Switch

By Hay_Mern_Ko

7K 747 319

When an Unexpected Change Occurred Between You and Your Rival. Start Date - 4 Oct 2023 ( Wed ) End Date - 12... More

Prologue
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 34
Chapter - 35
Epilogue
Farewell

Chapter - 33

219 23 20
By Hay_Mern_Ko

Unicode

အပိုင်း ၃၃။ ထူးဆန်းသည့်ကောင်မလေး

ရှောင်းမားက ရှောင်းကျန့်နှင့် ဝမ်ရိပေါ်တို့ မူလအတိုင်းပြန်ဖြစ်စေရေးအတွက် အတတ်နိုင်ဆုံးကြိုးစားပေးပါသော်ငြား သူတို့လိုချင်သည့်သကြားလုံးပုံစံမျိုးကို ဘယ်မှာမှရှာမတွေ့ပါချေ။ အထက်လမ်းဆရာပေါင်းမျိုးစုံနှင့်ဆက်သွယ်ပြီး သူတို့နည်းလမ်းများအတိုင်း ကြိုးစားဆောင်ရွက်ခဲ့ပါသော်ငြား ထိုလုပ်ငန်းစဉ်ကလည်း အရာမရောက်ပါချေ။ ရှောင်းမားက သူတို့အတွက် အလွန်ကိုစိတ်မကောင်းဖြစ်နေပြီး တစ်သက်လုံးပြန်မပြောင်းနိုင်တော့ပါလျှင် ဝမ်ရိပေါ်ခန္ဓာနှင့်နေနေရသည့်ရှောင်းကျန့်ကို ခေါ်ထားမည်တကဲကဲလုပ်နေသောကြောင့် ရှောင်းကျန့်မှာ ဆက်လက်စောင့်ကြည့်ရန် တားနေရပါသေးသည်။

ဤကိစ္စများကို ရှောင်းပါးနှင့် အဖေဝမ်တို့ကတော့ လုံးလုံးမသိသေးပါချေ။ ရှောင်းပါးက ကုမ္ပဏီချဲ့တွင်ရေးအတွက်အလုပ်များနေခဲ့ပြီး အဖေဝမ်မှာလည်း အလုပ်များစွာလုပ်၍ ဆပ်လို့ကြေတော့မည့်အကြွေးများကိုဆပ်ရန်ကြိုးစားသည်။ သူတို့မှာ ကိုယ့်အပူနှင့်ကိုယ်ဖြစ်နေသောကြောင့် ရှောင်းကျန့်တို့က တိုင်ပင်ပြီး လျှို့ဝှက်ချက်ကို သူတို့အား ပေးမသိခြင်းဖြစ်သည်။

သူတို့ဆက်ဆံရေးကလည်း အရင်တစ်ခေါက်အထင်လွဲမှုပြီးကတည်းက ရှင်းရှင်းလင်းလင်းဖြစ်သွား​လေသည်။ သို့သော် မိသားစုဝင်များကိုတော့ အသိမပေးရသေးပါချေ။ ဝမ်ရိပေါ်ကလည်း ဤနောက်ပိုင်းမှစပြီး ညအိပ်ချိန်မှလွဲ၍ ရှောင်းကျန့်ရှိရာတွင်သာ လာနေနေတတ်သည်။

ဒေါက် ဒေါက်။

ထွက်ပေါ်လာသည့် တံခါးခေါက်သံတစ်ခုကြောင့် အိမ်တွင် ဝမ်ရိပေါ်နှင့်အတူ နေ့လည်စာစားနေသည့် ရှောင်းကျန့်က တစ်ယောက်နှင့်တစ်ယောက် ပြိုင်တူကြည့်လိုက်ရကြသည်။ အချိန်ကိုကြည့်လိုက်သည့်အခါ အဖေဝမ်ပြန်လာချိန်မဟုတ်သေးသောကြောင့် ရှောင်းကျန့်က မျက်ခုံးလေးများကိုကျုံ့၍ တံခါးသွားဖွင့်လိုက်သည့်အခါ ကျစ်ဆံမြီးကို နှစ်ဖက်ခွဲကျစ်ထားသည့် မိန်းမငယ်လေးတစ်​ယောက်ကို တွေ့လိုက်ရသည်။ ရှောင်းကျန့်၏ မျက်နှာက ပို၍ပင်အလိုမကျဖြစ်လာပါ​တော့၏။ ဝမ်ရိပေါ်ကို လှည့်ကြည့်လိုက်သည့်အခါ ဝမ်ရိပေါ်က သူမသိကြောင်း ခေါင်းခါပြတာမို့ ရှောင်းကျန့်က အနည်းငယ်စိတ်လျှော့လိုက်သည်။

