Switch

By Hay_Mern_Ko

7.1K 747 319

When an Unexpected Change Occurred Between You and Your Rival. Start Date - 4 Oct 2023 ( Wed ) End Date - 12... More

Prologue
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Epilogue
Farewell

Chapter - 28

146 16 4
By Hay_Mern_Ko

Unicode

အပိုင်း ၂၈။ ကိုယ့်ကောင်လေး

" ပိတ်ရက်မှာ ယွဲ့အိမ်ကကောင်မလေးနဲ့ သွားတွေ့ကြည့်မလား။ သူက သားကိုစိတ်ဝင်စားလို့တဲ့ "

ရှောင်းပါးက အလုပ်ကိစ္စနှင့် ခရီးထွက်သွားပြန်သောကြောင့် အိမ်တွင် သူနှင့် ရှောင်းမားသာ ကျန်ခဲ့သည်။ သူက ပုံမှန်အတိုင်း သာမန်ထမင်းစားဝိုင်းလေးကို ရရှိမည်ထင်ခဲ့သော်ငြား တကယ်တမ်းတွင် ရှောင်းမားဖြစ်သူက သူ့ကို ကြင်ဖက်သွားတွေ့ရန် စကားစလာခဲ့လေသည်။ ဘယ်လိုလုပ်မလဲ။ သူ့နှလုံးသားကို တစ်စုံတစ်ယောက်က အပြီးအပိုင်သိမ်းသွားခဲ့ပြီလေ။

" ကျွန်တော် စိတ်မဝင်စားဘူး "

" သွားမကြည့်သေးဘဲ ဘယ်လိုစိတ်မဝင်စားမှန်းသိမှာလဲ။ တွေ့ကြည့်ပါဦး။ အရင်နှစ်က သားမွေးနေ့ကို သူလာတုန်းကတောင် သားတို့အဆင်ပြေကြတယ်မလား "

" .... "

ဝမ်ရိပေါ်၏ ရင်ထဲ၌ မနာလိုမှုလေးတစ်ခုက တိတ်တခိုး ဖြတ်ပြေးသွားသည်။ စိုးရိမ်မှုအချို့ကပါ အနည်းငယ်ကပ်ပါလာသေး၏။

" လူမှုရေးအရ ဆက်ဆံပေးရုံပါပဲ "

" ကောင်မလေးက ချစ်စရာလေးပါ။ နောက်ခံလည်းကောင်းတယ်။ အရည်အချင်းလည်းရှိတယ်။ ဘယ်နေရာမကောင်းလို့လဲ "

" ဘယ်နေရာမှမကောင်းဘူး "

ဝမ်ရိပေါ်က အရည်အချင်းရှိသူကို သဘောကျပါသော်ငြား သူလေးစားလောက်သည့်အရည်အချင်းများစွာရှိသူကို တွေ့ခဲ့ဖူးပြီးပြီဖြစ်လေသည်။ ယခင်က သူ၏အနာဂတ်လက်တွဲဖော်က မည်ကဲ့သို့အခြေအနေပင်ဖြစ်နေပါစေ၊ သိတတ်နားလည်ပြီး သူနှင့်အတွေးအခေါ်များဖလှယ်နိုင်ရုံနှင့်တင် အဆင်ပြေသည်ဟု သူတွေးထားခဲ့သည်။ သို့သော် သူ၏ ပထမဆုံးအချစ်ပေါက်ဖွားလာချိန်တွင်တော့ အချစ်က တွေ့ကရာလူနှင့်တည်ဆောက်၍ မရနိုင်ကြောင်း နားလည်သိရှိသွားခဲ့လေပြီ။

" ရှောင်းကျန့်! အတောင်စုံတော့ ဆန့်ကျင်ချင်နေပြီပေါ့! "

" .... "

ဝမ်ရိပေါ်က ထမင်းကိုသာ ငုံ့စားနေလိုက်သည်။ သူအချိန်တွေကိုရစ်ပစ်ပြီး ကျောင်းသွားချိန်သို့ မြန်မြန်ကျော်ပစ်ချင်သည်​။ သူ၏နှလုံးသားက အချစ်လေးကို တွေ့မြင်နိုင်ရန် လောဆော်နေပါပြီ။

