ကမ္ဘာတည်သရွေ့ ချစ်နေမယ်
By Maple__JN
5.2K 285 2
နှင်းဆီနီတွေကိုသက်သေတည်၍ နှင်းဆီနီတွေကိုသက်သေတည်၍ More
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၁၀)
133 10 0
By Maple__JN
ကမ္ဘာတည်သရွေ့ချစ်နေမယ်
အပိုင်း(၁၀)
Seok Jin နိုးလာတော့သူလဲခဲ့တဲ့နေရာမဟုတ်ဘဲရင်းနှီးပြီးသားနေရာဖြစ်နေခဲ့သည်။သူ့အိမ်။သူအိမ်ကိုပြန်ရောက်နေခဲ့တာဘဲ....သူ့ကိုရောဘယ်သူလာကယ်ခဲ့တာလဲ......ဆစ်ကနဲထိုးကိုက်လာတဲ့ခေါင်းကြောင့်လက်ဖနှောင့်နှစ်ဖက်ဖြင့်နားထင်ကိုသက်သာလိုသက်သာငြားနှိပ်နယ်နေမိသည်။
"သားသတိရလာပြီလား"
".........."
ဆန်ပြုတ်ပန်းကန်လေးကိုင်ကာဝင်လာသောမေမေ.......
"ဆေးသောက်ဖို့ ဆန်ပြုတ်လေးအရင်သောက်ရအောင်"
မေမေကသူ့ကိုကလေးတစ်ယောက်လိုဆန်ပြုတ်ကိုဇွန်းနဲ့ခပ်ရင်းတစ်ဖူးဖူးနဲ့မှုတ်ကာသူ့ကိုခွံ့လာသည်။သူလည်းတစ်ဇွန်းပြီးတဇွန်းမေမေခွံ့ကျွေးတာကိုစားနေမိတာတစ်ပန်းကန်တောင်ကုန်သွားပြီ.......
"ဆေးသောက်လိုက်ဦးနော်သား"
"သား......"
"ဆေးသောက်ရမှာကြောက်ရအောင်မင်းက ကလေးလား Seok Jin"
မေမေ့ရဲ ့ခပ်မာမာအသံကြောင့်သူလည်းဆေးလုံးကိုယူကာပါးစပ်ထဲသို့အလျင်အမြန်ထည့်ကာရေနဲ့မျှောချလိုက်သည်။နောက်မို့ဆိုခါးလွန်းလို့ပြန်တောင်အန်ထွက်ဦးမယ်........
ဆေးသောက်ပြီးတော့မေမေကသူ့ကိုစောင်သေချာခြုံပေးလာသည်။သူ့ကိုအိမ်အထိဘယ်သူလာပို့တာလဲသိချင်တာကြောင့်မေးလိုက်သည်။
"မေမေ သားကိုဘယ်သူလာပို့တာလဲဟင်"
"အင်း....ခပ်ချောချောကောင်လေးတစ်ယောက်ဘဲ....သားတို့အတန်းထဲကလို့တော့ပြောတာ...ကဲနားလိုက်ဦး မေမေလည်းလုပ်စရာရှိတာသွားလုပ်လိုက်ဦးမယ်"
Seok Jin ခေါင်းငြိမ့်ပြလိုက်ပြီးမေမေထွက်အသွားကိုကြည့်ကာအပြင်ရောက်ပြီဆိုတာနဲ့ကိုယ်ကိုစောင်းကာ ခေါင်မိုးထပ်ကအကြောင်းကိုပြန်စဉ်းစားနေမိသည်။
သူတောင့်မခံနိုင်တဲ့အဆုံးလဲကျဖို့ဖြစ်ရာသူ့ကိုတစ်စုံတစ်ယောက်ကပွေ့ဖက်လာတာကြောင့်လဲမကျတဲ့အပြင်သူ့ကိုယ်လေးကနွေးထွေးသွားရသည်။ဘယ်သူဘယ်ဝါဆိုတာသဲသဲကွဲကွဲမမြင်ရပေမယ့်ထိုသူရဲ့လှုပ်ရှားမှုအရိပ်အယောင်တွေကိုတော့ဝိုးတဝါးမြင်နေရသည်။
ရုတ်တရက်ကျဆင်းလာတဲ့မျက်ရည်တွေဟာပူနေခဲ့သည်။နာကျင်ရသည်။မချစ်ဘူးတဲ့ပြောတာထက် ကိုယ့်ကိုမုန်းနေတယ်ဆိုတဲ့စကားဟာရင်နင့်အောင်နာရပါသည်။ဘယ်ဘဝကဝဋ်ကြွေးတွေကြောင့်များကိုယ်ချစ်တဲ့သူကကိုယ့်ကိုပြန်မချစ်ရတာလဲ.......
