『Unicode 』
အခန်း ( ၂၉ ) : ငါမင်းကို အိပ်ရာတစ်ဝက်မျှပေးမယ်။
※※※※※※※※※※※※※※※※※※※※
ဘာတွေတွေးနေတာလဲ ? ယနေ့သည် ကျွန်တော့်၏ စိတ် အလွတ်လပ်ဆုံးအချိန် ဖြစ်ကောင်းဖြစ်နိုင်သည်။ကျွန်တော်ဟာရန်ချင်းကျွမ်း၏ အမိန့်အရ လိုက်ပါပြီး လုံးဝမစဉ်းစားပဲ လှုပ်ရှားနေခဲ့တာပင်။ ရန်ချင်းကျွမ်းက ဒီဆိုလိုရင်းကို ဘာလဲလို့မေးသည် ? ကျွန်တော် တစ်ခုခုမှားလုပ်မိလို့လား ? မဟုတ်လျှင်လဲ သူမေးခဲ့တာက ဒီအချိန်မှာ ကျွန်တော်တွေးနေတဲ့အရာမဟုတ်ပဲ ကျောပြင်က တက်တူးကိုမြင်ပြီး နားမလည်နိုင်သေးတဲ့ ခံစားချက်မျိုးလား ?
" ငါက...."
ကျွန်တော် မျက်နှာတစ်ခြမ်းလှည့်လိုက်မိ၏။ မျက်လုံးစွန်းမှသည် ရန်ချင်းကျွမ်းက ဆေးရည်ဘူးကို တစ်ဝက်မြှောက်ထားဆဲမှန်းမြင်လိုက်ရသဖြင့် အဝတ်ကို ဖြစ်သလို အောက်မချဝံ့ပေ : " ....တောင်းပန်ပါတယ် "
ဘာပဲဖြစ်ပါစေ မိမိအမှားကို အရင်ဝန်ခံရမည်။ အတိတ်တုန်းက အမေဒေါသထွက်ချိန်တိုင်း ကျွန်တော့်အမှား ဟုတ်သည်ဖြစ်စေ ၊ မဟုတ်သည်ဖြစ်စေ ကျွန်တော်ဟာ မှားကြောင်းဝန်ခံပြီး အသနားခံရသည်။ သို့မှသာ သူမက စိတ်ပျော့သွားပြီးကြမ်းကြမ်းတမ်းတမ်းမရိုက်မှာပင်။
သို့သည့်တိုင် ရန်ချင်းကျွမ်းကမူ အကြိမ်တိုင်း ကျွန်တော်၏ အမှားဝန်ခံသည့်အကျင့်ကို ကျေနပ်ပုံမရ။
သူက ခဏမျှတိတ်နေပြီးမှ ဆိုလာသည် : " မင်း အမြဲတမ်း တောင်းပန်ပါတယ် ' ပဲ ပြောတတ်တာကို သတိရောထားမိလား? ဒီစကားသုံးလုံးက မင်း ဆောင်ပုဒ်လိုမျိူးပဲ။ မင်းရဲ့အဲ့ဒီအပြုအမူကလဲ စိတ်ရှုပ်စရာကောင်းမှန်း မင်းသိတယ်မလား ? အဲ့ဒါက ငါ့လက်စွပ်ကို လက်လွတ်စပယ်ကိုင်ပြီးမှ အလျော်အစားအနေနဲ့ ငါ့ကို ပိုစျေးကြီးတဲ့ လက်စွပ်ဝယ်ပေးခဲ့သလိုမျိုး။ မင်းသိနေပါတယ်။ ဒါပေမယ့် မင်းက မပြောင်းလဲချင်ရုံပဲ။ရှေ့လျှောက်လဲ မင်း တောင်းပန်ပါတယ်ပြောဦးမှာ ဘာလို့လဲဆိုတော့ မင်းရဲ့အကျင့်ဆိုးတွေကို ပြောင်းဖို့ အချိန်ယူရတာထက် ' တောင်းပန်ပါတယ် ! လို့ ပြောရတာ ပိုလွယ်တာမို့လို့လေ။ "
ကျွန်တော် ခေါင်းငုံ့၍ ကော်ဇောက ဒီဇိုင်းတွေကို စိုက်ပြည့်ရင်း မဖြေပဲ အသံတိတ်နားထောင်နေမိသည်။
တောင်းပန်ပါတယ် ' သည် အမှန်တကယ် အချိန်ကုန်သက်သာပြီး အားချွေတာသောမန္တန်ဖြစ်ပေမယ့် ကျွန်တော် ပြောလိုက်တဲ့အချိန်တိုင်း သူပြောသလိုတော့ တိတိကျကျမဟုတ်ပါချေ။
ကျွန်တော်ဟာ သူနှင့် ပဋိပက္ခဖြစ်ပြီး သူ စိတ်မချမ်းမြေ့မဖြစ်စေချင်ရုံသာဖြစ်ပါ၏။သူ ဒေါသထွက်လျှင် ကျွန်တော်ကတောင်းပန်ရလိမ့်မည်။ သူ ကျွန်တော့်နှင့် သဘောမတူတဲ့အပိုင်းတွေအပါအဝင် ခြွင်းချက်မရှိသဘောတူပေးမှာပင်။
သူက ကျွန်တော် အမြဲတမ်းတောင်းပန်ပါတယ်ပြောခြင်းမှာ သူ ကျွန်တော့်ကို အမြဲတမ်း ဒေါသထွက်နေလို့ဟု ထင်နေ၏။ကျွန်တော် ဘာပြောပြော ၊ ဘာလုပ်လုပ် သူက မုန်းပေသည်။
ယခုလိုပင်။ သူ့ကို ခက်ခက်ထန်ထန် စကားပြောလာအောင် စိတ်အနှောင့်အယှက်ဖြစ်စေသည်က စကားတစ်ခွန်းကြောင့်လား ၊ အကြည့်တစ်ချက်ကြောင့်လားပင် ကျွန်တော် မသိနေပေ။
ခန္ဓာကိုယ်က နည်းနည်းချင်းအေးစက်လာခဲ့ပြီး အခန်းကလဲ တိတ်ဆိတ်နေကာ ဘယ်သူကမှ စကားမဆိုလာတော့။
ခဏအကြာ ရန်ချင်းကျွမ်းက ကျွန်တော့်အဝတ်တွေကို ဆွဲချပြီး အပေါ်စီးကနေ လက်မောင်းတွင်းသို့ ဆေးပုလင်းကို ပစ်ချပေး၏။
" ဖြန်းပြီးပြီမို့ ဒီဆေးကို မင်းဘာသာသိမ်းထားလို့ရတယ် "
ကျွန်တော် အလျင်အမြန်ဖမ်းလိုက်ရပြီး သူ့ကိုမော့ကြည့်လိုက်သောအခါ သူဟာ တံခါးဆီသို့ ဦးတည်နေတာကို တွေ့လိုက်ရလျှင် ထရပ်ပြီး သူ့နောက်မှ လိုက်ပါလာ၏။
" မင်း မြန်မြန်ကြီး ထွက်သွားတော့မလို့လား ? "
ရန်ချင်းကျွမ်းဟာ တံခါးကိုဖွင့်၍ တစ်ခွန်းတစ်ပါဒမျှမဆိုပဲ လျှောက်သွားတော့သည်။
ကျွန်တော်တို့ ယာယီဧည့်သည်ခန်းဟာ စင်္ကြံ၏အဆုံးတွင်ရှိသည်။ အပြင်ဘက်တွင် ပြောင်လက်နေသည့် ပြတင်းပေါက်တွေရှိသော ရှည်လျား ဖြောင့်တန်းသော စင်္ကြံကြီးဖြစ်ပြီး တခြားတစ်ဖက်မှာတော့ အမည်မသိအခန်းများရှိသည်။
ရန်ချင်းကျွမ်းက လမ်းလျှောက်တာ မမြန်သလို နှေးလဲ မနှေးချေ။ ဆည်းဆာနေရောင်က ပြတင်းပေါက်မှ ဖြတ်၍ သူ့၏ရှည်လျားသောကိုယ်ထည်ပေါ်သို့ ဖြာကျနေ၏။ သူ့ခန္ဓာကိုယ်တစ်ဝက်ကို နွေးထွေးသော လိမ္မော်နီရောင်တို့ဖြင့် ခြယ်မှုန်းထားစဉ် နေမရောက်နိုင်သော ကျန်တစ်ဝက်ကတော့ မှိုင်းပျပျပင်။
သူဟာ အလင်းနှင့် အမှောင်ကြားမှာ လမ်းလျှောက်နေခဲ့သည်။ မယိမ်းယိုင်သော ခြေလှမ်း ၊ ဖြောင့်တန်းသော ကိုယ်ဟန်နှင့် မကိုင်းညွှတ်နိုင်သော ထင်းရှူးကျောက်ပန်းပင်ပမာ။
ကျွန်တော် တံခါးကိုကိုင်၍ သူ့ကျောပြင်ကို အကြာကြီးကြည့်နေခဲ့မိ၏။ လမ်းတစ်ဝက်လောက်၌ သူက တစ်စုံတစ်ရာအမှတ်ရသွားသလို ရုတ်တရက်ကြီးရပ်၍ ကျွန်တော့်ကို လှည့်ကြည့်လာခဲ့သည်။
ကျွန်တော့်မှာ တံခါးပိတ်ချိန်မရလိုက်တာကြောင့် အငိုက်မိသွားရ၏။ နည်းနည်းတော့ ရှက်သွားပေမယ့် ကျောကို အသာဆန့်ကာ အကြည့်မလွှဲလိုက်မိပါ။
သူက ကျွန်တော့်ကို နားမလည်သည့် အမူအရာမျိူးနှင့် အချိန်အတော်ကြာ ကြည့်နေခဲ့သည်။ ကျွန်တော့်ကို အကြည့်မလွှဲနိုင်စေကြောင်း သိသွားပါမှ လွှတ်ပေးလိုက်ပါ၏။
သူက အရှေ့ကို ဆက်လျှောက်သွားပြီး ကျွန်တော်ကလဲ သူ ထောင့်ချိုးကို ကွေ့သွားတဲ့အထိ ကြည့်နေခဲ့မိသည်။ သူ့ကိုထပ်မမြင်ရတော့ပါမှ ကျွန်တော် တံခါးပိတ်၍ အခန်းထဲ ပြန်ဝင်လာခဲ့၏။
ဧည့်သည်ခန်း၏ ပြတင်းပေါက်ကြီးမှ ငုံ့ကြည့်လျှင် တံခါးဝကို မြင်နိုင်သည်။ အော်ခယ့်လန်၏ ကိစ္စကြောင့်လား ၊ ပုံမှန်အတိုင်းပေလားမသိ ယနေ့ နေ့လည်ခင်းက အင်မတန် အသက်ဝင်နေ၏။ကျွန်တော် ပြတင်းပေါက်ဘေးမှာ လက်ဖက်ရည်နှစ်ခွက်သောက်ခဲ့ပြီး နာရီဝက်လောက် မတ်တပ်ရပ်နေခဲ့မိလျှင် လူအုပ်စု သုံးစု ဝင်လိုက်ထွက်လိုက်လုပ်နေတာကိုကျွန်တော် တွေ့ခဲ့ရ၏။
လက်ဖက်ရည် အများအပြားသောက်မိ၍ ကျွန်တော် လှည့်ကာ သန့်စင်ခန်းသို့သွားမည်အပြု ၊ တစ်စုံတစ်ရာ ကျိုးပဲ့သံလိုအသံကျယ်ကြီးတစ်ခုကို ကြားလိုက်ရသည်။ ကျွန်တော် ဘောင်းဘီကို ကောက်၍ ပြတင်းပေါက်သို့ ပြေးကြည့်မိ၏။အောက်ထပ်၏ညာဘက်လှမ်းလှမ်း မြက်ခင်းပြင်တွင် အငယ်စား ရွှေခြင်္သေ့တစ်ကောင်က မှန်ကွဲစတွေဝန်းရံလျက် လှဲနေတာကို ကျွန်တော် တွေ့လိုက်ရတာပင်။
ကင်းလှည့်သမားတွေက အသံကြား၍ ရောက်လာ၏။ သူက မော့ပြီး အပေါ်ထပ်ကို ကြည့်လိုက်သည်။ သူ ဘာမြင်သွားသလဲ ၊ ဘာကြားသွားလဲတော့ မသိ၊ အခိုက်အတန့်တစ်ခုလောက် အချင်းချင်းကြည့်နေကြပြီးမှ နောက်ဆုံး သန့်ရှင်းဖို့တစ်စုံတစ်ယောက်ကို ခေါ်လိုက်လေသည်။
သိချင်စိတ်နှင့် ကျွန်တော် ညာဘက်လှမ်းလှမ်းသို့လျှောက်သွားကာ ပြတင်းပေါက်ကို အသာဖွင့်လိုက်လျှင် အကြိတ်အနယ်ရန်ဖြစ်နေသော အသံတွေက ရုတ်ခြည်းတိုးဝင်လာ၏။ ဆူညံသံတွေက ဘာမှန်း သေသေချာချာမကြားရသော်လည်း ရန်ချင်းကျွမ်းပြောသည့်အတိုင်း တစ်စုံတစ်ရာတော့ ဖြစ်နေပုံရသည်။
ရန်ချင်းကျွမ်းဟာ ဉာဉ့်နက်မှ ပြန်လာခဲ့သည်။ သူ ပြန်လာချိန်၌ ကျွန်တော်ဟာ အိပ်ရာဘေးက မီးအိမ်တစ်လုံးနှင့်အိပ်ပျော်နေနှင့်ပြီပင်။
ဘာပဲဖြစ်ဖြစ် ဒါက အတော်လေးကျွမ်းဝင်သည့် ပတ်ဝန်းကျင်သာ။ သူ အခန်းထဲဝင်လာချိန်၌ လှုပ်ရှားသံကြားရသောအခါ ကျွန်တော် ခပ်ဝါးဝါးနိုးလာခဲ့သေးသည်။၎င်းနောက် သူ့ကို ဝေဝေဝါးဝါမြင်လိုက်ရပြီး မျက်လုံးတွေမှိတ်ကာပြန်အိပ်ပျော်သွားခဲ့၏။
ဤအတောအတွင်း ကျွန်တော်ဟာ ကောင်းကောင်းအိပ်မပျော်ပဲ အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေခဲ့သည်။ သူ ရေချိူးပြီး၍အိပ်ရာပေါ်လှဲချလာပြီး မီးအိမ်ကို ပိတ်လိုက်ချိန်မှ ကျွန်တော်လဲ စိတ်ချလက်ချနှင့် ပြန်လည်အိပ်ပျော်သွားခဲ့တာပင်။
နောက်တစ်နေ့ ကျွန်တော် နိုးလာသောအခါ ကျွန်တော်ဟာ ရန်ချင်းကျွမ်းရင်ခွင်ထဲကို ထပ်ရောက်နေပြီး သူ့ကို တင်းတင်းဆုပ်ကိုင်ထားပြန်၏။
ရန်ချင်းကျွမ်းဟာ မျက်မှောင်ကြုတ်၍ အိပ်နေစဉ်အတွင်းပင် မျက်နှာမပြပေးပေ။ သူ့ကြည့်ရတာ အိပ်ရေးအလွန်ဆိုးဝါးဟန်တူ၏။
အရင်တစ်ခေါက် အတွေ့အကြုံပြီးနောက် ကျွန်တော် အတင်းကာရော မပြုမူတော့ပေ။ နိုးလာမည့်အရိပ်အယောင်နှယ် ရန်ချင်းကျွမ်း၏ မျက်ခွံတွေ လှုပ်လာပြီဟု ခံစားရမှ ကျွန်တော် မျက်လုံးကို အမြန်မှိတ်ကာ အိပ်ချင်ယောင်ဆောင်လိုက်သည်။
ရန်ချင်းကျွမ်း၏ အသက်ရှုနှုန်း အပြောင်းအလဲမှတဆင့် သူနိုးလာပြီး ကျွန်တော်တို့၏လက်ရှိအနေအထားအတွက် နည်းနည်းပူပန်သွားမည်မှန်း ခံစားလို့ရပါသည်။
ကျွန်တော့်လက်ကို ဖွင့်၍ ခြေထောက်ကို ချလိုက်၏။ကျွန်တော့်ကို ဘေးသို့ အကြမ်းပတမ်းတွန်းပစ်ပြီး သူနှင့် ဝေးဝေးနေရန် ပြောမည်ဟု ထင်ခဲ့သော်လည်း သူက ဒီအတိုင်း စောင်ကိုသာ မ,ကာ အိပ်ရာထဲမှထွက်လိုက်လေသည်။
ကျွန်တော် တိတ်တိတ်လေး မျက်လုံးဖွင့်၍ မျက်နှာတစ်ဝက်ကို နူးညံ့သည့်စောင်အတွင်း မြှုပ်ထားလိုက်သည်။ ရန်ချင်းကျွမ်းသည် အိပ်ရာဘေးမှာရပ်၍ ကျွန်တော်က အိပ်နေတုန်းမို့ သူ ပူပန်စရာမလိုဟု တွေးနေဟန်တူ၏။ သူက လက်တွေကိုယှက်၍ Pajamas အဖြစ်ဝတ်ထားသော တီရှပ်ကို သေသေသပ်သပ်ပင် ချွတ်ကာ ကျယ်ပြန့်သန်မာသော ကျောပြင်ကိုလှစ်ဟပြလာခဲ့သည်။
သူ့ကျောပြင်တွင် ဒဏ်ရာဟောင်းမြောက်မြားစွာရှိသည်။ အမာရွတ်တို့၏ မျိုးစုံသော အတိမ်အနက်က ချောမွေ့သောကြွက်သားကြောင်းများပေါ်တွင် တည်ရှိနေလျက်။ ၎င်းတို့က အကျဉ်းတန်မသွားပါဘဲ " ကြမ်းကြုတ်သည့် " အလှတရားဖြစ်လာသည်။
ကျွန်တော် ကျောရှိ တက်တူးက အနုပညာလက်ရာဆိုလျှင် ရန်ချင်းကျွမ်း၏ ကျောက အမာရွတ်တွေသည်လည်းအနုပညာလက်ရာပင်။ အရှေ့တစ်ခုက စိတ်ကူးယဉ်သက်သက်ဖြစ်ပြီး အနောက်တစ်ခုက ဘဝဇာတ်ကြောင်းအပြည့် ဖြစ်နေရုံသာ။
ရန်ချင်းကျွမ်းက အင်္ကျီလဲပြီး ရေချိူးခန်းထဲ ဝင်သွား၏။ သူ ပြန်ထွက်လာသောအခါ ကျွန်တော်လဲ စတင် ဟန်ဆောင်ရတော့သည်။
ကျွန်တော်တို့ မနက်စာအတူစားရင်း ဆာကီအကြောင်းမေးမြန်းမိသည်။ သူက ဘာမှမဆိုပါဘဲ စိတ်မပူဖို့သာပြောလာပါ၏။
သူ စားပြီးခါနီးအချိန်၌ ဖုန်းတစ်ကောလ်ဝင်လာ၏။ ခေါ်ဆိုသူကို တစ်ချက်ကြည့်ပြီးသော် သူက ဇွန်းကို အမြန်ချကာ ဖုန်းဖြေဖို့ ပြတင်းပေါက်ထံ လျှောက်သွားခဲ့သည်။
" အစ်မဟွား...ကျွန်တော်သိတယ် ၊ ကျွန်တော်အကောင်းဆုံးကြိုးစားမှာပါ ..."