" ကျွန်တော် ကျောင်းသွားတော့မယ် "

ထမင်းကုန်သွားသည်နှင့် ကျောပိုးအိတ်ကို ကောက်ယူ၍ အိမ်ပြင်သို့ ထွက်လာခဲ့သည်။ အိမ်ရှေ့တွင် အဆင်သင့်စောင့်နေသည့် ဒရိုင်ဘာက သူ့ကိုမြင်သည်နှင့် ကားစက်နှိုး၍ အဲကွန်းကို ဖွင့်ပေးလေသည်။ ကျောင်းသို့ တလှိမ့်လှိမ့်သွားနေသည့် ကားနက်တစ်စီးပေါ်မှ ဝမ်ရိပေါ်ဟာ ကျောင်းမှာတွေ့ရတော့မည့်သူလေးကိုတွေးရင်း ထွက်ပေါ်လာသည့် အပြုံးများက ဖုံးမရ၊ ဖိမရ။ သူဘယ်ကတည်းက ထိုအမြင်ကတ်စရာကောင်လေးကို စကြိုက်ခဲ့မှန်း မသိပါသော်ငြား သူသတိထားမိချိန်တွင် သူက အချစ်နွံထဲမှ ရုန်းထွက်မရအောင် ဖြစ်နေလေပြီ။ ကျောင်းသို့သွားရသည့်နေ့ရက်များက နွေဦးလေပြေလေးကဲ့သို့ သာသာယာယာရှိလျက်ဖြစ်ပြီး ထိုကောင်လေးနှင့်သာဆိုလျှင် ပါးစပ်ဟရမှာပျင်းသည့်သူက စကားများကို ရေပက်မဝင်အောင် ပြောဖြစ်ပါသေးသည်။ တစ်ခါတလေ စာအကြောင်းဆွေးနွေးဖြစ်မည်၊ တစ်ခါတရံ ဆက်မိစပ်ရာအကြောင်းအရာများပြောဖြစ်မည်။ ထိုကောင်လေးနှင့်သာအတူရှိနေရပါက သစ်ရွက်ကြွေတာလေးကအစ စိတ်ဝင်စားဖွယ်အကြောင်းအရာတစ်ခုဖြစ်လာပါလိမ့်မည်။

သူထိုကောင်လေးကို သဘောကျနေ​ကြောင်းကို ဘေးတွင်ကပ်ထိုင်ရသည့် မော့ပေကျစ်လည်းသိနေပြီ၊ တစ်တန်းလုံးလည်းသိနေပြီ၊ တစ်ကျောင်းလုံးနီးပါးလည်း သိနေပါပြီဖြစ်သော်လည်း ထိုကောင်လေးကတော့ တကယ်ပဲမသိလေသည်လား၊ မသိချင်ယောင်ပဲဆောင်နေသည်လား ဝေခွဲ၍ မရနိုင်ပါချေ။ အဖေဖြစ်သူမှလွဲ၍ တစ်လောကလုံးမှ လူများကို မသိကျိုးကျွံပြုခဲ့သည့်သူက ထိုကောင်လေးနှင့်တွေ့မှ ပြန်ဝဋ်လည်နေသည်ထင်ပါသည်။

" ရှောင်း "

သူခေါ်လိုက်သည့်အခါ တုန်ယင်သွားသည့်ပုခုံးစွန်းလေးနှစ်ဖက်နှင့် ထိုကောင်လေးက ဖတ်နေသည့် စာအုပ်ထဲတွင် မည်မျှဈာန်ဝင်နေမှန်းသိသာလှသည်။ ယခင်က ရှောင်းကျန့်ဆိုသူက နောက်ခံအားကိုးနှင့် အဆင့်တက်နေသူဟုထင်ထားခဲ့ပါသော်လည်း ယခုတွင် ရှောင်းကျန့်အကြောင်းကို အတော်လေးနားလည်နေပြီဖြစ်သည့်သူက ရှောင်းကျန့်က အမှန်ကိုပင် ကြိုးစားကြောင်း သိရှိလာခဲ့သည်။ စာတင်မက သင်တန်းပေါင်းများစွာတက်ရသည့် ရှောင်းကျန့်က သင်သမျှပညာရပ်များကို သေချာလေ့လာဆည်းပူးကြောင်းမှာ ယခင်ကျောင်းပြိုင်ပွဲရလဒ်များက သက်သေပြလို့နေသည်။ တစ်ခါတလေ နားချိန်မှာ အခုလို စာကြည့်တိုက်သို့လာပြီး စာအုပ်အချို့ကို စိတ်ဝင်တစားဖတ်တတ်သေးသည်။

