အတ္တစိတ် || ဘာသာပြန် ||『Compl...

By Rhmjrs_58

392K 58K 3.2K

" ငါ ခွေးကို ကြည့်နေခဲ့တာမဟုတ်ပါဘူး။ ငါကြည့်နေခဲ့တာက မင်း " This is Fan Translation. More

Description
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Manhua
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67
Chapter - 68
Chapter - 69
Chapter - 70
Chapter - 71
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75
Chapter - 76
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84
Present

Chapter - 23

3.4K 607 22
By Rhmjrs_58

『Unicode 』

အခန်း ( ၂၃ ) : ကောင်းကောင်း သင်မပေးခဲ့တာ ငါပါ။

※※※※※※※※※※※※※※※※※※※※



ကျွန်တော်က ကျွန်တော်ထင်ထားတာထက် ပိုစက်ဆုပ်စရာကောင်းတာပဲ။

" ကျိနင် ? မင်း အဆင်ပြေရဲ့လား ? " ကျောက်ဖုန်းက ကျွန်တော့်ရှေ့မှာ လက်ယမ်းပြလာပြီး :" မင်းအများကြီး သောက်ထားတာလား ? "

ကျွန်တော် သူ့ကို ဗလာကျင်းလျက် စိုက်ကြည့်နေပြီးမှလုံးလုံးလျားလျား အမှတ်ရလာ​၏။

" မတွေ့ရတာကြာပြီ..." ကျွန်တော် ပြောလိုက်သည်။

ကျွန်တော် သူ့ကို မှတ်မိသွားပြီးမှန်း တွေ့လိုက်ရလျှင် ကျောက်ဖုန်း​​​၏ မျက်လုံးတွေက ပီတိဖြာသွား​၏ : " မင်း လုံးဝမှ မပြောင်းလဲသေးတာပဲ။ တွေ့လိုက်တာနဲ့ မင်းကို ချက်ချင်းမှတ်မိသွားတာ။ အခု မင်း ဘာလုပ်နေလဲ ? "

တွေဆုံခြင်းက ကြမ္မာဖန်သော်လည်း သည်နေရာက မသန့်ရှင်းတာမို့ ကျွန်တော်တို့ သန့်စင်ခန်းထဲမှာသာ စကားပြောနိုင်သည်။

" လတ်တလောတော့ ငါ ကလေးတွေကို cello သင်ပေးနေတာ "

" ဆရာလား ? ဒီအလုပ်က မင်းနဲ့ကိုက်တာပဲ။ ဒီကို ပျော်ဖို့ရောက်လာတာလား ? "

" အင်း အတူ..." ရန်ချင်းကျွမ်းနှင့် လာခဲ့တာဟု ကျွန်တော် ပြောရန်အပြု ၊ သူတို့အရင်က မသင့်မြတ်ခဲ့ကြတာကို အမှတ်ရလိုက်တာကြောင့် ကျွန်တော် စကားပြန်ပြောင်းလိုက်​၏ : " ငါ သူငယ်ချင်းတွေနဲ့အတူလာတာ။ မင်းကရော ? "

ကျောက်ဖုန်းက တစ်ဖက်က စင်္ကြံထံညွှန်ပြလာပြီး : " ငါတို့ ကုမ္မဏီက ဒီနေ့ အဖွဲ့ဖွဲ့တာရှိလို့လေ "

ကံကောင်းလို့....ကျွန်တော် အသာလေး သက်ပြင်းချလိုက်မိသည်။

သူသည်ကား ရန်ချင်းကျွမ်းနား ကပ်နေသော ကောင်ငယ်လေးနှစ်ယောက်နှင့် ဆင်တူလွန်းစွာ ဝတ်စားထားတာပင်။ သူ ဝင်ခွင့်စာမေးပွဲ ကျပြီး သောက်စားပျော်ပါးရန် အဝေးကြီးရောက်သွားပြီဟု ကျွန်တော် ခန့်မှန်းမိလုမတတ်။

" အရင်တုန်းက ကျူရှင်ပြပေးခဲ့တာ ကျေးဇူးပါကွာ။ငါ ချုန်းဟိုင်ရဲ့အငယ်တန်းကောလိပ်တစ်ခုမှာ ဝင်ခွင့်ရပြီးနာမည်ကြီးမေဂျာကို ဝင်ခဲ့တယ်။ အခု ကြော်ငြာကုမ္ပဏီမှာ စီမံကိန်းရေးတဲ့သူအဖြစ် အလုပ်လုပ်နေတယ် "

ပြီးခဲ့တဲ့နှစ်တွေကို အကျဉ်းရုံးပြောလိုက်ပြီး သူက ဖုန်းထုတ်လိုက်ကာ : " လက်ရှိဆက်သွယ်ရမဲ့ အချက်အလက်လေးတွေငါ့ကိုပေးဦးလေ။ ငါတို့တွေ့နိုင်ဖို့ အခွင့်သာရင် ငါမင်းကို ညစာလိုက်ကျွေးပါ့မယ် "

အတိတ်တုန်းက ယခုလိုမျိူး မဟုတ်ခဲ့ပေ။ အကယ်၍ ဆိုရှယ်ဆော့ဖ်ဝဲလ်တစ်ခုကို ချိတ်ထားလျှင် ဖုန်း ဘယ်လောက်ပဲပြောင်းနေပါစေ Contact တွေက အမြဲရှိနေမည်ဖြစ်​၏။ အစောပိုင်းနှစ်များတုန်းက ဖုန်းနံပါတ်များကို ဖုန်းကတ်များမှာသိမ်းရသည်။ ကတ်ပြောင်းတာဖြစ်စေ ဖုန်းပျောက်တာဖြစ်စေ ဆက်သွယ်ရမည့်အချက်အလက်တွေက ပျောက်သွားမှာပင်။

ကောလိပ်ပထမနှစ်ဝက်တုန်းက ကျွန်တော့်ဖုန်း အခိုးခံရဖူးသည်။ယင်းသည် အမေသုံးထားသော တစ်လက်ကိုင်ဖုန်းပေမို့ကတ်ကို သူမနာမည်နှင့်ထုတ်ထားခဲ့​၏။ ကျွန်တော် ပြောင်းလိုက်သောအခါ ကတ်အသစ်ကို ပိုကောင်းမွန်သော လျှော့စျေးနှင့် လဲလှယ်နိုင်ရန် ကျွန်တော့်ကိုယ်ပိုင် ID ကတ်ကို အသုံးပြုခဲ့သည်။

ထိုစဉ်က အမေနှင့် ညီမလေးမှ လွဲ၍ ကျွန်တော် ဖုန်းဟောင်းသုံး၍ ဆက်သွယ်စရာဘယ်သူမှ မရှိဟု ထင်ခဲ့မိပြီး ကျောက်ဖုန်းကို မေ့နေခဲ့​၏။

ကျွန်တော် အမြန် မိမိဖုန်းနံပါတ်ကို ပြောလိုက်ပြီး ကျွန်တော့်ဖုန်း အခိုးခံလိုက်ရကြောင်း ရှင်းပြလိုက်သည်။

ကျောက်ဖုန်းက လက်တစ်ဖက်တည်းဖြင့် နံပါတ်ကိုရိုက်ထည့်လိုက်သည်။ ခဏအကြာ ကျွန်တော့်အိတ်ထောင်ထဲမှ ဖုန်းကမြည်လာသည်။ ကျွန်တော် ထုတ်၍ တစ်ချက်ကြည့်လိုက်ပြီး ဖုန်းခေါ်သူ​၏ နာမည်ကို ပြောင်းလိုက်​၏။

ကျောက်ဖုန်းက သူ့ဖုန်းကို ယမ်းပြ၍ ပါးပေါ်မှာ ပါးချိုင့်နှစ်ဖက်နှင့် ပြုံးပြလာခဲ့သည်။ " ကောင်းပြီ ! ငါ့ကို ဆက်သွယ်ဖို့သတိရနော် ! "

ကျွန်တော် သဘောတူလိုက်​၏။ သူ့လက်ကို ဘုံပိုက်ခေါင်းအောက်ထား၍ လက်ဆေးနေတာကို မြင်လျှင် ကျွန်တော် အရင်သွားနှင့်တော့မည်ဟု သူ့ကိုပြောလိုက်သည်။

ကျောက်ဖုန်းက ကျွန်တော် သန့်စင်ခန်းထဲက မထွက်မချင်း " ဂွတ်ဘိုင် " ဆက်တိုက် ပြောနေတာကိုမရပ်တော့ပေ။

ကျွန်တော့်ဟာ အသက်ရှင်ဖို့ နှစ်ဝက်အောက်သာကျန်တော့သည်။မသေခင်လေးမှာ ကျွန်တော့်သူငယ်ချင်းကို မရင်းနှီးသည့်နေရာမှာ ပြန်တွေ့နိုင်ခဲ့သည်။ဘုရားက ကျွန်တော့်ကို မျက်နှာသာပေးနေ​၏။ ဒါဟာ ကျွန်တော့်​၏ စိတ်ရင်းမှန်ဖြင့်နောင်တရခြင်း ၊ စိတ်လိုခက်ရနှင့် အပြစ်ပြေလည်အောင်လုပ်ခြင်းတွေအတွက် ဆုလာဘ်ဖြစ်ပေမည်။