" ဒီလိုလုပ်စရာမလိုပါဘူး.... ကျင်လူကြီးမင်းကလဲ ကျွန်တော်ပြောတာ နားမဝင်လောက်ဘူး... "
ဖုန်းကောလ်က ဆယ်မိနစ်ခန့်ကြာ၏။ သူ ထမင်းစားပွဲသို့ပြန်လာသောအခါ ရန်ချင်းကျွမ်းဟာ စားချင်စိတ်မရှိတော့ပေ။သူက ခွက်ထဲက လက်ကျန်ဖျော်ရည်ကိုသောက်ပြီး ထထွက်ဖို့ မတ်တပ်ရပ်လိုက်၏။
ကျွန်တော်ဟာ လက်ထဲရှိ ကြက်ဥ၏ နောက်ဆုံး ကြက်ဥခွံလေးကို ခွာလိုက်ပြီး တသျှူးနှင့် ပတ်လိုက်သည်။ ပြီးလျှင် သူ့နောက်လိုက်သွားပြီး တားကာ မနေ့ကအတိုင်း သူ့လက်ထဲ ကြက်ဥလေးထည့်ပေးလိုက်၏။
သို့တိုင် ယနေ့တွင်တော့ သူက အသားကျသွားပုံရကာ ကြက်ဥကိုယူ၍ လှည့်ထွက်သွားတော့သည်။
ထိုနေ့မှာ ဆာကီ ရောက်မလာပါ။ ရာသီဥတုကလဲ သိပ်မကောင်းပါဘဲ မွန်းလွဲချိန်အထိ လေထန်နေဆဲ။
တိမ်တွေက ထူသထက်ထူလာ၍ အရှိန်ယူစပြုလာသည်။ ရုတ်တရက်ကြီး မိုးကြိုးနှင့်လျှပ်စီးတို့အဆက်လိုက် တဂျိန်းဂျိန်းမြည်လာပြီိးနောက် စတင်မိုးရွာလာပါတော့သည်။
မိုးက အလွန်သည်းထန်ပြီး တစ်ယောက်ယောက်က ကောင်းကင်ကို သွားဖောက်လိုက်သည့်အတိုင်း ယုတ္တိလဲ မတန်လှပေ။ရေစီးနှုန်းကအရမ်းမြန်ပြီး မြူကလဲ ထူနေ၏။
သည်မိုးက ကောငးလွန်းတာကြောင့် Celloလေ့ကျင့်ပါက ရသအတော်မြောက်မည်ဟူ၍ပင် ကျွန်တော် တွေးမိလိုက်သေးသည်။
ထိုစဉ် အပြင်ဘက်မှ အိမ်တော်ထိန်းဖုန်းက တံခါးလာခေါက်ကာ ကျင်ယွမ်ပေါင်ကိုခေါ်လာခဲ့သည်။
အချင်းချင်း နှစ်ရက်လောက်မတွေ့ခဲ့ရ၍ သူ တကယ်ကျွန်တော့်ကို လွမ်းနေသည်မို့ မုန့်ခြင်းတစ်ခြင်းနှင့် လာလည်မှန်းကျွန်တော်သိပါ၏။
ကျွန်တော် ကို့ရို့ကာယားနှင့် သူနှင့် မျက်နှာချင်းဆိုင်ဝင်ထိုင်ပြီး ခြေထောက်တွေကို စားပွဲနှင့်ကာထားရသည်။အထူးသဖြင့် ကျွန်တော် ဘာကြောင့် ဘောင်းဘီမဝတ်သလဲ သူ မေးလာမှာ ကြောက်မိ၍ပင်။
ကံကောင်းစွာနှင့် သူကဘာမှမမေးလာပါ။ ဒီလိုဝတ်စားထားတာက ဘာမှ မှားယွင်းမနေသကဲ့သို့ သူ့မျက်လုံးထဲတွင်ဆန်းပြားသည့်ဝတ်စားဆင်ယင်မှုဟု မှတ်ယူထားပုံမရပေ။
" ဆရာ ဒါက ဆရာ့အတွက်။ မကြာခင် ပြန်ကောင်းလာပါစေ " သခင်ငယ်လေးက လက်ထဲကို ဗေဒင်ကွတ်ကီးလေးထည့်ပေးလာပြီး စိတ်ရောကိုယ်ပါဆိုလေသည်။
" ဆရာ နေပြန်ကောင်းလာရင် ရှေ့လျှောက် ကျွန်တော် သေချာပေါက် မပျင်းတော့ပါဘူး "
ကျွန်တော် ကွတ်ကီးကိုယူလိုက်ပြီး သူ့ခေါင်းလေးကို ထိကာ : " နောက်ထပ်ရက်နည်းနည်းလောက် အနားယူပြီးရင် ဆရာမင်းကို ပြန်လာသင်ပေးမယ်။ ဒီရက်တွေမှာ မင်းက ကိုယ့်လက်နဲ့ကိုယ် ကြိုးစားကျင့်ထားပြီး အပျင်းမထူရဘူးနော် "
ကျွန်တော့်၏ ဒီရက်ပိုင်း အလုပ်ပျက်ကွက်အတွက် ကျင်ချန်ယွီက သူ့ကို ဘယ်လိုအကြောင်းပြချက်တွေပေးထားလဲ မသိပေ။ သူက ကျွန်တော်သည် အရေးပေါ်ဖြစ်နေပြီး အိမ်မှာစောင့်ရှောက်မဲ့လူဘယ်သူမှ မရှိ၍ ပြန်လည်ထူထောင်ဖို့ သူတို့အိမ်ကို လာခဲ့ရသည်ဟု တထစ်ချ တွေးထားလေသည်။
ကျင်ယွမ်ပေါင်က မွန်းလွဲတစ်နေကုန် ထိုင်ခဲ့ပြီး သူယူလာသည့် မုန့်တွေအကုန် စားကုန်သွားပါမှ ထထွက်သွားတာပင်။
ကျွန်တော် သူ့ကို တံခါးဝလိုက်ပို့၍ နှုတ်ဆက်စကားဆိုမည်အပြု အဝေးမှ အမျိုးသမီးတစ်ယောက်၏ အော်သံကိုကြားလိုက်ရ၏။
" ငါ့ကို လွှတ်စမ်း ! နင်တို့... နင်တို့ငါ့ကို ထိရဲတယ် ? ငါက ကျင်ဖေးရှန်းသမီး ! ငါကနင်တို့ ခေါင်းဆောင် ! "
သိပ်မကြာ ၊ ခုံထန်နှင့် ကျန်လူများက စင်္ကြံအစွန်မှာ ပေါ်လာခဲ့သည်။ အော်ခယ့်လန်ဟာ လက်မောင်းမှ အချုပ်ခံထားရပြီးတစ်လျှောက်လုံး တရွတ်တိုက်လုနီးပါး။ သူမ ဆံပင်တွေကရှုပ်ပွနေသလို မိတ်ကပ်တွေလဲ ဖရိုဖရဲဖြစ်နေခဲ့သည်။
ခုံထန်က လက်ထဲတွင် အဝတ်လုံးတစ်ခုကို စိတ်မရှည်စွာ လိပ်နေပြီး ရပ်ဖို့ အချက်ပြလိုက်၏။ အော်ခယ့်လန်က ရပ်သွားသည်နှင့် စတင်ရုန်းတော့သည်။ သူမက ကျွန်တော်တို့ကို စင်္ကြံမှာတွေ့လိုက်သောအခါ အသံကွဲတော့မတတ် အော်ဟစ်လာပါသည်။
" ယွမ်ပေါင် ! ငါလေ ! အစ်မပါ ! အစ်မအတွက် အဖေ့ကို ရှာပေးပါဦး ! အမြန် အဖေ့ကိုရှာပေးပါဦး ! "
အိမ်တော်ထိန်းဖုန်းက အော်ခယ့်လန်၏ မြင်ကွင်းကို ပိတ်ဆို့လိုက်ပြီး သူ့အရှေ့မှ ကျင်ယွမ်ပေါင်ကို ကာထားလိုက်၏။သူက လက်တွေဖြင့် သခင်ငယ်လေး၏ နားကို ပိတ်ပေးလိုက်ပြီး မြင်ခွင့်ကြားခွင့် မပြုခဲ့ပေ။
ခုံထန်က လှမ်းကြည့်လာလျှင် ကျင်ယွမ်ပေါင်ကို ဒီမှာရှိနေမည်ဟု ထင်မထားခဲ့ပေ။ သူက ခပ်တိုးတိုးဆဲရေးလိုက်ပြီးအော်ခယ့်လန်၏ ပါးစပ်ကို ညှစ်ကာ လက်ထဲက အဝတ်လုံးကို ဆို့ပေးရန် ပြင်လိုက်သည်။
အော်ခယ့်လန်က ခေါင်းမာမာနှင့် ရုန်းကာ အော်ဟစ်နေဆဲ : " ငါ့အမေကို ကူရှာပေး ! ကျင်ချန်ယွီ ငါ့ကို ဒီလိုတက်ဆံလို့မရဘူး ! ငါက သူ့အစ်မ ! သူ ငါ့ကို ဒီလိုဆက်ဆံလို့မရဘူး ! ငါ့အမေက သူ့ကို ခွင့်လွှတ်ပေးမှာမဟုတ်ဘူး ! ငါ သူ့ကို ခွင်လွှတ်ပေးမှာ မဟုတ် ဝူး ဝူး.... "
သူမစကားမဆုံးခင် ခုံထန်က သူမပါးစပ်ကို ဆို့လိုက်ကာ ခပ်သွက်သွက်ထွက်ခွာသွားတော့၏။
ဘာသံမှ မကြားရတော့သည့်အချိန်အထိတိုင် အိမ်တော်ထိန်းဖုန်းဟာ ကျင်ယွမ်ပေါင်၏ နားကို လွှတ်မပေးခဲ့ပေ။
" ဦးလေးဖုန်း ၊ သူမက သား အစ်မလို့ ဘာလို့ပြောတာလဲဟင် ? သားမှာ ကိုကိုတစ်ယောက်ပဲရှိတာမဟုတ်ဘူးလား ? " သခင်ငယ်လေးက ခေါင်းမော့၍ အပြစ်ကင်းစွာမေးမြန်းလာ၏။
အိမ်တော်ထိန်းဖုန်းဟာ သူ့ကိုဘယ်လိုပြောပြရမလဲမသိ။ထို့ကြောင့် သူ တုံ့ဆိုင်းနေပြီးမှ နောက်ဆုံး ဖွင့်ဟလိုက်သည် : " သူမက ပေါက်ကရတွေပြောနေတာပါ "
သခင်ငယ်လေးက သူ့အဖြေကို မကျေနပ်တာ သိသာစွာ ထပ်မေးပြန်၏ : " သူတို့က ဘယ်ကိုသွားကြတာလဲ ? "
အိမ်တော်ထိန်းဖုန်းက လမ်းနောက်လိုက်၍ :
" အကျဉ်းထောင်ဖြစ်မယ်ထင်တယ်။ သူမက အမှားလုပ်ခဲ့တော့ ဘယ်သူ့သမီးဖြစ်နေပါစေ အပြစ်ပေးခံရမှာပဲ "
သခင်ငယ်လေးက ၈နှစ်သာရှိသေး၍ ဘာကြောင့်ဟူသာ မေးခွန်းတွေ အနန္တရှိပြီး မေးခွန်းတစ်ခုမှ တစ်ခုသို့ ကူးရန်လဲအလွန်လွယ်ကူ၏။
" သားအမှားလုပ်မိရင်ရော အပြစ်ပေးခံရမှာလားဟင် ? "
အိမ်တော်ထိန်းဖုန်းမှာ ထပ်မေးခံလိုက်ရ၍ အကြောင်းအရာပြောင်းပြီး ကျွန်တော့်ကို နှုတ်ဆက်ဖို့သာ ပြောဆိုလာ၏။
ကလေး၏ အာရုံက မြန်မြန်ပြောင်းတတ်သဖြင့် သူဟာ အိမ်တော်ထိန်းဖုန်းကြောင့် အာရုံထွေပြားသလို မခံစားရပေ။သူကနာခံစွာ လက်ယမ်းပြလာပြီး : " တာတာ့ ဆရာ "
အော်ခယ့်လန်၏ ဒေါသနှင့် စူးစူးရှရှ အော်ဟစ်သံများက ကျွန်တော့်နားထဲမှာ တဝဲလည်လည်ဖြစ်နေဆဲ။ ကျွန်တော်တောင့်တောင့်ကြီးပြုံးပြလိုက်ပြီး လူထွက်သွားတာကို စောင့်ကာ အနောက်က တံခါးကိုပိတ်လိုက်ရသည်။ ကျွန်တော်တံခါးရွက်ကို လက်ကပ်ထားရင်း ကဆုန်ပေါက်နေသော ရင်ခုန်သံတွေ ငြိမ်အောင် ရင်ဘတ်ကို ဖိထားရ၏။
သူတို့ အော်ခယ့်လန်ကို သတ်ချင်နေတာတော့ မဟုတ်ဘူးမလား ? ဘယ်လောက်ပဲ ဒေါသဖြစ်ပါစေ.... ဘယ်လောက်ပဲဆာကာမိုတို ဒေါသထွက်ပါစေ ၊ ဘယ်လောက်ပဲ စီးပွားရေးက အရေးကြီးနေပါစေ ၊ သူမလဲ ကျင်မိသားစုဝင်ပဲလေ။ ကျင်ဖေးရှန်းက တကယ်ကြီး ဒီလောက်ထိ ရက်စက်တယ်လား ?
