အတ္တစိတ် || ဘာသာပြန် ||『Compl...

By Rhmjrs_58

392K 58K 3.2K

" ငါ ခွေးကို ကြည့်နေခဲ့တာမဟုတ်ပါဘူး။ ငါကြည့်နေခဲ့တာက မင်း " This is Fan Translation. More

Description
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Manhua
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67
Chapter - 68
Chapter - 69
Chapter - 70
Chapter - 71
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75
Chapter - 76
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84
Present

Chapter - 5

4.6K 671 13
By Rhmjrs_58


『Unicode 』

အခန်း ( ၅ ) : ကျိနင် ၊ ဒီကို ထပ်မလာနဲ့တော့။

※※※※※※※※※※※※※※※※※※※※



လက်တုန်သွားတာကြောင့် ကျွန်တော့်ဇွန်း အောက်ကို ပြုတ်ကျသွားခဲ့ရသည်။ တစ်ခုချင်းဆိုရလျှင် သခင်လေးကျင်​၏အမူအရာနှင့် လေသံ ဘာတစ်ခုမှ မှားယွင်းနေတာမရှိသော်လည်း အတူတကွ ပေါင်းစည်းလိုက်သော် မိမိသွေးတို့ကိုချက်ချင်း အေးစိမ့်သွားစေ​၏။

" တောင်းပန်ပါတယ်.... "

ကျွန်တော် အမြန်ငုံ့၍ ကောက်လိုက်စဉ် စားပွဲအောက်၌ စပ်စပ်စုစုမျက်ဝန်းတစ်စုံဖြင့် မိတ်ဆက်လိုက်ရသည်။

ကျင်မိသားစု​၏ သားငယ် ကျင်ယွမ်ပေါင်က မမျှော်လင့်စွာပဲ စားပွဲအောက်ရောက်နေခဲ့သည်။ ထိုအခိုက်ဝယ် သူကကျွန်တော်ခြေထောကဘေးမှနေ၍ ဇွန်းကိုပင် ကူကောက်ပေးလိုက်သေး​၏။

" ကျေးဇူးပါ " အံ့ဩဘနန်းနှင့် ကျွန်တော် ကျေးဇူးတင်စကားပြောလိုက်ပြီး သူ့ထံမှ ဇွန်းကိုယူလိုက်သည်။

" ကျွန်တော် မင်းကို မနေ့ညကမြင်တယ်။ စတိတ်ပေါ်မှာ "

ကျင်ယွမ်ပေါင်က ၇နှစ်၈နှစ်အရွယ်တစ်ယောက်ဖြစ်ပြီး အလွန့်အလွန်ဝိုင်းစက်နေသော ခေါင်းလေးရှိသည်။ စကားပြောစဉ်၌ အတော်အတန် ပါးနပ်သည့် သွင်ပြင်ပေါက်သော်လည်း ပါးစပ်ကိုဖွင့်လိုက်သောအခိုက်တွင်မူ ထက်မြက်သည့်ဟန်မပေါ်တော့ပေ။

" အင်း... ငါက Cello တီးတယ်လေ။ " ကျွန်တော် ပြောလိုက်သည်။

" Cello ? " သူက နံရံမှာ ထောင်ထားသော တူရိယာအတန်းလိုက်ကို တစ်ချက်ကြည့်ပြီး ရုတ်တရက်ကြီး မျက်လုံးတွေကွေးသွားအောင် ပြုံးလိုက်ပြီး : " ကျွန်တော် Cello ကိုကြိုက်တယ်။ "

သူ့အပြုံးက နုနယ်အပြစ်ကင်း၍ အတ္တဟူသည် အနည်းငယ်မျှမပါဝင်။ အစောပိုင်းက သူ့ရုပ်ရည်ဟာ သူ့အဖေဖြစ်သူ၊အစ်ကိုဖြစ်သူတို့နှင့် တစ်နည်းတစ်ဖုံဆင်တူနေသေးသည်ဆိုလျှင်တောင် သည်အပြုံးကတော့ မတူညီတော့ပါချေ။

" ယွမ်ပေါင် ၊ ဘာလို့ အစားကိုတောင် သေချာမစားတတ်ရတာလဲ ? မြန်မြန် ဒီကိုလာခဲ့ " ထိုအခိုက်ဝယ် ကျင်ချန်ယွီလဲ သူ့ညီလေးအား မတွေ့တော့ကြောင်း သိသွားပြီး အသံထဲ၌ ကူကယ်ရာမဲ့ဟန် စွက်နေသည်။

ကျင်ယွမ်ပေါင်က နှုတ်ခမ်းတွေတွန့်ကွေးသွားပြီး သူ့အစ်ကို စကားကို နည်းနည်းမှနားမထောင်ပေ။ ယင်းအစား သူက ငုံ့ကိုင်းလျက် ကျွန်တော့်ဘက်ရှိစားပွဲမှ သုတ်သုတ်ပျာပျာဖြင့် အမြန်ပြေးထွက်ကာ ပျောက်ကွယ်သွားတော့​၏။

မျက်ခုံးကျုံ့လျက်ဖြင့် ကျင်ချန်ယွီက ဘေးမှာ ရပ်နေသော အစေခံကို တစ်ချက်အကြည့်ပို့လိုက်သည်။ သူမကလဲ တစ်ခွန်းပြောစရာမလိုပဲ သဘောပေါက်သွားပြီး သခင်ငယ်လေးအနောက်သို့ အမြန်လိုက်ပါသွားတော့သည်။

ကျင်ချန်ယွီက အစေခံ လုံးလုံးပျောက်သွားပါမှ အကြည့်လွှဲလိုက်​၏။သူက စားပွဲပတ်ပတ်လည်မှာထိုင်နေသော သူများကိုတောင်းပန်သလိုဖြင့် : " တောင်းပန်ပါတယ်ဗျာ။ အားလုံးကို ရယ်ရစေမိပြီ​ "

ဖန်းလော့စူးက အသဲအသန် လက်ယမ်းပြလိုက်ကာ : " မလိုပါဘူး။မလိုပါဘူး။ သူက ကလေးလေးဆိုတော့ ထိုင်မနေနိုင်တာကပုံမှန်ပါပဲ။ "

ကျန်သူများကလဲ တစ်ယောက်ပြီး တစ်ယောက် သံယောင်လိုက်ကာ ကျင်ချန်ယွီအား စိတ်ထဲမထားဖို့ ပြောဆိုနေကြသည်။

ကျွန်တော် ရေခွက်ကိုကောက်၍ တစ်ကျိုက်မော့လိုက်​မိ​၏။ စိတ်အစဉ်မှာတော့ လေလွင့်နေတာကြာပြီပင်။

ကေသရာဇာကျွန်းဟာ နဂါးအိုင်သော်၎င်း ၊ ကျားသားရဲတွင်းသော်၎င်း နှိုင်းယှဉ်လို့ရသည်မို့ ကျင်ချန်ယွီဟာလည်း ဤတွင်နေထိုင်သော သရဲ သို့မဟုတ် နတ်ဆိုးနှင့်သာ တူသည်။ ထမင်းစားခန်းဟာ တောက်ပြောင်ကျယ်ဝန်းပြီး ၊ အစားအစာတွေကလဲ အရသာရှိပြီးအကြိုက်တွေ့စေသည့်တိုင် ကျွန်တော့်အဖို့ ပင်အပ်တွေပေါ်ထိုင်ပြီး ဖယောင်းကို ဝါးနေရသကဲသို့ခံစားရသည်။

ယခု ရန်ချင်းကျွမ်း ဘာတွေ တွေ့ကြုံနေရမည်နည်း? သူ့ အသက်အန္တရာယ်ရှိနေတာများလား ?

ငါဘယ်လိုလုပ်ရင် သူ့ကို ကူညီနိုင်မလဲ ?

အနည်းဆုံးတော့ ယနေ့လို သူဖြစ်လာခဲ့ခြင်းက ကျွန်တော့်မှာ တစ်စိတ်တစ်ပိုင်း တာဝန်ရှိတာမို့ ဘေးကနေ မထုံတက်သေးနှင့် ထိုင်မကြည့်နေနိုင်ပါ။

" အားလုံး စားသောက်ပြီးပြီဆိုတော့ ငါ မင်းတို့အားလုံးကို သင်္ဘောကျင်းဆီ စောင့်ကြပ်ခေါ်သွားဖို့ လူတစ်ယောက်ရှာလိုက်မယ်။ " ကျင်ချန်ယွီက သူ့လက်ကို အသာမြှောက်လိုက်လျှင် တစ်ချိန်လုံး နံရံအလှဆင်ပုံစံဖမ်းနေသော ကတုံးကအလိုအလျောက် ချည်းကပ်လာကာ လာမည့်ညွှန်ကြားချက်ကို စောင့်နေခဲ့သည်။

ကျင်သခင်လေးက ဘာပြောလိုက်မှန်း မရှင်းသော်ငြား ကတုံးကတော့ ခေါင်းညိတ်၍ အခန်းထဲမှ အမြန်ထွက်ခွာသွားသည်​။ ထိုအခါမှ ကတုံး​၏ ခေါင်းနောက်တွင်လည်း ပျောက်ကျားမြွေတက်တူးတစ်ခုရှိနေမှန်း ကျွန်တော် သတိထားမိလိုက်သည် ; တစ်ချက်ကြည့်ရုံဖြင့်ပင် အော်ဂလီဆန်ချင်စရာ။

လူအားလုံး မတ်တပ်ထရပ်၍ ကိုယ်ပိုင် တူရိယာတွေကို ယူကာ နွေးထွေးသည့် ဧည့်ဝတ်ကျေပွန်မှုကြောင့် ကျင်သခင်လေးကို ကျေးဇူးတင်ကြောင်း အရှေတိုးပြောခဲ့ကြသည်။

" ငါတို့ ထပ်ဆုံနိုင်ဖို့ မျှော်လင့်ပါတယ်။ " ကျွန်တော့်အလှည့်အရောက် ကျင်ချန်ယွီက ဖော်ရွေစွာပင် လက်ဆန့်ပေးလာ​၏။

