တံတွေးများကို မြိုချမိလိုက်ကြသည်။

ကိုယ်ရသူတစ်ယောက်ရှေ့တွင် ဤကဲ့သို့ လုပ်ဆောင်ရခြင်းမှာ သေသည်ထက်ပင် ပို၍ ဆိုးရွားသော အရှက်ခွဲမှု တစ်ခုဖြစ်သည်။

"..... သခင်လေး ... ရှီရှောင်ဖေးနဲ့ အဲ့ကောင် အပြင်
ပိန်ကပ်ကပ် သူတောင်းစားသာသာ အဘိုးကြီး တစ်ယောက်လည်း ပါသေးတယ် .... ကျွန်တော် အဲ့အဘိုးကြီးရဲ့ နောက်ကြောင်းကို စုံစမ်းလိုက်ရမလား ....?"

ချန်ယွမ်က ဂရုတစိုုက်စဉ်းစားပြီးနောက် ကျန်းဟန်ကို သတိပေးလိုက်သည်။
သို့သော် ကျန်းဟန်က လက်ခါပြလိုက်သည်

".... မလိုဘူး .... သာမာန် သူတောင်းစား အဘိုးကြီးပဲနေမှာပါ .... ကျန်းမိသားစုရဲ့ နတ်ဘုရားအလယ်အဆင့် ၊ အထက်တန်းအဆင့် သိုင်ပညာရှင်အားလုံးကို အခုချက်ချင်း စုစည်းလိုက် .... နောက်ပြီး လူတစ်ယောက်ကို ဖင်ကြီးကြီးနဲ့ တောဝက်ထီးတစ်ကောင် သွားဖမ်းခိုင်းလိုက် ...."

".... ကောင်းပါပြီ သခင်လေး ...."

ချန်ယွမ်နှင့် တခြားလူများက တပြိုင်နက် ပြန်ဖြေလိုက်ကြသည်။ သူတို့ သက်ဆိုင်ရာ အလုပ်များကို ဆောင်ရွက်ရန် အသီးသီးထွက်သွားကြသည်။
ကျန်းမိသားစုမှ နတ်ဘုရား အလယ်အဆင့်နှင့် အဆင့်မြင့်အဆင့် သိုင်းပညာရှင်များသည် ကျန်းဟန်အရှေ့သို့ အချိန်တိုအတွင်းရောက်ရှိလာကြသည်။

ကျန်းမိသားစု၏ သာမာန်မိသားစုဝင်တစ်ယောက်တွင် ဤကဲ့သို့ အမိန့်ပေးနိုင်သည့် အာဏာမရှိပေ ။ သို့သော် ကျန်းဟန်သည် လက်ရှိ ကျန်းမိသားစု ခေါင်းဆောင်၏ သား ဖြစ်သည်။ ထိုအပြင် ကျန်းမိသားစုခေါင်းဆောင်၏ တံဆိပ်ပြားကနေ သူ့ဆီမှာ ရှိနေသည်။ ထိုကြောင့် ကျန်းမိသားစုမှ သိုင်းပညာရှင်များကို အမိန့်ပေးနိုင်သည်မှာ ထူးခြားသော ကိစ္စတစ်ခု မဟုတ်ပေ။

သူ့ရှေ့သို့ရောက်ရှိနေသည့် အယောက်နှစ်ဆယ်ထက် မနည်းသော သိုင်းပညာရှင်များကို ကျန်းဟန် တစ်ချက် အကဲခတ်လိုက်သည်။ ထိုနောက် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
အထူးသဖြင့် အနောက်ဘက်တွင် တွဲချည်ထားသော ဖင်ကြီးကြီးနှင့် တောဝက်ထီးကြီးကိုမြင်ပြီး သူ့မျက်နှာက ဝင်းလက်သွားသည်

".... မဆိုးဘူး .... ဒီတောဝက်ထီးက တကယ်မဆိုးဘူးပဲ ..."

".... ဟိုကလေကချေကောင်အခု တိမ်ခေတ် လမ်းထဲမှာ မဟုတ်လား .... ?"

".... ဟုတ်ပါတယ် သခင်လေး ....""

".... လာ ...ငါတို့လည်း တိမ်ခေတ်လမ်းကို သွားကြမယ် .... ဟိုကောင်နောက်ကို လူတစ်ယောက်လွှတ်ပြီး သေချာ နောက်ယောင်ခံလိုက်ထား .... လုံးဝ လွှတ်မသွားစေနဲ့..."

ကျန်းဟန်က ကျန်းမိသားစုမှ သိုင်းပညာရှင်များကို ဥိးဆောင်၍ ရှောင်လုံတို့ သုံးယောက် ရှိနေသော နေရာသို့ ချီတက်သွားကြသည်။

ထိုအချိန် တိမ်ခေတ်လမ်းထဲတွင်
ရှ်ီရှောင်ဖေးသည် ရှောင်လုံလက်ကိုဆွဲပြီး တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ပျော်ရွှင်စွာဖြင့် စျေးဝယ်လျက်ရှိသည် ။ မိန်းကလေးများသည် စျေးဝယ်ခြင်းကို နှစ်သက်ကြသည်။ ဤသည်မှာ သူတို့၏ မွေးရာပါ သဘာဝဖြစ်သည်။ ရှီရှောင်ဖေးလည်း ထိုအတူ ဖြစ်သည်။

ရှောင်ဖေးက သူ့နှစ်သက်သမျှ ပစ္စည်းအကုန်လုံးကို ဝယ်ယူလိုက်သည်။ ကျေးဇူးတင်စရာကောင်းသည်မှာ ဤလောကတွင် သိုလှောင်လက်စွပ်ဟူသည့် အရာတစ်ခု ရှိနေခြင်းပင်။
သို့မဟုတ်လျှင် ထိုမျှ များပြားသော ပစ္စည်းများကို ရှောင်လုံ သယ်နိုင်မှာ မဟုတ်ပေ ။

သို့လှောင်လက်စွပ်အတွင်း တဖြည်းဖြည်း ပုံထပ်လာသည့် ပစ္စည်းများကို ကြည့်ရင်း ရှောင်လုံမျက်နှာထက်တွင် မဲ့ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ရှောင်လုံကို ပါးစပ်အဟောင်းသား ထပ်ဖြစ်သွားစေသည်မှာ သူတို့နှင့်အတူ ပါလာသည့် ဗြဟ္မာဦးခေါင်းကြီးသည်လည်း စျေးဝယ်ရခြင်းကို အလွန် နှစ်သက်နေခြင်းပင် ။

ဗြဟ္မာဦးခေါင်းကြီးသည် သူကြိုက်နှစ်သက်သမျှ ပစ္စည်းအားလုံးကို စောင့်ထိန်းခြင်းမရှိဘဲ သူ့၏ ကိုယ်ပိုင်သိုလှောင်လက်စွပ်အတွင်းသို့ ထည့်လိုက်သည်။ ထိုနောက် ရှောင်လုံကို ငွေရှင်းရန်အတွက် တာဝန်ပေးခဲ့သည်။

၎င်းအဘိုးကြီးက အရှက်မရှိစွာနှင့်ပင် ကြွေးကြော်လိုက်သေးသည်။ သူပြောသည်မှာ...

ရှောင်လုံသည် ကမ္ဘာတစ်ထောင်ဂိုဏ်း၏ ဂိုဏ်းချုပ် အလောင်းအလာ ဖြစ်သည်.....
ထိုအပြင် ပင်လယ်လမင်းဆင်းသက်ခြင်း ဆေးလုံး ဖော်စပ်နည်း၊  ကောင်းကင်ကြယ် နတ်ဆေးလုံး ဖော်စပ်နည်းအပြင် တခြား ဆေးဖော်စပ်နည်းများကလည်း ရှောင်လုံ အပိုင် ဖြစ်လာမှာ ဖြစ်သည်။
ထိုကြောင့်  တပည့် တစ်ယောက်အနေနှင့် ဆရာဝယ်သမျှကို ရှင်းပေးရသည်မှာ သဘာဝကျသော လုပ်ရပ်တစ်ခုဖြစ်သည်။

စျေးဝယ်ခြင်းဖြင့် နေ့တစ်ဝက်နီးပါး အချိန်ဖြုန်းပြီးနောက် လဲ့အာ အမည်ရှိ ဝိုင်အရောင်းဆိုင်တစ်ခုအရှေ့တွင် သူတို့ ရပ်လိုက်ကြသည်။ ဆိုင်အတွင်းမှ ထွက်ပေါ်နေသည့် သင်းပျံမွှေးကြိုင်သော ဝိုင်နံရံကြောင့် လမင်းဆင်းသက်ခြင်း အဘိုးအိုက ရှောင်လုံကို ဆိုင်ထဲသို့ အတင်းဆွဲခေါ်သွားသည်။
လျှာတသပ်သပ် ဖြစ်နေသော သူ့၏ အမူအရာကို ကြည့်ရုံဖြင့် သူလည်းဘဲ ရှောင်လုံကဲ့သို့ ဝိုင်ဂျိုးတစ်ယောက်ဖြစ်မှန်း သိနိုင်သည်။

ခဏအကြာတွင် စာပွဲထိုးလေးက ရှောင်လုံတို့မှာထားသော ဝိုင်နှင့် စားသောက်ဖွယ်ရာများကို လာချပေးသည်။ ထိုအချိန်တွင် ဆူဆူညံညံ အသံများနှင့်အတူ မြေပြင်ပါ တုန်ခါသွားသည်။ ထိုကြောင့် ရှောင်လုံလည်း အပြင်ဘက်သို့ လှမ်းမျှော်ကြည့်လိုက်သည်။ ကျန်းဟန်နှင့် သူ့၏ လက်အောက်ငယ်သားများသည် သူတို့စီးနင်းထားသော
ဧရာမ သားရဲကြီးနှင့်အတူ ဆိုင်အတွင်းသို့ တဟုန်ထိုး တိုးဝင်လာကြသည်။

ကျန်းဟန်ကိုမြင်လိုက်ချိန်တွင် ရှောင်လုံ၏မျက်ခုံးနှစ်ဖက်သည် အပေါ်သို့ အနည်းငယ် မြင့်တက်သွားသည်။
ကျန်းဟန်... ကျန်းဟန်  ....နောက်ဆုံးတွေ့ခဲ့တဲ့အချိန်က ငါသတိပေးထားတာကို စိတ်ထဲ မမှတ်ထားဘူးထင်တယ် ......!

သို့သော်လည်း ကျန်းဟန်ကဲ့သို့ အထက်တန်းကြသော ဂုဏ်ဒြပ် နှင့် အဆင့်အတန်းများကို ပိုင်ဆိုင်ထားသူတစ်ယောက်အတွက် ဤကဲ့သို့ ကလဲ့စားချေရန် ကြိုးစားခြင်းမှာ ထူးဆန်းသော ကိစ္စ မဟုတ်ပေ ။ ကံဆိုးသွားသည့်အချက်မှာ ကျန်းဟန် ကလဲ့စားချေရန် ရည်ရွယ်ထားသူမှာ ရှောင်လုံ ဖြစ်နေခြင်းပင် ။

ကျန်းဟန်ကိုကြည့်ပြီး ရှောင်လုံနှုတ်ခမ်းများက ကျောချမ်းလောက်စရာကောင်းအောင် ပြုံးသွားသည်။ ရုန်းရင်းဆန်ခတ်ဖြင့် ဆိုင်အတွင်းသို့ တဟုန်ထိုး   တိုးဝင်လာကြသော ကျန်းဟန်တို့လူစုကြောင့်   စားသောက်နေသူများက လွတ်ရာကင်းရာသို့ အလျင်အမြန် ထွက်ပြေးကြသည်။ ထိုမြင်ကွင်းကိုကြည့်ပြီး ကျန်းဟန်က ကျေနပ်းအားရစွာ ရယ်မောလိုက်သည်။

".... ကလေကချေကောင် ... ငါတို့ ပြန်တွေ့ကြပြီနော် ....."