" ဟယ်လို! ညီမက အစ်ကိုတို့ကို ကူညီပေးဖို့ရောက်လာတာပါ။ စိတ်မပူပါနဲ့။ ညီမက သည်ကအစ်ကိုနှစ်ယောက်လုံးနဲ့ ဘာမှမပက်သတ်ပါဘူးနော် "

သူတို့နှစ်ယောက်၏အကြည့်ကိုနားလည်ပုံရသည့်ကောင်မလေးက အပြုံးနှင့်အတူ တက်တက်ကြွကြွပြောလာသည့်အခါ ရှောင်းကျန့်ကပဲ ရှက်ပြုံးပြုံးလိုက်ရသည်။ အရမ်းသိသာသွားတာလား။

" အစ်ကိုတို့ ဘာအကူအညီမှမခေါ်ထားဘူးထင်တယ်နော်။ ညီမလေး အိမ်မှားတာလား "

ထိုအခါ ကောင်မလေးက ခြေလှမ်းအနည်းငယ်ဆုတ်၍ တံခါးမကြီး၏ဘေးရှိအိမ်နံပါတ်ကတ်ပြားကို သေချာအောင်ပြန်ကြည့်သည်။

" မမှားပါဘူး။ သည်အိမ်ပါပဲ "

" .... "

" ဒါလေး လာပေးတာပါ။ အဆင်ပြေကြပါစေနော် "

ရှောင်းကျန့်က လက်ထဲသို့ရောက်လာသည့် ချိုချဉ်ကိုမြင်ပြီးနောက် မျက်ဝန်းများက ဝိုင်းစက်သွားပါတော့သည်။

" ဝမ်ရိပေါ်... "

တအံ့တဩနှင့်ဝမ်ရိပေါ်ကို ခေါ်လိုက်သည့်အခါ မျက်မှောင်ကြုတ်ထားသည့်ဝမ်ရိပေါ်က မျက်ခုံးများကို ဖြေလျော့လိုက်ပြီး ရှောင်းကျန့်နားသို့ ရောက်လာသည်။ လက်ထဲမှ ချိုချဉ်ကို မြင်သည့်အခါ သူတို့က တစ်ယောက်ကိုယ်တစ်ယောက် ထပ်မံကြည့်လိုက်ကြပြီး ထွက်သွားသည့်ကောင်မလေးကို ​လှည့်ကြည့်ကြပြန်သည်။

ဝမ်ရိပေါ် ထိုကောင်မလေးကို ဘယ်မှာတွေ့ခဲ့ဖူးလဲ စဉ်းစားလို့ရပြီထင်သည်။ ထိုကောင်မလေးက သူ့စက်ဘီးနှင့်တိုက်မိခဲ့သည့် ကလေးမလေးဖြစ်သည်။ အချိန်တိုအတွင်း အသက်အရွယ်ကွာခြားသွားမှုကြောင့်သာ ရုတ်တရက်မမှတ်မိခဲ့ခြင်းဖြစ်ပေလိမ့်မည်။ အတွေးနှင့်အတူ ဝမ်ရိပေါ်၏ ဦးနှောက်က တော်တော်လေးကို ရှုပ်ထွေးသွားသည်။ ကမ္ဘာပေါ်မှ သူတို့နားမလည်နိုင်သည့်အရာများက အလွန်ကိုများပြားလွန်းလှသည်ဟု တိတ်တဆိတ်တွေးလိုက်မိသည်။

ရှောင်းကျန့်တို့အိမ်မှ ထွက်လာသည့်ကောင်မလေးက လေထုနှင့်စကားပြောနေပုံရသည်။

" ဒါဆို မစ်ရှင်အောင်ပြီမလား "

" .... "

" သည်ကမ္ဘာပြီးရင် ပြန်မွေးဖွားလို့ရမှာသေချာတယ်မလား "

" .... "

" အိုကေ ဒါဆို သွားကြတာပေါ့ "