တွေးတောနေရင်းကိုက်ခဲလာတဲ့ခေါင်းကြောင့်တွေးလက်စကိုရပ်ကာမျက်လုံးတွေမှိတ်ချလိုက်သည်။မနက်ဖြန်အတွက်အားမွေးရဦးမယ်.....သူ့ကြောင့်မဟုတ်ရင်တောင် မေမေရှိသေးတယ်....မေမေ့အတွက်သားလိမ္မာတစ်ယောက်ဖြစ်အောင်ကြိုးစားရမယ်.....Jungkook ကိုလည်းမေ့လိုက်တော့မယ်.....မေ့လို့မရပေမယ့်လည်းမေ့နိုင်အောင်ကြိုးစားမယ်....ချစ်ရတာပင်ပန်း​နေပြီ....ဒီထက်ပိုပြီးရှေ့ဆက်တိုးမိနေရင် ဒီထက်ပိုပြီးခံစားရမှာကသူကိုယ်တိုင်ဘဲ​လေ။
Seok Jin ခဏအကြာတွင်မျက်ရည်စက်တွေနဲ့အတူအိပ်ပျော်သွားတော့သည်။ဒါတောင် Jungkook ကသူ့အိမ်မက်ထဲဝင်လာပြီးသူနှလုံးသားကိုနာကျင်အောင်လုပ်နေတုန်း။အိပ်မက်ဆိုးတွေမမက်ဘဲ ပျော်ရွှင်ကြည်နူးတဲ့အိပ်မက်လေးကိုတော့တစ်ခါတစ်လေမက်ချင်ပါသေးတယ်...........
~~~~~~~~~~~~~~~~~~~~~~~
"Jungkook မင်းဘာဖြစ်နေတာလဲ "
"ဘာဖြစ်လို့လဲ"
"ကလပ်လာပြီး မျက်နှာကမသာမရာနဲ့"
Yoongi မီးရောင်တွေတဖျက်ဖျက်ကြားက အရက်ကိုစိတ်မပါဘဲသောက်နေပုံရတဲ့ Jungkook ကိုကြည့်ကာခေါင်းခါမိသည်။ပြီးတော့တစ်ခုခုကိုတွေးတောနေတဲ့ပုံစံမျိုးနဲ့ မျက်လုံးတွေကအဝေးတစ်နေရာမှာ.......ထိုစဉ်ထထွက်သွားတာကြောင့် Yoongiလည်း Jungkook ဘာလုပ်မလဲလို့လိုက်ကြည့်နေမိသည်။
"ဟား....တကယ့့်ကောင်ဘဲ"
Yoongi Jungkookကိုကြည့်ကာတစ်ချက်ပြုံးလိုက်ပြီးခေါင်းကိုလည်းခါရမ်းလိုက်သည်။ ဘာလို့ဆို Jungkookက မိန်းမလှလေးတွေကြားဝင်ကာဘေးကကောင်မလေးတစ်ယောက်ရဲ့ခါးကိုဖက်ကာ ကနေသောကြောင့်ဖြစ်သည်။
"Hi....အဖော်လိုနေလားဟင်"
သူ့ရှေ့ခုံမှာဝင်ထိုင်ပြီးညူတူတူပြောလာတဲ့မိန်းမလှလေးသည်သူ့ရင်ဘက်ကိုလည်းလက်ညိုးနဲ့တို့ထိလာပြန်သည်။
"ဘာလဲ မိန်းမလှလေးရဲ့ဘဲကြီးကရေပျက်နေလို့လား"
Yoongiစကားကြောင့်အရှေ့ကမိန်းကလေးရဲ့မျက်နှာကြီးရဲတက်သွားတော့သည်။ပြီးတော့သူ့ကိုတောက်တစ်ချက်ခေါက်ကာထထွက်သွားသည်။
အလကားအပေါစားတွေ။ဒီလိုနေရာမှာ မိန်းမကောင်းဆိုတာရှိတာမှမဟုတ်တာ.....ဘဲကြီးတွေနဲ့တွဲပြီးချူစားနေတဲ့မိန်းကလေးတွေချည်းဘဲ။သူကတော့အဲ့လိုမိန်းကလေးတွေကိုအထင်လည်းမကြီးသလိုမျက်လုံးနဲ့လည်းစွေမကြည့်ဘူး။ရွံလို့။
Yoongiလည်း Jungkook ကိုကြည့်ရင်းအရက်ကိုသာသောက်နေမိတော့သည်။ မကြည့်လိုက်လည်းမရဘူးလေ ပြသနာဖြစ်ရင်လေးလေးဂျွန်ကနိုင်ငံခြားကိုပြန်ပို့မှာ.....ကိုယ်တောင်မနေချင်လို့ပြန်လာတဲ့ဟာ ပြန်မသွားနိုင်ပါဘူး။ဒါကြောင့်လည်းသည်းခံပြီး Jungkook ပြသာနာမဖြစ်အောင်ကြည့်နေရတာ။
Jungkook အရက်သောက်ရင်း အတွေးထဲကိုဟိုကောင်ဝင်လာတာကြောင့်စိတ်ညစ်ညစ်နဲ့မိန်းမလှလေးတစ်ယောက်ရဲ့ခါးကိုဖက်ကာ ကနေမိသည်။DJနဲ့အတူလိုက်ပါစီးမျောကနေတာချွေးများပင်ထွက်လာရသည်။ထို့ကြောင့်ကနေတာကိုရပ်လိုက်ပြီး အရှေ့ကမိန်းမလှလေးကိုရီဝေဝေအကြည့်တို့်ဖြင့်ကြည့်ကာ......
