『Unicode 』
အခန်း ( ၃၀ ) : ဘယ်လိုလုပ်ပြီး သူဖြစ်နေတာလဲ ?
※※※※※※※※※※※※※※※※※※※※
ဆာကာမိုတို ပြန်သွားသည်နှင့် ရန်ချင်းကျွမ်းနှင့် ကျွန်တော် အဆောက်အအုံနီသို့ ပြန်လာနေထိုင်ကြရသည်။ အိမ်ထဲမှာ နေ့တိုင်းနေ့တိုင်း နေစရာမလိုတော့ပဲ အပြင်ဘက် လေလတ်လတ်ဆတ်ဆတ်ကို ရှုနိုင်ပြီဖြစ်သည့်သည်။ သို့သော်အဆောက်အအုံနီ၏ နေရာတိုင်းမှာ စောင့်ကြည့်ကင်မရာတွေရှိပြီး အိပ်နေလျှင်တောင် လူတွေက ကျွန်တော့်အား စောင့်ကြည့်နေသည် ဆိုသောအချက်ကို တွေးကြည့်မိလိုက်လျှင် အားလုံးမှာ ဒုက္ခကိုယ်စီရှိကြသကဲ့သို့ ဘာမှ မျှော်လင့်နေစရာမရှိတော့ပေ။
သတိပေးခံထားရ၍လားတော့မသိ ၊ ချန်ချောင်က ကျွန်တော့်ကို ပြန်တွေ့သောအခါ သူအပြုအမူတွေက သဘာဝကျကျပင်။ ဒီရက်တွေမှာ ကျွန်တော်က အားလပ်ရက်ရပြီး ချုန်းဟိုင်ပြန်သွားခဲ့သည့်အတိုင်း မမေးအပ်တာတွေကို မေးမလာခဲ့။
ဘဝက တဆင့်ချင်းတဆင့် လမ်းပေါ်ပြန်ရောက်လာခဲ့၏။ ရန်ချင်းကျွမ်းသည် အလုပ်ပိုများလာခဲ့ပြီး တခါတလေစောစောထွက်သွား၍ နောက်ကျမှ ပြန်လာတတ်ကာ အိပ်ဖို့ ပြန်မလာတာတောင်ရှိလာသည်။
ချန်ချောင်အဆိုအရ သူသည် ခုံထန်ထံမှ စီးပွားရေးအသစ်ကို လက်လွှဲယူလိုက်သည်နှင့် အရင်က ခုံထန် ချထားသောစည်းမျဉ်းတွေထဲမှ မြောက်မြားစွာကို ဖျက်သိမ်းပြီး လူအရေအတွက်ကိုလည်း ထိထိရောက်ရောက်ပြောင်းလဲပစ်ခဲ့သည်တဲ့။
အရင်တုန်းက သူတို့နှစ်ယောက်လုံး အကြီးဆုံးသခင်လေး၏ ညာလက်ရုံးတွေဖြစ်ကြသော်လည်း အကြီးဆုံးသခင်လေး၏ ယုံကြည်မှုကို ခုံထန်က ပိုရထားမှန်း သိသာပါသည်။ ယခုမူ အကြီးဆုံးသခင်လေးက ခုံထန်၏ အမြင်ကို တစ်ပြားသားမှ အာရုံမပေးပဲ ခုံထန်ပါးစပ်ထဲက အသားကိုယူ၍ ရန်ချင်းကျွမ်းပါးစပ်ထဲ ထိုးထည့်ပေးလိုက်၏။ ခုံထန် ပါဝါကျလေပြီလား အားလုံးက ခန့်မှန်းနေကြမည်။
ခုံထန်၏ အုပ်စုက ကျွန်းပေါ်မှာ အမြဲတမ်းဆိုသလို အခြယ်လှယ်ဆုံး အမောက်မာဆုံး ဖြစ်ခဲ့သည်။ သို့သော် ပြီးခဲ့သည့်ရက်များတွင်တော့ နဂို မောက်မာဟန်တွေပျောက်၍ အားလုံးက ပိုရိုးသားကာ သိုသိုသိပ်သိပ်နေလာကြသည်။
ကျွန်တော့်အတွက်ကတော့ ရန်ချင်းကျွမ်းကြောင့်လား မပြောတတ်သော်ငြား ကျင်မိသားစုက အစေခံတွေပင်လျှင် အရင်ကထက်ပို၍ အာရုံစိုက်ပေးလာသည်ဟု အမြဲတစေ ခံစားနေရ၏။
သောကြာနေ့၌ နန်ရှန်က ဖုန်းခေါ်လာပြီး ကျွန်တော်နှင့် ညစာစားဖို့ ချိန်းဆိုလာသည်။ သူ့အဖို့ ကျွန်းကိုလာဖို့ အဆင်မပြေလောက်ဟု တွေးမိတာကြောင့် စနေ့နေ့တွင် ချူန်းဟိုင်၌ တွေ့ကြရန် သဘောတူလိုက်သည်။ကျွန်တော်လဲ ခေါင်းကိုက်ပျောက်ဆေး ကုန်ခါနီးနှင့် ကြုံ၍ ဝယ်ဖို့ ဆေးရုံနားမှာ ရပ်ရပေဦးမည်။
ညနေခင်း ရန်ချင်းကျွမ်း ပြန်လာသောအခါ ကျွန်တော် သူ့ကို အသိပေးလိုက်သည်။
သူက ဆိုဖာပေါ်မှာ ကုတ်ကိုချွတ်ချ၍ ခဏမျှတွေးကြည့်ပြီး ဆိုသည်။ " ဘယ်မှာတွေ့မှာလဲ ? မနက်ဖြန် ငါလဲ မြို့ထဲ သွားရမှာနဲ့ကြုံတော့ ငါမင်းကို လိုက်ပို့လို့ရတယ် "
ကျွန်တော်လည်း အံ့ဩဝမ်းသာဖြစ်ကာ နည်းနည်းလေး ဖားလိုက်သည် : " မင်းမှာ လုပ်စရာရှိလို့လား ? မနက်ခင်းမှာ ဘာမှလုပ်စရာမရှိရင် ငါတို့နဲ့ နေ့လယ်စာ လိုက်မစားဘူးလား ? "
အဆောက်အအုံနီကို ပြန်လာကတည်းက ရန်ချင်းကျွမ်း ကျွန်တော့်ကို စကားပြောတဲ့အခါ အေးစက်မြဲအေးစက်ဆဲ ဖြစ်သည့်တိုင် ကျွန်တော့်အပေါ် ကျင်မိသားစု အစေခံတွေ၏ အပြုအမူတွေ ပြောင်းလဲလာသလိုမျိူး သူ၏ အပြုအမူတွေကလဲ မြင်သာအောင် နူးညံ့လာသည့်နှယ် ခံစားရပါသည်—— ပိုညင်သာလာပြီး ၊ စကားပြောဆိုရတာ ပိုလွယ်လာကာ တစ်ချိန်လုံး ကျွန်တော့်ကို ဒေါသထွက်ပြမနေတော့ပေ။
" ကြီးကျယ်တဲ့ ကိစ္စရယ်မဟုတ်ပါဘူး "
ရန်ချင်းကျွမ်းက တည်ငြိမ်စွာဆို၏။ " မနက်ဖြန်က ငါ့အဖေဆုံးတဲ့ နှစ်ပတ်လည်လေ။ နေ့လယ်ကျရင် ဂါရဝပြုဖို့ သုသာန်ကို သွားမှာ "
အာ ၊ အဲ့ဒါက တကယ် ကြီးကျယ်တဲ့ ကိစ္စမဟုတ်တာလား....
