#Unicode
"သားသား"
"ဟင် သားလေး မေမေ့သားလေး သတိရလာပြီးလား"
"မေမေ သားရော သားလေးရော ထိခိုက်မိသွားသေးလား"
"ဘယ်သားလေးလဲသားရဲ့"
သားနိုးလာတာကို အပျော်လွန်ပြီး ဝမ်းသာလုံးဆို့ကာ ကျဆင်းလာတော့မယ့် မျက်ရည်တွေက ကိုယ့်လက်ကို အားကိုတကြီး လှမ်းဆွဲပြီး မျှော်လင့်တကြီးမေးနေတဲ့ သားရဲ့မျက်ဝန်းလေးတွေကိုကြည့်ပြီး ပါးပြင်ပေါ်ကို စီးကျမလာနိုင်တော့ပေ။
"ခြူတူးလေမေမေရဲ့ ခြူတူးလေးလေ"
"ဘယ်ကခြူတူးလေးလဲ"
သားသားလို့အော်ပြီး နိုးလာလို့ စိတ်ထဲမှာ ထူးဆန်းနေတာပါ။ သားပြောတဲ့စကားတွေကိုကြားရတော့မှ ပိုထူးဆန်းသွားတယ်။
"ဟာ မေမေကလည်း မေမေ့မြေး သားရဲ့သားလေ"
ဗုဒ္ဓေါ မေမေ့မြေးတဲ့။ ဘယ်ကမြေးကိုပြောနေတာပါလိမ့်။
"မေမေ့သားလူပျိုလေးက ဘယ်ကလေးကရှိရမှာလားကွယ်။ မေမေတောင်ချစ်လို့မဝသေးတာ"
"ဟင်"
မေမေဘာပြောလိုက်တာပါလိမ့်။
"တော်ပါသေးရဲ့။ မေမေ့သားလေး အမြန်သတိရလာလို့။ အကြာကြီးမေ့နေမှာကို မေမေစိုးရိမ်နေခဲ့တာ။ မြန်မြန်နိုးလာပေးလို့ ကျေးဇူးတင်ပါတယ် မေ့သားလေးရယ်။ မေမေဆရာခေါ်လိုက်ဦးမယ်"
မေမေက ရေးကုတင်ဘေးက ခလုတ်ကိုနှိပ်လိုက်တော့ ရေးမေမေ့လက်ကို လှမ်းဆွဲလိုက်တယ်။
"မေမေ"
"ဟင်"
"ခုဘယ်နှစ်ခုနှစ်လဲဟင်"
"၂၀၂၁လေသားရဲ့"
"သားအိပ်ပျော်သွားတာဘယ်လောက်ကြာပြီလဲဟင်"
"နှစ်ပတ်"
သွားပြီ။ ရေးကမ္ဘာလေး ပျက်စီးသွားပါပြီ။ ရေးပြန်မရနိုင်တော့တဲ့ကမ္ဘာလေး။ ဦးဝေ ဦးဝေရေ ကျွန်တော် ဦးဝေကို မပိုင်ဆိုင်ရတော့ဘူးပေါ့။ ဦးဝေက ကျွန်တော့်ဦးဝေမဟုတ်တော့ဘူးပေါ့။ သားသားတို့ရော ခြူတူးနဲ့ရှူတူးလေးကိုပါ ရေးဆုံးရှုံးလိုက်ရပြီ။
"မေမေ ရေး ရေးကို ကယ်ပါဦးမေမေရယ်"
သားသားလို့အော်ပြီး နိုးလာတဲ့သားလေးက ထူးဆန်းစွာပဲ ဒေါ်ရေးငယ်ကိုဖက်ပြီး ရှိုက်ကြီးတငင်ငိုနေပါတော့တယ်။ ဝမ်းပန်းတနည်းငိုနေတဲ့သားကြောင့် ဒေါ်ရေးငယ်ပါ ရောပြီး ငိုမိပါတော့တယ်။
"ဘာလို့လဲသားရယ်။ သားမှာဘာတွေများ ဝမ်းနည်းစရာတွေရှိနေလို့ ဒီလောက်ရှိုက်ကြီးတငင် ငိုနေရတာလဲကွယ်။ မေမေ့ကိုပြောပါဦး"
"သားအားလုံးကို ဆုံးရှုံးလိုက်ရပြီမေမေ။ သားဘယ်လိုမှပြန်မရနိုင်တော့တဲ့ သားရဲ့ဘဝလေး။ သားရဲ့အဖိုးတန်လေးတွေနဲ့ သားရဲ့ပျော်ရွှင်ခြင်းကို ဆုံးရှုံးလိုက်ရတာ။ သား . . . သားကို ကယ်ပါဦးမေမေရယ်။ သားရူးတော့မယ်"
"သားရယ်။ ခုမှနိုးလာရုံပဲရှိသေးတယ်။ ဘယ်လိုဖြစ်ရတာလဲကွယ်။ ဘာတွေများ ကြုံဆုံခဲ့ရလို့လဲကွယ်"
ရူးမတတ်ငိုကြွေးနေတဲ့သားကို ရင်ခွင်ထဲထွေးပွေ့ပြီး ဒီအမေလည်း နာကျင်ရပါတယ်။
အခန်းထဲကို ဝင်လာတဲ့ဆရာဝန်က ဖက်ငိုနေတဲ့သားအမိနှစ်ယောက်ကို ငေးကြည့်ပြီး အံ့ဩနေပုံပါပဲ။