အခန်းကို ဖွင့်လိုက်သည်နှင့် ဆေးလိပ်နှင့်အရက်နံ့ပြင်းပြင်းတွေက လေထဲတိုးဝင်လာသည်။ ခန့်မှန်းဂိမ်းကစားနေကြသော အမျိုးသား၊အမျိုးသမီးတို့​၏ ရယ်သံများက ရောထွေးနေကာ သီချင်းထက်ပင် ပိုလို့ဆူညံနေ​၏။

ကျွန်တော် လေတစ်ချက်ရှုလိုက်ပြီး မူလ ကနားဆီလျှောက်သွားလိုက်သည်။

" ဆရာကျိ ၊ ဘာလို့ အဲ့မှာ ဒီလောက်ကြာနေတာလဲ ? ကျုပ် မင်းအတွက်ရွေးပေးထားတဲ့ အချောလေးတွေကို မကြိုက်လို့များ ထွက်ပြေးသွားသလား ထင်လိုက်တာလေ။ " ခုံထန်က သူနံဘေးရှိ မိန်းမလှကို တွန်းပစ်လိုက်ပြီး ရေခဲတုံးအပြည့်နှင့်ဝီစကီနှစ်ခွက်ကို စားပွဲပေါ်ချလိုက်သည်။

" ပြန်လာတာကောင်းတယ်။ လာလေ။ အရင်တစ်ခေါက်က ဖြစ်ခဲ့တာတွေအတွက် တောင်းပန်ဖို့ ခွက်မြှောက်ပါရစေဦး။အမြင်ကျယ်တဲ့လူတွေက အမြင်ကျဉ်းတဲ့လူတွေကို ဗွေမယူရဘူးတဲ့။ဒါကြောင့် စိတ်ထဲမထားပါနဲ့ " သူက ပြောရင်းအရက်နှစ်ခွက်ကိုကောက်ကိုင်လိုက်ပြီး တစ်ခွက်ကို ကျွန်တော့်အား ကမ်းပေးလာသည်။

ကျွန်တော် အမြန်ရှေ့လှမ်း၍ယူလိုက်ပြီး ရန်ချင်းကျွမ်းအား တစ်ချက်ကြည့်မိသည်။ သူက သည်နေရာကိုကြည့်နေသော်ငြား တားဖို့ အလားအလာမရှိ။

" မဟုတ်တာ။ ရှယ်ကောက စည်းမျဉ်းအတိုင်းလိုက်နာတာပါ။ " ကျွန်တော် ခွက်ထဲက အရက်ကို စိုက်ကြည့်ရင်း ဗိုက်က ဂနာမငြိမ်ဖြစ်လာတော့​၏။

တီးဝိုင်းမှာက ဝိုင်-ဝိုင်းဖွဲ့သည့် အစဉ်အလာမရှိပေ။မကြာခဏ ဖျော်ဖြေပွဲတွေရှိတာကိုလည်း လူတိုင်းက ထည့်စဉ်းစားတတ်ကြ​၏။ လူမှုဆက်ဆံရေးအတွက်ဆိုလျှင်တောင် အများဆုံး ဝိုင်နှစ်ခွက်သာ သောက်နိုင်ကြတာပင်။ ဤဝီစကီကိုကျွန်တော် တစ်ခါမှ မသောက်ဖူးခဲ့။ ၎င်းသည် အရက်နှင့်ဆင်တူပြီး ရေချိန်ကိုက်တတ်သည့်အမျိုးလေးမှန်းသာ သိပါ​၏။

ဒီအရက်ကို သောက်ပြီးပါက ကျွန်တော် တခြား ဘာမှ ကြောက်စရာမရှိတော့သော်လည်း သောက်ပြီးသောအခါ စိတ်လွတ်၍ မပြောသင့်သည့်အရာတစ်စုံတစ်ခု ပြောမိသွားမှာကိုလည်း ကြောက်မိပြန်သည်။

" ရှယ်ကော၊ ကျွန်တော် မသောက်နိုင်ဘူး။ တစ်ဝက်.....လောက်ပဲ သောက်လို့ရမလား ? " ကျွန်တော် ခြောက်ကပ်ကပ်နှင့်ရယ်ရင်း ခုံထန်နှင့်ဆွေးနွေးကြည့်​၏။

သူက ယဉ်ကျေးချင်ယောင်ဆောင်နေမယ်ဟု ထင်ခဲ့သော်လည်း မမျှော်လင့်ပါဘဲ သူက စူးစူးရဲရဲကြည့်လိုက်ပြီး မျက်နှာအောက်ငုံ့သွား​သည်။

" ဘာလဲ ၊ ငါ့ကို မျက်နှာမပေးချင်ဘူးလား ? "

သည်ညတော့ ကောင်းကောင်းပြီးသွားမှာမဟုတ်ဟု ကျွန်တော်ထင်ခဲ့မိသည်။ သို့သော် ခုံထန်က ဒီလောက်သိသိသာသာနှင့် တစ်ယောက်ပြီးတစ်ယောက်အား ခလုတ်ဆင်နေပြီး၊ အလှပဆုံး စကားလုံးတွေပြော၍ အနုံချာဆုံးသောအရာတွေကိုလုပ်နေလိမ့်မယ်လို့တော့ မမျှော်လင့်ထားမ်ိပေ။

မည်သို့ဖြစ်စေ ကျွန်တော် သူ့လိုလူမျိူးကို စော်ကားမိဖို့ မတတ်နိူင်ပါ။ရန်ချင်းကျွမ်းမရှိလျှင်တောင် သူနှင့် ပဋိပက္ခရှိနေပါက ကျွန်တော့်အတွက် ခက်ခဲလိမ့်မည်ပင်။ကျင်မိသားစုက ကျွန်တော့်ဘဏ္ဍာရေးအထောက်အပံ့မို့ အကျဉ်းရုံးလိုက်ရလျှင်ခုံထန်သည်လည်း ကျွန်တော့်သူဌေးတစ်ဝက် ဟု မှတ်ယူလို့ရသည်။

မနက်အလုပ်သွား၊ ညအိပ်တဲ့ သာမန်လူတစ်ယောက်က ကြောက်လို့တုန်ယင်နေပေမယ့် စားဝတ်နေရေးအတွက်။

ကျွန်တော် အံကြိတ်ရင်း ခေါင်းမော့ကာ ခုံထန်ရှေ့မှာပင် အရက်ခွက်ကို သောက်ပစ်လိုက်သည်။ စူးရှရှ အရည်တွေကလည်ချောင်းထဲ စီးဆင်းသွားပြီး ကျွန်တော့်မျက်နှာအစိတ်အပိုင်းများဟာလည်း မထိန်းနိုင်စွာ စုကျုံ့သွားရသည်။ နာကျင်မှုက ဖားရှင်တစ်ကောင်မျိုရသည်နှင့် မခြား။

ခွက်ကို ပြောင်းပြန်လှန်ပြပြီး ကျွန်တော် မေးစေ့မှ စီးကျလာတဲ့အရက်တွေကို သုတ်လိုက်ရင်း " သောက်လိုက်ပြီ ။ "

ခုံထန်က ရယ်လိုက်၍ အမြန် တစ်ကျိုက်မော့သောက်လိုက်​၏။ ထို့နောက် စားပွဲပေါ်က အရက်ပုလင်းကို ယူကာ သူ့ကိုယ်သူအတွက် ဖြည့်လိုက်သည်။

" ခုနကတစ်ခွက်က တောင်းပန်တာ။ ဒီတစ်ခွက်ကတော့ ဂုဏ်ပြုပေးတာ " သူက ပုလင်းနှုတ်ခမ်းကို ညွှန်ပြလိုက်ပြီးဆိုသည်။ " ကေသရာဇာကျွန်းရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်လာတဲ့အတွက် ဆရာကျိကို ဂုဏ်ပြုပါတယ်။ အခုကစပြီးခင်ဗျားက ကျုပ်တို့ထဲက တစ်ယောက်ဖြစ်လာပြီပဲ။ အဆင်ပြေပြေနေသွားကြတာပေါ့ "

ယင်းသည် သာမန် စကားလေးပဲဖြစ်သော်ငြား သူ့ပါးစပ်ထဲမှ ထွက်လာသောအခါတွင်တော့ အလွန့်အလွန် ကြောက်စရာကောင်းလေ​၏။မြွေတွေက တခြားသတ္တဝါတွေနှင့် ကောင်းကောင်းသဟဇာတဖြစ်သော သတ္တဝါတွေမဟုတ်ဟု ကျွန်တော်မသိလိုက်မသိဘာသာနှင့် ဆုံးဖြတ်ထားတာကြောင့်လဲ ဖြစ်ပေမည်။

ယခုမှ ကျွန်တော် သောက်ထားသည်များမှာ တဖြည်းဖြည်း အရှိန်တက်လာ​၏။ ခြေဆံလက်ဆံတွေ ပူလာပြီး ခေါင်းလဲတဖြည်းဖြည်းနှင့် လေးလာသည်။ ထပ်မသောက်နိုင်တော့မှန်း ကျွန်တော် သိပါ​၏။