သို့တိုင် နောက်ပိုင်း ပြန်တွေးကြည့်မိသည်။ သူ မရက်စက်ပါလျှင် ယခုဒီနေရာမှာ ဘယ်လိုလုပ်ရှိနိုင်မည်နည်း ? နှစ်တွေအကြာကြီး သူအုပ်ချုပ်စဉ်မှာ အပြစ်မဲ့ ဝိညာဉ်တွေ မည်မျှလောက် သေဆုံးခဲ့သလဲ ကျွန်တော် မသိ။ ထိုသို့တွေးကြည့်လျှင်အလိုလိုက်ခံရလို့ မာနဝင့်သည့် တရားမဝင်သမီးတစ်ယောက်လဲ ပါချင်ပါနိုင်သည်။
အော်ခယ့်လန်က သူမသည် ချစ်တာကြောင့် အလိုလိုက်ခံရသည်ဟု ယုံကြည်ထားပြီး အပြစ်ရှိစိတ်နှင့်ကရုဏာစိတ်တို့ကိုလျစ်လျူရှုကာ သူမမှာ ပို၍ ရှိပါကြောင်း လောကကြီးကို အမြဲ သက်သေပြချင်နေသူဖြစ်သည်။သို့သော် အမှန်တရားမှာကျင်ဖေးရှန်းသည် သူမအား ချစ်သော်ငြား သူကိုယ်တိုင်နှင့် ကိုယ်ကျိုးကိုသာ ပိုချစ်ခဲ့တာဖြစ်သည်။
သူမသည် ကျင်ချန်ယွီနှင့် စစ်တုရင်ပွဲမှာ အတုမရှိ " ဘုရင် " ဖြစ်သော်လည်း ကျင်ဖေးရှန်း၏ မျက်လုံးထဲတွင်တော့စိတ်ကူးပေါက်ရင် ပေါက်သလို ထိုးကျွေးခံရမည့် မရှိလည်းဖြစ်သည့် " စစ်သားရုပ် " လေးသာသာပင်။
မိုးက ခေတ္တမျှ သည်းထန်နေပြီး တဖြည်းဖြည်း စဲလာသည့်တိုင် မိုးစက်တို့ကတော့ အပြည့်အဝကျယ်လောင်နေတုန်းပင်။
အော်ဟွားက ဝင်ပေါက်၏ ညာဘက် မိုးရေထဲမှာ ဒူးထောက်နေခဲ့၏။ ကျွန်တော် ပြတင်းပေါက်ကနေ မြင်နေရသည်။
သူမဟာ မိုးသောက်မှ နေဝင်ရီတရောအထိ ဒူးထောက်နေခဲ့တာဖြစ်ပြီး မည်သူကမှလဲ အရှေ့တက်မလာရဲကြ။ သူမ တစ်ညလုံး ဒူးထောက်နေလိမ့်မည်ဟုထင်မိသော်လည်း ရန်ချင်းကျွမ်းက တံခါးမှထွက်လာကာ သူမအား ထီးမိုးပေးလာသည်။
ထီးအနက်၏ တစ်လက်လုံးကို အော်ဟွားအား မိုးပေးထားပြီး ရန်ချင်းကျွမ်းကတော့ မိုးရေထဲမှာရပ်နေခဲ့၏။
ကျွန်တော် ကောင်းကင်မှာ တိမ်ထူနေဆဲဖြစ်တာကို တစ်ချက်မော့ကြည့်ပြီး အနည်းငယ် စိတ်ပူလာရသည်။ မိုး မရပ်ပါကသူထိုအတိုင်းနေလျှင် ဖျားတော့မည်ပင်။
ရန်ချင်းကျွမ်း အော်ဟွားအား ထီးကိုင်ထားပေးနေသရွေ့ ကျွန်တော်လည်း ပြတင်းပေါက်ကနေကြည့်နေမိ၏။နာရီဝက်ခန့်အကြာ တံခါးမှ လူတစ်ယောက် ထွက်လာပြီး တစ်စုံတစ်ရာပြောလိုက်သည်။ အော်ဟွားဟာ ရုတ်တရက် စိတ်လှုပ်ရှားစွာထရပ်လိုက်သည်။ အချိန်အကြာကြီး ဒူးထောက်ထားရသည်မို့ သူမ ဟန်ချက်ပျက်ကာ လဲကျတော့မလိုဖြစ်သွား၏။ကံကောင်းစွာ ရန်ချင်းကျွမ်းက သူမကို ထောက်ကူပေးလိုက်၏။
ထိုအခါမှ ကျွန်တော် သတိပြုမိသည်က မလှမ်းမကမ်းတွင် လူတချို့ရပ်နေမှန်း သတိပြုမိလိုက်သည်။ အော်ဟွားထလာလျှင် သူတို့က ကူဖို့ အရှေ့တိုးလာကာ ပတ်ပတ်လည် ဝန်းရံလိုက်ကြသည်။
အော်ဟွားက အဖြူရောင် ၀တ်ထားတာကြောင့် ခပ်မှိန်မှိန်အလင်းရောင်တွင် အလွန်ထင်ရှားနေသည်။ သူမက လူအုပ်ကြီးကို တွန်းဖယ်၍ အနောက်သို့ ဒယီးဒယိုင်ဦးတည်လိုက်၏။ အနက်ဝတ် လူကြီးများ အုပ်စုက စိတ်ပူပန်စွာ ထီးကိုင်ပေးရင်းသူမနောက်မှလိုက်သွားကြ၏။
ရန်ချင်းကျွမ်းကမူ မလှုပ်ဘဲ ထိုနေရာတွင် ရပ်နေသေးသည်။ အော်ဟွားက အနောက်ဘက်တံခါးထဲ ဝင်သွားပါမှ သူကထီးကိုင်လျက် ပြန်လျှောက်လာခဲ့သည်။
ကျွန်တော့်အဖို့ ရန်ချင်းကျွမ်းမကြာခင် ပြန်လာတော့မည်ဟု ထင်ကြေးရှိသဖြင့် ရေချိူးခန်းကို အမြန်သွားကာ ရေပူဖွင့်လိုက်သည်။ ပြီးလျှင် အစေခံအား ဂျင်းပြုတ်ရည်ပြင်ပေးဖို့ မှာလိုက်၏။
ဆယ်မိနစ်ကြာသော် ရန်ချင်းကျွမ်း တကယ်ကြီးပြန်ရောက်လာခဲ့သည်။ သူ့ကိုယ်ပေါ်ရှိ အဝတ်များအားလုံး စိုရွှဲနေပြီဆံပင်ဖျားတွေကလဲ ရေစက်လက်နှင့်။အနားကပ်သွားပါက သူ့ခန္ဓာကိုယ်မှ အအေးဓာတ်ကို ခံစားရမိသည်။
ကျွန်တော် သူ့ထံ တဘက်တစ်ထည်နှင့်လျှောက်သွားလိုက်ပြီး ခေါင်းနှင့် လည်ပင်းကို ပွတ်ပေးလိုက်သည်။ တအောင့်အကြာ သူက ကျွန်တော့်ကို တွန်းထုတ်၍ ကိုယ့်ဘာသာလုပ်နိုင်ကြောင်း ပြောလာသည်။
ကျွန်တော်က အခြေအနေကိုအခွင့်ကောင်းယူ၍ အစေခံယခုမှ ယူလာပေးထားသော ဂျင်းပြုတ်ရည်ကို ယူရန် စားပွဲဆီသို့လျှောက်သွားလိုက်သည်။ ကျွန်တော် သူ့ကို ရေချိူးကန်ထဲမှ ရေဖြည့်ထားပြီးမို့ ဂျင်းပြုတ်ရည်သောက်ပြီး ရေစိမ်ဖို့ ပြောလိုက်၏။
သူက ခေါင်းနောက်ရှိ ရေစိုဆံပင်တွေကို လက်တစ်ဖက်ဖြင့် သုတ်ရင်း ကျန်လက်ဖြင့် ဂျင်းပြုတ်ရည်ကို ယူလိုက်၏။သတိချပ်ထားသည့် ကြောင်ကြီးပမာ သူက ငုံ့၍ အနံ့ခံလိုက်သေးသည်။ ချက်ချင်း ရွံရှာသည့် အမူအရာမျိုးနှင့် သူ့မျက်ခုံးတွေ တွန့်ချိုးသွားပါ၏။
" သောက်လိုက် ဒါမှ အအေးမမိမှာ " ကျွန်တော် ခွက်အောက်ခြေကိုကိုင်၍ သူ့ပါးစပ်ထံ တိုးပေးလိုက်သည်။
တွန့်ဆုတ်တွန့်ဆုတ်နှင့် သူက နောက်ဆုံးအကြိမ်အဖြစ် မျက်လုံးစုံမှိတ်ကာ နှစ်ကျိုက်ဖြင့်ပြီးအောင် သောက်၍ ကျွန်တော့်ကို ခွက်ပြန်ပေးလာ၏။
ကျွန်တော် ခွက်ကိုယူလာလိုက်လျှင် စားပွဲပေါ်၌ ကျင်ယွမ်ပေါင်ပေးထားသော ဗေဒင်ကွတ်ကီးလေးတွေကို တွေ့လိုက်ရသည်။ ကျွန်တော် ရန်ချင်းကျွမ်းကို ချော့ရန်နှင့် သူ၏ ပါးစပ်ထဲမှ စပ်ဖျဉ်းဖျဉ်း ဂျင်းအရသာကို ဖြေဖျောက်ရန်အတွက်ယူလာလိုက်သည်။
ရန်ချင်းကျွမ်းက ထူးဆန်းသောအမူအရာဖြင့် ကွတ်ကီးလေးကို ယူလိုက်သည်။ သူက ကွတ်ကီးကို ဖွင့်၍ အထဲမှ ဖတ်ရန်သင်္ကေတလေးကို ထုတ်ယူလိုက်၏ ——— မုန်တိုင်းပြီးရင် ၊ သက်တန့်က မင်းကို အမြဲ ပြုံးပြပါလိမ့်မယ်။
သူက ချက်ချင်း နှာမှုတ်လိုက်၍ ချိူးထားသည့် ကွတ်ကီးနှင့် စာသားကို ကျွန်တော့်လက်ထဲ ပြန်ထည့်ပေးသွားသည်။
ကျွန်တော် ကမန်းကတန်းဆက်လိုက်ရပြီး စကားတခွန်းမဆိုနိုင်သေးခင်မှာပင် သူက အလျင်အမြန် ရေချိူးခန်းထဲ ဝင်သွားနှင့်ချေပြီ။
ကျွန်တော် ကွတ်ကီးလေးတွေကို တစ်ခုချင်းစားနေလိုက်၏။ စားပြီးသည့်တိုင် ယခု သူဘာကြောင့် ဒီလိုပုံစံမျိူးဖြစ်သွားတာလဲဆိုတာကို နားမလည်ပေ။ သူက ဗေဒင်ကွတ်ကီးထဲက စကားလုံးတွေကို မနှစ်သက်တာဖြစ်နေမလား ?
ကျွန်တော် ပြတင်းပေါက်ဆီသွား၍ လိုက်ကာစေ့ရန်ပြင်လိုက်သည်။ ထိုစဉ် အောက်ထပ်၌ ကားအဖြူတစ်စင်းထိုးလာပြီးအော်ဟွားက အနောက်ဘက် အကျဉ်းခန်း ဘက်မှ ကမန်းကတန်း ထွက်ပေါ်လာခဲ့သည်။သူမအနောက်ရှိ လူက မလှုပ်တော့သည့်လူတစ်ယောက်အား ကျောပိုးထား၏။ အော်ခယ့်လန် ဖြစ်မည်။
လူတစ်စုဟာ အော်ဟွားနှင့် အော်ခယ့်လန် ကားထဲဝင်နိုင်ရေးအတွက် မိုးနှင့်ရွံ့တွေကြားထဲ သွားလာနေကြသည်။ထို့နောက်မှ သူတို့ဟာ လမ်းဘေးတွင်ရပ်ထားသော ကားအနက်တွေထဲသို့ ခပ်သွက်သွက်လျှောက်သွားပြီး ခဏအကြာထွက်ခွာသွားခဲ့ကြ၏။
အော်ခယ့်လန် မသေလောက်ပေမယ့် သေချာပေါက်တော့ ဒဏ်ရာရလိမ့်မည်ပင်။ သူမဟာ မျောက်ကို ခြောက်ရန်ရည်ရွယ်ချက်ဖြင့် ဟာနာဆာကီ၏ မျက်နှာကို ခြစ်ချလိုက်သော်လည်း အခွင့်အရေးပြန်ရမည့်အစား အမေဖြစ်သူက သူမအတွက် မိုးရေထဲ ဒူးထောက်အသနားခံရအောင်သာ လုပ်လိုက်မိလေသည်။သူမ၏ မျက်နှာအလုံးစုံ ဆုံးရှုံးရသည်ဟုပြောလို့ရ၏။ထိုကဲသို့ ပြင်းထန်သော ပြစ်ဒဏ်နှင့်ဆိုလျှင် ယခုအချိန်မှစ၍ ကျင်ချန်ယွီထံမှ ဘာမဆိုရနိုင်ဖို့နေနေသာသာကျွန်းမှာပုံမှန်အတိုင်း လျှောက်သွားလျှင်တောင် ဤမျှ မာနဝင့်ရဲမှာမဟုတ်တော့ပေ။
ထိုညက ကျွန်တော်ဟာ အထက်တန်းကျောင်းရှိ ဆေးပေးခန်းအကြောင်း အိပ်မက်မက်ခဲ့သည်။
နွေဦးမှာ ဓာတ်မတည့်မှု အဖြစ်ပွားဆုံးပင်။ ကျွန်တော်တစ်နေကုန် Mask တပ်ထားသော်လည်း များပြားလှသည့် ဝတ်မှုန်၏ တိုက်ခိုက်မှုကို မတားနိုင်ခဲ့။ကျွန်တော့်နှာခေါင်း အရမ်းပိတ်လာ၍ သည်းမခံနိုင်တော့တာကြောင့် ဒေါက်တာ၏ ရုံးခန်းကို ဓာတ်မတည့်ဆေးယူဖို့ ရောက်လာခဲ့သည်။
ကျွန်တော် တံခါးဖွင့် ဝင်လာချိန်၌ အထဲမှာ ဘာသံမှ မကြားရပဲ တိတ်ဆိတ်နေ၏။ ကျန်းမာရေးဆရာကိုလည်း မတွေ့ရချေ။
ဆေးရုံကုတင်ပေါ်မှာပဲ လိုက်ကာကို ဆွဲချထားတာမို့ ဆရာနားနေသည်ဟု ကျွန်တော် ထင်လိုက်မိတာကြောင့် ကျွန်တော်သတိထားပြီး အော်ပြောလိုက်၏ " ဆရာ အဲ့ဒီမှာ တစ်ယောက်ယောက်ရှိလား ? "
" ရှိတယ် " ထိုအခိုက်မှာပင် လိုက်ကာ ပွင့်လာခဲ့၏။ ရန်ချင်းကျွမ်းဟာ ခေါင်းအုံးပေါ် လက်တစ်ဖက်တင်၍ ကုတင်ပေါ်မှာလှဲနေခဲ့ပြီး မျက်နှာကလဲ အိပ်ချင်မူးတူးရုပ်ဖြစ်နေသည်။
ကျွန်တော် maskဖြုတ်လိုက်၍ အံ့ဩဘနန်းနှင့် လိုက်ကာကို ပိုဆွဲဖွင့်လိုက်သည် : " မင်းက ဘာလို့ ဒီရောက်နေတာလဲ ? "
" သွေးတွင်းသကြားဓာတ်နည်းလို့ "
လူလိမ်...
ကျွန်တော့်အမူအရာက သိသာနေ၍လား ၊ ရန်ချင်းကျွမ်းက မျက်ခုံးတွေပင့်ကာ ဆိုလာ၏ :
" တကယ် ၊ ငါ မနက်စာမစားခဲ့ရဘူး "
" ဘာလို့ မစားတာလဲ ? "
" အရမ်းနောက်ကျနေလို့လေ။ ဒါကြောင့် ကုတင်ပေါ်မှာ နေနေတာ " သူက ဖုံးကွယ်ဖို့ တစ်စုံတစ်ရာပင် မလုပ်ပဲ ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလာသည်။
သူဒီလိုလုပ်တာ မကောင်းဘူးဟု တွေးမိတာကြောင့် ကျွန်တော် သူ့ကို အကြံပေးလိုက်သည် : " တစ်နေ့တာရဲ့ အကောင်းဆုံးက မနက်ခင်းပဲ။မနက်ခင်း အစားအစာကလဲ အရေးအကြီးဆုံး။ ဒါက မင်းကျန်းမာရေးအတွက် မကောင်းဘူးနော် "
ရန်ချင်းကျွမ်းက နားစွင့်လာပြီး ကျွန်တော့်ကို ရယ်ချင်နေသည့်နှယ် : " မင်းကဘာလို့ ငါ့အဖွားနဲ့တူနေရတာလဲ ? ဒီကိုဘာလာလုပ်တာလဲ ? "
ကျွန်တော် Maskပြန်တပ်၍ ပိတ်လုပိတ်ခင်နှာခေါင်းနှင့် လေတစ်ချက်ရှုကာ ပြောလိုက်မိသည်။ " ငါက ဝတ်မှုန်နဲ့ ဓာတ်မတည့်ဘူးလေ။နှာခေါင်း ပိတ်နေလို့ ဓာတ်မတည့်ဆေးယူဖို့ လာခဲ့တာ "
" အို့ ကျန်းမာရေးဆရာက အခုပဲအပြင်ထွက်သွားတယ်။ သူဘယ်အချိန်ပြန်လာမလဲ ငါမသိဘူး " သူဘေးတိုးပေး၍ သူနံဘေးရှိ အိပ်ရာကို ပုတ်ပြကာ စနောက်လိုစွာ ဆိုလာသည်။ " မင်းလာပြီးစောင့်ရင်ရောဘယ်လိုလဲ ? ငါမင်းကို အိပ်ရာတစ်ဝက်မျှပေးမယ် "
ကျွန်တော် ကုတင်ပေါ်ရှိ လွတ်နေသော နေရာအား ခဏမျှ စိုက်ကြည့်မိရင်း နောက်ဆုံး ခေါင်းယမ်းပြကာ ပြောလိုက်၏။ " ဟင့်အင်း၊ ငါ နောက်အတန်းချိန်ကျ ပြန်လာခဲ့မယ် "
ထိုသို့ပြောပြီးနောက် နောက်ကနေ သူ ကျွန်တော့်နာမည်ကို ဘယ်လိုပဲခေါ်နေပါစေ နောက်ပြန်လှည့်မကြည့်ဘဲ ထွက်လာခဲ့မိသည်။ ရလဒ်ကတော့ နှာခေါင်းပိတ်နေပြီး mask တပ်ထားခြင်းက မွန်းလာစေကာ ခြေလှမ်းအနည်းငယ်လျှောက်ပြီးနောက် ကျွန်တော် အသက်စရှုရတော့၏။ ကျွန်တော် နံရံကို ကိုင်၍ Maskကိုဆွဲချကာ နှလုံးခုန်သံတွေ ပုံမှန်မဖြစ်မချင်း အကြာကြီး နားနေခဲ့မိပါသည်။
နေ့လည်စာစားချိန်အတွင်း ကျွန်တော် ကျောင်းဆေးခန်းကို ထပ်သွားခဲ့ရာ ရန်ချင်းကျွမ်း မရှိတော့ပေ။ ကျန်းမာရေးဆရာက ကျွန်တော့်ကို ဓာတ်မတည့်ပျောက်ဆေးဝါး ပေးခဲ့သည်။ မွန်းလွဲချိန်ရောက်သော် ကျွန်တော့်နှာခေါင်းက လုံးဝ မပျောက်သေးသော်ငြား မပိတ်တော့ပါချေ။
_
ရုတ်တရက် မျက်လုံးဖွင့်လိုက်သောအခါ ကျွန်တော့်နားထဲတွင် ပြတင်းပေါက် ၊ မြေကြီးနှင့် တံစက်မြိတ်တွေကို ထိခတ်နေသော မိုးသံနှင့် ပြည့်နှက်သွား၏။ အခန်းက မှောင်မည်းနေသော်လည်း အိပ်ရာထဲမှ တခြားလူ၏ ပုံရိပ်ကိုတော့ရေးတေးတေးမြင်နေရသေးသည်။
ရန်ချင်းကျွမ်းက ကျွန်တော့်ကို ကျောပေးထားပြီး သူ့ခါးမှာ စောင်အစွန်းကို တင်ရုံတင်ထားကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေ၏။
လွန်ခဲ့သောအခိုက်အတန့်ကပင် ကျွန်တော်ဟာ အထက်တန်းကျောင်း ဆေးပေးခန်းမှာပဲရှိသေးသည်။ ကျွန်တော်အနည်းငယ် ခေါင်းရှုပ်သွား၍ အသိစိတ်ပြန်ဝင်လာဖို့ အချိန်ခဏယူလိုက်ရ၏။
နှစ်တွေအများကြီး ကြာလွန်ခဲ့ပြီကိုး။ အလှည့်အပြောင်းတွေ ပြီးသည့်နောက် ကျွန်တော်တို့တွေ ကုတင်တစ်ခုတည်းအိပ်ကြရလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ ?