"ဟာ အန်တီ။ ဘာလို့ငိုနေတာလဲ။ မငိုရဘူးလေ။ ကလေးပြန်နိုးလာတာကို ဝမ်းသာရမယ့်ဟာ ငိုနေရတယ်လို့ဗျာ။ ညီလေးလည်း မငိုနဲ့နော်။ ခုမှပြန်နိုးလာခါစဆိုတော့ တအားငိုရင် ခေါင်းကိုက်နေမယ်"
ဆရာဝန်လာတော့မှ သားအမိနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် တင်းကြပ်စွာ ဖက်ထားတဲ့လက်တွေ ပြေလျော့သွားတယ်။
"အန်တီ ခဏဖယ်ပေးဦးနော်။ ကျွန်တော် စစ်ဆေးစရာရှိတာတွေ စစ်ဆေးပေးဦးမယ်"
"ဪ ဟုတ်သားပဲ။ စစ်ပါ ဒေါက်တာ စစ်ပါ။ အန်တီ အပျော်လွန်ပြီး မေ့သွားတယ်"
"ညီလေး အစ်ကို ခဏစစ်ကြည့်မယ်နော်"
ရေးအိပ်ရာထက်မှာ ပြန်လှဲလိုက်တော့ ဆရာဝန်က ရေးကို သေချာစစ်ဆေးကြည့်ပေးတယ်။
"အန်တီတော့ တအားဝမ်းသားနေပြီပေါ့"
"ဘယ်ပြောကောင်းမလဲဒေါက်တာရယ်"
"ဦးကိုရော လှမ်းပြောပြီးပြီလား"
"ဟုတ်သားပဲ အန်တီလည်း အပျော်လွန်ပြီး မေ့သွားတယ်။ သားအဖေကို ဖုန်းဆက်ပြောဦးမှပဲ"
"ပြောလိုက်ပါဦးအန်တီ။ ဦးလည်း ဝမ်းသာသွားအောင်လို့"
"ဖုန်းဆက်ကြည့်လိုက်ဦးမယ်ဆရာ"
"အန်တီ့ရဲ့မေတ္တာကြောင့် အမြန်ဆုံးနိုးလာတာပါအန်တီ။ တကယ်ကို ဝမ်းသာစရာပါပဲ"
"ကျေးဇူးပါဒေါက်တာ"
"အားလုံးကောင်းပါတယ်အန်တီ။ စိတ်မပူပါနဲ့။ ခဏနေရင် လူနာကို Medical Check up လုပ်ဖို့လာခေါ်ခိုင်းလိုက်မယ်နော်"
"ဟုတ်ကဲ့ပါဆရာ"
အခန်းထဲကနေ ဆရာဝန်ထွက်သွားတဲ့အထိ ရေးအငိုမတိတ်နိုင်သေးပေ။ ဖေဖေ့ကို ဖုန်းလှမ်းဆက်နေတဲ့ မေမေက ရေးကိုလှမ်းကြည့်ပြီး ပြုံးပြလာတယ်။ မေမေ့အပြုံးကြောင့် ရေးအငိုတိတ်ဖို့ ကြိုးစားလိုက်ရတယ်။
"သား မငိုနဲ့တော့နော်။ ခေါင်းကိုက်နေမယ်"
"ဟုတ်မေမေ"
"သားဖေဖေလည်း အရမ်းပျော်နေတာ။ ကြီးငွေကိုခေါ်ပြီး အခုချက်ချင်းပဲ ပြေးလာရှာတယ်။ မေမေနဲ့ဖေဖေက သားကိုအနားထားပြီး အကြာကြီးလွမ်းနေခဲ့ရတာ"
မေမေ့စကားကိုကြားရတော့ မေမေနဲ့ဖေဖေ့ကို ရေးအားနာမိသွားတယ်။ ရေးပြန်သတိရလာဖို့ မေမေနဲ့ဖေဖေ ဘယ်လောက်တောင် ကြိုးစားလိုက်ရရှာမလဲ။ တစ်ဦးတည်းသော သားလေးက အကြာကြီးမေ့မြောနေခဲ့တာ။ မေ့မြောနေတဲ့သားကို ထိုင်ကြည့်ပြီး သောကတွေအပြည့်နဲ့ တအားဝမ်းနည်းနေခဲ့ရရှာမှာပဲ။
ရေးက မေမေနဲ့ ဖေဖေရဲ့ ဝမ်းနည်းမှုကို နည်းနည်းလေးမှ တွေးမပေးခဲ့ဘဲ တစ်ကိုယ်ကောင်းဆန်စွာနဲ့ ပျော်ရွှင်နေခဲ့တာ။ ငိုနေတဲ့ မေမေ့ကို ဥပေက္ခာပြုပြီး ပြန်မလာချင်ခဲ့တာ။ ရေးက လွင့်မြောနေတဲ့ကမ္ဘာမှာ သာယာနေခဲ့မိတာ။
"တောင်းပန်ပါတယ်မေမေ။ အကြာကြီး အိပ်ပျော်နေမိခဲ့လို့ တောင်းပန်ပါတယ်နော်"
"မဟုတ်တာပဲသားရယ်။ သားတောင်းပန်စရာမလိုပါဘူး။ မေမေ့သားလေးအတွက်လည်း အရမ်းခက်ခဲခဲ့ရမှာပဲဟာ။ မေမေ့သားလေးလည်း အရမ်းပင်ပန်းခဲ့ရရှာမှာ။ သားနိုးချင်တိုင်း နိုးလာလို့မှ မရတာ"