ခွက်ကိုဘေးချလိုက်၍ ကျွန်တော် အစမ်းသဘောနှင့် ပြောကြည့်မိသည် : " ဟိုဟာ.....အရက်အစား လက်ဖက်ရည်သောက်လို့ရလား ? "

ခုံထန်က အရက်ငှဲ့မပေးရသေး။ ပုလင်းနှုတ်ခမ်းကို ပြန်မ,ယူလိုက်ပြီး ကျွန်တော့်ကို ရယ်စရာကောင်းသလို ကြည့်လိုက်ကာ ရန်ချင်းကျွမ်းအား ပြောလိုက်သည်က : " လောင်ယောင် မင်းဘေဘီလေးက ဘာဖြစ်နေတာလဲ ? ဒီလောက်နှစ်တွေအကြာကြီး ဘယ်သူမှ ငါ့ကို လက်ဖက်ရည် မကမ်းဝံ့ဘူးနော် "

ရန်ချင်းကျွမ်းက ပါးစပ်မှ စီးကရက်ခဲလျက် သူ့နံဘေးရှိ သခင်လေးကို မီးညှိပေးဖို့ ပြောလိုက်သည်။ ကောင်လေးက အရိုးမပါသလို သူ့နား ပျော့ဖတ်စွာ ကိုင်းသွားလျက် သူ့နှုတ်ခမ်းများက ပါးပြင်ပေါ် ထိလုမတတ်ပါပင်။

" ကောင်းကောင်း သင်မပေးခဲ့တာ ငါပါ။ " သူက မီးခိုးကွင်းတစ်ခုကို မှုတ်ထုတ်လိုက်ပြီး မီးခိုးများအလယ်မှ ကျွန်တော့်ကိုကြည့်လာသည်။

သည်စကားများဟာ တခြားအရာများထက် ပို၍ အစွမ်းထက်လှသည်။ ကျွန်တော် ခွက်ကိုင်ထားသောလက်ကို တင်းလိုက်မိပြီး ခုံထန်လက်ထဲမှ ပုလင်းကို ဦးအောင်ယူကာ ထပ်ဖြည့်လိုက်သည်။

" ရှယ်ကော၊ခွင့်လွှတ်ပေးပါ။ အစောက ကျွန်တော့်အမှားပါ " အရက်ခွက်ချင်း အသံမြည်အောင် တိုက်လိုက်၍ အရက်တွေက လက်ပေါ်ကို စင်ကျလာသည်။ " ရှေ့လျှောက် အဆင်ပြေပြေနေသွားကြရအောင် "

ခုံထန်​၏ မျက်နှာက " ဒါမျိုးဖြစ်သင့်တာ " ဟူသော အမူအရာနှင့် ပြည့်သွားကာ ဖြည်းဖြည်းချင်း ဒုတိယတစ်ကျိုက်မော့သောက်လေ​၏။

ထို့နောက်မှာတော့ နောက်နည်းလမ်းတွေဖြင့် တတိယ၊ စတုတ္ထခွက်တွေ ရောက်လာ​၏။ငါးခွက်မြောက်သော် ကျွန်တော် မူးချေပြီ။ ကျွန်တော် စက်ရုပ်လို ခွက်ကို ထပ်ပြီးမြှောက်ပြီး ပြန်ဖြည့်မည်အပြု ရုတ်တရက် လက်မောင်းအား အလျားလိုက်ထွက်လာသော လက်တစ်ဖက်မှ ဆွဲယူလိုက်သည်။

ရန်ချင်းကျွမ်းက ကျွန်တော့်လက်ထဲမှ အရက်ခွက်ကို ယူသွားပြီး ခေါင်းမော့လျက် စကားတစ်ခွန်းမဆိုပဲ သောက်လိုက်သည်။ ပြီးမှ ခွက်ထဲရှိ ရေခဲတုံးတွေကို ဘေးသွန်လိုက်ပြီး ခုံထန်ထံ ခွက်အလွတ် တိုးပေးကာ ပြောလိုက်သည်​။

" သူ့အတွက် ကျန်တာ ငါသောက်ပေးမယ်။ "

ထိုအချိန်တွင် ပုလင်းထဲ၌ အရက် တစ်ဝက်မက ကျန်သေး​၏။

ခုံထန်က နှုတ်ခမ်းစွန်းတွေ တွန့်သွားပြီး တရားမျှတစေရန် သူ့ရေခဲတုံးတွေကိုလည်း သွန်ပစ်လိုက်လေသည်။

လူပြောင်းလိုက်ရင် အပျော်တွေ တော်တော်လေး လျော့သွားနိုင်တာကြောင့်ပေလား ၊ သောက်လေလေ ဒေါသပိုထွက်လေလေဖြစ်ပြီး ကောင်းကောင်း အဆုံးမသတ်နိုင်မှာ စိုး၍ ပေလား ၊ နောက်ထပ် နှစ်ခွက်သောက်ပြီးနောက် ခုံထန်သည်သောက်ဖို့ရမယ်ရှာနေတာ ရပ်သွားပြီး ရန်ချင်းကျွမ်းနှင့် တစ်ဖန် ထိုင်စကားပြောနေတော့သည်။

ရန်ချင်းကျွမ်းက ကျွန်တော့်အတွက် အရက်သောက်ပေးပြီးနောက် ကျွန်တော် ထိုင်ခုံမှာလဲကျနေပြီပင်။ ကျွန်တော်ဟာတောင်နှစ်လုံးကြားမှာ ညှပ်နေပြီး အလ္လာပ သလ္လာပ ဖလှယ်နေရ​၏။ ကျွန်တော့်ပါးစပ်နား သစ်သီးယူလာလိုက်၊ လက်ဖြင့်ယပ်ခတ်ပေးလိုက်နှင့် ဝန်ဆောင်မှုက အတော်လေးကောင်းလှသည်။

ကျွန်တော့်မှာ ရီဝေဝေနှင့်။ မူးနေသည့်အခြေအနေနှင့် ကျွန်တော် သေချာတွေးနိုင်နေသေးသော်လည်း အတွေးတွေ​​၏လားရာ​အပြင် ၊ ခန္ဓာကိုယ်​၏ စကားနှင့် လုပ်ရပ်များကိုတော့ မထိန်းနိူင်တော့ပေ။

" စတော်ဘယ်ရီလေးစားလိုက်။ နည်းနည်းစားလိုက်ရင် နေရတာ ကောင်းသွားလိမ့်မယ် "

" အစ်ကို ၊ အစ်ကိုမျက်နှာက အရမ်းရဲနေပြီ။ အရမ်းပူလို့လား ? အင်္ကျီကြယ်သီးတွေ ကူချွတ်ပေးစေချင်သေးလား ? "

တစ်စုံတစ်ယောက်က ကျွန်တော့်ကြယ်သီးတွေကို ဖြုတ်ပေးနေမှန်း ကျွန်တော်ခံစားနေရ​၏။ ကျွန်တော် မျက်ခွံတွေမနည်းဖွင့်ကြည့်မိသော် တောင်၁ဖြစ်နေတာပင်။

သူ့လက်ကိုကိုင်၍ ကျွန်တော် တွန်းထုတ်ရန်ပြင်သော်လည်း ခန္ဓာကိုယ်​၏ အားနည်းမှုကြောင့် စိတ်သွားတိုင်းကိုယ်မပါပေ။ယင်းက ကျွန်တော် သူ့ကို ငြင်းသည့်ပုံစံမထွက်ပဲ သူ့ကို ကြိုဆိုသလို ငြင်းနေသည့်ပုံစံပေါ်နေတော့​၏။

" ခဏ..." ကျွန်တော်လျှာကိုဖွင့်၍ ယောင်တိယောင်ဝါးဖြင့် ပြောနေမိသည်။

" နာတာ ? ဘယ်နားက နာတာလဲ ? "

လက်က ကျွန်တော်လည်တိုင်ဆီကပ်လာပြီး အရေပြားကို ပွတ်သပ်နေခဲ့လျက်။

ကျွန်တော် မျက်မှောင်ကြုတ်ရင်း အလွန့်အလွန်အဆင်မပြေစွာနှင့် အန်ချင်သလို ခံစားလာရသည်။ နားထဲမှာ တဝီဝီမြည်ပြီး မျက်လုံးတွေက လည်နေ​၏။ ထိုသည်မှာ ရန်ချင်းကျွမ်း ထိုင်နေတာအား မြင်ရလျှင် ကျွန်တော် သူ့ကို ခေါ်သွားပေးဖို့ပြောချင်သည်။

ကျွန်တော် ဒယိမ်းဒယိုင်နှင့်ထရပ်၍ သူ့ဆီလျှောက်သွားလိုက်​၏။ သို့သော် ဘယ်ခြေနှင့်ညာခြေက ခလုတ်တိုက်မိ၍ ကိုယ်ဟန်ချက်ကို မထိန်းနိုင်တော့ပဲ အရှေ့ဟပ်ထိုးလဲကျတော့သည်။

​ယောက်ျားတစ်ယောက်​၏ ညည်းသံက နားထဲဝင်လာပြီး နှာခေါင်းထဲမှာလည်း ဆေးလိပ်နံ့တွေပြည့်နှက်သွား​၏။ကျွန်တော် လဲကျသွားပြီး ဒူးတွေက ဆိုဖာမှာ ထောက်လျက်သား။ လက်ချောင်းများက ရန်ချင်းကျွမ်းလက်မောင်းကိုဆွဲထားလျက် နားက သူ့ရင်ဘတ်မှာ ဖိကပ်လျက်ဖြစ်သွားသည်။

ကျွန်တော် ဇဝေဇဝါနှင့် မော့ကြည့်လိုက်ရာ ရန်ချင်းကျွမ်းတစ်ယောက် မျက်မှောင်ကြုတ်ထားတာကို တွေ့ရသည်။ ကျွန်တော့်အပြုအမူတွေကြောင့် အပြစ်တင်ချင်နေသလိုပင်။

ဒါက ကျွန်တော်ကိုယ်တိုင် နပန်းလုံးချင်နေတာမှမဟုတ်တာလေ ၊ ဘာတွေ ခက်ထန်ပြနေတာလဲ....