ကျွန်တော့်အဖေ သေပြီးနောက် နှစ်များကို ကျွန်တော် အမှတ်ရမိဆဲ။ အမေက ချင်းမင်ပွဲတော်နှင့်ဆောင်းယဉ်စွန်းချိန်ရောက်တိုင်း သူ့အတွက် စက္ကူတွေမီးရှို့ပေး၏။ သို့သော် ငွေစက္ကူများမဟုတ်။ ဘယ်နေရာက လာမှန်းမသိသော စျေးနည်းသည့် သားကြောဖြတ်နှင့် သင်းကွပ်ကြော်ငြာတွေပင်။ တစ်ခုပြီးတစ်ခု ရှို့ရင်း တစ်ချိန်တည်းမှာပဲ ယဉ်ကျေးမနေပဲပျော်ရွှင်နိုင်ပါစေဟူ၍ ကျိန်ဆဲတတ်သေးသည်။
ထို့ကြောင့် အဖေ၏ သေဆုံးခြင်းနှစ်ပတ်လည်အတွက် ထင်မြင်ချက်က အမြဲတမ်း ဆိုးရွားနေခဲ့သည်။ ပင်လယ်ထဲမျောလိုက်ကတည်းက ကျွန်တော်သူ့ကို သွားဂါရဝ မပြုခဲ့ပါချေ။
" ဒါဆိုကောင်းပြီ။ငါတို့ အရင်စားကြတာပေါ့။ စားပြီးရင် ငါ ဆေးရုံကိုသွားရမယ်။ ဒီလိုဆိုအဆင်ပြေတယ်။ ပြီးတာနဲ့ ငါတို့ သုသာန်ကိုသွားပြီး ဂါရဝပြုပြီးတဲ့အခါ ပြန်လာကြမယ် "
ကျွန်တော် လက်ချောင်းတွေဖြင့် ကိစ္စတစ်ခုချင်း တွက်ကြည့်နေလိုက်သည်။
" မင်းက ဘာလို့ ဆေးရုံသွားရတာလဲ ? " ရန်ချင်းကျွမ်းက အမေးရှိ၏။
ကျွန်တော် တုံ့ခနဲ့ဖြစ်သွားပြီး ပုံမှန်အတိုင်းလိမ်လိုက်သည်။ " ဓာတ်မတည့်ဆေးကုန်နေပြီလေ။ အရေးပေါ်အတွက် နည်းနည်းတော့ သွားယူရမယ် "
သူက သံသယမဖြစ်တော့ပဲ ကျွန်တော်စီစဉ်တာကို လက်ခံသည့်နှယ် ခေါင်းညိတ်ပြပြီး ရေချိုးခန်းထဲ ဝင်သွားတော့သည်။
နောက်တစ်နေ့မနက်၌ ကျွန်တော် ရန်ချင်းကျွမ်းနှင့်အတူ ချုန်းဟိုင်သို့ လှေစီးသွားခဲ့သည်။ စားမည့်နေရာကို ကျွန်တော်ရွေးခဲ့တာပင်။ ကျွန်တော် ကုသနေသော ဆေးရုံအနီးတဝိုက်မှာဖြစ်၏။ အရသာကောင်းကောင်းလေးစားဖို့ ဆယ်မိနစ်လောက် လမ်းလျှောက်ရုံသာ။
နန်ရှန်က ကျွန်တော် အစာစားဖို့ ရန်ချင်းကျွမ်းအား ခေါ်လာတာကိုမြင်လျှင် အံ့ဩသွားဟန်မပေါ်ပေ။ သို့သော် တစ်ဝက်လောက်၌ ရန်ချင်းကျွမ်း သန့်စင်ခန်းသွားသောအခါ သူက အနားတိုးလာလျက် ကျွန်တော့်ကို အတည်ပေါက်တစ်ဝက် ၊ စနောက်တစ်ဝက်ဖြင့် ရန်ချင်းကျွမ်းနှင့် ဒိတ်နေတာလားဟု မေးမြန်းလာပါ၏။
ကျွန်တော် သူ့မျက်နှာပေါ် လက်ဖက်ရည်ထွေးထုတ်မိတော့မတတ်။ ကျွန်တော် နင်သွားပြီး ကျွန်တော့်ပါးစပ်ကို တသျှူးနှင့်အုပ်ရင်း သူ၏ ပေါက်ပေါက်ရှာရှာစိတ်ကူးအား မယုံကြည်နိုင်ဖြစ်နေမိသည်။
" ဘယ်ဟုတ်မလဲ " ကျွန်တော်က : " ငါတို့က...သူငယ်ချင်းတွေ "
နန်ရှန်က လျှာနှစ်ချက်ခေါက်လိုက်၍ မယုံကြည်ဟန် အပြည့်။ " မင်းဟာမင်း ပြန်နားထောင်ကြည့်ပါဦး ! သူငယ်ချင်းဆိုတဲ့ စကားလုံးကို ပြောတော့ ဘယ်လောက်အားပျော့ပြီး မလုံမလဲဖြစ်နေသလဲဆိုတာ။ ငါမင်းကို သိလာတာ ၇နှစ်ရှိပြီ ၊မင်းဘယ်တုန်းကမှမချစ်ခဲ့ဖူးဘူး။ ဘယ်မိန်းကလေးကိုမှလဲ မကြိုက်ဖူးဘူး။ အမျိုးသမီး အနုပညာရှင်တွေကိုတောင် မကြိုက်ဖူးတာလေ။ ဒါကို လိင်ကွဲကြိုက်ပါတယ်လို့ ပြောရဲတဲ့ သတ္တိက ရှိသေးတာလား ? ငါမင်းကို သံသယဝင်နေတာ ကြာလှနေပြီ ! "
မဟုတ်ဘူး။ ငါ မလုံမလဲဖြစ်ပေမယ့် မလုံမလဲဖြစ်တဲ့စိတ်က ရန်ချင်းကျွမ်းကို ကြိုက်လို့မဟုတ်ပဲ ၊ သူနဲ့ ငါကြားက " သူငယ်ချင်း " ဆိုတဲ့ စကားလုံးက " ဘာမှမရှိတဲ့ သူငယ်ချင်း " ဆိုတာနဲ့ ခပ်ဆင်ဆင်တူတာကြောင့်။
မင်း သံသယဖြစ်နေတာ ကြာလှပြီဆိုတာက ဘာအဓိပ္ပာယ်လဲ ?
ကျွန်တော် ပါးစပ်သုတ်လိုက်၍ တသျှုးကို ဘေးပစ်လိုက်ပြီး ပြောမိသည်။ " ဘာတွေ တအားထူးဆန်းနေတာလဲ ? တချို့လူတွေကျတော့ အသက်ကြီးတဲ့အထိ တစ်ကိုယ်တည်းဖြစ်ဖို့ ကံပါလာပြီးသား။ ငါ ရည်းစားထားမှာမဟုတ်ဘူး။ ဒါကြောင့်မင်းက ငါ့အတွက် အချစ်ရေးကိစ္စလေးတွေ ပိုရှိပေးလို့ရတယ် "
နောင်တဟု ဆိုရလျှင်တော့ တချို့တလေတော့ရှိသည်။ သို့ပေမယ့် အများစုကတော့ ပျော်ရွှင်ရပါ၏။ နှစ်တွေအကြာကြီးထဲမှာ ကျွန်တော် သဘောကျရသည့်သူကို မတွေ့ခဲ့ရသဖြင့် ဝမ်းသာမိတဲ့တာကြောင့် တခြားသူတွေအား အချိန်သွားဖြုန်းနေစရာ မလိုအပ်ပေ။
" ဖီ ဖီ ဖီ ဘယ်သူက အချစ်ရေးတွေကို ပြောချင်နေလို့လဲ ? အတိုင်းအတာတစ်ခုနဲ့တင် လုံလောက်နေပြီ "
နန်ရှန်က စိတ်မချမ်းသာစွာ လက်ယမ်းပြလာပြီးမှ မယုံကြည်သလို လေသံဖြင့် ထပ်မံမေးမြန်းလာ၏။
" သူနဲ့ မင်းက တကယ် တစ်ဂိုဏ်းထဲမဟုတ်ဘူးလား ? "
" တကယ် မဟုတ်ဘူး "
" ဒါဆို မင်း အော်ဒါမှာတုန်းက သူ အစပ်စားလားလို့ မေးတယ် ၊ ပြီးပြန်ရင် သူ လက်ဖက်ရည်သောက်မလားလဲ မေးတယ်လေ ? ဟင်းတစ်ပွဲချလာတိုင်း သူ့ကို များများစားဖို့ လောဆော်နေပြီး သူ့အတွက် ပုဇွန်က ခွာပေးလိုက်သေးတယ်။ မင်းကငါ့လို သူငယ်ချင်းကိုတောင် တစ်ခါမှ ဒီလောက် မနွေးထွေးဖူးဘူး။ " နန်ရှန်က တူကောက်၍ စားပွဲပေါ်ရှိ ပုဇွန်ပန်းကန်ကိုညွှန်ကာ အလွန့်အလွန် ခယနေသည့်အသံဖြင့် ဆိုလာသည်။ " မင်း ပုဇွန်မကြိုက်ဖူးမလား ? ငါကြည့်နေတာ မင်း တူတောင်မရွေ့ဘူးနော်။ မင်းအတွက် တခြားဟာ မှာပေးရဦးမလား ? "
သူက အသေအချာကြီး တစ်စိတ်ကို တစ်အိတ်လုပ်နေတာပဲ။ ကျွန်တော်က ဘယ်လိုလုပ်ပြီး အဲ့လိုဖြစ်ရမှာလဲ ?