ဟင့်အင် မေမေထင်သလို မဟုတ်ဘူးမေမေ။ မေမေ့ခေါ်သံကို သားကြားနေပါလျက်နဲ့ မကြားရဲလောက်တဲ့အထိ ခါးခါးသီးသီ ငြင်းဆန်နေခဲ့တာ။ လျစ်လျူရှုပြီး ပြန်မလာချင်ခဲ့တာပါ။ အိပ်ပျော်နေတဲ့ သားကို ငေးကြည့်ပြီး မေမေနဲ့ဖေဖေ ဝမ်းနည်းနေမှာကို နည်းနည်းလေးတောင် တွေးမပေးဘဲ သားဖက်တွယ်နေတဲ့ဘဝမှာ မေမေနဲ့ဖေဖေ ရှိနေတာပဲဆိုတဲ့ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်နဲ့ ဇွတ်မှိတ်ပြီး နေနေခဲ့မိတာ။
"သား ဘာကိုမှတွေးပြီး စိတ်မညစ်နဲ့နော်။ ခဏအနားယူလိုက်ဦး"
"ဟုတ်မေမေ"
"မေမေ မေ့နေတာ။ ချစ်သောနဲ့ လင်းသာကိုဖုန်းဆက်ရဦးမယ်။ သားမေ့မြောနေတဲ့တစ်လျှောက်လုံး သားဆီကိုနေ့တိုင်းလာပြီး အဖော်ပြုပေးနေခဲ့တာ။ ရင်ခတ်လေးကိုလည်း ဖုန်းဆက်ဦးမှ။ သူလေးလည်း နေ့တိုင်းလာပြီး စကားတွေပြောပြီး စာတွေဖတ်ပြခဲ့တာ"
ရင်ခတ်ဆိုတဲ့နာမည်ကိုကြားတော့ ဦးဝေကို သတိရသွားတယ်။ ရင်ခတ်နဲ့ကျွန်တော် စကားပြောရင် ဦးဝေစိတ်မကောင်းဖြစ်နေမှာလားဟင်။ ဦးဝေလို့တွေးမိတော့ မျက်ရည်က သူ့အလိုလို ကျလာပြန်တယ်။ မျက်ရည်တွေကို မေမေမမြင်အောင်လို့ အမြန်သုတ်လိုက်ရတယ်။
မေမေကတော့ ပြုံးပျော်ပြီး လင်းသာနဲ့ချစ်သောကို ဖုန်းဆက်နေရှာတယ်။ လင်းသာတို့နဲ့ပြောပြီး ရင်ခတ်ကိုပါ လှမ်းပြောနေပုံပါပဲ။
ရေးမျက်လုံးကိုမှိတ်လိုက်တော့ ရေးဆီကို ပြေးဝင်လာတဲ့ ကားကိုမြင်လိုက်ရတယ်။ ခြူတူးလေးရော ဘေးကင်းရဲ့လား။ ပါပါးစိတ်ပူလိုက်တာသားရယ်။ သားကိုရော ထိခိုက်မိသွားသေးလား။
သားဘေးကင်းမှာတော့ သေချာသလောက်ရှိပါတယ်။ သားကိုထိမှာဆိုးလို့ ပါပါးတွန်းလိုက်တာပဲဟာ။ ပါးပါးနောက်ဆုံးမျက်လုံးမမှိတ်ခင်လေးမှာ တွေ့လိုက်ရတာက သားသားနဲ့ ရှူတူးလေးက ပါးပါးလို့အော်ခေါ်ပြီး ပြေးလာသလို ဦးဝေကလည်း ရေးငယ်လို့အော်ခေါ်ပြီးပြေးလာတာကို တွေ့လိုက်ရတာပဲဟာ။ ပါပါးနောက်ဆုံး ကြားလိုက်ရတာက သားသားတို့နဲ့ဦးဝေရဲ့ ငိုသံတွေပဲဟာ ပါပါးသားလေး ဘေးကင်းမှာ အသေအချာပဲပေါ့။ ပါးပါး တအားစိတ်ပူနေစရာမှ မလိုတာ။
ပြီးတော့ ပြီးတော့ သားသားတို့က တကယ်တည်ရှိနေတာမှမဟုတ်တာ။ ပါပါးရဲ့လွင့်မြောနေတဲ့စိတ်ရဲ့ တည်ဆောက်ရာတွေပဲဟာ။ ဘေးမကင်းမှာကို တွေးပူစရာမှမလိုတာ။ အဲ့ဒီလိုတွေးမိပြန်တော့ နှလုံးသားတစ်ခုလုံးကို ဆွဲစုပ်ညှစ်ခံလိုက်ရသလိုပါပဲ။ ရင်တစ်ခုလုံး ထူပူပြီး နာကျင်ရတယ်။
မေမေဖုန်းဆက်ပြီး သိပ်မကြာခင်မှာဘဲ လင်းသာနဲ့ချစ်သောတို့ရောက်လာကြတယ်။ သူတို့နဲ့မရှေးမနှောင်းမှာ ရင်ခတ်လည်း ရောက်လာခဲ့တယ်။ ရောက်လာကြတဲ့သူတို့ခမျာ အိမ်နေရင်းအင်္ကျီလေးတွေနဲ့ ကပိုကရို။
"နေလို့အဆင်ပြေရဲ့လားရေး"
"အင်း ပြေပါတယ်"
"ငါစိတ်ပူနေတာ"
"ကျေးဇူးပါဟာ။ စိတ်ပူစေမိလို့ အားလည်းနာတယ်တကယ်"
"မဟုတ်တာ။ ငါတို့က နင်ပြန်နိုးလာဖို့ကိုပဲ ဆုတောင်းနေခဲ့တာ။ ပြန်နိုးလာပေးရင်ရပြီး ကျန်တာတွေမလိုဘူး။ အမြန်ပြန်နိုးလာပေးလို့ကျေးဇူးတင်တယ်"