သိပ်မကြာခင်မှာပင် ထိုကောင်မလေးက လေထုထဲမှ ရုတ်ချည်းဆိုသလို ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့ပြီး သူပျောက်ကွယ်သွားသည့်နေရာက စီစီတီဗီဟာလည်း ထိုအချိန်ကို ကွက်ကျော်သွားပြီးမှ မှတ်တမ်းပြန်စပါတော့သည်။

" ငါ...ငါတို့ ပြန်ပြောင်းသွားပြီ "

မှန်ကိုကြည့်၍ ပျော်ရွှင်သွားပုံရသည့် ရှောင်းကျန့်က ဝမ်ရိပေါ်၏ရင်ခွင်ထဲသို့ ဝင်ရောက်၍ ခုန်ပေါက်နေပါတော့သည်။ သူက တစ်သက်လုံး ပြန်မပြောင်းနိုင်တော့ဘူးလို့ ထင်ထားခဲ့သည်မလား။ သူ့ရင်ထဲတွင် အချိန်ကြာရှည်စွာတည်ရှိနေခဲ့သည့် အလေးတုံးကြီးက ယခုမှ အငွေ့အဖြစ်ပြောင်းလဲပျောက်ကွယ်သလိုခံစားလိုက်ရတာကြောင့် သူ့စိတ်သည်လည်းပေါ့ပါးသွားပါတော့သည်။

ဝမ်ရိပေါ်က ရှောင်းကျန့်မျက်နှာလေးကို မော့၍ အနမ်းများကို ပြန်ဆက်သည်။ စောနအနမ်းက သူတို့ခန္ဓာကိုယ်ပြန်ပြောင်းရေးအတွက်ဖြစ်ပါသော်ငြား ယခုအနမ်းကတော့ သူတို့နှစ်ဦးကြားမှ အချစ်ရေးအတွက် ဖြစ်ပါလိမ့်မည်။ ချိုချဉ်အရသာတွယ်ငြိနေသည့်အနမ်းက ပုံမှန်ထက်ပင် ချိုမြိန်နေပါတော့၏။

ယခုတွင်တော့ သူတို့နှစ်ယောက်လုံးက သူတို့နှင့်သက်ဆိုင်ရာ မူလမိသားစုနှင့် ပြန်လည်အတူနေနိုင်ပြီဖြစ်သည်။ သူတို့ပြဿနာများ အဆင်ပြေသွားကြောင်းကို မိသားစုဝင်များကို ပြောပြသည့်အခါ သူတို့အကြောင်းသိထားသူများက ဝမ်းသာသွားကြပါသော်ငြား မသိသူက ယောင်လည်လည်ဖြစ်နေသည်မို့ ရှောင်းကျန့်က ရှင်းပြရပါသေးသည်။ ထိုအခါ တစ်မိသားစုလုံးမှာ သူတစ်ယောက်တည်း ထိုကိစ္စကို မသိကြောင်း သိသွားရသည့် ရှောင်းပါးကတော့ ရှောင်းမားနှင့် ရှောင်းကျန့်ကို စိတ်ဆိုးပါတော့၏။ ကြာကြာစိတ်မဆိုးနိုင်သည့် ရှောင်းပါးက ရှောင်းမား၏နှစ်သိမ့်အနမ်းနှင့်တင် စိတ်ပြေသွားရပြီး ရှောင်းကျန့်ကိုတော့ နောက်ခါထိုကဲ့သို့ကိစ္စကြီးများကို မကွယ်ဝှက်ထားဖို့ ဆုံးမပါတော့သည်။ ဓာတ်ပြားဖွင့်ထားသကဲ့သို့ ဆုံးမမှုကြီးကို နားထောင်ရသည့် ရှောင်းကျန့်က ခေါင်းလေးကို ပုတ်သင်ညိုကဲ့သို့ တဆတ်ဆတ်ညိတ်ပြရုံသာတတ်နိုင်ပါတော့သည်။ ထိုအကြောင်းကို ဝမ်ရိပေါ်ကို ပြောပြသည့်အခါ ဝမ်ရိပေါ်က သူ့အဖေလည်း သူ့ကို စိတ်ဆိုးသွားခဲ့ကြောင်း ပြောပြခဲ့သည်မို့ သူတို့မှာ သူတို့၏အဖေများအကြောင်းပြောရင်း ရယ်ခဲ့ရပါသေးသည်။

