ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

De Azure5549

46.8K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... Mais

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

361 - 365

199 14 0
De Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၃၆၁ .....

ရေမီနဂါးဆေးလုံး ၊ နဂါးပြောင်းပြန်ဆေးလုံး ၊ ရွှေကျောက်စိမ်းပင်လယ် နဂါးဆေးလုံး ၊ ဗုဒ္ဓနဂါးဆေးလုံး ရွှေနဂါး ဆေးလုံး စသဖြင့် ဒဏ္ဍာရီထဲမှ ဆေးလုံးပေါင်းများစွာက ရှောင်လုံအရှေ့သို့ရောက်ရှိနေလေသည်။

ရှောင်လုံအရှေ့သို့ ရောက်ရှိနေသော ဒဏ္ဍာရီဆေးလုံးများမှာ သိုင်းဝိညာဉ်ကြီးပေါ်ကနေ ပျောက်ကွယ်သွားခဲ့တာ နှစ်ပေါင်းထောင်နှင့် ချီ၍ကြာခဲ့လေပြီ ...။ ဆေးပုလင်းများပေါ်တွင်ရေးမှတ်ထားသည့် နာမယ်တွေကိုဖတ်ကြည့်ရင်း ရှောင်လုံနှလုံးခုန်သံတွေက ပိုပိုပြီး မြန်ဆန်လာ၏ ။

အခုကျောက်စိမ်းအံဆွဲထဲတွင် ရှိနေသော ဆေးတစ်လုံးသာ သိုင်းလောကအတွင်း ပေါ်ထွက်လာခဲ့လျှင် သိုင်းလောကကြီးတစ်ခုလုံး ပြောင်းဆန်နေအောင် မုန်တိုင်းထန်သွားနိုင်သည် ..။
ရှောင်လုံလဲ တုန့်ဆိုင်းမနေတော့ဘဲ ဆေးပုလင်းတွေအကုန်လုံးကို နတ်လက်စွပ်အတွင်းသို့ ရွေ့ပြောင်းလိုက်လေသည်။

ကျောက်စိမ်းအံဆွဲထဲတွင် နောက်ဆုံးကျန်ရှိနေသောအရာမှာ ရွှေနဂါးဆေးကျမ်းဟုသည့် လျှို့ဝှက်ဆေးဖော်စပ်နည်း စာအုပ်တစ်အုပ် ဖြစ်သည်။

ရှောင်လုံတို့နေထိုင်ကြသော သိုင်းဝိညာဉ်ကမ္ဘာကြီးထဲတွင် ဆေးဖော်စပ်နည်းစာအုပ်နှင့် လက်နက်ပြုလုပ်နည်းစာအုပ်များက အလွန်ကို ရှားပါးပြီး ထိုပညာရပ်မျိုးကို မျိုးရိုးစဉ်ဆက်သာ လက်ဆင့်ကမ်းပေးကြတာမို့ မြင့်တွေ့ရခက်ခဲသော အမွေအနှစ်ပစ္စည်းများဖြစ်ကြသည်။ အထူးသဖြင့် အဆင့်မြင့်လက်နက်များနှင့် အဆင့်မြင့်ဆေးလုံးများကို ဖော်စပ်နိုင်သည့် ကျမ်း များက ပိုလို့တောင်ရှားပါးသေးသည်။

ကျောက်စိမ်းအံဆွဲထဲတွင် ရှိနေသော စာအုပ်လေး၏  အသွင်အပြင်ကို အကဲခတ်ကြည့်ရုံဖြင့် အဆင့်မြင့်ဆေးဖော်စပ်နည်းစာအုပ် တစ်အုပ်ဆိုတာက သိသာနေသည်။ ထိုစာအုပ်လေးက ရှောင်လုံရရှိထားသော ရှားပါးသည့် ဆေးလုံးတွေအားလုံးထက်ကိုပင် ပို၍ အဖိုးတန်သေးသည်။

ဆေးလုံးဆိုသည်မှာ တစ်ကြိမ်သောက်လုံးလိုက်ရုံဖြင့် ကုန်ဆုံးသွားနိုင်သည်။ သို့သော် ဆေးဖော်စပ်နည်းကိုရရှိထားပါက လုံလောက်သော ဆေးအမယ်တွေ ရှိနေသရွေ့ ဆေးလုံးပေါင်းမြောက်မြားကို ဖော်စပ်နိုင်သည်။

ထိုနောက် ရှောင်လုံက နန်းတော်တစ်ခုလုံးကို စေ့စေ့စပ်စပ်ရှာဖွေလိုက်၏ ။ နန်းတော်ထဲတွင် ဆေးလုံးများနှင့် ဆေးဖော်စပ်နည်းကျမ်း တစ်ခု အပြင်တခြားမည်သည့် ပစ္စည်းကိုမှ မတွေ့ရတော့ပေ ...။

နန်းတော်အတွင်း၌ တခြားမည်သည့်ပစ္စည်းမျှ မရှိတော့သည်မှာ သေချာပြီးနောက် ရှောင်လုံက ရွှေနဂါးဆေးဖိုကြီးကို နတ်လက်စွပ်အတွင်းသို့ ရွေ့ပြောင်းကာ နန်းတော်ထဲကနေ ပြန်ထွက်လာခဲ့တော့သည်။ ထိုနောက်တွင် ရှောင်လုံက နဂါးပလ္လင်ဆီသို့ ပြန်လည်ရောက်ရှိသွားသည်။

".... ကျောင်းရှု ၊ ဒေါင်ရမ်နဲ့ တခြားလူတွေရော အခြေအနေကောင်းကြရဲ့လားမသိဘူး ...?."

ရှောင်လုံက ရေရွတ်ရင်း တခြားရတနာပစ္စည်းတွေကို ဆက်လက်ရှာဖွေရန်အတွက် လေထဲသို့ ပျံတက်လိုက်သည်။ ရှောင်လုံ ရတနာပစ္စည်းတွေကို ဆက်လက်ရှာဖွေနေစဉ် ချန်ထျန်ချီ ၊ လီမိုလင်နှင့် တခြားအုပ်စုတွေကလဲ အရိုးနဂါးကြီး၏ ခံစစ်ကို ဖောက်ထွက်နိုင်သွားကြသည် ။ထိုနောက် သူတို့က နောက်ကျသောခြောကထောက်သစ္စာဖောက် ပုံစံဖြင့် မြို့အတွင်းသို့ အလုအယက် ပြေးဝင်လာကြသည်။

ချန်ထျန်ချီတို့လူစုကလဲ မြို့ထဲကို ရောက်တာနဲ့ ရတနာပစ္စည်းတွေကို ဖြန့်ကျက်ကာ ရှာဖွေလိုက်သည်။ သူတို့လူစု အချိန်အတော်ကြာအောင်ရှာဖွေပြီးနောက်တွင် ရှောင်လုံ နဂါးသွေးကျောက်များကို တွေ့ရှိခဲ့သော တြိဂံပုံသဏ္ဍာန် 
အဆောက်အဦးဆီသို့ ရောက်ရှိလာကြသည်။

ချန်ထျန်ချီက အဆောက်အဦး၏ ထူးခြားမှုကို သတိပြုမိပြီး အဆောက်အဦးအတွင်းသို့ အပြေးဝင်လိုက်သည်။ ထိုနောက် ခန်းမဆောင်ကြီးတစ်ခုလုံးကိုသေချာ နှံစပ်အောင်ရှာဖွေလိုက်၏။
သူ့အကြည့်တွေက  နဂါးသွေးကျောက်များရှိခဲ့သော
နေရာဆီသို့ ရောက်ရှိသွားသည်။

ရှောင်လုံက နဂါးသွေးကျောက်များ ငေါထွက်နေကြသော သလင်းကျောက်တိုင်ကြီးများကို ခုတ်ပိုင်း၍ ယူသွားခြင်းကြောင့် မြေပြင်ပေါ်တွင် သိသာသော သဲလွန်စများက ကျန်ရစ်ခဲ့လေသည်။ နတ်တံခါးဂိုဏ်းမှ တခြားနယ်မြေခေါင်းဆောင်များကလဲ ခန်းမဆောင်အတွင်း၌ ကျောက်တိုင်ကြီးလေးခု ပျောက်ဆုံးနေတာကို သတိပြုမိလိုက်ကြသည်။

နယ်မြေခေါင်းဆောင် ဂူဝမ်က ထိုနေရာသို့ သွားရောက်စစ်ဆေးပြီး တထစ်ချ သေချာနေသော လေသံဖြင့်

".... ဒီနေရာမှာ ကျောက်တိုင်ကြီးလေးခုရှိနေခဲ့တယ်သေချာသလောက်ပဲ ... တစ်ယောက်ယောက် ယူသွားတယ်ဆိုတာ သေချာပါတယ် ....
နောက်ပြီး ယူသွားတာလဲ သိပ်မကြာသေးဘူး...."

နောက်ထပ် နယ်မြေခေါင်းဆောင်တစ်ယောက်ကလဲ ကဲ့ရဲ့လှောင်ပြောင်လိုက်သည်

".... ကျောက်တိုင်တစ်ခုတောင် ချန်မထားခဲ့ဘူးဆိုတော့ ဘယ်လိုအရူးကောင်မျိုးလဲ မသိဘူးနော် ...."

တခြားလူများကလဲ သူနှင့်အတူရယ်မောလိုက်ကြသည်။ သို့သော်ချန်ထျန်ချီကတော့ စူးရှသော မျက်လုံးများဖြင့် အခန်းအတွင်းသို့ သေချာအကဲခတ်နေ၏ ။ ထိုနောက် သူကဖျက်ကနဲ
နဂါးပုလ္လင်အနားသို့ ရောက်ရှိသွားပြီး ပလ္လင်အား စိတ်ဝင်တစား လှည့်ပတ်ကြည့်ရှု့နေသည် ။ ထိုနောက် ချန်ထျန်ချီ၏လက်ညိုးက ရွှေနဂါးကြီးရဲ့ နဖူးထိပ်မှ ပုတီးစေ့နှင့်တူသော နေရာကိုလေးကို  ဖိချမိလိုက်သည်။

ခန်းမဆောင်ကြီးတစ်ခုလုံးက မျက်စိကန်း မတတ် အလင်းတန်းများဖြင့် လင်းထိန်သွားပြီး ပလ္လင်ဆီကနေ စွမ်းအားပြင်းထန်သော ပြန်ကန်အားတစ်ခုထွက်ပေါ်လာသည် ။ ထိုပြန်ကန်အားက ပုလ္လင်ဘေးပတ်ပတ်လည်တွင်ရှိနေသေည့်အရာမှန်သမျှကို အနောက်ဘက်သို့ တွန်းထုတ်ပြစ်လိုက်၏ ။

ချန်ထျန်ချီလဲ ထိတ်လန့်သွားပြီး အနောက်သို့ အလျင်အမြန်ခုန်ဆုတ်ရန် ကြိုးစားလိုက်လေသည်။
သို့သော် သူကအနဲငယ်နောက်ကျသွားတာကြောင့် ထိုပြန်ကန်အားနှင့်ထိတွေ့မိကာ အနောက်ဘက်သို့ လွင့်စင်သွားပြီး နံရံကြီးနှင့် သွားတိုက်မိလေသည်။

".... ဂိုဏ်းချုပ် .. ..."

ဂူဝမ်တို့လူစုက မျက်စိပျက်မျက်နှာပျက်ဖြင့် ချန်ထျန်ချီအနားသို့ အလျင်အမြန် ပြေးလာကြပြီး သူ့ကို မြေကြီးပေါ်ထဲက ဆွဲထူလိုက်ကြသည်။ ချန်ထျန်ချီက ဂူဝမ်တို့အကူအညီဖြင့် မြေကြီးပေါ်တွင် ပြန်ရပ်ပြီးနောက် သူပါးစပ်ထဲကနေ သွေးတွေအများကြီး အန်ထုတ်ပစ်လိုက်သည်။

"... ဂိုဏ်းချုပ် အဆင်ပြေရဲ့လား ....?!!"

ဂူဝမ်က စိုးရိမ်တကြီးမေးလိုက်သည်။

ချန်ထျန်ချီက သူအဆင်ပြေတယ်ဆိုတဲ့အကြောင်း ခေါင်းညိတ်ပြလိုက်၏ ။ ထိုနောက် ချန်ထျန်ချီက အတွင်းအားဒဏ်ကြေ ဆေးတစ်လုံးကို မြိုချလိုက်ပြီး မြေကြီးပေါ်တွင်ထိုင်ကာ သူ့ကိုယ်ထဲမှ အတွင်းအားများကို လှည့်ပတ်၍ အတွင်းဒဏ်ကို ကုစားလိုက်သည်။ ခနလောက်ကြာတော့ သူမျက်နှာထက်တွင် သွေးရောင်များ ပြန်လွှမ်းလာသည်။

".... ဂိုဏ်းချုပ် .... ဒီပလ္လင်ကြီးက ....?!"

ချန်ထျန်ချီ၏ နောက်လိုက်တစ်ယောက်က သိချင်စိတ်ကို မအောင်နိုင်တော့ပဲ မေးလိုက်သည်။
ချန်ထျန်ချီက တည်ကြည်လေးနက်သော မျက်နှာထားဖြင့်

".... ဒီပုလ္လင်က နတ်ဘုရားအဆင့် သိုင်းပညာရှင်တစ်ယောက် ချန်ထားခဲ့တဲ့ အစီအရင်တစ်ခု ဖြစ်နိုင်တယ် ..."

ချန်ထျန်ချီက အချိန်မှီရှောင်တိမ်းလိုက်နိုင်ခြင်းကြောင့်သာ အခုလိုမျိုး ကံကောင်း သွားခြင်းဖြစ်သည်။ အစီအရင်၏ အဓိကစွမ်အားများနှင့် လွဲချော်သွားတာကြောင့် အခုလို အတွင်းအားဒဏ်ရာလောက်သာ ရရှိခဲ့ခြင်း ဖြစ်သည်။

".... နတ်ဘုရားအဆင့် သိုင်းပညာရှင်တစ်ယောက်ရဲ့
အစီအရင် .....?"

နတ်တံခါးဂိုဏ်းမှ အကြီးအကဲတွေ၏ မျက်နှာက ဒဏ်ရာရရှိထားသော ချန်ထျန်ချီထက်ကို ပိုပြီး ဖြူဖတ်ဖြူရော်ဖြစ်ကုန်ကြသည်။

".... သွားစို့ ....""

ချန်ထျန်ချီက ပုလ္လင်ကြီးအား နောက်ဆုံးအကြိမ်စိုက်ကြည့်လိုက်ပြီး ခန်းမဆောင်ထဲကနေ ပြန်ထွက်သွားသည်။ ရွှေနဂါးပလ္လင်ကြီးဆီမှာ လျှို့ဝှက်များဖြင့် ပြည့်နှက်နေတာကို သူခံစားမိသော်လည်း နတ်ဘုရားအဆင့် သိုင်းပညာရှင်၏ အစီအရင်က အလွန်ကို ကြောက်စရာကောင်းလွန်းသည်။ မိမိအသက်ကိုနှမျောပါက နတ်ဘုရားအဆင့် သိုင်းပညာရှင်၏အစီအရင်များကို ဝေးဝေးကရှောင်ရန်လိုအပ်သည်ဆိုသော စကားကို ချန်ထျန်ချီက ကောင်းကောင်းကြီး နားလည်ထား သည်။

".... အော် ဒါနဲ့ ဂိုဏ်းချုပ် .... မူလတောအုပ်ထဲကို ဟောင်ရှောင်လုံရောက်နေတဲ့ အကြောင်း ကောလဟာလတွေကိုလဲ ကျွန်တော်မျိုးလက်အောက်ငယ်သားတစ်ယောက်က သတင်းပို့လာပါတယ် ....."

ဂူဝမ်က ချန်ထျန်ချီနားနားသို့ ကပ်ပြီး တိုးတိုးလေးပြောပြလိုက်သည်။

ချန်ထျန်ချီက ခေါင်းညိတ်ပြလိုက်သည် ။ သူတို့က မူလတောအုပ်အတွင်းမှာသာ အဓိကရှာဖွေနေကြပေမယ့် တောက်ပသောနေမင်းမြို့တော်မှ အဖြစ်အပျက်တွေအကုန်လုံးကို ကြားထားပြီးဖြစ်သည်။

"... ကြည့်ရတာတော့ နတ်လက်စွပ်က ဟောင်ရှောင်လုံဆီမှာ တကယ်ရှိနေပုံပဲ .... အဲ့လိုမှမဟုတ်ရင် လက်ဝဲကိုယ်ရံတော်ကသူ့ကို အခု
လိုမျိုး လိုက်ပြီးစောင့်ရှောက်နေမှာမဟုတ်ဘူး  ...."

