ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

Por Azure5549

47.1K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... Mais

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

526 - 530

182 12 0
Por Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၅၂၆......

ပျံသန်းသွားကြသော စကြာဝဠာသိုင်းပညာရှင်များက မည်သည့် အခင်းအကျင်းကိုမှ အသုံးပြုခြင်းမရှိဘဲ မြို့တံတိုင်းတစ်လျှောက် တစ်တန်းတည်းသာ ရပ်လိုက်ကြသည်။ ထိုနောက် စွမ်းအားပြင်စထန်သော သိုင်းကွက်များဖြင့် နတ်ဘုရားကျောင်းတော်၏ ဂိုဏ်းသားများကို စတင်တိုက်ခိုက်ကြသည်။

မျက်စိတမှိတ်အတွင်း သွေးချောင်းစီပွဲကြီး ဖြစ်ပေါ်လာသည်။ သွေးများက နေရာအနှံ့သို့ ပြန့်ကျဲနေကြပြီး နာကျင်စွာ အော်ဟစ်သံများဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။

ကျန်းကျင်ဖန်ဦးဆောင်လာသော စစ်တပ်ကြီးက လူဦးရေ သန်းလေးဆယ်ကျော် ပါဝင်သော်လည်း
လူနှစ်သန်းကသာ ကောင်းကင်အဆင့် သိုင်းသမားများ ဖြစ်ကြသည်။

ရှောင်လုံဘက်မှ စကြာဝဠာသိုင်းပညာရှင် အယောက်တစ်ထောင် စတင်တိုက်ခိုက်လိုက်သည်နှင့်
စက္ကန့်ပိုင်းအတွင်းမှာဘဲ သောင်းနှင့်ချီသော သိုင်းပညာရှင်များက သွေးအမှုန့်အစများအဖြစ် ပေါက်ကွဲသေဆုံးကုန်ကြသည်။ စကြာဝဠာသိုင်းပညာရှင်နှင့် ကောင်းကင်အဆင့် သိုင်းသမားများကြားမှ ကွက်လပ်ကြီးက အရမ်းကိုကြီးမားလွန်းလှသည်။

မြေကြီးအဆင့်သိုင်းသမားများ၏ အရေအတွက်က ကြောက်စရာကောင်းသော်လည်း သူတို့တိုက်ခိုက်မှုများနှင့်ထိမှန်သွားသော စကြာဝဠာ သိုင်းပညာရှင်များမှာ အယားတောင် မပြေလိုက်ကြပေ။

ရှောင်လုံ၏ စကြာဝဠာ သိုင်းပညာရှင်အယောက်တစ်ထောင်ကျော်က သူ့စစ်တပ်အား အမဲဖျက်နေသည့် မြင်ကွင်းကိုကြည့်ရင်း ကျန်းကျင်ဖန်က အရမ်းကို ဒေါကန်သွားသည်။
သူနှင့် ဂိုဏ်းခွဲမှူးများက ကျောင်းရှုတို့ကို ဝင်ရောက်တိုက်လိုက်မည့်အချိန်တွင် သူတို့အရှေ့သို့ ရှောင်လုံရောက်ရှိလာပြီး သူတို့လမ်းကို  တားဆီးသည်။

ထိုနောက် ရှောင်လုံက လက်ဝါးတစ်ချက်ကို ညင်သာစွာ ဆန့်ထုတ်လိုက်သည်။ ထိုလက်ဝါးချက်က ချစ်သူပါးပြင်လေးကို ပွတ်သပ်လိုက်သလိုကို ညှင်သာလေသည်။ သို့သော်လည်း ထိုလက်ဝါးချက်ကိုကြည့်ရင်း ဂိုဏ်းခွဲမှူးများ၏  မျက်နှာများက ဖြူဆုတ်သွားကြသည်။ ထိုနောက် သူတို့လေလည်ချိန်ပင် မရလိုက်ပေ ။ အားလုံး၏ ခန္ဓာကိုယ်များက တစ်ပြိုင်နက် ပေါက်ကွဲထွက်ပြီး သေဆုံး ကုန်ကြသည်။

ပေါက်ကွဲရာမှ ထွက်လာသော သွေးများ ၊ အညှိအဖတ်များဖြင့် ကျန်းကျင်ဖန်တစ်ကိုယ်လုံး ပေပွ သွားသည်။ မြို့ရိုးပေါ်မှ အင်ပါရာ ဒေါင်ရမ်နှင့် တခြားလူများက ထိုမြင်ကွင်းကို ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

ညှင်သာသော လက်ဝါးလေး တစ်ချက်က ဒီလောက်ထိ ...!

နတ်ဘုရားကျောင်းတော်၏ ဂိုဏ်းခွဲမှူး သုံးဆယ်ငါးယောက်က တစ်ပြိုင်နက်ပေါက်ကွဲ၍ သေဆုံးသွားကြသည်။

ရှူး ...ရှူး ......

ထိုအသံများက ဒေါင်ရမ်တို့လူစု ကြောက်လန့်ပြီး လေအေးများကို ရှုသွင်းလိုက်သည် အသံများ ဖြစ်သည်။

ရှောင်လုံနှင့် ရှေးဟောင်းနဂါးသိုက်သို့ သွားခဲ့သည့်အချိန်များကို ဒေါင်ရမ်ရင်ထဲမှာ ပြန်လည် အမှတ်ရမိလိုက်သည် ။ ထိုအချိန်၌ ရှောင်လုံက စကြာဝဠာ အဆင့်သို့ ရောက်ခါစသာ ရှိသေးသည်။

ဘယ်လောက်ကြာသေးလို့လဲ ...?
ဒေါင်ရမ်က တွေးကြည့်လိုက်သည်။
အခုတော့ စကြာဝဠာအဆင့် သိုင်းပညာရှင်တွေကို ညှင်သာတဲ့ လက်ဝါးလေးတစ်ချက်နဲ့တောင် သတ်နိုင်နေပြီလား ...?

ဂိုဏ်းခွဲမှူး စကြာဝဠာ သိုင်းပညာရှင်များထဲတွင်
အဆင့်မြင့် စကြာဝဠာ သိုင်းပညာရှင် ငါးယောက်
ပါရှိသည်။

မြို့ရိုးအောက်မှ နတ်ဘုရားကျောင်းတော်၏ ဂိုဏ်းသားများက သူတိုအမေကိုတရင်း အော်ငိုနေကြသည်။ နတ်ဘုရားကျောင်းတော် ဂိုဏ်းခွဲမှူးများကို လက်ဝါးတစ်ချက်ဖြင့် အလွယ်တကူ သတ်လိုက်သည့် ရှောင်လုံကိုကြည့်ရင်း ကျောင်းရှုတို့ကိုယ်တိုင်ပက် သေးထွက်ကျလုမတတ် ကြောက်လန့်သွားသည်။
သူတို့ဖင်များကလည်း ဂျယ်လီတုံးများကဲ့သို့ တုန်ခါနေသည်။

ရှောင်လုံက ပတ်ဝန်းကျင်ကို လျစ်လျူရှုထားလိုက်သည် ။ သူအာရုံက ကျန်းကျင်ဖန်အပေါ်ကိုသာ ကျရောက်နေသည်။
ထိုနောက် သူ့လက်တစ်ဖက်ကိုမြှောက်လိုက်သည်။
ချွန်မြသော နတ်ဆိုးချီတစ်ခုက ကျန်းကျင်ဖန်၏ ချီပင်လယ်အတွင်းသို့ ထိုးဖောက်ဝင်သွားသည်။
ထိုနောက် ကျန်းကျင်ဖန်၏ အတွင်းအားချီများကို ထိန်းချုပ်လိုက်သည်။ အတွင်းအားများ ထိန်းချုပ်ခံရပြီးနောက် ကျန်းကျင်းဖန်လည်း မြေပြင်ပေါ်သို့ ဇောက်ထိုးပြုတ်ကျလာလေသည်။
ထိုနောက် မြေကြီးပေါ်မှာ လူးလိမ့်ပြီး နာကျင်စွာဖြင့် အော်နေသည်။

စက္ကန့်ပိုင်းမျှ ကြာပြီးနောက် ကျန်းကျင်ဖန်၏ နာကျင်စွာ အော်ဟစ်သံများက သနားစဖွယ် တောင်းပန်သံများအဖြစ်သို့ ပြောင်းလဲသွားလေသည်။

"... ကျုပ် ခင်ဗျားကို မပြောခဲ့ဘူးလား ...?
ခင်ဗျားရဲ့ ချီပင်လယ်ကို ခင်ဗျားဘာသာ ဖောက်ခွဲပြီးသေလိုက်မယ်ဆိုရင် အခုလိုခံစားနေရမှာမဟုတ်ဘူး ...."

ရှောင်လုံက အေးစက်စက်လေသံဖြင့် သတိပေးလိုက်သည်။

ထိုနောက် နတ်ဘုရားကျောင်းတော်ဆီမှာ သစ္စာခံထားကြသည့် သိုင်းဂိုဏ်းများနှင့် သိုင်းမိသားစုများမှ ဂိုဏ်သားများက လျင်မြန်စွာ ဒူးထောက်ပြီး အသက်ချမ်းသာပေးရန် တောင်းဆိုကြလေသည်။

ရှောင်လုံ ယင်းထျန်ကို သတ်ခဲ့ပြီးပြီဆိုသည့် စကားကို သူတို့စိတ်ထဲမှာ ပေါက်ကရစကားဟုသာ သတ်မှတ်ထားခဲ့သည်။ ယခုအချိန်မှာတော့ ရှောင်လုံ၏ ကြောက်မက်ဖွယ်ရာ ခွန်အားကို သူတို့ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့သွားကြသည်။ ရှောင်လုံက စကြာဝဠာ သိုင်းပညာရှင် သုံးဆယ်ငါးယောက်အား လက်ဝါးတစ်အချက်တည်းနှင့် အလွယ်တကူသတ်ပြခဲ့ပြီးနောက် သူတို့ရင်ထဲမှ သံသယများလည်း ချက်ချင်း ပျောက်ကွယ်သွားလေသည်။

နတ်ဘုရားကျောင်းတော်၏ ဂိုဏိးချုပ် သေဆုံးသွားပြီဆိုမှတော့ ရှောင်လုံကို ဆက်ပြီး အာခံနေစရာ အကြောင်းမရှိတော့ပေ ။
အရာအားလုံးက ရှောင်လုံမျှော်လင့်ထားသည်ထက်ပင် ပို၍ချောမွတ်နေသေးသည်။ ကျန်ရှိနေသေးသော သိုင်းမိသားစုများနှင့့် သိုင်းဂိုဏ်းများမှ  သိုင်သမားအားလုံးက ရှောင်လုံလက်အောက်တွင် သစ္စာခံလိုက်ကြသည်။ သို့သော် ကျောင်းရှုတို့လူစုက နတ်ဘုရားကျောင်းတော်၏
ဂိုဏ်းသားအစစ်များကိုတော့ တစ်ယောက်မှ အသက်ချမ်းသာပေးခြင်း မရှိပေ ။

ရှောင်လုံက ကျန်းကျင်ဖန်အား မသေမရှင်ဖြစ်သည်အထိ နှိပ်စက်လိုက်သည်။
ထိုနောက် အဆိပ်နောက်ချေးပိုးများကို ဆင့်ခေါ်၍
ကျန်းကျင်ဖန်၏ အသားများကို ဖြည်းဖြည်းချင်း
ပွဲတော်တည်ခိုင်းလိုက်သည်။ ကျန်းကျင်ဖန်၏ စိတ်ဝိညာဉ်ကိုတော့ မဟာတစ္ဆေအလံတော်က စုပ်ယူသွားသည်။

ထိုမြင်ကွင်းအား ရှောင်လုံထံတွင် သစ္စာခံလိုက်ကြသည့် သိုင်းသမားအားလုံး မြင်တွေ့လိုက်ကြသည်။ ကျန်းကျင်းဖန်သေဆုံးပုံက သူတို့နှလုံးအိမ်ထဲမှာ ဖျောက်ဖျက်ပစ်၍မရသော
ကြောက်စိတ်များ စွန်းထင်သွားကြသည်။

ထိုနောက် အင်ပါရာဒေါင်ရမ်က သတိပြန်ဝင်လာပြီး တိုက်ပွဲမြေအား ရှင်းလင်ခိုင်းလိုက်သည်။ ရှောင်လုံကိုလည်း မြို့ထဲသို့ ဝင်ရန် ဖိတ်ခေါ်လိုက်သည်။

ရှောင်လုံကလည်း ငြင်းပန်ခြင်းမရှ်ိ ၊ ကျောင်းရှု တို့လူစုနှင့်အတူ ဒေါင်ရမ်း နန်းတွင်းမြို့တော်အတွင်းသို့ ဝင်လိုက်သည်။ သူ့ဆီမှာ သစ္စာခံလိုက်ကြသည့် သိုင်သမားများကိုတော့ မြို့ပြင်မှာ သူ့အမိန့်နှင့် ဆုံးဖြတ်ချက်အား စောင့်ဆိုင်နေကြရန် အမိန့်ပေးလိုက်သည်။

ဒေါင်ရမ်း နန်းတွင် ....!

အင်ပါရာ ဒေါင်ရမ်ကလည်း ရှောင်လုံတို့ကို ဂုဏ်ပြုသည့်အနေဖြင့် စားသောက်ပွဲကြီး ကျင်းပပေးလိုက်သည်။

ခွက်ချင်းတိုက်သံ ၊ ရှောင်လုံကိုချီးကျူးသံများဖြင့် ဂုဏ်ပြုညစာ စားပွဲကြီးတစ်ခုလုံး သက်ဝင်လှုပ်ရှားနေသည်။

"... ရှဲပူတိနဲ့ မတွေ့ရတာတောင် နှစ်အတော်ကြာသွားပြီ  ..."

ရှောင်လုံက အင်ပါရာဒေါင်ရမ် ဘေးတွင် ထိုင်နေသည့် ရှဲမိသားစု ဘိုဘေးကို လှမ်းပြောလိုက်သည်

"... အခွင့်အရေ ရတုံးလေး တွေ့သွားချင်တယ် ..
သူနန်းတွင်မြို့ထဲမှာ ရှိတယ်မဟုတ်လား .."

ရှဲမိသားစု ဘိုးဘေးက ထိုင်နေရာမှ ထ၍ ရိုရိုသေသေပြန်ဖြေလိုက်သည်

"... ရှဲပူတိကအခု ရှဲအိမ်တော်မှာ ရှိနေပါတယ် ...
သားရဲနတ်ဘုရား အရှင် တွေ့ချင်တယ်ဆိုရင် ကျွန်တော်မျိုး သူ့ကို အခုချက်ချင်းလာဖို့ အခေါ်လွှတ်လိုက်ပါ့မယ် ..."