" မင်းဘယ်လိုရောက်လာတာလဲ "

" ရှောင်းကိုလွမ်းလို့လေ "

ပါးပြင်လေးရဲတက်သွားသည့်ကောင်လေးက သူ့အကြည့်များကို ရှောင်လွှဲလာသည်။ သူယခင်က ထိုကောင်လေး၏ ဤကဲ့သို့ ချစ်စရာအပြုအမူများကို ဘာကြောင့်များ သတိမထားခဲ့ရသည်လဲဆိုသည့်အတွေးမျိုးက ဝင်ရောက်လာသည့်အခါ ရင်ကနာချင်ချင်။ အရင်ကတည်းက သိခဲ့ပြီး ထိုကတည်းက ကောင်လေးကို လိုက်ခဲ့လျှင် သူတို့ အခုအချိန်ဆို ပျော်စရာအချိန်များကို ပိုင်ဆိုင်နိုင်လောက်ပြီလား။

ရှောင်းကျန့်က ဝမ်ရိပေါ်ကို လုံးလုံးလျားလျားကို လျစ်လျူရှုရန်ဆုံးဖြတ်လိုက်ပြီး စာကိုသာ သည်းကြီးမည်းကြီးဖတ်နေလိုက်ပါတော့သည်။ ဝမ်ရိပေါ်က သူတို့နှစ်ယောက်တည်းအတူရှိချိန်တိုင်း အမြဲလိုလို သူ့နာမည်ကို အဖျားဆွတ်ခေါ်တတ်လေသည်။ သူ့စိတ်ထဲမှာ မသင်္ကာမှုကို တိုင်ပင်ချင်သည်မို့ အဖေဝမ်ကို ရင်ဖွင့်ကြည့်သည့်အခါ ထိုကောင်လေးကသူ့ကိုကြိုက်နေလို့ဖြစ်မည် ဟူသည့်ကောက်ချက်ချမှုနှင့်သာအဆုံးသတ်သွားရသည်မို့ သူ့ရင်ထဲက နေမထိ၊ ထိုင်မသာ။ ထိုကတည်းက ဝမ်ရိပေါ်နှင့် နီးနီးကပ်ကပ်အတူရှိနေပါလျှင် အမည်ဖော်မရသည့်ခံစားချက်မျိုးခံစားလာရသည်မို့ ရှောင်းကျန့်က ထိုလူနှင့်ရှောင်လို့ရချိန်တိုင်း အကွာအဝေးခြားနေရန်ကြိုးစားခဲ့သည်။ ယခုလည်း သူတစ်ယောက်တည်း စာလာဖတ်နေသည်ကိုပင် အလွတ်မပေးဘဲ နောက်မှလိုက်လာခဲ့သူကြောင့် နေစရာမရှိသူမှာ သူသာဖြစ်ပါတော့သည်။

ဝမ်ရိပေါ်က သူ့ရှေ့ကခုံတွင်ဝင်ထိုင်ပြီး သူ့ကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေလေသည်။ ဒါကို ခံစားမိသည့် ရှောင်းကျန့်က စာအုပ်ထဲသို့ မည်မျှပင်အာရုံစိုက်ရန်ကြိုးစားနေပါစေ၊ စာကြောင်းများကိုသာ အထပ်ထပ်အခါခါ ပြန်လည်ဖတ်ရသည်သာအဖက်တင်သည်၊ စာတစ်လုံးကိုမှ နားလည်နိုင်စွမ်းမရှိပါတော့ချေ။ မတတ်နိုင်သည့်အဆုံး ရှောင်းကျန့်က စာအုပ်ကို နေရာတကျပြန်ထား၍ စာကြည့်တိုက်ထဲမှ ထွက်လာခဲ့ရသည်။ အခုထိ သူ့နောက်သို့ တကောက်ကောက်လိုက်နေသည့်ဝမ်ရိပေါ်က အတော်လေးကို အားနေပုံ။

