Switch

By Hay_Mern_Ko

7.1K 747 319

When an Unexpected Change Occurred Between You and Your Rival. Start Date - 4 Oct 2023 ( Wed ) End Date - 12... More

Prologue
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Epilogue
Farewell

Chapter - 35

126 15 12
By Hay_Mern_Ko

Unicode

အပိုင်း ၃၅။ ခင်ပွန်းလောင်းနှင့်တစ်နေ့တာ

ဝမ်ရိပေါ်ဆီက ကြားသိချက်အရ ရှောင်းပါးက ဝမ်ရိပေါ်အတွက် အလုပ်စီစဉ်ပေးခဲ့သည်ဟုဆိုသည်။ အောက်ခြေက စခိုင်းခဲ့သော်ငြား သူ၏လုပ်ဆောင်ရည်အလိုက် ရာထူးများ ပေးအပ်ခဲ့သည်။ ထိုသို့နှင့် ဝမ်ရိပေါ်က ရှောင်းပါး၏ ယုံကြည်ရသည့် ကုမ္ပဏီဝန်ထမ်းတစ်ယောက်ဖြစ်လာခဲ့ပြီး တာဝန်များကို မျှယူပေးခဲ့သည်။ လစာကောင်းရလျက်နှင့်ပင် ချွေတာပြီး သုံးစွဲခဲ့သောကြောင့် ယခုတွင် ဝမ်ရိပေါ်က အတော်လေး စုမိဆောင်းမိရှိနေလေပြီ။ ထို့ကြောင့် ရှောင်းမားကလည်း သူတို့ကို သဘောတူပေးခဲ့ပြီး ယခုဆိုလျှင် ရှောင်းကျန့်တို့က စေ့စပ်ပြီးနေလေပြီ။

သူပြန်ရောက်လာကတည်းက ဝမ်ရိပေါ်က အလုပ်များနေလျှင်ပင် သူ့ကို အစာမှန်မှန်စားရဲ့လား စစ်ဆေးတတ်ပြီး အိမ်ပြန်ရောက်လျှင်လည်း သူ့အနားတွင်သာ ကပ်၍နေသည်။

" ရှောင်းက ကိုယ့်ကို အရင်လို မချစ်တော့ဘူးကွာ "

အလိုမကျသည့် ချစ်ရသူ၏ စကားသံကြောင့် ဒီဇိုင်းဆွဲရာမှာ မျောနေသည့် ရှောင်းကျန့်တစ်ယောက် စိတ်နှင့်လူနှင့် ပြန်ကပ်သွားပါတော့သည်။ ဝမ့်စကားကြောင့် သူဒီဇိုင်းဘက်တွင် အာရုံအစိုက်လွန်သွားပြီး ဝမ်ခေါ်သည်ကို စိတ်ထဲကသာပြန်ဖြေလိုက်မိမှန်း ချက်ချင်းပင်သတိရသွားသည်။ ထို့ကြောင့် သူ၏ကလေးကြီးကို ချော့ရန်အတွက် လပ်တော့ကို ပိတ်လိုက်ပြီး ဝမ်ရိပေါ်ရှိရာသို့ သွားလိုက်သည့်အခါ ဝမ်က သူ့လက်ကိုဆွဲချ၍ ပေါင်ပေါ်တွင် ထိုင်စေသည်။

" ကိုယ်ခေါ်နေတာကြာလှပြီကိုကွာ။ ရှောင်းက အကြင်နာမဲ့လိုက်တာ "

မျက်ခုံးများကို တွန့်ချိုး၍ ပြောလာသည့် ဝမ်က သူတပ်ထားသည့် မျက်မှန်ကို ချွတ်ပေး၍ နဖူးလေးကို နှိပ်နယ်ပေးသည်။

" ပုံထဲအာရုံနှစ်လိုက်မိလို့ပါ။ ဝမ့်ကို လျစ်လျူရှုမိသလိုဖြစ်သွားလား "

