Unicode
အပိုင်း ၂၃။ အနှိမ်ခံလိုက်ရသော သခင်လေးရှောင်း
ဝမ်ရိပေါ်က သူ့မားအိပ်နေပြီဖြစ်ကြောင်းနှင့် ပါးဖြစ်သူကလည်း ကုမ္ပဏီသို့သွားပြီဖြစ်ကြောင်း အသိပေးစာလှမ်းပို့သည့်အခါ ရှောင်းကျန့်က အိမ်မှထွက်လာခဲ့လိုက်သည်။ ယနေ့က ပိတ်ရက်ဖြစ်သော်ငြား အဖေဝမ်ကတော့ အားလပ်ရက်မယူဘဲ အလုပ်ကြိုးစားလျက်ရှိသောကြောင့် အိမ်မှာ မည်သူမျှ မကျန်ခဲ့ပါချေ။ ဝမ်ရိပေါ်တို့အိမ်နှင့် ဆေးရုံက အနည်းငယ်လှမ်းသောကြောင့် စက်ဘီးလေးထုတ်စီးပြီး ထွက်လာရသည်။ ရှောင်းအိမ်တော်မှာနေစဉ်က စက်ဘီးမစီးတတ်ခဲ့ပါသော်ငြား ယခုတွင် အားသည့်အချိန်များ၌ စက်ဘီးစီးလေ့ကျင့်တတ်သောကြောင့် အနည်းငယ်တော့စီးတတ်လာပြီဖြစ်သည်။ သို့သော် အကွေ့များကိုတော့ ကောင်းကောင်းမကွေ့နိုင်သေးဘဲ ယိုင်တိုင်တိုင်ဖြစ်နေသေးသည်။
ဆေးရုံမှ ဝမ်ရိပေါ်ပို့ခဲ့သည့် အခန်းနံပါတ်ရှိရာသို့ ရောက်သည့်အခါ လူနာဝတ်စုံနှင့် ရှောင်းမားက စောင်ခြုံ၍ အနားယူနေသည်ကို အခန်းအပြင်မှတစ်ဆင့်လှမ်းမြင်ရသည်။ အထဲသို့ ဝင်သွားလိုက်သည့်အခါ ဝမ်ရိပေါ်က သူ့ကို တိုးတိုးလာရန်အချက်ပြသည်။
" မားက ခြေထောက်အရိုးအက်သွားတာပဲရှိတာမလား။ တခြားဘာမှမဖြစ်ဘူးမလား "
မနေ့က ဝမ်ရိပေါ်နှင့်တွေ့ချိန်၌ ထိုသူက သူ့ကို သိသင့်သလောက်ပြောပြခဲ့သောကြောင့် မားအခြေအနေကို သိနှင့်ပြီးသားဖြစ်သည်။ သို့သော် ယနေ့မှ တစ်ကိုယ်လုံးကိုဆေးစစ်ချက်ပြုလုပ်နိုင်သောကြောင့် အခြားဒဏ်ရာများ ထပ်တွေ့၊ မတွေ့ကို သေချာအောင် မေးမြန်းရသည်။
" အင်း ဒဏ်ရာရတဲ့ဘက်ကို သေသေချာချာ အနားပေးပြီး လိုအပ်တဲ့အာဟာရတွေစားရင် ပြန်ကောင်းဖို့သိပ်မကြာဘူးလို့ ဆရာဝန်က ပြောသွားတယ်။ အဲ့ဒါကြောင့် မင်းအရမ်းမစိုးရိမ်ပါနဲ့ "
ရှောင်းကျန့်က ခေါင်းညိတ်၍ ပြန်ဖြေသည်။
" မင်း ငါ့အိမ်မှာနေရတာရော အဆင်ပြေရဲ့လား "
တိတ်ဆိတ်သွားသည့်လေထုကို ဝမ်ရိပေါ်ကို ပြန်လည်ဖြိုခွဲလိုက်သည်။
" ပြေပါတယ်။ မင်းအဖေက အရမ်းဂရုစိုက်ပေးပါတယ်။ မင်းရော ငါ့အိမ်မှာနေရတာဘယ်လိုလဲ "
" သခင်လေးရှောင်းရဲ့အိမ်မှာနေရတာ သက်တောင့်သက်သာပါပဲ "
ရယ်ကျဲကျဲနှင့်ပြောလာသည့်ဝမ်ရိပေါ်ကို ရှောင်းကျန့်က မျက်စောင်းထိုးလိုက်သည်။ မေးမိသည့်သူက မှားတာပါပဲ။