" ရှောင်း ကျောင်းဆင်းရင် ရုပ်ရှင်သွားကြည့်ချင်လား "

နှုတ်ခမ်းလေးတွန့်ပြီး စဉ်းစားနေပုံရသည့်ရှောင်းကျန့်က ခေတ္တအကြာတွင် ခေါင်းညိတ်၍လက်ခံခဲ့သည်။ အနှီကောင်လေးက ချစ်စရာကောင်းလွန်းလို့ ဝမ်ရိပေါ်၏အသည်းများကတော့ တဖြုတ်ဖြုတ်ကြွေကျကုန်ပြီထင်ပါရဲ့။ ပါးလေးကို ဖိကပ်နမ်းချင်စိတ်ကို အတန်းထဲမှာဆိုသည့်စိတ်နှင့်ပဲ နှုတ်ခမ်းကိုကိုက်၍ သည်းခံနေရသည်။ တစ်ချိန်က လူပေါ်ကြော့သူဌေးသားများကို မုန်းတီးခဲ့သည့်သူက တကယ်တမ်းချစ်မိသွားသူက သူဌေးသားလေး ဖြစ်နေသည့်အခါ ဘယ်လိုလုပ်ရပါ့မလဲ။

" ဝမ်ရိပေါ် သည်ဆရာသင်နေတဲ့စာက ကျောက်သင်ပုန်းပေါ်မှာ! ရှောင်းကျန့်မျက်နှာပေါ်မှာ စာမရှိဘူး! "

စာသင်နေချိန် ရှောင်းကျန့်ကို တိတ်တခိုးကြည့်မိရာ အကြည့်မလွှဲနိုင်တော့သည့်သူက ယခုတော့ အတန်းရှေ့တွင် မတ်တပ်ရပ်ရန်အပြစ်ပေးခံရပါတော့သည်။ သူ့အသည်းသက်ညှာလေးကတော့ ဆရာ့စကားကြောင့် ရှက်သွေးသွမ်းနေပါရဲ့။ အခြားကျောင်းသားများကတော့ ဆရာလစ်ချိန်တွင် တီးတိုးပြော၍ သူတို့နှစ်ယောက်ကိုကြည့်ကာ တိတ်တဆိတ်ရယ်ကြပါတော့သည်။ အမှတ်မရှိသည့်ဝမ်ရိပေါ်ကတော့ တစ်တန်းလုံးမှာ လူဟူ၍ ရှောင်းကျန့်သာရှိသည့်အလား ရှောင်းကျန့်၏စတော်ဘယ်ရီလုံးလေးကဲ့သို့မျက်နှာလေးကိုသာ မျက်တောင်မခတ်တမ်းစိုက်ကြည့်နေပါ၏။

ဆရာသင်နေတဲ့စာတွေလား။ သူဂရုစိုက်စရာမလိုပါဘူး။ အိမ်ရောက်ရင် သူ့အချစ်ဆုံးလေးက သူ့ကိုပြန်သင်ပြပေးမှာပဲမလား။ ဆရာက သူ့အသည်းတုံးလေးထက် ပိုကောင်းအောင်ရှင်းပြပေးနိုင်မယ်လို့ မထင်ပါဘူး။ သူ့မြတ်နိုးရာလေးက နှိုင်းယှဉ်လို့မရအောင်အထိ ထက်မြက်တဲ့ကျောင်းသားလေးလေ။

*  *  *  *  *

Zawgyi

အပိုင္း ၃၃။ ထူးဆန္းသည့္ေကာင္မေလး

ေရွာင္းမားက ေရွာင္းက်န့္ႏွင့္ ဝမ္ရိေပၚတို႔ မူလအတိုင္းျပန္ျဖစ္ေစေရးအတြက္ အတတ္နိုင္ဆုံးႀကိဳးစားေပးပါေသာ္ျငား သူတို႔လိုခ်င္သည့္သၾကားလုံးပုံစံမ်ိဳးကို ဘယ္မွာမွရွာမေတြ႕ပါေခ်။ အထက္လမ္းဆရာေပါင္းမ်ိဳးစုံႏွင့္ဆက္သြယ္ၿပီး သူတို႔နည္းလမ္းမ်ားအတိုင္း ႀကိဳးစားေဆာင္႐ြက္ခဲ့ပါေသာ္ျငား ထိုလုပ္ငန္းစဥ္ကလည္း အရာမေရာက္ပါေခ်။ ေရွာင္းမားက သူတို႔အတြက္ အလြန္ကိုစိတ္မေကာင္းျဖစ္ေနၿပီး တစ္သက္လုံးျပန္မေျပာင္းနိုင္ေတာ့ပါလွ်င္ ဝမ္ရိေပၚခႏၶာႏွင့္ေနေနရသည့္ေရွာင္းက်န့္ကို ေခၚထားမည္တကဲကဲလုပ္ေနေသာေၾကာင့္ ေရွာင္းက်န့္မွာ ဆက္လက္ေစာင့္ၾကည့္ရန္ တားေနရပါေသးသည္။

