💝 Extra Part - 2 💝
◽◽◽◽◽
"ကိုကြီး အသက်ကလေးနဲ့ အစည်းအဝေးပြီးပြီလား"
Baeက သူ့အနားကပ်ထိုင်ရင်း ဂရုတစိုက်မေးလာတော့ Laptopကိုပိတ်နေရင်း ခေါင်းညိတ်ပြလိုက်သည်။
အခုနောက်ပိုင်းမှာ ဘုန်းအာဏာလျှံကို လွှတ်ထားလိုက်ပြီဖြစ်သောBaeသည် အသက်ကိုသာ သမီးလေးလို၊ တူမလေးလို ဂရုတစိုက်ယုယုယယ။
သူ့အပေါ်ကိုလည်း ဂျီမကျ၊ ရန်မလုပ်တော့ဘဲ Min Group၏ အမှုဆောင်ရှေ့နေချုပ်အဖြစ် ဆက်လက်လည်ပတ်လှုပ်ရှားနေဆဲ...
"ကိုကြီး အလုပ်နားတော့ဖို့ ကြံနေတာလား"
"ဘာဖြစ်လို့လဲ"
"ဒီရက်တွေထဲ အသက်ကလေးကို အရမ်းနေရာပေးလာတယ်လေ အလုပ်တွေလည်း အများကြီးခိုင်းလာတယ် အစည်းအဝေးတွေမှာလည်း အသက်ကို ဆုံးဖြတ်ခိုင်းနေတာ"
"ပညာသင်ပေးတဲ့သဘောပါ Baeရယ် ကလေးကအရင်ကတည်းက လက်စောင်းထက်တော့ အဆက်မပြတ်သင်ပေးမှ ပိုပြီးထက်မြက်လာမှာပေါ့ မဟုတ်ဘူးလား"
ထိုအခါ Baeက မယုံသလိုအကြည့်လေးဖြင့် မော့ကြည့်လာကာ ထိုအကြည့်တွေမှာ မကျေနပ်ခြင်းတွေပါရောယှက်နေ၍ ပေစောင်းစောင်းလေးဖြစ်နေသည်။
အနှစ်၂၀ကျော် ပေါင်းသင်းလာသူမို့ Baeသည် သူ့စိတ်သူ့သဘောကို အတော်လေးသိနေပြီဖြစ်ကာ အခုကိစ္စမှာလည်း ကိုယ့်လုပ်ရပ်ကိုထွင်းဖောက်မြင်နေရသည့်နှယ်...
ထို့ကြောင့် Baeလက်ကလေးကိုဆွဲယူကာ ခပ်တင်းတင်းလေးဖိဆုပ်ပြီး ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ် ကိုယ်အနားယူချင်တယ် အသက်ကလေးလက်ထဲကိုပဲ စိတ်ချလက်ချနဲ့ အားလုံးထည့်ခဲ့ချင်တယ်"
"ကိုကြီးက ဘာလို့နားချင်တာလဲဟင် တကယ်ဆို အရွယ်ရှိပါသေးတယ်"
"အရွယ်ရှိသေးပေမယ့် လူငယ်တွေလောက်တော့ ဘယ်သွက်လက်တော့မလဲ ပြောမယ့်သာပြောတာပါ အသက်က သူ့မှာလုပ်ပိုင်ခွင့်တွေရှိထားတာတောင် ကိုယ့်ကိုပဲ အစစအရာရာဖွင့်ဟပြောနေကျ
ဒီကောင်မလေးကလည်း ထွက်စေချင်ပုံမရဘူး"
"ဘယ်လိုတွေပြောနေလို့လဲ ကလေးက"
"အနားယူပြီး ခရီးထွက်ချင်ထွက်ပါတဲ့ အိမ်မှာနားချင်လည်းနားပေါ့ ကုမ္ပဏီတစ်ခုလုံးကို သူ့ကိုပေးမထားခဲ့နဲ့တဲ့ Groupတစ်ခုလုံးကို စီမံခန့်ခွဲဖို့စောပါသေးတယ်တဲ့
အစ်ကို့သမီးက အကွက်ရွှေ့မြန်တယ်နော် ဒီကောင်က စရုံပဲစရသေးတယ် သူကတားနေပြီ"
"ဟုတ်တာပဲလေ အသက်ကလေးက မြေပြန့်နဲ့ထိတွေ့တာမှ ၂နှစ်လောက်ပဲရှိသေးတာကို ကလေးကိုတစ်ယောက်တည်း မထားခဲ့ချင်ပါဘူး"
ဟု နှုတ်ခမ်းစူစူလေးဖြင့် ပြန်ပြောလာသည့်အခါ Baeပါးလေးကို အသာလေးဆွဲဖဲ့ပစ်လိုက်မိသည်။
Baeကပါ ဤအတိုင်းပြောနေမှတော့ အနားယူမည့်ကိစ္စကို ပြန်စဥ်းစားဖို့လိုပြီဟု အလိုလိုဆုံးဖြတ်မိကာ ရှေ့ဆက်ဘာလုပ်ရမလဲဟု ရွှေ့ထားလိုက်သည့်အကွက်တွေက ဆက်တိုက်...
ဒီခေါင်းထဲပြေးလွှားနေသည့် Chessရုပ်တွေအကြောင်း Baeသိရင် နှုတ်ခမ်းစူပြီးပြောပါလိမ့်ဦးမယ်
ရှင်က တကယ့်Playerကြီးပဲ ဆိုပြီး...