" မင်းပြောကြည့်။ ငါတို့တစ်သက်လုံး ဒီလိုပဲနေရတော့မှာလား... "
ရှောင်းကျန့်က သက်ပြင်းချ၍ သူတို့၏ အနာဂတ်ကို စဉ်းစားသည်။ ယခုလို ကိုယ့်မိဘကိုယ်လာတွေ့သည်ကိုပင် မိဘများ သူ့ကိုမတွေ့အောင် နေရသည်က စိတ်ပင်ပန်းစရာကောင်းလှသည်။ ရှောင်းအိမ်တော်မှာ နေရသည်က များပြားလွန်းသည့်စာသင်ချိန်များကြောင့် ဘယ်လောက်ပဲ ပင်ပန်းရသည်ပြောပြော၊ အနည်းဆုံးတော့ သူ၏မိဘအရင်းများနှင့် အတူတူနေနိုင်ပါသေးသည်။ သူတို့က စာနှင့်ပက်သတ်လျှင် တင်းကျပ်ပါသော်ငြား၊ သူ့အပေါ် အမှန်တကယ်ဂရုစိုက်သည်ကို သူသိပါသည်။
" ငါလည်းနည်းလမ်းစဉ်းစားနေပါတယ် "
" ဘယ်နည်းလမ်းမှ အလုပ်မဖြစ်ရင်ရော? "
" အခုလို ဘေးကနေ အားပေးနေတဲ့သူငယ်ချင်းမျိုးရှိတော့ သေချာပေါက် နည်းလမ်းက တစ်ခုမဟုတ်တစ်ခုတော့ အလုပ်ဖြစ်မှာပါ "
ရွဲ့သည့်ပုံစံဖြင့်ပြောလာသည့် ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်က ထိုသူ၏လက်မောင်းကို ဖတ်ခနဲ လှမ်းရိုက်မိသည့်အခါ ထွက်လာသည့်အသံက မဆိုသလောက်ကျယ်သွားတာမို့ နှစ်ယောက်လုံး၏ အကြည့်များက ကုတင်ပေါ်ရှိ ရှောင်းမားဖြစ်သူထံသို့ ရောက်ရှိသွားကြသည်။ ရှောင်းမားက ဆက်အိပ်နေဆဲဖြစ်သည်ကို သေချာမှ ရှောင်းကျန့်က စိတ်သက်သာရာရသွားပုံဖြင့် ခပ်ဖွဖွသက်ပြင်းချသည်။ သေချာပေါက် သူ့မားက သူ့ကို ဝမ်ရိပေါ်လို နောက်ခံမရှိသူနှင့်ပေါင်းသည်ကို သဘောကျမှာမဟုတ်သောကြောင့် ရှောင်းမားက သူ့ကို တွေ့လို့မဖြစ်ပါချေ။
" ငါ သည်နေ့တော့ ပြန်လိုက်တော့မယ်။ နောက်နေ့မှ လာကြည့်မယ် "
" အင်း ဟုတ်ပြီ။ မင်းလာလို့အဆင်ပြေတဲ့အချိန်ကျရင် ငါမင်းကို စာလှမ်းပို့လိုက်မယ် "
" အင်း "
သူတို့နှစ်ယောက် နှုတ်ဆက်လိုက်ပြီးနောက် ရှောင်းကျန့်က သူ့အိမ်သို့ စက်ဘီးစီး၍ ပြန်သွားခဲ့သည်။ နောက်ရက်များတွင်လည်း ရှောင်းမားဆေးရုံမှမဆင်းမချင်း တိတ်တဆိတ်သွားစောင့်ပေးခဲ့သည်။ ဆေးရုံမှဆင်းခွင့်ရသွားသည့် ရှောင်းမားကို စိတ်ပူလွန်သည့်ရှောင်းပါးက လမ်းပေးမလျှောက်ဘဲ ဘီးတပ်ကုလားထိုင်နှင့်သာ သွားလာစေသည်။ အိမ်တွင်လည်း ရှောင်းမား အတက်အဆင်းအဆင်ပြေစေရန် လှေကားဘေးတွင် ညီညာပြေပြစ်သည့် လျှောဆင်းလေးတစ်ခုလုပ်ပေးခဲ့သည်ဟု ဝမ်ရိပေါ်ဆီမှ ရှောင်းကျန့်က ပြန်လည်ကြားသိခဲ့ရပါသေးသည်။