ပြုံးပြနေသောလူကို ရိုက်မချရဟူသော ဆိုရိုးရှိသလိုပဲ ၊ ကျွန်တော့် စိတ်ထဲမှာ စက်ဆုပ်မှုအပြည့်ဖြစ်နေသည့်တိုင်ကျွန်တော် သူ့လက်ကို ဆွဲလိုက်ရသည်။အလွန်အေးစက်၍ တမျိူးတဖုံ မအီမသာဖြစ်စေသော အထိအတွေ့ပင်။ စက္ကန့်အနည်းငယ်သော်မျှသာ ဆွဲထားပြီး ကျွန်တော် လွှတ်ပေးလိုက်မိသည်။

ထိုအခိုက် ၊ ထမင်းစားခန်းတံခါးက အပြင်မှ ပွင့်ကျလာခဲ့သည်။ အရပ်ရှည်ရှည်၊တောင့်တင်းသော ပုံရိပ်တစ်ခုဝင်ရောက်လာပြီး ကျင်ချန်ယွီ​၏ ဘေးမှ လာရပ်ခဲ့​၏။

" ကားတွေက အချိန်မရွေးထွက်လို့ရပါပြီ။ " ရန်ချင်းကျွမ်း​၏ အကြည့်က ယောင်ယောင်လေးပင် မရပ်ပဲ ကျွန်တော့်မျက်နှာပေါ်မှ လျစ်လျူရှုစွာ ဖြတ်သန်းသွားလျက်။

သူ့အသားအရေက အလွန်တရာဖျော့တော့ပြီး မျက်ခုံးတွေမှာလည်း မသိလိုက်ပါဘဲ တွန့်ချိုးနေသည်မှာ နာကျင်မှုတစ်စုံတစ်ရာကို သည်းခံနေရသကဲ့သို့ပင်။

အဝတ်အပြင်ဘက်မှာ မြင်နေရသော ခန္ဓာကိုယ်အစိတ်အပိုင်းများ၌ မူမမှန်တာဘာမှမရှိသော်လည်း အထည်သားအောက်မှာ ဖုံးကွယ်ထားသော နေရာများတွင် မည်သို့သော ရက်စက်မှုမျိူးတွေ ကျူးလွန်ထားမလဲ ကျွန်တော် တွေး၍ပင်မရ။

ကျင်ချန်ယွီက စနောက်နေသည်မဟုတ် ; ရန်ချင်းကျွမ်း အမှန်တကယ် အပြစ်ပေးခံခဲ့ရ​၏။

လက်ကြီးတစ်ဖက်က ကျွန်တော့်နှလုံးသားအာ ဆုပ်ထားသည့်နှယ် ကျွန်တော်ဟာ စက္ကန့်ပိုင်းမျှ အသက်မရှုနိုင်တော့ပေ။

ကျင်ချန်ယွီက ကျွန်တော့်ကို ကြည့်လိုက်ပြီးမှ ရန်ချင်းကျွမ်းအား ပြန်ကြည့်လိုက်သည်။ ရုတ်တရက်ကြီး သူက ဟားတိုက်ရယ်မော​​၏ : " ဘုရားရေ မင်းတို့နှစ်ယောက်က တကယ်ကြီး ငယ်ချစ်တွေပေါ့လေ "

သူက ပြောရင်းဖြင့် ရန်ချင်းကျွမ်း​၏ ကျောပြင်ကို တဖတ်ဖတ်ပုတ်ပေးလိုက်သည်။ သေချာပေါက် အားမပါသော်လည်းရန်ချင်းကျွမ်းကမူ ခြေမခိုင်သလို အနည်းငယ် တုန်သွားခဲ့ပြီး ၎င်းနောက် သူ့ အသားအရေက ပို၍ ဆိုးဝါးလာခဲ့​၏။

" မင်း အဆင်ပြေရဲ့လား ? "

ကျွန်တော် အမြန် ရန်ချင်းကျွမ်းအား ကူပေးရန်ပြင်သော်လည်း သူက ရှောင်သွားပြီး ကျွန်တော်လက်အား ဖယ်ပစ်လိုက်သည်။

" ဘာဖြစ်လို့လဲ ? ရန်ဖြစ်ထားကြတာလား ​? စိတ်ထဲကနေ မယူပါနဲ့ကွာ​။မင်းလိုလူမျိူးရဲ့ စိတ်ကို သည်းခံနိုင်တဲ့ သာမာန်လူဆိုတာ အတော်လေး ရှားတယ်လေ။ " အကြောင်းတချို့ကြောင့် ကျင်ချန်ယွီ​၏ စိတ်အခြေအနေက အသိအသာကြီးကောင်းမွန်နေသလို။ သူက ရန်ချင်းကျွမ်း​၏ ပုခုံးကိုပင် ဖက်လိုက်ပြီး တခြားသူများအား လျစ်လျူရှု၍ တံခါးဆီသို့ ထွက်သွားတော့​၏။

ကျန်နေသောသူများမှာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိလျက်သား။ ဘာတွေဖြစ်နေမှန်း ဘယ်သူကမှ မသိတာကြောင့် သူတို့နောက် လိုက်သွားရုံမှ တပါးမရှိတော့ပါလေ။

ဖန်းလော့စူးနှင့် ကျွန်တော်က အဖွဲ့​၏ နောက်ဆုံးမှာဖြစ်သည်။ ချဲလိုကို ကျောမှာလွယ်လျက် လူအုပ်ကိုဖြတ်ကာ အရှေ့ဆုံးမှ ရန်ချင်းကျွမ်းအား စိုက်ကြည့်နေမိချိန် ဖန်းလော့စူး​၏ အကြည့်ကတော့ ကျွန်တော့်ထံမှာ ရှိနေခဲ့​၏။

" နင်က အဲ့လူကို သိတာလား ကျိနင် ? " သူမက အမေးရှိသည်။

" သိတယ်။ သူက ငါ့ရဲ့ ....... အထက်တန်းတုန်းက သူငယ်ချင်း " ကျွန်တော်မျက်လုံး လွှဲလိုက်ပြီး မြေပြင်သို့ စိုက်ကြည့်နေလိုက်​၏။

" သူက ပြီးခဲ့တဲ့နှစ်တွေမှာ ကျင်သခင်လေးဆီက မျက်နှာသာအများကြီးရထားတာ။ ဟယ့်လျန်အုပ်စုရဲ့ နောက်မှပေါ်တဲ့ရွှေကြာပဲ။ " ဖန်းလော့စူးက အသံနှိမ့်၍ ပြောလာသည်က :

" နင်.....အလုပ်ကသက်သက် ၊ အပြန်အလှန်ဆက်ဆံဖို့ရွေးချင်တဲ့သူက သက်သက်ဆိုပေမယ့် နင် သူနဲ့ အရမ်းကြီး မရင်းနှီးတာအကောင်းဆုံးပဲ။ သူတို့လိုလူမျိုးတွေက ငါတို့လို လူမျိူးတွေနဲ့ မတူဘူးလေ။ "

ဤသည်မှာ သူငယ်ချင်းတစ်ယောက်က ကောင်းစေချင်လို့ အကြံပေးတာဖြစ်ပြီး ကျွန်တော်ကလဲ သူမ​၏ ကြင်နာမှုကိုနားလည်ပေးရမည်ပင်။ သို့သော် အကြောင်းတချို့ကြောင့် သူမ​၏ စကားများက နားမခံသာဖြစ်စေသလို ခံစားရပါ​၏။

ရန်ချင်းကျွမ်းက ကျွန်တော်နဲ့ယှဉ်ရင် လက်တစ်ဖက်အပိုပါနေသလို ၊ ခြေထောက်တစ်ဖက်ပျောက်နေသလိုမျိူးမှ မဟုတ်ဘဲ​။ ဘာကို မတူတာလဲ ?

" ငါလုပ်တာ ငါသိပါတယ်။ " ​ထိုစကားများကိုသာ ပြောလိုက်ပြီးနောက် ကျွန်တော် ခြေလှမ်းကို အရှိန်တင်၍ လူအုပ်ကိုဖြတ်ကာ ရန်ချင်းကျွမ်းနှင့် ကျင်ချန်ယွီ​၏ အနောက်သို့ရောက်လာခဲ့သည်။

" လာမယ့်ရက်တွေမှာ ပြန်ကောင်းဖို့ အချိန်နည်းနည်းယူလိုက်။ ကုမ္ပဏီကိစ္စအတွက် စိတ်ပူစရာမလိုဘူး။ " ကျင်ချန်ယွီကဖော်ဖော်ရွေရွေပဲဆိုသည်။

ရန်ချင်းကျွမ်းကမူ ခေါင်းသာညိတ်၍ မတုံ့ပြန်လာ။

" ငါ ဒါကို လက်အောက်ငယ်သားတွေအတွက် နမူနာပြဖို့ တပိုင်းနဲ့လုပ်လိုက်တာပဲ။ ဒါအတွက် မင်းငါ့ကို တကယ်ကြီး ငြိုးမနေရဘူးနော်။ "

ကျင်ချန်ယွီက ပြောရင်း ခေါင်းလည်ကာ ကျွန်​တော့်​ကို​ လှည့်​ကြည့်​​၏။

ကျွန်တော်တို့ အကြည့်တွေ ဆုံသွားရလျှင် ကျွန်တော့်ရင်ဘတ်မှာ တစ်ချက်ခုန်သွားသည်။တစ်ဖက်လူ​၏ ကော့နေသောမျက်လုံးစွန်းများက ပြည့်ပြည့်ဝဝ စားသောက်ပြီးနောက် ဘယ်လိုလှည့်ကွက်တွေကစား၍ ဘယ်လို ခလောက်ဆန်ပေးရမလဲတွေးနေသော မြေခွေးတစ်ကောင်အား အမှတ်ရမိစေသည်။ မသိလိုက်ပါဘဲ ကျွန်တော် သတိတိုးသွားပြီး ခြေလှမ်းတွေယိမ်းယိုင်သွားရလျှင် အနောက်မှ လူနှင့် မတော်တဆ တိုက်မိချေတော့သည်။

" ဆောရီးပါ ဆောရီး " တစ်ဖက်လူက အသဲအသန်တောင်းပန်လာ​၏။

ကျွန်တော် ခေါင်းသာရမ်းပြမိကာ သူ့ကို အရင်သွားခွင့်ပေးလိုက်တော့သည်။

ပင်မဝင်ပေါက်အပြင်၌ လူခုနှစ်ယောက်ဆံ့ ဗင်ကားအများအပြားရပ်ထားခဲ့သည်။ ကျွန်တော် ရန်ချင်းကျွမ်းနောက်လိုက်သွားခဲ့ပြီး ရှေ့ဆုံးက ဗင်ကားပေါ်တက်လိုက်​၏။ကျွန်တော် ထိုင်ခုံမှာ ထိုင်ပြီး ပြတင်းပေါက်မှ ပြူကြည့်လိုက်သောအခါကျင်ချန်ယွီက ဖော်ရွေသည့်အပြုံးအား ဆင်မြန်းလျက် ကျွန်တော်တို့ကို ဝှေ့ယမ်းနှုတ်ဆက်နေ​၏။

မသင်္ကာစရာ မြေခွေးလေးကတော့.....