ကျန်းဟန်က အရယ်ရပ်ပြီး အငြိုးကြီးသော မြွေတစ်ကောင်လို ရှောင်လုံကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်

"....  အဖွားကြီး ယန်ယီရှိနေတဲ့ လမင်းသစ်ကုန်းမြေမှာ မင်း တွင်းအောင်းနေမယ်ဆိုရင် ငါဘက်က အခုလို အခွင့်အရေးရမှာ မဟုတ်ဘူး .... ဒါပေမယ့်  ရှီရှောင်ဖေးဆိုတဲ့ မိန်းမပျက် နဲ့ မင်းက ရေခဲလမင်းမြို့ကို ခြေချရဲလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ ..... မင်း သေတဲ့ အထိ ဘယ်လို ကစားခံရမလဲဆိုတာကို စောင့်ကြည့်နေလိုက် ..."

ထိုနောက် ကျန်းဟန်သည် ကျန်းမိသားစုမှ သိုင်းပညာရှင်တစ်ယောက်ဘက်သို့ လှည့်ကြည့်ပြီး အမိန့်ပေးလိုက်သည်

"..... တောဝက်ထီးကို ယူလာခဲ့ ...."

ကျန်းမိသားစုမှ သိုင်းပညာရှင်လည်း ကျန်းဟန်အမိန့်အတိုင်း အထူးပြင်ဆင်ထားသော တောဝက်ထီးကို အရှေ့ဘက်သို့ သယ်ဆောင်လာသည်။ ရှောင်လုံလည်း ဇဝေဇဝါ ဖြစ်နေသည်။
တောဝက်ထီးတစ်ကောင်နဲ့ ဒီကောင် ဘာတွေကြံစည်နေတာလဲ .....!

ရှောင်လုံ ဇဝေဇဝါ ဖြစ်နေသည်ကို သတိပြုမိသွားသည့် ကျန်းဟန်က တောဝက်ထီး၏ ကြီးမားသော ဖင်ကြီးကို အားရဝမ်းသာစွာဖြင့် လက်ညိုးထိုးပြလိုက်သည်။ ထိုနောက် သူ့မျက်နှာထားက တင်းမာခက်ထန်သွားသည်

".... ဟေ့ကောင် ...ကလေကချေ .... ဒီတောဝက်ထီးက မင်းအတွက် အထူးပြင်ဆင်ထားတာကွ .... မင်း ဘယ်လို သဘောရလဲ ...? တောဝက်ထီး ဖင်ကြီးက အရမ်းကြီးတယ် မဟုတ်လား .... ? ဘာမှစိတ်ရှုပ်မနေနဲ့ .... ခဏနေရင် မင်း ငါနဲ့ ဟိုမိန်းမပျက် ရှီရှောင်ဖေး အရှေ့မှာ ဒူးထောက်ပြီး ချေးတွေပေပွနေတဲ့ တောဝက်ထီးဖင်ကို ပြောင်နေအောင် ယက်ရတော့မှာ ....."

ကျန်းဟန်စကားကြောင့် အခြေအနေကို ပုန်းလျှိုးကွယ်လျှိုးဖြင့် အကဲခတ်နေကြသော တခြားသူများ၏ ရင်ထဲမှာ တုန်လှုပ်သွားကြသည်။
ကျန်းဟန်ပြောသည့်အတိုင်း မြင်ယောင်ကြည့်ပြီး သူတို့ အရေပြားပေါ်မှ ကြက်သီးမွှေးညှင်းများပင် ထောင်သွားကြသည်။

မင်းအမေ ...... ဒါကြီးကတော့ မလွန်လွန်းဘူးလား..?

ထိုကဲ့သို့ အပြစ်ပေးမှုသည် အလွန်ပင် ဆိုးရွားလွန်းလှသည်။ သူတို့ကြားဘူးသမျှ အပြစ်ပေးနည်းများထဲတွင် အရက်စက်ဆုံးလည်း ဖြစ်သည်။ သူတို့ဆိုလျှင် ၎င်းကဲ့သို့ လုပ်ရမည့်အစား သေခြင်းတရားကိုသာ ရွေးချယ်လိုက်မှာ ဖြစ်သည်။

ကျန်းဟန်တို့လူစု ဝင်လာသည်ကို တစ်ချိန်လုံး မသိချင်ယောင်ဆောင်နေသည့် ဗြဟ္မာဦးခေါင်းကြီးပင် ကျန်းဟန်၏ နောက်ဆုံးစကားကိုကြားလိုက်သည့်အခါ ပါးစပ်ထဲမှ ဝိုင်များကို "..ဖူး.."ခနဲ ထွေးထုတ်မိလိုက်သည်။ တိုက်ဆိုင်စွာဖြင့် သူထွေးထုတ်လိုက်သည့်ဝိုင်များသည် ကျန်းဟန်၏ မျက်နှာနှင့် ထိမှန်သွားသည်။

ကျန်းဟန် မျက်နှာပေါ်မှ အပြုံးများက တစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်သွားသည်။  သူ့မျက်နှာပေါ်မှတဆင့် ပါးစပ်ထဲသို့ စီးကျလာသည့် ထူးဆန်းသော အရသာရှိသည့် အရည်များကို  ကျန်းဟန်တစ်ယောက် ကြောင်တောင်တောင်ဖြစ်ပြီး လက်နှင့် သုတ်လိုက်သည်။

ထိုအရည်များသည် အနည်းငယ် ပျစ်ချွဲချွဲနိုင်ပြီး ငံကျိကျိနှင့် အာပုပ်စော် နံနေသည်။ ကျန်းဟန်လည်း သူ့ကိုဝိုင်ဖြင့် ထွေးလိုက်သည့် အဘိုးအိုကို ကြောင်တောင်တောင်ဖြင့် ကြည့်လိုက်သည်။ သူ့အကြည့်က အဘိုးအို၏ ဝါထိန်နေသော သွားများပေါ်သို့ ကျရောက်သွားသည်။

".... ဒီစောက် ခွေးအိုကြီးကို သတ်စမ်း ...."

ခဏကြာပြီးနောက် ကျန်းဟန်ဆီက ဒေါသတကြီး အာခေါင်ခြစ်၍ အော်ဟစ် အမိန့်ပေးသံ ထွက်ပေါ်လာသည်။ လမင်းဆင်းသက်ခြင်း အဘိုးအိုကို ထိုးပြထားသည့် သူ့လက်ညိုးက တဆတ်ဆတ် တုန်နေသည်။ ကျန်းဟန်သည် အဘိုးအိုအား တစ်စစီစုတ်ဖြဲပြစ်ချင်ဟန်ဖြင့် စူးစူးဝါးဝါး စိုက်ကြည့်နေသည်။

ကျန်းမိသားစုမှ နတ်ဘုရားအဆင့် သိုင်းပညာရှင်တစ်ယောက်သည် ကျန်းဟန်၏ အမိန့်အတိုင်း ဆောင်ရွက်ရန် အရှေ့ထွက်လာသည်။ ထိုနောက် လေထဲသို့ခုန်ကာ လမင်းဆင်းသက်ခြင်း အဘိုးအိုအား လက်သီးနှစ်ဖက်စလုံးဖြင့် ထိုးချလိုက်သည်။

တောက်ပသော အလင်းရောင်များနှင့်အတူ ကောင်းကင်ကြီးတစ်ခုလုံး မီးတောက်တစ်ခုပမာ နီရဲသွားသည်။
၎င်းသိုင်းကွက်မှာ ကျန်းမိသားစုနာမည်ကျော် သတ္တုမီးတောက် လက်သီးသိုင်းပင် ဖြစ်သည်။

ကြောက်လန့်နေကြသော စားသောက်သူများက သူတောင်းစား အဘိုးကြီး တချက်တည်းနှင့် ကိစ္စချောပြီဟုထင်ကာ မကြည့်ရက်စွာဖြင့် မျက်လုံးများကို မှိတ်ထားလိုက်ကြသည်။ ထိုအချိန်တွင် လမင်းဆင်းသက်ခြင်း အဘိုးအိုသည် သူ့လက်ဝါးကို ခပ်မြန်မြန်လွှဲယမ်းပြီး ဒေါသတကြီး ကြိမ်းဝါးလိုက်သည်

".... ပေါက်လွှတ်ပဲစား မိန်းမလျာလိုကောင်တွေ .... !
ဒီအဘိုးကြီးက တစ်ခါတစ်လေမှ လေကောင်းလေသန့်ရှုရင်း ဝိုင်သောက်ရတာ ..... အဲ့လို အချိန်လေးမှာတောင် မင်းတို့က ငါ့ကို နှောက်ယှက်ရဲတယ်ပေါ့ ....."

ဖောင်း ......!
ကျယ်လောင်သော မြည်ဟိန်းသံတစ်ခုလည်း တစ်ဆက်တည်း ထွက်ပေါ်လာသည်။ အဘိုးအိုကို တိုက်ခိုက်ရန် ကြိုးစားခဲ့သည့် နတ်ဘုရား အဆင့် ၇ သိုင်းပညာရှင်လည်း ဆိုင်ပြတင်းပေါက်မှတဆင့် လေထဲသို့ လွင့်ထွက်ပြီး အားလုံး၏ မြင်ကွင်းအရှေ့မှ ပျောက်ကွယ်သွားသည်။ 

စားသောက်ဆိုင် တစ်ခုလုံး အပ်ကျသံကိုပင် ကြားနိုင်လောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားပြီး တောဝက်ထီး၏ နှာမှုတ်သံကိုသာ ရံဖန်ရံခါ ကြားနေရတော့သည်။

.......

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၆၅၃ ...... ခေါင်းပြောင် ကျန်း

အချိန်အတော်ကြာပြီးမှ ကျန်းမိသားစု၏ သိုင်းပညာရှင်များလည်း သတိပြန်ဝင်လာကြသည်။
သို့သော် သူတောင်းစားနှင့်တူသော အဘိုးကြီးကိုကြည့်ပြီး သူတို့၏ မျက်နှာထားများက တည်ကြည်လေးနက်သွားသည်။

နတ်ဘုရားအဆင့် ၇ သိုင်းပညာရှင်တစ်ယောက်ကို
လက်ဝါး တစ်ချက်ဖြင့် မြင်ကွင်းမှ ပျောက်ကွယ်သွားအောင် ရိုက်လိုက်နိုင်သည်။
မည်ကဲ့သို့လူသည် ဤကဲ့သို့ စွမ်းအားကို ပိုင်ဆိုင်သနည်း ....?
ထိုကဲ့သို့ လုပ်ဆောင်နိုင်သူသည် အနိမ့်ဆုံးအနေဖြင့် နတ်ဘုရား အဆင့် ၉ အဆင့် ရှိသူ ဖြစ်ရမည်။ နတ်ဘုရား အဆင့် ၈ သိုင်းပညာရှင်ပင် ဤကဲ့သို့ လုပ်နိုင်စွမ်း မရှိပေ ။

သူတို့အရှေ့တွင်ရှိနေသော ဆံပင် ဖရိုဖရဲ  ပိန်ကပ်ကပ် နှင့် သူတောင်းစား သာသာ အဘိုးကြီးကြီးသည် နတ်ဘုရားအဆင့် ၉ သိုင်းပညာရှင်တစ်ယောက် ဖြစ်နေသည်။
ကျန်းဟန်နှင့် ကျန်းမိသားစုမှ သိုင်းပညာရှင်များသည် ထိုအဖြစ်မှန်ကို လက်မခံလိုကြပေ ။

ကျန်းဟန်က သတိပြန်ဝင်လာပြ်ီးနောက် လမင်းဆင်းသက်ခြင်း အဘိုးအိုဘက်ကိုကြည့်ပြီး ပြောလိုက်သည်

".... အဘိုးကြီး ... ခင်ဗျားက ကျုပ်တို့ ကျန်းမိသားစုရဲ့ အကြီးအကဲတစ်ယောက်ကို ဒဏ်ရာရအောင်ရဲတယ်ပေါ့ ......? ခင်ဗျား တော်တော် သေချင်နေတယ်ထင်တယ် ....? မဟာအကြီးအကဲ ကျီဟုန် .... ဒီအဘိုးကြီးကို သတ်ပြစ်လိုက် ....."