" ရိပေါ် ညကျရင် ငါနဲ့ ဘားလိုက်ခဲ့မလား "
ကျောင်းဆင်းခါနီးအချိန်တွင် နားနားကပ်လာကာမေးလာသည့် မော့ပေကျစ်၏စကားကို ရှောင်းကျန့်က ငြင်းရန်ပြင်လိုက်ပါသော်လည်း ဤကဲ့သို့ အခွင့်အရေးက နှစ်ခါမရနိုင်ကြောင်းကို သိလိုက်ရသည့်အခါ ခေါင်းညိတ်လက်ခံလိုက်သည်။ သူသာ သခင်လေးရှောင်း၏ခန္ဓာကိုယ်နှင့်ဆို ဘားသွားရန်မပြောနှင့် သူငယ်ချင်းများနှင့် လျှောက်လည်လျှင်ပင် နောက်မှ အစောင့်အကြပ်များ ထည့်ပေးလေ့ရှိသောကြောင့် သူ့မှာ အတော်လေးကို မလွတ်မလပ်ခံစားရသည်။ ယခုတွင်တော့ အခြေအနေများက ပြောင်းလဲသွားခဲ့ပြီ။ ရှောင်းကျန့်မျက်နှာထက်ရှိအပြုံးက အကြံအစည်များနှင့် ပြည့်နှက်နေလေသည်။
ကျောင်းဆင်းခေါင်းလောင်းထိုးသည်နှင့် စာရေးကိရိယာများကို ကြိုသိမ်းထားသည့် မော့ပေကျစ်က ကျောင်းအောက်သို့ ဦးစွာရောက်သည်။ ရှောင်းကျန့်လည်း ကျောင်းဂိတ်ဝသို့ရောက်သည့်အခါ ယခင်ကလို သူ့ကို ကားပေါ်မှ စူးစူးစိုက်စိုက်ကြည့်သူကြီးရှိမနေပါချေ။
" ပေကျစ် သည်နေ့ မင်းကို အိမ်ကလာမကြိုဘူးလား "
" ကြိုပါတယ် ဟိုမှာလေ။ လာ ငါနဲ့တစ်ခါတည်းလိုက်ခဲ့။ ထမင်းစားပြီးသွားရင် ဘားသွားဖို့အကောင်းဆုံးအချိန်လောက်ကျမှာပဲ "
ရှောင်းကျန့်က မြူးကြွကြွဖြင့် လက်ခံလိုက်သည်။ မလုပ်ဖူးသည့်အရာကို ပထမဆုံးစမ်းလုပ်ကြည့်ရမည့်ခံစားချက်က ကြောက်သလိုလို၊ ပျော်သလိုလိုနှင့်။ အလွန်ကိုပင် စိတ်လှုပ်ရှားနေရသည်။ သူက အဖေဝမ်ကို ညကျလျှင် သူ့သူငယ်ချင်းဖြစ်သူအိမ်မှာအိပ်မည်ဖြစ်ကြောင်းကို ကြိုပြောထားလိုက်ပြီးနောက် မော့ပေကျစ်နှင့်အတူ ညနေစာသွားစားသည်။ ထို့နောက်တွင် မော့ပေကျစ်က သူ့ကို ဘားတစ်ခုဆီခေါ်သွားခဲ့သည်။ သူတို့က အသက်မပြည့်သေးသော်ငြား ယခုဘားပိုင်ရှင်နှင့် မော့ပေကျစ်က အတော်လေးရင်းနှီး၍ ထိုဘားပိုင်ရှင်က သူ့ကို စိတ်ကြိုက်ဝင်ထွက်သွားလာခွင့်ပေးထားသည်ဟု သိရလေသည်။