ထိုအခိုက်အတန့်ဝယ် ကျွန်တော် သဘောပေါက်သွားခဲ့ရသည် ; သူက ကျွန်တော်တို့ကို နေ့လယ်စာကျွေးဖို့ နေခိုင်းချင်ခဲ့တာမဟုတ် ၊ ကျွန်တော့်ကို စမ်းသပ်ချင်တာပင် ; ရန်ချင်းကျွမ်းနှင့် ကျွန်တော်တို့ အမှန်တကယ်သိကြသလား စမ်းသပ်ချင်တာဖြစ်​၏။ အကယ်၍ ယမန်နေ့ညက ရန်ချင်းကျွမ်းဝင်လာသော အခန်းဟာ ကျွန်တော့်အခန်းမဟုတ်ပါလျှင်သေချာပေါက် အစောကြီးကတည်းက အဖော်ခံရပြီးလောက်ပြီပင်။

ဉာဉ့်နက်သန်းခေါင်မှ လျှောက်ပတ်သွားခြင်းနှင့်ပင် ပြင်းပြင်းထန်ထန် ဒဏ်ပေးဖို့ လုံလောက်သည်။ အကယ်၍ သူဟာ သူတို့ရှာနေပါသော " ကြွက် " ဖြစ်နေမှန်း တိတိပပသိသွားလိုက်ပါလျှင်..... ကျွန်တော် တုန်သွားပြီး ဆက်ပင်မတွေးရဲတော့။

ရန်ချင်းကျွမ်းက ခရီးသည်ထိုင်ခုံမှာ ထိုင်ပြီး လက်ပိုက်ကာ မျက်စိမှိတ်လျက် အနားယူနေခဲ့သည်။ လမ်းတစ်လျှောက်လုံးသူ စကားတစ်ခွန်းမှ မပြောခဲ့။ ကျွန်တော်တို့ သင်္ဘောကျင်းကို ရောက်သွားသည်နှင့် သူက ဗင်ကားပေါ်က ပထမဆုံး ဆင်းလာခဲ့သူဖြစ်ပြီး ကျွန်တော်တို့ လွယ်ကူစွာ ထွက်နိုင်စေရန် တစ်ယောက်ချင်းစီ​၏ တူရိယာများကို ချကူပေးခဲ့သည်။

ကျွန်တော့် တူရိယာက နည်းနည်း ပိုကြီးသည်မို့ ကားပစ္စည်းခန်းမှာ ထားရှိရ​၏။ ရန်ချင်းကျွမ်းက ကားပစ္စည်းခန်းကိုဖွင့်၍ချဲလိုကို ကျွန်တော့်အတွက် ယူပေးတော့မည်အပြု ၊ ကျွန်တော် သူ့ထံ အပြေးရောက်သွားပြီး သူဘာမှ မလုပ်ရသေးခင်အိတ်ကို ကျောပေါ်လွယ်ပစ်လိုက်သည်။

" မလိုပါဘူး။ ငါဘာသာ လုပ်မယ်။ " သူ တစ်နေရာရာတွင် ဒဏ်ရာရထားသည်ဟု ထင်ကြေးရှိနေမိတာကြောင့် ပိုဆိုးသွားမည်ကိုစိုး၍ သူ့ကို ဒုက္ခမပေးချင်ပါ။

ရန်ချင်းကျွမ်းက ဗလာချည်းသက်သက်လက်ထံ တစ်ချက်အကြည့်ပို့လိုက်ပြီး သရော်သံတစ်ချက်ထွက်လာ​၏။ " ဘာလဲ? မင်း ချဲလိုကို ချိုးပစ်မှာကြောက်လို့လား ? "

တစ်ဒင်္ဂမျှ ကျွန်တော် ပြောစရာမဲ့သွားရလျက်။ ဒီလို အထင်လွဲမှားမှုအထိ သူ ဘယ်လိုရောက်သွားသလဲ ကျွန်တော် မတွေးတတ်တော့ပါချေ။

" အဲ့လိုမဟုတ်..."

သူက ကျွန်တော်ရှင်းပြသည်ကို နားထောင်ချင်စိတ်မရှိ။ ယင်းအစား အကြည့်ကို အဝေးတစ်နေရာသို့ ပို့လိုက်ပြီး စကားဖြတ်ကာဆိုခဲ့သည် : " ကျိနင် ဒီကို ထပ်မလာနဲ့တော့။ "

ထိုသို့ပြော၍ သူက ကျွန်တော့်ကို ဖြတ်ကာ တခြားသို့ ဦးတည်သွားတော့သည်။

သူ့ကျောပြင်ကို ကျွန်တော်စိုက်ကြည့်မိလျက်သား။ အကြောင်းတချို့ကြောင့် ကျွန်တော့်အတွက် အနှီစကားလုံးများဟာပမာမထားစရာမဟုတ်ခဲ့ပါလေ။

လူအားလုံး တန်းစီ၍ အပျော်စီးသင်္ဘောပေါ်တက်ခဲ့ကြသည်။

လူတန်း​၏ အဆုံး၌ ရှိနေသူက ကျွန်တော်။ ကမ်းကိုပြန်လှည့်ကြည့်လိုက်တဲ့အခါ ရန်ချင်းကျွမ်းက မီးညှိထားသောစီးကရက်ကို လက်မှာတပ်လျက် မှိုင်းညို့လေးလံသည့်မျက်ဝန်းတစ်စုံဖြင့် ကျွန်တော်တို့ရှိရာဘက်သို့ ကြည့်နေခဲ့သည်။

ကျွန်တော် လှေပေါ် အခြေမချရသေးခင် သူက ပါးစပ်အပြည့် မီးခိုးတွေကိုမှုတ်ထုတ်လိုက်​၏​။၎င်းနောက် ပြန်လှည့်မကြည့်တော့ပဲ လှည့်ထွက်သွားတော့လေသည်။

ကျွန်တော်တို့ တစ်ညလေးပဲ ထွက်သွားခဲ့သည့်တိုင် ချုန်းဟိုင်ပြန်ရောက်သောအခါ သက်ရှိကမ္ဘာကို ပြန်ရောက်လာသလိုခံစားရ​၏။

အဖွဲ့သားများကို နှုတ်ဆက်ပြီးသကာလ ၊ ကျွန်တော် ခန္ဓာကိုယ်ခဲဆွဲလျက်နှင့် အိမ်သို့ပြန်လာခဲ့သည်။ အိမ်တံခါးဆီသို့လျှောက်လာခဲ့သည့်အချိန်၌ အမေ့ထံမှ ဖုန်းဝင်လာခဲ့​၏။

​ဖုန်းဖြေလိုက်သောအခါ တစ်ဖက်မှလူက ညီမလေးဖြစ်မှန်း သိလိုက်ရသည်။

ကျွန်တော်တို့အမေက အတော်လေး တင်းကြပ်သူပင်။ ညီမလေးက ၁၈နှစ်မပြည့်သေးတာကြောင့် ကိုယ်ပိုင်ဖုန်းပင် သုံးခွင့်မရှိသေး။ သို့ဖြစ်၍ သူမ ကျွန်တော့်ထံမှ တစ်ခုခုလိုလာတိုင်း တခြားသူထံမှ အမြဲလိုလိုငှားဆက်ရလေသည်။သူမက တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးနှင့် ပတ်သက်ပြီး ကျွန်တော့် သဘောထားကိုသိချင်တာကြောင့် ဖုန်းဆက်ခဲ့တာဖြစ်သည်။ သူမ​၏ ရည်ရွယ်ချက်က ချုန်းဟိုင်မှာကျောင်းတက်ဖို့ ဖြစ်သော်လည်း အိမ်နှင့် အလှမ်းဝေးလွန်းသောကြောင့်မိန်းကလေးဖြစ်သော သူမကို အမေက စိတ်မချပါချေ။

" နည်းနည်းဝေးနေလဲ ဘာဖြစ်လဲလို့ ၊ ကိုကိုလဲ ချုန်းဟိုင်မှာပဲမလား ? ကိုကို ငါ့ကိုကူပြီး အမေ့ကို နားချပေးပါဦး။ ချုန်းဟိုင် အကတက္ကသိုလ်ကို လျှောက်ခွင့်ပေးအောင် သိမ်းသွင်းပေးပါဦး ? "

ညီမလေးသည် ငယ်ငယ်လေးကတည်းက ကခဲ့တာဖြစ်ပြီး ထူးချွန်သည့် ပရော်ဖက်ရှင်နယ် ဘဲလေးအကမယ်ဖြစ်ဖို့ကအမြဲတမ်း အိပ်မက်မက်ခဲ့သည်။ ချုန်းဟိုင် အကတက္ကသိုလ်သည် ပြည်တွင်းအကသင်တန်းကျောင်းများထဲတွင်ထိပ်တန်းအဆင့်သတ်မှတ်ခံရသောကြောင့် လျှောက်ထားချင်သည်က မဆန်းလှ​၏။