ကျန်းဟန်သည် သူအနောက်မှ အဆင့်မြင့် နတ်ဘုရားအဆင့် သိုင်းပညာရှင်တစ်ယောက်ကို အမိန့်ပေးလိုက်သည်။
နတ်ဘုရား အဆင့် ၁၀ သိုင်းပညာရှင်ဖြစ်သည့် မဟာအကြီးအကဲကျန်းဟုန်သည် ကျန်းဟန်တို့လူစုထဲတွင် အစွမ်းအထက်ဆုံး ဖြစ်သည်။ ကျန်းဟုန်က ခေါင်းညိတ်ပြလိုက်သည်။
ထိုနောက် အရှေ့ထွက်ပြီး လမင်းဆင်းသက်ခြင်း အဘိုးအိုကို အကဲခတ်လိုက်သည်

".... ကျုပ် ခင်ဗျားကို ဘယ်လို ခေါ်ရမလဲ ...?"

ကျန်းဟုန်သည် သူ့၏အတွေ့အကြုံများအရ ၎င်းအဘိုးကြီးသည် သာမာန်သိုင်းပညာရှင်တစ်ယောက် မဟုတ်နိုင်မှန်း သဘောပေါက်လိုက်သည်။
ထိုကြောင့် အလျင်စလို တိုက်ခိုက်ခြင်းမပြုသေးဘဲ
သေချာအောင် မေးမြန်းလိုက်သည်။
အဘိုးအို၏ မျက်နှာထက်တွင် ကျီစယ်နောက်ပြောင်လိုသော အပြုံးတစ်ခုလာသည်။ ထိုနောက် အဘိုးအိုက သူ့လက်ဝါးကို အရှေ့ဘက်သို့ ရုတ်တရက် ရိုက်ထုတ်လိုက်သည်

".... ပေါက်လွှတ်ပဲစား မိန်းမလျာလိုကောင် ...
မင်းက ငါဘယ်သူလဲဆိုတာ သိချင်တယ်ပေါ့ ....?
ငါဘယ်သူလဲသိချင်ရင် မင်းတို့မိသားစုက ခေါင်းပြောင်ကျန်းကို သွားမေးကြည့် ..... မင်းလိုကောင်က ငါ့နာမည် သိဖို့ အရည်အချင်းရှိလို့လား ....!"

အဘိုးအို အမည်ပြောင်ပေးထားသည့် ခေါင်းပြောင်ကျန်းဆိုသူမှာ ကျန်းမိသားစု၏ ဘိုးဘေး ဖြစ်သည်။ ကျန်းမိသားစု ဘိုးဘေး၏ ဦးရေးပြားသည် သဲကန္တာရ တစ်ခုလို ခြောက်သွေ့နေသောကြောင့် အဘိုးအိုက ထိုကဲ့သို့ အမည်ပြောင် ပေးထားခြင်းပင် ။

အဘိုးအိုက သူ့ကို လက်ဝါးဖြင့် ရိုက်လာတာကိုမြင်တော့ ကျန်းဟုန်တစ်ယောက် အရမ်းကို ဒေါကန်သွားသည်။
ဒီ အဘိုးကြီး ငါ့ကို လျစ်လျူရှုရဲတယ်ပေါ့ ....?
ငါက သူ့အမည်ကို သိရဖို့ အရည်အချင်းမရှိဘူး ဟုတ်လား ....?

".... အကန့်အသတ်မဲ့ မဟာ ပင်လယ် ...."

ကျန်းဟုန်က ကြုံးဝါးလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှ
စွမ်းအားမြင့်မားသော အရှိန်အဟုန်များ ပေါက်ကွဲထွက်လာသည်  ။ ထို အရှိန်အဟုန်များသည် အနက်ရောင် ပင်လယ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကြည့်နေသူများကို တုန်လှုပ်ခြောက်ခြားသွားစေသည်။

ကျန်းမိသားစုမှ သိုင်းပညာရှင်များသည် ထိုအနက်ရောင် ဒီရေလှိုင်းလုံးကြီးများကို မြင်လိုက်သောအခါ လွတ်ရာကင်းရာသို့ အလျင်အမြန် ရှောင်တိမ်းသွားကြသည်။ သို့သော် အဘိုးအို၏ လက်ဝါးက ရပ်တန့်ခြင်း မရှိပေ ။

ဖောင်း .....!

ကြွတ်ဆတ်ဆတ် ကြွေမွသံတစ်ခုနှင့်အတူ အနက်ရောင် ဒီရေလှိုင်းများ ရုတ်တရက် ပြိုကွဲကာ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။ ကျန်းမိသားစုမှ သိုင်းပညာရှင်များ၏ မယုံကြည်သောအကြည့်များ ၊ ဧည့်သည်များ၏ ကြောက်လန့်တုန်လှုပ်သော အကြည့်များအောက်တွင် ကျန်းဟုန်တစ်ယောက် အစောပိုင်းမှ သိုင်းပညာရှင်ကဲ့သို့ လက်ဝါးတစ်ချက်တည်းဖြင့် အဝေးသို့ လွင့်ထွက်သွားသည်။

ကျန်းဟုန်တစ်ယောက်  မီတာအနည်းငယ် အကွာအဝေးထိ လွင့်ထွက်သွားပြီး ဝက်အိမ်ပေါ်သို့ ပြုတ်ကျသွားသည်။ စားသောက်ဆိုင်ကြီးတစ်ခုလုံး နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်သည်။
ထိုမြင်ကွင်းကိုမြင်ပြီးနောက် ကျန်းဟန် တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားသည်။
ကျန်းမိသားစုမှ သိုင်းပညာရှင်များ၏ မျက်နှာများကလည်း ဖြူဖပ်ဖြူရော် ဖြစ်ကုန်ကြသည်။

နတ်ဘုရား အဆင့် ၇ သိုင်းပညာရှင်ကို အဝေးသို့ ရိုက်ထုတ်လိုက်ချိန်က ၎င်းအဘိုးအိုကို နတ်ဘုရား အဆင့် ၉ သိုင်းပညာရှင်ဟု သူတို့ ထင်ခဲ့ကြသည်။
သို့သော် ၎င်းအဘိုးအိုသည် ယခုတစ်ကြိမ်တွင်လည်း နတ်ဘုရားအဆင့် ၁၀ သိုင်းပညာရှင်အား လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်ထုတ်လိုက်ပြန်သည်။
မဟာနတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ရန် နီးစပ်နေသည့် သိုင်းပညာရှင်များသာ ထိုကဲ့သို့ လုပ်ဆောင်နိုင်ကြသည်။

အဘိုးအိုက သူ့လက်ကို ပြန်ရုပ်သိမ်းပြီး ရှောင်လုံကို ပြုံးပြလိုက်သည်

".... ဘယ်လိုလဲ တပည့်လေး .... ? မင်းဆရာရဲ့ ပြိုင်ဘက်ကင်း ပါးချသိုင်းက မဆိုးဘူးမလား ...?"

ပြိုင်ဘက်ကင်း ပါးချသိုင်း .....?
ရှောင်လုံလည်း ဆွံ့အသွားသည်။

"... ပေါက်လွှတ်ပဲစား မိန်းမလျာလိုကောင် ..."
ဆိုသည်မှာ အဘိုးအို၏ လက်သုံးစကား ဖြစ်သည်။
ထိုအပြင် အဘိုးအို၏ ပြိုင်ဘက်ကင်းပါးချသိုင်းသည် အမှန်တကယ်ပင် စွမ်းအားကြီးကြောင်း ရှောင်လုံစိတ်ထဲမှာ လက်ခံလိုက်သည်။

ထိုအချိန်တွင် ကျန်းဟန်က သူ့အနောက်တွင် ငြိမ်ကုပ်နေသည့် ကျန်းမိသားစုမှ သိုင်းပညာရှင်များကို ဒေါသတကြီး အော်ဆဲလိုက်သည်

".... ခွေးသူတောင်စားတွေ .... အဲ့မှာ ဘာရပ်လုပ်နေကြတာလဲ .... ? ပြန်မယ် ....ငါနဲ့ အခုပြန်မယ် ..."

အဘိုးအို၏ ခွန်းအားကို မြင်တွေ့ပြီးနောက် ရှောင်လုံကို တောဝက်ထီးဖြင့် အရှက်ခွဲရန် မဖြစ်န်ုင်တော့ကြောင်းကို ကျန်းဟန် သဘောပေါက်သွားသည်။

သို့သော် ကျန်းဟန်တို့လူစု ထွက်သွားတော့မည့်အချိန်တွင် အဘိုးအိုက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်

".... ပြန်မယ် ဟုတ်လား ...?  မင်းတို့လာချင်တိုင်းလာ ပြန်ချင်းတိုင်ပြန်ရအောင် ဒီနေရာကို အလှူအိမ် ထင်နေလား ....? နောက်ပြီး ဒီအဘိုးကြီးက မင်းတို့ကို ပြန်ခွင့်ပေးသေးလို့လား..?"

ကျန်းဟန်တို့အားလုံး၏ လှုပ်ရှားမှုများက တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်ကုန်ကြသည်။ ကျန်းဟန်က ဒေါသတကြီး နောက်လှည့်ကာ အဘိုးအိုကို စူးရှစွာ စိုက်ကြည့်လိုက်သည်။ ထိုနောက် ရဲဆေးတင်ပြီး ပြောလိုက်သည်

".... အဘိုးကြီး ကျုပ်တို့က ခင်ဗျားကို ကြောက်မယ်လို့ ထင်နေတာလား ....! ကျုပ်က ကျန်းမိသားစုရဲ့ သခင်လေးပဲ .... ကျန်းမိသာစုခေါင်းဆောင် ကျန်းတုံပေက ကျုပ်အဖေ .... မြောက်ဘက်ရေခဲ ကမ္ဘာမှာ ကျုပ်ဆံပင်မွှေးတစ်မွေးကို ထိရဲရင်ထိကြည့်လိုက် .... ကျုပ်မိသားစုက ခင်ဗျားကို တစ်ဂိုဏ်းလုံးကို အမှုန့်ချေပြစ်လိမ့်မယ် ..."

လမင်းဆင်းသက်ခြင်း အဘိုးအို၏မျက်လုံးထဲတွင် စူးရှသော အလင်းတန်းတစ်ခု တောက်ပလာသည်။
အဘိုးအို၏ စူးရှသော အကြည့်ကြောင့် ကျန်းဟန်ရင်ထဲမှာ အေးခနဲ ဖြစ်သွားသည်။ ထိုနောက် အဘိုးအိုက သူ့လက်ဝါးကို အရှေ့ဘက်သို့ မျက်စိတမှိတ်အတွင်း ရိုက်ထုတ်လိုက်သည်။
ထိုရိုက်ချက်ကြောင့် ကျန်းဟန်တစ်ယောက် စီးတော်ယာဉ်ထက်မှ ပြုတ်ကျပြီး သွားများပါ ကျွတ်ထွက်သွားသည်။

".... ဟေ့ကောင် ... ဒီနေ့ မင်း မိသားစုက ခေါင်းပြောင်ကျန်း လာရင်တောင် ...သူမင်းကို ကယ်နိုင်မှာ မဟုတ်ဘူး ...."

အဘိုးအိုသည် ကျန်းဟန်အား အန္တရာယ်ရှိသော အကြည့်ဖြင့် ကြည့်ကာ စကားကိုလည်း တမင်အချိန်ဆွဲပြီး ပြောလိုက်သည်

".... မင်းစောစောကပြောတော့ ငါ့တပည့်ကို မင်းရှေ့မှာ ဒူးထောက်ခိုင်းပြီး တောဝက်ထီးဖင်ကို သန့်ရှင်းရေး လုပ်ခိုင်းမလို့ဆို .... ဟားဟား ..... အခုတော့ မင်း ငါမကျေနပ်မခြင်း တောဝက်ထီးဖင်ကို ယက်ပေတော့  ...."