လက်မောင်းကို ဆန့်တန်းလျက် လက်ဖျားများက ရန်ချင်းကျွမ်းနှင့် ထိလုထိခင်လေးမှာ တုံ့ဆိုင်းစွာရပ်သွားရသည်။ ပြီးမှပြန်လှည့်ပြီး စောင်ပေါ်ကို ဆင်းသက်သွား၏။
ကျွန်တော် ဖြည်းဖြည်းချင်းရွှေ့သွား၍ ရန်ချင်းကျွမ်းကို စောင်ပိုခြုံ ပေးလိုက်သည်။ပြီးမှ ခေါင်းကို ခေါင်းအုံးပေါ်တင်ပြီးအေးအေးချမ်းချမ်းနှင့် မျက်လုံးတွေပြန်မှိတ်လိုက်၏။
တစ်ညလုံး မိုးရွာခဲ့ပြီး မနက်ခင်းအစောပိုင်းမှာ တိတ်သွားတာပင်။ထိုနေ့က ရန်ချင်းကျွမ်းသည် မနက်အစောကြီး ထွက်သွားပြီး ကျွန်တော်နှင့် ညစာပင်မစားခဲ့ပေ။
နေ့လယ်စာစားပြီးနောက် ဆာကီက ကျွန်တော့်ကိုလာတွေ့၏။ သူမမျက်နှာမှာ သိသိသာသာ ပတ်တီးစနှင့်အုပ်ထားသည့်တိုင် သူမအမူအရာကတော့ အလွန်အေးဆေးနေကာ တစ်ခုခုဖြစ်ခဲ့တာမျိုးနှင့် လုံးဝမတူပါ။
" ဒေါက်တာက အမာရွတ်မကျန်ခဲ့ဘူးလို့ပြောတာပဲ။အမာရွတ်ရေးရေးလောက်ပဲကျန်ရင်လဲ များသောအားဖြင့်ပေါင်ဒါနဲ့ဖုံးလို့ရပါတယ်။ " သူမက ပတ်တီးစကို ထိ၍ ဒေါသဖြစ်ဖြစ်နှင့်ဆို၏။
" ငါက ကာစီနိုကို ဓာတ်ပုံရိုက်ချင်ရုံလေးပါ။အဲ့မိန်းမမြင်သွားတော့ မောက်မောက်မာမာနဲ့ရောက်လာတာပဲ။ငါ့ဖုန်းကို လုပြီး ဓာတ်ပုံတွေဖျက်ရုံတင်မကဘူး ၊ စာမဖတ်တတ်တဲ့ ဝက်ရူးမလို့လဲခေါ်သေးတယ်။ ငါလည်း အရမ်းဒေါသထွက်သွားတာနဲ့ သူမနဲ့ အချင်းများခဲ့တာ သူမက တကယ်ကြီး ငါ့ကို ပုလင်းကွဲနဲ့ ခြစ်ပစ်ပြီး ငါ ကာစီနိုထဲကနေတောင် ကန်ထုတ်ခံလိုက်ရပါဆို "
" ကံကောင်းလို့ ကျင်လူကြီးမင်းနဲ့ သူ့သားက အရမ်းချင့်ချိန်တတ်တယ်။ မနေ့က ဒီမှာ အဲ့မိန်းမကို ချုပ်ထားပြီး ငါ့အလိုရှိတဲ့အတိုင်း လုပ်ခွင့်ပေးခဲ့တယ်။ ငါလည်း ပုလင်းကွဲနဲ့ သူခြေတွေလက်တွေကို ခြစ်ပစ်လိုက်ပြီး ဆံပင်ညှပ်ပေးလိုက်တယ်။ငါသူမကို အကြိမ်ပေါင်းများစွာ ပါးရိုက်တော့ သူမက ငါ့ကိုစားပစ်ချင်သလိုကြီး ကြည့်လာခဲ့တာပဲ။ငါလည်း သူငါ့ကို အဲ့လိုလာကြည့်ရင် မျက်လုံးတွေဖောက်ထုတ်ပစ်မယ်လို့ပြောလိုက်တာ ၊ နောက်တော့ သူမ ကြောက်အားလန့်အားနဲ့ ထပ်မလုပ်ရဲတော့ဘူးဆိုပြီး ဆက်တိုက်တောင်းပန်တော့တာပဲ။ သူမက ကျင်လူကြီးမင်းရဲ့သမီးဆိုတာတောင် ပြောပြီိးငါ့ကိုလွှတ်ပေးဖို့တောင်းဆိုခဲ့တာ "
" မိန်းမငယ်တစ်ယောက်ကို နှိပ်စက်နိုင်နေမှတော့ ငါက ဘာလို့ သူ့ကို လွှတ်ပေးရမှာလဲ ? "
ထိုအခိုက်ဝယ် သူမဟာ သွေးဆူပြီး အလွန်စိတ်လှုပ်ရှားနေသကဲ့သို့ မျက်နှာထက်မှာ ထူးဆန်းသော အကြည့်တစ်ချက်ပေါ်လာခဲ့၏။ အလွန့်အလွန် ပျော်ရွှင်မှုအတွက် အလွန်စိတ်ကျေနပ်နေသည့်နှယ်။
သေချာသလောက်ပင် ၊ ဆာကာမိုတိုဘေးမှာ နေနိုင်သောလူတစ်ယောက်ဟာ ထိန်းချုပ်တတ်သည့်ဆင်ခြင်တုံတရားရှိသော သာမန်လူတစ်ယောက် မဖြစ်နိုင်ပေ။
ဆာကီ၏ အမြင်၌ အကြမ်းဖက်၍ လက်တုံ့ပြန်ခြင်းဟာ အရိုးရှင်းဆုံးနှင့် အသိသာဆုံးလုပ်ရပ်သာ။ သူမ၏ ကမ္ဘာ၌လုပ်ပိုင်ခွင့်သည်သာ စည်းမျဉ်းဖြစ်ပြီး ပိုက်ဆံက အရာအားလုံးကို ဝယ်ယူနိုင်၏။
မဟုတ် ၊ သူမ တင်မဟုတ် ၊ကျွန်းပေါ်ရှိ လူတိုင်းဖြစ်သည်။ သည်မှာ ဥပဒေဆိုတာမရှိ ၊ ကြောက်စရာအတန်းစားများသာရှိသည်။ ကျင်ဖေးရှန်းက ကောင်းကင်ကို လက်တစ်ဖက်တည်းနှင့် အုပ်မိုးထားပြီး လူ့အသက်ဆိုတာက သူ့လက်ထဲမှ မပြောပလောက်စရာ အပေးအယူချစ်ပ်ပြားလေးတစ်ခုမျှသာ။ သူ့နောက်တွင် အရောင်အသွေးစုံလင်လှသည့် ချစ်ပ်တွေတောင်ပုံရာပုံရှိပြီး မျက်နှာတန်ဖိုးအလိုက် ခွဲကာ တချို့ကတန်ဖိုးကြီး၍ အချို့က စျေးသက်သာပါ၏။ သူက ဆက်တိုက်ထုတ်ယူလို့ရပြီး ရှုံးလျှင် လွှင့်ပစ် ၊ နိုင်လျှင် အနောက်သို့ ပို့ပစ်ကာ နောက်လောင်းကြေးတစ်ခုကို ဆက်သွားလို့ရသည်။
မျက်နှာတန်ဖိုးကြီးသော ချစ်ပ်ပြားများသည် ယာယီနှစ်သက်ခြင်းကို ရနိုင်သော်လည်း ယာယီမျှသာပင်။ စွန့်လွှတ်ရမည့်အချိန်ရောက်လာပါက သူဟာ တစ်ပါးသူတွေထက်ပင် ပို၍ပြတ်သားပြပါလိမ့်မည်။
" နင် ကြောက်နေတာပဲ " ဆာကီက စိတ်မချမ်းသာသလို ခေါင်းယိမ်း၍ ပဟေဠိဖြစ်သည့်အမူအရာနှင့်မေးလာ၏ : " ဘာလို့လဲ ? "
ဘာလို့လဲဆိုတော့ နင်က အခု အယူတိမ်းလူသတ်သမားကြီးနဲ့ တူနေလို့လေ.....
ဒါပေါ့ ကျွန်တော် ပြောမပြနိုင်သဖြင့် မိမိကိုယ်ကိုယ် ဆင်ခြေပေးရတော့သည် : " ငါက သွေးနည်းနည်းကြောက်တယ်... "
" နားထောင်ရုံလေးနဲ့ ကြောက်နေတာလား ? "
" အင်း "
" သွေးကြောင်လိုက်တာများ "
ထို့နောက် သူမက ကျွန်တော့် ကျောပြင်ကိုကြည့်၏။ ကောင်းကောင်းဖွံ့ဖြိုးနေပြီး ရက်အနည်းငယ်အတွင်း ပြန်ကောင်းတော့မည်မှန်း အတည်ပြုပြီးပါမှ ဆာကီဟာ ထထွက်သွားတော့သည်။
" ဆာကာမိုတိုလူကြီးမင်းက အလုပ်များတယ်။ ငါတို့ မနက်ဖြန်ပြန်ရမှာ။ နင့်ဒဏ်ရာ ကျက်တဲ့အခါ သူက ဓာတ်ပုံရိုက်ဖို့လူတစ်ယောက် လွှတ်ပေးလိမ့်မယ်။ ကျောပွတ်ပေးရဦးမယ်။ ဓာတ်ပုံရိုက်ပြီးတာနဲ့ နင်က သူ့အယ်ဘမ်ထဲက အဖွဲ့ဝင်အသစ်ဖြစ်သွားပြီ။ "
ကျွန်တော် တုံဏိဘာဝေသာ ခေါင်းညိတ်ပြ၍ သူမကို တံခါးဝလိုက်ပို့လိုက်၏။
လက်စသတ်တော့ ဒီကိစ္စမှာ အပြစ်ဖို့ခြင်းနှင့်အကြွေးတင်တာတွေ ရှိနေသည်ကိုး။ အော်ခယ့်လန်က ကျင်ဖေးရှန်းကိုမုန်းသည် ၊ ကျင်ချန်ယွီကိုမုန်းသည် ၊ ဆာကာမိုတိုနှင့် ဆာကီကိုလည်းမုန်းသည် ၊ ကျွန်တော့်ကိုတောင် မုန်းနေမလား မသိ။
သို့သော် အဓိပ္ပာယ်မရှိသည့်အရာတွေတချို့လဲရှိနေပြန်။အော်ခယ့်လန်၏ ဦးနှောက်ပတ်လမ်းက သာမန်လူတွေနှင့် မတူတာကြောင့် ကျူးကောလျန်*ပင်လျှင် သူမ၏ စည်းချက်အတိုင်း လိုက်မှီဖို့ ခက်ခဲမှာကို ကြောက်ရပါ၏။
( ကျူးကောလျန် (181-234) သုံးပြည်ထောင်ကာလအတွင်း ရှုဟန်၏ စစ်ခေါင်းဆောင်နှင့် ဝန်ကြီးချုပ်။နည်းပရိယာယ်အများကြီး ပိုင်ဆိုင်ထားတဲ့သူကိုဆိုလိုချင်တာပါ။ )
စင်္ကြံကို ဖြတ်သွားသော ထိုအကြည့် ၊ ကျွန်တော်က သည်တစ်ဖက် ၊ သူမက ဟိုတစ်ဖက်။ သူမကို ရှက်ရွံဖွယ်အနေအထားဖြင့် မြင်တွေ့လိုက်ရရုံနှင့် အနာဂတ်မှာ သူမ ကျွန်တော့်ကို ပြန်လက်စားချေဖို့ အကြောင်းပြချက်ဖြစ်လာလိမ့်မည်ဟုကျွန်တော် ဘယ်တုန်းကမှ မထင်ခဲ့မိပေ။
___________________________________________________________________________
『Zawgyi』
အခန္း ( ၂၉ ) : ငါမင္းကို အိပ္ရာတစ္ဝက္မၽွေပးမယ္။
※※※※※※※※※※※※※※※※※※※※
ဘာေတြေတြးေနတာလဲ ? ယေန႔သည္ ကၽြန္ေတာ့္၏ စိတ္ အလြတ္လပ္ဆုံးအခ်ိန္ ျဖစ္ေကာင္းျဖစ္နိုင္သည္။ကၽြန္ေတာ္ဟာ ရန္ခ်င္းကၽြမ္း၏ အမိန႔္အရ လိုက္ပါၿပီး လုံးဝမစဥ္းစားပဲ လွုပ္ရွားေနခဲ့တာပင္။ ရန္ခ်င္းကၽြမ္းက ဒီဆိုလိုရင္းကို ဘာလဲလို႔ေမးသည္ ? ကၽြန္ေတာ္ တစ္ခုခုမွားလုပ္မိလို႔လား ? မဟုတ္လၽွင္လဲ သူေမးခဲ့တာက ဒီအခ်ိန္မွာကၽြန္ေတာ္ေတြးေနတဲ့အရာမဟုတ္ပဲ ေက်ာျပင္က တက္တူးကိုျမင္ၿပီး နားမလည္နိုင္ေသးတဲ့ ခံစားခ်က္မ်ိဳးလား ?
" ငါက...."