"ဒီညကိုယ်နဲ့ကုန်ဆုံးမလား"
"........"
မိန်းမလှလေးသည်သူ့စကားကိုပြန်မဖြေဘဲခေါင်းကိုအောက်ငုံ့ကာပြုံးနေခဲ့သည်။သူလည်းကောင်မလေးကိုလိုက်ငုံ့ကြည့်လိုက်ပြီး.......
"ဟင်.....ကုန်ဆုံးချင်လားကိုယ်နဲ့"
"အင်း"
ခေါင်းမော့ကာချက်ချင်းပြန်ဖြေလာသောသူမလေးကို Jungkook လက်ကနေဆွဲကာအမှောင်ရိပ်ကျသည့်နေရာသို့ခေါ်သွားလိုက်သည်။
ကောင်မလေးကိုခေါ်ကာထွက်သွားသော Jungkook ကို Yoongiတစ်ယောက်မတွေ့လိုက်ပေ။
Jungkook ကောင်မလေးကိုနံရံဘက်ကပ်လိုက်ပြီးအတင်းနမ်းရှိုက်နေမိသည်။ကောင်မလေးဘက်မှလည်းပြန်လည်တုန့်ပြန်နေခဲ့သည်။ Jungkook လက်တွေကကောင်မလေးရဲ့ပေါင်တံတွေပေါ်ပါပွတ်သပ်လာခဲ့သည်။ခဏအကြာတွင်တော့ Jungkook ရဲ့လက်တွေရပ်တန့်သွားသလိုအနမ်းတွေလည်းရပ်တန့်သွားတော့သည်။
"Sorry ကိုယ်.....ကိုယ်မလုပ်နိုင်ဘူး"
"ဘာဖြစ်...."
"ထွက်သွား!!!"
Jungkook အော်လိုက်တာကြောင့်သူမကိုယ်လေးတုန်သွားကာသူ့နားကနေခပ်မြန်မြန်ဘဲပြေးထွက်သွားတော့သည်။
WTF!!!
ငါ့အတွေးထဲထိလိုက်ပြီးစိတ်ဒုက္ခပေးနေတဲ့မင်းကိုမုန်းတယ် Kim Seok Jin...F** ဘဲ....
ကောင်မလေးနဲ့နမ်းနေတုန်းကလဲ Kim Seok Jinနဲ့နမ်းနေတယ်ဘဲမြင်နေရတယ်.....ဘယ်လောက်တောင်စိတ်အနှောက်အယှက်ဖြစ်လိုက်လဲ......
"မင်းဘာလုပ်နေတာလဲ Jungkook"
ပုခုံးကိုင်ကာမေးလိုက်တာကြောင့် Jungkook လှည့်လိုက်တော့ Yoongi.....
"မင်းပျောက်သွားလို့ငါလိုက်လာတာ"
"ဒါကငါပိုင်တဲ့ကလပ်ပါ လမ်းမပျောက်ပါဘူး"
"မဟုတ်ဘူးငါက"
"တော်ပြီ...ငါဒီညမှောက်အောင်သောက်မယ် အဲ့ဒါမင်းငါ့ကိုအိမ်ပြန်ပို့ပေးရမယ် ဖြစ်တယ်မလား"
"လေးလေးဂျွန်သိရင်ဘယ်လိုလုပ်မလဲ"
"အာ့ဆို မင်းကွန်ဒိုကိုငါ့ကိုခေါ်သွားပေး.....ငါလည်းမရောက်ဖူးသေးဘူးလေ"
Yoongi တစ်ချက်စဉ်းစားဟန်ပြုလိုက်ပြီးမှ....