ပါးပြင်တစ်ဖက်ကို အနမ်းပေး၍ ချော့သည့်အခါ ပြေလျော့သွားသည့် မျက်ခုံးများကြောင့် ရှောင်းကျန့်က တိတ်တခိုးရယ်လိုက်မိပါသေးသည်။ သူတော့ တစ်နေ့တခြား ဤခင်ပွန်းလောင်းကို ချစ်မြတ်နိုးရလွန်းလို့ ဘယ်လိုလုပ်ရပါတော့မလဲ။

" ရှောင်းပစ်ထားရင် မနေတတ်တဲ့ကောင်ပါကွာ "

" သည်ယောက်ျားကို ရှောင်းကလည်း မပစ်ရက်ပါဘူး။ ချစ်ပဲချစ်တာ "

အချစ်ပိုစွာ မျက်နှာတစ်ခုလုံး တမွမွနမ်းမိသည့်အခါ သူ၏နှုတ်ခမ်းများက ဝမ်ရိပေါ်၏ နှုတ်ခမ်းများကြားတွင် ရုန်းမထွက်နိုင်ခြင်းနှင့် အဆုံးသတ်သည်။ ရှည်လျားသည့်အနမ်းများက မောဟိုက်ခြင်းနှင့်အတူ ပြီးဆုံး၏။ ဒါကိုပင် အားမရသေးပုံပေါ်သည့်ဝမ်က သူ၏စိုစွတ်နေသည့် နီရဲရဲနှုတ်ခမ်းကို အနမ်းတိုများပေးနေသေးသည်။

ချစ်ရသည့်ဝမ်က သူ၏လုပ်ဆောင်ချက်များကြောင့် ရှောင်းပါး၏ အလေးပေးမှုကို တဖြည်းဖြည်းပိုရလာခဲ့သည်။ ဒါကို မနာလိုသူများရှိသကဲ့သို့ ဝမ့်အနားသို့ ကပ်ချင်လာကြသည့် မိန်းကလေးအချို့လည်းရှိပါသေးသည်။ ထိုကဲ့သို့ အခြေအနေမျိုးမှာပင် မည်သည့်မဟုတ်မမှန်သတင်းမှ မထွက်စေသည့် ဝမ်က အပြင်လူများနှင့် ခပ်တန်းတန်းသာ ဆက်ဆံသည်ဆိုသည်က သိသာလှ၏။ သူ့ပါးကလည်း ဝမ့်အနားသို့ကပ်လာသည့်မိန်းကလေးများအပေါ် ဆက်ဆံသည့် ဝမ်၏အပြုအမူများကို သူနှင့်ရှောင်းမားအား ပြန်ပြောပြပါသည်။ ထိုအချိန်တိုင်း သူ့မှာ ရှိသမျှသွားများ ပေါ်သည်အထိ ပြုံးနေမိလွန်းလို့ မိဘများ၏စနောက်မှုများကိုပါ ခံရပါသေးသည်။ မည်သူနှင့်ယှဉ်ယှဉ် ဝမ်၏ရွေးချယ်မှုက သူပဲဖြစ်နေသည့်အခါ အတိုင်းအဆမဲ့ပျော်ရပါသည်။

တင်းတောင်။

မနက်ခင်းစောစောစီးစီးတွင် ဝမ်၏ရင်ခွင်ထဲတွင် အနားယူနေသည့် ရှောင်းကျန့်က တံခါးဘဲလ်အသံကြောင့် နိုးလာ၏။ တစ်ချိန်တည်းမှာပဲ မျက်မှောင်လေးကြုတ်လိုက်မိသည်။

" စောသေးတယ် ရှောင်း။ ဆက်အိပ်နေဦး။ ဘယ်သူလာတာလဲ ကိုယ်သွားကြည့်လိုက်မယ် "