အစတွင် သူက မော့ပေကျစ်ကို ယခင်ကလည်း ဘားသို့ သွားလေ့သွားထရှိမည်ထင်ခဲ့သော်လည်း လက်တွေ့တွင်တော့ အထင်နှင့်အမြင်က ကွဲလွဲနေကြောင်း သူသိလိုက်ရသည်။ မော့ပေကျစ်ကလည်း သူ့လိုပဲ ပထမဆုံး ဘားသို့ ရောက်ဖူးပုံရပြီး အရာရာတိုင်းကို စူးစမ်းပုံဖြင့် ကြည့်သည်။ ထို့နောက် မီနျူးတွင် ပြထားသည့် သောက်စရာအချို့ကို မှာလိုက်ပြီးနောက် ရှောင်းကျန့်ကိုပါ အတင်းတိုက်လာသည်မို့ အခွင့်အရေးကို စောင့်နေသည့် ရှောင်းကျန့်ကလည်း အားနာနာနှင့် မငြင်းတော့ပါချေ။ နှစ်ယောက်သား မတူညီသည့်သောက်စရာများကို တစ်ခွက်ပြီးတစ်ခွက်စမ်းသောက်ပြီး စကားများလည်း မရပ်တန်းပြောနေကြသည်။ မူးလာသူ ရှောင်းကျန့်က နောက်ဆုံးတွင်တော့ သူဤတစ်လျှောက်လုံးတွင် သိချင်နေသည့်မေးခွန်းကို ထုတ်မေးပါတော့သည်။
" မင်း...ငါ့နားအရမ်းကပ်တာ မဟုတ်မှလွဲရော...ငါ့ကိုကြိုက်နေတာလား... "
သူ၏အမေးစကားကိုကြားသည့်အခါ မော့ပေကျစ်က သူ့ကို ရီဝေဝေမျက်ဝန်းများဖြင့် စိုက်ကြည့်နေလာသည်။ ထို့နောက် ခွီးခနဲ ရယ်လိုက်သည်မို့ ရှောင်းကျန့်၏ မျက်ခုံးလေးများက စုကျုံ့သွားပါတော့သည်။
" ငါက ဘယ်သူလဲ မင်းသိရဲ့သားနဲ့။ မော့ပေကျစ်မှန်ရင် ထမင်းထမင်းချင်းမစားဘူးကွ။ ထမင်းနဲ့ဟင်းပဲစားတယ်။ ကောင်မလေးတွေပဲ ကြိုက်တယ် ဟဲဟဲ "
သူနှင့်အပြိုင် ရေချိန်ကိုက်နေသည့် မော့ပေကျစ်က နားနှစ်ဖက်မှာ နီရဲနေပြီး စိတ်လွတ်ကိုယ်လွတ်ပျော်နေဟန်ပေါက်သည်။
" မင်းရည်းစားထားဖူးလား "
ရှောင်းကျန့်က ခေါင်းခါပြလိုက်သည်။ သူ့ခေါင်းက တော်တော်ကို လေးလံနေပြီး မျက်လုံးများပါ မဖွင့်ချင်လောက်အောင် အိပ်ချင်နေလေပြီ။
" ငါပြောပြမယ်။ ရင်ကြီးကြီးနဲ့ ကောင်မလေးတွေကို တွဲရတာ ရှယ်ကြီးကွ။ အိစက်နေတာ "
" .... "
ရှောင်းကျန့်က သိချင်စိတ်နှင့် ခေါင်းပြန်ထောင်လာသည်။ မျက်ဝန်းများမှာလည်း ဝိုင်းစက်လို့။
" မင်း...မင်း...အသက်မပြည့်ဘဲအဲ့ဒါတွေလုပ်တာလား... "
" မစွပ်စွဲစမ်းနဲ့။ ငါက တာဝန်မယူနိုင်ဘဲ စည်းမကျော်ပါဘူး...အေ့...သူတို့က ဖက်တယ်လေကွာ။ အဲ့အချိန်က ရင်ဘတ်ချင်းထိတော့ ခံစားရတာပေါ့။ ရည်းစားမထားဖူးတဲ့ကောင်မှန်းသိသာလိုက်တာ "
" .... "
အနှိမ်ခံလိုက်ရသလို ခံစားလိုက်ရသည့် ရှောင်းကျန့်က မော့ပေကျစ်ကို မျက်စောင်းတစ်ချက်သာပေးလိုက်သည်။ သူအစကတည်းက ရည်းစားမထားဖူးကြောင့် ဝန်ခံခဲ့ပြီးသားပဲကို နှိမ်ရမှဖြစ်မှာလား။