ကၽြန္ေတာ္ မ်က္ႏွာတစ္ျခမ္းလွည့္လိုက္မိ၏။ မ်က္လုံးစြန္းမွသည္ ရန္ခ်င္းကၽြမ္းက ေဆးရည္ဘူးကို တစ္ဝက္ေျမႇာက္ထားဆဲမွန္းျမင္လိုက္ရသျဖင့္ အဝတ္ကို ျဖစ္သလို ေအာက္မခ်ဝံ့ေပ : " ....ေတာင္းပန္ပါတယ္ "
ဘာပဲျဖစ္ပါေစ မိမိအမွားကို အရင္ဝန္ခံရမည္။ အတိတ္တုန္းက အေမေဒါသထြက္ခ်ိန္တိုင္း ကၽြန္ေတာ့္အမွား ဟုတ္သည္ျဖစ္ေစ ၊ မဟုတ္သည္ျဖစ္ေစ ကၽြန္ေတာ္ဟာ မွားေၾကာင္းဝန္ခံၿပီး အသနားခံရသည္။ သို႔မွသာ သူမကစိတ္ေပ်ာ့သြားၿပီး ၾကမ္းၾကမ္းတမ္းတမ္းမရိုက္မွာပင္။
သို႔သည့္တိုင္ ရန္ခ်င္းကၽြမ္းကမူ အႀကိမ္တိုင္း ကၽြန္ေတာ္၏ အမွားဝန္ခံသည့္အက်င့္ကို ေက်နပ္ပုံမရ။
သူက ခဏမၽွတိတ္ေနၿပီးမွ ဆိုလာသည္ : " မင္း အျမဲတမ္း ေတာင္းပန္ပါတယ္ ' ပဲ ေျပာတတ္တာကို သတိေရာထားမိလား ? ဒီစကားသုံးလုံးက မင္း ေဆာင္ပုဒ္လိုမ်ိဴးပဲ။ မင္းရဲ့အဲ့ဒီအျပဳအမူကလဲ စိတ္ရွုပ္စရာေကာင္းမွန္း မင္းသိတယ္မလား ? အဲ့ဒါက ငါ့လက္စြပ္ကို လက္လြတ္စပယ္ကိုင္ၿပီးမွ အေလ်ာ္အစားအေနနဲ႔ ငါ့ကို ပိုေစ်းႀကီးတဲ့ လက္စြပ္ဝယ္ေပးခဲ့သလိုမ်ိဳး။ မင္းသိေနပါတယ္။ ဒါေပမယ့္ မင္းက မေျပာင္းလဲခ်င္႐ုံပဲ။ေရွ႕ေလၽွာက္လဲ မင္း ေတာင္းပန္ပါတယ္ေျပာဦးမွာ ဘာလို႔လဲဆိုေတာ့ မင္းရဲ့အက်င့္ဆိုးေတြကို ေျပာင္းဖို႔ အခ်ိန္ယူရတာထက္ ' ေတာင္းပန္ပါတယ္ ! လို႔ ေျပာရတာ ပိုလြယ္တာမို႔လို႔ေလ။ "
ကၽြန္ေတာ္ ေခါင္းငုံ႔၍ ေကာ္ေဇာက ဒီဇိုင္းေတြကို စိုက္ျပည့္ရင္း မေျဖပဲ အသံတိတ္နားေထာင္ေနမိသည္။
ေတာင္းပန္ပါတယ္ ' သည္ အမွန္တကယ္ အခ်ိန္ကုန္သက္သာၿပီး အားေခၽြတာေသာမႏၲန္ျဖစ္ေပမယ့္ ကၽြန္ေတာ္ ေျပာလိုက္တဲ့အခ်ိန္တိုင္း သူေျပာသလိုေတာ့ တိတိက်က်မဟုတ္ပါေခ်။
ကၽြန္ေတာ္ဟာ သူႏွင့္ ပဋိပကၡျဖစ္ၿပီး သူ စိတ္မခ်မ္းေျမ့မျဖစ္ေစခ်င္႐ုံသာျဖစ္ပါ၏။သူ ေဒါသထြက္လၽွင္ကၽြန္ေတာ္က ေတာင္းပန္ရလိမ့္မည္။ သူ ကၽြန္ေတာ့္ႏွင့္ သေဘာမတူတဲ့အပိုင္းေတြအပါအဝင္ ႁခြင္းခ်က္မရွိသေဘာတူေပးမွာပင္။
သူက ကၽြန္ေတာ္ အျမဲတမ္းေတာင္းပန္ပါတယ္ေျပာျခင္းမွာ သူ ကၽြန္ေတာ့္ကို အျမဲတမ္း ေဒါသထြက္ေနလို႔ဟု ထင္ေန၏။ ကၽြန္ေတာ္ ဘာေျပာေျပာ ၊ ဘာလုပ္လုပ္ သူက မုန္းေပသည္။
ယခုလိုပင္။ သူ႔ကို ခက္ခက္ထန္ထန္ စကားေျပာလာေအာင္ စိတ္အေႏွာင့္အယွက္ျဖစ္ေစသည္က စကားတစ္ခြန္းေၾကာင့္လား ၊ အၾကည့္တစ္ခ်က္ေၾကာင့္လားပင္ ကၽြန္ေတာ္ မသိေနေပ။
ခႏၶာကိုယ္က နည္းနည္းခ်င္းေအးစက္လာခဲ့ၿပီး အခန္းကလဲ တိတ္ဆိတ္ေနကာ ဘယ္သူကမွ စကားမဆိုလာေတာ့။
ခဏအၾကာ ရန္ခ်င္းကၽြမ္းက ကၽြန္ေတာ့္အဝတ္ေတြကို ဆြဲခ်ၿပီး အေပၚစီးကေန လက္ေမာင္းတြင္းသို႔ ေဆးပုလင္းကို ပစ္ခ်ေပး၏။
" ျဖန္းၿပီးၿပီမို႔ ဒီေဆးကို မင္းဘာသာသိမ္းထားလို႔ရတယ္ "
ကၽြန္ေတာ္ အလ်င္အျမန္ဖမ္းလိုက္ရၿပီး သူ႔ကိုေမာ့ၾကည့္လိုက္ေသာအခါ သူဟာ တံခါးဆီသို႔ ဦးတည္ေနတာကို ေတြ႕လိုက္ရလၽွင္ ထရပ္ၿပီး သူ႔ေနာက္မွ လိုက္ပါလာ၏။
" မင္း ျမန္ျမန္ႀကီး ထြက္သြားေတာ့မလို႔လား ? "
ရန္ခ်င္းကၽြမ္းဟာ တံခါးကိုဖြင့္၍ တစ္ခြန္းတစ္ပါဒမၽွမဆိုပဲ ေလၽွာက္သြားေတာ့သည္။
ကၽြန္ေတာ္တို႔ ယာယီဧည့္သည္ခန္းဟာ စႀကႍ၏အဆုံးတြင္ရွိသည္။ အျပင္ဘက္တြင္ ေျပာင္လက္ေနသည့္ ျပတင္းေပါက္ေတြရွိေသာ ရွည္လ်ား ေျဖာင့္တန္းေသာ စႀကႍႀကီးျဖစ္ၿပီး တျခားတစ္ဖက္မွာေတာ့ အမည္မသိအခန္းမ်ားရွိသည္။
ရန္ခ်င္းကၽြမ္းက လမ္းေလၽွာက္တာ မျမန္သလို ေႏွးလဲ မေႏွးေခ်။ ဆည္းဆာေနေရာင္က ျပတင္းေပါက္မွ ျဖတ္၍ သူ႔၏ ရွည္လ်ားေသာကိုယ္ထည္ေပၚသို႔ ျဖာက်ေန၏။ သူ႔ခႏၶာကိုယ္တစ္ဝက္ကို ေႏြးေထြးေသာ လိေမၼာ္နီေရာင္တို႔ျဖင့္ ျခယ္မွုန္းထားစဥ္ ေနမေရာက္နိုင္ေသာ က်န္တစ္ဝက္ကေတာ့ မွိုင္းပ်ပ်ပင္။
သူဟာ အလင္းႏွင့္ အေမွာင္ၾကားမွာ လမ္းေလၽွာက္ေနခဲ့သည္။ မယိမ္းယိုင္ေသာ ေျခလွမ္း ၊ ေျဖာင့္တန္းေသာ ကိုယ္ဟန္ႏွင့္ မကိုင္းညႊတ္နိုင္ေသာ ထင္းရွူးေက်ာက္ပန္းပင္ပမာ။
ကၽြန္ေတာ္ တံခါးကိုကိုင္၍ သူ႔ေက်ာျပင္ကို အၾကာႀကီးၾကည့္ေနခဲ့မိ၏။ လမ္းတစ္ဝက္ေလာက္၌ သူကတစ္စုံတစ္ရာ အမွတ္ရသြားသလို ႐ုတ္တရက္ႀကီးရပ္၍ ကၽြန္ေတာ့္ကို လွည့္ၾကည့္လာခဲ့သည္။
ကၽြန္ေတာ့္မွာ တံခါးပိတ္ခ်ိန္မရလိုက္တာေၾကာင့္ အငိုက္မိသြားရ၏။ နည္းနည္းေတာ့ ရွက္သြားေပမယ့္ ေက်ာကိုအသာဆန႔္ကာ အၾကည့္မလႊဲလိုက္မိပါ။
သူက ကၽြန္ေတာ့္ကို နားမလည္သည့္ အမူအရာမ်ိဴးႏွင့္ အခ်ိန္အေတာ္ၾကာ ၾကည့္ေနခဲ့သည္။ ကၽြန္ေတာ့္ကို အၾကည့္မလႊဲနိုင္ေစေၾကာင္း သိသြားပါမွ လႊတ္ေပးလိုက္ပါ၏။
သူက အေရွ႕ကို ဆက္ေလၽွာက္သြားၿပီး ကၽြန္ေတာ္ကလဲ သူ ေထာင့္ခ်ိဳးကို ေကြ႕သြားတဲ့အထိ ၾကည့္ေနခဲ့မိသည္။ သူ႔ကို ထပ္မျမင္ရေတာ့ပါမွ ကၽြန္ေတာ္ တံခါးပိတ္၍ အခန္းထဲ ျပန္ဝင္လာခဲ့၏။
ဧည့္သည္ခန္း၏ ျပတင္းေပါက္ႀကီးမွ ငုံ႔ၾကည့္လၽွင္ တံခါးဝကို ျမင္နိုင္သည္။ ေအာ္ခယ့္လန္၏ ကိစၥေၾကာင့္လား ၊ ပုံမွန္အတိုင္းေပလားမသိ ယေန႔ ေန႔လည္ခင္းက အင္မတန္ အသက္ဝင္ေန၏။ကၽြန္ေတာ္ ျပတင္းေပါက္ေဘးမွာ လက္ဖက္ရည္ႏွစ္ခြက္ေသာက္ခဲ့ၿပီး နာရီဝက္ေလာက္ မတ္တပ္ရပ္ေနခဲ့မိလၽွင္ လူအုပ္စု သုံးစု ဝင္လိုက္ထြက္လိုက္လုပ္ေနတာကို ကၽြန္ေတာ္ ေတြ႕ခဲ့ရ၏။
လက္ဖက္ရည္ အမ်ားအျပားေသာက္မိ၍ ကၽြန္ေတာ္ လွည့္ကာ သန႔္စင္ခန္းသို႔သြားမည္အျပဳ ၊ တစ္စုံတစ္ရာ က်ိဳးပဲ့သံလို အသံက်ယ္ႀကီးတစ္ခုကို ၾကားလိုက္ရသည္။ ကၽြန္ေတာ္ ေဘာင္းဘီကို ေကာက္၍ ျပတင္းေပါက္သို႔ ေျပးၾကည့္မိ၏။ ေအာက္ထပ္၏ညာဘက္လွမ္းလွမ္း ျမက္ခင္းျပင္တြင္ အငယ္စား ေရႊျခေသၤ့တစ္ေကာင္က မွန္ကြဲစေတြဝန္းရံလ်က္ လွဲေနတာကို ကၽြန္ေတာ္ ေတြ႕လိုက္ရတာပင္။
ကင္းလွည့္သမားေတြက အသံၾကား၍ ေရာက္လာ၏။ သူက ေမာ့ၿပီး အေပၚထပ္ကို ၾကည့္လိုက္သည္။ သူ ဘာျမင္သြားသလဲ ၊ ဘာၾကားသြားလဲေတာ့ မသိ၊ အခိုက္အတန႔္တစ္ခုေလာက္ အခ်င္းခ်င္းၾကည့္ေနၾကၿပီးမွ ေနာက္ဆုံးသန႔္ရွင္းဖို႔ တစ္စုံတစ္ေယာက္ကို ေခၚလိုက္ေလသည္။
သိခ်င္စိတ္ႏွင့္ ကၽြန္ေတာ္ ညာဘက္လွမ္းလွမ္းသို႔ေလၽွာက္သြားကာ ျပတင္းေပါက္ကို အသာဖြင့္လိုက္လၽွင္အႀကိတ္အနယ္ရန္ျဖစ္ေနေသာ အသံေတြက ႐ုတ္ျခည္းတိုးဝင္လာ၏။ ဆူညံသံေတြက ဘာမွန္း ေသေသခ်ာခ်ာမၾကားရေသာ္လည္း ရန္ခ်င္းကၽြမ္းေျပာသည့္အတိုင္း တစ္စုံတစ္ရာေတာ့ ျဖစ္ေနပုံရသည္။
ရန္ခ်င္းကၽြမ္းဟာ ဉာဉ့္နက္မွ ျပန္လာခဲ့သည္။ သူ ျပန္လာခ်ိန္၌ ကၽြန္ေတာ္ဟာ အိပ္ရာေဘးက မီးအိမ္တစ္လုံးႏွင့္ အိပ္ေပ်ာ္ေနႏွင့္ၿပီပင္။
ဘာပဲျဖစ္ျဖစ္ ဒါက အေတာ္ေလးကၽြမ္းဝင္သည့္ ပတ္ဝန္းက်င္သာ။ သူ အခန္းထဲဝင္လာခ်ိန္၌ လွုပ္ရွားသံၾကားရေသာအခါ ကၽြန္ေတာ္ ခပ္ဝါးဝါးနိုးလာခဲ့ေသးသည္။၎ေနာက္ သူ႔ကို ေဝေဝဝါးဝါျမင္လိုက္ရၿပီး မ်က္လုံးေတြမွိတ္ကာ ျပန္အိပ္ေပ်ာ္သြားခဲ့၏။
ဤအေတာအတြင္း ကၽြန္ေတာ္ဟာ ေကာင္းေကာင္းအိပ္မေပ်ာ္ပဲ အိပ္တစ္ဝက္နိုးတစ္ဝက္ျဖစ္ေနခဲ့သည္။ သူ ေရခ်ိဴးၿပီး၍ အိပ္ရာေပၚလွဲခ်လာၿပီး မီးအိမ္ကို ပိတ္လိုက္ခ်ိန္မွ ကၽြန္ေတာ္လဲ စိတ္ခ်လက္ခ်ႏွင့္ ျပန္လည္အိပ္ေပ်ာ္သြားခဲ့တာပင္။
ေနာက္တစ္ေန႔ ကၽြန္ေတာ္ နိုးလာေသာအခါ ကၽြန္ေတာ္ဟာ ရန္ခ်င္းကၽြမ္းရင္ခြင္ထဲကို ထပ္ေရာက္ေနၿပီးသူ႔ကို တင္းတင္းဆုပ္ကိုင္ထားျပန္၏။
ရန္ခ်င္းကၽြမ္းဟာ မ်က္ေမွာင္ၾကဳတ္၍ အိပ္ေနစဥ္အတြင္းပင္ မ်က္ႏွာမျပေပးေပ။ သူ႔ၾကည့္ရတာ အိပ္ေရးအလြန္ဆိုးဝါးဟန္တူ၏။
အရင္တစ္ေခါက္ အေတြ႕အၾကဳံၿပီးေနာက္ ကၽြန္ေတာ္ အတင္းကာေရာ မျပဳမူေတာ့ေပ။ နိုးလာမည့္အရိပ္အေယာင္ႏွယ္ ရန္ခ်င္းကၽြမ္း၏ မ်က္ခြံေတြ လွုပ္လာၿပီဟု ခံစားရမွ ကၽြန္ေတာ္ မ်က္လုံးကို အျမန္မွိတ္ကာ အိပ္ခ်င္ေယာင္ေဆာင္လိုက္သည္။
ရန္ခ်င္းကၽြမ္း၏ အသက္ရွုႏွုန္း အေျပာင္းအလဲမွတဆင့္ သူနိုးလာၿပီး ကၽြန္ေတာ္တို႔၏လက္ရွိအေနအထားအတြက္ နည္းနည္းပူပန္သြားမည္မွန္း ခံစားလို႔ရပါသည္။
ကၽြန္ေတာ့္လက္ကို ဖြင့္၍ ေျခေထာက္ကို ခ်လိုက္၏။ကၽြန္ေတာ့္ကို ေဘးသို႔ အၾကမ္းပတမ္းတြန္းပစ္ၿပီး သူႏွင့္ ေဝးေဝးေနရန္ ေျပာမည္ဟု ထင္ခဲ့ေသာ္လည္း သူက ဒီအတိုင္း ေစာင္ကိုသာ မ,ကာ အိပ္ရာထဲမွထြက္လိုက္ေလသည္။
ကၽြန္ေတာ္ တိတ္တိတ္ေလး မ်က္လုံးဖြင့္၍ မ်က္ႏွာတစ္ဝက္ကို ႏူးညံ့သည့္ေစာင္အတြင္း ျမႇုပ္ထားလိုက္သည္။ ရန္ခ်င္းကၽြမ္းသည္ အိပ္ရာေဘးမွာရပ္၍ ကၽြန္ေတာ္က အိပ္ေနတုန္းမို႔ သူ ပူပန္စရာမလိုဟု ေတြးေနဟန္တူ၏။သူက လက္ေတြကိုယွက္၍ Pajamas အျဖစ္ဝတ္ထားေသာ တီရွပ္ကို ေသေသသပ္သပ္ပင္ ခၽြတ္ကာ က်ယ္ျပန႔္သန္မာေသာ ေက်ာျပင္ကို လွစ္ဟျပလာခဲ့သည္။
သူ႔ေက်ာျပင္တြင္ ဒဏ္ရာေဟာင္းေျမာက္ျမားစြာရွိသည္။ အမာရြတ္တို႔၏ မ်ိဳးစုံေသာ အတိမ္အနက္က ေခ်ာေမြ႕ေသာ ႂကြက္သားေၾကာင္းမ်ားေပၚတြင္ တည္ရွိေနလ်က္။ ၎တို႔က အက်ဥ္းတန္မသြားပါဘဲ " ၾကမ္းၾကဳတ္သည့္ " အလွတရားျဖစ္လာသည္။
ကၽြန္ေတာ္ ေက်ာရွိ တက္တူးက အႏုပညာလက္ရာဆိုလၽွင္ ရန္ခ်င္းကၽြမ္း၏ ေက်ာက အမာရြတ္ေတြသည္လည္း အႏုပညာလက္ရာပင္။ အေရွ႕တစ္ခုက စိတ္ကူးယဥ္သက္သက္ျဖစ္ၿပီး အေနာက္တစ္ခုက ဘဝဇာတ္ေၾကာင္းအျပည့္ ျဖစ္ေန႐ုံသာ။
ရန္ခ်င္းကၽြမ္းက အကၤ်ီလဲၿပီး ေရခ်ိဴးခန္းထဲ ဝင္သြား၏။ သူ ျပန္ထြက္လာေသာအခါ ကၽြန္ေတာ္လဲ စတင္ ဟန္ေဆာင္ရေတာ့သည္။
ကၽြန္ေတာ္တို႔ မနက္စာအတူစားရင္း ဆာကီအေၾကာင္းေမးျမန္းမိသည္။ သူက ဘာမွမဆိုပါဘဲ စိတ္မပူဖို႔သာေျပာလာပါ၏။
သူ စားၿပီးခါနီးအခ်ိန္၌ ဖုန္းတစ္ေကာလ္ဝင္လာ၏။ ေခၚဆိုသူကို တစ္ခ်က္ၾကည့္ၿပီးေသာ္ သူက ဇြန္းကို အျမန္ခ်ကာဖုန္းေျဖဖို႔ ျပတင္းေပါက္ထံ ေလၽွာက္သြားခဲ့သည္။
" အစ္မဟြား...ကၽြန္ေတာ္သိတယ္ ၊ ကၽြန္ေတာ္အေကာင္းဆုံးႀကိဳးစားမွာပါ ..."