နဖူးပြင်လေးမှ ခပ်နွေးနွေးအထိအတွေ့ကြောင့် ရှောင်းကျန့်၏ စိတ်မကြည်လင်မှုများက လွင့်စင်သွားရပြီး အပြုံးလေးတစ်ခု ပေါ်ပေါက်လာပါတော့သည်။ ဝမ့်စကားကို ခေါင်းညိတ်၍တုံ့ပြန်သည့်အခါ ဝမ်က ရှောင်းကျန့်ကို ဖက်ထားရာမှ ခွာ၍ အိပ်ရာပေါ်မှ ထသွားလေသည်။ ရှောင်းကျန့်ကတော့ ဘေးဘက်သို့ ပို့ခံထားရသည့်ဖက်လုံးကို ဆွဲယူဖက်၍ ပြန်အိပ်လိုက်ပါတော့သည်။

" မနက်က ဘယ်သူလာတာလဲ "

မနက်ကိုးနာရီမှ အိပ်ချင်မူးတူးနှင့်ထလာသည့်ရှောင်းကျန့်က ဆံပင်များသည်လည်း ထိုးထိုးထောင်ထောင်။

" မင်္ဂလာဆောင်ဖိတ်စာလာပို့တာပါ "

" ဟင် ဘယ်သူမင်္ဂလာဆောင်တာလဲ "

" မော့ပေကျစ်တို့လေ "

အကြောများဆန့်နေသည့်ရှောင်းကျန့်က ဝမ်ရိပေါ်၏စကားကြောင့် လက်များကို ပြန်ချလိုက်သည်။

" သူ့အစ်ကိုနဲ့လား "

" ကိုယ့်ကလေးလေးက တော်လိုက်တာ "

ဆံပင်များကို ပွတ်သပ်လာသည့် ဝမ်ရိပေါ်၏လက်ကို ငြိမ်သက်စွာခံယူနေသည့် ရှောင်းကျန့်က တစ်ချိန်က ဆံပင်အကိုင်မခံခဲ့သူမဟုတ်သည့်အတိုင်း။

" သူတို့တောင် လက်ထပ်ကြပြီပဲ "

" ကိုယ့်ရဲ့ရှောင်းက ကိုယ့်ကို လက်ထပ်ဖို့ မစောင့်နိုင်တော့ဘူးလား "

" မစောင့်ချင်တော့ဘူး "

နှာလေးတစ်ချက်မှုတ်ကာပြောလာသည့်ရှောင်းကျန့်ကို ဝမ်ရိပေါ်က အသည်းယားစွာနှင့် ပါးလေးကို ဖျစ်ညှစ်မိလိုက်သည်။ သူ့မြတ်နိုးရာလေးက တကယ့်ကို ကလေးလေးပါပင်။

" ကိုယ့်မှာ ကားလည်းရှိပြီ။ အိမ်လည်းရှိပြီ။ ကိုယ်ပိုင်စီးပွားရေးလည်း စနိုင်နေပြီ။ ရှောင်းပြောကြည့်။ ကိုယ်တို့လက်ထပ်ဖို့ ဘာလိုသေးလဲလို့ "

" မင်္ဂလာလက်စွပ် "

" အခုပဲ သွားဝယ်မလား "

သူချီလိုက်သည့်အခါ ကုပ်ကုပ်ကလေးပါလာသည့် ရှောင်းက ခန္ဓာကိုယ်သိပ်မပြောင်းလဲသောကြောင့် ယခင်ကလို ပိန်ပိန်သွယ်သွယ်လေးသာ။ သူကသာ နေ့စဉ်မပြတ် လေ့ကျင့်ခန်းလုပ်ဖြစ်သောကြောင့် အရင်ကထက် ခန္ဓာကိုယ်ကြီးလာ၍ ရှောင်းက သူ့ရင်ခွင်ထဲမှာ နစ်မြုပ်နေလေ၏။

" ဟင့်အင်း ကိုယ်တိုင်ဒီဇိုင်းဆွဲမယ်။ ဘယ်သူနဲ့မှ မတူမယ့်ဒီဇိုင်းမျိုး "