နောက်ထပ်နယ်မြေခေါင်းဆောင်တစ်ဦးက ဝင်ပြောလိုက်သည်။

".... ဟောင်ရှောင်လုံရဲ့ သိုင်းအဆင့်တိုးတက်နှုန်းကတော့ ကြောက်ခမန်းလိလိပဲ ...သူကိုအမြန်ဆုံးသတ်ပစ်မှတော်ကာကြမယ် ... နောက်နှစ်အနဲငယ်လောက်ဆို သူကိုသတ်ဖို့ဆိုတာ မလွယ်လောက်တော့ဘူး ....."
နောက်အကြီးအကဲတစ်ယောက်က မှတ်ချက်ပေးလိုက်သည်။

စူးရှရှအလင်းတန်းတစ်ခုက  ချန်ထျန်ထျီ၏ မျက်လုံးထဲတွင် ဖျက်ကနဲလက်သွားသည်။
ချန်ထျန်ချီစိတ်ထဲမှာလဲ မူလတောအုပ်ကိစ္စကို ဖြေရှင်းပြီးတာနဲ့ ဒေါင်ရမ်းအင်ပါရာနိုင်ငံကို ချက်ချင်းသွားဖို့ အစီအစဉ်ဆွဲထားပြီးဖြစ်သည်။ သူ့စိတ်ထဲတွင် နတ်တံခါးဂိုဏ်းချုပ်နေရာကို သူ့အပိုင်လို့ သတ်မှတ်ထားပြီးဖြစ်တာကြောင့် သူ့ကိုအန္တရာယ်ပေးနိုင်လာသည်အထိ
ရှောင်လုံ ဆက်လက်ကြီးထွားနေမှာကို သူက မမြင်ချင်တော့ပေ ...။

".... အခုကစပြီး ဟောင်ရှောင်လုံကိစ္စကို ခနဘေးဖယ်ထားကြပါ ... အခုချိန်မှာ ကျုပ်တို့အတွက် အရေးအကြီးဆုံးကိစ္စက နဂါးသင်္ချိုင်းဂူကို အမြန်ဆုံးရှာတွေ့နိုင်ဖို့ပဲ .... "

ချန်ထျန်ချီက သတိပေးလိုက်သည် ။

"....နတ်ဘုရားကျောင်းတော်က လီမိုလင်တို့လူစုလဲ ဒီနေရာကိုရောက်နေကြတယ်နော်  ... သူတို့ကလဲ သေချာပေါက် နဂါးသင်္ချိုင်းကို ပစ်မှတ်ထားကြမှာပဲ...ကျုပ်တို့အနေနဲ့ နဂါးသင်္ချိုင်းကို ဘယ်လိုနည်းနဲ့မှ လက်လွှတ်လိုက်ဖို့ မဖြစ်ဘူး ....."

"... ကောင်းပါပြီဂိုဏ်းချုပ်....."

နယ်မြေခေါင်းဆောင်များက သံပြိုင်ပြန် ဖြေလိုက်ကြသည်။ ထိုအချိန်တွင် ရှောင်လုံက မြောက်ဘက်ခြမ်းတွင်ရှိသော နောက်ထပ်နန်းတော်တစ်ခုဆီသို့ ရောက်ရှိနေပြီပဲ ဖြစ်သည်။
ရှောင်လုံက အမိုးထက်တွင် ရပ်နားကာ ထိုနန်းတော်ကြီးအား အကဲခတ်ကြည့်လိုက်သည်။
ယခုနန်းတော်ကြီးဆီကနေလဲ နဂါးအော်ရာများ ထွက်ပေါ်နေတာကို သူအာရုံခံမိလိုက်သည်။

ထိုနောက် ရှောင်လုံပုံရိပ်က အမိုးထက်ကနေ နန်းဆောင်အတွင်းသို့ ဖျက်ကနဲရောက်ရှိသွားသည်။
နန်းဆောင်အတွင်း၌ ရှောင်လုံစိတ်အာရုံကို ပထမဆုံးဆွဲဆောင်လိုက်သောအရာမှာ ဟောခန်းမထဲက စားပွဲတစ်လုံးပေါ်တွင်တင်ထားသည့် ဧရာမနဂါးဆေဘာဓားရှည်ကြီးပင် ဖြစ်သည်။

နဂါးဆေဘာဓားရှည်ကြီးပေါ်တွင် သတ်ဖြတ်ချင်းအော်ရာများ အလွန်သိပ်သည်း ပြင်ထန်နေသော နဂါးတစ်ကောင်ပုံအား ထွင်းထုပုံဖော်ထားသည်။ သတ်ဖြတ်ချင်းအော်ရာများ သိပ်သည်းနေသော နဂါးဆေးဘာဓားကြီးက သိုင်းပညာရှင်အမြောက်အမြား၏ သွေးတွေကို သောက်သုံးဘူးတယ်ဆိုတာက သေချာနေသည်။

ရှောင်လုံက နဂါးဆေဘာဓားအနီသို့ ချဉ်းကပ်သွားပြီး ဓားကိုလက်တစ်ဖက်ဖြင့် လှမ်းကိုင်လိုက်သည်။ သို့သော်ရှောင်လုံလက်က နဂါးဆေဘာဓားကြီးကို အပေါ်သို့ မလို့ မရခဲ့ပေ ...။
နဂါးဆေဘာဓားကြီး၏ အလေးချိန်ကြောင့် ရှောင်လုံလဲ မျက်လုံးပြူးသွားသည်။ ရှောင်လုံ၏ လက်ရှိခွန်းအားနဲ့ဆိူရင် တောင်ငယ်လေးတစ်ခုကိုတောင် မြေကြီးပေါကနေ အပေါ်သို့ ဆွဲမ နိုင်စွမ်းရှိသည်။

မည်သည့် သံမဏိအမျိုးအစားဖြင့် ပြုလုပ်ထားမှန်း မသိသော်လည်း နဂါးဆေဘာဓားကြီးကို ပြုလုပ်ထားသော သံမဏိကတော့ မယုံနိုင်လောက်အောင် လေးလံလွန်းသည်။

".... ရအောင် မမယ်ကွာ ...."
ရှောင်လုံက သူ့ချီပင်လယ်ထဲမှ အတွင်းအားတွေကို လက်ဆီသို့ ပို့ဆောင်လိုက်သည်။ ထိုနောက် ရှောင်လုံက မာန်သွင်းကာ နောက်တကြိမ်မဖို့ ကြိုးစားလိုက်၏ ။ သို့သော် နဂါးဆေဘာဓားကြီးက စားပွဲပေါ်ကနေ လက်မအနဲငယ်မျှသာ မြင့်တက်လာခဲ့သည်။ ရှောင်လုံပုံစံကိုကြည့်ရသည်မှာ တနှစ်သား ကလေးငယ်လေးတစ်ယောက် လေးလံသော အုတ်နီခဲကို မနိုင်မနင်း မပင့်နေပုံနှင့် တူနေသည်။

ရှောင်လုံက နဂါးဆေဘာဓားကြီးကို ငေးကြည့်ရင်း သူ့အတွင်းအားတွေကို အကုန်လုံးကို စုစည်းကာ ရုတ်တရက်ခုတ်ပိုင်းချလိုက်သည်။ နဂါးဆေဘာဓားရှည်ကြီးထဲမှ သွေးနဂါးကြီးတစ်ကောင် ထွက်ပေါ်လာပြီး ထိုသွေးနဂါးကြီးဆီမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ရာစွမ်းအားတွေက ခန်းမဆောင်တစ်ခုလုံးကို ဧရာမရေလှိုင်းကြီးများသဖွယ် ပျံနှံရောက်ရှိသွားကြသည်။ကြီးမားသော စွမ်းအားကြောင့် ခန်းမဆောင်၏ နံရံတွေအကုန်လုံး ပြိုလဲကျကုန်သည်။

ရှောင်လုံက သူ့လက်ထဲတွင် မနိုင်မနင်းဖြင့် ကိုင်ဆွဲထားသော နဂါးဓားကြီးကို ကြည့်ရင်း အရမ်းကို အံအားသင့်သွားလေသည်။

"....ဒီ နဂါးဆေဘာဓားရှည်ကြီးရဲ့ စွမ်းအားတွေက ကြောက်စရာကောင်းလှချည်လားဟ....?"

ရှောင်လုံစိတ်ထဲမှာ  နဂါးဆေဘာဓားရှည်ကြီးကို ကြည့်နေရင်း ပိုပိုပြီးနှစ်သက်လာသည်။ ရှောင်လုံထံတွင်ရှိနှင့်ပြီးသားဖြစ်သော နတ်ဓားနှစ်လက်နှင့် အန်မီနက်စစ်ပုဆိန်တို့ကလဲ အစွမ်းထက်လက်နက်များဖြစ်ကြပေမယ့် နဂါးဆေဘာဓားကြီး၏ ပုံပန်းသွင်ပြင်ကတော့ ပိုပြီး သူရဲကောင်းဆန်လေသည်။

ဓားပေါ်တွင် ထွင်းထုထားသော သွေးနဂါးကြီးကိုကြည့်ရင်း ရှောင်လုံစိတ်ထဲတွင် အကြံတစ်ခု ဖြစ်ပေါ်လာသည်။ ရှောင်လုံက သူလက်ညိုးမှ သွေးတစ်စက်ကို သွေးနဂါးကြီး၏ ပါးစပ်နေရာသို့ ချလိုက်ပြီး သူ့အတွင်းအားတွေကို မောင်းနှင်ကာ မဟာနဂါးဓားကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ချက်ချင်းဆိုသလို  မဟာနဂါးဓားကြီးတစ်ခုလုံး သွေးနီရောင်များဖြင့် နီရဲလာသည်။  ထိုနောက် နဂါးဆေဘာဓားကြီးဆီကနေထွက်လာသော သွေးနီရောင်အလင်းတန်းများကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်သွားလေသည်။

ထိုအလင်းတန်းများ၏နောက် အင်အားပြင်းထန်သော သတ်ဖြတ်ခြင်း  စွမ်းအားတွေက ရှောင်လုံကိုယ်ထဲသို့ တဟုန်ထိုးတိုးဝင်လာပြီး ရှောင်လုံအသိညဏ်များကို သွားရောက်ရိုက်ခတ်လေသည်။

.....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၃၆၂ ......

ရှောင်လုံက အံသြသွားသော်လည်း သူ့စိတ်ကို တည်ငြိမ်အောင်ထားပြီး စိတ်အာဏာနည်းစနစ်ကို အသုံးပြု၍ သူ့အသိညဏ်အတွင်းသို့ ဝင်ရောက်လာသော သတ်ဖြတ်ခြင်းစွမ်းအားတွေကို သန့်စင်ပြီး စုပ်ယူရန်ကြိုးစားလိုက်သည်။ သတ်ဖြတ်ခြင်းအော်ရာတွေအကုန်လုံးကို စုပ်ယူပြီးကာမှ ရှောင်လုံလဲ သက်ပြင်းချနိုင်သွားသည်။ ထိုကဲ့သို့ မစုပ်ယူနိုင်ခဲ့လျှင် သူ့အသိညဏ်တွေပျက်ဆီးကာ
သူလဲပဲ အရူးတစ်ယောက် ဖြစ်သွားနိုင်သည်။

သတ်ဖြတ်ခြင်းအော်ရာများကို စုပ်ယူပြီးနောက် နဂါးမျိုးနွယ်စု၏ သိုင်းပညာရှင်တစ်ယောက်ဟာ ရှောင်လုံလက်ထဲ တွင် ရှိနေသော မဟာနဂါးဓားကြီးနှင့် တပုံစံထဲတူသောဓားကြီးကိုဆုပ်ကိုင်ထားသည့် မြင်ကွင်းက သူ့အသိညဏ်အတွင်းသို့ ဝင်ရောက်လာသည် ။

ထိုသိုင်းပညာရှင်က မဟာနဂါးဓားကြီးကို ဆွဲကိုင်ရင်း လေထဲသို့ ခုန်ပျံကာ တချက်ခုတ်ပိုင်းလိုက်သည်။ သူကတော့ တစ်ချက်သာခုတ်ပိုင်းလိုက်သော်လည်း ထိုဓားချက်ကနေ ဓားအလင်းတန်းပေါင်းများစွာ
ပွားများလာပြီး လေထဲတွင် ဓားအလွှာတွေအများကြီးအဖြစ် ဖြာထွက်သွားသည်။ ထိုနောက် နဂါးမျိုးနွယ်စု၏ သိုင်းပညာရှင်က သူ့ဓားတစ်ချက်ထဲနှင့် ပင်လယ်တစ်ခုလုံးကို ထက်ခြမ်းခြမ်းပစ်လိုက်သည်မြင်ကွင်းကို ရှောင်လုံမြင်လိုက်ရသည်။

အဲ့ဒီနောက် ထိုသိုင်းပညာရှင်က နဂါးဓားကြီးကို လေထဲသို့ ပင့်မြှောက်ကာ မွှတ်နေအောင် လှည့်လိုက်သည်။ ထိုအခါ လည်ပတ်နေသော ဓားအလင်းတန်းတွေက သူလမ်းကြောင်းတစ်လျှောက်တွင်ရှိနေသော တောင်တန်းကြီးများပါမချန်
တစ်စစီဖြစ်အောင် ခွဲခြေပစ်လိုက်သည်။ 

ရှောင်လုံ အသိညဏ်ထဲတွင် ထိုဓားပညာရှင် သိုင်းကစားပြသည့်  မြင်ကွင်းတွေတစ်ခုပြီးတစ်ခု ပြောင်းလဲသွားပြီး နောက်ဆုံးတွင် လုံးဝကို ပျောက်ကွယ်သွား၏ ။ ရှောင်လုံလဲ သူမြင်တွေ့ခဲ့ရသော အံသြဖွယ်ရာ မြင်ကွင်းတွေကိုကြည့်ပြီး အံသြမှင်သက်နေလေသည်။

ရှောင်လုံက မဟာနဂါးဓားကြီးကို သူ့ကိုယ်ပိုင်ဓားတစ်လက်အဖြစ် ချုပ်ကိုင်နိုင်သွားပြီးသည့်နောက်တွင် သူ့အသိညဏ်အတွင်းသို့ မဟာနဂါးဓားသိုင်း၏ မှတ်ညဏ်များ ဝင်ရောက်လာခြင်း ဖြစ်သည်။

ရှောင်လုံထံတွင်ရှိနေသော သိုင်းကျမ်းများထဲမှ နတ်ဓားသိုင်းကျမ်းက သတ်ဖြတ်ခြင်း ၊ သွေးဆာခြင်း နှင့် သိုင်းကွက် အကူးအပြောင်းကွက်များအပေါ်တွင် အဓိကထားသည့် သိုင်းကျမ်းဖြစ်ပြီး အန်မီနက် စစ်ပုဆိန်ကျမ်းကတော့ အင်အားကိုတည့်မတ်စွာသုံးခြင်း ၊ ကြောက်လန့်ခြင်းကင်းမဲ့မှု ၊ မှန်ကန်သော သတ္တိများပေါ်တွင် အခြေခံထားသည်။ မဟာနဂါးဓားသိုင်းကျမ်းကတော့ အင်အားကြီးမားခြင်း တစ်ခုထဲတွင်သာ အခြေခံသည့် သိုင်းကျမ်းတစ်ခုဖြစ်သည်။
မဟာနဂါးဓားသိုင်းကျမ်းထဲမှ သိုင်းကွက်တွေက သူလမ်းရှေ့တွင်ရှိနေသည့် အရာမှန်သမျှကို ဖျက်ဆီးချေမှုန်းပြစ်နိုင် သည်အထိ စွမ်းအားကြီးမားလေသည်။

မဟာနဂါးဓားသိုင်းကျမ်းတွင် သိုင်းကွက်စုစုပေါင်း ခြောက်ကွက်သာရှိသည် ။ ရှောင်လုံက မဟာနဂါးဓားကြီးကို သိမ်းဆည့်တော့မည့် အချိန်တွင် သူနားအတွင်းသို့ အဝေးမှ ပျံသန်းလာသည့် လေတိုးသံများ ဝင်ရောက်လာသည်။ထိုလေတိုးသံများအရ ပျံသန်းလာသူများမှာ အနဲဆုံးသုံးယောက်ရှိနိုင်တာကို ရှောင်လုံသိလိုက်သည် ။ သူတို့က ရှောင်လုံရှိရာသို့ အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် ပျံသန်းလာကြခြင်းပင် ..။
မဟာနဂါးဓားကို စမ်းသပ်ရာမှ ထွက်ပေါ်လာသော ဓားအလင်းတန်းများကြောင့် သူတို့က သတိပြုမိသွားကြဟန်တူသည် ။

ထိုလူတွေက မျက်စိတမှိတ်အတွင်းမှာပဲ ရှောင်လုံအရှေ့သို့ ရောက်ရှိလာကြပြီး မြေပေါ်သို့ ဆင်းသက်လိုက်ကြသည် ။ ထိုလူသုံးယောက်က အဝတ်အသားပုံစံမျိုးစုံကို ဝတ်ဆင်ထားကြသည်။ သို့သော် သူတို့အားလုံးက ဝတ်စားဆင်ယင်ပုံကွဲလွဲသော်လည်း သားရဲအဝတ်အစား တစ်ခုတည်းကိုသာ ဝတ်ဆင်ထားကြသည်။ သူတို့အဝတ်အစားတွေက သန်မာထွားကျိုင်းသော လက်မောင်းကြွက်သားတွေကို ထုတ်ဖော်ထားကြပြီး သူတို့အနီးတွင် သိသာထင်ရှားသော မိစ္ဆာဓတ်များ ဝန်းရံနေလေသည်။

သားရဲ သိုင်းပညာရှင်တွေပါလား .....!