ဤကိစၥမ်ားကို ေရွာင္းပါးႏွင့္ အေဖဝမ္တို႔ကေတာ့ လုံးလုံးမသိေသးပါေခ်။ ေရွာင္းပါးက ကုမၸဏီခ်ဲ့တြင္ေရးအတြက္အလုပ္မ်ားေနခဲ့ၿပီး အေဖဝမ္မွာလည္း အလုပ္မ်ားစြာလုပ္၍ ဆပ္လို႔ေၾကေတာ့မည့္အေႂကြးမ်ားကိုဆပ္ရန္ႀကိဳးစားသည္။ သူတို႔မွာ ကိုယ့္အပူႏွင့္ကိုယ္ျဖစ္ေနေသာေၾကာင့္ ေရွာင္းက်န့္တို႔က တိုင္ပင္ၿပီး လွ်ို႔ဝွက္ခ်က္ကို သူတို႔အား ေပးမသိျခင္းျဖစ္သည္။

သူတို႔ဆက္ဆံေရးကလည္း အရင္တစ္ေခါက္အထင္လြဲမႈၿပီးကတည္းက ရွင္းရွင္းလင္းလင္းျဖစ္သြား​ေလသည္။ သို႔ေသာ္ မိသားစုဝင္မ်ားကိုေတာ့ အသိမေပးရေသးပါေခ်။ ဝမ္ရိေပၚကလည္း ဤေနာက္ပိုင္းမွစၿပီး ညအိပ္ခ်ိန္မွလြဲ၍ ေရွာင္းက်န့္ရွိရာတြင္သာ လာေနေနတတ္သည္။

ေဒါက္ ေဒါက္။

ထြက္ေပၚလာသည့္ တံခါးေခါက္သံတစ္ခုေၾကာင့္ အိမ္တြင္ ဝမ္ရိေပၚႏွင့္အတူ ေန႕လည္စာစားေနသည့္ ေရွာင္းက်န့္က တစ္ေယာက္ႏွင့္တစ္ေယာက္ ၿပိဳင္တူၾကည့္လိုက္ရၾကသည္။ အခ်ိန္ကိုၾကည့္လိုက္သည့္အခါ အေဖဝမ္ျပန္လာခ်ိန္မဟုတ္ေသးေသာေၾကာင့္ ေရွာင္းက်န့္က မ်က္ခုံးေလးမ်ားကိုက်ဳံ႕၍ တံခါးသြားဖြင့္လိုက္သည့္အခါ က်စ္ဆံၿမီးကို ႏွစ္ဖက္ခြဲက်စ္ထားသည့္ မိန္းမငယ္ေလးတစ္​ေယာက္ကို ေတြ႕လိုက္ရသည္။ ေရွာင္းက်န့္၏ မ်က္ႏွာက ပို၍ပင္အလိုမက်ျဖစ္လာပါ​ေတာ့၏။ ဝမ္ရိေပၚကို လွည့္ၾကည့္လိုက္သည့္အခါ ဝမ္ရိေပၚက သူမသိေၾကာင္း ေခါင္းခါျပတာမို႔ ေရွာင္းက်န့္က အနည္းငယ္စိတ္ေလွ်ာ့လိုက္သည္။

" ဟယ္လို! ညီမက အစ္ကိုတို႔ကို ကူညီေပးဖို႔ေရာက္လာတာပါ။ စိတ္မပူပါနဲ႕။ ညီမက သည္ကအစ္ကိုႏွစ္ေယာက္လုံးနဲ႕ ဘာမွမပက္သတ္ပါဘူးေနာ္ "