သူ့အတွေးကို ထုတ်ပြောလာသည့် ရှောင်းကျန့်က သဘောတကျနှင့်ရယ်ပါသေးသည်။

" ဒါဆို သည်ဒီဇိုင်နာလေးရဲ့ဦးနှောက်ကိုငှားရမ်းခ ဘယ်လောက်ပေးရမလဲ "

" ဒီဇိုင်နာရှောင်းကျန့်ကို ငှားတာက ဈေးကြီးတယ်နော်။ တစ်ခေါက်ထပ်စဉ်းစားဦးမလား သူဌေးဝမ် "

" ကိုယ်ပိုင်သမျှက ဒီဇိုင်နာလေးအတွက်ပဲမလား။ ဘာကိုထပ်စဉ်းစားရဦးမှာလဲ "

" သူဌေးဝမ်ပိုင်တာတွေနဲ့တင်မလောက်ဘူးနော်။ အကြွေးကို တစ်သက်လုံးဆပ်သွားရမှာ။ သူဌေးဝမ်ရဲ့ အချစ်တွေနဲ့ "

လက်တစ်ဖက်ဖြင့် ဝမ်ရိပေါ်၏လည်တိုင်ကို ဖက်တွယ်ထားသည့်ရှောင်းကျန့်က ကျန်လက်တစ်ဖက်နှင့် ဝမ်ရိပေါ်၏ ရင်ဘတ်ကို လက်ညိုးလေးတထိုးထိုးဖြင့်ပြောသည်။

" ဒါဆို နေ့တိုင်းဆပ်ပေးရမှာပေါ့ "

" သေချာတာပေါ့ "

မျက်ဝန်းကြည်ကြည်များဖြင့် မော့ကြည့်လိုက်သည့်အခါ ဝမ်ရိပေါ်က သူ့နှုတ်ခမ်းများကို နမ်းလာသည်မို့ ရှောင်းကျန့်က ဝမ့်ကိုယ်ပေါ်မှဆင်းပြီး ရင်ဘတ်ကိုတွန်းဖယ်ရသည်။ သူမျက်နှာမသစ်ရသေးသည်မို့။

" မျက်နှာသစ်ပြီးမှအကြွေးဆက်ဆပ် "

ပြောရင်း ရေချိုးခန်းထဲသို့ ဝင်သွားသည့်ရှောင်းကျန့်က မျက်နှာသစ်ပြီးသည်နှင့် အဆင်သင့်သွားတိုက်ဆေးထည့်ထားသည့်သွားတိုက်တံကိုယူ၍ တိုက်သည်။

ဝမ်ကအမြဲသည်လိုပါပင်။ အသေးအမွှားလေးများကအစ နေ့စဉ်မမေ့မလျော့ဂရုစိုက်ပြင်ဆင်ပေးသည်။ ထိုလူသား၏အချစ်ကို ရထားသည့် သူက အတော်လေးကို ကံကောင်း၍ဖြစ်မည်။ နောင်ဘဝဆက်တိုင်းလည်း ဤကဲ့သို့ ကံကောင်းချင်ပါ၏။

*  *  *  *  *

Zawgyi

အပိုင္း ၃၅။ ခင္ပြန္းေလာင္းႏွင့္တစ္ေန႕တာ

ဝမ္ရိေပၚဆီက ၾကားသိခ်က္အရ ေရွာင္းပါးက ဝမ္ရိေပၚအတြက္ အလုပ္စီစဥ္ေပးခဲ့သည္ဟုဆိုသည္။ ေအာက္ေျခက စခိုင္းခဲ့ေသာ္ျငား သူ၏လုပ္ေဆာင္ရည္အလိုက္ ရာထူးမ်ား ေပးအပ္ခဲ့သည္။ ထိုသို႔ႏွင့္ ဝမ္ရိေပၚက ေရွာင္းပါး၏ ယုံၾကည္ရသည့္ ကုမၸဏီဝန္ထမ္းတစ္ေယာက္ျဖစ္လာခဲ့ၿပီး တာဝန္မ်ားကို မွ်ယူေပးခဲ့သည္။ လစာေကာင္းရလ်က္ႏွင့္ပင္ ေခြၽတာၿပီး သုံးစြဲခဲ့ေသာေၾကာင့္ ယခုတြင္ ဝမ္ရိေပၚက အေတာ္ေလး စုမိေဆာင္းမိရွိေနေလၿပီ။ ထို႔ေၾကာင့္ ေရွာင္းမားကလည္း သူတို႔ကို သေဘာတူေပးခဲ့ၿပီး ယခုဆိုလွ်င္ ေရွာင္းက်န့္တို႔က ေစ့စပ္ၿပီးေနေလၿပီ။