💝💝◽◽◽💝💝
"ဒီနေ့ဘာအလုပ်ရှိသေးလဲ ဦးနန္ဒ"
"မရှိဘူး သားလျှံ"
"ဒါဆိုTrainingကွင်းခဏသွားလိုက်ဦးမယ် ဦးယံရဲ့သားသမီးတွေ ဘာလုပ်နေကြသလဲလို့"
ဦးနန္ဒက ခေါင်းညိတ်ပြသောကြောင့် သေနဝာ်ကိုခါးကြားမှာထိုးထည့်ကာ ထိုင်ရာမှထထွက်လာခဲ့တော့ သူ့လျှောက်လမ်းတစ်ခုလုံး Leoponတွေဟာ ခေါင်းညွတ်အရိုအသေပေးကြ၏။
စံအိမ်ရှေ့ မြက်ခင်းပြင်ကိုရောက်တော့ ၁၀ဧကနီးပါးရှိသော ခြံဝင်းကြီးကိုတစ်ချက်ဝေ့ကြည့်လိုက်မိကာ ဦးယံရဲ့အငွှေ့အသက်ကို လွမ်းဆွတ်မိသည်။
ဦးယံက Leoponရဲ့တစ်စိပ်တစ်ပိုင်းဖြစ်ခဲ့သလို Leoponတစ်ခုလုံးလည်းဖြစ်ခဲ့တာမို့ စံအိမ်ရှေ့ရေပန်းကြီးကို ကြေးရုပ်ကြီးဖြင့်အလှဆင်ထားသည်။
ထိုအရုပ်ကြီးမှာ သူတစ်ခါမြင်ဖူးခဲ့သော ဒက်ဒီတို့ငယ်ငယ်ကဓာတ်ပုံအတိုင်း၊
ဒက်ဒီကိုလက်မှာပွေ့ချီကာ ကျန်လက်တစ်ဖက်က ဦးယံ၏လက်ကိုဆွဲကိုင်ထားသော အဘိုးတို့၏ ပုံတူကြေးရုပ်ကြီးဖြစ်၏။
ထို၃ယောက်ဟာLeoponရဲ့အရှင်သခင်တွေဖြစ်သလို ဒီမြေ၊ ဒီနေရာအတွက် ရေကုန်ရေခမ်းကြိုးစားခဲ့ကြသူတွေမဟုတ်လား...
"ကိုကို နေလည်းသိပ်မကောင်းသေးဘဲနဲ့"
ရေခွက်ကလေးတစ်ခွက်ကိုင်ကာ သူ့အနားရောက်လာသည့် မိန်းကို တစ်ချက်ငုံ့ကြည့်မိတော့ ဤဒုက္ခလှလှလေးသည် သူ့ကိုမော့ကြည့်မနေခဲ့။
လွန်ခဲ့သောနှစ်ရက်က အရောင်းအဝယ်လုပ်ရင်း ခြုံခိုတိုက်ခိုက်ခံရ၍ သူ ဒဏ်ရာရခဲ့ကာ ထိုဒဏ်ရာကြောင့် ဖျားခဲ့ပေမယ့် ပြင်းပြင်းထန်ထန်ကြီးလည်းမဟုတ်။
အခုလည်း နေမကောင်းသေးတာဟုတ်ပေမယ့် လူမမာလိုလည်းလှဲမနေချင်သောကြောင့် သူမဟာ တဂျီဂျီဖြင့် နောက်ကလိုက်ပြီး ဆေးတိုက်နေ၏။
"ဆေးသောက်ရမယ်"
"မနက်က သောက်ပြီးပြီလေ"
"တစ်ရက်၃ခါသောက်ရမှာ ကဲပါ ဆရာဝန်ကိုပြန်ဈေးဆစ်မနေပါနဲ့ သောက်အခု"
ဟု ချစ်ဇနီးချောမှ ခပ်တင်းတင်းအမိန့်ချလာတော့ သူ ရယ်ချင်သွားမိသည်။
ဒီကလေးမလေးဟာ သူ့ကိုမကြောက်တော့တာကြာပြီဖြစ်သည်။
"ဆေးတွေခါးရင် ဘယ်လိုလုပ်မလဲ"
"နေ ကိုကို့ကိုနမ်းမယ်"
"အဲ့ဒါဆိုအခါးပျောက်သွားရောလား"
"သောက်ကြည့်ပါ ကိုကိုပါးစပ်ထဲ ခါးတဲ့အရသာ မပျောက်မချင်း နမ်းမယ်"
ဟု ပြုံးစိစိမျက်နှာလေးဖြင့် ချွဲနွဲ့စွာပြောလာတော့ သူ့မှာအရည်ပျော်ကျသွားမတတ်ပင်။
ထို့ကြောင့် မိန်းလက်ထဲကဆေးတွေနှင့် ရေခွက်ကိုလှမ်းယူလိုက်ကာ သောက်လိုက်တော့ ဆေးတွေဟာတကယ်ပဲခါးနေတာမို့ မျက်နှာရှုံ့မဲ့သွားမိ၏။
ထိုအခါ သူ့နှုတ်ခမ်းပေါ်သို့ ထိရုံကလေးထိသွားသော အနမ်းနွေးနွေးလေးကြောင့် ရင်ထဲတုန်ခါသွားပြီး မိန်းကိုယ်လေးကို ဖက်ထားလိုက်သည်။
"Trainingဆင်းနေတဲ့သူတွေကို သွားကြည့်ရဦးမှာ"
"အင်း သိတယ်လေ"
"အဲ့ဒါပြီးရင် ကိုကိုလည်း လေ့ကျင့်ချင်လေ့ကျင့်ရဦးမှာ"
"နေနေ့ကိုတစ်ယောက်တည်းထားပြီးတော့လား"
"ခဏတော့နေဦးလေ"
"ကိုကိုနေနိုင်လို့လား ဒီနေ့ကျောင်းပိတ်လို့ ကိုကိုနဲ့ပဲ နေကအချိန်ဖြုန်းချင်တာ တစ်ရက်လုံးမရရင်တောင် ဒီအချိန်လေးတော့.."
သူ့တီရှပ်ကို မသိမသာလေးဆွဲဆုပ်ကာ နှုတ်ခမ်းလေးစူပြီး ပူဆာလာသော ဒီကလေးဆိုးလေးကြောင့် သူသွေးတွေ နွေးခနဲဖြစ်သွားမိသည်။
ဟုတ်တော့လည်းဟုတ်ပါတယ်။
သူမလေးမှာ ကျောင်းနဲ့ဆေးရုံကို နေ့ရောညပါပြေးလွှားနေခဲ့ရပြီး ဒီနေ့ဒီရက်မှသာ နားခွင့်ရရှာတာ...
"နော် လို့"
"ခဏအိပ်ရအောင် ကိုကိုချော့သိပ်မယ်"
နားနားလေးကို တိုးတိုးလေးကပ်ပြောလိုက်သည့်အခါ ရှက်သွေးဖြင့် ပန်းရောင်သမ်းသွားသော မိန်း၏မျက်နှာလေးသည် နှင်းဆီပွင့်လေးလို လှရက်လွန်းပါ၏။
သူမလက်ဖဝါးလေးကို ဖွဖွလေးနမ်းရှိုက်မိသည့်အခါ နှုတ်ခမ်းလေးဖိကိုက်သွားပြီး သူ့လည်ပင်းကိုပြန်ဖက်လာကာ တိုးတိုးလေးပြန်ပြောလာသည်။
"ကိုကို တကယ်အိပ်ပျော်သွားရင် စိတ်ဆိုးပစ်မယ်"
တဲ့လေ...