သူတို႔ႏွစ္ေယာက္၏အၾကည့္ကိုနားလည္ပုံရသည့္ေကာင္မေလးက အၿပဳံးႏွင့္အတူ တက္တက္ႂကြႂကြေျပာလာသည့္အခါ ေရွာင္းက်န့္ကပဲ ရွက္ၿပဳံးၿပဳံးလိုက္ရသည္။ အရမ္းသိသာသြားတာလား။

" အစ္ကိုတို႔ ဘာအကူအညီမွမေခၚထားဘူးထင္တယ္ေနာ္။ ညီမေလး အိမ္မွားတာလား "

ထိုအခါ ေကာင္မေလးက ေျခလွမ္းအနည္းငယ္ဆုတ္၍ တံခါးမႀကီး၏ေဘးရွိအိမ္နံပါတ္ကတ္ျပားကို ေသခ်ာေအာင္ျပန္ၾကည့္သည္။

" မမွားပါဘူး။ သည္အိမ္ပါပဲ "

" .... "

" ဒါေလး လာေပးတာပါ။ အဆင္ေျပၾကပါေစေနာ္ "

ေရွာင္းက်န့္က လက္ထဲသို႔ေရာက္လာသည့္ ခ်ိဳခ်ဥ္ကိုျမင္ၿပီးေနာက္ မ်က္ဝန္းမ်ားက ဝိုင္းစက္သြားပါေတာ့သည္။

" ဝမ္ရိေပၚ... "

တအံ့တဩႏွင့္ဝမ္ရိေပၚကို ေခၚလိုက္သည့္အခါ မ်က္ေမွာင္ၾကဳတ္ထားသည့္ဝမ္ရိေပၚက မ်က္ခုံးမ်ားကို ေျဖေလ်ာ့လိုက္ၿပီး ေရွာင္းက်န့္နားသို႔ ေရာက္လာသည္။ လက္ထဲမွ ခ်ိဳခ်ဥ္ကို ျမင္သည့္အခါ သူတို႔က တစ္ေယာက္ကိုယ္တစ္ေယာက္ ထပ္မံၾကည့္လိုက္ၾကၿပီး ထြက္သြားသည့္ေကာင္မေလးကို ​လွည့္ၾကည့္ၾကျပန္သည္။

ဝမ္ရိေပၚ ထိုေကာင္မေလးကို ဘယ္မွာေတြ႕ခဲ့ဖူးလဲ စဥ္းစားလို႔ရၿပီထင္သည္။ ထိုေကာင္မေလးက သူ႕စက္ဘီးႏွင့္တိုက္မိခဲ့သည့္ ကေလးမေလးျဖစ္သည္။ အခ်ိန္တိုအတြင္း အသက္အ႐ြယ္ကြာျခားသြားမႈေၾကာင့္သာ ႐ုတ္တရက္မမွတ္မိခဲ့ျခင္းျဖစ္ေပလိမ့္မည္။ အေတြးႏွင့္အတူ ဝမ္ရိေပၚ၏ ဦးႏွောက္က ေတာ္ေတာ္ေလးကို ရႈပ္ေထြးသြားသည္။ ကမၻာေပၚမွ သူတို႔နားမလည္နိုင္သည့္အရာမ်ားက အလြန္ကိုမ်ားျပားလြန္းလွသည္ဟု တိတ္တဆိတ္ေတြးလိုက္မိသည္။

ေရွာင္းက်န့္တို႔အိမ္မွ ထြက္လာသည့္ေကာင္မေလးက ေလထုႏွင့္စကားေျပာေနပုံရသည္။

" ဒါဆို မစ္ရွင္ေအာင္ၿပီမလား "

" .... "

" သည္ကမၻာၿပီးရင္ ျပန္ေမြးဖြားလို႔ရမွာေသခ်ာတယ္မလား "

" .... "

" အိုေက ဒါဆို သြားၾကတာေပါ့ "

သိပ္မၾကာခင္မွာပင္ ထိုေကာင္မေလးက ေလထုထဲမွ ႐ုတ္ခ်ည္းဆိုသလို ထူးဆန္းစြာ ေပ်ာက္ကြယ္သြားခဲ့ၿပီး သူေပ်ာက္ကြယ္သြားသည့္ေနရာက စီစီတီဗီဟာလည္း ထိုအခ်ိန္ကို ကြက္ေက်ာ္သြားၿပီးမွ မွတ္တမ္းျပန္စပါေတာ့သည္။