ရှောင်လုံက ရောက်ရှိလာသူသုံးယောက်ကိုကြည့်ရင်း မျက်မှောင်ကြုတ်သွားလေသည်။ ရှောင်လုံအနေနှင့် အခုမှ စကြာဝဠာသားရဲသိုင်းပညာရှင်များနှင့် ရင်ဆိုင်ဘူးခြင်းဖြစ်သည်။ ထိုအပြင် သုံးယောက်စလုံးကလဲ အစွမ်းထက်ကြပုံပေါ်သည်။
သူတို့သုံးယောက်ထဲတွင် တစ်ယောက်က အဆင့်စကြာဝဠာအဆင့် ၁ တွင် အထွတ်အထိပ်သို့ ရောက်နေသူဖြစ်သည်။ ကျန်နှစ်ယောက်ကတော့ စကြာဝဠာအဆင့် ၂ စဦးအဆင့်သို့ ရောက်ရှိနေကြသော သိုင်းသမားများဖြစ်သည်။

ထိုသိုင်းသမားသုံးယောက်က  ရှောင်လုံလက်ထဲတွင်ကိုင်ထားသည့်  မဟာနဂါးဓားကြီးကို လိုချင်တက်မက်စွာဖြင့် အာသာငမ်းငမ်း ကြည့်လိုက်ကြသည်။ 

".... ဒီဓားက နဂါးမျိုးနွယ်စုရဲ့ မဟာနဂါးဓားမဟူတ်လား ....?"
သားရဲသိုင်းပညာရှင်တစ်ယောက်က စိတ်လှုပ်ရှားနေသောအသံဖြင့် ရေရွတ်လိုက်သည်။

".... မဟာနဂါးဓား ....? ဒါဆိုရင် ဒီဓားကိုကိုင်တဲ့သူက နဂါးမျိုးနွယ်စုရဲ့  အကြီးအကဲ သွေးနဂါး ပေါ့ ......!"

နောက်တစ်ယောက်ဆီမှ အံသြစွာဖြင့် ရေရွတ်လိုက်သည့် အာမေထိတ်စကားသံထွက်ပေါ်လာသည်။ 

".... ဟုတ်လောက်တယ်ကွ ...  ဓားပေါ်မှာ ထွင်းထားတဲ့ သွေးနဂါးကြီးကို ကြည့်ပါလား ....
ပြောကြတာတော့ သွေးနဂါးအကြီးအကဲက သတ်ဖြတ်ခြင်းကို မွေ့လျော်သူတစ်ယောက်တဲ့
သူလက်အောက်မှ သေဆုံးခဲ့တဲ့ သိုင်းသမားတွေက ရေတွက်လို့တောင် မရဘူးဆိုပဲ ....."

".... ဟဟ ...ကြည့်ရတာ ငါတို့ ကံက မဆိုးဘူးပဲကွ...
အခုပဲကြည့်လေ နဂါးမြို့တော်ထဲက ရောက်လာတာမှ သိပ်မကြာသေးဘူး .... နဂါးမျိုးနွယ်စုရဲ့ မဟာနဂါးဓားကြီးနဲ့လာပြီး ရေစက်ဆုံနေပြီလေ ....."

ပြောပြီးတာနဲ့ ထိုသားရဲ  သိုင်းပညာရှင်က သူ့ကံတရားကို သဘောကျသွားသည်နှယ်  အူလှိုက်သဲလှိုက်ရယ်မောလိုက်သည်။ သူတို့က ရှောင်လုံလက်ထဲတွင် ကိုင်ထားသည့်  မဟာနဂါးဓားကြီးကို သူတို့အပိုင်အဖြစ် တထစ်ချ သတ်မှတ်ပြီးသားဖြစ်သည်။

ရှောင်လုံကဲ့သို့ စကြာဝဠာအဆင့်၁ သိုင်းပညာရှင်မျိုးက သူတို့မျက်လုံးထဲတွင် ဘာအဆင့်မှမရှိပေ ...။ သို့သော် သူတို့စကားဆုံးသည်နှင့် သူတို့ရှေ့မှ လူရိပ်က ရုတ်တရက် လှုပ်ရှားသွား၏ ။ ထိုနောက် သူတို့အရှေ့မှ လူငယ်လေးက လေထဲသို့ ပျံတက်ကာ ကြီးမားသော မဟာနဂါးဓားကြီးအား ထူးခြားသောသိုင်းကွက်ပုံသဏ္ဍာန်ဖြင့် လွှဲယမ်းလိုက်တာကို အကုန်လုံးမြင်လိုက်ရသည် ။သူလက်ထဲတွင်ကိုင်ဆွဲထားသော ဧရာမဓားကြီးဆီကနေ ဓားအလင်းတန်းတွေက တစ်ခုပြီးတစ်ခု ဖြာထွက်လာကြပြီး ထိုဖြာထွက်လာသော ဓားအလင်းတန်းတွေက သူတို့မျက်စိရှေ့မှာပဲ သွေနဂါးကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

သူတို့သုံးယောက်စလုံးက အန္တရာယ်အငွေ့အသက်တွေကို ခံစားလိုက်ရပြီး တိုက်ပွဲဝင်ရန် သတိအနေအထားသို့  ပြောင်းလဲသွားကြသည်။

".... တိမ်ပြောင်းလဲခြင်း  ...."
သူတို့ထဲက တစ်ယောက်က အချိန်မှီ တုန့်ပြန်နိုင်ရန် ကြိုးစားလိုက်သည်။ ထိုသားရဲ သိုင်းပညာရှင်က သူ့ဓားကို အဆက်မပြတ်လွှဲယမ်းကာ ဓားအလင်းတန်းများကို ဓားတိမ်လွှာများအဖြစ်သို့ ပြောင်းလဲလိုက်သည်။ ထိုဓားတိမ်လွှာကြီးက ရှောင်လုံထုတ်လွှင့်လိုက်သော သွေးနဂါးကြီးရှိရာသို့ ပျံသန်းသွား၏ ။

သို့သော် သွေးနဂါးကြီးက ဓားတိမ်လွှာတွေကို အသာအယာပင် ချိုးဖျက်ကာ သူတို့ခေါင်းပေါ်သို့ချက်ချင်းဆိုသလို ရောက်ရှိလာလေသည်။

ဘုန်း ......ဖုန်း ....

မိုခြိမ်းသကဲ့သို့ ကျယ်လောင်သော ကျိုးကြေပျက်စီးသံကြီးထွက်ပေါ်လာပြီး ကမ္ဘာမြေပြင်ကြီးကပါ သိမ့်ကနဲ လှုပ်ခါသွားသည်။
ထိုအသံကြီး ဖြစ်ပေါလာရခြင်းမှာ မဟာနဂါးဓားကြီး၏ ထောင်နှင့် ချီသော ဓားအလင်းတန်းများက မြေပြင်အတွင်းသို့ စိုက်ဝင်သွားကြခြင်းကြောင့် ဖြစ်သည် ...။ ထိုနောက်
ခိုင်ခံမာကျောမှုကြောင့် နာမယ်ကျော်ကြားသော နဂါးမြို့တော်၏ မြေပြင်ထက်တွင် ဧရာမအက်ကွဲကြောင်း တစ်ခုဖြစ်ပေါ်လာသည်။ ထိုကဲ့သို့ဖြစ်ပေါ်လာသော အက်ကွဲကြောင်းကြီးက မီတာလေးထောင်လောက်အကြီးကို ရှည်လျားသည် ။ထိုအပြင် လေထဲမှာလဲ နဂါးဟိန်းသံများဖြင့် ဆူညံပွက်လောရိုက်သွားသည်။

ထိခိုက်မှုကြောင့်ဖြစ်ပေါ်လာသော  ဖုန့်မှုန်များ အနယ်ထိုင်သွားပြီးနောက်တွင် သူ့ကိုယ်သူ နဂါးမြို့တော်အတွင်းသို့ ရောက်ရောက်ချင်းမှာပဲ ကံကောင်းလာပြီဟု ဆိုသောသူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများက  ဓားအလင်းတန်းများလက်ချက်ဖြင့် အပိုင်းများစွာ ပြတ်ထွက်သွား၏ ။

သူ့၏ ကိုယ်တွင်းအင်္ဂါများ ၊ ဦးနှောက်များနှင့် သွေးတွေက မြေပြင်ထက်တွင် ပွစာကျဲသွားသည်။ တခြားလူနှစ်ယောက်ကတော့  ထိုသိုင်းသမားထက်စာရင် အနဲငယ်
ကံကောင်းသွားသည်ဟု ဆိုနိုင်သည် ။ သူတို့က ဓားအလင်းတန်း တော်တော်များများကို ရှောင်တိမ်းနိုင်ခဲ့ကြသော်လည်း ရေလှိုင်းများကဲ့သို့ များပြားသော ဓားအလင်းတန်းများအောက်တွင် လက်လျေ့ာအရှုံးပေးလိုက်ရသည် ။ သူတို့ကိုယ်ပေါ်တွင် သွေးထွက်နေသော ပြတ်ရှရာပေါင်းမြောက်မြားစွာ ရှိနေကြပြီး အဝတ်အစားများကလဲ အစိတ်စိတ်အမွှာမွှာဖြစ်နေသည်။

ရှောင်လုံက သူတိုအကုန်လုံးကို အေးစက်စက် စိုက်
ကြည့်လိုက်ပြီး နောက်တစ်ကြိမ် ထပ်မံ၍ တိုက်ခိုက်လိုက်ပြန်သည်။ ရှောင်လုံ၏ ယခုတကြိမ်တိုက်ခိုက်မှုက သူ့ဒန်ထျန်ထဲမှ စစ်မှန်သောအဆီအနှစ် စွမ်းအားများကို မဟာနဂါးဓားသိုင်းကွက်ဖြင့် ပေါင်းစပ်၍ တိုက်ခိုက်လိုက်ခြင်းပင်။

နဂါးဂုဏ်ယောင် မိုးထိမျှော် .....!

မဟာနဂါးကြီးဆီမှ သွေးနီရောင်အလင်းတန်းများ ဖြာထွက်လာသည် ။ ထိုသွေးနီရောင် အလင်းတန်းတွေက သွေးနဂါးလေးများအဖြစ်သို့ ပြောင်းလဲသွားကြသည်။
ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းစွမ်းအင်တွေက  ကောင်းကင်နှင့် မြေကြီး ကို ဖုံးကွယ်ပိတ်ဆို့သွားလေသည် ။

မြေကြီးပေါ်သို့ လဲကျနေသော သားရဲသိုင်းပညာရှင်နှစ်ယောက်စလုံး မတ်တပ်ပြန်မရပ်နိုင်သေးခင်မှာပဲ သူတို့နှစ်ယောက်လုံးကို သွေးနီရောင်အလင်းတန်းများက လွှမ်းခြုံသွားပြီး သူတို့အသားထဲသို့ သွေးနဂါးလေးတွေက ဖောက်ဝင်သွားကြသည်။ ထိုသွေးနဂါးလေးတွေက သူတို့ကိုယ်ထဲတွင် ခေတ္တမျှနေပြီး ကောင်းကင်ယံသို့ ပျံတက်သွားကြသည်။

ရှောင်လုံမြေကြီးပေါ်သို့  ပြန်ရောက်လာပြီးနောက်တွင် ထိုနေရာတဝိုက် ဖုံးလွှမ်းထားသော
သွေးနီရောင် အလင်းတန်းများနှင့် သွေးနဂါးလေးများပါ ပျောက်ကွယ်သွားလေသည်။ သားရဲသိုင်းပညာရှင် နှစ်ယောက်က သွေးအိုင်ထဲတွင် ခြေကားယားလက်ကားယားဖြင့် လဲလျောင်းနေကြသည် ။ ရှောင်လုံက တစ်ယောက်ဘေးသို့ လမ်းလျှောက်သွားလိုက်သည်။

"    မင်း ...မင်း ....မင်း ဘယ်သူလဲ ...."

ဟောဟဲ စိုက်နေသော တစ်ယောက်က ယင်ကောင်တစ်ကောင်လို တိုးညှင်းသော လေသံဖြင့် ကြိုးစားပြီးပြောလိုက်သည် ။ ရှောင်လုံကို ကြည့်နေသော သူ့မျက်လုံးများထဲတွင် အဆုံးမရှိသော ကြောက်လန့်မှုများကို မြင့်တွေ့နိုင်လေသည် ။

"... ကျုပ်က ဟောင်ရှောင်လုံပဲ ...."
ရှောင်လုံက အေးစက်စက်ပြန်ဖြေလိုက်သည် ။

".... ဘယ်လို ....ဟောင်ရှောင်လုံ ......!"
ဟောင်ရှောင်လုံဆိုသောအမည်က သူတို့နားထဲတွင် မိုးကြိုးပစ်လိုက်သလိုမျိုး မည်ဟိန်းသွားလေသည်။
ထိုနောက် သွေးတွေအမြောက်အမြား ဆုံးရှုံးထားသော သူတို့မျက်နှာက အရင်ကထက်ပိုပြီး ဖျော့တော့သွားလေ၏။

သိုင်းဝိညာဉ်ကမ္ဘာကြီးထဲမှာ အခုရက်ပိုင်းအတွင်း၌
နာမယ်ကျော်နေသူက ရှောင်လုံပဲ ဖြစ်သည်။ သူတို့နှစ်ယောက်ဟာ အရပ်ဆယ်မျက်နှာတိုင်းပြည်က သိုင်းသမားများဖြစ်ကြသော်လည်း မူလတောအုပ်ဆီသို့ရောက်ခဲ့နေတာက အချိန်မနဲတော့ပေ ....။ ထိုကြောင့် အခုတလောတွင်နာမယ်ကြီးနေသော ရှောင်လုံအမည်ကို ကြားဘူးပြီးသားဖြစ်နေသည် ။

ရှောင်လုံက သူတို့နှစ်ယောက်ကို ရှုတည်တည်ဖြင့် စိုက်ကြည့်လိုက်သည် ။သားရဲသိုင်းပညာရှင်သုံးယောက်နှင့် ရင်ဆိုင်ရာတွင် အားပိုစိုက်ရမည်ဟု အစက ထင်ခဲ့လေသည် ။ သို့သော် သူအပေါ်အထင်သေးမှု နှင့် သူတို့၏ သတိလက်လွတ်ဖြစ်နေမှုတိုကြောင့် သူတို့အကုန်လုံး အငိုက်မိသွားကြသည်။
ထိုအပြင် သူ့ကိုယ်တွင်းစွမ်းအားများများအဖြစ်ကနေ ပြောင်းလဲတိုးတက်လာသည့် စစ်မှန်သော အဆီအနှစ်စွမ်းအားတွေက သူ့အတွင်းအားတွေထက်ပိုပြီး အစွမ်းထက်ကြောင်းကိုပါ ရှောင်လုံ တွေ့ရှိလိုက်သည်။

ရှောင်လုံက နောက်ထပ်စကားမဆိုတော့ပဲ မဟာနဂါးဓားကြီးကို မြှောက်လိုက်သည် ။

".... မင်းငါတို့ကို သတ်လို့မရဘူးနော် ....ငါတို့နှစ်ယောက်စလုံးဟာ အရပ်ဆယ်မျက်နှာတိုင်းပြည်က
ဒေါသမာန်ခြင်္သေ ဂိုဏ်းရဲ့ ဂိုဏ်းဝင်တွေပဲ ..."

ရှောင်လုံဓားမြောက်လိုက်တာကိုမြင်တော့ တစ်ယောက်က ကမန်းကတမ်းပြောလိုက်သည် ။

".... ဒေါသမာန်ခြင်္သေ ဂိုဏ် ......?"

ရှောင်လုံက သုံးခါလောက်ရေရွတ်လိုက်သည် ။

".... ဟုတ်တယ် ငါတို့က ဒေါသမာန်ခြင်္သေဂိုဏ်းကပဲ
အဲ့ဒါအပြင် ငါတုိ့ရဲ့ ဒေါသမာန်ခြင်္သေဘုရင်ကြီးက
အရပ်ဆယ်မျက်နှာတိုင်းပြည်မှ ထိပ်သီးသားရဲ သိုင်းသမား ဆယ်ယောက်ထဲမှာ အစွမ်းအထက်ဆုံးပဲ ....."