သူမ​၏ အစ်အောက်ညည်းတွားသံများကို သည်းမခံနိုင်တော့ဘဲ ကျွန်တော် အမေ့ဆီ ဖုန်းလွှဲပေးဖို့ ပြောပြီး စကားပြောကြည့်မည်ဟု ကတိပေးလိုက်ရသည်။

တရှဲရှဲမြည်သံတွေ ဆက်တိုက်ပေါ်လာပြီးနောက် အမေက ဖုန်းကိုယူလိုက်​၏။ သူမပါးစပ်မှ ပထမဆုံးထွက်လာသောစကားမှာ : " အဲ့ဒီချုန်းဟိုင်က ကောင်းတယ်လို့ မင်းက ထင်နေတာလား ? "

" လင်ကော လျှောက်ချင်တယ်ဆိုလဲ လျှောက်ပါစေဗျာ။ "

" မင်းတို့အားလုံး ချုန်းဟိုင်ကို သွားကြမှာဆိုတော့ ငါလဲ အဲ့ဒီကို ပြောင်းလိုက်မှပဲ "

ကျွန်တော့်မှာ ရယ်ရခက် ငိုရခက်ပင် : " ကျွန်တော်တို့ အခု အရွယ်ရောက်ပါပြီ။ ကျွန်တော်တို့နောက်ကို လိုက်နေစရာမလိုတော့ပါဘူး အမေ.... "

" ငါစိတ်ပူတယ်။ "

ကနဦးမှာ ကျွန်တော် တခြားဟာကို ပြောရန်ပြင်သော်လည်း ကျွန်တော့်အမေက ဆုံးဖြတ်ချက်ဘယ်တော့မှ မပြောင်းခဲ့တာကို တွေးမိလိုက်သည်။ ကျွန်တော် ဆက်ပြောနေလျှင်တောင် ကိုယ့်အားကိုယ်ဖြုန်းရုံသာဖြစ်မည်မို့ သူမကို ဆက်ဖျောင်းဖျမနေတော့ပေ။ သို့နှင့် ခေါင်းစဉ်က နိဂုံးချုပ်သွားပြီး ဆက်ဆွေးနွေးစရာမရှိတော့ဘဲ မဒမ်ပိုင်ဟာ ကျွန်တော့်ဘဝအကြောင်းကို စတင်မေးမြန်းလာတော့သည်။

" မင်းရော လတ်တလော အဆင်ပြေရဲ့လား ? "

ကျွန်တော့်ရောဂါရလဒ်က မြေကြီးလက်ခတ်မလွဲတော့ပြီဖြစ်သည်။ မိသားစုကို လိုအပ်တာထက်ပိုပြီး ဒုက္ခမပေးချင်တာကြောင့် သူတို့ကို တတ်နိုင်သလောက် ဖုံးထားဖို့သာ ဆုံးဖြတ်လိုက်တော့သည်။ နောက်ဆုံးအခြေနေဟု သူတို့ကိုပြောပြဖို့အတွက် အရမ်းနောက်မကျတော့ပါချေ။

" တော်တော် ကောင်းပါတယ်။ "  ရှားရှားပါးပါး ကျွန်တော်လိမ်လိုက်​၏။

ပုံမှန်စကားစမြည် နည်းနည်းပါးပါး ပြောဆိုပြီးနောက် အမေက စ၍ ဖုန်းချရန်ပြင်သည်။ သို့သော် အကြောင်းတချို့ကြောင့် ကျွန်တော့် ဦးနှောက်ထက်အရင် ပါးစပ်က တုံ့ပြန်လိုက်ပြီး သူမအား အသံထွက်ခေါ်လိုက်မိ​၏။

သူမက မေးခြင်းချခြင်းမပြုပါဘဲ တစ်ဖက်မှ တိတ်ဆိတ်စွာစောင့်ပေးသည်။ ကျွန်တော့်အတွက် အရေးကြီးသောကိစ္စတစ်ခုခု ပြောပြတော့မှာကို သူမက သိနေဟန်တူပါသည်။

" တကယ်လို့ ကျွန်တော်..... အတိတ်တုန်းက အကျိူးဆက်ဆိုးရွားတဲ့ အမှားတစ်ခုကို လုပ်မိထားပြီး အခုမှ ပြန်ပြင်ဖို့အခွင့်အရေးရတယ်။ ဒါမဲ့ တန်ကြေးကြီးလိမ့်မယ်ဆိုရင် ပြောင်းလဲဖို့ ကျွန်တော့်အစွမ်း ရှိသမျှ အကုန်လုပ်ပေးသင့်တယ်မဟုတ်လား ? "

" အရမ်းဆိုးရွားတဲ့ အမှားလား ? "

" အင်း။ "

တစ်ဖက်က စက္ကန့်အနည်းငယ်တိတ်သွားပြီးမှ ဆိုလာသည်။ " မင်းကို ကောင်းကောင်းမသင်ပြပေးနိုင်ခဲ့တဲ့ ငါ့အမှားပဲ။ "

ဖုန်းကိုဆုပ်ထားသည့် ကျွန်တော့်လက်တွေတင်းကနဲ့ဖြစ်သွားပြီး ရှက်စိတ်က အတွင်းပိုင်းမှာ လွှမ်းခြုံလာလျက်ကျွန်တော် မျက်လွှာချလိုက်မိသည်။ " တောင်းပန်ပါတယ်။ "

အမေက သက်ပြင်းချလိုက်ပြီး :

" မင်း နှစ်တွေအကြာကြီး ဒါကို မှတ်မိနေကတည်းက သေးသေးမွှားမွှားတော့ ဟုတ်မယ်မထင်ဘူး။ဒီအတွေးက မင်းစိတ်ဝိဉာဉ်ကို နေမထိထိုင်မထိဖြစ်စေရင် ငြိမ်အောင် လုပ်ပေးရမှာပဲ။ လူတိုင်းက သူတို့လုပ်ခဲ့တဲ့အမှားတွေအတွက် တန်ကြေးပေးရတယ်။ ဒါကို ရှောင်ဖို့ ပိုကြိုးစားလေလေ ၊ တန်ကြေးက ပိုကြီးလေလေပဲ။ မင်းက အမှားကို ဝန်ခံရဲတဲ့သတ္တိရှိလို့ ဘာပဲဖြစ်ဖြစ် မင်းအတွက် အမေ အမြဲဂုဏ်ယူနေမှာပါ။ "

အမေပြောတာကို ကြားလိုက်ရသော် အကြောင်းတချို့ကြောင့် ကျွန်တော့်စိုးရိမ်ပူပန်စိတ်တွေ ငြိမ်ကျသွားသည်​။ မြူခိုးထူထူကြားမှ လမ်းမှန်အား ရှာတွေလိုက်သလို ခံစားခဲ့ရ​၏။

" ဘယ်လိုပဲဖြစ်ဖြစ်ပါ " သူမအသံက ပိုပြီး ခက်ထန်လာခဲ့​၏။ " ထပ်ပြီး အမှားမလုပ်နဲ့တော့ ၊ နားလည်လား ? "

ကျွန်တော့်ဘဝက နောက်ဆုံးနေ့ရက်တွေကို ရောက်နှင့်ပြီဖြစ်သည်။ သည်လောက​၏ နောက်ဆုံးခြောက်လအတွင်း ဘာအမှားမှ ထပ်မလုပ်မိတော့မှာ ဖြစ်တန်ရာ​၏။

" ဟုတ်ကဲ့ပါ။ ကျွန်တော် ဘယ်တော့မှ အမှားမလုပ်တော့ပါဘူး " ကျွန်တော် သူမကို ကတိပေးလိုက်ပါသည်။

____________________________________________________________________





『Unicode 』

အခန္း ( ၅ ) : က်ိနင္ ၊ ဒီကို ထပ္မလာနဲ႔ေတာ့။

※※※※※※※※※※※※※※※※※※※※



လက္တုန္သြားတာေၾကာင့္ ကၽြန္ေတာ့္ဇြန္း ေအာက္ကို ျပဳတ္က်သြားခဲ့ရသည္။ တစ္ခုခ်င္းဆိုရလၽွင္ သခင္ေလးက်င္​၏ အမူအရာႏွင့္ ေလသံ ဘာတစ္ခုမွ မွားယြင္းေနတာမရွိေသာ္လည္း အတူတကြ ေပါင္းစည္းလိုက္ေသာ္ မိမိေသြးတို႔ကို ခ်က္ခ်င္း ေအးစိမ့္သြားေစ​၏။

" ေတာင္းပန္ပါတယ္.... "

ကၽြန္ေတာ္ အျမန္ငုံ႔၍ ေကာက္လိုက္စဥ္ စားပြဲေအာက္၌ စပ္စပ္စုစုမ်က္ဝန္းတစ္စုံျဖင့္ မိတ္ဆက္လိုက္ရသည္။

က်င္မိသားစု​၏ သားငယ္ က်င္ယြမ္ေပါင္က မေမၽွာ္လင့္စြာပဲ စားပြဲေအာက္ေရာက္ေနခဲ့သည္။ ထိုအခိုက္ဝယ္ သူက ကၽြန္ေတာ္ေျခေထာကေဘးမွေန၍ ဇြန္းကိုပင္ ကူေကာက္ေပးလိုက္ေသး​၏။

" ေက်းဇူးပါ " အံ့ဩဘနန္းႏွင့္ ကၽြန္ေတာ္ ေက်းဇူးတင္စကားေျပာလိုက္ၿပီး သူ႔ထံမွ ဇြန္းကိုယူလိုက္သည္။

" ကၽြန္ေတာ္ မင္းကို မေန႔ညကျမင္တယ္။ စတိတ္ေပၚမွာ "

က်င္ယြမ္ေပါင္က ၇ႏွစ္၈ႏွစ္အရြယ္တစ္ေယာက္ျဖစ္ၿပီး အလြန႔္အလြန္ဝိုင္းစက္ေနေသာ ေခါင္းေလးရွိသည္။ စကားေျပာစဥ္၌ အေတာ္အတန္ ပါးနပ္သည့္ သြင္ျပင္ေပါက္ေသာ္လည္း ပါးစပ္ကိုဖြင့္လိုက္ေသာအခိုက္တြင္မူ ထက္ျမက္သည့္ဟန္မေပၚေတာ့ေပ။