" ငါ...ငါတို႔ ျပန္ေျပာင္းသြားၿပီ "

မွန္ကိုၾကည့္၍ ေပ်ာ္႐ႊင္သြားပုံရသည့္ ေရွာင္းက်န့္က ဝမ္ရိေပၚ၏ရင္ခြင္ထဲသို႔ ဝင္ေရာက္၍ ခုန္ေပါက္ေနပါေတာ့သည္။ သူက တစ္သက္လုံး ျပန္မေျပာင္းနိုင္ေတာ့ဘူးလို႔ ထင္ထားခဲ့သည္မလား။ သူ႕ရင္ထဲတြင္ အခ်ိန္ၾကာရွည္စြာတည္ရွိေနခဲ့သည့္ အေလးတုံးႀကီးက ယခုမွ အေငြ႕အျဖစ္ေျပာင္းလဲေပ်ာက္ကြယ္သလိုခံစားလိုက္ရတာေၾကာင့္ သူ႕စိတ္သည္လည္းေပါ့ပါးသြားပါေတာ့သည္။

ဝမ္ရိေပၚက ေရွာင္းက်န့္မ်က္ႏွာေလးကို ေမာ့၍ အနမ္းမ်ားကို ျပန္ဆက္သည္။ ေစာနအနမ္းက သူတို႔ခႏၶာကိုယ္ျပန္ေျပာင္းေရးအတြက္ျဖစ္ပါေသာ္ျငား ယခုအနမ္းကေတာ့ သူတို႔ႏွစ္ဦးၾကားမွ အခ်စ္ေရးအတြက္ ျဖစ္ပါလိမ့္မည္။ ခ်ိဳခ်ဥ္အရသာတြယ္ၿငိေနသည့္အနမ္းက ပုံမွန္ထက္ပင္ ခ်ိဳၿမိန္ေနပါေတာ့၏။

ယခုတြင္ေတာ့ သူတို႔ႏွစ္ေယာက္လုံးက သူတို႔ႏွင့္သက္ဆိုင္ရာ မူလမိသားစုႏွင့္ ျပန္လည္အတူေနနိုင္ၿပီျဖစ္သည္။ သူတို႔ျပႆနာမ်ား အဆင္ေျပသြားေၾကာင္းကို မိသားစုဝင္မ်ားကို ေျပာျပသည့္အခါ သူတို႔အေၾကာင္းသိထားသူမ်ားက ဝမ္းသာသြားၾကပါေသာ္ျငား မသိသူက ေယာင္လည္လည္ျဖစ္ေနသည္မို႔ ေရွာင္းက်န့္က ရွင္းျပရပါေသးသည္။ ထိုအခါ တစ္မိသားစုလုံးမွာ သူတစ္ေယာက္တည္း ထိုကိစၥကို မသိေၾကာင္း သိသြားရသည့္ ေရွာင္းပါးကေတာ့ ေရွာင္းမားႏွင့္ ေရွာင္းက်န့္ကို စိတ္ဆိုးပါေတာ့၏။ ၾကာၾကာစိတ္မဆိုးနိုင္သည့္ ေရွာင္းပါးက ေရွာင္းမား၏ႏွစ္သိမ့္အနမ္းႏွင့္တင္ စိတ္ေျပသြားရၿပီး ေရွာင္းက်န့္ကိုေတာ့ ေနာက္ခါထိုကဲ့သို႔ကိစၥႀကီးမ်ားကို မကြယ္ဝွက္ထားဖို႔ ဆုံးမပါေတာ့သည္။ ဓာတ္ျပားဖြင့္ထားသကဲ့သို႔ ဆုံးမမႈႀကီးကို နားေထာင္ရသည့္ ေရွာင္းက်န့္က ေခါင္းေလးကို ပုတ္သင္ညိုကဲ့သို႔ တဆတ္ဆတ္ညိတ္ျပ႐ုံသာတတ္နိုင္ပါေတာ့သည္။ ထိုအေၾကာင္းကို ဝမ္ရိေပၚကို ေျပာျပသည့္အခါ ဝမ္ရိေပၚက သူ႕အေဖလည္း သူ႕ကို စိတ္ဆိုးသြားခဲ့ေၾကာင္း ေျပာျပခဲ့သည္မို႔ သူတို႔မွာ သူတို႔၏အေဖမ်ားအေၾကာင္းေျပာရင္း ရယ္ခဲ့ရပါေသးသည္။