ကျွန်တော် မျက်လွှာချလိုက်၍ လက်တွေနှင့် အနည်းငယ် ထောက်တက်လိုက်သည်။ ရုန်းဖို့ကြိုးစားလိုက်သောအချိန်မှာကျွန်တော့်ကျောအောက်ပိုင်းက လေးကနဲ့ဖြစ်သွားကာ ကျွန်တော်ဟာ ရန်ချင်းကျွမ်းထံမှ ပြန်အထိန်းခံလိုက်ရသည်။

ကျွန်တော် ပြန်ထိုင်လိုက်ရ​၏။ ကျွန်တော့်တင်ပါးတွေက ပေါင်တွေပေါ်ဖိထားပြီး ဒူးက သူ့ခန္ဓာကိုယ်​၏ ဘေးတစ်ဖက်တစ်ချက်စီမှာ။

" ဒီမှာနေ " သူက ဆိုသည်။

ကျွန်တော် မျက်တောင်တဖျပ်ဖျပ်ခတ်ရင်း ထုံးစံအတိုင်း အရှေ့ကိုင်းကျသွားသည်။ ကျွန်တော့် နဖူးက ရန်ချင်း​၏ ပခုံးပေါ်ရောက်သွားပြီး ခေါင်းထဲမှာ တလည်လည်။ ရိုးရိုးအမိန့်တွေအပြင် ပိုရှုပ်သောညွှန်ကြားချက်တွေကိုလည်း မလုပ်နိုင်ပေ။

" ဆရာကျိက သူ အလိုလိုက်ခံရတဲ့ကောင်လေးလို လုပ်ရတာ သိပ်တော်မှန်း မပြောနိုင်ဘူးပဲ "

ခုံထန်က ယင်ကောင်လိုပဲ ၊ စိတ်ရှုပ်စရာ... သူစကားပြောနေတာကို မကြားချင်ဘူး။

ကျွန်တော် ရန်ချင်းကျွမ်းဆီကို တိုးကပ်၍ သူ့လည်ပင်းကြားမှာ မျက်နှာအပ်ထားလိုက်သည်။ ပြီးလျှင် မျက်နှာကိုဘေးတိုက်လှည့်ကာ မိမိ​၏ လေပူတွေအားလုံး သူ့လည်ပင်းပေါ် သက်ဆင်းစေခဲ့​၏။

ထိုအခိုက်အတန့်ဝယ် ၊ သူ့လည်ပင်းကြောတွေ တင်းလာတာကို ကျွန်တော် မြင်လိုက်ရသလိုလို။ထို့နောက်မှာတော့ ပြန်လျော့ကျသွားပြီး ကြက်သီးဖုသေးသေးလေးတွေ ပေါ်လာ​၏။

ဆန္ဒကို ဆန့်ကျင်၍ ဒီလိုမျိူး ကျွန်တော်နဲ့ လက်ပွန်းတတီးနေသယောင် ဟန်ဆောင်ရတာ သူ့အတွက် တကယ် ခက်ခဲမှာပင်။ အကယ်၍ ကျွန်တော်တို့နှစ်ယောက်တည်းဆိုပါက သူယခု ကျွန်တော့်ကို တွန်းချကောင်းတွန်းချမည်ဖြစ်​၏။

" လစ်တော့ ၊ ဒီနေရာမှာ မင်းတို့ကို မလိုတော့ဘူး " ရန်ချင်းကျွမ်းစကားပြောပြီးသည်နှင့် သူ့နားတစ်ဝိုက်တွင် လှုပ်ရှားချက်မရှိ။ ရုတ်တရက် သူ့အသံက အေးစိမ့်လာကာ : " ဘာလဲ ? ငါမင်းတို့ကို အမိန့်ပေးလို့မရဘူးလား ? "

" မဟုတ်တာ မဟုတ်တာ ငါတို့သွားပါမယ် ငါတို့သွားမယ်။ "

" ဒါဆို ငါတို့သွားပြီနော်။ မင်း ပျော်ပါဦး "

သူ့အနားရှိလူတွေမှာ မြန်မြန်လျှောက်သွားကသလို တစ်ယောက်ပြီးတစ်ယောက် ထထွက်သွားတော့​၏။

" ကြည့်ရတာ မင်းအကြိုက်ဆုံး တစ်ယောက်က ဆရာကျိထင်တယ်နော် " ခုံထန်က ပြုံးလျက် : " မကြာသေးဘူး ပစ္စည်းအသစ်တစ်သုတ်ရှိနေတယ်။ မင်း သူ့ကို စမ်းကြည့်ချင်လား ? ငါ တစ်ခါသုံးကြည့်ဖူးတယ် ၊ သုံးရတာလဲ အရမ်းလွယ်တယ်။ တစ်ဖက်သားက သေအောင် တွန့်လိမ်နေတော့တာ နှစ်ဆ သာယာပြီး ဘေးထွက်ဆိုးကျိုးမရှိဘူး။ ငါမင်းကို နှစ်ပြားပါတဲ့ အစမ်းထုတ်တစ်ထုတ် ပေးလိုက်မယ် "

တစ်စုံတစ်ရာက ကျွန်တော့်ပခုံးကို လာမှန်ပြီး ဆိုဖာပေါ်ပြုတ်ကျသွား​၏။

ကျွန်တော့်ခါးပေါ်ရှိ လက်က ရုတ်တရက် တင်းခနဲ့ဖြစ်သွားသဖြင့် ကျွန်တော် ဘေးကို စောင်းကြည့်လိုက်မိသည်။ သားရေဆိုဖာအနက်ရောင်ပေါ်မှာ ရှိနေတာက ပန်းရောင်ဆေးပြားနှစ်ပြားပါသော ပလတ်စတစ်အလုံပိတ်အိတ်လေး တစ်ထုတ်ပင်။

_____________________________________________________________



Zawgyi 

အခန္း ( ၂၃ ) : ေကာင္းေကာင္း သင္မေပးခဲ့တာ ငါပါ။

※※※※※※※※※※※※※※※※※※※


ကၽြန္ေတာ္က ကၽြန္ေတာ္ထင္ထားတာထက္ ပိုစက္ဆုပ္စရာေကာင္းတာပဲ။

" က်ိနင္ ? မင္း အဆင္ေျပရဲ့လား ? " ေက်ာက္ဖုန္းက ကၽြန္ေတာ့္ေရွ႕မွာ လက္ယမ္းျပလာၿပီး :" မင္းအမ်ားႀကီး ေသာက္ထားတာလား ? "

ကၽြန္ေတာ္ သူ႔ကို ဗလာက်င္းလ်က္ စိုက္ၾကည့္ေနၿပီးမွလုံးလုံးလ်ားလ်ား အမွတ္ရလာ​၏။

" မေတြ႕ရတာၾကာၿပီ..." ကၽြန္ေတာ္ ေျပာလိုက္သည္။

ကၽြန္ေတာ္ သူ႔ကို မွတ္မိသြားၿပီးမွန္း ေတြ႕လိုက္ရလၽွင္ ေက်ာက္ဖုန္း​​​၏ မ်က္လုံးေတြက ပီတိျဖာသြား​၏ : " မင္း လုံးဝမွ မေျပာင္းလဲေသးတာပဲ။ ေတြ႕လိုက္တာနဲ႔ မင္းကို ခ်က္ခ်င္းမွတ္မိသြားတာ။ အခု မင္း ဘာလုပ္ေနလဲ ? "

ေတြဆုံျခင္းက ၾကမၼာဖန္ေသာ္လည္း သည္ေနရာက မသန႔္ရွင္းတာမို႔ ကၽြန္ေတာ္တို႔ သန႔္စင္ခန္းထဲမွာသာ စကားေျပာနိုင္သည္။

" လတ္တေလာေတာ့ ငါ ကေလးေတြကို cello သင္ေပးေနတာ "

" ဆရာလား ? ဒီအလုပ္က မင္းနဲ႔ကိုက္တာပဲ။ ဒီကို ေပ်ာ္ဖို႔ေရာက္လာတာလား ? "