" အင္း... ငါက Cello တီးတယ္ေလ။ " ကၽြန္ေတာ္ ေျပာလိုက္သည္။

" Cello ? " သူက နံရံမွာ ေထာင္ထားေသာ တူရိယာအတန္းလိုက္ကို တစ္ခ်က္ၾကည့္ၿပီး ႐ုတ္တရက္ႀကီး မ်က္လုံးေတြေကြးသြားေအာင္ ျပဳံးလိုက္ၿပီး : " ကၽြန္ေတာ္ Cello ကိုႀကိဳက္တယ္။ "

သူ႔အျပဳံးက ႏုနယ္အျပစ္ကင္း၍ အတၱဟူသည္ အနည္းငယ္မၽွမပါဝင္။ အေစာပိုင္းက သူ႔႐ုပ္ရည္ဟာ သူ႔အေဖျဖစ္သူ၊ အစ္ကိုျဖစ္သူတို႔ႏွင့္ တစ္နည္းတစ္ဖုံဆင္တူေနေသးသည္ဆိုလၽွင္ေတာင္ သည္အျပဳံးကေတာ့ မတူညီေတာ့ပါေခ်။

" ယြမ္ေပါင္ ၊ ဘာလို႔ အစားကိုေတာင္ ေသခ်ာမစားတတ္ရတာလဲ ? ျမန္ျမန္ ဒီကိုလာခဲ့ " ထိုအခိုက္ဝယ္ က်င္ခ်န္ယြီလဲ သူ႔ညီေလးအား မေတြ႕ေတာ့ေၾကာင္း သိသြားၿပီး အသံထဲ၌ ကူကယ္ရာမဲ့ဟန္ စြက္ေနသည္။

က်င္ယြမ္ေပါင္က ႏွုတ္ခမ္းေတြတြန႔္ေကြးသြားၿပီး သူ႔အစ္ကို စကားကို နည္းနည္းမွနားမေထာင္ေပ။ ယင္းအစား သူက ငုံ႔ကိုင္းလ်က္ ကၽြန္ေတာ့္ဘက္ရွိစားပြဲမွ သုတ္သုတ္ပ်ာပ်ာျဖင့္ အျမန္ေျပးထြက္ကာ ေပ်ာက္ကြယ္သြားေတာ့​၏။

မ်က္ခုံးက်ဳံ႕လ်က္ျဖင့္ က်င္ခ်န္ယြီက ေဘးမွာ ရပ္ေနေသာ အေစခံကို တစ္ခ်က္အၾကည့္ပို႔လိုက္သည္။ သူမကလဲ တစ္ခြန္းေျပာစရာမလိုပဲ သေဘာေပါက္သြားၿပီး သခင္ငယ္ေလးအေနာက္သို႔ အျမန္လိုက္ပါသြားေတာ့သည္။

က်င္ခ်န္ယြီက အေစခံ လုံးလုံးေပ်ာက္သြားပါမွ အၾကည့္လႊဲလိုက္​၏။သူက စားပြဲပတ္ပတ္လည္မွာထိုင္ေနေသာ သူမ်ားကို ေတာင္းပန္သလိုျဖင့္ : " ေတာင္းပန္ပါတယ္ဗ်ာ။ အားလုံးကို ရယ္ရေစမိၿပီ​ "

ဖန္းေလာ့စူးက အသဲအသန္ လက္ယမ္းျပလိုက္ကာ : " မလိုပါဘူး။မလိုပါဘူး။ သူက ကေလးေလးဆိုေတာ့ ထိုင္မေနနိုင္တာကပုံမွန္ပါပဲ။ "

က်န္သူမ်ားကလဲ တစ္ေယာက္ၿပီး တစ္ေယာက္ သံေယာင္လိုက္ကာ က်င္ခ်န္ယြီအား စိတ္ထဲမထားဖို႔ ေျပာဆိုေနၾကသည္။

ကၽြန္ေတာ္ ေရခြက္ကိုေကာက္၍ တစ္က်ိဳက္ေမာ့လိုက္​မိ​၏။ စိတ္အစဥ္မွာေတာ့ ေလလြင့္ေနတာၾကာၿပီပင္။

ေကသရာဇာကၽြန္းဟာ နဂါးအိုင္ေသာ္၎ ၊ က်ားသားရဲတြင္းေသာ္၎ ႏွိုင္းယွဥ္လို႔ရသည္မို႔ က်င္ခ်န္ယြီဟာလည္း ဤတြင္ေနထိုင္ေသာ သရဲ သို႔မဟုတ္ နတ္ဆိုးႏွင့္သာ တူသည္။ ထမင္းစားခန္းဟာ ေတာက္ေျပာင္က်ယ္ဝန္းၿပီး ၊ အစားအစာေတြကလဲ အရသာရွိၿပီးအႀကိဳက္ေတြ႕ေစသည့္တိုင္ ကၽြန္ေတာ့္အဖို႔ ပင္အပ္ေတြေပၚထိုင္ၿပီး ဖေယာင္းကို ဝါးေနရသကဲသို႔ ခံစားရသည္။

ယခု ရန္ခ်င္းကၽြမ္း ဘာေတြ ေတြ႕ၾကဳံေနရမည္နည္း? သူ႔ အသက္အႏၲရာယ္ရွိေနတာမ်ားလား ?

ငါဘယ္လိုလုပ္ရင္ သူ႔ကို ကူညီနိုင္မလဲ ?

အနည္းဆုံးေတာ့ ယေန႔လို သူျဖစ္လာခဲ့ျခင္းက ကၽြန္ေတာ့္မွာ တစ္စိတ္တစ္ပိုင္း တာဝန္ရွိတာမို႔ ေဘးကေန မထုံတက္ေသးႏွင့္ ထိုင္မၾကည့္ေနနိုင္ပါ။

" အားလုံး စားေသာက္ၿပီးၿပီဆိုေတာ့ ငါ မင္းတို႔အားလုံးကို သေဘၤာက်င္းဆီ ေစာင့္ၾကပ္ေခၚသြားဖို႔ လူတစ္ေယာက္ရွာလိုက္မယ္။ " က်င္ခ်န္ယြီက သူ႔လက္ကို အသာေျမႇာက္လိုက္လၽွင္ တစ္ခ်ိန္လုံး နံရံအလွဆင္ပုံစံဖမ္းေနေသာ ကတုံးက အလိုအေလ်ာက္ ခ်ည္းကပ္လာကာ လာမည့္ညႊန္ၾကားခ်က္ကို ေစာင့္ေနခဲ့သည္။

က်င္သခင္ေလးက ဘာေျပာလိုက္မွန္း မရွင္းေသာ္ျငား ကတုံးကေတာ့ ေခါင္းညိတ္၍ အခန္းထဲမွ အျမန္ထြက္ခြာသြားသည္​။ ထိုအခါမွ ကတုံး​၏ ေခါင္းေနာက္တြင္လည္း ေပ်ာက္က်ားေႁမြတက္တူးတစ္ခုရွိေနမွန္း ကၽြန္ေတာ္ သတိထားမိလိုက္သည္ ; တစ္ခ်က္ၾကည့္႐ုံျဖင့္ပင္ ေအာ္ဂလီဆန္ခ်င္စရာ။

လူအားလုံး မတ္တပ္ထရပ္၍ ကိုယ္ပိုင္ တူရိယာေတြကို ယူကာ ေႏြးေထြးသည့္ ဧည့္ဝတ္ေက်ပြန္မွုေၾကာင့္ က်င္သခင္ေလးကို ေက်းဇူးတင္ေၾကာင္း အေရွတိုးေျပာခဲ့ၾကသည္။

" ငါတို႔ ထပ္ဆုံနိုင္ဖို႔ ေမၽွာ္လင့္ပါတယ္။ " ကၽြန္ေတာ့္အလွည့္အေရာက္ က်င္ခ်န္ယြီက ေဖာ္ေရြစြာပင္ လက္ဆန႔္ေပးလာ​၏။

ျပဳံးျပေနေသာလူကို ရိုက္မခ်ရဟူေသာ ဆိုရိုးရွိသလိုပဲ ၊ ကၽြန္ေတာ့္ စိတ္ထဲမွာ စက္ဆုပ္မွုအျပည့္ျဖစ္ေနသည့္တိုင္ ကၽြန္ေတာ္ သူ႔လက္ကို ဆြဲလိုက္ရသည္။အလြန္ေအးစက္၍ တမ်ိဴးတဖုံ မအီမသာျဖစ္ေစေသာ အထိအေတြ႕ပင္။ စကၠန႔္အနည္းငယ္ေသာ္မၽွသာ ဆြဲထားၿပီး ကၽြန္ေတာ္ လႊတ္ေပးလိုက္မိသည္။

ထိုအခိုက္ ၊ ထမင္းစားခန္းတံခါးက အျပင္မွ ပြင့္က်လာခဲ့သည္။ အရပ္ရွည္ရွည္၊ေတာင့္တင္းေသာ ပုံရိပ္တစ္ခုဝင္ေရာက္လာၿပီး က်င္ခ်န္ယြီ​၏ ေဘးမွ လာရပ္ခဲ့​၏။

" ကားေတြက အခ်ိန္မေရြးထြက္လို႔ရပါၿပီ။ " ရန္ခ်င္းကၽြမ္း​၏ အၾကည့္က ေယာင္ေယာင္ေလးပင္ မရပ္ပဲ ကၽြန္ေတာ့္မ်က္ႏွာေပၚမွ လ်စ္လ်ဴရွုစြာ ျဖတ္သန္းသြားလ်က္။

သူ႔အသားအေရက အလြန္တရာေဖ်ာ့ေတာ့ၿပီး မ်က္ခုံးေတြမွာလည္း မသိလိုက္ပါဘဲ တြန႔္ခ်ိဳးေနသည္မွာ နာက်င္မွု တစ္စုံတစ္ရာကို သည္းခံေနရသကဲ့သို႔ပင္။