" ဒီလိုလုပ္စရာမလိုပါဘူး.... က်င္လူႀကီးမင္းကလဲ ကၽြန္ေတာ္ေျပာတာ နားမဝင္ေလာက္ဘူး... "
ဖုန္းေကာလ္က ဆယ္မိနစ္ခန႔္ၾကာ၏။ သူ ထမင္းစားပြဲသို႔ျပန္လာေသာအခါ ရန္ခ်င္းကၽြမ္းဟာ စားခ်င္စိတ္မရွိေတာ့ေပ။ သူက ခြက္ထဲက လက္က်န္ေဖ်ာ္ရည္ကိုေသာက္ၿပီး ထထြက္ဖို႔ မတ္တပ္ရပ္လိုက္၏။
ကၽြန္ေတာ္ဟာ လက္ထဲရွိ ၾကက္ဥ၏ ေနာက္ဆုံး ၾကက္ဥခြံေလးကို ခြာလိုက္ၿပီး တသၽွဴးႏွင့္ ပတ္လိုက္သည္။ ၿပီးလၽွင္ သူ႔ေနာက္လိုက္သြားၿပီး တားကာ မေန႔ကအတိုင္း သူ႔လက္ထဲ ၾကက္ဥေလးထည့္ေပးလိုက္၏။
သို႔တိုင္ ယေန႔တြင္ေတာ့ သူက အသားက်သြားပုံရကာ ၾကက္ဥကိုယူ၍ လွည့္ထြက္သြားေတာ့သည္။
ထိုေန႔မွာ ဆာကီ ေရာက္မလာပါ။ ရာသီဥတုကလဲ သိပ္မေကာင္းပါဘဲ မြန္းလြဲခ်ိန္အထိ ေလထန္ေနဆဲ။
တိမ္ေတြက ထူသထက္ထူလာ၍ အရွိန္ယူစျပဳလာသည္။ ႐ုတ္တရက္ႀကီး မိုးႀကိဳးႏွင့္လၽွပ္စီးတို႔အဆက္လိုက္ တဂ်ိန္းဂ်ိန္းျမည္လာၿပီိးေနာက္ စတင္မိုးရြာလာပါေတာ့သည္။
မိုးက အလြန္သည္းထန္ၿပီး တစ္ေယာက္ေယာက္က ေကာင္းကင္ကို သြားေဖာက္လိုက္သည့္အတိုင္း ယုတၱိလဲ မတန္လွေပ။ ေရစီးႏွုန္းကအရမ္းျမန္ၿပီး ျမဴကလဲ ထူေန၏။
သည္မိုးက ေကာငးလြန္းတာေၾကာင့္ Celloေလ့က်င့္ပါက ရသအေတာ္ေျမာက္မည္ဟူ၍ပင္ ကၽြန္ေတာ္ ေတြးမိလိုက္ေသးသည္။
ထိုစဥ္ အျပင္ဘက္မွ အိမ္ေတာ္ထိန္းဖုန္းက တံခါးလာေခါက္ကာ က်င္ယြမ္ေပါင္ကိုေခၚလာခဲ့သည္။
အခ်င္းခ်င္း ႏွစ္ရက္ေလာက္မေတြ႕ခဲ့ရ၍ သူ တကယ္ကၽြန္ေတာ့္ကို လြမ္းေနသည္မို႔ မုန႔္ျခင္းတစ္ျခင္းႏွင့္ လာလည္မွန္း ကၽြန္ေတာ္သိပါ၏။
ကၽြန္ေတာ္ ကို႔ရို႔ကာယားႏွင့္ သူႏွင့္ မ်က္ႏွာခ်င္းဆိုင္ဝင္ထိုင္ၿပီး ေျခေထာက္ေတြကို စားပြဲႏွင့္ကာထားရသည္။ အထူးသျဖင့္ ကၽြန္ေတာ္ ဘာေၾကာင့္ ေဘာင္းဘီမဝတ္သလဲ သူ ေမးလာမွာ ေၾကာက္မိ၍ပင္။
ကံေကာင္းစြာႏွင့္ သူကဘာမွမေမးလာပါ။ ဒီလိုဝတ္စားထားတာက ဘာမွ မွားယြင္းမေနသကဲ့သို႔ သူ႔မ်က္လုံးထဲတြင္ ဆန္းျပားသည့္ဝတ္စားဆင္ယင္မွုဟု မွတ္ယူထားပုံမရေပ။
" ဆရာ ဒါက ဆရာ့အတြက္။ မၾကာခင္ ျပန္ေကာင္းလာပါေစ " သခင္ငယ္ေလးက လက္ထဲကို ေဗဒင္ကြတ္ကီးေလးထည့္ေပးလာၿပီး စိတ္ေရာကိုယ္ပါဆိုေလသည္။
" ဆရာ ေနျပန္ေကာင္းလာရင္ ေရွ႕ေလၽွာက္ ကၽြန္ေတာ္ ေသခ်ာေပါက္ မပ်င္းေတာ့ပါဘူး "
ကၽြန္ေတာ္ ကြတ္ကီးကိုယူလိုက္ၿပီး သူ႔ေခါင္းေလးကို ထိကာ : " ေနာက္ထပ္ရက္နည္းနည္းေလာက္ အနားယူၿပီးရင္ ဆရာမင္းကို ျပန္လာသင္ေပးမယ္။ ဒီရက္ေတြမွာ မင္းက ကိုယ့္လက္နဲ႔ကိုယ္ ႀကိဳးစားက်င့္ထားၿပီး အပ်င္းမထူရဘူးေနာ္ "
ကၽြန္ေတာ့္၏ ဒီရက္ပိုင္း အလုပ္ပ်က္ကြက္အတြက္ က်င္ခ်န္ယြီက သူ႔ကို ဘယ္လိုအေၾကာင္းျပခ်က္ေတြေပးထားလဲ မသိေပ။ သူက ကၽြန္ေတာ္သည္ အေရးေပၚျဖစ္ေနၿပီး အိမ္မွာေစာင့္ေရွာက္မဲ့လူဘယ္သူမွ မရွိ၍ ျပန္လည္ထူေထာင္ဖို႔ သူတို႔အိမ္ကို လာခဲ့ရသည္ဟု တထစ္ခ် ေတြးထားေလသည္။
က်င္ယြမ္ေပါင္က မြန္းလြဲတစ္ေနကုန္ ထိုင္ခဲ့ၿပီး သူယူလာသည့္ မုန႔္ေတြအကုန္ စားကုန္သြားပါမွ ထထြက္သြားတာပင္။
ကၽြန္ေတာ္ သူ႔ကို တံခါးဝလိုက္ပို႔၍ ႏွုတ္ဆက္စကားဆိုမည္အျပဳ အေဝးမွ အမ်ိဳးသမီးတစ္ေယာက္၏ ေအာ္သံကိုၾကားလိုက္ရ၏။
" ငါ့ကို လႊတ္စမ္း ! နင္တို႔... နင္တို႔ငါ့ကို ထိရဲတယ္ ? ငါက က်င္ေဖးရွန္းသမီး ! ငါကနင္တို႔ ေခါင္းေဆာင္ ! "
သိပ္မၾကာ ၊ ခုံထန္ႏွင့္ က်န္လူမ်ားက စႀကႍအစြန္မွာ ေပၚလာခဲ့သည္။ ေအာ္ခယ့္လန္ဟာ လက္ေမာင္းမွ အခ်ဳပ္ခံထားရၿပီး တစ္ေလၽွာက္လုံး တရြတ္တိုက္လုနီးပါး။ သူမ ဆံပင္ေတြကရွုပ္ပြေနသလို မိတ္ကပ္ေတြလဲ ဖရိုဖရဲျဖစ္ေနခဲ့သည္။
ခုံထန္က လက္ထဲတြင္ အဝတ္လုံးတစ္ခုကို စိတ္မရွည္စြာ လိပ္ေနၿပီး ရပ္ဖို႔ အခ်က္ျပလိုက္၏။ ေအာ္ခယ့္လန္က ရပ္သြားသည္ႏွင့္ စတင္႐ုန္းေတာ့သည္။ သူမက ကၽြန္ေတာ္တို႔ကို စႀကႍမွာေတြ႕လိုက္ေသာအခါ အသံကြဲေတာ့မတတ္ ေအာ္ဟစ္လာပါသည္။
" ယြမ္ေပါင္ ! ငါေလ ! အစ္မပါ ! အစ္မအတြက္ အေဖ့ကို ရွာေပးပါဦး ! အျမန္ အေဖ့ကိုရွာေပးပါဦး ! "
အိမ္ေတာ္ထိန္းဖုန္းက ေအာ္ခယ့္လန္၏ ျမင္ကြင္းကို ပိတ္ဆို႔လိုက္ၿပီး သူ႔အေရွ႕မွ က်င္ယြမ္ေပါင္ကို ကာထားလိုက္၏။ သူက လက္ေတြျဖင့္ သခင္ငယ္ေလး၏ နားကို ပိတ္ေပးလိုက္ၿပီး ျမင္ခြင့္ၾကားခြင့္ မျပဳခဲ့ေပ။
ခုံထန္က လွမ္းၾကည့္လာလၽွင္ က်င္ယြမ္ေပါင္ကို ဒီမွာရွိေနမည္ဟု ထင္မထားခဲ့ေပ။ သူက ခပ္တိုးတိုးဆဲေရးလိုက္ၿပီး ေအာ္ခယ့္လန္၏ ပါးစပ္ကို ညႇစ္ကာ လက္ထဲက အဝတ္လုံးကို ဆို႔ေပးရန္ ျပင္လိုက္သည္။
ေအာ္ခယ့္လန္က ေခါင္းမာမာႏွင့္ ႐ုန္းကာ ေအာ္ဟစ္ေနဆဲ : " ငါ့အေမကို ကူရွာေပး ! က်င္ခ်န္ယြီ ငါ့ကို ဒီလိုတက္ဆံလို႔မရဘူး ! ငါက သူ႔အစ္မ ! သူ ငါ့ကို ဒီလိုဆက္ဆံလို႔မရဘူး ! ငါ့အေမက သူ႔ကို ခြင့္လႊတ္ေပးမွာမဟုတ္ဘူး ! ငါသူ႔ကို ခြင္လႊတ္ေပးမွာ မဟုတ္ ဝူး ဝူး.... "
သူမစကားမဆုံးခင္ ခုံထန္က သူမပါးစပ္ကို ဆို႔လိုက္ကာ ခပ္သြက္သြက္ထြက္ခြာသြားေတာ့၏။
ဘာသံမွ မၾကားရေတာ့သည့္အခ်ိန္အထိတိုင္ အိမ္ေတာ္ထိန္းဖုန္းဟာ က်င္ယြမ္ေပါင္၏ နားကို လႊတ္မေပးခဲ့ေပ။
" ဦးေလးဖုန္း ၊ သူမက သား အစ္မလို႔ ဘာလို႔ေျပာတာလဲဟင္ ? သားမွာ ကိုကိုတစ္ေယာက္ပဲရွိတာမဟုတ္ဘူးလား ? " သခင္ငယ္ေလးက ေခါင္းေမာ့၍ အျပစ္ကင္းစြာေမးျမန္းလာ၏။
အိမ္ေတာ္ထိန္းဖုန္းဟာ သူ႔ကိုဘယ္လိုေျပာျပရမလဲမသိ။ထို႔ေၾကာင့္ သူ တုံ႔ဆိုင္းေနၿပီးမွ ေနာက္ဆုံး ဖြင့္ဟလိုက္သည္ : " သူမက ေပါက္ကရေတြေျပာေနတာပါ "
သခင္ငယ္ေလးက သူ႔အေျဖကို မေက်နပ္တာ သိသာစြာ ထပ္ေမးျပန္၏ : " သူတို႔က ဘယ္ကိုသြားၾကတာလဲ ? "
အိမ္ေတာ္ထိန္းဖုန္းက လမ္းေနာက္လိုက္၍ :
" အက်ဥ္းေထာင္ျဖစ္မယ္ထင္တယ္။ သူမက အမွားလုပ္ခဲ့ေတာ့ ဘယ္သူ႔သမီးျဖစ္ေနပါေစ အျပစ္ေပးခံရမွာပဲ "
သခင္ငယ္ေလးက ၈ႏွစ္သာရွိေသး၍ ဘာေၾကာင့္ဟူသာ ေမးခြန္းေတြ အနႏၲရွိၿပီး ေမးခြန္းတစ္ခုမွ တစ္ခုသို႔ကူးရန္လဲ အလြန္လြယ္ကူ၏။
" သားအမွားလုပ္မိရင္ေရာ အျပစ္ေပးခံရမွာလားဟင္ ? "
အိမ္ေတာ္ထိန္းဖုန္းမွာ ထပ္ေမးခံလိုက္ရ၍ အေၾကာင္းအရာေျပာင္းၿပီး ကၽြန္ေတာ့္ကို ႏွုတ္ဆက္ဖို႔သာ ေျပာဆိုလာ၏။
ကေလး၏ အာ႐ုံက ျမန္ျမန္ေျပာင္းတတ္သျဖင့္ သူဟာ အိမ္ေတာ္ထိန္းဖုန္းေၾကာင့္ အာ႐ုံေထြျပားသလို မခံစားရေပ။သူက နာခံစြာ လက္ယမ္းျပလာၿပီး : " တာတာ့ ဆရာ "
ေအာ္ခယ့္လန္၏ ေဒါသႏွင့္ စူးစူးရွရွ ေအာ္ဟစ္သံမ်ားက ကၽြန္ေတာ့္နားထဲမွာ တဝဲလည္လည္ျဖစ္ေနဆဲ။ကၽြန္ေတာ္ ေတာင့္ေတာင့္ႀကီးျပဳံးျပလိုက္ၿပီး လူထြက္သြားတာကို ေစာင့္ကာ အေနာက္က တံခါးကိုပိတ္လိုက္ရသည္။ ကၽြန္ေတာ္ တံခါးရြက္ကို လက္ကပ္ထားရင္း ကဆုန္ေပါက္ေနေသာ ရင္ခုန္သံေတြ ၿငိမ္ေအာင္ ရင္ဘတ္ကို ဖိထားရ၏။
သူတို႔ ေအာ္ခယ့္လန္ကို သတ္ခ်င္ေနတာေတာ့ မဟုတ္ဘူးမလား ? ဘယ္ေလာက္ပဲ ေဒါသျဖစ္ပါေစ.... ဘယ္ေလာက္ပဲဆာကာမိုတို ေဒါသထြက္ပါေစ ၊ ဘယ္ေလာက္ပဲ စီးပြားေရးက အေရးႀကီးေနပါေစ ၊ သူမလဲ က်င္မိသားစုဝင္ပဲေလ။ က်င္ေဖးရွန္းက တကယ္ႀကီး ဒီေလာက္ထိ ရက္စက္တယ္လား ?