"ပြီးရောကွာ"
Yoongiစကားဆုံးသည်နှင့်အရှေ့ကထွက်သွားသော Jungkook။ Yoongiလည်း Jungkookနာက်မှလိုက်လာခဲ့လိုက်သည်။
ဒီညကတော့ဆင်ကိုယ်လုံးကြီးကိုသူ့ကြောင်ဗလလေးနဲ့မနိုင်မနင်းသယ်ရတော့မယ့်အချိန်ကိုသာ မေးလေးထောက်ပြီးစောင့်နေရတော့သည်။
~~~~~~~~~~~~~~~~~~~~~~~
"Seok Jin မင်းဒီနေ့ကျောင်းမသွားဘူးလား"
"သွားချင်စိတ်မရှိလို့"
ကော်ဖီဆိုင်သို့တံခါးဖွင့်ကာဝင်လာတဲ့လူသားသည်သူ့ရဲ့နှစ်ယောက်မရှိသောချစ်သူငယ်ချင်းလေး Seok Jinပင်။
ဆိုင်ထဲကိုဝင်လာတည်းကမျက်နှာလေးသည်ဒီ​နေ့မှနေထိတဲ့ပန်းလိုနွမ်းလျလျနှင့်။
ထိုင်ခုံမှာဝင်ထိုင်တဲ့ Seok Jinလည်းကျောင်းဝတ်စုံကြီးနဲ့။သူလည်းSeok Jinရှေ့ဝင်ထိုင်လိုက်ပြီး.....
"ဘာဖြစ်လာတာလဲ ပြောပါဦး"
Seok Jin သူ့ကိုပြုံးပြီးပြောလာတဲ့ Hoseok ကိုအားကျမိပါသည်။ဘယ်ချိန်ဖြစ်ဖြစ်အမြဲတမ်းပြုံးနေတတ်တဲ့သူဟာအခုလည်းသူ့ကိုပြုံးပြလာတာကြောင့်သူလည်းလိုက်ပြုံးမိလိုက်သည်။
"ငါ့ကိုကြည့်ပြီး ပြုံးနေတာလား Seok Jin"
"အင်း"
Seok Jin လည်းချက်ချင်းခေါင်းငြိမ့်ပြလိုက်သည်။
"မင်းကျောင်းမသွားချင်တဲ့အကြောင်းငါ့ကိုမပြောရသေးဘူးနော်"
သူမေးတာကိုမဖြေဘဲအဝေးတစ်နေရာကိုကြည့်နေပြန်သည်။
"ငါကျောင်းမသွားဘဲ အိမ်မှာဘဲစာလုပ်ရင်ကောင်းမလားလို့.....ပြီးတော့ စာမေးပွဲဖြေဖို့ကလည်းမလိုတော့ဘူးလေ"
"ဒါပေမယ့် အဲ့လိုလုပ်လို့မရဘူးလေ"
သူ့စကားကြောင့်အနှီးလူသားဟာသူ့ကိုငဲ့ကြည့်လာခဲ့သည်။
"သိတယ်လေ သိလို့စိတ်ညစ်နေတာပေါ့ အရူးရဲ့"
"ငါကအရူးဆိုရင် မင်းကအရူးသူငယ်ချင်း"
"ဒီမှာစိတ်ညစ်နေပါတယ်ဆိုမှ လာနောက်နေသေးတယ်"
ပြောလည်းပြော Seok Jin Hoseok ကိုမျက်စောင်းတွေပစ်ကျွေးနေတော့သည်။
Seok Jin ဆိုင်ကိုဝေ့ကြည့်လိုက်​တော့သပ်သပ်ရပ်ရပ်လေးနဲ့ဆိုင်ထိုင်ချင်စရာလေး။သို့ပေမယ့်ထူးဆန်းတာက သူရောက်ထဲကဆိုင်ထဲကိုတစ်ယောက်မှဝင်မလာခြင်းပင်။
"Seok ah မင်းဆိုင်ကိုလာအားပေးတဲ့သူကောရှိရဲ့လား"
"ဟို....အဲ့....အဲ့ဒါကလေ.....လာသောက်တဲ့သူတွေကအရမ်းဂျီးများလို့လေ အဲ့ဒါငါလည်း.....ဟို"
"ပြန်ပြောလိုက်တယ်ပေါ့"
"အင်း"
"ဖြစ်ရလေ မင်းနဲ့လည်းနော်"
Hoseok ကအများအမြင်မှာအပေါက်ဆိုးတယ်လို့မြင်ရင်မြင်လိမ့်မယ်....ဒါပေမယ့် Hoseok ဆိုတာတပါးသူကိုသနားကြင်နာတတ်ပြီး ပျော်ရွှင်အောင်လည်းလုပ်ပေးတတ်သေးသည်။သူ့အတွက်ကတော့အဖိုးမဖြတ်နို်င်တဲ့သူငယ်ချင်းလေးဖြစ်သည်။
"ငါစဉ်းစားမိပြီ"
"လန့်လိုက်တာကွာ "
အသံဗြဲကြီးနဲ့အော်ပြောလာတာကြောင့်သူ့မှာတွေးနေတာတွေတောင်ဘယ်ရောက်လို့ရောက်မှန်းမသိဖြစ်သွားရသည်။