သူျပန္ေရာက္လာကတည္းက ဝမ္ရိေပၚက အလုပ္မ်ားေနလွ်င္ပင္ သူ႕ကို အစာမွန္မွန္စားရဲ႕လား စစ္ေဆးတတ္ၿပီး အိမ္ျပန္ေရာက္လွ်င္လည္း သူ႕အနားတြင္သာ ကပ္၍ေနသည္။

" ေရွာင္းက ကိုယ့္ကို အရင္လို မခ်စ္ေတာ့ဘူးကြာ "

အလိုမက်သည့္ ခ်စ္ရသူ၏ စကားသံေၾကာင့္ ဒီဇိုင္းဆြဲရာမွာ ေမ်ာေနသည့္ ေရွာင္းက်န့္တစ္ေယာက္ စိတ္ႏွင့္လူႏွင့္ ျပန္ကပ္သြားပါေတာ့သည္။ ဝမ့္စကားေၾကာင့္ သူဒီဇိုင္းဘက္တြင္ အာ႐ုံအစိုက္လြန္သြားၿပီး ဝမ္ေခၚသည္ကို စိတ္ထဲကသာျပန္ေျဖလိုက္မိမွန္း ခ်က္ခ်င္းပင္သတိရသြားသည္။ ထို႔ေၾကာင့္ သူ၏ကေလးႀကီးကို ေခ်ာ့ရန္အတြက္ လပ္ေတာ့ကို ပိတ္လိုက္ၿပီး ဝမ္ရိေပၚရွိရာသို႔ သြားလိုက္သည့္အခါ ဝမ္က သူ႕လက္ကိုဆြဲခ်၍ ေပါင္ေပၚတြင္ ထိုင္ေစသည္။

" ကိုယ္ေခၚေနတာၾကာလွၿပီကိုကြာ။ ေရွာင္းက အၾကင္နာမဲ့လိုက္တာ "

မ်က္ခုံးမ်ားကို တြန့္ခ်ိဳး၍ ေျပာလာသည့္ ဝမ္က သူတပ္ထားသည့္ မ်က္မွန္ကို ခြၽတ္ေပး၍ နဖူးေလးကို ႏွိပ္နယ္ေပးသည္။

" ပုံထဲအာ႐ုံႏွစ္လိုက္မိလို႔ပါ။ ဝမ့္ကို လ်စ္လ်ဴရႈမိသလိုျဖစ္သြားလား "

ပါးျပင္တစ္ဖက္ကို အနမ္းေပး၍ ေခ်ာ့သည့္အခါ ေျပေလ်ာ့သြားသည့္ မ်က္ခုံးမ်ားေၾကာင့္ ေရွာင္းက်န့္က တိတ္တခိုးရယ္လိုက္မိပါေသးသည္။ သူေတာ့ တစ္ေန႕တျခား ဤခင္ပြန္းေလာင္းကို ခ်စ္ျမတ္နိုးရလြန္းလို႔ ဘယ္လိုလုပ္ရပါေတာ့မလဲ။

" ေရွာင္းပစ္ထားရင္ မေနတတ္တဲ့ေကာင္ပါကြာ "

" သည္ေယာက္်ားကို ေရွာင္းကလည္း မပစ္ရက္ပါဘူး။ ခ်စ္ပဲခ်စ္တာ "