သို႔တိုင္ ေနာက္ပိုင္း ျပန္ေတြးၾကည့္မိသည္။ သူ မရက္စက္ပါလၽွင္ ယခုဒီေနရာမွာ ဘယ္လိုလုပ္ရွိနိုင္မည္နည္း ? ႏွစ္ေတြအၾကာႀကီး သူအုပ္ခ်ဳပ္စဥ္မွာ အျပစ္မဲ့ ဝိညာဥ္ေတြ မည္မၽွေလာက္ ေသဆုံးခဲ့သလဲ ကၽြန္ေတာ္ မသိ။ ထိုသို႔ေတြးၾကည့္လၽွင္ အလိုလိုက္ခံရလို႔ မာနဝင့္သည့္ တရားမဝင္သမီးတစ္ေယာက္လဲ ပါခ်င္ပါနိုင္သည္။
ေအာ္ခယ့္လန္က သူမသည္ ခ်စ္တာေၾကာင့္ အလိုလိုက္ခံရသည္ဟု ယုံၾကည္ထားၿပီး အျပစ္ရွိစိတ္ႏွင့္က႐ုဏာစိတ္တို႔ကို လ်စ္လ်ဴရွုကာ သူမမွာ ပို၍ ရွိပါေၾကာင္း ေလာကႀကီးကို အျမဲ သက္ေသျပခ်င္ေနသူျဖစ္သည္။သို႔ေသာ္အမွန္တရားမွာ က်င္ေဖးရွန္းသည္ သူမအား ခ်စ္ေသာ္ျငား သူကိုယ္တိုင္ႏွင့္ ကိုယ္က်ိဳးကိုသာ ပိုခ်စ္ခဲ့တာျဖစ္သည္။
သူမသည္ က်င္ခ်န္ယြီႏွင့္ စစ္တုရင္ပြဲမွာ အတုမရွိ " ဘုရင္ " ျဖစ္ေသာ္လည္း က်င္ေဖးရွန္း၏ မ်က္လုံးထဲတြင္ေတာ့ စိတ္ကူးေပါက္ရင္ ေပါက္သလို ထိုးေကၽြးခံရမည့္ မရွိလည္းျဖစ္သည့္ " စစ္သား႐ုပ္ " ေလးသာသာပင္။
မိုးက ေခတၱမၽွ သည္းထန္ေနၿပီး တျဖည္းျဖည္း စဲလာသည့္တိုင္ မိုးစက္တို႔ကေတာ့ အျပည့္အဝက်ယ္ေလာင္ေနတုန္းပင္။
ေအာ္ဟြားက ဝင္ေပါက္၏ ညာဘက္ မိုးေရထဲမွာ ဒူးေထာက္ေနခဲ့၏။ ကၽြန္ေတာ္ ျပတင္းေပါက္ကေန ျမင္ေနရသည္။
သူမဟာ မိုးေသာက္မွ ေနဝင္ရီတေရာအထိ ဒူးေထာက္ေနခဲ့တာျဖစ္ၿပီး မည္သူကမွလဲ အေရွ႕တက္မလာရဲၾက။ သူမ တစ္ညလုံး ဒူးေထာက္ေနလိမ့္မည္ဟုထင္မိေသာ္လည္း ရန္ခ်င္းကၽြမ္းက တံခါးမွထြက္လာကာ သူမအား ထီးမိုးေပးလာသည္။
ထီးအနက္၏ တစ္လက္လုံးကို ေအာ္ဟြားအား မိုးေပးထားၿပီး ရန္ခ်င္းကၽြမ္းကေတာ့ မိုးေရထဲမွာရပ္ေနခဲ့၏။
ကၽြန္ေတာ္ ေကာင္းကင္မွာ တိမ္ထူေနဆဲျဖစ္တာကို တစ္ခ်က္ေမာ့ၾကည့္ၿပီး အနည္းငယ္ စိတ္ပူလာရသည္။ မိုးမရပ္ပါက သူထိုအတိုင္းေနလၽွင္ ဖ်ားေတာ့မည္ပင္။
ရန္ခ်င္းကၽြမ္း ေအာ္ဟြားအား ထီးကိုင္ထားေပးေနသေရြ႕ ကၽြန္ေတာ္လည္း ျပတင္းေပါက္ကေနၾကည့္ေနမိ၏။နာရီဝက္ခန႔္အၾကာ တံခါးမွ လူတစ္ေယာက္ ထြက္လာၿပီး တစ္စုံတစ္ရာေျပာလိုက္သည္။ ေအာ္ဟြားဟာ ႐ုတ္တရက္ စိတ္လွုပ္ရွားစြာထရပ္လိုက္သည္။ အခ်ိန္အၾကာႀကီး ဒူးေထာက္ထားရသည္မို႔ သူမ ဟန္ခ်က္ပ်က္ကာ လဲက်ေတာ့မလိုျဖစ္သြား၏။ ကံေကာင္းစြာ ရန္ခ်င္းကၽြမ္းက သူမကို ေထာက္ကူေပးလိုက္၏။
ထိုအခါမွ ကၽြန္ေတာ္ သတိျပဳမိသည္က မလွမ္းမကမ္းတြင္ လူတခ်ိဳ႕ရပ္ေနမွန္း သတိျပဳမိလိုက္သည္။ ေအာ္ဟြားထလာလၽွင္ သူတို႔က ကူဖို႔ အေရွ႕တိုးလာကာ ပတ္ပတ္လည္ ဝန္းရံလိုက္ၾကသည္။
ေအာ္ဟြားက အျဖဴေရာင္ ၀တ္ထားတာေၾကာင့္ ခပ္မွိန္မွိန္အလင္းေရာင္တြင္ အလြန္ထင္ရွားေနသည္။ သူမက လူအုပ္ႀကီးကို တြန္းဖယ္၍ အေနာက္သို႔ ဒယီးဒယိုင္ဦးတည္လိုက္၏။ အနက္ဝတ္ လူႀကီးမ်ား အုပ္စုက စိတ္ပူပန္စြာ ထီးကိုင္ေပးရင္း သူမေနာက္မွလိုက္သြားၾက၏။
ရန္ခ်င္းကၽြမ္းကမူ မလွုပ္ဘဲ ထိုေနရာတြင္ ရပ္ေနေသးသည္။ ေအာ္ဟြားက အေနာက္ဘက္တံခါးထဲ ဝင္သြားပါမွ သူကထီးကိုင္လ်က္ ျပန္ေလၽွာက္လာခဲ့သည္။
ကၽြန္ေတာ့္အဖို႔ ရန္ခ်င္းကၽြမ္းမၾကာခင္ ျပန္လာေတာ့မည္ဟု ထင္ေၾကးရွိသျဖင့္ ေရခ်ိဴးခန္းကို အျမန္သြားကာ ေရပူဖြင့္လိုက္သည္။ ၿပီးလၽွင္ အေစခံအား ဂ်င္းျပဳတ္ရည္ျပင္ေပးဖို႔ မွာလိုက္၏။
ဆယ္မိနစ္ၾကာေသာ္ ရန္ခ်င္းကၽြမ္း တကယ္ႀကီးျပန္ေရာက္လာခဲ့သည္။ သူ႔ကိုယ္ေပၚရွိ အဝတ္မ်ားအားလုံး စိုရႊဲေနၿပီ ဆံပင္ဖ်ားေတြကလဲ ေရစက္လက္ႏွင့္။အနားကပ္သြားပါက သူ႔ခႏၶာကိုယ္မွ အေအးဓာတ္ကို ခံစားရမိသည္။
ကၽြန္ေတာ္ သူ႔ထံ တဘက္တစ္ထည္ႏွင့္ေလၽွာက္သြားလိုက္ၿပီး ေခါင္းႏွင့္ လည္ပင္းကို ပြတ္ေပးလိုက္သည္။တေအာင့္အၾကာ သူက ကၽြန္ေတာ့္ကို တြန္းထုတ္၍ ကိုယ့္ဘာသာလုပ္နိုင္ေၾကာင္း ေျပာလာသည္။
ကၽြန္ေတာ္က အေျခအေနကိုအခြင့္ေကာင္းယူ၍ အေစခံယခုမွ ယူလာေပးထားေသာ ဂ်င္းျပဳတ္ရည္ကို ယူရန္စားပြဲဆီသို႔ေလၽွာက္သြားလိုက္သည္။ ကၽြန္ေတာ္ သူ႔ကို ေရခ်ိဴးကန္ထဲမွ ေရျဖည့္ထားၿပီးမို႔ ဂ်င္းျပဳတ္ရည္ေသာက္ၿပီး ေရစိမ္ဖို႔ ေျပာလိုက္၏။
သူက ေခါင္းေနာက္ရွိ ေရစိုဆံပင္ေတြကို လက္တစ္ဖက္ျဖင့္ သုတ္ရင္း က်န္လက္ျဖင့္ ဂ်င္းျပဳတ္ရည္ကို ယူလိုက္၏။ သတိခ်ပ္ထားသည့္ ေၾကာင္ႀကီးပမာ သူက ငုံ႔၍ အနံ႔ခံလိုက္ေသးသည္။ ခ်က္ခ်င္း ရြံရွာသည့္ အမူအရာမ်ိဳးႏွင့္သူ႔မ်က္ခုံးေတြ တြန႔္ခ်ိဳးသြားပါ၏။
" ေသာက္လိုက္ ဒါမွ အေအးမမိမွာ " ကၽြန္ေတာ္ ခြက္ေအာက္ေျခကိုကိုင္၍ သူ႔ပါးစပ္ထံ တိုးေပးလိုက္သည္။
တြန႔္ဆုတ္တြန႔္ဆုတ္ႏွင့္ သူက ေနာက္ဆုံးအႀကိမ္အျဖစ္ မ်က္လုံးစုံမွိတ္ကာ ႏွစ္က်ိဳက္ျဖင့္ၿပီးေအာင္ ေသာက္၍ ကၽြန္ေတာ့္ကို ခြက္ျပန္ေပးလာ၏။
ကၽြန္ေတာ္ ခြက္ကိုယူလာလိုက္လၽွင္ စားပြဲေပၚ၌ က်င္ယြမ္ေပါင္ေပးထားေသာ ေဗဒင္ကြတ္ကီးေလးေတြကို ေတြ႕လိုက္ရသည္။ ကၽြန္ေတာ္ ရန္ခ်င္းကၽြမ္းကို ေခ်ာ့ရန္ႏွင့္ သူ၏ ပါးစပ္ထဲမွ စပ္ဖ်ဥ္းဖ်ဥ္း ဂ်င္းအရသာကို ေျဖေဖ်ာက္ရန္အတြက္ ယူလာလိုက္သည္။
ရန္ခ်င္းကၽြမ္းက ထူးဆန္းေသာအမူအရာျဖင့္ ကြတ္ကီးေလးကို ယူလိုက္သည္။ သူက ကြတ္ကီးကို ဖြင့္၍ အထဲမွ ဖတ္ရန္ သေကၤတေလးကို ထုတ္ယူလိုက္၏ ——— မုန္တိုင္းၿပီးရင္ ၊ သက္တန႔္က မင္းကို အျမဲ ျပဳံးျပပါလိမ့္မယ္။
သူက ခ်က္ခ်င္း ႏွာမွုတ္လိုက္၍ ခ်ိဴးထားသည့္ ကြတ္ကီးႏွင့္ စာသားကို ကၽြန္ေတာ့္လက္ထဲ ျပန္ထည့္ေပးသြားသည္။
ကၽြန္ေတာ္ ကမန္းကတန္းဆက္လိုက္ရၿပီး စကားတခြန္းမဆိုနိုင္ေသးခင္မွာပင္ သူက အလ်င္အျမန္ ေရခ်ိဴးခန္းထဲဝင္သြားႏွင့္ေခ်ၿပီ။
ကၽြန္ေတာ္ ကြတ္ကီးေလးေတြကို တစ္ခုခ်င္းစားေနလိုက္၏။ စားၿပီးသည့္တိုင္ ယခု သူဘာေၾကာင့္ ဒီလိုပုံစံမ်ိဴးျဖစ္သြားတာလဲဆိုတာကို နားမလည္ေပ။ သူက ေဗဒင္ကြတ္ကီးထဲက စကားလုံးေတြကို မႏွစ္သက္တာျဖစ္ေနမလား ?
ကၽြန္ေတာ္ ျပတင္းေပါက္ဆီသြား၍ လိုက္ကာေစ့ရန္ျပင္လိုက္သည္။ ထိုစဥ္ ေအာက္ထပ္၌ ကားအျဖဴတစ္စင္းထိုးလာၿပီး ေအာ္ဟြားက အေနာက္ဘက္ အက်ဥ္းခန္း ဘက္မွ ကမန္းကတန္း ထြက္ေပၚလာခဲ့သည္။သူမအေနာက္ရွိ လူက မလွုပ္ေတာ့သည့္လူတစ္ေယာက္အား ေက်ာပိုးထား၏။ ေအာ္ခယ့္လန္ ျဖစ္မည္။
လူတစ္စုဟာ ေအာ္ဟြားႏွင့္ ေအာ္ခယ့္လန္ ကားထဲဝင္နိုင္ေရးအတြက္ မိုးႏွင့္ရြံ႕ေတြၾကားထဲ သြားလာေနၾကသည္။ ထို႔ေနာက္မွ သူတို႔ဟာ လမ္းေဘးတြင္ရပ္ထားေသာ ကားအနက္ေတြထဲသို႔ ခပ္သြက္သြက္ေလၽွာက္သြားၿပီး ခဏအၾကာ ထြက္ခြာသြားခဲ့ၾက၏။
ေအာ္ခယ့္လန္ မေသေလာက္ေပမယ့္ ေသခ်ာေပါက္ေတာ့ ဒဏ္ရာရလိမ့္မည္ပင္။ သူမဟာ ေမ်ာက္ကို ေျခာက္ရန္ရည္ရြယ္ခ်က္ျဖင့္ ဟာနာဆာကီ၏ မ်က္ႏွာကို ျခစ္ခ်လိုက္ေသာ္လည္း အခြင့္အေရးျပန္ရမည့္အစား အေမျဖစ္သူက သူမအတြက္ မိုးေရထဲ ဒူးေထာက္အသနားခံရေအာင္သာ လုပ္လိုက္မိေလသည္။သူမ၏ မ်က္ႏွာအလုံးစုံ ဆုံးရွုံးရသည္ဟု ေျပာလို႔ရ၏။ထိုကဲသို႔ ျပင္းထန္ေသာ ျပစ္ဒဏ္ႏွင့္ဆိုလၽွင္ ယခုအခ်ိန္မွစ၍ က်င္ခ်န္ယြီထံမွ ဘာမဆိုရနိုင္ဖို႔ေနေနသာသာ ကၽြန္းမွာပုံမွန္အတိုင္း ေလၽွာက္သြားလၽွင္ေတာင္ ဤမၽွ မာနဝင့္ရဲမွာမဟုတ္ေတာ့ေပ။
ထိုညက ကၽြန္ေတာ္ဟာ အထက္တန္းေက်ာင္းရွိ ေဆးေပးခန္းအေၾကာင္း အိပ္မက္မက္ခဲ့သည္။
ေႏြဦးမွာ ဓာတ္မတည့္မွု အျဖစ္ပြားဆုံးပင္။ ကၽြန္ေတာ္တစ္ေနကုန္ Mask တပ္ထားေသာ္လည္း မ်ားျပားလွသည့္ ဝတ္မွုန္၏ တိုက္ခိုက္မွုကို မတားနိုင္ခဲ့။ကၽြန္ေတာ့္ႏွာေခါင္း အရမ္းပိတ္လာ၍ သည္းမခံနိုင္ေတာ့တာေၾကာင့္ ေဒါက္တာ၏ ႐ုံးခန္းကို ဓာတ္မတည့္ေဆးယူဖို႔ ေရာက္လာခဲ့သည္။
ကၽြန္ေတာ္ တံခါးဖြင့္ ဝင္လာခ်ိန္၌ အထဲမွာ ဘာသံမွ မၾကားရပဲ တိတ္ဆိတ္ေန၏။ က်န္းမာေရးဆရာကိုလည္းမေတြ႕ရေခ်။
ေဆး႐ုံကုတင္ေပၚမွာပဲ လိုက္ကာကို ဆြဲခ်ထားတာမို႔ ဆရာနားေနသည္ဟု ကၽြန္ေတာ္ ထင္လိုက္မိတာေၾကာင့္ကၽြန္ေတာ္ သတိထားၿပီး ေအာ္ေျပာလိုက္၏ " ဆရာ အဲ့ဒီမွာ တစ္ေယာက္ေယာက္ရွိလား ? "
" ရွိတယ္ " ထိုအခိုက္မွာပင္ လိုက္ကာ ပြင့္လာခဲ့၏။ ရန္ခ်င္းကၽြမ္းဟာ ေခါင္းအုံးေပၚ လက္တစ္ဖက္တင္၍ ကုတင္ေပၚမွာလွဲေနခဲ့ၿပီး မ်က္ႏွာကလဲ အိပ္ခ်င္မူးတူး႐ုပ္ျဖစ္ေနသည္။
ကၽြန္ေတာ္ maskျဖဳတ္လိုက္၍ အံ့ဩဘနန္းႏွင့္ လိုက္ကာကို ပိုဆြဲဖြင့္လိုက္သည္ : " မင္းက ဘာလို႔ ဒီေရာက္ေနတာလဲ ? "
" ေသြးတြင္းသၾကားဓာတ္နည္းလို႔ "
လူလိမ္...