တခြားတစ်ယောက်က မျှော်လင့်ချက်ကို မြင်သွားသည့် ပုံစံဖြင့် ရှောင်လုံကြောက်သွားအောင်လို့ ပိုပိုသာသာလေးပြောလိုက်သည်။ သို့သော် သူဆက်ရှင်းပြဖို့ ကြိုးစားနေစဉ် မဟာနဂါးဓားကြီးက သူ့ကိုယ်ပေါ်သို့ ကျရောက်လာပြီး ထိုသိုင်းပညာရှင်လဲ နှစ်ခြမ်း ကွဲထွက်သွားသည် ။ ထိုနောက် ရှောင်လုံက သူ့ကိုယ်ထဲမှ မီးအဆီအနှစ်တွေကို အသုံးပြု၍ ထိုပုဂ္ဂိုလ်၏ စိတ်ဝိညာဉ်အား ပြာချပြစ်လိုက်၏။

နောက်ထပ်သားရဲ သိုင်းပညာရှင်တစ်ယောက်ကိုလဲ ထိုနည်းတူစွာဖြင့် ဇတ်သိမ်းပေးလိုက်သည်။ ရှောင်လုံစိတ်ထဲမှာ အစကတည်းက သူတို့ကို ပြန်လွှတ်ပေးလိုက်ဖို့ စိတ်ကူးမရှိချေ ။ သူတို့ပြောသော ဒေါသမာန်ခြင်္သေဂိုဏ်းဆိုတာကိုတော့ ရှောင်လုံက ခန မေ့ထားလိုက်သည်။ သားရဲသိုင်းပညာရှင်သုံးယောက်စလုံး သေသွားပြီဆိုကတည်းက ဒေါသမာန်ခြင်္သေဂိုဏ်းနှင့် သူ့ကိုရှာတွေ့နိုင်စရာ နည်းလမ်းမရှိတော့ပေ ...။

ရှောင်လုံက သားရဲ သိုင်းပညာရှင်သုံးယောက်၏ခန္ဓာကိုယ်အပိုင်းအစများနှင့်
သူတို့၏သိုလှောင်လက်စွပ်တွေအကုန်လုံးကို သိမ်းဆည်းလိုက်ပြီးနောက် သူကိုယ်ထဲမှ မီးအဆီအနှစ်များဖြင့် မြေပြင်ထက်တွင် ကြွင်းရန်ရစ်ခဲ့သော သက်သေခံအထောက်အထား
တွေအကုန်လုံးကို ဖျက်ဆီးပစ်လိုက်သည်။

ရှောင်လုံက ပတ်ဝန်းကျင်ကို နောက်တစ်ကြိမ် စေ့စေ့စပ်စပ်အကဲခတ်ပြီး နန်းတော်ထဲကနေထွက်ခွာသွားသည်။ ရှောင်လုံထွက်သွားပြီးနောက် သိပ်မကြာခင်မှာ နန်းတော်ရှိရာသို့ လူတွေအများကြီးရောက်ရှိလာကြသည်။ သူတို့ထဲတွင် နတ်ဘုရားကျောင်းတော်မှ လူများလဲ ပါဝင်လေသည်။ နန်းတော်ဆီသို့ရောက်ရှိလာသူတွေက မြေပြင်ထက်မှ အက်ကွဲကြောင်းကြီးကို ကြည့်ရင်း
ထိတ်လန့်ကြောက်ရွံကုန်ကြသည်။

".... ကြောက်စရာကောင်းလိုက်တဲ့ ဓားအော်ရာတွေပါလား .....!"

ယောင်ရှန်က မြေပြင်ထက်မှ အက်ကွဲကြောင်းကြီးကိုကြည့်ရင်း အံသြမှင်သက်စွာဖြင့်
ရေရွတ်လိုက်သည်။ 

.....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၃၆၃ .....

"..... နဂါးမြို့တော်ရဲ့ မြေပြင်က အရမ်းကိုမာကျောတာ .... အခုလိုမျိုးအက်ကွဲကြောင်းကြီးတစ်ခု
ဖြစ်အောင် ခုတ်ပိုင်းနိုင်ဖို့ဆိုတာက အဲ့ဒီလူဆီမှာ နတ်ဘုရားအဆင့် လက်နက်တစ်ခုခုကို ပိုင်ဆိုင်ထားမှရမယ် ....."

လီမိုလင်နံဘေးတွင်ရပ်နေသော အသားမဲမဲဖြင့် လူကြီးတစ်ယောက်က ပြောလိုက်သည်။

ထိုသတ်လတ်ပိုင်းအရွယ်လူကြီးက လီမိုလင်တို့ကို ကူညီနိုင်ရန်အတွက် နတ်ဘုရားကျောင်းတော်မှ စေလွှတ်သော အကြီးအကဲ ကျောက်ကျုံး ဖြစ်သည်။  ကျောက်ကျုံးက  လီမိုလင်နဲ့ ယှဉ်နိုင်သည်အထိ အစွမ်းထက်သူတစ်ဦးဖြစ်သလို နတ်ဘုရားကျောင်းတော်အတွင်းမှာလဲ သူနဲ့ လီမိုလင်တို့၏ အဆင့်အတန်းက မတိမ်းမယိမ်းဖြစ်ကြသည်။

လီမိုလင်က ပြောလိုက်သည်

"....ငါ့အထင်တော့ ငါတို့လူစုက နဂါးဂူသင်္ချိုင်းကို ရှာတဲ့နေရာမှာပဲ အာရုံစိုက်ထားသင့်တယ်.... ငါတို့ရဲ့ ဂိုဏ်းချုပ်ဘုန်းတော်ကြီးကလဲ မကြာခင်မှာ နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်ဖုိ့ကြိုးစားတော့မှာ ငါတို့အနေနဲ့ နဂါးဂူသင်္ချိုင်းထဲက နဂါးပုလဲကိုအမြန်ဆုံးတွေ့အောင်ရှာနိုင်ခဲ့မယ်ဆိုရင်
ဂိုဏ်းချုပ်ဘုန်းတော်ကြီး နတ်ဘုရားအဆင့်ကို ရောက်နိုင်ဖို့အခွင့်အရေ များလာလိမ့််မယ် ..."

ကျောက်ကျုံးနှင့် တခြားအကြီးအကဲ လီမိုလင်စကားကိုထောက်ခံလိုက်ကြသည် ။

နန်းတော်ဆီကနေ ထွက်ခွာလာသော ရှောင်လုံက အရှေ့အရပ်သို့ ထပ်မံခရီးဆက်နေ၏ ။ ထိုသို့ ခရီးဆက်လာရာမှာ ရင်ပြင်ကျယ်တစ်ခုဆီသို့ဖြတ်သန်းချိန်တွင် သူ့ကိုယ်ထဲတွင် တချိန်လုံးငြိမ်သက်နေသည့် သိုင်းဝိညာဉ်အမွှာနဂါးနှစိကောင်က ကြမ်းတမ်းသောအမူအရာဖြင့် ရုတ်ရုတ်သဲသဲဖြစ်လာကြသည် ။ သူတို့၏ တုန့်ပြန်မှုက လျှိုမြောင်အောက်က တွင်းနက်ကြီးကို ရှာတွေ့ခဲ့စဉ်ကထက်တောင် ပိုပြီး ြ့ပင်းထန်နေသေးသည်။

ရှောင်လုံကကျောက်တိုင်များနှင့်ပြည့်နှက်နေသော ရင်ပြင်ကျယ်ကြီးကို အံသြစွာဖြင့် အကဲခတ်ကြည့်လိုက်သည် ။ ရှောင်လုံကိုယ်ထဲမှ နဂါးနှစ်ကောင်ဟာ သူမြို့ထဲသို့ ရောက်လာပြီးကတည်းက ငြိမ်သက်နေခဲ့ကြတာပဲ ဖြစ်သည် ။ အခုစိတ်ဝင်စားစရာတစ်ခုကို မြင်တွေ့လိုက်သည်နှယ်  ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည် ။

".... ဘာများဖြစ်လို့လဲ မသိဘူး ....?!"

ရှောင်လုံက ပျံသန်းနေရာကနေ ရင်ပြင်ကျယ်အတွင်းသို့ ဆင်းလိုက်သည် ။ သူရောက်ရှိနေသော ရင်ပြင်ကျယ်က မိုင်အနဲလောက်သာ ကျယ်ပြန်သည် ။ရင်ပြင်ကျယ်၏ ပတ်ပတ်လည်တွင် အရွယ်အစားတူညီသော ကျောက်တိုင်များကို သေစပ်လှပစွာစိုက်ထူထား၏ ။ ထိုကျောက်တိုင်များ၏ တစ်ခုတည်းသော ကွဲပြားချက်မှာ သူတို့အပေါ်တွင် ထွင်းထုထားသော နဂါးပုံသဏ္ဍာန်များပင်ဖြစ်သည်။

တချိူ့ကျောက်တိုင်များပေါ်တွင် လက်သည်းငါးခုရှိသော ရွေနဂါးပုံကိုထွင်းထုထားပြီး တချို့က သွေးနှောနဂါး ၊ လေနဂါး ၊ သွေးနဂါး နှင့် မီးနဂါးပုံများကို သေသပ်လှပစွာဖြင့် ထွင်းထု၍  ပုံဖော်ထားသည် ။

အပေါ်ယံကိုပဲ ကြည့်လိုက်မယ်ဆိုရင် ရှောင်လုံရောက်ရှိနေသော နေရာ၌ ထူးခြားချက် တစ်စုံတစ်ရာကို ရှာမတွေ့နိုင်ပေ..။ သို့သော် ရှောင်လုံကိုယ်ထဲမှ နဂါးနှစ်ကောင်၏ တုန့်ပြန်မှုကလဲ တခါမှ မမှားဘူးပေ  ...။ ထိုကြောင့် ရိုးရှင်းဟန်တူသော ရင်ပြင်ကျယ်ကြီးထဲတွင် ဖုံးကွယ်ထားသော လျှိုဝှက်ချက်တစ်စုံတစ်ရာရှိနေဖို့က သေချာနေပြီဆိုတာကို ရှောင်လုံ သဘောပေါက်လိုက်သည်။

ရှောင်လုံက ပတ်ဝန်းကျင်ကို စေ့စေ့စပ်စပ်အကဲခတ်လိုက်သည် ။ထိုနောက် ငရဲမျက်လုံးကိုပါ အသုံးပြု၍ ရင်ပြင်ကျယ်အတွင်း နောက်တကြိမ် ပိုက်စိတ်တိုက် ရှာဖွေလိုက်သည် ။ သို့သော် ရင်ပြင်ကျယ်ဆီမှထူးခြားချက် တစ်စုံတစ်ရာကို ရှာမတွေ့ခဲ့ပေ ..။ နောက်ဆုံးတွင် ရှောင်လုံအကြည့်တွေက ရင်ပြင်ကျယ်၏ ထောင့်စွန်းတစ်နေရာတွင် စိုက်ထူထားသော ကျောက်တိုင်ကြီးပေါ်သိူ့ ရောက်ရှိသွားသည်။ထိုကျောက်တိုင်ကြီးကို သာမန်ကာလျှံကာဖြင့် ကြည်လိုက်မယ်ဆိုရင် ရေညှိတက်နေသော ကျောက်တုံးကြီး တစ်တုံးနှင့် တူနေသည် ။

သို့သော် ရှောင်လုံ ကျောက်တိုင်ကြီးကို သေသေချာချာကို လေ့လာလိုက်သောအခါ ထိုကျောက်တိုင်ကြီးက တခြားကျောက်တိုင်များထက်စာရင် ရင်ပြင်ကျယ်၏ အပြင်ဘက်သို့ ပိုရောက်နေတာကို တွေ့ရှိလိုက်သည် ။

ရှောင်လုံက ကျောက်တိုင်ကြီးကို လေ့လာရန်အရှေ့တည်တည့်သို့ သွားလိုက်သည်။ ကျောက်တိုင်ကြီးနှင့် အနီးကပ်နေရာသို့ရောက်လာသောအခါ ကျောက်တိုင်ကြီး၏ အောက်ခြေနားတွင်
ရှေးဟောင်းသင်္ကတဖြင့် ရေးသားထားသော စာလုံးလေး နှစ်ခုကို မြင်လိုက်ရသည်။ ကံအားလျော်စွာဖြင့် ရှောင်လုံ ကြယ်စကြာဝဠာကျောင်းနှင့် ဒေါင်ရမ်းတက္ကသိုလ်တို့တွင် ပညာသင်ကြားစဉ်အခါက ရှေးဟောင်းနဂါးသင်္ကေတများနှင့် ပတ်သတ်၍ တော်တေယ်လေး လေ့လာခဲ့ဘူးသည်။

ရှောင်လုံက တိုးညှင်သောအသံဖြင့် တစ်လုံးချင်းဖတ်ကြည့်လိုက်သည်

"..... နဂါးဂူသင်္ချိုင်း ....."

ဘယ်လို နဂါးဂူသင်္ချိုင်း ဟူတ်လား .....!
ရှောင်လုံ၏မျက်လုံးတွေပါ ပြူးကျယ်ကုန်သည်။
ဒါဆို ဒီရင်ပြင်ကျယ်ကြီးက နဂါးဂူသင်္ချိုင်းတည်ရှိတဲ့ နေရာပေါ့ .....?

နဂါးဂူသင်္ချိုင်းဆိုသည်မှာသေဆုံးသွားသော နဂါးသူရဲကောင်းများကို မြှပ်နှံသည့် နေရာတစ်ခုဖြစ်သည်။ ထိုအချက်ကို တွေးမိလိုက်ရုံဖြင့် စိတ်ဓတ်မာကျောလှပါတယ်ဆိုသည့် ရှောင်လုံတောင်မှ တစ်ကိုယ်လုံး တုန်တက်သွားသည်။

နဂါးဂူသင်္ချိုင်းအား နဂါးနန်းတော်များနှင့် နှိုင်းယှဉ်လို့မရပေ ...။ နဂါးဆိုသည်မှာ သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်က အဖိုးတန်သောရတနာများတွေကြီးပဲ ဖြစ်ကြသည် ။ ထိုအပြင် နဂါးဂူသင်္ချိုင်းက တကယ့်နဂါးအစစ်များ၏ ကိုယ်ခန္ဓာများကို မြှပ်နှံရာ နေရာတစ်ခုဖြစ်သည်။
အကယ်၍ ရှောင်လုံသာ တကယ့်နဂါးခန္ဓာကိုယ်အစစ်တကယ်ကို ရခဲ့လျှင်
ထိုနဂါးခန္ဓာကိုယ်က သူရရှိခဲ့ဘူးသော မြေနဂါးဥ နှင့် နတ်ဘုရားအဆင့် ဆေးလုံးများထက် များစွာပိုပြီး တန်ဖိုးရှိလေသည်။

ရှောင်လုံက ကျောက်တိုင်ကြီးကို ငေးကြည့်နေရင်း သူ့ရင်ထဲမှ စိတ်လှုပ်ရှားမှုတွေကို အတတ်နိုင်တုံးကြိုးစားကာ ထိန်းချုပ်လိုက်သည်။
အခုဆိုရင်ရှောင်လုံက နဂါးဂူသင်္ချိုင်းအား ရှာတွေ့ခဲ့ပြီပဲ ဖြစ်သည် ။ သို့သော် ပြသနာက နဂါးဂူသင်္ချိုင်းအတွင်းသို့ ဘယ်လိုမျိုးဝင်ရမလဲဆိုတာပဲ ဖြစ်သည်။

ရှောင်လုံက ကျောက်တိုင်တစ်ခုလုံးကို ဖင်ပြန်ခေါင်းပြန် လေ့လာစူးစမ်းလိုက်သည်။ သူရဲ့ မသိစိတ်ထဲတွင် ယခုမြင်တွေ့နေရသော ကျောက်တိုင်ကြီးက နဂါးဂူသင်္ချိုင်းကို ဖွင့်လှစ်နိုင်မည့်
သော့တစ်ခုဆိုတာကို အလိုလို ခံစားမိနေသည် ။
သို့သော် ကျောကိတိုင်ကြီးပေါ်တွင် " နဂါးဂူသင်္ချိုင်း"
ဆိုသည့် စာသားကလွဲ၍ တခြားမည့်သည့်ထူးခြားမှုကိုမှ ရှာလို့ မတွေ့ပေ ...။
ယခုမြင်တွေ့နေရသော ကျောက်တိုင်ကြီးကို မည်သည့်အရာဝတ္ထုဖြင့် တည်ဆောက်ထားသလဲဆိုတာကိုတောင် ရှောင်လုံခန့်မှန်း
လို့မရပေ ...။ ရှောင်လုံက ကျောက်တိုင်ကြီးကို ကိုင်ကြည့်လိုက်တော့ သူ့ရင်ထဲတွင် နွေးထွေးမှု ၊ နူးညံမှု နှင့် သက်တောင့်သက်သာ ဖြစ်မှုဆိုသည့် ခံစားချက်တွေ ဖြစ်ပေါ်လာ၏ ။