" ငါအိမ်သာသွားမလို့ "

" အင်း သွားလေ "

အိမ်သာရှေ့တွင်ရပ်ရင်း နှစ်ယောက်သားက မျက်နှာချင်းဆိုင် အကြည့်ချင်းဆုံနေကြသည်။

မဟုတ်သေးပါဘူး။ သည်ကောင်က အိမ်သာထဲထိလိုက်မှာတော့မဟုတ်ဘူးမလား။ ရှောင်းကျန့်က တိတ်တဆိတ်တွေးလိုက်မိသည်။

ရှောင်းကျန့်က အိမ်သာထဲသို့ ခြေလှမ်းလှမ်းဝင်သည့်အခါ ဝမ်ရိပေါ်ကပါ သူ့နည်းတူဝင်ရောက်လာ၏။

" .... "

ရှောင်းကျန့်က ဝမ်ရိပေါ်ကို နားမလည်စွာကြည့်လိုက်သည်။ သူတို့နှစ်ယောက်လုံးကယောက်ျားလေးဖြစ်ပါသော်ငြား ယခင်ကနှင့်မတူတော့သည်မှာက သူတို့ကြားရှိ ဆက်ဆံရေးဖြစ်သည်။ သူမည်သူနှင့်မျှ အိမ်သာအတူဝင်ရန် မရှက်ပါသော်ငြား ဝမ်ရိပေါ်ကတော့ ခြားနားလေသည်။

" မင်း...လိုက်ဝင်မလို့လား? "

" အင်းလေ ဘာဖြစ်လို့လဲ "

" မင်းသုံးမှာဆိုအရင်သုံးလိုက် "

" အိုး ကိုယ့်ကောင်လေးက ရှက်နေတာတော့မဟုတ်ဘူးမလား။ အရင်ကလည်း အတူတူသုံးနေကျပဲလေ "

ရှောင်းကျန့်၏ ခံစားချက်များက မူမမှန်တော့သည်ကို သိလိုက်ရသည်။ ဝမ်ရိပေါ် အသုံးပြုခဲ့သည့် အသုံးအနှုန်းအောက်တွင် သူ၏စကားလုံးများက ခေတ္တပျောက်ရှသွားခဲ့ရပြီး ခေါင်းထဲတွင်လည်း ဘာမှကိုမတွေးနိုင်တော့အောင် ဖြစ်သွားရသည်။ နောက်ဆုံးတွင်တော့ သူ ထိုဝမ်ရိပေါ်နှင့် သန့်စင်ခန်းအတူတူသုံးလိုက်ရလေသည်။ သူ၏ထူးဆန်းမှုများကို ဝမ်ရိပေါ်သတိမထားမိစေရန်ဆုတောင်းရင်း ဘာစကားကိုမှ ထပ်မပြောမိပါတော့ချေ။ ဒါကို စိတ်ဆိုးသွားသည်ဟု ထင်သွားသည့် ဝမ်ရိပေါ်က သူ့ကို နည်းအမျိုးမျိုးနှင့်ချော့နေခဲ့ပါတော့၏။

ကျန်ရှိနေတဲ့ကျောင်းဖွင့်ရက်တွေကို အဲ့လိုလူနဲ့ သူဘယ်လိုမျိုးများဖြတ်သန်းရပါတော့မလဲ။

*  *  *  *  *

Zawgyi

အပိုင္း ၂၈။ ကိုယ့္ေကာင္ေလး

" ပိတ္ရက္မွာ ယြဲ႕အိမ္ကေကာင္မေလးနဲ႕ သြားေတြ႕ၾကည့္မလား။ သူက သားကိုစိတ္ဝင္စားလို႔တဲ့ "

ေရွာင္းပါးက အလုပ္ကိစၥႏွင့္ ခရီးထြက္သြားျပန္ေသာေၾကာင့္ အိမ္တြင္ သူႏွင့္ ေရွာင္းမားသာ က်န္ခဲ့သည္။ သူက ပုံမွန္အတိုင္း သာမန္ထမင္းစားဝိုင္းေလးကို ရရွိမည္ထင္ခဲ့ေသာ္ျငား တကယ္တမ္းတြင္ ေရွာင္းမားျဖစ္သူက သူ႕ကို ၾကင္ဖက္သြားေတြ႕ရန္ စကားစလာခဲ့ေလသည္။ ဘယ္လိုလုပ္မလဲ။ သူ႕ႏွလုံးသားကို တစ္စုံတစ္ေယာက္က အၿပီးအပိုင္သိမ္းသြားခဲ့ၿပီေလ။