ကၽြန္ေတာ့္အမူအရာက သိသာေန၍လား ၊ ရန္ခ်င္းကၽြမ္းက မ်က္ခုံးေတြပင့္ကာ ဆိုလာ၏ :
" တကယ္ ၊ ငါ မနက္စာမစားခဲ့ရဘူး "
" ဘာလို႔ မစားတာလဲ ? "
" အရမ္းေနာက္က်ေနလို႔ေလ။ ဒါေၾကာင့္ ကုတင္ေပၚမွာ ေနေနတာ " သူက ဖုံးကြယ္ဖို႔ တစ္စုံတစ္ရာပင္ မလုပ္ပဲ ပြင့္ပြင့္လင္းလင္းပင္ ဝန္ခံလာသည္။
သူဒီလိုလုပ္တာ မေကာင္းဘူးဟု ေတြးမိတာေၾကာင့္ ကၽြန္ေတာ္ သူ႔ကို အႀကံေပးလိုက္သည္ : " တစ္ေန႔တာရဲ့ အေကာင္းဆုံးက မနက္ခင္းပဲ။မနက္ခင္း အစားအစာကလဲ အေရးအႀကီးဆုံး။ ဒါက မင္းက်န္းမာေရးအတြက္ မေကာင္းဘူးေနာ္ "
ရန္ခ်င္းကၽြမ္းက နားစြင့္လာၿပီး ကၽြန္ေတာ့္ကို ရယ္ခ်င္ေနသည့္ႏွယ္ : " မင္းကဘာလို႔ ငါ့အဖြားနဲ႔တူေနရတာလဲ ? ဒီကိုဘာလာလုပ္တာလဲ ? "
ကၽြန္ေတာ္ Maskျပန္တပ္၍ ပိတ္လုပိတ္ခင္ႏွာေခါင္းႏွင့္ ေလတစ္ခ်က္ရွုကာ ေျပာလိုက္မိသည္။ " ငါက ဝတ္မွုန္နဲ႔ဓာတ္မတည့္ဘူးေလ။ႏွာေခါင္း ပိတ္ေနလို႔ ဓာတ္မတည့္ေဆးယူဖို႔ လာခဲ့တာ "
" အို႔ က်န္းမာေရးဆရာက အခုပဲအျပင္ထြက္သြားတယ္။ သူဘယ္အခ်ိန္ျပန္လာမလဲ ငါမသိဘူး " သူေဘးတိုးေပး၍ သူနံေဘးရွိ အိပ္ရာကို ပုတ္ျပကာ စေနာက္လိုစြာ ဆိုလာသည္။ " မင္းလာၿပီးေစာင့္ရင္ေရာဘယ္လိုလဲ ? ငါမင္းကို အိပ္ရာတစ္ဝက္မၽွေပးမယ္ "
ကၽြန္ေတာ္ ကုတင္ေပၚရွိ လြတ္ေနေသာ ေနရာအား ခဏမၽွ စိုက္ၾကည့္မိရင္း ေနာက္ဆုံး ေခါင္းယမ္းျပကာ ေျပာလိုက္၏။ " ဟင့္အင္း၊ ငါ ေနာက္အတန္းခ်ိန္က် ျပန္လာခဲ့မယ္ "
ထိုသို႔ေျပာၿပီးေနာက္ ေနာက္ကေန သူ ကၽြန္ေတာ့္နာမည္ကို ဘယ္လိုပဲေခၚေနပါေစ ေနာက္ျပန္လွည့္မၾကည့္ဘဲ ထြက္လာခဲ့မိသည္။ ရလဒ္ကေတာ့ ႏွာေခါင္းပိတ္ေနၿပီး mask တပ္ထားျခင္းက မြန္းလာေစကာ ေျခလွမ္းအနည္းငယ္ေလၽွာက္ၿပီးေနာက္ ကၽြန္ေတာ္ အသက္စရွုရေတာ့၏။ ကၽြန္ေတာ္ နံရံကို ကိုင္၍ Maskကိုဆြဲခ်ကာ ႏွလုံးခုန္သံေတြ ပုံမွန္မျဖစ္မခ်င္း အၾကာႀကီး နားေနခဲ့မိပါသည္။
ေန႔လည္စာစားခ်ိန္အတြင္း ကၽြန္ေတာ္ ေက်ာင္းေဆးခန္းကို ထပ္သြားခဲ့ရာ ရန္ခ်င္းကၽြမ္း မရွိေတာ့ေပ။ က်န္းမာေရးဆရာက ကၽြန္ေတာ့္ကို ဓာတ္မတည့္ေပ်ာက္ေဆးဝါး ေပးခဲ့သည္။ မြန္းလြဲခ်ိန္ေရာက္ေသာ္ကၽြန္ေတာ့္ႏွာေခါင္းက လုံးဝ မေပ်ာက္ေသးေသာ္ျငား မပိတ္ေတာ့ပါေခ်။
_
႐ုတ္တရက္ မ်က္လုံးဖြင့္လိုက္ေသာအခါ ကၽြန္ေတာ့္နားထဲတြင္ ျပတင္းေပါက္ ၊ ေျမႀကီးႏွင့္ တံစက္ၿမိတ္ေတြကို ထိခတ္ေနေသာ မိုးသံႏွင့္ ျပည့္ႏွက္သြား၏။ အခန္းက ေမွာင္မည္းေနေသာ္လည္း အိပ္ရာထဲမွ တျခားလူ၏ ပုံရိပ္ကိုေတာ့ ေရးေတးေတးျမင္ေနရေသးသည္။
ရန္ခ်င္းကၽြမ္းက ကၽြန္ေတာ့္ကို ေက်ာေပးထားၿပီး သူ႔ခါးမွာ ေစာင္အစြန္းကို တင္႐ုံတင္ထားကာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေမာက်ေန၏။
လြန္ခဲ့ေသာအခိုက္အတန႔္ကပင္ ကၽြန္ေတာ္ဟာ အထက္တန္းေက်ာင္း ေဆးေပးခန္းမွာပဲရွိေသးသည္။ ကၽြန္ေတာ္ အနည္းငယ္ ေခါင္းရွုပ္သြား၍ အသိစိတ္ျပန္ဝင္လာဖို႔ အခ်ိန္ခဏယူလိုက္ရ၏။
ႏွစ္ေတြအမ်ားႀကီး ၾကာလြန္ခဲ့ၿပီကိုး။ အလွည့္အေျပာင္းေတြ ၿပီးသည့္ေနာက္ ကၽြန္ေတာ္တို႔ေတြကုတင္တစ္ခုတည္းအိပ္ၾကရလိမ့္မယ္လို႔ ဘယ္သူက ထင္မိမွာလဲ ?
လက္ေမာင္းကို ဆန႔္တန္းလ်က္ လက္ဖ်ားမ်ားက ရန္ခ်င္းကၽြမ္းႏွင့္ ထိလုထိခင္ေလးမွာ တုံ႔ဆိုင္းစြာရပ္သြားရသည္။ ၿပီးမွ ျပန္လွည့္ၿပီး ေစာင္ေပၚကို ဆင္းသက္သြား၏။
ကၽြန္ေတာ္ ျဖည္းျဖည္းခ်င္းေရႊ႕သြား၍ ရန္ခ်င္းကၽြမ္းကို ေစာင္ပိုျခဳံ ေပးလိုက္သည္။ၿပီးမွ ေခါင္းကို ေခါင္းအုံးေပၚတင္ၿပီး ေအးေအးခ်မ္းခ်မ္းႏွင့္ မ်က္လုံးေတြျပန္မွိတ္လိုက္၏။
တစ္ညလုံး မိုးရြာခဲ့ၿပီး မနက္ခင္းအေစာပိုင္းမွာ တိတ္သြားတာပင္။ထိုေန႔က ရန္ခ်င္းကၽြမ္းသည္ မနက္အေစာႀကီး ထြက္သြားၿပီး ကၽြန္ေတာ္ႏွင့္ ညစာပင္မစားခဲ့ေပ။
ေန႔လယ္စာစားၿပီးေနာက္ ဆာကီက ကၽြန္ေတာ့္ကိုလာေတြ႕၏။ သူမမ်က္ႏွာမွာ သိသိသာသာ ပတ္တီးစႏွင့္အုပ္ထားသည့္တိုင္ သူမအမူအရာကေတာ့ အလြန္ေအးေဆးေနကာ တစ္ခုခုျဖစ္ခဲ့တာမ်ိဳးႏွင့္ လုံးဝမတူပါ။
" ေဒါက္တာက အမာရြတ္မက်န္ခဲ့ဘူးလို႔ေျပာတာပဲ။အမာရြတ္ေရးေရးေလာက္ပဲက်န္ရင္လဲ မ်ားေသာအားျဖင့္ေပါင္ဒါနဲ႔ဖုံးလို႔ရပါတယ္။ " သူမက ပတ္တီးစကို ထိ၍ ေဒါသျဖစ္ျဖစ္ႏွင့္ဆို၏။
" ငါက ကာစီနိုကို ဓာတ္ပုံရိုက္ခ်င္႐ုံေလးပါ။အဲ့မိန္းမျမင္သြားေတာ့ ေမာက္ေမာက္မာမာနဲ႔ေရာက္လာတာပဲ။ငါ့ဖုန္းကို လုၿပီး ဓာတ္ပုံေတြဖ်က္႐ုံတင္မကဘူး ၊ စာမဖတ္တတ္တဲ့ ဝက္႐ူးမလို႔လဲေခၚေသးတယ္။ ငါလည္း အရမ္းေဒါသထြက္သြားတာနဲ႔ သူမနဲ႔ အခ်င္းမ်ားခဲ့တာ သူမက တကယ္ႀကီး ငါ့ကို ပုလင္းကြဲနဲ႔ ျခစ္ပစ္ၿပီး ငါ ကာစီနိုထဲကေနေတာင္ ကန္ထုတ္ခံလိုက္ရပါဆို "
" ကံေကာင္းလို႔ က်င္လူႀကီးမင္းနဲ႔ သူ႔သားက အရမ္းခ်င့္ခ်ိန္တတ္တယ္။ မေန႔က ဒီမွာ အဲ့မိန္းမကို ခ်ဳပ္ထားၿပီး ငါ့အလိုရွိတဲ့အတိုင္း လုပ္ခြင့္ေပးခဲ့တယ္။ ငါလည္း ပုလင္းကြဲနဲ႔ သူေျခေတြလက္ေတြကို ျခစ္ပစ္လိုက္ၿပီး ဆံပင္ညႇပ္ေပးလိုက္တယ္။ ငါသူမကို အႀကိမ္ေပါင္းမ်ားစြာ ပါးရိုက္ေတာ့ သူမက ငါ့ကိုစားပစ္ခ်င္သလိုႀကီး ၾကည့္လာခဲ့တာပဲ။ငါလည္း သူငါ့ကို အဲ့လိုလာၾကည့္ရင္ မ်က္လုံးေတြေဖာက္ထုတ္ပစ္မယ္လို႔ေျပာလိုက္တာ ၊ ေနာက္ေတာ့ သူမ ေၾကာက္အားလန႔္အားနဲ႔ ထပ္မလုပ္ရဲေတာ့ဘူးဆိုၿပီး ဆက္တိုက္ေတာင္းပန္ေတာ့တာပဲ။ သူမက က်င္လူႀကီးမင္းရဲ့သမီးဆိုတာေတာင္ ေျပာၿပီိးငါ့ကို လႊတ္ေပးဖို႔ေတာင္းဆိုခဲ့တာ "
" မိန္းမငယ္တစ္ေယာက္ကို ႏွိပ္စက္နိုင္ေနမွေတာ့ ငါက ဘာလို႔ သူ႔ကို လႊတ္ေပးရမွာလဲ ? "
ထိုအခိုက္ဝယ္ သူမဟာ ေသြးဆူၿပီး အလြန္စိတ္လွုပ္ရွားေနသကဲ့သို႔ မ်က္ႏွာထက္မွာ ထူးဆန္းေသာ အၾကည့္တစ္ခ်က္ေပၚလာခဲ့၏။ အလြန႔္အလြန္ ေပ်ာ္ရႊင္မွုအတြက္ အလြန္စိတ္ေက်နပ္ေနသည့္ႏွယ္။
ေသခ်ာသေလာက္ပင္ ၊ ဆာကာမိုတိုေဘးမွာ ေနနိုင္ေသာလူတစ္ေယာက္ဟာ ထိန္းခ်ဳပ္တတ္သည့္ဆင္ျခင္တုံတရားရွိေသာ သာမန္လူတစ္ေယာက္ မျဖစ္နိုင္ေပ။
ဆာကီ၏ အျမင္၌ အၾကမ္းဖက္၍ လက္တုံ႔ျပန္ျခင္းဟာ အရိုးရွင္းဆုံးႏွင့္ အသိသာဆုံးလုပ္ရပ္သာ။ သူမ၏ ကမၻာ၌ လုပ္ပိုင္ခြင့္သည္သာ စည္းမ်ဥ္းျဖစ္ၿပီး ပိုက္ဆံက အရာအားလုံးကို ဝယ္ယူနိုင္၏။
မဟုတ္ ၊ သူမ တင္မဟုတ္ ၊ကၽြန္းေပၚရွိ လူတိုင္းျဖစ္သည္။ သည္မွာ ဥပေဒဆိုတာမရွိ ၊ ေၾကာက္စရာအတန္းစားမ်ားသာရွိသည္။ က်င္ေဖးရွန္းက ေကာင္းကင္ကို လက္တစ္ဖက္တည္းႏွင့္ အုပ္မိုးထားၿပီး လူ႔အသက္ဆိုတာက သူ႔လက္ထဲမွမေျပာပေလာက္စရာ အေပးအယူခ်စ္ပ္ျပားေလးတစ္ခုမၽွသာ။ သူ႔ေနာက္တြင္ အေရာင္အေသြးစုံလင္လွသည့္ ခ်စ္ပ္ေတြ ေတာင္ပုံရာပုံရွိၿပီး မ်က္ႏွာတန္ဖိုးအလိုက္ ခြဲကာ တခ်ိဳ႕ကတန္ဖိုးႀကီး၍ အခ်ိဳ႕က ေစ်းသက္သာပါ၏။ သူက ဆက္တိုက္ထုတ္ယူလို႔ရၿပီး ရွုံးလၽွင္ လႊင့္ပစ္ ၊ နိုင္လၽွင္ အေနာက္သို႔ ပို႔ပစ္ကာ ေနာက္ေလာင္းေၾကးတစ္ခုကို ဆက္သြားလို႔ရသည္။
မ်က္ႏွာတန္ဖိုးႀကီးေသာ ခ်စ္ပ္ျပားမ်ားသည္ ယာယီႏွစ္သက္ျခင္းကို ရနိုင္ေသာ္လည္း ယာယီမၽွသာပင္။ စြန႔္လႊတ္ရမည့္အခ်ိန္ေရာက္လာပါက သူဟာ တစ္ပါးသူေတြထက္ပင္ ပို၍ျပတ္သားျပပါလိမ့္မည္။
" နင္ ေၾကာက္ေနတာပဲ " ဆာကီက စိတ္မခ်မ္းသာသလို ေခါင္းယိမ္း၍ ပေဟဠိျဖစ္သည့္အမူအရာႏွင့္ေမးလာ၏ : " ဘာလို႔လဲ ? "
ဘာလို႔လဲဆိုေတာ့ နင္က အခု အယူတိမ္းလူသတ္သမားႀကီးနဲ႔ တူေနလို႔ေလ.....
ဒါေပါ့ ကၽြန္ေတာ္ ေျပာမျပနိုင္သျဖင့္ မိမိကိုယ္ကိုယ္ ဆင္ေျခေပးရေတာ့သည္ : " ငါက ေသြးနည္းနည္းေၾကာက္တယ္... "
" နားေထာင္႐ုံေလးနဲ႔ ေၾကာက္ေနတာလား ? "
" အင္း "
" ေသြးေၾကာင္လိုက္တာမ်ား "
ထို႔ေနာက္ သူမက ကၽြန္ေတာ့္ ေက်ာျပင္ကိုၾကည့္၏။ ေကာင္းေကာင္းဖြံ႕ၿဖိဳးေနၿပီး ရက္အနည္းငယ္အတြင္း ျပန္ေကာင္းေတာ့မည္မွန္း အတည္ျပဳၿပီးပါမွ ဆာကီဟာ ထထြက္သြားေတာ့သည္။
" ဆာကာမိုတိုလူႀကီးမင္းက အလုပ္မ်ားတယ္။ ငါတို႔ မနက္ျဖန္ျပန္ရမွာ။ နင့္ဒဏ္ရာ က်က္တဲ့အခါ သူက ဓာတ္ပုံရိုက္ဖို႔လူတစ္ေယာက္ လႊတ္ေပးလိမ့္မယ္။ ေက်ာပြတ္ေပးရဦးမယ္။ ဓာတ္ပုံရိုက္ၿပီးတာနဲ႔ နင္က သူ႔အယ္ဘမ္ထဲက အဖြဲ႕ဝင္အသစ္ျဖစ္သြားၿပီ။ "
ကၽြန္ေတာ္ တုံဏိဘာေဝသာ ေခါင္းညိတ္ျပ၍ သူမကို တံခါးဝလိုက္ပို႔လိုက္၏။
လက္စသတ္ေတာ့ ဒီကိစၥမွာ အျပစ္ဖို႔ျခင္းႏွင့္အေႂကြးတင္တာေတြ ရွိေနသည္ကိုး။ ေအာ္ခယ့္လန္က က်င္ေဖးရွန္းကိုမုန္းသည္ ၊ က်င္ခ်န္ယြီကိုမုန္းသည္ ၊ ဆာကာမိုတိုႏွင့္ ဆာကီကိုလည္းမုန္းသည္ ၊ ကၽြန္ေတာ့္ကိုေတာင္ မုန္းေနမလား မသိ။
သို႔ေသာ္ အဓိပၸာယ္မရွိသည့္အရာေတြတခ်ိဳ႕လဲရွိေနျပန္။ေအာ္ခယ့္လန္၏ ဦးေႏွာက္ပတ္လမ္းက သာမန္လူေတြႏွင့္ မတူတာေၾကာင့္ က်ဴးေကာလ်န္*ပင္လၽွင္ သူမ၏ စည္းခ်က္အတိုင္း လိုက္မွီဖို႔ ခက္ခဲမွာကို ေၾကာက္ရပါ၏။
( က်ဴးေကာလ်န္ (181-234) သုံးျပည္ေထာင္ကာလအတြင္း ရွုဟန္၏ စစ္ေခါင္းေဆာင္ႏွင့္ ဝန္ႀကီးခ်ဳပ္။နည္းပရိယာယ္ အမ်ားႀကီး ပိုင္ဆိုင္ထားတဲ့သူကိုဆိုလိုခ်င္တာပါ။ )
စႀကႍကို ျဖတ္သြားေသာ ထိုအၾကည့္ ၊ ကၽြန္ေတာ္က သည္တစ္ဖက္ ၊ သူမက ဟိုတစ္ဖက္။ သူမကို ရွက္ရြံဖြယ္အေနအထားျဖင့္ ျမင္ေတြ႕လိုက္ရ႐ုံႏွင့္ အနာဂတ္မွာ သူမ ကၽြန္ေတာ့္ကို ျပန္လက္စားေခ်ဖို႔ အေၾကာင္းျပခ်က္ျဖစ္လာလိမ့္မည္ဟု ကၽြန္ေတာ္ ဘယ္တုန္းကမွ မထင္ခဲ့မိေပ။
___________________________________________________________________________