* * * * *
Zawgyi
အပိုင္း ၂၃။ အႏွိမ္ခံလိုက္ရေသာ သခင္ေလးေရွာင္း
ဝမ္ရိေပၚက သူ႕မားအိပ္ေနၿပီျဖစ္ေၾကာင္းႏွင့္ ပါးျဖစ္သူကလည္း ကုမၸဏီသို႔သြားၿပီျဖစ္ေၾကာင္း အသိေပးစာလွမ္းပို႔သည့္အခါ ေရွာင္းက်န့္က အိမ္မွထြက္လာခဲ့လိုက္သည္။ ယေန႕က ပိတ္ရက္ျဖစ္ေသာ္ျငား အေဖဝမ္ကေတာ့ အားလပ္ရက္မယူဘဲ အလုပ္ႀကိဳးစားလ်က္ရွိေသာေၾကာင့္ အိမ္မွာ မည္သူမွ် မက်န္ခဲ့ပါေခ်။ ဝမ္ရိေပၚတို႔အိမ္ႏွင့္ ေဆး႐ုံက အနည္းငယ္လွမ္းေသာေၾကာင့္ စက္ဘီးေလးထုတ္စီးၿပီး ထြက္လာရသည္။ ေရွာင္းအိမ္ေတာ္မွာေနစဥ္က စက္ဘီးမစီးတတ္ခဲ့ပါေသာ္ျငား ယခုတြင္ အားသည့္အခ်ိန္မ်ား၌ စက္ဘီးစီးေလ့က်င့္တတ္ေသာေၾကာင့္ အနည္းငယ္ေတာ့စီးတတ္လာၿပီျဖစ္သည္။ သို႔ေသာ္ အေကြ႕မ်ားကိုေတာ့ ေကာင္းေကာင္းမေကြ႕နိုင္ေသးဘဲ ယိုင္တိုင္တိုင္ျဖစ္ေနေသးသည္။
ေဆး႐ုံမွ ဝမ္ရိေပၚပို႔ခဲ့သည့္ အခန္းနံပါတ္ရွိရာသို႔ ေရာက္သည့္အခါ လူနာဝတ္စုံႏွင့္ ေရွာင္းမားက ေစာင္ၿခဳံ၍ အနားယူေနသည္ကို အခန္းအျပင္မွတစ္ဆင့္လွမ္းျမင္ရသည္။ အထဲသို႔ ဝင္သြားလိုက္သည့္အခါ ဝမ္ရိေပၚက သူ႕ကို တိုးတိုးလာရန္အခ်က္ျပသည္။
" မားက ေျခေထာက္အရိုးအက္သြားတာပဲရွိတာမလား။ တျခားဘာမွမျဖစ္ဘူးမလား "
မေန႕က ဝမ္ရိေပၚႏွင့္ေတြ႕ခ်ိန္၌ ထိုသူက သူ႕ကို သိသင့္သေလာက္ေျပာျပခဲ့ေသာေၾကာင့္ မားအေျခအေနကို သိႏွင့္ၿပီးသားျဖစ္သည္။ သို႔ေသာ္ ယေန႕မွ တစ္ကိုယ္လုံးကိုေဆးစစ္ခ်က္ျပဳလုပ္နိုင္ေသာေၾကာင့္ အျခားဒဏ္ရာမ်ား ထပ္ေတြ႕၊ မေတြ႕ကို ေသခ်ာေအာင္ ေမးျမန္းရသည္။
" အင္း ဒဏ္ရာရတဲ့ဘက္ကို ေသေသခ်ာခ်ာ အနားေပးၿပီး လိုအပ္တဲ့အာဟာရေတြစားရင္ ျပန္ေကာင္းဖို႔သိပ္မၾကာဘူးလို႔ ဆရာဝန္က ေျပာသြားတယ္။ အဲ့ဒါေၾကာင့္ မင္းအရမ္းမစိုးရိမ္ပါနဲ႕ "
ေရွာင္းက်န့္က ေခါင္းညိတ္၍ ျပန္ေျဖသည္။
" မင္း ငါ့အိမ္မွာေနရတာေရာ အဆင္ေျပရဲ႕လား "
တိတ္ဆိတ္သြားသည့္ေလထုကို ဝမ္ရိေပၚကို ျပန္လည္ၿဖိဳခြဲလိုက္သည္။
" ေျပပါတယ္။ မင္းအေဖက အရမ္းဂ႐ုစိုက္ေပးပါတယ္။ မင္းေရာ ငါ့အိမ္မွာေနရတာဘယ္လိုလဲ "
" သခင္ေလးေရွာင္းရဲ႕အိမ္မွာေနရတာ သက္ေတာင့္သက္သာပါပဲ "
ရယ္က်ဲက်ဲႏွင့္ေျပာလာသည့္ဝမ္ရိေပၚကို ေရွာင္းက်န့္က မ်က္ေစာင္းထိုးလိုက္သည္။ ေမးမိသည့္သူက မွားတာပါပဲ။