"မင်းကိုအဲ့ကျောင်းမှာတက်ဖို့လာခေါ်တဲ့ဦးလေးကြီးကအဲ့ကျောင်းကိုပိုင်တာဆို"
"အဲ့တော့"
"ငါပြောချင်တာကွာ မင်းကျောင်းမတက်ဘဲအိမ်မှာဘဲစာကျက်ပြီး စာမေးပွဲဖြေမှလာဖြေမယ်လို့ပြောကြည့်ရင်ရောဘယ်လိုလဲ"
"ဖြစ်ပါ့မလား"
"ပြောကြည့်ရင်တော့အဖြေသိမှာပါ"
Seok Jin Hoseok စကားကြောင့်နှုတ်ခမ်းလေးဆူပြီးသက်ပြင်းချမိသည်။ကျောင်းစည်းကမ်းနဲ့မညီလို့ခွင့်ပြုပါ့မလားလို့စိုးရိမ်နေမိသည်။သို့သော်သူကျောင်းကိုလည်းမသွားချင်။ ကျောင်းကိုသွားရင်မြင်နေကျမျက်နှာလေးကိုမြင်နေရရင်သူမေ့လို့မရမှာဆိုးတာကြောင့်ပင်။သူမေ့ပစ်လိုက်ချင်ပြီ။
"Seok Jin...."
"အ...အင်း"
"ဘာတွေစဉ်းစားနေတာလဲ သွားမှာလား"
သူ့လက်ကိုကိုင်လှုပ်ပြီးပြောနေတဲ့သူကမသိရင်တစ်ခုခုလိုချင်လို့တောင်းဆိုနေသည့်ပုံ။
"အင်း သွားမယ်"
Seok Jinကထရပ်တော့ Hoseok ကပါထရပ်လာသည်။ Seok Jinလည်းသေချာစိုက်ကြည့်လိုက်ပြီး.....
"မင်းကဘယ်သွားဖို့လဲ"
ထိုအခါမှရယ်ကျဲကျဲဖြင့် ဂုတ်ပိုးတွေကိုလည်းပွတ်သပ်နေပြန်သည်။
"ငါ....ငါအဖော်လိုက်ပေးမလို့ပါ"
"မင်းဆိုင်ကရော"
"ဒီနေ့ဘယ်သူမှလဲလာမှာမဟုတ်ဘူး.....ပြီးတော့ငါဒီနေ့ပျင်းနေလို့ အဲ့ဒါမင်းနဲ့လိုက်ချင်လို့"
"........"
"နော်....နော်လို့"
သူ့အကျႌစကိုဆွဲကာပြောနေတာ​ကြောင့်သူ့မှာမရယ်ဘဲမ​နေနိုင်တာ​ကြောင်ရယ်မိသွားရသည်။
"ဟုတ်ပြီ...ဟုတ်ပြီ...ငါ့အကျႌကိုအရင်လွှတ်ဦး"
Hoseok လည်း Seok Jin အကျႌကိုလွှတ်ပေးလိုက်ပြီးအရင်ဆုံးအရှေ့ကနေထွက်လာခဲ့လိုက်သည်။
"တံခါးသေချာပိတ်ခဲ့ဦးလေ"
"အင်း"
Hoseok လည်းတံခါးကိုသေချာပိတ်လိုက်ပြီး သူငယ်ချင်းနှစ်ယောက်ပုခုံးချင်းတိုက်ကာထွက်လာခဲ့တော့သည်။
Seok Jin ဘာကြောင့်ကျောင်းမတက်ချင်တာလဲကိုတော့သူမမေးမိတော့ပေ။လျှောက်ရင်းလျှောက်ရင်းနှစ်ယောက်သားကျောင်းသို့ရောက်လာခဲ့သည်။ကျောင်းမခေါ်သေးသည်မို့ကျောင်းသားကျောင်းသူအချို့သွားလာလှုပ်ရှားနေကြသည်။Seok Jin ခြံစောင့်ဦးလေးကြီးကို ခေါင်းငုံ့နှုတ်ဆက်လိုက်သည်။
"Seok Jin လေးနေကောင်းသွားပြီလား"
"ဟုတ်ကဲ့ဦးလေး"
"သြော်.....အဲ့နေ့ကဆိုသားကို.....အဲ...ဒါနဲ့သူကဘယ်သူလဲကွဲ့.....ဒီကျောင်းကမဟုတ်ဘူးထင်တယ်"
"ဟုတ်ပါတယ် ဦးလေး ကျွန်တော်နဲ့အဖော်လိုက်လာတာ သူကကျွန်တော့်သူငယ်ချင်း Jung Hoseok တဲ့"
"ဟုတ် ဦးလေး"
Hoseokမှခြံစောင့်ဦးလေးကြီးကိုပြုံးပြနှုတ်ဆက်လိုက်သည်။
"ဒါနဲ့ဦးလေး ကျွန်တော်တို့ခွင့်တိုင်စရာရှိလို့သူ့ကိုပါဝင်ခိုင်းလို့ရလားဟင်"
ခြံစောင့်ဦးလေးကြီးလည်း Hoseok ကိုသေချာကြည့်နေတာကြောင့်.....