အခ်စ္ပိုစြာ မ်က္ႏွာတစ္ခုလုံး တမြမြနမ္းမိသည့္အခါ သူ၏ႏႈတ္ခမ္းမ်ားက ဝမ္ရိေပၚ၏ ႏႈတ္ခမ္းမ်ားၾကားတြင္ ႐ုန္းမထြက္နိုင္ျခင္းႏွင့္ အဆုံးသတ္သည္။ ရွည္လ်ားသည့္အနမ္းမ်ားက ေမာဟိုက္ျခင္းႏွင့္အတူ ၿပီးဆုံး၏။ ဒါကိုပင္ အားမရေသးပုံေပၚသည့္ဝမ္က သူ၏စိုစြတ္ေနသည့္ နီရဲရဲႏႈတ္ခမ္းကို အနမ္းတိုမ်ားေပးေနေသးသည္။

ခ်စ္ရသည့္ဝမ္က သူ၏လုပ္ေဆာင္ခ်က္မ်ားေၾကာင့္ ေရွာင္းပါး၏ အေလးေပးမႈကို တျဖည္းျဖည္းပိုရလာခဲ့သည္။ ဒါကို မနာလိုသူမ်ားရွိသကဲ့သို႔ ဝမ့္အနားသို႔ ကပ္ခ်င္လာၾကသည့္ မိန္းကေလးအခ်ိဳ႕လည္းရွိပါေသးသည္။ ထိုကဲ့သို႔ အေျခအေနမ်ိဳးမွာပင္ မည္သည့္မဟုတ္မမွန္သတင္းမွ မထြက္ေစသည့္ ဝမ္က အျပင္လူမ်ားႏွင့္ ခပ္တန္းတန္းသာ ဆက္ဆံသည္ဆိုသည္က သိသာလွ၏။ သူ႕ပါးကလည္း ဝမ့္အနားသို႔ကပ္လာသည့္မိန္းကေလးမ်ားအေပၚ ဆက္ဆံသည့္ ဝမ္၏အျပဳအမူမ်ားကို သူႏွင့္ေရွာင္းမားအား ျပန္ေျပာျပပါသည္။ ထိုအခ်ိန္တိုင္း သူ႕မွာ ရွိသမွ်သြားမ်ား ေပၚသည္အထိ ၿပဳံးေနမိလြန္းလို႔ မိဘမ်ား၏စေနာက္မႈမ်ားကိုပါ ခံရပါေသးသည္။ မည္သူႏွင့္ယွဥ္ယွဥ္ ဝမ္၏ေ႐ြးခ်ယ္မႈက သူပဲျဖစ္ေနသည့္အခါ အတိုင္းအဆမဲ့ေပ်ာ္ရပါသည္။

တင္းေတာင္။

မနက္ခင္းေစာေစာစီးစီးတြင္ ဝမ္၏ရင္ခြင္ထဲတြင္ အနားယူေနသည့္ ေရွာင္းက်န့္က တံခါးဘဲလ္အသံေၾကာင့္ နိုးလာ၏။ တစ္ခ်ိန္တည္းမွာပဲ မ်က္ေမွာင္ေလးၾကဳတ္လိုက္မိသည္။

" ေစာေသးတယ္ ေရွာင္း။ ဆက္အိပ္ေနဦး။ ဘယ္သူလာတာလဲ ကိုယ္သြားၾကည့္လိုက္မယ္ "

နဖူးျပင္ေလးမွ ခပ္ႏြေးႏြေးအထိအေတြ႕ေၾကာင့္ ေရွာင္းက်န့္၏ စိတ္မၾကည္လင္မႈမ်ားက လြင့္စင္သြားရၿပီး အၿပဳံးေလးတစ္ခု ေပၚေပါက္လာပါေတာ့သည္။ ဝမ့္စကားကို ေခါင္းညိတ္၍တုံ႕ျပန္သည့္အခါ ဝမ္က ေရွာင္းက်န့္ကို ဖက္ထားရာမွ ခြာ၍ အိပ္ရာေပၚမွ ထသြားေလသည္။ ေရွာင္းက်န့္ကေတာ့ ေဘးဘက္သို႔ ပို႔ခံထားရသည့္ဖက္လုံးကို ဆြဲယူဖက္၍ ျပန္အိပ္လိုက္ပါေတာ့သည္။