သို့သော် ရှောင်လုံက လက်ကို သာမန်ကာ လျှံကာဖြင့် ဝှေ့ယမ်းပြလိုက်သည်

"..  ထားလိုက်တော့ ...ကျုပ်နဲ့ ရှဲပူတိက သူငယ်ချင်းကောင်းတွေပဲ ... ဒါဖြင့် ဒိလိုလုပ် မနက်ဖြန်ကြရင် ခင်ဗျားတို့ ရှဲအိမ်တော်ကို ကျုပ်အလည်လာခဲ့မယ် .."

သူငယ်ချင်းကောင်း ...!

အင်ပါရာဒေါင်ရမ်က ရှဲမိသားစု၏ ဘိုးဘေးအား မနာလိုစွာဖြင့် ကြည့်လိုက်သည်။ ရှောင်လုံ၏ လက်ရှိ အဆင့်အတန်းအရ သူနှင့် သူငယ်ချင်းကောင်း ဖြစ်သူ၏ ကံတရားကို မနာလို မဖြစ်သည့်လူ ရှိပါ့မလား ..?"

ရှဲမိသားစု ဘိုးဘေ၏ ရင်ထဲမှာ ဖြစ်ပေါ်လာသော ပီတီများက နှလုံးအိမ်ထဲအထိ စိမ့်ဝင်သွားသည်။
သူက ထပ်ခါထပ်ခါ သဘောတူလိုက်သည်။

ရှောင်လုံက ဂိုမိသားစု၏ ဘိုးဘေ ဂိုချန်ဘက်သို့ လှည့်ကြည့်လိုက်ပြီး

"... ရက်နည်းနည်လောက်ကြာရင် ဟောင်းမင် ၊ ဂိုတန်နဲ့ ရှောင်ဖန် တို့ကို နန်းတွင်းမြို့တော်ဆီ လာလည် ခိုင်းလိုက်မယ် .."

နတ်ဘုရားကျောင်းတော် ပြိုကွဲသွားပြီးနောက် ရှောင်လုံ သိုင်းဝိညာဉ်ကမ္ဘာကြီးတစ်ခုလုံးကို စုစည်းနိုင်သွားပြီဟု ယူဆနိုင်လေသည်။ ရှောင်လုံတို့မိသားစုက သိုင်းလောကအတွင်းမှ ပုန်းရှောင် နေစရာ မလိုတော့ပေ ။

ဂိုချန်ကလည် ပျော်ရွှင်စွာဖြင့် မတ်တပ်ထရပ်ပြီး
ရှောင်လုံကို ကျေးဇူးတင်စကားဆိုလိုက်သည်။
ပျော်ရွှင်နေသော ဂိုချန်မျက်နှာကိုကြည့်ရင်း အင်ပါရာဒေါင်ရမ်မျက်နှာက အနည်းငယ်ရှုံမဲ့သွားလေသည်။ ဤသို့ ဖြစ်လာမည်ဟု ကြိုသိခဲ့ပါက ရှောင်လုံနှင့် ဆွေးမျိုးတော်ရန်အတွက် ဒေါင်ရမ် နည်းမျိုးစုံဖြင့် ကြိုးစားခဲ့မှာပဲ ဖြစ်သည်။
ရှောင်လုံညီဖြစ်သူ ဟောင်ရှောင်ဟိုင်ကသာ သူ့သမိးတေယ်တစ်ယောက်ကိုမျက်စိကျသည်ဖြစ်စေ သမီးတော်အားလုံးနှင့်လက်ထပ်ချင်သည်ဖြစ်စေ  ဒေါင်ရမ်က တွန့်တိုနေမှာ မဟုတ်ပေ ။

သို့သော် ရှောင်လုံကိုတော့ ချိတ်ဆက်ရဲခြင်း မရှိပေ။

တိတ်ဆိတ်စွာဖြင့် ထိုညလေးက ကုန်လွန်သွားသည်။ နောကိတစ်နေ့မနက်တွင် ရှောင်လုံက သူ့အစီအစဉ်ဖြင့် ရှဲမိသားစုဆီသို့ အလည်အပတ်သွားလိုက်သည်။ ရှောင်လုံ ရှဲမိသားစု အိမ်ရှေ့သို့ရောက်သွားသည့်အချိန်တွင် သူ့ကို အသင့်စောင့်ကြိုနေကြသည့် ရှဲအိမ်တော်၏ ဘိုးဘေး ၊ ရှဲအိမ်တော် ဂိုဏ်းချုပ် ၊ ရှဲအိမ်တော်မှ အကြီးအကဲများနှင့် ရှဲပူတိအား မြင်တွေ့လိုက်ရသည်။

ရှောင်လုံကိုမြင်ချိန်မှာ အကြီးအကဲများက ဒူးထောက်၍ ဂါရဝပြုလိုက်ကြသည်။ ရှောင်လုံလည်း ကူရာကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။ ထိုနောက် အားလုံးကို မတ်တပ်ရပ်ခိုင်းလိုက်သည်။

ထိုနောက် ရှောင်လုံက ပြုံးရွှင်သောမျက်နှာဖြင့် ရှဲပူတိဘေးနားသို့ရောက်ရှိလာပြီး ပခုံးအား လက်သီးဖြင့် အသာအယာ ထိုးလိုက်သည်။

"... မဆိုးဘူး .. ငါမရှိတုံး မင်းတော်တော်ရုပ်ဖြောင့်လာတာပဲ ... "

ရှောင်လုံနှင့် ရှဲပူတိတို့ ခွဲခွာခဲ့ရတာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ခဲ့လေပြီ ။ ငယ်ရွယ်ပြီး တဇောက်ကန်းဆန်သည် ရှဲပူတိမျက်နှာက ဆယ်စုနှစ်တစ်အခု ကြာပြီးနောက် တည်ငြိမ် ရင့်ကျက်သော လူကြီးတစ်ယောက်အသွင်သို့ ပြောင်းလဲသွားသည်။

ရှဲပူတိကလည်း ရှောင်လုံနှင့်ညပြန်လည်တွေ့ဆုံရသည်အတွက် လွန်စွာပျော်ရွှင်နေသည်။
သူက ရယ်မောပြီး ပြောလိုက်သည်

"... မင်းလောက်တော့ ရုပ်မဖြောင့်သေးပါဘူးကွာ.. ငါ့ကောင် ...မင်း ငါတို့  နှင်းလေတိုင်းပြည်က နံပါတ်တစ် အလှဘုရင်မရဲ့ အသည်းနှလုံးကိုတောင် ပိုင်စိုးနိင်ခဲ့တာပဲ.."

ထိုနောက် နှစ်ယောက်စလုံး အားရပါးရ အော်ရယ်လိုက်ကြသည်။

"... ဝင်ကြစို့ ..."

ရှောင်လုံတို့နှစ်ယောက်က ရှဲအိမ်တော်အတွင်းသို့ ဝင်သွားကြသည်။  ရှဲအိမ်တော် ဘိုးဘေး ဦးဆောင် လာသည့် လူစုကလည်း သူတို့နောက်မှ စီးတန်း၍ လိုက်ဝင်လာကြသည်။ ရှောင်လုံက အကြီးအကဲများကို ယဉ်ယဉ်းကျေးကျေးဖြင့် ထွက်သွားခိုင်းလိုက်သည်။ ထိုနောက် သူတို့နှစ်ယောက်က ရှဲပူတိ ခြံဝန်းလေးထဲသို့ သွားလိုက်သည်။ ရှဲပူတိခြံဝန်းအတွင်း၌ ရှဲပူတိ သိမ်းဆည်းထားသော ဝိုင်များကို သောက်သုံးရင်း ရှေးဟောင်းနှောင်ဖြစ်များကို ပြောကြသည်။

ရှောင်လုံတို့က သူတို့နှစိယောက် စတင်တိုက်ခိုက်ခဲ့သည့် နိုင်ငံပေါင်းစုံသိုင်းပြိုင်ပွဲမှ စ၍ ဒေါင်ရမ်းအင်ပါရာတက္ကသိုလ် ပညာသင်ခဲ့စဉ် အချိန်ကအကြောင်းများကို ပြန်လည်ပြောဆိုကြသည်။

".. မင်းကို တစ်ဖက်သက် ကြွေနေတဲ့ ချိုင်လီတောင် လက်ထပ်သွားပြီကွ ... သူ့ယောက်ျားက စမ်းချောင်းအင်ပါရာ နိုင်ငံက  လူမိသားစုရဲ့ တပည့်တစ်ယောက်ပဲ ..."

ရှောင်လုံက ခေါင်းညိတ်ပြလိုက်သည်။ ထိုနောက် သူ့ခေါင်းထဲမှာ နိုင်ငံပေါင်းစုံသိုင်းပြိုင်ပွဲတွင် သူ့ကို မြူဆွယ်ရန်ကြိုးစားခဲ့သည့် အစိမ်းရောင်ဝတ်စုံဖြင့် မိန်းမပျိုလေး အကြောင်းကို တွေးမိသွားသည်။

"... ဒါနဲ့ ငါတို့ ဒေါင်ရမ်း တက္ကသိုလ်ကို တစ်ပါတ်လောက် သွားပတ်ရအောင် ..."

ရှဲပူတိက ရုတ်တရက် အကြံပြုလိုက်သည်။

ရှောင်လုံလည်း ကြားကြားချင်း တခဏမျှ မှင်တက်သွားသည်။ ထိုနောက် ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။ ရှောင်လုံကိုယ်တိုင်လည်း သူပညာသင်ကြားခဲ့သည့် ဒေါင်ရမ်း တက္ကသိုလ်ကြီး မည်မျှပြောင်းလဲ သွားသည်ဆိုတာကို သိချင်နေသည်။

....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၅၂၇ ......

ထိုကြောင့် ရှောင်လုံတို့နှစ်ယောက်က ရှဲအိမ်တော်ကနေ ထွက်လာခဲ့ပြီး ဒေါင်ရမ်း တက္ကသိုလ်ရှိရာသို့ လမ်းလျှောက်သွားလိုက်သည်။
မကြာခင် ဒေါင်ရမ်းတက္ကသိုလ် အဝသို့ ရောက်ရှိလာကြသည်။

ရှောင်လုံက ဒေါင်ရမ်းတက္ကသိုလ် မုခ်ဝကြီးကို ကြည့်လိုက်သည်။ သူ့မျက်လုံးထဲမှာ အရာအားလုံးနှင့် အရင်လို ရင်းနှီးနေဆဲပင်။

ထိုနောက် ရှောင်လုံတို့နှစ်ယောက်က ကျောင်းထဲသို့ ဝင်လာပြီး လျှောက်လမ်းတစ်လျောက် လှည့်ပတ်ကြည့်လိုက်သည်။

"... ဟေ့ကောင် မင်းလူရော ဟူတ်ရဲ့လား ...
နတ်ဘုရားကျောင်းတော်ဂိုဏ်းချုပ်ကိုတောင် သတ်နိုင်တယ်ဆိုတော့ မင်းဘယ်လိုတောင် သိုင်းလေ့ကျင့်ခဲ့တာလဲကွာ .... "

ရှဲပူတိက ရှောင်လုံအား ထူးဆန်းသည့် လူသားတစ်ယောက်လို ကြည့်ပြီး သက်ပြင်းချလိုက်သည်။

ယခုအချိန်မှာ ယင်းထျန် သေဆုံးသွားခဲ့သည့် သတင်းကြောင့် သိုင်းလောကတစ်ခုလုံး ဆူပွက်နေ၏ ။ နတ်ဘုရားကျောင်းတော် ချေမှုန်းခံရသည့် သတင်းကို လူတိုင်းသိနေကြပြီ ဖြစ်သည်။

ရှောင်လုံက ရယ်မောလိုက်ပြီး
".... သိုင်းလေကျင့်တယ်ဆိုတာရာ ... ပါရမီအပြင် ကံကောင်းဖို့လည်း လိုတယ်ကွ ..."

ရှောင်လုံ၏ သိုင်းကျင့်စဉ် သက်တမ်းတစ်လျောက် ကံတရားက အဓိကနေရာမှ ပါဝင်ခဲ့သည်။ ကံတရားကြောင့်သာ ရှောင်လုံယခုလို အောင်မြင်နေခြင်းပင်။
ကောင်းကင်ရတနာပစ္စည်း ၊ ဆေးဝါးများကိုသာ မရခဲ့လျှင် ရှောင်လုံ ယခုသိုင်းအဆင့်ကို ရောက်ရှိနေမှာ မဟုတ်ပေ ။

ရှဲပူတိကလည်း ရယ်မောလိုက်သည်

"... မင်းတစ်ဝက်လောက် ကံကောင်းရင်ကို တော်ပါပြီကွာ ..."
ရှဲပူတိကလည်း ထိပ်တန်းအဆင့် ၁၃ သိုင်းဝိညာဉ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ပါရမီအရ ဆိုလျှင် ရှောင်လုံနှင့် တစ်တန်းတည်း ဖြစ်သည်။ သို့သော် ရှဲပူတိ၏ အတွင်းအားက ယခုမှ ကောင်းကင် အဆင့် ၉ အလယ်အဆင့်၌သာ ရှိနေသေးသည်။

ရှောင်လုံက ရှဲပူတိစကားကို ခပ်ဖွဖွ ပြုံးပြပြီး တုန့်ပြန်လိုက်သည်။ သူတို့နှစ်ယောက်က စကားတပြောပြောဖြင့် ဒေါင်ရမ်းတက္ကသိုလ် အတွင်းမှ ရှေးဟောင်းနှောင်းဖြစ် အမှတ်တရများကို လှည့်ပတ်ကြည့်ရှုလိုက်သည်။

နှစ်နာရီခန့်ကြာပြီး ရှောင်လုံတို့နှစ်ယောက် ဒေါင်ရမ်းတက္ကသိုလ် အတွင်းမှ ပြန်ထွက်တော့မည်အချိန်၌ လူတစ်ယောက်က တုန်လှုပိခြောက်ခြားစွာဖြင့် သူတို့ရှိရာသို့ ပြေးလွှားလာသည်။ ထိုလူ၏  ဒယီးဒယိုင် ပြေးလွှားလာပုံကိုကြည့်ချင်းအားဖြင့် ဒဏ်ရာရရှိထားပုံပေါ် သည်။

လူငါးယောက်က ထိုလူအနောက်မှ ပြေးလိုက်လာကြသည်။

ပုံမှန်အားဖြင့်ဆိုလျင် ရှောင်လုံက ထိုကဲ့သို့ ကိစ္စမျိုးတွင် ဝင်ပါလေ့မရှိပေ ။ သို့သော်  ဒဏ်ရာရရှိလာသူ၏ မျက်နှာကိုမြင်ပြီး ရှောင်လုံမျက်နှာက
အနည်းငယ် အံ့သြသွားပုံရသည်။

"... ချန်ချန်း ..."