အဝတ္အျပင္ဘက္မွာ ျမင္ေနရေသာ ခႏၶာကိုယ္အစိတ္အပိုင္းမ်ား၌ မူမမွန္တာဘာမွမရွိေသာ္လည္း အထည္သားေအာက္မွာ ဖုံးကြယ္ထားေသာ ေနရာမ်ားတြင္ မည္သို႔ေသာ ရက္စက္မွုမ်ိဴးေတြ က်ဴးလြန္ထားမလဲ ကၽြန္ေတာ္ ေတြး၍ပင္မရ။

က်င္ခ်န္ယြီက စေနာက္ေနသည္မဟုတ္ ; ရန္ခ်င္းကၽြမ္း အမွန္တကယ္ အျပစ္ေပးခံခဲ့ရ​၏။

လက္ႀကီးတစ္ဖက္က ကၽြန္ေတာ့္ႏွလုံးသားအာ ဆုပ္ထားသည့္ႏွယ္ ကၽြန္ေတာ္ဟာ စကၠန႔္ပိုင္းမၽွ အသက္မရွုနိုင္ေတာ့ေပ။

က်င္ခ်န္ယြီက ကၽြန္ေတာ့္ကို ၾကည့္လိုက္ၿပီးမွ ရန္ခ်င္းကၽြမ္းအား ျပန္ၾကည့္လိုက္သည္။ ႐ုတ္တရက္ႀကီး သူက ဟားတိုက္ရယ္ေမာ​​၏ : " ဘုရားေရ မင္းတို႔ႏွစ္ေယာက္က တကယ္ႀကီး ငယ္ခ်စ္ေတြေပါ့ေလ "

သူက ေျပာရင္းျဖင့္ ရန္ခ်င္းကၽြမ္း​၏ ေက်ာျပင္ကို တဖတ္ဖတ္ပုတ္ေပးလိုက္သည္။ ေသခ်ာေပါက္ အားမပါေသာ္လည္း ရန္ခ်င္းကၽြမ္းကမူ ေျခမခိုင္သလို အနည္းငယ္ တုန္သြားခဲ့ၿပီး ၎ေနာက္ သူ႔ အသားအေရက ပို၍ ဆိုးဝါးလာခဲ့​၏။

" မင္း အဆင္ေျပရဲ့လား ? "

ကၽြန္ေတာ္ အျမန္ ရန္ခ်င္းကၽြမ္းအား ကူေပးရန္ျပင္ေသာ္လည္း သူက ေရွာင္သြားၿပီး ကၽြန္ေတာ္လက္အား ဖယ္ပစ္လိုက္သည္။

" ဘာျဖစ္လို႔လဲ ? ရန္ျဖစ္ထားၾကတာလား ​? စိတ္ထဲကေန မယူပါနဲ႔ကြာ​။မင္းလိုလူမ်ိဴးရဲ့ စိတ္ကို သည္းခံနိုင္တဲ့ သာမာန္လူဆိုတာ အေတာ္ေလး ရွားတယ္ေလ။ " အေၾကာင္းတခ်ိဳ႕ေၾကာင့္ က်င္ခ်န္ယြီ​၏ စိတ္အေျခအေနက အသိအသာႀကီး ေကာင္းမြန္ေနသလို။ သူက ရန္ခ်င္းကၽြမ္း​၏ ပုခုံးကိုပင္ ဖက္လိုက္ၿပီး တျခားသူမ်ားအား လ်စ္လ်ဴရွု၍ တံခါးဆီသို႔ ထြက္သြားေတာ့​၏။

က်န္ေနေသာသူမ်ားမွာ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ၾကည့္မိလ်က္သား။ ဘာေတြျဖစ္ေနမွန္း ဘယ္သူကမွ မသိတာေၾကာင့္ သူတို႔ေနာက္ လိုက္သြား႐ုံမွ တပါးမရွိေတာ့ပါေလ။

ဖန္းေလာ့စူးႏွင့္ ကၽြန္ေတာ္က အဖြဲ႕​၏ ေနာက္ဆုံးမွာျဖစ္သည္။ ခ်ဲလိုကို ေက်ာမွာလြယ္လ်က္ လူအုပ္ကိုျဖတ္ကာ အေရွ႕ဆုံးမွ ရန္ခ်င္းကၽြမ္းအား စိုက္ၾကည့္ေနမိခ်ိန္ ဖန္းေလာ့စူး​၏ အၾကည့္ကေတာ့ ကၽြန္ေတာ့္ထံမွာ ရွိေနခဲ့​၏။

" နင္က အဲ့လူကို သိတာလား က်ိနင္ ? " သူမက အေမးရွိသည္။

" သိတယ္။ သူက ငါ့ရဲ့ ....... အထက္တန္းတုန္းက သူငယ္ခ်င္း "

ကၽြန္ေတာ္ညမ်က္လုံး လႊဲလိုက္ၿပီး ေျမျပင္သို႔ စိုက္ၾကည့္ေနလိုက္​၏။

" သူက ၿပီးခဲ့တဲ့ႏွစ္ေတြမွာ က်င္သခင္ေလးဆီက မ်က္ႏွာသာအမ်ားႀကီးရထားတာ။ ဟယ့္လ်န္အုပ္စုရဲ့ ေနာက္မွေပၚတဲ့ ေရႊၾကာပဲ။ " ဖန္းေလာ့စူးက အသံႏွိမ့္၍ ေျပာလာသည္က :

" နင္.....အလုပ္ကသက္သက္ ၊ အျပန္အလွန္ဆက္ဆံဖို႔ေရြးခ်င္တဲ့သူက သက္သက္ဆိုေပမယ့္ နင္ သူနဲ႔ အရမ္းႀကီး မရင္းႏွီးတာအေကာင္းဆုံးပဲ။ သူတို႔လိုလူမ်ိဳးေတြက ငါတို႔လို လူမ်ိဴးေတြနဲ႔ မတူဘူးေလ။ "

ဤသည္မွာ သူငယ္ခ်င္းတစ္ေယာက္က ေကာင္းေစခ်င္လို႔ အႀကံေပးတာျဖစ္ၿပီး ကၽြန္ေတာ္ကလဲ သူမ​၏ ၾကင္နာမွုကို နားလည္ေပးရမည္ပင္။ သို႔ေသာ္ အေၾကာင္းတခ်ိဳ႕ေၾကာင့္ သူမ​၏ စကားမ်ားက နားမခံသာျဖစ္ေစသလို ခံစားရပါ​၏။

ရန္ခ်င္းကၽြမ္းက ကၽြန္ေတာ္နဲ႔ယွဥ္ရင္ လက္တစ္ဖက္အပိုပါေနသလို ၊ ေျခေထာက္တစ္ဖက္ေပ်ာက္ေနသလိုမ်ိဴးမွ မဟုတ္ဘဲ​။ ဘာကို မတူတာလဲ ?

" ငါလုပ္တာ ငါသိပါတယ္။ " ​ထိုစကားမ်ားကိုသာ ေျပာလိုက္ၿပီးေနာက္ ကၽြန္ေတာ္ ေျခလွမ္းကို အရွိန္တင္၍ လူအုပ္ကို ျဖတ္ကာ ရန္ခ်င္းကၽြမ္းႏွင့္ က်င္ခ်န္ယြီ​၏ အေနာက္သို႔ေရာက္လာခဲ့သည္။

" လာမယ့္ရက္ေတြမွာ ျပန္ေကာင္းဖို႔ အခ်ိန္နည္းနည္းယူလိုက္။ ကုမၸဏီကိစၥအတြက္ စိတ္ပူစရာမလိုဘူး။ " က်င္ခ်န္ယြီက ေဖာ္ေဖာ္ေရြေရြပဲဆိုသည္။

ရန္ခ်င္းကၽြမ္းကမူ ေခါင္းသာညိတ္၍ မတုံ႔ျပန္လာ။

" ငါ ဒါကို လက္ေအာက္ငယ္သားေတြအတြက္ နမူနာျပဖို႔ တပိုင္းနဲ႔လုပ္လိုက္တာပဲ။ ဒါအတြက္ မင္းငါ့ကို တကယ္ႀကီး ၿငိဳးမေနရဘူးေနာ္။ "

က်င္ခ်န္ယြီက ေျပာရင္း ေခါင္းလည္ကာ ကၽြန္​ေတာ့္​ကို​ လွည့္​ၾကည့္​​၏။

ကၽြန္ေတာ္တို႔ အၾကည့္ေတြ ဆုံသြားရလၽွင္ ကၽြန္ေတာ့္ရင္ဘတ္မွာ တစ္ခ်က္ခုန္သြားသည္။တစ္ဖက္လူ​၏ ေကာ့ေနေသာ မ်က္လုံးစြန္းမ်ားက ျပည့္ျပည့္ဝဝ စားေသာက္ၿပီးေနာက္ ဘယ္လိုလွည့္ကြက္ေတြကစား၍ ဘယ္လို ခေလာက္ဆန္ေပးရမလဲေတြးေနေသာ ေျမေခြးတစ္ေကာင္အား အမွတ္ရမိေစသည္။ မသိလိုက္ပါဘဲ ကၽြန္ေတာ္ သတိတိုးသြားၿပီး ေျခလွမ္းေတြယိမ္းယိုင္သြားရလၽွင္ အေနာက္မွ လူႏွင့္ မေတာ္တဆ တိုက္မိေခ်ေတာ့သည္။

" ေဆာရီးပါ ေဆာရီး " တစ္ဖက္လူက အသဲအသန္ေတာင္းပန္လာ​၏။

ကၽြန္ေတာ္ ေခါင္းသာရမ္းျပမိကာ သူ႔ကို အရင္သြားခြင့္ေပးလိုက္ေတာ့သည္။

ပင္မဝင္ေပါက္အျပင္၌ လူခုႏွစ္ေယာက္ဆံ့ ဗင္ကားအမ်ားအျပားရပ္ထားခဲ့သည္။ ကၽြန္ေတာ္ ရန္ခ်င္းကၽြမ္းေနာက္လိုက္သြားခဲ့ၿပီး ေရွ႕ဆုံးက ဗင္ကားေပၚတက္လိုက္​၏။ကၽြန္ေတာ္ ထိုင္ခုံမွာ ထိုင္ၿပီး ျပတင္းေပါက္မွ ျပဴၾကည့္လိုက္ေသာအခါ က်င္ခ်န္ယြီက ေဖာ္ေရြသည့္အျပဳံးအား ဆင္ျမန္းလ်က္ ကၽြန္ေတာ္တို႔ကို ေဝွ႕ယမ္းႏွုတ္ဆက္ေန​၏။

မသကၤာစရာ ေျမေခြးေလးကေတာ့.....

