ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

Av Azure5549

47K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... Mer

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

636 - 640

177 10 0
Av Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၆၃၆ .....

တစ်ရက်ကြာပြီးနောက်  နန်းတော် ရှစ်ဆယ့်တစ်ခုကို ရှောင်လုံ တည်ဆောက် ပြီးသွားသည်။ ထိုနန်းတော်ရှစ်ဆယ့်တစ်ခုသည် ရှောင်လုံနေထိုင်မည့် ရွှေနဂါးတောင်ထိပ်အား ဝန်းရံထားကြသည်။ နန်းတော်တစ်ခုနှင့်တစ်ခု အဋ္ဌဂံ
ပုံသဏ္ဍာန် ချိတ်ဆက်ထားကြသည်။

ရှောင်လုံသည် ထိုနန်းတော်ရှစ်ဆယ့်တစ်ခုကို အသုံးပြု၍ "..ခန်းမဆောင်ကိုးခု၏ နန်းတော် .."
ဘာဂူအာ သုံးမြောင့် အစီအရင်ကို ပုံဖော်လိုက်သည်။ ၎င်းအစီအရင်သည် ရှေးခတ်တွင် နာမည်ကျော်ကြားခဲ့သော နတ်ဘုရားအဆင့် အစီအရင်တစ်ခု ဖြစ်သည်။ ထိုအစီအရင်ထဲတွင် ခံစစ်၊ တိုက်စစ် ၊ ပုံရိပ်ယောင် လှည့်စားခြင် အစရှိသဖြင့် အစီအရင်များစွာ ပါဝင်သည်။

ထိုအပြင် နန်းတော်များကို နတ်ပြည်မှ သံမဏိဖြင့် တည်ဆောက်ထားမှုသည် အစီအရင်၏ ခံစစ်စွမ်းရည်ကို များစွာ တိုးတက်သွားစေသည်။
ရှောင်လုံ နေထိုင်မည့်နေရာ၏ ခံစစ်သည် ထိပ်သီးမိသားစုများ၏ ဋ္ဌာနချုပ်တွင် ပြုလုပ်ထားသော အစီအရင်နီးပါးကို အစွမ်းထက်သည်။

ရှောင်လုံက အစီအရင် အခင်းအကျင်နှင့် ပတ်သတ်၍ နက်ရှိုင်းသော အသိပညာ မရှိသော်လည်း အစီအရင် ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည့် အောင်းတိုင်ရီ၏ အကးအညီဖြင့်
နန်းတော်ကိုးခု ဘာဂူအာ သုံးမြောင့် အစီအရင်ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။

ထိုနန်းတော် ရှစ်ဆယ့်တစ်ခုသည် ရှောင်လုံရှင်းလင်းထားသော မြေနေရာ၏ ဆယ်ပုံရှစ်ပုံကိုသာ နေရာယူထားသည်။  ရှောင်လုံက လွတ်နေရာ နေရာတွင် စိတ်ဝိညာဉ် ပန်းပင် နှင့် ဆေးမြစ်များ စိုက်ပျိုးရန် စီစဉ်ထားသည်။

အားလုံးပြီးစီသွားပြီးနောက် ရှောင်လုံက ချီဝမ်ပေးထားသည့် ဆယ်ကြိမ်သတ် ဓားဆယ်ချောင်းကို ထုတ်လိုက်သည်။ ထိုနောက် အောင်းတိုင်းရီ သင်ပေးထားသော လျှို့ဝှက်နည်းစနစ်အတိုင်း ရှေးဟောင်း အစီအရင်တစ်ခု ပြုလုပ်လိုက်သည်။

အကယ်၍ တစ်စုံတစ်ယောက်သည် ရွှေနဂါးတောင်ထိပ်ကို တိုက်ခိုက်ရန် ကြံစည်ခဲ့လျှင် ဆယ်ကြိမ်သတ် ဓားဆယ်ချောင်းဖြင့် ပြုလုပ်ထားသော ရှေးဟောင်းအစီအရင်က အလိုလို အသက်ဝင်လာပြီး ရန်သူများကို သုတ်သင်ရှင်းလင်းမှာ ဖြစ်သည်။
ရှောင်လုံက နန်းတော်ရှစ်ဆယ့်တစ်ခု၏ အလယ်တွင် မီးတောက်ယန် ကျောက်စိမ်းကို အသုံးပြု၍ ကြီးမားသော ကျောက်စိမ်းရေကန်ကြီးတစ်ခု တည်ဆောက်လိုက်သည်။ ထိုအပြင် ကျောက်စိမ်းရေကန်၏ အပေါ်တွင် စွမ်းအင်ထိန်းချုပ်ခြင်း အစီအရင်တစ်ခု ပြုလုပ်လိုက်သည်။  ထိုနောက် လွေယန်ပေးထားသော ယန်ကိုးမျိုးရေစင်များကို ကျောက်စိမ်းရေကန်အတွင်းသို့ လောင်းချလိုက်သည်။
စွမ်းအင်ထိန်းချုပ်ခြင်း အစီအရင်ပြုလုပ်ထားခြင်းကြောင့် ကျောက်စိမ်းရေကန်အတွင်းရှိ ယန်ကိုးမျိုးရေစင်မှ ဝိညာဉ်စွမ်းအားများ လွင့်ပါးလျော့နည်းသွားမည်ကို စိုးရိမ်နေစရာ မလိုတော့ပေ။

နန်းတော်ကိုးခု ခန်းမဆောင်အတွင်း စိုက်ပျိုးသော စိတ်ဝိညာဉ် သစ်ပင်များကလည်း ယန်ကိုးမျိုး ရေစင်ကြောင့် သူတို့၏ အာနိသင်က နှစ်ဆနီးပါး တိုးတက်လာနိုင်သည်။ သိုင်းလေ့ကျင့်သူတစ်ယောက်သည် စိတ်ဝိညာဉ်ဆိုင်ရာ ပန်းပွင့် ၊ မြက်ပင် ၊ နှင့် သစ်သီးများကို စားသုံးခြင်းဖြင့် သူတို့၏ ကိုယ်တွင်း အင်္ဂါများမှစတင်၍ ရုပ်ပိုင်းဆိုင်ရာစွမ်းရည်များ တဖြည်းဖြည်း တိုးတက်လာနိုင်သည်။

ရှောင်လုံက နောက်ဆုံးအနေဖြင့် ငါးမျိုးစပ်နတ်တံခွန်တော်ကို ထုတ်လိုက်သည်။
ထိုနောက် လျှို့ဝှက် နည်းစနစ်တစ်ခုအသုံးပြု၍
ရွှေနဂါးတောင်နှင့် ငါးမျိုးစပ် နတ်တံခွန်ကို ပေါင်းစပ်လိုက်သည်။ အားလုံးပေါင်းစပ်ပြီးနောက် နတ်ဘုရားအဆင့် ဝိညာဉ်ကျောက်တုံး အတုံးတစ်ရာကို တံခွန်တော်အတွင်းရှိနေသည့် စိတ်ဝိညာဉ်စွမ်းအင်စုစည်းခြင်း အစီအရင်များဆ်ိသုိ့ ပစ်ထည့်လိုက်သည်။

ထိုအခိုက် နက်ရှိုင်းသော လေဟာနယ်အတွင်းမှ အလွန်သန့်စင်သော စိတ်ဝိညာဉ်စွမ်းအားများသည်
ရွှေနဂါးတောင်ကို ဦးတည်၍ ရွေ့လျား လာကြသည်။ ရွှေနဂါးတောင် ပတ်ဝန်းကျင်မှ စိတ်ဝိညာဉ်စွမ်းအားများသည် ယခင်ကထက် အဆတစ်ရာခန့်ပို၍ ကြွယ်ဝလာသည်။

အလွန်သိပ်သည်းလာသော ဝိတ်ညာဉ်စွမ်းအားများကြောင့် ရွှေနဂါးတောင်ထိပ်တွင်  စိတ်ဝိညာဉ်တိမ်တိုက်များ ဖြစ်ပေါ်လာသည် ။
ကြွယ်ဝပေါများသော စိတ်ဝိညာဉ်စွမ်းအားများကြောင့် ရွှေနဂါးတောင်ထိပ်တွင် ရှိနေသည့် သာမန်မြက်ပင်များနှင့် ပန်ပွင့်များသည် မျက်စိဖြင့် သတိထားမိနိုင်လောက်အောင် သိသိသာသာ ကြီးထွားလာကြသည်။ သူတို့၏ အရောင်အသွေးကလည်း လှပသော ကျောက်စိမ်းရောင်ဘက်သို့ ပြောင်းလဲသွားသည်။

ဤပတ်ဝန်းတွင် ဆယ်နှစ်ခန့် စိုက်ပျိုးသော သစ်ပင် ၊ ဆေးပင်များသည်  တခြားနေရာတွင် နှစ်တစ်ရာကျော် စိုက်ပျိုးထားသည့် ဆေးပင်များနှင့် အာနိသင်ခြင်း တူညီမှာ ဖြစ်သည်။ နှစ်တစ်ရာခန့်ကြာပြီးနောက် သူတို့သည် နှစ်တစ်သောင်းကျော်သက်တမ်းရှိနေသော ဝိညာဉ် ဆေးပင်များအဖြစ် ပြောင်းလဲသွားမှာ ဖြစ်သည်။

ရှောင်လုံက စိတ်ဝိညာဉ် စွမ်းအားများ ကြွယ်ဝပေါများနေသော ပတ်ဝန်းကျင်ကို ကြည့်ပြီး စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူ့မိသားစုကို ဤနေရာသို့ ရွေ့ပြောင်းပြီးလျှင် သူတို့၏ သိုင်းကျင့်စဉ်များ အချိန်တိုအတွင်း တဟုန်ထိုး တိုးတက်လာလိမ့်မည်ဟု ရှောင်လုံ စိတ်ထဲမှာ ယုံကြည်ထားသည်။

ခဏစဉ်းစားပြီးနောက် အင်မော်တယ် အဆင့် ဝိညာဉ် ကျောက်တုံးတစ်တုံးကို ရွှေနဂါး တောင်ထိပ်အတွင်း မြုပ်နှံထားလိုက်သည်။ ရွှေနဂါးတောင်၏ အတွင်းပိုင်းတွင် အလိုလိုဖြစ်နေသည့် သဘာဝဝိညာဉ်စွမ်းအားများ ရှိနေပြီးသား ဖြစ်သည်။ အင်မော်တယ် ဝိညာဉ်ကျောက်တုံး မြေကြီးအတွင်းသို့ဝင်လာသည်နှင့် ရွှေနဂါးတောင်၏ အတွင်းပိုင်းတွင် အနှစ်နှစ်အလလ  စုဆောင်းထားသော သဘာဝ ဝိညာဉ်စွမ်းအားများ ရုတ်တရက် ပေါ်ထွက်လာသည်။ ထိုသဘာဝဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာပြီးနောက် ရွှေနဂါးတောင်ထိပ်တွင်ရှိနေသည့် စိတ်ဝိညာဉ်စွမ်းအားများက နောက်တဆင့်သို့ မြင့်တက်သွားသည်။

" ... နတ်ဘုရား အဆင့် ဝိညာဉ်ကျောက်တုံး အတုံးတစ်ရာ ၊ အင်မော်တယ်အဆင့် ဝိညာဉ်ကျောက်တုံးတစ်တုံး ၊ အရောင် ငါးမျိုးစပ် နတ်တံခွန် .... ကောင်လေး ... မင်းတကယ်ကို လက်ဖွာတာပဲ ..."

ရွှေနဂါးတောင်အတွက် ရတနာတစ်ခုပြီး တစ်ခု ရက်ရက်ရောရောဖြင့် အသုံးပြုနေသော ရှောင်လုံကိုကြည့်ပြီး အောင်တိုင်ရီလည်း အရမ်းကို အံ့သြသွားသည်

".... မင်းဆရာရဲ့ အိမ်တောင် မင်းနေရာလောက် ဇိမ်ကျမှာ မဟုတ်ဘူး ....!"

ရှောင်လုံက မလုံမလဲ ပြုံးလိုက်သည်

"... ကျွန်တော် မဟာနတ်ဘုရား ဖြစ်တာကို ခဏစောင့်အုံး ... မဟာနတ်ဘုရား အဆင့်ကိုရောက်ရင် ခင်ဗျားကို ချုပ်နှောင်ထားတဲ့ အစီအရင်တွေအကုန်လုံးကို ဖယ်ရှားပေးမယ် ... အဲ့ဒိအချိန်ကြရင် ကျုပ်တို့နှစ်ယောက်ပေါင်းပြီး
သိုင်းလေ့ကျင့်ဖို့အတွက် ပိုကောင်းတဲ့ နေရာအသစ်တွေကို တည်ဆောက်လို့ရပြီ ...."

ရှောင်လုံ စကားကြောင့် အောင်းတိုင်ရီလည်း ပြုံးလိုက်သည်

"... မင်း အကြံမဆိုးဘူး ..."

အောင်းတိုင်ရီက စကားခဏရပ်ပြီး ဆက်ပြောလိုက်သည်

"... အရောင်ငါးမျိုးစပ် နတ်တံခွန်ရဲ့ ဝိညာဉ်ကျောက်တုံး ကုန်ဆုံးနှုန်းကလည်း ကြောက်စရာကောင်းတယ် ... မင်းအခုသုံးထားတဲ့ နတ်ဘုရားအဆင့် ဝိညာဉ်ကျောက်တုံး အတုံးတစ်ရာက ဆယ်နှစ်လောက်ပဲ ခံမှာ ...."