ကျန်းဟန်၏ မျက်နှာက စက္ကူတစ်ခုလို ဖြူဆုတ်သွားသည်။ သူ့မျက်လုံးအတွင်းမှ သူငယ်အိမ်များက ကြောက်ရွံတုန်လှုပ်မှုကြောင့် ကျယ်ကားလာသည်။ ထိုနောက် ကျန်းမိသားစုမှ သိုင်းပညာရှင်များဘက်သို့လှည့်ကာ ဒေါသတကြီး အော်ငေါက်လိုက်သည်

".... ဟေ့ကောင်တွေ ...ဒီအဘိုးကြီးကို သတ်ကြစမ်း...."

ကျန်းဟန် အမိန့်ကြောင့် ကျန်းမိသားစုမှ သိုင်းပညာရှင်အားလုံး အသက်ရှုမှားသွားကြသည်။ သူတို့ ရင်ဆိုင်ရမည့် အဘိုးအိုသည် သူတို့လူစုထဲမှ အစွမ်းအထက်ဆုံးဖြစ်သူ မဟာအကြီးအကဲ ကျန်းဟုန်အား လက်ဝါးတစ်ချက်ထဲနှင့် အနိုင်ယူခဲ့သူ ဖြစ်သည်။ ထိုကဲ့သို့ လူမျိုးကို တိုက်ခိုက်ခြင်းသည် ကိုယ်သေတွင်းကိုယ်တူခြင်းသာ ဖြစ်သည်။

ကျန်းမိသားစုမှ သိုင်းပညာရှင်များ ချီတုံချတုံ ဖြစ်နေကြစဉ် အဘိုးအိုက လှုပ်ရှားလိုက်သည်။ ယခုတစ်ကြိမ်တွင်လည်း လက်ဝါးသိုင်းကွက်ကိုသာ အသုံးပြုလိုက်သည်။

အဘိုးအို၏ သိုင်းကွက်ကြောင့် ကောင်းကင်တစ်ခုလုံး အနက်ရောင် လက်ဝါးရာများ လွှမ်းခြုံသွားသည်။ ထိုအနက်ရောင် လက်ဝါးရာများက မိုးကြိုးပစ်ချသလို အောက်ဘက်သို့ အရှိန်ပြင်းပြင်း ကျဆင်းလာသည်။
ကျန်းမိသားစုဝင်အားလုံး မြေပြင်အောက်တွင် မြုပ်နှံပြီးသား ဖြစ်သွားကြသည်။ ကျန်းမိသားစုမှ သိုင်းပညာရှင်များ အဖြစ်ဆိုးကိုမြင်သွားပြိ်းနောက်
ကျန်းဟန်ဆီက စူးစူးဝါးဝါး အော်ဟစ်သံ ထွက်ပေါ်လာသည်။ ထိုနောက် ကျန်းဟန်က လွတ်လိုလွတ်ငြား ထွက်ပြေးရန်ကြိုးစားလိုက်သည်။ သို့သော် အဘိုးအို လက်ဝါးကကျန်းဟန်ကို ဆိုင်အတွင်းသို့ ပြန်ရိုက်သွင်းလိုက်သည်။ ပြန်ကျလာချိန်တွင် ကျန်းဟန်၏ မျက်နှာနှင့် တောဝက်ထီးဖင်တို့ မိတ်ဆက်သွားကြသည်။

အံ့သြတုန်လှုပ်သွားမှုကြောင့် တောဝက်ထီးက သူ့ဖင်ကို ခါလိုက်သည်။ ထိုအခါ ကျန်းဟန်မျက်နှာသည် တောဝက်ချီးများဖြင့် မိတ်ကပ်လိမ်းလိုက်သလို ဖြစ်သွားသည်။
ကျန်းဟန်လည်း ကြောင်တောင်တောင်ဖြစ်ပြီး သူ့မျက်နှာထက်မှ အရာများကို လက်ဖြင့် ပွတ်ကြည့်လိုက်သည်။ ထိုနောက် သူ့ခန္ဓာကိုယ်က အဖျားတက်သလို တုန်လာပြီး စိတ်ကစဉ့်ကလျားဖြင့် အော်လိုက်သည်

".... ကျုပ် ခင်ဗျားကို သတ်မယ် ....."

ကျန်းဟန်ရင်ထဲမှာဖြစ်ပေါ်နေသည့် ကြောက်လန့်နေမှုများကို  ဒေါသစိတ်က ဖုံးလွှမ်းသွားသည်။ သို့သော် ကျန်းဟန် အနားရောက်မလာခင် အဘိုးအိုက သူ့၏နာမည်ကျော် ပြိုင်ဘက်ကင်း ပါးချသိုင်းဖြင့် အဆက်မပြတ် ရိုက်လိုက်သည် ။ ကျန်းဟန်၏ မျက်နှာသည် သူ့အမေအရင်းပင် မမှတ်မိနိုင်လောက်အောင် ဖူးယောင်သွားသည်။

ရှောင်ဖေးသည် ထိုမြင်ကွင်းကို ဆက်ပြီး မကြည့်ချင်တော့သဖြင့် ရှောင်လုံလက်ကိုဆွဲကာ ၎င်းနေရာမှ ထွက်သွားသည်။ ရှောင်လုံ နှင့် ရှောင်ဖေးတို့နှစ်ယောက် ထွက်သွားတာကိုမြင်မှ  အဘိုးအိုလည်း သူတို့နောက်သို့ မလိုက်ချင် လိုက်ချင်ဖြင့် လိုက်သွားသည်။

မြေကြီးပေါ်မှ ဒယီးဒယိုင်ဖြင့် ကုန်းရုံးထလာသော ကျန်းဟန်သည် သူတို့သုံးယောက်၏နောက်ကျောကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။ထိုနောက် သူ့ရင်ထဲမှာ ကြိမ်းဝါးလိုက်သည် ။ ကျန်းမိသားစု၏ သခင်လေး တစ်ယောက် ဖြစ်တာကြောင့် ကျန်းဟန်သည် သူ့ဘဝတစ်လျှောက်တွင် ဤကဲ့သို့ စော်ကားခံရမှုမျိုးနှင့် တစ်ကြိမ်တစ်ခါမှ ကြုံတွေ့ဘူးခြင်း မရှိပေ ။

"... မင်းတို့အားလုံး သေသင့်တယ် .... ငရဲမှာ သွားသေဖို့ ပြင်ထားကြ ...."

".... ငါ သူတို့ကိုသတ်မယ် ... သူတို့အားလုံးကို သတ်ပြစ်မယ် .....သူတို့က  မသတ်နိုင်ရင် ငါမျိုးရိုးနာမည်က ကျန်း မဟုတ်တော့ဘူး ...."
ကျန်းဟန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ကောင်းကင်သို့ မျက်နှာမူရင်း စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။

ခဏကြာပြီးနောက် ကျန်းမိသားစုမှ သိုင်းပညာရှင်များ စားသောက်ဆိုင်သို့ ထပ်မံရောက်ရှိလာကြသည်။ ကျန်ဟန်သည် သူ့ဒေါသများကို ဖြေဖျောက်ရန်အတွက် ပထမဆုံးရောက်လာသည့် အစောင့်ခေါင်းဆောင်ကို ခေါင်းဖြတ်ပြီး သတ်ပြစ်လိုက်သည်။ နာရီ အနည်းငယ်ကြာပြီးနောက် ကျန်းအိမ်တော်ဆီသို့ ကျန်းဟန် ပြန်ရောက်သွားသည်။

".... အဖေ ... အဖေသားအတွက် ကလဲ့စားချေပေးရမယ် ...."

ကျန်းမိသားစုခေါင်းဆောင် ကျန်းတုံပေ အရှေ့တွင် ကျန်းဟန်က ဒူးထောက်ချလိုက်သည်။ ထိုနောက် ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုပ် ရှင်းပြကာ တောင်းဆိုလိုက်သည်

".... အဲ့ဒီ အရှက်မရှိတဲ့ စုံတွဲနဲ့ ခွေးအိုကြီးက သားတို့ ကျန်းမိသားစုကို မျက်လုံးထဲ နည်းနည်းမှ ထည့်ထားတာ မဟုတ်ဘူး  .... သူတို့လုပ်ရပ်က ကျန်းမိသားစုတစ်ခုလုံးကို ပြောင်ပြောင်တင်းတင်း စော်ကားလိုက်တာပဲ အဖေ ....."

ကျန်းတုံပေကိုယ်ထဲမှ သိပ်သည်းထူထပ်သော လူသတ်ချင်စိတ်များ စိမ့်ထွက်လာသည်။
ငါ့သားကို သူတို့က ဒီလောက်ထိ လုပ်ရဲတယ်လား...?

တခြားတဖက်မှ မည်သူပင်ဖြစ်စေ သူတို့ အသက်နှင့်ပြန်ပြီး ပေးဆပ်ရမည်ဟု ကျန်းတုံပေရင်ထဲမှာ ကြုံးဝါးလိုက်သည်။ ရှီရှောင်ဖေးသည် ယန်ယီ၏ တပည့်မ ဖြစ်နေလျှင်တောင် ကျန်းတုံပေက သူ့မကို အလွှတ်ပေးမှာ မဟုတ်ပေ။

".... ဒီကိစ္စကို ဘိုးဘေနဲ့ သွားပြီး တိုင်ပင်လိုက်အုံးမယ် ..."

ကျန်းတုံပေသည် သူ့ကိုယ်သူ ယန်ယီ၏ ပြိုင်ဘက် မဟုတ်မှန်း သိနေတာကြောင့် ကျန်းမိသားစု၏
ဘိုးဘေး ထံမှ အကူအညီတောင်းခံရန် ထွက်သွားသည်။ ခဏကြာပြီးနောက် လျှို့ဝှက်နေရာတစ်ခုတွင် ကျန်းတုံပေ ရောက်ရှိသွားသည်။ သူ့အရှေ့တွင် ကျန်းမိသားစု၏ ဘိုးဘေးဖြစ်သူ
ကျန်းဖေး ရှိနေသည်။

ကျန်းတုံပေ ပြောပြသည့် ဇတ်ကြောင်းကိုနားထောင်ရင်း လမင်းဆင်းသက်ခြင်း အဘိုးအိုအကြောင်း ကြားသည့်အခါ ကျန်းဖေးရင်ထဲမှာ  တစုံတစ်ရာကို သံသယဝင်သွားသည်။
ထိုနောက် ကျန်းဖေးက လေးလေးနက်နက်မေးလိုက်သည်

".... အဲ့ဒီ အဘိုးကြီး နောက်ကြောင်းကိုရော စုံစမ်းပြီးပြီလား  ....?"

သူ့၏ ဘိုးဘေးသည် ယန်ယီအကြောင်းကို မေးရမည့်အစား သူတောင်းစားသာသာ အဘိုးအို အကြောင်းကို မေးနေတာကြောင့် ကျန်းတုံပေလည်း စက္ကန့်အနည်းငယ်ခန့် မှင်တက်သွားသည်။ 

"... အဲ့ဒီအဘိုးကြီးအကြောင်းကို အချိန်သိပ်မရလို့ ကျွန်တော် မစုံစမ်းရသေးပါဘူး.... အော်ဟုတ်သားပဲ ... ဟန်အာက တစ်ခုတော့ပြောတယ် ... သူ အဲ့ဒီအဘိုးကြီး နာမည်ကိုမေးတော့  အဲ့ဒိအဘိုးကြီးက သူ့အကြောင်းသိချင်ရင် ခေါင်းပြောင်ကျန်းကို သွားမေး ...သူ ဘယ်သူဘယ်ဝါဆိုတာကိုသိဖို့ ဟန်အာတို့ဆီမှာ အရည်အချင်း မရှိဘူးလို့ ပြောတယ်တဲ့ ....."

ကျန်းတုံပေက ရုတ်တရက် စဉ်းစားမိပြီး ပြောလိုက်သည်။ ထိုစကားကြားလိုက်ချိန်တွင် ကျန်းဖေးတစ်ယောက် မျက်နှာပျက်သွားသည်

".... သူက တကယ်ပဲ အဲ့လို ပြောတာလား .....?"