" ကြၽန္ေတာ္ စိတ္မဝင္စားဘူး "

" သြားမၾကည့္ေသးဘဲ ဘယ္လိုစိတ္မဝင္စားမွန္းသိမွာလဲ။ ေတြ႕ၾကည့္ပါဦး။ အရင္ႏွစ္က သားေမြးေန႕ကို သူလာတုန္းကေတာင္ သားတို႔အဆင္ေျပၾကတယ္မလား "

" .... "

ဝမ္ရိေပၚ၏ ရင္ထဲ၌ မနာလိုမႈေလးတစ္ခုက တိတ္တခိုး ျဖတ္ေျပးသြားသည္။ စိုးရိမ္မႈအခ်ိဳ႕ကပါ အနည္းငယ္ကပ္ပါလာေသး၏။

" လူမႈေရးအရ ဆက္ဆံေပး႐ုံပါပဲ "

" ေကာင္မေလးက ခ်စ္စရာေလးပါ။ ေနာက္ခံလည္းေကာင္းတယ္။ အရည္အခ်င္းလည္းရွိတယ္။ ဘယ္ေနရာမေကာင္းလို႔လဲ "

" ဘယ္ေနရာမွမေကာင္းဘူး "

ဝမ္ရိေပၚက အရည္အခ်င္းရွိသူကို သေဘာက်ပါေသာ္ျငား သူေလးစားေလာက္သည့္အရည္အခ်င္းမ်ားစြာရွိသူကို ေတြ႕ခဲ့ဖူးၿပီးၿပီျဖစ္ေလသည္။ ယခင္က သူ၏အနာဂတ္လက္တြဲေဖာ္က မည္ကဲ့သို႔အေျခအေနပင္ျဖစ္ေနပါေစ၊ သိတတ္နားလည္ၿပီး သူႏွင့္အေတြးအေခၚမ်ားဖလွယ္နိုင္႐ုံႏွင့္တင္ အဆင္ေျပသည္ဟု သူေတြးထားခဲ့သည္။ သို႔ေသာ္ သူ၏ ပထမဆုံးအခ်စ္ေပါက္ဖြားလာခ်ိန္တြင္ေတာ့ အခ်စ္က ေတြ႕ကရာလူႏွင့္တည္ေဆာက္၍ မရနိုင္ေၾကာင္း နားလည္သိရွိသြားခဲ့ေလၿပီ။

" ေရွာင္းက်န့္! အေတာင္စုံေတာ့ ဆန့္က်င္ခ်င္ေနၿပီေပါ့! "

" .... "

ဝမ္ရိေပၚက ထမင္းကိုသာ ငုံ႕စားေနလိုက္သည္။ သူအခ်ိန္ေတြကိုရစ္ပစ္ၿပီး ေက်ာင္းသြားခ်ိန္သို႔ ျမန္ျမန္ေက်ာ္ပစ္ခ်င္သည္​။ သူ၏ႏွလုံးသားက အခ်စ္ေလးကို ေတြ႕ျမင္နိုင္ရန္ ေလာေဆာ္ေနပါၿပီ။

" ကြၽန္ေတာ္ ေက်ာင္းသြားေတာ့မယ္ "