💝💝◽◽◽💝💝
"ကိုရေ နိုင်းဗိုက်တွေနာနေလို့ အာဘွားပိစိလေးမပေးချင်ဘူးလား"
နိုင်း၏ချိုအီပစ်လဲချင်စရာ ချွဲချွဲနွဲ့နွဲ့စကားကြောင့် သူ စာအုပ်ကိုပိတ်ကာ နိုင်းကိုပြန်လှည့်ကြည့်တော့ တမင်လုပ်ပြနေသောမျက်နှာလေးက ရှုံ့ရှုံ့မဲ့မဲ့။
ထို့ကြောင့် စာကြည့်စားပွဲမှထကာ နိုင်းအနားသွားထိုင်လိုက်ပြီး ပါးအိအိလေးကို ဖွဖွလေးဆွဲဖဲ့လိုက်တော့ သူ့ရင်ခွင်ထဲတိုးဝင်လာသော ကလေးပိစိလေး...
"ဆေးသောက်ထားတာကို နာနေတုန်းပဲ"
"ရေနွေးသောက်ပြီးပြီလား"
"ဟင့်အင်း"
"အဲ့ဒါဆို ကိုယ်ရေနွေးသွားယူလိုက်ဦးမယ် ခဏ"
နိုင်းက ခေါင်းလေးညိတ်ပြသောကြောင့် အိပ်ရာပေါ်မှစောင်ပါးလေးကိုလှမ်းယူပြီး သူမကိုယ်ပေါ်လွှားခြုံပေးလိုက်သည်။
ခြေထောက်ကလေးတွေကိုပါ နွေးသွားအောင် သေချာထုတ်ပေးပြီး အခန်းထဲကထွက်ကာ ရေနွေးကို ခွက်ထဲထည့်ကာ ပျားရည်နည်းနည်းပါထည့်လိုက်သည်။
ဂျင်းကိုလည်း ပါးပါးလေးလှီးကာ ရေနွေးခွက်ထဲထည့်ပြီးနောက် အခန်းဆီကိုပြန်လာခဲ့သည်။
ဤအချိန်တွေမှာ သူမဟာ တခြားအမျိုးသမီးတွေထက် ပိုပြီးနာကျင်ကိုက်ခဲတတ်ကာ နေနေ့ကိုမွေးပြီးကတည်းကမို့ ဒီအချိန်တွေတိုင်း နိုင်းကိုပိုဂရုစိုက်ရသည်။
ရေနွေးကို သူမလက်ထဲထည့်ပေးကာ နိုင်းကိုယ်လေးကို ရင်ခွင်ထဲမြုပ်သွားအောင်ဖက်ထားလိုက်တော့ ရယ်ကျဲကျဲဖြစ်သွားသည့် သူ့ရဲ့နိုင်းမြစ်ကလေး...
"သံလွင် နိုင်းကိုမချစ်တော့ဘူးလို့ထင်နေတာ"
"ထင်ရက်တယ်နော် ဒီကလေးစုတ်က"
"သိဘူးလေ အခုတောင် နိုင်းပြောမှသတိရတာမလား စောနကသံလွင်စာအုပ်ဖတ်နေတာလေ သူများကိုပစ်ထားတယ် သတိလည်းမရ.. အွန်း!"
နားညည်းလွန်းသောထိုနှုတ်ခမ်းလေးကို အနမ်းတွေဖြင့် ဖိပိတ်ပစ်လိုက်ကာ ကယောင်ကတမ်းဖြစ်သွားသည့်လက်ကလေးတွေကြောင့် ခဏပြန်လွှတ်ပေးလိုက်သည်။
မျက်စောင်းထိုးနေသော နိုင်းသည် သူတို့စ,တွေ့ဖူးခဲ့သောအချိန်ကလို နုပျိုသွက်လက်နေဆဲဖြစ်၏။
"ဆက်နမ်းရမှာလား ရေနွေးသောက်မှာလား"
"နမ်း"
"ဒါပေမယ့် ရေနွေးသောက်မှသက်သာမှာလေ"
"ကို နမ်းတဲ့အချိန်ဆို နိုင်းအားလုံးကိုမေ့သွားတယ်လေ"
စကားတတ်လွန်းသော ဇနီးသည်လေးကြောင့် သူ့ရင်ဘတ်ကြီးတစ်ခြမ်းလုံး အရည်ပျော်ကျသွားမတတ် ကြွေကျသွားမိ၏။
သို့သော် ရေနွေးကတော့ သေချာပေါက်တိုက်ရမှာမို့ သူမစိတ်ကျေနပ်သွားအောင် ခပ်တင်းတင်းလေးပွေ့ဖက်ကာ မျက်နှာလေးအနှံ့နမ်းပစ်လိုက်တော့ နိုင်းဆီက ရယ်သံသဲ့သဲ့လေးထွက်လာသည်။
နာကျင်ကိုက်ခဲနေသည်ဆိုသော နိုင်း၏ဗိုက်ကလေးကိုပါ ငုံ့နမ်းပစ်လိုက်တော့ နိုင်းက သူ့ရင်ဘတ်ကို တဘုတ်ဘုတ်ထုကာ အတင်းပြန်တွန်းတော့၏။
"ရေနွေးပဲသောက်တော့မယ်"
"လိမ္မာတယ် ကိုယ့်နိုင်းလေးက.. မအေးခင်သောက်လိုက်ဦး ကိုယ်ဖက်ထားပေးမယ်"
"ဟုတ်"
💝💝◽◽◽💝💝
"Mine ထိုင်နေလို့"
"မထိုင်ချင်ပါဘူး ကိုကြီးကလည်း အသက်တစ်နေ့လုံးထိုင်နေရတာ"
"အဲ့လိုထိုင်နေရအောင် ဒီကပဲလုပ်ပေးနေတာ သွားထိုင်နေ"
"ပျင်းတယ်"
"လာ.. ပျင်းရင် အိပ်ရာထဲသွားမယ်"
ကိုကြီးစကားကြောင့် အသက် ရှက်သွားမိကာ ပါးလေးတွေရဲခနဲဖြစ်သွားပြီး ဘာပြောရမှန်းမသိတော့၍ ထိုလူကြီးကတော့ ပြောဦးလေဆိုသည့်မျက်နှာဖြင့် အသက်ကို ကြည့်နေ၏။
အသက်တို့က ကိုကြီးရဲ့အိမ်မှာပဲနေကြပြီး ကိုကြီးမိဘတွေ မိုးကုတ်ကိုပြန်သွားသောကြောင့် ဒီအိမ်မှာ သူသာဩဇာအရှိဆုံး၊ အာဏာအရှိဆုံး။
"သွားထိုင်နေလို့ ကိုယ့်ဘာသာလုပ်ပါ့မယ်ဆို"
"အသက် ပျင်းလို့ပါ ကိုကြီးရယ် ရုံးလည်းသွားစရာမလိုဘူး အိမ်မှာလည်းဘာမှမလုပ်ရဘူး"
"မင်းကို အိမ်အလုပ်လုပ်ဖို့ယူထားတာမှမဟုတ်တာ မလုပ်နဲ့ ခိုင်းစရာရှိရင် လက်ညှိုးထိုးခိုင်း"
"ခိုင်းဘူး ကိုကြီးနဲ့လည်းမနေချင်တော့ဘူး တော်ပြီ.. တောင်ကြီးကိုပဲပြန်တော့မယ်"
"ဘာ!"