သူ့သိထားသလောက် သူ့ကို " ခေါင်းပြောင်ကျန်း " ဟုခေါ်ရဲသူမှာ သိုင်းလောကထဲတွင် တစ်ယောက်သာ ရှိသည်။ ကျန်းဖေ၏ ထူးခြားသော အမူအရာကြောင့် တစ်စုံတစ်ရာ မှားယွင်းနေပြီ ဖြစ်ကြောင်း ကျန်းတုံပေ စိတ်ထဲမှာ ခံစားမိလိုက်သည်။
ထိုနောက် ကျန်းတုံပေ၏ အကြည့်က  သဲကန္တာရ သဖွယ် လွင်တီးခေါင်ပြင် ဖြစ်နေသောကျန်းဖေး၏ ခေါင်းပေါ်သို့ ရုတ်တရက် ကျရောက်သွားသည်။
သူ့အကြည့်က ကျန်းဖေးခေါင်းပေါ်တွင် ရပ်တန့်သွားသည်။

အဲ့ဒီ အဘိုးကြီးပြောတဲ့ " ခေါင်းပြောင်ကျန်း..."
ဆိုတာ .....ဘိုး ....ဘိုးဘေကို ပြောချင်တာများလား .....?!

....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၆၅၄ ...... ကျောင်းယု သိုင်းအဆင့်တက်သွားခြင်း

သူ့ခေါင်းကို ငေးကြောင်ကြောင်ဖြင့်ကြည့်နေသော ကျန်းတုံပေ အကြည့်ကို ကျန်းဖေးတစ်ယောက် သတိပြုမိသွားတာကြောင့်  ဒေါကန်ပြီး ခြေထောက်ပင် လှမ်းကန်လိုက်သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် ကျန်းတုံပေလည်း လဲကျနေရာမှ ကုန်းရုန်းထကာ ကျန်းဖေးအရှေ့တွင် ပြန်ပြီး ပြန်တပ်ရပ်လိုက်သည်။ သို့သော် ကျန်းတုံပေသည်  ကျန်းဖေး၏ ပြောင်တလင်းခါနေသော ဦးခေါင်းဆီသို့ ထပ်မကြည့်ရဲတော့ပေ  ။

ကျန်းဖေးလည်း အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားသည်။ သူ့မျက်နှာပေါ်တွင် အတိတ်မှ ခါးသီးသော ဇတ်ကြောင်းများကို ပြန်ပြောင်းသတိရနေသည့် အရိပ်အယောင်များ ဖြစ်ပေါ်နေသည်။ ထိုကြောင့် သူ့မျက်နှာက ဒေါသ အမုန်းတရာများဖြင့် နီရဲလာသည်။ သို့သော် နောက်ဆုံးတွင် အရာအားလုံး ပြန်လည်တည်ငြိမ်သွားသည်။

ကျန်းဖေးမျက်နှာပေါ်တွင် ရုတ်ခြည်းပြောင်းလဲသွားသော အမူအရာများကို သတိပြုမိလိုက်တာကြောင့် ကျန်းတုံပေလည်း ခေါင်းရှုပ်သွားသည်။

".... မင်းထင်တာ မမှားဘူး ..... အဲ့ဒီ အဘိုကြီးက လမင်းဆင်းသက်ခြင်း အဘိုးအိုပဲ ...."

ကျန်းဖေးက သက်ပြင်းမောကြီးတစ်ချက် မှုတ်ထုတ်ရင်း လေးလံစွာ ပြောလိုက်သည်။
ကျန်းတုံပေ နှလုံးအိမ်က တုန်လှုပ်သွားသည်။
လမင်း ဆင်းသက်ခြင်း အဘိုးအို ......!

"..... ဘိုးဘေး ... လမင်းဆင်းသက်ခြင်း အဘိုးအိုက သတင်းတွေထဲကအတိုင်း တကယ်ပဲ အစွမ်းထက်လို့လား ....?"

ကျန်းတုံပေက သံသယဖြင့် မေးလိုက်သည်။

ကျန်းဖေးက ခေါင်းခါလိုက်သည်

".... မင်း နားမလည်ပါဘူးကွာ ...."

သူ့အတွက်တော့ လမင်းဆင်းသက်ခြင်း အဘိုးအိုသည်သည် အစွမ်းထက်သည် ဆိုသော စကားလုံးနှင့်ရှင်းပြ၍ရနိုင်သော  သာမာန်လူတစ်ယောက် မဟုတ်ပေ ။ အနက်ရောင် လိပ်ကြယ်စင်စုထဲတွင် သူကြောက်ရသူမှာ ဆယ်ယောက်ပင် မပြည့်ချေ ။ သို့သော် လမင်းဆင်းသက်ခြင်း အဘိုးအိုသည် ထိုစာရင်းတွင် နံပါတ်တစ်နေရာ ယူထားသည်။

".... ဒီကိစ္စကိုထားလိုက်တော့ ..... ဒီကိစ္စနဲ့ပတ်သတ်ပြီး ဆက်ပြောတာ မကြားချင်ဘူး..."

ကျန်းဖေးကတည်ကြည်လေးနက်စွာ ပြောလိုက်သည်

"...  အနာဂတ်မှာ သူတို့နဲ့တွေ့ရင် ရှောင်တိမ်းရမယ်ဆိုတဲ့ ငါ့အမိန့်ကို အားလုံးသိအောင် ထုတ်ပြန်လိုက် ..."

ကျန်းတုံပေသည် ၎င်းကိစ္စကို ဤမျှနှင့် အဆုံးမသတ်ချင်ပေ ။

"... ဘိုးဘေး ... လမင်းဆင်းသက်ခြင်း အဘိုးအိုက နတ်ဘုရား အဆင့် စာရင်းထဲတောင် ဝင်တဲ့လူ မဟုတ်ဘူး .... ကျွန်တော်တို့ သူ့ကို ဘာကြောင့် ကြောက်ရမှာလဲ ...?"

ကျန်းတုံပေက စောဒကတက်လိုက်သည်။

ထိုစကားကိုကြားချိန်၌ ကျန်းဖေးက ကျန်းတုံဖေးဘက်သို့ လှည့်ကြည့်ကာ လှောင်ပြောင်သရော်သော လေသံဖြင့်

"....သူ့အမည်စာရင်း ဘာကြောင့် မပါလဲဆိုတော့ သူဝင်မပြိုင်တော့တာ ငါးကြိမ်ရှိနေလို့ဘဲ .... အဲ့လိုသာမဟုတ်ရင် မိုးပြာရောင် နဂါးတက္ကသိုလ်ကျောင်းအုပ် ပထမနေရာကို သက်တောင့်သက်သာနဲ့ ရသွားမယ်ထင်လား ... ?
အနက်ရောင် လိပ် ကြယ်စင်စုရဲ့ အစွမ်းအထက်ဆုံး သိုင်းပညာရှင်ဘွဲ့ကိုရော ဖုယန် ရလိမ့်မယ်လို့ ထင်လား ...?"

ကျန်းတုံပေလည်း အကြီးအကျယ် တုန်လှုပ်သွားသည်။
လတ်စသတ်တော့ အဲ့ဒိအဘိုးကြီး ဝင်မပြိုင်တာ ငါးကြိမ်တောင် ရှိပြီပဲ .....!
တစ်ကြိမ်သည် အနှစ်တစ်သောင်းနှင့် ညီမျှပြီး ငါးကြိမ်ဆိုသည်မှာ အနှစ်ငါးသောင်းနှင့် ညီမျှသည်။

ကျန်းဖေးက နောက်တခွန်း ထပ်ဖြည့်ပြောလိုက်သည်

".... အဲ့ဒီအဘိုးကြီးက လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်သောင်းလောက်ကတည်းက နတ်ဘုရားအဆင့်သတ်မှတ်ချက်မှာ ပထမနေရာကို ရပြီးသား ...."

ကျန်းတုံပေလည်း တုန်လှုပ်ခြောက်ခြားစွာဖြင့် လေအေးများကို ရှိုက်သွင်းလိုက်သည်

လွန်ခဲ့တဲ့ အနှစ်ခြောက်သောင်းက နတ်ဘုရားအဆင့်သတ်မှတ်ချက်ရဲ့ ပထမနေရာ ....!

ကျန်းဖေး၏ လှောင်ပြောင်သရော်သံက ပိုမိုနက်ရှိုင်းလာသည်

".... မိုးပြာရောင် နဂါး တက္ကသိုလ်ကျောင်းအုပ်တောင် အဲ့ဒီ မိစ္ဆာအိုကြီးကို ကြောက်တယ် .....
ဘာလဲ မင်း သူနဲ့ ယှဉ်ဆိုင်နိုင်မယ်လို့ ထင်လား ...?
မင်းကို တစ်ခုထပ်ပြောလိုက်မယ် ... ငါ့အဖေက ငါ့ကို အဲ့ဒိအဘိုးကြီးရဲ့ ဂိုဏ်းထဲကို ဝင်စေချင်ခဲ့တာ ...."

ဤအရာသည် ကျန်းတုံပေအတွက် နောက်ထပ် သတင်းကြီးတစ်ခုဖြစ်သည်။
ကျန်းဖေးကခေါင်းခါလိုက်သည်

".... ဒါပေမယ့် အဲ့ဒီအဘိုးကြီးက ငါ သူ့တပည့်လုပ်ဖို့ အရည်အချင်းမမှီဘူးဆိုပြီး ငြင်းလိုက်တယ် ..."

ထိုစကားကြောင့် ကျန်းတုံပေ၏ စိတ်က ဗလာကျင်းသွားသည်။

".... ဒါပေမယ့် နှစ်ပေါင်းများစွာ ကြာပြီးမှ မိစ္ဆာအိုကြီးရဲ့ တပည့်အဖြစ်ရွေးချယ်ခံလိုက်ရတဲ့ အဲ့ဒီကောင်လေး ဘယ်သူလဲဆိုတာတော့ ငါတကယ်ပဲ သိချင်မိတယ် ....အဲ့ဒီ မိစ္ဆာအိုကြီးရဲ့ တပည့်ဖြစ်ဖို့ဆိုတာ တော်ရုံလောက်နဲ့ မဖြစ်နိုင်ဘူး....!"

ကျန်းဖေးက ကြေကွဲစွာဖြင့် ပြောလိုက်သည်

".... အဲ့ဒီဆံပင်အနက်နဲ့ကောင်လေး ဘယ်သူလဲဆိုတာကိုရော စုံစမ်းပြီးပြီလား ..."

ကျန်းတုံပေလည်း လည်ချောင်းခြောက်သွားသည်

"... မစုံစမ်းရသေးပါဘူး ....  ရှီရှောင်ဖေးနဲ့ အဲ့ဒီကောင်လေးက အရမ်းရင်းနှီးတာကိုပဲ ကျွန်တော်တို့သိပါတယ် ... သူတို့နှစ်ယောက်က ချစ်သူတွေဖြစ်ဖို့များပါတယ် ... နောက်ပြီး အရူးသိုင်းဆရာမကြီး ယန်ယီကလည်း အဲ့ကောင်လေးကို  သိနေတဲ့ပုံပဲ ..."

ကျန်းဖေးမျက်နှာက ပို၍ တည်ကြည်သွားသည်

".... သေချာစုံစမ်းလိုက် ... နောက်ပြီး ဟန်အာကိစ္စကိုလည်း ဒီနေရာမှာပဲ ရပ်လိုက်တော့ ...
စားသောက်ဆိုင်ထဲမှာ ဖြစ်ပျက်ခဲ့တာတွေကို မြင်ခဲ့တဲ့လူတွေကိုလည်း နှုတ်ပိတ်ထားလိုက် ....
ဒီအကြောင်းကို ဘယ်သူမှ ပြောတာ မကြားချင်ဘူး ... ဒီအကြောင်းပြောတဲ့လူကို သစ္စာဖောက်မှုနဲ့ သတ်မယ်ဆိုပြီး ကြော်ငြာလိုက် ...."

"... ကောင်းပါပြီ ဘိုးဘေး ..."

ကျန်းတုံပေလည်း မျက်နှာမကြည်မသာဖြင့် အမိန့်နာခံလိုက်သည်။

".... သွားတော့ ..."

ကျန်းဖေးက ကျန်းတုံဖေးကို လက်ခါပြလိုက်သည်။

ကျန်းမိသားစု စံအိမ် .....