" မနက္က ဘယ္သူလာတာလဲ "

မနက္ကိုးနာရီမွ အိပ္ခ်င္မူးတူးႏွင့္ထလာသည့္ေရွာင္းက်န့္က ဆံပင္မ်ားသည္လည္း ထိုးထိုးေထာင္ေထာင္။

" မဂၤလာေဆာင္ဖိတ္စာလာပို႔တာပါ "

" ဟင္ ဘယ္သူမဂၤလာေဆာင္တာလဲ "

" ေမာ့ေပက်စ္တို႔ေလ "

အေၾကာမ်ားဆန့္ေနသည့္ေရွာင္းက်န့္က ဝမ္ရိေပၚ၏စကားေၾကာင့္ လက္မ်ားကို ျပန္ခ်လိဳက္သည္။

" သူ႕အစ္ကိုနဲ႕လား "

" ကိုယ့္ကေလးေလးက ေတာ္လိုက္တာ "

ဆံပင္မ်ားကို ပြတ္သပ္လာသည့္ ဝမ္ရိေပၚ၏လက္ကို ၿငိမ္သက္စြာခံယူေနသည့္ ေရွာင္းက်န့္က တစ္ခ်ိန္က ဆံပင္အကိုင္မခံခဲ့သူမဟုတ္သည့္အတိုင္း။

" သူတို႔ေတာင္ လက္ထပ္ၾကၿပီပဲ "

" ကိုယ့္ရဲ႕ေရွာင္းက ကိုယ့္ကို လက္ထပ္ဖို႔ မေစာင့္နိုင္ေတာ့ဘူးလား "

" မေစာင့္ခ်င္ေတာ့ဘူး "

ႏွာေလးတစ္ခ်က္မႈတ္ကာေျပာလာသည့္ေရွာင္းက်န့္ကို ဝမ္ရိေပၚက အသည္းယားစြာႏွင့္ ပါးေလးကို ဖ်စ္ညွစ္မိလိုက္သည္။ သူ႕ျမတ္နိုးရာေလးက တကယ့္ကို ကေလးေလးပါပင္။

" ကိုယ့္မွာ ကားလည္းရွိၿပီ။ အိမ္လည္းရွိၿပီ။ ကိုယ္ပိုင္စီးပြားေရးလည္း စနိုင္ေနၿပီ။ ေရွာင္းေျပာၾကည့္။ ကိုယ္တို႔လက္ထပ္ဖို႔ ဘာလိုေသးလဲလို႔ "

" မဂၤလာလက္စြပ္ "

" အခုပဲ သြားဝယ္မလား "

သူခ်ီလိုက္သည့္အခါ ကုပ္ကုပ္ကေလးပါလာသည့္ ေရွာင္းက ခႏၶာကိုယ္သိပ္မေျပာင္းလဲေသာေၾကာင့္ ယခင္ကလို ပိန္ပိန္သြယ္သြယ္ေလးသာ။ သူကသာ ေန႕စဥ္မျပတ္ ေလ့က်င့္ခန္းလုပ္ျဖစ္ေသာေၾကာင့္ အရင္ကထက္ ခႏၶာကိုယ္ႀကီးလာ၍ ေရွာင္းက သူ႕ရင္ခြင္ထဲမွာ နစ္ျမဳပ္ေနေလ၏။

" ဟင့္အင္း ကိုယ္တိုင္ဒီဇိုင္းဆြဲမယ္။ ဘယ္သူနဲ႕မွ မတူမယ့္ဒီဇိုင္းမ်ိဳး "