"ကိုကိုက အသက်ကိုမချုယ်ချယ်ဘူး ကိုကို့ဆီပဲသွားနေတော့မယ်"
အသက် တမင်ခြေဆောင့်နင်းကာ ကိုကြီးရှေ့ကထွက်လာတော့ ကိုကြီးကအသက်ကို ကောက်ပွေ့ချီပစ်ပြီး နှုတ်ခမ်းတွေကို ဖိကပ်နမ်းရှိုက်လာသည်။
ပြင်းရှလွန်းသောအနမ်းတွေကြောင့် နှုတ်ခမ်းတွေထုံကျင်သွားရပြီး အာရုံပြောင်းသွားချိန် ကိုကြီးက အခန်းတံခါးပိတ်ပစ်လိုက်၍ အသက် ပြန်ရုန်းမိသည်။
သူ နှာဘူးကျဦးမှာသေချာ၏။
"ဘာလို့ရုန်းနေတာလဲ ပျင်းတယ်ဆို ချစ်တမ်းကစားရအောင်လေ ဘယ်လောက်မိုက်လဲ"
"မနေချင်ဘူး ကိုကြီးနေ့တိုင်းပဲ သူများကို"
"အမြဲထိတွေ့ဆက်ဆံနေမှ အသားကျမှပေါ့ မဟုတ်ဘူးလား"
"မကျချင်ဘူး"
အသက်ကိုယ်လေး မွေ့ရာပေါ်ရောက်သွားသည်နှင့် ပိုပြီးအရိုင်းဆန်လာသောအထိအတွေ့တွေ။
အောင့်အည်းထားခဲ့သော နှစ်တွေလတွေအတွက် အတိုးယူနေသလားမှတ်ရအောင် ကိုကြီးက အသက်ကိုဆို အမြဲအနိုင်ယူတတ်၏။
"ချစ်တယ်ကွာ ဘာလို့ဒီလောက်ချစ်မိမှန်းမသိဘူး ရူးခါနေတာပဲ"
အသက်လည်တိုင်ကိုမျက်နှာအပ်ကာ ပြောလာသော သူ့ကြောင့် အသက်သူ့ကိုပြန်ဖက်ထားမိတော့ ကိုကြီးကျောပြင်သည် ချွေးတို့ဖြင့်ရွှဲစိုနေ၏။
အတူနေပြီးချိန်တိုင်း အသက်ခါးကိုဖက်ကာ ကလေးတစ်ယောက်လို အသက်ရင်ခွင်ထဲတိုးဝင်တတ်တာမို့ ထိုအချိန်ဟာ ကိုကြီးကိုအချစ်မိဆုံးအချိန်ဖြစ်သည်။
"ကလေးယူကြမယ်နော်"
"အစောကြီးရှိသေးတယ် ကိုကြီးကလည်း"
"မစောပါဘူး Mineက ကိုယ့်အတွက် ကလေးပဲမွေးပေး ကျန်တာကိုယ်တာဝန်ယူမယ် ကလေးထိန်းဖို့ရော ကလေးရဖို့ရော"
"အာ! နောက်ဆုံးတော့ ဒီဘူတာပဲပြန်ဆိုက်တာပဲ လူညစ်ပတ်ကြီး ခစ်! ခစ်!"
"ယူရအောင်ပါ Mineရယ် ဦးမင်းစေရာနဲ့ ဦးထက်ဘုန်းလျှံကို မြေးတွေမွေးပေးပြီး အလုပ်ပေးရအောင်.. ကိုယ်နေ့တိုင်းကြိုးစားပေးမယ်"
ကလေးဆိုးကြီးလို ကိုကြီးဂျီကျလာပြန်တော့ အသက် နှုတ်ခမ်းလေးကိုသာ ဖိကိုက်ရင်း ခေါင်းလေးညိတ်ပြမိတော့သည်။
မပြောဘူးလား...
အသက်ရဲ့ပါးချိုင့်လေးက ဘက်စုံသုံးလို့ရပါတယ်ဆို...
💝💝◽◽◽💝💝
Extra Part 3 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~
💝 Extra Part - 2 💝
◽◽◽◽◽
"ကိုႀကီး အသက္ကေလးနဲ႔ အစည္းအေဝးၿပီးၿပီလား"
Baeက သူ႔အနားကပ္ထိုင္ရင္း ဂရုတစိုက္ေမးလာေတာ့ Laptopကိုပိတ္ေနရင္း ေခါင္းညိတ္ျပလိုက္သည္။
အခုေနာက္ပိုင္းမွာ ဘုန္းအာဏာလ်ွံကို လႊတ္ထားလိုက္ၿပီျဖစ္ေသာBaeသည္ အသက္ကိုသာ သမီးေလးလို၊ တူမေလးလို ဂရုတစိုက္ယုယုယယ။
သူ႔အေပၚကိုလည္း ဂ်ီမက်၊ ရန္မလုပ္ေတာ့ဘဲ Min Group၏ အမႈေဆာင္ေရ႔ွေနခ်ဳပ္အျဖစ္ ဆက္လက္လည္ပတ္လႈပ္ရွားေနဆဲ...