" မင္းေျပာၾကည့္။ ငါတို႔တစ္သက္လုံး ဒီလိုပဲေနရေတာ့မွာလား... "
ေရွာင္းက်န့္က သက္ျပင္းခ်၍ သူတို႔၏ အနာဂတ္ကို စဥ္းစားသည္။ ယခုလို ကိုယ့္မိဘကိုယ္လာေတြ႕သည္ကိုပင္ မိဘမ်ား သူ႕ကိုမေတြ႕ေအာင္ ေနရသည္က စိတ္ပင္ပန္းစရာေကာင္းလွသည္။ ေရွာင္းအိမ္ေတာ္မွာ ေနရသည္က မ်ားျပားလြန္းသည့္စာသင္ခ်ိန္မ်ားေၾကာင့္ ဘယ္ေလာက္ပဲ ပင္ပန္းရသည္ေျပာေျပာ၊ အနည္းဆုံးေတာ့ သူ၏မိဘအရင္းမ်ားႏွင့္ အတူတူေနနိုင္ပါေသးသည္။ သူတို႔က စာႏွင့္ပက္သတ္လွ်င္ တင္းက်ပ္ပါေသာ္ျငား၊ သူ႕အေပၚ အမွန္တကယ္ဂ႐ုစိုက္သည္ကို သူသိပါသည္။
" ငါလည္းနည္းလမ္းစဥ္းစားေနပါတယ္ "
" ဘယ္နည္းလမ္းမွ အလုပ္မျဖစ္ရင္ေရာ? "
" အခုလို ေဘးကေန အားေပးေနတဲ့သူငယ္ခ်င္းမ်ိဳးရွိေတာ့ ေသခ်ာေပါက္ နည္းလမ္းက တစ္ခုမဟုတ္တစ္ခုေတာ့ အလုပ္ျဖစ္မွာပါ "
႐ြဲ႕သည့္ပုံစံျဖင့္ေျပာလာသည့္ ဝမ္ရိေပၚေၾကာင့္ ေရွာင္းက်န့္က ထိုသူ၏လက္ေမာင္းကို ဖတ္ခနဲ လွမ္းရိုက္မိသည့္အခါ ထြက္လာသည့္အသံက မဆိုသေလာက္က်ယ္သြားတာမို႔ ႏွစ္ေယာက္လုံး၏ အၾကည့္မ်ားက ကုတင္ေပၚရွိ ေရွာင္းမားျဖစ္သူထံသို႔ ေရာက္ရွိသြားၾကသည္။ ေရွာင္းမားက ဆက္အိပ္ေနဆဲျဖစ္သည္ကို ေသခ်ာမွ ေရွာင္းက်န့္က စိတ္သက္သာရာရသြားပုံျဖင့္ ခပ္ဖြဖြသက္ျပင္းခ်သည္။ ေသခ်ာေပါက္ သူ႕မားက သူ႕ကို ဝမ္ရိေပၚလို ေနာက္ခံမရွိသူႏွင့္ေပါင္းသည္ကို သေဘာက်မွာမဟုတ္ေသာေၾကာင့္ ေရွာင္းမားက သူ႕ကို ေတြ႕လို႔မျဖစ္ပါေခ်။
" ငါ သည္ေန႕ေတာ့ ျပန္လိုက္ေတာ့မယ္။ ေနာက္ေန႕မွ လာၾကည့္မယ္ "
" အင္း ဟုတ္ၿပီ။ မင္းလာလို႔အဆင္ေျပတဲ့အခ်ိန္က်ရင္ ငါမင္းကို စာလွမ္းပို႔လိုက္မယ္ "
" အင္း "
သူတို႔ႏွစ္ေယာက္ ႏႈတ္ဆက္လိုက္ၿပီးေနာက္ ေရွာင္းက်န့္က သူ႕အိမ္သို႔ စက္ဘီးစီး၍ ျပန္သြားခဲ့သည္။ ေနာက္ရက္မ်ားတြင္လည္း ေရွာင္းမားေဆး႐ုံမွမဆင္းမခ်င္း တိတ္တဆိတ္သြားေစာင့္ေပးခဲ့သည္။ ေဆး႐ုံမွဆင္းခြင့္ရသြားသည့္ ေရွာင္းမားကို စိတ္ပူလြန္သည့္ေရွာင္းပါးက လမ္းေပးမေလွ်ာက္ဘဲ ဘီးတပ္ကုလားထိုင္ႏွင့္သာ သြားလာေစသည္။ အိမ္တြင္လည္း ေရွာင္းမား အတက္အဆင္းအဆင္ေျပေစရန္ ေလွကားေဘးတြင္ ညီညာေျပျပစ္သည့္ ေလွ်ာဆင္းေလးတစ္ခုလုပ္ေပးခဲ့သည္ဟု ဝမ္ရိေပၚဆီမွ ေရွာင္းက်န့္က ျပန္လည္ၾကားသိခဲ့ရပါေသးသည္။