ထမင္းကုန္သြားသည္ႏွင့္ ေက်ာပိုးအိတ္ကို ေကာက္ယူ၍ အိမ္ျပင္သို႔ ထြက္လာခဲ့သည္။ အိမ္ေရွ႕တြင္ အဆင္သင့္ေစာင့္ေနသည့္ ဒရိုင္ဘာက သူ႕ကိုျမင္သည္ႏွင့္ ကားစက္ႏွိုး၍ အဲကြန္းကို ဖြင့္ေပးေလသည္။ ေက်ာင္းသို႔ တလွိမ့္လွိမ့္သြားေနသည့္ ကားနက္တစ္စီးေပၚမွ ဝမ္ရိေပၚဟာ ေက်ာင္းမွာေတြ႕ရေတာ့မည့္သူေလးကိုေတြးရင္း ထြက္ေပၚလာသည့္ အၿပဳံးမ်ားက ဖုံးမရ၊ ဖိမရ။ သူဘယ္ကတည္းက ထိုအျမင္ကတ္စရာေကာင္ေလးကို စႀကိဳက္ခဲ့မွန္း မသိပါေသာ္ျငား သူသတိထားမိခ်ိန္တြင္ သူက အခ်စ္ႏြံထဲမွ ႐ုန္းထြက္မရေအာင္ ျဖစ္ေနေလၿပီ။ ေက်ာင္းသို႔သြားရသည့္ေန႕ရက္မ်ားက ႏြေဦးေလေျပေလးကဲ့သို႔ သာသာယာယာရွိလ်က္ျဖစ္ၿပီး ထိုေကာင္ေလးႏွင့္သာဆိုလွ်င္ ပါးစပ္ဟရမွာပ်င္းသည့္သူက စကားမ်ားကို ေရပက္မဝင္ေအာင္ ေျပာျဖစ္ပါေသးသည္။ တစ္ခါတေလ စာအေၾကာင္းေဆြးႏြေးျဖစ္မည္၊ တစ္ခါတရံ ဆက္မိစပ္ရာအေၾကာင္းအရာမ်ားေျပာျဖစ္မည္။ ထိုေကာင္ေလးႏွင့္သာအတူရွိေနရပါက သစ္႐ြက္ေႂကြတာေလးကအစ စိတ္ဝင္စားဖြယ္အေၾကာင္းအရာတစ္ခုျဖစ္လာပါလိမ့္မည္။

သူထိုေကာင္ေလးကို သေဘာက်ေန​ေၾကာင္းကို ေဘးတြင္ကပ္ထိုင္ရသည့္ ေမာ့ေပက်စ္လည္းသိေနၿပီ၊ တစ္တန္းလုံးလည္းသိေနၿပီ၊ တစ္ေက်ာင္းလုံးနီးပါးလည္း သိေနပါၿပီျဖစ္ေသာ္လည္း ထိုေကာင္ေလးကေတာ့ တကယ္ပဲမသိေလသည္လား၊ မသိခ်င္ေယာင္ပဲေဆာင္ေနသည္လား ေဝခြဲ၍ မရနိုင္ပါေခ်။ အေဖျဖစ္သူမွလြဲ၍ တစ္ေလာကလုံးမွ လူမ်ားကို မသိက်ိဳးကြၽံျပဳခဲ့သည့္သူက ထိုေကာင္ေလးႏွင့္ေတြ႕မွ ျပန္ဝဋ္လည္ေနသည္ထင္ပါသည္။

" ေရွာင္း "

သူေခၚလိုက္သည့္အခါ တုန္ယင္သြားသည့္ပုခုံးစြန္းေလးႏွစ္ဖက္ႏွင့္ ထိုေကာင္ေလးက ဖတ္ေနသည့္ စာအုပ္ထဲတြင္ မည္မွ်ဈာန္ဝင္ေနမွန္းသိသာလွသည္။ ယခင္က ေရွာင္းက်န့္ဆိုသူက ေနာက္ခံအားကိုးႏွင့္ အဆင့္တက္ေနသူဟုထင္ထားခဲ့ပါေသာ္လည္း ယခုတြင္ ေရွာင္းက်န့္အေၾကာင္းကို အေတာ္ေလးနားလည္ေနၿပီျဖစ္သည့္သူက ေရွာင္းက်န့္က အမွန္ကိုပင္ ႀကိဳးစားေၾကာင္း သိရွိလာခဲ့သည္။ စာတင္မက သင္တန္းေပါင္းမ်ားစြာတက္ရသည့္ ေရွာင္းက်န့္က သင္သမွ်ပညာရပ္မ်ားကို ေသခ်ာေလ့လာဆည္းပူးေၾကာင္းမွာ ယခင္ေက်ာင္းၿပိဳင္ပြဲရလဒ္မ်ားက သက္ေသျပလို႔ေနသည္။ တစ္ခါတေလ နားခ်ိန္မွာ အခုလို စာၾကည့္တိုက္သို႔လာၿပီး စာအုပ္အခ်ိဳ႕ကို စိတ္ဝင္တစားဖတ္တတ္ေသးသည္။