"အင်း"
"နင့်ကို ဆရာဝန်ကပြောတာ တစ်လအတွင်းနိုးမလာရင် ခြောက်လလောက်ကြာနိုင်တယ်တဲ့။ အဲ့ဒါကြောင့် ငါတို့က စိတ်ပူနေတာ"
ရင်ခတ်က စကားတွေ အများကြီးပြောနေတော့ လင်းသာနဲ့ချစ်သောကပြုံးလို့။
"ဆရာဝန်က ဘာပြောသေးလဲ"
"ဘာမှတော့ ပြောမသွားဘူး။ ညနေတော့ ပြန်လာလိမ့်မယ်ထင်တယ်"
"အင်း"
ခဏနေတော့ ဆရာဝန်က ဝင်လာပြီး Medical Check up လုပ်ဖို့ခေါ်သွားတယ်။ ရေးနောက်ကို ချစ်သောနဲ့လင်းသာကလိုက်လာပေးပြီး ရင်ခတ်ကတော့ အခန်းထဲမှာ မေမေနဲ့ကျန်ခဲ့လေရဲ့။ Media Check up လုပ်ပြီးသွားတဲ့အခါ ရေးကို ခြေထောက်အကွေးအဆန့် လက်အကွေးအဆန့် လုပ်ခိုင်းပါတယ်။
"အဆင်ပြေလားညီလေး"
"ဟုတ်အစ်ကို ပြေပါတယ်"
"လမ်းနည်းနည်းလောက် စမ်းလျှောက်ကြည့်ပါ့လား"
"ဟုတ်"
ရေးကုတင်ပေါ်ကနေ ခြေထောက်ချလိုက်တဲ့အခါ ကြမ်းပြင်နဲ့ခြေဖဝါး ထိတွေ့လိုက်ရတဲ့ခံစားချက်က မထိတထိ ဖြစ်နေပါတယ်။ ခြေတစ်လှမ်း လှမ်းကြည့်တော့ အားမရှိသလို ချိနဲ့နဲ့ဖြစ်ပြီး လှမ်းရတာအဆင်မပြေပေ။
"ခြေထောက်က သိပ်မထောက်နိုင်ဘူးဖြစ်နေတယ်"
"အိပ်ရာပေါ်မှာ နှစ်ပတ်လုံးလှဲနေခဲ့ရတော့ ခြေထောက်က သိပ်ပြီး အလုပ်မလုပ်နိုင်သေးတာ"
"ဟုတ်ဆရာ"
"သူငယ်ချင်းတွေလည်းရှိနေတော့ ခြေထောက်ကို ခဏခဏ အကွေးအဆန့်လေးလုပ်ပြီး လမ်းကိုစမ်းလျှောက်ကြည့်ပေးနော်။ ဟိုဘက်အခန်းမှာ ပြန်လည်ထူထောင်ရေး အခန်းရှိတယ်။ အဲ့အခန်းထဲမှာလည်း လေ့ကျင့်ခန်းလုပ်လို့ရတယ်"
"ဟုတ်ဆရာ"
"အခုတော့ ဆေးနည်းနည်းထိုးပေးခဲ့မယ်နော်"
"ဟုတ်ကဲ့ပါဆရာ"
ဆရာထွက်သွားတော့ လင်းသာက ရေးကိုကြည့်ပြီး မေးတယ်။
"မျက်နှာသိပ်မကောင်းသလိုပဲရေး။ ဘာလို့လဲ ခေါင်းမူးလို့လား"
"ဟင့်အင် မမူးပါဘူး"
"ဘာလို့မျက်နှာ မကောင်းလဲ"
"ထင်လို့ပါ"
"မထင်ပါဘူး။ မြင်နေရတာကို"
"ခုမှ နိုးလာတော့ လူက မလန်းတာမျိုးပါ"
"ထားပါ။ မင်း ရင်ခတ်ကို ဖွင့်ပြောထားတာ မှတ်မိသေးလား"
"ဟာဒီလင်းသာကတော့ ခုမှနိုးလာတဲ့သူကို ဘာတွေမေးနေလဲ"
"အေးကွာ ချစ်သောရာ မင်းကောင်ကို ကြည့်ထိန်းပါဦး"
"ဘာမင်းကောင်လဲ ရေးနော်"
"အဟား ချစ်သောရာ အချိန်တန်ရင် အဲ့ကောင်က မင်းကောင်ဖြစ်လာမှာ"
"ယောင်္ကျားချင်းကို မဟုတ်တာတွေ မပြောစမ်းနဲ့ရေး"
"ဟ ငါအတည်ပြောတာပါဆို။ ငါအိပ်ပျော်နေတဲ့အချိန် အနာဂတ်ကိုရောက်ခဲ့တယ်။ မင်းတို့အနာဂတ်ကိုလည်း မြင်ခဲ့တယ်လင်းသာ"
"ဒါဆို မင်းအနာဂတ်ကရော"
"ငါ့အနာဂတ်က . . . "
ရေးအနာဂတ်ကရော . . . ဒီလိုတွေးမိတော့ မျက်ရည်က သူ့အလိုလို စီးကျလာတယ်။ ရေးအနာဂတ်ကပျောက်ကွယ်သွားပြီ ထင်ပါရဲ့။ ရေးကလေးတွေနဲ့ ရေးချစ်ရတဲ့သူကို ရေးဆုံးရှုံးရတော့မှာလား။ ဟင့်အင် ရေးအဆုံးရှုံး မခံနိုင်ပါဘူး။ ရေးအနာဂတ်ကို ရေးပြန်ရအောင်လုပ်မှာ။