" ရိေပၚ ညက်ရင္ ငါနဲ႕ ဘားလိုက္ခဲ့မလား "
ေက်ာင္းဆင္းခါနီးအခ်ိန္တြင္ နားနားကပ္လာကာေမးလာသည့္ ေမာ့ေပက်စ္၏စကားကို ေရွာင္းက်န့္က ျငင္းရန္ျပင္လိုက္ပါေသာ္လည္း ဤကဲ့သို႔ အခြင့္အေရးက ႏွစ္ခါမရနိုင္ေၾကာင္းကို သိလိုက္ရသည့္အခါ ေခါင္းညိတ္လက္ခံလိုက္သည္။ သူသာ သခင္ေလးေရွာင္း၏ခႏၶာကိုယ္ႏွင့္ဆို ဘားသြားရန္မေျပာႏွင့္ သူငယ္ခ်င္းမ်ားႏွင့္ ေလွ်ာက္လည္လွ်င္ပင္ ေနာက္မွ အေစာင့္အၾကပ္မ်ား ထည့္ေပးေလ့ရွိေသာေၾကာင့္ သူ႕မွာ အေတာ္ေလးကို မလြတ္မလပ္ခံစားရသည္။ ယခုတြင္ေတာ့ အေျခအေနမ်ားက ေျပာင္းလဲသြားခဲ့ၿပီ။ ေရွာင္းက်န့္မ်က္ႏွာထက္ရွိအၿပဳံးက အႀကံအစည္မ်ားႏွင့္ ျပည့္ႏွက္ေနေလသည္။
ေက်ာင္းဆင္းေခါင္းေလာင္းထိုးသည္ႏွင့္ စာေရးကိရိယာမ်ားကို ႀကိဳသိမ္းထားသည့္ ေမာ့ေပက်စ္က ေက်ာင္းေအာက္သို႔ ဦးစြာေရာက္သည္။ ေရွာင္းက်န့္လည္း ေက်ာင္းဂိတ္ဝသို႔ေရာက္သည့္အခါ ယခင္ကလို သူ႕ကို ကားေပၚမွ စူးစူးစိုက္စိုက္ၾကည့္သူႀကီးရွိမေနပါေခ်။
" ေပက်စ္ သည္ေန႕ မင္းကို အိမ္ကလာမႀကိဳဘူးလား "
" ႀကိဳပါတယ္ ဟိုမွာေလ။ လာ ငါနဲ႕တစ္ခါတည္းလိုက္ခဲ့။ ထမင္းစားၿပီးသြားရင္ ဘားသြားဖို႔အေကာင္းဆုံးအခ်ိန္ေလာက္က်မွာပဲ "
ေရွာင္းက်န့္က ျမဴးႂကြႂကြျဖင့္ လက္ခံလိုက္သည္။ မလုပ္ဖူးသည့္အရာကို ပထမဆုံးစမ္းလုပ္ၾကည့္ရမည့္ခံစားခ်က္က ေၾကာက္သလိုလို၊ ေပ်ာ္သလိုလိုႏွင့္။ အလြန္ကိုပင္ စိတ္လႈပ္ရွားေနရသည္။ သူက အေဖဝမ္ကို ညက်လွ်င္ သူ႕သူငယ္ခ်င္းျဖစ္သူအိမ္မွာအိပ္မည္ျဖစ္ေၾကာင္းကို ႀကိဳေျပာထားလိုက္ၿပီးေနာက္ ေမာ့ေပက်စ္ႏွင့္အတူ ညေနစာသြားစားသည္။ ထို႔ေနာက္တြင္ ေမာ့ေပက်စ္က သူ႕ကို ဘားတစ္ခုဆီေခၚသြားခဲ့သည္။ သူတို႔က အသက္မျပည့္ေသးေသာ္ျငား ယခုဘားပိုင္ရွင္ႏွင့္ ေမာ့ေပက်စ္က အေတာ္ေလးရင္းႏွီး၍ ထိုဘားပိုင္ရွင္က သူ႕ကို စိတ္ႀကိဳက္ဝင္ထြက္သြားလာခြင့္ေပးထားသည္ဟု သိရေလသည္။