ရှောင်လုံစိတ်ထဲတွင် ကျောက်တိုင်ကြီးက အသက်ရှိနေသလိုမျိုး ထူးဆန်းသော ခံစားချက်ကြီး
ကိုလဲ ခံစားမိနေသည် ။ ထိုနောက် ရှောင်လုံက အကြံတစ်ခုကို စဉ်းဟားမိလိုက်သည်။ သူက နတ်ဓားတစ်လက်ကို ဆင့်ခေါ်ကာ သူ့လက်ညိုးကို သွေးထွက်လာအောင် အနဲငယ်လှီးလိုက်သည်။ ရှောင်လုံလက်ညိုးပေါ်မှ နီစွေးနေသော သွေးစက်များဟာ ကျောက်တိုင်ကြီးပေါ်တွင် ထွင်းထုရေးသားထားသော နဂါးဂူသင်္ချိုင်းဆိုသည့်နေရာသို့ ကျဆင်းသွားသည် ။

ရှောင်လုံ၏ သွေးစက်များက ကျောက်တိုင်ကြီးနှင့် ထိသွားပြီးနောက် သဲလွန်စမကျန်အောင် ရုတ်တရက် ပျောက်ကွယ်သွားလေသည် ။ ထိုနောက် ကျောက်တိုင်ကြီးပေါ်မှ နဂါးဂူသင်္ချိုင်းဆိုသည့် အက္ခရာများတွေဆီကနေ တောက်ပနေသော အလင်းတန်းများစွာထွက်ပေါ်လာပြီး ကျောက်တိုင်ကြီးကလဲ အနဲငယ်တုန်ခါသွားသည်။
သူခန့်မှန်းချက် မှန်ကန်သွားတာကိုမြင်တော့ ရှောင်လုံလဲ အရမ်းကို ပျော်ရွှင်သွားပြီး ကျောက်တိုင်ပေါ်သို့ နောက်ထပ်သွေးစက်များကို ထပ်ပြီး ချလိုက်သည် ။

ကျောက်တိုင်ကြီးဆီကနေ ထွက်ပေါ်လျှက်ရှိသော အလင်းတန်းများက ပို၍ တောက်ပလာသလို ကျောက်တိုင်ကြီးကလဲ ပိုမိုပြင်းထန်စွာဖြင့် လှုပ်ရမ်းလာသည် ။ ရှောင်လုံသွေးစက်များပိုမိုစိမ့်ဝင်သွားလေလေ ကျောက်တိုင်ပေါ်မှ နဂါးဂူသင်္ချိုင်းဆိုသည့် အက္ခရာများက ပိုပိုပြီး တောက်ပလာလေဖြစ်နေသည် ။ ထိုအပြင် ကျောက်တိုင်ကြီးကလဲ အမြစ်ကနေ ကျွတ်ထွက်လာလုမတတ်ကို ပြင်းပြင်းထန်ထန် တုန်ခါလာသည် ။

ကျောက်တိုင်ပေါ်သို့ ရှောင်လုံလက်ထဲမှ သွေးစက်များ အစက်နှစ်ဆယ်နီးပါးလောက် ကျဆင်းသွားပြီးနောက်တွင် ကျယ်လောင်သော နဂါးဟိန်းသံကြီးတစ်ခု ပေါ်ထွက်လာသည် ။ ထိုနောက် ကျောက်တိုင်ကြီးဆီကနေ ထူးဆန်းလှပသော အလင်းတန်းများစွာ ဖြာထွက်လာပြီး ထိုအလင်းတန်းများက ရှောင်လုံတစ်ကိုယ်လုံးကို လွှမ်းခြုံရစ်ပတ်သွားသည်။

ထိုနောက် ရှောင်လုံမျက်စိရှေ့မှ မြင်ကွင်းတွေအကုန်လုံးက ဖျက်ကနဲဆိုသလို ပြောင်းလဲသွား၏ ။ ရှောင်လုံက တောင်းတန်းနယ်မြေတစ်ခုဆီသို့ ရောက်ရှိသွားနေသည်။

ရှောင်လုံက တောင်းတန်နယ်မြေ၏ လေတဟူဟူးတိုက်ခတ်နေသော အင်မတန်မြင့်မားသည့် တောင်ထွတ်တစ်ခုဆီသို့ ရောက်ရှိနေခြင်းပင် ....။

သူရောက်ရှိနေသော နဂါးဂူသင်္ချိုင်းကြီးက မည်မျှ ကျယ်ဝန်းတယ်ဆိုတာကို ရှောင်လုံကိုယ်တိုင်တောင်မှ ခန့်မှန်းလို့မရပေ ။ ထိုကဲ့သို့ ကြီးမားကျယ်ပြန်သောနေရာသို့ရောက်ပြီး အံသြမှင်သက်ဖွယ်ရာမြင်ကွင်းများကို မြင်လိုက်ရလျှင် လူတစ်ယောက်၏ စိတ်ထဲမှာ သူ့ကိုယ်သူ လူပုလေးတစ်ယောက်ဟု ထင်မှတ်သွားနိုင်သည် ။

ရှောင်လုံက အံသြမှင်သက်နေသောမျက်လုံးများဖြင့် မျက်စိတဆုံးကျယ်ပြန့်နေသော နဂါးဂူသင်္ချိုင်းကြီးအား လှမ်းမျှော်ကြည့်လိုက်သည် ။ မြေပြင်ထက်မှ မီတာတစ် ထောင်လောက်အမြင့်တွင် အဖြူရောင်တိမ်တိုက်များဖြစ်ပေါ်နေကြပြီး ထိုတိမ်တိုက်များကြောင့် နဂါးဂူသင်္ချိုင်းကြီး မည်မျှကြီးမားသည်ဆိုတာကို ခန့်မှန်းရမလွယ်ကူပေ ...။

ထိုနောက် ရှောင်လုံက အဖြူရောင်တိမ်တိုက်တွေကို စိတ်ဝင်စားစွာဖြင့် လေ့လာကြည့်လိုက်သည်။ ထိုအခါ အဖြူရောင်တိမ်တိုက်များက သိပ်သည်းသော နဂါးအော်ရာတွေကနေ ဖြစ်ပေါ်လာမှန်းကို သတိပြုမိလိုက်သည်။

နဂါးသိုင်းပညာရှင်တစ်ဦးကွယ်လွန်သွားပြီးနောက်
သူ့ကိုယ်ထဲမှ နဂါးအဆီအနှစ်များက ပတ်ဝန်းကျင်အသီးသီသို့ ပျံနှံရောက်ရှိသွားကြ သည်။ ထိုကြောင့် အခုတိမ်တိုက်များအတွင်း၌ တည်ရှိနေကြသော သိပ်သည်းများပြားသည့် နဂါးအော်ရာများဟာ သေဆုံးသွားသည့် နဂါးသိုင်းပညာရှင်များ၏ ခန္ဓာကိုယ်ကနေ  ထွက်လာတယ်ဆိုတာမှာ ထင်ရှားနေသည်။

ယခုလောက်အထိ သိပ်သည်းနေသော နဂါးအော်ရာများကို ကြည့်ရုံဖြင့် တိမ်တိုက်များထဲတွင် ဘယ်လောက်ထိ ကြောက်စရာကောင်းလောက်အောင် များပြားသော နဂါးအဆီအနှစ်တွေ စုအောင်းနေမလဲဆိုတာကို တွေးကြည့်နိုင်သည်။

ရှောင်လုံရင်ဘတ်ထဲတွင်  တဒိတ်ဒိတ်ခုန်လာ သည် ။ ယခုကောင်းကင်ထက်တွင်ဖြစ်ပေါ်နေသော တိမ်တိုက်များဟာ ရာစုနှစ်ပေါင်းများစွာ စုစည်းထားကြသော နဂါးအော်ရာတွေကနေ ဖြစ်ပေါ်လာကြခြင်းပင် ...။

အကယ်၍ ရှောင်လုံသာ နဂါးအော်ရာတွေကို စုပ်ယုနိုင်ခဲ့မယ်ဆိုရင် သူ့အတွင်းအားတွေက တမုဟုတ်ချင်းကို တိုးပွားလာနိုင်သည် ။
ထိုကြောင့် ရှောင်လုံက သူအတွေးတွေကို ချက်ချင်းလုပ်ဆောင်လိုက်သည် ။

ရှောင်လုံက လင်းလောင်ရတနာစေတီကို ဆင့်ခေါ်ရင်း တိမ်တိုက်များအနီသို့ ခုန်ပျံကာ သားရဲတစ်ထောင်ဆေးဒယ်အိုးအတွင်းမှ  နတ်ဆိုးတစ်ထောင် ဖျက်ဆီးချေမှုန်းခြင်း အစီအရင်အား စတင်လိုက်သည် ။
နတ်ဆိုးတစ်ထောင် အစီအရင်ကိုစတင်လိုက်သည်နှင့် ဝေလငါးကြီးတစ်ကောင် ပင်လယ်ရေတွေကို စုပ်သွင်းလိုက်သကဲ့သို့ ကောင်းကင်ထက်တွင် လှည့်ပတ်နေကြသောနဂါးအော်ရာတွေက လင်းလောင်ရတနာစေတီအတွင်းသို့ တဟုန်ထိုး ပြေးဝင်လာကြသည် ။

ရှောင်လုံက နတ်ဆိုးတစ်ထောင် အစီအရင်ကို အဆင့်ကုန်အထိ ဖွင့်လှစ်လိုက်သော်လည်း လေထုအတွင်းဖြစ်ပေါ်နေသော နဂါးအော်ရာများက နှစ်ပေါင်ရာနှင့်ချီ၍ စုစည်းဖြစ်ပေါ်ထားကြတာကြောင့် ရှောင်လုံအနေဖြင့် အချိန်တိုလေးအတွင်းမှာ ထိုနဂါးအော်ရာတွေအကုန်လုံးကို လွှဲပြောင်းယူဖို့ဆိုတာက ဖြစ်နိုင်သောကိစ္စတစ်ခုတော့မဟုတ်ပေ ..။

ရှောင်လုံက ကောင်းကင်ထက်မှ နဂါးအော်ရာတွေအကုန်လုံးကို လွှဲပြောင်းရယူနိုင်ရန်အတွက် အချိန်တစ်နာရီလောက်ကြာအောင် အပြင်းအထန် ကြိုးစားလိုက်ရသည် ။ နောက်ဆုံးကျန်ရှိနေသော အော်ရာအမျှင်တန်းလေးတွေကို စုပ်ယူပြီးတာနဲ့ ရှောင်လုံက လင်းလောင်ရတနာစေတီကို သူ့ကိုယ်ထဲသို့ ပြန်ထဲ့သိမ်းလိုက်သည် ။

တိမ်တိုက်တွေကို လွှဲပြောင်းရယူပြီးသည့်နောက်တွင် ရှောင်လုံအကြည့်တွေက နဂါးဂူသင်္ချိုင်းဝင်ပေါက်နေရာဆီသို့ ရောက်ရှိသွားသည်။ ရှောင်လုံက နဂါးအော်ရာတိမ်တိုက်များကို လက်ခံရယူပြီး နောက်တွင် သူလုပ်စရာဆိုလို့ နဂါးဂူသင်္ချိုင်းထဲသို့ ဝင်ရောက်ကာ ရတနာပစ္စည်းတွေကို ရှာဖွေရန်သာ ကျန်ရှိတော့သည်။

သို့သော် တားမြစ်နယ်မြေတစ်ခု ဖြစ်သော နဂါးဂူသင်္ချိုင်းများတွင် သေစေနိုင်သော အစီအရင်များဖြင့် ထူထပ်စွာ ကာကွယ်ထားလေ့ရှိကြသည် ။ ထိုကြောင့် ရှောင်လုံက အလောတကြီး လုပ်ဆောင်လိုစိတ်မရှိပေ ..။ သူက ငရဲမျက်လုံးကို ဖွင့်ကာ နဂါးဂူသင်္ချိုင်း၏ဝင်ပေါက်တစ်ခုလုံးကို သတိကြီးစွာဖြင့် လေ့လာစူးစမ်းလိုက်သည် ။

ရှောင်လုံ စကြာဝဠာအဆင့်သို့ ရောက်ရှိခဲ့ပြီးနောက် သူ့စိတ်ဝိညာဉ်စွမ်းအားတွေက အမြောက်အမြားကို တိုးပွားလာခဲ့သည် ။ ထိုကဲ့သို့ တိုးပွားလာသော စိတ်ဝိညာဉ်စွမ်းအားများကို ငရဲမျက်လုံးနှင့်ပေါင်းစပ်ကာ ရှောင်လုံသာ သေချာ အာရုံစိုက်မယ်ဆိုရင် လျှို့ဝှက် အတားအဆီး ၊ အစီအရင်အများစုကို မြင်နိုင်စွမ်းရှိလေသည် ။
ရှောင်လုံက ငရဲမျက်လုံးဖြင့် သေချာအာရုံစိုက်၍ ကြည့်လိုက်သော်အခါ တံခါးဝတွင် ပြုလုပ်ထားသော သူ့သိုင်းအဆင့်ဖြင့် ဖျက်ဆီးရန်မလွယ်သည့် အစီအရင်တစ်ခုကို မြင်တွေ့လိုက်သည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၃၆၄ .....

  ရှောင်လုံလဲ အစီအရင်ကိုကြည့်ပြီးနောက် မျက်မှောင်ကြုတ်သွားပြီး သူ့ကိုယ်ထဲမှနတ်တောင်ရွှမ်းမီအား ဆင့်ခေါ်လိုက်သည်  ။ ထိုကဲ့သို့ မြင့်မားသော အတားအဆီ အစီအရင်အား ချိုးဖျက်နိုင်သည်အထိတော့ ရှောင်လုံ၏ လက်ရှိအတွင်းအားအဆင့်က  မစွမ်းဆောင်နိုင်သေးပေ။
ထိုကြောင့် နဂါးဂူသင်္ချိုင်းအတွင်းသို့ ဝင်ရန်အတွက် တစ်ခုတည်သော အားကိုးရာမှာ နတ်တောင်ရွှမ်းမီပဲ ဖြစ်သည် ။

ရှောင်လုံက နတ်တောင်ရွှမ်းမီအတွင်းသို့ ဝင်ကာ နတ်တောင်ရွှမ်းမီအား မြူမှုန့်တစ်ခုစာလောက်အထိကို သေးငယ်ပြစ်လိုက်သည် ။ ထိုနောက် နဂါးဂူသင်္ချိုင်းအတွင်းသို့ မျောလွင့်ရင်း ဝင်ဖို့ ကြိုးစားလိုက်၏ ။ မြူမှုန့်လေးအရွယ်အစားလောက်အထိသေးငယ်နေသလို ခြေရာလက်ရာဖျောက်နိုင်သည့် နတ်တောင်ရွှမ်းမီ၏ ထူးခြားသော အစွမ်းသတ္တိကြောင့် ရှောင်လုံက နဂါးဂူသင်္ချိုင်းအတွင်းသို့ အခက်အခဲမရှိ ဝင်သွားနိုင်သည် ။ 

ရှောင်လုံမောင်းနှင်လာသော နတ်တောင်ရွှမ်းမီက ဝင်ပေါက်ကနေ စတင်ဝင်လိုက်သည်နှင့် နဂါးအဆီအနှစ်ပင်လယ်ကြီးအတွင်း ငုပ်လျိုးလိုက်သလိုမျိုး အင်အားကြီးမားသော နဂါးအစစ်ကြီးများ၏ စွမ်းအားများကြားထဲတွင် နှစ်မြှပ်သွားလေသည်။

ရှောင်လုံလဲ မှင်သက်သွားသည် ။

သူကို နတ်တောင်ရွှမ်းမီက ကာရံပေးထားသော်လည်း ကြောက်မက်ဖွယ်ရာကောင်းအောင်
များပြားသော နဂါးအဆီအနှစ်လှိုင်းလုံးကြီးများက ရှောင်လုံရှိရာသို့ တိုင်အောင် လာရောက်ရိုက်ခတ်ကြသည် ။ နဂါးဂူအတွင်း၌ နဂါးအဆီအနှစ်တွေက အလွန်တရာကို ပေါများကြွယ်ဝနေသည် ။ ထိုအပြင် ထိုနဂါးအဆီအနှစ်များက နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် ကိုယ်ပိုင်အသိညဏ်များကို ရရှိလာကြပြီး ရန်သူတစ်ယောက်အား သူတို့ဘာသာသူတို့ တိုက်ခိုက်နိုင်လာကြသည် ။

အကယ်၍ ရှောင်လုံကသာ စကြာဝဠာအဆင့်သို့ မရောက်သေးသလို နတ်တောင်ရွှမ်းမီကိုလဲ မပိုင်ဆိုင်ထားခဲ့ဘူးဆိုရင် နဂါးဂူအတွင်းသို့ ရောက်ရှိလာလာချင်းမှာ ပြင်းထန်သော ဒဏ်ရာများကို ရရှိသွားနိုင်သည် ။ ရှောင်လုံက နတ်တောင်ရွှမ်းမီအား သတိဖြင့် ထိန်းကျောင်းကာ နဂါးအဆီအနှစ်များထွက်ပေါ်နေသည့် ပင်မနေရာသို့ ခရီးဆက်လာခဲ့သည် ။

ရှောင်လုံက နဂါးအဆီအနှစ်များထွက်ပေါ်နေသော ပင်မနေရာနှင့် တဖြည်းဖြည်းနီးကပ်လာချိန်တွင် နဂါးမြို့တော်ထဲတွင် ရှိနေကြသော လီမိုလင် ၊ ကျောက်ကျုံး နှင့် တခြားလူတွေက နဂါးဂူသင်္ချိုင်း၏ ဝင်ပေါက်တစ်ခုဖြစ်သော ကျောက်တိုင်ကြီးရှိရာ ရင်ပြင်ကျယ်ဆီသို့ ရောက်ရ်ှလာကြသည် ။

လီမိုလင်တို့လူစုကလဲ ခနလောက်ရှာဖွေပြီးနောက် ရှောင်လုံလိုမျိုး ကျောက်တိုင်ကြီး၏ ထူးခြားမှုကို သတိပြုမိလိုက်ကြသည် ။ကျောက်တိုင်ကြီးပေါ်တွင်  ထွင်းထုထားသော ရှေးဟောင်း အက္ခရာစာသားများကို လီမိုလင်က ပျော်ရွှင်စွာ ရေရွတ်လိုက်သည်

".... နဂါးဂူသင်္ချိုင်းပါလား ....!"