အရောင် ငါးမျိုးစပ် နတ်တံခွန်သည် သိပ်သည်းသော စိတ်ဝိညာဉ်စွမ်းအားများကို စုစည်းပေးနိုင်သော်လည်း သူ၏ စွမ်းအားကုန်ဆုံးနှုန်းကလည်း အလွန်ပင် ကြမ်းသည်။ ရှောင်လုံ အသုံးပြုထားသော နတ်ဘုရားအဆင့် ဝိညာဉ်ကျောက်တုံး အတုံးတစ်ရာသည် အရောင် ငါးမျိုးစပ် နတ်တံခွန်ကို ဆယ်နှစ်သာ ထောက်ပံပေးနိုင်မှာ ဖြစ်သည်။  အနက်ရောင် လိပ်ကြယ်စင်စုအတွင်းမှ မဟာထိပ်သီး မိသားစုကြီးများသည်  နတ်ဘုရားအဆင့် ဝိညာဉ်ကျောက်တုံးများကို ရှောင်လုံကဲ့သို့ ပေါများစွာဖြင့် အသုံးမပြုနိုင်ကြပေ ။ အနက်ရောင် သူရဲကောင်း တက္ကသိုလ်ပင်လျှင် သူတို့၏ ကျောင်းသားများအတွက် ရှောင်လုံလို ဖောဖောသီသီ မသုံးနိုင်ပေ။

ရှောင်လုံက အလေးမထားဟန်ဖြင့် ပြန်ဖြေလိုက်သည်

"... မိုးသီးကျောက်တုံးရတနာသိုက်ထဲမှာ နတ်ဘုရား အဆင့် ဝိညာဉ်ကျောက်တုံး အတုံး ငါးရာကျော်ကျန်သေးတယ် ... အဲ့ဒါနဲ့ဆို နောက်ထပ် အနှစ်ငါးဆယ်လောက် လုံလောက်သေးတယ် ....
ကျန်တာကို နောက်မှထပ်ပြီး စဉ်းစားကြတာပေါ့..."

သူမိသားစုဝင်များ၏ သိုင်းကျင့်စဉ်များ အလျင်အမြန် တိုးတက်လာရန်ကသာ လက်ရှိအချိန်တွင် အရေးအကြီးဆုံး ဖြစ်သည်။
ထိုအတွက် မည်သည့်အရာကိုအသုံးပြုရသည်ဖြစ်စေ ရှောင်လုံက မမှုပေ။

ထိုအပြင် ရှောင်လုံကိုယ်တိုင်က ငွေထုတ်သည့် အေတီအမ်စက်စလုံးနှင့်တူသည်။ အကန့်အသတ်မရှိသော ဝိညာဉ်ကျောက်တုံးများကို ထုတ်လုပ်နိုင်သည်။ အနှစ်ငါးဆယ်ခန့်ကြာပြီးလျှင်
နတ်ဘုရားအဆင့် ဝိညာဉ်ကျောက်တုံး ပြုလုပ်နိုင်သည့်နည်းလမ်းကို ရှောင်လုံတွေ့ရှိကောင်း တွေ့ရှိလာနိုင်သည်။

ဝိညာဉ်ကျောက်တုံး ထုတ်လုပ်သည့်အကြောင်းကို တွေ့ရင်း ရှောင်လုံစိတ်ထဲမှာ အကြံတစ်ခုရသွားသည်။ မိုးသီးကျောက်တုံး ရတနာသိုက်ကို ရပြီးချိန်ကတည်းက ဝိညာဉ်ကျောက်တုံးများကို ရှောင်လုံ မပြုလုပ်တော့သည်မှာ နှစ်အနည်းငယ် ကြာမြင့်နေပြီ ဖြစ်သည်။
ယခု နတ်ဘုရားအဆင့်၅ သိုင်းပညာရှင် အဆင့်သို့ ရောက်ရှိလာချိန်တွင်  မည်သည့်အဆင့်ဝိညာဉ်ကျောက်တုံးကို ပြုလုပ်နိုင်မည်နည်း ....?

ရှောင်လုံလက်ဝါးမှ ဆွဲငင်အားတစ်ခု ဖြစ်ပေါ်လာသည်။ စိတ်ဝိညာဉ်စွမ်းအင်များသည်
ကြောင်လိမ်လှေကားကဲ့သို့ လည့်ပတ်ရင်း ရှောင်လုံ လက်ဝါးထဲတွင် စုစည်းလာကြသည်။ ထိုဝိညာဉ်စွမ်းအားများသည် သိပ်သည်းမှုတစ်ခုသို့ရောက်သည့်အခါ ဝိညာဉ်ကျောက်တုံးတစ်တုံး အဖြစ်သို့ ပြောင်းလဲသွားသည်။

"... ကောင်းကင် အလယ် အဆင့် ဝိညာဉ်ကျောက်တုံး ....!"

ကောင်းကင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးအဆင့်သို့ ရောက်လုနီးပါးဖြစ်နေသော ဝိညာဉ်ကျောက်တုံးလေးကိုကြည့်ရင်း ရှောင်လုံမျက်လုံးထဲတွင် အရောင်တဖျတ်ဖျတ် တောက်ပလာသည်။ ရှောင်လုံ နတ်ဘုရား အဆင့် ၂ ၊ အဆင့် ၃ သိုင်းပညာရှင် ဖြစ်ခဲ့စဉ်အခါက အဆင့် ၁
ဝိညာဉ်ကျောက်တုံးကိုသာ ပြုလုပ်နိုင်ခဲ့သည်။

ကောင်းကင်အဆင့် ဝိညာဉ်ကျောက်တုံးသည်
အဆင့် ၁ ဝိညာဉ်ကျောက်တုံးထက် ၁၂ဆကျော် တန်ဖိုးပိုမြင့်သည်။ သို့သော် ကောင်းကင်ကျောက်တုံးကို ပြုလုပ်ရာတွင် အဆင့် ၁ ဝိညာဉ်ကျောက်တုံးထက် ပိုကြာနေသည်ကို ရှောင်လုံ သတိပြုမိလိုက်သည်။

ယခင်က ရှောင်လုံသည် အဆင့် ၁ ဝိညာဉ်ကျောက်တုံးငါးတုံးကို တစ်ခါတည်း ပြုလုပ်နိုင်သည်။ သို့သော် ကောင်းကင်အဆင့် ဝိညာဉ်ကျောက်တုံးအတွင်းပါဝင်နေသော ဝိညာဉ်စွမ်းအားပမာဏက အဆင့် ၁ ဝိညာဉ်ကျောက်တုံးထက် ပိုများတာကြောင့် တစ်ခါပြုလုပ်ရာတွင် ကောင်းကင်အဆင့် ဝိညာဉ်ကျောက်တုံးတစ်တုံးကိုသာ ပြုလုပ်နိုင်သည်။

ရှောင်လုံ၏ လက်ရှိအမြန်နှုန်းအရ တစ်ရက်လျှင် ခန့်မှန်းခြေအားဖြင့်ကောင်းကင်အဆင့် ဝိညာဉ်ကျောက်တုံး ငါးသောင်းနီးပါး ပြုလုပ်နိုင်သည်။
ထိုဝိညာဉ်ကျောက်တုံးများကို လေလံတင်လျှင် လက်ရှိပေါက်စျေးအရ အနည်းဆုံး ရွှမ်းဝူ သန်း
၆၀၀ ခန့် ရရှိနိုင်သည်။

"... တစ်နေ့ကို သန်းခြောက်ရာ ... တလကို ဘီလီယံ ၂၀ ... တစ်နှစ်ကို ဘီလီယံ ၂၄၀ ... "

အောင်းတိုင်ရီက အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်

"... မင်းကိုယ်တိုင်က မကုန်ဆုံးနိုင်တဲ့ ရတနာသိုက်ကြီးတစ်ခု ဖြစ်နေတာပဲ ....!"

ရှောင်လုံလည်း ကျေနပ်စွာ ပြုံးလိုက်သည်။
ထိုနောက် အပြင်ထွက်ပြီး သူ့မိသားစုကို သွားခေါ်ရန်အတွက် နန်းတော်ကိုးခု ဘာဂူအာ သုံးမြောင့် အစီအရင်ကို အသက်သွင်းလိုက်သည်။ ကူးပြောင်းခြင်း အစီအရင်ကို ဖြတ်သန်းပြီးနောက်
အနက်ရောင် သူရဲကောင်းမြို့မှ လျိုတောင်းအိမ်တော်ရှိရာသို့ ရှောင်လုံ ရောက်ရှိသွားသည်။
သို့သော် ရှောင်လုံ ရောက်ရှိသွားချိန်တွင် လျိုတောင်းအိမ်တော်၏ အခြေအနေ ဆိုးရွားနေသည်ကို သတိပြုမိလိုက်သည်။

....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၆၃၇ ......

အတွင်းစည်းကျောင်းသားများ၏ သိုင်းပြိုင်ပွဲ ပြီးစဉ်ကတည်းက လျိုတောင်းအိမ်တော်သည် ဆယ်ကြိမ်ထက် မနည်းတိုက်ခိုက်ခံခဲ့ရသည်။
သို့သော် အလင်းဖြာ အမြီးကိုးချောင်းကျား ၊ ရေမီး လက်သန် မျောက်ဝံ နှင့် တခြား မိစ္ဆာသားရဲကြီး၏ ကာကွယ်စောက်ရှောက်မှုကြောင့်သာ ရှောင်လုံ မိသားစု ကံကောင်းသွားခြင်း ဖြစ်သည်။

ရှောင်လုံက သူ့၏ ဆရာတူအကို လွေယန်အား လျိုတောင်အိမ်တော် လုံခြုံရေးကို အထူးဂရုစိုက်ပေးရန် တောင်းဆိုခဲ့သည်။ လျိုတောင်းအိမ်တော်ကို လွေယန်ကိုယ်တိုင် စောင့်ရှောက်ပေးနေသော်လည်း
ကြီးမားသော ဆုံးရှုံးမှုများနှင့်ရင်ဆိုင်ခဲ့ရသည်။

သိုင်းဝိညာဉ်ကမ္ဘာမှ ရှောင်လုံ ခေါ်လာခဲ့သော စကြာဝဠာ သိုင်းပညာရှင် အယောက်သုံးရာထဲမှ
အယောက်ခြောက်ဆယ်ခန့် အသက်ဆုံးရှုံးခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူမိသားစုနှင့် မိတ်ဆွေများက ထိုအယောက်ခြောက်ဆယ်ထဲတွင် ပါဝင်ခဲ့ခြင်း မရှိပေ ။

ရှောင်လုံ မျက်လုံးများက ဒေါသဖြင့် ရဲရဲနီသွားသည်။ရှောင်လုံက ကျောင်းရှုကိုမေးလိုက်သည်

"... ဘယ်သူလုပ်တယ်ဆိုတာကို သိရပြီလား...?"

ကျောင်းရှုလည်း ခေါင်းခါလိုက်သည်

"... အနက်ရောင် သူရဲကောင်း တက္ကသိုလ်က ကျောင်းသားတွေနဲ့ တိမ်ပင်လယ်ပင်မကုန်းမြေရဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ဒီကိစ္စကို လိုက်လံ စုံစမ်းနေပေမဲ့ အခုချိန်ထိတော့ ထူးခြားမှု မရှိသေးပါဘူး ...."

လက်သည်တရားခံကို မစုံစမ်းနိုင်သော်လည်း  ကျောင်းမိသားစုက ဖြစ်နိုင်ခြေ အများဆုံး ဖြစ်သည်။ ဂူဒုမိသားစုနှင့် ဝမ်မိသားစုတို့လည်း ဤဖြစ်ရပ်တွင် ပါဝင်နိုင်သည်။  ထိပ်သီးမိသားစုတစ်ချို့ကလည်း လက်တည့် စမ်းနိုင်သည်။

ရှောင်လုံ လက်ထဲတွင် ရှိနေသော မိုးသီးကျောက်တုံး ရတနာသိုက်၏ ဆွဲဆောင်မှုကြောင့် တစ်ချို့သော ပထမတန်းစား မိသားစုများများသည် တိမ်ပင်လယ်ပင်မကုန်းမြေ၏ စည်းကမ်းကို လျစ်လျူရှုကာ အသက်နှင့်ရင်းပြီး ကြိုးစားနိုင်သည်။ သို့သော် သူတို့ တက်မက်နေသော မိုးသီးကျောက်တုံး ရတနာသိုက်အတွင်းမှ ရတနာပစ္စည်းများကို အသုံးပြုနိုင်ရန်အတွက် အသက်ရှင်နေရန် လိုအပ်သည်။ ထို အဖြစ်မှန်ကို လောဘဖုံးနေသော သူတို့မျက်လုံးများက မြင်တွေ့ နိုင်ခြင်းမရှိပေ ။

ရှောင်လုံက သူမိသားစုနှင့် မိတ်ဆွေများကို ချက်ချင်း အထုတ်ပြင်ခိုင်းလိုက်သည်။ ထိုနောက် အားလုံးကို ရွှေနဂါးတောင်ထိပ်သို့ ခေါ်ဆောင်သွားသည်။ ရွှေနဂါး တောင်ထိပ်သို့ ခြေချချိန်တွင် သိပ်သည်းမှုလွန်ကဲနေသော ဝိညာဉ်စွမ်းအားများကြောင့် အကုန်လုံး ပါးစပ်အ
ဟောင်းသား ဖြစ်ကုန်ကြသည်။

သူတို့အတွက် ရွှေနဂါးတောင်ထိပ်သည် အင်မော်တယ်များ ပျော်စံရာ နိဗ္ဗာန်ဘုံ တစ်ခုနှင့်
တူနေသည်။ ကြီးကျယ်ခမ်းနားသော နန်းတော်ကြီး  ၈၁ ကိုကြည့်ပြီး အကုန်လုံး ပျော်ရွှင်သွားကြသည်။
ကြီးကျယ်ခမ်းနားသော နန်းတော်ကြီး ၈၁ ခုကို မြင်ပြီးနောက် ဟောင်မင်းက မိန်းမပျိုလေးတစ်ယောက်လို မြူးထူးစွာဖြင့် ဟစ်ကြွေးလိုက်သည်။
ရှောင်လုံက သူမိသားစုကို ယန်ကိုးမျိုးတော်ဝင်ရေကန်အနီးတွင် နေရာချပေးလိုက်သည်။

နန်းတော်တစ်ခုချင်းစီတွင် သီးသန့်ခန်း ၁၀ခန်း ကျော်ပါဝင်သည်။ ထိုသီးသန့်ခန်းများထဲတွင်
ဆေးဖော်စပ်သည့်အခန်း ၊ ဧည့်ခန်းမဆောင် စသဖြင့် အခန်းများစွာ ပါဝင်သည်။

လက်ရှိအချိန်တွင် ရှောင်လုံ၏ လက်အောက်ခံ သိုင်သမား ၂၆၀ ကျော်ရှိသည်။ ထိုလူဦးရေအတွက် နန်းတော် အခုနှစ်ဆယ်သာ လိုအပ်သည်။

ရှောင်လုံက  သူဖမ်းဆီးခဲ့သော မိစ္ဆာသားရဲကြီးများကို ရွှေနဂါးတောင်ထိပ်ပေါ်တွင် ကျင်လည် ကျက်စားခိုင်းလိုက်သည်။
နှစ်ရက်ခန့် လျင်မြန်စွာ ကုန်ဆုံးသွားသည်။
ရှောင်လုံက ထိုနှစ်ရက်ကို သူ့မိသာစုနှင့် လက်အောက်ငယ်သားများ ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်ပေးခြင်းဖြင့် ကုန်ဆုံးလိုက်သည်။

၎င်းနှစ်ရက်အတွင်း ကျောင်းယု၏ နဂါးအဖွဲ့အစည်းမှ လူများသည် ရှောင်လုံ ရှိနေသော ရွှေနဂါးတောင်ကို ပြဿနာ လာမရှာကြပေ ။

သူတို့ခံစားခဲ့ရတဲ့ ဒေါသ တွေကို တကယ်ပဲ မြိုသိပ်နေနိုင်ကြတာလား ...?