Fri, Oct 27 (27/10/2023/Fri)
***********
#Zawgyi
"သားသား"
"ဟင္ သားေလး ေမေမ့သားေလး သတိရလာၿပီးလား"
"ေမေမ သားေရာ သားေလးေရာ ထိခိုက္မိသြားေသးလား"
"ဘယ္သားေလးလဲသားရဲ့"
သားနိုးလာတာကို အေပ်ာ္လြန္ၿပီး ဝမ္းသာလုံးဆို႔ကာ က်ဆင္းလာေတာ့မယ့္ မ်က္ရည္ေတြက ကိုယ့္လက္ကို အားကိုတႀကီး လွမ္းဆြဲၿပီး ေမၽွာ္လင့္တႀကီးေမးေနတဲ့ သားရဲ့မ်က္ဝန္းေလးေတြကိုၾကည့္ၿပီး ပါးျပင္ေပၚကို စီးက်မလာနိုင္ေတာ့ေပ။
"ျခဴတူးေလေမေမရဲ့ ျခဴတူးေလးေလ"
"ဘယ္ကျခဴတူးေလးလဲ"
သားသားလို႔ေအာ္ၿပီး နိုးလာလို႔ စိတ္ထဲမွာ ထူးဆန္းေနတာပါ။ သားေျပာတဲ့စကားေတြကိုၾကားရေတာ့မွ ပိုထူးဆန္းသြားတယ္။
"ဟာ ေမေမကလည္း ေမေမ့ေျမး သားရဲ့သားေလ"
ဗုေဒၶါ ေမေမ့ေျမးတဲ့။ ဘယ္ကေျမးကိုေျပာေနတာပါလိမ့္။
"ေမေမ့သားလူပ်ိဳေလးက ဘယ္ကေလးကရွိရမွာလားကြယ္။ ေမေမေတာင္ခ်စ္လို႔မဝေသးတာ"
"ဟင္"
ေမေမဘာေျပာလိုက္တာပါလိမ့္။
"ေတာ္ပါေသးရဲ့။ ေမေမ့သားေလး အျမန္သတိရလာလို႔။ အၾကာႀကီးေမ့ေနမွာကို ေမေမစိုးရိမ္ေနခဲ့တာ။ ျမန္ျမန္နိုးလာေပးလို႔ ေက်းဇူးတင္ပါတယ္ ေမ့သားေလးရယ္။ ေမေမဆရာေခၚလိုက္ဦးမယ္"
ေမေမက ေရးကုတင္ေဘးက ခလုတ္ကိုႏွိပ္လိုက္ေတာ့ ေရးေမေမ့လက္ကို လွမ္းဆြဲလိုက္တယ္။
"ေမေမ"
"ဟင္"
"ခုဘယ္ႏွစ္ခုႏွစ္လဲဟင္"
"၂၀၂၁ေလသားရဲ့"
"သားအိပ္ေပ်ာ္သြားတာဘယ္ေလာက္ၾကာၿပီလဲဟင္"
"ႏွစ္ပတ္"
သြားၿပီ။ ေရးကမၻာေလး ပ်က္စီးသြားပါၿပီ။ ေရးျပန္မရနိုင္ေတာ့တဲ့ကမၻာေလး။ ဦးေဝ ဦးေဝေရ ကၽြန္ေတာ္ ဦးေဝကို မပိုင္ဆိုင္ရေတာ့ဘူးေပါ့။ ဦးေဝက ကၽြန္ေတာ့္ဦးေဝမဟုတ္ေတာ့ဘူးေပါ့။ သားသားတို႔ေရာ ျခဴတူးနဲ႔ရႉတူးေလးကိုပါ ေရးဆုံးရႈံးလိုက္ရၿပီ။
"ေမေမ ေရး ေရးကို ကယ္ပါဦးေမေမရယ္"
သားသားလို႔ေအာ္ၿပီး နိုးလာတဲ့သားေလးက ထူးဆန္းစြာပဲ ေဒၚေရးငယ္ကိုဖက္ၿပီး ရွိုက္ႀကီးတငင္ငိုေနပါေတာ့တယ္။ ဝမ္းပန္းတနည္းငိုေနတဲ့သားေၾကာင့္ ေဒၚေရးငယ္ပါ ေရာၿပီး ငိုမိပါေတာ့တယ္။
"ဘာလို႔လဲသားရယ္။ သားမွာဘာေတြမ်ား ဝမ္းနည္းစရာေတြရွိေနလို႔ ဒီေလာက္ရွိုက္ႀကီးတငင္ ငိုေနရတာလဲကြယ္။ ေမေမ့ကိုေျပာပါဦး"
"သားအားလုံးကို ဆုံးရႈံးလိုက္ရၿပီေမေမ။ သားဘယ္လိုမွျပန္မရနိုင္ေတာ့တဲ့ သားရဲ့ဘဝေလး။ သားရဲ့အဖိုးတန္ေလးေတြနဲ႔ သားရဲ့ေပ်ာ္ရႊင္ျခင္းကို ဆုံးရႈံးလိုက္ရတာ။ သား . . . သားကို ကယ္ပါဦးေမေမရယ္။ သား႐ူးေတာ့မယ္"
"သားရယ္။ ခုမွနိုးလာ႐ုံပဲရွိေသးတယ္။ ဘယ္လိုျဖစ္ရတာလဲကြယ္။ ဘာေတြမ်ား ၾကဳံဆုံခဲ့ရလို႔လဲကြယ္"
႐ူးမတတ္ငိုေႂကြးေနတဲ့သားကို ရင္ခြင္ထဲေထြးေပြ႕ၿပီး ဒီအေမလည္း နာက်င္ရပါတယ္။
အခန္းထဲကို ဝင္လာတဲ့ဆရာဝန္က ဖက္ငိုေနတဲ့သားအမိႏွစ္ေယာက္ကို ေငးၾကည့္ၿပီး အံ့ဩေနပုံပါပဲ။