"... ဟားဟား ...လက်စသတ်တော့ နဂါးဂူသင်္ချိုင်းက ဒီနေရာမှာ ရှိနေတာကိုး ....."

ယောင်ရှန်ကလဲ အကျယ်ကြီး ရယ်မောလိုက်သည်။
နတ်ဘုရားကျောင်းတော်မှ တခြားအကြီးအကဲများ၏ မျက်နှာတွင်လဲ အပြုံးပန်းများ ပွင့်လန်းလာကြသည်။

နဂါးဂူသင်္ချိုင်း ..... !
နောက်ဆုံးတော့ ငါတို့ နဂါးဂူသင်္ချိုင်းကို ရှာတွေ့ပြီပေါ့ .....!

".... ဒဏ္ဍာရီရှေးဟောင်းကျမ်းတွေထဲမှတော့ နဂါးဂူသင်္ချိုင်းကို ဖွင့်လှစ်ဖို့အတွက် စကြာဝဠာအဆင့်နှင့်အထက် သိုင်းသမားရဲ့ သွေးတွေကို အသုံးပြုရမယ်လို့ ရေးသားထားကြတယ် .."

ကျောက်ကျုံးက ပြောလိုက်သည်။

"... ငါကြိုးစားကြည့်လိုက်မယ် ..."

လီမိုလင်က သူ့မလက်ညိုးကို အနဲငယ်လှီးကာ ကျောက်တိုင်ကြီးအနားသို့ ချဉ်းကပ်သွားသည် ။ထိုနောက် သွေးစက်အနဲငယ်ကို ကျောက်တိုင်ပေါ်သို့ ချလိုက်သည်။ လီမိုလင်သွေးစက်တွေကျသွားသည်နှင့် တပြိုင်နက် ကျောက်တိုင်ကြီးဆီကနေ လင်းလောက်တောက်ပနေသော အလင်းတန်းများစွာ ဖြာထွက်လာသည် ။

ခနလောက်အကြာတွင် လီမိုလင်တို့လူစုက ရှောင်လုံရောက်ရှိခဲ့သော တောင်ထွတ်ဆီသို့ ရောက်ရှိလာကြသည် ။ သူတို့တောင်ထွတ်သို့ ရောက်လာချိန်တွင် ရှောင်လုံကတော့ နတ်တောင်ရွှမ်းမီကို ထိန်းကျောင်းကာ  နဂါးအဆီအနှစ်ပင်လယ်ကြီးထဲတွင် သတိဝိရီယဖြင့် ကူးခတ်နေသည် ။ တစ်နာရီလောက်ကြာပြီးနောက်တွင် ရှောင်လုံက မိုးထိုးနေသည့် နဂါးအဆီအနှစ်များထွက်ပေါ်ရာ နဂါးနန်းတော်ကြီးရှိရာသို့ ရောက်ရှိသွားသည် ။

နဂါးမြို့တော်ထဲတွင် အစောပိုင်းက ရှောင်လုံတွေ့ရှိခဲ့သော နန်းတော်များကလဲ ကြီးမားပေမယ့် အခုသူရောက်ရှိနေသော နန်းတော်ကြီးနှင့် နှိုင်းယှဉ်ကြည့်ပါက လူကြီးတစ်ယောက်နှင့် ကလေးတစ်ယောက်ကဲ့သို့ ကွာခြားနေသည်။
ထိုအပြင် အခုနန်းတော်ကြီးက နဂါးမြို့တော်တစ်ခုလုံးတွင် ပျံနှံရောက်ရှိနေသည့် နဂါးအဆီအနှစ်များ ထွက်ပေါ်နေသည့် ပင်မအရင်းအမြစ် နေရာ ဖြစ်သည် ။

ရှောင်လုံက နန်းတော်၏ ဝင်ပေါက်တွင်ခနရပ်လိုက်သည် ။

".... နတ်နဂါး နန်းတော် ....""

နဂါးနန်းတော်ကြီး၏ ဝင်ပေါက်နေရာတွင် နတ်နဂါးနန်းတော်ဆိုသည့် အမည်ကို သေသပ်လှပစွာ ထွင်းထုထားသည်။ ရှောင်လုံက နတ်နဂါးနန်းတော်ကြီးကိုမြင်ပြီး စိတ်လှုပ်ရှားနေတာတွေကို အတတ်နိုင်ဆုံးထိန်းချုပ်ကာ ဝင်ပေါက်နေရာကို ငရဲမျက်လုံးဖြင့် အကဲခတ်လိုက်သည်။ ထိုနောက် နတ်တောင်ရွှမ်းမီအား သတိကြီးစွာဖြင့် နန်းတော် အတွင်းသို့ မောင်းနှင်သွားလေသည် ။

နန်းတော်အတွင်းမှာတော့ ရူးသွပ်ဖွယ်ရာမြင်ကွင်းများက ရှောင်လုံကို စောင့်ကြိုနေကြသည် ။ ကြီးကျယ်ခမ်းနားသော နတ်နဂါးနန်းတော်ကြီး၏ ခန်းမဆောင်ကြီးထဲတွင်
ဧရာမ ယဇ် ပလ္လင်ကြီးများက တန်းစီလျက်ရှိနေကြသည်။ ထိုယဇ်ပလ္လင်များ အပေါ်တွင် သလင်းကျောက်ရေခဲရုပ်ထုကြီးများရှိနေကြသည် ။ သလင်းကျောက်ရေခဲရုပ်ထုများထဲတွင် နတ်နဂါးရုပ်အလောင်းများ ရှိနေကြသည် ။

နတ်နဂါးကြီးများကိုကြည့်ရသည်မှာ သက်ရှိထင်ရှားနဂါးကြီးများ မျက်စိမှိတ်ထားသကဲ့သို့ အလွန်ကို အသက်ဝင်နေသည် ။ အခုရှောင်လုံမြင်တွေ့နေရသော နတ်နဂါးတွေက လူထွင်းထုထားသော ရုပ်ထုများမဟုတ်ပဲ နဂါးမျိုးနွယ်စုမှ ကွယ်လွန်သွားကြသော နဂါးအစစ်ကြီးများ၏ ရုပ်အလောင်းများ ဖြစ်ကြသည် ။

သလင်းကျောက်များအတွင်းရှိနေကြသော နဂါးကြီး၏ ခန္ဓာကိုယ်တွေကိုကြည့်ရင်း ရှောင်လုံအသက်ရှုသံတွေက ထိန်းချုပ်လို့မရအောင်မြန်ဆန်လာသည်

အား ... ဒါတကယ် နဂါးအစစ်ကြီးတွေပဲ ......!

လွန်ခဲ့သော အတိတ်ဘဝ ရှောင်လုံကမ္ဘာပေါ်တွင်နေထိုင်စဉ်အခါက နဂါးများသည် သူတို့ဟွာရှနိုင်ငံ၏ ထူးခြားဆန်းကြယ်သော သင်္ကေတရပ်ပင် ဖြစ်သည်။ 
လူတိုင်း၏ ရင်ထဲအသဲနှလုံးထဲတွင် နဂါးများ၏ အဆင့်အတန်းဂုဏ်သိမ်ဂုဏ်ဝါများက တခြားသတ္တဝါများထက် များစွာကို သာလွန်ကြသည်။

ရှောင်လုံက သူ့စိတ်ထဲတွင် ဗြောင်းဆန်နေမှုကို  ထိမ်းချုပ်နိုင်ရန်အတွက် အချိန် အနဲငယ်ယူလိုက်ရသည်။ ထိုနောက် သူ့အကြည့်တွေက ခန်းမဆောင်ကြီးအလည်တွင် ရှိနေသော ယဇ်ပလ္လင်ကြီးဆီသို့ ရောက်ရှိသွားလေသည်။ ခန်းမဆောင်၏ အလည်မှ ယဇ်ပလ္လင်ကြီးက တခြားယဇ်ပလ္လင်များထက်စာရင် ပိုမိုကြီးမားပြီး ယဇ်ပလ္လင်ကြီးအပေါ်တွင် လက်သီးဆုပ် အရွယ်အစားလောက်ရှိသော ပုလဲတစ်လုံးပျံဝဲနေတာကိုလဲ ရှောင်လုံမြင်တွေ့လိုက်သည် ။

နဂါးမြို့တော်ကြီးတစ်ခုလုံးသို့ ပျံနှံနေသော နဂါးအဆီအနှစ်များ၏ ပင်မအရင်းအမြစ်က ထိုပုလဲလုံးလေးပဲ ဖြစ်သည် ။ ရှောင်လုံက ပုလဲလုံးလေးကို မျက်တောင်မခတ်တမ်းကြည့်နေရင်း
အတွေးတစ်ခုက သူခေါင်းထဲသို့ လျှပ်စီးလက်သလိုမျိုး ဝင်ရောက်လာသည်

".... ဒါ ..ဒါက ဒဏ္ဍာရီထဲက နဂါးပုလဲလုံးလား ....?!"

နဂါးပုလဲလုံး ......!
နဂါးပုလဲလုံးက နဂါးမျိုးနွယ်စုတစ်ခုလုံး၏ အထွတ်အမြတ်ရတနာတစ်ပါးပင် ဖြစ်သည်။

နဂါးမျိုးနွယ်စုအတွင်းမှာတောင်  နဂါးအင်ပါရာဘုရင်မင်းမြတ်တွေကသာ နဂါးပုလဲလုံးကို ပိုင်ဆိုင်နိုင်ကြသည် ။ ထိုအပြင်  နဂါးပုလဲလုံးကလဲ နဂါးမျိုးနွယ်စုတစ်ခုလုံးတွင် ရှားရှားပါးပါး တစ်လုံးသာ ရှိသည်။

ယခုရှောင်လုံမြင်တွေ့နေရသော နဂါးပုလဲလုံးလေးက နဂါးမျိုးနွယ်စုမှ နဂါးဥများ ၊ နဂါးသွေးသလင်းကျောက်များ ၊ နတ်နဂါးဆေးလုံးများနှင့် တကယ့်နဂါးခန္ဓာကိုယ် အစစ်ကြီးများ အားလုံးပေါင်းထားတာထက်ကိုပင် ပို၍ အဖိုးတန်သေးသည်။
ထိုကြောင့်လဲ နဂါးပုလဲလုံးလေးကို နဂါးမျိုးနွယ်စု၏ အထွတ်အမြတ်ရတနာအဖြစ် ခေါ်ဝေါ် သမုတ်ကြခြင်းဖြစ်သည် ။

ရှောင်လုံက နတ်တောင်ရွှမ်းမီနှင့်အတူ နဂါးပုလဲလုံးရှိရာသို့ ဖြည်းညင်းစွာဖြင့် ချဉ်းကပ်သွားလေသည် ။ နဂါးပုလဲလုံးလေးဆီကနေ ဖျော့တော့သော ရွှေရောင်ခြည်တန်းများ အဆက်မပြတ် ထွက်ပေါ်လျက်ရှိနေပြီး သူ့အထဲတွင် နတ်နဂါးတစ်ကောင်၏ ပုံရိပ်က ရံဖန်ရံခါ ထင်ဟပ်လာသည် ။ သို့သော် နတ်နဂါး၏ပုံရိပ်ကို ဝိုးတဝါးသာမြင့်တွေ့ရတာကြောင့် မည်သည့် နတ်နဂါးအမျိုးအစားဆိုတာကိုတော့ ခွဲခြားလို့မရပေ ...။

ရှောင်လုံမောင်းနှင်လာသော နတ်တောင်ရွှမ်းမီက နဂါးပုလဲလုံးအရှေ့သို့ရောက်သောအခါ နဂါးပုလဲဆီကနေ ထုတ်လွှတ်နေသော ရွှေရောင်ခြည်တန်းများက နတ်တောင်ရွှမ်းမီထဲမှ ရှောင်လုံတစ်ကိုယ်လုံးကို လွှမ်းခြုံရစ်ပတ်သွား သည်။ ထိုရွှေရောင်ခြည်တန်းများ၏ လွှမ်းခြံရစ်ပတ်မှုကို ခံလိုက်ရသောအခါ ရှောင်လုံစိတ်ထဲတွင် သူ့တစ်ကိုယ်လုံး နဂါးအဆီအနှစ်များအတွင်းစိမ်၍ ရေချိုးလိုက်နေရသလိုမျိုး အင်မတန်မှကို
ဇိမ်ကျသွားလေသည် ။ ရှောင်လုံတစ်ကိုယ်လုံး အင်မတန်သက်တောင့်သက်သာရှိမှုကို ခံစားနေရသည်။
ရှောင်လုံမျက်နှာက ပြုံးဖြီးနေပြီး  တစ်ခါတရံတွင် သူ့ပါးစပ်မှ ညည်းသံများပင် ထွက်ပေါ်လာသေးသည်။

ထိုအချိန်တွင် ရှောင်လုံကိုယ်ထဲမှ နဂါးနှစ်ယောက်ကလဲ ရှောင်လုံဆင့်ခေါ်ခြင်းမရှိဘဲ အပြင်ဘက်သို့ သုတ်သုတ်ပြာပြာဖြင့်
ပျံသန်းထွက်ပေါ်လာကြသည် ။ အနက်ရောင်နဂါး နှင့်အပြာရောင် နဂါးနှစိကောင် ထွက်ပေါ်လာပြီးနောက်တွင် နဂါးပုလဲမှထွက်ပေါ်နေသော ရွှေရောင်အလင်းတန်းများက ပို၍ တောက်ပလာလေသည်။

ထိုနောက် နဂါးပုလဲဆီကနေ တဝီဝီမြည်သံတွေထွက်ပေါ်လာပြီး သူကလဲ နဂါးနှစ်ကောင် ရှိရာသို့ ပျံသန်းသွားလေသည် ။ ထိုနောက် သူတို့သုံးခုက လေထဲတွင် စိန်ပြေးလိုက်တမ်းကစားသလိုမျိုး တစ်ယောက်နောက်တစ်ယောက်လိုက်ရင်း ဝိုင်းပတ်ကစားနေကြသည် ။

နဂါးပုလဲနှင့် နီးကပ်စွာဆော့ကစားနေကြသော သူ့သိုင်းဝိညာဉ်နဂါးနှစ်ကောင် ကိုယ်ပေါ်မှ နဂါးအကြေးခွံများက ပိုပြီးတောက်ပလာကြသလို သူတို့ဦးခေါင်းထက်မှ ဦးချိုများကလဲ အရင်ကထက် ပို၍ ရှည်လျားလာတာကို ရှောင်လုံက သတိပြုမိ လိုက်သည်။

ထိုအချိန်၌ ရှောင်လုံက အဆော့မက်နေကြသော သူသိုင်းဝိညာဉ်နဂါးနှစ်ကောင်ကို ခန္ဓာကိုယ်အတွင်းသို့ ပြန်ခေါ်လိုက်သည် ။ ထိုအခါ နဂါးနှစ်ကောင်၏အနောက်ကနေ နဂါးပုလဲလုံးလေးကလဲ ရှက်ရွံနေသော မိန်းမပျိုလေးတစ်ယောက်ကဲ့သို့ မဝံမရဲဖြင့် လိုက်ပါလာသည်။ သူက ရှောင်လုံအရှေ့ကိုရောက်တော့ ဆက်မလိုက်တော့ပဲ ရပ်လိုက်သည် ။ ထိုနဂါးပုလဲလုံးလေးကို ကြည့်ရင်း ရှောင်လုံက ပျောက်ဆုံးသွားသော သူမိသားစုဝင်တစ်ယောက်နှင့် ပြန်ဆုံတွေ့လိုက်ရသကဲ့သို့ ရင်နှီးမှုမျိုးကို ခံစားလိုက်ရသည်။

"... အခုကစပြီး ....မင်းငါ့နောက်ကို လိုက်ခဲ့တော့ ..."