ရှောင်လုံ ပါးစပ်မှ နာမည်တစ်ခု ထွက်ကျလာသည်။ ရှောင်လုံက လူတောင်းနိုင်ငံ၏ ကြယ်စကြာဝဠာ ကျောင်းမှ တစ်ဆင့် နိုင်ငံပေါင်းစုံသိုင်းပြိုင်ပွဲ ယှဉ်ပြိုင်ပြီး ဒေါင်ရမ်းတက္ကသိုလ်သို့ ရောက်ရှိလာသူ ဖြစ်သည်။
ရှောင်လုံ သိထားသလောက် သူနှင့် လမ်းကြောင်းတူသူဟူ၍ ချန်ချန်းတစ်ယောက်သာ ရှိသည်။

ရှောင်လုံ ဒေါင်ရမ်းတက္ကသိုလ်၌ ပထမဆုံးကျောင်းလာအပ်သည့်နေတွင် ချန်ချန်းနှင့် တွေ့ဆုံခဲ့သည်။ ထိုနောက် တခြားကိစ္စများစွာ ဖြစ်ပွားခဲ့ခြင်းကြောင့် ရှောင်လုံနှင့် ချန်ချန်းတို့လည်း ကွဲကွာသွားကြသည်။ ချန်ချန်းနှင့် ယခုလို ပြန်လည်တွေ့ဆုံလိမ့်မည်ဟု ရှောင်လုံစိတ်ထဲမှာ ထင်မထားမိခဲ့ပေ ။

ရှောင်လုံအသံကိုကြားတော့ ချန်ချန်းက ခေါင်းငိုက်စိုက်ဖြင့်ပြေးနေရာမှ မော့ကြည့်လိုက်သည်။
ရှောင်လုံမျက်နှာကိုမြင်လိုက်ချိန်မှာ 
မယုံနိုင်မှုနှင့် တုန်လှုပ်မှု အရိပ်အယောင်များက ချန်ချန်းမျက်လုံးအတွင်း ဖြစ်ပေါ်လာသည်။

"... ဟောင် ...ရှောင်.......!"

ရှောင်လုံကို မည်ကဲ့သို့ ရည်ညွှန်းရမှန်း မသိတာကြောင့် ချန်ချန်းအသံက တစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်သွားသည်။

ငါသူကို ဟောင်ရှောင်လုံ လို့ခေါ်ရမှာလား...?
သားရဲနတ်ဘုရားလို့ ခေါ်ရမှာလား ...?
နတ်တံခါးဂိုဏ်းချုပ်လို့ ခေါ်ရမှာလား ...?

  ရှောင်လုံက နတ်လက်စွပ်အတွင်းမှ အတွင်းအား ဒဏ်ကြေဆေးတစ်လုံးကို ထုတ်၍ ချန်ချန်းအား ပေးလိုက်ပြီး

"... ဒါက ရေမီးအဆီအနှစ် ဆေးလုံးပဲ ... အတွင်းဏ်ရာ အပြင်ဒဏ်ရာတွေကို ကုသတဲ့နေရာမှာ အရမ်းကောင်းတယ် ... မြန်မြန်သောက်လိုက် ..."

ချန်ချန်းကို မျက်ရည်ရစ်ဝိုင်းနေသော မျက်လုံးဖြင့် ရှောင်လုံကို ငေးကြည့်လိုက်သည်။ ထိုနောက် တုန်တုန်ယင်ယင်ဖြင့် ရေမီးအဆီအနှစ်ဆေးလုံးကို လက်ခံရယူလိုက်သည် ။ ချန်းချန်က ေ ဆေးလုံး၏ အဆင့်ကို မသိသော်လည်း ရှောင်လုံပေးမှတော့ အဆင့်၁၀ ဝိညာဉ်ဆေးလုံးအောက် မဖြစ်နိုင်ဘူးဟု မှတ်ယူလိုက်သည်။

ချန်ချန်းက ဆေးလုံးကို လက်ခံယူလိုက်သော်လည်း
ချက်ချင်း မသောက်သေးပေ ။ ရှောင်လုံကို အားနာသောအကြည့်ဖြင့် ငေးကြည့်နေသည်။  ဤအဆင့်ဆေးလုံးသည် ချန်ချန်းအတွက် လွန်စွာ အဖိုးတန်လှသည် ။

ရှောင်လုံက ချန်ချန်းအတွေးအား ထွင်းဖောက်မြင်နေရသည်နှယ် အားပေးသည့် အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်သည်

"... ဒီလိုဆေးလုံးတွေက ငါဆီမှာ အများကြီးပဲ ...
ဘာမှ အားမနာနဲ့ ..အခုပဲ သောက်လိုက် ..."

ရှောင်လုံ ပြောလိုက်သည်ကလည်း အမှန်ပင်ဖြစ်သည်။ ဤအဆင့် ဆေးလုံးများက သူ့အတွက်တော့ အမှိုက်များနှင့် ဘာမှမခြားနားပေ။

ရှောင်လုံက ချန်ချန်းကို နတ်ဘုရားအဆင့် ဆေးလုံး မပေးရသည့်အကြောင်းအရင်းမှာ ချန်ချန်း အတွင်းအားက နိမ့်ကျနေခြင်းကြောင့် ဖြစ်သည်။
အတွင်းအား နိမ့်ကျနေခြင်းကြောင့် သူ့ခန္ဓာကိုယ်နှင့် သွေးကြောများက အလွန်ပင် ကျွတ်ဆတ်နေသည်။
ကျွတ်ဆတ်နေသည့် ခန္ဓာကိုယ်တစ်ခုက နတ်ဘုရားအဆင့် ဆေးလုံး၏ အာနိသင်ကို ခံနိုင်မှာ မဟုတ်ပေ ။

ရှောင်လုံစကားကြားတော့မှ ချန်ချန်းက ဆေးလုံးကို  မြိုချလိုက်သည်။ ရှောင်လုံက ချန်ချန်းကျောကုန်းအား လက်ဝါးဖြင့် ဖိကပ်လိုက်ပြီး အတွင်းအား အနည်းငယ်မှ ထည့်သွင်း၍ ချန်ချန်း ဆေးလုံး၏ စွမ်းအားကို စုပ်ယူနေသည့် လုပ်ငန်းစဉ်တွင် ပါဝင်ကူညီပေးလိုက်သည်။
ထိုနောက် ချန်ချန်းအနောက်သို့လိုက်လာသည့် လူငါးယောက်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

ထိုလူငါးယောက်က ရှောင်လုံတို့နှင့် မီတာအနည်းငယ်အကွာတွင် ရပ်လိုက်ကြသည်။
ထိုနောက် ရှောင်လုံနှင့် ရှဲပူတိအား ခြိမ်းခြောက်သောအကြည့်ဖြင့် ကြည့်ပြီး အော်ပြောလိုက်သည်

"..   ငါတို့က မိစ္ဆာဓား ခန်းမဆောင်က လူတွေပဲ ...
မင်းတို့နှစ်ယောက် ကိုယ်နဲ့မဆိုင်ရင် ဖင်ဝင်မယားကြနဲ့ ... မဟုတ်လို့ကတော့ ....ဟင်း ဟင်း ..."

မိစ္ဆာဓား ခန်းမဆောင် ... ?
ရှောင်လုံက ရှဲပူတိအား အဖြေတောင်းသလို လှည့်ကြည့်လိုက်သည်။

ရှဲပူတိက ရှင်းပြလိုက်သည်

"... မိစ္ဆာဓား ခန်းမဆောင်ဆိုတာက မိစ္ဆာသခင်လေး တည်ထောင်ထားတာလေကွာ ..."

ရှောင်လုံက ချက်ချင်း သဘောပေါက်သွားသည်။
ရှောင်လုံ ကျောင်းတက်စဉ်ကဒေါင်ရမ်းတက္ကသိုလ်တွင်   နာမည်ကျော်ကြားသော သခင်လေး ငါးယောက်ရှိသည်။  အကြင်နာမဲ့ သခင်လေး ယောင်ဖေး ၊ သခင်လေး ဒေါင်ဝူဟန် ၊ သခင်လေး မိစ္ဆာဓား နှင့် တခြားနှစ်ယောက်ကိုတော့ ရှောင်လုံမမှတ်မိတော့ပေ ။

"...ဟေ့ကောင်တွေ ဘာရပ်ကြည့်နေတာလဲ ...
ငါတို့ မိစ္ဆာဓားခန်းမဆောင်ကမှန်းသိနေတာတောင် ချက်ချင်း ထွက်မသွားသေးဘူးလား ..."

ချန်ချန်းအနောက်သို့ လိုက်လာသူ ငါးယောက်ထဲမှ တစ်ယောက်က ခနဲ့တဲ့တဲ့ ပြောလိုက်သည်

"... ကောင်းပြီလေ ..ငါ တစ်ကနေ သုံးအထိ ရေမယ် .... အေး သုံးအထိပြည့်လို့ မသွားသေးဘူးဆိုရင် မင်းတို့လည်း ထွက်သွားဖို့ မစဉ်းစားနဲ့တော့..."

"... တစ် ...နှစ် ...."

ထိုလူက နံပါတ်စဉ် ရေတွက်လိုက်သည်

"... သုံး ....."

သို့သော် သူရေတွက်၍ ပြီးသွားသော်လည်း ရှောင်လုံတို့နှစ်ယောက်က သူတို့ နေရာမှ တစ်လှမ်းမှ ရွေ့လျားခြင်း မရှိပေ ။ ထိုလူ၏ မျက်နှာထက်တွင် ရက်စက်တော့မည် အေးစက်စက် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုနောက် သူ့အဖော်လေးယောက်ကို လှည့်ကြည့်လိုက်ပြီး

".. ဟေ့ကောင်တွေ လှုပ်ရှားကြ ... ကိုယ်အဆင့် ကိုယ်မသိတဲ့ နှစ်ကောင်ကိုပါ မသန်မစွမ်းဖြစ်အောင် လုပ်ပစ်လိုက် ..."

ထိုလူလေးယောက်က ရှောင်လုံနှင့် ရှဲပူတိအား ထိုးကြိတ် ရိုက်နှက်ရန် ပြေးလာကြသည်။

ရှောင်လုံက ပြုံးပြီး ခေါင်းခါလိုက်သည်။ ရှောင်လုံက မသိမသာလေး လှုပ်ရှားလိုက်သည်။
သူတို့ဆီကို ပြေးလာသူ လေးယောက်စလုံး ကြိုးပြတ်သွားသည့် စွန်များကဲ့သို့ အဝေးသို့ လွင့်ထွက်သွားကြသည်။

ထိုလူများကို တုန့်ပြန်ရန် အသင့်ဖြစ်နေသည့် ရှဲပူတိပင် ပါးစပ်အဟောင်းသားဖြစ်သွားသည်။
ထိုနောက် သူ့မျက်နှာထက်တွင် ကူရာကယ်ရာမဲ့နေသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
ထိုလူငါးယောက်ထဲတွင် ခေါင်းဆောင်ဖြစ်ဟန်တူသည့် လူကလည်း ရန်သူက တိုက်ကွက်ကိုပင် မမြင်လိုက်ရဘဲ သူ့လူလေးယောက် အဝေးသို့ လွင့်ထွက်သွားတာကို ကြည့်ရင်း အံ့သြမှင်တက်သွားသည်။

တက္ကသိုလ်အတွင်း  ဖြတ်သွားဖြတ်လာကျောင်းသားမျာကလည်း ရုတ်ရုတ်သဲသဲဖြစ်သည့် အသံများကိုကြားပြီး ရှောင်လုံတို့ရှိနေသည့်နေရာသို့ စုဝေး ရောက်ရှိ လာကြသည်။

"... သူတို့က မိစ္ဆာဓား ခန်းမဆောင်က မဟုတ်လား ...?"

".. ငါများ မျက်စိမှားသလား ...? ငါတို့ ဒေါင်ရမ်းတက္ကသိုလ်ထဲမှာ မိစ္ဆာဓား ခန်းမဆောင်ကလူတွေကို ရိုက်နှက်ရဲတဲ့လူ ဘယ်တုံးက ရှိလာတာလဲ ...?"

ပတ်ဝန်ကျင်တွင် တီးတိုးဆွေးနွေးသံများ ခပ်အုပ်အုပ် ထွက်ပေါ်နေသည်။

အကြင်နာမဲ့ သခင်လေး ယောင်ဖေးက ရှောင်လုံ လက်ချက်ဖြင့် သေဆုံးခဲ့သည်။ သခင်လေး ဒေါင်ဝူဟန်ကလည်း ဒေါင်ရမ်နန်တွင်း ကိစ္စများဖြင့် အလုပ်ရှုပ်နေသည်။ ထိုကြောင့် ဒေါင်ရမ်းတက္ကသိုလ်တွင် မိစ္ဆာဓားသခင်လေးက  ဗိုလ်ဖြစ်နေသည်။

ဒေါင်ရမ်းတက္ကသိုလ်မှ ကျောင်းသားတိုင်းက မိစ္ဆာဓား ခန်းမဆောင်ကို အလွန်ပင် ကြောက်ရွံကြသည်။ အကယ်၍ ကံဆိုးပြီး မိစ္ဆာဓား ခန်းမဆောင်အား အပြစ်ပြုမိခဲ့လျှင်   သူတို့မိသားစုများပါ ရောယောင်ပြီး အပြစ်သင့်သွားနိုင်သည်။

ခေါင်းဆောင်ဖြစ်သူက ရှောင်လုံ နှင့် ရှဲပူတိအား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပြီး

".... ကောင်းပြီ ... မင်းတို့ စောင့်နေကြ ..."

ထိုလူက စစ်ကူခေါ်ရန်အတွက် အနောက်သို့ ပြန်ပြေးသွားသည်။

ရှောင်လုံက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်

"... ဒီကိုလာစမ်း  ..."

ရှောင်လုံစကားသံအဆုံးတွင် အနောက်သို့ ပြန်ပြေးသွားသူက သူပြေးနေသည့် နေရာနှင့် ဆန့်ကျင်ဖက်အရပ်ဖြစ်သော ရှောင်လုံတို့ ရပ်နေသည့်နေရာသို့ ဆွဲခေါ်သွားခြင်း ခံလိုက်ရသည်။

"...  ငါ့ကို အခု ချက်ချင်းလာတွေလို့ ...မင်းတို့ရဲ့ မိစ္ဆာသခင်လေးကို ပြောလိုက် ..."

  မိစ္ဆာသခင်လေးကို လူကိုယ်တိုင်  လာတွေ့ရန် အမိန့်ပေးလိုက်သည့် ရှောင်လုံ စကားကြောင့် ပတ်ဝန်းကျင်မှ ကျောင်းသားအားလုံး ကြောင်အမ်းသွားကြသည်။

"... ဒီကောင်တော့ ရူးနေပြီထင်တယ် ...? မိစ္ဆာသခင်လေးက သူ့ကိုလာတွေ့ရတယ် ဟုတ်လား ...?
သူ့ကိုယ်သူ ဘာများထင်နေလဲမသိဘူး ...!"