" သူက ငါ့အတွက် အထူး ဒီနေရာကို လိုက်ပို့တာ၊ အားတွေအများကြီး ချွေတာနိုင်ခဲ့တယ်။ ပိုအာရုံစိုက်ပေးတာကမှ ငါ့အတွက် မှန်တာမဟုတ်ဘူးလား ? မင်းနဲ့ ငါက မိတ်ဆွေဟောင်းတွေ။ ငါက မင်းအိပ်နေရင်း အီးပေါက်တာရော ယောင်တာရော မြင်ဖူးပြီးသား။ ဒါကို မင်းက အရမ်းယဉ်ကျေးပြပြီးတော့ မင်းအတွက် ပုဇွန်ခွာပေးစေချင်သေးတာလား ? "
နန်ရှန်က လက်ပိုက်၍ မျက်နှာထက်မှ ပြစ်ချက်ရှာဖို့ ကြိုးစားသည့်နှယ် ကျွန်တော့်ကို အချိန်အတော်ကြာစိုက်ကြည့်လေ၏။
ကျွန်တော်က သူ၏ ဆန်းစစ်မှုကို ကြောက်မနေပဲ ခွက်မ,ကာ လက်ဖက်ရည်သောက်လိုက်သည်။
" ကောင်းပြီလေ " နန်ရှန်က လက်လျှော့သွားပုံရကာ : " မဟုတ်ရင်လဲ မဟုတ်ဘူးပေါ့။ သူ ဒီလိုမျိူး ဆက်ဆံနေရင် ငါ မင်းခံစားရမှာကိုတော့ နည်းနည်းစိုးရိမ်တယ် "
ကျွန်တော် မရယ်ပဲ မနေနိုင်တော့ : " ငါ တကယ်ဂေး မဟုတ်ဘူး ...ပြီးတော့ ငါ့လို အရွယ်ရောက်ပြီးသား လူတစ်ယောက်က ဘယ်လို ဆိုးကျိုးတွေ ခံစားရမှာမို့လဲ ? "
နန်ရှန်က မထောက်ခံချင်သလို ခေါင်းခါပြကာ : " အဲ့လိုမပြောနဲ့။ ယောက်ျားတစ်ယောက်ရဲ့ နှလုံးသားကလဲအသွေးအသားနဲ့လုပ်ထားတာပဲ။ ထိခိုက်ရင် နာကျင်တတ်တယ် "
ရန်ချင်းကျွမ်းပြန်လာသောအခါ ကျွန်တော်တို့ဟာ အကြောင်းအရာပေါင်းစုံ အကြိမ်ကြိမ်ပြောင်းလဲခဲ့ကြ၏။
" ငါ နောက်လ အားလပ်ရက်ရတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျွန်းလာဖို့ ပြင်ထားတယ် " နန်ရှန်က :
" အရင်တစ်ခေါက်က ညီမလေး အားမီရော အဲ့မှာရှိသေးလားမသိဘူး။ သူမက အတော်လေး စိတ်ဝင်စားစရာကောင်းတယ်လေ။သူမအဲ့မှာရှိသေးရင် ငါထပ်လာခဲ့မယ်။ ငါ့အတွက် Lucky Girlထပ်ဖြစ်ခိုင်းပြီး သူ့ကံကောင်းမှုတွေနဲ့ ကူညီခိုင်းရမယ် "
ကျွန်တော် လန့်သွားပြီး မျက်နှာပေါ်က အပြုံးလဲ ပျောက်ကွယ်သွား၏။
သွားလိုက်ပြီ၊ သွားလိုက်တာကြာပြီ။ အခုလောက်ဆို အရိုးတွေတောင် ငါးစားကုန်ရောပေါ့။
ကျွန်တော် လက်ဖက်ရည်ငုံ့သောက်၍ ခံစားချက်တွေကို ဖုံးကွယ်ရင်း နန်ရှန်၏ စကားတွေကို မဖြေဖြစ်။
" အဲ့ဒီကောင်မလေးတွေက အရမ်းပြောင်းရတယ်။ ရောက်ပြီး သူတို့ကို ရှာကြည့်ရုံနဲ့ မင်း သူတို့ကိုရှာတွေ့မှာမဟုတ်ဘူး "
အစာစားနေစဉ်အတွင်း မေးမှပဲ ဖြေတတ်သည့် နှုတ်နည်းလှသော ရန်ချင်းကျွမ်းက ရုတ်တရက် စကားထပြော၏။
နန်ရှန်မှာ ကြောင်သွားပြီးမှ ပြုံးပြလာကာ :
" အိုင်း ငါတို့က မတော်တဆတွေခဲ့တာပါ။ ရှာမတွေ့ရင်လဲ မတွေ့လို့ပေါ့ "
စားသောက်ပြီးနောက် ကျွန်တော် ဝိတ်တာကို ငွေရှင်းဖို့ပြောသောအခါမှ ရန်ချင်းကျွမ်းက ငွေရှင်းထားနှင့်ပြီးဖြစ်ကြောင်းသိလိုက်ရသည်။
ကားပေါ်ပြန်ရောက်လာလျှင် ကျွန်တော်က ပိုက်ဆံလွှဲပေးဖို့ကြိုးစားရန် သူ့ကို ဖုန်းဖွင့်ပေးရန် တောင်းဆိုသော်လည်းသူက ဥပေက္ခာပြုခဲ့ပါ၏။
" ဒီနေ့ မင်းအချိန်ဖြုန်းလိုက်ရပြီး ငါ့သူငယ်ချင်းနဲ့တွေ့ဖို့တစ်လျှောက်လုံး လိုက်ပို့နေရတယ်လေ။ငါ မင်းကို ကျွေးမှ မှန်မှာ။ မင်းက ဘာလို့ပေးလိုက်တာလဲ ? " ဒါကြီးက ရန်ချင်းကျွမ်းသည် ကျွန်တော့်၏အခမဲ့မောင်းပေးပြီး အစားလဲအလကားကျွေးသလို ဖြစ်မနေဘူးလား ?
" မင်းဖုန်းကို ဖွင့်ပြီး ကုဒ်လေးပဲပေး။ ငါ စကင်န်ဖတ်လိုက်မယ် " ပစ္စည်းပုံးထဲမှာ ထည့်ထားသော ဖုန်းအားယူ၍ ကျွန်တော်သူ့ကို ကမ်းပေးလိုက်၏။
ကားပါကင်မှ ထွက်လာသည်နှင့် မီးနီဖြစ်သွားခဲ့သည်။ မောင်းသူခုံဘက်ရှိ ပြတင်းပေါက်ကို ပါကင်ကြေးပေးဖို့အတွက် ရန်ချင်းကျွမ်းကဖွင့်ခဲ့ပြီး ပြန်မပိတ်ရသေး။ သူဟာ ဘယ်လက်ဖြင့် နဖူးကိုအုပ်၍ တံတောင်က ပြတင်းဘောင်မှာတင်ထားပြီးကျန်လက်က စီတီယာရင်ဘီးပေါ်တင်ထားတာပင်။ ထိုသို့ကြားလျှင် သူက ငုံ့ကြည့်လိုက်ပြီး စက္ကန့်အနည်းငယ်လောက်အသံတိတ်ြကြည့်နေပြီးမှ ပြန်မော့ကြည့်လာသည်။
" မင်းမှာ ငါ့ကို ဆက်သွယ်ရမဲ့အချက်အလက်တွေခုထိ မရှိသေးဘူးမလား ? " မီးနီက စိမ်းသွားပြီး ယာဉ်ကလဲ စတင်ရွေ့လာ၏။
ကျွန်တော်တို့ ပြန်ဆုံတဲ့နေ့ သူ့ကို ဆက်သွယ်ဖို့အချက်အလက်တောင်းမိရာမှ ဖုန်းစခရင်ကွဲသွားရသည့် အဖြစ်ကို ရောက်ကတည်းက ကျွန်တော် ဒါကိုအတင်းအကျပ်မလုပ်ဖြစ်တော့ပေ။ ပုံမှန်ဆိုလျှင် သူ ကျွန်းပေါ်မှာ ရှိမရှိနှင့် ဘယ်အချိန်ပြန်လာမလဲဆိုတာကို ချန်ချောင်ကပဲ ပြောပြတာပင်။ ကျွန်တော့်မှာ အရေးကြီးလုပ်စရာရှိလာပါက လိုက်ပို့ပေးဖို့ ချန်ချောင်ကို ပြောလို့ရသည်။ တကယ်ပင် ကွာခြားတာမျိုးမရှိပေ။
" ကိုယ့််ဘာသာ ဖွင့်လိုက် "
ကျွန်တော့် အဖြေကို မစောင့်ပါဘဲ ရန်ချင်းကျွမ်းက နံပါတ်စဉ်တစ်ခုကို ထုတ်ပြောလာ၏။