"ကိုႀကီး အလုပ္နားေတာ့ဖို႔ ႀကံေနတာလား"
"ဘာျဖစ္လို႔လဲ"
"ဒီရက္ေတြထဲ အသက္ကေလးကို အရမ္းေနရာေပးလာတယ္ေလ အလုပ္ေတြလည္း အမ်ားႀကီးခိုင္းလာတယ္ အစည္းအေဝးေတြမွာလည္း အသက္ကို ဆံုးျဖတ္ခိုင္းေနတာ"
"ပညာသင္ေပးတဲ့သေဘာပါ Baeရယ္ ကေလးကအရင္ကတည္းက လက္ေစာင္းထက္ေတာ့ အဆက္မျပတ္သင္ေပးမွ ပိုၿပီးထက္ျမက္လာမွာေပါ့ မဟုတ္ဘူးလား"
ထိုအခါ Baeက မယံုသလိုအၾကၫ့္ေလးျဖင့္ ေမာ့ၾကၫ့္လာကာ ထိုအၾကည့္ေတြမွာ မေက်နပ္ျခင္းေတြပါေရာယွက္ေန၍ ေပေစာင္းေစာင္းေလးျဖစ္ေနသည္။
အႏွစ္၂၀ေက်ာ္ ေပါင္းသင္းလာသူမို႔ Baeသည္ သူ႔စိတ္သူ႔သေဘာကို အေတာ္ေလးသိေနၿပီျဖစ္ကာ အခုကိစၥမွာလည္း ကိုယ့္လုပ္ရပ္ကိုထြင္းေဖာက္ျမင္ေနရသၫ့္ႏွယ္...
ထို႔ေၾကာင့္ Baeလက္ကေလးကိုဆဲြယူကာ ခပ္တင္းတင္းေလးဖိဆုပ္ၿပီး ေခါင္းညိတ္ျပလိုက္သည္။
"ဟုတ္တယ္ ကိုယ္အနားယူခ်င္တယ္ အသက္ကေလးလက္ထဲကိုပဲ စိတ္ခ်လက္ခ်နဲ႔ အားလံုးထၫ့္ခဲ့ခ်င္တယ္"
"ကိုႀကီးက ဘာလို႔နားခ်င္တာလဲဟင္ တကယ္ဆို အရြယ္ရိွပါေသးတယ္"
"အရြယ္ရိွေသးေပမယ့္ လူငယ္ေတြေလာက္ေတာ့ ဘယ္သြက္လက္ေတာ့မလဲ ေျပာမယ့္သာေျပာတာပါ အသက္က သူ႔မွာလုပ္ပိုင္ခြင့္ေတြရိွထားတာေတာင္ ကိုယ့္ကိုပဲ အစစအရာရာဖြင့္ဟေျပာေနက်
ဒီေကာင္မေလးကလည္း ထြက္ေစခ်င္ပံုမရဘူး"
"ဘယ္လိုေတြေျပာေနလို႔လဲ ကေလးက"
"အနားယူၿပီး ခရီးထြက္ခ်င္ထြက္ပါတဲ့ အိမ္မွာနားခ်င္လည္းနားေပါ့ ကုမၸဏီတစ္ခုလံုးကို သူ႔ကိုေပးမထားခဲ့နဲ႔တဲ့ Groupတစ္ခုလံုးကို စီမံခန႔္ခဲြဖို႔ေစာပါေသးတယ္တဲ့
အစ္ကို႔သမီးက အကြက္ေရႊ့ျမန္တယ္ေနာ္ ဒီေကာင္က စရံုပဲစရေသးတယ္ သူကတားေနၿပီ"
"ဟုတ္တာပဲေလ အသက္ကေလးက ေျမျပန႔္နဲ႔ထိေတြ့တာမွ ၂ႏွစ္ေလာက္ပဲရိွေသးတာကို ကေလးကိုတစ္ေယာက္တည္း မထားခဲ့ခ်င္ပါဘူး"
ဟု ႏႈတ္ခမ္းစူစူေလးျဖင့္ ျပန္ေျပာလာသၫ့္အခါ Baeပါးေလးကို အသာေလးဆဲြဖဲ့ပစ္လိုက္မိသည္။
Baeကပါ ဤအတိုင္းေျပာေနမွေတာ့ အနားယူမၫ့္ကိစၥကို ျပန္စဥ္းစားဖို႔လိုၿပီဟု အလိုလိုဆံုးျဖတ္မိကာ ေရ႔ွဆက္ဘာလုပ္ရမလဲဟု ေရႊ့ထားလိုက္သၫ့္အကြက္ေတြက ဆက္တိုက္...
ဒီေခါင္းထဲေျပးလႊားေနသၫ့္ Chessရုပ္ေတြအေၾကာင္း Baeသိရင္ ႏႈတ္ခမ္းစူၿပီးေျပာပါလိမ့္ဦးမယ္
ရွင္က တကယ့္Playerႀကီးပဲ ဆိုၿပီး...
💝💝◽◽◽💝💝
"ဒီေန့ဘာအလုပ္ရိွေသးလဲ ဦးနႏၵ"
"မရိွဘူး သားလ်ွံ"
"ဒါဆိုTrainingကြင္းခဏသြားလိုက္ဦးမယ္ ဦးယံရဲ့သားသမီးေတြ ဘာလုပ္ေနၾကသလဲလို႔"
ဦးနႏၵက ေခါင္းညိတ္ျပေသာေၾကာင့္ ေသနဝာ္ကိုခါးၾကားမွာထိုးထၫ့္ကာ ထိုင္ရာမွထထြက္လာခဲ့ေတာ့ သူ႔ေလ်ွာက္လမ္းတစ္ခုလံုး Leoponေတြဟာ ေခါင္းၫြတ္အရိုအေသေပးၾက၏။
စံအိမ္ေရ႔ွ ျမက္ခင္းျပင္ကိုေရာက္ေတာ့ ၁၀ဧကနီးပါးရိွေသာ ၿခံဝင္းႀကီးကိုတစ္ခ်က္ေဝ့ၾကၫ့္လိုက္မိကာ ဦးယံရဲ့အေငႊ့အသက္ကို လြမ္းဆြတ္မိသည္။
ဦးယံက Leoponရဲ့တစ္စိပ္တစ္ပိုင္းျဖစ္ခဲ့သလို Leoponတစ္ခုလံုးလည္းျဖစ္ခဲ့တာမို႔ စံအိမ္ေရ႔ွေရပန္းႀကီးကို ေၾကးရုပ္ႀကီးျဖင့္အလွဆင္ထားသည္။
ထိုအရုပ္ႀကီးမွာ သူတစ္ခါျမင္ဖူးခဲ့ေသာ ဒက္ဒီတို႔ငယ္ငယ္ကဓာတ္ပံုအတိုင္း၊
ဒက္ဒီကိုလက္မွာေပြ့ခ်ီကာ က်န္လက္တစ္ဖက္က ဦးယံ၏လက္ကိုဆဲြကိုင္ထားေသာ အဘိုးတို႔၏ ပံုတူေၾကးရုပ္ႀကီးျဖစ္၏။
ထို၃ေယာက္ဟာLeoponရဲ့အရွင္သခင္ေတျြဖစ္သလို ဒီေျမ၊ ဒီေနရာအတြက္ ေရကုန္ေရခမ္းႀကိဳးစားခဲ့ၾကသူေတြမဟုတ္လား...