နဂါးအဖွဲ့အစည်း၏ လုပ်ရပ်ကြောင့် ရှောင်လုံလည်း အနည်းငယ် အံ့အားသင့်သွားသည်။ သုံးရက်မြောက်နေ့တွင် ယန်ဖေးယွဲနှင့် တခြားကျောင်းသားများက ရှောင်လုံရှိနေသော ရွှေနဂါးတောင်ထိပ်သို့ အလည်အပတ် ရောက်ရှိလာကြသည်။ သူတို့က အလည်အပတ်ဟု ခေါင်းစဉ်တပ်ထားသော်လည်း ယန်ဖေးယွဲ့မှ လွဲ၍ တခြားလူများသည် ရှောင်လုံကို ဖော်လံဖားလုပ်လိုခြင်းကြောင့် ရောက်ရှိလာကြခြင်း ဖြစ်သည်။

ယန်ဖေးယွဲ့နှင့် တခြားကျောင်းသားငါးယောက်သည် ရွှေနဂါး တောင်ထိပ်သို့ ရောက်ရှိလာပြီးနောက်  သိပ်သည်းနေသော ဝိညာဉ်စွမ်းအားများနှင့် လှပစွာ ချိတ်ဆက်တည်ဆောက်ထားသော နန်းတော်များကို ကြည့်ပြိး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

သေခြင်း ရှင်ခြင်း ပြန်လည်မွေးဖွားခြင်း စက်ဝိုင်းဟုခေါ်သော ရှေးဟောင်း သိုင်းပညာတစ်ခုကို ကျောင်းယု တံခါးပိတ်လေ့ကျင့်နေသည့်သတင်းကို ယန်ဖေးယွဲ့တို့လူစုဆီက ရှောင်လုံ သိလိုက်ရသည်။

"... သေခြင်း ရှင်ခြင်း ပြန်လည်မွေးဖွားခြင်း စက်ဝိုင်း ....!"

အောင်းတိုင်ရီက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်

"... အဲ့ဒါက တကယ့်ကို ရက်စက်ကြမ်းကြုတ်မှုအပေါင်း သရဖူဆောင်ထားတဲ့ သိုင်းပညာပဲ ... ဟောင်ကောင်လေး ... မင်း ကျောင်းယုကို သတိဖို့တော့ လိုပြီ ..."

အောင်းတိုင်ရီ၏ ကြုံတောင့်ကြုံခဲ သတိပေးမှုကြောင့် ရှောင်လုံလည်း အံ့သြသွားသည်။ ထိုနောက် ၎င်းကိစ္စကို သူစိတ်ထဲမှာ သေသေချာချာမှတ်ပြီး တည်ကြည်လေးနက်စွာဖြင့်ခေါင်းညိတ်လိုက်သည်။
အောင်းတိုင်ရီကိုယ်တိုင် သတိပေးသည့် သိုင်းပညာရပ်သည် သာမန်အားနည်းသော သိုင်းပညာတစ်ခု မဖြစ်နိုင်ပေ။

ယန်ဖေးယွဲ့တို့လူစုသည် ရှောင်လုံနှင့် နာရီအနည်းငယ်ခန့် စကားပြောဆိုပြီးနောက် ရှောင်လုံကို နှုတ်ဆက်ကာ သူတို့နေထိုင်သော နေရာများသို့ အသီးသီး ပြန်သွားကြသည်။ ယန်ဖေးယွဲ့တို့ဆီက ရရှိသော သတင်းအချက် အလက်များအရ ကျောင်းယု တံခါးပိတ် လေ့ကျင့်ခန်းမှ ထွက်လာလျှင် နတ်ဘုရား အဆင့် ၇ သိုင်းပညာရှင် ဖြစ်ရန် ရာခိုင်နှုန်းများနေမှန်း ရှောင်လုံ သိလိုက်ရသည်။

အကယ်၍ ကျောင်းယုသာ နတ်ဘုရား အဆင့် ၇ သို့ ကျော်ဖြတ်ရောက်ရှိခဲ့လျှင် ရှောင်လုံအတွက် ပြဿနာအနည်းငယ် ရှိလာနိုင်သည်။ သို့သော်
သေးငယ်သော ပြဿနာလေးတစ်ခုသာ ဖြစ်သည်။

ရှောင်လုံသည် လက်ရှိစွမ်းအားသည် နတ်ဘုရား အဆင့် ၆ နောက်ဆုံးအဆင့် ရောက်နေသည့် သိုင်းပညာရှင်နှင့် ယှဉ်နိုင်သည်။  နတ်ဘုရား အဆင့် ၇ သိုင်းပညာရှင်နှင့်ယှဉ်လျှင် ကြီးမားသော ကွာဟချက် ရှိနေသည်။ သို့သော် ကျောင်းယုလည်း နတ်ဘုရား အဆင့် ၇ အတားအဆီးကို လွယ်လွယ်ကူကူဖြင့် ကျော်ဖြတ်နိုင်မှာ မဟုတ်ပေ။

နတ်ဘုရား အဆင့် ၇ သည် နတ်ဘုရား အဆင့် သိုင်းပညာရှင်များကို ပိုင်ခြားထားသော ဒုတိယ မျဉ်းကြောင်း ဖြစ်သည်။ နတ်ဘုရား အဆင့် ၆ အထွတ်အထိပ်သို့ ရောက်နေသည့် သိုင်းပညာရှင် အယောက်တစ်သောင်းတွင် တစ်ယောက်လောက်သာ အောင်အောင်မြင်မြင်ဖြင့် ကျော်ဖြတ်နိုင်စွမ်းရှိသည် ။

အကယ်၍ ကျောင်းယုသည် အယောက်တစ်သောင်းထဲမှ ကျော်ဖြတ်နိုင်မည့်လူတစ်ယောက်ဖြစ်နေခဲ့လျှင်တောင် ထိုကဲ့သို့ကျော်ဖြတ်ရာတွင် နှစ်အနည်းငယ် လိုအပ်သည်။ ထိုအပြင် ရှောင်လုံ၏ အတွင်းအားကလည်း နတ်ဘုရား အဆင့်၅ စဦး၏ အထွတ်အထိပ် အဆင့်မှာဘဲ ရပ်တန့်နေမှာ မဟုတ်ပေ။

"... ကဲ ... ငါရဲ့ လောင်ကြေးကို သွားသိမ်းဖို့ အချိန်တန်ပြီထင်တယ် ..."

ယန်ဖေးယွဲ့တို့ခြောက်ယောက် ထွက်သွားပြီးနောက် ရှောင်လုံက လောင်ကစားရုံမှ ရရှိခဲ့သည့် လောင်းကြေးဖြတ်ပိုင်းကို ထုတ်ကြည့်လိုက်သည်။ ဤလောင်းကြေးဖြတ်ပိုင်းသည်  ကျောင်းမိသားစု ၊ ဝမ်မိသားစု နှင့် ဂူဒူမိသားစုတို့ ပူးပေါင်းဖွင့်လှစ်သော
လောင်ကစားရုံတွင် အတွင်းစည်းကျောင်းသားပြိုင်ပွဲ မစမှီ ရှောင်လုံ ဘီလီယံ နှစ်ဆယ် လောင်းကြေးထပ်ခဲ့သော ဖြတ်ပိုင်း ဖြစ်သည်။

".... အင်းလောင်းထားတာက ဘီလီယံ နှစ်ဆယ်.... သူတို့ပေးထားတဲ့ အဆနဲ့ တွက်ကြည့်မယ်ဆိုရင် ဘီလီယံ သုံးရာကျော်ရမှာပဲ..."

"... အတွင်းစည်းကျောင်းသား ပြိုင်ပွဲပြီးတာနဲ့ဘလေးရက်လောက်ရှိနေပြီဆိုတော့ သူတို့ငါ့ကို ဖင်တကြွကြွနဲ့ စောင့်နေလောက်ပြီ ...."

ရှောင်လုံက လှောင်ရယ် ရယ်လိုက်သည်။
ဘီလီယံ သုံးရာကျော် အနိုင်ရထားတာကြောင့် မိသားစုသုံးခုမှ ခေါင်းဆောင်များက သူလောင်းကြေးလာထုတ်မည့်အချိန်ကို စိတ်လှုပ်ရှားစွာဖြင့် စောင့်နေကြမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။

အကယ်၍ ထိုကဲ့သုိ့ အနိုင်ရခဲ့သူသည် နောက်ခံမရှိ အမည်မရှိသူတစ်ယောက် ဖြစ်ခဲ့လျှင် ကျောင်းမိသားစု ၊ ဝမ်မိသားစု နှင့် ဂူဒူမိသားစုတို့ထံမှ လောင်းကြေးငွေကို ရမည့်အစား အသက်ပင် ပေးဆပ်လိုက်ရနိုင်သည်။ သို့သော် လောင်းကြေး လာထုတ်သူက ရှောင်လုံ ဖြစ်နေသည်မှာ သူတို့ ကံဆိုးသွားခြင်း ဖြစ်သည် ။
ရှောင်လုံက သူမိဘနှစ်ပါးကို အကျိုးအကြောင်းရှင်းပြပြီးနောက် ဖုယန်အိမ်တော်သို့ သွားလိုက်သည် ။
အကယ်၍ ဖုယန်သာ သူနှင့်အတူတူပါလာလျှင် ကျောင်း ၊ဝမ် ၊ဂူဒူမိသားစုများသည် သူ့စကားကို လျစ်လျူရှုရဲမှာ မဟုတ်ပေ ။

ရှောင်လုံ   ဖုယန်၏  အိမ်တော်ဆီသို့ သွားနေစဉ် ကျောင်းဝူဟွမ် ၊ ဝမ်တင်းကျီ၊ ဂူဒူရီ တို့ကလည်း လက်ဘက်ရည်သောက်ရင်း ဆွေးနွေးနေကြသည်။

"... သုံးရက်တောင်ကြာသွားပြီ ...ဘီလီယံ နှစ်ဆယ် လောင်ကြေးထပ်သွားတဲ့ကောင်လည်း အခုထိ သူအမြတ်ကို လာမယူသေးဘူး ..."

ဝမ်တင်းကျီက လက်ဘက်ရည်ခွက်ကိုချပြီး လေးနက်စွာ ပြောလိုက်သည်။

ကျောင်းဝူဟွမ်က ရယ်လိုက်သည်

"... အကိုဝမ် ... ခင်ဗျားကလည်း စိတ်ပူတတ်ရန်ကော.... အဲ့ဒီကောင် လောင်းကြေးအမြတ်ကို  လာထုတ်ရဲရင် သူအသက်ရှင်ရက်နဲ့ ပြန်သွားနိုင်ပါ့မလား ....?"

ဂူဒူရီကလည်း အတူတူ ရယ်မောလိုက်သည်

"... ကျုပ်ပြောပြမယ် ... အဲ့းဒီကောင်လေးက သူ့အဆင့်ကိုသူသဘောပေါက်ပြီး  သူလောင်းကြေးအမြတ်ကို လာထုတ်ရဲပုံမရဘူး ... ပိုက်ဆံထက် အသက်ကပိုပြီး အရေးကြီးမှန်း သူလည်းသိမှာပါ .... တကယ်တော့ ကျုပ်က သူပေါ်လာပါစေလုိ့ ဆုတောင်းနေတာ ... သူက ထူးထူးခြားခြား ဟောင်ရှောင်လုံ နိုင်မဲ့ဘက်ကို ဘီလီယံ ၂၀ တောင် လောင်းတာဆိုတော့ ဟောင်ရှောင်လုံနဲ့ အဆက်အစပ်ရှိတဲ့သူ တစ်ယောက် ဖြစ်ရမယ် ...သူပေါ်လာရင်  ကျုပ်တို့ သူ့ဆီကနေ ဟောင်ရှောင်လုံ အကြောင်းကို စစ်မေးလုိ့ရတယ်...."

ကျောင်းဝူဟွမ်က ရယ်လိုက်သည်

".... အကို ဂူဒူပြောတာက တကယ်ကိုမှန်တယ် ....
  ဟောင်ရှောင်လုံနိုင်မဲ့ဘက်ကို သူ့ဘာကြောင့် ဘီလီယံနှစ်ဆယ်တောင် လောင်ကြေးထပ်လဲ ဆိုတာ ကျုပ်လည်း တော်တော်လေး သိချင်နေတာ ...."

.....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၆၃၈ .....