သူ့အဖေ ပြန်လာတာကိုမြင်တော့ ကျန်းဟန်လည်း
သူ့အဖေအနားသို့ အလျင်အမြန် သွားပြီး မေးမြန်းလိုက်သည်

"... အဖေ .... ဘိုးဘေးက ဘာများ ညွှန်ကြားချက်ပေးလိုက်လဲ ....?"

ကျန်းတုံပေသည် တစ်စုံတစ်ရာကို ပြောလိုဟန်ဖြင့် ချီတုံချတုံ ဖြစ်နေသည်။ ထိုနောက် မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်

".... အဲ့ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်တော့ ...
နောက်ပိုင်းကြရင် မင်း သူတို့သုံးယောက်ကို ရန်သွားမစနဲ့ ... သူတို့နဲ့ တတ်နိုင်သမျှရှောင် ....
ကျန်းမိသားစုထဲမှာလည်း အဲ့ဒီကိစ္စကို မပြောဖို့ တားမြစ်လိုက်ပြီ .... မဟုတ်ရင် မိသားစုစည်းကမ်းအတိုင်း သစ္စာဖောက်မှုနဲ့ အပြစ်ပေးခံရမယ် ..... အဲ့ဒါ ဘိုးဘေးရဲ့ အမိန့်ပဲ ....!"

ကျန်းဟန်လည်း မျက်လုံးပြူးပြီး မယုံနိုင်အောင် ဖြစ်သွားသည်။
ဒီနေရာမှာတင် ရပ်ရမယ် ...?
ဒီအတိုင်း အဆုံးသတ်လိုက်ရမှာလား ...!
ထိုအပြင် ကျန်းဟန်သည် အနှီလူ သုံးယောက်နှင့် ဝေးကွာကို ရှောင်တိမ်းရမှာဖြစ်သည်။

"... အဖေ ... ကျွန်တော်တို့ ကျန်းမိသားစုဆိုတာ ထိပ်သီးမိသားစု နှစ်ဆယ့်သုံးခုထဲက တစ်ခုပါ ....
အရူးသိုင်းဆရာမကြီး ယန်ယီလောက်ကို ကျွန်တော်ဘက်က ကြောက်နေဖို့ လိုလို့လား ....?"

ကျန်းဟန်လည်း မခံချင်စိတ်ဖြင့် အသံကုန် အော်လိုက်သည်။ ကျန်းတုံပေ၏ လက်ဝါးက ကျန်းဟန်၏ မျက်ခွက်ပေါ်သို့ မဆိုင်းမတွ ကျရောက်လာသည်။ ကျန်းဟန်လည်း ရစ်လုံးဖြေလိုက်သလို အဝေးသို့ လိမ့်သွားသည်။

".... ပြဿနာကို မီးခွက်ထွန်းရှာတဲ့ကောင် .... မင်းလည်း အနောက်ဘက်တောင်မှာ အနှစ်တစ်ရာကြာအောင် သိုင်းလေ့ကျင့်ဖို့ပြင်ထား.....!"

ကျန်းတုံပေက မာမာထန်ထန် ဆူငေါက်လိုက်သည်။
ယောင်ကိုင်းသွားသော သူ့မျက်နှာကို ဆုပ်ကိုင်ရင်း ကျန်းဟန်မျက်လုံးထဲမှ မျက်ရည်များ စီးကျလာသည်။ ထိုနောက် အံကြိတ်ပြီး အနောက်ဘက်သို့ လှည့်ထွက်သွားသည်။

"... ကလေကချေကောင် ... အဘိုးကြီး ... ဒီကိစ္စ ဒီမှာတင် ပြီးမယ် မထင်နဲ့  ....!

စားသောက်ဆိုင်ထဲတွင် အရှက်ကွဲခံသည် မြင်ကွင်းကို ပြန်လည်မြင်ယောင်မိတိုင်း ကျန်းဟန် နှလုံးအိမ်ထဲမှာ လူသတ်ချင်စိတ်များဖြင့် ဆူပွက်လာသည်။ ထိုအချိန်တွင် ရှောင်လုံတို့ သုံးယောက်က ယန်ယီအိမ်တော်သို့ ပြန်ရောက်လာသည်။ ယန်ယီအိမ်တော်တွင် ရှောင်လုံ သုံးရက် ထပ်နေလိုက်သည်။

သုံးရက်ကြာပြီးနောက် ရှောင်လုံသည်  လမင်းဆင်းသက်ခြင်း အဘိုးအိုနှင့်အတူ အနက်ရောင် သူရဲကောင်း တက္ကသိုလ်သို့ ပြန်လိုက်သည်။
ရိုးရိုးသားသားဆိုရလျှင် မဟာနတ်ဘုရားတစ်ယောက်က လက်ရင်းတပည့်အဖြစ် လက်ခံလိုခြင်းအပြင် နာမည်ကျော် ရှေးဟောင်းဂိုဏ်းကြီးတစ်ခု၏ အမွေအနှစ်နှင့် ဂိုဏ်းခေါင်းဆောင်ရာထူးကို ပိုင်ဆိုင်နိုင်ခြင်းမှာ သေချာပေါက် ပျော်ရွှင်ရမည့် ကိစ္စတစ်ခု ဖြစ်သည်။
သို့သော် ရှောင်လုံက ၎င်းပျော်ရွှင်မှုကို ခံစားနိုင်ခြင်း မရှိပေ ။

လမ်းခရီးတစ်လျှောက် သာလိကာတစ်ကောင်လို တလစပ်လွှတ်နေသည့် အဘိုးအိုကြောင့် ရှောင်လုံသည် နားနှစ်ဖက်မှ အငွေ့များ ထွက်လာလုမတတ်ပင် နားပူနေသည်။ ရှောင်လုံအတွက် အဘိုးအိုသည် တွတ်ထိုးနေသော ငှက်တစ်ကောင်အဆင့် မဟုတ်ဘဲ တလစပ်တွတ်ထိုးနေသော ငှက်တစ်အုပ် အဆင့် ဖြစ်နေသည်။

ယခင်က တန်ဂူကမ္ဘာမှ မြောက်ဘက်ရေခဲကမ္ဘာဆီသို့ ရှောင်လုံ အချိန်တစ်လကြာခဲ့သည်။  သို့သော် အပြန်ခရီးသည် ထိုအချိန်၏ နှစ်ဆနီးပါး ကြာမြင့်ခဲ့သည်။ လမင်းဆင်းသက်ခြင်း အဘိုးအိုသည် တလစပ် တွတ်ထိုးနေသော ငှက်တစ်ကောင်နှင့်တူသော်လည်း ၎င်းထံမှ ဆေးဖော်စပ်မှုနှင့် ပတ်သတ်သော အသိပညာအမြောက်အများကို ရှောင်လုံ ရရှိခဲ့သည်။ အဘိုးအိုက သူနှစ်ပေါင်းမြောက်များစွာ အရိပ်တကြည့်ကြည့် သိမ်းဆည်းထားခဲ့သော နတ်ဘုရားကျော်ဖြတ်ခြင်း ဆေးလုံးက်ိုလည်း ရှောင်လုံကို ပေးလိုက်သည်။

အဘိုးအို၏ စကားအရ ထိုအင်မော်တယ်နတ် ဆေးလုံးသည် စကြာဝဠာ လေးခုစလုံးတွင် နောက်ဆုံးကျန်သော ဆေးတစ်လုံး ဖြစ်သည်။
ထိုဆေးလုံးကို သောက်သုံးသူသည် မရေတွက်နိုင်သော အကျိုးကျေးဇူးများကို ရရှိနိုင်သည်။
အကျိုးကျေးဇူး မည်မျှ များပြားသနည်းဆိုသည့် အချက်ကိုတော့ ရှောင်လုံလည်း တိကျစွာ မသိပေ ။
သို့သော် ထိုဆေးလုံးကို သောက်ပြီးနောက်ပိုင်း ရှောင်လုံ အတွင်းအားများသည် နတ်ဘုရားအဆင့် ၅ နောက်ဆုံး၏ အထွတ်အထိပ်အဆင့်မှ နတ်ဘုရား အဆင့် ၆ သို့ တက်လှမ်းသွားသည်။

ထိုကြောင့်လည်း ရှောင်လုံစိတ်ထဲမှာ အဘိုးအိုကို ယခင်ကလို ပြဿနာအိုးကြီးအဖြစ် မမြင်တော့ပေ။
တန်ဂူကမ္ဘာမှ ကူးပြောင်းခြင်း အစီအရင်ကိုအသုံးပြုပြီးနောက် တိမ်ပင်လယ်ပင်မကုန်းမြေဆီသို့ ရှောင်လုံတို့နှစ်ယောက် ပြန်ရောက်လာသည်။ ထိုအခါကြမှ ရှောင်လုံလည်း စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။

နောက်ဆုံးတော့ သူ ပြန်ရောက်လာချေပြီ ...!

ရှောင်လုံသည် အဘိုးအိုနေထိုင်ရန်အတွက် အနက်ရောင် သူရဲကောင်းမြို့ထဲမှ လျှိုတောင်းအိမ်တော်တွင် အခန်းပြင်ပေးလိုက်သည်။ ၎င်းနေရာသည်ရှောင်လုံတို့မိသားစု ရွှေနဂါးတောင်ထိပ်သို့ ပြောင်းရွေ့သွားချိန်ကတည်းက လူသူကင်းမဲ့နေခဲ့သည်။

ပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက် အဘိုးအိုက စိတ်ကျေနပ်သွားသည့်ပုံစံဖြင့် ပြုံးပြီး ခေါင်းညိတ်လိုက်သည်

"... တပည့်လေး ... အနက်ရောင် သူရဲကောင်းမြို့ရဲ့ မြို့လယ်ခေါင်လိုနေရာမှာ ဒီလိုအိမ်မျိုးဝယ်နိုင်
တယ်ဆိုတော့... မင်းမဆိုးဘူးဘဲကွ .... ကြည့်ရတာ ငါ့တပည့်က ဘောစိထင်တယ် ...."

ရှောင်လုံကိုကြည့်နေသည့် အဘိုးအို မျက်လုံးများက တလက်လက် တောက်ပလာသည်။
ရှောင်လုံလည်း အဘိုးအို၏အကြည့်အောက်တွင် သူ့တစ်ကိုယ်လုံး ဗလာကျင်းသွားသလို ခံစားလိုက်ရသည်။

"..  ငါဒီမှာစောင့်နေတယ်လို့  ဖုယန်ဆိုတဲ့ကောင်လေးကို အခုသွားပြောလိုက် .... သူရောက်လာမှ မင်းကို တပည့်အဖြစ် လက်ခံဖို့ ဆက်ပြောကြတာပေါ့ ...."

အဘိုးအို၏လေသံက ရုတ်တရက် ပြောင်းလဲသွားပြီး ရှောင်လုံကို နှင်ထုတ်လိုက်သည်။
ရှောင်လုံလည်း လွတ်ပြီကျွတ်ပြီဆိုသည့်သဘောဖြင့် အဘိုးအိုအရှေ့မှ ခပ်သုတ်သုတ် ထွက်ပြေးသွားသည်။

အသက်လု မပြေးရုံတမယ်ထွက်ပြေးသွားသော ရှောင်လုံကိုကြည့်ပြီး အဘိုးအိုက အားပါးတရ ပြုံးကာ

" ... ဒီကောင်ကတော့လေ ....!"