" အင္း အတူ..." ရန္ခ်င္းကၽြမ္းႏွင့္ လာခဲ့တာဟု ကၽြန္ေတာ္ ေျပာရန္အျပဳ ၊ သူတို႔အရင္က မသင့္ျမတ္ခဲ့ၾကတာကို အမွတ္ရလိုက္တာေၾကာင့္ ကၽြန္ေတာ္ စကားျပန္ေျပာင္းလိုက္​၏ : " ငါ သူငယ္ခ်င္းေတြနဲ႔အတူလာတာ။ မင္းကေရာ ? "

ေက်ာက္ဖုန္းက တစ္ဖက္က စႀကႍထံညႊန္ျပလာၿပီး : " ငါတို႔ ကုမၼဏီက ဒီေန႔ အဖြဲ႕ဖြဲ႕တာရွိလို႔ေလ "

ကံေကာင္းလို႔....ကၽြန္ေတာ္ အသာေလး သက္ျပင္းခ်လိုက္မိသည္။

သူသည္ကား ရန္ခ်င္းကၽြမ္းနား ကပ္ေနေသာ ေကာင္ငယ္ေလးႏွစ္ေယာက္ႏွင့္ ဆင္တူလြန္းစြာ ဝတ္စားထားတာပင္။ သူ ဝင္ခြင့္စာေမးပြဲ က်ၿပီး ေသာက္စားေပ်ာ္ပါးရန္ အေဝးႀကီးေရာက္သြားၿပီဟု ကၽြန္ေတာ္ ခန႔္မွန္းမိလုမတတ္။

" အရင္တုန္းက က်ဴရွင္ျပေပးခဲ့တာ ေက်းဇူးပါကြာ။ငါ ခ်ဳန္းဟိုင္ရဲ့အငယ္တန္းေကာလိပ္တစ္ခုမွာ ဝင္ခြင့္ရၿပီး နာမည္ႀကီးေမဂ်ာကို ဝင္ခဲ့တယ္။ အခု ေၾကာ္ျငာကုမၸဏီမွာ စီမံကိန္းေရးတဲ့သူအျဖစ္ အလုပ္လုပ္ေနတယ္ "

ၿပီးခဲ့တဲ့ႏွစ္ေတြကို အက်ဥ္း႐ုံးေျပာလိုက္ၿပီး သူက ဖုန္းထုတ္လိုက္ကာ : " လက္ရွိဆက္သြယ္ရမဲ့ အခ်က္အလက္ေလးေတြ ငါ့ကိုေပးဦးေလ။ ငါတို႔ေတြ႕နိုင္ဖို႔ အခြင့္သာရင္ ငါမင္းကို ညစာလိုက္ေကၽြးပါ့မယ္ "

အတိတ္တုန္းက ယခုလိုမ်ိဴး မဟုတ္ခဲ့ေပ။ အကယ္၍ ဆိုရွယ္ေဆာ့ဖ္ဝဲလ္တစ္ခုကို ခ်ိတ္ထားလၽွင္ ဖုန္း ဘယ္ေလာက္ပဲ ေျပာင္းေနပါေစ Contact ေတြက အျမဲရွိေနမည္ျဖစ္​၏။ အေစာပိုင္းႏွစ္မ်ားတုန္းက ဖုန္းနံပါတ္မ်ားကို ဖုန္းကတ္မ်ားမွာ သိမ္းရသည္။ ကတ္ေျပာင္းတာျဖစ္ေစ ဖုန္းေပ်ာက္တာျဖစ္ေစ ဆက္သြယ္ရမည့္အခ်က္အလက္ေတြက ေပ်ာက္သြားမွာပင္။

ေကာလိပ္ပထမႏွစ္ဝက္တုန္းက ကၽြန္ေတာ့္ဖုန္း အခိုးခံရဖူးသည္။ယင္းသည္ အေမသုံးထားေသာ တစ္လက္ကိုင္ဖုန္းေပမို႔ ကတ္ကို သူမနာမည္ႏွင့္ထုတ္ထားခဲ့​၏။ ကၽြန္ေတာ္ ေျပာင္းလိုက္ေသာအခါ ကတ္အသစ္ကို ပိုေကာင္းမြန္ေသာ ေလၽွာ့ေစ်းႏွင့္ လဲလွယ္နိုင္ရန္ ကၽြန္ေတာ့္ကိုယ္ပိုင္ ID ကတ္ကို အသုံးျပဳခဲ့သည္။

ထိုစဥ္က အေမႏွင့္ ညီမေလးမွ လြဲ၍ ကၽြန္ေတာ္ ဖုန္းေဟာင္းသုံး၍ ဆက္သြယ္စရာဘယ္သူမွ မရွိဟု ထင္ခဲ့မိၿပီး ေက်ာက္ဖုန္းကို ေမ့ေနခဲ့​၏။

ကၽြန္ေတာ္ အျမန္ မိမိဖုန္းနံပါတ္ကို ေျပာလိုက္ၿပီး ကၽြန္ေတာ့္ဖုန္း အခိုးခံလိုက္ရေၾကာင္း ရွင္းျပလိုက္သည္။

ေက်ာက္ဖုန္းက လက္တစ္ဖက္တည္းျဖင့္ နံပါတ္ကိုရိုက္ထည့္လိုက္သည္။ ခဏအၾကာ ကၽြန္ေတာ့္အိတ္ေထာင္ထဲမွ ဖုန္းကျမည္လာသည္။ ကၽြန္ေတာ္ ထုတ္၍ တစ္ခ်က္ၾကည့္လိုက္ၿပီး ဖုန္းေခၚသူ​၏ နာမည္ကို ေျပာင္းလိုက္​၏။

ေက်ာက္ဖုန္းက သူ႔ဖုန္းကို ယမ္းျပ၍ ပါးေပၚမွာ ပါးခ်ိဳင့္ႏွစ္ဖက္ႏွင့္ ျပဳံးျပလာခဲ့သည္။ " ေကာင္းၿပီ ! ငါ့ကို ဆက္သြယ္ဖို႔ သတိရေနာ္ ! "

ကၽြန္ေတာ္ သေဘာတူလိုက္​၏။ သူ႔လက္ကို ဘုံပိုက္ေခါင္းေအာက္ထား၍ လက္ေဆးေနတာကို ျမင္လၽွင္ ကၽြန္ေတာ္ အရင္သြားႏွင့္ေတာ့မည္ဟု သူ႔ကိုေျပာလိုက္သည္။

ေက်ာက္ဖုန္းက ကၽြန္ေတာ္ သန႔္စင္ခန္းထဲက မထြက္မခ်င္း " ဂြတ္ဘိုင္ " ဆက္တိုက္ ေျပာေနတာကိုမရပ္ေတာ့ေပ။

ကၽြန္ေတာ့္ဟာ အသက္ရွင္ဖို႔ ႏွစ္ဝက္ေအာက္သာက်န္ေတာ့သည္။မေသခင္ေလးမွာ ကၽြန္ေတာ့္သူငယ္ခ်င္းကို မရင္းႏွီးသည့္ေနရာမွာ ျပန္ေတြ႕နိုင္ခဲ့သည္။ဘုရားက ကၽြန္ေတာ့္ကို မ်က္ႏွာသာေပးေန​၏။ ဒါဟာ ကၽြန္ေတာ့္​၏ စိတ္ရင္းမွန္ျဖင့္ ေနာင္တရျခင္း ၊ စိတ္လိုခက္ရႏွင့္ အျပစ္ေျပလည္ေအာင္လုပ္ျခင္းေတြအတြက္ ဆုလာဘ္ျဖစ္ေပမည္။

အခန္းကို ဖြင့္လိုက္သည္ႏွင့္ ေဆးလိပ္ႏွင့္အရက္နံ႔ျပင္းျပင္းေတြက ေလထဲတိုးဝင္လာသည္။ ခန႔္မွန္းဂိမ္းကစားေနၾကေသာ အမ်ိဳးသား၊အမ်ိဳးသမီးတို႔​၏ ရယ္သံမ်ားက ေရာေထြးေနကာ သီခ်င္းထက္ပင္ ပိုလို႔ဆူညံေန​၏။

ကၽြန္ေတာ္ ေလတစ္ခ်က္ရွုလိုက္ၿပီး မူလ ကနားဆီေလၽွာက္သြားလိုက္သည္။

" ဆရာက်ိ ၊ ဘာလို႔ အဲ့မွာ ဒီေလာက္ၾကာေနတာလဲ ? က်ဳပ္ မင္းအတြက္ေရြးေပးထားတဲ့ အေခ်ာေလးေတြကို မႀကိဳက္လို႔မ်ား ထြက္ေျပးသြားသလား ထင္လိုက္တာေလ။ " ခုံထန္က သူနံေဘးရွိ မိန္းမလွကို တြန္းပစ္လိုက္ၿပီး ေရခဲတုံးအျပည့္ႏွင့္ ဝီစကီႏွစ္ခြက္ကို စားပြဲေပၚခ်လိုက္သည္။