".... မိစ္ဆာသခင်လေးရဲ့ သိုင်းစွမ်းရည်ကို မမြင်ရတာ နှစ်ပေါင်းအတော်ကြာပြီကွ ... မင်းဘယ်လိုထင်လဲ ..
ငါတို့ဒီနေ့ မိစ္ဆာသခင်လေး တိုက်ခိုက်တာကို မြင်ရနိုင်ခြေရှိမယ်လုိ့ ထင်လား ...? ငါကြားမိသလောက်တော့  မိစ္ဆာသခင်လေးက စကြာဝဠာ တစ်ပိုင်း သိုင်းသမားတစ်ယောက် ဖြစ်နေပြီတဲ့ ...."

ရှောင်လုံ၏ ရဲတင်းသော စကားကြောင့် ပတ်ဝန်းကျင်တွင် လှောင်ပြောင်ရယ်မောသံများဖြင့် ဆူညံသွားသည်။ ခေါင်းဆောင်ဖြစ်သည်လူက ရှောင်လုံ၏ မထီလေးစားစကားကြောင့် အရမ်းဒေါကန်သွားသည်။ သို့သော် သူ့ရှောင်လုံကို ကျိမ်ဆဲရန်ပြင်နေစဉ် ရှောင်လုံနှင့် ရုတ်တရက် မျက်လုံးချင်း ဆိုင်မိသွားသည်။ ရှောင်လုံ၏ စူးရှသောအကြည့်တစ်ချက်က ချွန်မြနေသည့် ဓားဦးချွန်တစ်ခုလို သူ့နှလုံအိမ်၏ အနက်ရှိုင်းဆုံးနေရာအထိ ဖောက်ဝင်သွားသည်။ ရှောင်လုံကို ကျိမ်ဆဲတော့မည့် စကားလုံးများကလည်း လည်ချောင်းဝတွင် တစ်ဆို့သွားကြသည်။

ထိုနောက် ရှောင်လုံက မိစ္ဆာဓားခန်းမဆောင်မှ လူကို လက်ညိုးဖြင့် ညင်သာစွာ တစ်ချက်တို့လိုက်သည်။
ထိုလူက ကောင်းကင်ထက်သို့ လှပစွာ ပျံတက်သွားပြီး အားလုံး၏ မြင်ကွင်းအရှေ့မှ ရုတ်တရက် ပျောက်ကွယ်သွားသည်။

ရှဲပူတိ၏ ဂိုဏ်သတင်းကလည်း ဒေါင်ရမ်းတက္ကသိုလ်တွင် ထင်ရှားကျော်ကြားသည်။
သို့သော် ရှဲပူတိက ဒေါင်ရမ်းတက္ကသိုလ်သို့ လာခဲသည်။ ထိုကြောင့် ရှဲပူတိမျက်နှာကို ကျောင်းသားအနည်းစုကသာ မှတ်မိကြသည်။
ဒေါင်ရမ်းတက္ကသိုလ်ကမှ ရှောင်လုံ ထွက်လာခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်သွားခဲ့လေပြီ ။ ထိုကြောင့်  ဒေါင်ရမ်းတက္ကသိုလ်ထဲမှာ ရှောင်လုံကို မြင်ဘူးသူက လက်တစ်ဆုပ်စာမျှသာ ရှိတော့သည်။ လေထဲသို့ ပျံတက်သွားသည် ခေါင်းဆောင်ဖြစ်သူက  မိစ္ဆာဓားခန်းမဆောင် အရှေ့မှ ရင်ပြင်ကျယ်ထဲသို့ ပြုတ်ကျလာသည်။ ထိုလူက သူ့ရင်ထဲမှာ ပေါက်ကွဲတော့မည့် ဒေါသများကို ဖိနှိပ်ထားလိုက်ပြီး မြေကြီးပေါ်ကနေ လူးလဲထကာ မိစ္ဆာခန်းမဆောင်အတွင်းသို့ ပြေးဝင်သွားသည်။ ထိုလူက မိစ္ဆာခန်းမဆောင်အတွင်းသို့ ရောက်ရှိလာပြီးနောက် မိစ္ဆာသခင်လေး သိုင်းလေ့ကျင့်ရာ နေရာဖြစ်သည့်  အနောက်ဘက် ခြံဝန်းအတွင်းသို့ ကမူးရှူးထိုးဖြင့် ပြေးဝင်သွားသည်။

.....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၅၂၈ .....

မိစ္ဆာသခင်လေးက သူ့ခြံဝန်းထဲတွင် သိုင်းလေ့ကျင့်နေသည်။ ထိုအချိန်တွင် အစောင့်တစ်ယောက်က
ထိုသိုင်းသမားရောက်ရှိလာကြောင်း မိစ္ဆာသခင်လေးဆီသို့ သတင်းလာပို့ သည်။

"... ဘာကိစ္စလဲ ...?"

မိစ္ဆာသခင်လေးက ပျာယာခတ်နေသော သိုင်းသမားအား မျက်မှောင်ကြုတ်ကြည့်ရင်း မေးလိုက်သည်။

ထိုသိုင်းသမားက မိစ္ဆာသခင်လေးအရှေ့မှာ ဒူးထောက်၍ ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောင်းပြောပြလိုက်သည်။

"... သူက ငါ့ကို လာတွေ့ခိုင်းတယ် ဟုတ်လား..?"

မိစ္ဆာသခင်လေးက တခဏမျှ မှင်တက်သွားသည်။

ထိုသိုင်းသမားက ခေါင်းညိတ်ပြီး အတည်ပြုလိုက်သည်

"...  ဟုတ်ပါတယ် သခင်လေး ... အဲ့ဒီကောင်က သခင်လေး မလာရင် မလာတဲ့အကျိုးဆက်ကို ခံစားရမယ်လုိ့လည်း ပြောလိုက်ပါတယ်..."

နောက်ဆုံးစာကြောင်းက ရှောင်လုံစကားမဟုတ်ဘဲ သူတမင် ထည့်ပြောလိုက်ခြင်းဖြစ်သည်။
မိစ္ဆာသခင်လေး၏ မျက်လုံးများက အေးစက်သွားပြီး

"... ကောင်းပြီလေ ... ငါရဲ့ မိစ္ဆာဓားကလည်း သွေးမသောက်ရတာကြာပြီ ... လူတွေလည်း ငါရဲ့ မိစ္ဆာဓားအကြောင်း မေ့နေကြပြီထင်တယ် ..."

ထိုနောက် မိစ္ဆာသခင်လေးက သတင်းလာပို့သည့် တပည့်ကိုခေါ်ဆောင်၍ မိစ္ဆာခန်းမဆောင်အတွင်းမှ ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။

"... မင်းရှေ့က လမ်းပြစမ်း..."

ထိုသိုင်းသမား၏ လမ်းပြမှုဖြင့် မိစ္ဆာသခင်လေးနှင့် မိစ္ဆာခန်းမဆောင်မှ သိုင်းသမားများက ရှောင်လုံနှင့် ရှဲပူတိတို့ရှိနေသည့်နေရာသို့ ကြီးကျယ် ခမ်းနားစွာ ချီတက်လာကြသည်။

"... ဟော ...ဟိုမှာကြည့်စမ်း မကြာခင် မိစ္ဆာသခင်လေး ရောက်လာတော့မယ်...."

"... အဲ့ဒီဓားကြီးက မိစ္ဆာဓားပဲ .... ငါကြားဘူးတာတော့ မိစ္ဆာဓားက ဓားအိမ်ထဲကနေ တစ်ခါ ထွက်ပြီးရင် သွေးသောက်ပြီးမှ ဓားအိမ်ထဲကို ပြန်ဝင်တယ်တဲ့ ..."

ဒေါင်ရမ်းတက္ကသိုလ် ကျောင်းသားများက စိတ်လှုပ်ရှားစွာဖြင့် ပွဲကြီးပွဲကောင်းအား စောင့်ကြည့်နေကြသည်။

မိစ္ဆာသခင်လေးက ယခုထိ ရောက်မလာသေးသော်လည်း ကျောင်းသားများ၏ မျက်လုံးထဲမှာ  အနက်ရောင်မိစ္ဆာချီများမှ ဖြစ်ပေါ်လာသည့် အနက်ရောင် မိစ္ဆာဓားကြီးတစ်လက်သည် ခပ်လှမ်းလှမ်းနေရာမှ ကောင်းကင်ထက်သို့ ထိုးတက်လာသည်ကို မြင်လိုက်ကြခြင်း ဖြစ်သည်။ အပ်နှင့်စွသကဲ့သို့ စူးရှသော ဓားချီ စွမ်းအားများကလည်း နေရာအနှံတွင် ပြည့်နှက်နေသည်။

သို့သော် ရှောင်လုံကတော့ ထီမထင် မျက်နှာထားဖြင့် ရှိနေဆဲပင် ။ ပတ်ဝန်းကျင်၌ မိစ္ဆာသခင်လေးအကြောင်း  ဆွေးနွေးသံများဖြင့် ဆူညံနေစဉ် မိစ္ဆာခန်းမဆောင်မှ လူများက သူတို့ မြင်ကွင်းအတွင်းသို့ ရောက်ရှိလာကြသည်။

မိစ္ဆာသခင်လေးက အထက်တန်းကြသော အနက်ရောင် ဝတ်ရုံအား ဝတ်ဆင်ထားပြီး သူ့ပခုံးပေါ်မှ အနီရောင် ဝတ်ရုံရှည်အား တွဲလောင်းချထားသည်။
သူ့မျက်ဝန်းထောင့်တွင် အနက်ရောင် မိစ္ဆာသင်္ကေတ တစ်ချို့ ရှိသည်။ ထိုမိစ္ဆာ သင်္ကေများကြောင့် မိစ္ဆာသခင်လေး၏ မျက်နှာက ပို၍ တင်းမာခက်ထန်နေသယောင် ထင်ရသည်။

သို့သော် မိစ္ဆာသခင်လေးက ကောလဟာလများ အတိုင်း ချောမောသော မျက်နှာကို ပိုင်ဆိုင်ထားသည်။ မိစ္ဆာသခင်လေး ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကျောင်းသူများဆီမှ
ရူးသွယ်စွာဖြင့် စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာသည်။

မိန်းကလေးများက သူ့အမည်ကို  ရူးသွပ်စွာဖြင့် အော်ခေါ်နေသည့်အပြင် ကျောင်းသားများကလည်း သူ့ကို ကြည်ညိုလေးစားစွာ ငေးကြည့်နေကြသည်။
ထိုကြောင့် မိစ္ဆာသခင်လေးက ယုံကြည်ချက်အပြည့်ဖြင့် ရင်ကို ကော့လိုက်သည်။

"... သခင်လေး ...ဟိုမှာ  ကျွန်တော်ပြောတဲ့ တစ်ဇောက်ကန်း နှစ်ကောင် ...."

မိစ္ဆာသခင်လေးကို သွားခေါ်သည့် ကျောင်းသားက ရှောင်လုံနှင့် ရှဲပူတိကို လက်ညိုးထိုးပြလိုက်သည်။
မိစ္ဆာသခင်လေးကလည်း သူညွှန်ပြသည့်နေရာသို့
လှမ်းကြည့်လိုက်သည်။ မိစ္ဆာသခင်လေးက ရှဲပူတိကို အရင်ဆုံးမြင်လိုက်သည်။ သူမျက်နှာက အနည်းငယ် အံ့သြသွားပုံပေါ်သည်။ သို့သော် ရှဲပူတိနှင့် ကပ်လျက်တွင် ရပ်နေသည့် ဆံပင်အနက်နှင့် လူငယ်လေးကို မြင်လိုက်ချိန်မှာတော့ သူရင်ထဲမှာ ထိန်းချုပ်မရအောင် တုန်လှုပ်သွားသည်။  ကမ္ဘာပေါ်တွင် သူ့အကြောက်ရဆုံး လူတစ်ယောက်ကို မြင်လိုက်ရသည်နှယ် မိစ္ဆာသခင်လေး မျက်နှာက သွေးရောင်ပျောက်ဆုံးကာ  ဖြူဆုတ်သွားသည်။

မိစ္ဆာသခင်လေးကို အဖေတစ်ယောက်လို ပြေးတိုင်သည့် ကျောင်းသားကလည်း မိစ္ဆာသခင်လေး၏ ထူးဆန်းသော အပြုအမူကြောင့် စိတ်ရှုပ်သွားသည်။ ထိုနောက် အားလုံး၏ အကြည့်များအောက်မှာ မိစ္ဆာသခင်လေးက ရှောင်လုံအရှေ့သို့ တုန်ယင်နေသော ခြေလှမ်းများဖြင့်  လမ်းလျှောက်သွားသည်။ ထိုနောက် ရှောင်လုံနှင့် မလှမ်းမကမ်းတွင် ရုတ်တရက် ဒူးထောက်လိုက်ပြီး

"... ကျွန်တော်မျိုး မိုကျန်း  သားရဲနတ်ဘုရားအရှင့်ကို ဂါရဝပြုပါတယ် ..."

မိစ္ဆာသခင်လေး၏ အမည်အရင်းမှာ မိုကျန်း ဖြစ်သည်။ မိစ္ဆာသခင်လေး၏ အသံက ပတ်ဝန်းကျင်မှ အသံများက စုပ်ယူသွားသလို ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
တိတ်ဆိတ်သွားသည်မှ လမ်းမပေါ်မှ သစ်ရွက်လေးတစ်ရွက် လေနှင့်အတူ တရွတ်တိုက် လွင့်ပါသွားသည့်အသံကိုပင် ကြားနိုင်လေသည်။

ကျောင်းသားအားလုံးက ရှောင်လုံမျက်နှာကို ကြောင်တောင်တောင်ဖြင့် ဝိုင်းကြည့်လိုက်ကြသည်။

မိစ္ဆာသခင်လေး အခု  ဘာပြောလိုက်တာလဲ ...?
သားရဲ နတ်ဘုရား ဟုတ်လား...?

သားရဲ နတ်ဘုရား ....!