အစတြင္ သူက ေမာ့ေပက်စ္ကို ယခင္ကလည္း ဘားသို႔ သြားေလ့သြားထရွိမည္ထင္ခဲ့ေသာ္လည္း လက္ေတြ႕တြင္ေတာ့ အထင္ႏွင့္အျမင္က ကြဲလြဲေနေၾကာင္း သူသိလိုက္ရသည္။ ေမာ့ေပက်စ္ကလည္း သူ႕လိုပဲ ပထမဆုံး ဘားသို႔ ေရာက္ဖူးပုံရၿပီး အရာရာတိုင္းကို စူးစမ္းပုံျဖင့္ ၾကည့္သည္။ ထို႔ေနာက္ မီန်ဴးတြင္ ျပထားသည့္ ေသာက္စရာအခ်ိဳ႕ကို မွာလိုက္ၿပီးေနာက္ ေရွာင္းက်န့္ကိုပါ အတင္းတိုက္လာသည္မို႔ အခြင့္အေရးကို ေစာင့္ေနသည့္ ေရွာင္းက်န့္ကလည္း အားနာနာႏွင့္ မျငင္းေတာ့ပါေခ်။ ႏွစ္ေယာက္သား မတူညီသည့္ေသာက္စရာမ်ားကို တစ္ခြက္ၿပီးတစ္ခြက္စမ္းေသာက္ၿပီး စကားမ်ားလည္း မရပ္တန္းေျပာေနၾကသည္။ မူးလာသူ ေရွာင္းက်န့္က ေနာက္ဆုံးတြင္ေတာ့ သူဤတစ္ေလွ်ာက္လုံးတြင္ သိခ်င္ေနသည့္ေမးခြန္းကို ထုတ္ေမးပါေတာ့သည္။
" မင္း...ငါ့နားအရမ္းကပ္တာ မဟုတ္မွလြဲေရာ...ငါ့ကိုႀကိဳက္ေနတာလား... "
သူ၏အေမးစကားကိုၾကားသည့္အခါ ေမာ့ေပက်စ္က သူ႕ကို ရီေဝေဝမ်က္ဝန္းမ်ားျဖင့္ စိုက္ၾကည့္ေနလာသည္။ ထို႔ေနာက္ ခြီးခနဲ ရယ္လိုက္သည္မို႔ ေရွာင္းက်န့္၏ မ်က္ခုံးေလးမ်ားက စုက်ဳံ႕သြားပါေတာ့သည္။
" ငါက ဘယ္သူလဲ မင္းသိရဲ႕သားနဲ႕။ ေမာ့ေပက်စ္မွန္ရင္ ထမင္းထမင္းခ်င္းမစားဘူးကြ။ ထမင္းနဲ႕ဟင္းပဲစားတယ္။ ေကာင္မေလးေတြပဲ ႀကိဳက္တယ္ ဟဲဟဲ "
သူႏွင့္အၿပိဳင္ ေရခ်ိန္ကိုက္ေနသည့္ ေမာ့ေပက်စ္က နားႏွစ္ဖက္မွာ နီရဲေနၿပီး စိတ္လြတ္ကိုယ္လြတ္ေပ်ာ္ေနဟန္ေပါက္သည္။
" မင္းရည္းစားထားဖူးလား "
ေရွာင္းက်န့္က ေခါင္းခါျပလိုက္သည္။ သူ႕ေခါင္းက ေတာ္ေတာ္ကို ေလးလံေနၿပီး မ်က္လုံးမ်ားပါ မဖြင့္ခ်င္ေလာက္ေအာင္ အိပ္ခ်င္ေနေလၿပီ။
" ငါေျပာျပမယ္။ ရင္ႀကီးႀကီးနဲ႕ ေကာင္မေလးေတြကို တြဲရတာ ရွယ္ႀကီးကြ။ အိစက္ေနတာ "
" .... "
ေရွာင္းက်န့္က သိခ်င္စိတ္ႏွင့္ ေခါင္းျပန္ေထာင္လာသည္။ မ်က္ဝန္းမ်ားမွာလည္း ဝိုင္းစက္လို႔။
" မင္း...မင္း...အသက္မျပည့္ဘဲအဲ့ဒါေတြလုပ္တာလား... "
" မစြပ္စြဲစမ္းနဲ႕။ ငါက တာဝန္မယူနိုင္ဘဲ စည္းမေက်ာ္ပါဘူး...ေအ့...သူတို႔က ဖက္တယ္ေလကြာ။ အဲ့အခ်ိန္က ရင္ဘတ္ခ်င္းထိေတာ့ ခံစားရတာေပါ့။ ရည္းစားမထားဖူးတဲ့ေကာင္မွန္းသိသာလိုက္တာ "
" .... "
အႏွိမ္ခံလိုက္ရသလို ခံစားလိုက္ရသည့္ ေရွာင္းက်န့္က ေမာ့ေပက်စ္ကို မ်က္ေစာင္းတစ္ခ်က္သာေပးလိုက္သည္။ သူအစကတည္းက ရည္းစားမထားဖူးေၾကာင့္ ဝန္ခံခဲ့ၿပီးသားပဲကို ႏွိမ္ရမွျဖစ္မွာလား။
* * * * *