" ေရွာင္း ေက်ာင္းဆင္းရင္ ႐ုပ္ရွင္သြားၾကည့္ခ်င္လား "

ႏႈတ္ခမ္းေလးတြန့္ၿပီး စဥ္းစားေနပုံရသည့္ေရွာင္းက်န့္က ေခတၱအၾကာတြင္ ေခါင္းညိတ္၍လက္ခံခဲ့သည္။ အႏွီေကာင္ေလးက ခ်စ္စရာေကာင္းလြန္းလို႔ ဝမ္ရိေပၚ၏အသည္းမ်ားကေတာ့ တျဖဳတ္ျဖဳတ္ေႂကြက်ကဳန္ၿပီထင္ပါရဲ႕။ ပါးေလးကို ဖိကပ္နမ္းခ်င္စိတ္ကို အတန္းထဲမွာဆိုသည့္စိတ္ႏွင့္ပဲ ႏႈတ္ခမ္းကိုကိုက္၍ သည္းခံေနရသည္။ တစ္ခ်ိန္က လူေပၚေၾကာ့သူေဌးသားမ်ားကို မုန္းတီးခဲ့သည့္သူက တကယ္တမ္းခ်စ္မိသြားသူက သူေဌးသားေလး ျဖစ္ေနသည့္အခါ ဘယ္လိုလုပ္ရပါ့မလဲ။

" ဝမ္ရိေပၚ သည္ဆရာသင္ေနတဲ့စာက ေက်ာက္သင္ပုန္းေပၚမွာ! ေရွာင္းက်န့္မ်က္ႏွာေပၚမွာ စာမရွိဘူး! "

စာသင္ေနခ်ိန္ ေရွာင္းက်န့္ကို တိတ္တခိုးၾကည့္မိရာ အၾကည့္မလႊဲနိုင္ေတာ့သည့္သူက ယခုေတာ့ အတန္းေရွ႕တြင္ မတ္တပ္ရပ္ရန္အျပစ္ေပးခံရပါေတာ့သည္။ သူ႕အသည္းသက္ညွာေလးကေတာ့ ဆရာ့စကားေၾကာင့္ ရွက္ေသြးသြမ္းေနပါရဲ႕။ အျခားေက်ာင္းသားမ်ားကေတာ့ ဆရာလစ္ခ်ိန္တြင္ တီးတိုးေျပာ၍ သူတို႔ႏွစ္ေယာက္ကိုၾကည့္ကာ တိတ္တဆိတ္ရယ္ၾကပါေတာ့သည္။ အမွတ္မရွိသည့္ဝမ္ရိေပၚကေတာ့ တစ္တန္းလုံးမွာ လူဟူ၍ ေရွာင္းက်န့္သာရွိသည့္အလား ေရွာင္းက်န့္၏စေတာ္ဘယ္ရီလုံးေလးကဲ့သို႔မ်က္ႏွာေလးကိုသာ မ်က္ေတာင္မခတ္တမ္းစိုက္ၾကည့္ေနပါ၏။

ဆရာသင္ေနတဲ့စာေတြလား။ သူဂ႐ုစိုက္စရာမလိုပါဘူး။ အိမ္ေရာက္ရင္ သူ႕အခ်စ္ဆုံးေလးက သူ႕ကိုျပန္သင္ျပေပးမွာပဲမလား။ ဆရာက သူ႕အသည္းတုံးေလးထက္ ပိုေကာင္းေအာင္ရွင္းျပေပးနိုင္မယ္လို႔ မထင္ပါဘူး။ သူ႕ျမတ္နိုးရာေလးက ႏွိုင္းယွဥ္လို႔မရေအာင္အထိ ထက္ျမက္တဲ့ေက်ာင္းသားေလးေလ။

*  *  *  *  *

Continue Reading

You'll Also Like

5.2M 45.9K 56
Welcome to The Wattpad HQ Community Happenings story! We are so glad you're part of our global community. This is the place for readers and writers...
37.3K 1.2K 5
Here I will post all the one Shots I write on Arshi..
1.2M 56.5K 83
"The only person that can change Mr. Oberois is their wives Mrs. Oberois". Oberois are very rich and famous, their business is well known, The Oberoi...
64K 1.8K 7
Make your own book cover with your phone, no notebooks required! + Cover made by me, credits to owners of all graphic resources used.