မျက်စိအားလုံးက ရှောင်လုံကိုယ်ပေါ်တွင် ရစ်ဝဲနေကြသည်။ ထိုမျက်လုံးများထဲတွင် အံ့သြမှု ၊ မယုံနိုင်မှု နှင့် စိတ်လှုပ်ရှားမှု အရပ်အယောင်များ ရောထွေးနေကြသည်။ သို့သော် မိစ္ဆာခန်းမဆောင်မှ ကျောင်းသားများတော့ ဖင်ထိုင်ရက် လဲကျကုန်သည်။ သူတို့ စိတ်များကလည်း ကြောက်လန့်မှုကြောင့် ဗလာကျင်း သွားသည်။
လက်ရှိအချိန်မှာ မိစ္ဆာ ခန်းမဆောင်မှ ကျောင်းသားများက အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက်ကိုပင် ကောင်းကောင်း မခွဲခြားနိုင်တော့ပေ ။

ဆယ့်ငါးမိနစ်ကြာပြီနောက် ဒေါင်ရမ်းတက္ကသိုလ် ကျောင်းသားများ၏ ချစ်ခင်ကြည်ညိုသောအကြည့်များအောက်မှာ မိုကျန်းကိုယ်တိုင် ရှောင်လုံ နှင့် ရှဲပူတိ ဒေါင်ရမ်းတက္ကသိုလ် အဝသို့ ရောက်ပို့လေသည်။ ထိုအပြင် ချန်ချန်းက ရှောင်လုံ မိတ်ဆွေမှန်း မိုကျန်း သိသွားပြီးနောက် ချန်ချန်းကို ရှိခိုးမတတ် အကြိမ်ကြိမ် တောင်းပန်လေသည်။

ဒေါင်ရမ်းတက္ကသိုလ်၏ အပြင်ဘက်သို့ရောက်မှ ရှောင်လုံက ချန်းချန်၏ ယခုနှစ်ပိုင်းအတွင်းဖြတ်သန်းခဲ့သည်
အတွေ့အကြုံများအကြောင်းကို မေးမြန်းလိုက်သည်။  ချန်ချန်းကလည်း ရိုရိုသေသေဖြင့် ပြန်ဖြေလိုက်သည်။

နောက်ဆုံး သူတို့ မခွဲခွာခင် ရှောင်လုံက ချန်ချန်းအား စကြာဝဠာ အဆင့် ဆေးလုံး တစ်ရာ ပေးလိုက်သည်။ ထိုနောက် ရှောင်လုံ တခဏမျှ စဉ်းစားပြီး ချန်ချန်းကို သူ့လက်အောက်မှ စကြာဝဠာ သိုင်းပညာရှင်တစ်ယောက်၏ တပည့်အဖြစ် အပ်ပေးလိုက်သည်။ ဤအရာက တစ်နယ်ထဲသားဖြစ်သည့် ချန်ချန်းအပေါ် ရှောင်လုံ ဂရုစိုက်ပေးလိုက်ခြင်းဟု သတ်မှတ်နိုင်သည်။

ချန်ချန်းကလည်း ရှောင်လုံကို အရမ်းပင် ကျေးဇူးတင်ပြီး ပျော်ရွှင်သွားသည်။
ရှောင်လုံက ချန်ချန်းအား နှုတ်ဆက်ပြီးနောက်  ရှဲအိမ်တော်သို့ မပြန်သေးဘဲ ရှဲပူတိနှင့်အတူ တောင်ဘက်နေဝင်ချိန် စံအိမ်ရှိရာသို့ သွားကြည့်လိုက်သည်။

တောင်ဘက်နေဝင်ချိန် စံအိမ်က ဒေါင်ရမ်းအင်ပါရာနိုင်ငံတွင် အခြေချစဉ် ရှောင်လုံတို့ မိသားစု နေထိုင်ခဲ့သည့် နေရာဖြစ်သည်။ ထိုနေရာက ရှောင်လုံတို့မိသားစု ပြောင်းရွေ့သွားကတည်းက အလွတ်ကြီး ဖြစ်နေသည် ။

တောင်ဘက်နေဝင်ချိန်၏ အရှေ့တံခါးအား တွန်းဖွင့်ပြီးနောက် ရှဲပူတိက ပြုံးပြီး ပြောလိုက်သည်

"... မင်း ပြန်မလာပေမယ့် တောင်ဘက်နေဝင်ချိန် စံအိမ်ကြီးက အခြေအနေကောင်းနေပါသေးတယ် ..
ငါလည်း ရှဲအိမ်တော်က အစေခံတွေလွှတ်ပြိး ဆယ်ရက်တစအခါလောက် သန့်ရှင်းရေး လုပ်ခိုင်းတယ် .."

"... ကျေးဇူးတင်ပါတယ်ကွာ ..."

ရှောင်လုံက ပြန်ပြောလိုက်သည်။

ရှဲပူတိက ရှောင်လုံလက်မောင်းကို ခပ်ဖွဖွ တစ်ချက်ထိုးလိုက်ပြီး

"... ငါတို့နှစ်ယောက်ကြားမှာ ကျေးဇူးတင်စရာလိုသေးလို့လားကွ ..."

ရှောင်လုံက ပြုံးရင်း ခေါင်းညိတ်ပြလိုက်သည်။
တောင်ဘက်နေဝင်ချိန် စံအိမ်အတွင်းသို့ ဝင်လာပြီးနောက် ရင်းနှီးနေသော မြင်ကွင်းနှင့်
အငွေ့အသက်များ ရှောင်လုံရင်ထဲမှာ လွမ်းဆွေးခြင်းများဖြင့် ပြည့်နှက်သွားသည်။

ထိုနောက် ရှဲပူတိက ရှောင်လုံကိုနှုတ်ဆက်ပြီး ရှဲအိမ်တော်သို့ ပြန်တော့မည့်အချိန်တွင် ရှောင်လုံက သူ့ကို သိုလှောင်လက်စွပ်တစ်ကွင်း ပေးလိုက်သည်။ ထိုသိုလှောင်လက်စွပ်ကို နတ်ဘုရားကျောင်းတော်၏ မဟာအကြီးအကဲ တစ်ယောက်ဆီမှ ရရှိခဲ့ခြင်း ဖြစ်သည်။

သိုလှောင်လက်စွပ်ထဲတွင် ရွှေဒင်္ဂါးများက တောင်ပုံရာပုံရှိနေသည်။ ထိုအပြင် စကြာဝဠာ အဆင့် ဆေးလုံးများ ၊ နှစ်ထောင်ကျော်သက်တမ်းရှိ ဆေးပင် ဆေးမြစ်များနှင့် နတ်ဘုရားအဆင့် ဆေးလုံးများလည်း အများအပြား ရှိနေသည်။

ရှဲပူတိက သိုလှောင်လက်စွပ်အတွင်းမှ မြင်ကွင်းကိုမြင်ပြီးနောက် သူတစ်ကိုယ်လုံး တောင့်တင်သွားသည်။

"... ဒါ ..ဒါက ..."

ရှဲပူတိက ငြင်ဆန်းလိုသည့်အကြည့်ဖြင့် ရှောင်လုံကိုကြည့်လိုက်သည်။

ရှောင်လုံက သာမန်ကာလျှံကာ ပုံစံဖြင့် လက်ဝှေ့ယမ်းပြလိုက်ပြီး ရှဲပူတိစကားကို ပြန်သုံးလိုက်သည်

"... ငါတို့ နှစ်ယောက်ကြားမှာ အားနာနေစရာလိုသေးလို့လား ..."

ထိုနောက် ရှဲပူတိလည်း ကူရာကယ်ရာမဲ့စွာဖြင့် လက်ခံလိုက်ရသည်။

ရှဲပူတိပြန်သွားပြီးနောက် ရှောင်လုံက တိုက်ပွဲတွင် အညံခံထားသည့် သိုင်းသမားများအပါအဝင် ကျောင်းရှုနှင့် သူ့လက်အောက်မှ စကြာဝဠာ သိုင်းသမားအားလုံးကို ဆင့်ခေါ်လိုက်သည်။
ထိုနောက် ကျောင်းရှု ၊ ကျန်းဖူနှင့် တခြားစကြာဝဠာ သိုင်းပညာရှင်များက နတ်ဘုရားကျောင်းတော်၏ ကျန်ရှိနေသေးသော အင်အားစုများကို ရှင်းလင်းရန် သိုင်းသမားတစ်ချို့ကို ဦးဆောင်၍ နေရာအနှံ့သို့ ဖြန့်ခွဲ ထွက်ခွာသွာယကြသည်။ ရှောင်လုံကတော့ ဘတ်လန်းဒေသကို စည်းရုံးသိမ်းသွင်းရန် တစ်ယောက်တည်း ခရီး ထွက်သွားသည်။

တစ်လခန့်ကြာပြီးနောက် ခေတ်အဆက်ဆက် သီးခြားနယ်မြေဖြစ်ခဲ့သော ဘတ်လန်းဒေသကလည်း ရှောင်လုံ၏ လက်အောက်သို့ ရောက်ရှိလာသည်။

အမှန်တော့ ဘတ်လန်းဒေသကို ပေါင်းစည်းရခြင်းက ရှောင်လုံမျှော်မှန်းထားသည်ထက်ပင် ပို၍ လွယ်ကူချောမွေ့နေသည်။ နတ်ဘုရားကျောင်းတော်ဋ္ဌာနချုပ်နှင့် နတ်ဘုရားကျောင်းတော် ဂိုဏ်းချုပ် ယင်းထျန်တို့က ရှောင်လုံလက်ချက်ဖြင့် ချေမှုန်းခံခဲ့ရသည်ကို သိုင်းလောကထဲတွင် မသိသူမရှိတော့ပေ ။ ထိုကြောင့် ရှောင်လုံ  ဘတ်လန်းဒေသကိုရောက်တော့ သိပ်ရှည်ရှည်ဝေးဝေးပင် ပြောနေစရာ မလိုလိုက်ပေ။မသေချင်သေးသူအားလုံးက ရှောင်လုံဆီမှာ သူ့အလိုလို အညံခံလာကြသည်။

ရှောင်လုံ ဘတ်လန်းဒေသအား သူ့လက်အောက်သို့ သိမ်းသွင်းပြီးနောက် နတ်ဘုရားကျောင်းတော်၏ ကျန်ရှိနေသေးသောအင်အားစုများကိုလည်း ကျောင်းရှုနှင့် တခြားစကြာဝဠာ သိုင်းပညာရှင်များက ချေမှုန်းလိုက်သည်။နှင်းလေ တိုင်းပြည်အတွင်းမှ နိုင်ငံအားလုံးကလည်း ရှောင်လုံဆီမှာ သစ္စာခံလိုကြောင်း သဝဏ်လွှာ ပို့လာကြသည်။

ဤသို့ဖြင့် ခတ်အဆက်ဆက်က ဖရိုဖရဲ ဖြစ်နေခဲ့သည့် သိုင်းဝိညာဉ် ကမ္ဘာကြီးတစ်ခုလုံးသည် ရှောင်လုံလက်အောက်တွင် အင်အားစုကြီးတစ်ခုအဖြစ်  ပေါင်းစည်းသွားခဲ့လေသည်။

သုံးလကြာပြီးနောက် ရှောင်လုံနှင့် ဟောင်မိသားစုအားလုံးက ဒေါင်ရမ်းအင်ပါရာနိုင်ငံမှ တောင်ဘက်နေဝင်ချိန် အိမ်တော်သို့  ပြန်လည်ပြောင်းရွေ့လာကြသည်။
ရှောင်လုံက သူ့မိဘနှစ်ပါးဖြစ်သော ဟောင်ပန် နှင့်စုရန်တို့က သူတို့မွေးဖွားရာဖြစ်သည့် လူတောင်းနိုင်ငံမှ ဟောင်ကလန်နေရာတွင် ပြန်နေချင်ကြမှန်း သိထားသည်။ ထိုကြောင့် ကျောင်းရှုကို ရွှေဒင်္ဂါး အလုံအလောက်ပေးပြီး ဟောင်ကလန်နေရာကို ခမ်းခမ်းနားနား ပြန်လည်တည်ဆောက်စေလိုက်သည်။
ကျန်းဖူကိုတော့ လီလူ အကြောင်း စုံစမ်းခိုင်း လိုက်သည်။

ထိုနောက် ရှောင်လုံက သူ့မိသားစုအတွက် ကြိုတင် အစီအမံများ ချမှတ်ပြီး တခြား တာဝန်အားလုံးကိုလည်း သက်ဆိုင်ရာ သိုင်းပညာရှင်အသီးသီးကို  လွှဲပြောင်းပေးအပ် လိုက်သည်။ သူကိုယ်တိုင်ကတော့ နတ်ဘုရား ကျောင်းတော်၏ ဋ္ဌာနချုပ်တည်ရှိရာ ကျွန်းပေါ်မှာစောင့်ကြပ်နေသည့် စကြာဝဠာ တစ်ပိုင်း ရှေးဟောင်း မိစ္ဆာ သားရဲကြီး ဆယ့်ခြောက်ကောင်၏ အမြူတေများဆီမှ စွမ်းအားများအား စုပ်ယူပြီး နတ်ဘုရားအဆင့်သို့ တက်လှမ်းရန် တံခါးပိတ် လေ့ကျင့်ခန်း ဝင်လိုက်သည်။

.....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၅၂၉ ....

ရှောင်လုံ၏ တံခါးပိတ်သိုင်းလေ့ကျင့်မှုက သုံးရက်သာ ကြာမြင့်လိုက်သည် ။ သုံးရက်အတွင်း နဂါးပုလဲလုံး၏ အကူအညီဖြင့် နတ်ဘုရားတစ်ပိုင်း မိစ္ဆာသားရကြီးများ၏ အမြူတေအတွင်းမှ စွမ်းအားများကို ရှောင်လုံ စုပ်ယူနိုင်ခဲ့သည်။
ရှောင်လုံလည်း စကြာဝဠာ အဆင့် ၁၀ နောက်ဆုံးအဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်လာခဲ့သည်။

စကြာဝဠာ အဆင့် ၁၀ အလယ်အဆင့် နှင့် နောက်ဆုံးအဆင့်ကြားမှာ ကွာဟမှုသိပ်မရှိဘူးဟု ထင်ရသော်လည်း ရှောင်လုံကိုယ်ထဲမှ အတွင်းအားများက ယခင်ကထက် နှစ်ဆအထိ တိုးပွားလာသည်။

  ရှောင်လုံ ဒန်ထျန်အနားတွင် လှည့်ပတ်နေသည့် စစ်မှန်သော အဆီအနှစ်များကလည်း စွမ်းအင်အလုံးများထဲတွင် ပို၍ သိပ်သည်း လာကြသည်။ သူတို့က စွမ်းအင်အလုံးများထဲမှ နတ်နဂါးများကို ပြုစုပြိုးထောင်ပေးနေသည်နှင့် တူနေသည်။

ရှောင်လုံ၏ ခန္ဓာကိုယ်ကလည်း ကောင်းကင်ကိုအံတုနိုင်လောက်သည်အထိ ပို၍ သန်မာလာသည်။ သို့သော် နဂါးအင်ပါရာအောင်းတိုင်ရီက ရှောင်လုံကိုကြည့်ပြီး ခေါင်းခါလိုက်သည်

".... နဂါးပုလဲလုံးက မင်းခန္ဓာကိုယ်ကို ပြန်ပြီးတည်ဆောက်ပေးထားပေမယ့် ခန္ဓာကိုယ်ထဲမှာ ခိုအောင်းနေသေးတဲ့ အစွမ်းတွေကို ဖော်ထုတ်ပေးနိုင်တဲ့  ခန္ဓာကိုယ် ကျင့်စဉ် တစ်ခုကို မင်း လိုနေသေးတယ် ...."