ထိုအခိုက္အတန႔္ဝယ္ ကၽြန္ေတာ္ သေဘာေပါက္သြားခဲ့ရသည္ ; သူက ကၽြန္ေတာ္တို႔ကို ေန႔လယ္စာေကၽြးဖို႔ ေနခိုင္းခ်င္ခဲ့တာမဟုတ္ ၊ ကၽြန္ေတာ့္ကို စမ္းသပ္ခ်င္တာပင္ ; ရန္ခ်င္းကၽြမ္းႏွင့္ ကၽြန္ေတာ္တို႔ အမွန္တကယ္သိၾကသလား စမ္းသပ္ခ်င္တာျဖစ္​၏။ အကယ္၍ ယမန္ေန႔ညက ရန္ခ်င္းကၽြမ္းဝင္လာေသာ အခန္းဟာ ကၽြန္ေတာ့္အခန္းမဟုတ္ပါလၽွင္ ေသခ်ာေပါက္ အေစာႀကီးကတည္းက အေဖာ္ခံရၿပီးေလာက္ၿပီပင္။

ဉာဉ့္နက္သန္းေခါင္မွ ေလၽွာက္ပတ္သြားျခင္းႏွင့္ပင္ ျပင္းျပင္းထန္ထန္ ဒဏ္ေပးဖို႔ လုံေလာက္သည္။ အကယ္၍ သူဟာ သူတို႔ရွာေနပါေသာ " ႂကြက္ " ျဖစ္ေနမွန္း တိတိပပသိသြားလိုက္ပါလၽွင္..... ကၽြန္ေတာ္ တုန္သြားၿပီး ဆက္ပင္မေတြးရဲေတာ့။

ရန္ခ်င္းကၽြမ္းက ခရီးသည္ထိုင္ခုံမွာ ထိုင္ၿပီး လက္ပိုက္ကာ မ်က္စိမွိတ္လ်က္ အနားယူေနခဲ့သည္။ လမ္းတစ္ေလၽွာက္လုံး သူ စကားတစ္ခြန္းမွ မေျပာခဲ့။ ကၽြန္ေတာ္တို႔ သေဘၤာက်င္းကို ေရာက္သြားသည္ႏွင့္ သူက ဗင္ကားေပၚက ပထမဆုံး ဆင္းလာခဲ့သူျဖစ္ၿပီး ကၽြန္ေတာ္တို႔ လြယ္ကူစြာ ထြက္နိုင္ေစရန္ တစ္ေယာက္ခ်င္းစီ​၏ တူရိယာမ်ားကို ခ်ကူေပးခဲ့သည္။

ကၽြန္ေတာ့္ တူရိယာက နည္းနည္း ပိုႀကီးသည္မို႔ ကားပစၥည္းခန္းမွာ ထားရွိရ​၏။ ရန္ခ်င္းကၽြမ္းက ကားပစၥည္းခန္းကိုဖြင့္၍ ခ်ဲလိုကို ကၽြန္ေတာ့္အတြက္ ယူေပးေတာ့မည္အျပဳ ၊ ကၽြန္ေတာ္ သူ႔ထံ အေျပးေရာက္သြားၿပီး သူဘာမွ မလုပ္ရေသးခင္ အိတ္ကို ေက်ာေပၚလြယ္ပစ္လိုက္သည္။

" မလိုပါဘူး။ ငါဘာသာ လုပ္မယ္။ " သူ တစ္ေနရာရာတြင္ ဒဏ္ရာရထားသည္ဟု ထင္ေၾကးရွိေနမိတာေၾကာင့္ ပိုဆိုးသြားမည္ကိုစိုး၍ သူ႔ကို ဒုကၡမေပးခ်င္ပါ။

ရန္ခ်င္းကၽြမ္းက ဗလာခ်ည္းသက္သက္လက္ထံ တစ္ခ်က္အၾကည့္ပို႔လိုက္ၿပီး သေရာ္သံတစ္ခ်က္ထြက္လာ​၏။ " ဘာလဲ ? မင္း ခ်ဲလိုကို ခ်ိဳးပစ္မွာေၾကာက္လို႔လား ? "

တစ္ဒဂၤမၽွ ကၽြန္ေတာ္ ေျပာစရာမဲ့သြားရလ်က္။ ဒီလို အထင္လြဲမွားမွုအထိ သူ ဘယ္လိုေရာက္သြားသလဲ ကၽြန္ေတာ္ မေတြးတတ္ေတာ့ပါေခ်။

" အဲ့လိုမဟုတ္..."

သူက ကၽြန္ေတာ္ရွင္းျပသည္ကို နားေထာင္ခ်င္စိတ္မရွိ။ ယင္းအစား အၾကည့္ကို အေဝးတစ္ေနရာသို႔ ပို႔လိုက္ၿပီး စကားျဖတ္ကာဆိုခဲ့သည္ : " က်ိနင္ ဒီကို ထပ္မလာနဲ႔ေတာ့။ "

ထိုသို႔ေျပာ၍ သူက ကၽြန္ေတာ့္ကို ျဖတ္ကာ တျခားသို႔ ဦးတည္သြားေတာ့သည္။

သူ႔ေက်ာျပင္ကို ကၽြန္ေတာ္စိုက္ၾကည့္မိလ်က္သား။ အေၾကာင္းတခ်ိဳ႕ေၾကာင့္ ကၽြန္ေတာ့္အတြက္ အႏွီစကားလုံးမ်ားဟာ ပမာမထားစရာမဟုတ္ခဲ့ပါေလ။

လူအားလုံး တန္းစီ၍ အေပ်ာ္စီးသေဘၤာေပၚတက္ခဲ့ၾကသည္။

လူတန္း​၏ အဆုံး၌ ရွိေနသူက ကၽြန္ေတာ္။ ကမ္းကိုျပန္လွည့္ၾကည့္လိုက္တဲ့အခါ ရန္ခ်င္းကၽြမ္းက မီးညႇိထားေသာ စီးကရက္ကို လက္မွာတပ္လ်က္ မွိုင္းညိဳ႕ေလးလံသည့္မ်က္ဝန္းတစ္စုံျဖင့္ ကၽြန္ေတာ္တို႔ရွိရာဘက္သို႔ ၾကည့္ေနခဲ့သည္။

ကၽြန္ေတာ္ ေလွေပၚ အေျခမခ်ရေသးခင္ သူက ပါးစပ္အျပည့္ မီးခိုးေတြကိုမွုတ္ထုတ္လိုက္​၏​။၎ေနာက္ ျပန္လွည့္မၾကည့္ေတာ့ပဲ လွည့္ထြက္သြားေတာ့ေလသည္။

ကၽြန္ေတာ္တို႔ တစ္ညေလးပဲ ထြက္သြားခဲ့သည့္တိုင္ ခ်ဳန္းဟိုင္ျပန္ေရာက္ေသာအခါ သက္ရွိကမၻာကို ျပန္ေရာက္လာသလို ခံစားရ​၏။

အဖြဲ႕သားမ်ားကို ႏွုတ္ဆက္ၿပီးသကာလ ၊ ကၽြန္ေတာ္ ခႏၶာကိုယ္ခဲဆြဲလ်က္ႏွင့္ အိမ္သို႔ျပန္လာခဲ့သည္။ အိမ္တံခါးဆီသို႔ ေလၽွာက္လာခဲ့သည့္အခ်ိန္၌ အေမ့ထံမွ ဖုန္းဝင္လာခဲ့​၏။

​ဖုန္းေျဖလိုက္ေသာအခါ တစ္ဖက္မွလူက ညီမေလးျဖစ္မွန္း သိလိုက္ရသည္။

ကၽြန္ေတာ္တို႔အေမက အေတာ္ေလး တင္းၾကပ္သူပင္။ ညီမေလးက ၁၈ႏွစ္မျပည့္ေသးတာေၾကာင့္ ကိုယ္ပိုင္ဖုန္းပင္ သုံးခြင့္မရွိေသး။ သို႔ျဖစ္၍ သူမ ကၽြန္ေတာ့္ထံမွ တစ္ခုခုလိုလာတိုင္း တျခားသူထံမွ အျမဲလိုလိုငွားဆက္ရေလသည္။

သူမက တကၠသိုလ္ဝင္ခြင့္ေရြးခ်ယ္ေရးႏွင့္ ပတ္သက္ၿပီး ကၽြန္ေတာ့္ သေဘာထားကိုသိခ်င္တာေၾကာင့္ ဖုန္ူဆက္ခဲ့တာျဖစ္သည္။ သူမ​၏ ရည္ရြယ္ခ်က္က ခ်ဳန္းဟိုင္မွာေက်ာင္းတက္ဖို႔ ျဖစ္ေသာ္လည္း အိမ္ႏွင့္ အလွမ္းေဝးလြန္းေသာေၾကာင့္ မိန္းကေလးျဖစ္ေသာ သူမကို အေမက စိတ္မခ်ပါေခ်။

" နည္းနည္းေဝးေနလဲ ဘာျဖစ္လဲလို႔ ၊ ကိုကိုလဲ ခ်ဳန္းဟိုင္မွာပဲမလား ? ကိုကို ငါ့ကိုကူၿပီး အေမ့ကို နားခ်ေပးပါဦး။ ခ်ဳန္းဟိုင္ အကတကၠသိုလ္ကို ေလၽွာက္ခြင့္ေပးေအာင္ သိမ္းသြင္းေပးပါဦး ? "