ကျွန်တော် တုံ့ဆိုင်းတုံ့ဆိုင်းနှင့် ဖုန်းကို ပြန်ယူလိုက်ပြီး ဂဏန်းခြောက်ခု Password ဝင်လိုက်လျှင် အောင်မြင်စွာ လော့ဖြည်သွားခဲ့သည်။
" ပွင့်သွားပြီ။ "
ကျွန်တော့်ဟာ သဘောရှိသလို နောက်တစ်ဆင့်မသွားရဲပေ။ အမှားတစ်ခုခုလုပ်မိပြီး မိမိကိုယ်ကိုအထင်ကြီးသလို ဖြစ်လာမှာစိုး၍ပင်။
"......ငါ့ ဖုန်းနံပါတ်ကို ဆေ့ဗ်ထားလိုက် " ရန်ချင်းကျွမ်းက အထူးတလယ် ရပ်သွား၏။
လေယူလေသိမ်းမှ အနည်းငယ် စိတ်မရှည်သံကို စကြားလာရသဖြင့် ကျွန်တော် ကမန်းကတန်းနှင့် သူ့ဖုန်းဖြင့် ကျွန်တော့်ကိုခေါ်လိုက်ကာ နံပါတ်ကို အလျင်စလိုဆေ့ဗ်လိုက်ရသည်။
ဖုန်းလိပ်စာ စာအုပ်ထဲမှ " ရန်ချင်းကျွမ်း " ဟူသော စာလုံးသုံးလုံးကို ကြည့်ရင်း ဘာကြောင့်လဲမသိပေမယ့် ကျွန်တော်အနည်းငယ် နာကျင်မှုတွေ ဆန်တက်လာသလိုပင်။
" ဒါဆို ငါ... ဒီလိုနဲ့ သူငယ်ချင်း အပ်ထားလို့ရလား ? နောက်ကျလဲ ငွေလွှဲရတာ ပိုလွယ်တာပေါ့ " ကျွန်တော် အရှေ့စတိုးလိုက်၏။
သူက စကားနှစ်ခွန်းသာဖြေလာပါသည် : " သဘောရှိ "
ထို့နောက်မှာတော့ ကျွန်တော်ဟာ တတ်နိုင်သမျှ အားလုံး အကုန်အပ်ထားလိုက်ပြီး ပြီးစီးသောအခါ ကျွန်တော့်ဖုန်းpasswordကိုလည်း သူ့ကို ပြောပြလိုက်သည်။ ဒီလိုနည်းဖြင့် အသွားအပြန်ရှိမှ မျှတမှာပင်။
ရန်ချင်းကျွမ်းက လမ်းဘေးမှာကားရပ်၍ ကျွန်တော့်ကိုစောင့်ပေးခဲ့သည်။ ကြိုတင် ချိန်းဆိုထားသည်ဖြစ်၍ ဆွေးနွေးမှုကချောချောမောမောပင်။ ဒေါက်တာဝူက ကျွန်တော့်ကို လက်ရှိ အခြေအနေအကြောင်းမေးမြန်းလာခဲ့ပြီး ဆေးညွှန်းကိုအနည်းငယ် ချိန်ဆပေးကာ ပိုပြင်းသည့် အကိုက်အခဲပျောက်ဆေးတွေ ပေးခဲ့သည်။
ကျွန်တော့် ရောဂါက မယုတ်မလွန်သာ ကုသနေရသည်မို့ ဒေါက်တာတွေလုပ်နိုင်သည်ကလဲ အကန့်အသတ်သာရှိ၏။ဆေးယူပြီးသည်နှင့် ကျွန်တော်ဟာ ဆေးစာတွေကို ခွဲရင်းဖြင့် ဆေးရုံ၏ အောက်ထပ်က ဥယျာဉ်ငယ်လေးကို ဖြတ်လျှောက်ကာ ရန်ချင်းကျွမ်းနှင့် ကားဆီပြန်သွားခဲ့သည်။ ထိုအခိုက် ကျွန်တော် မော့ကြည့်လိုက်သောအခါ ကျွန်တော့်ရှေ့မှာ လူနှစ်ယောက်ကို တွေ့လိုက်ရသည်။ တစ်ယောက်က ကုတ်အဖြူကိုဝတ်ထားပြီး ဝီးချဲလ်ကိုတွန်းပေးနေတာပင်။ ကျန်တစ်ယောက်ကတော့ ဒေါင်လိုက်အစင်းပါသော လူနာဝတ်စုံကို ၀တ်ထားပြီး ဆရာဝန်ထံမှ တွန်းပေးခံနေတာဖြစ်၏။
ဝီးချဲလ်ပေါ်ရှိ အမျိုးသားက သုံးဆယ်ဝန်းကျင်လောက်ဖြစ်မည်။ သူကအရပ်အရမ်းရှည်၍ ကိုယ်လုံးကိုယ်ထည်ကြီးမား၏။ သို့သော် နာမကျန်းဖြစ်နေ၍ပေလား ၊ သူဟာ အလွန်ပိန်နေပြီး ပုံပန်းသဏ္ဌာန်အနည်းငယ်ချောင်ကျကာ အသားအရေကလဲ ဆိုးဝါးနေသည်။ဥယျာဉ်က အရောင်အသွေးစုံသည့်တိုင် သူကတော့ စိတ်မဝင်စားပုံပေါ်ပြီး ခံစားဖို့လဲ စိတ်ရှိဟန်မတူပေ။ သူ့မျက်နှာက သုန်မှုန်လျက်သာရှိပြီး မျက်လုံးတို့ကလဲ အရောင်ကင်းမဲ့၏။
သူ့ကို တွန်းပေးနေသော ဒေါက်တာကမူ မျက်နှာဖြူပြီး အလွန်ချောသည်။ မျက်နှာထက်ဝယ် နူးညံ့ကြင်နာသော အပြုံးကိုအမြဲတမ်း ဆင်မြန်းထားပြီး သူ့ကို ကလေးတစ်ယောက်သဖွယ် စိတ်ရှည်လက်ရှည်ချော့နေခဲ့၏။
" ဖုစစ် မင်းကြည့် ၊ ကန်ထဲက ငါးတွေအကုန်လုံး လာနေပြီ "
ကျွန်တော် လက်ထဲက အိတ်လေး ပြုတ်ကျသွားပြီး ခေါင်းကို ဧရာမကျောက်တုံးကြီးနှင့် အရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။
ကျွန်တော် မူးဝေသွားလွန်းလို့ မျက်လုံးထဲတွင် ကြယ်များပင်မြင်လိုက်ရ၏။ကျွန်တော့်ရှေ့မှ လူကို ကြောက်လန့်တကြားကြည့်နေမိသည်မှ လွဲ၍ ကျွန်တော့်စိတ်ဟာ ဗလာဖြစ်နေကာ တခြားဘာကိုမှ လုပ်နိုင်စွမ်းမရှိတော့ပါချေ။
ဆူသံကြားလိုက်ရလျှင် သူတို့နှစ်ယောက်က တစ်ယောက်ပြီးတစ်ယောက် လှမ်းကြည့်လာကြ၏။ ဒေါက်တာက ကျွန်တော့်ကို သာမန်ကာလျှံကာသာ တစ်ချက်ကြည့်သည်။စက္ကန့်အနည်းငယ်ကြာမှ သူဟာ တစ်စုံတစ်ရာတွေးမိသွားဟန်နှင့် ကျွန်တော့်ကို နောက်တစ်ခါ သေချာ ပြန်ကြည့်လာပါ၏။
" ကျိ....နင် ? " သူက မျက်လုံးများကျဉ်း၍ ကျွန်တော့်ကိုမှတ်မိသွား၏။
ပြီးတော့ ကျွန်တော်ကလဲ မြင်မြင်ချင်း သူ့ကို မှတ်မိခဲ့ပါသည်။
" လင်းရှန့်..." ကျွန်တော်ဒေါသက အလွှာပါးပမာ ၊ တစ္ဆေပမာ။
ဘယ်လိုလုပ်ပြီး လင်းရှန့်ဖြစ်နေတာလဲ ၊ ဘယ်လိုလုပ်ပြီး သူဖြစ်နေတာလဲ ?
သူ နိုင်ငံခြား သွားခဲ့ပြီမဟုတ်ဘူးလား ? ဘာလို့ ပြန်လာတာလဲ ?
___________________________________________________________________________
『Zawgyi 』
အခန္း ( ၃၀ ) : ဘယ္လိုလုပ္ၿပီး သူျဖစ္ေနတာလဲ ?