လမ်းခရီးတလျှောက် ရှောင်လုံနှင့် နှစ်လနီးပါးကြာအောင် အတူခရီးသွားပြီးနောက် အဘိုးအိုသည် ရှောင်လုံကို ပိုမိုနှစ်သက်သွားသည်။ ထိုကြောင့် အဘိုးအိုက ဘယ်သူပင် တားတား ရှောင်လုံကို ရအောင် တပည့်တော်မည်ဟု သူစိတ်ထဲမှာ ဆုံးဖြတ်လိုက်သည် ။

အနက်ရောင် သူရဲကောင်း တက္ကသိုလ်သို့ ရှောင်လုံ ပြန်နေစဉ် နဂါးအဖွဲ့အစည်းတည်ရှိရာ တောင်ထိပ်တစ်ခုပေါ်တွင် အင်အားကြီးအားသော
မြည်ဟိန်းသံကြီး ဖြစ်ပေါ်လာသည်။ ထိုနောက် ကောင်းကင်ထက်သို့ လူတစ်ယောက် ပျံတက်လာပြီး အားပါးတရ ရယ်မောလိုက်သည်

".... ဟားဟား .... နောက်ဆုံးတော့ ... ငါ ...ကျောင်းယု .... နတ်ဘုရားအဆင့်  ၇ ကို တက်လှမ်းနိုင်ခဲ့ပြီကွ .... "

ထိုအသံကိုကြားလိုက်သည်အခါ နဂါးအဖွဲ့အစည်းမှ စည်းကမ်းထိန်းသိမ်းရေးမှုးများဖြစ်ကြသော လင်းတုံ ၊ စမ်းလျန် ၊ တုရှန် နှင့် တခြားလူများက ဟောခန်းမဆောင်အတွင်းမှ အလျင်အမြန် ပြေးထွက်ကာ ပျော်ရွှင်သော အမူအရာများဖြင့် ကျောင်းယုကို ကြိုဆိုလိုက်ကြသည်။

သူတို့နဂါးအဖွဲ့အစည်း၏ ခေါင်းဆောင်သည် နတ်ဘုရားအဆင့် ၇ သိုင်းပညာရှင်တစ်ယောက် ဖြစ်လာခဲ့ချေပြီ.....!

ဤနေ့ရက်ကို သူတို့ စောင့်ဆိုင်းခဲ့ကြသည်မှာ အချိန်အတော်ကြာခဲ့လေပြီ ......!

.......

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၆၅၅ ..... ရွှေနဂါးတောင်ထိပ် တိုက်ခိုက်ခံရခြင်း

"....နတ်ဘုရားအဆင့် ၇ ကိုတက်လှမ်းနိုင်ခဲ့တဲ့ အတွက် ဂုဏ်ယူပါတယ် ခေါင်းဆောင်ကြီး ....!"

ဧည့်ခန်းမဆောင်အတွင်းမှ ပြေးထွက်လာကြသော နဂါးအဖွဲ့အစည်းမှ လူများက ကျောင်းယုကို အရိုအသေပေးပြီးနောက် တညီတညာတည်း ဂုဏ်ပြုလိုက်ကြသည်။ ကျောင်းယုထံမှ ပျော်ရွှင်စွာ ရယ်မောသံ ထွက်ပေါ်လာသည်။ ထိုနောက် သူ့လက်ကိုမြှောက်ကာ ရိုးရှင်းသော ပုံစံဖြင့် အရှေ့ဘက်သို့ လက်ညိုးထိုးလိုက်သည်။  စွမ်းအားလှုပ်ရှားမှု အနည်းငယ်မျှ ဖြစ်ပေါ်လာခြင်း မရှိသော်လည်း အားလုံး၏ ရှေ့တွင်ရှိနေသည့် ဧရာမတောင်ကုန်းကြီးက ရုတ်တရက် ပြိုလဲကျသွားသည်။

ထိုမြင်ကွင်းက နဂါးအဖွဲ့သားများကို အံ့သြမှင်တက်သွားစေသည်။

"....အခု ခေါင်းဆောင်က နတ်ဘုရားအဆင့် ၇ ကို တက်လှမ်းနိုင်ခဲ့ပြီဆိုတော့ အထူးကျောင်းသားတွေကြားထဲမှာ နံပါတ်တစ် ဖြစ်ပြီ ....."

"....ဟုတ်တယ် ... ဟောင်ရှောင်လုံ ၊ ဖန်ဟိုင်ချန် ၊ ဝမ်ရှောင်မေ ၊ ဂူဒူကျိုး နဲ့ လုံကျွင်းကျီတို့ ငါးယောက်ပေါင်းတိုက်မယ်ဆိုရင်တောင် ခေါင်းဆောင်ကို ယှဉ်နိုင်မှာ မဟုတ်တော့ဘူး ..."

တုရှန်နှင့် တခြားလူများက ကျောင်းယုကို မြှောက်ပင့်ချီးကျူး လိုက်ကြသည်။

"... ဟောင်ရှောင်လုံ  ... သူကဘယ်သူလဲ ..?"

ကျောင်းယုက သူတစ်ခါမှ မကြားဘူးသေးသော အမည်ကြောင့် စိတ်ဝင်စားစွာဖြင့် ပြန်မေးလိုက်သည်။ ရှောင်လုံ အနက်ရောင် သူရဲကောင်း တက္ကသိုလ်သို့ စရောက်လာချိန်နှင့်  ကျောင်းယု တံခါးပိတ်လေ့ကျင့်ခန်းဝင်နေသည့် အချိန်က တိုက်ဆိုင်နေသည်။ ထိုကြောင့် ရှောင်လုံ အမည်ကို သူ ယခုမှ ပထမဆုံး ကြားဘူးခြင်း ဖြစ်သည်။

လင်းတုံနှင့် တခြားလူများသည် ရှောင်လုံအကြောင်း သူတို့သိထားသမျှကို ကျောင်းယုထံ တစ်ယောက်တစ်ခွန်း အစီရင်ခံ လိုက်ကြသည်။
တက္ကသိုလ်၏ တပည့်ရွေးချယ်ပွဲတွင် ရှောင်လုံ ပထမရသည်မှစ၍ အနက်ရောင် သူရဲကောင်း တက္ကသိုလ် ကျောင်းအုပ်ကြီး၏ လက်ရင်းတပည့် ဖြစ်လာသည်အထိ ဇတ်လမ်းကို နားထောင်ရင်း ကျောင်းယု မျက်လုံးများက တဖြည်းဖြည်း ကျဉ်းမြောင်းလာသည်။

အပြင်စည်းတပည် ရွေးချယ်ပွဲတွင် ရှောင်လုံက ဝမ်ပြောင်ယွမ်ကို အနိုင်ယူပြီး ပထမကို ထပ်မံရယူနိုင်ခဲ့သည့် အကြောင်းကို ကြားသိလိုက်ကသောအခါ ကျောင်းယုစိတ်ထဲမှာ တုန်လှုပ်သွားသည်။ ထိုအပြင်  အတွင်းစည်း တပည့်ရွေးချယ်ပွဲတွင် ရှောင်လုံက မိုးပြာရောင် နဂါးတက္ကသိုလ်မှ ရှောင်းမင်ကျီကိုပင် အနိုင်ရခဲ့ကြောင်း ကြားလိုက်ရသောအခါ ကျောင်းယုစိတ်ထဲ တုန်လှုပ်နေမှုသည် အလွန်အမင်း အံ့အားသင့်မှုအဖြစ်သို့ မြင့်တက်သွားသည်။  ထိုနောက် ရှောင်လုံ အထူးတပည့် အဖြစ်သို့ တိုးမြှင့်ခံရပြီး အနီရောင် မျောလွင့်တောင်တန်းဒေသမှ ရွှေနဂါးတောင်ထိပ်ကို လုယူကာ  နဂါးအဖွဲ့သားများကို ဒဏ်ရာရအောင်လုပ်ခဲ့သလို လူပုံအလယ်တွင် ရွှေနဂါးတောင်ထိပ် ပတ်ပတ်လည်မှ တောင်ထိပ် အခုနှစ်ဆယ်ကိုလည်း သူယူမည်ဖြစ်ကြောင်း ကြော်ငြာခဲ့သည် နေရာသို့ ရောက်သည့်အခါ ကျောင်းယု၏ မျက်နှာထားက ရွှံရေကဲ့သို့ မည်းညစ်သွားသည်။

ကျောင်းယုမျက်လုံးထဲတွင် စူးရှသော အလင်းတန်းတစ်ခု စုစည်းလာသည်။

".. ခေါင်းဆောင် က တံခါးပိတ် လေ့ကျင့်ခန်းဝင်နေတော့ ကျွန်တော်တို့လည်းခေါင်းဆောင်ကို မနှောက်ယှက်ရဲလို့ပါ ...."

ကျင်းထဲရှန်က ပြောလိုက်သည်

".... အခု ခေါင်းဆောင်က နတ်ဘုရား အဆင့် ၇ သိုင်းပညာရှင်ဖြစ်လာပြီဆိုတော့ ကျွန်တော်တို့အဖွဲ့အစည်းအတွက် တရားမျှတအောင် စီရင်ပေးပါ ... ဟောင်ရှောင်လုံက ကျောင်းအုပ်ကြီးရဲ့ လက်ရင်းတပည့်ဖြစ်နေတဲ့အပြင်  ကျွန်တော်တို့အားလုံးထက်လည်း နည်းနည်းလောက်ပိုပြီး အစွမ်းထက်နေတော့ ကျွန်တော်တို့ နဂါးအဖွဲ့အစည်းကို နည်းနည်းမှ ဂရုစိုက်တာ မဟုတ်ဘူး ...! ကျွန်တော်တို့ နဂါးအဖွဲ့အစည်းမှာ ရှိတဲ့ ရာနဲ့ချီတဲ့ အဖွဲ့ဝင်တွေက ဟောင်ရှောင်လုံ တစ်ယောက်တည်းကို ကြောက်နေကြတယ်ဆိုပြီး ဂူဒူကျိုး ၊ ဖန်ဟိုင်ချန် နဲ့ တခြားလူတွေက ကျွန်တော်တို့နောက်ကွယ်မှာ လှောင်ရယ်နေကြတယ် ...."

လင်းတုံ ၊ တုရှန် နှင့် တခြားလူများကလည်း ရှောင်လုံနှင့် ပတ်သတ်၍ ဒေါသတကြီး ဝင်ပြောလိုက်ကြသည်။ ကျောင်းယုက အားလုံးငြိမ်သက်အောင် လက်ထောင်ပြလိုက်သည်။

"... ကဲ ငါတို့အခုပဲ ရွှေနဂါးတောင်ထိပ်ကို သွားကြမယ် ..."

ကျောင်းယု၏ ခန္ဓာကိုယ်မှ လူသတ်ချင်စိတ်များ
ထွက်ပေါ်နေသည်။

"... ကောင်းပါပြီ ... ခေါင်းဆောင် ...ဒါပေမယ့် လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက ဟောင်ရှောင်လုံ အပြင်ထွက်သွားတယ်လို့ ကျွန်တော်ကြားထားတယ် ... ကျွန်တော်တို့ အခုသွားလည်း သူနဲ့တွေ့မှာ မဟုတ်ဘူး ..."

ကျင်းသဲရှန်က ပြောလိုက်သည်

"... အခုချိန် ရွှေနဂါးတောင်ထိပ်မှာ သူ့မိသားစုနဲ့ သုံးစားမရတဲ့ စကြာဝဠာအဆင့် အစောင့်တွေလောက်ပဲ ရှိနေပါတယ် ..."

ကျောင်းယု မျက်နှာပေါ်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်

"... အဲ့လိုဆိုလည်း ငါတို့ အကြွေးအရင်တောင်ကြတာပေါ့ .... ဟောင်ရှောင်လုံ ပြန်လာတဲ့အချိန်ကြရင်လည်း ငါသူ့ကို ကောင်းကောင်း ကစားပြမယ် ..."

"... လာ ...ရွှေနဂါးတောင်ထိပ်ကို သွားကြမယ် ...."

ကျောင်းယုက သူနောက်မှာရှိနေသည့် လူများကို အချက်ပြလိုက်သည်။ ထိုနောက် ရွှေနဂါးအဖွဲ့သားများကို ဦးဆောင်၍ ရွှေနဂါးတောင်ထိပ်သို့ ချီတက်သွားသည်။

ထိုအချိန် ဖန်ကျားတောင်ထိပ်တွင် ဖန်ဟိုင်ချန်က ပလ္လင်ပေါ်မှာ ထိုင်နေသည်။ လီမင်ကိုကြည့်ရင်း သူ့မျက်နှာပေါ်တွင် အံ့သြသည့် အမူအရာများ ဖြစ်ပေါ်နေသည်။

"... ဘာပြောတယ် .... ကျောင်းယုက နတ်ဘုရား အဆင့် ၇ သိုင်းပညာရှင် အဆင့်ကို ကျော်ဖြတ်နိုင်သွားပြီ ဟုတ်လား ....?"