သူ႕အေတြးကို ထုတ္ေျပာလာသည့္ ေရွာင္းက်န့္က သေဘာတက်ႏွင့္ရယ္ပါေသးသည္။

" ဒါဆို သည္ဒီဇိုင္နာေလးရဲ႕ဦးႏွောက္ကိုငွားရမ္းခ ဘယ္ေလာက္ေပးရမလဲ "

" ဒီဇိုင္နာေရွာင္းက်န့္ကို ငွားတာက ေဈးႀကီးတယ္ေနာ္။ တစ္ေခါက္ထပ္စဥ္းစားဦးမလား သူေဌးဝမ္ "

" ကိုယ္ပိုင္သမွ်က ဒီဇိုင္နာေလးအတြက္ပဲမလား။ ဘာကိုထပ္စဥ္းစားရဦးမွာလဲ "

" သူေဌးဝမ္ပိုင္တာေတြနဲ႕တင္မေလာက္ဘူးေနာ္။ အေႂကြးကို တစ္သက္လုံးဆပ္သြားရမွာ။ သူေဌးဝမ္ရဲ႕ အခ်စ္ေတြနဲ႕ "

လက္တစ္ဖက္ျဖင့္ ဝမ္ရိေပၚ၏လည္တိုင္ကို ဖက္တြယ္ထားသည့္ေရွာင္းက်န့္က က်န္လက္တစ္ဖက္ႏွင့္ ဝမ္ရိေပၚ၏ ရင္ဘတ္ကို လက္ညိုးေလးတထိုးထိုးျဖင့္ေျပာသည္။

" ဒါဆို ေန႕တိုင္းဆပ္ေပးရမွာေပါ့ "

" ေသခ်ာတာေပါ့ "

မ်က္ဝန္းၾကည္ၾကည္မ်ားျဖင့္ ေမာ့ၾကည့္လိုက္သည့္အခါ ဝမ္ရိေပၚက သူ႕ႏႈတ္ခမ္းမ်ားကို နမ္းလာသည္မို႔ ေရွာင္းက်န့္က ဝမ့္ကိုယ္ေပၚမွဆင္းၿပီး ရင္ဘတ္ကိုတြန္းဖယ္ရသည္။ သူမ်က္ႏွာမသစ္ရေသးသည္မို႔။

" မ်က္ႏွာသစ္ၿပီးမွအေႂကြးဆက္ဆပ္ "

ေျပာရင္း ေရခ်ိဳးခန္းထဲသို႔ ဝင္သြားသည့္ေရွာင္းက်န့္က မ်က္ႏွာသစ္ၿပီးသည္ႏွင့္ အဆင္သင့္သြားတိုက္ေဆးထည့္ထားသည့္သြားတိုက္တံကိုယူ၍ တိုက္သည္။

ဝမ္ကအၿမဲသည္လိုပါပင္။ အေသးအမႊားေလးမ်ားကအစ ေန႕စဥ္မေမ့မေလ်ာ့ဂ႐ုစိုက္ျပင္ဆင္ေပးသည္။ ထိုလူသား၏အခ်စ္ကို ရထားသည့္ သူက အေတာ္ေလးကို ကံေကာင္း၍ျဖစ္မည္။ ေနာင္ဘဝဆက္တိုင္းလည္း ဤကဲ့သို႔ ကံေကာင္းခ်င္ပါ၏။

*  *  *  *  *

Continue Reading

You'll Also Like

235K 11.8K 91
Being flat broke is hard. To overcome these hardships sometimes take extreme measures, such as choosing to become a manager for the worst team in Blu...
320K 18.5K 33
အခ်စ္​တဲ့လား အဲ့အရာကို က္​ိုကိုနဲ႔​ေတြ႔မွ ကြၽန္​​ေတာ္​ ခံစားဖူးခဲ့တာ❤
151K 3.3K 11
Penny, a young beta, no pack, no family. A orphan, beta. She was grabbed by the Alphas, she won't kill. The alphas keep her for one reason she's inno...
1.2M 58K 83
"The only person that can change Mr. Oberois is their wives Mrs. Oberois". Oberois are very rich and famous, their business is well known, The Oberoi...