※※※※※※※※※※※※※※※※※※※※
ဆာကာမိုတို ျပန္သြားသည္ႏွင့္ ရန္ခ်င္းကၽြမ္းႏွင့္ ကၽြန္ေတာ္ အေဆာက္အအုံနီသို႔ ျပန္လာေနထိုင္ၾကရသည္။အိမ္ထဲမွာ ေန႔တိုင္းေန႔တိုင္း ေနစရာမလိုေတာ့ပဲ အျပင္ဘက္ ေလလတ္လတ္ဆတ္ဆတ္ကို ရွုနိုင္ၿပီျဖစ္သည့္သည္။ သို႔ေသာ္ အေဆာက္အအုံနီ၏ ေနရာတိုင္းမွာ ေစာင့္ၾကည့္ကင္မရာေတြရွိၿပီး အိပ္ေနလၽွင္ေတာင္ လူေတြကကၽြန္ေတာ့္အား ေစာင့္ၾကည့္ေနသည္ ဆိုေသာအခ်က္ကို ေတြးၾကည့္မိလိုက္လၽွင္ အားလုံးမွာ ဒုကၡကိုယ္စီရွိၾကသကဲ့သို႔ ဘာမွ ေမၽွာ္လင့္ေနစရာ မရွိေတာ့ေပ။
သတိေပးခံထားရ၍လားေတာ့မသိ ၊ ခ်န္ေခ်ာင္က ကၽြန္ေတာ့္ကို ျပန္ေတြ႕ေသာအခါ သူအျပဳအမူေတြကသဘာဝက်က်ပင္။ ဒီရက္ေတြမွာ ကၽြန္ေတာ္က အားလပ္ရက္ရၿပီး ခ်ဳန္းဟိုင္ျပန္သြားခဲ့သည့္အတိုင္း မေမးအပ္တာေတြကို ေမးမလာခဲ့။
ဘဝက တဆင့္ခ်င္းတဆင့္ လမ္းေပၚျပန္ေရာက္လာခဲ့၏။ ရန္ခ်င္းကၽြမ္းသည္ အလုပ္ပိုမ်ားလာခဲ့ၿပီး တခါတေလ ေစာေစာထြက္သြား၍ ေနာက္က်မွ ျပန္လာတတ္ကာ အိပ္ဖို႔ ျပန္မလာတာေတာင္ရွိလာသည္။
ခ်န္ေခ်ာင္အဆိုအရ သူသည္ ခုံထန္ထံမွ စီးပြားေရးအသစ္ကို လက္လႊဲယူလိုက္သည္ႏွင့္ အရင္က ခုံထန္ ခ်ထားေသာ စည္းမ်ဥ္းေတြထဲမွ ေျမာက္ျမားစြာကို ဖ်က္သိမ္းၿပီး လူအေရအတြက္ကိုလည္း ထိထိေရာက္ေရာက္ေျပာင္းလဲပစ္ခဲ့သည္တဲ့။
အရင္တုန္းက သူတို႔ႏွစ္ေယာက္လုံး အႀကီးဆုံးသခင္ေလး၏ ညာလက္႐ုံးေတြျဖစ္ၾကေသာ္လည္း အႀကီးဆုံးသခင္ေလး၏ ယုံၾကည္မွုကို ခုံထန္က ပိုရထားမွန္း သိသာပါသည္။ ယခုမူ အႀကီးဆုံးသခင္ေလးက ခုံထန္၏ အျမင္ကို တစ္ျပားသားမွ အာ႐ုံမေပးပဲ ခုံထန္ပါးစပ္ထဲက အသားကိုယူ၍ ရန္ခ်င္းကၽြမ္းပါးစပ္ထဲ ထိုးထည့္ေပးလိုက္၏။ ခုံထန္ ပါဝါက်ေလၿပီလား အားလုံးက ခန႔္မွန္းေနၾကမည္။
ခုံထန္၏ အုပ္စုက ကၽြန္းေပၚမွာ အျမဲတမ္းဆိုသလို အျခယ္လွယ္ဆုံး အေမာက္မာဆုံး ျဖစ္ခဲ့သည္။ သို႔ေသာ္ ၿပီးခဲ့သည့္ရက္မ်ားတြင္ေတာ့ နဂို ေမာက္မာဟန္ေတြေပ်ာက္၍ အားလုံးက ပိုရိုးသားကာ သိုသိုသိပ္သိပ္ေနလာၾကသည္။
ကၽြန္ေတာ့္အတြက္ကေတာ့ ရန္ခ်င္းကၽြမ္းေၾကာင့္လား မေျပာတတ္ေသာ္ျငား က်င္မိသားစုက အေစခံေတြပင္လၽွင္ အရင္ကထက္ပို၍ အာ႐ုံစိုက္ေပးလာသည္ဟု အျမဲတေစ ခံစားေနရ၏။
ေသာၾကာေန႔၌ နန္ရွန္က ဖုန္းေခၚလာၿပီး ကၽြန္ေတာ္ႏွင့္ ညစာစားဖို႔ ခ်ိန္းဆိုလာသည္။ သူ႔အဖို႔ကၽြန္းကိုလာဖို႔ အဆင္မေျပေလာက္ဟု ေတြးမိတာေၾကာင့္ စေန႔ေန႔တြင္ ခ်ဴန္းဟိုင္၌ ေတြ႕ၾကရန္ သေဘာတူလိုက္သည္။ကၽြန္ေတာ္လဲ ေခါင္းကိုက္ေပ်ာက္ေဆး ကုန္ခါနီးႏွင့္ ၾကဳံ၍ ဝယ္ဖို႔ ေဆး႐ုံနားမွာ ရပ္ရေပဦးမည္။
ညေနခင္း ရန္ခ်င္းကၽြမ္း ျပန္လာေသာအခါ ကၽြန္ေတာ္ သူ႔ကို အသိေပးလိုက္သည္။
သူက ဆိုဖာေပၚမွာ ကုတ္ကိုခၽြတ္ခ်၍ ခဏမၽွေတြးၾကည့္ၿပီး ဆိုသည္။ " ဘယ္မွာေတြ႕မွာလဲ ? မနက္ျဖန္ ငါလဲၿမိဳ႕ထဲ သြားရမွာနဲ႔ၾကဳံေတာ့ ငါမင္းကို လိုက္ပို႔လို႔ရတယ္ "
ကၽြန္ေတာ္လည္း အံ့ဩဝမ္းသာျဖစ္ကာ နည္းနည္းေလး ဖားလိုက္သည္ : " မင္းမွာ လုပ္စရာရွိလို႔လား ? မနက္ခင္းမွာ ဘာမွလုပ္စရာမရွိရင္ ငါတို႔နဲ႔ ေန႔လယ္စာ လိုက္မစားဘူးလား ? "
အေဆာက္အအုံနီကို ျပန္လာကတည္းက ရန္ခ်င္းကၽြမ္း ကၽြန္ေတာ့္ကို စကားေျပာတဲ့အခါ ေအးစက္ျမဲေအးစက္ဆဲ ျဖစ္သည့္တိုင္ ကၽြန္ေတာ့္အေပၚ က်င္မိသားစု အေစခံေတြ၏ အျပဳအမူေတြ ေျပာင္းလဲလာသလိုမ်ိဴး သူ၏ အျပဳအမူေတြကလဲ ျမင္သာေအာင္ ႏူးညံ့လာသည့္ႏွယ္ ခံစားရပါသည္—— ပိုညင္သာလာၿပီး ၊ စကားေျပာဆိုရတာ ပိုလြယ္လာကာ တစ္ခ်ိန္လုံး ကၽြန္ေတာ့္ကို ေဒါသထြက္ျပမေနေတာ့ေပ။
" ႀကီးက်ယ္တဲ့ ကိစၥရယ္မဟုတ္ပါဘူး "
ရန္ခ်င္းကၽြမ္းက တည္ၿငိမ္စြာဆို၏။ " မနက္ျဖန္က ငါ့အေဖဆုံးတဲ့ ႏွစ္ပတ္လည္ေလ။ ေန႔လယ္က်ရင္ ဂါရဝျပဳဖို႔ သုသာန္ကို သြားမွာ "
အာ ၊ အဲ့ဒါက တကယ္ ႀကီးက်ယ္တဲ့ ကိစၥမဟုတ္တာလား....