"ဟာ အန္တီ။ ဘာလို႔ငိုေနတာလဲ။ မငိုရဘူးေလ။ ကေလးျပန္နိုးလာတာကို ဝမ္းသာရမယ့္ဟာ ငိုေနရတယ္လို႔ဗ်ာ။ ညီေလးလည္း မငိုနဲ႔ေနာ္။ ခုမွျပန္နိုးလာခါစဆိုေတာ့ တအားငိုရင္ ေခါင္းကိုက္ေနမယ္"
ဆရာဝန္လာေတာ့မွ သားအမိႏွစ္ေယာက္ တစ္ေယာက္ကိုတစ္ေယာက္ တင္းၾကပ္စြာ ဖက္ထားတဲ့လက္ေတြ ေျပေလ်ာ့သြားတယ္။
"အန္တီ ခဏဖယ္ေပးဦးေနာ္။ ကၽြန္ေတာ္ စစ္ေဆးစရာရွိတာေတြ စစ္ေဆးေပးဦးမယ္"
"ဪ ဟုတ္သားပဲ။ စစ္ပါ ေဒါက္တာ စစ္ပါ။ အန္တီ အေပ်ာ္လြန္ၿပီး ေမ့သြားတယ္"
"ညီေလး အစ္ကို ခဏစစ္ၾကည့္မယ္ေနာ္"
ေရးအိပ္ရာထက္မွာ ျပန္လွဲလိုက္ေတာ့ ဆရာဝန္က ေရးကို ေသခ်ာစစ္ေဆးၾကည့္ေပးတယ္။
"အန္တီေတာ့ တအားဝမ္းသားေနၿပီေပါ့"
"ဘယ္ေျပာေကာင္းမလဲေဒါက္တာရယ္"
"ဦးကိုေရာ လွမ္းေျပာၿပီးၿပီလား"
"ဟုတ္သားပဲ အန္တီလည္း အေပ်ာ္လြန္ၿပီး ေမ့သြားတယ္။ သားအေဖကို ဖုန္းဆက္ေျပာဦးမွပဲ"
"ေျပာလိုက္ပါဦးအန္တီ။ ဦးလည္း ဝမ္းသာသြားေအာင္လို႔"
"ဖုန္းဆက္ၾကည့္လိုက္ဦးမယ္ဆရာ"
"အန္တီ့ရဲ့ေမတၱာေၾကာင့္ အျမန္ဆုံးနိုးလာတာပါအန္တီ။ တကယ္ကို ဝမ္းသာစရာပါပဲ"
"ေက်းဇူးပါေဒါက္တာ"
"အားလုံးေကာင္းပါတယ္အန္တီ။ စိတ္မပူပါနဲ႔။ ခဏေနရင္ လူနာကို Medical Check up လုပ္ဖို႔လာေခၚခိုင္းလိုက္မယ္ေနာ္"
"ဟုတ္ကဲ့ပါဆရာ"
အခန္းထဲကေန ဆရာဝန္ထြက္သြားတဲ့အထိ ေရးအငိုမတိတ္နိုင္ေသးေပ။ ေဖေဖ့ကို ဖုန္းလွမ္းဆက္ေနတဲ့ ေမေမက ေရးကိုလွမ္းၾကည့္ၿပီး ျပဳံးျပလာတယ္။ ေမေမ့အျပဳံးေၾကာင့္ ေရးအငိုတိတ္ဖို႔ ႀကိဳးစားလိုက္ရတယ္။
"သား မငိုနဲ႔ေတာ့ေနာ္။ ေခါင္းကိုက္ေနမယ္"
"ဟုတ္ေမေမ"
"သားေဖေဖလည္း အရမ္းေပ်ာ္ေနတာ။ ႀကီးေငြကိုေခၚၿပီး အခုခ်က္ခ်င္းပဲ ေျပးလာရွာတယ္။ ေမေမနဲ႔ေဖေဖက သားကိုအနားထားၿပီး အၾကာႀကီးလြမ္းေနခဲ့ရတာ"
ေမေမ့စကားကိုၾကားရေတာ့ ေမေမနဲ႔ေဖေဖ့ကို ေရးအားနာမိသြားတယ္။ ေရးျပန္သတိရလာဖို႔ ေမေမနဲ႔ေဖေဖ ဘယ္ေလာက္ေတာင္ ႀကိဳးစားလိုက္ရရွာမလဲ။ တစ္ဦးတည္းေသာ သားေလးက အၾကာႀကီးေမ့ေျမာေနခဲ့တာ။ ေမ့ေျမာေနတဲ့သားကို ထိုင္ၾကည့္ၿပီး ေသာကေတြအျပည့္နဲ႔ တအားဝမ္းနည္းေနခဲ့ရရွာမွာပဲ။
ေရးက ေမေမနဲ႔ ေဖေဖရဲ့ ဝမ္းနည္းမႈကို နည္းနည္းေလးမွ ေတြးမေပးခဲ့ဘဲ တစ္ကိုယ္ေကာင္းဆန္စြာနဲ႔ ေပ်ာ္ရႊင္ေနခဲ့တာ။ ငိုေနတဲ့ ေမေမ့ကို ဥေပကၡာျပဳၿပီး ျပန္မလာခ်င္ခဲ့တာ။ ေရးက လြင့္ေျမာေနတဲ့ကမၻာမွာ သာယာေနခဲ့မိတာ။
"ေတာင္းပန္ပါတယ္ေမေမ။ အၾကာႀကီး အိပ္ေပ်ာ္ေနမိခဲ့လို႔ ေတာင္းပန္ပါတယ္ေနာ္"
"မဟုတ္တာပဲသားရယ္။ သားေတာင္းပန္စရာမလိုပါဘူး။ ေမေမ့သားေလးအတြက္လည္း အရမ္းခက္ခဲခဲ့ရမွာပဲဟာ။ ေမေမ့သားေလးလည္း အရမ္းပင္ပန္းခဲ့ရရွာမွာ။ သားနိုးခ်င္တိုင္း နိုးလာလို႔မွ မရတာ"