" ျပန္လာတာေကာင္းတယ္။ လာေလ။ အရင္တစ္ေခါက္က ျဖစ္ခဲ့တာေတြအတြက္ ေတာင္းပန္ဖို႔ ခြက္ေျမႇာက္ပါရေစဦး။ အျမင္က်ယ္တဲ့လူေတြက အျမင္က်ဥ္းတဲ့လူေတြကို ေဗြမယူရဘူးတဲ့။ဒါေၾကာင့္ စိတ္ထဲမထားပါနဲ႔ " သူက ေျပာရင္း အရက္ႏွစ္ခြက္ကိုေကာက္ကိုင္လိုက္ၿပီး တစ္ခြက္ကို ကၽြန္ေတာ့္အား ကမ္းေပးလာသည္။

ကၽြန္ေတာ္ အျမန္ေရွ႕လွမ္း၍ယူလိုက္ၿပီး ရန္ခ်င္းကၽြမ္းအား တစ္ခ်က္ၾကည့္မိသည္။ သူက သည္ေနရာကိုၾကည့္ေနေသာ္ျငား တားဖို႔ အလားအလာမရွိ။

" မဟုတ္တာ။ ရွယ္ေကာက စည္းမ်ဥ္းအတိုင္းလိုက္နာတာပါ။ " ကၽြန္ေတာ္ ခြက္ထဲက အရက္ကို စိုက္ၾကည့္ရင္း ဗိုက္က ဂနာမၿငိမ္ျဖစ္လာေတာ့​၏။

တီးဝိုင္းမွာက ဝိုင္-ဝိုင္းဖြဲ႕သည့္ အစဥ္အလာမရွိေပ။မၾကာခဏ ေဖ်ာ္ေျဖပြဲေတြရွိတာကိုလည္း လူတိုင္းက ထည့္စဥ္းစားတတ္ၾက​၏။ လူမွုဆက္ဆံေရးအတြက္ဆိုလၽွင္ေတာင္ အမ်ားဆုံး ဝိုင္ႏွစ္ခြက္သာ ေသာက္နိုင္ၾကတာပင္။ ဤဝီစကီကို ကၽြန္ေတာ္ တစ္ခါမွ မေသာက္ဖူးခဲ့။ ၎သည္ အရက္ႏွင့္ဆင္တူၿပီး ေရခ်ိန္ကိုက္တတ္သည့္အမ်ိဳးေလးမွန္းသာ သိပါ​၏။

ဒီအရက္ကို ေသာက္ၿပီးပါက ကၽြန္ေတာ္ တျခား ဘာမွ ေၾကာက္စရာမရွိေတာ့ေသာ္လည္း ေသာက္ၿပီးေသာအခါ စိတ္လြတ္၍ မေျပာသင့္သည့္အရာတစ္စုံတစ္ခု ေျပာမိသြားမွာကိုလည္း ေၾကာက္မိျပန္သည္။

" ရွယ္ေကာ၊ ကၽြန္ေတာ္ မေသာက္နိုင္ဘူး။ တစ္ဝက္.....ေလာက္ပဲ ေသာက္လို႔ရမလား ? " ကၽြန္ေတာ္ ေျခာက္ကပ္ကပ္ႏွင့္ရယ္ရင္း ခုံထန္ႏွင့္ေဆြးေႏြးၾကည့္​၏။

သူက ယဥ္ေက်းခ်င္ေယာင္ေဆာင္ေနမယ္ဟု ထင္ခဲ့ေသာ္လည္း မေမၽွာ္လင့္ပါဘဲ သူက စူးစူးရဲရဲၾကည့္လိုက္ၿပီး မ်က္ႏွာေအာက္ငုံ႔သြား​သည္။

" ဘာလဲ ၊ ငါ့ကို မ်က္ႏွာမေပးခ်င္ဘူးလား ? "

သည္ညေတာ့ ေကာင္းေကာင္းၿပီးသြားမွာမဟုတ္ဟု ကၽြန္ေတာ္ထင္ခဲ့မိသည္။ သို႔ေသာ္ ခုံထန္က ဒီေလာက္သိသိသာသာႏွင့္ တစ္ေယာက္ၿပီးတစ္ေယာက္အား ခလုတ္ဆင္ေနၿပီး၊ အလွပဆုံး စကားလုံးေတြေျပာ၍ အႏုံခ်ာဆုံးေသာအရာေတြကို လုပ္ေနလိမ့္မယ္လို႔ေတာ့ မေမၽွာ္လင့္ထားမ္ိေပ။

မည္သို႔ျဖစ္ေစ ကၽြန္ေတာ္ သူ႔လိုလူမ်ိဴးကို ေစာ္ကားမိဖို႔ မတတ္နိူင္ပါ။ရန္ခ်င္းကၽြမ္းမရွိလၽွင္ေတာင္ သူႏွင့္ ပဋိပကၡရွိေနပါက ကၽြန္ေတာ့္အတြက္ ခက္ခဲလိမ့္မည္ပင္။က်င္မိသားစုက ကၽြန္ေတာ့္ဘ႑ာေရးအေထာက္အပံ့မို႔ အက်ဥ္း႐ုံးလိုက္ရလၽွင္ ခုံထန္သည္လည္း ကၽြန္ေတာ့္သူေဌးတစ္ဝက္ ဟု မွတ္ယူလို႔ရသည္။

မနက္အလုပ္သြား၊ ညအိပ္တဲ့ သာမန္လူတစ္ေယာက္က ေၾကာက္လို႔တုန္ယင္ေနေပမယ့္ စားဝတ္ေနေရးအတြက္။

ကၽြန္ေတာ္ အံႀကိတ္ရင္း ေခါင္းေမာ့ကာ ခုံထန္ေရွ႕မွာပင္ အရက္ခြက္ကို ေသာက္ပစ္လိုက္သည္။ စူးရွရွ အရည္ေတြက လည္ေခ်ာင္းထဲ စီးဆင္းသြားၿပီး ကၽြန္ေတာ့္မ်က္ႏွာအစိတ္အပိုင္းမ်ားဟာလည္း မထိန္းနိုင္စြာ စုက်ဳံ႕သြားရသည္။ နာက်င္မွုက ဖားရွင္တစ္ေကာင္မ်ိဳရသည္ႏွင့္ မျခား။

ခြက္ကို ေျပာင္းျပန္လွန္ျပၿပီး ကၽြန္ေတာ္ ေမးေစ့မွ စီးက်လာတဲ့အရက္ေတြကို သုတ္လိုက္ရင္း " ေသာက္လိုက္ၿပီ ။ "

ခုံထန္က ရယ္လိုက္၍ အျမန္ တစ္က်ိဳက္ေမာ့ေသာက္လိုက္​၏။ ထို႔ေနာက္ စားပြဲေပၚက အရက္ပုလင္းကို ယူကာ သူ႔ကိုယ္သူအတြက္ ျဖည့္လိုက္သည္။

" ခုနကတစ္ခြက္က ေတာင္းပန္တာ။ ဒီတစ္ခြက္ကေတာ့ ဂုဏ္ျပဳေပးတာ " သူက ပုလင္းႏွုတ္ခမ္းကို ညႊန္ျပလိုက္ၿပီး ဆိုသည္။ " ေကသရာဇာကၽြန္းရဲ့ အဖြဲ႕ဝင္တစ္ေယာက္ျဖစ္လာတဲ့အတြက္ ဆရာက်ိကို ဂုဏ္ျပဳပါတယ္။ အခုကစၿပီး ခင္ဗ်ားက က်ဳပ္တို႔ထဲက တစ္ေယာက္ျဖစ္လာၿပီပဲ။ အဆင္ေျပေျပေနသြားၾကတာေပါ့ "

ယင္းသည္ သာမန္ စကားေလးပဲျဖစ္ေသာ္ျငား သူ႔ပါးစပ္ထဲမွ ထြက္လာေသာအခါတြင္ေတာ့ အလြန႔္အလြန္ ေၾကာက္စရာေကာင္းေလ​၏။ေႁမြေတြက တျခားသတၱဝါေတြႏွင့္ ေကာင္းေကာင္းသဟဇာတျဖစ္ေသာ သတၱဝါေတြမဟုတ္ဟု ကၽြန္ေတာ္ မသိလိုက္မသိဘာသာႏွင့္ ဆုံးျဖတ္ထားတာေၾကာင့္လဲ ျဖစ္ေပမည္။

ယခုမွ ကၽြန္ေတာ္ ေသာက္ထားသည္မ်ားမွာ တျဖည္းျဖည္း အရွိန္တက္လာ​၏။ ေျခဆံလက္ဆံေတြ ပူလာၿပီး ေခါင္းလဲ တျဖည္းျဖည္းႏွင့္ ေလးလာသည္။ ထပ္မေသာက္နိုင္ေတာ့မွန္း ကၽြန္ေတာ္ သိပါ​၏။

ခြက္ကိုေဘးခ်လိုက္၍ ကၽြန္ေတာ္ အစမ္းသေဘာႏွင့္ ေျပာၾကည့္မိသည္ : " ဟိုဟာ.....အရက္အစား လက္ဖက္ရည္ေသာက္လို႔ရလား ? "