ကၽြန္ေတာ့္အေဖ ေသၿပီးေနာက္ ႏွစ္မ်ားကို ကၽြန္ေတာ္ အမွတ္ရမိဆဲ။ အေမက ခ်င္းမင္ပြဲေတာ္ႏွင့္ေဆာင္းယဥ္စြန္းခ်ိန္ေရာက္တိုင္း သူ႔အတြက္ စကၠဴေတြမီးရွို႔ေပး၏။ သို႔ေသာ္ ေငြစကၠဴမ်ားမဟုတ္။ ဘယ္ေနရာက လာမွန္းမသိေသာ ေစ်းနည္းသည့္ သားေၾကာျဖတ္ႏွင့္ သင္းကြပ္ေၾကာ္ျငာေတြပင္။ တစ္ခုၿပီးတစ္ခု ရွို႔ရင္း တစ္ခ်ိန္တည္းမွာပဲ ယဥ္ေက်းမေနပဲ ေပ်ာ္ရႊင္နိုင္ပါေစဟူ၍ က်ိန္ဆဲတတ္ေသးသည္။
ထို႔ေၾကာင့္ အေဖ၏ ေသဆုံးျခင္းႏွစ္ပတ္လည္အတြက္ ထင္ျမင္ခ်က္က အျမဲတမ္း ဆိုးရြားေနခဲ့သည္။ ပင္လယ္ထဲေမ်ာလိုက္ကတည္းက ကၽြန္ေတာ္သူ႔ကို သြားဂါရဝ မျပဳခဲ့ပါေခ်။
" ဒါဆိုေကာင္းၿပီ။ငါတို႔ အရင္စားၾကတာေပါ့။ စားၿပီးရင္ ငါ ေဆး႐ုံကိုသြားရမယ္။ ဒီလိုဆိုအဆင္ေျပတယ္။ၿပီးတာနဲ႔ ငါတို႔ သုသာန္ကိုသြားၿပီး ဂါရဝျပဳၿပီးတဲ့အခါ ျပန္လာၾကမယ္ "
ကၽြန္ေတာ္ လက္ေခ်ာင္းေတြျဖင့္ ကိစၥတစ္ခုခ်င္း တြက္ၾကည့္ေနလိုက္သည္။
" မင္းက ဘာလို႔ ေဆး႐ုံသြားရတာလဲ ? " ရန္ခ်င္းကၽြမ္းက အေမးရွိ၏။
ကၽြန္ေတာ္ တုံ႔ခနဲ႔ျဖစ္သြားၿပီး ပုံမွန္အတိုင္းလိမ္လိုက္သည္။ " ဓာတ္မတည့္ေဆးကုန္ေနၿပီေလ။ အေရးေပၚအတြက္ နည္းနည္းေတာ့ သြားယူရမယ္ "
သူက သံသယမျဖစ္ေတာ့ပဲ ကၽြန္ေတာ္စီစဥ္တာကို လက္ခံသည့္ႏွယ္ ေခါင္းညိတ္ျပၿပီး ေရခ်ိဳးခန္းထဲ ဝင္သြားေတာ့သည္။
ေနာက္တစ္ေန႔မနက္၌ ကၽြန္ေတာ္ ရန္ခ်င္းကၽြမ္းႏွင့္အတူ ခ်ဳန္းဟိုင္သို႔ ေလွစီးသြားခဲ့သည္။ စားမည့္ေနရာကို ကၽြန္ေတာ္ ေရြးခဲ့တာပင္။ ကၽြန္ေတာ္ ကုသေနေသာ ေဆး႐ုံအနီးတဝိုက္မွာျဖစ္၏။ အရသာေကာင္းေကာင္းေလးစားဖို႔ ဆယ္မိနစ္ေလာက္ လမ္းေလၽွာက္႐ုံသာ။
နန္ရွန္က ကၽြန္ေတာ္ အစာစားဖို႔ ရန္ခ်င္းကၽြမ္းအား ေခၚလာတာကိုျမင္လၽွင္ အံ့ဩသြားဟန္မေပၚေပ။ သို႔ေသာ္ တစ္ဝက္ေလာက္၌ ရန္ခ်င္းကၽြမ္း သန႔္စင္ခန္းသြားေသာအခါ သူက အနားတိုးလာလ်က္ ကၽြန္ေတာ့္ကိုအတည္ေပါက္တစ္ဝက္ ၊ စေနာက္တစ္ဝက္ျဖင့္ ရန္ခ်င္းကၽြမ္းႏွင့္ ဒိတ္ေနတာလားဟု ေမးျမန္းလာပါ၏။
ကၽြန္ေတာ္ သူ႔မ်က္ႏွာေပၚ လက္ဖက္ရည္ေထြးထုတ္မိေတာ့မတတ္။ ကၽြန္ေတာ္ နင္သြားၿပီး ကၽြန္ေတာ့္ပါးစပ္ကို တသၽွဴးႏွင့္အုပ္ရင္း သူ၏ ေပါက္ေပါက္ရွာရွာစိတ္ကူးအား မယုံၾကည္နိုင္ျဖစ္ေနမိသည္။
" ဘယ္ဟုတ္မလဲ " ကၽြန္ေတာ္က : " ငါတို႔က...သူငယ္ခ်င္းေတြ "
နန္ရွန္က လၽွာႏွစ္ခ်က္ေခါက္လိုက္၍ မယုံၾကည္ဟန္ အျပည့္။ " မင္းဟာမင္း ျပန္နားေထာင္ၾကည့္ပါဦး ! သူငယ္ခ်င္းဆိုတဲ့ စကားလုံးကို ေျပာေတာ့ ဘယ္ေလာက္အားေပ်ာ့ၿပီး မလုံမလဲျဖစ္ေနသလဲဆိုတာ။ ငါမင္းကို သိလာတာ ၇ႏွစ္ရွိၿပီ ၊မင္းဘယ္တုန္းကမွမခ်စ္ခဲ့ဖူးဘူး။ ဘယ္မိန္းကေလးကိုမွလဲ မႀကိဳက္ဖူးဘူး။ အမ်ိဳးသမီး အႏုပညာရွင္ေတြကိုေတာင္ မႀကိဳက္ဖူးတာေလ။ ဒါကို လိင္ကြဲႀကိဳက္ပါတယ္လို႔ ေျပာရဲတဲ့ သတၱိက ရွိေသးတာလား ? ငါမင္းကို သံသယဝင္ေနတာ ၾကာလွေနၿပီ ! "
မဟုတ္ဘူး။ ငါ မလုံမလဲျဖစ္ေပမယ့္ မလုံမလဲျဖစ္တဲ့စိတ္က ရန္ခ်င္းကၽြမ္းကို ႀကိဳက္လို႔မဟုတ္ပဲ ၊ သူနဲ႔ ငါၾကားက" သူငယ္ခ်င္း " ဆိုတဲ့ စကားလုံးက " ဘာမွမရွိတဲ့ သူငယ္ခ်င္း " ဆိုတာနဲ႔ ခပ္ဆင္ဆင္တူတာေၾကာင့္။
မင္း သံသယျဖစ္ေနတာ ၾကာလွၿပီဆိုတာက ဘာအဓိပၸာယ္လဲ ?
ကၽြန္ေတာ္ ပါးစပ္သုတ္လိုက္၍ တသၽွုးကို ေဘးပစ္လိုက္ၿပီး ေျပာမိသည္။ " ဘာေတြ တအားထူးဆန္းေနတာလဲ? တခ်ိဳ႕လူေတြက်ေတာ့ အသက္ႀကီးတဲ့အထိ တစ္ကိုယ္တည္းျဖစ္ဖို႔ ကံပါလာၿပီးသား။ ငါ ရည္းစားထားမွာမဟုတ္ဘူး။ဒါေၾကာင့္ မင္းက ငါ့အတြက္ အခ်စ္ေရးကိစၥေလးေတြ ပိုရွိေပးလို႔ရတယ္ "
ေနာင္တဟု ဆိုရလၽွင္ေတာ့ တခ်ိဳ႕တေလေတာ့ရွိသည္။ သို႔ေပမယ့္ အမ်ားစုကေတာ့ ေပ်ာ္ရႊင္ရပါ၏။ ႏွစ္ေတြအၾကာႀကီးထဲမွာ ကၽြန္ေတာ္ သေဘာက်ရသည့္သူကို မေတြ႕ခဲ့ရသျဖင့္ ဝမ္းသာမိတဲ့တာေၾကာင့္ တျခားသူေတြအား အခ်ိန္သြားျဖဳန္းေနစရာ မလိုအပ္ေပ။
" ဖီ ဖီ ဖီ ဘယ္သူက အခ်စ္ေရးေတြကို ေျပာခ်င္ေနလို႔လဲ ? အတိုင္းအတာတစ္ခုနဲ႔တင္ လုံေလာက္ေနၿပီ "
နန္ရွန္က စိတ္မခ်မ္းသာစြာ လက္ယမ္းျပလာၿပီးမွ မယုံၾကည္သလို ေလသံျဖင့္ ထပ္မံေမးျမန္းလာ၏။
" သူနဲ႔ မင္းက တကယ္ တစ္ဂိုဏ္းထဲမဟုတ္ဘူးလား ? "
" တကယ္ မဟုတ္ဘူး "
" ဒါဆို မင္း ေအာ္ဒါမွာတုန္းက သူ အစပ္စားလားလို႔ ေမးတယ္ ၊ ၿပီးျပန္ရင္ သူ လက္ဖက္ရည္ေသာက္မလားလဲ ေမးတယ္ေလ ? ဟင္းတစ္ပြဲခ်လာတိုင္း သူ႔ကို မ်ားမ်ားစားဖို႔ ေလာေဆာ္ေနၿပီး သူ႔အတြက္ ပုဇြန္က ခြာေပးလိုက္ေသးတယ္။ မင္းက ငါ့လို သူငယ္ခ်င္းကိုေတာင္ တစ္ခါမွ ဒီေလာက္ မေႏြးေထြးဖူးဘူး။ " နန္ရွန္က တူေကာက္၍စားပြဲေပၚရွိ ပုဇြန္ပန္းကန္ကို ညႊန္ကာ အလြန႔္အလြန္ ခယေနသည့္အသံျဖင့္ ဆိုလာသည္။ " မင္း ပုဇြန္မႀကိဳက္ဖူးမလား ? ငါၾကည့္ေနတာ မင္း တူေတာင္မေရြ႕ဘူးေနာ္။ မင္းအတြက္ တျခားဟာ မွာေပးရဦးမလား ? "
သူက အေသအခ်ာႀကီး တစ္စိတ္ကို တစ္အိတ္လုပ္ေနတာပဲ။ ကၽြန္ေတာ္က ဘယ္လိုလုပ္ၿပီး အဲ့လိုျဖစ္ရမွာလဲ ?