ဟင့္အင္ ေမေမထင္သလို မဟုတ္ဘူးေမေမ။ ေမေမ့ေခၚသံကို သားၾကားေနပါလ်က္နဲ႔ မၾကားရဲေလာက္တဲ့အထိ ခါးခါးသီးသီ ျငင္းဆန္ေနခဲ့တာ။ လ်စ္လ်ဴရႈၿပီး ျပန္မလာခ်င္ခဲ့တာပါ။ အိပ္ေပ်ာ္ေနတဲ့ သားကို ေငးၾကည့္ၿပီး ေမေမနဲ႔ေဖေဖ ဝမ္းနည္းေနမွာကို နည္းနည္းေလးေတာင္ ေတြးမေပးဘဲ သားဖက္တြယ္ေနတဲ့ဘဝမွာ ေမေမနဲ႔ေဖေဖ ရွိေနတာပဲဆိုတဲ့ တစ္ကိုယ္ေကာင္းဆန္တဲ့စိတ္နဲ႔ ဇြတ္မွိတ္ၿပီး ေနေနခဲ့မိတာ။
"သား ဘာကိုမွေတြးၿပီး စိတ္မညစ္နဲ႔ေနာ္။ ခဏအနားယူလိုက္ဦး"
"ဟုတ္ေမေမ"
"ေမေမ ေမ့ေနတာ။ ခ်စ္ေသာနဲ႔ လင္းသာကိုဖုန္းဆက္ရဦးမယ္။ သားေမ့ေျမာေနတဲ့တစ္ေလၽွာက္လုံး သားဆီကိုေန႔တိုင္းလာၿပီး အေဖာ္ျပဳေပးေနခဲ့တာ။ ရင္ခတ္ေလးကိုလည္း ဖုန္းဆက္ဦးမွ။ သူေလးလည္း ေန႔တိုင္းလာၿပီး စကားေတြေျပာၿပီး စာေတြဖတ္ျပခဲ့တာ"
ရင္ခတ္ဆိုတဲ့နာမည္ကိုၾကားေတာ့ ဦးေဝကို သတိရသြားတယ္။ ရင္ခတ္နဲ႔ကၽြန္ေတာ္ စကားေျပာရင္ ဦးေဝစိတ္မေကာင္းျဖစ္ေနမွာလားဟင္။ ဦးေဝလို႔ေတြးမိေတာ့ မ်က္ရည္က သူ႔အလိုလို က်လာျပန္တယ္။ မ်က္ရည္ေတြကို ေမေမမျမင္ေအာင္လို႔ အျမန္သုတ္လိုက္ရတယ္။
ေမေမကေတာ့ ျပဳံးေပ်ာ္ၿပီး လင္းသာနဲ႔ခ်စ္ေသာကို ဖုန္းဆက္ေနရွာတယ္။ လင္းသာတို႔နဲ႔ေျပာၿပီး ရင္ခတ္ကိုပါ လွမ္းေျပာေနပုံပါပဲ။
ေရးမ်က္လုံးကိုမွိတ္လိုက္ေတာ့ ေရးဆီကို ေျပးဝင္လာတဲ့ ကားကိုျမင္လိုက္ရတယ္။ ျခဴတူးေလးေရာ ေဘးကင္းရဲ့လား။ ပါပါးစိတ္ပူလိုက္တာသားရယ္။ သားကိုေရာ ထိခိုက္မိသြားေသးလား။
သားေဘးကင္းမွာေတာ့ ေသခ်ာသေလာက္ရွိပါတယ္။ သားကိုထိမွာဆိုးလို႔ ပါပါးတြန္းလိုက္တာပဲဟာ။ ပါးပါးေနာက္ဆုံးမ်က္လုံးမမွိတ္ခင္ေလးမွာ ေတြ႕လိုက္ရတာက သားသားနဲ႔ ရႉတူးေလးက ပါးပါးလို႔ေအာ္ေခၚၿပီး ေျပးလာသလို ဦးေဝကလည္း ေရးငယ္လို႔ေအာ္ေခၚၿပီးေျပးလာတာကို ေတြ႕လိုက္ရတာပဲဟာ။ ပါပါးေနာက္ဆုံး ၾကားလိုက္ရတာက သားသားတို႔နဲ႔ဦးေဝရဲ့ ငိုသံေတြပဲဟာ ပါပါးသားေလး ေဘးကင္းမွာ အေသအခ်ာပဲေပါ့။ ပါးပါး တအားစိတ္ပူေနစရာမွ မလိုတာ။
ၿပီးေတာ့ ၿပီးေတာ့ သားသားတို႔က တကယ္တည္ရွိေနတာမွမဟုတ္တာ။ ပါပါးရဲ့လြင့္ေျမာေနတဲ့စိတ္ရဲ့ တည္ေဆာက္ရာေတြပဲဟာ။ ေဘးမကင္းမွာကို ေတြးပူစရာမွမလိုတာ။ အဲ့ဒီလိုေတြးမိျပန္ေတာ့ ႏွလုံးသားတစ္ခုလုံးကို ဆြဲစုပ္ညႇစ္ခံလိုက္ရသလိုပါပဲ။ ရင္တစ္ခုလုံး ထူပူၿပီး နာက်င္ရတယ္။
ေမေမဖုန္းဆက္ၿပီး သိပ္မၾကာခင္မွာဘဲ လင္းသာနဲ႔ခ်စ္ေသာတို႔ေရာက္လာၾကတယ္။ သူတို႔နဲ႔မေရွးမေႏွာင္းမွာ ရင္ခတ္လည္း ေရာက္လာခဲ့တယ္။ ေရာက္လာၾကတဲ့သူတို႔ခမ်ာ အိမ္ေနရင္းအကၤ်ီေလးေတြနဲ႔ ကပိုကရို။
"ေနလို႔အဆင္ေျပရဲ့လားေရး"
"အင္း ေျပပါတယ္"
"ငါစိတ္ပူေနတာ"
"ေက်းဇူးပါဟာ။ စိတ္ပူေစမိလို႔ အားလည္းနာတယ္တကယ္"
"မဟုတ္တာ။ ငါတို႔က နင္ျပန္နိုးလာဖို႔ကိုပဲ ဆုေတာင္းေနခဲ့တာ။ ျပန္နိုးလာေပးရင္ရၿပီး က်န္တာေတြမလိုဘူး။ အျမန္ျပန္နိုးလာေပးလို႔ေက်းဇူးတင္တယ္"