ဝမ်တင်းကျီက တခြားနှစ်ယောက်ကဲ့သို့ ပျော်ရွှင်နေခြင်း မရှိပေ

".... ဟောင်ရှောင်လုံက သူ့မိသားစုကို အနက်ရောင် တက္ကသိုလ်ထဲကိုရွေ့လိုက်ပြီ .... သူ့မိသားစု ပြန်ပေးဆွဲပြီး ဟောင်ရှောင်လုံဆီက ရတနာသိုက်ကို တောင်းခံဖို့ကိစ္စကတော့ မဖြစ်နိုင်တော့ဘူးထင်တယ် ..."

ဂူဒူရီက လက်ခါပြလိုက်သည်

".... အကိုဝမ်ကလည်း အခွင့်အရေးဆိုတာ အမြဲရှိပါတယ် ... ဟောင်မိသားစုကလူတွေလည်း အနက်ရောင် သူရဲကောင်း တက္ကသိုလ်ထဲမှာ အမြဲပုန်းမနေနိုင်ပါဘူး ... သူတို့နေနိုင်တယ်ဆိုရင်တောင် ဟောင်ရှောင်လုံကတော့ နေမှာ မဟုတ်ဘူး...
ဟောင်ရှောင်လုံကို ဖမ်းမိရင် ပိုတောင်ကောင်းသေးတယ် ..တစ်ခါတည်းနဲ့ ကိစ္စပြတ်ပြီ..."

".... ဟောင်ရှောင်လုံနဲ့ မိစ္ဆာသားရဲ နှစ်ဆယ့်ငါးကောင်က ဘယ်လို အပေးအယူလုပ်ထားလဲမသိဘူးနော် ... ?"

ကျောင်းဝူဟွမ်က မျက်မှောင်ကြုတ်ပြီးပြောလိုက်သည်

"... မဟုတ်မှလွဲရော ...ဟောင်ရှောင်က သားရဲထိန်းကျောင်းသူများလား ...? အဲ့လိုဆိုရင်တောင် မိစ္ဆာသားရဲ နှစ်ဆယ့်ငါးကောင်ကိုတော့ တစ်ခါတည်း ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး ...?
ကျုပ်တို့လည်း သားရဲထိန်းကျောင်းသူတွေအကြောင်းသိထားကြတာပဲ .... သားရဲတစ်ကောင်ကို ထိန်းကျောင်းတိုင်းသူတို့ရဲ့ ဝိညာဉ်စွမ်းအားကို အများကြီး အသုံးပြုရတယ် .... ဟောင်ရှောင်လုံက ဘယ်လောက်ပဲ ပင်ကိုယ်ပါရမီရှိတယ်လို့ပြောပြော သူရဲအ လက်ရှိအတွင်းအားနဲ့ဆိုရင် အလွန်ဆုံး ထိန်းကျောင်းနိုင်မှ သားရဲသုံးကောင်လောက်ပေါ့ ..."

ဂူဒူရီကလည်း ကျောင်းဝူဟွမ်စကားကို ထောက်ခံလိုက်သည်

".... ဟောင်ရှောင်လုံက တကယ့်ကို နေရာပေါင်းစုံမှာ အစွမ်းထက်တဲ့တာပဲ ... အမြဲတမ်း မဖြစ်နိုင်ဘူးဆိုတဲ့ အရာတွေကိုပဲ လုပ်တာ ...
ကျုပ်ထင်တာတော့ သူက သားရဲထိန်းကျောင်းသူ မဟုတ်လောက်ဘူး ... သားရဲတွေကို ထိန်းချုပ်နိုင်တဲ့ ရှေးဟောင်း အတတ်ပညာတစ်ခုကို လေ့ကျင့်ထားတယ်နဲ့တူတယ် ... နောက်ပြီး သူရဲ့ ထိန်းချုပ်နည်းကလည်း တခြားလူတွေထက် အများကြီးသာတယ် ..."

ဝမ်တင်းကျီလည်း သက်ပြင်းချလိုက်သည်

".... အဲ့လို သိုင်းကျမ်းမျိုးသာ ရလိုက်ရင် ငါတိုိ့မိသားစုသုံးခုရဲ့ စွမ်းအားက အနက်ရောင် တက္ကသိုလ်ကိုတောင် ကျော်သွားနိုင်တယ် ....
နောက်ပိုင်းကြရင် မိုးပြာရောင် နဂါး တက္ကသိုလ်တောင်မှ ငါတို့ကို ယှဉ်နိုင်မှာ မဟုတ်တော့ဘူး..."

ထိုအချိန်တွင် ရှောင်လုံက ဖုယန်အိမ်တော်သို့ ရောက်သွားပြီး ဖုယန်နှင့် တွေ့ဆုံလိုက်သည်။
ရှောင်လုံကို မြင်လိုက်သည်နှင့် ဖုယန်၏ မျက်နှာတစ်ခုလုံး အပြုံးကြီးပြုံးသွားသည်။ ဖုယန်က ရှောင်လုံကို လက်ညိုးဖြင့် ထိုးလိုက်ပြီး

"... ကောင်လေး .... မင်း ငါ့ကို ငြိမ်းငြိမ်းချမ်းချမ်း မနေစေချင်ဘူးထင်တယ် ...အထူးကျောင်းသား ဖြစ်ဖြစ်ချင်း နဂါးအဖွဲ့အစည်းက လူတွေရဲ့ လဥကို လိုက်ကန်တယ်ဆို ..ငါ့ကို လူတွေက လာတိုင်ကြတယ်  ..."

ရှောင်လုံက အပြစ်ကင်းဟန်ဖြင့် ပြုံးလိုက်သည်

"....  ဆရာပဲ အဲ့လိုလုပ်ဖို့  သင်ပေးထားပြီးတော့ .."

ရှောင်လုံစကားကြောင့် ဖုယန်၏ ပါးစပ်ထဲမှ လက်ဘက်ရည်များ အန်ထွက်လုနီးပါး ဖြစ်သွားသည် ။

"... အဟွတ် ..အဟွတ် ... ခွေးကောင်လေး ... တခြားကျောင်းကလူတွေကို လုပ်ဖို့ ငါသင်ပေးတာလေ ..
ကိုယ်ကျောင်းသား အချင်ျးင်း အဲ့လိုလုပ်ဖို့ ငါမင်းကို မသင်ပေးဘူးပါဘူး ...."

ရှောင်လုံက ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်

"... မသိဘူးဗျာ .. အတူတူပဲ....ကျွန်တော်ကတော့ ဆရာသင်ပေးထားတဲ့အတိုင်း အချိုးမပြေတဲ့ကောင်တွေ့ရင် လဥကို ကန်မှာပဲ "

ဖုယန်လည်း ကူရာကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်သည် ။ ထိုနောက် တခြားခေါင်းစဉ်သို့ ပြောင်းလိုက်သည်
"... မင်း မိသားစု တိုက်ခိုက်ခံရတဲ့ အကြောင်းကို ငါလူလွှတ်ပြီး စုံးစမ်းခိုင်းထားတယ်.... အဓိက တိုက်ခိုက်တာတော့ ကျောင်းမိသားစုပဲ.... ဝမ်မိသားစု ၊ ဂူဒူမိသားစုနဲ့ မိုးပြာရောင် နဂါး တက္ကသိုလ်က လူတွေလည်းပါတယ် ..."

ရှောင်လုံ မျက်လုံးထဲတွင် လူသတ်ချင်လိုသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။

ငါထင်ထားတဲ့အတိုင်း ကျောင်းမိသာစုက အဓိကတရားခံပဲ ....!
ဝမ်မိသားစု ၊ ဂူဒူမိသားစု ၊ မိုးပြာရောင် နဂါး တက္ကသိုလ် .....မင်းတို့လည်း နေနှင့်အုံးပေါ့ကွာ.....
မင်းတို့အားလုံးကို အမြစ်ပြတ်ချေမှုန်းနိုင်မဲ့ တစ်နေ့ကို ရောက်လာတော့မှာပါ ....

"... နောက်ပိုင်း ကျောင်းအပြင်ကို ထွက်မယ်ရင် မင်းကိုယ်တိုင်လည်း ဂရုစိုက် ....."

ဖုယန်က သတိပေးလိုက်သည်

"... အရေးကြီး ကိစ္စမရှိရင် တတ်နိုင်သမျှ တက္ကသိုလ်ထဲမှာနေ ဟုတ်ပြိ်လား ...."

"... ဟုတ် ကောင်းပါပြီ ဆရာ ..."

ရှောင်လုံက ပြန်ဖြေလိုက်သည်။ သို့သော် ရှောင်လုံက ၎င်းကိစ္စနှင့်ပတ်သတ်ပြီး စိတ်ထဲမရှိပေ။

မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင် အောင်းတိုင်ရီကသူ့ဘေးတွင် ကိုယ်ရံတော်တစ်ယောက်လို အမြဲတမ်းရှိနေခြင်းကြောင့် ရှောင်လုံအတွက် စိုးရိမ်စရာ ကိစ္စ မရှိပေ။
မဟာထိပ်သီးမိသားစုများမှ အစွမ်းထက်သော သိုင်းဆရာကြီးများ ပေါ်မလာသရွေ့ ရှောင်လုံအနေနှင့် အန္တရာယ်ကင်းသည်ဟု ဆိုနိုင်သည်။

".... ဆရာ .... တကယ်တော့ တကယ်လာတာက ဆရာ့ကို ဒုက္ခပေးစရာလေးတစ်ခု ရှိလို့ပါ ..."

ရှောင်လုံလည်း သူ့လာလည်ရသည့်အကြောင်းအရင်းကို ထုတ်ပြောလိုက်သည်။

ဖုယန်က ရယ်မောလိုက်သည်

"... ငါသိပါတယ် ....မင်းက ငါ့ကို စိုးရိမ်ပြီး ရောက်လာမဲ့ကောင်မှ မဟုတ်တာ ...ပြောစမ်းပါအုံး... ငါ့ကို ဘာဒုက္ခပေးမလုိ့လဲ ...?"

ရှောင်လုံက လောင်းကြေးဖြတ်ပိုင်းကို ထုတ်၍ ပြောလိုက်သည်

"... ဒီလိုပါဆရာ...အတွင်းစည်းကျောင်းသား သိုင်းပြိုင်ပွဲမစခင် ကျောင်းမိသားစု ၊ ဝမ်မိသားစု နဲ့ ဂူဒူမိသားစုတို့ ပူးပေါင်းပြီး ဖွင့်လှစ်ထားတဲ့ လောင်းကစားရုံကို ကျွန်တော်သွားခဲ့ပါတယ် ..."

ဖုယန်က ရှောင်လုံလက်ထဲမှ လောင်းကစားဖြတ်ပိုင်းကို ယူကြည့်လိုက်သည်။
ရှောင်လုံလည်း အားလုံးကို ရှင်းပြလိုက်သည်။
အဆုံးသတ်ချိန်တွင် ဖုယန်က ကျေနပ်အားရစွာဖြင့် တဟားဟား အော်ရယ်လိုက်သည်ယ

"ဟားဟား... မင်းတော်တော်အကွက်မြင်တဲ့ကောင်ပဲကွ ... လောင်းကြေးက ဆယ်ဆတောင်ကျော်သေးတယ် ....  အရင်းအမြတ် စုစုပေါင်းဆို ဘီလီယံ သုံးရာကျော်မှာပေါ့ ဟုတ်တယ်မလား...
ဘီလီယံ သုံးရာ ....ဘီလီယံ သုံးရာ .... မင်းတော်တော် အကျင့်မကောင်းတဲ့ကောင်းပဲ ... အခုလို ရစရာမျိုးရှိရင် ငါ့ကိုလည်း နည်းနည်းလက်တို့မှပေါ့.... အဲ့ဒါဆို ငါလည်း သုံးဖို့စွဲဖို့အတွက် နည်းနည်းလောက်ရတာပေါ့ .... အခုတော့ မင်းဆရာက နာမည်ကသာ ကျောင်းအုပ် ... လူကတော့ သူတောင်းစားသာသာ ဖြစ်နေပြီ ..."

ဘီလီယံ သုံးရာ ဆိုသည့် ငွေကြေးပမာဏသည် အနက်ရောင် သူရဲကောင်း တက္ကသိုလ်ကြီး၏ ကျောင်းအုပ်တစ်ယောက် ဖြစ်သော ဖုယန်အတွက်ပင် များမားသော ငွေကြေးပမာဏတစ်ခု ဖြစ်သည်။
ဖုယန်က ရှောင်လုံ လာလည်ရသည့် အကြောင်းအရင်းကို သဘောပေါက်သွားသည်။

"... ဘာလဲ ..မင်းကငါ့ကို လူမိုက်လာငှါးတာပေါ့လေ... ငါလည်း ကျောင်းအုပ်ဖြစ်ကတည်းက လူမိုက်မလုပ်ရတာကြာနေပြီ .... လာလာ သွားစို့..."

ဖုယန်က စိတ်လှုပ်ရှားစွာဖြင့် ထိုင်နေရာမှ ခုန်ထလိုက်သည်။ ဖုယန်သည် ကျောင်းဝူဟွမ် သွေးအန်သည့် မြင်ကွင်းကို ကြည့်ရန်အတွက် မစောင့်နိုင်အောင် ဖြစ်နေသည်။

ထိုနောက် ဆရာတပည့် နှစ်ယောက်သည် ဟောခန်းမအတွင်းကနေ ထွက်ကာ အနက်ရောင် သူရဲကောင်းမြို့ဆီသို့ ချီတက်သွားကြသည်။

လမ်းခရီးတွင် ဖုယန်က နောက်လိုက်သည်

".... အင်း .... အနက်ရောင် သူရဲကောင်း တက္ကသိုလ်ရဲ့ ကျောင်းအုပ် တစ်ယောက်အနေနဲ့ ကိုယ်တပည့်အတွက် အကြွေးလိုက်တောင်းပေးရမဲ့ အဖြစ်မျိုးနဲ့ ကြုံလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးခဲ့မိဘူး ..."