"ဟို...အဆင်မပြေရင်လဲငါအပြင်မှာဘဲစောင့်နေပါ့မယ် Seok Jin ရယ်"
Hoseok အပြောကြောင့်ခြံစောင့်ဦးလေးကြီးလည်းအားနာဟန်ဖြင့်ကြည့်လာသည်။
"တစ်မျိုးတော့မထင်ပါနဲ့ကွယ်....ဦးလေးကတာဝန်အရမို့ပါ"
"ကျွန်တော်နားလည်ပါတယ် ဦးလေး...Seok Jin သွားလေ ငါဒီမှာဘဲစောင့်နေမယ်"
"အင်း...ဒါဆိုငါသွားပြီနော်"
Seok Jinက သူအပြင်မှာကျန်ခဲ့တာကိုစိတ်မကောင်းဖြစ်နေပုံရတာကြောင့်သူလည်းပြုံးပြကာ Seok Jinရဲ့ပုခုံးကိုပုတ်ကာပြောလိုက်​တော့မှ​ကျောင်းဝန်းထဲဝင်သွားသည်။
Hoseok လည်း ကျောင်းခြံဝမှထွက်လာ ခဲလုံးလေးတွေကိုခြေထောက်နဲ့ထိုးကလော်ကာဆော့နေလိုက်သည်။ထိုစဉ်ရုတ်တရက်အရှိန်နဲ့ဝင်လာသော ဆိုင်ကယ်တစ်စီး။ သူရှောင်တိမ်းချိန်တောင်မရလိုက်ဘဲလမ်းဘေးသို့ဖြစ်ကလက်ဆန်လဲကျသွားတော့သည်။ ဆိုင်ကယ်စီးလာတဲ့သူသည်လည်း ရှေ့နားလေးမှာရပ်လိုက်ပြီး Motorcycle helmet ကိုချွတ်လိုက်ပြီး ခေါင်းကိုခါလိုက်တာကြောင့်ပြာလွင်လွင်ဆံသားတွေကနေရောင်နဲ့အတူတောက်ပသွားသည်။
ပြီးတော့သူ့ဆီကိုလျှောက်လာသောသူဟာသူမေ့မရခဲ့တဲ့လူသား။မေ့မရဘူးဆိုလို့တစ်မျိုးမထင်လိုက်ပါနဲ့ ကြည့်မရလို့...မုန်းလွန်းလို့ ကြောင့်သာဖြစ်သည်။
သူလည်းနာနေတဲ့တင်ပါးကိုကိုင်ကာထရပ်လိုက်သည်။
"ဘယ်လောက်ပေးရမလဲ"
"ဘာ"
သူ့ရှေ့မှာအူကြောင်ကြောင်လုပ်နေတဲ့ကောင်လေးကိုသူမြင်ဖူးနေသလို။လမ်းကျဉ်းကျဉ်းလေးမတ်တပ်ရပ်နေပုံထောက်ရင်ငွေလိုချင်လို့ဂွင်ဆင်တာဘဲဖြစ်မှာပေါ့......အဲ့ဒါကြောင့်လည်းဘယ်လောက်ပေးရမလဲလို့မေးလိုက်ခြင်းဖြစ်သည်။
"လမ်းကျဉ်းကျဉ်းလေးမှာရပ်ပြီး ခုလိုဆိုင်ကယ်နဲ့တိုက်မိမလိုဖြစ်မယ် ပြီးရင်ငွေညှစ်မယ် ဟုတ်တယ်မလား"
"ဒီမှာငွေစကားပြောနေရအောင် ခင်ဗျားကဘယ်လောက်ချမ်းသာနေလို့လဲ"
ကိုယ်လည်းသူများကိုဆိုင်ကယ်နဲ့တိုက်မိမလိုဖြစ်သေးတယ် မတောင်းပန်တဲ့အပြင်လူကိုလာစော်ကားနေသေးတယ်.......