ခုံထန္က အရက္ငွဲ႕မေပးရေသး။ ပုလင္းႏွုတ္ခမ္းကို ျပန္မ,ယူလိုက္ၿပီး ကၽြန္ေတာ့္ကို ရယ္စရာေကာင္းသလို ၾကည့္လိုက္ကာ ရန္ခ်င္းကၽြမ္းအား ေျပာလိုက္သည္က : " ေလာင္ေယာင္ မင္းေဘဘီေလးက ဘာျဖစ္ေနတာလဲ ? ဒီေလာက္ႏွစ္ေတြအၾကာႀကီး ဘယ္သူမွ ငါ့ကို လက္ဖက္ရည္ မကမ္းဝံ့ဘူးေနာ္ "

ရန္ခ်င္းကၽြမ္းက ပါးစပ္မွ စီးကရက္ခဲလ်က္ သူ႔နံေဘးရွိ သခင္ေလးကို မီးညႇိေပးဖို႔ ေျပာလိုက္သည္။ ေကာင္ေလးက အရိုးမပါသလို သူ႔နား ေပ်ာ့ဖတ္စြာ ကိုင္းသြားလ်က္ သူ႔ႏွုတ္ခမ္းမ်ားက ပါးျပင္ေပၚ ထိလုမတတ္ပါပင္။

" ေကာင္းေကာင္း သင္မေပးခဲ့တာ ငါပါ။ " သူက မီးခိုးကြင္းတစ္ခုကို မွုတ္ထုတ္လိုက္ၿပီး မီးခိုးမ်ားအလယ္မွ ကၽြန္ေတာ့္ကို ၾကည့္လာသည္။

သည္စကားမ်ားဟာ တျခားအရာမ်ားထက္ ပို၍ အစြမ္းထက္လွသည္။ ကၽြန္ေတာ္ ခြက္ကိုင္ထားေသာလက္ကို တင္းလိုက္မိၿပီး ခုံထန္လက္ထဲမွ ပုလင္းကို ဦးေအာင္ယူကာ ထပ္ျဖည့္လိုက္သည္။

" ရွယ္ေကာ၊ခြင့္လႊတ္ေပးပါ။ အေစာက ကၽြန္ေတာ့္အမွားပါ " အရက္ခြက္ခ်င္း အသံျမည္ေအာင္ တိုက္လိုက္၍ အရက္ေတြက လက္ေပၚကို စင္က်လာသည္။ " ေရွ႕ေလၽွာက္ အဆင္ေျပေျပေနသြားၾကရေအာင္ "

ခုံထန္​၏ မ်က္ႏွာက " ဒါမ်ိဳးျဖစ္သင့္တာ " ဟူေသာ အမူအရာႏွင့္ ျပည့္သြားကာ ျဖည္းျဖည္းခ်င္း ဒုတိယတစ္က်ိဳက္ေမာ့ေသာက္ေလ​၏။

ထို႔ေနာက္မွာေတာ့ ေနာက္နည္းလမ္းေတြျဖင့္ တတိယ၊ စတုတၳခြက္ေတြ ေရာက္လာ​၏။ငါးခြက္ေျမာက္ေသာ္ ကၽြန္ေတာ္ မူးေခ်ၿပီ။ ကၽြန္ေတာ္ စက္႐ုပ္လို ခြက္ကို ထပ္ၿပီးေျမႇာက္ၿပီး ျပန္ျဖည့္မည္အျပဳ ႐ုတ္တရက္ လက္ေမာင္းအား အလ်ားလိုက္ထြက္လာေသာ လက္တစ္ဖက္မွ ဆြဲယူလိုက္သည္။

ရန္ခ်င္းကၽြမ္းက ကၽြန္ေတာ့္လက္ထဲမွ အရက္ခြက္ကို ယူသြားၿပီး ေခါင္းေမာ့လ်က္ စကားတစ္ခြန္းမဆိုပဲ ေသာက္လိုက္သည္။ ၿပီးမွ ခြက္ထဲရွိ ေရခဲတုံးေတြကို ေဘးသြန္လိုက္ၿပီး ခုံထန္ထံ ခြက္အလြတ္ တိုးေပးကာ ေျပာလိုက္သည္​။

" သူ႔အတြက္ က်န္တာ ငါေသာက္ေပးမယ္။ "

ထိုအခ်ိန္တြင္ ပုလင္းထဲ၌ အရက္ တစ္ဝက္မက က်န္ေသး​၏။

ခုံထန္က ႏွုတ္ခမ္းစြန္းေတြ တြန႔္သြားၿပီး တရားမၽွတေစရန္ သူ႔ေရခဲတုံးေတြကိုလည္း သြန္ပစ္လိုက္ေလသည္။

လူေျပာင္းလိုက္ရင္ အေပ်ာ္ေတြ ေတာ္ေတာ္ေလး ေလ်ာ့သြားနိုင္တာေၾကာင့္ေပလား ၊ ေသာက္ေလေလ ေဒါသပိုထြက္ေလေလျဖစ္ၿပီး ေကာင္းေကာင္း အဆုံးမသတ္နိုင္မွာ စိုး၍ ေပလား ၊ ေနာက္ထပ္ ႏွစ္ခြက္ေသာက္ၿပီးေနာက္ ခုံထန္သည္ ေသာက္ဖို႔ရမယ္ရွာေနတာ ရပ္သြားၿပီး ရန္ခ်င္းကၽြမ္းႏွင့္ တစ္ဖန္ ထိုင္စကားေျပာေနေတာ့သည္။

ရန္ခ်င္းကၽြမ္းက ကၽြန္ေတာ့္အတြက္ အရက္ေသာက္ေပးၿပီးေနာက္ ကၽြန္ေတာ္ ထိုင္ခုံမွာလဲက်ေနၿပီပင္။ ကၽြန္ေတာ္ဟာ ေတာင္ႏွစ္လုံးၾကားမွာ ညႇပ္ေနၿပီး အလႅာပ သလႅာပ ဖလွယ္ေနရ​၏။ ကၽြန္ေတာ့္ပါးစပ္နား သစ္သီးယူလာလိုက္၊ လက္ျဖင့္ ယပ္ခတ္ေပးလိုက္ႏွင့္ ဝန္ေဆာင္မွုက အေတာ္ေလးေကာင္းလွသည္။

ကၽြန္ေတာ့္မွာ ရီေဝေဝႏွင့္။ မူးေနသည့္အေျခအေနႏွင့္ ကၽြန္ေတာ္ ေသခ်ာေတြးနိုင္ေနေသးေသာ္လည္း အေတြးေတြ​​၏ လားရာ​အျပင္ ၊ ခႏၶာကိုယ္​၏ စကားႏွင့္ လုပ္ရပ္မ်ားကိုေတာ့ မထိန္းနိူင္ေတာ့ေပ။

" စေတာ္ဘယ္ရီေလးစားလိုက္။ နည္းနည္းစားလိုက္ရင္ ေနရတာ ေကာင္းသြားလိမ့္မယ္ "

" အစ္ကို ၊ အစ္ကိုမ်က္ႏွာက အရမ္းရဲေနၿပီ။ အရမ္းပူလို႔လား ? အကၤ်ီၾကယ္သီးေတြ ကူခၽြတ္ေပးေစခ်င္ေသးလား ? "

တစ္စုံတစ္ေယာက္က ကၽြန္ေတာ့္ၾကယ္သီးေတြကို ျဖဳတ္ေပးေနမွန္း ကၽြန္ေတာ္ခံစားေနရ​၏။ ကၽြန္ေတာ္ မ်က္ခြံေတြ မနည္းဖြင့္ၾကည့္မိေသာ္ ေတာင္၁ျဖစ္ေနတာပင္။

သူ႔လက္ကိုကိုင္၍ ကၽြန္ေတာ္ တြန္းထုတ္ရန္ျပင္ေသာ္လည္း ခႏၶာကိုယ္​၏ အားနည္းမွုေၾကာင့္ စိတ္သြားတိုင္းကိုယ္မပါေပ။ ယင္းက ကၽြန္ေတာ္ သူ႔ကို ျငင္းသည့္ပုံစံမထြက္ပဲ သူ႔ကို ႀကိဳဆိုသလို ျငင္းေနသည့္ပုံစံေပၚေနေတာ့​၏။

" ခဏ..." ကၽြန္ေတာ္လၽွာကိုဖြင့္၍ ေယာင္တိေယာင္ဝါးျဖင့္ ေျပာေနမိသည္။

" နာတာ ? ဘယ္နားက နာတာလဲ ? "

လက္က ကၽြန္ေတာ္လည္တိုင္ဆီကပ္လာၿပီး အေရျပားကို ပြတ္သပ္ေနခဲ့လ်က္။

ကၽြန္ေတာ္ မ်က္ေမွာင္ၾကဳတ္ရင္း အလြန႔္အလြန္အဆင္မေျပစြာႏွင့္ အန္ခ်င္သလို ခံစားလာရသည္။ နားထဲမွာ တဝီဝီျမည္ၿပီး မ်က္လုံးေတြက လည္ေန​၏။ ထိုသည္မွာ ရန္ခ်င္းကၽြမ္း ထိုင္ေနတာအား ျမင္ရလၽွင္ ကၽြန္ေတာ္ သူ႔ကို ေခၚသြားေပးဖို႔ ေျပာခ်င္သည္။