သူဆရာ့စကားကြောင့် ရှောင်လုံလည်း ရုတ်တရက် ချွေးပြန်သွားသည်။ ရှောင်လုံတို့နှစိယောက်သည် အနက်ရောင် သူရဲကောင်းမြို့ဆီသို့ အချိန်တိုအတွင်း ရောက်ရှိသွားကြသည်။ ရှောင်လုံက  အရှေ့မှ ဦးဆောင်၍ လောင်းကစားအိမ်သို့ ခေါ်ဆောင်သွားသည်။

"... ဒီနေရာလား ..."

ဖုယန်က ဆိုင်တံခါးဝရှေ့တွင် ရပ်ပြီး ရှောင်လုံကိုမေးလိုက်သည်။ သိုင်းပြိုင်ပွဲ ပြီးဆုံးသွားခြင်းကြောင့် လောင်းကစားရုံအတွင်းသို့ လူအဝင် အထွက် ကျဲနေသော်လည်း စည်းကားသိုက်မြိုက်နေဆဲပင် ဖြစ်သည်။

ရှောင်လုံလည်း လေးလေးစားစား ခေါင်းညိတ်ပြလိုက်သည်။ ထိုနောက် သူတို့နှစ်ယောက်က လောင်ကစားရုံအတွင်းသို့ ဝင်သွားကြသည်။ လောင်းကစားလက်မှတ်ဖြတ်သည့်နေရာတွင် ရှောင်လုံနှင့် နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့သော မိန်းမပျိုလေး သုံးယောက် ရှိနေဆဲပင်။
ရှောင်လုံက လောင်းကစား လတ်မှတ်ဖြတ်သည့်နေရာသို့ သွားလိုက်သည်။

".... မောင်လေး ... အမတို့ ဘယ်လိုပြုစု အဲ ... ဘာကူညီပေးရမလဲ ...."

ကျောင်းမိသားစုမှ မိန်းမပျိုလေးက ရှောင်လုံ၏ တည်ကြည်ခန့်ညားသော မျက်နှာကို မျက်တောင်မခတ်တမ်း စိုက်ကြည့်ပြီး မေးလိုက်သည်။
အဓိပ္ပါယ်နှစ်ခွ ထွက်နေသော စကားကြောင့် ဖုယန်က ရှောင်လုံကို အဓိပ္ပါယ်ပါပါ ကြည့်လိုက်သည်။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ဤနေရာသို့ လာပြီး လောင်းကြေထပ်ရာတွင် ရှောင်လုံက ရုပ်ဖျက်ထားခဲ့သည်။ ထိုကြောင့်လည်း မိန်းမပျိုလေးသုံးယောက်က သူ့ကို
မမှတ်မိကြခြင်း ဖြစ်သည်။

ရှောင်လုံက မြူစွယ်သော အကြည့်များကို လျစ်လျူရှုပြီး လောင်ကစားဖြတ်ပိုင်းကို ထုတ်ပြလိုက်သည်

"... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျုပ် ဒီလောင်းကစားရုံမှာ  ဘီလီယံ နှစ်ဆယ်လောင်းကြေး ထပ်ခဲ့တယ် ..အခု ကျုပ် လောင်းကြေးရဲ့ အမြတ်ကို လာထုတ်တာ ...."

ဘီလီယံ နှစ်ဆယ် လောင်းကြေး...!

လောင်ကစားရုံကြီးတစ်ခုလုံး၏ ဆူညံသံများက ရုတ်တရက် ငြိမ်ကျသွားသည်။ လောင်ကစားရုံအတွင်းရှိနေသူများ၏ အကြည့်က ရှောင်လုံအပေါ်သို့ စုပြုံးပြီး ကျရောက်လာသည်။
ကျောင်း ၊ ဝမ် ။ ဂူဒူ မိသားစုမှ သိုင်းပညာရှင် တစ်ချို့သည် ရှောင်လုံ နှင့် ဖုယန်ကို အလယ်တွင်ထား၍ ဝန်းရံထားလိုက်သည်။
ရှောင်လုံ၏ လောင်းကြေးကို မှတ်မိသွားသည့်နောက်
မိန်းမပျိုလေး သုံးယောက်သည် အတွင်းခန်းထဲသို့
ကြောက်လန့်တကြား ထွက်ပြေးသွားကြသည်။

သိုင်းပြိုင်ပွဲ ပြီးဆုံးသွားချိန်ကတည်းက ရှောင်လုံပေါ်လာမည့်အချိန်ကို မိသားစုသုံးခုလုံးက စောင့်ဆိုင်းခဲ့ကြသည်။ ရှောင်လုံ လောင်ကြေးထပ်ရာတွင် ကူညီဆောင်ရွက်ပေးခဲ့သော အကြီးအကဲ သုံးယောက်လည်း မကြာခင် ရောက်ရှိလာကြသည်။

သူတို့က ရှောင်လုံကို စိတ်ရှုပ်နေသော မျက်လုံးဖြင့် ကြည့်လိုက်သည် ။ ရှောင်လုံကလည်း သူတို့ စိတ်ရှုပ်နေသည့်အရာမှာ သူ့မျက်နှာဖြစ်ကြောင်း ကောင်းကောင်းကြီး နားလည်လိုက်သည်။

အကြီးအကဲတစ်ယောက်က ရှောင်လုံ နှင့် ဖုယန်တို့နှစ်ယောက်ကို မျက်လုံးမှေးပြိးကြည့်ပြီး ခနဲ့ပြောဆိုလိုက်သည်

"..... ခင်ဗျားတို့ ဘာကို လာလိမ်နေတာလဲ .. ကျုပ်တုိ့လောင်းကစားရုံမှာ ဘီလီယံ နှစ်ဆယ်ကို ဘယ်သူမှ လောင်းကြေး လာမထပ်ဘူး ..
ကောင်လေး .. မင်းတော်တော် သတ္တိကောင်းနေပါလား ...  ဘီလီယံနှစ်ဆယ်တန်ဖိုးရှိတဲ့ လောင်းကစားလက်မှတ်ကို အတုလုပ်ပြီး ငါတို့ လောင်းကစားရုံမှာ ပြဿနာလာရှာတာလား  ....
ငါ့လူတို့... ပြဿနာလာရှာတဲ့ ဒီလူနှစ်ယောက်ကို ခြေလက် ရိုက်ချိုးပြီး အကျဉ်းထောင်ထဲမှာ တည့်ထားလိုက်ကြစမ်း ....."

ထိုအကြီးအကဲ သုံးယောက်သည် ရှောင်လုံ၏ လောင်းကစားလက်မှတ်ကို တစ်ချက်မှ ယူမကြည့်ဘဲ အတုလုပ်ပြီး  ပြဿနာလာရှာသည်ဟု
တိုက်ရိုက်စွပ်စွဲ လိုက်ကြသည်။

သူတို့က ရှောင်လုံကို အသိအမှတ်မပြုရုံသာမက ရှောင်လုံ၏ ခြေလက်များကိုပါ ရိုက်ချိုးပစ်ရန် ခိုင်းစေခဲ့သည်။ ထိုစကားကို ကြားပြီးနောက် ရှောင်လုံမျက်နှာပေါ်တွင် မချိုမချဉ် အပြုံးတစ်ခု ုဖြစ်ပေါ်လာသည်။

.....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၆၃၉ .....

ကျောင်း ၊ ဝမ် ၊ ဂူဒူမိသားစုမှ သိုင်းသမားများသည် ရှောင်လုံတို့နှစ်ယောက်ကို တိုက်ခိုက်တော့မည့်အချိန်တွင် ရုတ်တရက် အဝေးသို့ လွင့်ပျံသွားကြသည်။ တစ်ချို့သည် နံရံ၊ တစ်ချို့က ကြမ်းပြင်၊ လှေကား နှင့် တိုက်မိကြသည်။

သူ့ဆရာ လှုပ်ရှားလိုက်မှန်း ရှောင်လုံ နားလည်လိုက်သည်။ ဖုယန်၏  ကျောင်း၊ ဝမ် ၊ ဂူဒူမိသားစုမှ အကြီးအကဲများကို အေးစက်စက် စိုက်ကြည့်လိုက်သည်

"... ငါမင်းတို့ကို အခွင့်အရေးတစ်ခုပေးလိုက်မယ်...
အခုချက်ချင်း ကျောင်းဝူဟွမ် ၊ ဝမ်တင်းကျီ နဲ့ ဂူဒူရီတို့ကို သွားခေါ်လာခဲ့ ..."

အကြီးအကဲသုံးယောက်လည်း မျက်နှာပျက် သွားကြသည်။ ကျောင်းမိသားစုမှ အကြီးအကဲသည် ရှောင်လုံနှင့်ဖုဖယန်ကို ဒေါသတကြီးလက်ညိုးဖြင့် ထိုးကာ အော်လိုက်သည်

"... မင်းတို့က လောင်ကစားလက်မှတ်ကိုလည်း အတုလုပ်သေးတယ် ... ဒီနေကိုလည်း ပြဿနာလာရှာတယ် ...နောက်ပြီး ငါတို့လူတွေကိုလည်း ဒဏ်ရာရအောင် လုပ်တယ် ....
မင်းတို့လုပ်ရပ်က ကိုယ်သေတွင်းကိုယ်တူနေတာပဲ ... !"

အခြေအနေများက လယ်ပြင်တွင် ဆင်သွားသလို ထင်ရှားနေသော်လည်း သူတို့ဘက်ကတော့ ရှောင်လုံတို့ကို လောင်ကစားလက်မှတ် အတုလုပ်ပြီး ပြဿနာလာရှာသည်ဟု စွပ်စွဲနေဆဲပင် ။

ဖုယန်၏ အကြည့်များက ပိုပြီး အေးစက်လာသည်။ ထိုနောက် ဖုယန်က သူလက်ဝါးကို တစ်ချက်ခါလိုက်သည် ။ အကြီးအကဲ သုံးယောက်လုံး လေထဲသို့ လွင့်ပျံသွားကြသည်။ ထိုနောက် ကြမ်းပြင်နှင့် ပြင်းပြင်းထန်ထန် ရိုက်မိကြသည်။ အကြီးအကဲသုံးယောက်သည် ပါးစပ်မှ အဖြူရောင် အမြုပ်များထွက်ကာ ကြမ်းပြင်ပေါ်တွင် တဆတ်ဆတ် တုန်နေကြသည်။
သူတို့မျက်လုံးထဲတွင် ကြောက်လန့်တုန်လှုပ်သည့် အရိပ်အယောင်များ အထင်သားပေါ်နေသည်။

အကြီးအကဲ သုံးယောက်သည် စွမ်းအားနိမ့်ကျသူများ မဟုတ်ပေ ။ သူတို့က နတ်ဘုရား အဆင့် ၇ သိုင်းပညာရှင်များ ဖြစ်သည်။
သို့သော် အနက်ရောင် လိပ် ကြယ်စင်စုကြီးတစ်ခုလုံးတွင် အစွမ်းအထက်ဆုံဖြစ်သော ဖုယန်အရှေ့မှာတော့ သူတို့သုံးယောက်သည် မွေးကင်းစ ကလေးများကဲ့သို့ အနည်းငယ်မျှပင်
ခုခံနိုင်စွမ်း မရှိပေ ။

လောင်ကစားရုံနှင့် မလှမ်းမကမ်းတွင် ရှိသော စံအိမ်တစ်ခုထဲတွင် ကျောင်းဝူဟွမ် ၊ ဝမ်တင်းကျီ နှင့် ဂူဒူရီတို့သုံးယောက်က လက်ဘက်ရည်သောက်ရင်း
စီးပွားရေးအခြေအနေများကို ဆွေးနွေးနေကြသည်။
ကျောင်းဝူဟွမ်က လက်ဘက်ရည်ကို တစ်ငုံသောက်ပြီး ကျေနပ်စွာဖြင့် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်

"... ကောင်းကင်တောင်ကထွက်တဲ့ အင်မော်တယ် လက်ဘက်ရည်က ချောချောမွေ့မွေ့နဲ့ တကယ်ကိုသောက်လို့ ကောင်းတာပဲ...."

ဂူဒူရီကလည်း ကျောင်းဝူဟွမ်စကားကို ထောက်ခံလိုက်သည်

"... ဟုတ်တယ်ဗျို့ ..ဒါပေမဲ့ ထွက်နှုန်းက အရမ်းနည်းလွန်းတယ် ... ကျုပ်တို့လောက်ပဲ သောက်နိုင်မှာ ..."

ဝမ်တင်းကျီကလည်း ပြုံးပြီးပြောလိုက်သည်

".... ဟုတ်တယ် ...ကျုပ်တို့လို လူနည်းနည်းလောက်ပဲ သောက်နိုင်မှာ ..... အကုန်လုံး သောက်နိုင်နေရင်လည်း ဒီလက်ဘက်ရည်က ဘယ်လိုလုပ်ပြီး အရသာကောင်းတော့မှာလဲ ...?"

ကျောင်းဝူဟွမ်လည်း ရယ်မောလိုက်သည်

"... ဟားဟား...အကိုဝမ်က တကယ်ကို ပညာရှိပါပေတယ်"

သူတို့သုံးယောက် စကားကောင်းနေစဉ် အကြီးအကဲတစ်ယောက်က သူတို့ရှိနေသော ခန်းမအတွင်းသို့ သုတ်သုတ်ပျာပျာဖြင့် ကြောက်လန့်တကြား ပြေးဝင်လာသည်

"... ခေါင်းဆောင်ကြီး... အခြေအနေ မကောင်းတော့ဘူး ... ဟိုကောင်လေးက သိုင်းပညာရှင်တစ်ယောက်ကို ငှါးပြီး သူလောင်းကြေး ယူဖို့ ရောက်နေတယ် ...."

ကျောင်းဝူဟွမ်တို့ကလည်း စိတ်ကြည်နူးနေစဉ် နှောက်ယှက်ခံလိုက်ရတာကြောင့် ဒေါသထွက်ကုန်ကြသည်

"...ဘယ်ကောင်လေးကို လာပြောနေတာလဲ....?"