"မင်းတစ်ကိုယ်လုံးကိုတောင်အပြတ်ဝယ်လိုက်လို့ရတယ်....အဟက်"
"ခင်ဗျား!!"
အရှေ့ကဆံသားနက်နက်တွေနဲ့ကောင်လေးကိုသူသိလိုက်ပါပြီ.....ကလပ်ရဲ့ကားပါကင်ရှေ့မှာသူနမ်းခဲ့တဲ့အဖြူထည်လေးရဲ့သူငယ်ချင်း။
"အဟက်....အဲ့ပိုက်ဆံတွေက မင်းမိဘတွေရှာထားတဲ့ပိုက်ဆံတွေမလား.....မိဘပိုက်ဆံအလကားထိုင်ဖြုန်းနေပြီး သူ့ကိုယ်သူအထင်ကြီးနေသေးတယ်...ဘာတဲ့မင်းတစ်ကိုယ်လုံးကိုတောင်ဝယ်လိုက်လို့ရတယ်ဆိုဘဲ....အဟက်....မိဘကမထောက်ပံ့ရင်လမ်းဘေးရောက်မယ့်ကောင်ကများ"
"မင်း!"
"ဘာလဲ အမှန်ပြောလို့နာသွားတာလား"
Yoongi ထိုကောင်လေးစကားကြောင့်အရှိုက်ထိသွားကာဒေါသကြောင့်ရှေ့တိုးသွားတော့ ထိုကောင်လေးသည်လည်းသူ့ရှေ့သို့ရင်ကော့ပြီးရှေ့တိုးလာတာကြောင့် ရင်ဘက်နှစ်ခုဟာထိကပ်လုမတက်ဖြစ်သွားသည်။
"လမ်းကျဉ်းကျဉ်းလေးထဲလည်းဆိုင်ကယ်ကြီးတကားကားနဲ့....ပြီးတော့လူကိုလည်းဝင်တိုက်မလိုဖြစ်သေးတယ် မတောင်းပန်တဲ့အပြင် လူကိုငွေစကားလာပြောနေတယ်.....လူတိုင်းကို ခင်ဗျားစိတ်နဲ့မနှိုင်းနဲ့ ဒီကိစ္စကတောင်းပန်လိုက်ရုံနဲ့ပြီးသွားမယ့်ကိစ္စ"
ကပ်ကပ်လန်ရန်တွေ့နေတဲ့အရှေ့ကကောင်လေးရဲ့နှုတ်ခမ်းတွေသည်သူ့နှုတ်ခမ်းတွေကိုထိလုမတက်ပင်။
ဒုတ်ကနဲခုန်သွားတဲ့နှလုံးခုန်သံကိုတော့ Yoongiတစ်ယောက်သတိမထားလိုက်မိပေ။
"Seok ah"
Seok Jin ကျောင်းထဲမှထွက်လာခြင်း Hoseokကိုမတွေ့တာကြောင့်လိုက်ရှာကြည့်လိုက်တော့ သူ့အတန်းထဲက အသားဖြူ စွတ်စွတ်နဲ့ ကြောင်ပေါက်လေးခေါ် Min Yoongiနဲ့မျက်နှာချင်းဆိုင်ကာအကြည့်ချင်းစစ်ခင်းနေတဲ့နှစ်ယောက်ကြောင့် အနားသို့အမြန်ပြေးလာခြင်းဖြစ်သည်။
"ဘာဖြစ်ကြတာလဲ နှစ်ယောက်က"
ထိုအခါမှနှစ်ယောက်သားခန္ဓာကိုယ်ချင်းခွာလိုက်ကြသည်။ Yoongiကကျောင်းဝန်းထဲမှထွက်လာသည့် Seok Jin ကိုစိုက်ကြည့်နေမယ့် Hoseok ကတော့ Yoongiကိုနောက်ကနေပွစိပွစိဖြင့်မျက်စောင်းတွေလှိမ့်ထိုးနေတော့သည်။
"ကျောင်းထဲကထွက်လာတာဆိုတော့ ဒီနေ့ကျောင်းပြေးတာလား"
Yoongiမှ Seok Jinကိုစိုက်ကြည့်ကာပြောလိုက်သည်။
"အွန်း....ငါနောင်ရက်တွေကျောင်းမလာဖြစ်တော့ဘူး....စာမေးပွဲဖြေမှဘဲလာဖြေတော့မယ်"
"ဘာဖြစ်လို့လဲ ကျန်းမာရေးမကောင်းလို့လား"
"မဟုတ်ပါဘူး"
"ဒါဆိုဘာလဲ"
"Seok Jin ဒီနေ့ပြန်ရဦးမှာလား "
အလိုမကျဟန်ဖြင့်ပြောလာတဲ့ Hoseok ကြောင့် Yoongi တစ်ချက်စောင်းငဲ့ကြည့်လိုက်သည်။
"ပြန်ချင်ကိုယ့်ဘာသာကိုယ်ပြန်ပါလား"
"ဘာကွ!!!"