"ကိုကို ေနလည္းသိပ္မေကာင္းေသးဘဲနဲ႔"
ေရခြက္ကေလးတစ္ခြက္ကိုင္ကာ သူ႔အနားေရာက္လာသၫ့္ မိန္းကို တစ္ခ်က္ငံု႔ၾကၫ့္မိေတာ့ ဤဒုကၡလွလွေလးသည္ သူ႔ကိုေမာ့ၾကၫ့္မေနခဲ့။
လြန္ခဲ့ေသာႏွစ္ရက္က အေရာင္းအဝယ္လုပ္ရင္း ႃခံုခိုတိုက္ခိုက္ခံရ၍ သူ ဒဏ္ရာရခဲ့ကာ ထိုဒဏ္ရာေၾကာင့္ ဖ်ားခဲ့ေပမယ့္ ျပင္းျပင္းထန္ထန္ႀကီးလည္းမဟုတ္။
အခုလည္း ေနမေကာင္းေသးတာဟုတ္ေပမယ့္ လူမမာလိုလည္းလွဲမေနခ်င္ေသာေၾကာင့္ သူမဟာ တဂ်ီဂ်ီျဖင့္ ေနာက္ကလိုက္ၿပီး ေဆးတိုက္ေန၏။
"ေဆးေသာက္ရမယ္"
"မနက္က ေသာက္ၿပီးၿပီေလ"
"တစ္ရက္၃ခါေသာက္ရမွာ ကဲပါ ဆရာဝန္ကိုျပန္ေဈးဆစ္မေနပါနဲ႔ ေသာက္အခု"
ဟု ခ်စ္ဇနီးေခ်ာမွ ခပ္တင္းတင္းအမိန႔္ခ်လာေတာ့ သူ ရယ္ခ်င္သြားမိသည္။
ဒီကေလးမေလးဟာ သူ႔ကိုမေၾကာက္ေတာ့တာၾကာၿပီျဖစ္သည္။
"ေဆးေတြခါးရင္ ဘယ္လိုလုပ္မလဲ"
"ေန ကိုကို႔ကိုနမ္းမယ္"
"အဲ့ဒါဆိုအခါးေပ်ာက္သြားေရာလား"
"ေသာက္ၾကၫ့္ပါ ကိုကိုပါးစပ္ထဲ ခါးတဲ့အရသာ မေပ်ာက္မခ်င္း နမ္းမယ္"
ဟု ႃပံုးစိစိမ်က္ႏွာေလးျဖင့္ ခၽဲြႏဲြ႔စြာေျပာလာေတာ့ သူ႔မွာအရည္ေပ်ာ္က်သြားမတတ္ပင္။
ထို႔ေၾကာင့္ မိန္းလက္ထဲကေဆးေတြႏွင့္ ေရခြက္ကိုလွမ္းယူလိုက္ကာ ေသာက္လိုက္ေတာ့ ေဆးေတြဟာတကယ္ပဲခါးေနတာမို႔ မ်က္ႏွာရႈံ႔မဲ့သြားမိ၏။
ထိုအခါ သူ႔ႏႈတ္ခမ္းေပၚသို႔ ထိရံုကေလးထိသြားေသာ အနမ္းေနြးေနြးေလးေၾကာင့္ ရင္ထဲတုန္ခါသြားၿပီး မိန္းကိုယ္ေလးကို ဖက္ထားလိုက္သည္။
"Trainingဆင္းေနတဲ့သူေတြကို သြားၾကၫ့္ရဦးမွာ"
"အင္း သိတယ္ေလ"
"အဲ့ဒါၿပီးရင္ ကိုကိုလည္း ေလ့က်င့္ခ်င္ေလ့က်င့္ရဦးမွာ"
"ေနေန့ကိုတစ္ေယာက္တည္းထားၿပီးေတာ့လား"
"ခဏေတာ့ေနဦးေလ"
"ကိုကိုေနႏိုင္လို႔လား ဒီေန့ေက်ာင္းပိတ္လို႔ ကိုကိုနဲ႔ပဲ ေနကအခ်ိန္ျဖဳန္းခ်င္တာ တစ္ရက္လံုးမရရင္ေတာင္ ဒီအခ်ိန္ေလးေတာ့.."
သူ႔တီရွပ္ကို မသိမသာေလးဆဲြဆုပ္ကာ ႏႈတ္ခမ္းေလးစူၿပီး ပူဆာလာေသာ ဒီကေလးဆိုးေလးေၾကာင့္ သူေသြးေတြ ေနြးခနဲျဖစ္သြားမိသည္။
ဟုတ္ေတာ့လည္းဟုတ္ပါတယ္။
သူမေလးမွာ ေက်ာင္းနဲ႔ေဆးရံုကို ေန့ေရာညပါေျပးလႊားေနခဲ့ရၿပီး ဒီေန့ဒီရက္မွသာ နားခြင့္ရရွာတာ...
"ေနာ္ လို႔"
"ခဏအိပ္ရေအာင္ ကိုကိုေခ်ာ့သိပ္မယ္"
နားနားေလးကို တိုးတိုးေလးကပ္ေျပာလိုက္သၫ့္အခါ ရွက္ေသြးျဖင့္ ပန္းေရာင္သမ္းသြားေသာ မိန္း၏မ်က္ႏွာေလးသည္ ႏွင္းဆီပြင့္ေလးလို လွရက္လြန္းပါ၏။
သူမလက္ဖဝါးေလးကို ဖြဖြေလးနမ္းရိႈက္မိသၫ့္အခါ ႏႈတ္ခမ္းေလးဖိကိုက္သြားၿပီး သူ႔လည္ပင္းကိုျပန္ဖက္လာကာ တိုးတိုးေလးျပန္ေျပာလာသည္။
"ကိုကို တကယ္အိပ္ေပ်ာ္သြားရင္ စိတ္ဆိုးပစ္မယ္"
တဲ့ေလ...