" မင္းဘယ္လိုေရာက္လာတာလဲ "

" ေရွာင္းကိုလြမ္းလို႔ေလ "

ပါးျပင္ေလးရဲတက္သြားသည့္ေကာင္ေလးက သူ႕အၾကည့္မ်ားကို ေရွာင္လႊဲလာသည္။ သူယခင္က ထိုေကာင္ေလး၏ ဤကဲ့သို႔ ခ်စ္စရာအျပဳအမူမ်ားကို ဘာေၾကာင့္မ်ား သတိမထားခဲ့ရသည္လဲဆိုသည့္အေတြးမ်ိဳးက ဝင္ေရာက္လာသည့္အခါ ရင္ကနာခ်င္ခ်င္။ အရင္ကတည္းက သိခဲ့ၿပီး ထိုကတည္းက ေကာင္ေလးကို လိုက္ခဲ့လွ်င္ သူတို႔ အခုအခ်ိန္ဆို ေပ်ာ္စရာအခ်ိန္မ်ားကို ပိုင္ဆိုင္နိုင္ေလာက္ၿပီလား။

ေရွာင္းက်န့္က ဝမ္ရိေပၚကို လုံးလုံးလ်ားလ်ားကို လ်စ္လ်ဴရႈရန္ဆုံးျဖတ္လိုက္ၿပီး စာကိုသာ သည္းႀကီးမည္းႀကီးဖတ္ေနလိုက္ပါေတာ့သည္။ ဝမ္ရိေပၚက သူတို႔ႏွစ္ေယာက္တည္းအတူရွိခ်ိန္တိုင္း အၿမဲလိုလို သူ႕နာမည္ကို အဖ်ားဆြတ္ေခၚတတ္ေလသည္။ သူ႕စိတ္ထဲမွာ မသကၤာမႈကို တိုင္ပင္ခ်င္သည္မို႔ အေဖဝမ္ကို ရင္ဖြင့္ၾကည့္သည့္အခါ ထိုေကာင္ေလးကသူ႕ကိုႀကိဳက္ေနလို႔ျဖစ္မည္ ဟူသည့္ေကာက္ခ်က္ခ်မႈႏွင့္သာအဆုံးသတ္သြားရသည္မို႔ သူ႕ရင္ထဲက ေနမထိ၊ ထိုင္မသာ။ ထိုကတည္းက ဝမ္ရိေပၚႏွင့္ နီးနီးကပ္ကပ္အတူရွိေနပါလွ်င္ အမည္ေဖာ္မရသည့္ခံစားခ်က္မ်ိဳးခံစားလာရသည္မို႔ ေရွာင္းက်န့္က ထိုလူႏွင့္ေရွာင္လို႔ရခ်ိန္တိုင္း အကြာအေဝးျခားေနရန္ႀကိဳးစားခဲ့သည္။ ယခုလည္း သူတစ္ေယာက္တည္း စာလာဖတ္ေနသည္ကိုပင္ အလြတ္မေပးဘဲ ေနာက္မွလိုက္လာခဲ့သူေၾကာင့္ ေနစရာမရွိသူမွာ သူသာျဖစ္ပါေတာ့သည္။

ဝမ္ရိေပၚက သူ႕ေရွ႕ကခုံတြင္ဝင္ထိုင္ၿပီး သူ႕ကို မ်က္ေတာင္မခတ္တမ္းစိုက္ၾကည့္ေနေလသည္။ ဒါကို ခံစားမိသည့္ ေရွာင္းက်န့္က စာအုပ္ထဲသို႔ မည္မွ်ပင္အာ႐ုံစိုက္ရန္ႀကိဳးစားေနပါေစ၊ စာေၾကာင္းမ်ားကိုသာ အထပ္ထပ္အခါခါ ျပန္လည္ဖတ္ရသည္သာအဖက္တင္သည္၊ စာတစ္လုံးကိုမွ နားလည္နိုင္စြမ္းမရွိပါေတာ့ေခ်။ မတတ္နိုင္သည့္အဆုံး ေရွာင္းက်န့္က စာအုပ္ကို ေနရာတက်ျပန္ထား၍ စာၾကည့္တိုက္ထဲမွ ထြက္လာခဲ့ရသည္။ အခုထိ သူ႕ေနာက္သို႔ တေကာက္ေကာက္လိုက္ေနသည့္ဝမ္ရိေပၚက အေတာ္ေလးကို အားေနပုံ။