ညီမေလးသည္ ငယ္ငယ္ေလးကတည္းက ကခဲ့တာျဖစ္ၿပီး ထူးခၽြန္သည့္ ပေရာ္ဖက္ရွင္နယ္ ဘဲေလးအကမယ္ျဖစ္ဖို႔က အျမဲတမ္း အိပ္မက္မက္ခဲ့သည္။ ခ်ဳန္းဟိုင္ အကတကၠသိုလ္သည္ ျပည္တြင္းအကသင္တန္းေက်ာင္းမ်ားထဲတြင္ ထိပ္တန္းအဆင့္သတ္မွတ္ခံရေသာေၾကာင့္ ေလၽွာက္ထားခ်င္သည္က မဆန္းလွ​၏။

သူမ​၏ အစ္ေအာက္ညည္းတြားသံမ်ားကို သည္းမခံနိုင္ေတာ့ဘဲ ကၽြန္ေတာ္ အေမ့ဆီ ဖုန္းလႊဲေပးဖို႔ ေျပာၿပီး စကားေျပာၾကည့္မည္ဟု ကတိေပးလိုက္ရသည္။

တရွဲရွဲျမည္သံေတြ ဆက္တိုက္ေပၚလာၿပီးေနာက္ အေမက ဖုန္းကိုယူလိုက္​၏။ သူမပါးစပ္မွ ပထမဆုံးထြက္လာေသာ စကားမွာ : " အဲ့ဒီခ်ဳန္းဟိုင္က ေကာင္းတယ္လို႔ မင္းက ထင္ေနတာလား ? "

" လင္ေကာ ေလၽွာက္ခ်င္တယ္ဆိုလဲ ေလၽွာက္ပါေစဗ်ာ။ "

" မင္းတို႔အားလုံး ခ်ဳန္းဟိုင္ကို သြားၾကမွာဆိုေတာ့ ငါလဲ အဲ့ဒီကို ေျပာင္းလိုက္မွပဲ "

ကၽြန္ေတာ့္မွာ ရယ္ရခက္ ငိုရခက္ပင္ : " ကၽြန္ေတာ္တို႔ အခု အရြယ္ေရာက္ပါၿပီ။ ကၽြန္ေတာ္တို႔ေနာက္ကို လိုက္ေနစရာမလိုေတာ့ပါဘူး အေမ.... "

" ငါစိတ္ပူတယ္။ "

ကနဦးမွာ ကၽြန္ေတာ္ တျခားဟာကို ေျပာရန္ျပင္ေသာ္လည္း ကၽြန္ေတာ့္အေမက ဆုံးျဖတ္ခ်က္ဘယ္ေတာ့မွ မေျပာင္းခဲ့တာကို ေတြးမိလိုက္သည္။ ကၽြန္ေတာ္ ဆက္ေျပာေနလၽွင္ေတာင္ ကိုယ့္အားကိုယ္ျဖဳန္း႐ုံသာျဖစ္မည္မို႔ သူမကို ဆက္ေဖ်ာင္းဖ်မေနေတာ့ေပ။ သို႔ႏွင့္ ေခါင္းစဥ္က နိဂုံးခ်ဳပ္သြားၿပီး ဆက္ေဆြးေႏြးစရာမရွိေတာ့ဘဲ မဒမ္ပိုင္ဟာ ကၽြန္ေတာ့္ဘဝအေၾကာင္းကို စတင္ေမးျမန္းလာေတာ့သည္။

" မင္းေရာ လတ္တေလာ အဆင္ေျပရဲ့လား ? "

ကၽြန္ေတာ့္ေရာဂါရလဒ္က ေျမႀကီးလက္ခတ္မလြဲေတာ့ၿပီျဖစ္သည္။ မိသားစုကို လိုအပ္တာထက္ပိုၿပီး ဒုကၡမေပးခ်င္တာေၾကာင့္ သူတို႔ကို တတ္နိုင္သေလာက္ ဖုံးထားဖို႔သာ ဆုံးျဖတ္လိုက္ေတာ့သည္။ ေနာက္ဆုံးအေျခေနဟု သူတို႔ကိုေျပာျပဖို႔အတြက္ အရမ္းေနာက္မက်ေတာ့ပါေခ်။

" ေတာ္ေတာ္ ေကာင္းပါတယ္။ ရွားရွားပါးပါး ကၽြန္ေတာ္လိမ္လိုက္​၏။

ပုံမွန္စကားစျမည္ နည္းနည္းပါးပါး ေျပာဆိုၿပီးေနာက္ အေမက စ၍ ဖုန္းခ်ရန္ျပင္သည္။ သို႔ေသာ္ အေၾကာင္းတခ်ိဳ႕ေၾကာင့္ ကၽြန္ေတာ့္ ဦးေႏွာက္ထက္အရင္ ပါးစပ္က တုံ႔ျပန္လိုက္ၿပီး သူမအား အသံထြက္ေခၚလိုက္မိ​၏။

သူမက ေမးျခင္းခ်ျခင္းမျပဳပါဘဲ တစ္ဖက္မွ တိတ္ဆိတ္စြာေစာင့္ေပးသည္။ ကၽြန္ေတာ့္အတြက္ အေရးႀကီးေသာကိစၥတစ္ခုခု ေျပာျပေတာ့မွာကို သူမက သိေနဟန္တူပါသည္။

" တကယ္လို႔ ကၽြန္ေတာ္..... အတိတ္တုန္းက အက်ိဴးဆက္ဆိုးရြားတဲ့ အမွားတစ္ခုကို လုပ္မိထားၿပီး အခုမွ ျပန္ျပင္ဖို႔ အခြင့္အေရးရတယ္။ ဒါမဲ့ တန္ေၾကးႀကီးလိမ့္မယ္ဆိုရင္ ေျပာင္းလဲဖို႔ ကၽြန္ေတာ့္အစြမ္း ရွိသမၽွ အကုန္လုပ္ေပးသင့္တယ္မဟုတ္လား ? "

" အရမ္းဆိုးရြားတဲ့ အမွားလား ? "

" အင္း။ "

တစ္ဖက္က စကၠန႔္အနည္းငယ္တိတ္သြားၿပီးမွ ဆိုလာသည္။ " မင္းကို ေကာင္းေကာင္းမသင္ျပေပးနိုင္ခဲ့တဲ့ ငါ့အမွားပဲ။ "

ဖုန္းကိုဆုပ္ထားသည့္ ကၽြန္ေတာ့္လက္ေတြတင္းကနဲ႔ျဖစ္သြားၿပီး ရွက္စိတ္က အတြင္းပိုင္းမွာ လႊမ္းျခဳံလာလ်က္ ကၽြန္ေတာ္ မ်က္လႊာခ်လိုက္မိသည္။ " ေတာင္းပန္ပါတယ္။ "

အေမက သက္ျပင္းခ်လိုက္ၿပီး :

" မင္း ႏွစ္ေတြအၾကာႀကီး ဒါကို မွတ္မိေနကတည္းက ေသးေသးမႊားမႊားေတာ့ ဟုတ္မယ္မထင္ဘူး။ဒီအေတြးက မင္းစိတ္ဝိဉာဥ္ကို ေနမထိထိုင္မထိျဖစ္ေစရင္ ၿငိမ္ေအာင္ လုပ္ေပးရမွာပဲ။ လူတိုင္းက သူတို႔လုပ္ခဲ့တဲ့အမွားေတြအတြက္ တန္ေၾကးေပးရတယ္။ ဒါကို ေရွာင္ဖို႔ ပိုႀကိဳးစားေလေလ ၊ တန္ေၾကးက ပိုႀကီးေလေလပဲ။ မင္းက အမွားကို ဝန္ခံရဲတဲ့သတၱိရွိလို႔ ဘာပဲျဖစ္ျဖစ္ မင္းအတြက္ အေမ အျမဲဂုဏ္ယူေနမွာပါ။ "

အေမေျပာတာကို ၾကားလိုက္ရေသာ္ အေၾကာင္းတခ်ိဳ႕ေၾကာင့္ ကၽြန္ေတာ့္စိုးရိမ္ပူပန္စိတ္ေတြ ၿငိမ္က်သြားသည္​။ ျမဴခိုးထူထူၾကားမွ လမ္းမွန္းအား ရွာေတြလိုက္သလို ခံစားခဲ့ရ​၏။

" ဘယ္လိုပဲျဖစ္ျဖစ္ပါ " သူမအသံက ပိုၿပီး ခက္ထန္လာခဲ့​၏။ " ထပ္ၿပီး အမွားမလုပ္နဲ႔ေတာ့ ၊ နားလည္လား ? "

ကၽြန္ေတာ့္ဘဝက ေနာက္ဆုံးေန႔ရက္ေတြကို ေရာက္ႏွင့္ၿပီျဖစ္သည္။ သည္ေလာက​၏ ေနာက္ဆုံးေျခာက္လအတြင္း ဘာအမွားမွ ထပ္မလုပ္မိေတာ့မွာ ျဖစ္တန္ရာ​၏။

" ဟုတ္ကဲ့ပါ။ ကၽြန္ေတာ္ ဘယ္ေတာ့မွ အမွားမလုပ္ေတာ့ပါဘူး " ကၽြန္ေတာ္ သူမကို ကတိေပးလိုက္ပါသည္။

____________________________________________________________________

Continue Reading

You'll Also Like

318K 11.5K 46
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.8M 276K 171
The Legendary Master's Wife (Myanmar Translation) MM translate from English Translate Chapter (64- 201) (227-231) (381-399) Crd to original novel
66.6K 2.4K 25
Edhe une di te dashuroj! Te keqijte nuk mund te dashurojne! Askush nuk eshte i keq! Jeta eshte mizore me disa! Pra ti nuk je i keq?! Varet! Nga se...
28.6K 4K 10
Associated Name : Four forty-eight (凌晨四點四十八) Original Authors : Qin Mobei, 秦墨北 Total Chapters : 8 chapters (Completed) {I respectfully give credit to...