လီမင်လည်း မှိုင်းညို့ညို့ အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်

"... ဟုတ်တယ် ... ကျွန်တော်တို့လည်း ကျောင်းယု တကယ်ပဲ အောင်မြင်မယ်လိမ့်လို့ မထင်ထားဘူး ...
ကျွန်တော်ကြားခဲ့တဲ့ ကောလဟာလတွေအရဆိုရင် ကျောင်းယုက သူရဲ့နောက်ဆုံးကြိုးစားမှုမှာ ကံကောင်းခြင်းတစ်ချို့နဲ့ ကြုံတွေ့ခဲ့တယ်တဲ့ ....!
ကျောင်းယုက အခု သူရဲ့ နဂါးအဖွဲ့သားတွေနဲ့အတူ ရွှေနဂါးတောင်ထိပ်ကို သွားနေပါတယ် ..."

ဖန်ဟိုင်ချန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်

"... ဟောင်ရှောင်လုံအကြောင်းရော ဘာသတင်းထူးသေးလဲ ...?"

"....   ဟောင်ရှောင်လုံ အနက်ရောင် သူရဲကောင်းမြို့ကို ပြန်ရောက်တာ မကြာသေးဘူးလို့
လက်အောက်ငယ်သားတစ်ချို့က သတင်းပို့ထားပါတယ် ...."

လီမင်လည်း ပြောနေရင်းနှင့် မျက်မှောင်ကြုတ်သွားသည်

"..... သူကျောင်းကနေ ထွက်သွားတုံးက လက်ထောက်ကျောင်းအုပ် ဝမ်နာကို ကျွန်တော်တို့ သတင်းပို့ခဲ့တယ်မဟုတ်လား ....? လက်ထောက်ကျောင်းအုပ် ဝမ်နာ ၊ ကျောင်းမိသားစု နဲ့ မိုးပြာရောင် နဂါး တက္ကသိုလ် ဘက်က မလှုပ်ရှားကြတာများလား ....? အဲ့လိုသာမဟုတ်ရင် အဲ့ကောင် အခုချိန်အထိ ဘယ်လိုလုပ်ပြီး အသက်ရှင်နေနိုင်မှာလဲ ....!"

ဖန်ဟိုင်ချန်က မဲ့ပြုံး ပြုံးလိုက်သည်

".... အဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ငါတို့ဘာမှစိတ်ပူနေစရာမလိုဘူး  .... အခု ကျောင်းယုလည်း  နတ်ဘုရားအဆင့် ၇ သိုင်ပညာရှင်တစ်ယောက် ဖြစ်နေပြီ .... ငါတို့အနေနဲ့က ပွဲကြီးပွဲကောင်းကို စောင့်ကြည့်နေရုံပဲ ....ကျောင်းယု ဒေါသထွက်ပြီး ဟောင်ရှောင်လုံကို မသန်မစွမ်းဖြစ်အောင် လုပ်လိုက်ရင် ကောင်းမယ် ..."

ကျောင်းယု သိုင်းအဆင့်တက်သွားသည့် သတင်းသည် တခြားလူများဆီကိုလည်း အလျင်အမြန် ရောက်ရှိသွားသည်။ သို့သော် သူတို့အားလုံးသည် ဖန်ဟိုင်ချန်ကဲ့သို့ အနောက်မှာနေ၍ ပွဲကြီးပွဲကောင်းကို စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်ကြသည်။

နာရီအနည်းငယ်ခန့်ကြာပြီးနောက် ရွှေနဂါးတောင်ထိပ်သို့ ဖန်ဟိုင်ချန်တို့လူစု ရောက်ရှိလာကြသည်။  ကြွယ်ဝပေါများသော စိတ်ဝိညာဉ်စွမ်းအင်များမှတဆင့် ဖြစ်ပေါ်နေသည့်  စိတ်ဝိညာဉ်တိမ်တိုက်များ ရွှေနဂါး တောင်ထိပ်တွင် ရစ်ဝဲနေသည့် မြင်ကွင်းကိုကြည့်ရင်း ကျောင်းယု စိတ်ထဲမှာ အလွန်ပင် အံ့အားသင့်သွားသည်။
ရွှေနဂါးတောင်ထိပ်ကို ရှောင်လုံ သိမ်းပိုက်ပြီးနောက်
၎င်းနေရာမှ စိတ်ဝိညာဉ်စွမ်းအားများသည် ဤအဆင့်အထိ မြင့်တက်လာလိမ့်မည်ဟု သူ့ မထင်ထားခဲ့ပေ ။ သူ့၏ အံ့အားသင့်မှုနေရာတွင် ပျော်ရွှင်မှုများက အစားထိုးနေရာယူသွားသည်။
ဤနေ့မှစ၍ ရွှေနဂါးတောင်ထိပ်ကို သူသာပိုင်ဆိုင်ရမည်ဟု ကျောင်းယုစိတ်ထဲမှာ ကြွေးကြော်လိုက်သည်။

ထိုနောက် ကျောင်းယု၏ အကြည့်သည် တောင်ထိပ်ပေါ်တွင် နန်းတော်ရှစ်ဆယ့်တစ်ခုဖြင့် ဖွဲ့စည်းထားသော ဘာဂူအာ အစီအရင်ပေါ်သို့ ကျရောက်သွားသည် ။ ထိုမြင်ကွင်းကိုကြည့်ရင်း သူ့မျက်လုံးများက အရောင်လက်လာသလို ရယ်သံအကျယ်ကြီးလည်း ထွက်ပေါ်လာသည်

"... ကောင်းတယ် ...တကယ်ကိုကောင်းတာပဲ ....
ဒီနေ့ကစပြီး ရွှေနဂါးတောင်ထိပ်က ငါ့အပိုင်ပဲ ....
မင်းတို့အားလုံးလည်း ငါနဲ့အတူ ရွှေနဂါးတောင်ထိပ်မှာ သိုင်းလေ့ကျင့်ကြ .... "

အနှီစကားကိုကြားချိန်၌ ရွှေနဂါးအဖွဲ့ဝင်များက ပျော်ရွှင်စွာ ဟစ်ကြွေးလိုက်ကြသည်။

".... ရွှေနဂါး တောင်ထိပ်ပေါ်က လူတွေက နားထောင်စမ်း .... နဂါးအဖွဲ့အစည်းခေါင်းဆောင် ကျောင်းယုဆိုတာ ငါပဲ....  မင်းတို့အားလုံး ရွှေနဂါးတောင်ထိပ်ကနေ အခုချက်ချင်း ထွက်လာခဲ့ ..   ဒူးထောက်ပြီး အသက်ချမ်းသာပေးဖို့အတွက် ငါ့ကို တောင်းပန်ကြစမ်း ... အဲ့ဒါဆို မင်းတို့ကို  အသက်ချမ်းသာပေးဖို့ စဉ်းစားပေးမယ်  ..."

ကျောင်းယုသည် သူအသံထဲတွင် အတွင်းအားထည့်ပြီး ပြောလိုက်သည်

".... မင်းတို့ကို အကြောတင်းပြီး ငါကိုအတင်းအကျပ်လုပ်ခိုင်းရင်တော့  .... ငါ ရွှေနဂါးတောင်ထိပ်က ခံစစ်ကို ချိုးဖျက်ပြီးတာနဲ့ မင်းတို့အကုန်လုံး သေချင်စိတ် ပေါက်သွားလိမ့်မယ်..."

အနက်ရောင် သူရဲကောင်း တက္ကသိုလ်သည် ကျောင်းသားအချင်းချင်း သတ်ဖြတ်ခြင်းကို တားမြစ်ထားသော်လည်း ဤလူများက ဟောင်ရှောင်လုံ ခေါ်သွင်းလာသည့် အစေခံများ ဖြစ်ကြသည်။ ထိုကြောင့် သူတိုိ့ုကိုသတ်သည့်ကိစ္စနှင့်ပတ်သတ်၍ ကျောင်းယုစိတ်ထဲမှာ အနည်းငယ်မျှ စိတ် စနိုးစနောင့်ဖြစ်နေခြင်း မရှိပေ ။

ရွှေနဂါးတောင်ထိပ်တွင် ရှိနေသည့် ဟောင်ပန် နှင့် တခြားလူများက ကျောင်းယုစကားကြောင့် ပျာယာခတ်ပြီး စိတ်ခြောက်ခြားကုန်ကြသည်။

"... လုံအာလည်း ရှိမနေဘူး ... ကျွန်မတို့ဘာလုပ်ကြမလဲ ...?"

စုရန်ရင်ထဲမှာ အရမ်းကို စိုးရိမ်နေသည်။

"... ဘာမှစိတ်ပူမနေနဲ့ ဘာမှမဖြစ်ဘူး ... ရှောင်လုံ အစောကြီးထဲက ပြောပြီးသား ... ငါတို့ ရွှေနဂါးတောင်ရဲ့ ခံစစ်ကို အရမ်းကိုမာကျောတယ် ငါတုိ့ အပြင်ကို မထွက်သရွေ့ ငါတို့အတွက် အန္တရာယ် မရှိဘူး ...."

ဟောင်ပန်၏ လေသံက သြဇာအာဏာဖြင့် ပြည့်ဝနေသည်။ သို့သော် ဟောင်ပန်ကိုယ်တိုင်လည်း တခြားလူများကဲ့သို့ စိုးရိမ်ထိတ်လန့်နေသည်။
ရှောင်လုံပြောခဲ့သလို ရွှေနဂါးတောင်ရဲ့ ခံစစ်က တကယ်ပဲ မာကျောရဲ့လား ...?

ရွှေနဂါးတောင်ထိပ် အပြင်ဘက်တွင် ကျောင်းယုက အချိန်အနည်းငယ် စောင့်ဆိုင်းနေသည်။ သို့သော် အတွင်းဘက်မှ တုန့်ပြန်သံနှင့် လှုပ်ရှားမှု တစ်စုံတစ်ရာကို မမြင်ရတာကြောင့် ကျောင်းယု မျက်လုံးထဲတွင် လူသတ်ချင်စိတ်များ ပိုမိုတိုးပွားလာသည်။

"... ကောင်းပြီလေ ... ဒါက မင်းတို့ရဲ့ အဖြေဆိုမှတော့ ....ဒီခေါင်းဆောင်က သွေးမိုးရွာအောင် လုပ်ပေးရသေးတာပေါ့ ...."

ကျောင်းယု၏ လေသံက ပို၍ အေးစက်လာသည်

".... ငါလည်း အကြောအခြင် ပြေတာပေါ့ ...."

ထိုနောက် ကျောင်းယုက လေထဲသို့ အမြင့်ကြီး ပျံလိုက်သည်။  လေထဲမှ သူ့စကားသံက လှိုင်းတွန့်များသဖွယ် ပျံနှံလာသည်

".... နတ်ဘုရား အဆင့် ၇ သိုင်းပညာရှင်တစ်ယောက်ရဲ့ စွမ်းအားက ဘယ်လောက်ကြောက်စရာကောင်းသလဲဆိုတာကို မင်းတို့သိအောင် ပြသပေးရတာပေါ့လေ .....

Fortsätt läs

Du kommer också att gilla

Re:Cursed Av

Äventyrsromaner

43.6K 1.4K 21
Y/N: CAN I GET A REDO PLSS!!!. Dark: Nope. Y/N: WHY?!, It was all good I got my isekai cheat skill and I got to design how I look like in the end all...
32.1K 1.3K 24
Basically, the sin of sloth got transported to the world of demons, reapers, and angles by her littler brother greed. Let's see how sloth have a new...
19.5K 787 12
In the starlit festivities of Penacony, she meets Caelus, a figure shrouded in mystery who shines as a beacon into her enduring night. He was her lig...
60.4K 1.4K 16
Captain Henry Donnager expected a quiet career babysitting a dusty relic in Area 51. But when a test unlocks a portal to a world of knights and magic...