"အင္း"
"နင့္ကို ဆရာဝန္ကေျပာတာ တစ္လအတြင္းနိုးမလာရင္ ေျခာက္လေလာက္ၾကာနိုင္တယ္တဲ့။ အဲ့ဒါေၾကာင့္ ငါတို႔က စိတ္ပူေနတာ"
ရင္ခတ္က စကားေတြ အမ်ားႀကီးေျပာေနေတာ့ လင္းသာနဲ႔ခ်စ္ေသာကျပဳံးလို႔။
"ဆရာဝန္က ဘာေျပာေသးလဲ"
"ဘာမွေတာ့ ေျပာမသြားဘူး။ ညေနေတာ့ ျပန္လာလိမ့္မယ္ထင္တယ္"
"အင္း"
ခဏေနေတာ့ ဆရာဝန္က ဝင္လာၿပီး Medical Check up လုပ္ဖို႔ေခၚသြားတယ္။ ေရးေနာက္ကို ခ်စ္ေသာနဲ႔လင္းသာကလိုက္လာေပးၿပီး ရင္ခတ္ကေတာ့ အခန္းထဲမွာ ေမေမနဲ႔က်န္ခဲ့ေလရဲ့။ Media Check up လုပ္ၿပီးသြားတဲ့အခါ ေရးကို ေျခေထာက္အေကြးအဆန႔္ လက္အေကြးအဆန႔္ လုပ္ခိုင္းပါတယ္။
"အဆင္ေျပလားညီေလး"
"ဟုတ္အစ္ကို ေျပပါတယ္"
"လမ္းနည္းနည္းေလာက္ စမ္းေလၽွာက္ၾကည့္ပါ့လား"
"ဟုတ္"
ေရးကုတင္ေပၚကေန ေျခေထာက္ခ်လိုက္တဲ့အခါ ၾကမ္းျပင္နဲ႔ေျခဖဝါး ထိေတြ႕လိုက္ရတဲ့ခံစားခ်က္က မထိတထိ ျဖစ္ေနပါတယ္။ ေျခတစ္လွမ္း လွမ္းၾကည့္ေတာ့ အားမရွိသလို ခ်ိနဲ႔နဲ႔ျဖစ္ၿပီး လွမ္းရတာအဆင္မေျပေပ။
"ေျခေထာက္က သိပ္မေထာက္နိုင္ဘူးျဖစ္ေနတယ္"
"အိပ္ရာေပၚမွာ ႏွစ္ပတ္လုံးလွဲေနခဲ့ရေတာ့ ေျခေထာက္က သိပ္ၿပီး အလုပ္မလုပ္နိုင္ေသးတာ"
"ဟုတ္ဆရာ"
"သူငယ္ခ်င္းေတြလည္းရွိေနေတာ့ ေျခေထာက္ကို ခဏခဏ အေကြးအဆန႔္ေလးလုပ္ၿပီး လမ္းကိုစမ္းေလၽွာက္ၾကည့္ေပးေနာ္။ ဟိုဘက္အခန္းမွာ ျပန္လည္ထူေထာင္ေရး အခန္းရွိတယ္။ အဲ့အခန္းထဲမွာလည္း ေလ့က်င့္ခန္းလုပ္လို႔ရတယ္"
"ဟုတ္ဆရာ"
"အခုေတာ့ ေဆးနည္းနည္းထိုးေပးခဲ့မယ္ေနာ္"
"ဟုတ္ကဲ့ပါဆရာ"
ဆရာထြက္သြားေတာ့ လင္းသာက ေရးကိုၾကည့္ၿပီး ေမးတယ္။
"မ်က္ႏွာသိပ္မေကာင္းသလိုပဲေရး။ ဘာလို႔လဲ ေခါင္းမူးလို႔လား"
"ဟင့္အင္ မမူးပါဘူး"
"ဘာလို႔မ်က္ႏွာ မေကာင္းလဲ"
"ထင္လို႔ပါ"
"မထင္ပါဘူး။ ျမင္ေနရတာကို"
"ခုမွ နိုးလာေတာ့ လူက မလန္းတာမ်ိဳးပါ"
"ထားပါ။ မင္း ရင္ခတ္ကို ဖြင့္ေျပာထားတာ မွတ္မိေသးလား"
"ဟာဒီလင္းသာကေတာ့ ခုမွနိုးလာတဲ့သူကို ဘာေတြေမးေနလဲ"
"ေအးကြာ ခ်စ္ေသာရာ မင္းေကာင္ကို ၾကည့္ထိန္းပါဦး"
"ဘာမင္းေကာင္လဲ ေရးေနာ္"
"အဟား ခ်စ္ေသာရာ အခ်ိန္တန္ရင္ အဲ့ေကာင္က မင္းေကာင္ျဖစ္လာမွာ"
"ေယာကၤ်ားခ်င္းကို မဟုတ္တာေတြ မေျပာစမ္းနဲ႔ေရး"
"ဟ ငါအတည္ေျပာတာပါဆို။ ငါအိပ္ေပ်ာ္ေနတဲ့အခ်ိန္ အနာဂတ္ကိုေရာက္ခဲ့တယ္။ မင္းတို႔အနာဂတ္ကိုလည္း ျမင္ခဲ့တယ္လင္းသာ"
"ဒါဆို မင္းအနာဂတ္ကေရာ"
"ငါ့အနာဂတ္က . . . "
ေရးအနာဂတ္ကေရာ . . . ဒီလိုေတြးမိေတာ့ မ်က္ရည္က သူ႔အလိုလို စီးက်လာတယ္။ ေရးအနာဂတ္ကေပ်ာက္ကြယ္သြားၿပီ ထင္ပါရဲ့။ ေရးကေလးေတြနဲ႔ ေရးခ်စ္ရတဲ့သူကို ေရးဆုံးရႈံးရေတာ့မွာလား။ ဟင့္အင္ ေရးအဆုံးရႈံး မခံနိုင္ပါဘူး။ ေရးအနာဂတ္ကို ေရးျပန္ရေအာင္လုပ္မွာ။
Fri, Oct 27 (27/10/2023/Fri)