ကျောင်းဝူဟွမ် စိတ်ထဲမှာ ရှောင်လုံ လာရဲမှာ မဟုတ်ဟု ယူဆထားတာကြောင့် အကြီးအကဲ၏ သတင်းပို့ချက်ကိုကြားကြားချင်း ရှောင်လုံ ဖြစ်နိုင်သည်ဟု မတွေးမိလိုက်ပေ ။

"... ဘီလီယံ နှစ်ဆယ် လောင်းကြေးထပ်ထားတဲ့ ကောင်လေးပါ ခေါင်းဆောင်ကြီး..."

ကျောင်းမိသားစုမှ အကြိ်းအကဲက တုန်တုန်ယင်ယင်အသံဖြင့် ပြောလိုက်သည်

ဘီလီယံ နှစ်ဆယ်  ...!

ထိုအခါကြမှ ကျောင်းဝူဟွမ်တို့သုံးယောက်လည်း ချက်ချင်း သတိပြန်ဝင်လာကြသည်။

"... သိုင်းပညာရှင်တစ်ယောက် ငှါးလာတယ် ဟုတ်လား ...?"

ကျောင်းဝူဟွမ်က မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်

"... သူတို့ဘက်မှာ လူဘယ်နှစ်ယောက်ပါလဲ ...?"

"... နှစ်...နှစ်ယောက်တည်းပါ ခေါင်းဆောင်ကြီး..."

ကျောင်းမိသားစု အကြီးအကဲက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြန်ဖြေလိုက်သည်။

"... ဘယ်လို နှစ်ယောက်ပဲ ဟုတ်လား..?"

ကျောင်းဝူဟွမ်တို့သုံးယောက်၏မျက်နှာထက်မှ တင်းမာမှုများ ပျောက်ကွယ်သွားသည်။ ကျောင်းဝူဟွမ်က သဘောကျသွားသလို အော်ရယ်လိုက်သည်

".... ငါမှာတော့ ဓား၊ လှံ ၊ ချပ်ဝတ်တန်ဆာတွေ ဆင်မြန်းထားတဲ့ စစ်သည် အယောက်တစ်သောင်းလောက်နဲ့ ရောက်လာမယ်လို့ထင်နေတာ ... ကောင်းပါတယ် ... ငါတို့လည်း နည်းနည်းပျင်းနေတာနဲ့ အတော်ပဲ .... အဲ့ကောင်လေး ဘယ်လိုကြီးကျယ်တဲ့ သိုင်းပညာရှင်မျိုး ငှါးရမ်းလာလဲဆိုတာ သွားကြည့်ကြတာပေါ့ ..."

ကျောင်းဝူဟွမ်က ဝမ်တင်းကျီ နှင့် ဂူဒူရီတို့ဘက်ကို လှည့်ကြည့်လိုက်ပြီး

"... ခေါင်းဆောင်ကြီး နှစ်ယောက်ကရော ဘယ်လိုသဘောရလဲ ...?"

ဂူဒူရီက ပြုံးလိုက်သည်

".... အင်းသွားတာပေါ့ ... အဲ့ဒီကောင် ငှါးလာတဲ့ သိုင်းပညာရှင်က ကျုပ်တို့သုံးယောက် ကိုယ်တိုင် ရောက်လာတာကို မြင်ရင် သေးထွက်မကျပါစေနဲ့လို့ ဆုတောင်းရမှာပဲ...."

သူတို့သုံးယောက်၏ ရယ်မောသံများက လေထဲတွင် ပဲ့တင်ထပ်သွားသည်။ ထိုနောက် လောင်ကစားရုံသို့ သွားလိုက်ကြသည်။

ကျောင်းဝူဟွမ်တို့သုံးယောက်က စကားတပြောပြောဖြင့် လောင်းကစားရုံဆီသို့ စိတ်လေးလက်အေး သွားလိုက်ကြသည်။ လောင်ကစားရုံအရှေ့သို့ရောက်သည့်အခါ မြေပြင်ပေါ်တွင် အတုံးအရုံး လဲကျနေသော သူတို့မိသားစု မှ သိုင်းပညာရှင်များကိုကြည့်ပြီး ခေါင်းဆောင်သုံးယောက်၏ အကြည့်များက စူးရှလာသည်။

ကျောင်းဝူဟွမ်တို့သုံးယောက်က လောင်းကစားရုံအတွင်းသို့ ဒေါသတကြီး ဝင်လာကြသည်။ ထိုအချိန်တွင် ရှောင်လုံ နှင့် ဖုယန်က ဝင်ပေါက်ကို ကျောပေးထားကြသည်။
ထိုကြောင်း ကျောင်းဝူဟွမ်တို့သုံးယောက်က ရှောင်လုံနှင့် ဖုယန်၏ နောက်ကျောပိုင်းကိုသာ မြင်တွေ့လိုက်ရသည်။  ဖုယန်၏ နောက်ကျောပုံသဏ္ဍာန်က သူတို့သုံးယောက်နှင့်  ရင်းနှီးနေသည်။ သို့သော်  ဖုယန်ဖြစ်နိုင်သည်ဟု သူတို့စိတ်ထဲမှာ လုံးဝကို မတွေးမိကြပေ။
ထိုအပြင် လူတစ်ယောက်၏ နောက်ကျောကို မြင်ရုံဖြင့် သူတို့သုံးယောက်က အလိုလို ပင့်သက် ရှိုက်သွင်းမိလိုက်ကြသည်။ အဘယ်ကြောင့် ဤကဲ့သို့ ဖြစ်မှန်း သူတို့ မစဉ်းစားနိုင်အောင် ဖြစ်နေကြသည်။

ထိုအချိန်တွင် ဖုယန်နှင့် ရှောင်လုံတို့နှစ်ယောက်က ဒုန်းစိုင်း ဝင်လာသော ခြေသံများကြောင့် အနောက်သို့ လှည့်ကြည့်လိုက်သည်။ ဖုယန်၏ မျက်နှာကို ရုတ်တရက် မြင်လိုက်ရသည်အခါ ကျောင်းဝူဟွမ်တို့ သုံးယောက်စလုံး တုန်တက်သွားသည်။ သူတို့က ဖုယန်ကို ထစ်ထစ်ငေါ့ငေါ့ဖြင့် နှုတ်ဆက်လိုက်ကြသည်

".... ကျောင်း...ကျောင်းအုပ်ကြီးက ...ဘယ်..ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ...?"

ကျောင်းဝူဟွမ်တို့သုံးယောက်၏ နှုတ်ဆက်သံကြောင့် ရန်သူကို တိုက်ခိုက်ရန်အတွက် သူတို့အနောက်မှ အားမာန်အပြည့်ဖြင့်  လိုက်ပါလာကြသော သိုင်းပညာရှင်များသည် ဒူးများခွေကျလုမတတ် ဖြစ်သွားကြသည်။ သူတို့၏ ခန္ဓာကိုယ်များကလည်း
အနောက်သို့ ယိုင်နဲ့သွားကြသည်။

ဖုယန်က အိမ်တော်သုံးခု၏ ခေါင်းဆောင်သုံးယောက်ကို အေးစက်စက်ဖြင့် စိုက်ကြည့်လိုက်သည်
ထိုနောက် လှောင်ပြောင်သော လေသံဖြင့်
"....ခင်ဗျားတို့ သုံးယောက်က တော်တော်ကို မာန်တက်နေကြတာပဲ ....!"

ကျောင်းဝူဟွမ်တို့သုံးယောက်စလုံး  မျက်နှာ ပျက်ကုန်ကြသည်။

"...ဖုယန် ... မင်းကိုငါ ကြောက်မယ်ထင်နေလား..."

ကျောင်းဝူဟွမ်က ချက်ချင်း အိနြေ္ဒပြန်ဆယ်ပြီး ခါးသီးသော လေသံဖြင့်ပြောလိုက်သည်

"... မင်းတို့ဆရာတပည့်နှစ်ယောက်က ငါတို့လောင်းကစားရုံမှာ ပြဿနာလာရှာရုံတင်မကဘူး..
ငါတို့လူတွေကိုလည်း ဒဏ်ရာရအောင်လုပ်တယ်...
ဒီကိစ္စကို တိမ်ပင်လယ်ပင်မကုန်းမြေရဲ့ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ကိုတိုင်ပြီး ဖြေရှင်းချက်တောင်းမယ် ..."

ဖုယန်က အကျယ်ကြီး အော်ရယ်လိုက်သည်

"...  မင်းတို့မိသားစုရဲ့ တပည့်တွေနဲ့ ကျွန်တွေက မင်းတို့နဲ့ တထပ်တည်းပါပဲလား ....ဘာတဲ့ ငါတို့ဆရာတပည့်က ပြဿနာလာရှာတယ် ဟုတ်လား ..... ဒီမယ် ငါပြောမယ် ကျောင်းဝူဟွမ် ....
မင်းဘာလို့ လျှာအရိုးမရှိတိုင်း လိမ်နေတာလဲ ....
တော်ပြီ ...ငါက မင်းလို လတ်လျားလတ်လျားနဲ့ ဟိုဖွန်ကြောင် ဒီဖွန်ကြောင်ပြီး အားနေတဲ့လူမဟုတ်ဘူး ...မင်းပါးစပ်က ချီးပေါက်နေတာတွေကိုလည်း တစ်နေ့လုံး နားမထောင်နိုင်ဘူး..... လိုရင်းပဲပြောမယ် ... ငါတပည့်က မင်းတို့လောင်းကစားရုံမှာ ဘီလီယံ လောင်းကြေးထပ်ထားတယ် ... အခုငါတို့လာတဲ့ကိစ္စကလည်း အဲ့ဒီလောင်းကြေးရဲ့ အမြတ်ကိုလာယူတာ ... မင်းပါးစပ်ကနေ တတွတ်တွတ် ချီးပေါက်နေတာကို လာနားထောင်တာမဟုတ်ဘူး ..."

မင်းသိပ်ပြီး ချီးမပေါက်နဲ့ ဟူတ်လား...!

ကျောင်းဝူဟွမ် မျက်နှာက ဒေါသထွက်လွန်းသဖြင့် နီရဲနေရာမှ ပြာနှမ်းသွားသည်။  ဒေါသထွက်နေသော်လည်းကျောင်းဝူဟွမ်က ရှောင်လုံကို အကဲခတ်လိုက်သည်။

"... ဟုတ်တယ် ကျုပ် အဲ့နေက ရုပ်ဖျက်လာတာ..."

ရှောင်လုံက မချိုမချဉ် မျက်နှာဖြင့် ဝန်ခံလိုက်သည်။
ကျောင်းဝူဟွမ်က စကားထပ်ပြောရန် ပြင်နေစဉ် ဖုယန်က ရုတ်တရက် စကားဖြတ်ပြောလိုက်သည်

".... ဘာလဲ မင်းတို့က ကတိဖျက်ချင်တာလား...?
သိပ်ရှည်ရှည် ထပ်မပြောဘူး... မင်းတို့ကို တစ်နာရီ အချိန်ပေးမယ်....တစ်နာရီပြည့်လို့ ငါ့အရှေ့ကို ရွှမ်းဝူ ဘီလီယံ သုံးရာ ရောက်မလာလို့ကတော့ အနက်ရောင် လိပ် ကြယ်စင်စုထဲမှာ ရှိနေတဲ့ မင်းတို့မိသားစုရဲ့ အိမ်တွေ ဆိုင်တွေ ၊လောင်ကစားရုံတွေ တစ်စစ်ီဖြစ်ပြိ်လို့သာ မှတ်ပေတော့ .... အဲ့အချိန်ကြမှ ငါ့ကို အပြစ်အတင်နဲ့ ...."

ခေါင်းဆောင်းသုံးယောက်၏ နှလုံးအိမ်ထဲမှာ အဆုံးမရှိသော အမျက်ဒေါသများဖြင့် ဝူးဝူးဝါးဝါး ဖြစ်နေသည်။ ဖုယန်က သူတုိ့သုံးယောက်ကို ပေါ်ပေါ်တင်တင် ခြိမ်းခြောက်လိုက်ခြင်း ဖြစ်သည်။
သို့သော် သူတို့သိထားသည့် ဖုယန်သည် ပြောပြီးသည့်စကားကို ပြန်ပြင်လေ့မရှိပေ ။ ထိုအပြင် ဖုယန်ဆီမှာ ထိုကဲ့သို့ လုပ်ဆောင်နိုင်စွမ်းလည်း ရှိနေသည်။ အပြင်လောကမှ အဖြစ်အပျက်များကို လျစ်လျူရှုပြိး  တံခါးပိတ် သိုင်းလေ့ကျင့်နေကြသော သူတို့မိသားစုမှ ဘိုးဘေးသုံးယောက် ပူးပေါင်းတိုက်ခိုက်လျှင်တောင် ဖုယန်ကို သေချာပေါက်အနိုင်ရမည်ဟု ရာနှုန်းပြည့် မဆိုနိုင်ပေ ။

ခေါင်းဆောင်သုံးယောက်လည်း သူတို့ရင်ထဲမှာ ထကြွသောင်းကျန်းနေသော ဒေါသများကို အတင်းချိုးနှိမ်လိုက်ကြသည်။ ထိုနောက် ဖုယန်ပြောသည့် အချိန်တစ်နာရီအတွင်း ဘီလီယံ သုံးရာ ရှာပေးနိင်ရန်အတွက် သုတ်သီးသုတ်ပျာဖြင့် လောင်းကစားရုံအတွင်းမှ ထွက်သွားကြသည်။

သူ့အရှေ့တွင် သပ်ရပ်စွာစုပုံထားသည့် ရွှမ်းဝူ ဘီလီယံ သုံးရာကိုကြည့်ပြီး ဖုယန်က တောက်ပစွာ ပြုံးလိုက်သည်

".... ရှောင်လုံ ... နောက်တစ်ခါ အခုလို ရပေါက်မျိုးရှိရင် ငါ့ကိုလည်း လက်တို့စမ်းပါကွာ...
ငွေကြေးလေးရလာရင် ငါလည်း မိအိုဖအိုကို လုပ်ကြွေးနေကြတဲ့ ကြယ်စင် တို့ လမင်းတို့ကို နည်းနည်းလောက် ထောက်ပံလို့ရတာပေါ့...."