သင့်တော်တဲ့ ခန္ဓာကိုယ်ကျင့်စဉ် ...?
ရှောင်လုံလည်း စိတ်ဝင်စားသွားသည်။

"... မင်းဆီမှာ လင်းလောင်ရတနာစေတီရှိတယ်ဆိုတာကို ငါသိပါတယ် ... ဒါပေမယ့် လင်လောင်းကိုယ်လုံသိုင်းက မင်းရဲ့ နဂါးခန္ဓာကိုယ်နဲ့ မသင့်တော့ဘူး ...."

အောင်းတိုင်ရီကပဲ ဆက်ရှင်းပြလိုက်သည်

"... အဲ့ဒါကြောင့် လင်းလောင်ကိုယ်လုံသိုင်းကို ဆက်ပြီး လေ့ကျင့်နေလဲ ဘာမှတော့ထူးမှာ မဟုတ်ဘူး ..."

"... မင်းကို ငါတို့နဂါးမျိုးနွယ်စုရဲ့ ခန္ဓာကိုယ်ကျင့်စဉ် တစ်ခုဖြစ်တဲ့ နဂါးရတနာအကာအကွယ် ဆိုတဲ့ ခန္ဓာကိုယ်ကျင့်စဉ်တစ်ခုကို သင်ပေးမယ် ..."

အောင်းတိုင်ရီစကားအဆုံးတွင် ရှောင်လုံဦးနှောက်ထဲသို့  နဂါးရတနာအကာအကွယ်ကျင့်စဉ်နှင့် ပတ်သတ်သော အသိညဏ်အသစ်များ ဝင်လာသည်။

နောက်ထပ် ၁၅ရက်တွင် သူ့၏ ပုံမှန်ကျင့်စဉ် များဖြစ်သော နတ်တောင်ရွှမ်းမီသိုင်း ၊
နတ်ဓားသိုင်း ၊ ခန္ဓာကိုယ်အသွင်ပြောင်းသိုင်းကျမ်းတို့အပြင် နဂါးရတနာအကာအကွယ် ကျင့်စဉ်က ရှောင်လုံ အချိန်အများဆုံး အသုံးပြုသည့် သိုင်းကျင့်စဉ် တစ်ခုဖြစ်လာလေသည်။

နဂါးရတနာအကာအကွယ်ကျင့်စဉ်ကို စတင်လေ့ကျင့်စဉ်က ရှောင်လုံစိတ်ထဲမှာ ထူးခြားမှု တစ်စုံတစ်ရာကို ခံစားရခြင်း မရှိပေ ။ သို့သော် လဝက်ခန့်ကြာပြိးနောက် ရလဒ်က သိသာလာသည်။ နဂါးရတနာအကာအကွယ် ကျင့်စဉ်ကို ၁၅ ရက်ကြာအောင် လေ့ကျင့်ပြီးသည့်နောက် ထိုကျင့်စဉ်ကို ထုတ်သုံးလိုက်သည့်အချိန်တွင် ရှောင်လုံကိုယ်ထဲမှ သွေးကြောများက ကမ္ဘာဦးနဂါးကြီးများကဲ့သို့ နိုးထလာကြသည်။ ထိုနောက် သွေးကြောများ ၊ ကိုယ်တွင်းအင်္ဂါများနှင့် အူ များက ထူးခြားသော အခင်းအကျင်း ပုံစံတစ်ခုသို့ ပြောင်းလဲသွားသည်။

ထိုအခင်းအကျင်းအတွင်း၌ မရပ်တန့်နိုင်သော စွမ်းအင်လေပွေကြီးတစ်ခုနှင့်တူသည် နဂါးအဆီအနှစ် ချီများက ပေါများစွာဖြင့် တစ်ရှိန်ထိုးတက်နေကြသည်။

လဝက်ဆိုသည့် အချိန်လေးအတွင်းမှာ ရှောင်လုံခန္ဓာကိုယ်၏ စွမ်းအားနှင့် ခွန်အားများက ယခင်ကထက် နှစ်ဆနီးပါး တိုးတက်လာသည်။
ရှောင်လုံလည်း အရမ်းကို ပျော်ရွှင်သွားသည်။
ယခုအချိန်၌ ယင်းထျန်နှင့် ပြန်လည်တိုက်လိုက်ရမည် ဆိုလျှင်တောင် နတ်တောင်ရွှမ်းမီသိုင်းနှင့် နဂါးအင်ပါရာ အောင်းတိုင်ရီ၏ အကူအညီမပါဘဲ ယင်းထျန်အား အနိုင်ယူနိုင်သည်ဟု ရှောင်လုံစိတ်ထဲမှာ အပြည့်အဝ ယုံကြည်နေသည်။

ထိုနောက် ရှောင်လုံက နဂါးရတနာအကာအကွယ်ကျင့်စဉ်ကို လေ့ကျင့်ပျြိးနောက် သူကိုယ်ထဲမှာ ဖြစ်လာသည့် အခင်းအကျင်းအကြောင်းကို အောင်းတိုင်ရီအား မေးကြည့်လိုက်သည်။

".. အမှန်တော့ ငါလည်းအဲ့ဒီအကြောင်းကို သိပ်မသိဘူးကွ ... ဘာကြောင့်လည်းဆိုတော့ နဂါးရတနာအကာအကွယ်ကျင့်စဉ်ကို ငါတစ်ခါမှ မကျင့်ဘူးလို့ဘဲ...."

အောင်းတိုင်ရီစကားကြောင့်  ရှောင်လုံလည်း အံ့သြလွန်း၍ ဖင်ထိုင်ရက်လဲကျလုမတတ် ဖြစ်သွားသည်

"... ခင်ဗျားက အဲ့ဒီသိုင်းကို တစ်ခါမှ မလေ့ကျင့်ဘူးဘူး ..ဟုတ်လား ... ?"

အောင်းတိုင်ရီက ခွန်းတုန့်ပြန်လိုက်သည်

"...အဲ့ဒါ ဘာအံ့သြစရာရှိလို့လဲ ...? ငါက နဂါမျိုးနွယ်စုရဲ့ နောက်ထပ်ထိပ်တန်းသိုင်းတစ်ခုကို ကျင့်တာလေ .... ဘာလဲ ငါက အစွမ်းထက်တဲ့ သိုင်းကျင့်စဉ်အကုန်လုံးကို လိုက်လေ့ကျင့်နေရမှာလား ...? ဒါပေမယ့်  နဂါးရတနာအကာအကွယ်ကျင့်စဉ်ကို လေ့ကျင့်ဖို့ မလွယ်တာတော့ ငါသိတယ် ...အဲ့ဒါကြောင့် မင်းတော့ လေ့ကျင့်နိုင်လောက်ပါတယ်လေဆိုပြီး သင်ပေးလိုက်တာ... မင်းက တကယ့်ကို လူထူးလူဆန်းပဲ ...!"

ရှောင်လုံလည်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ အောင်းတိုင်ရီက သူ့ကို မှတ်ညဏ်တစ်ချို့ လွှဲပြောင်း ပေးခဲ့သော်လည်း အောင်မြင်ရန် မမျှော်လင့်ထားပေ။

ရှောင်လုံဦးနှောက်ထဲမှ အသိညဏ်များအရ
နဂါးရတနာအကာအကွယ်ကျင့်စဉ်အား အဆင့်ငယ် အောင်မြင်သူ အဖြစ် ရောက်ရှိလိုလျှင် ထိုအခင်းအကျင်းနှင့် တစ်သားတည်းဖြစ်ရန် လိုအပ်သည်။ ထိုအခင်းအကျင်းက ရှောင်လုံကိုယ်ထဲမှာ ဖြစ်ပေါ်နေသော်လည်း ဝိုးတဝါးနှင့် တည်ငြိမ်ခြင်း မရှိပေ ။ ထိုအခင်းအကျင်းကလည်း မိနစ်ပိုင်းမျှသာ ကြာမြင့်လိုက်ပြီး နောက်ဆုံးတွင် ရှောင်လုံကိုယ်ထဲမှ ပျောက်ကွယ်သွားသည်။

နောက်ထပ်တစ်လခန့် ကုန်လွန်သွားသည်။

၎င်းတစ်လအတွင်း ရှောင်လုံက နတ်ဓားသိုင်းကွက်၏ ကိုးကွက်မြောက် နှင့် ဆယ်ကွက်မြောက်သိုင်းကွက်နှစ်ခုကို စတင်လေ့ကျင့်လိုက်သည်။

နတ်ဓားသိုင်းကွက်၏ ကိုးကွက်မြောက် ဓားသိုင်းမှာ
လေဓားမုန်တိုင်း သိုင်းကွက် ဖြစ်သည်။ ထိုသိုင်းကွက်ကို ထုတ်သုံးလိုက်သည့်အချိန်တွင် လေဓားများက လေထဲမှာ ကြောင်လိမ်ပုံသဏ္ဍာန် လည်ပတ်ရင်း လှိုင်းလုံးကြီးများကဲ့သို့ ထွက်ပေါ်လာသည်။ နောက်ပိုင်းအဆင့်များသို့ ရောက်လာသည်နှင့်အမျှ လေဓားများက ပို၍ အစွမ်းထက်လာသည်။ အကယ်၍ လေဓားမုန်တိုင်း သိုင်းကွက်ကို ကျွမ်းကျင်ပိုင်နိုင်သူ အဆင့်အထိ လေ့ကျင့်နိုင်ခဲ့ပြီးနောက် သိုင်းကွက်အား ထုတ်သုံးလိုက်လျှင်  အင်အားကြီးမားပြီး အစနှင့် အဆုံးမရှိသော လေဓားမုန်တိုင်း အခုတစ်ထောင်ကျော်ကို ဖန်တီးနိုင်သည်။ ထိုသိုင်းကွက်အား မျက်ဝါးထင်ထင် ကြုံတွေ့လိုက်ရသော ရန်သူများ၏ စိတ်ဓတ်ကလည်း ငရဲသို့တိုင်အောင် ကျဆင်းသွားန်ိုင်သည်။

နတ်ဓားသိုင်းကျမ်း၏ ဆယ်ကွက်မြောက်သိုင်းကွက်အမည်က နတ်ဆိုးထောင်ဖောက် သိုင်းကွက် ဖြစ်သည်။ ထိုသိုင်းကွက်ကို ထုတ်သုံးလိုက်လျှင် ကမ္ဘာမြေပေါ်မှ မရေတွက်နိုင်သော နတ်ဆိုဓားချီများ ပေါက်ကွဲထွက်လာမှယ ဖြစ်သည်။ လွန်စွာခုခံရ ခက်သည့် သိုင်းကွက် တစ်ခုဖြစ်သည်။ ထိုသိုင်းကွက်က ကမ္ဘာမြေကြီးအတွင်း၌ ခိုအောင်းလျက်ရှိသော ကြီးမားသည့် အစွမ်းကို ငှါးယူပြီး ထိုစွမ်းအားဖြင့် အတွင်းအားမြင့်သည့် ရန်သူများကိုပင် သတ်ဖြတ်နိုင်သည်။

တစ်လကြာပြီးနာက် တောင်ဘက်နေဝင်ချိန် အိမ်တော်မှ ရှောင်လုံတစ်ယောက်တည်း ထွက်လာသည်။ ရှောင်လုံက ဘတ်လန်းနယ်မြေအတွင်းမှာရှိသည့် သရဲနယ်မြေသို့ ပြန်သွားလိုက်သည်။ သရဲနယ်မြေအတွင်းသို့ရောက်ရှိလာပြီးနောက် ပို၍ နက်ရှိုင်းသော အတွင်းဘက်နယ်မြေထဲသို့ ရှောင်လုံ တိုးဝင်သွားသည်။ ထိုနောက် နတ်ဘုရားတစ်ပိုင်း သရဲများအား တစ်ကောင်ပြီးတစ်ကောင် သတ်ဖြတ်လေသည်။

သိမ်းသွင်းမှုကို လက်ခံသော သရဲကြီးများအား သိမ်းသွင်းလိုက်သည်။ ထိန်းကျောင်းမှုကို လက်မခံသည့် သရဲများကတော့ ရှောင်လုံလက်ချက်ဖြင့် နောက်ဘဝပြောင်းသွားကြသည် ။

အချိန်သုံးလက လျင်မြန်စွာ ကုန်လွန်သွားသည်။
ထိုသုံးလအတော်အတွင်း သရဲ ၅၅ အကောင်ကို ရှောင်လုံ ထိန်းကျောင်းနိုင်ခဲ့သည်။ တကယ်တမ်းဆိုလျှင် ရှောင်လုံက  နတ်ဘုရားတစ်ပိုင်း သရဲများငါးကောင်ကိုလည်း ထိန်းကျောင်းနိုင်ခဲ့သည် ။ သို့သော် ရှောင်လုံက ထိုသရဲငါးကောင်၏ စိတ်ဝိညာဉ်များကို သန့်စင်ယူ၍ စုပ်ယူလိုက်ခြင်းပင် ။

သရဲနယ်မြေထဲတွင် နတ်ဘုရားတစ်ပိုင်း သရဲအမြောက်အများကို တွေ့ရှိလိုက်ရခြင်းကြောင့် ရှောင်လုံလည်း အနည်းငယ် အံ့သြသွားသည်။
သိုင်းဝိညာဉ်ကမ္ဘာကြီးတစ်ခုလုံးကို နေရာလပ်မကျန် စေ့စေ့စပ်စပ် ရှာဖွေခဲ့လျှင်တောင် နတ်ဘုရားတစ်ပိုင်း သိုင်းပညာရှင် လက်တစ်ဆုပ်စာမျှသာ တွေ့ရှိနိုင်သည်။

အမှန်တော့ ရှေးအချိန်က မဟာ ဘီဘူးများနှင့်တိုက်ပွဲဖြစ်ရာတွင် လူသားသိုင်းပညာရှင် အမြောက်အများ ကျဆုံးခဲ့သည်ကို ရှောင်လုံ သိထားခြင်း မရှ်ိပေ။
ထိုကြောင့် လူသားအင်အားက လွန်စွာ ချိနဲ့သွားခြင်းဖြစ်သည်။ သရဲများက ရှေးအချိန်က ဘီလူးများနှင့် တိုက်ပွဲတွင် ဝင်မပါခဲ့ကြပေ။

နတ်ဘုရားတစ်ပိုင်း သရဲကြီးများ၏ စိတ်ဝိညာဉ်အတွင်းမှ စွမ်းအားကို စုပ်ယူပြီးနောက်
ရှောင်လုံ အတွင်းအားများက ကျေနပ်စရာကောင်းလောက်အောင် တိုးတက်လာသည်။ သု့်သော် သရဲနယ်မြေထဲတွင် နတ်ဘုရားအဆင့် သရဲကြီးများကိုတော့ မမြင်မိခဲ့ပေ ။ ရှောင်လုံလည်း စိတ်ပျက်သွားသည်။ ထိုနောက် သရဲနယ်မြေတစ်ခုလုံး နေရာလပ်မကျန်အောင် ထပ်မံ   ရှာတဖွလိုက်သည်။ သို့သော် နတ်ဘုရားအဆင့် သရဲကြီးများအစား စကြာဝဠာ တစ်ပိုင်း သရဲနှစ်ကောင်ကိုသာ တွေ့ရှိလိုက်သည်။

တစ်ရက် ရှောင်လုံ စကြာဝဠာ အဆင့် ၁၀ သရဲအား ထိန်းကျောင်းရန် ကြိုးစားနေစဉ် ကျောင်းရှုက ဆက်သွယ်ရေး အဆောင်ဖြင့် ဆက်သွယ်လာသည်။

"... လီလူ သတင်း ဟုတ်လား ...?"