" ငါအိမ္သာသြားမလို႔ "

" အင္း သြားေလ "

အိမ္သာေရွ႕တြင္ရပ္ရင္း ႏွစ္ေယာက္သားက မ်က္ႏွာခ်င္းဆိုင္ အၾကည့္ခ်င္းဆုံေနၾကသည္။

မဟုတ္ေသးပါဘူး။ သည္ေကာင္က အိမ္သာထဲထိလိုက္မွာေတာ့မဟုတ္ဘူးမလား။ ေရွာင္းက်န့္က တိတ္တဆိတ္ေတြးလိုက္မိသည္။

ေရွာင္းက်န့္က အိမ္သာထဲသို႔ ေျခလွမ္းလွမ္းဝင္သည့္အခါ ဝမ္ရိေပၚကပါ သူ႕နည္းတူဝင္ေရာက္လာ၏။

" .... "

ေရွာင္းက်န့္က ဝမ္ရိေပၚကို နားမလည္စြာၾကည့္လိုက္သည္။ သူတို႔ႏွစ္ေယာက္လုံးကေယာက္်ားေလးျဖစ္ပါေသာ္ျငား ယခင္ကႏွင့္မတူေတာ့သည္မွာက သူတို႔ၾကားရွိ ဆက္ဆံေရးျဖစ္သည္။ သူမည္သူႏွင့္မွ် အိမ္သာအတူဝင္ရန္ မရွက္ပါေသာ္ျငား ဝမ္ရိေပၚကေတာ့ ျခားနားေလသည္။

" မင္း...လိုက္ဝင္မလို႔လား? "

" အင္းေလ ဘာျဖစ္လို႔လဲ "

" မင္းသုံးမွာဆိုအရင္သုံးလိုက္ "

" အိုး ကိုယ့္ေကာင္ေလးက ရွက္ေနတာေတာ့မဟုတ္ဘူးမလား။ အရင္ကလည္း အတူတူသုံးေနက်ပဲေလ "

ေရွာင္းက်န့္၏ ခံစားခ်က္မ်ားက မူမမွန္ေတာ့သည္ကို သိလိုက္ရသည္။ ဝမ္ရိေပၚ အသုံးျပဳခဲ့သည့္ အသုံးအႏႈန္းေအာက္တြင္ သူ၏စကားလုံးမ်ားက ေခတၱေပ်ာက္ရွသြားခဲ့ရၿပီး ေခါင္းထဲတြင္လည္း ဘာမွကိုမေတြးနိုင္ေတာ့ေအာင္ ျဖစ္သြားရသည္။ ေနာက္ဆုံးတြင္ေတာ့ သူ ထိုဝမ္ရိေပၚႏွင့္ သန့္စင္ခန္းအတူတူသုံးလိုက္ရေလသည္။ သူ၏ထူးဆန္းမႈမ်ားကို ဝမ္ရိေပၚသတိမထားမိေစရန္ဆုေတာင္းရင္း ဘာစကားကိုမွ ထပ္မေျပာမိပါေတာ့ေခ်။ ဒါကို စိတ္ဆိုးသြားသည္ဟု ထင္သြားသည့္ ဝမ္ရိေပၚက သူ႕ကို နည္းအမ်ိဳးမ်ိဳးႏွင့္ေခ်ာ့ေနခဲ့ပါေတာ့၏။

က်န္ရွိေနတဲ့ေက်ာင္းဖြင့္ရက္ေတြကို အဲ့လိုလူနဲ႕ သူဘယ္လိုမ်ိဳးမ်ားျဖတ္သန္းရပါေတာ့မလဲ။

*  *  *  *  *

Continue Reading

You'll Also Like

31K 766 14
Y/n has always had a knack for helping people, and because she is a famous singer moving to Paris, France to help others, a certain Master has decide...
64K 1.8K 7
Make your own book cover with your phone, no notebooks required! + Cover made by me, credits to owners of all graphic resources used.