"ကဲ...တော်ကြပါတော့ Yoongi လည်းကျောင်းထဲဝင်တော့....Hoseok မင်းလည်းလာ ပြန်မယ်"
Seok Jin Hoseokလက်ကိုလှမ်းဆွဲမလို့ Yoongi ဘေးကဖြတ်အလျှောက် ခဲလုံးကိုတက်နင်းလိုက်ရာခြေထောက်ကချော်သွားတာကြောင့်ဟန်ချက်ပျက်သွားလျှင်.....
"အမေ့ရေ"
Seok Jin လဲပြီဆိုတဲ့အသိနှင့် အမေ့ကိုတ ရုံရှိသေးနောက်ကနေသူ့ခါးကိုသိမ်းဖက်ကာသူ့ကိုယ်ကိုကိုယ်ထိန်းပေးလာတာကြောင့်သူလဲကျမသွားလိုက်ပေ။
တော်ပါသေးရဲ့ မဟုတ်ရင် အရှက်ကွဲတော့မလို့.......
Seok Jin သူ့ရဲ့ကယ်တင်ရှင်ကိုကျေးဇူးတင်စကားပြောရန်အပြုံးချိုချိုလေးဖြင့်လှည့်ကြည့်မိလိုက်လျှင်.......
"Jung....Jungkook"
~~~~~~~~~~~~~~~~~~~~
3171_Words
Zawgyi....
အပိုင်း(၁၀)
"သားသတိရလာပြီလား"
".........."
"သား......"
~~~~~~~~~~~~~~~~~~~~~~~
"ဘာဖြစ်လို့လဲ"
"ဟား....တကယ့်ကောင်ဘဲ"
"Hi....အဖော်လိုနေလားဟင်"
"........"
"အင်း"
"ဘာဖြစ်...."
"ထွက်သွား!!!"
WTF!!!
"မဟုတ်ဘူးငါက"
"ပြီးရောကွာ"
~~~~~~~~~~~~~~~~~~~~~~~
"အင်း"
"အင်း"
"ငါစဉ်းစားမိပြီ"
"လန့်လိုက်တာကွာ "
"အဲ့တော့"
"ဖြစ်ပါ့မလား"
"Seok Jin...."
"အ...အင်း"
"အင်း သွားမယ်"
"မင်းကဘယ်သွားဖို့လဲ"
"မင်းဆိုင်ကရော"
"........"
"နော်....နော်လို့"
သူ့အင်္ကျီစကိုဆွဲကာပြောနေတာ​ကြောင့်သူ့မှာမရယ်ဘဲမ​နေနိုင်တာ​ကြောင်ရယ်မိသွားရသည်။
"ဟုတ်ပြီ...ဟုတ်ပြီ...ငါ့အင်္ကျီကိုအရင်လွှတ်ဦး"
Hoseok လည်း Seok Jin အင်္ကျီကိုလွှတ်ပေးလိုက်ပြီးအရင်ဆုံးအရှေ့ကနေထွက်လာခဲ့လိုက်သည်။
"အင်း"
"ဟုတ်ကဲ့ဦးလေး"
"ဟုတ် ဦးလေး"
"ဘယ်လောက်ပေးရမလဲ"
"ဘာ"
"ခင်ဗျား!!"
"မင်း!"
"Seok ah"
"မဟုတ်ပါဘူး"
"ဒါဆိုဘာလဲ"
"ဘာကွ!!!"
"အမေ့ရေ"
"Jung....Jungkook"
~~~~~~~~~~~~~~~~~~~~
Continue Reading
You'll Also Like
906K 55.4K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
1.8M 59.3K 72
In which the reader from our universe gets added to the UA staff chat For reasons the humor will be the same in both dimensions Dark Humor- Read at...
1M 39.2K 92
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
132K 3.6K 54
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...