ကၽြန္ေတာ္ ဒယိမ္းဒယိုင္ႏွင့္ထရပ္၍ သူ႔ဆီေလၽွာက္သြားလိုက္​၏။ သို႔ေသာ္ ဘယ္ေျခႏွင့္ညာေျခက ခလုတ္တိုက္မိ၍ ကိုယ္ဟန္ခ်က္ကို မထိန္းနိုင္ေတာ့ပဲ အေရွ႕ဟပ္ထိုးလဲက်ေတာ့သည္။

​ေယာက္်ားတစ္ေယာက္​၏ ညည္းသံက နားထဲဝင္လာၿပီး ႏွာေခါင္းထဲမွာလည္း ေဆးလိပ္နံ႔ေတြျပည့္ႏွက္သြား​၏။ ကၽြန္ေတာ္ လဲက်သြားၿပီး ဒူးေတြက ဆိုဖာမွာ ေထာက္လ်က္သား။ လက္ေခ်ာင္းမ်ားက ရန္ခ်င္းကၽြမ္းလက္ေမာင္းကို ဆြဲထားလ်က္ နားက သူ႔ရင္ဘတ္မွာ ဖိကပ္လ်က္ျဖစ္သြားသည္။

ကၽြန္ေတာ္ ဇေဝဇဝါႏွင့္ ေမာ့ၾကည့္လိုက္ရာ ရန္ခ်င္းကၽြမ္းတစ္ေယာက္ မ်က္ေမွာင္ၾကဳတ္ထားတာကို ေတြ႕ရသည္။ ကၽြန္ေတာ့္အျပဳအမူေတြေၾကာင့္ အျပစ္တင္ခ်င္ေနသလိုပင္။

ဒါက ကၽြန္ေတာ္ကိုယ္တိုင္ နပန္းလုံးခ်င္ေနတာမွမဟုတ္တာေလ ၊ ဘာေတြ ခက္ထန္ျပေနတာလဲ....

ကၽြန္ေတာ္ မ်က္လႊာခ်လိုက္၍ လက္ေတြႏွင့္ အနည္းငယ္ ေထာက္တက္လိုက္သည္။ ႐ုန္းဖို႔ႀကိဳးစားလိုက္ေသာအခ်ိန္မွာ ကၽြန္ေတာ့္ေက်ာေအာက္ပိုင္းက ေလးကနဲ႔ျဖစ္သြားကာ ကၽြန္ေတာ္ဟာ ရန္ခ်င္းကၽြမ္းထံမွ ျပန္အထိန္းခံလိုက္ရသည္။

ကၽြန္ေတာ္ ျပန္ထိုင္လိုက္ရ​၏။ ကၽြန္ေတာ့္တင္ပါးေတြက ေပါင္ေတြေပၚဖိထားၿပီး ဒူးက သူ႔ခႏၶာကိုယ္​၏ ေဘးတစ္ဖက္တစ္ခ်က္စီမွာ။

" ဒီမွာေန " သူက ဆိုသည္။

ကၽြန္ေတာ္ မ်က္ေတာင္တဖ်ပ္ဖ်ပ္ခတ္ရင္း ထုံးစံအတိုင္း အေရွ႕ကိုင္းက်သြားသည္။ ကၽြန္ေတာ့္ နဖူးက ရန္ခ်င္း​၏ ပခုံးေပၚေရာက္သြားၿပီး ေခါင္းထဲမွာ တလည္လည္။ ရိုးရိုးအမိန႔္ေတြအျပင္ ပိုရွုပ္ေသာညႊန္ၾကားခ်က္ေတြကိုလည္း မလုပ္နိုင္ေပ။

" ဆရာက်ိက သူ အလိုလိုက္ခံရတဲ့ေကာင္ေလးလို လုပ္ရတာ သိပ္ေတာ္မွန္း မေျပာနိုင္ဘူးပဲ "

ခုံထန္က ယင္ေကာင္လိုပဲ ၊ စိတ္ရွုပ္စရာ... သူစကားေျပာေနတာကို မၾကားခ်င္ဘူး။

ကၽြန္ေတာ္ ရန္ခ်င္းကၽြမ္းဆီကို တိုးကပ္၍ သူ႔လည္ပင္းၾကားမွာ မ်က္ႏွာအပ္ထားလိုက္သည္။ ၿပီးလၽွင္ မ်က္ႏွာကို ေဘးတိုက္လွည့္ကာ မိမိ​၏ ေလပူေတြအားလုံး သူ႔လည္ပင္းေပၚ သက္ဆင္းေစခဲ့​၏။

ထိုအခိုက္အတန႔္ဝယ္ ၊ သူ႔လည္ပင္းေၾကာေတြ တင္းလာတာကို ကၽြန္ေတာ္ ျမင္လိုက္ရသလိုလို။ထို႔ေနာက္မွာေတာ့ ျပန္ေလ်ာ့က်သြားၿပီး ၾကက္သီးဖုေသးေသးေလးေတြ ေပၚလာ​၏။

ဆႏၵကို ဆန႔္က်င္၍ ဒီလိုမ်ိဴး ကၽြန္ေတာ္နဲ႔ လက္ပြန္းတတီးေနသေယာင္ ဟန္ေဆာင္ရတာ သူ႔အတြက္ တကယ္ ခက္ခဲမွာပင္။ အကယ္၍ ကၽြန္ေတာ္တို႔ႏွစ္ေယာက္တည္းဆိုပါက သူယခု ကၽြန္ေတာ့္ကို တြန္းခ်ေကာင္းတြန္းခ်မည္ျဖစ္​၏။

" လစ္ေတာ့ ၊ ဒီေနရာမွာ မင္းတို႔ကို မလိုေတာ့ဘူး " ရန္ခ်င္းကၽြမ္းစကားေျပာၿပီးသည္ႏွင့္ သူ႔နားတစ္ဝိုက္တြင္ လွုပ္ရွားခ်က္မရွိ။ ႐ုတ္တရက္ သူ႔အသံက ေအးစိမ့္လာကာ : " ဘာလဲ ? ငါမင္းတို႔ကို အမိန႔္ေပးလို႔မရဘူးလား ? "

" မဟုတ္တာ မဟုတ္တာ ငါတို႔သြားပါမယ္ ငါတို႔သြားမယ္။ "

" ဒါဆို ငါတို႔သြားၿပီေနာ္။ မင္း ေပ်ာ္ပါဦး "

သူ႔အနားရွိလူေတြမွာ ျမန္ျမန္ေလၽွာက္သြားကသလို တစ္ေယာက္ၿပီးတစ္ေယာက္ ထထြက္သြားေတာ့​၏။

" ၾကည့္ရတာ မင္းအႀကိဳက္ဆုံး တစ္ေယာက္က ဆရာက်ိထင္တယ္ေနာ္ " ခုံထန္က ျပဳံးလ်က္ : " မၾကာေသးဘူး ပစၥည္းအသစ္တစ္သုတ္ရွိေနတယ္။ မင္း သူ႔ကို စမ္းၾကည့္ခ်င္လား ? ငါ တစ္ခါသုံးၾကည့္ဖူးတယ္ ၊ သုံးရတာလဲ အရမ္းလြယ္တယ္။ တစ္ဖက္သားက ေသေအာင္ တြန႔္လိမ္ေနေတာ့တာ ႏွစ္ဆ သာယာၿပီး ေဘးထြက္ဆိုးက်ိဳးမရွိဘူး။ ငါမင္းကို ႏွစ္ျပားပါတဲ့ အစမ္းထုတ္တစ္ထုတ္ ေပးလိုက္မယ္ "

တစ္စုံတစ္ရာက ကၽြန္ေတာ့္ပခုံးကို လာမွန္ၿပီး ဆိုဖာေပၚျပဳတ္က်သြား​၏။

ကၽြန္ေတာ့္ခါးေပၚရွိ လက္က ႐ုတ္တရက္ တင္းခနဲ႔ျဖစ္သြားသျဖင့္ ကၽြန္ေတာ္ ေဘးကို ေစာင္းၾကည့္လိုက္မိသည္။ သားေရဆိုဖာအနက္ေရာင္ေပၚမွာ ရွိေနတာက ပန္းေရာင္ေဆးျပားႏွစ္ျပားပါေသာ ပလတ္စတစ္အလုံပိတ္အိတ္ေလး တစ္ထုတ္ပင္။

_____________________________________________________________

Continue Reading

You'll Also Like

469K 84.5K 74
Original Author - Yin Ya English Translators - Exiled Rebels Scanlations [From Chapter(591)- (731)End] If you want to read from Chapter(1), please ch...
7.7K 511 11
Associated Name- 纸飞机, Paper Plane Author- 潭石 Total Chapter- 119chapters + 2extras
1.8M 276K 171
The Legendary Master's Wife (Myanmar Translation) MM translate from English Translate Chapter (64- 201) (227-231) (381-399) Crd to original novel
782K 111K 95
Eng Title : Love, Expired Author: In A Thousand Years / Qian Zai Zhi Xia (千载之下) Status: Completed with 88 chapters and 5 extras Source: http://www.j...