ရှောင်လုံက သူလုပ်လက်စအရာတွေကို ရပ်၍ တောင်ဘက်နေဝင်ချိန် အိမ်တော်သို့ ချက်ချင်း ပြန်သွားလိုက်သည်။ တောင်ဘက်နေဝင်ချိန်အိမ်တော်သို့ ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် ကျောင်းရှု နှင့် ကျန်းဖူကိုဆင့်ခေါ်လိုက်သည်။

"... ဂိုဏ်းချုပ် ... ကျွန်တော်မျိုးတို့ စုံစမ်းရရှိသလောက်တော့ သခင်မလေး လီလူကအခု အနက်ရောင် သူရဲကောင်း တက္ကသိုလ်ကို ရောက်နေပါတယ် ..."

ကျောင်းရှုက သူစုံစမ်းခဲ့သည့် သတင်းကို တင်ပြလိုက်သည်။

အနက်ရောင် သူရဲကောင်း တက္ကသိုလ် ဟုတ်လား ..?
ရှောင်လုံလည်း ဇဝေဇဝါ ဖြစ်သွားသည်။ ထိုနောက် ကျောင်းရှုနှင့် ကျန်းဖူ၏ မိတ်ဆက်ပေးမှုကြောင့်
အနက်ရောင် သူရဲကောင်း တက္ကသိုလ်သည် အနက်ရောင် လိပ် ကြယ်စင်စုထဲတွင် နာမယ်ကျော်ကြားသော တက္ကသိုလ် တစ်ခုဖြစ်မှန်း ရှောင်လုံ သဘောပေါက်သွားသည်။

အနက်ရောင် လိပ် ကြယ်စင်စု အတွင်းမှာတည်ရှိသောကမ္ဘာပေါင်း တစ်သိန်း နှစ်သောင်းကျော်မှ ထိပ်တန်းပါရမီရှင်များသည် အနက်ရောင် သူရဲကောင်း တက္ကသိုလ်တွင် တက်ရောက်နိုင်ရန် အပြင်းအထန်ကြိုးစားကြလေ့ရှိသည် ။ ထိုအပြင် အနက်ရောင် သူရဲကောင်း တက္ကသိုလ်ကိုလည်း အနက်ရောင် လိပ် ကြယ်စင်စု ထဲတွင်ရှိသည့် ထိပ်တန်းအင်အားကြီး အဖွဲ့အစည်းများထဲမှ တစ်ခုအဖြစ် သတ်မှတ်ထားကြသည်။

"... အနက်ရောင် သူရဲကောင်း တက္ကသိုလ်မှာ ဘယ်လို ကျောင်းအပ်ရမလဲ ...?"

ရှောင်လုံက လေးနက်တည်ကြည်သောအသံဖြင့် မေးလိုက်သည်။

ကျောင်းရှုနှင့် ကျန်းဖူက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ ထိုနောက် ကျန်းဖူက  ဖြေလိုက်သည်

"..... အနက်ရောင် သူရဲကောင်းတက္ကသိုလ်က အနှစ်နှစ်ရာကြာမှ တစ်ခါပဲ ကျောင်းသားအသစ်ကိုလက်ခံတာပါ ..တစ်ကြိမ်လက်ခံရင်လည်း ကျောင်းသားတစ်ရာပဲ လက်ခံတာပါ ... အသက် နှစ်ရာ မကျော် သေးတဲ့ အနက်ရောင် လိပ် ကြယ်စင်စုထဲက ပါရမီရှင်ဆိုရင် တပည့်အဖြစ် ဝင်ရွေးခွင့်ရှိပါတယ် ..."

ရှောင်လုံလည်း အံ့သြသွားသည်။

အနှစ်နှစ်ရာမှ ကျောင်းသားအယောက်တစ်ရာကိုပဲ ရွေးတယ် ဟုတ်လား ...?
အနက်ရောင် လိပ် ကြယ်စင်စုထဲတွင် ကမ္ဘာပေါင်း တစ်သိန်းနှစ်သောင်း ကျော်ရှိသည်။ ထိုကြောင့် ယေဘုယျအနေဖြင့် တွက်ကြည့်လျှင် ကမ္ဘာပေါင်း တစ်ထောင့်သုံးရာမှ ပါရမီရှင်တစ်ယောက်ကိုသာ ရွေးချယ်ခြင်း ဖြစ်သည်။ အနက်ရောင် တက္ကသိုလ်၏ ရွေးချယ်မှု စံနှုန်းက အလွန်ပင် တင်းကျပ်လှသည်။ ထုတ်ပယ်နှုန်းကလည်း ကြောက်မယ်ဖွယ်ရာ ကောင်းလေသည်။

"... အနက်ရောင် တက္ကသိုလ်က နောက်ထပ်ကျောင်းသားတစ်သုတ်ကို ဘယ်တော့လောက် လက်ခံမှာလဲ ...?"

ရှောင်လုံက မေးလိုက်သည်။

"... ကျွန်တော်မျိုး စုံစမ်းထားသလောက်တော့ ကျောင်းသားရွေးချယ်ပွဲကို နောက်ထပ် သုံးနှစ်ကြာရင် ကျင်းပပါလိမ့်မယ် ..."

ကျောင်းရှုက ပြန်ဖြေလိုက်သည်။

သုံးနှစ်ကြာရင် ....?

ရှောင်လုံက မျက်မှောင်ကြုတ်လိုက်၍ တစ်စုံတစ်ရာကို အလေးအနက် တွေးလိုက်သည်။

ဒါဆိုရင် လီလူက ဘယ်လိုလုပ်ပြီး အနက်ရောင် တက္ကသိုလ်မှာ တက်ရောက်ခွင့် ရသွားတာလဲ ...?

....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၅၃၀ ..... အနက်ရောင် သူရဲကောင်းတက္ကသိုလ်၏ ထိပ်ဆုံးဆယ်ယောက်

ရှောင်လုံစိတ်ထဲမှာ မရှင်းမရှင်ဖြစ်နေတာကို သိလိုက်တော့ ကျောင်းရှုက ရှင်းပြလိုက်သည်။

"... နှစ် နှစ်ရာကြာရင် ကျောင်းသားအသစ်ရွေးချယ်ပွဲအပြင် အနက်ရောင်သူရဲကောင်း တက္ကသိုလ်မှာ ကျောင်းတက်နိုင်ဖို့ နောက်ထပ်နည်းလမ်းတစ်ခု ရှိပါသေးတယ် ....
တကယ်လို့ ကျောင်း အုပ် ၊ လက်ထောက်ကျောင်းအုပ်နဲ့ အကြီးအကဲတစ်ယောက်က တပည့်အဖြစ် လက်ခံလိုက်ရင် တခြားစစ်ဆေးမှုတွေလုပ်ဖို့မလိုဘဲ အနက်ရောင် သူရဲကောင်း တက္ကသိုလ်မှာ တိုက်ရိုက် ကျောင်းတက်နိုင်ပါတယ် ..."

အဲ့လိုလည်း ရှိတာဘဲလား ...?.
ရှောင်လုံလည်း အနည်းငယ် အံ့အားသင့်သွားသည်။

"..  ဒါပေမယ့် အနက်ရောင် လိပ် ကြယ်စင်စုထဲမှာ
ပါရမီရှင်တွေက သိန်းသန်းမကအောင် ရှိကြပါတယ် ... အဲ့ဒါကြောင့် လူတွေအားလုံးကို ကျော်ဖြတ်ပြီး ကိုယ်ကိုမျက်စိကျလာဖို့ဆိုတာလည်း အရမ်းကို ခက်ခဲပါတယ် ..."

ကျောင်းဖူက သက်ပြင်းချရင်းပြောလိုက်သည်။
ရှောင်လုံလည်း စဉ်းစားကြည့်လိုက်သည်

သိန်းသိန်းချီတဲ့လူတွေထဲကမှ လီလူကို ဘယ်လိုဖြစ်ပြီး မျက်စိကျသွားပါလိမ့် ...?

ရှောင်လုံက လီလူဆရာ လီမိုလင်ပြောဘူးသည့် စကားကို အမှတ်ရလိုက်သည်။ လီလူက သူ့စိတ်ကူးနိုင်သည့်ထက် ကျော်လွန်သော တုနှိုင်းမဲ့ မွေးရာပါစွမ်းရည်တစ်ခုကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ထိုကြောင့်လည်း အနက်ရောင် သူရဲကောင်း တက္ကသိုလ်မှ အကြီးအကဲ တစ်ယောက်ယောက်က လီလူစွမ်းရည်ကို မျက်စိကျသွားခြင်း ဖြစ်နိုင်သည်။

သူနှင့် နောက်ဆုံးတွေ့ဆုံချိန်က လိ်ီလူစွမ်းရည် အရမ်းထက်မြက်နေသည်မှာလည်း ဤစွမ်းရည်ကြောင့် ဖြစ်နိုင်သည်။ ထိုနောက် ရှောင်လုံက အနက်ရောင် သူရဲကောင်း တက္ကသိုလ်နှင့် ပတ်သတ်သော အကြောင်းအရာများကို ထပ်မံမေးမြန်းလိုက်သည်။
ကျောင်းရှုနှင့် ကျန်းဖူတို့ကလည်း သူတို့သိသမျှ ပြန်ဖြေလိုက်သည်။

အနက်ရောင် သူရဲကောင်း တက္ကသိုလ် တည်ရှိလဲ့သည်မှာ နှစ်ပေါင်း သန်းသုံးဆယ်ကျော် ကြာမြင့်ခဲ့လေပြီ ။ အနက်ရောင် သူရဲကောင်း တက္ကသိုလ်ကို ဓားသိုင်းပညာရှင်တစ်ယောက် စတင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ အနက်ရောင် သူရဲကောင်း တက္ကသိုလ်၏ ရှည်ကြာသော သမိုင်းကြောင်းကို ကြားပြီး ရှောင်လုံလည်း အလွန်ပင် အံ့အားသင့်သွားသည်။

သို့သော် ကျောင်းရှုနှင့် ကျန်းဖူတို့က အနက်ရောင် သူရဲကောင်း တက္ကသိုလ်နှင့် ပတ်သတ်၍ များများစားစား မသိကြပေ ။

အနက်ကောင် သူရဲကောင်း တက္ကသိုလ်၏ တပည့်ရွေးချယ်ပွဲအား တောနက်ကြယ် ဟူသည့်နေရာတစ်ခုတွင် ကျင်းပခြင်း ဖြစ်သည်။ တပည့်ဖြစ်လိုသည့် သိုင်းပညာရှင်များက ထိုနေရာတွင် ရှိသည့် မိစ္ဆာသားရဲများ ၊ ကျင်လည်ကျက်စားနေသော နတ်ဆိုးများ နှင့် မိစ္ဆာများကို အမဲလိုက် သတ်ဖြတ်ကြရမှာ ဖြစ်သည်။ အမှတ်အများဆုံးရသည့် လူအယောက်တစ်ရာက တပည့်အဖြစ် ရွေးချယ်ခံရမှာဘဲ ဖြစ်သည်။

ယေဘုယျအနေဖြင့် စကြာဝဠာ အဆင့် ၁၀ နှင့်အထက် သိုင်းပညာရှင်များ ထိပ်တန်းအယောက်တစ်ရာအတွင်းဝင်နိုင်ကြသည်။
အနက်ရောင် သူရဲကောင်း တက္ကသိုလ်က အသက်နှစ်ရာကျော်သွားသည့် သိုင်းပညာရှင်များကို လက်မခံပေ ။ ထိုကြောင့် တပည့်အဖြစ် ရွေးချယ်ခံလိုသည့် သိုင်းသမားများက အသက်နှစ်ရာမတိုင်ခင် စကြာဝဠာ အဆင့် ၉ ၊ အဆင့် ၁၀ နှင့် အထက်သို့ ရောက်ရှိနေရန် လိုအပ်သည်။

သိုင်းဝိညာဉ် ကမ္ဘာကြီးတစ်ခုလုံးတွင် ထိုစည်းကမ်းနှင့် ကိုက်ညီသူမှာ ရှောင်လုံတစ်ယောက်သာ ရှိသည်။

သိုင်းဝိညာဉ်ကမ္ဘာတွင် အသက်သုံးရာဖြင့် စကြာဝဠာ အဆင့်သို့်ရောက်အောင်လေ့ကျင့်နိုင်သောသူကို ရှားမှရှား ပါရမီရှင်အဖြစ် သတ်မှတ်ကြသည်။ သို့သော် ထိုကဲ့သို့ လေ့ကျင့်နိုင်သူ အနည်းငယ်မျှသာ ရှိသည်။
အသက် သုံးရာနှင့် စကြာဝဠာ အဆင့် ၉ ၊ အဆင့် ၁၀ သို့ ရောက်အောင် ကျင့်နိုင်သူ တစ်ယောက်မှကို မရှိပေ ။

ဥပမာအဖြစ်ဆိုရလျှင် ဒေါင်ရမ်းအင်ပါရာနိုင်ငံ၏ ဧကရာဇ်ဖြစ်သူ ဒေါင်ရမ်သည် နှစ်ပေါင်းတစ်ထောင်ကျော် သိုင်းလေ့ကျင့်ပြီးမှ စကြာဝဠာ အဆင့် ၈ သို့သာ ရောက်နိုင်ခဲ့သည်။ ကြီးမားကျယ်ပြန့်လှသော အနက်ရောင် လိပ် ကြယ်စင်စုထဲမှ ပါရမီရှင်များထဲတွင် ဒေါင်ရမ်လိုလူက သူများခြေထောက်အောက်မှ ရွှံသာသာမျှသာ အဆင့်ရှိသည်။

ခဏကြာပြီးနောက် ကျောင်းရှုတို့လည်း ပြန်ထွက်သွားကြသည်။

".... ကောင်လေး ...မင်းကိုယ်မင်း အဲ့လောက်ထိ အထင်မသေးစမ်းပါနဲ့ .. "

နဂါးအင်ပါရာ အောင်းတိုင်ရီ၏ အသံ ထွက်ပေါ်လာသည်

" .. ဒီကြယ်စင်စု နဂါးငွေ့တန်းကြီးထဲမှာ ကမ္ဘာပေါင်း တစ်သိန်းနှစ်သောင်းကျော်ရှိတယ် ....ပါရမီရှင်တွေလည်း မှိုလိုပေါက်အောင် ရှိကြတယ်... ဒါပေမယ့် လွန်ခဲ့သော နှစ်ဆယ်သန်းရဲ့ ပါရမီရှင်သမိုင်းကို ပြန်လှန်ကြည့်မယ်ဆိုရင် မင်းရဲ့ ပါရမီက ထိပ်တန်းဆယ်ယောက်မှာ ဝင်ကိုဝင်တယ် ..."