" သူက ငါ့အတြက္ အထူး ဒီေနရာကို လိုက္ပို႔တာ၊ အားေတြအမ်ားႀကီး ေခၽြတာနိုင္ခဲ့တယ္။ ပိုအာ႐ုံစိုက္ေပးတာကမွ ငါ့အတြက္ မွန္တာမဟုတ္ဘူးလား ? မင္းနဲ႔ ငါက မိတ္ေဆြေဟာင္းေတြ။ ငါက မင္းအိပ္ေနရင္း အီးေပါက္တာေရာ ေယာင္တာေရာ ျမင္ဖူးၿပီးသား။ ဒါကို မင္းက အရမ္းယဥ္ေက်းျပၿပီးေတာ့ မင္းအတြက္ ပုဇြန္ခြာေပးေစခ်င္ေသးတာလား ? "
နန္ရွန္က လက္ပိုက္၍ မ်က္ႏွာထက္မွ ျပစ္ခ်က္ရွာဖို႔ ႀကိဳးစားသည့္ႏွယ္ ကၽြန္ေတာ့္ကို အခ်ိန္အေတာ္ၾကာစိုက္ၾကည့္ေလ၏။
ကၽြန္ေတာ္က သူ၏ ဆန္းစစ္မွုကို ေၾကာက္မေနပဲ ခြက္မ,ကာ လက္ဖက္ရည္ေသာက္လိုက္သည္။
" ေကာင္းၿပီေလ " နန္ရွန္က လက္ေလၽွာ့သြားပုံရကာ : " မဟုတ္ရင္လဲ မဟုတ္ဘူးေပါ့။ သူ ဒီလိုမ်ိဴး ဆက္ဆံေနရင္ ငါ မင္းခံစားရမွာကိုေတာ့ နည္းနည္းစိုးရိမ္တယ္ "
ကၽြန္ေတာ္ မရယ္ပဲ မေနနိုင္ေတာ့ : " ငါ တကယ္ေဂး မဟုတ္ဘူး ...ၿပီးေတာ့ ငါ့လို အရြယ္ေရာက္ၿပီးသား လူတစ္ေယာက္က ဘယ္လို ဆိုးက်ိဳးေတြ ခံစားရမွာမို႔လဲ ? "
နန္ရွန္က မေထာက္ခံခ်င္သလို ေခါင္းခါျပကာ : " အဲ့လိုမေျပာနဲ႔။ ေယာက္်ားတစ္ေယာက္ရဲ့ ႏွလုံးသားကလဲ အေသြးအသားနဲ႔လုပ္ထားတာပဲ။ ထိခိုက္ရင္ နာက်င္တတ္တယ္ "
ရန္ခ်င္းကၽြမ္းျပန္လာေသာအခါ ကၽြန္ေတာ္တို႔ဟာ အေၾကာင္းအရာေပါင္းစုံ အႀကိမ္ႀကိမ္ေျပာင္းလဲခဲ့ၾက၏။
" ငါ ေနာက္လ အားလပ္ရက္ရတယ္။ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ကၽြန္းလာဖို႔ ျပင္ထားတယ္ " နန္ရွန္က :
" အရင္တစ္ေခါက္က ညီမေလး အားမီေရာ အဲ့မွာရွိေသးလားမသိဘူး။ သူမက အေတာ္ေလး စိတ္ဝင္စားစရာေကာင္းတယ္ေလ။သူမအဲ့မွာရွိေသးရင္ ငါထပ္လာခဲ့မယ္။ ငါ့အတြက္ Lucky Girlထပ္ျဖစ္ခိုင္းၿပီး သူ႔ကံေကာင္းမွုေတြနဲ႔ ကူညီခိုင္းရမယ္ "
ကၽြန္ေတာ္ လန႔္သြားၿပီး မ်က္ႏွာေပၚက အျပဳံးလဲ ေပ်ာက္ကြယ္သြား၏။
သြားလိုက္ၿပီ၊ သြားလိုက္တာၾကာၿပီ။ အခုေလာက္ဆို အရိုးေတြေတာင္ ငါးစားကုန္ေရာေပါ့။
ကၽြန္ေတာ္ လက္ဖက္ရည္ငုံ႔ေသာက္၍ ခံစားခ်က္ေတြကို ဖုံးကြယ္ရင္း နန္ရွန္၏ စကားေတြကို မေျဖျဖစ္။
" အဲ့ဒီေကာင္မေလးေတြက အရမ္းေျပာင္းရတယ္။ ေရာက္ၿပီး သူတို႔ကို ရွာၾကည့္႐ုံနဲ႔ မင္း သူတို႔ကိုရွာေတြ႕မွာမဟုတ္ဘူး "
အစာစားေနစဥ္အတြင္း ေမးမွပဲ ေျဖတတ္သည့္ ႏွုတ္နည္းလွေသာ ရန္ခ်င္းကၽြမ္းက ႐ုတ္တရက္ စကားထေျပာ၏။
နန္ရွန္မွာ ေၾကာင္သြားၿပီးမွ ျပဳံးျပလာကာ :
" အိုင္း ငါတို႔က မေတာ္တဆေတြခဲ့တာပါ။ ရွာမေတြ႕ရင္လဲ မေတြ႕လို႔ေပါ့ "
စားေသာက္ၿပီးေနာက္ ကၽြန္ေတာ္ ဝိတ္တာကို ေငြရွင္းဖို႔ေျပာေသာအခါမွ ရန္ခ်င္းကၽြမ္းက ေငြရွင္းထားႏွင့္ၿပီးျဖစ္ေၾကာင္း သိလိုက္ရသည္။
ကားေပၚျပန္ေရာက္လာလၽွင္ ကၽြန္ေတာ္က ပိုက္ဆံလႊဲေပးဖို႔ႀကိဳးစားရန္ သူ႔ကို ဖုန္းဖြင့္ေပးရန္ ေတာင္းဆိုေသာ္လည္း သူက ဥေပကၡာျပဳခဲ့ပါ၏။
" ဒီေန႔ မင္းအခ်ိန္ျဖဳန္းလိုက္ရၿပီး ငါ့သူငယ္ခ်င္းနဲ႔ေတြ႕ဖို႔တစ္ေလၽွာက္လုံး လိုက္ပို႔ေနရတယ္ေလ။ငါ မင္းကို ေကၽြးမွ မွန္မွာ။ မင္းက ဘာလို႔ေပးလိုက္တာလဲ ? " ဒါႀကီးက ရန္ခ်င္းကၽြမ္းသည္ ကၽြန္ေတာ့္၏အခမဲ့ေမာင္းေပးၿပီး အစားလဲ အလကားေကၽြးသလို ျဖစ္မေနဘူးလား ?
" မင္းဖုန္းကို ဖြင့္ၿပီး ကုဒ္ေလးပဲေပး။ ငါ စကင္န္ဖတ္လိုက္မယ္ " ပစၥည္းပုံးထဲမွာ ထည့္ထားေသာ ဖုန္းအားယူ၍ကၽြန္ေတာ္ သူ႔ကို ကမ္းေပးလိုက္၏။
ကားပါကင္မွ ထြက္လာသည္ႏွင့္ မီးနီျဖစ္သြားခဲ့သည္။ ေမာင္းသူခုံဘက္ရွိ ျပတင္းေပါက္ကို ပါကင္ေၾကးေပးဖို႔အတြက္ ရန္ခ်င္းကၽြမ္းကဖြင့္ခဲ့ၿပီး ျပန္မပိတ္ရေသး။ သူဟာ ဘယ္လက္ျဖင့္ နဖူးကိုအုပ္၍ တံေတာင္က ျပတင္းေဘာင္မွာတင္ထားၿပီး က်န္လက္က စီတီယာရင္ဘီးေပၚတင္ထားတာပင္။ ထိုသို႔ၾကားလၽွင္ သူက ငုံ႔ၾကည့္လိုက္ၿပီး စကၠန႔္အနည္းငယ္ေလာက္ အသံတိတ္ျၾကည့္ေနၿပီးမွ ျပန္ေမာ့ၾကည့္လာသည္။
" မင္းမွာ ငါ့ကို ဆက္သြယ္ရမဲ့အခ်က္အလက္ေတြခုထိ မရွိေသးဘူးမလား ? " မီးနီက စိမ္းသြားၿပီး ယာဥ္ကလဲ စတင္ေရြ႕လာ၏။
ကၽြန္ေတာ္တို႔ ျပန္ဆုံတဲ့ေန႔ သူ႔ကို ဆက္သြယ္ဖို႔အခ်က္အလက္ေတာင္းမိရာမွ ဖုန္းစခရင္ကြဲသြားရသည့္ အျဖစ္ကို ေရာက္ကတည္းက ကၽြန္ေတာ္ ဒါကိုအတင္းအက်ပ္မလုပ္ျဖစ္ေတာ့ေပ။ ပုံမွန္ဆိုလၽွင္ သူ ကၽြန္းေပၚမွာ ရွိမရွိႏွင့္ ဘယ္အခ်ိန္ျပန္လာမလဲဆိုတာကို ခ်န္ေခ်ာင္ကပဲ ေျပာျပတာပင္။ ကၽြန္ေတာ့္မွာ အေရးႀကီးလုပ္စရာရွိလာပါက လိုက္ပို႔ေပးဖို႔ ခ်န္ေခ်ာင္ကို ေျပာလို႔ရသည္။ တကယ္ပင္ ကြာျခားတာမ်ိဳးမရွိေပ။
" ကိုယ့္္ဘာသာ ဖြင့္လိုက္ "