ရှောင်လုံက ညင်သာစွာပြောလိုက်သည် ။

အွန်း ....
နဂါးပုလဲလုံးလေးဆီက တိုးညှင်းသော ညည်းသံလေးတစ်ခုထွက်ပေါ်လာပြီး သူကခေါင်းညိတ်ပြသလိုမျိုး အထက်အောက် ရွေ့လျားပြလိုက်သည် ။

နဂါးပုလဲလုံးလေးက နဂါးမျိုးနွယ်စုတစ်ခုလုံး၏ အထွတ်အမြတ်ရတနာတစ်ခုပင်ဖြစ်သည် ။ ထိုကြောင့် သူဆီမှာ အသိညဏ်ရှိနေတာကို မြင်တော့ ရှောင်လုံစိတ်ထဲမှာ သိပ်ပြီး မအံသြတော့ပေ  ....။
ထိုကဲ့သို့ အဆင့်ရှိ ရတနာပစ္စည်းတစ်မျိုးဟာ သူကိုယ်တိုင် ကျေကျေနပ်နပ်နှင့် မလိုက်ချင်ဘူးဆိုရင် နတ်ဘုရားအဆင့်သိုင်းပညာရှင်တောင်မှ သူ့ကို အတင်းအကျပ် ခေါ်ဆောင်နိုင်စွမ်းမရှိပေ ..။

နဂါးပုလဲလုံးလေး၏ အထက်အောက် ရွေ့လျားမှုကိုကြည့်ရင်း ရှောင်လုံစိတ်ထဲမှာ အတိုင်းမသိအောင်ပျော်ရွှင်သွားလေသည်။ ရှောင်လုံက လက်ဝါးတဖက်ကို ညင်သာစွာဆန့်ထုတ်ပေးလိုက်သည်။ ထိုအခါ နဂါးပုလဲလုံးလေးက ရှောင်လုံလက်ဝါးပေါ်သို့ ပျံသန်းလာ၏ ။ သူ့လက်ဖဝါးပေါ်က နဂါးပုလဲလုံးလေးကို ကြည့်ရင်း ရှောင်လုံ မည်မျှပျော်ရွှင်နေသည်ကို စကားလုံးဖြင့် တင်စားရန်တောင်မလွယ်ကူပေ ။

နောက်ဆုံးတော့ ရှောင်လုံက နဂါးပုလဲလုံးလေးကို နတ်တောင်ရွှမ်းမီအတွင်း၌ ထဲ့သိမ်းလိုက်ပြီး သူ့အကြည့်တွေက နဂါးပုလဲလုံးလေးပျံဝဲနေသောယဇ်ပလ္လင်ပေါ်မှ  နဂါးကိုယ်ခန္ဓာရုပ်အလောင်းဆီသို့ ရောက်ရှိသွားသည် ။ နဂါးပုလဲလုံးလေး ရှိနေပြီဆိုကတည်းက ထိုနဂါးရုပ်အလောင်းမှာ နဂါးဘုရင်ရုပ်အလောင်းဆိုတာကို သံသယဖြစ်စရာကို မလိုပေ ...။

နဂါးအင်ပါရာဘုရင်မင်းမြတ်က ကွယ်လွန်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေခဲ့ပြီ ဖြစ်သော်လည်း နဂါးဘုရင်မင်းမြတ်၏ ကြွင်းကျန်ရစ်နေသေးသော ခမ်းနားကြီးကျယ်သည့် ကိုယ်ရောင်ကိုယ်ဝါတွေကို ရှောင်လုံစိတ်ထဲမှာ ခံစားမိလိုက်သည်  ။

ရှောင်လုံက ရှုပ်ထွေးနေသော  သူ့စိတ်ကို တည်ငြိမ်အောင်ထားကာ နဂါးဘုရင်မင်းမြတ်ကို နတ်တောင်ရွှမ်းမီအတွင်းသို့ စုပ်သွင်းယူရန် ကြိုးစားလိုက်သည်။ သို့သော် ရှောင်လုံမည်မျှပင် ကြိုးစားပါစေ နဂါးဘုရင်ရှိနေသည့် သလင်းကျောက်ရုပ်တုကြီးက တလက်မလေးပင်
ရွေ့လျားလာခြင်းမရှိပေ..။  မဟာနဂါးဓားကြီးက တောင်ကြီးတစ်လုံးလို ကြီးမားသော်လည်း  ရှောင်လုံ တလက်မလောက်ကြွအောင်တော့ မနိုင်ခဲ့သည်။ သို့သော် သလင်းကျောက်ရုပ်ထုကြီးကတော့ နဲနဲလေးတောင်မှ မလှုပ်ရှားပေ ..။ ထိုသို့ ခံစားချက်က ပုရွက်ဆိတ်တစ်ကောင်ဟာ ကျောက်တုံးကြီးတစ်တုံးကို မနေရသည်နှင့် တူနေသည် ။ 

ရှောင်လုံက အသက်ဝအောင် ရှုရင်း သူ့ဒန်ထျန်အတွင်းမှ စစ်မှန်သော အဆီအနှစ်များကို အသုံးပြုကာ လက်နှစ်စလုံးဖြင့် ဆွဲယူဖို့ ကြိုးစားလိုက်သည်။ နောက်ဆုံးတော့ သလင်းကျောက်ရုပ်တုကြီးက လှုပ်ရှားလာခဲ့ချေပြီ ..။ သို့သော် လှုပ်တယ်ဆိုရုံလေး လှုပ်ရှားသွာခြင်းပင် ..။
ရှောင်လုံအတွက်တော့ ဧရာမတောင်ကြီးတစ်လုံးကို
သယ်ဆောင်နေရသည်နှင့်တူနေသည် ။ 

ထိုအချိန်တွင် ရှောင်လုံက အကြံတစ်ခုရသွား၏ ။
ရှောင်လုံက သူအောင်းပိုင်ရွှယ်ဆီကနေ ရရှိထားသော အဆင့်၁ ဝိညာဉ်ကျောက်တုံး အတုံး ခြောက်ဆယ်စလုံးကို နတ်လက်စွပ်ထဲကနေထုတ်ကာ ဗုဒ္ဓဆယ်ဆူ အစီအရင်အတွင်းသို့ စုပြုံထဲ့လိုက်သည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၃၆၅ .....

အဆင့် ၁ ဝိညာဉ်ကျောက်တုံး အတုံးခြောက်ဆယ် ဝင်လာပြိးနောက်တွင် ဗုဒ္ဓဆယ်ဆူအစီအရင်ထဲမှ တောက်ပခံညားသောဗုဒ္ဓရောင်ခြည်တော်များ ထွက်ပေါလာပြီး ထိုရောင်ခြည်တော်တွေက ရှောင်လုံကိုယ်ထဲသို့ စီးဝင်သွားကြသည် ။

ရှောင်လုံက နောက်တစ်ကြိမ်ထပ်မံကြိုးစားလိုက် ပြန်သည် ။ ရှောင်လုံလက်ဝါးနှစ်ဖက်မှ အင်မတန်ပြင်းထန်အားကောင်းသော စုပ်အားတွေ ဖြစ်ပေါ်လာသည်။ ဧရာမတောင်ကြီးတစ်လုံးကဲ့သို့ လေးလံသော နဂါးအင်ပါရာဘုရင်မင်းမြတ်၏ သလင်းကျောက်ရုပ်ထုကြီးက ရွှတ်ကနဲဆိုသလို
နတ်တောင်ရွှမ်းမီအတွင်းသို့ စုပ်ယူခံလိုက်ရသည်။

နဂါးအင်ပါရာ၏ ရုပ်အလောင်းကို သယ်ဆောင်ပြီးနောက်တွင် ရှောင်လုံက သူ့တစ်ကိုယ်လုံး အင်အားချိနဲ့သွာသလိုမျိုး ခံစားလိုက်ရပြီး ဗုဒ္ဓဆယ်ဆူ အစီအရင်အတွင်း ဖင်ထိုင်ရက် ပြုတ်ကျသွားသည်။ နဂါးအင်ပါရာ၏ ရုပ်အလောင်းကို နတ်တောင်ရွှမ်းမိအတွင်း ရွေ့ပြောင်းပြီးနောက်တွင် ရှောင်လုံ၏ နောက်ထပ်ပစ်မှတ်တွေက နဂါးဘုရင်ရုပ်အလောင်းများနှင့် နဂါးအကြီးအကဲများ၏ ရုပ်အလောင်းများပင် ဖြစ်သည်။

ထိုနောက်တွင် ရှောင်လုံလက်ထဲမှ ပြင်းထန်သော စုပ်အားတစ်ခုထပ်မံဖြစ်ပေါ်လာသည်။ နဂါးအင်ပါရာရှိနေသောနေရာ၏ ဘယ်ဘက်တွင်ရှိနေသည့် နဂါးရုပ်အလောင်းကြီးက လေထဲသို့ ပျံဝဲကာ နတ်တောင်ရွှမ်းမီအတွင်းသို့ရောက်ရှိလာလေသည် ။

အခုရှောင်လုံဆွဲယူလိုက်သော နဂါးရုပ်ထုကြီးက
တုန်း နဂါး ပဲ ဖြစ်သည် ။ နဂါးမျိုးနွယ်စုထဲတွင် တုန်းနဂါး၏ အရှိန်အဝါက အလွန်ကို မြင့်မား၏။
ထိုကြောင့်လဲ သေဆုံးသွားသောအခါ နဂါးအင်ပါရာ၏ နံဘေးတွင် နေရာရခဲ့ခြင်းဖြစ်သည်။

နတ်တောင်ရွှမ်းမီအတွင်းသို့ရောက်လာသော နဂါးအင်ပါရာဘုရင်နှင့် တုန်းနဂါးကြီးကို ကြည့်ရင်း ရှောင်လုံတစ်ယောက် လျှာထွက်မတတ် မောပန်းနေသည်။ အခုနဂါးရုပ်ထုကြီးနှစ်ခုကို နတ်တောင်ရွှမ်းမီအတွင်းသို့သယ်ဆောင်ရခြင်းမှာ စကြာဝဠာသိုင်းပညာရှင်နှစ်ယောက်နှင့် တိုက်ပွဲဖြစ်ခဲ့ခြင်းထက်ကိုပင် ပို၍ ပင်ပန်းသေးသည်။

ရှောင်လုံက အတွင်းအားဖြည့်ဆေးတစ်လုံးကိုမြိုချရင်း သူသိုင်းဝိညာဉ်၏ စွမ်းရည်တစ်ခုဖြစ်သော ခနချက်ချင်းစွမ်းအားပြန်လည်ဖြည့်တင်းခြင်း စွမ်းရည်အား ထုတ်သုံးလိုက်ကာ ကုန်ဆုံးသွားသောစွမ်းအင်တွေကိုအတတ်နိုင်ဆုံး ပြန်လည်ဖြည့်တင်းလိုက်သည်။ ရှောင်လုံက ဗုဒ္ဓဆယ်ဆူ အစီအရင်အတွင်းမှ စွမ်အားတွေကို နောက်တစ်ကြိမ် ဆွဲယူဖို့ပြင်နေစဉ် အဆင့်၁ ဝိညာဉ်ကျောက်တုံးဆယ်တုံးက ကြွေမွသွားလေသည်။

ရှောင်လုံက ကွဲကြေသွားသော အဆင့်၁ ဝိညာဉ်ကျောက်တုံးများနှင့်အတူ  သူ့ရင်ထဲမှ နာကျင်ကျေကွဲမှုတွေကို အောင့်အည်းကာ နောက်ထပ် ဝိညာဉ်ကျောက်တုံး ဆယ်တုံးအား ဗုဒ္ဓဆယ်ဆူ အစီအရင်၏အလည်တွင် ထပ်မံဖြည့်တင်း လိုက်သည် ။

ရှောင်လုံက နောက်ထပ်ယဇ်ပလ္လင်တစ်ခုပေါ်သို့ ကူးပြောင်းကာ သလင်းကျောက်ထဲမှ နဂါးရုပ်အလောင်းကိုနတ်တောင်ရွှမ်းမီအတွင်းသို့ ရွေ့ပြောင်းလိုက်လေသည် ။ တတိယမြောက် ရွေ့ပြောင်းလိုက်သော နဂါးကြီးက ဗုဒ္ဓနဂါးကြီး ဖြစ်သည် ။ တုန်းနဂါး ကဲ့သို့ပင် ဗုဒ္ဓနဂါးကြီးကလဲ နဂါးမျိုးနွယ်စုထဲတွင် အလွန်မြင့်သော အဆင့်အတန်းကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
ဗုဒ္ဓနဂါးကြီးကို ရွေ့ပြောင်းပြီးနောက် ရှောင်လုံကိုယ်ထဲမှ စွမ်းအားတွေက နောက်တစ် ကြိမ်ကုန်ဆုံးသွားပြန်သည် ။ ရှောင်လုံလဲ အင်အားဖြည့်တင်းရင်း ခနလောက်နားလိုက်သည်။
ထိုနောက် စတုတ္ထရုပ်ကြီးကိုစတင်လိုက်သည် ။

စတုတ္ထ ၊ ပဉ္စမ ၊ ဆဋ္ဌမ ....!
နတ်တောင်ရွှမ်းမီအတွင်းသို့ ရောက်ရှိလာကြသော နဂါးရုပ်အလောင်းများ၏ အရေအတွက်က တဖြည်းဖြည်းနှင့် ပို၍ များပြားလာသည် ။
ရှောင်လုံက ဆယ်နှစ်ခုမြောက် နဂါးရုပ်အလောင်းကို ရွေ့ပြောင်းဖို့ ကြိုးသားနေစဉ် နဂါးဂူ၏ဝင်ပေါက်ကနေ ဖြတ်သန်းဝင်ရောက်လာကြသော လေတိုးသံတွေကိုကြားလိုက်ရသည် ။ ရှောင်လုံလဲ  မျက်နှာပျက်ပြီး နဂါးဂူအဝမှ အစီအရင် ကျိုးပေါက်သွားပြီဆိုတာကို နားလည်လိုက်သည်။

လေတိုးသံတွေကိုအကဲခတ်ကြည့်ရသလောက်တော့ နဂါးဂူသင်္ချိုင်းအတွင်းသို့ လူတွေအများကြီး ဝင်လာကြခြင်းဖြစ်သည် ။ ထိုအပြင် ဝင်လာကြသူတွေထဲတွင် သူထက်သိုင်းအဆင့်နိမ့်သူတွေကလဲ တစ်ဦးမှကို မပါပေ ...။

ရှောင်လုံက ဗုဒ္ဓဆယ်ဆူအစီအရင်အတွင်းသို့ သူ့ဆီမှာရှိနေတဲ့ အဆင့်၁ ဝိညာဉ်ကျောက်တုံးတွေအကုန်လုံးကို ကမန်ကတမ်း ပစ်ထဲ့လိုက်သည်။
ထိုအခါ ဗုဒ္ဓဆယ်ဆူအစီအရင်ထဲကနေ ဒေါသကြီးနေသောရေလှိုင်းကြီးများနှင့်တူသည့် စွမ်းအင်လှိုင်းတွေအများကြီး ထွက်ပေါ်လာလေသည်။ ထိုနောက် ရှောင်လုံက ဆယ့်နှစ်ခုမြောက်နဂါးရုပ်ထုကို နတ်တောင်ရွှမ်းမီအတွင်းသို့ အလျင်အမြန်ရွေ့ပြောင်းလိုက်သည်။ သို့သော် ရှောင်လုံ ဆယ်သုံးခုမြောက် ရုပ်ထုအား ရွေ့ပြောင်းဖို့ ကြိုးစားနေစဉ် နတ်နဂါးနန်းတော်ကြီးက လှပခန့်ငြားသော အလင်းတန်းများဖြင့် တောက်ပလာပြီး ခန်းမဆောင်အတွင်းသို့ လူတွေအများကြီးရောက်ရှိလာကြသည်။

".... လီမိုလင် ...."