ကျောင်းဝူဟွမ် ၊ ဝမ်တင်းကျီ နှင့် ဂူဒူရီတို့၏ မျက်နှာများက ဘီလူးသံပရာသီးကိုက်မိသလို  ရှုံ့တွသွားသည်။ ဖုယန်စကားကြောင့် သူတို့၏
သွေးကြောထဲမှ သွေးများ ပြောင်းပြန် စီးဆင်းသွားပြီး သွေးအန်ထွက်လုမတတ် ခံစားလိုက်ရသည်။

ဖုယန်က သူ့အငယ်ဆုံးတပည့်လေး၏ ပုခုံးကိုပုတ်ပြီး ရယ်ရယ်မောမောဖြင့် ဆက်ပြောလိုက်သည်

".... ရှောင်လုံ ...မင်းတော်တော်ကပ်စေးနည်းတဲ့ကောင်ပဲ ... နောက်ဆို ဘီလီယံ တစ်ရာလောက် လောင်းစမ်းပါကွ ..."

အကယ်၍ ရှောင်လုံသာ ဘီလီယံ တစ်ရာ လောင်းကြေးထပ်ခဲ့လျှင် ဘီလီယံ ၁၅၀၀ကျော်ရရှိမှာ ဖြစ်သည်။  ကျောင်းဝူဟွမ်တို့သုံးယောက်သည် သူတို့၏ အောက်ခံဘောင်းဘီပါမကျန် ရောင်းပေးလျှင်တောင် ထိုငွေကြေးပမာဏကို ရှင်းပေးနိုင်မှာ မဟုတ်ပေ။ ခေါင်းဆောင်သုံးယောက်စိတ်ထဲမှာ ဖုယန်အား အခုနေရာမှာတင် ဂုတ်ချိုး၍ သုံးပိုင်းဆွဲဖြဲ ပစ်ချင်နေသည်။

ဖုယန်က သူတို့သုံးယောက်၏ လူသတ်ချင်နေသောအကြည့်များကို လျစ်လျူရှုပြီး လောင်းကစားရုံအတွင်းမှ ရှောင်လုံနှင့်အတူ ရယ်ရယ်မောမောဖြင့် ထွက်ခွာသွားသည်။

ဖုယန်က လောင်းကစားရုံအပြင်ဘက်သို့ ထွက်တော့မည့်အချိန်တွင် တစ်စုံတစ်ရာ သတိရသွားဟန်ဖြင့် ကျောင်းဝူဟွမ်တုိ့ဘက်ကို ပြန်လှည့်လိုက်သည်

"... ဒီလောင်ကစားရုံက အနက်ရောင် သူရဲကောင်းမြို့ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မညီဘူး...
မသိနားမလည်တဲ့လူတွေကို အနိုင်ကျင့်တယ်..
ကျောင်းပြန်ရောက်ရင် ဒီလောင်းကစားရုံကို ချိတ်ပတ်ဖို့ ကျောင်းသားတွေ လွှတ်လိုက်မယ်...
ခင်ဗျားတို့သုံးယောက်ကိုတော့ ရှေးရှေးက မျက်နှာထောက်ပြီးမဖမ်းတော့ဘူး ...."

......

Sorryဗျာ အခုမှလိုင်းမိလို့ပါ

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၆၄၀ ......

အဆောက်အဦးကို ချိတ်ပိတ်မယ်ဟုတ်လား ....!

ကျောင်းဝူဟွမ်တို့သုံးယောက်လည်း သူတို့ ရင်ထဲမှ အန်ထွက်လာတော့မည့် ဒေါသများကို မနည်းထိန်းချုပ်လိုက်ရသသည်။ သူတို့သုံးယောက်က ရှောင်လုံတို့ ဆရာတပည့်နှစ်ယောက် ထွက်ခွာသွားသည့်မြင်ကွင်းကို မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့်သာ စိုက်ကြည့်နေကြသည်။

"... ဖုယန် ...ဒီအဘိုးကြီး တော်တော်လွန်တာပဲ ..."

သူတို့မြင်ကွင်းရှေ့မှ ရှောင်လုံတို့ဆရာတပည့်နှစ်ယောက် ပျောက်ကွယ်သွားပြီးနောက် ကျောင်းဝူဟွမ်က ဒဏ်ရာရနေသော ကျားရဲတစ်ကောင်လိုဒေါသတကြီး အော်လိုက်သည်။

".... နောက်တစ်ကြိမ်ကျင်းပမယ့် အဆင့်မြင့် နတ်ဘုရားတွေရဲ့သိုင်းပြိုင်ပွဲအထိတော့ ပျော်နေအုံးပေါ့ကွာ ....ပြီးတာနဲ့ အခုငါတို့ခံစားခံရတာတွေကို အတိုးနဲ့ ပြန်တောင်းမယ် ...."

ဝမ်တင်းကျီကလည်း လူသတ်ချင်စိတ်အပြည့်ဖြင့်
ပြောလိုက်သည်။  ရှောင်လုံနှင့် ဖုယန်က အနက်ရောင် သူရဲကောင်း တက္ကသိုလ်သို့ တန်းမပြန်သေးပေ။ ကျောင်းဝူဟွမ်တို့သုံးယောက်ကို နှိပ်ကွပ်လာသည့် အထိမ်းအမှတ်ဖြင့် အနက်ရောင် သူရဲကောင်းမြို့အတွင်းမှ အကြီးဆုံး စားသောက်ဆိုင်ကြီးတွင် အောင်ပွဲခံလိုက်သည်။
နေ့တစ်ဝက်ခန့်ကြာပြီးမှ တက္ကသိုလ်သို့ ပြန်သွားကြသည်။

ရွှေနဂါးတောင်ထိပ်သို့ ပြန်ရောက်လာပြ်ိးနောက်
ရှောင်လုံက နတ်ဘုရားအဆင့် ၅ အလယ်အဆင့်သို့ ကျော်ဖြတ်မည့် တံခါးပိတ်လေ့ကျင့်ခန်းမဝင်ခင် သူ့မိသားစုနှင့် အချိန်ပေးနေထိုင်လိုက်သည်။

လွန်ခဲ့သော တံခါးပိတ် လေ့ကျင့်မှုတွင် ရှောင်လုံက နတ်နဂါး ခုနှစ်ကောင်၏ အမြုတေအတွင်းမှ စွမ်းအားများကို သန့်စင်၍စုပ်ယူခဲ့သည်။ ကျန်ရှိနေသေးသော နတ်နဂါး အမြုတေ ခြောက်ခုကို ယခုတစ်ကြိမ် သိုင်းလေ့ကျင့်ရာတွင် စုပ်ယူရန်အတွက် ချန်ထားခဲ့သည်။ ရှောင်လုံသည် လေလံပွဲတွင်ဝယ်ခဲ့သော စစ်မှန်သော နဂါးဘုရင်၏ အမြုတေနှစ်ခုအတွင်းမှ စွမ်းအားများက်ို မစုပ်ယူခင် မိုးသီးကျောက်တုံး ရတနာသိုက်အတွင်း ကျန်နေသေးသော နတ်နဂါး အမြုတေလေးခုကို အရင်ဆုံး စုပ်ယူလိုက်သည်။

အချိန်များက တရွေ့ရွေ့ကုန်ဆုံးကာ မကြာခင်
အချိန်လေးလခန့် ကုန်လွန်သွားသည်။  မဟာနတ်ဘုရားအဆင့် နတ်နဂါး အမြုတေ တစ်ခုအတွင်းမှ စွမ်းအားများကို စုပ်ယူပြီးနောက် ရှောင်လုံလည်း နတ်ဘုရား အဆင့် ၅ အလယ်အဆင့်သို့ ကျော်ဖြတ်ရောက်ရှိနိုင်ခဲ့သည်။
သိုင်းအဆင့်တက်ခဲ့သော်လည်း ရှောင်လုံသည် တံခါးပိတ် လေ့ကျင့်မှုမှ ထွက်ခွာခြင်း မပြုပေ။
နောက်ထပ် အချိန်တစ်နှစ်ကို အသုံးပြု၍ ရတနာသိုက်အတွင်း ကျန်နေသေးသော အမြုတေ သုံးခုအတွင်းမှ စွမ်အားများကို ဆက်လက်စုပ်ယူလိုက်သည်။

သို့သော် ထိုအမြုတေသုံးခုအတွင်းမှ စွမ်းအားများကိုစုပ်ယူခဲ့သော်လည်း ရှောင်လုံ၏ အတွင်းအားများက အနည်းငယ်မျှသာ တိုးတက်ခဲ့သည်။ ထိုရလဒ်ကြောင့် ရှောင်လုံလည်း နည်းနည်း စိတ်ပျက်သွားသည် ။ ယခုရလဒ်သည် သူမျှော်လင့်ထားသည်နှင့် အများကြီး ကွာဟနေသည်။

"... ဟေ့ကောင်ရ ...မင်း နတ်ဘုရား အဆင့် ၅ ကိုရောက်နေတာ ဘယ်နှစ်နှစ် ကြာသေးလို့လဲ .... အခုဆို နတ်ဘုရားအဆင့် ၅ အလယ်အဆင့်ရဲ့ အထွတ်အထိပ်ကိုရောက်နေပြိ်ီလေ ... နောက်ဆုံးအဆင့်ကိုရောက်ဖို့တောင် ဘယ်လောက်လိုတော့လိုလဲ ....."

  အတွင်းအား အဆင့်မတက်သဖြင့် စိတ်ပျက်လက်ပျက်ဖြစ်နေသော ရှောင်လုံကိုကြည့်ပြီး အောင်းတိုင်ရီတစ်ယောက် ဘာပြောရမှန်းမသိအောင် ဖြစ်သွားသည်။

".... မင်းပတ်ဝန်းကျင်က တခြား သိုင်းသမားတွေကို နည်းနည်းလောက်တော့ လေ့လာကြည့်ပါအုံးလား..
မင်းနဲ့ ယှဉ်ရင် သူတို့ရဲ့ အတွင်းအားအဆင့််တက်နှုန်းက လိပ်လိုပဲ ..
မဟုတ်သေးဘူး တီကောင်လိုပဲ ...."

ထိုစကားကိုကြားပြီးနောက် ရှောင်လုံလည်း အနည်းငယ်ကြာအောင် မှင်တက်သွားသည်။
တခြားသိုင်းပညာရှင်တွေရဲ့ အဆင့်တက်နှုန်း ဟုတ်လား....?

ယေဘုယျအားဖြင့် ဆိုရလျင် နတ်ဘုရား အဆင့် သိုင်းပညာရှင်များထဲတွင် သိုင်းအဆင့်တစ်ခုကို ကျော်ဖြတ်ရန် အတွက် နှစ်ပေါင်းတစ်ရာကျော် အချိန်ယူ၍ မပြင်ဆင်သူမှာ အလွန်ပင် ရှားပါးသည်။
တစ်ချို့ နတ်ဘုရားအဆင့် ၅ သိုင်ပညာရှင်များသည် အဆင့်၅ ၏ စဦးအဆင့်မှ နောက်ဆုံးအဆင့်သို့ ရောက်ရှိရန်အတွက် အနှစ်တစ်ထောင်မှ နှစ်ထောင်အထိ အချိန်ယူကြရသည်။
သယံဇာတကြွယ်ဝသော မဟာထိပ်သီးမိသားစုမှ ပါရမီရှင်များပင် စဦးအဆင့်မှ အလယ်အဆင့်သို့ရောက်ရှိရန် ဆယ်စုနှစ်တစ်ခုနီးပါး အချိန်ယူကြရသည်။

ထိုအကြောင်းအရာကို စဉ်းစားပြီးနောက် ရှောင်လုံစိတ်ထဲမှာ အနည်းငယ် ကျေနပ်သွား၏။
ထိုကြောင့် ရှောင်လုံက စစ်မှန်သော နဂါးဘုရင်၏ အမြုတေနှစ်ခုကိုလည်း အလောတကြီး စုပ်ယူရန် မကြိုးစားတော့ပေ။ နတ်တောင်ရွှမ်းမီအပြင်ဘက်သို့ ထွက်လိုက်သည်နှင့်
သင်းပျံနေသော စိတ်ဝိညာဉ် သစ်သီး ပန်းပွင့်များ၏ ရနံကြောင့် ရှောင်လုံစိတ်လည်း ကြည်လင်လန်းဆန်း သွားသည်။ ရှောင်လုံလည်း သစ်ပင်ပန်းမန်များ ဝေဝေဆာဆာ ဖူးပွင့်နေသော ပန်းဥယျာဉ်အတွင်းသို့ လှည့်ပတ်ကြည့်လိုက်သည်။
ပင်မတံခါးဝအနီးသို့ ရောက်သောအခါ ပျော်ရွှင်စွာ အော်ဟစ်နေသော အသံများကို ကြားလိုက်ရသည်။
ရှောင်လုံလည်း အသံများထွက်ပေါ်လာရာနေရာသို့ လှမ်းမျှော်ကြည့်လိုက်သည်။ ထိုအခါ ရေကန်ထဲသို့ရောက်နေကြသော ဟောင်ပန် ၊ ဟောင်ရှောင်ဟိုင် ၊ ဂိုရှောင်ဖန် ၊ ရှဲပူတိနှင့် တခြားလူတစ်ချို့ကို မြင်လိုက်သည်။ စုရန်၊ ဟောင်မင်း နှင့် တခြားလူများက တစ်ဖက်မှ အားပေးနေကြသည် ။

  နှလုံးကြည်နူးစရာ မြင်ကွင်းကိုကြည့်ပြီးရှောင်လုံ ရင်ဘတ်ကြီးတစ်ခုလုံးနွေးထွေးသွားသည်။ ရှောင်လုံလည်း ရေကန်အနားသို့ ခပ်မြန်မြန်လမ်းလျှောက်သွားလိုက်သည်။
ခြေလှမ်းသံကြောင့် ရေကန်အတွင်းမှ ပြိုင်ပွဲသို့ အာရုံရောက်နေကြသူများက အနောက်သို့ လှည့်ကြည့်လိုက်ကြသည်။

"... ဟာ ဂိုဏ်းချုပ် ပါလား..."