💝💝◽◽◽💝💝
"ကိုေရ ႏိုင္းဗိုက္ေတြနာေနလို႔ အာဘြားပိစိေလးမေပးခ်င္ဘူးလား"
ႏိုင္း၏ခ်ိဳအီပစ္လဲခ်င္စရာ ခၽဲြခၽဲြႏဲြ႔ႏဲြ့စကားေၾကာင့္ သူ စာအုပ္ကိုပိတ္ကာ ႏိုင္းကိုျပန္လွၫ့္ၾကၫ့္ေတာ့ တမင္လုပ္ျပေနေသာမ်က္ႏွာေလးက ရႈံ႔ရႈံ႔မဲ့မဲ့။
ထို႔ေၾကာင့္ စာၾကၫ့္စားပဲြမွထကာ ႏိုင္းအနားသြားထိုင္လိုက္ၿပီး ပါးအိအိေလးကို ဖြဖြေလးဆဲြဖဲ့လိုက္ေတာ့ သူ႔ရင္ခြင္ထဲတိုးဝင္လာေသာ ကေလးပိစိေလး...
"ေဆးေသာက္ထားတာကို နာေနတုန္းပဲ"
"ေရႏြေးေသာက္ၿပီးၿပီလား"
"ဟင့္အင္း"
"အဲ့ဒါဆို ကိုယ္ေရႏြေးသြားယူလိုက္ဦးမယ္ ခဏ"
ႏိုင္းက ေခါင္းေလးညိတ္ျပေသာေၾကာင့္ အိပ္ရာေပၚမွေစာင္ပါးေလးကိုလွမ္းယူၿပီး သူမကိုယ္ေပၚလႊားႃခံုေပးလိုက္သည္။
ေျခေထာက္ကေလးေတြကိုပါ ေနြးသြားေအာင္ ေသခ်ာထုတ္ေပးၿပီး အခန္းထဲကထြက္ကာ ေရႏြေးကို ခြက္ထဲထၫ့္ကာ ပ်ားရည္နည္းနည္းပါထၫ့္လိုက္သည္။
ဂ်င္းကိုလည္း ပါးပါးေလးလွီးကာ ေရႏြေးခြက္ထဲထၫ့္ၿပီးေနာက္ အခန္းဆီကိုျပန္လာခဲ့သည္။
ဤအခ်ိန္ေတြမွာ သူမဟာ တျခားအမ်ိဳးသမီးေတြထက္ ပိုၿပီးနာက်င္ကိုက္ခဲတတ္ကာ ေနေန့ကိုေမြးၿပီးကတည္းကမို႔ ဒီအခ်ိန္ေတြတိုင္း ႏိုင္းကိုပိုဂရုစိုက္ရသည္။
ေရႏြေးကို သူမလက္ထဲထၫ့္ေပးကာ ႏိုင္းကိုယ္ေလးကို ရင္ခြင္ထဲျမဳပ္သြားေအာင္ဖက္ထားလိုက္ေတာ့ ရယ္က်ဲက်ဲျဖစ္သြားသၫ့္ သူ႔ရဲ့ႏိုင္းျမစ္ကေလး...
"သံလြင္ ႏိုင္းကိုမခ်စ္ေတာ့ဘူးလို႔ထင္ေနတာ"
"ထင္ရက္တယ္ေနာ္ ဒီကေလးစုတ္က"
"သိဘူးေလ အခုေတာင္ ႏိုင္းေျပာမွသတိရတာမလား ေစာနကသံလြင္စာအုပ္ဖတ္ေနတာေလ သူမ်ားကိုပစ္ထားတယ္ သတိလည္းမရ.. အြန္း!"
နားညည္းလြန္းေသာထိုႏႈတ္ခမ္းေလးကို အနမ္းေတျြဖင့္ ဖိပိတ္ပစ္လိုက္ကာ ကေယာင္ကတမ္းျဖစ္သြားသၫ့္လက္ကေလးေတြေၾကာင့္ ခဏျပန္လႊတ္ေပးလိုက္သည္။
မ်က္ေစာင္းထိုးေနေသာ ႏိုင္းသည္ သူတို႔စ,ေတြ့ဖူးခဲ့ေသာအခ်ိန္ကလို ႏုပ်ိဳသြက္လက္ေနဆဲျဖစ္၏။
"ဆက္နမ္းရမွာလား ေရႏြေးေသာက္မွာလား"
"နမ္း"
"ဒါေပမယ့္ ေရႏြေးေသာက္မွသက္သာမွာေလ"
"ကို နမ္းတဲ့အခ်ိန္ဆို ႏိုင္းအားလံုးကိုေမ့သြားတယ္ေလ"
စကားတတ္လြန္းေသာ ဇနီးသည္ေလးေၾကာင့္ သူ႔ရင္ဘတ္ႀကီးတစ္ျခမ္းလံုး အရည္ေပ်ာ္က်သြားမတတ္ ႂကြေက်သြားမိ၏။
သို႔ေသာ္ ေရႏြေးကေတာ့ ေသခ်ာေပါက္တိုက္ရမွာမို႔ သူမစိတ္ေက်နပ္သြားေအာင္ ခပ္တင္းတင္းေလးေပြ့ဖက္ကာ မ်က္ႏွာေလးအႏွံ႔နမ္းပစ္လိုက္ေတာ့ ႏိုင္းဆီက ရယ္သံသဲ့သဲ့ေလးထြက္လာသည္။
နာက်င္ကိုက္ခဲေနသည္ဆိုေသာ ႏိုင္း၏ဗိုက္ကေလးကိုပါ ငံု႔နမ္းပစ္လိုက္ေတာ့ ႏိုင္းက သူ႔ရင္ဘတ္ကို တဘုတ္ဘုတ္ထုကာ အတင္းျပန္တြန္းေတာ့၏။
"ေရႏြေးပဲေသာက္ေတာ့မယ္"
"လိမၼာတယ္ ကိုယ့္ႏိုင္းေလးက.. မေအးခင္ေသာက္လိုက္ဦး ကိုယ္ဖက္ထားေပးမယ္"
"ဟုတ္"
💝💝◽◽◽💝💝
"Mine ထိုင္ေနလို႔"
"မထိုင္ခ်င္ပါဘူး ကိုႀကီးကလည္း အသက္တစ္ေန့လံုးထိုင္ေနရတာ"
"အဲ့လိုထိုင္ေနရေအာင္ ဒီကပဲလုပ္ေပးေနတာ သြားထိုင္ေန"