နဂါးအင်ပါရာအောင်းတိုင်ရီက သုံးသပ်လိုက်သည်။
အောင်းတိုင်ရီ စကားသာ ပြန့်နှံ့သွားမည်ဆိုလျှင် အနက်ရောင် လိပ် ကြယ်စင်စုကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားနိုင်သည်။

နှစ်ဆယ်သန်းအတွင်းမှ ထိပ်တန်းပါရမီရှင် ဆယ်ယောက် .....!

အနက်ရောင် သူရဲကောင်း တက္ကသိုလ်၏ ကျောင်းအုပ်ပင်လျှင် သူ့ကိုယ်သူ ထိပ်တန်းပါရမီရှင် ဆယ်ယောက်အတွင်းဝင်သည်ဟု မပြောရဲပေ ။
အနက်ရောင် သူရဲကောင်း တက္ကသိုလ်က နှစ်ပေါင်း ငါးထောင်ကြာည်အခါ ကျောင်းအုပ်အသစ်ကို ရွေးချယ်လေ့ရှိသည်။ လက်ရှိကျောင်းအုပ်အပါအဝင် အနက်ရောင် တက္ကသိုလ်၏  ကျောင်းအုပ်မျိုးဆက်ကလည်း အယောက်ငါးရာ ကျော်ခဲ့လေပြီ ။

အနက်ရောင် လိပ် ကြယ်စင်စု အတွင်း၌ရှိသော ထိပ်တန်းပါရမီရှင် အားလုံးထဲကမှ အစွမ်းအထက်ဆုံးသူကသာ  အနက်ရောင် သူရဲကောင်း တက္ကသိုလ်၏ ကျောင်းအုပ် ဖြစ်နိုင်သည်။
ထိုကဲ့သို့ ပညရမီရှင်ပင်လျှင် သူ့ကိုယ်သူ ထိပ်တန်းပါရမီရှင် ဆယ်ယောက်အတွင်းဝင်သည်ဟု မကြွေးကြော်ရဲပေ ။

အနက်ရောင် လိပ် ကြယ်စင်စုအတွင်းမှ ထိပ်တန်း သိုင်းဂိုဏ်းများနှင့် သိုင်းမိသားစုများတွင် အံ့သြဖွယ်ရာအရည်အသွေးရှိသည့် ပါရမီရှင်များစွာ ရှိကြသည်။

နဂါးအင်ပါရာ အောင်းတိုင်ရီ သုံးသပ်ချက်ကိုကြားချိန်မှာ ရှောင်လုံက ခေါင်းကို ခါယမ်းလိုက်သည်။ သူက အောင်းတိုင်ရီ၏ သုံးသပ်ချက်ကို ကျေနပ်ခြင်း မရှိပေ ...?

ထိပ်တန်း ဆယ်ယောက်ပဲလား ...?

အနက်ရောင် လိပ် ကြယ်စင်စုထဲက ထိပ်တန်းဆယ်ယောက် ... ဒါဆိုရင် မိုးပြာရောင် ကျား ကြယ်စင်စုထဲမှာ ဆိုရင်ရော ....?
ကြယ်စင်စုတွေအားလုံးပေါင်းလိုက်ရင် ငါက အဆင့် ၄၀ အတွင်းမှာလား ....?

ဒါဆိုရင် မရေတွက်နိုင်တဲ့ ကြယ်စင်စုတွေကိ အုပ်ချုပ်တဲ့ နတ်ကမ္ဘာမှာဆိုရင်ရော ငါက အဆင့် ဘယ်လောက်လဲ ....?

အောင်းတိုင်ရီက အတွေးများနေသည့် ရှောင်လုံကိုကြည့်ရင်း ပြုံးလိုက်သည်။ ထိုနောက် ကူရာကယ်ရာမဲ့သွားသလို ခေါင်းခါလိုက်၏

"... ဟေ့ကောင် ... နံပါတ်တစ် နေရာကို
ငှက်ပျောသီးအခွံနွှာ စားလောက် လွယ်လွယ်ကူကူ ရမယ်လို့ ထင်နေလား ...အနက်ရောင် သူရဲကောင်း
တက္ကသိုလ်ရဲ့ ကျောင်းအုပ်တောင် သူ့ကိုယ်သူ နံပါတ်တစ်လို့ မကြွေးရဲဘူးကွ သိလား ...?"

ရှောင်လုံလည်း မလုံမလဲ ပြုံးပြီး မေးလိုက်သည်

"..  အနက်ရောင် သူရဲကောင်း တက္ကသိုလ်အပေါ်
ခင်ဗျား ဘယ်လိုမြင်လဲ ...?"

အောင်းတိုင်ရီက ရှောင်လုံဆိုလိုချင်သည့် အဓိပ္ပါယ်ကို ချက်ချင်းသဘောပေါက်လိုက်သည်။

"... အနက်ရောင် သူရဲကောင်း တက္ကသိုလ် တည်ထောင်ခဲ့တာ နှစ်သန်းပေါင်းသုံးဆယ်ကျော်ပြီကွ
အဲ့ဒါကြောင့် သူတို့က သယံဇာတ အများကြီး စုဆောင်းပြီးလောက်ပြီ .... အဲ့ဒီမှာ သိုင်းကျင့်ခွင့်ရရင် မင်းအတွက်လည်း အကျိုးရှိနိုင်တယ် ....
နောက်ပြီး အနက်ရောင် သူရဲကောင်း တက္ကသိုလ်ရဲ့ ကျောင်းသားဖြစ်ပြီးရင် အနက်ရောင် လိပ် ကြယ်စင်စုထဲမှာ မင်း လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ ရပြီလေ ..."

ရှောင်လုံကလည်း ထိုအချက်အား သဘောတူသည့်အသွင်ဖြင့် ခေါင်းညိတ်လိုက်သည်။
အနက်ရောင် သူရဲကောင်း တက္ကသိုလ်၏ တပည့်တစ်ယောက်က မည်သည့်အဆင့်အတန်းရှိမှန်း ရှောင်လုံ ကောင်းကောင်း သဘောပေါက်သွားသည်။ စုထန်နှင့် ယင်းထျန်တို့၏ သေဆုံးမှုက သူ့ကြောင်ဆိုတာကို
ကြယ်ဓားဂိုဏ်းနှင့် ယင်းမိသားစုတို့ တစ်ချိန်ချိန်၌
စုံစမ်းသိရှိသွားနိုင်သည်။ အကယ်၍ ထိုအချိန်မှာ ရှောင်လုံသာ အနက်ရောင် သူရဲကောင်း တက္ကသိုလ်၏ ကျောင်းသားတစ်ယောက် ဖြစ်နေခဲ့လျှင် ကြယ်ဓားဂိုဏ်းနှင့် ယင်းမိသားစုတို့က သူ့ကိုထိရဲတော့မှာ မဟုတ်ပေ ။

"... တကယ်လို့ တပည့်ရွေးချယ်ပွဲမှာ ကျွန်တော်ဝင်ပြိုင်မယ်ဆိုရင် ဘယ်အဆင့်လောက် ရမယ်ထင်လဲ ...?"

ရှောင်လုံက သိချင်စိတ်ဖြင့် မေးလိုက်သည်။

အောင်းတိုင်ရီက ပြန်ဖြေလိုက်သည်

"... မင်းရဲ့ လက်ရှိခွန်အားနဲ့ဆိုရင်တော့ စမ်းသပ်မှုတွေကို အလွယ်တကူ ကျော်ဖြတ်နိုင်မှာပဲ ...
ဒါပေမယ့် ပထမနေရာကို ရဖို့တော့ မလွယ်လောက်ဘူး ... ငါအထင်တော့ မင်း ထိပ်ဆုံး
သုံးယောက်ထဲ ဝင်လောက်တယ်...."

"... ထိပ်ဆုံး သုံးယောက် ...?"

အောင်းတိုင်ရီက သူ့ကို ထိပ်ဆုံးသုံးယောက်အတွင်းသာ ဝင်နိုင်သည်ဟု သုံးသပ်လိုက်ခြင်းကြောင့် ရှောင်လုံလည်း မျက်နှာ အနည်းငယ် မဲ့သွားသည်။

အောင်းတိုင်ရီက သူ့စကားကြောင့် ရှုံ့မဲ့သွားသော
ရှောင်လုံကို ကြည့်ပြီး ရယ်မောလိုက်သည်

"... မင်းရဲ့ အစွမ်းက ကောင်းကင်ကိုတောင် ဒူးနဲ့တက်ပြီး တိုက်နိုင်တယ်ဆိုတာ ငါဝန်ခံပါတယ် ...
ဒါပေမယ့် မင်းသိုင်းလေ့ကျင့်တာက ဘယ်နှနှစ် ရှိသေးလို့တုံး ...? နှစ်သုံးဆယ်တောင်ပြည့်သေးလို့လား ...? တပည့်ရွေးချယ်ပွဲမှာ ဝင်ပြိုင်မယ့်ကောင်တွေထဲမှာ အနှစ်နှစ်ရာလောက် သိုင်းလေ့ကျင့်ခဲ့တဲ့ကောင်လည်း ပါတယ် ... သူ့တို့ရဲ့ အခြေခံကလည်း မင်းထက်အများကြီး နက်ရှိုင်းတယ်..
တစ်ချို့ဆို နတ်ဘုရားအဆင့်ကိုတောင် ရောက်နေလောက်ပြီထင်တယ်   ....အေး ယင်းထျန်ဆိုတဲ့ကောင်ကလည်း နတ်ဘုရားတစ်ယောက် ဖြစ်နေပေမယ့် အဲ့ဒီပါရမီရှင်တွေနဲ့ ယှဉ်ရင် တခြားစီပဲ ..."

ရှောင်လုံလည်း တိတ်ဆိတ်သွားသည်။

"... ဒါပေမယ့် ထပ်ပြီးပြောရရင် နှစ်နှစ်ရာအောက်
သိုင်းလေ့ကျင့်ပြီး နတ်ဘုရားအဆင့်ကို ရောက်နေသူကလည်း သုံးယောက်ထက် မပိုလောက်ဘူး.."

အောင်းတိုင်ရီက ထပ်ပြီးပြောလိုက်သည်

"... ငါဝင်ပြိုင်တဲ့ နှစ်တုံးကဆိုရင် သောက်ရမ်းကြမ်းတဲ့ နတ်ဘုရားအဆင့် ပါရမီရှင် နှစ်ကောင် တိုက်တိုက်ဆိုင်ဆိုင် ပါလာတယ်ကွာ .."

ရှောင်လုံလည်း အံ့သြသွားသည်။
အောင်းတိုင်ရီ၏ စကားအရ သူသည်လည်း အနက်ရောင် သူရဲကောင်း တက္ကသိုလ်၏ ကျောင်းသားဟောင်း တစ်ယောက်ဆိုတာ ထင်ရှားနေသည်။

"... ဟုတ်တယ် ငါလည်း အနက်ရောင် သူရဲကောင်း တက္ကသိုလ်က ကျောင်းသားပဲ ... အဲ့ဒီနှစ်က ငါ ဒုတိယနေရာကို ရခဲ့တယ် ..."

အောင်းတိုင်ရီက ရှောင်လုံကိုရှင်းပြရင်း အတိတ်မှ ဂုဏ်ယူစရာကောင်းသော အဖြစ်အပျက်များအား ပြန်ပြောင်းသတိရသွားသည့် ပုံစံဖြင့် သူ့မျက်နှာထက်မှာ  ဂုဏ်ယူဝင့်ကြွားသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

အနက်ရောင် သူရဲကောင်း တက္ကသိုလ်၏ တပည့်ရွေးချယ်ပွဲတွင် သန်းနှင့်ချီသော ပါရမီရှင်များ ဝင်ရောက်ယှဉ်ပြိုင်လေ့ရှိသည်။ သန်းနှင့်ချီသော လူများကြားမှ ဒုတိယနေရာကို ရရှိခဲ့ခြင်းကလည်း အမှန်ပင် ဂုဏ်ယူဖွယ်ရာကောင်းလေသည်။

".. ဒါဆို ပထမနေရာကို  ဘယ်သူရသွားတာလဲ ...?"

ရှောင်လုံလည်း သိချင်စိတ်ကို မအောင့်နိုင်တော့ပေ။  အောင်းတိုင်ရီလို ရှားမှရှား သိုင်းပညာရှင်ပင်လျှင် ဒုတိယနေရာသာ ရရှိခဲ့ခြင်းကြောင့် ရှောင်လုံစိတ်ထဲမှာ ပထမနေရာ ရရှိခဲ့သူကို လွန်စွာ သိချင်သွားသည်။

".... ကျောင်း မိသားစုက ပါရမီရှင် တစ်ယောက်ပေါ့ ..."

အောင်းတိုင်ရီက အတိတ်ပြန်လည်တွေးတောလိုက်သည်

"... ကျောင်းမိသားစုဆိုတာက အနက်ရောင် လိပ် ကြယ်စင်စုကြီးထဲမှ နာမယ်ကျော်ကြားတဲ့ အင်အားစုတစ်ခုပဲ "

ပထမနေရာကို ရသွားသည့် ကျောင်းမိသားစုမှ ပါရမီရှင်၏ အမည်ကိုတော့ အောင်းတိုင်ရီက ထုတ်ဖော်ပြောကြားခြင်း မရှိပေ ။

Continuar a ler

Também vai Gostar

211K 5K 166
Author: Moxibustion Tail Demon Fox/灸尾妖狐 Category: Danmei fanfiction Status: 167 chapter Introducing: It's not scary to be dressed as cannon fodder in...
60.3K 1.4K 16
Captain Henry Donnager expected a quiet career babysitting a dusty relic in Area 51. But when a test unlocks a portal to a world of knights and magic...
21.3K 446 42
What If Chloe lukasiak has a twin sister who is the favorite?
Re:Cursed Por

Aventura

43.6K 1.4K 21
Y/N: CAN I GET A REDO PLSS!!!. Dark: Nope. Y/N: WHY?!, It was all good I got my isekai cheat skill and I got to design how I look like in the end all...