ကျောင်းရှု ၊ ကျန်းဖူက အရှေ့သို့ထွက်လာပြီး ရှောင်လုံကို အလျင်အမြန် အရိုအသေပေးလိုက်သည်။

".... ရှောင်လုံ ..."

".... အကိုကြီး ...."

စုရန်နှင့်ဟောင်မင်းတို့ကလည်း ရှောင်လုံကို ပျော်ရွှင်စွာ နှုတ်ဆက်လိုက်ကြသည်။
ရှောင်လုံက အားလုံးကို ပြုံးပြလိုက်ပြီး ရေကန်အနားသို့ သွားလိုက်သည်။ တတွတ်တွတ်ဖြင့် ခေါ်နေသော ဂိုရှောင်ဖန်နှင့် ဟောင်ရှောင်ဟိုင်တို့ကြောင့် ရှောင်လုံလည်း ရေကစားပွဲကို ဆင်နွှဲလိုက်ရသည်။ နာရီဝက်ခန့် ရေကစားပြီးနောက် နေမွန့်တည့်ချိန်သို့ ရောက်ရှိသွားသည်။ ရှောင်လုံ သိုင်းလေ့ကျင့်ရာမှ ထွက်လာသည့် အထိန်းအမှတ်ဖြင့် ညအခါတွင် မီးပုံပွဲကျင်းပရန် အားလုံးက အကြံပြုလိုက်သည်။
ရှောင်လုံလည်း စိတ်အားထက်သန်နေသော လူစုကြီးကိုကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။

မီးပုံပွဲတွင် ရှောင်လုံက သူ့မရှိစဉ်ကာလအတွင်း ရွှေနဂါးတောင်၏ အခြေအနေအား သူ့မိဘများ ကို မေးလိုက်သည်။ ရှောင်လုံမရှိသောလည်း လွန်ခဲ့သော နှစ်အတွင်း ရွှေနဂါးတောင်ကြီးက ငြိမ်းချမ်းသာယာခဲ့သည်။ ယန့်ဖေးယွဲ့နှင့် သူ့အဖော်ကျောင်းသားများသာ တစ်ခါတစ်လေ လာရောက်လည်ပတ်ကြသည်။ သို့သော် နဂါးအဖွဲ့အစည်းမှ လူများကတော့ ရွှေနဂါးတောင်းကို ဝေးဝေးမှ ရှောင်ကြသည်။

ဖန်ဟိုင်ချန်စေလွှတ်ခဲ့သည် ကျောင်းသားတစ်ချို့ကလည်း ရှောင်လုံ တံခါးပိတ် လေ့ကျင့်ခန်းဝင်နေမှန်းကို သိသွားပြီးနောက် အသာတကြည်ဘဲ ပြန်သွားကြသည်။

"... ဖန်ဟိုင်ချန် .....!"

ဖန်ဟိုင်ချန်သည် အထူးကျောင်းသားများ၏ ထိပ်သီးကျောင်းသားငါးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ သူ့ခွန်အားသည် နဂါးအဖွဲ့အစည်းခေါင်းဆောင် ကျောင်းယုထက် မနိမ့်ပေ ။ ဖန်ဟိုင်ချန်သည် အလွန်ကို ကောက်ကျစ်စဉ်းလဲပြီး တဇောက်ကန်း လုပ်တတ်သူတစ်ယောက်ဖြစ်သည်။ ထိုအပြင် ရှောင်လုံ နှင့် ဖန်ဟိုင်ချန်က တစ်ခါမှ ဆုံတွေ့ဘူးခြင်း မရှိပေ။

ဘာရည်ရွယ်ချက်နဲ့ သူငါ့ကို ဖိတ်တာလဲ မသိဘူ...?

"... ဖန်ဟိုင်ချန် လွှတ်လိုက်တဲ့လူတွေက ဘာကိစ္စနဲ့ ဖိတ်ခေါ်တယ်ဆိုတာကိုရော ပြောခဲ့သေးလား ...?"
ရှောင်လုံက ကျောင်းရှုကို မေးလိုက်သည်။

"... သူက အများကြီး မပြောသွားပါဘူးဂိုဏ်းချုပ် ...  ဂိုဏ်းချုပ် တံခါးပိတ် လေ့ကျင့်ခန်းကထွက်လာရင်သာ သူ့ကို
အကြောင်ကြားပေးဖို့ပဲ ပြောသွားတာပါ ..."

ကျောင်းရှုက အလျင်အမြန် ပြန်ဖြေလိုက်သည်။
ရှောင်လုံစိတ်ထဲမှာ ဖန်ကျား တောင်ထိပ်သို့ သွားရန် စိတ်ကူးမရှိပေ။ ဖန်ဟိုင်ချန်ကဲ့သို့ လူလိုမျိုးနှင့် မပတ်သတ်သည်မှာ အကောင်းဆုံး ဖြစ်သည်။

လှပသောဆွဲငင်သော လရောင်အောက်မှ လေပြည်လေညှင်းတစ်ချို့က ရှောင်လုံအရေပြားကို ကြင်နာစွာပွတ်သပ်သွားသည်။ မီးပုံပွဲသည် နောက်တစ်နေ့မနက်ခင်းအထိ ကြာမြင့်ခဲ့သည်။ ထိုနောက် အားလုံးက မိမိနေထိုင်ရာနေရာသို့ ပြန်သွားကြသည်။

ရွှေနဂါးတောင်ထိပ်တွင် တစ်နှစ်ကျော် လေ့ကျင့်ခဲ့ပြီးနောက် ရှောင်လုံ မိသားစု၏ သိုင်းကျင့်စဉ်များက သိသိသာသာကို တိုးတက်လာခဲ့သည်။ ရှောင်လုံက သူမိသားစု သိုင်းလေ့ကျင့်ရာတွင် ကြုံတွေနေသော အခက်အခဲများကို အချိန်ပေး၍ ဖြေရှင်းပေးလိုက်သည်။ ထိုနောက် ကျန်ရှိနေသေးသော စစ်မှန်သော နဂါးဘုရင်၏ အမြုတေနှစ်ခုအတွင်းမှ စွမ်းအားများကို စုပ်ယူရန် နောက်တစ်ကြိမ် တံခါးပိတ် လေ့ကျင့်ခန်း ဝင်လိုက်သည်။
ထိုအမြူတေ နှစ်ခုအတွင်း ကိန်းအောင်းနေသော စွမ်းအားများသည်  မိုးသီးကျောက်တုံးရတနာသိုက်အတွင်းမှ မဟာ နတ်ဘုရားအဆင့် နတ်ဘုရား အမြုတေ ဆယ့်တစ်ခု၏ စွမ်းအားများထက် အဆပေါင်းများစွာ ပိုများသည်။  ထိုကြောင့် အမြုတေတစ်ခုအတွင်းမှ စွမ်းအားအကုန်လုံးကို စုပ်ယူရန် ရှောင်လုံ နှစ်တစ်ဝက်ကျော် အချိန်ပေးခဲ့သည်။ စစ်မှန်သောနဂါးဘုရင်၏ အမြုတေတစ်ခုကို စုပ်ယူပြီးနောက် ရှောင်လုံအတွင်းအားများက နတ်ဘုရားအဆင့် ၅ နောက်ဆုံးအဆင့်သို့ တက်လှမ်းသွားသည်။ ထိုနောက် ရှောင်လုံသည် နောက်ထပ် အမြုတေတစ်ခုအတွင်းမှ စွမ်းအားများကို ထပ်မံစုပ်ယူလိုက်သည်။

ခန့်မှန်းခြေသုံးနှစ်ခန့် ကြာပြီးနောက် မဟာနတ်ဘုရား အမြုတေ အားလုံးကို ရှောင်လုံ စုပ်ယူပြီးသွားသည် ။ ရှောင်လုံအတွင်းအားကလည်း
နတ်ဘုရားအဆင့်၅ နောက်ဆုံး၏ အထွပ်အထိပ်အဆင့်သို့ ရောက်ရှိသွားသည်။
နတ်ဘုရား အဆင့် ၆ သို့ရောက်ရှိရန် ခြေလှမ်းအနည်းငယ်သာ လိုတော့သည်။
ထိုမျှအဆင့်အထိ ရောက်ခဲ့သော်လည်း ရှောင်လုံစိတ်ထဲမှာ ထိုရလဒ်ကို တနည်းတဖုံဖြင့် စိတ်ပျက်နေဆဲပင် ။ ကံကောင်းသည်မှာ မိုးသီးကျောက်တုံးရတနာသိုက်ထဲတွင် သုံးကြိမ် ဆင့်ကဲပြောင်းလဲခြင်း ဆေးအလုံးငါးသောင်းကျော် ကျန်နေသေးခြင်းပင် ဖြစ်သည်။ ၎င်းဆေးလုံးများကို သောက်သုံးပြီးလျှင် ရှောင်လုံ၏ အတွင်းအားများက နတ်ဘုရားအဆင့် ၆ သို့ရောက်လုနီးပါး ဖြစ်သွားမှာ ဖြစ်သည်။

ရှောင်လုံလည်း အကြံတစ်ခုရပြီး နတ်တောင်ရွှမ်းမီအပြင်ဘက်သို့ ထွက်လိုက်သည်။

"... အဖေတို့ အမေတို့ရဲ့ သိုင်းကျင့်စဉ်တွေရော ဘယ်လိုအခြေအနေရှိလဲမသိဘူး ... "

ရှောင်လုံ၏ အတွေးအတိုင်း ခြေလှမ်းများက သူ့မိဘများနေထိုင်သည့် ခြံဝန်းရှိရာသို့ ခေါ်ဆောင်သွားသည်။ ဟောင်ပန်တို့က စကြာဝဠာ အဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် အနည်းငယ်သာ လိုတော့ကြောင်းကို သိရှိပြီးနောက် ရှောင်လုံလည်း အရမ်းကိုပျော်ရွှင်သွားသည်။ စကြာဝဠာ အဆင့်သို့ ရောက်ရှိပါက ဟောင်ပန်တို့၏ အသက် သက်တမ်းသည် နှစ်တစ်ထောင်ကျော်သွားမှာ ဖြစ်သည် ။ နောက်ထပ် သတင်းကောင်းတစ်ခုမှာ
ဟောင်ရှောင်ဟိုင် ၊ ဟောင်မင်း ၊ ဂိုရှောင်ဖန် နှင့် ဂိုတန်တို့ကလည်း နတ်ဘုရားတစ်ပိုင်း အဆင့်သို့ အသီးသီးရောက်ရှိနေသည့် သတင်းပင် ဖြစ်သည်။

"....အင်းကြည့်ရတာ အဖေနဲ့ အမေတို့ သိုင်းအဆင့်တက်ဖို့ကို ကူညီပေးနိင်တဲ့ နတ်ဘုရားအဆင့် ဝိညာဉ်ဆေးလုံးတွေကို စပြီး ဖော်စပ်ရတော့မယ်ထင်တယ် ..."

ရှောင်လုံက တီးတိုးရေရွတ်လိုက်သည်။ ထိုဆေးလုံးများ၏ အကူအညီသာမပါလျှင် သူမိဘနှစ်ယောက် စကြာဝဠာ သိုင်းပညာရှင် ဖြစ်လာရန် အလွန်ခက်ခဲနိုင်သည်။

ဟောင်မင်း ၊ ဟောင်ရှောင်ဟိုင် နှင့် ဂိုရှောင်ဖန်တို့လည်း နတ်ဘုရားတစ်ပိုင်းအဆင့်တွင် တစ်ဆို့နေသည်မှာ အချိန်အတော်ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။ ရှောင်လုံလည်း စကြာဝဠာ အဆင့်သို့ အလွယ်တကူ ကျော်ဖြတ်နိုင်မည့်ဆေးလုံးများ အကြောင်းကို အောင်းတိုင်ရီအား မေးမြန်းလိုက်သည်။

အောင်းတိုင်ရီက ချီတုံချတုံဖြင့် ပြန်ဖြေလိုက်သည်

"... စကြာဝဠာ အဆင့်ကို ရောက်ရှိစေနိုင်တဲ့ ဆေးတွေအများကြီးရှိတယ် ... ဒါပေမယ့် အဲ့ဒီဆေးလုံးတွေကြားမှာ အကျိုးသက်ရောက်မှုချင်းတော့ ကွာကြတယ် ... အကောင်းဆုံးကတော့ ပင်လယ် လမင်း သက်ဆင်းခြင်း နတ်ဆေးလုံးပဲ..... အဲ့ဒီဆေးလုံးကို သောက်ထားတဲ့  စကြာဝဠာတစ်ပိုင်းသိုင်းသမားက  စကြာဝဠာ သိုင်းပညာရှင် ဖြစ်နိုင်ခြေ ရှစ်ဆယ်ရာခိုင်နှုန်းလောက်ကို ရှိသွားတယ် ...ဒါပေမယ့် ခက်တာက အဲ့ဒီဆေးလုံး ဘယ်လိုဖော်စပ်ရမလဲဆိုတာကို သိတဲ့လူကလည်း သိုင်းလောကထဲမှာ တစ်ယောက်ပဲ ရှိတယ် ... "

Fortsätt läs

Du kommer också att gilla

211K 5K 166
Author: Moxibustion Tail Demon Fox/灸尾妖狐 Category: Danmei fanfiction Status: 167 chapter Introducing: It's not scary to be dressed as cannon fodder in...
533K 13.3K 42
Psycho brothers and a little angel sister sounds not so good together right? so what happens when an sweet angel comes live with her lovesick pyscho...
175K 5.5K 200
Author: Su Mengmeng/苏萌萌 Category: Danmei Fiction Status: 250 Chapter (Complete) Introducing: (Main attack, clean body and mind, no children, cool te...
540K 18.4K 78
Child of the Eldest Gods from the East, Heiress of Earth and Legacy of Stars and Magic, Has the Affinity to Balance the Peace of Nature, Fated Love i...