ရှောင်လုံက ခန်းမဆောင်အတွင်းသို့ ရောက်ရှိလာသူများကြားထဲတွင် လီမိုလင်ပါလာတာကို သတိပြုမိလိုက်သည် ။
လီမိုလင်တို့လူစုရောက်လာတာကိုမြင်တော့ ရှောင်လုံတစ်ယောက် မျက်စိပျက်မျက်နှာပျက်ဖြစ်ကာ နတ်တောင်ရွှမ်းမီထဲကနေ ထွက်ပေါ်နေသော ဗုဒ္ဓစွမ်းအားတွေအကုန်လုံးကို ကမန်းကတမ်း  ပြန်လည်စုစည်းလိုက်သည်။ ထိုနောက် နတ်တောင်ရွှမ်းမီကို မြူမှုန့်လောက်အရွယ်အစားအထိ သေးငယ်လိုက်ပြီး ကြမ်းပြင်ပေါ်သို့ သဘာဝအတိုင်း ဆင်းသက်လိုက်သည် ။

အရင်တစ်ခေါက်တုံးက နတ်တောင်ရွှမ်းမီနှင့်အတူ စကြာဝဠာအဆင့် ၁၀ အထွတ်အထိပ်သို့ရောက်နေသည့်အရိုးနဂါးကြီးကို ကျော်ဖြတ်ဘူးသည့် အတွေ့အကြုံရှိခဲ့သော်လည်း အရိုးနဂါးကြီးက သေဆုံးခဲ့တာ ကြာမြင့်ခဲ့ပြီမို့ သူ၏စိတ်ဝိညာဉ် အင်အားတွေမှာ လျော့နဲနေခဲ့ပြီပဲ ဖြစ်သည် ။ သို့သော် လီမိုလင်တို့ကြတော့ အသက်ရှင်နေသော စကြာဝဠာသိုင်းပညာရှင်များ ဖြစ်တာကြောင့် ရှောင်လုံစိတ်ထဲတွင် အနဲငယ်စိုးရွံနေခြင်းဖြစ်သည်။
အကယ်၍ သူ့ကိုသာတွေ့သွားမယ်ဆိုရင် သေခြင်းဖြင့်သာ ဒီနေရာမှာတင် သူဘဝဇတ်သိမ်းသွားနိုင်သည် ။

လီမိုလင်တို့လူစုက ခန်းမဆောင်အတွင်းသို့  အပြေးအလွှားဝင်လာကြသည် ။ ထိုနောက် ယဇ်ပလ္လင်များပေါ်တွင် ရှိနေသည့် သလင်းကျောက်နဂါးရုပ်အလောင်းများကို မြင်တော့ မျက်လုံးတွေ အရောက်လက်သွားကြသည် ။
သို့သော် ပြောင်တလင်းခါနေသည့် ယဇ်ပလ္လင် ဆယ့်နှစ်ခုကိုမြင်တော့ အကုန်လုံးက အံသြမှင်သက်ကုန်ကြသည် ။

"... ဘယ်လိုဖြစ်ရတာလဲ ...တစ်ယောက်ယောက်က ကျုပ်တို့ထက် အရင်ရောက်ပြီး ကမ္ဘာဦးနတ်နဂါး ရုပ်အလောင်းတွေကို ယူဆောင်သွားတာလား ...."

ယောင်ရှန်၏ နှုတ်မှ လွှတ်ခနဲ ထွက်သွားသည် ။

".... အဲ့ဒါတင်မကသေးဘူး .... ဒဏ္ဍာရီထဲက နဂါးပုလဲ ကြီးလဲ မရှိတော့ဘူး ....!"

နတ်ဘုရားကျောင်းတော်မှ နောက်ထပ်အကြီးအကဲ တစ်ယောက်က လက်ညိုးထိုိးပြလိုက်သည် ။ လီမိုလင်၏ မျက်လုံးတွေက အေးစက်သွားပြီး ခန်းမဆောင်တစ်ခုလုံးကို သိမ်းငှက်တစ်ကောင်လို အကဲခတ်လိုက်ပြီး

"..... ငါတို့လမ်းတဲ့ လမ်းတစ်လျောက်မှာ လူတစ်ယောက်မှကို မတွေ့ခဲ့ဘူးမဟုတ်လား  .... အဲ့ဒီလူက ဒီခန်းမဆောင်ထဲမှာပဲ ရှိနေလိမ့်အုံးမယ် .... အားလုံးပဲ နဂါးမြို့တော်က မြေကြီးတွေအကုန်လုံးကို တူးထုတ်ပစ်ရမယ်ဆိုရင်တောင် အဲ့ဒိလူကို မတွေ့လို့မဖြစ်ဘူးနော် .... နောက်ပြီး နဂါးပုလဲကို ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ်အရယူခဲ့ရမယ်လုိ့  ဂိုဏ်းချုပ်ဘုန်းတော်ကြီးက အမိန့်ပေးထားတယ် ....."

ယောင်ရှန်တို့က လီမိုလင်အမိန့်အတိုင်း ကမ္ဘာဥိးနတ်နဂါးရုပ်အလောင်းများကို ခိုးသွားသူအား နေရာခွဲပြီး ရှာဖွေလိုက်ကြသည် ။ လီမိုလင် နံဘေးတွင်ရှိနေသည့် ကျောက်ကျုံး၏ မျက်လုံးထဲတွင် မီးတောက်များဖြင့်လောင်ကျွမ်းလာပြီး လောင်ကျွမ်းမေသောမျက်လုံးထဲမှ သေးငယ်သော ရွှေရောင်အလင်းတန်းများစွာထွက်ပေါ်လာသည်။ ထိုအလင်းတန်းများက ခန်းမဆောင်ကြီးတစ်ခုလုံး ကို ခေါက်တုံခေါက်ပြန် ကူးလူးသွားလာနေကြ သည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရှောင်လုံက ပိုပြီး မျက်နှာပျက်လာသည် ။ ကျောက်ကျုံးအသုံးပြုလိုက်သည်မှာ သတ်မှတ်ထားသော ဧရိယာအတွင်းမှ
ကိုယ်ဖျောက်ထားသူတွေကို ရှာဖွေသည့် စွမ်းရည်တစ်ခုဖြစ်သည်။

ခနလောက်ကြာတော့ ကျောက်ကျုံးက တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်ပုံစံဖြင့် နတ်တောင်ရွှမ်းမီရှိနေရာနေရာဆီသို့ ဖြည်းဖြည်းချင်း
ချဉ်းကပ်လာသည် ။ ကျောက်ကျုံး၏ ထူးဆန်းသော အမူအရာကိုကြည့်ပြီး လီမိုလင်ကလဲ သူ့အနောက်ကနေ လိုက်ပါလာသည် ။

တစ်လှမ်း .....နှစ်လှမ်း .....!
သူတို့နှစ်ယောက်က ရှောင်လုံရှိနေသောနေရာနှင့်
တဖြည်းဖြည်း နီးကပ်လာကြသည် ။ သူတို့နှစ်ယောက်ကိုကြည့်ရင်း ရှောင်လုံကတော့ အသက်ရှုသံတွေပါ ဗြောင်းဆန်လာသည် ။

သူတို့နှစ်ယောက်က ရှောင်လံနှင့် ကိုးပေလောက်အကွာတွင်ရပ်လိုက်ကြသည် ။ ထိုအချိန်မှာပဲစူးရှသော လေတိုးသံများနှင့်အတူ နတ်နဂါးနန်းတော်အတွင်းသို့ နောက်ထပ်လူတစ်စု ရောက်ရှိလာကြသည် ။

"..... နတ်တံခါးဂိုဏ်းကလူတွေပါလား .."

ထိုလူများ၏ အဝတ်အစားကိုမြင်ကာ ရှောင်လုံပါးစပ်မှ လွှတ်ခနဲ ထွက်သွားသည် ။ထိုနောက် သူ့အကြည့်တွေက မှင်နက်ရောင် သေသပ်စွာဝတ်စုံကိုဝတ်ဆင်ထားသည့် ထောင်ထောင်မောင်းမောင်းနှင့် လူကြီးဆီသို့ ရောက်ရှိသွားသည် ။ ထိုလူကြီး၏ မျက်လုံးထောင့်စွန်းနားတွင် အနက်ရောင် မျဉ်းကြောင်းများဖြင့် တက်တူးပုံသဏ္ဍာန်ရေးထူးထားသည်။

ချန်ထျန်ချီ .... ? ရှောင်လုံမျက်လုံးတွေက ကျဉ်းမြောင်းသွားသည်။
ထိုလူကြီးကတော့ သူနှင့်ဆိုရင် ဆရာအကိုတော်သူ
နတ်တံခါးဂိုဏ်း၏ အကြီးအကဲချုပ် ချန်ထျန်ချီ
ပင်ဖြစ်သည်။

သို့သော် အခုချိန်တွင်  ချန်ထျန်ချီကို မြင်တွေ့လိုက်ရတော့ ရှောင်လုံက အရမ်းကို ပျော်ရွှင်သွားသည်။ ချန်ထျန်ချီတို့၏ နတ်တံခါးဂိုဏ်းမှ လူတွေရောက် ရှိလာခြင်းကြောင့် သူ့ကို အသဲအသန်ရှာဖွေနေကြသော ကျောက်ကျုံးနှင့် လီမိုလင်တို့၏ စိတ်အာရုံတွေက ချန်ထျန်ချီတို့ လူစူပေါ်ကို လွှဲပြောင်းရောက်ရှိသွားသည် ။

ထိုနောက် လီမိုလင်တို့ လူစုနှင့် ချန်ထျန်ချီတို့လူစုကြားထဲတွင် ကမ္ဘာနဂါးကြီးများ ရုပ်အလောင်းကို လုယုပွဲကြီးစတင်တော့သည်။ ချန်ထျန်ချီတို့လူစု ရောက်လာပြီးသည်မကြာခင် ခန်းမဆောင်အတွင်းသို့ အရပ်ဆယ်မျက်နှာတိုင်းပြည်မှ သားရဲပညာရှင်များပါ ရောက်ရှိလာကြသည် ။
ရောက်ရှိလာကြသော သားရဲသိုင်းပညာရှင်တွေကလဲ တစ်ချက်ကြည့်လိုက်ရုံဖြင့် အခြေအနေ
အရပ်ရပ်ကို နားလည်သွားကြပြီး နဂါးရုပ်အလောင်းလုပွဲကြီးကို ဝင်ရောက်ဆင်နွဲလိုက်ကြသည် ။

ရှောင်လုံကတော့ အခြေအနေတွေ ရုတ်ထွေးနေတာကို အခွင့်ကောင်းယူကာ နတ်တောင်ရွှမ်းမီအား ဝင်ပေါက်ဆီသို့ ဂရုတစိုက်ဖြင့် မောင်းနှင်သွားလိုက်သည် ။ ထိုနောက် နတ်နဂါးနန်းတော်ထဲကနေ နဂါးဂူသင်္ချိုင်းအဝထိအောင် မရပ်မနားပျံသန်းလိုက်သည် ။ သို့သော် ရှောင်လုံက ချက်ချင်းထွက်မသွားသေးပေ ...။ နဂါးအဆီအနှစ်များက အလွန်ကို ရှားပါးတာတောင် သူအနေနှင့် ဒီအတိုင်းကြီးတော့ လက်လွတ်မခံလိုပေ ...။

ထိုကြောင့် ရှောင်လုံက လင်းလောင်ရတနာစေတီအတွင်းမှ နတ်ဆိုးတစ်ထောင် အစီအရင်ကိုစတင်ကာ နဂါးအဆီအနှစ်တွေကို လင်းလောင်ရတနာသေတီအတွင်းသို့ စတင်စုပ်ယုလိုက်တော့သည် ။ လင်လောင်ရတနာစေတီအတွင်း၌ နေရာကွက်လပ်ပေါင်းအမြောက်အမြားရှိလေသည် ။ ထိုကြောင့် ရှောင်လုံက သာအခုစုပ်ယူလိုက်သောနဂါးအဆီအနှစ်များကို နဂါးအော်ရာတိမ်တိုက်များနှင့်အတူတူ မထားဘဲ တခြားတစ်နေရာတွင် သိမ်းဆည်းထားလိုက်သည် ။

သူစိတ်ထဲတွင် လုံလောက်ပြီလို့ ယူဆိမိသောအခါ ရှောင်လုံက နဂါးဂူသင်္ချိုင်းအတွင်းကနေ ပြန်လည်ထွက်ခွာသွားတော့သည် ။ နတ်တောင်ရွှမ်းမီအတွင်းရှိနေသော ရှေးဟာင်းနဂါးရုပ်အလောင်းတွေကိုမြင်တော့မှ ရှောင်လုံလဲ သက်ပြင်းချနိုင်သွားသည် ။ မူလတောအုပ်သို့ လာရောက်ခဲ့သော ခရီးစဉ်ကို သူ့ဘဝတွင် အကျိုးအမြတ်အများဆုံးရရှိခဲ့သော
ခရီးစဉ်ဟု ဆိုနိုင်လေသည် ။

အထူးသဖြင့် ရှောင်လုံပိုင်ဆိုင်မှုထဲတွင် အင်မတန်ရှားပါးပြီး နဂါးမျိုးနွယ်စုတစ်ခုလုံးကို အုပ်စိုးသော နဂါးအင်ပါရာ များသာ ပိုင်ဆိုင်နိုင်ကြသည့် နဂါးပုလဲလေးပါ ပါဝင်လာသည် ။

ခနကြာတော့ ရှောင်လုံပုံရိပ်က ရင်ပြင်ကျယ်အတွင်းကနေ ပျောက်ကွယ်သွားသည်။ ရင်ပြင်ကျယ်ကနေ ထွက်ခွာလာပြီးနောက် ရှောင်လုံက ကျောင်းရှု ၊ ဖန်ယန် ၊ ဒေါင်ရမ် နှင့်တခြားလူနှစ်ယောက်ကို ဆက်သွယ်ရေးအဆောင်ကို အသုံးပြု၍ဆက်သွယ်လိုက်သည် ။
ရှောင်လုံက နဂါးမြို့တော်ထဲတွင် သွေးနဂါးသလင်းကျောက် ၊ နတ်နဂါးဆေးလုံးများ ၊ ကမ္ဘာဦးနတ်နဂါးကြီးများ၏ ရုပ်အလောင်းများ နှင့် နဂါးပုလဲ တို့ကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်သည် ။ ထိုကြောင့် အခုအချိန်က သူတို့ နဂါးမြို့တော်အတွင်းကနေ ထွက်ခွာဖို့ အချိန်တန်လေပြီ ။

နဂါးမြိူ့ကြီးအတွင်း၌ တခြားရတနာပစ္စည်းများ ကျန်ရှိနေသေးတာကို သိသော်လည်း ရှောင်လုံ ရောင်ရဲတင်းတိမ်လိုက်သည် ။ ခနလောက်ကြာတော့ ရှောင်လုံက ကျောင်းရှု ၊ ဖန်ယန်တို့နှင့် ပြန်လည်ဆုံစည်းမိသွားသည် ။ခပ်တည်တည်နေတတ်သော ကျောင်းရှုနှင့် အရီအပြုံးမရှိသော ဖန်ယန်တို့၏ မျက်နှာထက်က စိတ်လှုပ်ရှားပျော်ရွှင်ရိပ်တွေကိုမြင်ပြီး သူတို့လဲ ကောင်းမွန်သောအရာတွေကို ရှာတွေ့ခဲ့တယ်ဆိုတာ ရှောင်လုံနားလည်လိုက်သည် ။ သို့သော် ဒေါင်ရမ်တို့လူစုကတော့ အချိန်အတော်ကြာပြီသည့်အထိ သူတို့နှင့် လာရောက်ဆက်သွယ်ခြင်းမရှိကြပေ ...။

ရှောင်လုံက မျက်မှောင်ကြုတ်သွားပြီး သူ့ခေါင်းထဲတွင် အတွေးများစွာဖြစ်ပေါ်လာသည် ။
သူတို့ အန္တရာယ်တွေနဲ့များ ကြုံတွေ့နေလားမသိဘူး.....?
အဲ့လိုမှ မဟုတ်ရင် ဒေါင်ရမ်တို့အနေဖြင့် သူဆက်သွယ်တာကို လျစ်လျူရှုထားစရာအကြောင်းမရှ်ိပေ  ....။

".... ဒေါင်ရမ်တို့လူစု တစ်ခုခုဖြစ်နေကြပြီထင်တယ် ..."

ကျောင်းရှုက အရင်ဆုံးပြောလိုက်သည်  ။

ရှောင်လုံက ခေါင်းညိတ်ပြလိုက်သည် ။ ထိုခနတွင် ရှောင်လုံလက်ထဲကိုင်ထားသော ဆက်သွယ်ရေးအဆောင်လေး တုန်ခါသွားသည် ။ ရှောင်လုံက ဆက်သွယ်ရေးအဆောင်ထဲသို့ ပို့လိုက်သော ဆက်သွယ်ချက်တွေကို ဖတ်ကြည့်လိုက်ပြီး

".... ဟုတ်တယ် ...သူတို့ အန္တရာယ်နဲ့ ကြုံနေပြီ အမြန် သွားစို့ ....."

ရှောင်လုံက အလောတကြီးပြောလိုက်သည် ။

အပိုင်း ၃၆၆ .......

Continue lendo

Você também vai gostar

12.9K 289 15
An alternate Jason Uchiha timeline
167K 25.6K 106
"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျေ...
61.5K 1.7K 176
"In a world of pirates and adventure, meet Ryo, a half mink-half human with a tragic past. After losing his parents, Ryo was taken in and trained by...
175K 5.5K 200
Author: Su Mengmeng/苏萌萌 Category: Danmei Fiction Status: 250 Chapter (Complete) Introducing: (Main attack, clean body and mind, no children, cool te...