ကၽြန္ေတာ့္ အေျဖကို မေစာင့္ပါဘဲ ရန္ခ်င္းကၽြမ္းက နံပါတ္စဥ္တစ္ခုကို ထုတ္ေျပာလာ၏။
ကၽြန္ေတာ္ တုံ႔ဆိုင္းတုံ႔ဆိုင္းႏွင့္ ဖုန္းကို ျပန္ယူလိုက္ၿပီး ဂဏန္းေျခာက္ခု Password ဝင္လိုက္လၽွင္ ေအာင္ျမင္စြာ ေလာ့ျဖည္သြားခဲ့သည္။
" ပြင့္သြားၿပီ။ "
ကၽြန္ေတာ့္ဟာ သေဘာရွိသလို ေနာက္တစ္ဆင့္မသြားရဲေပ။ အမွားတစ္ခုခုလုပ္မိၿပီး မိမိကိုယ္ကိုအထင္ႀကီးသလို ျဖစ္လာမွာစိုး၍ပင္။
"......ငါ့ ဖုန္းနံပါတ္ကို ေဆ့ဗ္ထားလိုက္ " ရန္ခ်င္းကၽြမ္းက အထူးတလယ္ ရပ္သြား၏။
ေလယူေလသိမ္းမွ အနည္းငယ္ စိတ္မရွည္သံကို စၾကားလာရသျဖင့္ ကၽြန္ေတာ္ ကမန္းကတန္းႏွင့္ သူ႔ဖုန္းျဖင့္ ကၽြန္ေတာ့္ကိုေခၚလိုက္ကာ နံပါတ္ကို အလ်င္စလိုေဆ့ဗ္လိုက္ရသည္။
ဖုန္းလိပ္စာ စာအုပ္ထဲမွ " ရန္ခ်င္းကၽြမ္း " ဟူေသာ စာလုံးသုံးလုံးကို ၾကည့္ရင္း ဘာေၾကာင့္လဲမသိေပမယ့္ကၽြန္ေတာ္ အနည္းငယ္ နာက်င္မွုေတြ ဆန္တက္လာသလိုပင္။
" ဒါဆို ငါ... ဒီလိုနဲ႔ သူငယ္ခ်င္း အပ္ထားလို႔ရလား ? ေနာက္က်လဲ ေငြလႊဲရတာ ပိုလြယ္တာေပါ့ " ကၽြန္ေတာ္ အေရွ႕စတိုးလိုက္၏။
သူက စကားႏွစ္ခြန္းသာေျဖလာပါသည္ : " သေဘာရွိ "
ထို႔ေနာက္မွာေတာ့ ကၽြန္ေတာ္ဟာ တတ္နိုင္သမၽွ အားလုံး အကုန္အပ္ထားလိုက္ၿပီး ၿပီးစီးေသာအခါ ကၽြန္ေတာ့္ ဖုန္းpasswordကိုလည္း သူ႔ကို ေျပာျပလိုက္သည္။ ဒီလိုနည္းျဖင့္ အသြားအျပန္ရွိမွ မၽွတမွာပင္။
ရန္ခ်င္းကၽြမ္းက လမ္းေဘးမွာကားရပ္၍ ကၽြန္ေတာ့္ကိုေစာင့္ေပးခဲ့သည္။ ႀကိဳတင္ ခ်ိန္းဆိုထားသည္ျဖစ္၍ ေဆြးေႏြးမွုက ေခ်ာေခ်ာေမာေမာပင္။ ေဒါက္တာဝူက ကၽြန္ေတာ့္ကို လက္ရွိ အေျခအေနအေၾကာင္းေမးျမန္းလာခဲ့ၿပီး ေဆးညႊန္းကို အနည္းငယ္ ခ်ိန္ဆေပးကာ ပိုျပင္းသည့္ အကိုက္အခဲေပ်ာက္ေဆးေတြ ေပးခဲ့သည္။
ကၽြန္ေတာ့္ ေရာဂါက မယုတ္မလြန္သာ ကုသေနရသည္မို႔ ေဒါက္တာေတြလုပ္နိုင္သည္ကလဲ အကန႔္အသတ္သာရွိ၏။ ေဆးယူၿပီးသည္ႏွင့္ ကၽြန္ေတာ္ဟာ ေဆးစာေတြကို ခြဲရင္းျဖင့္ ေဆး႐ုံ၏ ေအာက္ထပ္က ဥယ်ာဥ္ငယ္ေလးကို ျဖတ္ေလၽွာက္ကာ ရန္ခ်င္းကၽြမ္းႏွင့္ ကားဆီျပန္သြားခဲ့သည္။ ထိုအခိုက္ ကၽြန္ေတာ္ ေမာ့ၾကည့္လိုက္ေသာအခါ ကၽြန္ေတာ့္ေရွ႕မွာ လူႏွစ္ေယာက္ကို ေတြ႕လိုက္ရသည္။ တစ္ေယာက္က ကုတ္အျဖဴကိုဝတ္ထားၿပီး ဝီးခ်ဲလ္ကိုတြန္းေပးေနတာပင္။ က်န္တစ္ေယာက္ကေတာ့ ေဒါင္လိုက္အစင္းပါေသာ လူနာဝတ္စုံကို ၀တ္ထားၿပီး ဆရာဝန္ထံမွ တြန္းေပးခံေနတာျဖစ္၏။
ဝီးခ်ဲလ္ေပၚရွိ အမ်ိဳးသားက သုံးဆယ္ဝန္းက်င္ေလာက္ျဖစ္မည္။ သူကအရပ္အရမ္းရွည္၍ ကိုယ္လုံးကိုယ္ထည္ႀကီးမား၏။သို႔ေသာ္ နာမက်န္းျဖစ္ေန၍ေပလား ၊ သူဟာ အလြန္ပိန္ေနၿပီး ပုံပန္းသဏၭာန္အနည္းငယ္ေခ်ာင္က်ကာ အသားအေရကလဲ ဆိုးဝါးေနသည္။ဥယ်ာဥ္က အေရာင္အေသြးစုံသည့္တိုင္ သူကေတာ့ စိတ္မဝင္စားပုံေပၚၿပီး ခံစားဖို႔လဲ စိတ္ရွိဟန္မတူေပ။ သူ႔မ်က္ႏွာက သုန္မွုန္လ်က္သာရွိၿပီး မ်က္လုံးတို႔ကလဲ အေရာင္ကင္းမဲ့၏။
သူ႔ကို တြန္းေပးေနေသာ ေဒါက္တာကမူ မ်က္ႏွာျဖဴၿပီး အလြန္ေခ်ာသည္။ မ်က္ႏွာထက္ဝယ္ ႏူးညံ့ၾကင္နာေသာ အျပဳံးကို အျမဲတမ္း ဆင္ျမန္းထားၿပီး သူ႔ကို ကေလးတစ္ေယာက္သဖြယ္ စိတ္ရွည္လက္ရွည္ေခ်ာ့ေနခဲ့၏။
" ဖုစစ္ မင္းၾကည့္ ၊ ကန္ထဲက ငါးေတြအကုန္လုံး လာေနၿပီ "
ကၽြန္ေတာ္ လက္ထဲက အိတ္ေလး ျပဳတ္က်သြားၿပီး ေခါင္းကို ဧရာမေက်ာက္တုံးႀကီးႏွင့္ အရိုက္ခံလိုက္ရသလို ခံစားလိုက္ရသည္။
ကၽြန္ေတာ္ မူးေဝသြားလြန္းလို႔ မ်က္လုံးထဲတြင္ ၾကယ္မ်ားပင္ျမင္လိုက္ရ၏။ကၽြန္ေတာ့္ေရွ႕မွ လူကို ေၾကာက္လန႔္တၾကား ၾကည့္ေနမိသည္မွ လြဲ၍ ကၽြန္ေတာ့္စိတ္ဟာ ဗလာျဖစ္ေနကာ တျခားဘာကိုမွ လုပ္နိုင္စြမ္းမရွိေတာ့ပါေခ်။
ဆူသံၾကားလိုက္ရလၽွင္ သူတို႔ႏွစ္ေယာက္က တစ္ေယာက္ၿပီးတစ္ေယာက္ လွမ္းၾကည့္လာၾက၏။ ေဒါက္တာက ကၽြန္ေတာ့္ကို သာမန္ကာလၽွံကာသာ တစ္ခ်က္ၾကည့္သည္။စကၠန႔္အနည္းငယ္ၾကာမွ သူဟာ တစ္စုံတစ္ရာေတြးမိသြားဟန္ႏွင့္ ကၽြန္ေတာ့္ကို ေနာက္တစ္ခါ ေသခ်ာ ျပန္ၾကည့္လာပါ၏။
" က်ိ....နင္ ? " သူက မ်က္လုံးမ်ားက်ဥ္း၍ ကၽြန္ေတာ့္ကိုမွတ္မိသြား၏။
ၿပီးေတာ့ ကၽြန္ေတာ္ကလဲ ျမင္ျမင္ခ်င္း သူ႔ကို မွတ္မိခဲ့ပါသည္။
" လင္းရွန႔္..." ကၽြန္ေတာ္ေဒါသက အလႊာပါးပမာ ၊ တေစၧပမာ။
ဘယ္လိုလုပ္ၿပီး လင္းရွန႔္ျဖစ္ေနတာလဲ ၊ ဘယ္လိုလုပ္ၿပီး သူျဖစ္ေနတာလဲ ?
သူ နိုင္ငံျခား သြားခဲ့ၿပီမဟုတ္ဘူးလား ? ဘာလို႔ ျပန္လာတာလဲ ?
___________________________________________________________________________