"ပ်င္းတယ္"
"လာ.. ပ်င္းရင္ အိပ္ရာထဲသြားမယ္"
ကိုႀကီးစကားေၾကာင့္ အသက္ ရွက္သြားမိကာ ပါးေလးေတြရဲခနဲျဖစ္သြားၿပီး ဘာေျပာရမွန္းမသိေတာ့၍ ထိုလူႀကီးကေတာ့ ေျပာဦးေလဆိုသၫ့္မ်က္ႏွာျဖင့္ အသက္ကို ၾကၫ့္ေန၏။
အသက္တို႔က ကိုႀကီးရဲ့အိမ္မွာပဲေနၾကၿပီး ကိုႀကီးမိဘေတြ မိုးကုတ္ကိုျပန္သြားေသာေၾကာင့္ ဒီအိမ္မွာ သူသာဩဇာအရိွဆံုး၊ အာဏာအရိွဆံုး။
"သြားထိုင္ေနလို႔ ကိုယ့္ဘာသာလုပ္ပါ့မယ္ဆို"
"အသက္ ပ်င္းလို႔ပါ ကိုႀကီးရယ္ ရံုးလည္းသြားစရာမလိုဘူး အိမ္မွာလည္းဘာမွမလုပ္ရဘူး"
"မင္းကို အိမ္အလုပ္လုပ္ဖို႔ယူထားတာမွမဟုတ္တာ မလုပ္နဲ႔ ခိုင္းစရာရိွရင္ လက္ၫွိုးထိုးခိုင္း"
"ခိုင္းဘူး ကိုႀကီးနဲ႔လည္းမေနခ်င္ေတာ့ဘူး ေတာ္ၿပီ.. ေတာင္ႀကီးကိုပဲျပန္ေတာ့မယ္"
"ဘာ!"
"ကိုကိုက အသက္ကိုမခ်ဳယ္ခ်ယ္ဘူး ကိုကို႔ဆီပဲသြားေနေတာ့မယ္"
အသက္ တမင္ေျခေဆာင့္နင္းကာ ကိုႀကီးေရ႔ွကထြက္လာေတာ့ ကိုႀကီးကအသက္ကို ေကာက္ေပြ့ခ်ီပစ္ၿပီး ႏႈတ္ခမ္းေတြကို ဖိကပ္နမ္းရိႈက္လာသည္။
ျပင္းရွလြန္းေသာအနမ္းေတြေၾကာင့္ ႏႈတ္ခမ္းေတြထံုက်င္သြားရၿပီး အာရံုေျပာင္းသြားခ်ိန္ ကိုႀကီးက အခန္းတံခါးပိတ္ပစ္လိုက္၍ အသက္ ျပန္ရုန္းမိသည္။
သူ ႏွာဘူးက်ဦးမွာေသခ်ာ၏။
"ဘာလို႔ရုန္းေနတာလဲ ပ်င္းတယ္ဆို ခ်စ္တမ္းကစားရေအာင္ေလ ဘယ္ေလာက္မိုက္လဲ"
"မေနခ်င္ဘူး ကိုႀကီးေန့တိုင္းပဲ သူမ်ားကို"
"အၿမဲထိေတြ့ဆက္ဆံေနမွ အသားက်မွေပါ့ မဟုတ္ဘူးလား"
"မက်ခ်င္ဘူး"
အသက္ကိုယ္ေလး ေမြ့ရာေပၚေရာက္သြားသည္ႏွင့္ ပိုၿပီးအရိုင္းဆန္လာေသာအထိအေတြ့ေတြ။
ေအာင့္အည္းထားခဲ့ေသာ ႏွစ္ေတြလေတြအတြက္ အတိုးယူေနသလားမွတ္ရေအာင္ ကိုႀကီးက အသက္ကိုဆို အၿမဲအႏိုင္ယူတတ္၏။
"ခ်စ္တယ္ကြာ ဘာလို႔ဒီေလာက္ခ်စ္မိမွန္းမသိဘူး ရူးခါေနတာပဲ"
အသက္လည္တိုင္ကိုမ်က္ႏွာအပ္ကာ ေျပာလာေသာ သူ႔ေၾကာင့္ အသက္သူ႔ကိုျပန္ဖက္ထားမိေတာ့ ကိုႀကီးေက်ာျပင္သည္ ခၽြေးတို႔ျဖင့္ရႊဲစိုေန၏။
အတူေနၿပီးခ်ိန္တိုင္း အသက္ခါးကိုဖက္ကာ ကေလးတစ္ေယာက္လို အသက္ရင္ခြင္ထဲတိုးဝင္တတ္တာမို႔ ထိုအခ်ိန္ဟာ ကိုႀကီးကိုအခ်စ္မိဆံုးအခ်ိန္ျဖစ္သည္။
"ကေလးယူၾကမယ္ေနာ္"
"အေစာႀကီးရိွေသးတယ္ ကိုႀကီးကလည္း"
"မေစာပါဘူး Mineက ကိုယ့္အတြက္ ကေလးပဲေမြးေပး က်န္တာကိုယ္တာဝန္ယူမယ္ ကေလးထိန္းဖို႔ေရာ ကေလးရဖို႔ေရာ"
"အာ! ေနာက္ဆံုးေတာ့ ဒီဘူတာပဲျပန္ဆိုက္တာပဲ လူညစ္ပတ္ႀကီး ခစ္! ခစ္!"
"ယူရေအာင္ပါ Mineရယ္ ဦးမင္းေစရာနဲ႔ ဦးထက္ဘုန္းလ်ွံကို ေျမးေတြေမြးေပးၿပီး အလုပ္ေပးရေအာင္.. ကိုယ္ေန့တိုင္းႀကိဳးစားေပးမယ္"
ကေလးဆိုးႀကီးလို ကိုႀကီးဂ်ီက်လာျပန္ေတာ့ အသက္ ႏႈတ္ခမ္းေလးကိုသာ ဖိကိုက္ရင္း ေခါင္းေလးညိတ္ျပမိေတာ့သည္။
မေျပာဘူးလား...
အသက္ရဲ့ပါးခ်ိဳင့္ေလးက ဘက္စံုသံုးလို႔ရပါတယ္ဆို...
💝💝◽◽◽💝💝
Extra Part 3 ဆက္ရန္
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997